တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

50.7K 4K 182

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7

8 - 14 ( end )

1.2K 68 5
By Azure5549

#အပူအပင်မဲ့အင်မော်တယ်
Book 31
Chapter 8
ပုံပြင် ၅ (သေချင်နေတာလား)

“ဒါက မဟာမိုးကြိုးဂိုဏ်းလား”
ယန့်ရှီလည်း ကီလိုမီတာ ငါးထောင်လောက် အကျယ်အဝန်းကို ခြုံကြည့်ပြီး မေးမြန်းလိုက်ပါပြီ။

“ဟုတ်ပါတယ်”
သူတို့ လမ်းမှာ စကားပြောရင်းနဲ့ သက်လတ်ပိုင်းအရွယ် လူကြီးနာမည်ဟာ လျှိုမု ဖြစ်ကြောင်း သိလာခဲ့ရပါပြီ။ သူဟာ မဟာမိုးကြိုးဂိုဏ်းက အဓိက အကြီးအကဲ တစ်ဦးပါ။ သူ့ရာထူးအဆင့်အတန်းဟာ အလွန်ကို မြင့်မားပါတယ်။ တကယ်လို့ ဖန်းကီအနေနဲ့ ဂိုဏ်းကနေ မထွက်လာဘူးဆိုရင် လျှိုမုအနေနဲ့ ကိုယ်တိုင် လိုက်လာမိမှာ မဟုတ်ပါဘူး။

ပြီးတော့ ဒီကုန်းမြေတိုက်ကြီးဟာ အပေါ်ယံ အင်အားအရ ဝိညာဉ်ဗဟိုကမ္ဘာနဲ့ မကွာခြားလှတာကြောင့် ဘိုးဘေးသူတော်စင် အဆင့်ဟာ အမြင့်ဆုံးအဆင့်လို့ ဆိုနိုင်ပါတယ်။တစ်နည်းဆိုရရင် ဒီနေရာမှာ မဟာစကြ၀ဠာ အဆင့်ဆိုတာ မရှိနေတော့ပါဘူး။

မဟုတ်ဘူးဆိုရင် ဖန်းကီ အသတ်ခံလိုက်ရလို့ လျှိုမု ဒေါသထွက်နေပါ့မလား။ ဒါပေမဲ့လည်း ဝိညာဉ်သစ်သီးကြောင့် ဒေါသတွေ ပြေသွားခဲ့ပါပြီ။

ပြောစရာတစ်ခုပဲ ရှိတာက မဟာမိုးကြိုးဂိုဏ်းဟာ ဒီကုန်းမြေတိုက်ကြီးရဲ့ ထိပ်တန်းအဖွဲ့အစည်း ငါးခုထဲက တစ်ခု ဖြစ်နေခဲ့တာပါ။ သူတို့တွေမှာ ဘိုးဘေးသူတော်စင် တစ်ဦး ရှိနေရုံတင်မက အလွန်ကျယ်ပြောတဲ့ တောင်တန်းဒေသနဲ့ ကောင်းကင်ရတနာ အရင်းအမြစ် အများအပြားကို ပိုင်ဆိုင်ထားခဲ့ကြပါတယ်။ ကောင်းကင်သူတော်စင် အဆင့်အောက် တန်ခိုးရှင်တွေဟာ ဒီနေရာမှာ နှစ်ဆလောက် တိုးတက်နှုန်း မြန်နေတာ တွေ့ရမှာပါ။

ဒါကြောင့်လည်း မျက်စိတဆုံး မြင်နေရတဲ့ တောင်တန်းဒေသ တစ်လျှောက် မဟာမိုးကြိုးဂိုဏ်းကို တည်ဆောက်ထားခဲ့ပါတယ်။ နန်းတော်တွေ အဆောက်အဦးတွေကိုလည်း နေရာတိုင်းလိုလို တွေ့ရမှာပါ။ ပတ်ဝန်းကျင် ရာသီဥတု ရှုခင်းကလည်း သာယာလွန်းပါတယ်။

ဒါပေမဲ့ ယန့်ရှီနဲ့ ချင်းရှောင်တို့ အံ့အားသင့်ပုံ မပြခဲ့ကြပါဘူး။ ပြောရရင် ဒီလို သာယာတဲ့ ရှုခင်းတွေ မြင်ရဖန်များလို့ ရိုးတောင်နေပါပြီ။

“ကျေးဇူးပြုပြီး ငါ့နောက် လိုက်ခဲ့ကြပါ”
လျှိုမုလည်း မလှမ်းမကမ်းက တောင်ထိပ်ဆီ ပျံသန်းသွားခဲ့ပါပြီ။

မကြာခင်မှာတော့ သူတို့ ၃ ဦး နန်းတော်တစ်ခုအရှေ့ ဆင်းသက်လာကြပါတော့တယ်။ လျှိုမုလည်း ဦးညွတ်လိုက်ပြီး
“အသင်တို့ နှစ်သီး ဒီမှာ ခဏလောက် နားကြပါဦး။ အမှုထမ်းတွေကို အစားအသောက် ပြင်ဆင်ချက်ပြုတ်ခိုင်းလိုက်ပါဦးမယ်”

ယန့်ရှီလည်း အစားအသောက်ဆိုတဲ့ စကားကို ကြားလိုက်ရတော့ မျက်လုံးတွေ အရောင်တောက်ပလာခဲ့ပါပြီ။

“အေး အေး… လာရင်ဝိညာဉ် အရက်အိုးနည်းနည်းလောက်ပါ ယူလာခဲ့ချေ”

“ဟုတ်ကဲ့ပါ”
လျှိုမုလည်း မှင်သက်သွားခဲ့ပေမယ့် ချက်ချင်း သဘောတူလိုက်ပါတော့တယ်။

ယန့်ရှီအနေနဲ့ ဒီလို တောင်းဆိုလာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ ဒါပေမဲ့ မကြာခင် အားလုံး ပြီးဆုံးသွားတော့မှာဆိုတော့ အရေးမှ မကြီးတော့တာ။

နန်းတော်ကနေ ထွက်ခွာလာပြီးနောက် လျှိုမုလည်း လူတချို့ကို စားသောက်ဖွယ်ရာတွေ ပြင်ဆင်ဖို့ ညွှန်ကြားလိုက်ပါပြီ။ ပြီးတာနဲ့ မဟာမိုးကြိုးဂိုဏ်း အတွင်းပိုင်းထဲ သူဝင်ရောက်သွားပါတော့တယ်။

“အဲ.. အဘိုးကြီးလျှိုပါလား။ ပြန်ရောက်လာပြီလား။ ဖန်းကီကော”

လမ်းမှာ မဟာမိုးကြိုးဂိုဏ်းက အကြီးအကဲ တစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဘိုးအိုက ဆံပင်တွေ ဖြူဖွေးနေပါပြီ။ သူမျက်မှောင်ကြုတ်ပြီး လျှိုမုကို လမ်းပိတ်ထားလိုက်ပါတော့တယ်။

“သေသွားပြီ”
လျှိုမု သာမန်ပဲ ဖြေလိုက်ပါပြီ။

“ဘာ”
အဘိုးအို တုန်လှုပ်သွားပါတော့တယ်။

“ဖန်းကီ သေသွားပြီလား။ ဘာတွေ ဖြစ်ကုန်တာလဲ”

“ဟမ့်.. မင်းကို ရှင်းပြနေဖို့ အချိန်မရသေးဘူး”
အဘိုးအိုကို တွန်းဖယ်လိုက်ပြီး လျှိုမု အသံနက်ကြီးနဲ့ မေးလိုက်ပါပြီ။

“ဂိုဏ်းချုပ် ဘယ်မှာလဲ”

တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်မိတာကြောင့် အဘိုးအို ဆက်မမေးတော့ပဲ အလေးအနက်ထား ဖြေလိုက်ပါတော့တယ်။

“လျှို့ဝှက်ခန်း…”

စကားမဆုံးခင်မှာပဲ လျှိုမုတစ်ယောက် မူလနေရာကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။

အဘိုးအို မှင်သက်ပြီး ကျန်ရစ်ခဲ့ပါတော့တယ်။ သူခဏလောက် စဉ်းစားလိုက်ပြီး နောက်ကနေ လိုက်သွားခဲ့ပါပြီ။

“ဂိုဏ်းချုပ်… ကျွန်တော် သတင်းပေးစရာ ရှိလို့ပါ”

လျှို့ဝှက်ခန်း အပြင်ဘက်မှာ လျှိုမုတစ်ယောက် ဒူးထောက်ပြီး အလေးအနက်ထား ပြောလိုက်ပါတော့တယ်။

“ငါတံခါးပိတ် တရားကျင့်နေတုန်း ဘယ်သူမှ လာမနှောင့်ယှက်နဲ့လို့ မှာထားတယ် မဟုတ်ဘူးလား”

အချိန်တော်တော်အကြာမှာတော့ စိတ်မရှည်စွာ ပြောလိုက်တဲ့ စကားသံ ပေါ်ထွက်လာခဲ့ပါပြီ။

“အဆင့်ကိုး ဝိညာဉ်သစ်သီးကို ကျွန်တော် ရှာတွေ့လာလို့ပါ”
လျှိုမုလည်း တည့်တိုးပဲ ရှင်းပြလိုက်ပါတော့တယ်။

“ဘာ…”

နောက်တဒင်္ဂ အကြာမှတော့ လျှို့ဝှက်အခန်းတံခါး တစစီကွဲကြေသွားခဲ့ပြီး တည်ကြည်ခန့်ညားတဲ့ လူငယ်လေးတစ်ဦး ပေါ်ထွက်လာခဲ့ပါပြီ။ သူ့အော်ရာအရှိန်အဝါဟာ ဘိုးဘေးသူတော်စင် အဆင့်ကို ရောက်နေတာ တွေ့ရမှာပါ။ သူဟာ အခုလက်ရှိ မဟာမိုးကြိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် စူးဟိုင်ပါပဲ။

“အဲဒါ အဆင့်ကိုး ဝိညာဉ်သစ်သီးဆိုတာ သေချာလို့လား”

“သေချာပါတယ်”
လျှိုမုလည်း ဝိညာဉ်သစ်သီးကို ထုတ်ယူပြီး ပြတ်သားစွာ ပြောလိုက်ပါပြီ။

စူးဟိုင်လည်း ဝိညာဉ်သစ်သီးကို သေချာ အကဲခတ်လိုက်ပြီးနောက် မယုံကြည်နိုင်စွာ ပြောလိုက်ပါတော့တယ်။

“ဒါက အဆင့်ကိုး ဝိညာဉ်သစ်သီး အမှန်ပဲ။ ပြီးတော့ အရည်အသွေးကလည်း အရမ်းကို ကောင်းလွန်းတယ်”

တစ်ချိန်တည်းမှာပဲ အနောက်ဘက်က လိုက်လာတဲ့ အဘိုးအိုလည်း မျက်လုံးတွေ ပြူးကျယ်ပြီး မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

လျှိုမုလိုပဲ အဘိုးအိုဟာ မဟာသူတော်စင်အဆင့်မှာ တန့်ရပ်နေတာ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ မဟုတ်လား။ သူ့အနေနဲ့ အဆင့်ကိုး ဝိညာဉ်သစ်သီးကိုသာ ရရှိနိုင်ခဲ့မယ်ဆိုရင် သေချာပေါက် အဆင့်တက်လှမ်းနိုင်မှာပါ။

“အဲဒါ ဘယ်ကနေ ရှာတွေ့လာခဲ့တာလဲ”
စူးဟိုင် စိတ်မရှည်နိုင်စွာ မေးမြန်းလိုက်ပါတော့တယ်။

အဆင့်ကိုး ဝိညာဉ်သစ်သီးဟာ မဟာသူတော်စင် အဆင့် တန်ခိုးရှင်ကို ဘိုးဘေးသူတော်စင်အဆင့် တက်လှမ်းရာမှာ ကူညီပေးနိုင်တဲ့အပြင် အမျိုးမျိုးသော ဆေးဝါးတွေ ဖော်စပ်ရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ လူငယ်လေးအနေနဲ့ မလိုချင်ပဲ ဘယ်နေပါ့မလဲ။

လျှိုမူလည်း မဖုံးကွယ်နေတော့ပဲ အဖြစ်အပျက် အလုံးစုံကို ရှင်းပြလိုက်ပါပြီ။

“အဲဒီ မိန်းကလေးက အဆင့်ကိုး ဝိညာဉ်သစ်သီးကို ဘာမှမဟုတ်သလို ထုတ်ပေးနိုင်ခဲ့တာ ကျွန်တော့်မျက်စိကိုတောင် ကျွန်တော် မယုံဝံ့တော့ဘူး”

လျှိုမု ရှင်းပြမှုကို နားထောင်ပြီးနောက် စူးဟိုင် မေးမြန်းလိုက်ပါပြီ။

“အဲဒီ မိန်းကလေးကော”

“သူမကို ဆိတ်ငြိမ်နှလုံးသား ခန်းမဆီ ဖိတ်ခေါ်လာခဲ့ပါတယ်”
လျှိုမု ပြောလိုက်ပါပြီ။

“မင်းတော်တယ်”

လျှိုမု ပုခုံးကို ပုတ်လိုက်ပြီး စူးဟိုင် အေးစက်စွာ ပြောလိုက်ပါတော့တယ်။

“ဂိုဏ်းအကာအကွယ် ၀င်္ကပါကို အသက်သွင်းလိုက်။ အပြင်လောကနဲ့ အဆက်အသွယ် အားလုံးကို ဖြတ်တောက်လိုက်တော့။ သူတို့ ဘယ်ကပဲ ရောက်လာပါစေ ထွက်သွားဖို့ မစဉ်းစားလေနဲ့တော့”

“အမိန့်အတိုင်းပါ”

လျှိုမုလည်း အကြံအစည် အောင်မြင်သွားပြီး ဖြစ်လို့ ပြုံးလိုက်ပါတော့တယ်။

ပြောရရင် အဆင့်ကိုး ဝိညာဉ်သစ်သီးကို ရရှိခဲ့စဉ်ကတည်းက လျှိုမုတစ်ယောက် ယန့်ရှီကို တစ်ခုခုလုပ်ဖို့  ကြံစည်နေတာပါ။ ယန့်ရှီဆီမှာ နောက်ထပ် သစ်သီးတွေ ရှိနေဦးမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ သူကိုယ်ရှိန်သတ်ခဲ့ပါတယ်။

အကြောင်းပြချက်ကတော့ ယန့်ရှီဟာ ဖန်းကီကို အလွယ်တကူ သတ်နိုင်နေပြီ ဆိုမှတော့ သူမရဲ့ တန်ခိုးကျင့်စဉ် အဆင့်ဟာ ဘိုးဘေးသူတော်စင်အဆင့်အောက် ကျစရာ အကြောင်းမရှိတော့ပါဘူး။ လျှိုမုလည်း အနိုင်ရဖို့ မျှော်လင့်ချက် မရှိလှတဲ့အတွက် ယန့်ရှီကို မဟာမိုးကြိုးဂိုဏ်းဆီ ဖိတ်ခေါ်လာပြီးမှ လုပ်ကြံဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ ယန့်ရှီ ဒီလောက်လွယ်လွယ်သဘောတူလိုက်လိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

ယန့်ရှီကို ဘိုးဘေးသူတော်စင် အထက်အဆင့် ရောက်နေမယ် မရောက်နေဘူးဆိုတော့ လျှိုမု နည်းနည်းလေးတောင် ထည့်သွင်းမစဉ်းစားခဲ့ပါဘူး။

၀ုန်း ၀ုန်း

စူးဟိုင် အမိန့်ထုတ်ပြန်လိုက်ပြီးနောက် မဟာမိုးကြိုးဂိုဏ်းတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်လာခဲ့ပါပြီ။ ဘယ်သူမှ တိုက်ခိုက်ခြင်း မခံရပဲ ဂိုဏ်းအကာအကွယ် ၀င်္ကပါ အသက်ဝင်လာပါတော့တယ်။

“ဘာတွေဖြစ်ကုန်တာလဲ။ ဂိုဏ်းအကာအကွယ် ၀င်္ကပါ အသက်ဝင်လာပါလား”

“ငါတို့ တိုက်ခိုက် ခံနေရပြီလား”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“…”

ဒီလို ဆူဆူညံညံ အသံတွေဟာ မဟာမိုးကြိုးဂိုဏ်းသား အများအပြားကို အာရုံစိုက်လာစေခဲ့ပါတယ်။ တချို့တပည့်တွေ စိတ်လှုပ်ရှား စိုးရိမ်နေကြပါပြီ။

နန်းတော်အတွင်းမှာတော့ ယန့်ရှီတစ်ယောက် စားသောက်နေခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို သူမ မျက်မှောင်ကြုတ် မော့ကြည့်လိုက်ပြီး
“စိတ်ဝင်စားစရာပဲ”

“ဘာဖြစ်လို့လဲ အန်တီယန်”

ချင်းရှောင်လည်း လက်ထဲမှာ ကိုင်ထားတဲ့ ပန်းကန်ကို ချလိုက်ပြီး လှမ်းစပ်စုလိုက်ပါပြီ။

နေရတာ အလွန်အေးချမ်းနေတာကြောင့်လည်း ချင်းရှောင်အနေနဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေကို သတိမထားမိခဲ့ပါဘူး။

“ဘာမှ မဟုတ်ပါဘူး”

ယန့်ရှီ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါပြီ။

“ကြည့်ရတာ ငါတို့တော့ လှည့်စားခံလိုက်ပြီထင်တယ်”

ချင်းရှောင် တစ်ခုခု ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာ ယန့်ရှီ လက်ကိုယမ်းလိုက်ပြီး
“ထားလိုက်ပါ။ ထားလိုက်ပါ။ သူတို့တွေကို မသေချင်သေးဘူးလို့ မျှော်လင့်ရတာပဲ”

စကား အဆုံးမှာတော့ ယန့်ရှီလည်း အသားကင်တစ်တုံးကို ကောက်ယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်ပါပြီ။

ဒီနေရာမှာ ရှိတဲ့ အစားအစာတွေက အလွန်ကို အရသာ ရှိလွန်းလှပါတယ်။ အနည်းဆုံးတော့ ယန့်ရှီကိုယ်တိုင်ချက်ပြုတ်ထားတာထက် အဆများစွာပိုပြီး အရသာ ရှိနေတာပါ။ ချင်းရှောင်လည်း ပျော်ရွှင်စွာ ဆက်လက် စားသောက်နေလိုက်ပါပြီ။

ဒုတ် ဒုတ် ဒုတ်

ဒီအချိန်မှာ လျှိုမုတစ်ယောက် ပြုံးရွှင်စွာ လျှောက်လှမ်း ရောက်ရှိလာပါတော့တယ်။

“အသင်တို့နှစ်ဦး ကျေနပ်ကြပါရဲ့လား”

