Zawgyi~
ခ်စ္သူသက္တမ္းသံုးႏွစ္ေက်ာ္ေလာက္တြင္ အိမ္ေထာင္ျပဳျဖစ္ခဲ့ၾကၿပီး ယခုဆိုလွ်င္ ေဆာ့ဂ်င္၏အသက္၂၉ ၊ နမ္ဂြၽန္း၏အသက္ ၂၈ ပင္ျဖစ္ေနေလၿပီ။
ေဆာ့ဂ်င္၏မိဘမ်ားသည္ ဘူဆန္တြင္သာျပန္၍ ေနၾကၿပီး နမ္ဂြၽန္းဟာေတာ့ေဆာ့ဂ်င္ႏွင့္အတူလာေနပါေလသည္။နမ္ဂြၽန္း၏မိဘမ်ားထံသို႔တစ္ခါတစ္ရံသြားလည္တတ္ေသာ္လည္း ဦးေလး၏စေတာ္ဘယ္ရီျခံဟာ သူတို႔ႏွစ္ဦး၏အခ်စ္ဘံု ၊ အခ်စ္နန္းေလးျဖစ္ေလသည္။
ပိတ္ရက္တိုင္း မပ်က္မကြက္ စေတာ္ဘယ္ရီျခံသို႔ သူတို႔ႏွစ္ဦးသြားတတ္သည္။ရံုးဖြင့္ရက္မ်ားတြင္ မိမိအလုပ္ႏွင့္မိမိလည္ပတ္ၾကၿပိီး ပိတ္ရက္မ်ားဆိုလ်ွင္ေတာ့ထိုသို႔ပံုမွန္ျဖစ္သည္။အျမဲ ထာဝစဥ္အခ်စ္မေလ်ာ့တတ္ေသာႏွစ္ဦးျဖစ္၍ ေန႔စဥ္လည္ပတ္မႈမ်ားသည္လည္း အခ်စ္ႏွင့္ျပည့္ေနဆဲပင္ျဖစ္သည္။
ယေန႔တိမ္ထူထပ္ပါသည္။အျဖဴေရာင္ကားေလးသည္ စေတာ္ဘယ္ရီျခံသို႔စိုက္ေရာက္လာေသာ္လည္း ပိုင္႐ွင္ဦးေလးမ႐ွိပါေပ။အေၾကာင္းမွာ ဦးေလးသည္ ေဆာ့ဂ်င္၏မိဘမ်ား႐ွိရာဘူဆန္သို႔ဆင္းသြား၍ျဖစ္သည္။
သို႔ျဖစ္၍ သူတို႔ႏွစ္ဦးအေပ်ာ္လြန္ၾကဴးကာ အဝတ္ေတြပါထုတ္လာၾကၿပီး ျခံ၏ေသာ့သည္လည္း နမ္ဂြၽန္း၏လက္ထဲတြင္လည္ပတ္လ်က္႐ွိပါသည္။
"ေမာင္ ကြၽန္ေတာ္ဖြင့္လိုက္မယ္ .."
ဟုတ္ပါသည္။
ေဆာ့ဂ်င္ဟာ နမ္ဂြၽန္းကို ေမာင္ဟုေခၚဆိုပါသည္။
လက္ထပ္ခါနီးႏွစ္ရက္အလိုေလာက္တြင္ နမ္ဂြၽန္းဟာ အယ္ကိုေဟာအေသာက္လြန္ၿပီး ညဘက္ကို ေဆာ့ဂ်င္၏အိမ္သို႔ေရာက္လာခဲ့ပါသည္။
အမွန္ေတာ့နမ္ဂြၽန္းဟာ သူ႔ဘဝ၏ခ်စ္ေမတၱာကိုပိုင္ဆိုင္ရေတာ့မည္ျဖစ္၍ နည္းပညာတကၠသိုလ္၏က်ဴတာ ဂြၽန္ေဂ်ာင္ကုေက်းဇူးႏွင့္အေပ်ာ္လြန္ကာ ေသာက္ခဲ့ျခင္းျဖစ္သည္။
ေဆာ့ဂ်င္ကို ရီေဝေဝၾကည့္၍ ခပ္ျပံဳးျပံဳးႏွင့္ ပါးႏွစ္ဖက္ကိုအုပ္ကိုင္ကာထိုသို႔ေျပာပါသည္။ထိုစကားေၾကာင့္ အနားတြင္႐ွိေနေသာ ေယာကၡမႀကီးဇနီးေမာင္ႏွံ ႐ွက္ေသြးျဖာခဲ့ရပါေသးသည္။
*ေမာင္လို႔ေခၚ မေခၚရင္ အိမ္မျပန္ဘဲ မင္းကိုခ်ဳပ္နမ္းမွာ* တဲ့..။
ပံုမွန္အတိုင္း႐ွိေနလ်က္မွ မည္သို႔*ေမာင္*ေရာဂါထသလည္းေတာ့မသိပါ။ေသခ်ာသည့္တစ္ခုဟာေတာ့ နမ္ဂြၽန္းဟာ အသက္တစ္ႏွစ္ႀကီးေသာ ေဆာ့ဂ်င္ကိုခြၽဲခ်င္ပါသည္။ဤသို႔ႏွင့္ ထိုအခ်စ္နာမ္စားဟာ *ေမာင္*ဟူ၍ျဖစ္လာခဲ့ပါသည္။
မေျပာင္းလဲသြားေသာစေတာ္ဘယ္ရီရနံ႔မ်ားသည္ သူတို႔ႏွစ္ဦး၏စိတ္ကိုအလြန္တရာမွရႊင္လန္းေစပါသည္။ဦးေလး၏စေတာ္ဘယ္ရီျခံေလးသည္ လြန္ခဲ့ေသာႏွစ္မ်ားကထက္ပို၍ပင္ေရာင္းအားတက္လာလ်က္႐ွိသည္။
တိမ္ထူထပ္၍ရာသီဥတုမွာအံု႔မိႈင္းေသာေၾကာင့္ ေမာင္သည္ထံုးစံအတိုင္းအနက္ေရာင္ဂ်င္းဂ်ာကင္ကိုဝတ္ထားၿပီး ေမာင့္ေဆာ့ဂ်င္ဟာ ပန္းႏုေရာင္ဟူဒီကိုေကာက္စြပ္ထားလ်က္႐ွိသည္။
"ဒီေန႔ ျခင္းေသးေသးေလးေတြလုပ္ရမယ္ .."
"ေမာင္ေတာ့ မလုပ္ခ်င္ပါဘူး .. ေဆာ့ဂ်င္ရယ္ .."
