အပိုင်း ၅
မဟာနှင့်ခေတ်ဦးတို့ နှစ်ဦး ကျောင်းဝင်းထဲကထွက်လာကတည်းကကားပေါ်ရောက်သည်အထိ အပြုံးမှာပြတ်မသွား စကားပြောခြင်းကလည်း ရပ်မသွားခဲ့ပေ။
ကားတစ်စီးလုံးမှာ သူတို့ပဲရှိသည့်အတိုင်း ။
"မဟာငယ် နဲ့ ခေတ်ဦး တိတ်တိတ်လေးနေလို့မရသေးဘူးလား ကျောင်းဝင်းထဲက ခုထိ ဘာတွေပြောပြီးသဘောကျနေသလဲ ''
"အာ..... ဒယ်ဒီကလည်း သားက ပါးပါးနဲ့ပြောနေတာလေ ဘာလို့ တိတ်ခိုင်းနေတာလဲ နော်ပါးပါး''
"အင်း...''
သားဘက်ကိုလှည့်ကာ ပြုံးပြထောက်ခံလိုက်သော မဟာကြောင့် သားက သူ့မျက်နှာမော့ချီလာကာ ဝင့်ဝင့်ကြွားကြွားအပြုံးမျိုးလုပ်ပြလာခဲ့သည်။
"ဟုတ်ပါပြီ ကျွန်တော်မျိုးအရှုံးပေးပါတယ်ဗျာ
ဒယ်ဒီကိုမရှိသလိုသာ သဘောထားကြပါနော်''
"ဦးကလည်း....ကလေးနဲ့ပြိုင်ပြီး''
"သားနဲ့ကိုယ်မပြိုင်ပါဘူးနော် မဟာသာ ကလေးနဲ့ပြိုင်ပြီးလေပေါနေတာလေ မဟုတ်ဘူးလား ကားပေါ်မှာ ကိုယ်တစ်ယောက်လုံးရှိနေတာတောင်မေ့နေတယ်မဟုတ်လား ''
"ဟာ....ဦးကလည်း...''
တံတိုင်း၏အပြောကြောင့် ရှက်သွားသော မဟာ။
တခါတလေ ဦးကသူအားအလွန်စလွန်းသည်ကြောင့်သူရှက်ရသည်က အကြိမ်ရေမနည်း။
ခုလည်းစပြန်ပြီ။
"ဒယ်ဒယ်...တားတား ရေထဲနုန့် စားချင်ရယ်''
"ခေတ်လေး နေတွေအရမ်းပူနေတာ သားစားလို့မဖြစ်ဘူး''
"ဟာ....ဒယ်ဒယ်ကယဲ စားချင်ပါရယ်ချိုနေ...ဟွန့်''
ကောက်စိန်လေတော့ရေခဲမုန့်မစားရလို့ကောက်နေရှာပြီ။ဟိုတစ်ယောက်ကလည်း ကိုယ့်ရဲ့စနောက်မှုကြောင့် နှုတ်ခမ်းထော်နေလျက်သား။ဒီနှစ်ယောက်သားဟာ လိုက်ကိုလိုက်လွန်းသည်။
အစောပိုင်းလေးကမှ စလိုက်နောက်လိုက်နဲ့ကားပေါ်မှာဆူညံနေပေမဲ့ ခုတော့ ရေခဲမုန့်မစားရလို့ကောက်နေတဲ့သားသားနဲ့ ကိုယ်ရဲ့စနောက်မှု့ကြောင့်ကောက်နေကြသောမဟာ။
.........................