“မဆိုးပါဘူး”
ယန့်ရှီလည်း ဝိညာဉ်အရက်ကို တစ်ကြိုက်မော့သောက်လိုက်ပြီး သာမန်ပဲ ပြောလိုက်ပါပြီ။

“အဲဒါဆို အသင်တို့ ကုန်ကျစရိတ် ပေးဖို့လိုအပ်ပါတယ်”
လျှိုမု ပြုံးရွှင်စွာ ဆက်ပြောလိုက်ပါတော့တယ်။

“ကုန်ကျစရိတ် ပေးရမယ်။ ဘာနဲ့လဲ”
ယန့်ရှီ နည်းနည်း အံ့ဩသွားပါတော့တယ်။

“ဒီက အစားအသောက်တွေကို အမျိုးမျိုးသော ကောင်းကင်ဘုံ ရတနာတွေနဲ့ ချက်ပြုတ်ထားတာပါ။ နတ်သမီး အနေနဲ့ အလကား စားသောက်လိုစိတ်တော့ မရှိဘူး ထင်ပါတယ်။ ဟုတ်တယ်မလား”
လျှိုမု မျက်နှာ နည်းနည်း ပြောင်းလဲသွားခဲ့ပါပြီ။

“ရှင်ဘာလိုချင်လဲ ပြောလေ”
ယန့်ရှီလည်း လေကုန်ခံမနေတော့ပါဘူး။

“အဆင့် ၉ ဝိညာဉ်သစ်သီး ၁၀ လုံး”

လျှိုမု လက်ချောင်းတွေ ဆန့်ထုတ်ပြီး ပြောလိုက်ပါတော့တယ်။

“မဟုတ်ဘူး။ ၂၀… အဆင့်ကိုး ဝိညာဉ်သစ်သီး အလုံး ၂၀ လိုချင်တာ”

“အိုး.. ရှင်တို့ရဲ့ စုတ်ချာလှတဲ့ အစားအသောက်တွေက အဆင့်ကိုး ဝိညာဉ်သစ်သီး  အလုံး ၂၀ တန်တယ်လား”
ယန့်ရှီ နှာခေါင်းရှုံ့လိုက်ပါပြီ။

သူမအနေနဲ့ ကောင်းကင်ရတနာတွေကို အရေးမစိုက်ပေမယ့်လည်း တစ်ဖက်လူက စိတ်တိုင်းကျ လိမ်ညာပြောတိုင်း လက်ခံစရာ အကြောင်းမှ မရှိတာ။

“တကယ်လို့ နတ်သမီးက သဘောမတူဘူးဆိုရင်တော့ ကျွန်တော်တို့ကို ယဉ်ကျေးမှု မရှိဘူးလို့ အပြစ်မတင်ပါနဲ့တော့”
လျှိုမု အေးစက်စွာ ပြောလိုက်ပါပြီ။

လျှိုမု မျက်လုံးတွေထဲ အန္တရာယ် အငွေ့အသက်တွေ ဖြာထွက်လာပါတော့တယ်။ သူလိမ်ညာပြောနေတာ မဟုတ်တာ သေချာသွားခဲ့ပါပြီ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 31
Chapter 9
ပုံပြင် ၆ (အရမ်းဝိတယ်ကွာ)

“နတ်သမီး သဘောမတူဘူးဆိုရင်တော့ ကျွန်တော်တို့ကို အဆိုးမဆိုပါနဲ့တော့”
လျှိုမု အေးစက်စွာ ပြောလိုက်ပါတော့တယ်။

“အိုး.. မင်းက ငါ့ကို ဘာများလုပ်နိုင်မှာမို့လဲ”
ယန့်ရှီလည်း ပါးစပ်ကို သုတ်လိုက်ပြီး အရေးမစိုက်ပဲ ပြန်ပြောလိုက်ပါပြီ။

“ဟား ဟား”
လျှိုမု လက်ကို ယမ်းလိုက်ပါတော့တယ်။

“တိုက်ခိုက်ကြဟေ့”

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ နန်းတော်ရဲ့ မျက်နှာပြင်အထက် ပေါက်ကွဲသံကြီး ပေါ်ထွက်လာခဲ့ပါပြီ။ အမှုန်တွေ လွင့်ပျံ့လာခဲ့ပြီးနောက် အမိုးပေါက်ကြီး ဖြစ်သွားတာ တွေ့လိုက်ရပါတော့တယ်။

ချင်ရှောင်လည်း လှမ်းကြည့်ကြည့်လိုက်ပါပြီ။ နန်းတော် ပတ်ဝန်းကျင်ကို မဟာမိုးကြိုးဂိုဏ်းက တန်ခိုးရှင်တွေ ဝိုင်းရံထားကြကြောင်း တွေ့လိုက်ရပါတော့တယ်။ အားလုံးက လက်နက်ကိုယ်စီ အသင့်ကိုင်ဆောင်ထားပြီး သုန်မှုန်စွာ စောင့်နေကြတာပါ။ ပြီးတော့ အားလုံးနီးပါဟာ ကောင်းကင်သူတော်စင် အဆင့်ကို ရောက်နေကြပြီး တချို့ဆို မဟာသူတော်စင် အဆင့်ကိုတောင် ရောက်နေကြပါပြီ။

ယန့်ရှီကို ဖမ်းနိုင်ဖို့အတွက် မဟာမိုးကြိုးဂိုဏ်းက အဆင့်မြင့် တန်ခိုးရှင် အားလုံးကို စေလွှတ်လိုက်ပြီ မဟုတ်လား။

“နောက်ဆုံးအခွင့်အရေး ပေးမယ်”
လျှိုမု လက်ညှိုးထိုးပြီး လူသတ်ငွေ့တွေ ပြည့်နေတဲ့ အသံနဲ့ ပြောလိုက်ပါပြီ။

“ဒါက မင်းတို့ရဲ့ဝှက်ဖဲလား”
မဟာမိုးကြိုးဂိုဏ်းက တန်ခိုးရှင်တွေကို ကြည့်ပြီး ယန့်ရှီ အထင်သေးစွာ ပြုံးလိုက်မိပါတော့တယ်။

“မင်းတို့တွေက ဘာဖြစ်လို့ သေချင်နေကြတာလဲ”

“ဟမ့်… အရှက်မရှိတဲ့ စကားတွေ”
လျှိုမု ဒေါသတကြီး ပြောလိုက်ပါပြီ။

“ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့တော့ မဟာမိုးကြိုးဂိုဏ်းကနေ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”

“အဲဒီလိုလား။ ငါဘယ်သူလဲ ဆိုတာကော မင်းတို့ သိကြရဲ့လား”
ယန့်ရှီ နှာခေါင်းရှုံ့လိုက်ပါတော့တယ်။

“မင်းဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး။ ငါတို့တွေက အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တောက်ထားလိုက်ပြီ။ ဘယ်သူမှ မင်းကို မကယ်တင်ပေးနိုင်တော့ဘူး”
လျှိုမု ခက်ထန်စွာ ဆက်ပြောလိုက်ပါပြီ။

“မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် ပျက်စီးသွားပြီ ဆိုရင် မင်းရဲ့ အော်ရာအရှိန်အဝါကို ဖယ်ရှားလိုက်မယ်။ အဲဒီအချိန်ကျရင် မင်းသေသွားတယ်ဆိုတာကို ဘယ်သူက သိနိုင်တော့မှာလဲ”

လျှိုမုက အရူးမဟုတ်ပါဘူး။ ယန့်ရှီဟာ အဆင့်ကိုး ဝိညာဉ်သစ်သီးကို လျော်ကြေးပေးနိုင်ခဲ့ပါတယ်။ သူမဟာ သာမန်လူတစ်ဦး မဟုတ်တာ သေချာနေပါပြီ။

ဖြစ်နိုင်ချေတစ်ခုကတော့ ရှေးဟောင်းနယ်မြေတစ်ခုခုကနေ သူမ ရလာခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နောက်ထပ် ဖြစ်နိုင်ချေကတော့ ယန့်ရှီဟာ မြင့်မြင်သော ဝိညာဉ်သစ်သီး စိုက်ပျိုးရာ လျှို့ဝှက်ကလန်သား တစ်ဦး ဖြစ်နိုင်တာမျိုးပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ယန့်ရှီဆီမှာ အဆင့်ကိုး ဝိညာဉ်သစ်သီးတွေ ထပ်ပြီး ရှိနေမှာ သေချာနေပါပြီ။

ယန့်ရှီဟာ ဒီကုန်းမြေတိုက်ကြီးက မဟုတ်ဘူး ဆိုတာကိုတော့ လျှိုမု မသိရှာခဲ့ပါဘူး။ သူနားလည်ထားသလောက်ဆိုရင် ဒိုင်မန်းရှင်းတွေရှိမှန်းတောင် မသိထားတဲ့ အဆင့်ပါ။

ပြီးတော့ ယန့်ရှီက လျှို့ဝှက်ကလန် တစ်ခုခုက ဖြစ်မယ်ဆိုရင် မဟာမိုးကြိုးဂိုဏ်းမှာ သေသွားရင်တောင်မှ ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။

“မင်းတို့တွေ အမှားကျူးလွန်လိုက်ကြပြီ”
ယန့်ရှီလည်း လက်ထဲက အရက်ခွက်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်ပြီး မတ်တတ်ထရပ်လိုက်ပါပြီ။

“ငါဆိုလိုတာက မင်းတို့တွေက အရမ်းကို အားနည်းလွန်းနေသေးတယ်”

“အဲဒါဆို ငါတို့တွေကို အဆိုးမဆိုနဲ့တော့။ တိုက်ခိုက်ကြဟေ့”

စကား အဆုံးမှာတော့ လျှိုမုတစ်ယောက် ယန့်ရှီဆီ ပြေးဝင်လာခဲ့ပါပြီ။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်အော်ရာအရှိန်အဝါတွေ ဖြာထွက်လာပါတော့တယ်။

၀ုန်း

မဟာမိုးကြိုးဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားခဲ့ပါပြီ။ နန်းတော်ကြီးကို ဗဟိုပြုပြီး ဝိညာဉ်လှိုင်းတွေ ဖြာထွက်လာပါတော့တယ်။ ဝိညာဉ်လှိုင်းတွေ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် မြေပြင်ဟာ တစ်လက်မချင်း ပဲ့ကြွေသွားခဲ့ပါပြီ။ မြင်ကွင်းက အလွန်ကို တုန်လှုပ်ဖို့ ကောင်းလွန်းလှပါတယ်။

အချိန်ဘယ်လောက် ကြာသွားလဲ မသိခင်မှာတော့ ဖြည်းဖြည်းချင်း ပြန်လည် ငြိမ်သက်သွားခဲ့ပါပြီ။ မူလတုန်းက လှပခမ်းနားခဲ့တဲ့ နန်းတော်ကြီးဟာ အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒါပေမဲ့ တောင်ကြီးကတော့ ဒီအတိုင်း ရှိနေဆဲပါပဲ။

ပြောရရင် မဟာသူတော်စင်အဆင့် လျှိုမုရဲ့ အင်အားအပြည့် တိုက်ခိုက်မှုဟာ တောင်ကြီးတစ်တောင်လုံးကိုပါ ပျက်စီးသွားစေရမှာပါ။ ဒါပေမဲ့ ဘာဖြစ်လို့ ဘာမှ မဖြစ်ခဲ့တာလဲ။

ဖုန်မှုန့်တွေ မီးခိုးလုံးတွေ လွင့်ပြယ်သွားချိန်မှာတော့ ပတ်ဝန်းကျင်က တန်ခိုးရှင်တွေဟာ အခြေအနေကို နားလည်သွားခဲ့ပါပြီ။

လျှိုမုရဲ့ တိုက်ခိုက်မှု ဟန့်တားခြင်း ခံလိုက်ရတာပါ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
အားလုံး တုန်လှုပ်စွာနဲ့ တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ကြပါတော့တယ်။

လျှိုမုလည်း အံ့အားသင့်နေပါပြီ။ သူ့မျက်လုံးကိုတောင် မယုံကြည်ဝံ့တော့ပါဘူး။

ယန့်ရှီကို မနိုင်နိုင်မှန်း သိလို့သာ မဟာမိုးကြိုးဂိုဏ်းသားတွေကို ခေါ်လာခဲ့တာပါ။ သူ့တိုက်ခိုက်မှုကို ယန့်ရှီ ဟန့်တားနိုင်မယ်ဆိုတာကိုလည်း ခန့်မှန်းမိခဲ့ပါတယ်။ ဒါပေမဲ့ အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ် မိန်းကလေးက  သူ့တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့မယ်ဆိုတာကိုတော့ ထင်တောင် မထင်ထားမိခဲ့ပါဘူး။

“အန်တီယန်ကို ရှင်တို့ အနိုင်ကျင့်ခွင့် မရှိဘူး”

ချင်းရှောင်လည်း လက်ကလေးကို ဆန့်ထုတ်လိုက်ပြီး လျှိုမုရဲ့ လက်သီးကို ဟန့်တားထားခဲ့ပါတယ်။ သူမ လက်မှာ စားစရာတွေ ပေကျံနေဆဲပါ။ လျှိုမုလက်သီးချက်ဟာ သူမအတွက် ငှက်မွှေးတောင်လေးတစ်ခုလိုပါပဲ။

“ဒါက…”

လျှိုမု ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။ သူ့ဝိညာဉ်စွမ်းအင်ကို ဘယ်လိုပဲ အသုံးပြုပါစေ တစ်လက်မတောင် ရှေ့တိုးလို့ မရတော့ပါဘူး။ နောက်ဆုတ်လို့လည်း မရတော့ပါဘူး။ တကယ်ကို စာဖွဲ့လို့မရအောင်ပါပဲ။

ဒီကောင်မလေးက သူ့ထက်တောင် အစွမ်းထက်နေပြီလား။

လာနောက်နေတာလား။

တစ်ဖက်မှာတော့ ချင်းရှောင်ကိုယ်တိုင် လှုပ်ရှားလိုက်လိမ့်မယ်လို့ ယန့်ရှီ ထင်မထားမိခဲ့ပါဘူး။ သူမလည်း ပြုံးလိုက်ပြီး ခါးသီးစွာ ပြောလိုက်ပါပြီ။

“ရှောင်ကလေး.. နောက်ဆုတ်လိုက်ပါ။ ကျန်တာ အန်တီ့ တာဝန်ထားလိုက်”

လျှိုမုရဲ့ အစွမ်းနဲ့ ချင်းရှောင်ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်စွမ်း မရှိပေမယ့်လည်း ယန့်ရှီအနေနဲ့ ချင်းရှောင်ကို ရှေ့ထွက်တိုက်ခိုက်ခွင့် မပြုနိုင်ပါဘူး။

ပြီးတော့ ချင်းရှောင်ဟာ အသက်ရှစ်နှစ်သာ ရှိသေးပြီး ဘယ်သူ့ကိုမှ မသတ်ဖူးသူပါ။ မဟုတ်ဘူးဆိုရင် လျှိုမု သေသွားလောက်ပါပြီ။

“ဒါပေမဲ”

ချင်းရှောင် တွေဝေစွာ ပြောလိုက်ပါတော့တယ်။

“ဘာလဲ။ အန်တီယန်ကို မယုံဘူးလား”

ယန့်ရှီ ပြုံးလိုက်ပါပြီ။

“ယုံပါတယ်”
ချင်းရှောင်လည်း ခေါင်းညိတ်လိုက်ပြီး လက်ကို ရုတ်သိမ်းလိုက်ပါပြီ။

ရွှစ်

လျှိုမုလည်း အသည်းအသန် နောက်ဆုတ်လိုက်ပါတော့တယ်။ ချင်းရှောင်က သူ့ကို ထပ်ပြီး ဖမ်းထားမှာကို စိတ်ပူနေမိတာပါ။

“၀င်္ကပါ”

ဒီအချိန်မှာ မဟာမိုးကြိုးဂိုဏ်းသား အားလုံးရဲ့ နားထဲ စကားသံတစ်ခုကို ကြားလိုက်ရပါပြီ။ သူကတော့ ဂိုဏ်းချုပ် စူးဟိုင်ပါပဲ။

အားလုံးပဲ အသိပြန်ဝင်လာခဲ့ကြပြီး ၀င်္ကပါကို အသုံးပြုလိုက်ကြပါပြီ။

ဒါက မဟာမိုးကြိုးဂိုဏ်းရဲ့ လျှို့ဝှက်အမွေအနှစ်ပါ။ ဒီ၀င်္ကပါကို ကောင်းကင်သူတော်စင် အဆင့်အထက် တန်ခိုးရှင်တွေက တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၀င်္ကပါ ပိုင်ရှင်ကို အချိန်တိုအတွင်း အများကြီး အစွမ်းထက်လာစေပါတယ်။ ၀င်္ကပါ ပိုင်ရှင်ကတော့ မဟာမိုးကြိုးဂိုဏ်းချုပ်ပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက မဟာမိုးကြိုးဂိုဏ်းဟာ ဒီ၀င်္ကပါကို အသုံးပြုပြီး အဖွဲ့အစည်းကြီး နှစ်ခုကို တွန်းလှန်ခဲ့ဖူးပါတယ်။

ဟူး

မဟာမိုးကြိုး ဝိညာဉ်စွမ်းအင်တွေဟာ ဂိုဏ်းအကာအကွယ် ၀င်္ကပါနဲ့ ဆက်တိုက် ပေါင်းစည်းလာခဲ့ပါပြီ။ စူးဟိုင်လေထဲ ပျံတက်လာပါတော့တယ်။ သူ့ကို ပေတစ်ထောင်ကျယ်ဝန်းတဲ့အလင်းစီးကြောင်းတွေ လွှမ်းခြုံနေပါပြီ။ သူဟာ ယန့်ရှီကို ငုံ့ကြည့်လိုက်ပြီး လက်ဝါးနဲ့ ရိုက်ချလိုက်ပါ်တော့တယ်။

ဒီလက်ဝါးထဲမှာ မဟာမိုးကြိုးဂိုဏ်းက အဆင့်မြင့် တန်ခိုးရှင် အားလုံးရဲ့ စွမ်းအင်တွေ ပါဝင်နေတာပါ။ ပြီးတော့ စူးဟိုင်နဲ့၀င်္ကပါ အစွမ်းတို့ကြောင့် ဘိုးဘေးသူတော်စင် တစ်ဦးတောင်မှ ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

မိုးကောင်းကင်ကို လွှမ်းခြုံသွားတဲ့ လက်ဝါးကြီးတစ်ခု ကျဆင်းလာတာကို တွေ့လိုက်ရတော့ ယန့်ရှီလည်း ပျင်းရိစွာ သန်းဝေလိုက်ပြီး လက်ကို တစ်ချက် ယမ်းလိုက်ပါပြီ။

