ငါ့ခင်ပွန်းကို နေ့တိုင်း အလို...

By NyeinHlaingZin123

157K 13.5K 139

Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
promotion
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
ပရိုမိုးရှင်း
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
လျော့စျေး
အပိုင်း ၄၁
အပိုင်း ၄၂
gp ပြီးဆုံးခြင်း
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
၃ နှစ်ပြည့် 😍😘😘
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄

အပိုင်း ၂၉

2.1K 235 2
By NyeinHlaingZin123

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၉

“သူတို့အိမ်ထောင်ရေးက အဆင်ပြေတဲ့အိမ်ထောင်ရေးဆိုတာ ရှင်းရှင်းလင်းလင်းသိတယ်။ ဒါ့အပြင် ငါတို့မိသားစုရဲ့ အဆင့်အတန်းက ချင် မိသားစုရဲ့အောက်မှာရှိနေတာ။ ချင် မိသားစုရဲ့ ဒုတိယသခင်လေး အစ်မကိုပြန်သဘောကျရင်တော့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ ဒါပေမယ့် သူ သဘောမကျဘူးဆိုရင်တော့ အစ်မ ချင် မိသားစုရဲ့ ဒုတိယသခင်လေး နောက်လိုက်ရင် ဒုတိယဝမ်းကွဲအတွက် အဆင်မပြေဖြစ်သွားလိမ့်မယ်"

"နင် ကိုယ့်အစ်မကို စော်ကားဖို့ ကြိုးစားနေတာလား"  ဝူကျစ်ကျစ်က သူမမောင်လေးကို ရိုက်နှက်ဖို့သည်းမခံနိုင်တော့ဘူး  "ချင် မိသားစုရဲ့ အကြီးဆုံး သခင်လေးက ဝူထုန်ကို တကယ်ပဲ ချစ်မိသွားလိမ့်မယ်လို့ နင်တကယ်ထင်နေတာလား"

"ဘာလို့မဖြစ်နိုင်ရမလဲ။ သူတို့နှစ်ယောက်လုံး ကြည့်လို့ကောင်းတယ်လို့ ထင်တာပဲ ” လို့ ဝူခိုင်က ပြန်ပြောခဲ့သည်။

“နင် မျက်စိကန်းနေတာပဲဖြစ်မယ်။  ဒီနေ့ ချင် မိသားစုရဲ့ အကြီးဆုံး သခင်လေး ဝတ်ထားတာကို နင် မမြင်ဘူးလား"  လို့ဝူကျစ်ကျစ် မေးလိုက်သည်။

ဝူခိုင်က ချင်ကော ဝတ်ထားတဲ့ပုံစံကို ပြန်သတိရသွားခဲ့ပြီး “တီရှပ်နဲ့ ပျောက်ကြား ဘောင်းဘီ” လို့ တုံ့ပြန်ပြီးစကားပြောခဲ့သည်။

"နောက်ပြီးတော့ တစ်ခြားသူတွေရော ဘာဝတ်ထားသေးလဲ"  ဝူကျစ်ကျစ်က သတိပေးလိုက်သည်။

ဝူခိုင်က ရုတ်​တရက်​ ဝူကျစ်ကျစ် ​ဘာကိုဆိုလိုချင်တာလဲဆိုတာကို သတိထားမိလိုက်​သည်​။  ဒီနေ့ ညစာသွားစားဖို့ သူ့အမေက သုံးရက်အလိုမှာ သူတို့ရဲ့ ဝတ်စုံတွေကို စပြီးရွေးခဲ့သည်။  ဝူနဲ့ ချင် မိသားစုမှ လူတိုင်းက သင့်တော်တဲ့ ၀တ်စုံများနှင့် suit တွေကို ၀တ်ဆင်ထားသည်။  ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသူမှာ ချင်ကောသာဖြစ်ပြီး Gym သွားပြီး ချက်ချင်းရောက်လာခဲ့သလိုပဲ။ ချင်ကော စားသောက်ဆိုင်ထဲကို စဝင်လာခဲ့တုန်းက သူ ထူးထူးခြားခြား မခံစားခဲ့ရပေ။

"ဒီနေ့ ဝူထုန် တရုတ်ဝတ်စုံကို ဝတ်စားထားပြီးထွက်လာခဲ့ပေမယ့် သူ့ဘေးမှာ ရပ်နေတဲ့သူက လုံခြုံရေးအစောင့်တစ်ယောက်လို ၀တ်ထားတာကိုပဲ ကြည့်လိုက်။ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ ” ဝူကျစ်ကျစ် ရယ်မောလိုက်သည်။  "ချင် မိသားစုရဲ့ အကြီးဆုံး သခင်လေးက သူမကို ဂရုမစိုက်ဘူးဆိုတာ တော်တော်ရှင်းနေတာပဲဟာ"

ဝူခိုင်က ဝူကျစ်ကျစ် မျက်နှာကိုကြည့်ပြီး သည်းမခံနိုင်တော့ဘဲ အမှတ်မထင်အော်လိုက်သည်။ "အစ်မ!"

“ထားလိုက်ပါတော့။ ပြန်ကြရအောင်"  ဝူကျစ်ကျစ် သူမ မိတ်ကပ်ဘူးလေးကို အိတ်ထဲ ပြန်ထည့်ကာ စားသောက်ဆိုင်ဆီ ပြန်သွားခဲ့သည်။  ဝူခိုင်က သူ့အစ်မနောက်ကနေ စားသောက်ဆိုင်ကို ပြန်လိုက်မသွားခင် နံရံကို ဖျတ်ခနဲ ကန်ပစ်လိုက်သည်။

ထိုအချိန်တွင် ညီအစ်ကိုနှစ်ယောက်က သန့်စင်ခန်းဘေးရှိ အရေးပေါ်တံခါးကို တွန်းဖွင့်လာခဲ့သည်။  ချင်ကောက  ဝူကျစ်ကျစ်နဲ့ ဝူခိုင်ရဲ့ နောက်ကျောကို စိုက်ကြည့်နေလိုက်သည်။  အနည်းငယ် အံ့အားသင့်သွားကာ မေးခဲ့သည်။ “ဒီကို ငါဒီလိုမျိုးဝတ်လာတာက… ငါ့မိန်းမကို ဂရုမစိုက်ဘူးဆိုတာ ပြနေတာလား”