"သက်ထားသခင်....မင်းဒီအလုပ်လေးတောင်သောချာအောင်မလုပ်နိုင်ဘူးလား တံတိုင်းကိုစောင့်ကြည့်ခိုင်းထားတာ မင်းကို လင်တကာနဲ့ပက်အိပ်ဖို့မဟုတ်ဘူးကွ''
"ဟ....ဒယ်ဒီ ဒါတော့များသွားပြီ ခင်က လင်တကာနဲ့ပတ်အိပ်တာမဟုတ်ဘူး မောင့်တစ်ယောက်ထဲ မောင့်တစ်ယောက်ထဲနဲ့ပဲအိပ်တာပါ ဒယ်ဒီရဲ့စွပ်စွဲချက်ကလွန်လွန်းတယ်...ပြီးတော့ ဦးတံတိုင်းဆိုတဲ့သူကိုစောင့်ကြည့်တော့ရော့ ခင့်အတွက်ကထူးပြီး ကံကကောင်းလာမှာမဟုတ်ဘူး သူ့မှာဆိုင်သူရှိပြီးသား အဲ့ဒါလည်းဒယ်ဒီသိပါတယ်။''
"အေးငါပြောတာလွန်တယ်ပြောရအောင်က နင်လုပ်တာကကောမှန်နေလို့လား မောင် တစ်မောင်နဲ့ အဲ့ဒီမောင်က နင့်ဘဝကိုတိုးတက်အောင်ဘာများထောက်ပံ့ပေးနေသလဲ ပြောစမ်းပါ မိသက်ထားသခင်ရယ်... နင်ငါလုပ်ရင်နာတော့မယ်''
"ရိုက်လိုက်ပါ....ရိုက်လိုက်စမ်းပါ.....အရွယ်ရောက်လာကတည်းက ဒယ်ဒီ့သဘောကျ နေလာခဲ့တဲ့ ဒီအမျိုးသမီးဟာ ဒယ်ဒီသမီးအရင်း ခေါက်ခေါက်ဆိုတာလည်းသိထားသင့်တယ် ဒယ်ဒီ ''
"အေး....ငါကလည်း ငါ့သမီးမို့ ကောင်းစားစေချင်လွန်းလို့ မောင်ဇေယျာလင်းမောင်နဲ့ ဘယ်လိုမှသဘောမတူနိုင်ဘူး ပြီးတော့ တံတိုင်းရဲ့သက်ဆိုင်သူဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်နေတယ်ဆိုတာကော မင်းသိခဲ့လို့လားမိသက်ထား သူသဘောကျအောင်နေပါ စောင့်ကြည့်နေပါဆိုတာကိုမင်းက အဖေဖြစ်သူရဲ့စကားကိုလုံးဝ နားမဝင်ဘူး ဇေယျာလင်းမောင်ဆိုတဲ့ကောင်ကရော မင်းဘဝတက်လမ်းကိုပိတ်နေတဲ့ကောင်ဆိုတာကောမင်းသိလား''
"အို....ဘာဖြစ်ဖြစ် ခင့်ဘဝခင်ပဲဆုံးဖြတ်မယ် မောင့်ကိုတော့ အပြစ်မပြောနဲ့ဒယ်ဒီ ခင့်ဘဝတက်လမ်းကမောင်နဲ့မှစခဲ့တာ ဒယ်ဒီနားက အခွင့်အရေးကိုသာ မျှော်လင့်ပြီးလုပ်နေရမယ်ဆိုရင် ခင့်ဘဝက ဖာသာသာပဲ ''
"အေး ဟုတ်ပြီ ငါပြောတာကိုလက်မခံနိုင်မှတော့ မင်းလမ်းမင်းလျှောက်တော့ သက်ထားသခင်''
"ခင်လည်း ပြောမလို့ပါပဲ ဒယ်ဒီကတော့ခင့်ရဲ့ဖေဖေမို့ ဦးခိုက်ကန်တော့ပြီးတော့သွားမှာပါ ပြီးတော့ ဒယ်ဒီထောက်ပံ့ထားသမျှတွေကိုပြန်ပေးထားခဲ့မယ် သွားပြီဒယ်ဒီ ကံကောင်းပါစေ''
"ကောင်းတယ် ကောင်းတယ် သွား...သွားကြ''
ဦးမင်းသခင်လည်း သမီးဖြစ်သူကိုမနိုင်တော့ပေ။သူ့လုပ်ချင်ရာသာလုပ်သွားသော သက်ထားသခင်အား အလိုလိုက်ခဲ့သမျှ သူ့အားယခုလို ပြန်ပြောလောက်အောင်ထိ ဖြစ်သွားခဲ့ပြီထင်ပါရဲ့။မိတဆိုးလေးမို့ အလိုလိုက်အကြိုက်ဆောင် လိုသမျှဖြည့်ဆည်းခဲ့သမျှခုတော့ရောစုန်မျှောပြီ။
အတ္တအလွန်ကြီးတဲ့ သူမဖခင်လက်ထဲမှ လွတ်မြောက်ခဲ့လေပြီ။
နောင်တရလားလို့ မေးလာရင် နောင်တမရဘူးလို့ပဲဖြေမယ်။....
"လှောင်ချိုင့်ထဲက ငှက်ငယ်ဟာ
လွှတ်မြှောက်ရာ လမ်းစရှာတွေ့ခဲ့လေပြီ
လမ်းစလေးဟာ ဝေဝါးနေပေမဲ့
ခက်ခဲနေပေမဲ့ ဆက်လျှောက်နေခဲ့တယ်''
................