အဝတ္အိတ္မ်ားခ်လိုက္ရာ နံေဘး႐ွိစားပြဲထက္တြင္ သူတို႔မဂၤလာပြဲတုန္းကပံုေလး႐ွိေလသည္။အျဖဴေရာင္themeကိုသူတို႔ႏွစ္ဦးေရြးျခယ္ျဖစ္ၾကၿပီး ႏွစ္ဖက္မိဘမ်ားႏွင့္ ဦးေလးအပါအဝင္ ယြန္းဂီေရာေဂ်ာင္ကုပါ ဝန္းရံထားေသာအျပံဳးမ်ားသည္ မည္သည့္အခ်ိန္ၾကည့္သည္ျဖစ္ေစ အေပ်ာ္မ်ားကူးစက္ေစပါသည္။
ေမာင္ေျပာဖူးသာ ကံၾကမၼာအေၾကာင္းျဖစ္သည္။
ေစာင့္ဆိုင္းျခင္းတိုင္းသည္ အဖိုးထိုက္တန္ၿပီး
သူတို႔လက္ထက္ဖို႔ရန္ ေမာင္သံုးႏွစ္ေက်ာ္ေလာက္ ေစာင့္ဆိုင္းခဲ့သည္။ေမာင့္စကားလံုးတိုင္းအား ေဆာ့ဂ်င္ႏွလံုးသားထဲတြင္ ေသာ့ခတ္၍သိမ္းထားျဖစ္ပါသည္။
"မလုပ္ခ်င္လို႔ ရမလား ေမာင္ရဲ႕ .. ယြန္းဂိိနဲ႔ေဂ်ာင္ကုေတာင္ လာျဖစ္၍ကူလုပ္တာ စေတာ္ဘယ္ရီေကြၽးမယ္ လာခဲ့ .."
ႏွစ္ဥိိးသားmulletဆင္တူႏွင့္ျဖစ္သည္။ေမာင့္ဂ်င္းဂ်ာကင္ကိုဆြဲမိေတာ့ ေမာင္ဟာေဆာ့ဂ်င္၏ဟူဒီေအာက္မွခါးအားတိုးဝင္ေပြ႔ဖက္ကာ အျမတ္ထုတ္ပါသည္။ပါးကိုရႊတ္ခနဲနမ္း႐ိႈက္ၿပီးေနာက္ စေတာ္ဘယ္ရီျခံအတြင္းသို႔ ေရာက္႐ွိလာခဲ့ေလသည္။
လက္ေကာက္ဝတ္မွ အသည္းပံုေလးတစ္ခုသည္လည္း သူ႔ပံုစံအတိုင္ပင္႐ွိေနသည္။
ေဆာ့ဂ်င္၏ဘဝတြင္ ေမာင့္ေၾကာင့္နာက်င္ဖူးသည္မွာတစ္ႀကိမ္တစ္ခါမွ်သာ႐ွိခဲ့သည္။ေမာင္ဟာသိပ္ပညာျပပါသည္။ေဆာ့ဂ်င္မွာေတာ့တစ္ဥိိးတည္းေၾကကြဲခဲ့ရသည္ကို ေမာင္ဟာေမေမႏွင့္ေပါင္း၍ တစ္ကြက္ျပသြားခဲ့ပါသည္။
ထိုအခ်ိန္က ေဆာ့ဂ်င္တစ္ပတ္ေလာက္စကားမေျပာ၍ ေမာင္သည္မၿငီးမျငဴေခ်ာ့ခဲ့ရ႐ွာပါေသးသည္။တစ္ကယ္လည္း ထိုသို႔ပင္ျဖစ္သင့္ပါသည္ေလ။
ျခံထဲ႐ွိရက္လက္စျခင္းေတာင္းမ်ားအား သူတို႔ႏွစ္ဦးဖ်ာခင္း၍ထိုင္ကာ ဆက္လက္ရက္ျဖစ္ၾကသည္။ႏွစ္ဦသားအလုပ္တြင္ၾကံဳေတြရသမွ်ကို အတူမွ်ေဝၾကရင္းေအးအတူ၊ပူအမွ်ပင္ျဖစ္သည္။ေမာင့္၏ဂစ္တာသည္လည္း သူတို႔နံေဘးတြင္တည္႐ွိေနလ်က္႐ွိသည္။
ေမာင့္အရာရာဟုေဆာ့ဂ်င္ဆိုခဲ့သကဲ့သို႔ ျခင္းရက္ေနေသာေမာင့္လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားကိုခ်စ္သည္။ျခင္းရက္ရင္း တစ္စံုတစ္ရာအဆင္မေျပလွ်င္ လွစ္ဟသြားတတ္ေသာႏႈတ္ခမ္းႏွစ္လႊာကိုလည္းခ်စ္သည္။ပါးျပင္ထက္႐ွိစီတန္းေနေသာမွဲ႔ေလးမ်ားကိုလည္းခ်စ္သည္။
"ဟင္း ေဆာ့ဂ်င္ ေမာင့္အခ်စ္ေလးက ေမာင့္ကိုေငးလွခ်ည္လား .."
လူမိသြား၍ ေဆာ့ဂ်င္ပါးျပင္ရဲတက္ကာ သြားတန္းေလးမ်ားသည္ျဖဴေဖြးစြာလွစ္ေပၚသည္။ရက္ေနေသာျခင္းကိုသာျပန္လည္ၾကည့္ရင္း ေမာင့္၏သေဘာတက်ရယ္ေမာသံမ်ားၾကားလိုက္ရသည္။
ဦးေလးေသြးတက္ေလာက္သည္အထိလည္း စေတာ္ဘယ္ရီအလံုးႀကီးႀကီးေတြကိုအျပန္အလန္ခြံ႔ျဖစ္ၾကေသးသည္။
ေမာင္တျဖည္းျဖည္းသူ႔ေဘးသို႔ကပ္လာခ်ိန္တြင္ ေမာင့္ထံမွစေတာ္ဘယ္ရီစုပ္လံုးရနံ႔မ်ားကပ္ပါလာၾကသည္။သိပ္လိမၼာေသာေမာင္ဟာ တစ္ရက္ကိုစီးကရက္တစ္လိပ္သာေသာက္ပါေတာ့သည္။သိပ္ခ်စ္စရာေကာင္းပါသည္။
ရဲတက္ေနေသာပါးႏွစ္ဖက္သို႔ေမာင္ကိုင္တြယ္လာခ်ိန္တြင္ ေဆာ့ဂ်င္မ်က္ခြံေဖာင္းေဖာင္းႏွစ္ဖက္ပိတ္က်သြားခဲ့သည္။ေလညႇင္းေလးတိုက္ခတ္ခ်ိန္တြင္ စေတာ္ဘယ္ရီရနံ႔မ်ားသည္ သူတို႔ႏွစ္ဦအားရစ္ပတ္သြားေလသည္။
"ဦးဦးဂ်င္နီေရ ဂူးဂူးနဲ႔ လီလီလာၿပီ .."
