တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

51.2K 4K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
Book 31 Ch 1 - 7
8 - 14 ( end )

8 - 14

439 34 0
By Azure5549


#အပူအပင်မဲ့အင်မော်တယ်
Book 30
Chapter 8
ပျားသကာလို ချိုမြိန်လိုက်တာ

ဘုတ်

ယန့်ရှီတစ်ယောက် မူးမေ့လဲကျသွားခဲ့ပါပြီ။

ချင်းကျူ
“…”

“ဘယ်လိုလုပ်ပြီး”

သတ်ဖြတ်ခြင်းတာအိုဓား မှင်သက်သွားခဲ့ပြီး ယန့်ရှီကို မြန်မြန်ပြေးထူရင်း စစ်ဆေးကြည့်လိုက်ပါတော့တယ်။

ဒီဟင်းကို မချက်ပြုတ်ခင်မှာ သတင်းအချက်အလက် အများအပြားကို သတ်ဖြတ်ခြင်း တာအိုဓား ရှာဖွေခဲ့ပါတယ်။ အမျိုးမျိုးသော ကောင်းကင်ဘုံ ရတနာတွေရဲ့ အသုံးပြုပုံကောပေါ့။ ဘာပြဿနာမှ မရှိတာ သေချာတော့မှ သတ်ဖြတ်ခြင်း တာအိုဓား ချက်ပြုတ်ခဲ့တာပါ။ ဒါပေမဲ့ မတော်တဆ ဖြစ်ရပ်ဖြစ်လာခဲ့တာကြောင့် သူမ အလွန်စိတ်ပူသွားခဲ့ပါပြီ။

ဒါပေမဲ့ ဒီအချိန်မှာပဲ  ယန့်ရှီတစ်ယောက် မျက်လုံး ပြန်ဖွင့်လိုက်ပြီး လျှာထုတ် ပြောင်ပြလိုက်ပါတော့တယ်။

“ဟီး ဟီး.. အစ်မကြီး သတ်ဖြတ်ခြင်း တာအိုဓားကို စလိုက်တာပါ”

သတ်ဖြတ်ခြင်း တာအိုဓား
“…”

ချင်းကျူ
“…”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

“အစ်မကြီး သတ်ဖြတ်ခြင်း တာအိုဓား စိတ်ဆိုးသွားတာလား”
သတ်ဖြတ်ခြင်း တာအိုဓား နှုတ်ဆိတ်နေတာကို ကြည့်ပြီး ယန့်ရှီ နည်းနည်း စိတ်ပူသွားခဲ့ပါပြီ။

“ဟား ဟား ဟား.. ဒီကိစ္စလေးကို အစ်မက စိတ်တိုစရာလား”

သတ်ဖြတ်ခြင်း တာအိုဓားလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ယန့်ရှီကို ရိုက်ပစ်ချင်စိတ်ကို ကြိုးစားထိန်းချုပ်ရင်း ပြုံးပြီး ပြောလိုက်ပါတော့တယ်။

“ဟူး.. နင့်ကြောင့် ငါလန့်သေတော့မယ်”

ယန့်ရှီလည်း အခုမှ ရင်ဘတ်ကို ဖိပြီး သက်ပြင်းချလိုက်မိပါပြီ။

“အရသာ ဘယ်လိုနေလဲ”

ချင်းကျူက အရသာကို ပိုပြီး စိတ်ဝင်စားမိခဲ့ပါတယ်။

သူ့အဆင့်နဲ့ ယန့်ရှီတစ်ယောက် ဟန်ဆောင်တာကို သတိမထားမိပဲ ဘယ်နေပါ့မလဲ။ မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက သူကယ်ဆယ်ပြီးလောက်ပါပြီ။

“အဲ… အစ်မတော် သတ်ဖြတ်ခြင်း တာအိုဓားကို စနောက်ဖို့ပဲ စိတ်ထက်သန်နေတော့ အရသာကို သတိမထားမိလိုက်ဘူး”
ယန့်ရှီလည်း အူကြောင်ကြောင်နိုင်စွာ ပြန်ဖြေလိုက်ပါတော့တယ်။

“…”

ယန့်ရှီတစ်ယောက် အရသာကို သတိမထားမိပေမယ့်လည်း အကောင်းအတိုင်း ရှိနေတာကြောင့် အစားအသောက်တွေက ပုံမှန်လို့ပဲ ပြောရတော့မှာပါ။

စဉ်းစားလိုက်ပြီး ချင်းကျူလည်း တူကို အသားစ တစ်တုံးကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်ပါပြီ။

သားရဲ အသားဟာ အလွန်ကို နူးညံ့ပြီး ပါးစပ်တစ်ခုလုံး အရသာတွေ ပြည့်လွှမ်းသွားပါတော့တယ်။ သင်းပျံ့တဲ့ ဟင်းနံ့ကြောင့် သူဟာ လွင်ပြင်ဒေသ တစ်ခုကို ရောက်သွားလို ခံစားလိုက်ရပြီး အလွန်လည်း ဇိမ်ကျတဲ့ ခံစားချက် ခံစားနေရပါပြီ။

“ဆရာ.. ဘယ်လိုလဲ။ အဆင်ပြေရဲ့လား”
သတ်ဖြတ်ခြင်း တာအိုဓား အလောတကြီး မေးမြန်းလိုက်ပါတော့တယ်။

“အရမ်းကောင်းတယ်”

ချင်းကျူလည်း ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်အရက်အိုးကို ထုတ်ယူလိုက်ပါပြီ။ အစားကောင်းနဲ့ အသောက်ကောင်းကို အတူတူ တွဲစားသင့်တယ် မဟုတ်လား။

“ငါအောင်မြင်သွားပြီ.. ယေး”
သတ်ဖြတ်ခြင်း တာအိုဓားလည်း ဝမ်းသာပျော်ရွှင်စွာ ကခုန်လိုက်ပါတော့တယ်။ ဒါက သူမ ကိုယ်ပိုင်နည်းနဲ့ ပထမဆုံး ဖန်တီးခဲ့တဲ့ ဟင်းပွဲပဲ မဟုတ်လား။

“တကယ်လား”
ယန့်ရှီလည်း ဒီစကားကြောင့် ချက်ချင်း အသားတစ်တုံးကို ကောက်စားလိုက်ပါတော့တယ်။

“ဝိုး.. အရသာ ရှိလိုက်တာ”

သူမ စကားမဆုံးခင် နောက်ထပ် အသားတုံးတွေ ထပ်ပြီး ကောက်စားခဲ့ပါတယ်။ ဟင်းပန်းကန် တစ်ချပ်လုံးကို သူမ ပါးစပ်ထဲ ပစ်ထည့်မိတော့မတတ်ပါပဲ။

“အဟမ်း.. ဖြည်းဖြည်း။ ဖြည်းဖြည်း”

ချင်းကျူလည်း လက်ကို မြန်မြန်ယမ်းလိုက်ပြီး ယန့်ရှီကို ဖြည်းဖြည်းစားဖို့ သတိပေးလိုက်ရပါပြီ။

ဒီလိုနဲ့ လူတစ်ဦးနဲ့ မြက်ပင်လေး တစ်ပင်တို့ ဟင်းပန်းကန် တစ်ပွဲလုံးကို အလျှင်အမြန် ကုန်အောင် စားပစ်လိုက်ကြပါတော့တယ်။ ယန့်ရှီဟာ ပန်းကန်းကို နှစ်ကြိမ်လောက်တောင် လျှာနဲ့ လျက်လိုက်ပါသေးတယ်။သူမကို ကြည့်ရတာ ဟင်းပွဲကို ထပ်လိုချင်နေသေးသလိုပါပဲ။

ဒါကို တွေ့လိုက်ရတော့ သတ်ဖြတ်ခြင်း တာအိုဓား ခံစားချက်တချို့ ခံစားလိုက်ရပါပြီ။

တရားကျင့်ကြံတာ အပြင်ကို နောက်ထပ် ကျေနပ်ဖို့ကောင်းတဲ့ ခံစားချက်တစ်မျိုး သူမ ခံစားနေတယ် မဟုတ်လား။ ပြီးတော့ သူမ အဆင့်တက်ချိန်တုန်းကထက်တောင် ပိုပြီး ပျော်ရွှင်ကျေနပ်မိနေပါသေးတယ်။

သူမ လပေါင်းများစွာ ကြိုးစားမှုတွေ အချည်းနှီး မဖြစ်ခဲ့ပါဘူး။

ချင်းကျူလည်း ဝိညာဉ်အရက်ကို အကုန် မော့သောက်လိုက်ပါပြီ။ ပြီးတာနဲ့ သူမတ်တတ်ထရပ်လိုက်ပြီး
“ဟား.. အခုတော့ ဗိုက်ပြည့်သွားပြီ။ သွားအိပ်လိုက်ဦးမယ်”

ပြောပြောဆိုဆိုနဲ့ ချင်းကျူ ပျင်းရိစွာ အညောင်းဆန့်လိုက်ပါပြီ။

“သမီးလည်း အိပ်ချင်နေပြီ”
ယန့်ရှီလည်း ချင်းကျူကိုယ်ပေါ် ခုန်တက်လာပါတော့တယ်။

“..”

ရွှမ်းရီတောင်တန်းဂိုဏ်းကို ပြန်ရောက်လာစဉ် ကတည်းက စလို့ ချင်းကျူရဲ့ဘ၀ဟာ ဒီလိုပဲ နေ့စဉ်နေ့တိုင်း ဖြစ်နေခဲ့ပါတယ်။ သူအိပ်လိုက်၊ စားလိုက်၊ သောက်လိုက်နဲ့ပါ။ မကြာမကြာဆိုသလို ရေပူစမ်းမှာ သွားစိမ်ပြီး တစ်ခါတလေ မိစ္ဆာသားရဲတချို့ကို ဖမ်းဆီးဖြစ်ခဲ့ပါတယ်။ ပြောရရင် သူ့အနေနဲ့ ဘာကိုမှ စိတ်မပူပဲ သောကကင်းကင်း အနားယူနေနိုင်ခဲ့တယ် မဟုတ်လား။

နတ်ဘုရားလောကရဲ့ ကိစ္စကိုတော့ ချင်းကျူ စဉ်းတောင် မစဉ်းစားတော့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လိုသာကို သတ်ဖြတ်ပြီး ဖြစ်သလို အဘိုးမိုကလည်း စောင့်ကြပ်နေပါသေးတယ်။

အချိန်တွေ ကုန်လွန်လာခဲ့ပါပြီ။ မျက်စိတမှိတ် အချိန်အတွင်း ညနေခင်း ရောက်လာခဲ့တာကြောင့် ချင်းကျူလည်း မျက်လုံးကို ပွတ်သပ်ရင်း နှိုးလာခဲ့ပါပြီ။ ယန့်ရှီတစ်ယောက် သူ့ရင်ဘတ်ပေါ် အိပ်ပျော်နေတာကို တွေ့လိုက်ရပါတော့တယ်။

ထူးဆန်းတာကတော့ ပတ်ဝန်းကျင်က ဝိညာဉ်ကီစွမ်းအင်တွေဟာ ပိုမို သိပ်သည်းနေပြီး ယန့်ရှီကိုယ်ထဲ စီးဆင်းဝင်ရောက်နေကြတာပါ။

တစ်ချိန်တည်းမှာပဲ ယန့်ရှီရဲ့ အော်ရာအရှိန်အဝါ တဟုန်ထိုး တိုးတက်လာနေခဲ့ပါတယ်။ တစ်ဦးအနေနဲ့ ကောင်းကောင်းမသိထားဘူးဆိုရင် သူမကို ကြိုးစားပန်းစား တရားကျင့်နေတယ်လို့ ထင်မိကြမှာပါ။

ချင်းကျူအနေနဲ့ ဒီမြင်ကွင်းမျိုး တစ်ကြိမ် မြင်ဖူးခဲ့ပါတယ်။ အဲဒါကတော့ ယန့်ရှီရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ကောင်းကင်ဘုံ အင်ပါယာ ပြောင်းလဲပေးလိုက်ချိန်တုန်းကပါ။ အခု ဘာဖြစ်လို့ ထပ်ဖြစ်လာခဲ့တာလဲ။

ယန့်ရှီ ထပ်ပြီး အသွင်ပြောင်းလဲသွားလို့လား။

ဒါမှမဟုတ် ကောင်းကင်ဘုံ အင်ပါယာရဲ့ အမွေအနှစ်ကို ရရှိထားလို့ပဲလား။

ချင်းကျူလည်း အဖြေမရတာနဲ့ လက်လျှော့လိုက်ပါပြီ။ ယန့်ရှီကို နံဘေးမှာ ချထားလိုက်ပြီး ကျောက်တုံးပြာလေးပေါ်မှာ အရက်ဆက်သောက်ဖို့ တွေးလိုက်ပါတော့တယ်။

ဒါပေမဲ့ ကျောက်တုံးပြာလေးဆီ လာရာလမ်းမှာ ဆုယန်နဲ့ ဆုံတွေ့လိုက်ရပါပြီ။ ဆုယန်က အခုပဲ တရားကျင့်လို့ ပြီးဆုံးသွားခဲ့တာပါ။

“ဂိုဏ်းတူအစ်ကိုကြီးချင်း”
ဆုယန် ခေါင်းလေးငုံ့ပြီး ရှက်ရွံ့စွာ ပြောလိုက်ပါပြီ။

“အင်း..ငါတို့တွေ ရှုခင်းအတူတူ ကြည့်ကြမလား”
ချင်းကျူ အကြံပေးလိုက်ပါတော့တယ်။

ဆုယန်နဲ့ ယှဉ်လိုက်ရင် ချင်းကျူအနေနဲ့ ရှက်တယ်မပြောနိုင်ပါဘူး။ သူ့အနေနဲ့ စာဖွဲ့လို့မရနိုင်တဲ့ ခံစားချက် ခံစားနေခဲ့ရပါတယ်။ ဒါက အချစ်ပဲလား။

“ဟုတ်ကဲ့”
ဆုယန် ခေါင်းညိတ်လိုက်ပါပြီ။

ဒီလိုနဲ့ သူတို့နှစ်ဦးသား ကျောက်တုံးပြာလေးဆီ အတူတူ တွဲလျှောက်လာခဲ့ပါတော့တယ်။

“ဂိုဏ်းတူအစ်ကိုကြီးချင်း”

“အေး”

“ကျွန်မရဲ့ ဘယ်အရာကို ရှင်သဘောကျလဲ”
ဆုယန် ရုတ်တရက်မေးမြန်းလိုက်ပါတော့တယ်။

ချင်းကျူ မှင်သက်သွားခဲ့ပါပြီ။ ဒါက ထွက်ပေါက်မဲ့မေးခွန်းကြီးလား။

အန္တရာယ်.. အန္တရာယ်…

ဒါပေမဲ့ ချင်းကျူဟာ ဘ၀ကူးပြောင်းလာသူ ဖြစ်နေတော့ ကံကောင်းသွားခဲ့ပါတယ်။ သူ့အနေနဲ့ အတွေ့အကြုံ မများလှပေမယ့်လည်း လှပတဲ့ စာကြောင်းတွေကို မှတ်မိနေဆဲပါ။ ဒါကြောင့် သူတွေဝေခြင်းမရှိပဲ ဖြေလိုက်ပါပြီ။

“ငါလည်း သေချာတော့ မရှင်းပြတတ်ဘူး။ ကိုယ်မင်းနဲ့အတူတူ ရှိနေချိန်မှာ ကိုယ့်ပါးစပ်ထဲ သကြားခဲတစ်ခု ရှိနေသလိုမျိုးပဲ။ အရမ်းကို ချိုမြိန်လွန်းတယ်”

“ကမ္ဘာလောကကြီးက ကျယ်ပြောလွန်းပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့မင်းနဲ့ ဆုံတွေ့ခွင့် ရခဲ့တယ်”

တကယ်လို့သာ ကမ္ဘာက လူသားတွေ ဖြစ်မယ်ဆိုရင် ဒီစကားတွေက ဖွဲ့နွဲ့ပြီး စိတ်ပျက်ဖို့ ကောင်းနေတယ်လို့ ခံစားမိကြမှာပါ။ ဒါပေမဲ့ ဆုယန်ကတော့ မိုးကြိုးလေပြည်ဂိုဏ်းမှာပဲ ကြီးပြင်းလာခဲ့ရသူပါ။ သူမ အနေနဲ့ အပြင်လည်း သိပ်မထွက်ဖြစ်ခဲ့သလို ဒီလို စကားမျိုးတွေလည်း သိပ်မကြားဖူးခဲ့ပါဘူး။

အဲဒီတုန်းက ချင်းကျူပြောခဲ့တာ…

“အဆုံးအစမဲ့ တောင်ကြီးတွေနဲ့ မြစ်ကြီး ရှေ့မှောက်မှာတောင် ကြေးမှန်ထဲက မိန်းမချောလေးဟာ ပြိုင်ဘက်ကင်းခဲ့တယ်..”

