မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူ...

By suekhatpann

263K 13.8K 1.1K

🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part- 33
Part-34
Part -35
Part- 36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part- 79
Part-80
Part-81
Part-82

Part-21

2.8K 127 13
By suekhatpann

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၂၁)

"မုဒိတာပန်... ထစမ်း"

"အင်း..."

"မုဒိတာပန် မင်းကိုထစမ်းလို့ငါပြောနေတယ်"

အိပ်ပျော်နေရာမှ ခပ်မာမာအော်ဟစ်သံကြောင့်ပန်ပန်လူးလွင့်လာသည်။ မထူးမချင်း ဆက်တိုက်ခေါ်နေသောကြောင့် အိပ်ချင်မူးတူးဖြင့်

"အစောကြီးရှိသေးတာကို ဘာလို့လာနိုးနေရသလဲ"

"ဘာ.. အစောကြီးရှိသေးတယ်ဟုတ်လား အခုဘယ်နှစ်နာရီရှိပြီထင်လဲ.."

"ဘယ်သိမှာလဲ ခင်ဗျားမှာနာရီမရှိဘူးလား"

ပြောပြီး ပန်ပန်ကတစ်ဖက်ကိုမျက်နှာလှည့်သွားတော့ ကောင်းခြင်းဒေါသထွက်သွားရပြီး

"တောက်.. မင်းငါ့ကိုရွဲ့နေသလား မုဒိတာပန်"

"အိပ်ချင်နေတာကို ရွဲ့ဖို့မအားဘူး"

"အခု ၈နာရီထိုးတော့မယ်သိလား ဘယ်မိန်းကလေးက ဒီအချိန်ထိ အိပ်သလဲ"

"မုဒိတာပန်"

"ဘာ..."

"အင်း.. မဟုတ်ဘူး မုဒိတာပန်က (၁၀)နာရီအထိတောင်အိပ်တယ်"

မျက်လုံးကိုပင်မဖွင့်ဘဲဆိုလိုက်သည့်စကားကြောင့် ကောင်းခြင်းစိတ်တော်တော်တိုသွားကာ

"ထစမ်း.. အခုချက်ချင်းထစမ်း"

လက်မောင်းတွေပြုတ်ထွက်မတက်အတင်းဆွဲဆောင့်ကာ လှုပ်နေသဖြင့် ဆက်အိပ်လို့မရတော့သည့်အဆုံး ပန်ပန်လည်း အိပ်နေရာမှ ဒေါသတကြီးထလိုက်ကာ

"ခင်ဗျားဘာဖြစ်နေသလဲ ကောင်းခြင်းတည်မြဲ အိပ်နေတာကို ဘာကိစ္စလာနှောင့်ယှက်ရသလဲ"

"ငါ့အိမ်မှာနေပြီး ဒီလိုအပျင်းမကြီးနဲ့ ငါမကြိုက်ဘူး"

"မကြိုက်လည်းသေပေါ့.."

"ဘာပြောတယ် ."

"ခင်ဗျားမကြိုက်ပေမဲ့ ကျွန်တော်ကြိုက်တယ် ဒါကြောင့်အိပ်မှာပဲ"

ဆတ်ဆတ်ထိမခံပင်ပြန်ပြောနေသည့်သူမကြောင့် ကောင်းခြင်းစိတ်ကိုအနိုင်နိုင် ထိန်းထားရပြီး

"မုဒိတာပန်.. ငါပြောတာနားထောင်စမ်း နောက်ရက်ကစပြီး မနက်(၇)နာရီနောက်ဆုံးထားပြီး မင်းထရမယ် မဟုတ်ဘူး (၇)နာရီမထိုးခင် မင်းကကိုယ်လက်သန့်စင်ပြီးသား ဖြစ်နေရမယ် (၇)နာရီထက်ပိုအိပ်ခွင့်မရှိဘူး"

"ဆုတောင်းလေ"

"ငါ့အိမ်မှာနေရင် ငါထုတ်တဲ့စည်းကမ်းကို မင်းလိုက်ကိုလိုက်နာရမယ်"

"အဓိဋ္ဌာန်ဝင်ပြီးတော့ကို ဆုတောင်းလိုက်"

ဂရုမစိုက်ဟန်ဖြင့် နှုတ်ခမ်းလေးမဲ့ကာ ဆိုလိုက်သည့်မုဒိတာပန်ကို ကောင်းခြင်းခပ်စူးစူး စိုက်ကြည့်လိုက်ရင်းမှ ဘာကိုတွေးမိသွားသည်မသိ။ ခပ်ထေ့ထေ့လေးပြုံးလိုက်ကာ..

"ဘာလဲ မင်းကသူဌေးကိုအပိုင်ဖမ်းရလိုက်လို့ ဇိမ်နဲ့နေရမယ်လို့တွေးထားသလာ အေးလေ ပိုက်ဆံရှိတဲ့လူကိုမိထားတော့ ဘာမှလုပ်စရာမလိုဘဲ အေးဆေးဇိမ်ခံရပြီလို့ အပိုင်တွက်ထားမှာပဲ အဟက် စိတ်ကူးတောင်မယဉ်နဲ့စမ်း ဒီအိမ်မှာနေ ဒီအိမ်ကထမင်းစားရင် မင်းလည်းတန်အောင် အလုပ်လုပ်ရမယ်"

"အံမယ်..စော်စော်ကားကား ဘယ်သူကခင်ဗျားတွေးသလိုတွေးလို့လဲ အံ့ဩပါ ဒီရောက်မှဒီအချိန်ထိ အိပ်တာမဟုတ်ဘူး ကျွန်တော့်အိမ်မှာကတည်း ကျွန်တော်က (၉)နာရီလောက်မှထတာနော်"

ပန်ပန်စကားကြောင့်သူကအံ့ဩသွားဟန်ဖြင့် မျက်မှောင်တစ်ချက်ကျုံ့သွားရင်း

"နေစမ်းပါဦး.. မင်းအမေကမုန့်ဟင်းခါးရောင်းတာမဟုတ်လား"

"ဟုတ်တယ်လေ.. ဘာဖြစ်လဲ"

"အမေကစျေးရောင်းဖို့ အစောကြီးထပြီး ပြင်ဆင်ချက်ပြုတ်တဲ့အချိန်မှာ မင်းကအိပ်နေတယ်ပေါ့"

တအံ့တဩကြီးဆိုလိုက်သည့်သူ့အမူအရာကို အမြင်ကပ်လှသဖြင့် ပန်ပန်လည်းမဲ့ပစ်ပြီး

"အဲ့ဒီတော့..."

"မင်းစရိုက်ကသိလေလေ ပိုရွံ့စရာကောင်းလေလေပဲ မုဒိတာပန် စာကမတော်၊ အကျင့်ကမကောင်းတဲ့အပြင် မိဘကိုပါမသိတတ်ဘူး မင်းမှာကောင်းတဲ့ အချက်တွေရောရှိရဲ့လား ဟမ်"

"မရှိဘူး.."

ပန်ပန်ခပ်တင်းတင်းဖြေပြီး သူ့ကိုလည်း မျက်မုန်းကျိုးစွာ ကြည့်လိုက်ကာ

"ခင်ဗျားကရော ဘာလို့ဒီလောက်တောင် ကြီးကျယ်နေရသလဲ ဘာလဲ ခင်ဗျားအီးပါရင် ခင်ဗျားဖင်ထဲကနေရွှေတွေထွက်လာလို့လား"

"မင်း.."

"တစ်လောကလုံး သူပဲအအောင်မြင်ဆုံး၊ သူပဲအတော်ဆုံး၊ သူပဲအချမ်းသာဆုံးလေ မတရားဘဝင်မြင့်နေလိုက်တာများ ဟွန့်.. နည်းနည်း စိတ်လျှော့ဦး သေရင်အဲ့ဒီ့စိတ်နဲ့ ခင်ဗျားပြိတ္တာဖြစ်ဦးမယ်"

ဒေါသကြောင့် ကောင်းခြင်းမျက်နှာက နီမြန်းသွားတော့၏။ သို့သော် အလုပ်ကိစ္စကလည်း ရှိသေးသည့်အတွက် စိတ်ကိုခဏလျှော့လိုက်ပြီး

"ငါမင်းလို အားယားမနေတဲ့အတွက် ရန်ဖြစ်ဖို့ အချိန်မရှိသေးဘူး အခုတစ်ခါတည်း ပြောထားခဲ့မယ် မင်းဘာသာဘယ်အချိန်ပဲထခဲ့ခဲ့ ငါ့အိမ်ရောက်ရင် မနက်(၇)နာရီမထိုးခင် ထရမယ်"

"မထနိုင်ပါဘူး"

"သတ္တိရှိရင် ဆက်အိပ်ကြည့်လေ.."

သူကခပ်ထေ့ထေ့ပြုံးရင်းဆိုတော့ ပန်ပန်သူ့ကိုမျက်လုံးဝင့်ကြည့်ကာ..

"ခင်ဗျားဘာလုပ်မလို့လဲ."

"ရေနဲ့လောင်းချရုံပေါ့.."

"ဟင်..."

