Please Stop, Don't Stop

By Sun_niva

7.2K 742 26

ကြိုက်သလောက်ဆိုးထပ်တိုးချစ်ပါ့မယ် More

Intro
💙1💙
💙3💙
💙4💙
💙5💙
💙6💙Sub-1
💙6💙Sub-2
💙7💙
💙8💙
💙9💙
💙10💙
💙11💙
💙Final💙

💙2💙

530 58 0
By Sun_niva

မဟူရာရောင်ကောင်းကင်အောက်နီဆွေးနေသော
ပြိုင်ကားလေးတစ်စီးသည်အရှိန်ပြင်းစွာဖြင့်
မောင်းနှင်လာသည်...။

"ဟန်ယူဂျင်း!!အရှိန်လျှော့ဟခွေးကောင်ရ"

ကားထဲပျံ့လွင့်လာတဲ့အသံကိုကြားတော့
အဆိုးလေးကကားအရှိန်ကိုထပ်မြှင့်လိုက်သည်။

"ဟာဒီကောင်တော့သေတော့မှာပဲ"

အဆိုးလေးကသဘောတကျပြုံးရယ်နေရင်းလမ်းကြောင်းမလွဲသွားစေရန်ထိန်းနေရသည်။
ထိန်းချုပ်ထားနေရင်းမှအဆိုးလေးရဲ့ပြိုင်ကားအနီလေးကလမ်းကြောင်းလွဲပြီးထိုးရပ်သွားသည်။
ကိုကိုအထူးတလည်ထုတ်ပေးထားတဲ့
အဆိုးလေးအတွက်Limited Edition...။
Sensorတွေများစွာပါဝင်ပြီး
လမ်းကြောင်းလွဲသွားရုံနှင့်ထိုးရပ်သွားတတ်သည်။
ယူဂျင်းကစိတ်ညစ်စွာနဲ့ပဲ
မျက်ခုံးတန်းနှစ်ခုကိုတွန့်ချိုးလိုက်သည်။

"ဒီကားကိုရောင်းရင်ရောင်းမရောင်းရင်ပေးပစ်တော့မယ်"

"ယူဂျင်းမင်းရှုံးပြီ"

"ကျစ်!!ဒီကားယူသွားလိုက်တော့"

"ဘာ!!!"

ချောဟန်ဝူးလန့်သွားရသည်။
အပျော်သဘောကားပြိုင်ခြင်းတွေမှာ
တစ်ဝိုင်းလောက်ရှင်းလိုက်ရုံနဲ့ပြီးသွားမယ့်ကိစ္စ...
ဟန်ယူဂျင်းကတော့ကားတစ်စီးလုံးကို
အပိုင်ပင်ပေးနေသည်...။
တစ်ပတ်တစ်ခါလောက်ကားပြိုင်နေတာ
တစ်ပတ်တစ်စီးနှုန်းနဲ့ကားတွေဝေနေတာများလား။

"မင်းလူကြီးသိရင်အဆင်ပြေပါ့မလား"

"ငါ့ပစ္စည်းပဲပေးပေးရောင်းရောင်းအဆင်ပြေတယ်"

"ငါခဏသိမ်းပေးထားမယ် နောက်ရချင်ရင်လာယူကြားလားဟေ့ကောင်!"

"အင်းအင်း"

ဟန်ယူဂျင်းကဇွတ်တရွတ်ဆန်သည်။
သူ့ပစ္စည်းတွေကိုလည်းသိပ်ခင်တွယ်တဲ့ပုံမပေါ်ပါ။
ပေးပြီးပစ္စည်းဘယ်တော့မှပြန်ယူလေ့မရှိသလို
ပေးတဲ့ပစ္စည်းမယူရင်လည်း
ထိုပစ္စည်းကိုအကောင်းတိုင်းမထားတတ်ပါ။

ဒါကိုငယ်ငယ်ကတည်းကပေါင်းသင်းလာခဲ့တဲ့
ချောဟန်ဝူးကပဲတားနိုင်တာဖြစ်သည်။
တစ်ခြားလူတွေဆိုရင်ကြားထဲကနေ
အမြတ်ထုတ်သွားတာချည်းပဲ...။

>>>

//ကြယ်ဗဟုဂံအိမ်တော်//

Laptopနှင့်အလုပ်လုပ်နေသောသခင်လေးသည်
နာရီကိုကြိမ်ဖန်များစွာကြည့်နေခြင်းမှာ
အိပ်ချင်နေ၍မဟုတ်...။
အဆိုးလေးအိမ်ပြန်
နောက်ကျနေသောကြောင့်ဖြစ်သည်။
ဖုန်းလည်းဆက်မလာ၍
ဘယ်နေရာမှာရန်ဖြစ်နေပြီလဲ
ဘယ်နေရာမှာမှောက်နေပြီလဲ
စိတ်ပူနေရသည်။

