Unicode
" ဂမုန်းရေ..ဝေ့ ယမကာဂမုန်း.. !!"
သာလှတို့အုပ်စု ခြံဝိုင်းရှေ့မှအိမ်ထဲသို့မျှော်ကြည့်ကာ ခေါ်သည်။သို့ပေမယ့် မည်သူမှပြန်ထူးခြင်းမရှိ။
နေပါဦး... ဦးလေးဘသောင်းနဲ့ဦးလေးဖိုးထွေးပြောတာတော့ ဂမုန်းတို့အိမ်မှာရှိတယ်ဆို။ အခုတော့လိပ်ထွက်မတတ်အော်ခေါ်တာတောင် ခွေးတကောင်ကြောင်တမှီးတောင်ထွက်မလာ..။
အဲ့ဒါနဲ့ ကျုပ်တို့လည်း အိမ်နောက်ဖေးဘက်မှာရှိလောက်မယ်ထင်တာနဲ့ ကျုပ်ရယ်..အကိုအောင်မောင်းရယ်၊ ဆားရေစိမ်ရယ် ၊ တိုးကြီးရယ် လျှောက်လာကြတာပေါ့ဗျာ..။
"မောင်..!! မင်းကွာ..ဒီလောက်အပေါက်အကျယ်ကြီးကို ဝင်အောင်မထည့်နိုင်ဘူးလား ..!!"
"ဟ!!!"
ဘာတွေထည့်နေကြတာတုန်းဟ!! အသံကြားသည်ဆိုရင်ပဲ လေးယောက်သား အိမ်မြှောင်တို့ တောက်တတ်တို့လိုရေနံချေးဝအောင်သုတ်ထားသော အိမ်နံရံဘေးသို့ပြေးကပ်ကြသည်။
ထို့နောက်...တစ်ယောက်ကိုတစ်ယောက်အချက်ပေးပြီး အသံတိတ်နားစွင့်နေကြတယ်။
"မောင့်ဂမုန်းပင်ရယ်...အပေါက်ကအရမ်းကြီးမကျယ်လို့ မောင်ထည့်တာမဝင်တာပေါ့.."
" ဟျောင့်တွေရေ...အခြေအနေကတော်တော်ကောင်းနေပြီဟ...ငါတို့အချိန်ကောင်းကိုရောက်လာကြတာပဲ..ခိခိခိ..!!"
တိုးကြီးက အသံခပ်အုပ်အုပ်ဖြင့် ကြားရုံမျှပြောသည်။
ဒါကို ဆားရေစိမ် တို့က ခေါင်းတညိတ်ညိတ်ဖြင့်ထောက်ခံတယ်။
အဲ့လိုပဲ အာရုံစိုက်ကာဆတ်ပြီးနားထောင်သည်။.
"ဟာ....မောင် မြန်မြန်လုပ်...ဝင်...ဝင်တော့မယ်..."
"အင်းးးးမောင် ထည့်ပြီ..ထည့်ပြီ..."
"ဟာ...ချော်သွားပြန်ပြီကွာ..."
သစ်မင်းမောင် က စိတ်ပျက်စွာငြီးဆိုသည်။အိမ်နံရံဘေးတွင်ခိုးနားထောင်နေကြသော သကောင့်သား၄ယောက်မှာ တစ်ယောက်အပေါ်တစ်ယောက်ထက်လျက်။
" ကိုင်ရတာ...ညောင်းလာပြီ မောင်ရယ်.."
" ဟျောင့်တွေရေ... ငါထင်သလို မင်းတို့ထင်ကြလား..."
အကြိတ်အနှယ်ခွီးနေကြသည်။
"ဂမုန်းပင်...နောက်တစ်ခါထည့်ကြည့်မယ်.."
"အင်း..."
"ကဲ...အခုမှပဲဝင်တော့တယ်..ဟူးးးးမောလိုက်တာ..z
"ဟုတ်ပါ့.."
ခွီးးးးးးးး။
" ဟျောင့်တွေရေ ဝင်သွားပြီတဲ့ဟ...။
"အမလေး...ငုတ်တုတ်..!!"