"သူတို့စကားနားထောင်မနေနဲ့"  ချင်ဟွိုက်က သူ့မျက်လုံးတွေထဲ အေးစက်သောအကြည့်ဖြင့် ဝူကျစ်ကျစ်၏ အရှေ့ကိုဆက်သွားနေသည့်ပုံစံဆီ စိုက်ကြည့်နေခဲ့သည်။

"ချင်ဟွိုက်" ချင်ကောက ရုတ်တရက် ခေါ်လိုက်သည်။

ချင်ဟွိုက်က သူ့ကို အံ့ဩတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်း ဒီမိန်းကလေးကို မေတ္တာပြန်မပေးတာ ပိုကောင်းတယ်" ဟု ချင်ကော သတိပေးလိုက်သည်။ "အကယ်၍သူမက မင်းကို လက်ထပ်ပြီး ငါ့မိန်းမကို အနိုင်ကျင့်ခဲ့ရင် ငါ မင်းဖင်ကို ကန်ပစ်မယ်"

ချင်ဟွိုက် မျက်တောင်ခတ်လိုက်သည်။ သူ့အစ်ကို ပြောတာကို ကြားလိုက်တာက မှန်လားဆိုတာ သူ မသိဘူး။

ရေလှိုင်းတွေ ဘယ်လောက်ပဲ လှိုင်းထနေပါစေ၊ ဘယ်လောက်ပဲ ဒရာမာတွေ ဖြစ်ခဲ့ပါစေ၊ အနည်းဆုံးတော့ အဲ့တာက မျက်နှာပြင်အောက်မှာပင်။ ညစာစားပွဲကလည်း ပျော်ရွှင်စရာ မှတ်ချက်တစ်ခုနဲ့ ပြီးဆုံးသွားခဲ့ပြီ။ ဝူထုန်နဲ့ ချင်ကောတို့က ဝူထုန့် ဒုတိယဦးလေးရဲ့ မိသားစုကို အရင် အရင်ပြန်လွှတ်လိုက်ပြီး လက်ရှိတွင် မစ္စတာနဲ့ မစ္စစ် ချင်တို့ ထွက်ခွာသွားဖို့ စောင့်မျှော်နေကြသည်။

ချင်ဟွိုက်က သူ့မိဘတွေဘေးမှာ ရပ်နေစဉ် အလျင်အမြန် အိပ်ပျော်နေသော ဖေးဖေးကို သယ်ဆောင်ထားခဲ့သည်။ ချင်ကောအပေါ်  သူ့အမေရဲ့ နားပူနားဆာလုပ်တဲ့ အသံကြားလိုက်ရသည်။  "မင်း ဝူထုန်ကို ဘေးကင်းကင် အိမ်ပြန်ပို့ပေးရမယ်နော် "

"အွန်း"  ချင်ကော ခေါင်းညိတ်ပြခဲ့သည်။

မစ္စစ် ချင်က ဝူထုန် ဘက်လှည့်ပြီး ပြောခဲ့သည်။ "ထုန်ထုန်၊ အမေတို့ အရင်ပြန်နှင့်ပြီနော်"

“နှုတ်ဆက်ပါတယ် အဖေနဲ့အမေ။  ဂရုတစိုက်နဲ့ကားမောင်းကြပါ ” ဟု ဝူထုန်က နှုတ်ဆက်ခဲ့သည်။

ချင်မိသားစုက ကားပေါ်သို့တက်ကာ မောင်းထွက်သွားခဲ့ကြသည်။  ဝူထုန်က အသက်ပြင်းပြင်းရှူလိုက်သည်။  ရုတ်တရက် ချင်ကောက သူမ မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ဆွဲလှည့်လိုက်တ​ြကြောင့် သူနဲ့ တိုက်ရိုက် မျက်နှာချင်းဆိုင်သွားခဲ့သည်။

သူမ အံသြသွားပြီး “ဘာဖြစ်လို့လဲ” လို့ မေးလိုက်သည်။

"မင်းမပျော်နေဘူးလားဆိုတာကို ကိုယ်စစ်ဆေးနေတာ" ဟု ချင်ကော ပြောလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်" ဟု ဝူထုန်က ပြောလိုက်သည်။

ချင်ကော ဝူထုန် မျက်လုံးတွေကိုကြည့်လိုက်ချိန် သူမ လုံးဝ ဝမ်းနည်းနေပုံမပေါ်ကြောင်း သတိပြုမိခဲ့သည်။  "အိုကေ"

ချင်ကော ဝူထုန် မျက်နှာကို လွှတ်ပေးလိုက်ပြီး သူမလက်ကို ကိုင်လိုက်သည်။  သူတို့နှစ်ယောက်လုံးက ချင်ကော၏ ဂျစ်ကားဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့ကြသည်။

"နောက်တစ်ခါ ကိုယ်ဒီလိုမျိုး ထပ်မဝတ်တော့ဘူး" ချင်ကောက ရုတ်တရက်ပြောလိုက်သည်။

"ဘာကိုဆိုလိုတာလဲ?"  ဝူထုန်က ချင်ကောရဲ့ ရှည်လျားသော အသွင်အပြင်ကို မော့ကြည့်လိုက်သည်။  သူ၏ သန်မာသော ခန္ဓာကိုယ်အပေါ်ပိုင်း ပတ်ပတ်လည်တွင် ဝတ်ထားသော စစ်စိမ်းရောင် တီရှပ်အင်္ကျီက သူ၏ ကောင်းမွန်ပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ပြသထားသည်။  "ရှင်အခုဝတ်ထားတဲ့ဟာက ရှင်နဲ့လိုက်ပါတယ်"

"မင်းတို့အားလုံးက အကုန်လုံးကောင်းကောင်းမွန်မွန်ဝတ်စားထားကြပြီး ကိုယ်ကတော့ ပေါ့ပေါ့ပါးပါးပဲ ၀တ်ထားတယ်" လို့ ချင်ကောက ပြောခဲ့သည်။