ျခံအေ႐ွ႕မွစူးခနဲထြက္ေပၚလာေသာအသံေသးေသးေလးႏွစ္သံေၾကာင့္ ေဆာ့ဂ်င္ေယာင္ယမ္းကာ ေမာင့္ရင္ဘက္က်ယ္က်ယ္ကိုတြန္းမိေတာ့ ေမာင္ဟာမ်က္ႏွာကိုဆူပုပ္သြားပါေလသည္။ေဆာ့ဂ်င္ထိုအရာကိုပဲ ခ်စ္ျမတ္ႏိုးစြာနဖူးစပ္နား႐ွိ မွဲ႔နက္ကေလးကိုဖြဖြနမ္းၿပီးေနာက္ ထိုအသံေလးေတြ႐ွိရာဆီသို႔ေျပးသြားလိုက္ပါသည္။
ေသခ်ာသည္။ေမာင္ ေျခေတြပါေဆာင့္ကာေဆြ႔ေဆြ႔ခုန္လ်က္က်န္ရစ္ခဲ့ေလာက္ပါသည္။
🍓🚬
ဂူးဂူးႏွင့္ လီလီတဲ့..။
တစ္ဖက္ျခံမွ အမႊာေမာင္ႏွမႏွစ္ဦးျဖစ္သည္။
နမ္ဂြၽန္းကေတာ့ လံုးဝ(လံုးဝ)ၾကည့္မရပါ။
ထိုဖက္ထုပ္ႏွစ္ထုပ္ဟာလည္း နမ္ဂြၽန္းကိုၾကည့္မရပါ။
ထိုအမႊာႏွစ္ေကာင္သည္ေလးႏွစ္ေက်ာ္ေလၿပီ။
အရြယ္ႏွင့္မလိုက္ေအာင္ သူမ်ားၾကားဝင္တတ္ျခင္းသည္ ထိုဖက္ထုပ္ေတြလာလွ်င္ ေဆာ့ဂ်င္အနားသို႔ သူလံုးဝဆိုလွ်င္ လံုးဝကပ္ခြင့္မရပါေပ။ဘယ္ေလာက္ဆိုးလည္းဆိုလွ်င္ ေဆာ့ဂ်င္၏ပါးကို သူနမ္းလ်ွင္ပဲ ထိုဖက္ထုပ္ေတြဟာ အာျပဲႏွင့္ေအာ္ငိုတတ္ပါသည္။
ဒီေန႔ေတာ့နမ္ဂြၽန္းအေခ်ာ့ေပးမည္မဟုတ္ပါေပ။
ေမာင့္ေဆာ့ဂ်င္၏ ပါးေလးကိုလည္း ႏို႔မႈန္႔ေစာ္နံေနသည့္ႏႈတ္ခမ္းေထာ္ေထာ္ေတြႏွင့္ အနမ္းခံခြင့္ျပဳမည္မဟုတ္ပါေပ။
တစ္ေနကုန္ေနရန္မဆိုႏွင့္ နံနက္တစ္ပိုင္းႏွင့္တင္ လန္႔ၿပီးျပန္သြားေစရန္ပလန္ေတြကိုအႀကီးအက်ယ္ခ်ထားျဖစ္ေလသည္။
"ဦးဦးကို ဂူးဂူးတို႔ကလြမ္းေနတာ .."
ဖက္ထုပ္ႏွစ္ထုပ္တြင္ အႀကီးေကာင္ဂူးဂူးကအငယ္မလီလီထက္စကားပိုတတ္ေလသည္။အငယ္မဟာလည္းမေခေပ။သိပ္အခြၽဲသန္သည္။ယခုလည္း ဆိုင္အတြင္းတြင္ ေမာင့္ေဆာ့ဂ်င္၏ေပါင္ေပၚတြင္တစ္ေယာက္တစ္ဖက္ဆီဝင္ထိုင္ေနၾကေလသည္။
ဆိုင္အတြင္းတြင္ ထိုတီတီတာတာႏွစ္ေကာင္ထက္ အသက္၂၉ႏွစ္အရြယ္တခစ္ခစ္ရယ္ေမာေနသံေလးကပို၍ခ်စ္ဖို႔ေကာင္းေလသည္။နမ္ဂြၽန္းမ်က္ႏွာထားကိုခ်ီထားလ်က္ပင္ ေဆာ့ဂ်င္အနီးတြင္ဝင္ထိုင္ျဖစ္သည္။လူသားသံလိုက္လိုျဖစ္ေန၍ အေနာက္မွေနကာသိုင္းဖက္လိုက္မိသည္။
"ေမာင္ .."
"ဘာျဖစ္လည္း ကိုယ့္ေယာက္်ားကိုယ္ဖက္တာ .."
"ဖယ္ဟာ ဂူးဂူးရဲ႕ဦးဦးဆီကေန ဖယ္ .."
"ဦးဦး လီလီ ငိုလိုက္မွာေနာ္ ..!!"
ခါးကိုပင္တင္းေနေအာင္ပိုတိုးလို႔ဖက္ေပးလိုက္ၿပီး ေပါင္အေပၚ႐ွိဖက္ထုပ္ႏွစ္ထုပ္ကိုမသိမသာတြန္းဖယ္လိုက္မိသည္။ႏႈတ္ခမ္းတေထာ္ေထာ္ႏွင့္အငယ္မသည္ သူ႔ကိုမ်က္ေစာင္းကိုထိုးေနၿပီး အႀကီးေကာင္ဟာေတာ့ မေက်မခ်မ္းႏွင့္ ေဆာ့ဂ်င္အေပၚသို႔တက္ကာ ပါးကိုဖ်က္ခနဲနမ္းေလသည္။
ေဆာ့ဂ်င္ဟာ ရယ္သြားသေလာက္ သူဟာေတာ့မ်က္ခံုးႏွစ္ဖက္ကိုအလြန္တြန္႔ခ်ိဳးမိသြားေလသည္။
"နမ္းတယ္ဟာ ဘာျဖစ္လည္းဟာ ငါ့ေယာက်္ားငါနမ္းတာ .."
ေဆာ့ဂ်င္၏ပါးအားအုပ္ကိုင္၍အလြန္နမ္းမိခ်ိန္တြင္ေတာ့ အမႊာႏွစ္ေကာင္ဟာ ထံုးစံအတိုင္းေအာ္ငိုေတာ့သည္။
"ေမာင္ ေတာ္ေတာ့ေလ ကေလးေတြငိုရင္ သူ႔မိဘေတြဘယ္ေကာင္းပါ့မလည္း လာ လာ ဦးဦးရဲ႕သဲသဲေလးႏွစ္ေယာက္ .."
နမ္ဂြၽန္း ဝမ္းနည္းသြားပါသည္။သူ႔ကိုဖယ္၍ ဖက္ထုပ္ေတြကိုသြားေပြ႔ေသာ အခ်စ္ေလးေၾကာင့္ျဖစ္သည္။မိန္းကေလေတြကဲ့သို႔ပင္။သူစိတ္ေကာက္ေတာ့မည္။
သို႔ေသာ္..
"ရႊတ္~~~ ကြၽန္ေတာ့္ကေလးေလး .."