"ဟင်...ဘယ်သူတွေလဲ..!!"
အိမ်ဘေးကအသံကြားတာကြောင့် သစ်မင်းမောင် တို့ပြာပြာသလဲကျုံးထကာ နောက်ဖေးတံခါးကိုထဖွင့်ကြည့်သည်။
တွေ့ပါပြီ....တစ်ယောက်ကိုယ်ပေါ်တစ်ယောက်ထပ်နေကြတဲ့ ဆားရေစိမ် တို့အုပ်စု။
ဒီကောင်တွေကွာ...မကြီးမငယ်နဲ့ဆော့နေကြပြန်ပြီ။
" ဟျောင့်တွေ...မင်းတို့ဘာတိုင်းကစားနေကြတာလဲ.."
ဟ..!!$ပြဿနာတော့တတ်ပြီ။
"ဟဲ...ဟဲ...ငါတို့ကြောင့်အနှောင့်အယှက်ဖြစ်သွားလားဟင်...လုပ်ပါ...မင်းတို့လုပ်စရာရှိတာဆတ်လုပ်ကြ...ဟီးးးး.."
ဘာလဲ...ကြောင်တောင်တောင်တွေနဲ့။ ဂမုန်းကနားမလည်လို ဘာပြောတာလဲဆိုတဲ့ ပုံစံမျိုးဖြင့် သစ်မင်းမောင်ကိုမေးငေါ့ပြသည်။သစ်မင်းမောင်ကလည်း မသိဘူးပုံစံမျိုးဖြင့်ခေါင်းခါပြသည်။
"ီကောင်တွေ...ဘာတွေပြောနေကြတာလဲ..မင်းတို့ပြောနေတာတွေငါဘာမှနားမလည်ဘူး.."
"ကဲပါကွာ...ဒဲ့ပဲပြောတော့မယ် မင်းတို့နှစ်ယောက်တစ်တစ်တူး ချစ်ကြည်နူးနေကြတယ်မလား.."
"ဘာ..."
"ဖြေးဖြေးအော်ပါဟ...!"
"မင်းတို့လေ..လမစိပဲမွေးလာတဲ့ကောင်တွေမှန်းသိသာတယ်သိလား...ငါက မောဂ့်ပုဆိုးပြဲနေတာ ချုပ်ပေးမလို့ အပ်ဖင်မြှီးထိုးခိုင်းနေတာ မင်းတို့ကဘာတွေအတွေးမှားပြီး အမှောင်လောကထဲကမထွက်တာလဲ..??"
"ဟိုက်....မှားပြီ.."
"ဟဲ...ဟဲ...ဟုတ်လား ငါတို့ထင်တာ နည်းနည်းလေးလွှဲသွားတယ် ဟီးးးးနော် ဟျောင့်တွေ... ဟုတ်မလား..."
အောင်မောင်းက စပ်ဖြဲဖြဲဖြင့်ဆိုတယ်။
အဲ့လိုပဲဗျ ကျုပ်တို့သူငယ်ချင်းတွေက ဆေးပုံမှန်မသောက်တော့လေ နည်းနည်းလေးဖြစ်ဖြစ်လွှတ်ချင်နေတာ..။
"မင်းတို့လေးယောက်စလုံး ညအိပ်ခါနီးရင်ဆေးပုလင်းကိုသေချာလှုပ်သောက်.."
"ဟာ....ဒီနွားသက်သက်ငါတို့ကိုဖဲ့တာပဲ.."
ဂမုန်း၏စကားကို မကျေနပ်သလိုရေရွှတ်ကြတယ်။
"ကဲ..မင်တို့လာရင်းလေးပြောပါဦး...ဘာကိစ္စလည်း..."
"ထန်းတောသွားမလို မင်းတို့ကိုလာခေါ်တာ...လိုက်မှာမလား.."
"လိုက်မယ်..."
"ထမင်းမချက်ရသေးဘူး.."