ဝူထုန် သူမ အလွန်အကျွံ ၀တ်ဆင်ထားခြင်းအတွက် အပြစ်ရှိသည်ဟု ထင်လိုက်မိသောကြောင့် "ဒါဆို နောက်တစ်ခါ ကျွန်မ ပိုပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ဟာမျိုးပဲ ဝတ်ပါ့မယ်" လို့ ပြောပြီး သူ့ကို စိတ်ချလက်ချဖြစ်အောင်အားပေးစကားပြောခဲ့သည်။

ချင်ကော ရုတ်တရက် ရယ်ပစ်လိုက်သည်။  ဝူထုန်က တခါတရံ အရူးတစ်ယောက်လို ရယ်မောတတ်တဲ့ ခင်ပွန်းဖြစ်သူရဲ့အကျင့်ကို ကျင့်သားရနေပြီဖြစ်သည်။  ချင်ကောက ဝူထုန်အတွက် ရှေ့ခရီးသည်ထိုင်ခုံ ဘေးတံခါးကိုဖွင့်ပေးခဲ့ပြီး ဝူထုန်က ကားထဲမဝင်ခင် ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက် သူ ကားထဲ ဝင်လာကာ ဝူထုန့် ထိုင်ခုံခါးပတ်ကို ဂရုတစိုက် ကူညီပေးခဲ့သည်။  ဝူထုန် မျက်တောင်ခတ်ပြီး ဘေးဘက်ကို လှည့်ကာ သူမရဲ့ထိုင်ခုံခါးပတ်တပ်ပေးတာကို ကူညီခွင့်ပေးခဲ့သည်။

ချင်ကောက သူမထိုင်ခုံခါးပတ်ကို ချိတ်ပြီးသောအခါတွင် သူ့အကြည့်က သူမကော်လာပေါ်ရှိ ကြယ်သီးပေါ် ကျရောက်သွားခဲ့သည်။  ပန်းရောင်ရှိပြီး ဇီးသီးပွင့်လို ပုံသဏ္ဍာန်ရှိသည်။  သေးငယ်ပြီး လက်ရာမြောက်ကာ အလွန်လှပပုံရသည်... ချင်ကော ကြယ်သီးကို ညင်သာစွာထိဖို့ သည်းမခံနိုင်တော့ဘဲ သူမ၏ တရုတ်အင်္ကျီ ကော်လာကို ဂရုတစိုက်ဖွင့်ရန် လက်နှစ်ချောင်းကို အသုံးပြုကာ ကြယ်သီးကိုဖြုတ်လိုက်သည်။

“ဘာ—” ဝူထုန် အံ့သြစွာ ထထိုင်လိုက်သော်လည်း နှေးကွေးလွန်းသွားသည်။

ဝူထုန်က လည်ပင်းနားက ချင်ကောရဲ့ ထွက်သက်ဝင်သက် အသက်ရှူသံပြင်းပြင်းကို ခံစားလိုက်ရပြီး သူမ လည်ပင်းကို လျှာဖြင့် ညင်သာစွာ လျက်လိုက်တာကိုခံစားလိုက်ရသည်။  သူမ အန္ဓာကိုယ် အတွင်း အပူတွေ မြင့်တက်လာပြီး သူမ ခြေဖဝါးမှ ကျန်တစ်ကိုယ်လုံးအထိ အပူတွေစီးကူးသွားခဲ့သည်။ သူမ ချက်ချင်းပင် အားလျော့သွားကာ ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။

ချင်ကောက သူမလည်ပင်းကို လျက်ပြီးနောက် ပြန်ခွာလိုက်သည်။  နောက်တော့ သူမအရေပြားပေါ် ချန်ထားခဲ့တဲ့ အနမ်းအမှတ်ကို စိုက်ကြည့်နေခဲ့သည်။  အနည်းငယ် အပြစ်ရှိသလိုခံစားရသဖြင့် ဝူထုန့် ကော်လာကိုကြယ်သီးပြန်တပ်ပေးလိုက်သည်။  အနမ်းအမှတ်ကို ဖုံးကွယ်ပြီးမှသာ ဝူထုန် မျက်လုံးထဲကို ကြည့်ဖို့ သတ္တိရှိလာခဲ့သည်။  နီမြန်းနေသော သူမမျက်နှာနှင့် ပျော့ခွေနေတဲ့ပုံပန်းသဏ္ဍာန်ကို မြင်သောအခါတွင်မူ အရှေ့ခရီးသည်တံခါးကို အမြန်မပိတ်မီ သဘာဝမကျစွာ ချောင်းဆိုးခဲ့သည်။  သူ ဒရိုင်ဘာ ထိုင်ခုံပေါ်ထိုင်ပြီးနောက် ကားစမောင်းခဲ့သည်။

ကားက ဝူထုန်ရဲ့ တိုက်ခန်းကို ရောက်တဲ့အခါ ဝူထုန် က ​​ချင်ကောရဲ့ မျက်လုံးကို မကြည့်နိုင်ခဲ့ဘူး။  ကားတံခါးကို အမြန်ဖွင့်ကာ ပြေးထွက်သွားခဲ့သည်။  ဒီတုံ့ပြန်မှုကိုမြင်တော့ ချင်ကောက သူမကို လွတ်မြောက်သွား ခွင့်မပြုနိုင်တာကြောင့် သူမကို ပြန်ဆွဲခဲ့သည်။

"ဘာ...ဘာလုပ်တာလဲ"  သူမကို ကျော်ဖြတ်ခဲ့တဲ့ ခံစားချက်က သည်းမခံနိုင်လောက်အောင်ကို ခံစားရသည်။  ဝူထုန်က ချင်ကော ဒုတိယအချီကို ဆက်သွားချင်မှာ ကြောက်ခဲ့သည်။

"ဘာလို့ ကိုယ့်ကို မကြည့်တာလဲ"  ချင်ကော အနည်းငယ် စိတ်မကောင်းဖြစ်ပြီး မေးလိုက်သည်။

"ရှင် ဘာအကြောင်းကို ပြောနေတာလဲ?"  ဝူထုန် ရှက်ရွံ့စွာ တုံ့ပြန်လိုက်သည်။

သူမရဲ့ လည်ပင်းကို အမှတ်အသားပေးတာမှာ ငါသည်းမခံနိုင်ခဲ့မိလို့ သူမကိုကြောက်အောင်လုပ်မိသွားခဲ့တာများလား။ အဲဒါ ဖြစ်နိုင်ပါတယ်။  လည်ပင်းက လူ့ခန္ဓာကိုယ်၏ အထိအခိုက်မခံနိုင်ဆုံး အစိတ်အပိုင်းဖြစ်သည်။  သူမ ကြောက်တာက ပုံမှန်ပါပဲ၊ ချင်ကော သူ့ကိုယ်သူ ကျိုးကြောင်းဆင်ခြင်ခဲ့သည်။