ဝှီး

အလင်းစီးကြောင်းတစ်ခုဟာ ဝိညာဉ်စွမ်းအင်လက်ဝါးကြီးကိုကော ဂိုဏ်းအကာအကွယ် ၀င်္ကပါကိုကော ဖောက်ထွက်သွားပါတော့တယ်။ အဆိုပါ အလင်းရောင်ဟာ ချက်ချင်း မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။ အလွန်မြန်ဆန်တာကြောင့် ဝိညာဉ်အာရုံနဲ့တောင် မမြင်နိုင်ခဲ့ပါဘူး။

အလင်းရောင် ပျောက်ကွယ်သွားချိန်အထိ စူးဟိုင်ကော မဟာမိုးကြိုးဂိုဏ်းသားတွေကော ဘာမှ မသိခဲ့ကြပါဘူး။

ပြီးတာနဲ့ ဝိညာဉ်စွမ်းအင် လက်ဝါးကြီးဟာ တုန်ခါလာခဲ့ပြီး ၀ုန်းခနဲ ပေါက်ကွဲသွားခဲ့ပါပြီ။ ဂိုဏ်းအကာအကွယ် ၀င်္ကပါလည်း ပြိုကျပျက်စီးသွားပါတော့တယ်။

ဝေါ့

ချက်ချင်းဆိုသလို မဟာမိုးကြိုးဂိုဏ်းက အဆင့်မြင့် တန်ခိုးရှင်တွေ သွေးတစ်ပွက် အန်ထုတ်လိုက်ကြပါပြီ။ သူတို့ အော်ရာအရှိန်အဝါ ရုတ်ချည်း ပြုတ်ကျသွားပါတော့တယ်။ တချို့ အဆင့်နိမ့် တန်ခိုးရှင်တွေဆို မေ့မျောသွားခဲ့ကြပါပြီ။

စူးဟိုင်လည်း သွေးတစ်ပွက် အန်ထုတ်ခဲ့ပါတယ်။ သူဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီ မဟုတ်လား။

ဒါပေမဲ့ ဒဏ်ရာတွေကို စူးဟိုင် အရေးမစိုက်နိုင်သေးပါဘူး။ ယန့်ရှီရဲ့ သိုင်းကွက်က အလွန်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှတယ် မဟုတ်လား။

အခုမှပဲ စူးဟိုင်တစ်ယောက် သူဘယ်လောက် ဉာဏ်နည်းခဲ့ကြောင်း နားလည်သွားရှာပါပြီ။ ဘယ်လိုတည်ရှိမှုမျိုးကို သူအပြစ်သွားပြုမိသွားတာလဲ။

“အခု ငါ့အလှည့်ပေါ့”
ယန့်ရှီ အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတော့တယ်။

“မကောင်းတော့ဘူး”
စူးဟိုင်လည်း တုန်လှုပ်စွာနဲ့ ထွက်ပြေးဖို့ ဟန်ပြင်လိုက်ပါပြီ။ ဒါပေမဲ့ ပတ်ဝန်းကျင် တည်ရှိမှု စကြ၀ဠာ အားလုံး ပိတ်ဆို့ခြင်း ခံထားရတာ တွေ့လိုက်ရပါတော့တယ်။

နောက်တဒင်္ဂမှာတော့ အဆုံးအစမဲ့ အလင်းရောင်တွေ ကောင်းကင်ယံအထက် ဖြာထွက်လာခဲ့ပါပြီ။ မိုးကောင်းကင်အထက် နေမင်းအများအပြား ပေါ်ထွက်လာခဲ့တဲ့အလား ပူလောင်လာပါတော့တယ်။ ကီလိုမီတာ ၅၀၀၀ ဝန်းကျင်ဟာ အလွန်ကို တောက်ပလာခဲ့ပါပြီ။

ဒီလိုနဲ့ ယန့်ရှီဟာ ချင်းရှောင်ရဲ့ လက်ကလေးကို အလင်းရောင်အောက်မှာ လှမ်းဆွဲထားလိုက်ပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 31
Chapter 10
မြေအောက် ရေစီးကြောင်းများ

“အန်တီယန်”

“အေး”

“အန်တီက အဖေ့ တပည့်ကော ဟုတ်လို့လား”

“ဟုတ်တယ်လေ”

“ဒါပေမဲ့ အဖေက အစွမ်းမှ မထက်တာ။ ဘယ်လိုလုပ်ပြီး အန်တီယန့်ရဲ့ ဆရာဖြစ်နေတာလဲ”
ချင်းရှောင် နားမလည်နိုင်စွာ လှမ်းမေးလိုက်ပါပြီ။

“ဆရာက အရမ်းကို ခန့်ညားချောမောလွန်းလို့ပေါ့ကွယ်”
ယန့်ရှီ ပြုံးလိုက်ပါတော့တယ်။

“…”

“တကယ်တော့.. ဆရာက အရမ်းကို အစွမ်းထက်ပါတယ်”
ယန့်ရှီ အဓိပ္ပာယ်ပါပါ ဆက်ပြောလိုက်ပါပြီ။

“ဆရာ့ကြောင့်သာ မဟုတ်ဘူးဆိုရင် နတ်ဘုရားလောက ပျက်စီးသွားတာ ကြာလှပြီပေါ့ကွယ်”

“အဖေက ကမ္ဘာကို ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းကြီး ဖြစ်နေတာလား”

“အမှန်ပါပဲကွယ်”

“ဟမ့်.. အန်တီပြောတာ မယုံပါဘူး”
ချင်းရှောင်လည်း လက်ထဲ ကိုင်ထားတဲ့ သားရဲအသားကို တစ်ကိုက်ကိုက်လိုက်ပြီး မယုံနိုင်စွာ ပြောလိုက်ပါပြီ။

“…”

ယန့်ရှီ ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်မိပါတော့တယ်။

ချင်းရှောင် မွေးဖွားလာချိန်ကစလို့ ချင်းကျူဟာ ထပ်ပြီး မတိုက်ခိုက်ဖြစ်တော့ပါဘူး။ နေ့တိုင်းလိုလို သူအိပ်လိုက်၊ စားလိုက်၊ သီချင်းဆိုလိုက်နဲ့ ကျော်ဖြတ်ကုန်လွန်ခဲ့ပါတယ်။ ချင်းရှောင်အနေနဲ့ ဖခင်ဖြစ်သူ ဘယ်လောက်အစွမ်းထက်ကြောင်း မသိတာ မဆန်းလှတော့ပါဘူး။

ဆယ်မိနစ် အကြာမှာတော့ ယန့်ရှီလည်း လက်ထဲ ကိုင်ထားတဲ့ အရိုးကို လွှင့်ပစ်လိုက်ပြီး မတ်တတ်ထရပ်လိုက်ပါပြီ။

“သမီးဗိုက်၀ပြီလား”

“ဗိုက်၀ပါပြီ”
ချင်းရှောင်လည်း ပါးစပ်ကို သုတ်လိုက်ပြီး ဖြည်းလေးစွာ ခေါင်းညိတ်လိုက်ပါတော့တယ်။

“ကောင်းပြီလေ။ သွားကြရအောင်”

မဟာမိုးကြိုးဂိုဏ်းကနေ ထွက်လာခဲ့တာ ခုနစ်ရက် ကြာမြင့်သွားခဲ့ပါပြီ။ ဒီခုနစ်ရက် အတွင်း ယန့်ရှီဟာ ချင်းရှောင်ကို ခေါ်ပြီး အမျိုးမျိုးသော ဒိုင်မန်းရှင်းတွေမှာ စားကောင်းသောက်ဖွယ်တွေကို ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ပါတယ်။

မဟာမိုးကြိုးဂိုဏ်းရဲ့အဖြစ်အပျက်ကတော့ အသေးအဖွဲဖြစ်လို့ သူတို့နှစ်ဦးလုံး စိတ်ထဲ ထည့်တောင်မထားခဲ့ကြပါဘူး။

ဒါပေမဲ့ယန့်ရှီဟာ မဟာမိုးကြိုးဂိုဏ်းက အပြစ်မဲ့လူသားတွေကိုတော့ မသတ်ခဲ့ပါဘူး။ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့အထဲ ပါဝင်ခဲ့တဲ့ အဆင့်မြင့် တန်ခိုးရှင်တွေ၊ ဂိုဏ်းချုပ်စူးဟိုင်နဲ့ အကြီးအကဲ လျှိုမုတို့ကိုသာ သတ်ဖြတ်ခဲ့ပါတယ်။

“အန်တီယန်… သမီးတို့ ဘယ်ကို ဆက်သွားကြမလဲ”

စကြ၀ဠာ အတွင်း ချင်းရှောင်လည်း ယန့်ရှီနောက် လိုက်ပါရင်း စိတ်ဝင်တစား မေးမြန်းလိုက်ပါပြီ။

“အဲ”

ယန့်ရှီလည်း မှင်သက်သွားပါတော့တယ်။ သူမ ရှက်ရွံ့စွာ ပြုံးလိုက်မိပါပြီ။

ပြောရရင် သူမ ဘယ်နေရာ ရောက်နေတယ် ဆိုတာကိုတောင် မေ့သွားခဲ့ပြီ မဟုတ်လား။

“နေဦး…”

စကြ၀ဠာ တည်နေရာပြမြေပုံကို ယန့်ရှီ အလေးအနက်ထား ကြည့်ရှုရင်း အံ့အားသင့်စွာ ပြောလိုက်ပါပြီ။

“ငါတို့တွေ ဘယ်တုန်းက ဒီကို ရောက်လာခဲ့တာလဲ”

“ဘာဖြစ်လို့လဲ အန်တီယန်”
ချင်းရှောင် မြန်မြန် လှမ်းမေးလိုက်ပါတော့တယ်။

“အဟမ်း.. ဘာမှမဟုတ်ပါဘူး။ ဘာမှမဟုတ်ပါဘူး”

ယန့်ရှီလည်း လက်ကို ယမ်းလိုက်ပြီး တွေဝေစွာ ပြန်ပြောလိုက်ပါပြီ။
“အန်တီတို့.. ကြည့်ရတာ ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခု နယ်မြေကို ရောက်နေကြပြီ။ အန်တီ အမှတ်မမှားဘူးဆိုရင် သမီးအမေက အရှေ့က ကုန်းမြေတိုက်ကြီးမှာ ရှိလိမ့်မယ်”

ပြောပြောဆိုဆိုနဲ့ အရှေ့မှာ ရှိနေတဲ့ ကုန်းမြေတိုက်ကြီးကို ယန့်ရှီ ညွှန်ပြလိုက်ပါတော့တယ်။

“ဟုတ်လား။ ပြေးကြမယ်လေ.. အဲဒါဆို”

ချင်းရှောင် တုန်လှုပ်သွားခဲ့ပါပြီ။ သူမ အနေနဲ့ အပြင်ထွက်လာဖို့ မလွယ်လှပါဘူး။ အမေက ဖမ်းမိသွားတာမျိုး သူမ မကြိုက်ပါဘူး။

“အရမ်း နောက်ကျသွားပြီကွယ်”
ယန့်ရှီ ခါးသီးစွာ ပြုံးလိုက်ပါတော့တယ်။

သူမ စကားမဆုံးခင်မှာပဲ နံဘေးက စကြ၀ဠာ တည်ရှိမှု လိမ်တွန့်သွားခဲ့ပါပြီ။ နှင်းဖြူ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပြိုင်စံရှားအောင် လှပတယ် ဆိုနိုင်တဲ့ မိန်းမချောလေးတစ်ဦး လမ်းလျှောက်ပေါ်ထွက်လာပါတော့တယ်။

“နင်တို့နှစ်ယောက် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာကြတာလဲ”
မိန်းမချောလေးက လှမ်းမေးလိုက်ပါပြီ။

“အမေ”

ချင်းရှောင်လည်း ထွက်ပြေးဖို့ ဟန်ပြင်နေဆဲမှာပဲ မိန်းမချောလေးကို တွေ့လိုက်ရတော့ မှင်သက် ရပ်တန့်သွားခဲ့ပါပြီ။

အမှန်ပါပဲ။ ဒီမိန်းမချောလေးကတော့ ဆုယန်ပါ။ သူမဟာ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်နဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းတို့ရဲ့ ပြဿနာကို ဖြေရှင်းဖို့ ရောက်လာခဲ့တာပါပဲ။

တာအို အတည်ပြုခြင်း နတ်ဘုရား ဘုရင်အဆင့် ရောက်နေပြီ ဖြစ်တဲ့ ဆုယန်ရဲ့ တန်ခိုးကျင့်စဉ် အဆင့်နဲ့ သူမဟာ ယန့်ရှီနဲ့ ချင်းရှောင်တို့ ရောက်လာလာချင်း ချက်ချင်း သတိထားမိခဲ့ပါတယ်။

“အဲ.. အစ်မတော်ဆုယန်… ရှောင်ကလေးက အပြင်ထွက်ပြီး ဆောကစားချင်တယ် ပြောလို့ ခေါ်လာပြီး ဟိုဒီ လိုက်ပြနေတာပါ”
ယန့်ရှီလည်း ချင်းရှောင်ကို ချက်ချင်း သစ္စာဖောက်လိုက်ပါပြီ။

“ပေါက်ကရတွေ”

ဆုယန်လည်း ချင်းရှောင်ခေါင်းကို လက်နဲ့ခေါက်လိုက်ပြီး
“သမီးကို လျှောက်လျှောက်မသွားဖို့ အမေ ဘယ်နှစ်ခါ မှာထားပြီးပြီလဲ။ သမီး အန္တရာယ်တစ်ခုခုနဲ့ တွေ့ရင် ဘယ်လိုလုပ်မတုန်း”

“နာတယ် မေမေ…”

ချင်းရှောင်လည်း ခေါင်းကို ပွတ်သပ်ရင်း မကျေမနပ် ပြန်ပြောလိုက်ပါပြီ။

“ဒါပေမဲ့ အန်တီယန့်က သူဘေးမှာသာ ရှိနေမယ်ဆိုရင် ဘာမှ ကြောက်စရာမလိုဘူးလို့ ပြောခဲ့တယ်…”

ယန့်ရှီ
“….”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

ဟေး.. ဟေး ဟေး.. ငါဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ။

ဆရာတူသမီးပဲ။

“ယန့်ရှီ.. သူပြောတာ အမှန်ပဲလား”
ဆုယန်လည်း ယန့်ရှီကို ဒေါသနဲ့ လှမ်းကြည့်လိုက်ပါပြီ။

“အာ..လျှောက်ပြောနေတာ”

ယန့်ရှီလည်း မြန်မြန်ပဲ ပြတ်ပြတ်သားသား ငြင်းလိုက်ပါတော့တယ်။

“အဲလိုမျိုး ကျွန်မ မပြောဖူးပါဘူး”

“အန်တီယန်…”

ချင်းရှောင်လည်း ယန့်ရှီရဲ့ အဝတ်စကို ဆွဲပြီး မကျေမနပ် ပြောလိုက်ပါပြီ။ ဒါပေမဲ့ ဆုယန်က သူမကို လက်ဆွဲထားလိုက်ပါတော့တယ်။

“အန်တီယန်ဆီကနေ အကူအညီ တောင်းမနေနဲ့တော့။ နင်ဘာလုပ်နိုင်တယ်ဆိုတာ ငါမသိဘူးများ မှတ်နေလား”

ပြောပြောဆိုဆိုနဲ့ ချင်းရှောင်ရဲ့ တင်ပါးကို ဆုယန် လက်ဝါးနဲ့ ခပ်ဆတ်ဆတ်လေး ရိုက်လိုက်ပါပြီ။

“ဝါး ဝါး ဝါး.. သမီး မှားပါတယ်။ သမီးမှားပါတယ်။ ထပ်မလုပ်တော့ပါဘူး”

ချင်းရှောင်ဟာ အစစ်အမှန် နတ်ဘုရား အဆင့် တန်ခိုးရှင် ဖြစ်နေပေမယ့်လည်း အသက် ရှစ်နှစ်အရွယ်သာ ရှိနေပါသေးတယ်။ သူမ မိခင်ရဲ့ ရိုက်မှုကြောင့် ငိုယိုသွားခဲ့ပါပြီ။

ဒါကို တွေ့လိုက်ရတော့ ယန့်ရှီ အကြံပေးလိုက်ပါတော့တယ်။

“အစ်မတော်ဆုယန်ကလည်း သူ့ကို မရိုက်ပါနဲ့တော့။ ကျွန်မ အဲဒီလို မပြောခဲ့ပေမယ့်လည်း သူ့ကို အပြင်ခေါ်လာခဲ့မိတာပဲလေ။ ဒါကြောင့် အစ်မတော် အပြစ်ပေးချင်ရင်လည်း ကျွန်မကိုပဲ အပြစ်ပေးလိုက်ပါ”

“ဟေး…တော်ပြီ.. တော်ပြီ။ နင်တို့တွေ တတ်ပဲ တတ်နိုင်လွန်းကြတယ်”
ဆုယန် ကူကယ်ရာမဲ့စွာ ပြောလိုက်ပါပြီ။

“တော်ပြီ။ မငိုနဲ့တော့။ ဒီတစ်ခေါက် အန်တီယန်ကြောင့် နင့်ကို ခွင့်လွှတ်ပေးလိုက်မယ်”

“အင်း.. ၀ူး  ၀ူး”

ချင်းရှောင်လည်း ငိုနေရာကနေ ချက်ချင်း တိတ်ပြီး ပြုံးရွှင်သွားခဲ့ပါပြီ။ သူမကို ကြည့်ရတာ ဘာမှ မဖြစ်ခဲ့သလိုပါပဲ။

ဆုယန်
“…”

ယန့်ရှီ
“…”

“နင်တို့နှစ်ယောက် ထွက်လာတာ ဘယ်လောက် ကြာသွားပြီလဲ”

ခဏလောက် အကြာမှာ ဆုယန် လှမ်းမေးလိုက်ပါတော့တယ်။

“လဝက်လောက်တော့ ရှိသွားပြီ”
ယန့်ရှီ တွေးတွေးဆဆ ပြန်ဖြေလိုက်ပါပြီ။

“လဝက်။ ဒါဆို အစ်ကိုကြီးချင်းကကော.. ဘယ်မှာလဲ”

“အဖေက တစ်နေရာကို ထွက်သွားတယ်”
ချင်းရှောင် ဖြေလိုက်ပါတော့တယ်။

“သူအပြင်ထွက်သွားတယ်လား။ ဘယ်ကို ထွက်သွားတာလဲ”
ဆုယန် အံ့ဩသွားခဲ့ပါပြီ။ ချင်းကျူက သူထွက်သွားတာ သူမကို လှမ်းမပြောပြခဲ့ပါဘူး။

“သမီးလည်း မသိဘူး”
ချင်းရှောင်လည်း မသိပါဘူး။ ချင်းကျူ မထွက်သွားခင်တုန်းက ခဏလောက် ထွက်သွားမယ်ပဲ ပြောခဲ့တာပါ။ ဘယ်ကို သွားမယ် ဘယ်လောက်ကြာမယ်ဆိုတာ မပြောခဲ့ဘူး မဟုတ်လား။

“ထားလိုက်ပါ။ ထားလိုက်တော့။ ငါနဲ့ပဲ လိုက်ခဲ့ကြ”

ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဆုယန်လည်း တွေးမတတ်တဲ့အတွက် လက်လျှော့လိုက်ရပါပြီ။

“ဟင်”
ယန့်ရှီလည်း မှင်သက်သွားပါတော့တယ်။ ဘာပြောလိုက်တာ….