"ကိုကို"

ပင်ပန်းနွမ်းနယ်နေတဲ့အသံလေးဖြင့်
ရင်ခွင်ထဲတိုးဝင်လာသည်။
အဆိုးလေးချွဲရင်
သခင်လေးကိုတစ်ကမ္ဘာလုံးနဲ့တစ်ယောက်
ပတ်ရန်ဖြစ်ခိုင်းတာပါ...။
ပြဿနာတွေရှုပ်လာရင်သခင်လေးထံမှာ
ဖားပျံလိုကပ်ပြီးချွဲနွဲ့နေတော့တာပါပဲ။
အကြောင်းသိနေတဲ့သခင်လေးက
မျက်နှာထားကိုတင်းလိုက်ပြီး

"ဘယ်အချိန်ရှိနေပြီလဲယူဂျင်း"

"ကိုကိုကလည်းကလေးကတက္ကဆီငှားနေရသေးတာကို...အဲ့တာကြောင့်ဆူချင်ရင်တက္ကဆီဦးလေးကြီးသွားဆူ...ကလေးကိုမဆူပါနဲ့"

ရင်ခွင်ထဲကအဆိုးလေးကထုံးစံမပျက်
ခေါင်းမော့မလာဘဲချွဲနွဲစွာပြောသည်။

"ဟန်ယူဂျင်း မင်းမဟုတ်မှလွဲ...ငါပေးထားတဲ့ကားကိုပစ်ထားပြန်တာလား!"

"ကျစ်!!ကိုကို့ကားကအမြဲထိုးရပ်နေတာလေ ကလေးအမြဲရှုံးနေတာအဲ့တာကြောင့်ဝဲလိုက်ပြီ"

"ဟန်ယူဂျင်း!!!"

သခင်လေးကရင်ခွင်ထဲကကောင်လေးကို
အောက်ကိုတွန်းချလိုက်ကာ
စိတ်တွေငြိမ်သွားအောင်အရင်လုပ်နေရသည်။
ယူဂျင်းကအဲ့လိုပဲဘယ်အရာကိုမှ
အလေးအနက်မထားဘူး။

"ဘာလဲကိုကိုရာဒီကားလေးတစ်စီးပဲကိုဘာလို့တွန်းချရတဲ့အထိစိတ်ဆိုးသွားရတာလဲ"

သခင်လေးကအံကိုတင်းတင်းကြိတ်လိုက်သည်။

"ဟန်ယူဂျင်း မင်းအသက်၂၃ပဲရောက်နေပြီ..ငယ်တော့တဲ့အရွယ်လည်းမဟုတ်ဘူး..မရင့်ကျက်ချင်နေ..ကျန်တဲ့အရာတွေကိုအလေးအနက်မထားရင်တောင်ကိုယ့်ကို...ကိုယ့်ကိုတော့အလေးအနက်လေးထားပေးပါကွာ..တောင်းပန်တာပါ.."

တစ်ခါလည်းမကနှစ်ခါလည်းမကတဲ့
ပစ်ပယ်မှုတွေမှာမာနရှင်သခင်လေးထံမှ
တိုးလျှိုးတောင်းပန်သံလေးထွက်လာသည်။

"ကိုကိုရာကားလေးတစ်စီးကိုနှမြောနေလည်းနေလိုက်တော့သွားပြီ"

အဆိုးလေးကနောက်တစ်ဖန်
အပြင်ကိုပြန်ထွက်သွားသည်
သေချာပေါက်တစ်ပတ်လောက်တော့
ပြန်လာမှာမဟုတ်တော့ပါ...။

မှတ်မှတ်ရရထိုကားလေးက
သခင်လေးကယူဂျင်းကို
မွေးနေ့လက်ဆောင်အနေနဲ့ပေးထားတာလေး...။
သခင်လေးရဲ့နေ့မနားညမနား
ကြိုးစားမှုတွေအဆုံးမှာ
StarGardenကနေထွက်ပေါ်လာတဲ့
Limited Edition လှလှလေး...။
ကျန်တဲ့ကားအစီးရေတွေမနှမြောခဲ့ဘူး။
မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ကားလေးကိုတော့
တန်ဖိုးမထားချင်နေပါစေ
ပစ်ပယ်တာမျိုးတော့မဖြစ်စေချင်ခဲ့တာပါ..။
တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်နဲ့
ဟန်ယူဂျင်းကတော်တော်ကိုဆိုးတာ...။

