Jongwoo အိမ်ထဲကနေ အိမ်အပြင်မထွက်တာ နှစ်ရက်၊ Jay လည်း သူ့ဆီကို မလာပါ၊ အဲ့ဒီနေ့က အဖြစ်အပျက်ကိုပဲ သူပြန်အမှတ်ရနေမိသည်၊ သူဘာလို့ မငြင်းဆန်ခဲ့မိတာလဲ၊ သူဘာကြောင့် လက်ခံလိုက်မိလဲဆိုတာကို သူမသိပါ၊ သူ့မှာ ငြင်းဆန်ဖို့ ရုန်းကန်ဖို့ရာ အခွင့်အရေး ရှိပါလျှက်နဲ့လေ၊ သူ့စိတ်တွေ တကယ်ကိုထွေပြားနေပါသည် သူဘယ်လိုလုပ်ရမလဲ
သူဘာကိုမှမစဉ်းစားတတ်တော့၊ မစဉ်းစားချင်တော့ပါ သူစိတ်တွေရှုတ်လာရသည် သူ့ကိုယ်သူ မေးခွန်းတွေ ပြန်မေးနေရသည်၊ ရှုတ်ထွေးလာသော စိတ်တို့ရဲ့ ဦးတည်ချက်ဟာ ဖန်ပန်းအိုးလေး ဖြစ်မယ်ထင်၏။ ကြမ်းပြင်ပေါ်မှာ တစ်စစီကွဲကြေလို့ နေလေသည်၊ စွဲလမ်းနေခြင်း အမှုတစ်ခုက ဖန်ကွဲစများပေါ်မှာ လမ်းလျှောက်ခြင်းပင်၊
နာကျင်နေရတယ်ပေမယ့် သူနှစ်သက်နေမိသည်၊ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း ခြေဖဝါးထဲကို စူးနစ်ဝင်လာတဲ့ ဖန်စကလေးတွေ၊ နာကျင်မှုက ဆစ်ကနဲ၊ ဒါက စိတ်ရှုတ်ထွေးလာရင် သူလုပ်လေ့ရှိတဲ့ အပြုအမူ၊ စိတ်ဖိစီးမှုတွေကိုဖြေဖျောက် လေ့ရှိတဲ့ နည်းလမ်း၊ နာကျင်နေပေမယ့် အဆုံးထိ ဆက်လျှောက်ချင်နေမိသည်၊
" အိမ်ထဲမှာ Jongwoo Hyung ရှိလားဗျ "
" Hyung က အဲ့လိုမျိုးနေနေတော့ ကျွန်တော့်ရဲ့ နှလုံးသားလေး နာကျင်ရတယ်ဗျ "
" ကျွန်တော်နဲ့တစ်သက်လုံး မတွေ့တော့ဘူးလား "
" ကျွန်တော် America ကို ပြန်လိုက်ရမလား "
" Hyung က ဂရုမစိုက်တော့ ကျွန်တော် တကယ် စိတ်မကောင်းဘူး "
အိမ်အောက်ကနေ လှမ်းအော်နေတဲ့ Jay ရဲ့ အသံကို သူကြားနေရ၏။ သူမျက်ရည်တွေကြားက ပြုံးနေမိပါ သေးသည်၊ ဒီကောင်လေးက ဘာကြောင့် ချစ်ဖို့ကောင်းနေရတာလဲ
နာကျင်နေရင်းတောင် ပြုံးနေမိတဲ့ ဒီခံစားချက်၊ သူစိတ်တွေကို လွှတ်ချလိုက်သင့်လား မသင့်ဘူးလား ဆိုတာ သူမတွေးတတ်တော့ပါ၊
မကြာခင်ပဲ Jay အိမ်ပေါ်ကို တက်လာတဲ့ ခြေသံကို ကြားလိုက်ရသည်၊ သူနေရာမှာပဲ ရပ်နေမိသည်၊ သူ့ကို မြင်တာနဲ့ ပြုံးပြလာတဲ့ Jay ကြမ်းပြင်ပေါ်က ဖန်ကွဲစတွေကို မမြင်ခင်အထိတော့ Jay ဟာ ပြုံးနေခဲ့တယ်၊ မြင်သွားတဲ့ အချိန်မှာတော့ သူ့ရဲ့ အပြုံးတွေက ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါပြီ
_____________________________________________
๑˙ Jay Chang's Pov ˙๑