သစ်မင်းမောင် ကလိုက်မည်ဟုဆိုသည်။ထိုအတူ ယမကာဂမုန်း က ထမင်းမချက်ကသေးဘူးဟုဆိုသည်။
"မောင်...ငါပဲလိုက်သွားလိုက်မယ်...မင်းကထမင်းချက်ပြီးနေခဲ့နော်...ဟီးးးး"
"ဟင့်...ဂမုန်းပင်ကလဲ မောင်လည်းသောက်ချင်တာပေါ့လို့..."
"ကဲပါကွာ...အချိန်တွေကြာပါတယ် နှစ်ယောက်စလုံးသာလိုက်ခဲ့စမ်းပါ ထမင်းလည်းပြန်လာမှထင်းမီးနဲ့ချက်..ဘယ်လောက်ကြာမှာမို့လို့လဲ အနည်းဆုံးမိနစ်၂၀ပဲ.."
"အေးဟုတ်သား... အဲ့ဆိုလည်းသွားကြမယ်...မောင်ပုဆိုးကိုလည်း ပြန်လာမှငါချုပ်ပေးမယ် ..."
"ဟုတ်ကဲ့ ဗျ..."
ဒီလိုနဲ့ ခြောက်ယောက်သား အဖွဲ့တောင့်စွာဖြင့် ကတွယ်ရွာထန်းတောသို့တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ ထွက်လာကြသည်။
🍁🍁🍁🍁🍁
အချပ်ပိုလေး💙💙
ပင့်ကူအိမ်🕸
Zawgyi
" ဂမုန္းေရ..ေဝ့ ယမကာဂမုန္း.. !!"
သာလွတို႔အုပ္စု ၿခံဝိုင္းေရွ႕မွအိမ္ထဲသို႔ေမွ်ာ္ၾကည့္ကာ ေခၚသည္။သို႔ေပမယ့္ မည္သူမွျပန္ထူးျခင္းမရွိ။
ေနပါဦး... ဦးေလးဘေသာင္းနဲ႕ဦးေလးဖိုးေထြးေျပာတာေတာ့ ဂမုန္းတို႔အိမ္မွာရွိတယ္ဆို။ အခုေတာ့လိပ္ထြက္မတတ္ေအာ္ေခၚတာေတာင္ ေခြးတေကာင္ေၾကာင္တမွီးေတာင္ထြက္မလာ..။
အဲ့ဒါနဲ႕ က်ဳပ္တို႔လည္း အိမ္ေနာက္ေဖးဘက္မွာရွိေလာက္မယ္ထင္တာနဲ႕ က်ဳပ္ရယ္..အကိုေအာင္ေမာင္းရယ္၊ ဆားေရစိမ္ရယ္ ၊ တိုးႀကီးရယ္ ေလွ်ာက္လာၾကတာေပါ့ဗ်ာ..။
"ေမာင္..!! မင္းကြာ..ဒီေလာက္အေပါက္အက်ယ္ႀကီးကို ဝင္ေအာင္မထည့္နိုင္ဘူးလား ..!!"
"ဟ!!!"
ဘာေတြထည့္ေနၾကတာတုန္းဟ!! အသံၾကားသည္ဆိုရင္ပဲ ေလးေယာက္သား အိမ္ျမႇောင္တို႔ ေတာက္တတ္တို႔လိုေရနံေခ်းဝေအာင္သုတ္ထားေသာ အိမ္နံရံေဘးသို႔ေျပးကပ္ၾကသည္။
ထို႔ေနာက္...တစ္ေယာက္ကိုတစ္ေယာက္အခ်က္ေပးၿပီး အသံတိတ္နားစြင့္ေနၾကတယ္။
"ေမာင့္ဂမုန္းပင္ရယ္...အေပါက္ကအရမ္းႀကီးမက်ယ္လို႔ ေမာင္ထည့္တာမဝင္တာေပါ့.."
" ေဟ်ာင့္ေတြေရ...အေျခအေနကေတာ္ေတာ္ေကာင္းေနၿပီဟ...ငါတို႔အခ်ိန္ေကာင္းကိုေရာက္လာၾကတာပဲ..ခိခိခိ..!!"