>>>

"ယူဂျင်းထွက်သွားပြန်ပြီကွာ"

မနက်စောစောစီးစီး
ပေါ့ပေါ့ပါးပါးPajamasဝတ်စုံနှင့်သခင်လေးသည်
သူနှင့်ငယ်ပေါင်းကြီးဖော်သူငယ်ချင်းထံကို
အချစ်ရေးအကြောင်းရင်ဖွင့်နေရပြန်သည်။

Mixerထဲကိုစတော်ဘယ်ရီသီးတွေထည့်
နွားနို့တွေထည့်နှင့် အလုပ်ရှုပ်နေသူက
ပုံမှန်ကြားနေကျပုံပြင်တစ်ခုလိုသဘောထားကာ
စတော်ဘယ်ရီမစ်ရှိတ်ခ်တစ်ခွက်ရအောင်ကြိုးစားပမ်းစားပြင်ဆင်နေသည်။

"ရစ်ခီငါပြောနေတာရောနားထောင်နေရဲ့လား"

"အင်းမင်းအမြဲပြောနေကျပဲဆန်းလို့လား"

ပန်းကန်စင်ကဖန်ခွက်ကြည်ကြည်လေးကိုထုတ်ပြီး
ဖျော်ရည်ထည့်ကာစတော်ဘယ်ရီအခြမ်းလေးနဲ့
အလှဆင်နေသူသည် ပုံမှန်လေသံဖြင့်တုံ့ပြန်လာသည်။

"ရစ်ခီ  မင်းကလည်း ကိုယ့်သူငယ်ချင်းတစ်ယောက်လုံးခံစားနေရတာကိုကွာ...ခံစားချက်တွေကိုမလေးမစားနဲ့..."

"မင်းလည်းငါ့ခံစားချက်ကိုလေးစားနဲ့ပဲလေယူ"

ရစ်ခီကရင်တွင်းခံစားချက်တွေ
ထုတ်မပြောဖြစ်ခဲ့ပါ...။
စတော်ဘယ်ရီမစ်ရှိတ်ခ်ခွက်ကိုကိုင်ပြီး
အိမ်အပြင်ကိုထွက်သွားသည်။

"ရေချိုးပြီးအဝတ်စားလဲသင့်တယ်ဂယူ"

"ငါ့အဝတ်တွေရှိသေးတယ်မလား"

"အင်းအပေါ်ထပ်ကမင်းအခန်းမှာ"

ဂယူရစ်ခီ့အိမ်ကိုရောက်လာတတ်တာ
အကြောင်းအရင်းနှစ်မျိုးပဲရှိသည်။
၁.ရှယ်ယာစျေးကျသွားလို့
၂.သူ့ကလေးလေးစိတ်ဆိုးသွားလို့

ရစ်ခီကနံပါတ်နှစ်ကိုပို့လိုက်ပေမယ့်
ဂယူ့အတွက်အရေးအကြီးဆုံးလေးဖြစ်နေသည်။
အခုလည်းညအိပ်ဝတ်စုံတောင်မလဲနိုင်ဘဲ
သူ့အိမ်ကိုရောက်ချလာသည်။
အကြောင်းအရင်းက
သူ့ကလေးလေးအိမ်ပေါ်ကဆင်းသွားလို့...။

"ဒီနေ့ငါ့စိတ်တွေအဆင်ပြေဖြစ်သွားလိုက်တာယူ"

-Sun_niva-

Continue Reading

You'll Also Like

401K 6.4K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
48K 1.1K 17
Up10tion imagine here~ read my imagine please~ and please give some respond :3
43.9K 2.8K 31
Jeon Wonwoo : အေးစက်စက်ပုံစံနှင့်ဘာကိုမှဂရုမစိုက်တတ်သူတစ်ယောက် Kim Mingyu : အပြုံချိုချိုနဲ့အကုန်လုံးကိုဖမ်းစားနိုင်သူတစ်ယောက် သာမန်ဝင်တိုက်မှုလေးကနေ...
7.5K 656 26
အခုမှဘာလို့ ဆင်ခြေတွေပေးနေမှာလဲ မင်းအရင် ငါ့ကိုထားခဲ့တာပဲလေ Malfoy ချစ်သူနဲ့ မိဘကြားမှာ ကိုယ်ရွေးချယ်ရခက်နေခဲ့တာ မင်းသိပါ့မလား Pottah အခုမှဘာလို့ ဆင်...