“ဘာလဲ.. နင်တို့တွေက ဆက်ပြီး လျှောက်လည်ချင်ကြသေးတာလား”
ဆုယန် အေးစက်စွာ မေးလိုက်ပါပြီ။

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး”
ယန့်ရှီလည်း ခေါင်းကို ဆက်တိုက်ခါယမ်းလိုက်ပြီး
“အစ်မတော် ဆုယန်ရဲ့ စီစဉ်မှုကို ကျွန်မ လိုက်နာပါ့မယ်”

လာနောက်နေတာလား။ ချင်းကျူရဲ့ အကူအညီနဲ့ ဆုယန်ဟာ တာအိုအတည်ပြုခြင်း အဆင့်ကို ယန့်ရှီတို့ထက် ပိုပြီး စောစော ရောက်ရှိလာခဲ့ပါတယ်။ ဆုယန်ဟာ အခုဆို ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ချင်းကျူပြီးရင် အစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်နေပါပြီ။ ယန့်ရှီအနေနဲ့ သူမ ပြိုင်ဘက် မဟုတ်တော့ပါဘူး။

ပြီးတော့ ဆုယန်က ဆရာ့ရဲ့ ဇနီးမဟုတ်လား။ ဆုယန်အနေနဲ့ တန်ခိုးအစွမ်း မပိုင်ဆိုင်ထားဘူးဆိုရင်တောင်မှ ယန့်ရှီ သူမ စကား နားထောင်ရဦးမှာပါ။

ဒါကြောင့် သူတို့ နှစ်ဦး ဆုယန်နဲ့အတူ ကုန်းမြေတိုက်ကြီးဆီ ပျံသန်းသွားခဲ့ကြပါပြီ။

ယန့်ရှီပြောသလိုပဲ ရွှမ်းရီတောင်တန်းဂိုဏ်းခွဲတစ်ခုဟာ ဒီကုန်းမြေတိုက်ကြီးမှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ ဒီဂိုဏ်းခွဲဟာ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်စုနဲ့အနီးဆုံး ဂိုဏ်းခွဲပါ။

ချင်းကျူက နတ်ဘုရားလောကို အတွင်းလောကနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ကျော် တုန်းက ကမ္ဘာလောက ဥပဒေသတွေ ပြောင်းလဲပြီး ပေါင်းစည်းခဲ့ပြီးချိန်ကစလို့ အရာရာ ပြောင်းလဲသွားခဲ့ပါပြီ။ အဲဒီတုန်းက ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်ရဲ့ ဂိုဏ်းချုပ်ကြီး တျန်းဟွမ်ဂျိနဲ့ မဟာနတ်ဘုရားခုံရုံးတို့က စွန်း၀ူခုန်းတို့ဟာ ကောင်းကင်ဘုံ တက်လှမ်းခြင်း နတ်ဘုရားဘုရင်အဆင့်ကို တစ်ဦးပြီးတစ်ဦး တက်လှမ်းနိုင်ခဲ့ကြပါတယ်။ ဒီအတွက် သူတို့ ဩဇာအာဏာ နယ်ပယ်ဟာ ပိုပြီး ကျယ်ဝန်းလာခဲ့ပါပြီ။ ကောင်းကင်ဘုံ နန်းတော်နဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းတို့က သူတို့ကို စောင့်ကြည့်နေတာကြောင့်သာ မဟုတ်ဘူးဆိုရင် နှစ်ဖွဲ့လုံးဟာ အစောကြီးကတည်းက ကောင်းကင်ရတနာ သယံဇာတတွေအတွက် စစ်ပွဲကြီး ခင်းနေကြလောက်ပြီ မဟုတ်လား။

သာမန် အခြေအနေမျိုးမှာတော့ ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းအနေနဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းကို အပြစ်မပြုဝံ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေရဲ့ လှုပ်ရှားမှုကြောင့် ဆုယန်ကိုယ်တိုင်တောင် ရောက်လာခဲ့ပါပြီ။ ပြီးတော့ ဒီပြဿနာကို အချိန်တော်တော်ကြာသည်အထိ ဖြေရှင်းလို့လည်း မရသေးပါဘူး။ ဒါကြောင့် တော်တော်ကို အံ့ဩဖို့ ကောင်းနေပါတော့တယ်။

“အစ်မတော် ဆုယန်။ ဒီမှာ ဘာတွေဖြစ်နေလို့လဲ။ ဘာဖြစ်လို့ အစ်မ ကိုယ်တိုင် ရောက်လာခဲ့တာလဲ”
ယန့်ရှီ လှမ်းမေးလိုက်ပါပြီ။

“ဟူး..”
ဆုယန် သက်ပြင်းချလိုက်ပြီး
“လွန်ခဲ့တဲ့ နှစ်လတုန်းက ဒီဂိုဏ်းခွဲကို ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အသေအကြေ များခဲ့တယ်။ ဒါပေမဲ့ သေချာ စုံစမ်းစစ်ဆေးပြီးနောက် ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်း မဟုတ်တာကို သိခဲ့ရတယ်”

“ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်း မဟုတ်ဘူးလား။ ဒါဆို ဘယ်သူတွေလဲ”

ယန့်ရှီ မှင်သက်သွားခဲ့ပါပြီ။

“အစ်မလည်း သေချာ မပြောတတ်ဘူး”
ဆုယန် စကားဆက်လိုက်ပါတော့တယ်။
“ကောင်းကင်ဘုံ နတ်ဘုရားဂိုဏ်းချုပ်ကြီးလည်း ဒီအကြောင်း အစ်မကို ပြောပြခဲ့တယ်။ အဲဒီ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသူတွေက လတ်တလောမှာ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်ကနေ ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်တဲ့ တန်ခိုးရှင်တွေတဲ့။ သူတို့တွေ အသက်ရှင်လျက် ရှိနေ မနေတောင် မသိတော့ဘူးတဲ့။ ကြည့်ရတာ တစ်ယောက်ယောက်က ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်ဝင်တွေအဖြစ် အယောင်ဆောင်ခဲ့တာ ဖြစ်လိမ့်မယ်”

ခဏလောက် နှုတ်ဆိတ်လိုက်ပြီး ဆုယန် စကားဆက်ပြောလိုက်ပါပြီ။

“အစ်မ ခန့်မှန်းထားသလောက် ဆိုရင် သူတို့တွေက နတ်ဘုရားလောကသားတွေတောင် မဖြစ်နိုင်တော့ဘူး”

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 31
Chapter 11
နီးကပ်လာသော တပ်မဟာ

“ဂိုဏ်းချုပ်”

“ဂိုဏ်းချုပ်”

“…”

ရွှမ်းရီတောင်တန်းဂိုဏ်း ဌာနခွဲကို ရောက်တဲ့ အခါမှာတော့ တန်ခိုးရှင်တွေဟာ ဆုယန်ကို ချက်ချင်း ဦးညွတ်ကြိုဆိုခဲ့ကြပါတယ်။

အခုလက်ရှိ ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တာကြောင့် ဆုယန်ဟာ ဂိုဏ်းထဲမှာ အလွန်ဩဇာ ညောင်းသလိုပဲ နတ်ဘုရားလောကမှာလည်း အလွန်ဩဇာ ညောင်းလှပါတယ်။ သူမကို ဆုံတွေ့ရတဲ့ ဘယ်သူမဆို လေးလေးစားစား ဆက်ဆံကြစမြဲပါ။

အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ ဆုယန်ဟာ နတ်ဘုရား လောကမှာ တာအိုအတည်ပြုခြင်း အဆင့်ကို ရောက်နေပြီဖြစ်တဲ့ တန်ခိုးရှင် နှစ်ဦးထဲက တစ်ဦး ဖြစ်တာကြောင့်ပါ။ နောက်တစ်ဦးကတော့ ကောင်းကင်ဘုံ အင်ပါယာပါပဲ။ သူတို့နှစ်ဦးဟာ ပြိုင်ဘက်ကင်းနေပြီ ဆိုနိုင်နေပါတယ်။

အဘိုးမိုကတော့ တာအို နှလုံးသွင်းခြင်း အဆင့်ကို ရောက်သွားခဲ့ပြီ ဖြစ်ပြီးည ချင်းကျူလိုမျိုး လျှို့ဝှက်မထင်မရှားသာ နေထိုင်ပါတော့တယ်။ ဒါကြောင့် သူ့ကို ထည့်စဉ်းစားစရာ မလိုတော့ပါဘူး။

“ဂိုဏ်းချုပ်က…”
ဆံပင်ဖြူ အဘိုးအိုတစ်ဦး အဝေးကနေ စိုးရိမ်ပူပန်စွာ ပျံသန်းရောက်ရှိလာခဲ့ပါပြီ။

အခုပဲ ဆုယန်နဲ့ အရေးကြီး ကိစ္စတွေ ဆွေးနွေးနေခဲ့တာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဆုယန်က သူမသိလိုက်ခင်မှာပဲ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့ပါတယ်။

အဘိုးအိုလည်း စကားမပြောနိုင်ခင် မျက်နှာ ပျက်သွားခဲ့ပါပြီ။ ယန့်ရှီကို ကြည့်ပြီး သူအော်ပြောလိုက်ပါတော့တယ်။

“နင်.. နင်.. နင်.. ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ”

“ဘာလဲ..  ငါ့ကို မမြင်ချင်တော့ဘူးလား”
ယန့်ရှီကတော့ လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြုံးလိုက်ပါပြီ။

“ကြိုဆိုပါတယ်။ ကြိုတော့ ကြိုဆိုပါတယ်”

အဘိုးအိုလည်း အားတင်းပြီး ပြုံးလိုက်ရပါပြီ။ သူငိုချင်နေပေမယ့်လည်း မျက်ရည်မကျနိုင်ခဲ့ပါဘူး။

တခြားလူတွေ မသိကြပေမယ့်လည်း သူ့အရှေ့ ရှိနေတဲ့ အလွန်ကို ချောမောလှပတဲ့ မိန်းကလေးဟာ စကြ၀ဠာ သားရဲတွေထက်တောင် ပိုပြီး ကြောက်စရာ ကောင်းမှန်း အဘိုးအို သေချာသိထားပြီးသားပါ။

ဘာဖြစ်လို့လဲဆိုတော့ အဘိုးအိုရဲ့ စစ်ပွဲသားရဲကို ယန့်ရှီက သတ်စားလိုက်တာကြောင့်ပါပဲ။

အဲဒီ စစ်ပွဲ သားရဲဟာ နတ်ဘုရား တစ်ပိုင်းအဆင့်ကို ရောက်နေပါပြီ။

အဲဒီ အဖြစ်ဖြစ်ပျက်ခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်သွားခဲ့ပြီ မဟုတ်လား။ အဲဒီအချိန်တုန်းက ယန့်ရှီဟာ ဂိုဏ်းခွဲကို ဖြတ်သန်းသွားရုံသာ ဖြစ်ပြီး စားစရာ ရှာမတွေ့ခဲ့ရှာပါဘူး။ ဒါကြောင့် ကံဆိုးရှာတဲ့ စစ်ပွဲသားရဲဟာ သူမ ဗိုက်ထဲ ရောက်သွားခဲ့ပါတော့တယ်။ အဘိုးအိုလည်း ဒေါသထွက်လွန်းတာကြောင့် ယန့်ရှီနဲ့ အသေအကြေ တိုက်ခိုက်ဖို့အထိ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ယန့်ရှီက သူ့ကို နတ်ဘုရားသစ်သီး ဆယ်လုံး လျော်ကြေးပေးတာကြောင့် နောက်ဆုံးမှာ ကြေအေးလိုက်တာပါ။

အဲဒီအချိန်ကစပြီး ယန့်ရှီကို မြင်တိုင်း အဘိုးအို တုန်လှုပ်နေပါတော့တယ်။ ယန့်ရှီက နောက်ထပ် စစ်ပွဲ သားရဲတွေကို သတ်စားနေရင်ဘယ်လိုလုပ်မတုန်း။

ပြောရရင် ဒီကိစ္စဟာ မဟာမိုးကြိုးဂိုဏ်းမှာ ဖြစ်ပျက်ခဲ့တာနဲ့ တော်တော်လေး ဆင်တူပါတယ်။ လျှိုမုက လောဘကြီးမနေခဲ့ဘူးဆိုရင် ဒီလို အဖြစ်တွေ ဖြစ်လာမှာ မဟုတ်ပါဘူ။။

“ဟား ဟား. ကောင်းတယ်။ ကောင်းတယ်”
ယန့်ရှီလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါပြီ။

“…”

“…”

အဘိုးအိုရဲ့ နာမည်ကတော့ ကုန်းစွန်းချင်ပါ။ သူဟာ ရွှမ်းရီတောင်တန်းဂိုဏ်းခွဲရဲ့ လက်ထောက်ခန်းမရှင် ဖြစ်ပြီး နတ်ဘုရားဘုရင် အောက်အဆင့်ကို ရောက်ရှိနေပါပြီ။ ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ ကောင်းကင်ဘုံ ရတနာ အမျိုးမျိုးကို သူစီမံခန့်ခွဲရပါတယ်။

မကြာခင်တုန်းက ကောင်းကင်ဘုံ နတ်ဘုရား မျိုးနွယ်စု အယောင်ဆောင်ထားတဲ့ တန်ခိုးရှင်တွေ ဝင်ရောက်တိုက်ခိုက်လာခဲ့ပြီး ရွှမ်းရီတောင်တန်းဂိုဏ်းက ရတနာတွေ လုယူခြင်း ခံခဲ့ရပါတယ်။

ကုန်းစွန်းချင်သာ အကာအကွယ် ၀င်္ကပါကို အချိန်မီ အသက်သွင်းပြီး အရေးပေါ် အချက်ပြမှု မပို့ခဲ့ဘူးဆိုရင် အကျိုးဆက်က မတွေးဝံ့စရာပါပဲ။

အဲဒါတောင်မှ ရွှမ်းရီတောင်တန်းဂိုဏ်းခွဲအနေနဲ့ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ ဂိုဏ်းခွဲရဲ့ နေရာတိုင်းလိုလို ကျင်းကြီးတွေ ချိုင့်ခွက်ကြီးတွေ ပြည့်နေပါပြီ။ အကာအကွယ် ၀င်္ကပါတောင် ပျက်စီးသွားခဲ့ပါတယ်။ အဖွဲ့ဝင် အများအပြား ဒဏ်ရာရခဲ့ပြီး ကွန်းစွန်းချင်တောင် သေလုမျောပါး ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ ဆုယန်က ရောက်လာလာချင်းမှာပဲ ဆေးဝါး အများအပြားနဲ့ ကုသပေးခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် ကုန်းစွန်းချင် သေဆုံးသွားလောက်ပါပြီ။

“အကြီးအကဲ ကုန်းစွန်း… အဖြစ်အပျက်ကို ဆက်ပြီး ပြောကြရအောင်”
ဆုယန်လည်း သူတို့နှစ်ဦးကို စကားစ လှမ်းဖြတ်လိုက်ပါတော့တယ်။

“အဲ.. ဟုတ်ကဲ့။ ဟုတ်ကဲ့”

စကားအဆုံးမှာတော့ အဝေးကနေ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး ကုန်းစွန်းချင်ရဲ့ လက်ဝါးထဲ ကျဆင်းလာခဲ့ပါပြီ။

“အဲ…”

ကုန်းစွန်းချင်လည်း အံ့ဩသွားခဲ့ပြီးနောက် ချက်ချင်းပဲ အလင်းရောင်ကို အမှုန့်ချေလိုက်ပြီး အထဲက သတင်းကို ဖတ်ရှုကြည့်လိုက်ပါပြီ။

မကြာခင်မှာတော့ ကုန်းစွန်းချင် မျက်နှာအထက် တုန်လှုပ်မှုတွေ ပြည့်လာပါတော့တယ်။

“ဘာဖြစ်လို့လဲ”
ဆုယန် မျက်မှောင်ကြုတ်လိုက်ပါပြီ။

“နတ်ဘုရား ခုံရုံးနဲ့ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်တို့ တိုက်ခိုက်ခြင်း ခံနေရတာပါ”
ကုန်းစွန်းချင် မြန်မြန် ပြန်ဖြေလိုက်ပါတော့တယ်။

“ဘာ”
ဆုယန် အံ့ဩသွားခဲ့ပါပြီ။

“သူတို့ကို ဘယ်သူက ဝင်တိုက်ခိုက်ခဲ့တာလဲ”

“ကျွန်တော်လည်း သေချာ မသိဘူး။ ဒါပေမဲ့ သူတို့တွေက နတ်ဘုရားလောကက ဖြစ်ပုံမရပါဘူးခင်ဗျာ”

ကုန်းစွန်းချင်လည်း လက်ကို ယမ်းလိုက်ပြီး ပုံရိပ်တွေ ထိုးပြလိုက်ပါပြီ။

အဲဒါကတော့ ပျော့ပျောင်းတဲ့ အကြေးခွံ ပိုင်ဆိုင်ထားတဲ့ သတ္တဝါတစ်ကောင်ပါ။ သူ့အသွင်ဟာ လူသားတွေနဲ့ တော်တော်လေး ဆင်တူနေခဲ့ပါတယ်။ သူ့မျက်လုံးတွေဟာ အလွန်ကို ကြီးမားလွန်းလှပြီး မျက်လုံးထဲမှာ အဖြူရောင်မျက်သား မရှိပါဘူး။ ဒီသတ္တဝါဟာ တော်တော်ကို ထူးဆန်းတယ် ဆိုရမှာပါ။

“ဒါက…”
ဆုယန် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“သတင်းပို့ခဲ့တဲ့ အချက်တွေအရ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်နဲ့ မဟာနတ်ဘုရား ခုံရုံးတို့ကို ဝင်ရောက်တိုက်ခဲ့တာ ဒီသတ္တဝါတွေပါ”
ကုန်းစွန်းချင် စကားဆက်လိုက်ပါတော့တယ်။

“ပြီးတော့ သူတို့တွေက အသွင်ပြောင်းနိုင်စွမ်းလည်း ပိုင်ဆိုင်ထားကြပါတယ်”

“ဒါဆို…”

“အမှန်ပါပဲ။ ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ဒီသတ္တဝါတွေပါပဲ”

ကုန်းစွန်းချင်လည်း အံကို တင်းတင်းကြိတ်ရင်း စကားဆက်လိုက်ပါပြီ။

“ကြည့်ရတာ သူတို့တွေက ဒီတစ်ကြိမ်မှာ ရုပ်ဖျက်ဖို့ မတွေးတော့ဘူးထင်တယ်”

“ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်နဲ့ နတ်ဘုရားခုံရုံးတို့ကို သူတို့ ဘယ်အချိန်က ဝင်တိုက်ခိုက်ခဲ့တာလဲ”

“မနေ့တုန်းကပါ”

“သူတို့က ဘာလိုချင်တာလဲ”

“နောက်ဆုံးအကြိမ်တုန်းကလိုပါပဲ။ ကောင်းကင်ရတနာတွေပါ”

“ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်နဲ့ မဟာနတ်ဘုရားခုံရုံးတို့ကော အဆင်ပြေကြရဲ့လား”

“သူတို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ နတ်ဘုရားတပိုင်းအဆင့် တန်ခိုးရှင် တော်တော်များများတော့ သေဆုံးသွားခဲ့ကြပါတယ်”

“…”

ကုန်းစွန်းချင်ရဲ့ ရှင်းပြမှုကို နားထောင်ပြီးနောက် ဆုယန် တွေးနေမိပါတော့တယ်။

သာမန် အခြေအနေမှာတော့ အပြင်လောကက တန်ခိုးရှင်တွေ ကောင်းကင်ဘုံ လောကထဲ ဝင်ရောက်လာမယ်ဆိုရင် သူမအနေနဲ့ ပထမဆုံး သိရှိရမယ် မဟုတ်လား။ ဘာဖြစ်လို့ သူမ အာရုံမရခဲ့တာလဲ။

ပြီးတော့ တစ်ဖက်က ကောင်းကင်ရတနာ သယံဇာတတွေကို ပစ်မှတ်ထားနေတာပါ။ ဒါဆို သူတို့တွေက သယံဇာတတွေ လိုအပ်နေကြတာပဲလား။

ဆုယန် စဉ်းစားလို့ မရခင် အလင်းတန်း အများအပြား ပေါ်ထွက်လာခဲ့ပြီး သူမတို့အနီးကိုချက်ချင်း ရောက်ရှိလာခဲ့ပါပြီ။

“ခန်းမရှင်။ ဂိုဏ်းချုပ်”

အလင်းရောင်တွေ လွင့်ပြယ်သွားခဲ့ပြီး အထဲက လူရိပ်ကို တွေ့လိုက်ရပါတော့တယ်။ လူရိပ်က ဦးညွတ်လိုက်ပါပြီ။

“ဘာများလဲ”
ကုန်းစွန်းချင် လှမ်းမေးလိုက်ပါတော့တယ်။

သူတို့တွေကတော့ စုံစမ်းစစ်ဆေးဖို့ သူစေလွှတ်လိုက်တဲ့ အစောင့်အရှောက်တွေပါ။ အရေးကြီး ကိစ္စမရှိဘူးဆိုရင် သူ့ကို လာရှာကြမှာတောင် မဟုတ်ပါဘူး။

“မဟာနတ်ဘုရား ခုံရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဂြိုဟ်သားမျိုးနွယ်ဝင်တစ်ဦးကို ဖမ်းမိခဲ့လို့ပါ”
ခေါင်းဆောင်ဖြစ်တဲ့ လူငယ်လေးက ဖြေလိုက်ပါပြီ။

“ဟုတ်လား။ ဒီကို ခေါ်လာခဲ့ချေ”

ကုန်းစွန်းချင် ဝမ်းသာသွားပါတော့တယ်။ ဂြိုဟ်သားမျိုးနွယ်ဝင် တစ်ဦးကို ဖမ်းမိပြီဆိုတော့ စိတ်ဝိညာဉ်ရှာဖွေခြင်းနဲ့ စစ်ဆေးလိုက်မယ်ဆိုရင် အဖြစ်အပျက်ကိုသိနိုင်နေပြီ မဟုတ်လား။

ကုန်းစွန်းချင် တစ်ဖက် ပြန်လှည့်သွားချိန်မှာပဲ ခေါင်းငုံ့နေတဲ့ လူငယ်လေးဟာ ရုတ်တရက်ဆိုသလို ကုန်းစွန်းချင် ဦးခေါင်းကို လက်သီးနဲ့ ထိုးချလိုက်ပါပြီ။ သူ့တိုက်ခိုက်မှုဟာ အလွန်ကို မြန်ဆန်လှပါတယ်။

တစ်ချိန်တည်းမှာပဲ တခြား တန်ခိုးရှင်တွေကလည်း လက်နက်တွေ ကိုယ်စီ ထုတ်ယူလိုက်ကြပြီး ဆုယန်ကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြပါပြီ။

ဒါပေမဲ့ သူတို့တွေက ဆုယန်နဲ့ ကုန်းစွန်းချင်တို့ကို လျှော့တွက်ထားမိခဲ့ကြပါတယ်။

လူငယ်လေး လှုပ်ရှားလိုက်တဲ့ အချိန်မှာပဲ ကုန်းစွန်းချင်ဟာ မျက်မှောင်ကြုတ်လိုက်ပြီး လူငယ်လေးရဲ့ လက်သီးကို ဖမ်းထားလိုက်ပါပြီ။

တစ်ဖက်မှာတော့ ဆုယန် လှုပ်တောင်မလှုပ်ရှားခဲ့ပါဘူး။ စွမ်းအင်လှိုင်းတွေဟာ ဆက်တိုက် ဖြာထွက်လာခဲ့ပြီး ရန်သူတွေ အားလုံး လှုပ်ရှားမရ ဖြစ်သွားခဲ့ပါတော့တယ်။

“ချန်းနန်.. မင်းဘာလုပ်တာလဲ”
ကုန်းစွန်းချန် အေးစက်စွာ မေးမြန်းလိုက်ပါပြီ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

လူယ်လေး မျက်နှာအထက် တုန်လှုပ်မှုတွေ ပြည့်နေပါပြီ။ သူ့အနေနဲ့ ကုန်းစွန်းချင် အလွယ်တကူ ခုခံနိုင်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“သူက ချန်းနန် မဟုတ်တော့ဘူး”
ဆုယန် သာမန်ပဲ ပြောလိုက်ပါတော့တယ်။

“ချန်းနန် မဟုတ်ဘူးလား”
ကုန်းစွန်းချင်လည်း မှင်သက်သွားခဲ့ပါပြီ။

ဝှစ်

ဆုယန်က လက်ကို သာသာလေး လှုပ်ရှားလိုက်ပါတော့တယ်။ လူငယ်လေးရဲ့ မျက်နှာအသွင် ပျက်စီးသွားခဲ့ပါပြီ။ ထူဆန်းတာကတော့ သူ့မျက်နှာကနေ သွေးစတွေ ထွက်ပေါ်မလာခဲ့ပဲ မျက်နှာဖုံးတစ်ခုသာ ကျွတ်သွားခဲ့တာပါ။

ချန်းနန်ဆိုတဲ့ လူငယ်လေးဟာ အော်ဟစ်ပြီး နောက်ကို ဆက်တိုက် ဆုတ်လိုက်ပါပြီ။ သူဟာ ပျော့ပျောင်းတဲ့ အကြေးခွံနဲ့ သတ္တဝါအဖြစ် ပြောင်းလဲသွားပါတော့တယ်။

ကုန်းစွန်းချင်လည်း ရင်ထိတ်သွားခဲ့ပါပြီ။ ဂြိုဟ်သားမျိုးနွယ်တွေက ချန်းနန်အဖြစ် ရုပ်ဖျက်နိုင်လိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ ပြီးတော့ သူတို့ အော်ရာအရှိန်အဝါ အရာအားလုံးဟာ ထပ်တူကျ တူညီနေခဲ့ပါတယ်။

“ဟား ဟား ဟား”
ချန်းနန်ကတော့ ဒေါသထွက်ရမယ့်အစား ရယ်မောလိုက်ပါပြီ။ သူ့ကို ကြည့်ရတာ ရူးသွပ်နေပုံ ရပါတယ်။

“ငါ့တပ်မဟာ ရောက်လာပြီ။ မင်းတို့အားလုံး သေရတော့မှာ”

“တပ်မဟာ”
ဆုယန်လည်း မျက်ခုံးပင့်ပြီး လှမ်းကြည့်လိုက်ပါပြီ။ အမှန်ပါပဲ။ များပြားလှတဲ့ ဂြိုဟ်သားမျိုးနွယ်တွေ စကြ၀ဠာရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ပေါ်ထွက်လာတာ တွေ့လိုက်ရပါတော့တယ်။ သူတို့အရေအတွက်ဟာ သန်းပေါင်းများစွာ ရှိနေပြီး လျှင်မြန်စွာ ချီတက်လာနေကြပါပြီ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 31
Chapter 12
စစ်ပွဲကြီး

“ထင်ထားသလိုပဲ။ သူတို့တွေက နတ်ဘုရားလောကက မဟုတ်ဘူးကိုး”
ဆုယန် မျက်လုံးတွေ အရောင်တောက်ပလာခဲ့ပါပြီ။

နတ်ဘုရားလောကက သက်ရှိတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် သူတို့တွေဟာ ပုံပန်းသွင်ပြင် ထူးဆန်းတဲ့ အပြင်ကို ထူးဆန်းတဲ့ ဝိညာဉ်စွမ်းအင်မျိုး ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူတို့ တစ်ဦးချင်းဆီကို ကြည့်မယ်ဆိုရင် ထူးဆန်းတာ မတွေ့ရပေမယ့်လည်း အခုလို သန်းချီတဲ့ အရေအတွက်ကို မြင်ရချိန်မှာတော့ ထူးခြားမှုက သိသာသွားခဲ့ပါပြီ။

နတ်ဘုရားလောကရဲ့ ဝိညာဉ်ကီစွမ်းအင်ဟာ သိမ်မွေ့တယ် ဆိုရင် ဒီဂြိုဟ်သားမျိုးနွယ်စုရဲ့ ဝိညာဉ်စွမ်းအင်ဟာ အလွန်ကြမ်းတမ်းနေကြောင်း တွေ့ရမှာပါ။

ကုန်းစွန်းချင်လည်း ချက်ချင်း အော်ပြောလိုက်ပါပြီ။

“ဖွင့်တော့”

သူ့စကား အဆုံးမှာတော့ စွမ်းအင်လှိုင်းတွေဟာ မုန်တိုင်းထန်သလို ပေါ်ထွက်လာခဲ့ပါတော့တယ်။ စွမ်းအင်လှိုင်းတွေဟာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး မပျက်စီးနိုင်တဲ့ အကာအကွယ် အလွှာတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။

နောက်ဆုံးအကြိမ် တိုက်ခိုက်ခံရချိန်တုန်းက ၀င်္ကပါ ပျက်စီးသွားခဲ့တာကြောင့် နောက်ထပ် ယာယီ၀င်္ကပါတစ်ခုကို ကုန်းစွန်းချင် ချထားခဲ့ပါတယ်။ ဒီ၀င်္ကပါဟာ အဆင့်မြင့် တန်ခိုးရှင်တွေကိုတော့ မတားဆီးနိုင်ပေမယ့်လည်း ကြားခံနယ်အဖြစ်တော့ ရှိနေပေးဦးမှာပါ။

အုတ်အော်သောင်းနင်း အခြေအနေကြောင့် ရွှမ်းရီတောင်တန်းဂိုဏ်းက အဆင့်မြင့် တန်ခိုးရှင်တွေ သတိထားမိသွားခဲ့ကြပါပြီ။ အစစ်အမှန် နတ်ဘုရားအဆင့် အကြီးအကဲတွေ ပျံသန်းရောက်ရှိလာပါတော့တယ်။ ဆုယန်ခေါ်လာခဲ့တဲ့ နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင်နှစ်ဦးလည်း ရောက်ရှိလာခဲ့ပါပြီ။

“ဂိုဏ်းချုပ်.. ဘာဖြစ်လို့လဲ”
၀ူရင်း မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်ပါတော့တယ်။

အခုလက်ရှိ ၀ူရင်းဟာ နတ်ဘုရားဘုရင် အထက်အဆင့်ကို ရောက်ရှိနေပါပြီ။ သူဟာ ဆုယန်ခေါ်လာခဲ့တဲ့ အကြီးအကဲ နှစ်ဦးထဲက တစ်ဦးပါပဲ။

ဆုယန် ပြန်မခြေင်မှာ ၀ူရင်းလည်း အာရုံရလိုက်တာကြောင့် စကြ၀ဠာထဲ လှမ်းကြည့်လိုက်ပါပြီ။

“ဒါက…”

“ဒီနေရာကို ဂြိုဟ်သားမျိုးနွယ်တွေ ကျူးကျော်လာကြပြီ”
ဆုယန် အလေးအနက်ထား ပြောလိုက်ပါတော့တယ်။

“စစ်ပွဲအတွက် အသင့်ပြင်ကြတော့”

ဒါကို ကြားလိုက်ရတော့ ၀ူရင်းမျက်နှာ ပျက်သွားခဲ့ပြီး
“သူတို့က ထပ်ပြီး တိုက်ခိုက်လာကြပြန်ပြီလား”

“အမှန်ပဲ”
ဆုယန် တည်ကြည်လေးနက်စွာ ပြောလိုက်ပါတော့တယ်။

သူမ အနေနဲ့ ဂြိုဟ်သားမျိုးနွယ်စု တပ်မဟာထဲက ထူးခြားတဲ့ အော်ရာအရှိန်အဝါ ပိုင်ရှင်တချို့ ရှိနေတာကို ခံစားမိနေခဲ့ပါတယ်။

ပြီးတော့ အရင်တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဂြိုဟ်သားမျိုးနွယ်စု အရေအတွက်ဟာ သောင်းချီသာ ရှိခဲ့ပေမယ့်လည်း အခုတော့ သန်းချီ ရှိနေခြင်းပါ။ သူတို့တွေက ရွှမ်းရီတောင်တန်းဂိုဏ်းခွဲကို ဖျက်ဆီးဖို့အထိ စီစဉ်ထားကြပုံပါပဲ။

“ဟား ဟား.. ငါလည်း မတိုက်ခိုက်ရတာ အချိန်တော်တော် ကြာသွားခဲ့ပြီ။ အခုတော့ သွေးပူလေ့ကျင့်ခန်း လုပ်လို့ ရပြီပေါ့”
ယန့်ရှီလည်း စိတ်မရှည်နိုင်စွာ ပြောလိုက်ပါတော့တယ်။

ကောင်းကင်ဘုံ တက်လှမ်းခြင်းအဆင့် နတ်ဘုရားဘုရင် ဖြစ်လာချိန်ကစလို့ ယန့်ရှီဟာ ဘယ်တော့မှ အပြင်းအထန် မတိုက်ခိုက်ရတော့ပါဘူး။ အခုတော့ သူမ စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်ပါပြီ။

ဖျောက်

သူမ စကားမဆုံးခင် ဆုယန်က ယန့်ရှီခေါင်းကို ခေါက်လိုက်ပြီး သတိလှမ်းပေးလိုက်ပါတော့တယ်။

“နင်ဘာမှ မလုပ်ရပါဘူး”

“ဟင်.. ဘာဖြစ်လို့လဲ”
ယန့်ရှီလည်း နားမလည်နိုင်စွာ မေးမြန်းလိုက်ပါတော့တယ်။

“နင်က ရှောင်ကလေးကို ကာကွယ်ပေးရမယ်”
ဆုယန် သာမန်ပဲ ပြောလိုက်ပါပြီ။

ချင်းရှောင်ဟာ နတ်ဘုရားဘုရင် အောက်အဆင့် တန်ခိုးရှင် ဖြစ်ပေမယ့်လည်း တစ်ခါမှ အဆင့်တူ တန်ခိုးရှင်တွေနဲ့ မတိုက်ခိုက်ဖူးပါဘူး။ အခုလို အသက်လု တိုက်ပွဲမျိုးဆို အဝေးကြီးပါ။ ဆုယန်အနေနဲ့ ချင်းရှောင်ကို အန္တရာယ်ကြားထဲ တွန်းပို့နိုင်ပါ့မလား။

ပြီးတော့ ဒီဂြိုဟ်သားမျိုးနွယ်စုတွေကို သူမ တစ်ဦးတည်း ကိုင်တွယ်နိုင်မယ်လို့ ဆုယန် တွေးမိခဲ့ပါတယ်။

“ဒါပေမဲ့…”

“ဒါပေမဲ့ ဆိုတာ မရဘူး…”

ဆုယန် ပြတ်ပြတ်သားသား ပြောလိုက်ပါပြီ။

“ဘယ်လိုကိစ္စပဲ ဖြစ်ဖြစ် ရှောင်ကလေးကို ထိခိုက်မခံနိုင်ဘူး”

“နားလည်ပါပြီ”
ယန့်ရှီလည်း ကူကယ်ရာမဲ့စွာ သဘောတူလိုက်ပါတော့တယ်။

မတတ်နိုင်ဘူးလေ။ ဆုယန်က ဆရာ့ဇနီးပဲ ဟာကို။

“အမေ… သမီးကို ကာကွယ်ပေးစရာ မလိုအပ်ပါဘူး”
ချင်းရှောင် မကျေမနပ် ပြောလိုက်ပါပြီ။

“တိတ်စမ်း”
ဆုယန် မျက်မှောင်ကြုတ်ပြီး ဆူလိုက်ပါတော့တယ်။

“ဒီတစ်ခေါက်တော့ အမေ့စကား နားထောင်ရမယ်”

ပြောပြောဆိုဆိုနဲ့ ဆုယန်ရဲ့ လက်ဝါးကနေ နတ်ဘုရားအလင်းရောင်တွေ ဖြာထွက်လာခဲ့ပြီး ချင်းရှောင်နဲ့ ယန့်ရှီကို လွှမ်းခြုံသွားခဲ့ပါပြီ။

ဒီအလင်းလွှာတွေကို လျှော့တွက်လို့ မရပါဘူး။ ကောင်းကင်ဘုံ တက်လှမ်းခြင်း နတ်ဘုရားဘုရင်တစ်ပါးတောင်မှ အချိန်တိုအတွင်း ချိုးဖျက်ဖို့ မဖြစ်နိုင်တဲ့ ကိစ္စပါ။

ဒီအချိန်မှာတော့ အပြင်လောကက သန်းပေါင်းများစွာသော ဂြိုဟ်သား တန်ခိုးရှင်တွေဟာ ကုန်းမြေတိုက်ကြီးဆီ ရောက်ရှိလာခဲ့ကြပါပြီ။ အဝေးကနေ ကြည့်မယ်ဆိုရင် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းကို အာရုံခံမိကြမှာပါ။

ဂြိုဟ်သားမျိုးနွယ်စုဟာ ချက်ချင်းပဲ ကုန်းစွန်းချင်ရဲ့ ၀င်္ကပါကို တိုက်ခိုက်လိုက်ကြပါပြီ။

တစ်ချိန်တည်းမှာပဲ ရွှမ်းရီတောင်တန်းဂိုဏ်းက မဟာစကြ၀ဠာ အထက်အဆင့် တန်ခိုးရှင်တွေ စုစည်းနေကြပါတော့တယ်။ သူတို့ မျက်နှာထားတွေ တည်ကြည်လေးနက်နေပြီး တိုက်ပွဲကို အချိန်မရွေး ရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြပါပြီ။

“ဟား ဟား ဟား… မင်းတို့တွေ လက်လျှော့….”