Jongwoo Hyung က သူ့ကိုစိတ်ဆိုးနေမယ်ထင်တယ်၊ ရုတ်တရက်ဖြစ်သွားခဲ့တာမို့ Hyung အ တွက် အချိန်လည်း လိုကောင်းလိုနေပါလိမ့်မည်၊ ထို့ကြောင့် သူ Hyung ဆီကို မသွားဖြစ်ပါ သူ့ကို မြင်ရင် အနှောင့်အယှက်များ ဖြစ်နေမလားလို့ သူတွေးမိသောကြောင့်၊
ဒါပေမယ့် သူအကြာကြီးတော့ မနေနိုင်ပါ၊ နှစ်ရက်ကြီးများတောင် အချိန်ပေးပြီးပြီဆိုတော့ သူသွားမှ ဖြစ်တော့မည်၊ နာရီပေါင်း ၄၈နာရီကျော် မတွေ့ရတဲ့ Hyung မျက်နှာလေးကို သူတွေ့ချင်နေပြီ၊
Jay အိမ်ထဲကို တန်းမဝင်ဘဲနဲ့ အိမ်အောက်ကနေ လှမ်းအော်ပြောလိုက်မိတယ်၊ တုံ့ပြန်မှု မရှိတာကြောင့် Jay အိမ်ပေါ်ကို တက်သွားဖို့ ဆုံးဖြတ်လိုက်တယ်၊ တွေ့ပါပြီ သူရဲ့ ချစ်လှစွာသော Hyung ကိုလေ၊ Hyung ကို မြင်လိုက်ရတော့ သူ့အပြုံးပန်းတွေ ဝေဆာသွားရသည်၊
Jay အပျော်လွန်ပြီး Hyung ဆီကို မြန်မြန်လျှောက် သွားဖို့ ပြင်လိုက်ချိန် တွေ့လိုက်ရတဲ့ ဖန်ကွဲစတွေ နောက်ပြီး သွေးတွေ သူတကယ် တုန်လှုပ် သွားရပါသည် ဘယ်လိုလုပ် ဘယ်လိုဖြစ်ပြီးတော့ ဒီလိုမျိုး ဖြစ်ရတာလဲ သူ့ကြောင့်နဲ့ Hyung ကို ဒီလို ဖြစ်စေခဲ့တာလား
" Hyung ဘယ်လိုမျိုး "
သူ့စကားတွေလည်ချောင်းထဲမှာတစ်ဆို့လို့နေတယ်၊ သူဘာကိုမှ ဆက်မပြောနိုင်တော့ပါ၊ သူ့မျက်ရည်တွေက မထိန်းနိုင်ဘဲ အလိုလိုကျလာသည်၊ သူ့ရဲ့လက်တွေလည်း တုန်ရီနေသည်၊
အသိစိတ်လွတ်သလို ဖြစ်နေတဲ့ Jayရဲ့ပုံစံကို မြင်လိုက်ရတော့ Jongwooလည်း တကယ် လန့်သွားရပါသည်၊ သူ Jay ဆီကို လျှောက်သွားလိုက်တယ်၊ ထိုအခါ Jay က ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ခြေထောက်တွေကို တုန်ရီနေတဲ့ လက်တွေနဲ့ မထိရက် မကိုင်ရက်ဖြစ်လို့နေသည်၊
" Jay "
" ကျွန်တော့်ကြောင့်လား Hyung"
" ကျွန်တော့်ကြောင့် ဒီလိုမျိုး လုပ်ရတာလား "
" ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော် တကယ် တောင်းပန်ပါတယ်၊ ကျွန်တော်မှားသွားတာပါ "
" Hyung ဒီလိုမျိုး မလုပ်ပါနဲ့ ကျွန်တော် ရင်တွေနာလို့ပါ "
ဒီလိုမျိုး မျက်ရည်တွေပြည့်နေတဲ့ Jay ကို မြင်ရတာလဲ သူ့အတွက် ရင်နာရပါသည်၊
" Jay ငါ့ကို ကြည့်၊ သတိထားပါဦး "
အရင်ဆုံး ဆောက်တည်ရာမရဖြစ်နေတဲ့ Jay ကို အသိစိတ်ကပ်အောင် သူလုပ်မှဖြစ်မည်၊
" Hee Choi ငါဘာမှမဖြစ်ဘူး မငိုနဲ့တော့နော် "
" Hyung "
Jay ရဲ့မျက်နှာလေးဟာ သူ့လက်ဖဝါးအထက်မှာ အံ့ဝင်ခွင်ကျဖြစ်လို့နေတယ်၊ အဆက်မပြတ်ကျနေတဲ့ မျက်ရည်တွေကို သူသုတ်ပေးလိုက်သည်၊