"ကိုယ် မင်းကို ထိခိုက်အောင်မလုပ်ပါဘူး" ချင်ကော သူမကို အာမခံခဲ့သည်။  “ဒါ့အပြင် လူတွေကို သတ်တဲ့အခါကျရင် လည်ပင်းလှီးရတာကို ကိုယ် မကြိုက်ဘူး။လည်ပင်းက သွေးအရမ်းထွက်တယ်"

“…...” ဝူထုန် ချက်ချင်း မျက်နှာဖြူဖျော့သွားခဲ့သည်။

"အိုး ဟုတ်သားပဲ။  ချင်ဟွိုက်က ပြောတယ် မင်းမှာ မောင်လေးတစ်ယောက်ရှိတယ်ဆို  သူနေမကောင်းဖြစ်နေလို့ ဆေးရုံတက်နေရတယ်လို့ ပြောပြတယ်။  မနက်​ဖြန်​သူ့ဆီသွားလည်​ကြရင်ကောဘယ်လိုလဲ "

"မလိုပါဘူး"  သူတို့ ရန်ဖြစ်ကုန်ရင် ငါ့မောင်လေး ဘာဖြစ်သွားမလဲ။

"ဘာလို့လဲ"  ချင်ကော မေးလိုက်သည်။

“သူ…သူ…” ဝူထုန် တစ်ခုခုကို ပြောဖို့ ကြိုးစားခဲ့သည်။  “ကျွန်မရဲ့မောင်က လောလောဆယ် ရှင်နဲ့ပြိုင်လို့မရသေးဘူး ဆိုတော့ သူက ရှင့်ကို မတွေ့ချင်သေးဘူး။  ရှင် သူ့ဆီလာလည်ဖို့ သူကျန်မာလာဖို့ အဆင်သင့်မဖြစ်ခင်အထိ စောင့်ဖို့ ပြောထားတယ်။ သူလည်း ရှင် ကျွန်မကို အနိုင်ကျင့်နေတာကို လိုချင်မှာမဟုတ်ဘူး ”

*ပြုံးလိုက်သည်* “သူ တော်တော် ရဲရင့်တာပဲ။  ကိုယ့်စောင့်နေမယ်လို့ သူ့ကိုပြောလိုက်"  ချင်ကောက အရမ်းစိတ်လှုပ်ရှားနေပုံပဲ။

"နမ်းတာကို အနိုင်ကျင့်တယ်လို့ မတွက်ဘူး မဟုတ်လား"

......

အချိန်​​တွေကုန်တာ အရမ်းမြန်​လွန်းတယ်

မျက်စိတစ်မှိတ်အတွင်းမှာပဲ ချင်ကောနဲ့ ဝူထုန်တို့ရဲ့ ဟန်းနီးမွန်းမထွက်ခင် ရက် ၂၀ ပဲလိုတော့သည်။  ဤလက်ကျန်အချိန်များတွင်၊ ဝူထုန်သည် သူမ၏မောင်လေးထံသို့ သွားရောက်လည်ပတ်ဖို့ နေ့တိုင်း ဆေးရုံသို့သွားခဲ့သည်။  သူ့ကို ဆေးရုံက ဆင်းခွင့်ပြုတဲ့ အထိ တဖြည်းဖြည်း သက်သာလာတာကို သူမ တွေ့လိုက်ရသည်။  ဝူထုန်က သူ့ကို မြို့တော် S ဆီ လေယာဉ်နဲ့ ကိုယ်တိုင်ကိုယ်ကျပို့ပေးခဲ့သည်။

“အစ်မ၊ ကျွန်တော်တကယ် နှစ်သစ်ကူးအထိ စောင့်ရမှာလား”  ရှောင်ယွမ်က သူ့ယောက်ဖ သူ့ကို တစ်ခါမှလာမတွေ့လို့ နေမထိထိုင်မသာဖြစ်နေတဲ့မျက်နှာ ဖြစ်နေသည်။

"အရင်က အစ်မပြောခဲ့တာကို မှတ်မိလား"

ရှောင်ယွမ်က ဒါကို လက်မလွှတ်ပေးချင်ဘူး။  "ဒါဆို....... အနည်းဆုံးတော့ သူ့ကို ဖုန်းခေါ်လို့ရတယ်မလား"



••••••••••••

Zawgyi

ငါ့င္ပြန္းကိုန႔တိုင္း အလိုလိုက္ေနရယ္

ပိုင္း ၂၉


“သူတို႔အိမ္ေထာင္ေရးက အဆင္ေျပတဲ့အိမ္ေထာင္ေရးဆိုတာ ႐ွင္း႐ွင္းလင္းလင္းသိတယ္။ ဒါ့အျပင္ ငါတို႔မိသားစုရဲ႕ အဆင့္အတန္းက ခ်င္ မိသားစုရဲ႕ေအာက္မွာ႐ွိေနတာ။ ခ်င္ မိသားစုရဲ႕ ဒုတိယသခင္ေလး အစ္မကိုျပန္သေဘာက်ရင္ေတာ့ အရာအားလုံး အဆင္ေျပသြားလိမ့္မယ္။ ဒါေပမယ့္ သူ သေဘာမက်ဘူးဆိုရင္ေတာ့ အစ္မ ခ်င္ မိသားစုရဲ႕ ဒုတိယသခင္ေလး ေနာက္လိုက္ရင္ ဒုတိယဝမ္းကြဲအတြက္ အဆင္မေျပျဖစ္သြားလိမ့္မယ္"

"နင္ ကိုယ့္အစ္မကို ေစာ္ကားဖို႔ ႀကိဳးစားေနတာလား"  ဝူက်စ္က်စ္က သူမေမာင္ေလးကို ႐ိုက္ႏွက္ဖို႔သည္းမခံႏိုင္ေတာ့ဘူး  "ခ်င္ မိသားစုရဲ႕ အႀကီးဆုံး သခင္ေလးက ဝူထုန္ကို တကယ္ပဲ ခ်စ္မိသြားလိမ့္မယ္လို႔ နင္တကယ္ထင္ေနတာလား"