ဆက်ရန်.....၆
အပိုင္း ၅
မဟာႏွင့္ေခတ္ဦးတို႔ ႏွစ္ဦး ေက်ာင္းဝင္းထဲကထြက္လာကတည္းကကားေပၚေရာက္သည္အထိ အၿပဳံးမွာျပတ္မသြား စကားေျပာျခင္းကလည္း ရပ္မသြားခဲ့ေပ။
ကားတစ္စီးလုံးမွာ သူတို႔ပဲရွိသည့္အတိုင္း ။
"မဟာငယ္ နဲ႕ ေခတ္ဦး တိတ္တိတ္ေလးေနလို႔မရေသးဘူးလား ေက်ာင္းဝင္းထဲက ခုထိ ဘာေတြေျပာၿပီးသေဘာက်ေနသလဲ ''
"အာ..... ဒယ္ဒီကလည္း သားက ပါးပါးနဲ႕ေျပာေနတာေလ ဘာလို႔ တိတ္ခိုင္းေနတာလဲ ေနာ္ပါးပါး''
"အင္း...''
သားဘက္ကိုလွည့္ကာ ၿပဳံးျပေထာက္ခံလိုက္ေသာ မဟာေၾကာင့္ သားက သူ႕မ်က္ႏွာေမာ့ခ်ီလာကာ ဝင့္ဝင့္ႂကြားႂကြားအၿပဳံးမ်ိဳးလုပ္ျပလာခဲ့သည္။
"ဟုတ္ပါၿပီ ကြၽန္ေတာ္မ်ိဳးအရႈံးေပးပါတယ္ဗ်ာ
ဒယ္ဒီကိုမရွိသလိုသာ သေဘာထားၾကပါေနာ္''
"ဦးကလည္း....ကေလးနဲ႕ၿပိဳင္ၿပီး''
"သားနဲ႕ကိုယ္မၿပိဳင္ပါဘူးေနာ္ မဟာသာ ကေလးနဲ႕ၿပိဳင္ၿပီးေလေပါေနတာေလ မဟုတ္ဘူးလား ကားေပၚမွာ ကိုယ္တစ္ေယာက္လုံးရွိေနတာေတာင္ေမ့ေနတယ္မဟုတ္လား ''
"ဟာ....ဦးကလည္း...''
တံတိုင္း၏အေျပာေၾကာင့္ ရွက္သြားေသာ မဟာ။
တခါတေလ ဦးကသူအားအလြန္စလြန္းသည္ေၾကာင့္သူရွက္ရသည္က အႀကိမ္ေရမနည္း။
ခုလည္းစျပန္ၿပီ။
"ဒယ္ဒယ္...တားတား ေရထဲႏုန့္ စားခ်င္ရယ္''
"ေခတ္ေလး ေနေတြအရမ္းပူေနတာ သားစားလို႔မျဖစ္ဘူး''
"ဟာ....ဒယ္ဒယ္ကယဲ စားခ်င္ပါရယ္ခ်ိဳေန...ဟြန့္''
ေကာက္စိန္ေလေတာ့ေရခဲမုန့္မစားရလို႔ေကာက္ေနရွာၿပီ။ဟိုတစ္ေယာက္ကလည္း ကိုယ့္ရဲ႕စေနာက္မႈေၾကာင့္ ႏႈတ္ခမ္းေထာ္ေနလ်က္သား။ဒီႏွစ္ေယာက္သားဟာ လိုက္ကိုလိုက္လြန္းသည္။
အေစာပိုင္းေလးကမွ စလိုက္ေနာက္လိုက္နဲ႕ကားေပၚမွာဆူညံေနေပမဲ့ ခုေတာ့ ေရခဲမုန့္မစားရလို႔ေကာက္ေနတဲ့သားသားနဲ႕ ကိုယ္ရဲ႕စေနာက္မႈ႕ေၾကာင့္ေကာက္ေနၾကေသာမဟာ။
.........................