ကေလးႏွစ္ေယာက္မျမင္ခ်ိန္တြင္ ႏႈတ္ခမ္းသို႔ဖ်က္ခနဲထိသြားေတာ့ဖူးရြေနသည့္ႏႈတ္ခမ္းဖူးေလးေတြ..။
စိတ္ေကာက္ခ်င္စရာမေကာင္းေလာက္ေအာင္ မ်က္ႏွာေလးရဲေနေသာ ေမာင့္ဘယ္ရီေလးႏွင့္ေတာ့သိပ္ခက္ပါၿပီ။
🍓🚬
ဖက္ထုပ္ႏွစ္ထုပ္စားထားေသာ စေတာ္ဘယ္ရီေႂကြပန္းကန္သည္ စားပြဲထက္တြင္ ျဖစ္တည္သည္။
ဂစ္တာတီးျဖစ္ျခင္းသည္ ရည္ရြယ္ခ်က္ႏွင့္ျဖစ္ပါသည္။
Strawberries and Cigarettes ကိုတီးျဖစ္ခဲ့ျခင္းသည္ ေဆာ့ဂ်င္အားဖြင့္ေျပာေသာေန႔မွပင္ျဖစ္သည္။ခ်စ္ဖို႔ေကာင္းသည္ မဟုတ္ပါလား..။ေမာင့္ဘယ္ရီအား အလံုးစံုကိုရည္ၫႊန္းပါသည္။
ယခုရည္ရြယ္ခ်က္သည္ေတာ့ ဖက္ထုပ္ႏွစ္ေကာင္ကိုအိပ္ေငြ႔ခ်ရန္ျဖစ္ပါသည္။ေမာင့္ေဆာ့ဂ်င္၏ရင္ခြင္အတြင္းတြင္ ေကြး၍ပုစြန္ထုပ္ေတြကဲ့သို႔အိပ္ေပ်ာ္သြားသည့္အခါမွနမ္ဂြၽန္းညစ္က်ယ္က်ယ္ရယ္လိုက္မိသည္။သူညႇိဳ႕ျခင္းခံလိုက္ရေလၿပီ။
"ေဆာ့ဂ်င္ မင္းေညာင္းေနမယ္ ခ်ထားလိုက္ .. "
"ရတယ္ ေမာင္ ကြၽန္ေတာ္ အိမ္ျပန္ပို႔လိုက္ေတာ့မယ္ .."
ပို႔မွပါပဲေလ..။ေန႔လည္သံုးနာရီပင္ထိုးေနေလၿပီ။ညပိုင္းတြင္ေတာ့ ေဆာ့ဂ်င္ႏွင့္သူႏွစ္ဦးတည္းသာျဖစ္ေလသည္။ေဆာ့ဂ်င္၏mulletမ်ားၾကားသို႔ သူ႔လက္ေခ်ာင္းမ်ားတိုးဝင္ရင္း အသည္းတယား႐ွိသည္။
"နာမည္ကိုက ဂူးဂူးတဲ့ မိန္းကေလးနာမည္နဲ႔ .."
ေဆာ့ဂ်င္ေခါင္းခါ၍ျပံဳးသြားျခင္းတြင္ သူ႔လက္ထဲေရာက္လာေသာ အိပ္စက္ေနသည့္ အႀကီးေကာင္၏တင္ပါးကိုဖ်က္ခနဲ႐ိုက္လိုက္မိပါသည္။
တစ္ဖက္အိမ္သို႔သြားေနေသာ နမ္ဂြၽန္း၏ေျခလွမ္းမ်ားတက္ႂကြသည္။
🍓🚬
ၿမိဳ႕ျပ၏အေငြ႔အသက္မ်ားႏွင့္ကင္းကြာခ်ိန္တြင္ အေပၚထပ္အိပ္ခန္း၏ျပတင္းမွၾကည့္လွ်င္ ဆိုးလ္ၿမိဳ႕၏ညအခါျမင္ကြင္းမ်ားကိုေမွးမွိန္စြာျမင္ေနရေလသည္။ဟူဒီပန္းေရာင္ႏွင့္ ေဆာ့ဂ်င္သည္ တစ္ေယာက္ထိုင္ဆိုဖာထက္တြင္ထိုင္လ်က္ ျမင္ကြင္းမ်ားကိုၾကည့္႐ႈေနလ်က္႐ွိသည္။
ဆိုးလ္၏ေနရာတိုင္းတြင္အမွတ္တရမ်ား႐ွိေလသည္။စင္တာတြင္စေတြ႕ခဲ့သည္။ဘက္စ္တြင္ ေမာင့္ေကာ္ဖီကိုေဆာ့ဂ်င္ေသာက္ခဲ့သည္။ဟန္ျမစ္တံတားထက္တြင္ ေမာင္ႏွင့္သူဂစ္တာသံမ်ားၾကား အျပန္အလွန္ဝန္ခံျဖစ္ခဲ့ၾကသည္။
အတိတ္တိုင္းဟာလွပသည္။ေမာင္ႏွင့္ပတ္သက္သမွ်သည္ လွပပါသည္။ေရခ်ိဳးခန္းအတြင္းမွေရသံမ်ားရပ္တန္႔သြားၾကခ်ိန္တြင္ ေမာင့္၏ယေန႔အတြက္တစ္လိပ္တည္းေသာ စီးကရက္ရနံ႔သည္လည္း တံခါးဖြင့္သည္ႏွင့္သင္းထြက္လာလ်က္႐ွိသည္။
ေဆာ့ဂ်င္ လွည့္မၾကည့္ေသးဘဲ လြန္စြာခ်စ္မိေသာေျခလွမ္းေတြကိုေရတြက္ေနမိသည္။ေမာင့္ကိုယ္ေပၚမွေရစက္မ်ားသည္ ေမာင္သူ႔ကိုငံု႔လ်က္ေပြ႔ဖက္ခ်ိန္တြင္ သူ႔ထံသို႔ကူးစက္လာၾကသည္။သူအလြတ္ရၿပီးေသာ ေမာင့္ကိုယ္သင္းရနံ႔သည္ သူ႔အားေထြးေပြ႔လာေလသည္။
ေမာင့္လက္မ်ားအားေဆာ့ဂ်င္တြဲခိုရင္း ႏႈတ္ခမ္းသည္ခပ္ေရးေရးျပံဳးကာေမာင့္ေမးေစ့ကိုခပ္ဖြဖြေမာ့နမ္းမိသည္။ကိုယ္ကိုငံု႔ထားေသာေမာင္သည္ သူ႔ကိုအေပၚစီးမွအုပ္မိုးၿပီးျဖစ္သည္။ေအာက္ပိုင္းကိုသဘက္ႏွင့္ပတ္ထားေသာ ေမာင္သည္ သူ႔ႏႈတ္ခမ္းမ်ားကုိတစ္စ၊တစ္စနမ္း႐ိႈက္လာပါသည္။ငံု႔ထားရ၍ ေမာင့္ဆံႏြယ္ဖြာဖြာမ်ားသည္ သူ႔နဖူးသို႔ထိေတြ႔ေနၾကသည္။
ရင္အုပ္က်ယ္က်ယ္ထက္လက္တင္ထားရျခင္းသည္ နတ္ျပည္သို႔ေခၚေဆာင္သြားသကဲ့သို႔ပင္ျဖစ္သည္။
"အဝတ္ဝတ္ဦးေလ ေမာင္ .."