ချန်းနန်ဟာ အားရပါးရ ရယ်မောနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်တဒင်္ဂမှာတော့ ချန်းနန် မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ဟာ သွေးမှုန်တွေအဖြစ် ပေါက်ကွဲ ပျက်စီးသွားပါတော့တယ်။

“တိတ်စမ်း”

ဆုယန် လက်ဖျောက်တစ်ချက် တီးလိုက်ပါပြီ။ ရွှမ်းရီတောင်တန်းဂိုဏ်းသားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ကျန်တန်ခိုးရှင်တွေ အားလုံး ပေါက်ကွဲသေဆုံးသွားကြပါတော့တယ်။

ဒီဂြိုဟ်သား တန်ခိုးရှင်တွေဟာ နတ်ဘုရားတစ်ပိုင်းအဆင့်လောက်သာ ရှိကြသေးတာပါ။ သူတို့တွေက ဘာဖြစ်လို့ နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင်တွေကို တိုက်ခိုက်ဝံ့တာလဲဆိုတာ ဆုယန် နာမးလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ပြောရရင် သူတို့သာ အသွင်မပြောင်းထားဘူးဆိုရင် ဆုယန်တို့အနား မရောက်ခင်ကတည်းက သေဆုံးသွားကြမှာပါ။

၀ုန်း ၀ုန်း ၀ုန်း

အတားအဆီးဟာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး အက်ရာတွေ ထင်ဟပ်လာခဲ့ပါပြီ။ မိုးကောင်းကင်ဟာ ပြိုကျလာတော့မယ့်အတိုင်းပါပဲ။ မြင်ကွင်းက တုန်လှုပ်ဖို့ ကောင်းလွန်းလှပါတယ်။

နောက်ဆုံးတော့ အချိန်တစ်ခုမှာ အတားအဆီးဟာ ရင်ဆိုင်နိုင်ခြင်း မရှိတော့ပဲ ပြိုကျပျက်စီးသွားခဲ့ပါပြီ။ သန်းပေါင်းများစွာသော ဂြိုဟ်သားတန်ခိုးရှင်တွေ ဝင်ရောက်လာကြပါတော့တယ်။

သူတို့တွေက မိုးနဲ့မြေကို ဝါးမျိုတော့မလိုပါပဲ။

ဝှစ်

ဂြိုဟ်သားတန်ခိုးရှင်တွေ ရောက်ရှိလာလုလု အချိန်မှာ စကြ၀ဠာတည်ရှိမှု လိမ်တွန့်သွားခဲ့ပြီး စာဖွဲ့လို့ မရနိုင်တဲ့ လေဝဲကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။

ဒါကို မြင်လိုက်ရတော့ ဂြိုဟ်သားတန်ခိုးရှင်တွေအားလုံး အံ့အားသင့်သွားကြပါတော့တယ်။ သူတို့တွေ လေဝဲကြီးထဲ စုပ်ယူခြင်း ခံလိုက်ရမှာကို စိတ်ပူနေကြသလိုပါပဲ။

အစစ်အမှန် နတ်ဘုရားအထက်အဆင့် တန်ခိုးရှင်တောင်မှ စကြ၀ဠာလှိုင်းလောကထဲ မတော်တဆ ရောက်သွားမယ်ဆိုရင် သေဆုံးသွားနိုင်တယ် မဟုတ်လား။ အခုလို မဟာစကြ၀ဠာ အဆင့်နဲ့ နတ်ဘုရားတပိုင်းအဆင့် ပွန်းကလေးတွေဆို စာဖွဲ့စရာတောင် မလိုတော့ပါဘူး။

၀ုန်း ၀ုန်း

စကြ၀ဠာ လိမ်တွန့်မှုဟာ ပိုမို ပြင်းထန်လာခဲ့ပါပြီ။ ချက်ချင်းဆိုသလိုပဲ သန်းချီတဲ့ ဂြိုဟ်သားတန်ခိုးရှင်တွေအတွက် ကမ္ဘာလောက ချာချာလည်သွားပါတော့တယ်။ သူတို့ အသိဝင်လာချိန်မှာ ကုန်းမြေတိုက်ကြီး ပျောက်ကွယ်သွားခဲ့ပါပြီ။

“ဒါက”

ရှေ့တန်းမှာ ရှိနေတဲ့ ဂြိုဟ်သား တန်ခိုးရှင်တွေဟာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ကြပါတော့တယ်။

“ကြည့်စမ်း.. ကုန်းမြေတိုက်ကြီးက ဟိုးဘက်မှာ”
ရုတ်တရက်ဆိုသလိုပဲ တစ်ဦးက အော်ပြောလိုက်ပါပြီ။

ဂြိုဟ်သားတန်ခိုးရှင်တွေလည်း လှမ်းကြည့်လိုက်တော့ ကုန်းမြေတိုက်ကြီးကိုပြန်တွေ့လိုက်ရပါတော့တယ်။ ဒါပေမဲ့ အခုတော့ ကီလိုမီတာ သောင်းချီ ဝေးကွာနေပြီ ဖြစ်ပြီး အလင်းလွှာကလည်း ကုန်းမြေတိုက်ကြီးကို လွှမ်းခြုံသွားခဲ့ပါပြီ။ ကြည့်ရတာ ဒီအကာအကွယ်ဟာ အစောပိုင်း ပျက်စီးသွားတဲ့ အကာအကွယ်ထက် ပိုမို ကြံ့ခိုင်ပုံလည်း ရပါတယ်။

“တစ်ယောက်ယောက်က စကြ၀ဠာ နတ်ဘုရားသိုင်းနဲ့ ကုန်းမြေတိုက်ကြီးကို ရွှေ့ပြောင်းလိုက်တာပဲ”
အရပ်မြင့်မြင့် ဂြိုဟ်သားတန်ခိုးရှင်က ပြောလိုက်ပါပြီ။

“ဟင်”

ဒီလောက်ကြီးမားတဲ့ ကုန်းမြေတိုက်ကြီးကို ရွှေ့နိုင်တယ်ဆိုတော့ တစ်ဖက်က ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ။

“မရှာနေနဲ့တော့။ ငါဒီမှာပဲ”

ဆုယန်တစ်ယောက် ဂြိုဟ်သားတပ်မဟာအရှေ့ တိတ်ဆိတ်စွာ ပေါ်ထွက်လာခဲ့ပါပြီ။ သူမရဲ့ ဝတ်စုံဖြူဟာ နှင်းလိုပဲ ဖြူဖွေးနေခဲ့ပါတယ်။ သူမဟာ သေမျိုးကမ္ဘာပေါ် ဆင်းသက်လာတဲ့ အင်မော်တယ် တစ်ဦးလိုပါပဲ။

သူမ အနောက်မှာတော့ ၀ူရင်းနဲ့ ရွှမ်းရီတောင်တန်းဂိုဏ်း ဌာနခွဲက အဆင့်မြင့် တန်ခိုးရှင်တွေ လက်နက်ကိုယ်စီ ကိုင်ထားပြီး ရှိနေခဲ့ပါတယ်။ သူတို့အရေအတွက်က သောင်းဂဏန်းလောက်သာ ဖြစ်ပေမယ့်လည်း အဆင့်ကွာခြားချက်က မြင့်မားလွန်းတာကြောင့် နည်းနည်းလေးတောင် မကြောက်ရွံ့ကြပါဘူး။

နောက်ဆုံးအကြိမ် တိုက်ခိုက်ခံရတုန်းက ရွှမ်းရီတောင်တန်းဌာနခွဲ့ အဆင့်မြင့် တန်ခိုးရှင် တစ်ဝက်နီးပါး ကျဆုံးခဲ့ပြီး အဆင့်နိမ့် တန်ခိုးရှင် အများအပြား သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ကုန်းမြေတိုက်ကြီးအပေါ် အကျိုးသက်ရောက်မှု မရှိစေဖို့ ဆုယန် ရွှေ့ထားလိုက်တာပါ။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဂြိုဟ်သားမျိုးနွယ်စု တပ်မဟာဟာ ဆုယန်တို့ဆီ တဟုန်ထိုး ပြေးဝင်လာခဲ့ကြပါပြီ။ သူတို့တွေရဲ့ ဝိညာဉ်စွမ်းအင်ဟာ အံ့မခန်း မြင့်မားနေပြီး အကြောက်အလန့် ကင်းမဲ့နေခဲ့ကြပါတယ်။

သန်းချီတဲ့ ဂြိုဟ်သားတပ်မဟာကို ရင်ဆိုင်ရပေမယ့် ဆုယန် အေးအေးလူလူပဲ လက်တစ်ဖက်ကို မြှောက်လိုက်ပါပြီ။

သူတို့အဆင့်မှာတော့ အရေအတွက်ဟာ အဓိက မကျတော့ပါဘူး။ ပြောရရင် အဆင့်တူ တန်ခိုးရှင်တွေအတွက်သာ အရေအတွက် အရေးကြီးတာပါ။

ဆုယန်ဟာ သူ့ရဲ့လက်ညှိုးကို ဓားသဖွယ် သာသာလေး ဝှေ့ယမ်းလိုက်ပါပြီ။

၀ုန်း

ချက်ချင်းဆိုသလိုပဲ ပတ်ဝန်းကျင် ကီလိုမီတာ ငါးသောင်းတခွင်ဟာ နေတစ်စင်း ထပ်မံပေါ်ထွက်လာခဲ့တဲ့အလား တောက်ပသွားပါတော့တယ်။ အားလုံးပဲ မျက်စိတွေ ကျိန်းစပ်သွားခဲ့ကြပါပြီ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 31
Chapter 13

၀ုန်း

အလင်းရောင်ဟာ ကီလိုမီတာ ငါးထောင်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့ပါပြီ။

နောက်တဒင်္ဂမှာတော့ အလင်းရောင်ဟာ သန်းပေါင်းများစွာသော ဂြိုဟ်သား တပ်မဟာကိုဖြတ်သန်းသွားပါတော့တယ်။ အလင်းတန်းတွေ ဖြတ်သန်းသွားရာ နေရာတိုင်းက စကြ၀ဠာ တည်ရှိမှုတွေ ဆက်တိုက် ပြိုကျပျက်စီးလာခဲ့ပါပြီ။ ဒီအလင်းရောင်တွေဟာ မိုးနဲ့မြေကို ဝါးမျိုတော့မလိုပါပဲ။

အချိန်ဘယ်လောက် ကြာသွားလဲ မသိခင်မှာ အလင်းရောင်တွေ လွင့်ပြယ်သွားခဲ့ပါပြီ။ အလင်းရောင်တွေနဲ့ ထိတွေ့မိတဲ့ ဂြိုဟ်သားတွေ အားလုံး သေဆုံးသွားကြပါတော့တယ်။

အားလုံးနှုတ်ဆိတ်ငြိမ်သက်သွားခဲ့ပါပြီ။

“…”

ဒီမြင်ကွင်းကိုကြည့်ပြီး ရွှမ်းရီတောင်တန်းဂိုဏ်းက တန်ခိုးရှင်တွေနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဂြိုဟ်သားတွေ အားလုံး တုန်လှုပ်သွားကြပါတော့တယ်။ သူတို့ မျက်စိကိုတောင် သူတို့ မယုံဝံ့ကြတော့ပါဘူး။

အဆင့်နိမ့် တန်ခိုးရှင်တွေဆို ရှေ့တောင် ဆက်မတိုးဝံ့တော့ပဲ သွေးပျက် တုန်လှုပ်နေကြပါပြီ။

၀ူရင်းနဲ့ ကျန်နတ်ဘုရားဘုရင် အဆင့် အကြီးအကဲတွေသာ အေးအေးဆေးဆေး ဆက်ရှိနေခဲ့ကြပါတယ်။ သူတို့ အားလုံး ဆုယန် ဘယ်လောက်ကြောက်စရာကောင်းကြောင်း သိထားကြပြီးသားပါ။

“သတ္တိကောင်းလှချည်လား”

ဒီအချိန်မှာ နှစ်မီတာလောက် မြင့်မားတဲ့ အရိပ်တစ်ခုဟာ ဂြိုဟ်သားတပ်မဟာထဲကနေ ပေါ်ထွက်လာခဲ့ပါပြီ။ သူဟာ ကောင်းကင်ဘုံ တက်လှမ်းခြင်း အဆင့်ကို ရောက်ရှိနေကြောင်း တွေ့လိုက်ရပါတော့တယ်။

ချက်ချင်းဆိုသလိုပဲ တစ်ဦးပြီး တစ်ဦး ပေါ်ထွက်လာလိုက်တာ ငါးဦးအထိ ရှိသွားခဲ့ပါပြီ။

ကောင်းကင်ဘုံ တက်လှမ်းခြင်း အဆင့် နတ်ဘုရားဘုရင် ငါးဦးဟာ ရင်ဘောင်တန်းပြီး ရပ်နေခဲ့ပါတယ်။ သူတို့ ဝန်းကျင် စကြ၀ဠာ တည်ရှိမှုတွေ လိမ်တွန့်ပျက်စီးနေပါပြီ။

ဒီအင်အားစုသာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်တုန်းက ရောက်လာခဲ့မယ်ဆိုရင် နတ်ဘုရားလောကတစ်ခုလုံးကို ဖျက်ဆီးနိုင်နေဦးမှာပါ။

အခုအချိန်မှာတောင်မှ ကောင်းကင်ဘုံ နန်းတော်နဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းတို့ ပါဝင်ခြင်း မရှိခဲ့ဘူးဆိုရင် ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်နဲ့ မဟာနတ်ဘုရားခုံရုံးတို့ ပျက်စီးသွားနိုင်ပါတယ်။

ဒါပေမဲ့ သူတို့အရှေ့မှာ ရှိနေသူကတာအို အတည်ပြုခြင်း အဆင့်ကို ရောက်နေပြီဖြစ်တဲ့ ဆုယန်ဖြစ်နေတာကြောင့် ကံဆိုးသွားပြီပဲ ပြောရတော့မှာပါ။

ဆုယန်ဟာ ဂြိုဟ်သား တန်ခိုးရှင် ငါးဦးကို ခန့်မှန်းထားတဲ့အတိုင်း မြင်လိုက်ရသလို အကြည့်နဲ့ ကြည့်ရင်း
“နောက်ဆုံးတော့ မင်းတို့ ထွက်လာကြပြီပေါ့”
ဆုယန် စကားဆက်လိုက်ပါပြီ။

“ဒါပေမဲ့ မင်းတို့ကိုငါတော်တော်လေး ပိုတွက်မိသွားခဲ့တာပဲ”

အစတုန်းကတော့ တာအိုအတည်ပြုခင်း အဆင့်  နတ်ဘုရားဘုရင် ရှိနေဦးမယ်လို့ ဆုယန် ထင်ထားမိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကောင်းကင်ဘုံ တက်လှမ်းခြင်း အဆင့် နတ်ဘုရားဘုရင် ငါးဦးတည်းသာ ရှိနေတာ တွေ့လိုက်ရပါပြီ။

ဆုယန်တစ်ဦးတည်းနဲ့ ဒီဂြိုဟ်သားမျိုးနွယ်တွေကို အမှုန့်ချေဖို့ လုံလောက်နေပြီ မဟုတ်လား။

“ဟမ့်။ မင်းက သေချင်နေတာပဲ”

ဂြိုဟ်သားမျိုးနွယ် ခေါင်းဆောင်ဖြစ်သူဟာ ပြဿနာရဲ့ လေးနက်မှုကို သဘောမပေါက်သေးရှာပါဘူး။ သူဒေါသတကြီး ပြောလိုက်ပါပြီ။

“မင်းက ဒီဒိုင်မန်းရှင်းမှာ အစွမ်းအထက်ဆုံး တန်ခိုးရှင် မဟုတ်လား။ မင်းတို့ရဲ့ ကောင်းကင်ဘုံ ရတနာ သယံဇာတတွေ အေးအေးဆေးဆေး ပေးအပ်လိုက်ပါ။ မင်းတို့အသက်ကို ငါချမ်းသာပေးပါ့မယ်”

“…”

ဆုယန် အချိန်ဖြုန်းမနေတော့ပါဘူး။ သူမ သက်ပြင်းချလိုက်ပြီး လက်ညှိုးကို ဓားလို ထပ်မံဝှေ့ယမ်းလိုက်ပါတော့တယ်။

အစောပိုင်းတုန်းက ကမ္ဘာဖျက် အလင်းတန်းတွေနဲ့ ယှဉ်လိုက်ရင် အခုက ပိုပြီး သိမ်မွေ့သွားခဲ့ပါပြီ။ လေပြည်အေး ဖြတ်သန်းတိုက်ခိုက်လာသလိုပါပဲ။ ဒီအတွက် ဆူဆူညံညံ ဖြစ်ရပ်တွေ ဖြစ်ပေါ်မလာခဲ့ပါဘူး။ ဒါပေမဲ့ ပိုပြီး မြန်ဆန်လာခဲ့ပါတယ်။

ရွှစ် ၀ုန်း ၀ုန်း

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတွေနဲ့အတူ ဂြိုဟ်သားမျိုးနွယ်စု ခေါင်းဆောင်ဟာ ချက်ချင်း လွင့်သွားခဲ့ပါပြီ။ သူ့ရင်ဘတ်မှာ ဒဏ်ရာကြီးတစ်ခု ပေါ်ထွက်လာပါတော့တယ်။ သူဟာ ခါးလယ်ကနေ နှစ်ပိုင်းပြတ်လုလု ဖြစ်သွားခဲ့ပါပြီ။

“ဝေါ့”
ဂြိုဟ်သားခေါင်းဆောင် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး မျက်နှာ ဖြူရော်သွားပါတော့တယ်။ သူ့အော်ရာအရှိန်အဝါ ရုတ်ချည်း ကျဆင်းသွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်က အရိုးတွေ တစ်လက်မဆီ ကျိုးကြေလာပါတော့တယ်။

“ဘယ်လိုလုပ်ပြီး…”

အစကနေ အဆုံးအထိ ဆုယန်ရဲ့ သိုင်းကွက်ကို သူရှင်းရှင်းလင်းလင်း မတွေ့ခဲ့ရပါဘူး။ ရှောင်တိမ်းဖို့လည်း အချိန်မရခဲ့ပါဘူး။

“စိတ်ဝင်စားစရာပဲ”
ဆုယန်လည်း နည်းနည်း အံ့ဩသွားခဲ့ပါပြီ။ သာမန် အခြေအနေမှာဆိုရင်တော့ ဒီသိုင်းကွက်ဟာ သူ့ကို တစ်ချက်တည်း သတ်နိုင်ရမှာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဂြိုဟ်သားခေါင်းဆောင်ဟာ ဆက်ပြီး ရှင်သန်နေပါသေးတယ်။