"မယုံရင် စမ်းကြည့်လိုက်လေ"

ပြောပြီးလှည့်ထွက်သွားသည့်သူ့ကြောင့် ပန်ပန် စိတ်တိုလိုက်သည်မှာ တအားပဲ။ လက်ထပ်ပြီး နောက်တစ်ရက် မနက်စောစောမှာပင် ကောင်းခြင်းနှင့်ပန်ပန်ဟာ ဒေါသတွေ၊ အမုန်းတရားနှင့် မျက်နှာချင်းဆိုင်ခဲ့ရသည်။

ဒီလောက်ပဲလားဆိုတော့လည်း မဟုတ်ပါ။ မနက်စာစားဖို့ ထမင်းဝိုင်းရောက်တော့လည်း ပြဿနာက တက်သေးသည်။

"အာဟ.... ဟင်းတွေအများကြီးပဲ"

စားပွဲပေါ်မှ များပြားလှသည့်ဟင်းလျာတွေကို ကြည့်ပြီး ပန်ပန်ပျော်ရုံရှိပါသေးသည်။

"နေဦး.. ငါပြောစရာရှိသေးတယ်"

"ဘာလဲဟာ.. ထမင်းစားမဲ့ဟာကို ဗိုက်ဆာနေပြီ အမြန်ပြော..."

ထိုင်ခုံပေါ်ထိုင်ချရင်း ဇွန်းနှင့်ခက်ရင်းကို အသင့်ကိုင်ကာ စားဖို့ပြင်နေသည့်ပန်ပန့်ကို ကောင်းခြင်းစူးစူးရဲရဲပင် ကြည့်လိုက်ရင်း

"နောက်ရက်ကစပြီး မင်းအဒေါ်ကြီးကို ထမင်းဟင်းချက်ကူရမယ်"

"ဘာပြောတယ်.."

"မင်းကြည့်ရတာ ကြက်ဥတောင်ကြော်တတ်မဲ့ ပုံမပေါ်ဘူး ဒါကြောင့် အခြေခံကစပြီး အဒေါ်ကြီးဆီကနေသင်ယူရမယ် ပြီးတော့မှ မင်းကိုယ်တိုင်ချက်ပြုတ်ရမယ် အဲ့ဒီ့အတွက်.."

ကောင်းခြင်းစကားမဆုံးခင်မှာပင် ပန်ပန့်မျက်နှာကအလိုလိုရူံ့မဲ့သွားပြီး

"မသင်နိုင်ပါဘူး ကူလည်းမကူနိုင်ဘူး ချက်ဖို့ဆိုဝေးရော.. ဒီတော့ ခင်ဗျားဘာပြောပြော အဲ့ဒါတွေတစ်ခုမှကိုမလုပ်နိုင်ဘူး"

"မလုပ်လို့မရဘူး မုဒိတာပန် မင်းငါ့အိမ်မှာနေပြီး အလကားထိုင်စားလို့မရဘူး မင်းစားတဲ့ ထမင်းဖိုးနဲ့တန်အောင်တော့ အလုပ်လုပ်ရမယ်"

"ဘာပြောတယ်.. မကျွေးချင်ဘူးဆိုရင် ခင်ဗျားကရော ဘာလို့သူများသားသမီးကို ယူခဲ့သေးလဲ"

ပန်ပန်စကားကြောင့် ကောင်ခြင်းခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး

"ဘယ်သူကမင်းကိုလိုချင်လွန်းလို့ ယူခဲ့တယ်လို့ထင်နေသလဲ မင်းပဲငါ့ကိုလိုချင်လို့ အပိုင်ဖမ်းခဲ့တာမဟုတ်လား"

"ခင်ဗျား..."

"ငါ့ကိုဂျောင်ပိတ်ပြီးယူရအောင် မင်းလုပ်ခဲ့တာလေ ဒီတော့ ငါကလည်းမင်းကိုထမင်းတစ်စေ့တောင်မသထာဘူးမုဒိတာပန် မင်းစားတဲ့ထမင်းတစ်လုပ်တိုင်းအတွက် မင်းအလုပ်လုပ်ရမယ် မလုပ်ချင်ဘူးဆိုမစားနဲ့"

ပန်ပန်အံကိုတင်းခနဲ့ကြိတ်မိသည်။ သူ့ကိုလည်း စူးစူးဝါးဝါးပင်ကြည့်လိုက်ကာ

"ကျွန်တော်က ခင်ဗျားအိမ်ရဲ့အစေခံမဟုတ်ဘူး၊ ကျွန်မဟုတ်ဘူးနော် ကောင်းခြင်းတည်မြဲ"

"မီးဖိုချောင်ဝင်တိုင်း အစေခံ၊ ကျွန်ဖြစ်နေတာမှမဟုတ်တာ အိမ်ရှင်မတိုင်းမီးဖိုချောင်ဝင်တယ် ဘာပဲဖြစ်ဖြစ် မင်းကငါ့ဇနီးမယားဆိုတဲ့ နာမည်အောက်မှာရှိနေတဲ့အတွက်လုပ်သင့်လုပ်ထိုက်တဲ့ အိမ်မှုကိစ္စတွေလုပ်ရမယ်"

"မလုပ်ဘူး.."

ပန်ပန်ကလည်း ပြတ်ပြတ်သားသားငြင်းသည်။ ကောင်းခြင်း မဲ့လိုက်ရင်း

"မလုပ်ချင်ရင် ငါ့အိမ်ပေါ်မနေနဲ့ ထမင်းလည်းမစားနဲ့ ဒီအိမ်မှာ မင်းအတွက်ဘာမှအလကားမရဘူး"

"ခင်ဗျားမိန်းမဖြစ်ရတာ အတော်ကံဆိုးမှန်း အခုမှကောင်းကောင်းနားလည်တော့တယ် လူကိုတိရစ္ဆာန်လို ဆက်ဆံတယ် ဒါ.. ခင်ဗျား တတ်ခဲ့တဲ့ပညာတွေလား ခင်ဗျားသင်ခဲ့တဲ့စာတွေကနေ ဒီလိုပြုမူဖို့ သင်လိုက်သလား"

ပန်ပန်မခံမရပ်နိုင်စွာအော်ဟစ်လိုက်သည့်တိုင် ကောင်းခြင်းကတော့ ခပ်ထေ့ထေ့ပြုံးရင်း

"မင်းဖြစ်နေလို့ ဒီလိုဆက်ဆံခံရတာပဲမုဒိတာပန်"

"..........."

ပန်ပန် နှုတ်ခမ်းကိုဖိကိုက်ထားလျက်နှင့် သူ့ကိုကြည့်မိသည်။ ကောင်းခြင်းပြုံးနေသည့်အပြုံးက သူမကိုတကယ်ခံရခက်စေသည့် အပြုံးမျိုး..။

ကြည့်လေ.. လှောင်ရိပ်စွန်းနေသည့် ခပ်ထေ့ထေ့အပြုံးတွေနှင့် ပြောလာသည့်စကားက..

"တခြားမိန်းကလေးသာဆိုရင် ငါကကောင်းကောင်းမွန်မွန်နဲ့ကြင်ကြင်နာနာဆက်ဆံမှာပါ သိပ်ကိုလည်းဂရုစိုက်ပြီး ငါ့စိမ်းစည်ဥစ္စာတွေအောက်မှာဇိမ်နဲ့ထားပေးမှာပေါ့.. အော် ရှိသေးတယ် မင်္ဂလာဆောင်ပြီး ဒီလိုအချိန်မျိုးဆို ဟန်နီမွန်းအတွက် စီစဉ်နေလောက်ပြီ ကမ္ဘာ့အကောင်းဆုံးနိုင်ငံတစ်ခုခုကို လည်ပတ်ရင်းလေ ဒါပေမဲ့ မင်းကတော့မရဘူးမုဒိတာပန် မင်းကဒါတွေစံစားဖို့မတန်ဘူး" တဲ့။

ဘယ်လောက်ခံပြင်းဖို့ကောင်းသည့်စကားတွေလဲ...။ ဒီလောက်ပဲတင် မဟုတ်သေးပါ။

"မင်းအရည်အချင်းနဲ့ငါ့ဆီကဒါတွေရဖို့မမျှော်လင့်နဲ့.. ငါကမင်းကိုမလွဲသာနိုင်တဲ့ အခြေအနေကြောင့် လက်ထပ်လိုက်ရတာပဲ ရှိတယ် ဘယ်တောမှငါ့ဇနီးနေရာမှာ ထားမှာမဟုတ်သလို ဇနီးမယားအဖြစ်လည်း အသိအမှတ်ပြုမှာမဟုတ်ဘူး မင်းကိုငါကအလုပ်သမားလိုပဲသဘောထားတယ် အလုပ်သမားတောင် ငါစိတ်ကောင်းပေးနိုင်တယ် မင်းကိုတော့ ထမင်းတစ်နပ်တောင် မသထာဘူး"

ရင့်သီးလှသည့်စကားတို့ကြောင့် ပန်ပန် ရင်ထဲခံရခက်လွန်းလှသဖြင့် ဇွန်း၊ခက်ရင်းတို့ကိုကိုင်ထားရင်းမှ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ဒေါသတွေက လည်မျိုမှာ တစ်ဆို့နေသဖြင့် ဘာစကားမှပင် မပြောနိုင်။