ဒီစကားကို သူမ ကြွေနေခဲ့တာပါ။ အခုဆိုရင်….

ချင်းကျူ နောက်ဆုံးစကား အဆုံးမှာတော့ ဆုယန်ရဲ့ မျက်နှာ တစ်ခုလုံး နီရဲသွားခဲ့ပါပြီ။ သူမ အသွင်က အလွန်ကို ချစ်စရာကောင်းနေပါတော့တယ်။

“တကယ်တော့… ကိုယ်တို့ ဆုံတွေ့ခဲ့ဖူးကြပါတယ်။ အဲဒီတုန်းက ကိုယ့်ကို မင်းမသိခဲ့ပါဘူး”

ဆုယန်ကို စကားပြောခွင့် မပေးပဲ ချင်းကျူ စကားဆက်လိုက်ပါပြီ။

“လွန်ခဲ့တဲ့နှစ်ဝက်ကျော်လောက်တုန်းက မိစ္ဆာသတ် အစည်းအဝေးပွဲကို မင်းမှတ်မိသေးရဲ့လား”

“မှတ်မိပါတယ်”

“ကိုယ်လည်း အဲဒီမှာ ရှိနေခဲ့တယ်”

“အိုး.. တကယ်လား။ အဲဒီတုန်းက ရှင့်ကို သတိမထားမိခဲ့ဘူး”
ဆုယန်လည်း အလေးအနက်ထား စဉ်းစားလိုက်ပြီး နားမလည်နိုင်စွာ ပြောလိုက်ပါပြီ။

“ကိုယ်ပြောခဲ့ပါတယ်။ မင်းကိုယ့်ကို မသိခဲ့ဘူးဆိုတာ…”

ချင်းကျူလည်း ပုခုံးတွန့်ပြလိုက်ပြီး
“ကိုယ်လည်း ရွှမ်းရီတောင်တန်းကိုယ်စား မိစ္ဆာသတ် အစည်းအဝေးပွဲကို တက်ရောက်ပေးခဲ့တယ်။ ဒါကြောင့် ကိုယ်က အဝေးဆုံးနေရာမှာ ထိုင်နေခဲ့တယ်”

“ကျွန်မ နားလည်ပါပြီ”
ဆုယန် ရုတ်တရက် နားလည်သွားခဲ့ပါတော့တယ်။

လွန်ခဲ့တဲ့ နှစ်ဝက်ကျော်တုန်းက ရွှမ်းရီတောင်တန်းဂိုဏ်းဟာ မထင်ရှားသေးပါဘူး။ ဒါကြောင့် ဆုယန်လည်း မကြားဖူးခဲ့ပါဘူး။ သူမ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။

အဲဒီတုန်းက သူတို့နှစ်ဦး ပထမဆုံးသေချာ ဆုံတွေ့ရတာ ၀ူကျိလျှို့ဝှက်လောက အပြင်ဘက်မှာပါ။ ချင်းကျူကြောင့်သာ မဟုတ်ဘူးဆိုရင် တောင်ပိုင်းနယ်မြေကြီးရဲ့ ပါရမီရှင် အများအပြား ၀ူကျိ လျှို့ဝှက်လောကထဲ သေဆုံးသွားနိုင်ပါတယ်။ အဲဒါဆို အကျိုးဆက်ကတော့ မတွေးဝံ့စရာပါပဲ။

နောက်ပိုင်းမှာတော့ သေမင်းဝိညာဉ်လျှိုမြောင်မှာ ဆုယန်ကို ချင်းကျူထပ်ပြီး ကယ်တင်ပေးခဲ့သလို ဗဟိုကုန်းမြေတိုက်ကြီးဆီ အတူတူ ခရီးနှင်ခဲ့ကြပါတယ်။ အဲဒီမှာ အမျိုးမျိုးသော ထူးဆန်းတဲ့ အရာတွေ တွေ့ခဲ့ရသေးတယ် မဟုတ်လား။

တိုတိုပြောရရင် ချင်းကျူနဲ့သာ သူမ မဆုံတွေ့ခဲ့ဘူးဆိုရင် ဆုယန်ရဲ့ဘ၀ဟာ ဘယ်တော့မှ ဒီလောက်အထိ စိတ်လှုပ်ရှားဖို့ ကောင်းမှာ မဟုတ်ပါဘူး။

အရေးအကြီးဆုံးကတော့ ဘင်ကလန်ဟာ တောင်ပိုင်းနယ်မြေကြီးထဲ စိမ့်ဝင်လာခဲ့ပြီး ဘင်ချွင်ကန်က ဆုယန်ကို လက်ထပ်ဖို့အထိ ကြိုးစားလာခဲ့ပါတယ်။ အဲဒီတုန်းက ဆုယန်မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိခဲ့တာပါ။ အသေခံမလား၊ သဘောတူမလား။

ဆုယန်ရဲ့ အကျင့်စရိုက်အရဆို ဘင်ချွင်ကန်ကို လက်ထပ်မဲ့အစား အသေခံဖို့ကို ရွေးချယ်လိုက်နိုင်ပါတယ်။

“ဂိုဏ်းတူအစ်ကိုကြီးချင်း”

ဆုယန်အတွေးထဲ ပုံရိပ်တွေကို မြင်လာခဲ့ပါပြီ။ သူမ လက်ကို ဆန့်ထုတ်လိုက်ပြီး ချင်းကျူကို ပွေ့ဖက်ထားလိုက်ပါတော့တယ်။

“နောင်ကျရင် ရှင်နဲ့အတူ ထာ၀ရ ရှိနေချင်ပါတယ်”

“ဟား ဟား ဟား.. ရတာပေါ့”

ဆုယန်ရဲ့ ဆံပင်လေးကို ပွတ်သပ်ပြီး ချင်းကျူ ပြုံးလိုက်ပါပြီ။

ဘာကြောင့်မှန်းမသိပဲ စာဖွဲ့လို့မရနိုင်တဲ့ ခံစားချက်ဟာ ပိုမို ပြင်းထန်လာတာ ချင်းကျူ ခံစားမိနေခဲ့ပါတယ်။ ဒီခံစားချက်ဟာ အလွန်ကို နွေးထွေးပြီး အလွန်လည်း အေးချမ်းနေခဲ့တာပါ။

ခဏ အကြာမှာတော့ သူတို့ နှစ်ဦး ကျောက်တုံးပြာလေးဆီ ရောက်လာခဲ့ကြပြီး အေးအေးဆေးဆေး ထိုင်နေလိုက်ကြပါပြီ။ ညနေခင်း ဆည်းဆာရောင်ခြည်ဟာ ကီလိုမီတာ ထောင်ချီကို ဖြတ်သန်းပြီး သူတို့နှစ်ဦး ကိုယ်ပေါ် ကျဆင်းနေခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ရှုခင်းတွေ ရပ်တန့်သွားခဲ့ပါပြီ။ ပြောရရင် အချိန်တည်ရှိမှုဟာ အခုအချိန် ရပ်တန့်သွားခဲ့ သလိုပါပဲ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 30
Chapter 9
အတွင်းစိတ် မိစ္ဆာ

နောက်တစ်နေ့ မနက်ခင်း အချိန်။

မြူခိုးတွေ ဝေဝါးစွာ တောအုပ်ထဲ လွင့်နေတာ တွေ့ရမှာပါ။ အရာအားလုံး အလွန်အသစက်ဝင်နေခဲ့ပါတယ်။ ဝိညာဉ်ကီစွမ်းအင်ကလည်း အံ့မခန်း သိပ်သည်းလွန်းနေတာကြောင့် ကောင်းကင်ဘုံ တစ်ခုလိုပါပဲ။

ချင်းကျူလည်း နံဘေးမှာ လဲလျောင်းနေတဲ့ ဆုယန်ကို လှမ်းကြည့်လိုက်ပါပြီ။ သူအပြုံးဖျော့ဖျော့ ပြုံးလိုက်မိပါတော့တယ်။

မနေ့ညတုန်းက သူတို့နှစ်ယောက် စကားတွေ အများကြီး ပြောနေခဲ့ကြတာပါ။ ဒီလို အိပ်ပျော်သွားလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

ချင်းကျူ ခဏ ကြည့်နေဖြစ်ခဲ့ပါတယ်။ ဆုယန် နိုးလာမယ့်ပုံ မရသေးတာကြောင့် ချင်းကျူလည်း ဝိညာဉ်အရက်အိုးကို ထုတ်ယူပြီး မော့သောက်လိုက်ပါပြီ။

အချိန် ဘယ်လောက်ကြာမှန်းမသိလိုက်ခင်မှာ ဆုယန် နည်းနည်းလှုပ်ရှားလာပါတော့တယ်။ ဒါပေမဲ့ သူမ မနှိုးသေးပါဘူး။ သူမ မျက်နှာနည်းနည်း ရှုံ့မဲ့နေတာကြောင့် အိပ်မက်ဆိုး မက်နေသလိုပါပဲ။

ချင်းကျူလည်း ဆုယန်ကို နှိုးချင်ခဲ့ပါတယ်။ ဒါပေမဲ့ ခဏလောက် စဉ်းစားပြီးနောက် ဆုယန်ရဲ့ အိပ်မက်ထဲ ဝင်ကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဘယ်လိုအိပ်မက်မျိုးကြောင့် ဆုယန် ခံစားနေရတယ် ဆိုတာကို သိချင်လာခဲ့တာကြောင့်ပါ။

စဉ်းစားရင်း ချင်းကျူဆီကနေ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်လာခဲ့ပြီး ဆုယန်ရဲ့ မျက်ခုံးနှစ်ခုကြားကို ထိမှန်သွားခဲ့ပါပြီ။

၀ုန်း

နောက်တဒင်္ဂမှာတော့ ရင်းနှီးကျွမ်းဝင်တဲ့ ရှုခင်းမျိုး ချင်းကျူ တွေ့လိုက်ရပါတော့တယ်။

မိုးကြိုးလေပြည်ဂိုဏ်း..

မှန်ပါတယ်။ ဒါကတော့ မိုးကြိုးလေပြည်ဂိုဏ်းပါပဲ။

ချင်းကျူအနေနဲ့ ဒီကို နှစ်ကြိမ်သာ ရောက်ဖူးပေမယ့်လည်း အမှတ်မမှတ်သေးပါဘူး။

အရေးအကြီးဆုံးကတော့ ပထမအကြီးအကဲ လီမိုကို သူတွေ့နေရတာပါ။

“ဆုယန်.. မင်းရဲ့ ပြစ်မှုတွေကို နားလည်ရဲ့လား”

ခန်းမအဆုံးမှာတော့ ရာဇပလ္လင်ထက် ထိုင်နေတဲ့ ဆံပင်ဖြူဖွေးနေတဲ့ အဘိုးအို တစ်ဦးကို တွေ့လိုက်ရပါပြီ။ မြေပြင်မှာ ဒူးထောက်ထိုင်နေတဲ့ ဆုယန်ကို သူအေးစက်စွာ ကြည့်ပြီး ပြောလိုက်ပါတော့တယ်။

သူက ဘယ်သူလဲ။

ချင်းကျူ အံ့ဩသွားခဲ့ရပါပြီ။

မိုးကြိုးလေပြည်ဂိုဏ်းကို နောက်ဆုံးအကြိမ် သူရောက်သွားတုန်းက ဒီအဘိုးအိုကို မတွေ့ခဲ့ပါဘူး။

သူက မိုးကြိုးလေပြည်ဂိုဏ်းထဲ လျှို့ဝှက်နေထိုင်တဲ့ တန်ခိုးရှင်ကြီး တစ်ဦးဦးလား။

“နားမလည်ပါဘူး”
ဆုယန် ခေါင်းကို ခါယမ်းလိုက်ပြီး အံကို တင်းတင်းကြိတ်ထားရင်း ပြောလိုက်ပါပြီ။

“ဂိုဏ်းချုပ်ကြီး.. ကျွန်မ ဘယ်လို အပြစ်မျိုး ကျူးလွန်ခဲ့တယ် ဆိုတာကို နားမလည်ပါဘူးရှင်”

ဂိုဏ်းချုပ်ကြီး ဆိုတာ…

ချင်းကျူ မှင်သက်သွားခဲ့ပါပြီ။ မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးလား။

သူက လွင်ပြင်ဒေသ တိုက်ပွဲမှာ သေဆုံးသွားခဲ့ပြီ မဟုတ်ဘူးလား။

“ဟမ့်.. မင်းက တန်ခိုးကျင့်စဉ် အခြေခံကို ဖျက်ဆီးပြီး မိုးကြိုးလေပြည်ဂိုဏ်းကို သစ္စာဖောက်ခဲ့တယ်။ မင်းပြစ်မှုတွေကို လုံး၀ ခွင့်လွှတ်ပေးဖို့ မဖြစ်နိုင်တော့ဘူး”

အဘိုးအို ဒေါသတကြီး အော်ပြောလိုက်ပါပြီ။

“အဲဒီတုန်းက မင်းကို ငါဘယ်လို ပျိုးထောင်ပေးခဲ့တယ်ဆိုတာ မေ့သွားပြီလား”

“…”

ဒါကို ကြားလိုက်ရတော့ ဆုယန် ခေါင်းငုံ့ထားလိုက်ပါတော့တယ်။

မိုးကြိုးလေပြည်ဂိုဏ်းက တခြားလူတွေကို ဆုယန် ပြန်ပြောဝံ့ပေမယ့်လည်း မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးကိုတော့ ပြန်မပြောဝံ့ပါဘူး။

ပထမ အကြီးအကဲတို့နဲ့ ယှဉ်လိုက်ရင် မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးဟာ အလွန်သိမ်မွေ့သူပါ။ သူမကိုလည်း မကြာမကြာ ပုံပြင်တွေ ပြောပြတတ်ပါတယ်။ ဆုယန်အနေနဲ့ ဝမ်ရှင်းသူတော်စင် အဆင့်မရောက်ခင် မိုးကြိုးလေပြည်ဂိုဏ်းကနေ တစ်ခါမှ မထွက်ခွာဖူးတဲ့အတွက် ဂိုဏ်းချုပ်ကြီးမိုးကြိုးလေပြည် ဆီကနေသာ အပြင်လောကအကြောင်း ကြားဖူးခဲ့တာပါ။

မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးကြောင့်လည်း ဆုယန်ဟာ ရဲရင့်ခဲ့ပြီး မိုးကြိုးလေပြည်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျို ဖြစ်လာခဲ့ပါတယ်။