"ဘာလို႔မျဖစ္ႏိုင္ရမလဲ။ သူတို႔ႏွစ္ေယာက္လုံး ၾကည့္လို႔ေကာင္းတယ္လို႔ ထင္တာပဲ ” လို႔ ဝူခိုင္က ျပန္ေျပာခဲ့သည္။

“နင္ မ်က္စိကန္းေနတာပဲျဖစ္မယ္။  ဒီေန႔ ခ်င္ မိသားစုရဲ႕ အႀကီးဆုံး သခင္ေလး ဝတ္ထားတာကို နင္ မျမင္ဘူးလား"  လို႔ဝူက်စ္က်စ္ ေမးလိုက္သည္။

ဝူခိုင္က ခ်င္ေကာ ဝတ္ထားတဲ့ပုံစံကို ျပန္သတိရသြားခဲ့ၿပီး “တီ႐ွပ္နဲ႔ ေပ်ာက္ၾကား ေဘာင္းဘီ” လို႔ တုံ႔ျပန္ၿပီးစကားေျပာခဲ့သည္။

"ေနာက္ၿပီးေတာ့ တစ္ျခားသူေတြေရာ ဘာဝတ္ထားေသးလဲ"  ဝူက်စ္က်စ္က သတိေပးလိုက္သည္။

ဝူခိုင္က ႐ုတ္​တရက္​ ဝူက်စ္က်စ္ ​ဘာကိုဆိုလိုခ်င္တာလဲဆိုတာကို သတိထားမိလိုက္​သည္​။  ဒီေန႔ ညစာသြားစားဖို႔ သူ႕အေမက သုံးရက္အလိုမွာ သူတို႔ရဲ႕ ဝတ္စုံေတြကို စၿပီးေ႐ြးခဲ့သည္။  ဝူနဲ႔ ခ်င္ မိသားစုမွ လူတိုင္းက သင့္ေတာ္တဲ့ ၀တ္စုံမ်ားႏွင့္ suit ေတြကို ၀တ္ဆင္ထားသည္။  ေပါ့ေပါ့ပါးပါး ၀တ္ဆင္ထားသူမွာ ခ်င္ေကာသာျဖစ္ၿပီး Gym သြားၿပီး ခ်က္ခ်င္းေရာက္လာခဲ့သလိုပဲ။ ခ်င္ေကာ စားေသာက္ဆိုင္ထဲကို စဝင္လာခဲ့တုန္းက သူ ထူးထူးျခားျခား မခံစားခဲ့ရေပ။

"ဒီေန႔ ဝူထုန္ တ႐ုတ္ဝတ္စုံကို ဝတ္စားထားၿပီးထြက္လာခဲ့ေပမယ့္ သူ႕ေဘးမွာ ရပ္ေနတဲ့သူက လုံျခဳံေရးအေစာင့္တစ္ေယာက္လို ၀တ္ထားတာကိုပဲ ၾကည့္လိုက္။ ဘယ္ေလာက္ရယ္စရာေကာင္းလိုက္လဲ ” ဝူက်စ္က်စ္ ရယ္ေမာလိုက္သည္။  "ခ်င္ မိသားစုရဲ႕ အႀကီးဆုံး သခင္ေလးက သူမကို ဂ႐ုမစိုက္ဘူးဆိုတာ ေတာ္ေတာ္႐ွင္းေနတာပဲဟာ"

ဝူခိုင္က ဝူက်စ္က်စ္ မ်က္ႏွာကိုၾကည့္ၿပီး သည္းမခံႏိုင္ေတာ့ဘဲ အမွတ္မထင္ေအာ္လိုက္သည္။ "အစ္မ!"

“ထားလိုက္ပါေတာ့။ ျပန္ၾကရေအာင္"  ဝူက်စ္က်စ္ သူမ မိတ္ကပ္ဘူးေလးကို အိတ္ထဲ ျပန္ထည့္ကာ စားေသာက္ဆိုင္ဆီ ျပန္သြားခဲ့သည္။  ဝူခိုင္က သူ႕အစ္မေနာက္ကေန စားေသာက္ဆိုင္ကို ျပန္လိုက္မသြားခင္ နံရံကို ဖ်တ္ခနဲ ကန္ပစ္လိုက္သည္။

ထိုအခ်ိန္တြင္ ညီအစ္ကိုႏွစ္ေယာက္က သန္႔စင္ခန္းေဘး႐ွိ အေရးေပၚတံခါးကို တြန္းဖြင့္လာခဲ့သည္။  ခ်င္ေကာက  ဝူက်စ္က်စ္နဲ႔ ဝူခိုင္ရဲ႕ ေနာက္ေက်ာကို စိုက္ၾကည့္ေနလိုက္သည္။  အနည္းငယ္ အံ့အားသင့္သြားကာ ေမးခဲ့သည္။ “ဒီကို ငါဒီလိုမ်ိဳးဝတ္လာတာက… ငါ့မိန္းမကို ဂ႐ုမစိုက္ဘူးဆိုတာ ျပေနတာလား”

"သူတို႔စကားနားေထာင္မေနနဲ႔"  ခ်င္ဟြိဳက္က သူ႕မ်က္လုံးေတြထဲ ေအးစက္ေသာအၾကည့္ျဖင့္ ဝူက်စ္က်စ္၏ အေ႐ွ႕ကိုဆက္သြားေနသည့္ပုံစံဆီ စိုက္ၾကည့္ေနခဲ့သည္။

"ခ်င္ဟြိဳက္" ခ်င္ေကာက ႐ုတ္တရက္ ေခၚလိုက္သည္။

ခ်င္ဟြိဳက္က သူ႕ကို အံ့ဩတဲ့ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။

"မင္း ဒီမိန္းကေလးကို ေမတၱာျပန္မေပးတာ ပိုေကာင္းတယ္" ဟု ခ်င္ေကာ သတိေပးလိုက္သည္။ "အကယ္၍သူမက မင္းကို လက္ထပ္ၿပီး ငါ့မိန္းမကို အႏိုင္က်င့္ခဲ့ရင္ ငါ မင္းဖင္ကို ကန္ပစ္မယ္"