"ဒီတော့ မင်းဒီအိမ်မှာနေဖို့စားဖို့အတွက်ကို အလုပ်လုပ်ရမယ်.. မင်းဒီလောက်ညံ့ဖျင်းနေတော့အခြားအလုပ်လည်းလုပ်နိုင်မယ်မထင်ဘူး ဒါကြောင့် မင်းနဲ့အကိုက်ဆုံးက အဒေါ်ကြီးကိုကူလုပ်တာပဲ ကူလုပ်တယ်ဆိုတာကလည်း အမြဲကူလုပ်ရမှာမဟုတ်ဘူး တစ်လပဲ တစ်လအတွင်း အဒေါ်ကြီးဆီကနေ သင်စရာရှိတာ သင်ထားပါ ပြီးရင် ထမင်းဟင်းအားလုံးကို မင်းကိုယ်တိုင်ပဲ ချက်ပြုတ်ရမယ်"

"ခင်ဗျားသိပ်တရားလွန်နေပြီနော် ကောင်းခြင်းတည်မြဲ"

ဒေါသတွေနှင့်တုန်နေသည့်ပန်ပန့်ကို သူကတော့ တစ်စက်ကလေးမှ အဖက်မလုပ်ဘဲ

"ဒေါ်အေးမွန် ဒီကိုခဏ.."

"လာပြီ သားရေ..."

ကောင်းခြင်းခေါ်သံကြောင့် အိမ်အကူအဒေါ်ကြီးဝင်လာသည်။ ကောင်းခြင်းက ပန်ပန့်ကိုမေးဆတ်ပြလိုက်ရင်း

"နောက်ရက်ကစပြီး သူ့ကိုမီးဖိုချောင်မှာ လိုအပ်တာကူခိုင်းလိုက်.."

"ဟုတ်ကဲ့ပါ"

"ကျွန်တော့်မိန်းမဖြစ်နေလို့ညှာတာပြီး ခိုင်းစရာမလိုဘူး ထမင်းဟင်းမှမချက်တတ်ရင် သူ့မှာဘာမှသုံးစားစရာအရည်အချင်းမရှိတော့ဘူး ဒါကြောင့်နာနာခိုင်းပါ အိမ်အကူလောက်တောင် သူအသုံးမကျရင် ကျွန်တော်ပဲအရှက်ရစရာ ဖြစ်လိမ့်မယ်"

အလုပ်သမားရှေ့မှာပင် လူကိုနှိမ့်ချစကားဆိုပြီး ကောင်းခြင်းထွက်သွားတော့သည်။ ပန်ပန် မျက်ရည်ဝဲလျက် ကျန်ခဲ့သည်။ ဝမ်းနည်းလို့တော့မဟုတ်။ ဒေါသထွက်လွန်းလို့ပင်။

"ကျက်သရေတုံးလိုက်တဲ့အကောင်"

ပန်ပန် ကောင်းခြင်းကို ပါးစပ်ကနေမိုးမွန်အောင် တတွတ်တွတ်ကျိန်ဆဲနေမိတော့သည်။ မင်္ဂလာဦးမနက်ခင်းအချိန်အခါဟာ ဒေါသငွေ့တွေနှင့် ပြည့်နှက်နေရတော့သည်။

အဒေါ်ကြီးခမျာလည်း မနေ့ကမှလက်ထပ်ထားသည့် ပူပူနွေနွေးလင်မယား၏ ချစ်ခြင်းမေတ္တာနှင့်အကြင်နာတရားတို့ကိုမြင်ရတော့ ပါးစပ်အဟောင်းသားကိုဖြစ်နေရှာ၏။

စားပြီးသောက်ပြီးတော့ ပန်ပန်လည်း အလုပ်မရှိသဖြင့် တစ်နေကုန်ခွေအိပ်ကာ ဂိမ်းဆော့လိုက်၊ ဇာတ်ကားကြည့်လိုက်နှင့် နေလိုက်သည်။ အမေ့ဆီသွားချင်သော်လည်း ကိုကြီးကမနေ့ကမှယောင်္ကျားယူထားတာ၊ ချက်ချင်းကြီး လျှောက်လည်နေတာမျိုးမလုပ်ဘဲ အိမ်မှာပဲနေခိုင်းထားသည်။ အမေ့ဆီကိုလည်း နောက်သုံးလေးရက်နေမှသွားဟုမှာထားသဖြင့် မသွားဘဲနေလိုက်ပါ။ ကြည့်ရသည်မှာပတ်ဝန်းကျင်ကစပ်စပ်စုစု လုပ်မှာကို သူ့ညီမလေးကိုမကြုံစေချင်၍ ဖြစ်ပါမည်။

ဘယ်လိုပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ကတော့ ရပ်ကွက်၏အော့ကြောလန် မိန်းကလေးနှင့် တိုင်းသိပြည်သိနာမည်ကြီးသည့် စီးပွါးရေးလုပ်ငန်းရှင် သူဌေးလေးရသွားသည့်ကိစ္စကို စပ်စုကြမှာပဲလေ။

ထို့နောက်ဂိမ်းဆော့ရမှာပျင်းလာတော့ ပန်ပန်အိမ်ကို ပတ်ကြည့်သည်။ အိမ်နှင့်ကုမ္မဏီက ဆက်နေသည့်တိုင် ကုန်ပစ္စည်းတွေကိုဂိုဒေါင်အတင်အချလုပ်နေသော အလုပ်သမားအချို့မှလွဲ၍ ဘယ်သူမှမတွေ့ရသဖြင့် အလုပ်ပိတ်ထားသည်ထင်သည်။

အိမ်ကြီးကခမ်းနားထည်ဝါလှသော်လည်း ကျက်သရေတုံးကောင်နှင့်နေရ၍လားမသိ။ တစ်စက်မှနေမပျော်မိပါ။ တော်သေးသည်။ ကောင်းခြင်းကမနက်ကတည်းက ထွက်သွားပြီး တစ်နေကုန်နီးပါးအိမ်ပြန်မလာ၍ပင်။ ပန်ပန်အတွက်တော့ သင်းမျက်နှာမမြင်ရလေကောင်းလေပင်။

မဟုတ်ရင် ကျက်သရေတုံးဘဝရူးကောင်၏နှိမ့်ချစကားတွေချည်းကြားရတာ လူလည်းဆိုက်ကိုဝင်တော့မည်။ သူနှင့်တွေ့မှပဲ ကိုယ်က တစ်ကမ္ဘာလုံးတွင် သောက်သုံးမကျဆုံးလူ ဖြစ်နေရသည်။

အခုမှအတူနေတာ (၁)ရက်တောင်မပြည့်သေး။ လူကရူးချင်ချင်ပင် ဖြစ်ချင်လာသည်။ တကယ်ပဲ သူကြိမ်းဝါးထားသကဲ့သို့ မိမိကိုစိတ်ပိုင်းဆိုင်ရာနှိပ်စက်ဖို့ တွေးတောနေသလားဟုပင် သံသယဝင်မိပါရဲ့...။
................ ......................... ...........................

"ဗွမ်း..."

"အမေ့..."

မျက်နှာပေါ်တွင်ရေလောင်းချခံရသဖြင့် နှစ်ခြိုက်စွာအိပ်ပျော်နေရာမှ ပန်ပန်လန့်နိုးလာသည်။ ကြည့်လိုက်တော့.. ကောင်းခြင်းတည်မြဲ။

"ခင်ဗျား ဒါဘာလုပ်သလဲ"

ပန်ပန်ဒေါသတကြီးအော်လိုက်သည့်တိုင် သူကတော့အေးတိအေးစက်အမူအရာနှင့်ပင်

"(၇)နာရီမထိုးခင်ထိ အိပ်ရာကမထဘူးဆိုရင် ငါရေလောင်းချမယ်ဆိုတာ မင်းကိုသတိမပေးထားဘူးလား"

"ခင်ဗျား.."