ငယ်ရွယ်တဲ့ ဆုယန်အတွက်ကတော့ မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးဟာ ဖခင်လို ပုဂ္ဂိုလ်ကြီး တစ်ဦးပါပဲ။

လွင်ပြင်ဒေသ တိုက်ပွဲမှာ မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီး သေဆုံးသွားခဲ့ရတာက ခရမ်းရောင် မိစ္ဆာတွေ အလစ်ဖမ်းတိုက်ခိုက်ခဲ့လို့ မဟုတ်ပဲ ဆုယန်တို့နဲ့ တခြားဂိုဏ်းသားတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် နောက်ချန်နေရစ်ပေးခဲ့တာကြောင့်ပါ။

ပြောရရင် ဘယ်လိုပဲ ကြည့်ကြည့် မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးဟာ လေးစားထိုက်သူပါပဲ။

အဝေးမှာတော့ မြင်ကွင်းကို ကြည့်ပြီး ချင်းကျူ တွေးနေမိခဲ့ပါတယ်။

ဒါက ဆုယန်ရဲ့ ရင်ထဲက အတွေးတွေ ပြိုင်ဆိုင်နေတာ ရှင်းနေပါပြီ။ သူမဟာ တန်ခိုးကျင့်စဉ် အခြေခံကို ဖျက်ဆီးပြီး မိုးကြိုးလေပြည်ဂိုဏ်းနဲ့ သံယောဇဉ် ဖြတ်ခဲ့ပေမယ့်လည်း မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးအပေါ် အကြွေးတင်နေတယ်လို့ ခံစားနေရဆဲပါ။ ဒါကြောင့် ဒီလို အိပ်မက်မျိုး မက်နေခဲ့တာပါပဲ။

ပြီးတော့ ဒီလို အိပ်မက်မျိုးကို ဆုယန် ပထမဆုံးအကြိမ် မက်ဖူးတာ မဟုတ်ပါဘူး။ ဆုယန်အနေနဲ့ ဘယ်သူ့ကိုမှ မပြောပြတာပဲ ရှိတာပါ။

ဒါကို အိပ်မက်လို့ ပြောရမှာထက် အတွင်းစိတ် မိစ္ဆာလို့ ပြောနိုင်နေပါပြီ။

ချင်းကျူလည်း သက်ပြင်းချလိုက်ပြီး  ဝင်ရောက်စွက်ဖက်ဖို့ ဟန်ပြင်လိုက်ပါတော့တယ်။ မဟုတ်ဘူးဆိုရင် ဆုယန် ဘယ်အချိန်မှ အဖြေရမယ် မသိတော့ပါဘူး။

“အင်း.. မင်းက ဘယ်သူလဲ”
အဆိုပါ လူကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်ပါပြီ။

ဂိုဏ်းချုပ်ကြီးမိုးကြိုးလေပြည်လည်း ချင်းကျူကို မျက်မှောင်ကြုတ်ပြီး ကြည့်နေခဲ့ပါတယ်။

“ဂိုဏ်းတူအစ်ကိုကြီးချင်း... ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”

ဆုယန် တုန်လှုပ်သွားခဲ့ပါပြီ။

အားလုံးသိထားသလိုပဲ လူအများစုက အိပ်မက် မက်နေကြချိန် အိပ်မက်ထဲမှာမှန်းမသိကြပါဘူး။ ဆုယန်လည်း ဒီလိုပါပဲ။ ပြီးတော့ ဒီကိစ္စက သူမရဲ့ အတွင်းစိတ်မိစ္ဆာဖြစ်နေပြီ မဟုတ်လား။

ချင်းကျူလည်း ဆုယန်ကို ထူပေးလိုက်ပြီးနောက် မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးကို လှမ်းကြည့်လိုက်ပါပြီ။

“ဟိုင်း… ငါ့နာမည်က ချင်းကျူပါ”

တောင်ပိုင်းနယ်မြေကြီးမှာ မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးဟာ ဂိုဏ်းချုပ်ကြီး တျန်းဂျိနဲ့ မျိုးဆက်တူ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး တစ်ဦးပါ။ သူဟာ မိုးကြိုးလေပြည်ဂိုဏ်းကို နှစ်ပေါင်းရာချီ ထောက်ပံ့ပေးခဲ့ပြီး အလွန်ကျော်ကြားသူပါ။ နောက်ဆုံးတော့ တောင်ပိုင်းနယ်မြေကြီးကို ကာကွယ်ပေးရင်း တိုက်ပွဲမှာ သူကျဆုံးသွားခဲ့ပါတယ်။

မဟုတ်ဘူးဆိုရင် မဟာဂိုဏ်းကြီး ၃ ခုက မိုးကြိုးလေပြည်ဂိုဏ်းကို နှစ်ပေါင်း ၁၀၀ စောင့်ရှောက်ပေးမယ်လို့ ကြေညာလိမ့်မယ် မဟုတ်ပါဘူး။

“ချင်းကျူ…”

ဂိုဏ်းချုပ်ကြီး မိုးကြိုးလေပြည် မှင်သက်သွားခဲ့ပါပြီ။

“ဆုယန်နဲ့ မင်းဘယ်လို ပတ်သက်သလဲ”

“ငါက သူ့ယောက်ျားပါ”
ချင်းကျူလည်း ဘာမှ ဖုံးကွယ်မနေပဲ ပြောလိုက်ပါတော့တယ်။

“သတ္တိကောင်းလှချည်လား”

ဂိုဏ်းချုပ်ကြီး မိုးကြိုးလေပြည် ဒေါသူပုန် ထသွားခဲ့ပါပြီ။

“ဆုယန်က ငါတို့ မိုးကြိုးလေပြည်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျိုပဲ။ မင်းက သူမဘ၀ကို စွန်းထင်းအောင် လုပ်ဝံ့တယ်လား”

“အိုး.. တကယ်လား”
ချင်းကျူ ပြုံးလိုက်ပြီး
“ငါသိထားသလောက် ဆိုရင်တော့ ဆုယန်က မိုးကြိုးလေပြည်ဂိုဏ်းဝင် မဟုတ်တော့တာ ကြာပါပြီ။ ဟုတ်တယ်နော်”

ဂိုဏ်းချုပ်ကြီး မိုးကြိုးလေပြည်ကို စကားပြောခွင့် မပေးပဲ ချင်းကျူ စကားဆက်လိုက်ပါပြီ။

“ဒါနဲ့.. မင်းက တကယ်ပဲ မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးကော ဟုတ်လို့လား”

ဂိုဏ်းချုပ်ကြီး မိုးကြိုးလေပြည် မှင်သက်သွားပါတော့တယ်။

“မင်းက ဘာပြောချင်တာလဲ”

“မင်းသာ ဂိုဏ်းချုပ်ကြီး မိုးကြိုးလေပြည်ဆိုရင် ဆုယန်အတွက် ဝမ်းသာပျော်ရွှင်နေမှာ မဟုတ်ဘူးလား”
ချင်းကျူ ထပ်မေးလိုက်ပါပြီ။

“ဆုယန်အတွက် ဝမ်းသာနေမယ်ဆိုတာ…”

ဂိုဏ်းချုပ်ကြီး မိုးကြိုးလေပြည် မှင်သက်သွားပါတော့တယ်။

“အမှန်ပဲ”
ချင်းကျူ ခေါင်းညိတ်လိုက်ပြီး
“မိုးကြိုးလေပြည်ဂိုဏ်းက မင်းမရှိတော့တဲ့အခါ အရင်လိုမျိုး ဟုတသေးရဲ့လား။ ဆုယန်သာ မိုးကြိုးလေပြည် ဂိုဏ်းကနေ မထွက်လာခဲ့ဘူးဆိုရင် ဂိုဏ်းအတွက် အချိန်မရွေး စတေးခံရမဲ့ပစ္စည်းလို ဖြစ်နေရတော့မှာ”

ဂိုဏ်းချုပ်ကြီး မိုးကြိုးလေပြည်ကို ဆုံးရှုံးပြီးနောက် မိုးကြိုးလေပြည်ဂိုဏ်းဟာ ခန့်မှန်းလို့ မရအောင် ဆုတ်ယုတ်သွားခဲ့ပါတယ်။ ဂိုဏ်းက အကြီးအကဲတွေဟာ ကြိုးစားလေ့ကျင့်ဖို့ထက် တခြားသူတွေရဲ့ အကာအကွယ်တွေကို ရှာဖွေလာကြပါတော့တယ်။

နောက်ဆုံးတော့ သူတို့တွေ အကာအကွယ် မရရုံတင်မက ဆုယန်ကိုပါ အဝေး နှင်လွှတ်လိုက်သလို ဖြစ်သွားခဲ့ပါပြီ။ ဒီလိုနဲ့ နှစ်ပေါင်းတစ်ရာအတွင်း မဟာဂိုဏ်းကြီး လေးခုထဲ စာရင်းပြန်ဝင်မယ့် မျှော်လင့်ချက်ပါ ပျက်စီးသွားပါတော့တယ်။ ဒါတွေအားလုံးက တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံးကို လှုပ်ကိုင်နိုင်ခဲ့တဲ့ မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးနဲ့ တခြားဆီပါပဲ။

မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးကြောင့်ပဲ မိုးကြိုးလေပြည် ဂိုဏ်းကြီးဟာ အစွမ်းထက်လာခဲ့တာ မဟုတ်လား။

စက္ကူစတွေ ပျက်စီးလာသလိုပဲ မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးရဲ့ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်လာခဲ့ပါပြီ။ သူတိုးတိုးလေး ရေရွတ်နေခဲ့ပါတယ်။

“ငါက မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးကော ဟုတ်လို့လား။ ဆုယန်အတွက် ငါပျော်ရွှင်ပေးရမှာ မဟုတ်ဘူးလား”

ပြောရရင် သူဟာ မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးလည်း မဟုတ်ပါဘူး။ ချင်းကျူရဲ့ မေးခွန်းထုတ်ခြင်း ခံလိုက်ရပြီးနောက် ကိုယ့်ကိုကိုယ် သံသယတွေ ဝင်လာခဲ့ပါတော့တယ်။

မိုးကြိုးလေပြည်ဂိုဏ်းက တခြားလူတွေလည်း နေရာမှာ ရပ်တန့်ပြီး အသိစိတ် ကင်းမဲ့သလို ဖြစ်နေကြပါပြီ။

ဒါကို တွေ့လိုက်ရတော့ ဆုယန်ကို လှည့်ပြီး ပြောလိုက်ပါတော့တယ်။
“မိုးကြိုးလေပြည်ဂိုဏ်းကနေ ထွက်လာခဲ့ရတာကို နောင်တရနေသလား”

“နောင်တရမပါဘူး”
ဆုယန် ချက်ချင်း ဖြေလိုက်ပါပြီ။

ဂိုဏ်းချုပ်ကြီး မိုးကြိုးလေပြည်အတွက် သူမ စိတ်မကောင်း ဖြစ်မိပေမယ့်လည်း ဘင်ချွင်ကန်ကို လက်ထပ်စရာ အကြောင်းမရှိပါဘူး။

“အဲဒါဆို ဘာဖြစ်လို့များ အပြစ်ရှိနေတယ်လို့ ခံစားနေရသေးတာလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် မိုးကြိုးလေပြည်ဂိုဏ်းအတွက် မင်းဆောင်ရွက်ပေးခဲ့ပြီးပြီလေ”

“ဒါပေမဲ့…”

“စိတ်မပူပါနဲ့။ မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးလည်း ဒီအကြောင်း သိသွားမယ် ဆိုရင်တောင်မှ မင်းအတွက် ပျော်ရွှင်နေမှာပါ။ သူ့ကြောင့် ဖြစ်လာတဲ့ ကပ်ဆိုးကနေ တပည့်ဖြစ်သူ လွတ်မြောက်လာခဲ့တာကြောင့် ဘယ်လောက်တောင် ဝမ်းသာနေလိမ့်မလဲ”

“တကယ်လား”

ဆုယန်လည်း မျှော်လင့်ချက်တွေ ပြည့်နေတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်ပါပြီ။

“တကယ်ပေါ့”
ချင်းကျူ သာမန်ပဲ ဖြေလိုက်ပါတော့တယ်။

ခလွမ်

ရုတ်တရက်ဆိုသလို မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီး မျက်နှာအထက် အက်ရာတွေ ထင်ဟပ်လာခဲ့ပါပြီ။

ခလွမ် ခလွမ်

မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးတင်မက ရှိနေကြသူ အားလုံးနဲ့ ပတ်ဝန်းကျင်မှာပါ အက်ကြောင်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

မှန်တွေ ကွဲကြေသွားသလိုပဲ အလင်းမှုန်လေးတွေအဖြစ် အရာရာ လွင့်ပြယ်သွားခဲ့ကြပါပြီ။

တစ်ချိန်တည်းမှာပဲ ဆုယန် မျက်လုံးဖွင့်လိုက်ပါတော့တယ်။ သူမ ရင်ထဲ တွေဝေမှုတွေ မရှိတော့ပါဘူး။ သူမကို နှစ်လနီးပါးလောက် ဒုက္ခပေးနေခဲ့တဲ့ အတွင်းစိတ်မိစ္ဆာ ရှင်းလင်းသွားပြီ ဖြစ်တာကြောင့် သူမ စိတ်တွေ အလွန်ပေါ့ပါးသွားခဲ့ပါပြီ။

“ကျေးဇူးပါပဲ။ ဂိုဏ်းတူအစ်ကိုကြီးချင်း”

ဆုယန်လည်း ချင်းကျူကို ပွေ့ဖက်လိုက်ပြီး ချိုမြိန်တဲ့အပြုံးကို ပြုံးလိုက်ပါတော့တယ်။

“…”

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 30
Chapter 10
ဒုတိယမြောက် အသွင်ပြောင်းလဲခြင်း

အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ မျက်စိတမှိတ် အချိန်အတွင်း ဆုယန်တစ်ယောက် အတွင်းစိတ်မိစ္ဆာကို ရှင်းလင်းပြီးလို့ ငါးရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပါပြီ။

ဒီငါးရက်အတွင်း ဆုယန်ရဲ့ တိုးတက်နှုန်း အလွန်မြန်ဆန်လာခဲ့ပါတယ်။ သူမဟာဇင်တျန်အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ ဖြစ်ပြီး ဇီဖူအဆင့်ကို ရောက်ဖို့ ခြေလှမ်းတစ်ဝက်သာ ကျန်တော့တာပါ။

ဆုယန်ရဲ့ လက်ရှိ ပါရမီနဲ့ဆိုရင် နှစ်ဝက် ဒါမှမဟုတ် မကြာခင် အခိန်မှာ မူလတာအို သူတော်စင်အဆင့်ကို ပြန်လည် ရောက်ရှိသွားနိုင်ပါတယ်။

ဒီနေရာဟာ နတ်ဘုရားလောကပါ။ ဒီနေရာမှာ ရှိတဲ့ ဝိညာဉ်ကီစွမ်းအင်ဟာ တောင်ပိုင်းနယ်မြေကြီးထက် အဆများစွာ သာလွန်သိပ်သည်းပါတယ်။ ပြီးတော့ နှစ်သောင်းချီ ဝိညာဉ်ရေပူစမ်းကြောင့် အဆင့်မတက်ပဲ တန့်ရပ်နိုင်စရာ အကြောင်းလည်း မရှိနေတော့ပါဘူး။