“ဒါတွေ အားလုံးက ကိုယ်ပေါ်က ပျော့ပျောင်းတဲ့ အကြေးခွံကြောင့်လား”
ဆုယန် တွေးလိုက်မိပါပြီ။

ဂြိုဟ်သားမျိုးနွယ် ခန္ဓာကိုယ်က ပျော့ပျောင်းတဲ့ အကြေးခွံအလွှာဟာ ဒီလောက်မသိသာပေမယ့်လည်း ကြောက်စရာကောင်းလောက်အောင် ကြံ့ခိုင်နေခဲ့ပါတယ်။ ဒီအကြေးခွံအလွှာကပဲ သူတို့အသက်ကို ကယ်တင်သွားတာ ဖြစ်မှာပါ။

တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံ တက်လှမ်းခြင်းအဆင့် နတ်ဘုရားဘုရင် ငါးဦးလည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ကြရပါပြီ။ သာမန် ဓားချက်က ခေါင်းဆောင်ကိုတောင် သေလုမျောပါး ဖြစ်သွားစေခဲ့တယ် မဟုတ်လား။ ဒါက သူတို့ နားလည်ထားသမျှထက် အများကြီး ကျော်လွန်သွားခဲ့ပါပြီ။

သူမ အနေနဲ့ တာအိုအတည်ပြုခြင်း နတ်ဘုရားဘုရင် အဆင့်ကိုတောင် ရောက်နိုင်နေပြီ မဟုတ်လား။

တွေးမိချိန်မှာတော့ ဂြိုဟ်သား ခေါင်းဆောင် လေးဦး တစ်ဦးမျက်နှာတစ်ဦးကြည့်ပြီး တုန်လှုပ်ထိတ်လန့်သွားကြပါတော့တယ်။

“တောက်.. ဘယ်လိုလုပ်ပြီး”

“ဒါက အဆင့်နိမ့် ဒိုင်မန်းရှင်း တစ်ခုဖြစ်ကြောင်း ငါတို့ အတည်ပြုပြီးသား မဟုတ်ဘူးလား”

“ကမ္ဘာ့ဘုရင်ကို မြန်မြန် အကြောင်းကြားလိုက်တော့”

“…”

ဂြိုဟ်သားခေါင်းဆောင်လေးဦးဟာ အသံလှိုင်းနဲ့ဆက်သွယ်လိုက်ကြပါပြီ။ နောက်ဆုံးတော့ သူတို့ ဆုံးဖြတ်ချက် ချလိုက်ကြပါတော့တယ်။
“ပြေးတော့…”

ဂြိုဟ်သားခေါင်းဆောင်လေးဦးဟာ ချက်ချင်းပဲ နတ်ဘုရားသိုင်းပညာ ကိုယ်စီ ထုတ်သုံးပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်ကြပါပြီ။

“မင်းတို့တွေက ပြေးချင်တာလား”

စကြ၀ဠာလှိုင်းတွေ ပေါ်ထွက်လာခဲ့တာကြောင့် ဆုယန် မျက်မှောင်ကြုတ်လိုက်မိပါတော့တယ်။ သူမ ခြေထောက်ကို သာသာလေးဆောင့်ချလိုက်ပါပြီ။ မမြင်တွေ့နိုင်တဲ့ စွမ်းအင်လှိုင်းတွေ ဖြာထွက်လာခဲ့ပြီး ပတ်ဝန်းကျင် စကြ၀ဠာ တည်ရှိမှုကို ပိတ်ဆို့ထားလိုက်ပါတော့တယ်။

အားလုံးပဲ ကာတွန်းဆန်လှတဲ့ ရယ်စရာ အဖြစ်တစ်ခုကို မြင်တွေ့လိုက်ကြရပါပြီ။ ဂြိုဟ်သား တန်ခိုးရှင်လေးဦး နတ်ဘုရားသိုင်းပညာကို ဘယ်လိုပဲ အသုံးပြုနေပါစေ နေရာမှာ တစ်ချက်ပျောက်သွားပြီး ပြန်ပေါ်လာခဲ့ကြတယ် မဟုတ်လား။ တစ်မီတာတောင် ရှေ့မတိုးနိုင်ကြပါဘူး။

အကြိမ်တော်တော်များများ ကြိုးစားပြီးချိန်မှာတော့ သူတို့မျက်နှာတွေ ပိုပိုပျက်လာခဲ့ပါပြီ။ ဒါပေမဲ့ သူတို့ လက်မလျှော့လိုသေးပါဘူး။

ဆုယန်ကတော့ သူတို့ကို အချိန်အများကြီး မပေးခဲ့ပါဘူး။ သူမ သုံးကြိမ် ထပ်မံတိုက်ခိုက်လိုက်ပါပြီ။ အခုတစ်ခေါက် တိုက်ခိုက်မှုဟာ ပျော့ပျောင်းတဲ့ အကြေးခွံ အလွှာကို ဖြတ်ကျော်ပြီး ဂြိုဟ်သား ခေါင်းဆောင် ၃ ဦးကို အသက်နှုတ်သွားခဲ့ပါတော့တယ်။

“မင်း.. မင်း”

ရောင်းရင်းတွေ သေဆုံးသွားတာကို မြင်လိုက်ရတော့ ကျန်တဲ့ ဂြိုဟ်သားခေါင်းဆောင်လည်း တုန်လှုပ်သွားခဲ့ပါပြီ။ ဆုယန်က သူ့ကို ဆက်ပြီးသတ်မှာကို စိတ်ပူလာပါတော့တယ်။

တစ်ဖက်လူရဲ့ အတွင်းစိတ်ကို မြင်နေရတဲ့အလား ဆုယန် ပြုံးလိုက်ပြီး
“စိတ်မပူပါနဲ့။ မင်းကို အခုတော့ မသတ်သေးပါဘူး”

ပြောပြောဆိုဆိုနဲ့ ဆုယန်ဟာ လက်ကို လှုပ်ရှားလိုက်ပြီး ဒဏ်ရာရထားတဲ့ ဂြိုဟ်သားခေါင်းဆောင်ကို သတ်ဖြတ်လိုက်ပါပြီ။

“…”

ဂြိုဟ်သားခေါင်းဆောင် တစ်ဦးကို ချန်ရစ်ထားတာက စိတ်ဝိညာဉ်ရှာဖွေခြင်း အသုံးပြုဖို့ပါ။  ကျန်တဲ့အဆင့်တွေက စတေးခံ ပွန်းရုပ်လေးတွေ ဖြစ်တာကြောင့် ဘာမှ အသုံးမဝင်ပါဘူး။

“ကျန်တာ မင်းတို့တာဝန်ပဲ။ မင်းတို့တွေ ရှင်းနိုင်တယ် မဟုတ်လား”

နတ်ဘုရားဘုရင် အထက်အဆင့် တန်ခိုးရှင်တချို့ကို ထပ်မံ သတ်ဖြတ်ပြီးနောက် ဆုယန်လည်း ၀ူရင်းတို့ကို လှည့်ပြီး ပြောလိုက်ပါပြီ။

“ရပြီ။ ပြဿနာ မရှိပါဘူး”
၀ူရင်းလည်း မြန်မြန် ဖြေလိုက်ပါတော့တယ်။

ကောင်းကင်ဘုံ တက်လှမ်းခြင်းအဆင့် နတ်ဘုရားဘုရင်တွေနဲ့ နတ်ဘုရားဘုရင် အထက်အဆင့်တွေကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ နတ်ဘုရားဘုရင် အောက်အဆင့်တွေသာ ဂြိုဟ်သားတပ်မဟာမှာ ကျန်ပါတော့တယ်။ ပြီးတော့ ၀ူရင်းက သာမန် နတ်ဘုရားဘုရင်အထက်အဆင့် မဟုတ်တဲ့အတွက် သူတို့တွေ ကြောက်စရာမလိုတော့ပါဘူး။

“ကောင်းပြီလေ”
ဆုယန်လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါပြီ။ သူမအနေနဲ့ သန်းချီတဲ့ ဂြိုဟ်သားတန်ခိုးရှင်တွေကို တစ်ကိုယ်တည်း ရှင်းနိုင်နေပေမယ့်လည်း ကိုယ်တိုင် ဆောင်ရွက်နေစရာ မလိုအပ်ဘူး မဟုတ်လား။

ခဏ အကြာမှာတော့ ၀ူရင်း ပျံသန်းထွက်ခွာသွားခဲ့ပါပြီ။ သူ့အော်ရာအရှိန်အဝါဟာ နတ်ဘုရားဘုရင်အထက်အဆင့်ကို ရောက်ရှိလာပါတော့တယ်။ ၀ူရင်းကို ဗဟိုပြုပြီး နိမိတ်လက္ခဏာတွေ အများအပြား ပေါ်ထွက်လာခဲ့ပါပြီ။ သူဟာ ဂြိုဟ်သားတပ်မဟာကို ဖြတ်သန်းသွားပါတော့တယ်။

ပြောရရင် ၀ူရင်းရဲ့ တန်ခိုးကျင့်စဉ် ပါရမီနဲ့ အစစ်အမှန် နတ်ဘုရားအဆင့် အမွေအနှစ်ကို ရရှိခဲ့တာတောင်မှ နတ်ဘုရားဘုရင်အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ နှစ်ပေါင်းရာကျော်အတွင်း ရောက်ရှိဖို့ဆိုတာ ပိုလို့တောင် ဝေးပါသေးတယ်။

ဒါပေမဲ့ သူ့ဆီမှာ ပါရမီစွမ်းကို ပြောင်းလဲပေးနိုင်တဲ့ ပြိုင်ဘက်ကင်း ဆရာဦးလေး ရှိနေခဲ့တယ် မဟုတ်လား။

၀ုန်း ၀ုန်း ၀ုန်း

ကြောက်မက်ဖွယ်ကောင်းတဲ့ ဝိညာဉ်စွမ်းအင်လှိုင်းကြီးဟာ ကမ္ဘာဦးသားရဲကြီးလို ဂြိုဟ်သားတပ်မဟာကို ဖြတ်သန်းသွားခဲ့ပါပြီ။  ဂြိုဟ်သားတန်ခိုးရှင်တွေဟာလည်း စိတ်ဓာတ်ကျဆင်းနေပြီး တိုက်ခိုက်လိုစိတ် မရှိကြတော့တဲ့အတွက် သူ့ကို ဟန့်တားနိုင်သူတစ်ဦးမှ မရှိတော့ပါဘူး။

ဒါကို တွေ့လိုက်ရတော့ ကျန်အကြီးအကဲ တန်ခိုးရှင်လည်း နောက်ကနေ ဆက်တိုက်လိုက်လာခဲ့ကြပါတော့တယ်။ သူကိုယ်တိုင်ကလည်း နတ်ဘုရားဘုရင် အထက်အဆင့်ကို ရောက်နေပြီဖြစ်ပြီး ၀ူရင်းနီးပါး အစွမ်းထက်နေသူပါ။ ဒါကြောင့် ကုန်းစွန်းချန်နဲ့ ဂိုဏ်းခွဲက တခြားအကြီးအကဲတွေလည်း စတင်လှုပ်ရှားလာခဲ့ကြပါပြီ။ သူတို့ အားလုံး သုန်မှုန်ခက်ထန်တဲ့ မျက်နှာပေးတွေနဲ့ စစ်ပွဲကြီးကို စတင်တိုက်ခိုက်လိုက်ကြပါတော့တယ်။

ဆုယန်ကတော့ ဒီကိစ္စတွေကို စိတ်မဝင်စားပါဘူး။ သူမရဲ့ လက်ညှိုးကနေ အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီး ကျန်နေတဲ့ ဂြိုဟ်သားတန်ခိုးရှင် နဖူးကို ထိမှန်သွားခဲ့ပါပြီ။ စိတ်ဝိညာဉ်ရှာဖွေခြင်းကို သူမ အသုံးပြုလိုက်ပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 31
Chapter 14

🥳🥳🥳
အပူအပင်မဲ့ အင်မော်တယ် ၀တ္ထုလည်း အစအဆုံး ပြီးသွားခဲ့ပါပြီ။
နောက်စာအုပ် ထပ်ရေးဖြစ်ရင် အားပေးပေးဦးနော်...
🥳🥳🥳

“သတ်ကြ”
၀ူရင်းဟာ အံ့မခန်း အမြန်နှုန်းနဲ့ ဂြိုဟ်သားတပ်မဟာကြီးကို တိုက်ခိုက်ချေမှုန်းနေပါပြီ။ သူဖြတ်သန်းသွားရာ နေရာတိုင်းမှာ စွမ်းအင်လှိုင်းတွေ ဖြစ်ပေါ်လာခဲ့ပြီး ဂြိုဟ်သားတန်ခိုးရှင်တွေ သေဆုံးသွားခဲ့ကြပါတယ်။

၀ုန်း ၀ုန်း

အခု ဖြစ်ရပ်က တစ်ဖက်သတ် လူသတ်ပွဲကြီးလို့ဆိုရင်လည်း မမှားတော့ပါဘူး။

ဆယ်မိနစ် မပြည့်ခင်မှာ ဂြိုဟ်သားတန်ခိုရှင် ၃သိန်းကျော်ဟာ ၀ူရင်းလက်အောက် သေဆုံးသွားခဲ့ပါတော့တယ်။

တချိန်တည်းမှာပဲ တခြား အကြီးအကဲတွေကလည်း ဂြိုဟ်သားမျိုးနွယ်စုတွေကို အပြင်းအထန် တိုက်ခိုက်ချေမှုန်းနေကြပါပြီ။

နတ်ဘုရားတစ်ပိုင်းအောက် တပည့်တွေကတော့ အဝေးကနေသာ ကြည့်ပြီး အနားမကပ်ဝံကြပါဘူး။ သူတို့အစွမ်းနဲ့ ကံမကောင်းရင် ဒဏ်ရာရပြီး အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။

ဂြိုဟ်သား မျိုးနွယ်တပ်မဟာကြီး ပျက်စီးလုလု အချိန်မှာပဲ စကြ၀ဠာရဲ့ နက်ရှိုင်းတဲ့တစ်နေရာကနေ လေပြင်းတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီလေပြင်းတွေဟာ ဂလက်ဆီ များစွာကို လွှမ်းခြုံသွားပါတော့တယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

၀ူရင်း မျက်နှာပျက်သွားခဲ့ပြီး ချက်ချင်း ဝိညာဉ်အကာအကွယ်နဲ့ ခုခံလိုက်ပါပြီ။ ဒါပေမဲ့ ထူးဆန်းတာက လေပြင်းဟာ အတားအဆီးအလွှာကို ဖြတ်ကျော်ပြီး သူ့ခန္ဓာကိုယ်ကို တိုက်ခတ်လာခဲ့တာပါ။

ဝေါ့

၀ူရင်းတစ်ယောက် သွေးတစ်ပွက် အန်ထုတ်ပြီး အနောက်လွင့်စဉ်သွားခဲ့ပါပြီ။ အနောက်ဘက်က ဥက္ကာခဲတစ်ခုကို ဝင်တိုက်မိသွားမှ ၀ူရင်း ရပ်တန့်သွားပါတော့တယ်။

၀ူရင်းတင်သာမက ရွှမ်းရီတောင်တန်းဂိုဏ်းက အဆင့်မြင့် အကြီးအကဲတွေလည်း လွင့်စဉ်သွားခဲ့ပါကြပါပြီ။ တချို့အဆင့်နိမ့် တန်ခိုးရှင်တွေဆို နေရာမှာတင် မေ့မျောသွားခဲ့ကြပါတယ်။ ကုန်းစွန်းချင်နဲ့ ဆုယန်နောက်က လိုက်နေကြတဲ့ အကြီးအကဲတချို့သာ ကံကောင်းထောက်မပြီး အခြေအနေ ဒီလောက်မဆိုးရွားခဲ့ကြတာပါ။ ဒါတောင်မှ သူတို့ ဒဏ်ရာအပြင်းအထန် ရခဲ့ကြပါသေးတယ်။

တစ်ဖက်မှာတော့ ဒီလေပြင်းဟာ ဂြိုဟ်သားတန်ခိုးရှင်တွေအပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ပါဘူး။ တကယ့်ကို မယုံနိုင်စရာပါပဲ။

“ဘယ်လိုလုပ်ပြီး”
ကုန်းစွန်းချင်ရဲ့ မျက်နှာအထက် သွေးပျက်တုန်လှုပ်မှု ပြည့်နေပါပြီ။ ဒုတိယမြောက် လေပြင်းတွေ ထပ်မံပေါ်ထွက်လာပြန်ပြီ မဟုတ်လား။

သူသာ ဒီလေပြင်းကို ထပ်မံရင်ဆိုင်ရမယ်ဆိုရင် ခံနိုင်ရည်ရှိမှာ မဟုတ်တော့ပါဘူး။

အခုလို သေရေးရှင်ရေး အချိန်မှာ လေပြင်းနဲ့ မိုးကြိုးတို့ ဖြာထွက်လာခဲ့ပြီး ဂြိုဟ်သား လေပြင်းတွေကို ခုခံပေးလိုက်ပါပြီ။

၀ုန်း

လေပြင်းမိုးကြိုးတွေဟာ တဆတ်ဆတ် တုန်လှုပ်လာခဲ့ပြီး နောက်ဆုံး ပေါက်ကွဲသွားပါတော့တယ်။ ဂြိုဟ်သားလေပြင်းလည်း လွင့်ပြယ်သွားခဲ့ပါပြီ။

“အိုး”
အခုအချိန်မှာ အံ့အားသင့်စွာ ရေရွတ်လိုက်သံ ပေါ်ထွက်လာပါတော့တယ်။

“စိတ်ဝင်စားစရာပဲ။ ဒီလို အဆင့်နိမ့် ဒိုင်မန်းရှင်း တစ်ခုမှာ နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင် ရှိနေတယ်လား”

စကားအဆုံးမှာ ပျော့ပျောင်းတဲ့ အကြေးခွံ ချပ်ဝတ်တန်ဆာနဲ့ အရိပ်တစ်ခုကို အားလုံး တွေ့လိုက်ကြရပါပြီ။ သူဟာ အစောပိုင်းဂြိုဟ်သားတွေနဲ့ သိပ်မကွာခြားလှပါဘူး။ ဒါပေမဲ့ ပိုပြီး ပိန်နေခဲ့ပါတယ်။ သူ့အော်ရာအရှိန်အဝါဟာ အားလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်နေပါပြီ။

ဝှ၏စ်

ဆုယန်ကိုယ်ကနေ မိုးကြိုးလေပြင်းတွေ ဖြာထွက်လာပါတော့တယ်။ သူမ မျက်နှာထား အလွန်တည်ကြည်လေးနက်နေပါပြီ။