ဒေါသတွေထွက်လွန်းသဖြင့် ပန်ပန်အသားတွေပင် တဆတ်ဆတ်တုန်နေ၏။ အိပ်ရာတစ်ခုလုံးရေတွေစိုကုန်သဖြင့် ဆက်အိပ်၍လည်း မရတော့ပါ။

ဒီအိမ်မှာ Wi-Fiရသဖြင့် ညကတစ်ညလုံး ဇာတ်ကားကြည့်နေသည့်ပန်ပန် မနက်(၃)နာရီလောက်မှ အိပ်ပျော်သွားသည်။ ထို့ကြောင့် အစောကြီးမနိုးမိခြင်းပင်။ အစကတည်းက ထဖို့လည်းရည်ရွယ်ချက်မရှိတာလည်းပါသည်။ သူနှင့်ပန်ပန်က တစ်ခန်းတည်းမအိပ်သဖြင့် သူဘယ်ချိန်အိပ်ပြီး၊ ဘယ်ချိန်ထမှန်း ပန်ပန်မသိပါ။ သူမကတော့ သင်းဘာပြောပြောအစောကြီးမထဖို့ ဆုံးဖြတ်ထားသည်။

သို့သော် အခုလို ရေနှင့်တကယ်ကြီးလောင်းချမည်မှန်းတော့ ထင်မထားသည်မှာအမှန်။ အခုတော့ သင်းကတကယ်လုပ်သည်။ အတော်ယုတ်မာသည့်ကောင်..။

"ခင်ဗျားအတော် ယုတ်မာတာပဲ"

အင်္ကျီပေါ်ရွဲစိုနေသည့်ရေစက်တို့ကိုခါချရင်း ပန်ပန်ဒေါသတကြီးဆိုတော့ ကောင်းခြင်းက ခပ်မဲ့မဲ့ပြုံးလိုက်ပြီး

"ငါ့ဘဝကိုပျက်ဆီးအောင်လုပ်ခဲ့တဲ့ မင်းလောက်တော့မယုတ်မာသေးဘူး မုဒိတာပန် အခုကပါးပါးလေးမှ ပါးပါးလေးပဲရှိသေးတယ် ဒီထက်မက ငါကမင်းကိုစိတ်ဆင်းရဲအောင် ယုတ်မာဖို့အသင့်ပဲနော်"

လက်တစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲထည့်ထားရင်း ရပ်နေပုံကစတိုင်လ်ကျသော်လည်း ပြောပေါက်ကတော့ တကယ်ကုပ်ဖဲ့ချင်စရာ..။

ပန်ပန်လည်းပြောရင်ကိုယ်ပဲဒေါသထွက်ရတာမို့ အိပ်ရာမှဝုန်းခနဲ့ထကာ ရေချိုးခန်းရှိရာ ဆောင့်အောင့်ပြီး ထွက်သွားလိုက်သည်။ တစ်ခန်းလုံးကိုလည်း ဝုန်းဒိုင်းကြဲနေအောင်လုပ်နေသည့် ပန်ပန့်ကို ကောင်းခြင်းမုန်းတီးစွာပင်ကြည့်ရင်း အခန်းထဲမှလှည့်ထွက်လာလိုက်၏။

မနက်၈:၀၀နာရီအချိန် ထမင်းစားခန်းတွင်

"မင်းဘာလုပ်သလဲ"

ထမင်းဝိုင်းတွင်ထိုင်ဖို့ပြင်နေသည့်ပန်ပန်ကို ကောင်းခြင်းကမျက်မှောင်ကျုံ့ပြီး မေးလိုက်တော့..

"ဘာလုပ်ရမှာလဲ ထမင်းစားမလို့ပေါ့"

"ထမင်းစားရအောင် မင်းဒီမနက်စောစောထပြီး အဒေါ်ကြီးကို ကူပေးလို့လား"

"ဘာရယ်.."

ပန်ပန်ကောင်းခြင်းကိုကြည့်လိုက်၏။ ကောင်းခြင်းက အေးစက်စက်မျက်ဝန်းတွေနှင့်ပင်

"အလုပ်မလုပ်ရင် ထမင်းမစားရဘူးလို့ ငါမနေ့ကမပြောခဲ့ဘူးလား ဒီနေ့မနက် မင်းအဒေါ်ကြီးကို ကူမလုပ်ခဲ့တဲ့အတွက် ဒီတစ်ရက်လုံး မင်းကိုငါထမင်းမကျွေးနိုင်ဘူးမုဒိတာပန်"

"ခင်ဗျား..."

"အရှက်မရှိရင်တော့ဝင်စားလေ ဒါပေမဲ့ငါကမသထာဘူးနော်"

ဒေါသနှင့်အတူ ရှက်စိတ်ကြောင့် ပန်ပန် စကားလုံးတွေပင်မဲ့နေ၏။ ဒီအတိုင်းရပ်နေရမည်လား၊ ဒေါသတကြီးလှည့်ထွက်သွားရမည်လားမသိတော့အောင် အရှက်တရားတွေနှင့် ထူပူနေမိပါသည်။

"ဟို.. ရပါတယ် သားရယ် အလုပ်မှသိပ်မများတာ ဒေါ်ကြီးတစ်ယောက်တည်းလည်း ဖြစ်ပါတယ်.."

အဒေါ်ကြီးပင် ပန်ပန့်ကိုအားနာသနားလာ၍ ထင်ပါသည်။ ဝင်ပြောပေးရှာပါသည်။ သို့သော် ကောင်ခြင်းကတော့ မျက်နှာထားတင်းတင်းနှင့်

"ဒါ်အေးမွန် ခိုင်းတဲ့အတိုင်းပဲလုပ်ပါ သူ့ကိုကာမပြောပေးနဲ့"

"မဟုတ်ပါဘူးကွယ်.. ကလေးမလေးကအရမ်းငယ်သေးတဲ့အတွက် မီးဖိုချောင်ကိစ္စတွေကို ချက်ချင်းဘယ်လုပ်ချင်ဦးမှာလဲ"

"အလုပ်မလုပ်ချင်ရင် ထမင်းမစားနဲ့လေ ရှင်းနေတာပဲ"

"မစားဘူး.. ခင်ဗျားက ဘာမို့လို့ဒီလောက်ကြီးကြီးကျယ်ကျယ်တွေလာပြောနေရသလဲ ခင်ဗျားကျွေးမှထမင်းစားရမှာမဟုတ်ဘူး မသထာရေစာတွေ သေတောင်မစားဘူး"

ပန်ပန်ဒေါသတကြီးဆိုရင်း ထမင်းစားခန်းမှ ထွက်သွားသည်။ ကောင်းခြင်းက ဘာမှမဖြစ်သလိုပင် အေးအေးလူလူနှင့် ထမင်းဆက်စားနေသည်။

ကြားထဲကအဒေါ်ကြီးကာ သက်ပြင်းတွေခိုးချရင်း စိတ်မကောင်းဖြစ်နေတော့၏။ သူမသိသလောက် ဒီကောင်လေးက အကြင်နာတရားရှိပါသည်။ လူငယ်နှင့်မတူအောင် စည်းစနစ်ကျပြီး စည်းကမ်းတင်းကျပ်သည့်တိုင် သဘောဆိုးနေသည့်လူငယ်တော့မဟုတ်ပါ။

သူမကိုတောင်လစာအပြင် မိသားစု၏စရိတ်အတွက် ထောက်ပံ့ငွေအဖြစ်ပိုပိုသာသာထုတ်ပေးတတ်သည်။ တကယ်လိုအပ်လို့ အကူအညီတောင်းလျှင် မငြင်းဘဲ ကူညီပေးသည်။ အလုပ်သမားတွေအပေါ် မျှမျှတတဆက်ဆံပြီး စာနာသနားမှုရှိသည်ကတော့ ဘယ်သူမှမငြင်းနိုင်။

သို့သော် အခုကျဘယ်လိုများဖြစ်ရပါလိမ့်။ မိမိ၏ဇနီးမယားလေးအပေါ်တွင်မှ တင်းတင်းမာမာဆက်ဆံခြင်းအပေါ် အဒေါ်ကြီးသည် နားမလည်နိုင်အောင်ပင် ဖြစ်နေရတော့၏။

ဆက်ရန်
ဆူးခတ်ပန်း

Zawgyi

"မုန္႔ဟင္းခါးတစ္ပြဲ၊ ေမတၱာျဖဴးပါ
အခ်စ္မေပါ့ေစနဲ႔...."

အပိုင္း(၂၁)

"မုဒိတာပန္... ထစမ္း"

"အင္း..."

"မုဒိတာပန္ မင္းကိုထစမ္းလို႔ငါေျပာေနတယ္"

အိပ္ေပ်ာ္ေနရာမွ ခပ္မာမာေအာ္ဟစ္သံေၾကာင့္ပန္ပန္လူးလြင့္လာသည္။ မထူးမခ်င္း ဆက္တိုက္ေခၚေနေသာေၾကာင့္ အိပ္ခ်င္မူးတူးျဖင့္

"အေစာႀကီးရွိေသးတာကို ဘာလို႔လာႏိုးေနရသလဲ"

"ဘာ.. အေစာႀကီးရွိေသးတယ္ဟုတ္လား အခုဘယ္ႏွစ္နာရီရွိၿပီထင္လဲ.."

"ဘယ္သိမွာလဲ ခင္ဗ်ားမွာနာရီမရွိဘူးလား"

ေျပာၿပီး ပန္ပန္ကတစ္ဖက္ကိုမ်က္ႏွာလွည့္သြားေတာ့ ေကာင္းျခင္းေဒါသထြက္သြားရၿပီး

"ေတာက္.. မင္းငါ့ကို႐ြဲ႕ေနသလား မုဒိတာပန္"

"အိပ္ခ်င္ေနတာကို ႐ြဲ႕ဖို႔မအားဘူး"

"အခု ၈နာရီထိုးေတာ့မယ္သိလား ဘယ္မိန္းကေလးက ဒီအခ်ိန္ထိ အိပ္သလဲ"

"မုဒိတာပန္"

"ဘာ..."