ပြောစရာ တစ်ခုပဲ ရှိတာက အဲဒီနေ့က အိပ်ပျော်သွားပြီးချိန်ကစလို့ ယန့်ရှီတစ်ယောက် ပြန်မနှိုးလာတော့တာပါ။ သူမရဲ့ အသက်ရှူနှုန်းနဲ့ နှလုံးခုန်သံဟာ အလွန်ကို တည်ငြိမ်နေပြီး အော်ရာအရှိန်အဝါဟာ ဆက်တိုက် တိုးတက်နေခဲ့ပါတယ်။ သူမဟာ  မြေကမ္ဘာ သူတော်စင် အဆင့်ကို တက်လှမ်းနေတဲ့ အရိပ်အယောင်ကိုလည်း ပြသနေပါပြီ။

ချင်းကျူလည်း နားမလည်နိုင်တာကြောင့် ကောင်းကင်ဘုံ အင်ပါယာကို လှမ်မေးခဲ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ယန့်ရှီက ကောင်းကင်ဘုံ အင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံသူပဲ မဟုတ်လား။

“ဘာ.. ဝိညာဉ်ဆေးပင်လေးက ဒုတိယမြောက် အသွင်ပြောင်းလဲခြင်းကို ရရှိနေပြီလား”

ချင်းကျူရဲ့ ရှင်းပြမှုကို နားထောင်ပြီးနောက် ကောင်းကင်ဘုံ အင်ပါယာ အံ့အားသင့်စွာ ပြောလိုက်ပါတော့တယ်။

“ဒုတိယမြောက် အသွင်ပြောင်းလဲခြင်း…”

ချင်းကျူလည်း အံ့ဩသွားခဲ့ပါပြီ။ ဘာတွေ ဖြစ်ကုန်တာလဲ။

“အမှန်ပဲ။ သူမက ဝိညာဉ်ဆေးပင် ဝိညာဉ်ဖြစ်တာကြောင့် သူမကို ဆက်တိုက်ပြောင်းလဲနိုင်တဲ့ ကျင့်စဉ် ပေးအပ်ခဲ့တယ်။ အဲဒီကျင့်စဉ်နာမည်က ကောင်းကင်ဘုံကိုးဆင့် အသွင်ပြောင်းလဲခြင်းတဲ့”

ကောင်းကင်ဘုံ အင်ပါယာ ဆက်ပြီး ရှင်းပြလိုက်ပါပြီ။

“အဲဒီ ကျင့်စဉ်ကို ကံကောင်းစွာနဲ့ ကျွန်တော် ရရှိခဲ့တာပါ။ အဲဒီကျင့်စဉ်က သူမကို ကိုးကြိမ်တိတိ အသွင်ပြောင်းလဲစေလိမ့်မယ်။ ပြီးတော့ တစ်ကြိမ် အသွင်ပြောင်းလဲပြီးတိုင်း သိသာတဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရလိမ့်မယ်။ သာမန် အခြေအနေမျိုးမှာတော့ ကောင်းကင်သူတော်စင် အဆင့်ကို ရောက်ပြီးတော့မှ ဒုတိယမြောက် အသွင်ပြောင်းလဲခြင်းကို ရရှိမှာပါ။ ဒါနဲ့ ဝိညာဉ်ဆေးပင်လေးက ကောင်းကင်သူတော်စင် အဆင့်ကို ရောက်သွားပြီလား”

“အဲ.. မရောက်သေးပါဘူး။ သူမက မူလတာအို အဆင့်ကိုပဲ ရောက်ပါသေးတယ်”
ချင်းကျူ ဖြေလိုက်ပါတော့တယ်။

ကောင်းကင်ဘုံ အင်ပါယာ
“…”

ကောင်းကင်ဘုံ အင်ပါယာလည်း ယန့်ရှီတစ်ယောက် ဒုတိယမြောက် အသွင်ပြောင်းလဲသွားကြောင်း ကြားလိုက်ရတဲ့အတွက် ဘာပြောလို့ ပြောရမှန်းမသိဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးတော့ ချင်းကျူနဲ့အတူ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

မကြာခင်မှာတော့ သူတို့ နှစ်ဦး တောင်ထိပ်ပေါ် ဆင်းသက်လာပါတော့တယ်။ ချင်းကျူလည်း အိပ်စက်ရင်း ဝိညာဉ်စွမ်းအင်တွေကို အငမ်းမရ စုပ်ယူနေတဲ့ ယန့်ရှီကို ညွှန်ပြလိုက်ပါပြီ။

“ဟိုမှာလေ”

ကောင်းကင်ဘုံ အင်ပါယာလည်း လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိပါတော့တယ်။ အစစ်အမှန် နတ်ဘုရား အထက်အဆင့်ကို ရောက်နေပမယ့်လည်း သူတုန်လှုပ်သွားခဲ့ရပါပြီ။

“ဒါက ဒုတိယမြောက် အသွင်ပြောင်းလဲခြင်းဆိုတာ အမှန်ပဲ။ ပြီးတော့ ပြီးပြည့်စုံတဲ့ အသွင်ပြောင်းလဲခြင်းမျိုးပဲ”

ကောင်းကင်ဘုံ ကိုးဆင့် အသွင်ပြောင်းလဲခြင်းဟာ အလွန်ကြောက်စရာကောင်းပြီး စာဖွဲ့လို့မရအောင် နက်နဲကြောင်း ကောင်းကင်ဘုံအင်ပါယာသာ အသိဆုံးပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီတုန်းက ကောင်းကင်ဘုံ နန်းတော် မပျက်စီးခင်မှာ ကောင်းကင်ဘုံ အင်ပါယာဟာ ကောင်းကင်ဘုံ ရတနာတစ်ခုကို လူသားအသွင် ပြောင်းလဲစေပြီး ဒီကျင့်စဉ်ကို လေ့ကျင့်စေခဲ့ပါတယ်။ သူဟာ အသွင်ပြောင်းလဲခြင်း လေးဆင့်ကို အောင်မြင်ခဲ့ပြီး အစစ်အမှန် နတ်ဘုရားအဆင့်ရောက်လာခဲ့သလို မျိးဆက်တူတွေအကြား ပြိုင်ဘက်ကင်းခဲ့ပါတယ်။

ပြီးတော့ တစ်ကြိမ် အသွင်ပြောင်းလဲပြီးသွားတိုင်း အဆင့်တွေ ကွာခြားသွားစမြဲပါ။ အဲဒီတုန်းက ကောင်းကင်ဘုံ ရတနာဟာ လူသားအသွင်ပြောင်းလဲလေ့ကျင့်ခဲ့စဉ် တစ်ကြိမ်မှာပဲ ပြီးပြည့်စုံတဲ့ အသွင်ပြောင်းလဲခြင်း ရရှိခဲ့ဖူးပါတယ်။ ကျန်တဲ့ အသွင်ပြောင်းလဲခြင်း ၃ ခုကိုတော့ ကျော်ဖြတ်တယ်ဆိုရုံသာ ကျော်ဖြတ်နိုင်ခဲ့တာပါ။ နှစ်ကြိမ် အသွင်ပြောင်းလဲခြင်း ကျဆုံးလုလု ဖြစ်သွားခဲ့ပါတယ်။ အဲဒါတောင်မှ သူ့ရဲ့ တရားကျင့်ကြံမှု ပါရမီဟာ အဆများစွာ တိုးတက်လာနေဆဲပါ။ ကောင်းကင်ဘုံ အင်ပါယာ နားလည်သလောက်ဆိုရင် သူ့အနေနဲ့ ငါးကြိမ်မြောက် အသွင်ပြောင်းလဲခြင်း မအောင်မြင်ဘူးဆိုရင်တောင်မှ အစစ်အမှန် နတ်ဘုရားအဆင့်ကို သေချာပေါက် ရောက်လာပါလိမ့်မယ်။

ကံမကောင်းချင်တော့လည်း ဒီကောင်းကင်ဘုံ ရတနာဟာ ဖန်းရှီနဲ့ ပူးပေါင်းပြီး ကောင်းကင်ဘုံ အင်ပါယာကို အလစ်ဖမ်း တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကောင်းကင်ဘုံ အင်ပါယာရဲ့ လက်ဝါးချက်ကြောင့် သေဆုံးပျောက်ကွယ်သွားခဲ့ပါပြီ။

ဆိုရိုးစကားတစ်ခုလိုပဲ။ ပန်းပင်စိုက်ရာမှာ ပန်းပင်ဟာ မရှင်ပဲ သေသွားနိုင်ပါတယ်။ ဒီအတိုင်း ပစ်ထားတဲ့ ပန်းပင်ရိုင်းကတော့ အပွင့်တွေ ဝေဆာပြီး အရိပ်တောင် ပေးနေလို့။ ကောင်းကင်ဘုံ ကိုးဆင့် အသွင်ပြောင်းလဲခြင်းကို ယန့်ရှီဆီ ပေးအပ်ခဲ့တုန်းက ကောင်းကင်ဘုံ အင်ပါယာအနေနဲ့ဘာမှ မမျှော်လင့်ထားခဲ့သလို ယန့်ရှီ မအောင်မြင်မှာကိုတောင် စိတ်ပူမိခဲ့ပါသေးတယ်။  ဒါကြောင့် ပထမဆုံးအသွင်ပြောင်းလဲခြင်းကို သူကိုယ်တိုင် ကူညီကျော်ဖြတ်ပေးခဲ့တာပါ။

ယန့်ရှီဟာ ဒီလို အချိန်တိုအတွင်း ဒုတိယမြောက် အသွင်ပြောင်းလဲခြင်း ရမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။ ပြီးတော့ သူမရဲ့ ဒုတိယမြောက် အသွင်ပြောင်းလဲခြင်းဟာ ပြီးပြည့်စုံတဲ့ အသွင်ပြောင်းလဲမှု ဖြစ်နေပြန်ပါသေးတယ်။

ဒီလိုသာ ဆက်သွားမယ်ဆိုရင် အသွင်ပြောင်းလဲခြင်း ကိုးခုလုံး အောင်မြင်သွားရင် သူမ ဘာဖြစ်လာမလဲ။

တကယ့်ကို အံ့မခန်းပါပဲ။

ကောင်းကင်ဘုံ အင်ပါယာလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အလေးအနက်ထား ပြောလိုက်ပါပြီ။

“သူမကို မနှောင့်ယှက်ပါနဲ့တော့။ သူမအနေနဲ့ ရက်အနည်းငယ် အကြာမှာ ပြန်နှိုးလာပါလိမ့်မယ်”

“ကောင်းပြီလေ”
ချင်းကျူလည်း ပြန်ပြောလိုက်ပါပြီ။

“ဒါနဲ့.. ဆရာကြီး.. သူမကို ကျွန်တော့် တပည့်အဖြစ် လက်ခံလို့ ရမလားမသိ”

ကောင်းကင်ဘုံ အင်ပါယာ သွေးတိုးစမ်းလိုက်ပါတော့တယ်။

ကောင်းကင်ဘုံ အင်ပါယာဟာ ဖန်းရှီကြောင့် တပည့်တွေကို လက်မခံလိုတော့ပေမယ့်လည်း ယန့်ရှီရဲ့ ပါရမီက ကြောက်စရာ ကောင်းလွန်းနေခဲ့ပါတယ်။

ဒါကြောင့် ကောင်းကင်ဘုံ အင်ပါယာစိတ်ဝင်စားသွားခဲ့တာပါ။

“စိတ်မကောင်းပါဘူး။ သူမက ငါ့တပည့် ဖြစ်နေပါပြီ”
ချင်းကျူ သာမန်ပဲ ပြန်ဖြေလိုက်ပါပြီ။

ဒါကို ကြားလိုက်ရတော့ ကောင်းကင်ဘုံ အင်ပါယာ နည်းနည်း စိတ်ပျက်သွားမိပါတော့တယ်။ သူထွက်သွားဖို့ ဟန်ပြင်လိုက်ချိန် ချင်းကျူ လှမ်းပြောလိုက်ပါပြီ။

“ဒါပေမဲ့ သူမကို ငါဘာမှ သင်ပေးစရာ မရှိဘူး။ ဒါကြောင့် မင်းက သူမရဲ့ ဒုတိယမြောက် ဆရာအဖြစ် လက်ခံနိုင်တယ် ဆိုရင်တော့ ငါလည်း မငြင်းပါဘူးလေ။ ပြီးတော့ မင်းက သူမရဲ့ ဆရာတပိုင်းတောင် ဖြစ်နေပြီးပြီပဲ”

“တကယ်လား”
ကောင်းကင်ဘုံ အင်ပါယာလည်း အလွန်ဝမ်းသာပျော်ရွှင်သွားခဲ့ပါတော့တယ်။

ချင်းကျူ ခေါင်းညိတ်လိုက်ပါပြီ။

“ကျေးဇူးတင်ပါတယ် ဆရာကြီး။ သူမကို အစွမ်းအထက်ဆုံး ဝိညာဉ်ဆေးပင်ဖြစ်လာအောင် ကျွန်တော် သင်ကြားပေးပါ့မယ်”

ကောင်းကင်ဘုံ အင်ပါယာ ဝမ်းသာအားရ အော်ပြောလိုက်ပါတော့တယ်။

ကောင်းကင်ဘုံ အင်ပါယာအနေနဲ့ ယန့်ရှီရဲ့ ပါရမီကြောင့် အပြင်ကို ကောင်းကင်ဘုံ ကိုးဆင့် အသွင်ပြောင်းလဲခြင်းရဲ့ အကန့်အသတ်ကိုလည်း သိချင်နေတာကြောင့် ပါပါတယ်။

“…”

ချင်းကျူ ခါးသီးစွာ ပြုံးလိုက်ပြီး
“ဒါနဲ့.. သူမ နာမည်ကို မင်းအရင်ဆုံး မှတ်ထားလိုက်ပါ။ သူမနာမည်က ယန့်ရှီတဲ့”

“ယန့်ရှီလား… နာမည်လှတာပဲ”
ကောင်းကင်ဘုံ အင်ပါယာ ချီးကျူးလိုက်ပါပြီ။

ချင်းကျူ
“…”

“…”

နောက်ရက်အနည်းငယ် အကြာမှာတော့ ချင်းကျူနေထိုင်ရာ တောင်ထိပ် အထက်ကောင်းကင်ယံဟာ ရုတ်ချည်း မှောင်မိုက်သွားခဲ့ပြီး လေပြင်းတွေ ထန်လာခဲ့ပါပြီ။ စွမ်းအင်လေဝဲတစ်ခုဟာ ယန့်ရှီကို ဗဟိုပြုပြီး ပေါ်ထွက်လာပါတော့တယ်။ မြင်ကွင်းက အံ့မခန်းပါပဲ။

ယန့်ရှီရဲ့ ခန္ဓာကိုယ်ဟာ ကောင်းကင်ယံအထက် တဖြည်းဖြည်း လွင့်တက်လာခဲ့ပြီးနောက် မြေကမ္ဘာ သူတော်စင်အဆင့်ကို စတင် ပြောင်းလဲလာခဲ့ပါပြီ။

၀ုန်း ၀ုန်း ၀ုန်း

ဝိညာဉ်စွမ်းအင်လှိုင်းတွေ ယန့်ရှီခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်နေတာ တ၀ုန်း၀ုန်း မြည်သံကြီးတွေ ပေါ်ထွက်လာပါတော့တယ်။

ချင်းကျူလည်း လက်ကို နောက်ပစ်ထားပြီး မတော်တဆဖြစ်ရပ်တွေ ဖြစ်မလာအောင် အဝေးကနေ စောင့်ကြည့်နေခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နာရီ ကုန်ဆုံးသွားခဲ့ပါပြီ။ နောက်ဆုံးတော့ ခလွမ်ဆိုတဲ့ အသံနဲ့အတူ ယန့်ရှီရဲ့ တန်ခိုးကျင့်စဉ် အဆင့်ဟာ မူလတာအို သူတော်စင် အဆင့်ကနေ မြေကမ္ဘာ သူတော်စင် အဆင့်ကို ရောက်ရှိသွားပါတော့တယ်။