တိုးႀကီးက အသံခပ္အုပ္အုပ္ျဖင့္ ၾကား႐ုံမွ်ေျပာသည္။
ဒါကို ဆားေရစိမ္ တို႔က ေခါင္းတညိတ္ညိတ္ျဖင့္ေထာက္ခံတယ္။
အဲ့လိုပဲ အာ႐ုံစိုက္ကာဆတ္ၿပီးနားေထာင္သည္။.
"ဟာ....ေမာင္ ျမန္ျမန္လုပ္...ဝင္...ဝင္ေတာ့မယ္..."
"အင္းးးးေမာင္ ထည့္ၿပီ..ထည့္ၿပီ..."
"ဟာ...ေခ်ာ္သြားျပန္ၿပီကြာ..."
သစ္မင္းေမာင္ က စိတ္ပ်က္စြာၿငီးဆိုသည္။အိမ္နံရံေဘးတြင္ခိုးနားေထာင္ေနၾကေသာ သေကာင့္သား၄ေယာက္မွာ တစ္ေယာက္အေပၚတစ္ေယာက္ထက္လ်က္။
" ကိုင္ရတာ...ေညာင္းလာၿပီ ေမာင္ရယ္.."
" ေဟ်ာင့္ေတြေရ... ငါထင္သလို မင္းတို႔ထင္ၾကလား..."
အႀကိတ္အႏွယ္ခြီးေနၾကသည္။
"ဂမုန္းပင္...ေနာက္တစ္ခါထည့္ၾကည့္မယ္.."
"အင္း..."
"ကဲ...အခုမွပဲဝင္ေတာ့တယ္..ဟူးးးးေမာလိုက္တာ..z
"ဟုတ္ပါ့.."
ခြီးးးးးးးး။
" ေဟ်ာင့္ေတြေရ ဝင္သြားၿပီတဲ့ဟ...။
"အမေလး...ငုတ္တုတ္..!!"
"ဟင္...ဘယ္သူေတြလဲ..!!"
အိမ္ေဘးကအသံၾကားတာေၾကာင့္ သစ္မင္းေမာင္ တို႔ျပာျပာသလဲက်ဳံးထကာ ေနာက္ေဖးတံခါးကိုထဖြင့္ၾကည့္သည္။
ေတြ႕ပါၿပီ....တစ္ေယာက္ကိုယ္ေပၚတစ္ေယာက္ထပ္ေနၾကတဲ့ ဆားေရစိမ္ တို႔အုပ္စု။
ဒီေကာင္ေတြကြာ...မႀကီးမငယ္နဲ႕ေဆာ့ေနၾကျပန္ၿပီ။
" ေဟ်ာင့္ေတြ...မင္းတို႔ဘာတိုင္းကစားေနၾကတာလဲ.."
ဟ..!!$ျပႆနာေတာ့တတ္ၿပီ။
"ဟဲ...ဟဲ...ငါတို႔ေၾကာင့္အႏွောင့္အယွက္ျဖစ္သြားလားဟင္...လုပ္ပါ...မင္းတို႔လုပ္စရာရွိတာဆတ္လုပ္ၾက...ဟီးးးး.."
ဘာလဲ...ေၾကာင္ေတာင္ေတာင္ေတြနဲ႕။ ဂမုန္းကနားမလည္လို ဘာေျပာတာလဲဆိုတဲ့ ပုံစံမ်ိဳးျဖင့္ သစ္မင္းေမာင္ကိုေမးေငါ့ျပသည္။သစ္မင္းေမာင္ကလည္း မသိဘူးပုံစံမ်ိဳးျဖင့္ေခါင္းခါျပသည္။
"ီေကာင္ေတြ...ဘာေတြေျပာေနၾကတာလဲ..မင္းတို႔ေျပာေနတာေတြငါဘာမွနားမလည္ဘူး.."