"အင္း.. မဟုတ္ဘူး မုဒိတာပန္က (၁၀)နာရီအထိေတာင္အိပ္တယ္"

မ်က္လုံးကိုပင္မဖြင့္ဘဲဆိုလိုက္သည့္စကားေၾကာင့္ ေကာင္းျခင္းစိတ္ေတာ္ေတာ္တိုသြားကာ

"ထစမ္း.. အခုခ်က္ခ်င္းထစမ္း"

လက္ေမာင္းေတြျပဳတ္ထြက္မတက္အတင္းဆြဲေဆာင့္ကာ လႈပ္ေနသျဖင့္ ဆက္အိပ္လို႔မရေတာ့သည့္အဆုံး ပန္ပန္လည္း အိပ္ေနရာမွ ေဒါသတႀကီးထလိုက္ကာ

"ခင္ဗ်ားဘာျဖစ္ေနသလဲ ေကာင္းျခင္းတည္ၿမဲ အိပ္ေနတာကို ဘာကိစၥလာေႏွာင့္ယွက္ရသလဲ"

"ငါ့အိမ္မွာေနၿပီး ဒီလိုအပ်င္းမႀကီးနဲ႔ ငါမႀကိဳက္ဘူး"

"မႀကိဳက္လည္းေသေပါ့.."

"ဘာေျပာတယ္ ."

"ခင္ဗ်ားမႀကိဳက္ေပမဲ့ ကြၽန္ေတာ္ႀကိဳက္တယ္ ဒါေၾကာင့္အိပ္မွာပဲ"

ဆတ္ဆတ္ထိမခံပင္ျပန္ေျပာေနသည့္သူမေၾကာင့္ ေကာင္းျခင္းစိတ္ကိုအႏိုင္ႏိုင္ ထိန္းထားရၿပီး

"မုဒိတာပန္.. ငါေျပာတာနားေထာင္စမ္း ေနာက္ရက္ကစၿပီး မနက္(၇)နာရီေနာက္ဆုံးထားၿပီး မင္းထရမယ္ မဟုတ္ဘူး (၇)နာရီမထိုးခင္ မင္းကကိုယ္လက္သန္႔စင္ၿပီးသား ျဖစ္ေနရမယ္ (၇)နာရီထက္ပိုအိပ္ခြင့္မရွိဘူး"

"ဆုေတာင္းေလ"

"ငါ့အိမ္မွာေနရင္ ငါထုတ္တဲ့စည္းကမ္းကို မင္းလိုက္ကိုလိုက္နာရမယ္"

"အဓိ႒ာန္ဝင္ၿပီးေတာ့ကို ဆုေတာင္းလိုက္"

ဂ႐ုမစိုက္ဟန္ျဖင့္ ႏႈတ္ခမ္းေလးမဲ့ကာ ဆိုလိုက္သည့္မုဒိတာပန္ကို ေကာင္းျခင္းခပ္စူးစူး စိုက္ၾကည့္လိုက္ရင္းမွ ဘာကိုေတြးမိသြားသည္မသိ။ ခပ္ေထ့ေထ့ေလးၿပဳံးလိုက္ကာ..

"ဘာလဲ မင္းကသူေဌးကိုအပိုင္ဖမ္းရလိုက္လို႔ ဇိမ္နဲ႔ေနရမယ္လို႔ေတြးထားသလာ ေအးေလ ပိုက္ဆံရွိတဲ့လူကိုမိထားေတာ့ ဘာမွလုပ္စရာမလိုဘဲ ေအးေဆးဇိမ္ခံရၿပီလို႔ အပိုင္တြက္ထားမွာပဲ အဟက္ စိတ္ကူးေတာင္မယဥ္နဲ႔စမ္း ဒီအိမ္မွာေန ဒီအိမ္ကထမင္းစားရင္ မင္းလည္းတန္ေအာင္ အလုပ္လုပ္ရမယ္"

"အံမယ္..ေစာ္ေစာ္ကားကား ဘယ္သူကခင္ဗ်ားေတြးသလိုေတြးလို႔လဲ အံ့ဩပါ ဒီေရာက္မွဒီအခ်ိန္ထိ အိပ္တာမဟုတ္ဘူး ကြၽန္ေတာ့္အိမ္မွာကတည္း ကြၽန္ေတာ္က (၉)နာရီေလာက္မွထတာေနာ္"

ပန္ပန္စကားေၾကာင့္သူကအံ့ဩသြားဟန္ျဖင့္ မ်က္ေမွာင္တစ္ခ်က္က်ဳံ႕သြားရင္း

"ေနစမ္းပါဦး.. မင္းအေမကမုန္႔ဟင္းခါးေရာင္းတာမဟုတ္လား"

"ဟုတ္တယ္ေလ.. ဘာျဖစ္လဲ"

"အေမကေစ်းေရာင္းဖို႔ အေစာႀကီးထၿပီး ျပင္ဆင္ခ်က္ျပဳတ္တဲ့အခ်ိန္မွာ မင္းကအိပ္ေနတယ္ေပါ့"

တအံ့တဩႀကီးဆိုလိုက္သည့္သူ႔အမူအရာကို အျမင္ကပ္လွသျဖင့္ ပန္ပန္လည္းမဲ့ပစ္ၿပီး

"အဲ့ဒီေတာ့..."

"မင္းစ႐ိုက္ကသိေလေလ ပို႐ြံ႕စရာေကာင္းေလေလပဲ မုဒိတာပန္ စာကမေတာ္၊ အက်င့္ကမေကာင္းတဲ့အျပင္ မိဘကိုပါမသိတတ္ဘူး မင္းမွာေကာင္းတဲ့ အခ်က္ေတြေရာရွိရဲ႕လား ဟမ္"

"မရွိဘူး.."

ပန္ပန္ခပ္တင္းတင္းေျဖၿပီး သူ႔ကိုလည္း မ်က္မုန္းက်ိဳးစြာ ၾကည့္လိုက္ကာ

"ခင္ဗ်ားကေရာ ဘာလို႔ဒီေလာက္ေတာင္ ႀကီးက်ယ္ေနရသလဲ ဘာလဲ ခင္ဗ်ားအီးပါရင္ ခင္ဗ်ားဖင္ထဲကေနေ႐ႊေတြထြက္လာလို႔လား"

"မင္း.."

"တစ္ေလာကလုံး သူပဲအေအာင္ျမင္ဆုံး၊ သူပဲအေတာ္ဆုံး၊ သူပဲအခ်မ္းသာဆုံးေလ မတရားဘဝင္ျမင့္ေနလိုက္တာမ်ား ဟြန္႔.. နည္းနည္း စိတ္ေလွ်ာ့ဦး ေသရင္အဲ့ဒီ့စိတ္နဲ႔ ခင္ဗ်ားၿပိတၱာျဖစ္ဦးမယ္"

ေဒါသေၾကာင့္ ေကာင္းျခင္းမ်က္ႏွာက နီျမန္းသြားေတာ့၏။ သို႔ေသာ္ အလုပ္ကိစၥကလည္း ရွိေသးသည့္အတြက္ စိတ္ကိုခဏေလွ်ာ့လိုက္ၿပီး

"ငါမင္းလို အားယားမေနတဲ့အတြက္ ရန္ျဖစ္ဖို႔ အခ်ိန္မရွိေသးဘူး အခုတစ္ခါတည္း ေျပာထားခဲ့မယ္ မင္းဘာသာဘယ္အခ်ိန္ပဲထခဲ့ခဲ့ ငါ့အိမ္ေရာက္ရင္ မနက္(၇)နာရီမထိုးခင္ ထရမယ္"

"မထႏိုင္ပါဘူး"

"သတၱိရွိရင္ ဆက္အိပ္ၾကည့္ေလ.."

သူကခပ္ေထ့ေထ့ၿပဳံးရင္းဆိုေတာ့ ပန္ပန္သူ႔ကိုမ်က္လုံးဝင့္ၾကည့္ကာ..

"ခင္ဗ်ားဘာလုပ္မလို႔လဲ."

"ေရနဲ႔ေလာင္းခ်႐ုံေပါ့.."

"ဟင္..."

"မယုံရင္ စမ္းၾကည့္လိုက္ေလ"

ေျပာၿပီးလွည့္ထြက္သြားသည့္သူ႔ေၾကာင့္ ပန္ပန္ စိတ္တိုလိုက္သည္မွာ တအားပဲ။ လက္ထပ္ၿပီး ေနာက္တစ္ရက္ မနက္ေစာေစာမွာပင္ ေကာင္းျခင္းႏွင့္ပန္ပန္ဟာ ေဒါသေတြ၊ အမုန္းတရားႏွင့္ မ်က္ႏွာခ်င္းဆိုင္ခဲ့ရသည္။

ဒီေလာက္ပဲလားဆိုေတာ့လည္း မဟုတ္ပါ။ မနက္စာစားဖို႔ ထမင္းဝိုင္းေရာက္ေတာ့လည္း ျပႆနာက တက္ေသးသည္။

"အာဟ.... ဟင္းေတြအမ်ားႀကီးပဲ"

စားပြဲေပၚမွ မ်ားျပားလွသည့္ဟင္းလ်ာေတြကို ၾကည့္ၿပီး ပန္ပန္ေပ်ာ္႐ုံရွိပါေသးသည္။

"ေနဦး.. ငါေျပာစရာရွိေသးတယ္"

"ဘာလဲဟာ.. ထမင္းစားမဲ့ဟာကို ဗိုက္ဆာေနၿပီ အျမန္ေျပာ..."