၀ုန်း

ဝိညာဉ်ကီစွမ်းအင်တွေ ယန့်ရှီအနား ပိုမို သိပ်သည်းလာခဲ့ပါပြီ။ သူတို့တွေဟာ အမျိုးမျိုးသော ဝိညာဉ်သားရဲတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့ကြပါတော့တယ်။ ဒါတွေကတော့ ပြိုင်စံရှား ပါရမီရှင်တစ်ပါး ပေါ်ထွက်လာချိန် ဖြစ်ပေါ်လာတတ်တဲ့ နိမိတ်လက္ခဏာတွေပါပဲ။

အချိန်တော်တော်ကြာတဲ့ အခါမှာတော့ ယန့်ရှီရဲ့ အော်ရာအရှိန်အဝါ တည်ငြိမ်လာခဲ့ပါပြီ။ သူမလည်း ရောင်စုံမျက်လုံးနှစ်လုံးကို ဖွင့်လိုက်ပြီးနောက် အံ့အားသင့်စွာ ပြောလိုက်ပါတော့တယ်။

“သမီးအဆင့်တက်သွားတာလား”

အမှန်ပါပဲ။ ယန့်ရှီကိုယ်တိုင်တောင်မှ ဘာဖြစ်လို့ အဆင့်တက်သွားရတယ်ဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။

“၀ူး.. သမီး ဗိုက်ဆာနေပြီ”
နောက်တဒင်္ဂမှာတော့ ယန့်ရှီတစ်ယောက် ချင်းကျူဆီ ပျံသန်းလာခဲ့ပါပြီ။

“ဆရာ.. သမီးအရမ်း ဗိုက်ဆာနေပြီ”

ချင်းကျူ
“…”

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကနဲ့ ယှဉ်လိုက်ရင် ဒုတိယမြောက် အသွင်ပြောင်းလဲပြီး ဖြစ်လို့ ယန့်ရှီဟာ အလွန်ကို ပိုပြီးလှပလာခဲ့ပါတယ်။ သူမရဲ့ အသားအရေဟာ ကြည်လင်နေပြီး ဟာကွက်မရှိတော့ပါဘူး။ အထူးသဖြင့် ရောင်စဉ်နှစ်ခုဖြစ်နေတဲ့ မျက်လုံးနှစ်လုံးပါ။ သူတို့တွေဟာ အရည်အသွေးအလွန်မြင့်တဲ့ ကျောက်မျက်ရတနာတွေလိုပါပဲ။

နှမြောဖို့ကောင်းတာက သူမ ခန္ဓာကိုယ် အလွန်သေးကွေးနေတာပါ။ သူမဟာ အလွန်ဆုံးမှာ လက်တစ်ဝါးအရွယ်လောက်သာ ရှိပြီး အရုပ်လေးတစ်ရုပ်လိုပါပဲ။

ဝှစ်

ဒီအချိန်မှာပဲ ကောင်းကင်ဘုံ အင်ပါယာ ရောက်လာခဲ့ပါပြီ။

“ရှင်ပါလား”
ယန့်ရှီလည်း ကောင်းကင်ဘုံ အင်ပါယာကို မြင်လိုက်ရတော့ တုန်လှုပ်သွားပါတော့တယ်။

ယန့်ရှီဟာ နတ်ဘုရားလောကမှာ လဝက်ကျော်လောက် နေထိုင်ခဲ့ပြီး ဖြစ်ပေမယ့်လည်း ကောင်းကင်ဘု့ အင်ပါယာကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့တာပါ။

“ဟိုင်း”
ကောင်းကင်ဘုံ အင်ပါယာ နှုတ်ဆက်လိုက်ပါပြီ။

“အဲ.. ဟိုင်း.. ဘာကိစ္စများလဲ”
ယန့်ရှီ လှမ်းမေးလိုက်ပါတော့တယ်။

“အေး…”
ကောင်းကင်ဘုံ အင်ပါယာလည်း စကားပြောဖို့ ဟန်ပြင်လိုက်ချိန်မှာ ယန့်ရှီ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပြီး ချင်းကျူဆီ ထွက်ပြေးသွားခဲ့ပါပြီ။

ဘုတ်

ယန့်ရှီတစ်ယောက် ချင်းကျူ ရင်ဘတ်ထဲ ခုန်ဝင်လိုက်ပြီးနောက်  စိတ်မရှည်နိုင်စွာ ပြောလိုက်ပါတော့တယ်။
“ဆရာ.. သမီး အရမ်းဗိုက်ဆာနေပြီ”

ချင်းကျူ
“…”

ဒီမြင်ကွင်းမျိုး ဘယ်နားမှာ မြင်ဖူးခဲ့ပါလိမ့်။

ယန့်ရှီရဲ့ ပထမဆုံးအသွင်ပြောင်းလဲခြင်း အပြီးက မြင်ကွင်းကို ချင်းကျူ ပြန်သတိရသွားခဲ့ပါပြီ။

ယန့်ရှီက ဘာဖြစ်လို့ ဒီလောက်တောင် အစားမက်နေတယ် ဆိုတာကို ချင်းကျူ တွေးမရနိုင် ဖြစ်နေပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 30
Chapter 11

ယန့်ရှီရဲ့ ပါရမီဟာ ဒုတိယမြောက် အသွင်ပြောင်းလဲပြီးနောက် အများကြီး တိုးတက်လာခဲ့ပါတော့တယ်။ သူမဟာ မြေကမ္ဘာ သူတော်စင် အစောပိုင်းအဆင့်ကို ရောက်နေပြီဖြစ်ပေမယ့်လည်း မြေကမ္ဘာ သူတော်စင် အထွတ်အထိပ် တန်ခိုးရှင်ကို ရင်ဆိုင်နိုင်စွမ်း ရှိနေပါပြီ။

တတိယမြောက် အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားပြီ ဆိုရင် သူမအနေနဲ့ ပိုပြီး အစွမ်းထက်တဲ့ တန်ခိုးရှင်တွေကိုပါ ရင်ဆိုင်လာနိုင်မှာပါ။

ချင်းကျူ အမြင်မှာတော့ သူမရဲ့ အော်ရာအရှိန်အဝါဟာ အဓိက ဇာတ်ကောင်ရဲ့ အော်ရာအရှိန်အဝါမျိုး ဖြစ်နေပါပြီ။

ပြီးတော့ သူမဟာ ဘယ်လို နောက်ကောက်ကျခြင်းကိုမှ ရင်ဆိုင်ရခြင်း မရှိခဲ့တဲ့ လောင်အော်တျန်း ဒုတိယ တစ်ယောက်လိုပါပဲ။

ဒါပေမဲ့ ယန့်ရှီ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အစားအသောက်နဲ့ ပတ်သက်ပြီး မထိန်းချုပ်နိုင်တာကတော့ အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်စေနေဦးမှာပါ။ ဒီနေရာမှြတော့ သူမဟာ ချင်းကျူနဲ့ ဆင်တူတယ်ဆိုပေမယ့်လည်း ချင်းကျူထက် ပိုဆိုးတယ်လို့ ဆိုနိုင်နေပါပြီ။

ဒါကလည်း ဆရာတူ တပည့်ဖြစ်နေလို့ ဖြစ်နိုင်တယ် မဟုတ်လား။

ချင်းကျူနဲ့အတူ စားသောက်ပြီးသွားတာနဲ့ ယန့်ရှီလည်း ဗိုက်ကို ပွတ်သပ်လိုက်ပြီး ကျေနပ်စွာ လဲလျောင်းလိုက်ပါပြီ။

“ဟား.. အခုမှပဲ ဗိုက်ပြည့်ပြီး နေသာထိုင်သာ ရှိတော့တယ်”

ချင်းကျူ
“…”

ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

သူက မြေကမ္ဘာ သူတော်စင်ကော ဟုတ်သေးရဲ့လား။

“အော်.. ဆရာမင်းကို တစ်ခု ပြောပြစရာ ရှိသေးတယ်”

တစ်ခုခုကို သတိရသွားပြီး ချင်းကျူ ပြောလိုက်ပါပြီ။

“ဘာများလဲ ဆရာ”
ယန့်ရှီ စိတ်ဝင်စားသွားပါတော့တယ်။

“ဒီနေ့ကစပြီးတော့ ကောင်းကင်ဘုံ အင်ပါယာက မင်းရဲ့ ဆရာ ဖြစ်သွားပြီ”
ချင်းကျူ သာမန်ပဲ ပြောလိုက်ပါတော့တယ်။

“ဟင်”
ယန့်ရှီတစ်ယောက် ချက်ချင်း မျက်ရည်တွေ ဝဲလာခဲ့ပါပြီ။
“ဆရာ.. ဆရာက သမီးကို မလိုချင်တော့ဘူးလား”

စား မဆုံးခင်မှာပဲ ယန့်ရှီက ချင်းကျူကို ပြေးဖက်လိုက်ပြီး အသည်းအသန် ငိုကြွေးလိုက်ပါတော့တယ်။

“ကောင်းကင်ဘုံ အင်ပါယာဆိုတာကို သမီး မလိုချင်ဘူး။ သမီးရဲ့ ဆရာကိုပဲ လိုချင်တာ။ ဝါး အား အား”

“…”

ယန့်ရှီတစ်ယောက် ဒီလိုမျိုး တုန့်ပြန်လာလိမ့်မယ်လို့ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။ သူကူကယ်ရာမဲ့စွာ ပြောလိုက်ပါပြီ။
“မင်းကို မလိုချင်ဘူးလို့ ဆရာမပြောပါဘူး။ မင်းကို သင်ပေးစရာ မရှိလို့ပါ။ ကောင်းကင်ဘုံ အင်ပါယာဆီကနေ သင်ယူရင် မင်းအတွက် ပိုကောင်းပါတယ်။ စိတ်မပူပါနဲ့။ ဆရာတို့ နှစ်ယောက်လုံးက မင်းရဲ့ ဆရာတွေဖြစ်နေမှာပါ”

“…”

ယန့်ရှီလည်း အခုမှ မျက်ရည်စတွေကို သုတ်နိုင်ခဲ့ပါတော့တယ်။

“မင်းပိုပြီး အစွမ်းမထက်လာချင်ဘူးလား”
ချင်းကျူ အလေးအနက်ထား မေးမြန်းလိုက်ပါပြီ။

“အစွမ်းထက်ချင်ပါတယ်”
ယန့်ရှီ ခေါင်းညိတ်လိုက်ပြီး
“ဆရာ့လိုပဲ အစွမ်းထက်ချင်တာပါ”

“အဲဒါဆို ဘာဖြစ်လို့ ကောင်းကင်ဘုံ အင်ပါယာဆီကနေ သွားမသင်ယူတာလဲ”

“ဒါပေမဲ့.. ဆရာ့ကို မထားခဲ့နိုင်ဘူးလေ”
ခဏလောက် ချီတုံချတုံ ဖြစ်နေပြီးနောက် ယန့်ရှီ ပြောလိုက်ပါတော့တယ်။

ချင်းကျူလည်း အံ့ဩသွားခဲ့ပါပြီ။ ဒီလိုလား။

“ဟား ဟား… မင်းကို ကောင်းကင်ဘုံ အင်ပါယာဆီကနေ ပညာသင်ကြားဖို့ပဲ ပြောတာပါ။ ဆရာ့ကို ချန်ခဲ့ဖို့ မပြောပါဘူး”

ယန့်ရှီလည်း ဒီစကားကြောင့် သံသယ အကြည့်နဲ့ ကြည့်နေခဲ့ပါတယ်။ ချင်းကျူလည်း ပြုံးလိုက်ပြီး
“ဒီလိုလုပ်လေ။ နောက်ကျ အထူးစကြ၀ဠာ လမ်းကြောင်းတစ်ခု ဆရာဖောက်ထားပေးမယ်။ ဘယ်လိုလဲ”

“တကယ်လား”
ယန့်ရှီ ဝမ်းသာသွားခဲ့ပါပြီ။

“ဟား ဟား.. ဆရာက မင်းကို ဘယ်တုန်းက ညာပြောဖူးလို့လဲ”

“ဟမ့်.. နောက်ဆုံးတစ်ခေါက်တုန်းက ညာပြောခဲ့တယ်။ အဲဒါကြောင့် အစ်မတော် ဆုယန်က သမီးကို ဟင်းမချက်ကျွေးတော့ဘူး”

“အဟမ်း.. အဲဒါက မတော်တဆပါ”

“…”

ပကျူး ပကျူး ပကျူ
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

နောက်ဆုံးတော့ ချင်းကျူ ဖျောင်းဖျမှုကြောင့် ကောင်းကင်ဘုံ အင်ပါယာဆီမှာ ပညာသင်ကြားဖို့ ယန့်ရှီ သဘောတူလိုက်ပါတော့တယ်။ ချင်းကျူလည်း ကတိစကား အတိုင်း နေရာနှစ်ခုကို ဆက်သွယ်ထားတဲ့ စကြ၀ဠာ လမ်းကြောင်း ဖောက်လုပ်ပေးလိုက်ပါပြီ။

ဒီအချိန်မှာတော့ ကောင်းကင်ဘုံ အင်ပါယာ ဝမ်းအသာဆုံးပါ။ ယန့်ရှီဟာ သူ့ကို စိတ်မဝင်စားပုံ ပေါ်နေပေမယ့်လည်း ကောင်းကင်ဘုံ အင်ပါယာ အရေးမစိုက်ပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် သူမက ဖန်းရှီထက် ပိုပြီး သာနေတာပဲ မဟုတ်လား။ ဖန်းရှီဟာ အပေါ်ယံ သူ့ကို လေးစားပြနေပေမယ့်လည်း စိတ်ထဲမှာတော့ လုပ်ကြံသတ်ဖြတ်ဖို့သာ အမြဲတမ်း စဉ်းစားနေသူပါ။

နတ်ဘုရားလောက၊ ကောင်းကင်ဘုံ နန်းတော်၊ လေ့ကျင့်ရေးကွင်း။

ကောင်းကင်ဘုံ အင်ပါယာလည်း လက်ကို နောက်ပစ်ထားပြီး မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ ယန့်ရှီကို လှမ်းကြည့်လိုက်ပါပြီ။

“မင်းအစွမ်းကုန် ထုတ်သုံးပြီး ငါ့ကို တိုက်ခိုက်ပါ”

“ဟင်”
ယန့်ရှီ အံ့ဩသွားပါတော့တယ်။

“မင်းအစွမ်းကုန် ထုတ်သုံးပြီးတိုက်ခိုက်ပါ။ နည်းနည်းလေးမှ မထိန်ချန်ပါနဲ့”
ကောင်းကင်ဘုံ အင်ပါယာ ထပ်ပြောလိုက်ပါပြီ။

“ကောင်းပြီလေ”

ကောင်းကင်ဘုံ အင်ပါယာရဲ့ ဆိုလိုရင်းကို ယန့်ရှီ နားမလည်ပေမယ့်လည်း သူမအနေနဲ့ သူ့ကိုတော့ မသတ်နိုင်သေးဘူး မဟုတ်လား။

ရွှစ်

ယန့်ရှီလည်း ဝိညာဉ်ကီစွမ်းအင်ကို လှည့်ပတ်စီးဆင်းစေလိုက်ပါပြီ။ သိပ်သည်းလှတဲ့ ဝိညာဉ်ဆေးပင်တွေဟာ မြေပြင်မှာ ပေါက်လာခဲ့ပြီးနောက် ကောင်းကင်ဘုံအင်ပါယာကို နွယ်ပင်တွေလို ရစ်ပတ်သွားကြပါတော့တယ်။ မြင်ကွင်းက တော်တော်လေးကို ထူးဆန်းနေပါပြီ။