ခ်င္ဟြိဳက္ မ်က္ေတာင္ခတ္လိုက္သည္။ သူ႕အစ္ကို ေျပာတာကို ၾကားလိုက္တာက မွန္လားဆိုတာ သူ မသိဘူး။

ေရလိႈင္းေတြ ဘယ္ေလာက္ပဲ လိႈင္းထေနပါေစ၊ ဘယ္ေလာက္ပဲ ဒရာမာေတြ ျဖစ္ခဲ့ပါေစ၊ အနည္းဆုံးေတာ့ အဲ့တာက မ်က္ႏွာျပင္ေအာက္မွာပင္။ ညစာစားပြဲကလည္း ေပ်ာ္႐ႊင္စရာ မွတ္ခ်က္တစ္ခုနဲ႔ ၿပီးဆုံးသြားခဲ့ၿပီ။ ဝူထုန္နဲ႔ ခ်င္ေကာတို႔က ဝူထုန္႔ ဒုတိယဦးေလးရဲ႕ မိသားစုကို အရင္ အရင္ျပန္လႊတ္လိုက္ၿပီး လက္႐ွိတြင္ မစၥတာနဲ႔ မစၥစ္ ခ်င္တို႔ ထြက္ခြာသြားဖို႔ ေစာင့္ေမွ်ာ္ေနၾကသည္။

ခ်င္ဟြိဳက္က သူ႕မိဘေတြေဘးမွာ ရပ္ေနစဥ္ အလ်င္အျမန္ အိပ္ေပ်ာ္ေနေသာ ေဖးေဖးကို သယ္ေဆာင္ထားခဲ့သည္။ ခ်င္ေကာအေပၚ  သူ႕အေမရဲ႕ နားပူနားဆာလုပ္တဲ့ အသံၾကားလိုက္ရသည္။  "မင္း ဝူထုန္ကို ေဘးကင္းကင္ အိမ္ျပန္ပို႔ေပးရမယ္ေနာ္ "

"အြန္း"  ခ်င္ေကာ ေခါင္းညိတ္ျပခဲ့သည္။

မစၥစ္ ခ်င္က ဝူထုန္ ဘက္လွည့္ၿပီး ေျပာခဲ့သည္။ "ထုန္ထုန္၊ အေမတို႔ အရင္ျပန္ႏွင့္ၿပီေနာ္"

“ႏႈတ္ဆက္ပါတယ္ အေဖနဲ႔အေမ။  ဂ႐ုတစိုက္နဲ႔ကားေမာင္းၾကပါ ” ဟု ဝူထုန္က ႏႈတ္ဆက္ခဲ့သည္။

ခ်င္မိသားစုက ကားေပၚသို႔တက္ကာ ေမာင္းထြက္သြားခဲ့ၾကသည္။  ဝူထုန္က အသက္ျပင္းျပင္း႐ွဴလိုက္သည္။  ႐ုတ္တရက္ ခ်င္ေကာက သူမ မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ကိုင္ၿပီး ဆြဲလွည့္လိုက္တ​ျေၾကာင့္ သူနဲ႔ တိုက္႐ိုက္ မ်က္ႏွာခ်င္းဆိုင္သြားခဲ့သည္။

သူမ အံၾသသြားၿပီး “ဘာျဖစ္လို႔လဲ” လို႔ ေမးလိုက္သည္။

"မင္းမေပ်ာ္ေနဘူးလားဆိုတာကို ကိုယ္စစ္ေဆးေနတာ" ဟု ခ်င္ေကာ ေျပာလိုက္သည္။

"ကြၽန္မ အဆင္ေျပပါတယ္" ဟု ဝူထုန္က ေျပာလိုက္သည္။

ခ်င္ေကာ ဝူထုန္ မ်က္လုံးေတြကိုၾကည့္လိုက္ခ်ိန္ သူမ လုံးဝ ဝမ္းနည္းေနပုံမေပၚေၾကာင္း သတိျပဳမိခဲ့သည္။  "အိုေက"

ခ်င္ေကာ ဝူထုန္ မ်က္ႏွာကို လႊတ္ေပးလိုက္ၿပီး သူမလက္ကို ကိုင္လိုက္သည္။  သူတို႔ႏွစ္ေယာက္လုံးက ခ်င္ေကာ၏ ဂ်စ္ကားဆီ ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္သြားခဲ့ၾကသည္။

"ေနာက္တစ္ခါ ကိုယ္ဒီလိုမ်ိဳး ထပ္မဝတ္ေတာ့ဘူး" ခ်င္ေကာက ႐ုတ္တရက္ေျပာလိုက္သည္။

"ဘာကိုဆိုလိုတာလဲ?"  ဝူထုန္က ခ်င္ေကာရဲ႕ ႐ွည္လ်ားေသာ အသြင္အျပင္ကို ေမာ့ၾကည့္လိုက္သည္။  သူ၏ သန္မာေသာ ခႏၶာကိုယ္အေပၚပိုင္း ပတ္ပတ္လည္တြင္ ဝတ္ထားေသာ စစ္စိမ္းေရာင္ တီ႐ွပ္အက်ႌက သူ၏ ေကာင္းမြန္ၿပီး ၿပီးျပည့္စုံေသာ ခႏၶာကိုယ္ကို ျပသထားသည္။  "႐ွင္အခုဝတ္ထားတဲ့ဟာက ႐ွင္နဲ႔လိုက္ပါတယ္"

"မင္းတို႔အားလုံးက အကုန္လုံးေကာင္းေကာင္းမြန္မြန္ဝတ္စားထားၾကၿပီး ကိုယ္ကေတာ့ ေပါ့ေပါ့ပါးပါးပဲ ၀တ္ထားတယ္" လို႔ ခ်င္ေကာက ေျပာခဲ့သည္။