ထိုင္ခုံေပၚထိုင္ခ်ရင္း ဇြန္းႏွင့္ခက္ရင္းကို အသင့္ကိုင္ကာ စားဖို႔ျပင္ေနသည့္ပန္ပန္႔ကို ေကာင္းျခင္းစူးစူးရဲရဲပင္ ၾကည့္လိုက္ရင္း

"ေနာက္ရက္ကစၿပီး မင္းအေဒၚႀကီးကို ထမင္းဟင္းခ်က္ကူရမယ္"

"ဘာေျပာတယ္.."

"မင္းၾကည့္ရတာ ၾကက္ဥေတာင္ေၾကာ္တတ္မဲ့ ပုံမေပၚဘူး ဒါေၾကာင့္ အေျခခံကစၿပီး အေဒၚႀကီးဆီကေနသင္ယူရမယ္ ၿပီးေတာ့မွ မင္းကိုယ္တိုင္ခ်က္ျပဳတ္ရမယ္ အဲ့ဒီ့အတြက္.."

ေကာင္းျခင္းစကားမဆုံးခင္မွာပင္ ပန္ပန္႔မ်က္ႏွာကအလိုလို႐ူံ႕မဲ့သြားၿပီး

"မသင္ႏိုင္ပါဘူး ကူလည္းမကူႏိုင္ဘူး ခ်က္ဖို႔ဆိုေဝးေရာ.. ဒီေတာ့ ခင္ဗ်ားဘာေျပာေျပာ အဲ့ဒါေတြတစ္ခုမွကိုမလုပ္ႏိုင္ဘူး"

"မလုပ္လို႔မရဘူး မုဒိတာပန္ မင္းငါ့အိမ္မွာေနၿပီး အလကားထိုင္စားလို႔မရဘူး မင္းစားတဲ့ ထမင္းဖိုးနဲ႔တန္ေအာင္ေတာ့ အလုပ္လုပ္ရမယ္"

"ဘာေျပာတယ္.. မေကြၽးခ်င္ဘူးဆိုရင္ ခင္ဗ်ားကေရာ ဘာလို႔သူမ်ားသားသမီးကို ယူခဲ့ေသးလဲ"

ပန္ပန္စကားေၾကာင့္ ေကာင္ျခင္းခနဲ႔တဲ့တဲ့ ၿပဳံးလိုက္ၿပီး

"ဘယ္သူကမင္းကိုလိုခ်င္လြန္းလို႔ ယူခဲ့တယ္လို႔ထင္ေနသလဲ မင္းပဲငါ့ကိုလိုခ်င္လို႔ အပိုင္ဖမ္းခဲ့တာမဟုတ္လား"

"ခင္ဗ်ား..."

"ငါ့ကိုေဂ်ာင္ပိတ္ၿပီးယူရေအာင္ မင္းလုပ္ခဲ့တာေလ ဒီေတာ့ ငါကလည္းမင္းကိုထမင္းတစ္ေစ့ေတာင္မသထာဘူးမုဒိတာပန္ မင္းစားတဲ့ထမင္းတစ္လုပ္တိုင္းအတြက္ မင္းအလုပ္လုပ္ရမယ္ မလုပ္ခ်င္ဘူးဆိုမစားနဲ႔"

ပန္ပန္အံကိုတင္းခနဲ႔ႀကိတ္မိသည္။ သူ႔ကိုလည္း စူးစူးဝါးဝါးပင္ၾကည့္လိုက္ကာ

"ကြၽန္ေတာ္က ခင္ဗ်ားအိမ္ရဲ႕အေစခံမဟုတ္ဘူး၊ ကြၽန္မဟုတ္ဘူးေနာ္ ေကာင္းျခင္းတည္ၿမဲ"

"မီးဖိုေခ်ာင္ဝင္တိုင္း အေစခံ၊ ကြၽန္ျဖစ္ေနတာမွမဟုတ္တာ အိမ္ရွင္မတိုင္းမီးဖိုေခ်ာင္ဝင္တယ္ ဘာပဲျဖစ္ျဖစ္ မင္းကငါ့ဇနီးမယားဆိုတဲ့ နာမည္ေအာက္မွာရွိေနတဲ့အတြက္လုပ္သင့္လုပ္ထိုက္တဲ့ အိမ္မႈကိစၥေတြလုပ္ရမယ္"

"မလုပ္ဘူး.."

ပန္ပန္ကလည္း ျပတ္ျပတ္သားသားျငင္းသည္။ ေကာင္းျခင္း မဲ့လိုက္ရင္း

"မလုပ္ခ်င္ရင္ ငါ့အိမ္ေပၚမေနနဲ႔ ထမင္းလည္းမစားနဲ႔ ဒီအိမ္မွာ မင္းအတြက္ဘာမွအလကားမရဘူး"

"ခင္ဗ်ားမိန္းမျဖစ္ရတာ အေတာ္ကံဆိုးမွန္း အခုမွေကာင္းေကာင္းနားလည္ေတာ့တယ္ လူကိုတိရစာၦန္လို ဆက္ဆံတယ္ ဒါ.. ခင္ဗ်ား တတ္ခဲ့တဲ့ပညာေတြလား ခင္ဗ်ားသင္ခဲ့တဲ့စာေတြကေန ဒီလိုျပဳမူဖို႔ သင္လိုက္သလား"

ပန္ပန္မခံမရပ္ႏိုင္စြာေအာ္ဟစ္လိုက္သည့္တိုင္ ေကာင္းျခင္းကေတာ့ ခပ္ေထ့ေထ့ၿပဳံးရင္း

"မင္းျဖစ္ေနလို႔ ဒီလိုဆက္ဆံခံရတာပဲမုဒိတာပန္"

"..........."

ပန္ပန္ ႏႈတ္ခမ္းကိုဖိကိုက္ထားလ်က္ႏွင့္ သူ႔ကိုၾကည့္မိသည္။ ေကာင္းျခင္းၿပဳံးေနသည့္အၿပဳံးက သူမကိုတကယ္ခံရခက္ေစသည့္ အၿပဳံးမ်ိဳး..။

ၾကည့္ေလ.. ေလွာင္ရိပ္စြန္းေနသည့္ ခပ္ေထ့ေထ့အၿပဳံးေတြႏွင့္ ေျပာလာသည့္စကားက..

"တျခားမိန္းကေလးသာဆိုရင္ ငါကေကာင္းေကာင္းမြန္မြန္နဲ႔ၾကင္ၾကင္နာနာဆက္ဆံမွာပါ သိပ္ကိုလည္းဂ႐ုစိုက္ၿပီး ငါ့စိမ္းစည္ဥစၥာေတြေအာက္မွာဇိမ္နဲ႔ထားေပးမွာေပါ့.. ေအာ္ ရွိေသးတယ္ မဂၤလာေဆာင္ၿပီး ဒီလိုအခ်ိန္မ်ိဳးဆို ဟန္နီမြန္းအတြက္ စီစဥ္ေနေလာက္ၿပီ ကမာၻ႔အေကာင္းဆုံးႏိုင္ငံတစ္ခုခုကို လည္ပတ္ရင္းေလ ဒါေပမဲ့ မင္းကေတာ့မရဘူးမုဒိတာပန္ မင္းကဒါေတြစံစားဖို႔မတန္ဘူး" တဲ့။

ဘယ္ေလာက္ခံျပင္းဖို႔ေကာင္းသည့္စကားေတြလဲ...။ ဒီေလာက္ပဲတင္ မဟုတ္ေသးပါ။

"မင္းအရည္အခ်င္းနဲ႔ငါ့ဆီကဒါေတြရဖို႔မေမွ်ာ္လင့္နဲ႔.. ငါကမင္းကိုမလြဲသာႏိုင္တဲ့ အေျခအေနေၾကာင့္ လက္ထပ္လိုက္ရတာပဲ ရွိတယ္ ဘယ္ေတာမွငါ့ဇနီးေနရာမွာ ထားမွာမဟုတ္သလို ဇနီးမယားအျဖစ္လည္း အသိအမွတ္ျပဳမွာမဟုတ္ဘူး မင္းကိုငါကအလုပ္သမားလိုပဲသေဘာထားတယ္ အလုပ္သမားေတာင္ ငါစိတ္ေကာင္းေပးႏိုင္တယ္ မင္းကိုေတာ့ ထမင္းတစ္နပ္ေတာင္ မသထာဘူး"

ရင့္သီးလွသည့္စကားတို႔ေၾကာင့္ ပန္ပန္ ရင္ထဲခံရခက္လြန္းလွသျဖင့္ ဇြန္း၊ခက္ရင္းတို႔ကိုကိုင္ထားရင္းမွ လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။ ေဒါသေတြက လည္မ်ိဳမွာ တစ္ဆို႔ေနသျဖင့္ ဘာစကားမွပင္ မေျပာႏိုင္။

"ဒီေတာ့ မင္းဒီအိမ္မွာေနဖို႔စားဖို႔အတြက္ကို အလုပ္လုပ္ရမယ္.. မင္းဒီေလာက္ညံ့ဖ်င္းေနေတာ့အျခားအလုပ္လည္းလုပ္ႏိုင္မယ္မထင္ဘူး ဒါေၾကာင့္ မင္းနဲ႔အကိုက္ဆုံးက အေဒၚႀကီးကိုကူလုပ္တာပဲ ကူလုပ္တယ္ဆိုတာကလည္း အၿမဲကူလုပ္ရမွာမဟုတ္ဘူး တစ္လပဲ တစ္လအတြင္း အေဒၚႀကီးဆီကေန သင္စရာရွိတာ သင္ထားပါ ၿပီးရင္ ထမင္းဟင္းအားလုံးကို မင္းကိုယ္တိုင္ပဲ ခ်က္ျပဳတ္ရမယ္"

"ခင္ဗ်ားသိပ္တရားလြန္ေနၿပီေနာ္ ေကာင္းျခင္းတည္ၿမဲ"

ေဒါသေတြႏွင့္တုန္ေနသည့္ပန္ပန္႔ကို သူကေတာ့ တစ္စက္ကေလးမွ အဖက္မလုပ္ဘဲ

"ေဒၚေအးမြန္ ဒီကိုခဏ.."