ဒါကတော့ မြေကမ္ဘာ သူတော်စင် အဆင့်ကို ရောက်ရှိပြီးနောက် ယန့်ရှီ နှိုးထစေနိုင်ခဲ့တဲ့ အစွမ်းပါပဲ။ ဒီနွယ်ပင်တွေဟာ အလွန်ကို မာကျောပြီးတော့ အဆင့်တူ တန်ခိုးရှင်တွေတောင် လွတ်မြောက်အောင် ရုန်းထွက်ဖို့ မလွယ်ကူပါဘူး။

ပြီးတာနဲ့ ယန့်ရှီရဲ့ လက်မအရွယ် လက်ကလေးက လက်သီးနဲ့ ထိုးချလိုက်ပါပြီ။ လေခွင်းသံတွေ ပေါ်ထွက်လာခဲ့ပြီး လက်သီးချက်ဟာ ကောင်းကင်ဘုံ အင်ပါယာရဲ့ ဦးခေါင်းဆီ ဝင်ရောက်လာပါတော့တယ်။

ဒုန်း

ချက်ချင်းဆိုသလိုပဲ မြေပြင်နဲ့တောင်တန်းကြီးတွေ တုန်လှုပ်သွားခဲ့ပါပြီ။ လေ့ကျင့်ရေးကွင်းတစ်ခုလုံး သုံးကြိမ် တုန်လှုပ်သွားခဲ့ပြီး ဖုန်မှုန့်တွေ အလိပ်လိုက် တက်လာပါတော့တယ်။

ဖုန်မှုန့်တွေ မီးခိုးလုံးတွေ လွင့်ပြယ်သွားချိန်မှာတော့ အင်္ကျီစ တဖျတ်ဖျတ် လွင့်နေတဲ့ မလှုပ်မယှက် ရပ်နေတဲ့ ကောင်းကင်ဘုံ အင်ပါယာကို တွေ့လိုက်ရပါပြီ။

တစ်ဖက်မှာတော့ ယန့်ရှီ တစ်ယောက် လွင့်စဉ်သွားတာကို တွေ့ရမှာပါ။ ကောင်းကင်ဘုံ အင်ပါယာ အနေနဲ့ ဝိညာဉ်စွမ်းအင် အသုံးမပြုထားတာကြောင့်သာ တော်ပါသေးတယ်။ မဟုတ်ဘူးဆိုရင် သူမ ဒဏ်ရာအပြင်းအထန် ရရှိသွားမှာပါ။

“အမလေး.. ကြောက်ဖို့ကောင်းလိုက်တာ”

ယန့်ရှီလည်း ဒဏ်ရာမရခဲ့တာ တွေ့လိုက်ရတော့မှာ သက်ပြင်းချနိုင်ခဲ့ပါတယ်။

အခုပဲ သူမ သေပြီလို့ တွေးနေမိခဲ့တာပါ။

မတတ်နိုင်ဘူးလေ။ ကောင်းကင်ဘုံ အင်ပါယာက အစစ်အမှန် နတ်ဘုရားအထက်အဆင့် တန်ခိုးရှင် တစ်ဦးပဲ မဟုတ်လား။

“မင်းအဆင်ပြေရဲ့လား”
ယန့်ရှီသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ကောင်းကင်ဘုံ အင်ပါယာလည်း ချင်းကျူကို ဘယ်လို ပြန်ဖြေရမှန်း သိမှာ မဟုတ်တော့ပါဘူး။

“ဘာမှ မဖြစ်ပါဘူး။ ရပါတယ်”
ယန့်ရှီလည်း ခေါင်းကို ခါယမ်းလိုက်ပြီးနောက် မျက်မှောင်ကြုတ်ရင်း လှမ်းမေးလိုက်ပါပြီ။

“ဒါနဲ့ ဘာဖြစ်လို့ ကျွန်မကို တိုက်ခိုက်ခိုင်းခဲ့တာလဲ”

“မင်းဘယ်လောက် အစွမ်းထက်နေပြီလဲဆိုတာ သိချင်လို့ပါ”
ကောင်းကင်ဘုံ အင်ပါယာ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပါပြီ။

“ထင်ထားသလိုပဲ။ အခုအချိန် မြေကမ္ဘာ သူတော်စင် အထွတ်အထိပ်အဆင့် တန်ခိုးရှင်ကို ရင်ဆိုင်ရရင်တောင်မှ မင်းမရှုံးနိမ့်နိုင်တော့ပါဘူး”

ပြီးသွားတာနဲ့ ကောင်းကင်ဘုံ ကိုးဆင့် အသွင်ပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီး ကိစ္စအများအပြားကို ကောင်းကင်ဘုံ အင်ပါယာ ရှင်းပြလိုက်ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီတုန်းက ကောင်းကင်ဘုံ ရတနာဟာ အသွင်ပြောင်းလဲခြင်း လေးခုကိုသာ အောင်မြင်ခဲ့ပေမယ့်လည်း ယန့်ရှီအတွက် အများကြီး အထောက်အကူ ရနေပါသေးတယ်။

“ကောင်းကင်ဘုံ ကိုးဆင့် အသွင်ပြောင်းလဲခြင်းမှာ အဆင့်ကိုးဆင့် ပါဝင်တယ်။ အသွင်ပြောင်းလဲခြင်း တစ်ဆင့်စီတိုင်းဟာ မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြောင်းလဲသွားစေလိမ့်မယ်။ အသွင်ပြောင်းလဲခြင်း ကိုးခုကို မင်းအောင်မြင်သွားပြီဆိုရင် မင်းရဲ့အလားအလာက ခန့်မှန်းလို့ မရတော့ဘူး။ နောင်ကျရင် ငါ့ကိုကော ဆရာကြီး ချင်းကိုကော ကျော်တက်သွားနိုင်ကောင်း ကျော်တက်သွားနိုင်လိမ့်မယ်”

ဒါကတော့ ကောင်းကင်ဘုံ အင်ပါယာရဲ့ ခန့်မှန်းမှုပါပဲ။ သူ့အနေနဲ့ မကြာခင်တုန်းက နတ်ဘုရားလောကမှာ ဖြစ်ပျက်ခဲ့တာတွေကို မသိထားသေးပါဘူး။

“ဆရာ့ကိုတောင် ကျော်သွားမှာလား။ တကယ်ကြီးလား”

ယန့်ရှီရဲ့မျက်လုံးတွေ တောက်ပလာခဲ့ပါပြီ။

“ဒါဆို အဲဒီအချိန်ကျရင် ဆရာ့ကို ပြန်ကာကွယ်ပေးနိုင်ပြီပေါ့”

ကောင်းကင်ဘုံ အင်ပါယာ…
“…”

ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

ဒါက ယန့်ရှီ ပိုပြီး အစွမ်းထက်လာချင်နေတဲ့ အကြောင်းပြချက်ပဲလား။

“…”

နေ့ခင်းအချိန် လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ။ မကြာခင် အမှောင်ထုဟာ နတ်ဘုရားလောကကို ဝါးမျိုသွားပါတော့တယ်။

ကောင်းကင်ဘုံ အင်ပါယာကို နှုတ်ဆက်ပြီးနောက် ယန့်ရှီလည်း စကြ၀ဠာ လမ်းကြောင်းကို ဖြတ်သန်းပြီး ချင်းကျူ နေထိုင်ရာ တောင်ထိပ်ကို ပြန်ရောက်လာခဲ့ပါပြီ။

ကောင်းကင်ဘုံ အင်ပါယာဟာ နှိုးထလာတဲ့ အစစ်အမှန် နတ်ဘုရားတွေရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်တွေကို ကုသပေးဖို့ လိုအပ်နေသေးတာကြောင့် နေ့စဉ်နေ့တိုင်း ခြောက်နာရီ အချိန်ပေးပြီး ယန့်ရှီကို သင်ကြားပေးခဲ့ပါတယ်။ ဒါက ကောင်းကင်ဘုံ ကိုးအဆင့် အသွင်ပြောင်းလဲခြင်းကိုသူမ အပြည့်အ၀ ဆုပ်ကိုင်မိသွားချိန်အထိပါ။

“မင်းလေ့ကျင့်တာ ဘယ်လိုလဲ”
ချင်းကျူလည်း လက်ထဲ အရက်အိုးကို ကိုင်ထားပြီး ကျောက်တုံးပြာလေးကို မှီထိုင်ရင်း လှမ်းမေးလိုက်ပါပြီ။

ဘာကြောင့်မှန်းမသိပဲ အိမ်ပြန်လာမယ့် ကလေးကို စောင့်နေရတဲ့ မိဘလိုမျိုး ချင်းကျူခံစားမိနေခဲ့ပါတယ်။

“ဟီး ဟီး..  ဆရာသင်ပေးလိုက်တာ အားလုံးကို သမီးသေချာ မှတ်မိနေပါတယ်”

ယန့်ရှီ ဂုဏ်ယူစွာ ပြောလိုက်ပါပြီ။

“နောင်ကျရင် ဆရာ့ကို သေချာပေါက် သာလွန်သွားစေရမယ်”

“ဆရာ့ထက် သာရမယ်လား။ ဟား ဟား ဟား”

ဒီအချိန်မှာတော့ သတ်ဖြတ်ခြင်း တာအိုဓားရဲ့ ရယ်မောလိုက်သံ နံဘေးကနေ လွင့်ပျံလာခဲ့ပါပြီ။

“အစ်မတော် သတ်ဖြတ်ခြင်း တာအိုဓား.. ဘာကို ရယ်နေတာလဲ”
ယန့်ရှီလည်း မကျေမနပ်နဲ့ နှုတ်ခမ်းစူပြီး ပြောလိုက်ပါတော့တယ်။

“ဘာမှ မဟုတ်ပါဘူးကွယ်။ ဘာမှမဟုတ်ပါဘူး”

တစ်ခုခု မှားယွင်းနေတာ ခံစားလိုက်ရတာကြောင့် သတ်ဖြတ်ခြင်း တာအိုဓားလည်း ခေါင်းကို ခါယမ်းလိုက်ပြီး
“ရယ်စရာလေး တစ်ခုကို သတိရလိုက်လို့ပါ”

“ဘာများလဲ”
ယန့်ရှီ လှမ်းမေးလိုက်ပါပြီ။

“အဲ.. ဒီနေ့ပဲ မိစ္ဆာသားရဲ တစ်ကောင် ကလေးမွေးတာ မြင်ခဲ့ရတယ်”

သတ်ဖြတ်ခြင်း တာအိုဓားလည်း ပေါက်ကရ အကြောင်းပြချက် လျှောက်ပေးလိုက်ပါတော့တယ်။

ယန့်ရှီ
“…”

“အဲဒါက ဘာများ ရယ်စရာကောင်းလို့လဲ”

“ဟုတ်တယ်။ အဲဒါက ရယ်စရာလည်း မကောင်းဘူး”
သတ်ဖြတ်ခြင်း တာအိုဓား ပုခုံးကို တွန့်ပြလိုက်ပါပြီ။

ယန့်ရှီ
“…”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 30
Chapter 12
ကောင်းကင်ဘုံ နန်းတော် မွေးဖွားပေါ်ထွက်လာခြင်း

ကောင်းကင်ဘုံ အင်ပါယာရဲ့ တပည့်ဖြစ်လာပြီးနောက် ယန့်ရှီတစ်ယောက် ကောင်းကင်ဘုံ နန်းတော်ဆီကို သွားပြီးနေ့စဉ်နေ့တိုင်း အသိပညာတွေ သင်ယူဖြစ်ခဲ့ပါတယ်။

ပြောစရာ တစ်ခု ရှိတာ ကောင်းကင်ဘုံ အင်ပါယာဟာ ယန့်ရှီကို ကောင်းကင်ဘုံ ကိုးဆင့် အသွင်ပြောင်းလဲခြင်း အပြင် အမျိုးမျိုးသော ကျင့်စဉ်တွေ၊ လျှို့ဝှက်ကျမ်းတွေနဲ့ နတ်ဘုရား သိုင်းပညာတွေကို သင်ကြားပေးခဲ့တာပါ။

ပြောရရင် ယန့်ရှီအတွက် အလွန်အကျိုးကျေးဇူး ရှိပါတယ်။

နောင်ကျ မဟာစကြ၀ဠာ ဒါမှမဟုတ် အစစ်အမှန် နတ်ဘုရားအဆင့်ကို ရောက်ရင်တောင်မှ ဒီအရာတွေဟာ ယန့်ရှီအတွက် အလွန်အသုံးဝင်လာမှာပါ။

ချင်းကျူကတော့ အိပ်လိုက်၊ စားလိုက် သောက်လိုက်နဲ့ ပုံမှန်အတိုင်း ကျော်ဖြတ်ခဲ့ပါတယ်။ အခုတော့ သူ့မှာ နောက်ထပ် အလုပ်တစ်ခုလည်း ရှိနေပါပြီ။ ဆုယန်ကို အဖော်ပြုဖို့ပါ။

ဒါပေမဲ့ နတ်ဘုရားလောကဆီ ပြောင်းရွှေ့လာချိန်ကစလို့ ချင်းကျူအနေနဲ့ အပြင်လောကကို သိပ်ပြီး သတိမထားတော့ပါဘူး။ ဒီနေ့မှာတော့ ချင်းကျူနေထိုင်ရာ နေရာမှာ ရင်းနှီးတဲ့ ဧည့်သည်တော်တစ်ဦး ရောက်လာခဲ့ပါပြီ။

“ဆရာဦးလေး”

လောင်ဝေဝေလည်း လက်သီးနှစ်ဖက်ကို ယှဉ်လိုက်ပြီး ဦးညွတ်လိုက်ပါတော့တယ်။

လောင်ဝေဝေဟာ နတ်ဘုရားလောကထဲ ဝင်ရောက်ခွင့်ရရှိတဲ့ ပထမဆုံး တပည့်ငါးဦးထဲ ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ဖခင်လောင်ရွှမ်နဲ့အတူ အခု ရောက်ရှိလာခဲ့တာပါ။

ချင်းကျူလည်း ဝိညာဉ်အရက်ကို တစ်ကြိုက်မော့သောက်လိုက်ပြီး လောင်ဝေဝေကို အကဲခတ် ကြည့်ရှုလိုက်ပါပြီ။ သူနည်းနည်း အံ့အားသင့်သွားခဲ့ပါတော့တယ်။

“မင်းက မူလတာအို သူတော်စင် အလယ်အဆင့်ကို ရောက်နေပြီပဲ”

သူအမှတ် မမှားဘူး ဆိုရင် လောင်ဝေဝေတစ်ယောက် ရွှမ်းရီတောင်တန်းဂိုဏ်းကို ပြန်ရောက်လာချိန်တုန်းက မူလတာအို သူတော်စင် အစောပိုင်းအဆင့်ကိုသာ ရောက်သေးတယ် မဟုတ်လား။

“ဟုတ်ပါတယ်။ ကျွန်မ ကံကောင်းပြီး အဆင့်တက်နိုင်ခဲ့တာပါ”

လောင်ဝေဝေ ခေါင်းညိတ်လိုက်ပါပြီ။

ဒီတိုးတက်နှုန်းဟာ ဝိညာဉ်ဗဟိုကမ္ဘာတစ်ခုလုံးကို အပေါ်စီးကနေ ငုံ့ကြည့်နိုင်ဖို့အတွက် လုံလောက်နေပါပြီ။ ဒါကြောင့်လည်း သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေက သူမကို ဘိုးဘေးသူတော်စင် အဆင့်အထိ တက်လှမ်းနိုင်တယ်လို့ ကောက်ချက်ချခဲ့ကြတာ ဖြစ်ပြီး လိုချင်နေခဲ့တာပါ။