ဝူထုန္ သူမ အလြန္အကြၽံ ၀တ္ဆင္ထားျခင္းအတြက္ အျပစ္႐ွိသည္ဟု ထင္လိုက္မိေသာေၾကာင့္ "ဒါဆို ေနာက္တစ္ခါ ကြၽန္မ ပိုၿပီး ေပါ့ေပါ့ပါးပါးျဖစ္တဲ့ဟာမ်ိဳးပဲ ဝတ္ပါ့မယ္" လို႔ ေျပာၿပီး သူ႕ကို စိတ္ခ်လက္ခ်ျဖစ္ေအာင္အားေပးစကားေျပာခဲ့သည္။

ခ်င္ေကာ ႐ုတ္တရက္ ရယ္ပစ္လိုက္သည္။  ဝူထုန္က တခါတရံ အ႐ူးတစ္ေယာက္လို ရယ္ေမာတတ္တဲ့ ခင္ပြန္းျဖစ္သူရဲ႕အက်င့္ကို က်င့္သားရေနၿပီျဖစ္သည္။  ခ်င္ေကာက ဝူထုန္အတြက္ ေ႐ွ႕ခရီးသည္ထိုင္ခုံ ေဘးတံခါးကိုဖြင့္ေပးခဲ့ၿပီး ဝူထုန္က ကားထဲမဝင္ခင္ ေက်းဇူးတင္စကားေျပာလိုက္သည္။ ထို႔ေနာက္ သူ ကားထဲ ဝင္လာကာ ဝူထုန္႔ ထိုင္ခုံခါးပတ္ကို ဂ႐ုတစိုက္ ကူညီေပးခဲ့သည္။  ဝူထုန္ မ်က္ေတာင္ခတ္ၿပီး ေဘးဘက္ကို လွည့္ကာ သူမရဲ႕ထိုင္ခုံခါးပတ္တပ္ေပးတာကို ကူညီခြင့္ေပးခဲ့သည္။

ခ်င္ေကာက သူမထိုင္ခုံခါးပတ္ကို ခ်ိတ္ၿပီးေသာအခါတြင္ သူ႕အၾကည့္က သူမေကာ္လာေပၚ႐ွိ ၾကယ္သီးေပၚ က်ေရာက္သြားခဲ့သည္။  ပန္းေရာင္႐ွိၿပီး ဇီးသီးပြင့္လို ပုံသ႑ာန္႐ွိသည္။  ေသးငယ္ၿပီး လက္ရာေျမာက္ကာ အလြန္လွပပုံရသည္... ခ်င္ေကာ ၾကယ္သီးကို ညင္သာစြာထိဖို႔ သည္းမခံႏိုင္ေတာ့ဘဲ သူမ၏ တ႐ုတ္အက်ႌ ေကာ္လာကို ဂ႐ုတစိုက္ဖြင့္ရန္ လက္ႏွစ္ေခ်ာင္းကို အသုံးျပဳကာ ၾကယ္သီးကိုျဖဳတ္လိုက္သည္။

“ဘာ—” ဝူထုန္ အံ့ၾသစြာ ထထိုင္လိုက္ေသာ္လည္း ေႏွးေကြးလြန္းသြားသည္။

ဝူထုန္က လည္ပင္းနားက ခ်င္ေကာရဲ႕ ထြက္သက္ဝင္သက္ အသက္႐ွဴသံျပင္းျပင္းကို ခံစားလိုက္ရၿပီး သူမ လည္ပင္းကို လွ်ာျဖင့္ ညင္သာစြာ လ်က္လိုက္တာကိုခံစားလိုက္ရသည္။  သူမ အႏၶာကိုယ္ အတြင္း အပူေတြ ျမင့္တက္လာၿပီး သူမ ေျခဖဝါးမွ က်န္တစ္ကိုယ္လုံးအထိ အပူေတြစီးကူးသြားခဲ့သည္။ သူမ ခ်က္ခ်င္းပင္ အားေလ်ာ့သြားကာ ျပန္လည္တိုက္ခိုက္ရန္ ခြန္အားမ႐ွိေတာ့ေပ။

ခ်င္ေကာက သူမလည္ပင္းကို လ်က္ၿပီးေနာက္ ျပန္ခြာလိုက္သည္။  ေနာက္ေတာ့ သူမအေရျပားေပၚ ခ်န္ထားခဲ့တဲ့ အနမ္းအမွတ္ကို စိုက္ၾကည့္ေနခဲ့သည္။  အနည္းငယ္ အျပစ္႐ွိသလိုခံစားရသျဖင့္ ဝူထုန္႔ ေကာ္လာကိုၾကယ္သီးျပန္တပ္ေပးလိုက္သည္။  အနမ္းအမွတ္ကို ဖုံးကြယ္ၿပီးမွသာ ဝူထုန္ မ်က္လုံးထဲကို ၾကည့္ဖို႔ သတၱိ႐ွိလာခဲ့သည္။  နီျမန္းေနေသာ သူမမ်က္ႏွာႏွင့္ ေပ်ာ့ေခြေနတဲ့ပုံပန္းသ႑ာန္ကို ျမင္ေသာအခါတြင္မူ အေ႐ွ႕ခရီးသည္တံခါးကို အျမန္မပိတ္မီ သဘာဝမက်စြာ ေခ်ာင္းဆိုးခဲ့သည္။  သူ ဒ႐ိုင္ဘာ ထိုင္ခုံေပၚထိုင္ၿပီးေနာက္ ကားစေမာင္းခဲ့သည္။

ကားက ဝူထုန္ရဲ႕ တိုက္ခန္းကို ေရာက္တဲ့အခါ ဝူထုန္ က ​​ခ်င္ေကာရဲ႕ မ်က္လုံးကို မၾကည့္ႏိုင္ခဲ့ဘူး။  ကားတံခါးကို အျမန္ဖြင့္ကာ ေျပးထြက္သြားခဲ့သည္။  ဒီတုံ႔ျပန္မႈကိုျမင္ေတာ့ ခ်င္ေကာက သူမကို လြတ္ေျမာက္သြား ခြင့္မျပဳႏိုင္တာေၾကာင့္ သူမကို ျပန္ဆြဲခဲ့သည္။

"ဘာ...ဘာလုပ္တာလဲ"  သူမကို ေက်ာ္ျဖတ္ခဲ့တဲ့ ခံစားခ်က္က သည္းမခံႏိုင္ေလာက္ေအာင္ကို ခံစားရသည္။  ဝူထုန္က ခ်င္ေကာ ဒုတိယအခ်ီကို ဆက္သြားခ်င္မွာ ေၾကာက္ခဲ့သည္။