"လာၿပီ သားေရ..."

ေကာင္းျခင္းေခၚသံေၾကာင့္ အိမ္အကူအေဒၚႀကီးဝင္လာသည္။ ေကာင္းျခင္းက ပန္ပန္႔ကိုေမးဆတ္ျပလိုက္ရင္း

"ေနာက္ရက္ကစၿပီး သူ႔ကိုမီးဖိုေခ်ာင္မွာ လိုအပ္တာကူခိုင္းလိုက္.."

"ဟုတ္ကဲ့ပါ"

"ကြၽန္ေတာ့္မိန္းမျဖစ္ေနလို႔ညႇာတာၿပီး ခိုင္းစရာမလိုဘူး ထမင္းဟင္းမွမခ်က္တတ္ရင္ သူ႔မွာဘာမွသုံးစားစရာအရည္အခ်င္းမရွိေတာ့ဘူး ဒါေၾကာင့္နာနာခိုင္းပါ အိမ္အကူေလာက္ေတာင္ သူအသုံးမက်ရင္ ကြၽန္ေတာ္ပဲအရွက္ရစရာ ျဖစ္လိမ့္မယ္"

အလုပ္သမားေရွ႕မွာပင္ လူကိုႏွိမ့္ခ်စကားဆိုၿပီး ေကာင္းျခင္းထြက္သြားေတာ့သည္။ ပန္ပန္ မ်က္ရည္ဝဲလ်က္ က်န္ခဲ့သည္။ ဝမ္းနည္းလို႔ေတာ့မဟုတ္။ ေဒါသထြက္လြန္းလို႔ပင္။

"က်က္သေရတုံးလိုက္တဲ့အေကာင္"

ပန္ပန္ ေကာင္းျခင္းကို ပါးစပ္ကေနမိုးမြန္ေအာင္ တတြတ္တြတ္က်ိန္ဆဲေနမိေတာ့သည္။ မဂၤလာဦးမနက္ခင္းအခ်ိန္အခါဟာ ေဒါသေငြ႕ေတြႏွင့္ ျပည့္ႏွက္ေနရေတာ့သည္။

အေဒၚႀကီးခမ်ာလည္း မေန႔ကမွလက္ထပ္ထားသည့္ ပူပူေႏြေႏြးလင္မယား၏ ခ်စ္ျခင္းေမတၱာႏွင့္အၾကင္နာတရားတို႔ကိုျမင္ရေတာ့ ပါးစပ္အေဟာင္းသားကိုျဖစ္ေနရွာ၏။

စားၿပီးေသာက္ၿပီးေတာ့ ပန္ပန္လည္း အလုပ္မရွိသျဖင့္ တစ္ေနကုန္ေခြအိပ္ကာ ဂိမ္းေဆာ့လိုက္၊ ဇာတ္ကားၾကည့္လိုက္ႏွင့္ ေနလိုက္သည္။ အေမ့ဆီသြားခ်င္ေသာ္လည္း ကိုႀကီးကမေန႔ကမွေယာက်ၤားယူထားတာ၊ ခ်က္ခ်င္းႀကီး ေလွ်ာက္လည္ေနတာမ်ိဳးမလုပ္ဘဲ အိမ္မွာပဲေနခိုင္းထားသည္။ အေမ့ဆီကိုလည္း ေနာက္သုံးေလးရက္ေနမွသြားဟုမွာထားသျဖင့္ မသြားဘဲေနလိုက္ပါ။ ၾကည့္ရသည္မွာပတ္ဝန္းက်င္ကစပ္စပ္စုစု လုပ္မွာကို သူ႔ညီမေလးကိုမႀကဳံေစခ်င္၍ ျဖစ္ပါမည္။

ဘယ္လိုပဲျဖစ္ျဖစ္ပတ္ဝန္းက်င္ကေတာ့ ရပ္ကြက္၏ေအာ့ေၾကာလန္ မိန္းကေလးႏွင့္ တိုင္းသိျပည္သိနာမည္ႀကီးသည့္ စီးပြါးေရးလုပ္ငန္းရွင္ သူေဌးေလးရသြားသည့္ကိစၥကို စပ္စုၾကမွာပဲေလ။

ထို႔ေနာက္ဂိမ္းေဆာ့ရမွာပ်င္းလာေတာ့ ပန္ပန္အိမ္ကို ပတ္ၾကည့္သည္။ အိမ္ႏွင့္ကုမၼဏီက ဆက္ေနသည့္တိုင္ ကုန္ပစၥည္းေတြကိုဂိုေဒါင္အတင္အခ်လုပ္ေနေသာ အလုပ္သမားအခ်ိဳ႕မွလြဲ၍ ဘယ္သူမွမေတြ႕ရသျဖင့္ အလုပ္ပိတ္ထားသည္ထင္သည္။

အိမ္ႀကီးကခမ္းနားထည္ဝါလွေသာ္လည္း က်က္သေရတုံးေကာင္ႏွင့္ေနရ၍လားမသိ။ တစ္စက္မွေနမေပ်ာ္မိပါ။ ေတာ္ေသးသည္။ ေကာင္းျခင္းကမနက္ကတည္းက ထြက္သြားၿပီး တစ္ေနကုန္နီးပါးအိမ္ျပန္မလာ၍ပင္။ ပန္ပန္အတြက္ေတာ့ သင္းမ်က္ႏွာမျမင္ရေလေကာင္းေလပင္။

မဟုတ္ရင္ က်က္သေရတုံးဘဝ႐ူးေကာင္၏ႏွိမ့္ခ်စကားေတြခ်ည္းၾကားရတာ လူလည္းဆိုက္ကိုဝင္ေတာ့မည္။ သူႏွင့္ေတြ႕မွပဲ ကိုယ္က တစ္ကမာၻလုံးတြင္ ေသာက္သုံးမက်ဆုံးလူ ျဖစ္ေနရသည္။

အခုမွအတူေနတာ (၁)ရက္ေတာင္မျပည့္ေသး။ လူက႐ူးခ်င္ခ်င္ပင္ ျဖစ္ခ်င္လာသည္။ တကယ္ပဲ သူႀကိမ္းဝါးထားသကဲ့သို႔ မိမိကိုစိတ္ပိုင္းဆိုင္ရာႏွိပ္စက္ဖို႔ ေတြးေတာေနသလားဟုပင္ သံသယဝင္မိပါရဲ႕...။
................ ......................... ...........................

"ဗြမ္း..."

"အေမ့..."

မ်က္ႏွာေပၚတြင္ေရေလာင္းခ်ခံရသျဖင့္ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနရာမွ ပန္ပန္လန္႔ႏိုးလာသည္။ ၾကည့္လိုက္ေတာ့.. ေကာင္းျခင္းတည္ၿမဲ။

"ခင္ဗ်ား ဒါဘာလုပ္သလဲ"

ပန္ပန္ေဒါသတႀကီးေအာ္လိုက္သည့္တိုင္ သူကေတာ့ေအးတိေအးစက္အမူအရာႏွင့္ပင္

"(၇)နာရီမထိုးခင္ထိ အိပ္ရာကမထဘူးဆိုရင္ ငါေရေလာင္းခ်မယ္ဆိုတာ မင္းကိုသတိမေပးထားဘူးလား"

"ခင္ဗ်ား.."