"မင္းကေမာင့္အဝတ္ပါပဲ မင္းဖက္ထားရင္ ေမာင္ အဝတ္မလိုဘူး .."
ျပံဳးရင္းေျပာေသာ ပါးခ်ိဳင့္မ်ားကို သူသေဘာတက်ႏွာေခါင္းႏွစ္နမ္း႐ိႈက္ေတာ့ ေမာင္ဟာသူ႔ကိုႏွာေခါင္း႐ွံု႔ျပကာ ေစြ႔ခနဲေပြ႔ခ်ီသြားခဲ့သည္။
စေတာ္ဘယ္ရီႏွင့္စီးကရက္ရနံ႔မ်ားသည္ အျဖဴေရာင္အိပ္ယာခင္းထက္တြင္ လွပစြာေရာေထြးသြားခဲ့ပါသည္။
"မင္းကိုခ်စ္တယ္ ေဆာ့ဂ်င္ .."
"ကြၽန္ေတာ္ကပိုခ်စ္တယ္ ေမာင္ .."
"မရဘူး ေမာင္ပဲပိုမွာ .. ေမာင့္ဘယ္ရီ .."
ေမာင္ဟုေခၚပါသည္။
အဆိုပါအမ်ိဳးသားဟာ ထိုသို႔လည္းသိပ္ဆိုးတတ္ပါေသးသည္။
လက္ေကာက္ဝတ္႐ွိအသဲပံုေလးတစ္ခုသည္လည္း ႏွစ္တစ္ရာတိုင္ဆက္သြယ္ေနေလေတာ့မည္ ။
🍓🚬
Mg 's berry 🍓🚬
ကတိတည္ပါတယ္ ။ keke❤
Written By
Guu_Joonilili
Unicode~
ချစ်သူသက်တမ်းသုံးနှစ်ကျော်လောက်တွင် အိမ်ထောင်ပြုဖြစ်ခဲ့ကြပြီး ယခုဆိုလျှင် ဆော့ဂျင်၏အသက်၂၉ ၊ နမ်ဂျွန်း၏အသက် ၂၈ ပင်ဖြစ်နေလေပြီ။
ဆော့ဂျင်၏မိဘများသည် ဘူဆန်တွင်သာပြန်၍ နေကြပြီး နမ်ဂျွန်းဟာတော့ဆော့ဂျင်နှင့်အတူလာနေပါလေသည်။နမ်ဂျွန်း၏မိဘများထံသို့တစ်ခါတစ်ရံသွားလည်တတ်သော်လည်း ဦးလေး၏စတော်ဘယ်ရီခြံဟာ သူတို့နှစ်ဦး၏အချစ်ဘုံ ၊ အချစ်နန်းလေးဖြစ်လေသည်။
ပိတ်ရက်တိုင်း မပျက်မကွက် စတော်ဘယ်ရီခြံသို့ သူတို့နှစ်ဦးသွားတတ်သည်။ရုံးဖွင့်ရက်များတွင် မိမိအလုပ်နှင့်မိမိလည်ပတ်ကြပြီး ပိတ်ရက်များဆိုလျှင်တော့ထိုသို့ပုံမှန်ဖြစ်သည်။အမြဲ ထာဝစဉ်အချစ်မလျော့တတ်သောနှစ်ဦးဖြစ်၍ နေ့စဉ်လည်ပတ်မှုများသည်လည်း အချစ်နှင့်ပြည့်နေဆဲပင်ဖြစ်သည်။
ယနေ့တိမ်ထူထပ်ပါသည်။အဖြူရောင်ကားလေးသည် စတော်ဘယ်ရီခြံသို့စိုက်ရောက်လာသော်လည်း ပိုင်ရှင်ဦးလေးမရှိပါပေ။အကြောင်းမှာ ဦးလေးသည် ဆော့ဂျင်၏မိဘများရှိရာဘူဆန်သို့ဆင်းသွား၍ဖြစ်သည်။
သို့ဖြစ်၍ သူတို့နှစ်ဦးအပျော်လွန်ကြူးကာ အဝတ်တွေပါထုတ်လာကြပြီး ခြံ၏သော့သည်လည်း နမ်ဂျွန်း၏လက်ထဲတွင်လည်ပတ်လျက်ရှိပါသည်။
"မောင် ကျွန်တော်ဖွင့်လိုက်မယ် .."
ဟုတ်ပါသည်။
ဆော့ဂျင်ဟာ နမ်ဂျွန်းကို မောင်ဟုခေါ်ဆိုပါသည်။
လက်ထပ်ခါနီးနှစ်ရက်အလိုလောက်တွင် နမ်ဂျွန်းဟာ အယ်ကိုဟောအသောက်လွန်ပြီး ညဘက်ကို ဆော့ဂျင်၏အိမ်သို့ရောက်လာခဲ့ပါသည်။
အမှန်တော့နမ်ဂျွန်းဟာ သူ့ဘဝ၏ချစ်မေတ္တာကိုပိုင်ဆိုင်ရတော့မည်ဖြစ်၍ နည်းပညာတက္ကသိုလ်၏ကျူတာ ဂျွန်ဂျောင်ကုကျေးဇူးနှင့်အပျော်လွန်ကာ သောက်ခဲ့ခြင်းဖြစ်သည်။
ဆော့ဂျင်ကို ရီဝေဝေကြည့်၍ ခပ်ပြုံးပြုံးနှင့် ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာထိုသို့ပြောပါသည်။ထိုစကားကြောင့် အနားတွင်ရှိနေသော ယောက္ခမကြီးဇနီးမောင်နှံ ရှက်သွေးဖြာခဲ့ရပါသေးသည်။
*မောင်လို့ခေါ် မခေါ်ရင် အိမ်မပြန်ဘဲ မင်းကိုချုပ်နမ်းမှာ* တဲ့..။
ပုံမှန်အတိုင်းရှိနေလျက်မှ မည်သို့*မောင်*ရောဂါထသလည်းတော့မသိပါ။သေချာသည့်တစ်ခုဟာတော့ နမ်ဂျွန်းဟာ အသက်တစ်နှစ်ကြီးသော ဆော့ဂျင်ကိုချွဲချင်ပါသည်။ဤသို့နှင့် ထိုအချစ်နာမ်စားဟာ *မောင်*ဟူ၍ဖြစ်လာခဲ့ပါသည်။
မပြောင်းလဲသွားသောစတော်ဘယ်ရီရနံ့များသည် သူတို့နှစ်ဦး၏စိတ်ကိုအလွန်တရာမှရွှင်လန်းစေပါသည်။ဦးလေး၏စတော်ဘယ်ရီခြံလေးသည် လွန်ခဲ့သောနှစ်များကထက်ပို၍ပင်ရောင်းအားတက်လာလျက်ရှိသည်။
တိမ်ထူထပ်၍ရာသီဥတုမှာအုံ့မှိုင်းသောကြောင့် မောင်သည်ထုံးစံအတိုင်းအနက်ရောင်ဂျင်းဂျာကင်ကိုဝတ်ထားပြီး မောင့်ဆော့ဂျင်ဟာ ပန်းနုရောင်ဟူဒီကိုကောက်စွပ်ထားလျက်ရှိသည်။
"ဒီနေ့ ခြင်းသေးသေးလေးတွေလုပ်ရမယ် .."