" မငိုပါနဲ့ "
" ကျွန်တော်ဆေးထည့်ပေးမယ် Hyung ဒီမှာ ခဏစောင့် "
သူ့ကို ကုတင်ပေါ်မှာ ထိုင်ခိုင်းပြီး ထထွက်သွားတဲ့ Jay ခဏနေတော့ ဆေးသတ္တာယူပြီး ပြန်ရောက် လာခဲ့တယ်၊
" Hyung ရေအရင်ဆေးရအောင် "
အစစ အရာရာကို ဂရုတစိုက်လုပ်ပေးနေတဲ့ Jay ကို ကြည့်ရင်း သူတို့ စတွေ့တဲ့နေ့ကို အမှတ်ရမိသည်၊ ထိုနေ့ကလည်း သည်အတိုင်းပဲ မဟုတ်လား
" ငါတို့ စတွေ့တုန်းကလည်း ဒီအတိုင်းပဲမလား "
" မဟုတ်ဘူး Hyungကို စတွေ့တော့ဒီလိုမဟုတ်ဘူး "
" ဘယ်လို "
" ပြီးသွားပြီ Hyung ကျွန်တော်ဒါလေးတွေ အပြင်မှာ သွားလွှင့်ပစ်လိုက်ဦးမယ် "
ပြန်ရောက်လာတော့လည်း ကုတင်ပေါ်မှာ လာမထိုင်ဘဲ Jay က ကြမ်းပြင်ပေါ်မှာပဲ ထိုင်နေတယ်၊
" Hyung ကျွန်တော် တောင်းပန်ပါတယ် "
သူ့ကို တောင်းပန်စကားဆိုရင်း ထပ်ပြီးကျလာတဲ့ မျက်ရည်တွေ၊
" Jay "
သူ့ရဲ့လက်တွေက မျက်ရည်တွေကို သုတ်ပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်၊ ပါးပြင်ပေါ်မှာ လျှပ်ပြေးနေတဲ့ သူ့ရဲ့လက်တစ်ဖက်ကို Jay ကဆုပ်ကိုင် လာသည်၊
" Hyung ကျွန်တော့်ကို မမုန်းပါနဲ့ "
" ကျွန်တော်ကလေ "
Jongwoo တကယ် ထပ်ပြီး သည်းမခံနိုင်တော့ပါ၊ သူ့စိတ်တွေကိုလည်း ထပ်ပြီး မထိန်းချုပ်နိုင်တော့ပါ၊အငိုသန်ပြီး စကားများတဲ့ ကလေးအတွက်သူပေးတဲ့ ပြစ်ဒဏ်၊ စကားတွေ ထပ်ပြောမလာနိုင်တော့အောင် Jay ရဲ့ နှုတ်ခမ်းတွေကို ပိတ်ပစ်လိုက်တယ် သူ့ရဲ့နှုတ်ခမ်းတွေကို အသုံးပြုပြီးတော့ပေါ့၊
အံ့ဩသွားတဲ့ ကောင်လေးက စက္ကန့်ပိုင်းမျှ ငြိမ်သက်လို့နေတယ်၊ ထို့နောက် သူ့ရဲ့အနမ်းတွေကို တုံ့ပြန်လာခဲ့တယ်၊ တစ်ဆင့်ထက် တစ်ဆင့်တိုးလာတဲ့ အခြေအနေ၊ နူးညံ့ညင်သာခြင်းကနေ အလျင်လို မွတ်သိပ်ခြင်း ၊ ခပ်တိုးတိုး အသက်ရှူသံကနေ ပြင်းရှုလာတဲ့ အသက်ရှူသံ
လူချင်းခွာလိုက်တဲ့အချိန်မှာတော့ သူတကယ်ကို မောဟိုက်လို့နေပါတယ်၊
" Hyung "
Jay ရဲ့ ခေါ်သံ ခပ်တိုးတိုးကြောင့် သူ့စိတ်ထဲ အေးကနဲ ဖြစ်သွားရသည်၊ အေးခဲနေတဲ့ ရေခဲတုံးကို လက်နဲ့ ဆုပ်ကိုင်လိုက်ရသလိုမျိုး
ဖြစ်နိုင်ရင် သည်လိုမျိုးလေသံ မခေါ်စမ်းပါနဲ့၊ အဲ့ဒီ အညိုရောင် မျက်လုံးတွေနဲ့ ငါ့ကို မကြည့်ပါနဲ့၊ လွန်ဆန်ဖို့ရာ ခက်ခဲလွန်းလို့ပါ Hee Choi ရာ၊ငါ တကယ်မလွန်ဆန်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ
_____________________________________________