"သက္ထားသခင္....မင္းဒီအလုပ္ေလးေတာင္ေသာခ်ာေအာင္မလုပ္နိုင္ဘူးလား တံတိုင္းကိုေစာင့္ၾကည့္ခိုင္းထားတာ မင္းကို လင္တကာနဲ႕ပက္အိပ္ဖို႔မဟုတ္ဘူးကြ''
"ဟ....ဒယ္ဒီ ဒါေတာ့မ်ားသြားၿပီ ခင္က လင္တကာနဲ႕ပတ္အိပ္တာမဟုတ္ဘူး ေမာင့္တစ္ေယာက္ထဲ ေမာင့္တစ္ေယာက္ထဲနဲ႕ပဲအိပ္တာပါ ဒယ္ဒီရဲ႕စြပ္စြဲခ်က္ကလြန္လြန္းတယ္...ၿပီးေတာ့ ဦးတံတိုင္းဆိုတဲ့သူကိုေစာင့္ၾကည့္ေတာ့ေရာ့ ခင့္အတြက္ကထူးၿပီး ကံကေကာင္းလာမွာမဟုတ္ဘူး သူ႕မွာဆိုင္သူရွိၿပီးသား အဲ့ဒါလည္းဒယ္ဒီသိပါတယ္။''
"ေအးငါေျပာတာလြန္တယ္ေျပာရေအာင္က နင္လုပ္တာကေကာမွန္ေနလို႔လား ေမာင္ တစ္ေမာင္နဲ႕ အဲ့ဒီေမာင္က နင့္ဘဝကိုတိုးတက္ေအာင္ဘာမ်ားေထာက္ပံ့ေပးေနသလဲ ေျပာစမ္းပါ မိသက္ထားသခင္ရယ္... နင္ငါလုပ္ရင္နာေတာ့မယ္''
"ရိုက္လိုက္ပါ....ရိုက္လိုက္စမ္းပါ.....အ႐ြယ္ေရာက္လာကတည္းက ဒယ္ဒီ့သေဘာက် ေနလာခဲ့တဲ့ ဒီအမ်ိဳးသမီးဟာ ဒယ္ဒီသမီးအရင္း ေခါက္ေခါက္ဆိုတာလည္းသိထားသင့္တယ္ ဒယ္ဒီ ''
"ေအး....ငါကလည္း ငါ့သမီးမို႔ ေကာင္းစားေစခ်င္လြန္းလို႔ ေမာင္ေဇယ်ာလင္းေမာင္နဲ႕ ဘယ္လိုမွသေဘာမတူနိုင္ဘူး ၿပီးေတာ့ တံတိုင္းရဲ႕သက္ဆိုင္သူဟာ ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ေနတယ္ဆိုတာေကာ မင္းသိခဲ့လို႔လားမိသက္ထား သူသေဘာက်ေအာင္ေနပါ ေစာင့္ၾကည့္ေနပါဆိုတာကိုမင္းက အေဖျဖစ္သူရဲ႕စကားကိုလုံးဝ နားမဝင္ဘူး ေဇယ်ာလင္းေမာင္ဆိုတဲ့ေကာင္ကေရာ မင္းဘဝတက္လမ္းကိုပိတ္ေနတဲ့ေကာင္ဆိုတာေကာမင္းသိလား''
"အို....ဘာျဖစ္ျဖစ္ ခင့္ဘဝခင္ပဲဆုံးျဖတ္မယ္ ေမာင့္ကိုေတာ့ အျပစ္မေျပာနဲ႕ဒယ္ဒီ ခင့္ဘဝတက္လမ္းကေမာင္နဲ႕မွစခဲ့တာ ဒယ္ဒီနားက အခြင့္အေရးကိုသာ ေမွ်ာ္လင့္ၿပီးလုပ္ေနရမယ္ဆိုရင္ ခင့္ဘဝက ဖာသာသာပဲ ''
"ေအး ဟုတ္ၿပီ ငါေျပာတာကိုလက္မခံနိုင္မွေတာ့ မင္းလမ္းမင္းေလွ်ာက္ေတာ့ သက္ထားသခင္''
"ခင္လည္း ေျပာမလို႔ပါပဲ ဒယ္ဒီကေတာ့ခင့္ရဲ႕ေဖေဖမို႔ ဦးခိုက္ကန္ေတာ့ၿပီးေတာ့သြားမွာပါ ၿပီးေတာ့ ဒယ္ဒီေထာက္ပံ့ထားသမွ်ေတြကိုျပန္ေပးထားခဲ့မယ္ သြားၿပီဒယ္ဒီ ကံေကာင္းပါေစ''
"ေကာင္းတယ္ ေကာင္းတယ္ သြား...သြားၾက''
ဦးမင္းသခင္လည္း သမီးျဖစ္သူကိုမနိုင္ေတာ့ေပ။သူ႕လုပ္ခ်င္ရာသာလုပ္သြားေသာ သက္ထားသခင္အား အလိုလိုက္ခဲ့သမွ် သူ႕အားယခုလို ျပန္ေျပာေလာက္ေအာင္ထိ ျဖစ္သြားခဲ့ၿပီထင္ပါရဲ႕။မိတဆိုးေလးမို႔ အလိုလိုက္အႀကိဳက္ေဆာင္ လိုသမွ်ျဖည့္ဆည္းခဲ့သမွ်ခုေတာ့ေရာစုန္ေမွ်ာၿပီ။
အတၱအလြန္ႀကီးတဲ့ သူမဖခင္လက္ထဲမွ လြတ္ေျမာက္ခဲ့ေလၿပီ။
ေနာင္တရလားလို႔ ေမးလာရင္ ေနာင္တမရဘူးလို႔ပဲေျဖမယ္။....
"ေလွာင္ခ်ိဳင့္ထဲက ငွက္ငယ္ဟာ
လႊတ္ျမႇောက္ရာ လမ္းစရွာေတြ႕ခဲ့ေလၿပီ
လမ္းစေလးဟာ ေဝဝါးေနေပမဲ့
ခက္ခဲေနေပမဲ့ ဆက္ေလွ်ာက္ေနခဲ့တယ္''
................
ဆက္ရန္.....၆