"မောင်တော့ မလုပ်ချင်ပါဘူး .. ဆော့ဂျင်ရယ် .."
အဝတ်အိတ်များချလိုက်ရာ နံဘေးရှိစားပွဲထက်တွင် သူတို့မင်္ဂလာပွဲတုန်းကပုံလေးရှိလေသည်။အဖြူရောင်themeကိုသူတို့နှစ်ဦးရွေးခြယ်ဖြစ်ကြပြီး နှစ်ဖက်မိဘများနှင့် ဦးလေးအပါအဝင် ယွန်းဂီရောဂျောင်ကုပါ ဝန်းရံထားသောအပြုံးများသည် မည်သည့်အချိန်ကြည့်သည်ဖြစ်စေ အပျော်များကူးစက်စေပါသည်။
မောင်ပြောဖူးသာ ကံကြမ္မာအကြောင်းဖြစ်သည်။
စောင့်ဆိုင်းခြင်းတိုင်းသည် အဖိုးထိုက်တန်ပြီး
သူတို့လက်ထက်ဖို့ရန် မောင်သုံးနှစ်ကျော်လောက် စောင့်ဆိုင်းခဲ့သည်။မောင့်စကားလုံးတိုင်းအား ဆော့ဂျင်နှလုံးသားထဲတွင် သော့ခတ်၍သိမ်းထားဖြစ်ပါသည်။
"မလုပ်ချင်လို့ ရမလား မောင်ရဲ့ .. ယွန်းဂိနဲ့ဂျောင်ကုတောင် လာဖြစ်၍ကူလုပ်တာ စတော်ဘယ်ရီကျွေးမယ် လာခဲ့ .."
နှစ်ဥိးသားmulletဆင်တူနှင့်ဖြစ်သည်။မောင့်ဂျင်းဂျာကင်ကိုဆွဲမိတော့ မောင်ဟာဆော့ဂျင်၏ဟူဒီအောက်မှခါးအားတိုးဝင်ပွေ့ဖက်ကာ အမြတ်ထုတ်ပါသည်။ပါးကိုရွှတ်ခနဲနမ်းရှိုက်ပြီးနောက် စတော်ဘယ်ရီခြံအတွင်းသို့ ရောက်ရှိလာခဲ့လေသည်။
လက်ကောက်ဝတ်မှ အသည်းပုံလေးတစ်ခုသည်လည်း သူ့ပုံစံအတိုင်ပင်ရှိနေသည်။
ဆော့ဂျင်၏ဘဝတွင် မောင့်ကြောင့်နာကျင်ဖူးသည်မှာတစ်ကြိမ်တစ်ခါမျှသာရှိခဲ့သည်။မောင်ဟာသိပ်ပညာပြပါသည်။ဆော့ဂျင်မှာတော့တစ်ဥိးတည်းကြေကွဲခဲ့ရသည်ကို မောင်ဟာမေမေနှင့်ပေါင်း၍ တစ်ကွက်ပြသွားခဲ့ပါသည်။
ထိုအချိန်က ဆော့ဂျင်တစ်ပတ်လောက်စကားမပြော၍ မောင်သည်မငြီးမငြူချော့ခဲ့ရရှာပါသေးသည်။တစ်ကယ်လည်း ထိုသို့ပင်ဖြစ်သင့်ပါသည်လေ။
ခြံထဲရှိရက်လက်စခြင်းတောင်းများအား သူတို့နှစ်ဦးဖျာခင်း၍ထိုင်ကာ ဆက်လက်ရက်ဖြစ်ကြသည်။နှစ်ဦသားအလုပ်တွင်ကြုံတွေရသမျှကို အတူမျှဝေကြရင်းအေးအတူ၊ပူအမျှပင်ဖြစ်သည်။မောင့်၏ဂစ်တာသည်လည်း သူတို့နံဘေးတွင်တည်ရှိနေလျက်ရှိသည်။
မောင့်အရာရာဟုဆော့ဂျင်ဆိုခဲ့သကဲ့သို့ ခြင်းရက်နေသောမောင့်လက်ချောင်းသွယ်သွယ်လေးများကိုချစ်သည်။ခြင်းရက်ရင်း တစ်စုံတစ်ရာအဆင်မပြေလျှင် လှစ်ဟသွားတတ်သောနှုတ်ခမ်းနှစ်လွှာကိုလည်းချစ်သည်။ပါးပြင်ထက်ရှိစီတန်းနေသောမှဲ့လေးများကိုလည်းချစ်သည်။
"ဟင်း ဆော့ဂျင် မောင့်အချစ်လေးက မောင့်ကိုငေးလှချည်လား .."
လူမိသွား၍ ဆော့ဂျင်ပါးပြင်ရဲတက်ကာ သွားတန်းလေးများသည်ဖြူဖွေးစွာလှစ်ပေါ်သည်။ရက်နေသောခြင်းကိုသာပြန်လည်ကြည့်ရင်း မောင့်၏သဘောတကျရယ်မောသံများကြားလိုက်ရသည်။
ဦးလေးသွေးတက်လောက်သည်အထိလည်း စတော်ဘယ်ရီအလုံးကြီးကြီးတွေကိုအပြန်အလန်ခွံ့ဖြစ်ကြသေးသည်။
မောင်တဖြည်းဖြည်းသူ့ဘေးသို့ကပ်လာချိန်တွင် မောင့်ထံမှစတော်ဘယ်ရီစုပ်လုံးရနံ့များကပ်ပါလာကြသည်။သိပ်လိမ္မာသောမောင်ဟာ တစ်ရက်ကိုစီးကရက်တစ်လိပ်သာသောက်ပါတော့သည်။သိပ်ချစ်စရာကောင်းပါသည်။
ရဲတက်နေသောပါးနှစ်ဖက်သို့မောင်ကိုင်တွယ်လာချိန်တွင် ဆော့ဂျင်မျက်ခွံဖောင်းဖောင်းနှစ်ဖက်ပိတ်ကျသွားခဲ့သည်။လေညှင်းလေးတိုက်ခတ်ချိန်တွင် စတော်ဘယ်ရီရနံ့များသည် သူတို့နှစ်ဦအားရစ်ပတ်သွားလေသည်။
"ဦးဦးဂျင်နီရေ ဂူးဂူးနဲ့ လီလီလာပြီ .."