"ကဲပါကြာ...ဒဲ့ပဲေျပာေတာ့မယ္ မင္းတို႔ႏွစ္ေယာက္တစ္တစ္တူး ခ်စ္ၾကည္ႏူးေနၾကတယ္မလား.."
"ဘာ..."
"ေျဖးေျဖးေအာ္ပါဟ...!"
"မင္းတို႔ေလ..လမစိပဲေမြးလာတဲ့ေကာင္ေတြမွန္းသိသာတယ္သိလား...ငါက ေမာဂ့္ပုဆိုးၿပဲေနတာ ခ်ဳပ္ေပးမလို႔ အပ္ဖင္ျမႇီးထိုးခိုင္းေနတာ မင္းတို႔ကဘာေတြအေတြးမွားၿပီး အေမွာင္ေလာကထဲကမထြက္တာလဲ..??"
"ဟိုက္....မွားၿပီ.."
"ဟဲ...ဟဲ...ဟုတ္လား ငါတို႔ထင္တာ နည္းနည္းေလးလႊဲသြားတယ္ ဟီးးးးေနာ္ ေဟ်ာင့္ေတြ... ဟုတ္မလား..."
ေအာင္ေမာင္းက စပ္ၿဖဲၿဖဲျဖင့္ဆိုတယ္။
အဲ့လိုပဲဗ် က်ဳပ္တို႔သူငယ္ခ်င္းေတြက ေဆးပုံမွန္မေသာက္ေတာ့ေလ နည္းနည္းေလးျဖစ္ျဖစ္လႊတ္ခ်င္ေနတာ..။
"မင္းတို႔ေလးေယာက္စလုံး ညအိပ္ခါနီးရင္ေဆးပုလင္းကိုေသခ်ာလႈပ္ေသာက္.."
"ဟာ....ဒီႏြားသက္သက္ငါတို႔ကိုဖဲ့တာပဲ.."
ဂမုန္း၏စကားကို မေက်နပ္သလိုေရ႐ႊတ္ၾကတယ္။
"ကဲ..မင္တို႔လာရင္းေလးေျပာပါဦး...ဘာကိစၥလည္း..."
"ထန္းေတာသြားမလို မင္းတို႔ကိုလာေခၚတာ...လိုက္မွာမလား.."
"လိုက္မယ္..."
"ထမင္းမခ်က္ရေသးဘူး.."
သစ္မင္းေမာင္ ကလိုက္မည္ဟုဆိုသည္။ထိုအတူ ယမကာဂမုန္း က ထမင္းမခ်က္ကေသးဘူးဟုဆိုသည္။
"ေမာင္...ငါပဲလိုက္သြားလိုက္မယ္...မင္းကထမင္းခ်က္ၿပီးေနခဲ့ေနာ္...ဟီးးးး"
"ဟင့္...ဂမုန္းပင္ကလဲ ေမာင္လည္းေသာက္ခ်င္တာေပါ့လို႔..."
"ကဲပါကြာ...အခ်ိန္ေတြၾကာပါတယ္ ႏွစ္ေယာက္စလုံးသာလိုက္ခဲ့စမ္းပါ ထမင္းလည္းျပန္လာမွထင္းမီးနဲ႕ခ်က္..ဘယ္ေလာက္ၾကာမွာမို႔လို႔လဲ အနည္းဆုံးမိနစ္၂၀ပဲ.."
"ေအးဟုတ္သား... အဲ့ဆိုလည္းသြားၾကမယ္...ေမာင္ပုဆိုးကိုလည္း ျပန္လာမွငါခ်ဳပ္ေပးမယ္ ..."
"ဟုတ္ကဲ့ ဗ်..."
ဒီလိုနဲ႕ ေျခာက္ေယာက္သား အဖြဲ႕ေတာင့္စြာျဖင့္ ကတြယ္႐ြာထန္းေတာသို႔တစ္ေယာက္ပုခုံးတစ္ေယာက္ဖက္ကာ ထြက္လာၾကသည္။
🍁🍁🍁🍁🍁
အခ်ပ္ပိုေလး💙💙
ပင့္ကူအိမ္🕸