ေဒါသေတြထြက္လြန္းသျဖင့္ ပန္ပန္အသားေတြပင္ တဆတ္ဆတ္တုန္ေန၏။ အိပ္ရာတစ္ခုလုံးေရေတြစိုကုန္သျဖင့္ ဆက္အိပ္၍လည္း မရေတာ့ပါ။

ဒီအိမ္မွာ Wi-Fiရသျဖင့္ ညကတစ္ညလုံး ဇာတ္ကားၾကည့္ေနသည့္ပန္ပန္ မနက္(၃)နာရီေလာက္မွ အိပ္ေပ်ာ္သြားသည္။ ထို႔ေၾကာင့္ အေစာႀကီးမႏိုးမိျခင္းပင္။ အစကတည္းက ထဖို႔လည္းရည္႐ြယ္ခ်က္မရွိတာလည္းပါသည္။ သူႏွင့္ပန္ပန္က တစ္ခန္းတည္းမအိပ္သျဖင့္ သူဘယ္ခ်ိန္အိပ္ၿပီး၊ ဘယ္ခ်ိန္ထမွန္း ပန္ပန္မသိပါ။ သူမကေတာ့ သင္းဘာေျပာေျပာအေစာႀကီးမထဖို႔ ဆုံးျဖတ္ထားသည္။

သို႔ေသာ္ အခုလို ေရႏွင့္တကယ္ႀကီးေလာင္းခ်မည္မွန္းေတာ့ ထင္မထားသည္မွာအမွန္။ အခုေတာ့ သင္းကတကယ္လုပ္သည္။ အေတာ္ယုတ္မာသည့္ေကာင္..။

"ခင္ဗ်ားအေတာ္ ယုတ္မာတာပဲ"

အက်ႌေပၚ႐ြဲစိုေနသည့္ေရစက္တို႔ကိုခါခ်ရင္း ပန္ပန္ေဒါသတႀကီးဆိုေတာ့ ေကာင္းျခင္းက ခပ္မဲ့မဲ့ၿပဳံးလိုက္ၿပီး

"ငါ့ဘဝကိုပ်က္ဆီးေအာင္လုပ္ခဲ့တဲ့ မင္းေလာက္ေတာ့မယုတ္မာေသးဘူး မုဒိတာပန္ အခုကပါးပါးေလးမွ ပါးပါးေလးပဲရွိေသးတယ္ ဒီထက္မက ငါကမင္းကိုစိတ္ဆင္းရဲေအာင္ ယုတ္မာဖို႔အသင့္ပဲေနာ္"

လက္တစ္ဖက္ကို ေဘာင္းဘီအိပ္ကပ္ထဲထည့္ထားရင္း ရပ္ေနပုံကစတိုင္လ္က်ေသာ္လည္း ေျပာေပါက္ကေတာ့ တကယ္ကုပ္ဖဲ့ခ်င္စရာ..။

ပန္ပန္လည္းေျပာရင္ကိုယ္ပဲေဒါသထြက္ရတာမို႔ အိပ္ရာမွဝုန္းခနဲ႔ထကာ ေရခ်ိဳးခန္းရွိရာ ေဆာင့္ေအာင့္ၿပီး ထြက္သြားလိုက္သည္။ တစ္ခန္းလုံးကိုလည္း ဝုန္းဒိုင္းႀကဲေနေအာင္လုပ္ေနသည့္ ပန္ပန္႔ကို ေကာင္းျခင္းမုန္းတီးစြာပင္ၾကည့္ရင္း အခန္းထဲမွလွည့္ထြက္လာလိုက္၏။

မနက္၈:၀၀နာရီအခ်ိန္ ထမင္းစားခန္းတြင္

"မင္းဘာလုပ္သလဲ"

ထမင္းဝိုင္းတြင္ထိုင္ဖို႔ျပင္ေနသည့္ပန္ပန္ကို ေကာင္းျခင္းကမ်က္ေမွာင္က်ဳံ႕ၿပီး ေမးလိုက္ေတာ့..

"ဘာလုပ္ရမွာလဲ ထမင္းစားမလို႔ေပါ့"

"ထမင္းစားရေအာင္ မင္းဒီမနက္ေစာေစာထၿပီး အေဒၚႀကီးကို ကူေပးလို႔လား"

"ဘာရယ္.."

ပန္ပန္ေကာင္းျခင္းကိုၾကည့္လိုက္၏။ ေကာင္းျခင္းက ေအးစက္စက္မ်က္ဝန္းေတြႏွင့္ပင္

"အလုပ္မလုပ္ရင္ ထမင္းမစားရဘူးလို႔ ငါမေန႔ကမေျပာခဲ့ဘူးလား ဒီေန႔မနက္ မင္းအေဒၚႀကီးကို ကူမလုပ္ခဲ့တဲ့အတြက္ ဒီတစ္ရက္လုံး မင္းကိုငါထမင္းမေကြၽးႏိုင္ဘူးမုဒိတာပန္"

"ခင္ဗ်ား..."

"အရွက္မရွိရင္ေတာ့ဝင္စားေလ ဒါေပမဲ့ငါကမသထာဘူးေနာ္"

ေဒါသႏွင့္အတူ ရွက္စိတ္ေၾကာင့္ ပန္ပန္ စကားလုံးေတြပင္မဲ့ေန၏။ ဒီအတိုင္းရပ္ေနရမည္လား၊ ေဒါသတႀကီးလွည့္ထြက္သြားရမည္လားမသိေတာ့ေအာင္ အရွက္တရားေတြႏွင့္ ထူပူေနမိပါသည္။

"ဟို.. ရပါတယ္ သားရယ္ အလုပ္မွသိပ္မမ်ားတာ ေဒၚႀကီးတစ္ေယာက္တည္းလည္း ျဖစ္ပါတယ္.."

အေဒၚႀကီးပင္ ပန္ပန္႔ကိုအားနာသနားလာ၍ ထင္ပါသည္။ ဝင္ေျပာေပးရွာပါသည္။ သို႔ေသာ္ ေကာင္ျခင္းကေတာ့ မ်က္ႏွာထားတင္းတင္းႏွင့္

"ဒၚေအးမြန္ ခိုင္းတဲ့အတိုင္းပဲလုပ္ပါ သူ႔ကိုကာမေျပာေပးနဲ႔"

"မဟုတ္ပါဘူးကြယ္.. ကေလးမေလးကအရမ္းငယ္ေသးတဲ့အတြက္ မီးဖိုေခ်ာင္ကိစၥေတြကို ခ်က္ခ်င္းဘယ္လုပ္ခ်င္ဦးမွာလဲ"

"အလုပ္မလုပ္ခ်င္ရင္ ထမင္းမစားနဲ႔ေလ ရွင္းေနတာပဲ"

"မစားဘူး.. ခင္ဗ်ားက ဘာမို႔လို႔ဒီေလာက္ႀကီးႀကီးက်ယ္က်ယ္ေတြလာေျပာေနရသလဲ ခင္ဗ်ားေကြၽးမွထမင္းစားရမွာမဟုတ္ဘူး မသထာေရစာေတြ ေသေတာင္မစားဘူး"

ပန္ပန္ေဒါသတႀကီးဆိုရင္း ထမင္းစားခန္းမွ ထြက္သြားသည္။ ေကာင္းျခင္းက ဘာမွမျဖစ္သလိုပင္ ေအးေအးလူလူႏွင့္ ထမင္းဆက္စားေနသည္။

ၾကားထဲကအေဒၚႀကီးကာ သက္ျပင္းေတြခိုးခ်ရင္း စိတ္မေကာင္းျဖစ္ေနေတာ့၏။ သူမသိသေလာက္ ဒီေကာင္ေလးက အၾကင္နာတရားရွိပါသည္။ လူငယ္ႏွင့္မတူေအာင္ စည္းစနစ္က်ၿပီး စည္းကမ္းတင္းက်ပ္သည့္တိုင္ သေဘာဆိုးေနသည့္လူငယ္ေတာ့မဟုတ္ပါ။

သူမကိုေတာင္လစာအျပင္ မိသားစု၏စရိတ္အတြက္ ေထာက္ပံ့ေငြအျဖစ္ပိုပိုသာသာထုတ္ေပးတတ္သည္။ တကယ္လိုအပ္လို႔ အကူအညီေတာင္းလွ်င္ မျငင္းဘဲ ကူညီေပးသည္။ အလုပ္သမားေတြအေပၚ မွ်မွ်တတဆက္ဆံၿပီး စာနာသနားမႈရွိသည္ကေတာ့ ဘယ္သူမွမျငင္းႏိုင္။

သို႔ေသာ္ အခုက်ဘယ္လိုမ်ားျဖစ္ရပါလိမ့္။ မိမိ၏ဇနီးမယားေလးအေပၚတြင္မွ တင္းတင္းမာမာဆက္ဆံျခင္းအေပၚ အေဒၚႀကီးသည္ နားမလည္ႏိုင္ေအာင္ပင္ ျဖစ္ေနရေတာ့၏။

ဆက္ရန္
ဆူးခတ္ပန္း

Continue Reading

You'll Also Like

6.2K 290 31
"ေနာက္ေက်ာက ဓားမထုိးနဲ႕ အရမ္းရြံ႕တယ္...အရမ္းမုန္းတယ္...ခင္ဗ်ားက ရုပ္ေလးလွသေလာက္ စိတ္ဓာတ္က ရြံစရာေကာင္းလြန္းတယ္...' "ဘာ..ဘာျဖစ္လုိ႕လဲ..." ေက နားမလည္ေသ...
315K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
418K 17.6K 44
UNICODE AND ZAW GYI❗️ Start Date - July 24 2022 End Date - Nov 29 2022 အဂၤလိပ္ေခတ္ကၿမိဳ႔စားမင္းရဲ့ ခ်စ္ဇာတ္လမ္းမၿပီးဆံုးပဲ အချစ္ေတြတဖန္ျပန္ရွင္သန္လာ...