ခြံအရှေ့မှစူးခနဲထွက်ပေါ်လာသောအသံသေးသေးလေးနှစ်သံကြောင့် ဆော့ဂျင်ယောင်ယမ်းကာ မောင့်ရင်ဘက်ကျယ်ကျယ်ကိုတွန်းမိတော့ မောင်ဟာမျက်နှာကိုဆူပုပ်သွားပါလေသည်။ဆော့ဂျင်ထိုအရာကိုပဲ ချစ်မြတ်နိုးစွာနဖူးစပ်နားရှိ မှဲ့နက်ကလေးကိုဖွဖွနမ်းပြီးနောက် ထိုအသံလေးတွေရှိရာဆီသို့ပြေးသွားလိုက်ပါသည်။
သေချာသည်။မောင် ခြေတွေပါဆောင့်ကာဆွေ့ဆွေ့ခုန်လျက်ကျန်ရစ်ခဲ့လောက်ပါသည်။
🍓🚬
ဂူးဂူးနှင့် လီလီတဲ့..။
တစ်ဖက်ခြံမှ အမွှာမောင်နှမနှစ်ဦးဖြစ်သည်။
နမ်ဂျွန်းကတော့ လုံးဝ(လုံးဝ)ကြည့်မရပါ။
ထိုဖက်ထုပ်နှစ်ထုပ်ဟာလည်း နမ်ဂျွန်းကိုကြည့်မရပါ။
ထိုအမွှာနှစ်ကောင်သည်လေးနှစ်ကျော်လေပြီ။
အရွယ်နှင့်မလိုက်အောင် သူများကြားဝင်တတ်ခြင်းသည် ထိုဖက်ထုပ်တွေလာလျှင် ဆော့ဂျင်အနားသို့ သူလုံးဝဆိုလျှင် လုံးဝကပ်ခွင့်မရပါပေ။ဘယ်လောက်ဆိုးလည်းဆိုလျှင် ဆော့ဂျင်၏ပါးကို သူနမ်းလျှင်ပဲ ထိုဖက်ထုပ်တွေဟာ အာပြဲနှင့်အော်ငိုတတ်ပါသည်။
ဒီနေ့တော့နမ်ဂျွန်းအချော့ပေးမည်မဟုတ်ပါပေ။
မောင့်ဆော့ဂျင်၏ ပါးလေးကိုလည်း နို့မှုန့်စော်နံနေသည့်နှုတ်ခမ်းထော်ထော်တွေနှင့် အနမ်းခံခွင့်ပြုမည်မဟုတ်ပါပေ။
တစ်နေကုန်နေရန်မဆိုနှင့် နံနက်တစ်ပိုင်းနှင့်တင် လန့်ပြီးပြန်သွားစေရန်ပလန်တွေကိုအကြီးအကျယ်ချထားဖြစ်လေသည်။
"ဦးဦးကို ဂူးဂူးတို့ကလွမ်းနေတာ .."
ဖက်ထုပ်နှစ်ထုပ်တွင် အကြီးကောင်ဂူးဂူးကအငယ်မလီလီထက်စကားပိုတတ်လေသည်။အငယ်မဟာလည်းမခေပေ။သိပ်အချွဲသန်သည်။ယခုလည်း ဆိုင်အတွင်းတွင် မောင့်ဆော့ဂျင်၏ပေါင်ပေါ်တွင်တစ်ယောက်တစ်ဖက်ဆီဝင်ထိုင်နေကြလေသည်။
ဆိုင်အတွင်းတွင် ထိုတီတီတာတာနှစ်ကောင်ထက် အသက်၂၉နှစ်အရွယ်တခစ်ခစ်ရယ်မောနေသံလေးကပို၍ချစ်ဖို့ကောင်းလေသည်။နမ်ဂျွန်းမျက်နှာထားကိုချီထားလျက်ပင် ဆော့ဂျင်အနီးတွင်ဝင်ထိုင်ဖြစ်သည်။လူသားသံလိုက်လိုဖြစ်နေ၍ အနောက်မှနေကာသိုင်းဖက်လိုက်မိသည်။
"မောင် .."
"ဘာဖြစ်လည်း ကိုယ့်ယောက်ျားကိုယ်ဖက်တာ .."
"ဖယ်ဟာ ဂူးဂူးရဲ့ဦးဦးဆီကနေ ဖယ် .."
"ဦးဦး လီလီ ငိုလိုက်မှာနော် ..!!"
ခါးကိုပင်တင်းနေအောင်ပိုတိုးလို့ဖက်ပေးလိုက်ပြီး ပေါင်အပေါ်ရှိဖက်ထုပ်နှစ်ထုပ်ကိုမသိမသာတွန်းဖယ်လိုက်မိသည်။နှုတ်ခမ်းတထော်ထော်နှင့်အငယ်မသည် သူ့ကိုမျက်စောင်းကိုထိုးနေပြီး အကြီးကောင်ဟာတော့ မကျေမချမ်းနှင့် ဆော့ဂျင်အပေါ်သို့တက်ကာ ပါးကိုဖျက်ခနဲနမ်းလေသည်။
ဆော့ဂျင်ဟာ ရယ်သွားသလောက် သူဟာတော့မျက်ခုံးနှစ်ဖက်ကိုအလွန်တွန့်ချိုးမိသွားလေသည်။
"နမ်းတယ်ဟာ ဘာဖြစ်လည်းဟာ ငါ့ယောက်ျားငါနမ်းတာ .."
ဆော့ဂျင်၏ပါးအားအုပ်ကိုင်၍အလွန်နမ်းမိချိန်တွင်တော့ အမွှာနှစ်ကောင်ဟာ ထုံးစံအတိုင်းအော်ငိုတော့သည်။
"မောင် တော်တော့လေ ကလေးတွေငိုရင် သူ့မိဘတွေဘယ်ကောင်းပါ့မလည်း လာ လာ ဦးဦးရဲ့သဲသဲလေးနှစ်ယောက် .."
နမ်ဂျွန်း ဝမ်းနည်းသွားပါသည်။သူ့ကိုဖယ်၍ ဖက်ထုပ်တွေကိုသွားပွေ့သော အချစ်လေးကြောင့်ဖြစ်သည်။မိန်းကလေတွေကဲ့သို့ပင်။သူစိတ်ကောက်တော့မည်။
သို့သော်..
"ရွှတ်~~~ ကျွန်တော့်ကလေးလေး .."