"ဘာလို႔ ကိုယ့္ကို မၾကည့္တာလဲ"  ခ်င္ေကာ အနည္းငယ္ စိတ္မေကာင္းျဖစ္ၿပီး ေမးလိုက္သည္။

"႐ွင္ ဘာအေၾကာင္းကို ေျပာေနတာလဲ?"  ဝူထုန္ ႐ွက္႐ြံ႕စြာ တုံ႔ျပန္လိုက္သည္။

သူမရဲ႕ လည္ပင္းကို အမွတ္အသားေပးတာမွာ ငါသည္းမခံႏိုင္ခဲ့မိလို႔ သူမကိုေၾကာက္ေအာင္လုပ္မိသြားခဲ့တာမ်ားလား။ အဲဒါ ျဖစ္ႏိုင္ပါတယ္။  လည္ပင္းက လူ႕ခႏၶာကိုယ္၏ အထိအခိုက္မခံႏိုင္ဆုံး အစိတ္အပိုင္းျဖစ္သည္။  သူမ ေၾကာက္တာက ပုံမွန္ပါပဲ၊ ခ်င္ေကာ သူ႕ကိုယ္သူ က်ိဳးေၾကာင္းဆင္ျခင္ခဲ့သည္။

"ကိုယ္ မင္းကို ထိခိုက္ေအာင္မလုပ္ပါဘူး" ခ်င္ေကာ သူမကို အာမခံခဲ့သည္။  “ဒါ့အျပင္ လူေတြကို သတ္တဲ့အခါက်ရင္ လည္ပင္းလွီးရတာကို ကိုယ္ မႀကိဳက္ဘူး။လည္ပင္းက ေသြးအရမ္းထြက္တယ္"

“…...” ဝူထုန္ ခ်က္ခ်င္း မ်က္ႏွာျဖဴေဖ်ာ့သြားခဲ့သည္။

"အိုး ဟုတ္သားပဲ။  ခ်င္ဟြိဳက္က ေျပာတယ္ မင္းမွာ ေမာင္ေလးတစ္ေယာက္႐ွိတယ္ဆို  သူေနမေကာင္းျဖစ္ေနလို႔ ေဆး႐ုံတက္ေနရတယ္လို႔ ေျပာျပတယ္။  မနက္​ျဖန္​သူ႕ဆီသြားလည္​ၾကရင္ေကာဘယ္လိုလဲ "

"မလိုပါဘူး"  သူတို႔ ရန္ျဖစ္ကုန္ရင္ ငါ့ေမာင္ေလး ဘာျဖစ္သြားမလဲ။

"ဘာလို႔လဲ"  ခ်င္ေကာ ေမးလိုက္သည္။

“သူ…သူ…” ဝူထုန္ တစ္ခုခုကို ေျပာဖို႔ ႀကိဳးစားခဲ့သည္။  “ကြၽန္မရဲ႕ေမာင္က ေလာေလာဆယ္ ႐ွင္နဲ႔ၿပိဳင္လို႔မရေသးဘူး ဆိုေတာ့ သူက ႐ွင့္ကို မေတြ႕ခ်င္ေသးဘူး။  ႐ွင္ သူ႕ဆီလာလည္ဖို႔ သူက်န္မာလာဖို႔ အဆင္သင့္မျဖစ္ခင္အထိ ေစာင့္ဖို႔ ေျပာထားတယ္။ သူလည္း ႐ွင္ ကြၽန္မကို အႏိုင္က်င့္ေနတာကို လိုခ်င္မွာမဟုတ္ဘူး ”

*ျပဳံးလိုက္သည္* “သူ ေတာ္ေတာ္ ရဲရင့္တာပဲ။  ကိုယ့္ေစာင့္ေနမယ္လို႔ သူ႕ကိုေျပာလိုက္"  ခ်င္ေကာက အရမ္းစိတ္လႈပ္႐ွားေနပုံပဲ။

"နမ္းတာကို အႏိုင္က်င့္တယ္လို႔ မတြက္ဘူး မဟုတ္လား"

......

အခ်ိန္​​ေတြကုန္တာ အရမ္းျမန္​လြန္းတယ္

မ်က္စိတစ္မွိတ္အတြင္းမွာပဲ ခ်င္ေကာနဲ႔ ဝူထုန္တို႔ရဲ႕ ဟန္းနီးမြန္းမထြက္ခင္ ရက္ ၂၀ ပဲလိုေတာ့သည္။  ဤလက္က်န္အခ်ိန္မ်ားတြင္၊ ဝူထုန္သည္ သူမ၏ေမာင္ေလးထံသို႔ သြားေရာက္လည္ပတ္ဖို႔ ေန႔တိုင္း ေဆး႐ုံသို႔သြားခဲ့သည္။  သူ႕ကို ေဆး႐ုံက ဆင္းခြင့္ျပဳတဲ့ အထိ တျဖည္းျဖည္း သက္သာလာတာကို သူမ ေတြ႕လိုက္ရသည္။  ဝူထုန္က သူ႕ကို ၿမိဳ႕ေတာ္ S ဆီ ေလယာဥ္နဲ႔ ကိုယ္တိုင္ကိုယ္က်ပို႔ေပးခဲ့သည္။

“အစ္မ၊ ကြၽန္ေတာ္တကယ္ ႏွစ္သစ္ကူးအထိ ေစာင့္ရမွာလား”  ေ႐ွာင္ယြမ္က သူ႕ေယာက္ဖ သူ႕ကို တစ္ခါမွလာမေတြ႕လို႔ ေနမထိထိုင္မသာျဖစ္ေနတဲ့မ်က္ႏွာ ျဖစ္ေနသည္။

"အရင္က အစ္မေျပာခဲ့တာကို မွတ္မိလား"

ေ႐ွာင္ယြမ္က ဒါကို လက္မလႊတ္ေပးခ်င္ဘူး။  "ဒါဆို....... အနည္းဆုံးေတာ့ သူ႕ကို ဖုန္းေခၚလို႔ရတယ္မလား"



#25.5.2023

Continue Reading

You'll Also Like

294K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
321K 34.3K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
768K 46.5K 30
A love contest between a boy who likes to kick football and a little doctor.