“ငါ့ကို ကမ္ဘာ့ဘုရင်လို့ ခေါ်နိုင်တယ်”

ဂြိုဟ်သားတန်ခိုးရှင်ဟာ ဆုယန်ကို စိတ်ဝင်တစား ကြည့်ပြီး အံ့ဩစွာ ပြောလိုက်ပါပြီ။

“ကျွတ်..ကျွတ်.. မိန်းကလေး တစ်ယောက် ဖြစ်မယ်လို့ ထင်မထားမိခဲ့ဘူး”

ခဏလောက်အကြာမှာ သူစကားဆက်လိုက်ပါတော့တယ်။

“မိန်းကလေး တစ်ဦးကို သတ်ရမှာ နှမြောဖို့ကောင်းတယ်။ မင်းသာ ငါ့ဆီ အမှုထမ်းမယ်ဆိုရင် ဒီအသုံးမကျတဲ့ ကောင်တွေကို သတ်တဲ့ကိစ္စအတွက် အပြစ်မယူတော့ပါဘူး”

“ငါစိတ်မဝင်စားဘူး”
ဆုယန် အေးစက်စွာ ပြန်ပြောလိုက်ပါပြီ။

ဂြိုဟ်သားတန်ခိုးရှင်ရဲ့ စိတ်ဝိညာဉ်ရှာဖွေပြီးချိန်မှာ ဆုယန် သေချာသိလာခဲ့ပါတော့တယ်။ သူမအရှေ့မှာ ရှိနေတဲ့ ကမ္ဘာ့ဘုရင်ဆိုတာ ဂြိုဟ်သားမျိုးနွယ်ရဲ့ အစစ်အမှန် ခေါင်းဆောင်ပါ။ သူဟာ ကမ္ဘာကြီး ရှစ်ခုက ဖြစ်ပြီးတော့ တာအိုနှလုံးသွင်းခြင်း အဆင့်ကို ရောက်နေပါပြီ။ ပိုမြင့်မားတဲ့အဆင့်ကို တက်လှမ်းချင်တာကြောင့် နေရာတိုင်းက ကောင်းကင်ရတနာတွေကို လုယူနေတာပါ။ နတ်ဘုရားလောကဟာ သူ့ရဲ့ ပစ်မှတ်တစ်ခုပါပဲ။

ဆုယန်ဟာ တာအိုအတည်ပြုခြင်း အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ ဖြစ်ပေမယ့်လည်း တာအိုနှလုံးသွင်းခြင်း အဆင့်ကို ရောက်ဖို့ ခြေလှမ်းတစ်ဝက်လိုပါသေးတယ်။  သူမအနေနဲ့ တာအိုနှလုံးသွင်းခြင်း အဆင့် တန်ခိုးရှင်ကို တစ်ဦးတည်း အနိုင်မယူနိုင်သေးပါဘူး။

အစတုန်းကတော့ ချင်းကျူကို သတင်းပေးဖို့ ဆုယန် စဉ်းစားထားခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘုရင် ဒီလောက်မြန်မြန် ရောက်လာမယ်လို့ ထင်မထားမိခဲ့ပါဘူး။

“တကယ်လား။ နှမြောစရာပဲ”
ကမ္ဘာ့ဘုရင်လည်း သက်ပြင်းချလိုက်ပြီး လက်ကို မြှောက်လိုက်ပါပြီ။
“အဲဒါဆိုရင် ဒီဒိုင်မန်းရှင်း ဆက်ပြီး တည်ရှိနေစရာ အကြောင်းမရှိတော့ပါဘူး”

၀ုန်း

ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်တွေ ကမ္ဘာ့ဘုရင် လက်ဝါးပြင်မှာ စုဝေးလာခဲ့ပါပြီ။ အစပိုင်းမှာတော့ လက်သီးဆုပ်အရွယ်သာ ရှိပေမယ့်လည်း တဖြည်းဖြည်း အရွယ်အစားကြီးမားလာခဲ့ပြီး နေမင်းတစ်စင်းလို့ ဖြစ်လာပါပြီ။

ကမ္ဘာ့ဘုရင်ဟာ နတ်ဘုရားလောကကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပြီ မဟုတ်လား။

“သွားပေတော့”
ကမ္ဘာဘုရင် လက်ကို လှုပ်ရှားလိုက်တော့ ဆုယန်ဆီ ဝိညာဉ်စွမ်းအင်အလုံး ပျံသန်းသွားပါတော့တယ်။

နတ်ဘုရားလောကကို ဖျက်ဆီးနိုင်တဲ့ စွမ်းအင်တွေကို ရင်ဆိုင်ရချိန်မှာ ဆုယန် နောက်မဆုတ်ချင်တော့ပါဘူး။ သူမအနေနဲ့ ရှိသမျှ နတ်ဘုရား မှော်ရတနာ အားလုံးကို အသုံးပြုပြီး ထိပ်တိုက်ရင်ဆိုင်လိုက်ပါပြီ။

စွမ်းအင်နှစ်ခု ထိပ်တိုက်ရင်ဆိုင်မိသွားချိန် စကြ၀ဠာတစ်ခုလုံး အရောင်အသွေး ကင်းမဲ့သွားပါတော့တယ်။

သုံးမိနစ်လောက် အကြာအထိ အရာရာ လင်းထိန်နေခဲ့ပြီးနောက် ဆုယန်လက်ထဲက နတ်ဘုရားမှော်ရတနာတွေ တစ်ခုပြီးတစ်ခု ပျက်စီးသွားခဲ့ပါပြီ။ သူမအော်ရာအရှိန်အဝါ တဟုန်ထိုးကျဆင်းလာပါတော့တယ်။ သူမ နှုတ်ခမ်းထောင့်စွန်းတွေကနေ သွေးတွေ စီးကျနေပါပြီ။ သူမ အချိန်မရွေး လဲပြိုသွားပါတော့မယ်။

ဒါပေမဲ့ ကမ္ဘာဘုရင်ရဲ့တိုက်ခိုက်မှုဟာလည်း တဖြည်းဖြည်း အားလျော့လာခဲ့တာကြောင့် အချိန်တစ်ခုမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒါပေမဲ့ သိုင်းကွက်တစ်ကွက်တည်းနဲ့ ဆုယန်တစ်ယောက် ဒဏ်ရာအပြင်းအထန် ရပြီး မေ့မျောသွားခဲ့ပြီ မဟုတ်လား။

“အစ်မတော် ဆုယန်။ အဆင်ပြေရဲ့လား”
ယန့်ရှီလည်း ဆက်ပြီး ရပ်မနေနိုင်တော့ပါဘူး။ ဆုယန်ကို သူမ ပွေ့ဖက်လိုက်ပါပြီ။

“အိုး.. ကောင်းကင်ဘုံ တက်လှမ်းခြင်း နတ်ဘုရားဘုရင်အဆင့်ပါလား”

ကမ္ဘာ့ဘုရင် ပိုပြီး အံ့ဩသွားပါတော့တယ်။

“ပြီးတော့ မင်းကလည်း မိန်းကလေးပဲ။ စိတ်ဝင်စားဖို့ ကောင်းလာပြီ”

“ရှင်တော့ သေပြီပဲ”
ယန့်ချီလည်း သတိလစ်မေ့မျောနေတဲ့ ဆုယန်ကို ပွေ့ဖက်ထားပြီး အံကို တင်းတင်းကြိတ်ရင်း ပြောလိုက်ပါပြီ။

“ဆရာက ရှင့်ကို လုံး၀ အလွတ်ပေးမှာ မဟုတ်ဘူး”

“ဆရာ.. မင်းတို့မှာ ဆရာရှိသေးတယ်လား”
ကမ္ဘာ့ဘုရင် စိတ်ဝင်စားသွားပါတော့တယ်။

“ရှိတာပေါ့”
ယန့်ရှီ ပြတ်သားစွာ ပြောလိုက်ပါပြီ။

“ပိုပိုပြီး စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ”
ကမ္ဘာ့ဘုရင် ပြုံးလိုက်ပါတော့တယ်။

“မင်းရဲ့ ဆရာကို လာခိုင်းလိုက်ပါ။ ငါစောင့်နေမယ်”

ကောင်းကင်ဘုံ တက်လှမ်းခြင်း အဆင့် နတ်ဘုရားဘုရင်မှာ ဘယ်လို ဆရာမျိုး ရှိတယ်ဆိုတာကို သူအရမ်းသိချင်လာခဲ့ပြီ မဟုတ်လား။

ယန့်ရှီ မှင်သက်သွားပါတော့တယ်။ ချင်းရှောင်ပြောစကားအရ ချင်းကျူဟာ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ မရှိတော့ပါဘူး။ ယန့်ရှီလည်း သူ့တည်နေရာ အတိအကျကို မသိဘူး မဟုတ်လား။ ဘယ်လိုလုပ်ပြီး သူ့ကို ဆက်သွယ်ပြောရမှာလဲ။

“စိတ်မပူပါနဲ့။ မင်းတို့ဆရာ ရောက်လာတဲ့ အချိန်အထိ ငါထပ်ပြီး မတိုက်ခိုက်သေးပါဘူး”

ယန့်ရှီ နှုတ်ဆိတ်နေတာကို တွေ့လိုက်ရတော့ ကမ္ဘာ့ဘုရင် ပြောလိုက်ပါပြီ။

“ဒါမှမဟုတ် မင်းမှာ ဆရာမရှိတာမျိုး မဟုတ်လား”

“တိတ်စမ်း”
ယန့်ရှီလည်း ဒေါသထွက်ပြီး ပြန်ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာ သူမကျောကို တစ်ဦးဦးက ပုတ်လိုက်တာ ခံစားလိုက်ရပါပြီ။

“ကျန်တာ ငါ့တာဝန် ထားလိုက်ပါ”

ဒါကို ကြားလိုက်ရတော့ ယန့်ရှီ လှည့်ကြည့်လိုက်မိပြီး အလွန်ဝမ်းသာသွားပါတော့တယ်။
“ဆရာ.. ရောက်လာပြီလား”

“အေး”

အခုခေတ် အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ချင်းကျူဟာ ခေါင်းညိတ်လိုက်ပါပြီ။ သူဟာ ကမ္ဘာ့ဘုရင်ကို လှမ်းကြည့်လိုက်ပြီး
“မင်းက ငါရောက်အလာကို စောင့်နေတာ မဟုတ်လား”

“မင်းက သူမရဲ့ ဆရာလား”
ကမ္ဘာ့ဘုရင် မျက်မှောင်ကြုတ်လိုက်မိပါတော့တယ်။

သာမန် အခြေအနေမျိုးမှာ ဘယ်အဆင့်ကိုပဲ ရောက်နေပါစေ စကြ၀ဠာအတွင်း ပေါ်ထွက်လာချိန်မှာ အော်ရာအရှိန်အဝါ တစ်ခုကိုတော့ ပိုင်ဆိုင်ထားကြပါတယ်။ အခု ချင်းကျူရဲ့ ခန္ဓာကိုယ်မှာ ဘာဝိညာဉ်စွမ်းအင်လှိုင်းမှ ရှိမနေပါဘူး။ ကမ္ဘာ့ဘုရင်လည်း ဘယ်လို အကြည့်စွမ်းအင်မျိုးကိုပဲ အသုံးပြုပြု ချင်းကျူရဲ့ တန်ခိုးကျင့်စဉ်အဆင့်ကို ထွင်းဖောက်မြင်နိုင်စွမ်း မရှိခဲ့တာ တွေ့လိုက်ရပါပြီ။

“အမှန်ပဲ”
ချင်းကျူခေါင်းညိတ်လိုက်ပါပြီ။

“ဆရာ.. အစ်မတော် ဆုယန်ကို သူပဲ ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တာ။ အစ်မတော် ဆုယန်အတွက် လက်စားချေပေးပါ”
ယန့်ရှီ ဒေါသတကြီး အော်ပြောလိုက်ပါတော့တယ်။

ချင်းကျူလည်း ယန့်ရှီလက်ထဲ ရှိနေတဲ့ ဆုယန်ကို လှမ်းကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်ပါပြီ။

“သူမကို မင်းဒဏ်ရာရအောင် မလုပ်သင့်ဘူး”

“ဟား ဟား။ မင်းဘာများ လုပ်နိုင်မှာလဲ”

စကားအဆုံးခင်မှာ ချင်းကျူ လက်ဖျောက်တစ်ချက် တီးလိုက်ပါတော့တယ်။

“ကလေးကွက်တွေ”

ကမ္ဘာ့ဘုရင် အထင်သေးစွာ ပြောလိုက်ပါပြီ။ ဒါပေမဲ့ နောက်တဒင်္ဂမှာတော့ သူ့မျက်နှာထား ပြောင်းလဲသွားပါတော့တယ်။

အား

ဘာစွမ်းအင်လှိုင်းမှ မပေါ်ထွက်လာခဲ့ပဲ ကမ္ဘာ့ဘုရင်ဟာ သစ်ရွက်ခြောက်လေး အမှုန်ဖြစ်သွားတဲ့အလား အမှုန်အဖြစ် လွင့်ပြယ်ပျောက်ကွယ်သွားခဲ့ပါပြီ။

သေဆုံးသွားချိန်အထိ ကမ္ဘာ့ဘုရင် နားမလည်သွားနိုင်ခဲ့သလို လှုပ်လည်း မလှုပ်ရှားနိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်တုန်းကသာဆိုရင် ချင်းကျူအနေနဲ့ တာအိုနှလုံးသွင်းခြင်း နတ်ဘုရားဘုရင်ကို သတ်ဖို့ ကိုယ်ခန္ဓာက အင်းကွက်တွေ ဖယ်ရှားဖို့လိုအပ်ပါသေးတယ်။ အခုတော့ လုံး၀ မလိုအပ်တော့ပါဘူး။

တာအိုနှလုံးသွင်းခြင်း အဆင့် တန်ခိုးရှင်တွေဟာ သူ့မျက်လုံးထဲ ပုရွက်ဆိတ်လောက်ပဲ ဖြစ်သွားကြပြီ မဟုတ်လား။

“…”

ဒီမြင်ကွင်းကို ကြည့်ပြီး အားလုံး တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်မိကြပါတော့တယ်။ အထူးသဖြင့် ကုန်းစွန်းချင်နဲ့ ဂိုဏ်းက အဆင့်မြင့် တန်ခိုးရှင်တွေပါ။ သူတို့အနေနဲ့ ချင်းကျူတည်ရှိမှုကို မသိထားကြပါဘူး။ အခု ဂိုဏ်းချုပ်တောင် အနိုင်မယူနိုင်တဲ့ ရန်သူကို ချင်းကျူက တဒင်္ဂအတွင်း ချေမှုန်းခဲ့ပါတယ်။ ဒါကြောင့် သူတို့ မတုန်လှုပ်ပဲ ဘယ်နေပါ့မလဲ။

အခုလို ဆောင်ရွက်ပြီးသွားတာနဲ့ ချင်းကျူ လက်ညှိုးအထက်ကနေ ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပြီး ဆုယန်ရဲ့နဖူးကို ထိတွေ့သွားခဲ့ပါပြီ။ ခဏအကြာမှာတော့ ဆုယန် မျက်လုံး ပြန်ဖွင့်လိုက်ပါတော့တယ်။ သူမ ဒဏ်ရာတွေ ပြန်လည်ပျောက်ကင်းသွားပြီ ဖြစ်သလို ဝိညာဉ်စွမ်းအင်တွေလည်း ပြန်လည် ပြည့်၀သွားပါပြီ။

“ရှင်လား.. ချင်းကျူ”
ခဏလောက် အကြာမှာ ဆုယန် လှမ်းမေးလိုက်ပါတော့တယ်။

“အေးပေါ့”
ချင်းကျူလည်း လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ဆုယန်ကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်ပါပြီ။

“စိတ်မပူပါနဲ့တော့ကွယ်။ ကဲ.. ပြန်ကြရအောင်”

ဆုယန်လည်း ပါးစပ်ဟလိုက်ပေမယ့် ဘာမှ မပြောဖြစ်ခဲ့ပါဘူး။ သူမ ခေါင်းညိတ်လိုက်ပြီး
“ကောင်းပြီလေ”

ခဏလောက် အကြာမှာ ချင်းကျူဟာ ဆုယန်ရဲ့ အလင်းရောင်နဲ့ကာကွယ်ပေးထားတဲ့ ချင်းရှောင်ကို လက်လှမ်းဆွဲလိုက်ပါတော့တယ်။ ပြီးသွားတာနဲ့ အဝေးကို ပျံသန်းသွားခဲ့ပါပြီ။ ချင်းရှောင်ဟာ မလှုပ်ရှားနိုင်ခဲ့ပေမယ့် မြင်ကွင်းအားလုံးကို မြင်ခဲ့ရတယ် မဟုတ်လား။ သူမ ပျော်ရွှင်စွာ ပြောလိုက်ပါတော့တယ်။

“အဖေ… အဖေ့ကို ဒီလောက်တောင် အစွမ်းထက်မယ်လို့ သမီး မထင်မိခဲ့ဘူး”

“…”

ချင်းရှောင်ရဲ့ ခေါင်းလေးကို ပွတ်သပ်ရင်း ချင်းကျူလည်း စကြ၀ဠာ ဂိတ်တံခါးကို ဖွင့်လိုက်ပါပြီ။ ဒီလိုနဲ့ ဆုယန်နဲ့ ချင်းရှောင်တို့ကို ရွှမ်းရီတောင်တန်းဆီ ချင်းကျူ ပြန်ခေါ်သွားပါတော့တယ်။

“နေဦး ဆရာ.. သမီးကို မေ့သွားပြန်ပြီလား”

ဒီတစ်ကြိမ်မှာတော့ ယန့်ရှီ အပြေးလေး ရောက်ရှိလာခဲ့ပါပြီ။

(ပြီးပါပြီ။)
(ပြိုင်ဘက်ကင်းရတာ ပျင်းဖို့ကောင်းပါတယ်။ ပုံ- ဆရာဦးလေးချင်ကျူ)
(ဆေးဖော်မယ်.. ဆေးဖော်မယ်။ ၀ုန်း… အား.. ဆေးပေါင်းအိုးပေါက်ကွဲသွားပြီ။ ပုံ- ဂိုဏ်းချုပ်ကြီး ပိုင်ရီ)
(ဝု…ဝု..  ဝု..  ပုံ-ဟကျစကီ)

(ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။)

Continue Reading

You'll Also Like

36.2K 5.4K 201
အဖေဖြစ်သူက ကွပ်မြက်ခံခဲ့ရပြီးနောက် လျူမင်းဟာ ကလေးဘဝ ကတည်းက လူမိုက်ကျွန်းဆိုတဲ့ ထောင်တစ်ခုမှာ ထောင်ကျနေခဲ့ရာက တစ်နေ့မှာ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။...
164K 23.5K 93
💞Complete💞 system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနေ...
41.6K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...
201K 13.6K 55
Jeon Jungkook x Kim Taehyung