ကလေးနှစ်ယောက်မမြင်ချိန်တွင် နှုတ်ခမ်းသို့ဖျက်ခနဲထိသွားတော့ဖူးရွနေသည့်နှုတ်ခမ်းဖူးလေးတွေ..။
စိတ်ကောက်ချင်စရာမကောင်းလောက်အောင် မျက်နှာလေးရဲနေသော မောင့်ဘယ်ရီလေးနှင့်တော့သိပ်ခက်ပါပြီ။
🍓🚬
ဖက်ထုပ်နှစ်ထုပ်စားထားသော စတော်ဘယ်ရီကြွေပန်းကန်သည် စားပွဲထက်တွင် ဖြစ်တည်သည်။
ဂစ်တာတီးဖြစ်ခြင်းသည် ရည်ရွယ်ချက်နှင့်ဖြစ်ပါသည်။
Strawberries and Cigarettes ကိုတီးဖြစ်ခဲ့ခြင်းသည် ဆော့ဂျင်အားဖွင့်ပြောသောနေ့မှပင်ဖြစ်သည်။ချစ်ဖို့ကောင်းသည် မဟုတ်ပါလား..။မောင့်ဘယ်ရီအား အလုံးစုံကိုရည်ညွှန်းပါသည်။
ယခုရည်ရွယ်ချက်သည်တော့ ဖက်ထုပ်နှစ်ကောင်ကိုအိပ်ငွေ့ချရန်ဖြစ်ပါသည်။မောင့်ဆော့ဂျင်၏ရင်ခွင်အတွင်းတွင် ကွေး၍ပုစွန်ထုပ်တွေကဲ့သို့အိပ်ပျော်သွားသည့်အခါမှနမ်ဂျွန်းညစ်ကျယ်ကျယ်ရယ်လိုက်မိသည်။သူညှို့ခြင်းခံလိုက်ရလေပြီ။
"ဆော့ဂျင် မင်းညောင်းနေမယ် ချထားလိုက် .. "
"ရတယ် မောင် ကျွန်တော် အိမ်ပြန်ပို့လိုက်တော့မယ် .."
ပို့မှပါပဲလေ..။နေ့လည်သုံးနာရီပင်ထိုးနေလေပြီ။ညပိုင်းတွင်တော့ ဆော့ဂျင်နှင့်သူနှစ်ဦးတည်းသာဖြစ်လေသည်။ဆော့ဂျင်၏mulletများကြားသို့ သူ့လက်ချောင်းများတိုးဝင်ရင်း အသည်းတယားရှိသည်။
"နာမည်ကိုက ဂူးဂူးတဲ့ မိန်းကလေးနာမည်နဲ့ .."
ဆော့ဂျင်ခေါင်းခါ၍ပြုံးသွားခြင်းတွင် သူ့လက်ထဲရောက်လာသော အိပ်စက်နေသည့် အကြီးကောင်၏တင်ပါးကိုဖျက်ခနဲရိုက်လိုက်မိပါသည်။
တစ်ဖက်အိမ်သို့သွားနေသော နမ်ဂျွန်း၏ခြေလှမ်းများတက်ကြွသည်။
🍓🚬
မြို့ပြ၏အငွေ့အသက်များနှင့်ကင်းကွာချိန်တွင် အပေါ်ထပ်အိပ်ခန်း၏ပြတင်းမှကြည့်လျှင် ဆိုးလ်မြို့၏ညအခါမြင်ကွင်းများကိုမှေးမှိန်စွာမြင်နေရလေသည်။ဟူဒီပန်းရောင်နှင့် ဆော့ဂျင်သည် တစ်ယောက်ထိုင်ဆိုဖာထက်တွင်ထိုင်လျက် မြင်ကွင်းများကိုကြည့်ရှုနေလျက်ရှိသည်။
ဆိုးလ်၏နေရာတိုင်းတွင်အမှတ်တရများရှိလေသည်။စင်တာတွင်စတွေ့ခဲ့သည်။ဘက်စ်တွင် မောင့်ကော်ဖီကိုဆော့ဂျင်သောက်ခဲ့သည်။ဟန်မြစ်တံတားထက်တွင် မောင်နှင့်သူဂစ်တာသံများကြား အပြန်အလှန်ဝန်ခံဖြစ်ခဲ့ကြသည်။
အတိတ်တိုင်းဟာလှပသည်။မောင်နှင့်ပတ်သက်သမျှသည် လှပပါသည်။ရေချိုးခန်းအတွင်းမှရေသံများရပ်တန့်သွားကြချိန်တွင် မောင့်၏ယနေ့အတွက်တစ်လိပ်တည်းသော စီးကရက်ရနံ့သည်လည်း တံခါးဖွင့်သည်နှင့်သင်းထွက်လာလျက်ရှိသည်။
ဆော့ဂျင် လှည့်မကြည့်သေးဘဲ လွန်စွာချစ်မိသောခြေလှမ်းတွေကိုရေတွက်နေမိသည်။မောင့်ကိုယ်ပေါ်မှရေစက်များသည် မောင်သူ့ကိုငုံ့လျက်ပွေ့ဖက်ချိန်တွင် သူ့ထံသို့ကူးစက်လာကြသည်။သူအလွတ်ရပြီးသော မောင့်ကိုယ်သင်းရနံ့သည် သူ့အားထွေးပွေ့လာလေသည်။
မောင့်လက်များအားဆော့ဂျင်တွဲခိုရင်း နှုတ်ခမ်းသည်ခပ်ရေးရေးပြုံးကာမောင့်မေးစေ့ကိုခပ်ဖွဖွမော့နမ်းမိသည်။ကိုယ်ကိုငုံ့ထားသောမောင်သည် သူ့ကိုအပေါ်စီးမှအုပ်မိုးပြီးဖြစ်သည်။အောက်ပိုင်းကိုသဘက်နှင့်ပတ်ထားသော မောင်သည် သူ့နှုတ်ခမ်းများကိုတစ်စ၊တစ်စနမ်းရှိုက်လာပါသည်။ငုံ့ထားရ၍ မောင့်ဆံနွယ်ဖွာဖွာများသည် သူ့နဖူးသို့ထိတွေ့နေကြသည်။
ရင်အုပ်ကျယ်ကျယ်ထက်လက်တင်ထားရခြင်းသည် နတ်ပြည်သို့ခေါ်ဆောင်သွားသကဲ့သို့ပင်ဖြစ်သည်။
"အဝတ်ဝတ်ဦးလေ မောင် .."
"မင်းကမောင့်အဝတ်ပါပဲ မင်းဖက်ထားရင် မောင် အဝတ်မလိုဘူး .."
ပြုံးရင်းပြောသော ပါးချိုင့်များကို သူသဘောတကျနှာခေါင်းနှစ်နမ်းရှိုက်တော့ မောင်ဟာသူ့ကိုနှာခေါင်းရှုံ့ပြကာ စွေ့ခနဲပွေ့ချီသွားခဲ့သည်။
စတော်ဘယ်ရီနှင့်စီးကရက်ရနံ့များသည် အဖြူရောင်အိပ်ယာခင်းထက်တွင် လှပစွာရောထွေးသွားခဲ့ပါသည်။
"မင်းကိုချစ်တယ် ဆော့ဂျင် .."
"ကျွန်တော်ကပိုချစ်တယ် မောင် .."
"မရဘူး မောင်ပဲပိုမှာ .. မောင့်ဘယ်ရီ .."
မောင်ဟုခေါ်ပါသည်။
အဆိုပါအမျိုးသားဟာ ထိုသို့လည်းသိပ်ဆိုးတတ်ပါသေးသည်။
လက်ကောက်ဝတ်ရှိအသဲပုံလေးတစ်ခုသည်လည်း နှစ်တစ်ရာတိုင်ဆက်သွယ်နေလေတော့မည် ။
🍓🚬
Mg 's berry 🍓🚬
ကတိတည်ပါတယ် ။ keke❤
Written By
Guu_Joonilili