တခြား အဆင့်မြင့် ဒိုင်မန်းရှင်းတွေမှာတော့ ဘိုးဘေးသူတော်စင် အဆင့်ဟာ ဘာမှ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဝိညာဉ်ဗဟိုကမ္ဘာမှာတော့ ဒီတည်ရှိမှုဟာ ကလန်ကို နှစ်ပေါင်းသောင်းချီ ပိုမို အစွမ်းထက်လာစေနိုင်ပါတယ်။

“မင်းဘာလိုချင်သလဲ”
ချင်းကျူ လှမ်းမေးလိုက်ပါပြီ။

“ကျွန်မ.. အဆင်ပြေပါတယ်။ ကျွန်မ ဆရာဦးလေးဆီ ဝင်လည်ချင်လို့ ဝင်လာခဲ့တာပါ”
လောင်ဝေဝေလည်း မျက်နှာနီရဲသွားပြီး အူကြောင်ကြောင်နိုင်စွာ ဖြေလိုက်ပါပြီ။

“…”

ချင်းကျူလည်း ပုခုံးကို တွန့်ပြလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတော့တယ်။

“ကောင်းပါတယ်”

“ဂိုဏ်းတူအစ်ကိုကြီးချင်း”

စကား မဆုံးခင်မှာ ဆုယန် တစ်ယောက် အဝေးကနေ ပျံသန်းရောက်ရှိလာခဲ့ပါပြီ။

အမှန်ပါပဲ။ သူမ ပျံသန်းလာနေတာပါ။

နှစ်လလောက် ကြိုးစားလေ့ကျင့်ပြီးနောက် ဆုယန်တစ်ယောက် ဇီဖူအဆင့်ကို ရောက်ရှိလာခဲ့ပြီး ပြန်လည် ပျံသန်းလာနိုင်ပါပြီ။

“အဲ.. နင်ပါလား”
လောင်ဝေဝေကို တွေ့လိုက်ရတော့ ဆုယန် အံ့အားသင့်သွားပါတော့တယ်။

သူတို့ နှစ်ဦး အကြိမ်များစွာမြင်ဖူးကြတာကြောင့် သူစိမ်းတွေ မဟုတ်ကြတော့ပါဘူး။

“နင်ပါလား”
လောင်ဝေဝေလည်း အံ့အားသင့်သွားပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ရပါပြီ။

“နင့်ရဲ့ တန်ခိုးကျင့်စဉ် အခြေခံက…”

နောက်ဆုံးအကြိမ် သူမတို့နှစ်ဦး ဆုံတွေ့တုန်းက လောင်ဝေဝေဟာ ဇီဖူအဆင့် ဖြစ်ပြီး ဆုယန်က မူလတာအို သူတော်စင် အဆင့်ပါ။ အခု လအနည်းငယ်အတွင်း သူမတို့ နှစ်ဦး ဘာဖြစ်လို့ ပြောင်းပြန်ဖြစ်သွားခဲ့တာလဲ။

လောင်ဝေဝေ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

“ငါ့ရဲ့ တန်ခိုးကျင့်စဉ် အခြေခံကို ဖျက်ဆီးပြီး အစကနေ ပြန်လေ့ကျင့်နေတာပါ”
ဆုယန်လည်း ဘာမှ မဖုံးကွယ်ထားပဲ ရှင်းပြလိုက်ပါပြီ။

“ငါနားလည်ပြီ”

လောင်ဝေဝေ နားလည်သွားခဲ့ပေမယ့် သူမ နားမလည်နိုင်သေးတာတွေ ရှိနေဆဲပါ။ ဆုယန်က ဘာဖြစ်လို့ တန်ခိုးကျင့်စဉ် အခြေခံကို ဖျက်ဆီးခဲ့တာလဲ။

ဆုယန်ကလည်း အဖြေပေးချင်ပုံ မရတဲ့အတွက် လောင်ဝေဝေလည်း ထပ်မမေးတော့ပါဘူး။ သူမ စကားလမ်းကြောင်း ပြောင်းဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ဆုယန်တစ်ယောက် ချင်းကျူရဲ့ ရင်ခွင်ထဲ ဝင်ရောက်လာတာ တွေ့လိုက်ရပါပြီ။ ချင်းကျူကလည်း ဆုယန်ကို ပွေ့ဖက်ခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ အကျင့်ပါနေသလိုပါပဲ။

ချက်ချင်းဆိုသလိုပဲ လောင်ဝေဝေတစ်ယောက် မလှုပ်မယှက် ဖြစ်သွားခဲ့ပါပြီ။

“နင်.. နင်တို့ နှစ်ယောက်က…”
လောင်ဝေဝေ စကားဆက်မပြောနိုင်ခဲ့ပါဘူး။

ဒီလို အခြေအနေမျိုးမှာ လောင်ဝေဝေတစ်ယောက် နားမလည်ပဲ ဘယ်နေပါ့မလဲ။

“ဆရာဦးလေး.. ကျွန်မ အလုပ်ရှိနေသေးလို့။ သွားလိုက်ဦးမယ်နော်”
ပြောဆိုပြီးသွားတာနဲ့ လောင်ဝေဝေရဲ့ မျက်လုံးအထက် အထီးကျန်မှု ထင်ဟပ်လာခဲ့ပြီးနောက် လှည့်ထွက်သွားခဲ့ပါပြီ။

လောင်ဝေဝေ ထွက်ခွာသွားတာကိုကြည့်ပြီး ဆုယန် သက်ပြင်းချရင်း ပြောလိုက်ပါတော့တယ်။

“ဂိုဏ်းတူအစ်ကိုကြီးချင်း.. လောင်ဝေဝေက အစ်ကိုကြီးကို အရမ်းသဘောကျနေသလိုပဲ”

လောင်ဝေဝေနဲ့ ပထမဆုံး ဆုံတွေ့ချိန်ကတည်းက ဆုယန် ဒီလို ခံစားမိနေခဲ့တာပါ။

“တကယ်လား။ ဘာဖြစ်လို့ ငါသတိမထားမိခဲ့တာလဲ”

ချင်းကျူလည်း သတိထားပြီး ဖြေလိုက်ပါတော့တယ်။ သူသတိမထားမိပဲ ဘယ်နေပါ့မလဲ။

ပြောရရင် လောင်ဝေဝေရဲ့ အတွေးတွေကို ချင်းကျူ ပြောနိုင်တာပေ့ါ။ ဒါပေမဲ့ လောင်ဝေဝေကို သူ့ရဲ့ ညီမလေးလိုသာ ဆက်ဆံခဲ့ပြီး တခြားအတွေးတွေလည်း မရှိခဲ့ပါဘူး။ မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ ဆုယန်ကိုပဲ ရွေးချယ်လိုက်မှာလဲ။

“တကယ်ပဲ သတိမထားမိဘူးလား”

ဆုယန်လည်း စိတ်ဝင်စားတဲ့ အပြုံး ပြုံးလိုက်ပါတော့တယ်။

ချင်းကျူ
“…”

ဇီဖူအဆင့်ကို ရောက်ပြီးနောက် ဆုယန် စားသောက်ဖို့ အိပ်စက်ဖို့ မလိုအပ်တော့ပါဘူး။ ဒါကြောင့် သူမ ကြိုးစားပြီး စတင်တရားကျင့်ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးတော့ သူမ ဈာန်ဝင်စားနိုင်လာခဲ့ပါပြီ။

ချင်းကျူကတော့ ဒါကို အရေးမစိုက်ဖြစ်ခဲ့ပါဘူး။

ပြောရရင် တရားကျင့်ရာမှာ အရေးအကြီးဆုံးက အခြေခံ အုတ်မြစ်ပါ။ အခြေခံ အုတ်မြစ် ခိုင်ခံ့တဲ့ အဆောက်အဦးတွေဟာ မိုးထိအောင် မြင့်မားသည်အထိ အဆင့်မြှင့်လို့ ရပါတယ်။ မဟုတ်ဘူးဆိုရင် အလွယ်တကူ စောင်းပြီး ပြိုကျသွားမှာပါ။

“ဟား.. အရမ်းကို သက်တောင့်သက်သာ ရှိတာပဲ…”

ချင်းကျူလည်း ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး ကျောက်တုံးပြာလေးအထက် မတ်တတ်ထရပ်လိုက်ပါပြီ။ နေရောင်ခြည် ဖြာကျနေတာကြောင့်  တောင်ပတ်ဝန်းကျင် အလွန်သာယာ လှပနေပါတော့တယ်။

ချင်းကျူလည်း အညောင်းဆန့်လိုက်ချိန်မှာ မျက်ခုံးပင့်လိုက်မိပြီး မိုးကုတ်စက်၀ိုင်းဆီ လှမ်းကြည့်လိုက်မိပါပြီ။

တစ်ချိန်တည်းမှာပဲ အစွမ်းထက်လှတဲ့ အော်ရာအရှိန်အဝါတစ်ခု အဝေးမှာ ပေါ်ထွက်လာခဲ့ပါတော့တယ်။ သူကတော့ ကောင်းကင်ဘုံ အင်ပါယာပါပဲ။

“အပြင်လူတစ်ဦး နတ်ဘုရားလောကထဲ ဝင်လာလို့”
ကောင်းကင်ဘုံ အင်ပါယာ အလေးအနက်ထား ပြောလိုက်ပါပြီ။

နတ်ဘုရားလောကဟာ ပြန်လည် ရှင်သန်လာတာ မကြာလှသေးတာကြောင့် ကောင်းကင်ဘုံ အင်ပါယာလည်း အစစ်အမှန် နတ်ဘုရားတွေရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်တွေကို ကုသပေးနေခဲ့ရပါတယ်။ ဒါကြောင့် အကာအကွယ် ၀င်္ကပါကိုလည်း မချရသေးပါဘူး။ အခုလို တစ်ယောက်ယောက် ကျူးကျော်ဝင်ရောက်လာမယ်လို့လည်း ထင်မထားမိခဲ့ပါဘူး။

ဟူး

အကြွင်းမဲ့ နက်မှောင်နေတဲ့ စစ်သင်္ဘောကြီးဟာ တိမ်တိုက်တွေကို ဖြတ်သန်းပြီး နတ်ဘုရားလောကထဲ ဆင်းသက်လာခဲ့ပါပြီ။ သူ့ဆီကနေ အလွန်ထူးခြားဆန်းကြယ်တဲ့ အော်ရာအရှိန်အဝါ ဖြာထွက်နေခဲ့ပါတယ်။ ပတ်ဝန်းကျင်နဲ့ သူနဲ့ လားလားမှ မသက်ဆိုင်သလိုပါပဲ။

“ဒါက တကယ်ပဲ နတ်ဘုရားလောကလား”

စစ်သင်္ဘောကြီးအတွင်းမှာတော့ ဝတ်စုံနက်ဝတ်ထားတဲ့ လူရိပ်တစ်ခု မယုံကြည်နိုင်စွာ မျက်လုံးအပြူးသားနဲ့ အော်ပြောလိုက်ပါပြီ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
နောက်တစ်ဦးလည်း မယုံကြည်နိုင်စွာ ဝင်ပြောလိုက်ပါတော့တယ်။

သာမန် အခြေအနေမျိုးမှာ နတ်ဘုရားလောကဟာ နှစ်ပေါင်း ၃၀၀ တိုင်မှ တစ်ကြိမ်ပွင့်တယ် မဟုတ်လား။ ပြီးတော့ တစ်ချိန်လုံး မြူခိုးတွေ လွှမ်းခြုံထားတာပါ။ ဒါကြောင့် နတ်ဘုရားလောကဟာ အလွန်ကို အထီးကျန်ဆန်လှပါတယ်။ မြက်ပင်တစ်ပင်တောင် မပေါက်ရောက်နိုင်ခဲ့ပါဘူး။ အခု ဘယ်လိုလုပ်ပြီး အသက်ဓာတ်တွေ ဝိညာဉ်ကီစွမ်းအင်တွေ အပြည့်ဖြစ်နေရတာလဲ။

သူတို့နှစ်ဦး နေရာမှား ရောက်လာလေသလားလို့ တွေးနေမိကြပါပြီ။

“ကြည့်စမ်း..အဲဒါ အဆင့် ၁၂ ဝိညာဉ်သစ်သီး ရွှေရောင်စပါး..”

“ပြီးတော့ အဆင့် ၁၃ ဝိညာဉ်ဆးပင်ဖြစ်တဲ့ ဆေကားဆို့စ်”

“အဆင့် ၁၄၊ အဆင့် ၁၅..”

ရှုခင်းကို ကြည့်ပြီး စစ်သင်္ဘောကြီးအတွင်းက လူတွေအားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြပါပြီ။ သူတို့တွေ ချက်ချင်း ပြေးထွက်ပြီး ဝိညာဉ်သစ်သီးတွေ ဆေးပင်တွေကို နှုတ်ယူချင်စိတ် ပေါက်လာကြပါတော့တယ်။

“ငါ အိပ်မက်ပဲ မက်နေတာလား”

“ငါအိပ်မက် မက်နေတာ မဟုတ်ဘူးပဲ”

“ငါတို့တွေ ဘယ်ကို ရောက်နေကြတာလဲ။ ကောင်းကင်ဘုံလား..”

“ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဝိညာဉ်ဆေးပင်တွေ သစ်သီးတွေကို အရင်ခူးကြရအောင်”

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အားလုံးပဲ တံခါးတွေ ဖွင့်လိုက်ကြပါပြီ။ သူတို့ ဝိညာဉ်ဆေးပင်တွေ သစ်သီးတွေကို မခူးနိုင်ခင်မှာ လူရိပ်တစ်ခု အားလုံးအရှေ့ ပေါ်ထွက်လာပါတော့တယ်။

“မင်းတို့တွေက ဘယ်သူတွေလဲ”

ကောင်းကင်ဘုံ အင်ပါယာလည်း လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အားလုံးကို ငုံ့ကြည့်ရင်း မေးမြန်းလိုက်ပါပြီ။ သူ့အော်ရာအရှိန်အဝါကို ဖုံးကွယ်မထားခဲ့ပါဘူး။

အစစ်အမှန် နတ်ဘုရားအထက်အဆင့် တန်ခိုးရှင်ရဲ့ ဖိအားကို ရင်ဆိုင်ရချိန်မှာတော့ မဟာစကြ၀ဠာအဆင့် တန်ခိုးရှင်တွေ ဘယ်ခံနိုင်ပါ့မလဲ။ သူတို့ အားလုံး ချက်ချင်း ဒူးထောက်ချလိုက်ကြပါပြီ။ တချို့အဆင့်နိမ့် တန်ခိုးရှင်တွေဟာ ချက်ချင်း ရှိခိုးပြီး မလှုပ်ရှားဝံ့ကြတော့ပါဘူး။

ခေါင်းဆောင်ဖြစ်တဲ့ ဝတ်စုံနက်ဝတ် လူကြီးကတော့ မဟာစကြ၀ဠာ ဆဌမ အဆင့် တန်ခိုးရှင်ပါ။ သူဟာ ကောင်းကင်ဘုံ အင်ပါယာရဲ့ ဖိအားကို ရင်ဆိုင်ပြီး အားတင်းပြောလိုက်ပါပြီ။

“ကျွန်.. ကျွန်တော်တို့တွေက မိစ္ဆာမျိုးနွယ်က တမန်တော်တွေပါ။ ဒီနေရာကို လာရောက်စုံစမ်းရင်း မတော်တဆ ကျူးကျော်မိသလို ဖြစ်သွားခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

အခုအချိန်မှာတော့ ကောင်းကင်ဘုံ အင်ပါယာ ဘယ်လောက် အစွမ်းထက်ကြောင်း အရူးတောင် ပြောနိုင်နေပါပြီ။ သူတို့တွေ ခုခံဖို့လည်း ရည်ရွယ်ချက် မရှိတော့ပါဘူး။

“မိစ္ဆာမျိုးနွယ်”

ကောင်းကင်ဘုံ အင်ပါယာလည်း စဉ်းစားလိုက်ပြီး
“မိုရင်ရဲ့ မိစ္ဆာမျိုးနွယ်လား”

ဒီစကား ပြောလိုက်တာနဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဝတ်စုံနက်ဝတ် လူကြီး တုန်လှုပ်သွားခဲ့ပြီး
“အဲ.. အဲဒါ ကျွန်တော်တို့ရဲ့ ပထမဆုံး ဂိုဏ်းချုပ်ကြီးပါ”

“အဲဒါဆို မိုရင်ရဲ့ မျက်နှာကို ထောက်ပြီး မင်းတို့ အသက်ကို ငါချမ်းသာပေးလိုက်ပါ့မယ်”
ကောင်းကင်ဘုံ အင်ပါယာ သာမန်ပဲ ပြောလိုက်ပါပြီ။

“ကျေးဇူးတင်ပါတယ် ဆရာကြီး။ ကျေးဇူးတင်ပါတယ် ဆရာကြီး…”
အားလုံး ဝမ်းသာပျော်ရွှင်သွားခဲ့ကြပါပြီ။

“ပြီးတော့ မင်းတို့ ထွက်သွားတဲ့ အချိန်ကျရင် အပြင်လောကမှာ ကောင်းကင်ဘုံ နန်းတော် ပြန်လည်မွေးဖွားလာခဲ့ပြီဆိုပြီးတော့ပါ အသိပေးလိုက်ပါ”

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 30
Chapter 13
အဖွဲ့အစည်းကြီးများ၏ တုန့်ပြန်မှု

အစတုန်းကတော့ ကောင်းကင်ဘုံ အင်ပါယာ အနေနဲ့ အစစ်အမှန် နတ်ဘုရားတွေရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်တွေကို ကုစားပေးပြီးမှ ကြေညာဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ မိစ္ဆာမျိုးနွယ်က ဝင်ရောက်လာခဲ့တာကြောင့် အခု စိတ်ပြောင်းသွားခဲ့ပါပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် အတွင်းလောကထဲမှာ ချင်းကျူကလွဲရင် ကောင်းကင်ဘုံ နန်းတော်ကို ခြိမ်းခြောက်နိုင်သူ မရှိတော့ပါဘူး။ ဒါကြောင့် ဆက်ပြီး ဖုံးကွယ်ထားစရာ မလိုအပ်တော့ဘူး မဟုတ်လား။

ဒီအတွက်ကြောင့် ကောင်းကင်ဘုံ နန်းတော် ပြန်ပေါ်ထွက်လာတဲ့ သတင်း ပျံ့နှံ့သွားခဲ့ပြီး နေရာတိုင်းလိုလို အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါပြီ။

အထူးသဖြင့် အဖွဲ့အစည်းကြီးတွေရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေပါ။ သတင်း ကြားကြားချင်းမှာပဲ သူတို့ နားကို သူတို့ မယုံနိုင်အောင် ဖြစ်သွားခဲ့ကြပါတယ်။

ပြောရရင် နဂါးဖြူ မျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နဲ့ မြင့်မြတ်သော သိုင်းပညာ ခန်းမက အစစ်အမှန် နတ်ဘုရား ၃ ဦးအတွက် ကောင်းကင်ဘုံ နန်းတော်ဆိုတာ ဒဏ္ဍာရီလာ တည်ရှိမှု ဖြစ်နေခဲ့တယ် မဟုတ်လား။

အရေးအကြီးဆုံးကတော့ ကောင်းကင်ဘုံ နန်းတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီတုန်းက ပျက်စီးသွားခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ပြန်လည်ပေါ်ထွက်လာခဲ့တာလဲ။

ချက်ချင်းဆိုသလိုပဲ အဖွဲ့အစည်းတွေဟာ တမန်တော်တွေကို စေလွှတ်စုံစမ်းခိုင်းလိုက်ကြပါပြီ။

ပြောရရင် ကောင်းကင်ဘုံ နန်းတော် တကယ်ပြန်လည် ရှင်သန်လာပြီဆိုရင် အတွင်းလောကရဲ့ အခြေအနေ လုံး၀ ပြောင်းလဲသွားဖို့ လုံလောက်နေပြီ မဟုတ်လား။

ဒီအချိန်မှာတော့ နတ်ဘုရားလောကနဲ့ အနီးဆုံးက ကုန်းမြေတိုက်ကြီး တစ်ခုမှာ နေရာတိုင်းက တန်ခိုးရှင်တွေ စုဝေးနေကြပါပြီ။ ဒီနေရာမှာ အမျိုးမျိုးသော တန်ခိုးရှင်တွေကို မြင်တွေ့ရမှာပါ။

“အဟွတ်.. အဟွတ်… ကောင်းကင်ဘုံ နန်းတော် ပြန်ပြီး ပေါ်ထွက်လာတဲ့ သတင်းက အမှန်ပဲလား။ မင်းတို့ ဘယ်လို ထင်မိကြလဲ”

စားသောက်ဆိုင်တစ်ခုအတွင်း အရပ်မြင့်မြင့် လူကြီးတစ်ဦး အတားအဆီး ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်ပါပြီ။

“ငါလည်း သေချာတော့ မပြောတတ်ဘူး။ ကြည့်ရတာ မိစ္ဆာမျိုးနွယ်က တမန်တော် တချို့က နတ်ဘုရားလောကထဲ ဝင်ရောက်သွားချိန်မှာ ကောင်းကင်ဘုံ နန်းတော်ကို တွေ့ရှိခဲ့တာပဲ။ အခြေအနေ အတိအကျကိုတော့ မိစ္ဆာမျိုးနွယ်စုရဲ့ အတွင်းစည်းက ပုဂ္ဂိုလ်တွေပဲ သိလိမ့်မယ် ထင်တယ်”
နောက်လူကြီးတစ်ဦး ခေါင်းကို ခါယမ်းလိုက်ပါတော့တယ်။

ကောင်းကင်ဘုံ နန်းတော် ပြန်လည်ပေါ်ထွက်လာတဲ့ သတင်းဟာ မိစ္ဆာမျိုးနွယ်ဆီကနေ စတင် ပျံ့နှံ့လာခဲ့တာပါ။  ဒါပေမဲ့ သူတို့တွေက အခြေအနေ အတိအကျကို မထုတ်ပြန်ခဲ့ပါဘူး။ ဒါကြောင့်တော်တော်များများပဲ အခြေအနေ အတိအကျကို မသိထားကြသေးတာပါ။

မဟုတ်ဘူးဆိုရင် နတ်ဘုရားလောကကို စုံစမ်းစစ်ဆေးဖို့ တမန်တော်တွေ စေလွှတ်ကြမှာ မဟုတ်ပါဘူး။

“နတ်ဘုရားလောကက နှစ်ပေါင်း ၃၀၀ တိုင်းတစ်ကြိမ် ပွင့်တယ်။ ကျန်တဲ့ အချိန်တွေမှာ အင်းခတ်တားဆီးထားတဲ့ အခြေအနေနဲ့ ငြိမ်သက်နေတာ။ မိစ္ဆာမျိုးနွယ်က တမင် သတင်းလွှင့်နေတာ ဖြစ်နိုင်တယ်”

ဒီအချိန်မှာ ဆံပင်တိုတို မိန်းကလေးတစ်ဦးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါပြီ။

စားပွဲဝိုင်းမှာ လူလေးဦး ထိုင်နေခဲ့တာပါ။ အမျိုးသား နှစ်ဦး အမျိုးသမီး နှစ်ဦး ဖြစ်ကြပြီး အားလုံးက မဟာစကြ၀ဠာ ဆဌမ အဆင်နဲ့ အထက်ကို ရောက်နေကြပါပြီ။ ဒီထဲမှာ အရပ်မြင့်မြင့် လူကြီးက မဟာစကြ၀ဠာ သတ္တမ အဆင့်ပါ။ ပတ်ဝန်းကျင်က တန်ခိုးရှင်တွေလည်း သူတို့ အဝတ်အစားတွေကို မြင်လိုက်ရတော့ အနားကို မချည်းကပ်ဝံ့ကြတော့ပဲ ရှိန်သွားခဲ့ကြပါပြီ။

အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ သူတို့တွေက မြင့်မြတ်သော သိုင်းပညာခန်းမက လူတွေဖြစ်နေလို့ပါ။

မြင့်မြတ်သော သိုင်းပညာ ခန်းမဟာ ချင်းကျူကြောင့် အများကြီး ဆုံးရှုံးခဲ့ရတဲ့အတွက် အင်အားတွေကို ရုတ်သိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက စကြ၀ဠာ အတွင်း သူတို့တွေဟာ ထိပ်တန်းအဖွဲ့ကြီး ၃ ခုအတွင်း စာရင်းဝင်နေဆဲပါ။ ဒါကြောင့် ဘယ်နေရာမှဖြစ်ဖြစ် သာမန် တန်ခိုးရှင်တွေ မော်မကြည့်ဝံ့ကြသေးပါဘူး။

“ဖြစ်နိုင်တယ်”
အရပ်မြင့်မြင့် လူကြီး ဖြည်းလေးစွာ ခေါင်းညိတ်လိုက်ပြီး
“နတ်ဘုရားလောကက နှစ်ပေါင်း ၃၀၀ တိုင်း တစ်ကြိမ် ပွင့်တယ်။ ဒီတစ်ကြိမ်မှာ ခန်းမရှင်တောင် ကူကယ်ရာမဲ့နေခဲ့ရတာ။ ဘယ်လိုလုပ်ပြီး မိစ္ဆာ မျိုးနွယ်စုက တမန်တော် နည်းနည်းလေးက ကျူးကျော်ဝင်ရောက်နိုင်မှာလဲ”

“ဂိုဏ်းတူအစ်ကိုကြီး.. ကျွန်မတို့တွေ ဘာဆက်လုပ်ကြမလဲ”
နောက်ဆုံး မိန်းကလေးက လှမ်းမေးလိုက်ပါပြီ။

“အင်း.. အကြီးအကဲတွေက ဒီကိစ္စကို သေချာ အတည်ပြုခိုင်းခဲ့တယ်။ အမှန်ဖြစ်ဖြစ် ကောလဟလဖြစ်ဖြစ် ငါတို့ စစ်သင်္ဘောနဲ့ မနက်ဖြန်တော့ သွားကြည့်ကြည့်သင့်တယ်လေ”

အရပ်မြင့်မြင့် လူကြီးလည်း ခဏလောက် စဉ်းစားလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်ပါပြီ။

သူတို့ လေးဦးရဲ့ တန်ခိုးကျင့်စဉ် အဆင့်နဲ့ နတ်ဘုရားလောကဆီကို ကိုယ်တိုင် သွားလို့တောင် ရနေပြီ ပြောရမှာပါ။

စစ်သင်္ဘောကို စီးနင်းဖို့ ဆုံးဖြတ်လိုက်ရတာကတော့ လမ်းမှာ အလစ်ဖမ်း တိုက်ခိုက်ခံရမှာ စိတ်ပူနေတာကြောင့်ပါ။

သူတို့တွေက မြင့်မြတ်သော သိုင်းပညာ ခန်းမရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပေမယ့်လည်း ဘယ်သူမှ မတိုက်ခိုက်ဝံ့တာတော့ မဟုတ်ပါဘူး။ တကယ်လို့ မိစ္ဆာမျိုးနွယ်တွေက ဒီသတင်းကို တမင်ဖြန့်ထားတာဆိုရင် သူတို့တွေက အလစ်ဖမ်း တိုက်ခိုက်လာနိုင်ပါတယ်။

ရုတ်တရက်ဆိုသလိုပဲ အော်ဟစ်သံတွေ စားသောက်ဆိုင် အပြင်ဘက်က လွင့်ပျံ့လာခဲ့ပါပြီ။ လူလေးဦး အာရုံပြောင်းသွားပါတော့တယ်။

“ဘာဖြစ်လို့လဲ”
အရပ်မြင့်မြင့် လူကြီးလည်း အတားအဆီးကို ဖယ်ရှားလိုက်ပြီး နားမလည်နိုင်စွာ ရေရွတ်လိုက်ပါပြီ။

သူတို့တွေက တတိယအထပ်မှာ ရှိနေတဲ့အတွက်ကြောင့် လမ်းမအထက်က မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ပါတယ်။

“ဝိုး.. နဂါးဖြူ မျိုးနွယ်က တန်ခိုးရှင်ပါလား”

“တကယ်လား။ နဂါးဖြူမျိုးနွယ်တောင်မှ လူတွေ စေလွှတ်လိုက်ပြီလား”

“ဟီး ဟီး.. ဒီတစ်ခေါက်တော့ ပွဲကြီးပွဲကောင်းပဲ”

“…”

လမ်းမပေါ်မှာ တန်ခိုးရှင်တွေ ဆွေးနွေးပြောဆိုနေခဲ့ကြပါတယ်။ တချို့တွေကတော့ စပ်စုလို့။ တချို့တွေကတော့ တံတွေးကို ဂလုခနဲ မျိုချလိုက်ကြလို့ပါ။

မြင့်မြတ်သော သိုင်းပညာ  ခန်းမရဲ့ အုပ်ချုပ်မှု နယ်မြေအောက်မှာ လူသား အများစုဟာ နဂါးဖြူ မျိုးနွယ်စုကို မုန်းတီးနေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကုန်းမြေတိုက်ကြီးက ကြားနယ်မြေတစ်ခုပါ။ အမျိုးမျိုးသော မျိုးနွယ်တွေ မှီတင်းနေထိုင်ကြပါတယ်။ ဒါကြောင့် နဂါးဖြူမျိုးနွယ်ဝင်တွေ ပေါ်ထွက်လာလို့ ရန်လိုမှုတော့ မရှိပါဘူး။  သူတို့တွေကို မိစ္ဆာမျိုးနွယ်နဲ့ အင်းဆက်မျိုးနွယ် တန်ခိုးရှင်တွေကတောင် ခရီးဦးကြို လိုက်ကြပါပြီ။

“နဂါးဖြူ မျိုးနွယ်စု…”

မြင့်မြတ်သော သိုင်းပညာ ခန်းမက တန်ခိုးရှင်လေးဦး မျက်နှာပျက်သွားကြပါတော့တယ်။ မကြာခင်မှာတော့ အဝေးမှာ လျှောက်လှမ်းလာနေတဲ့ တန်ခိုးရှင်ငါးဦးကို တွေ့လိုက်ရပါပြီ။ သူတို့ အော်ရာအရှိန်အဝါဟာ အလွန်ကို ဩဇာအာဏာကြီးမားလွန်းလှပါတယ်။ သူတို့တွေကတော့ နဂါးဖြူ မျိုးနွယ်ဝင်တွေပါပဲ။

နဂါးဖြူ မျိုးနွယ်စုဝင် ငါးဦးမှာ ခေါင်းဆောင်ဖြစ်တဲ့ လူကတော့ ဝတ်စုံနက်ကို ဝတ်ဆင်ထားတာ တွေ့ရမှာပါ။ သူ့ရဲ့ ဝိညာဉ်အာရုံက ကန့်သတ်ထားတာကြောင့် သူ့အသွင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ တခြား လေးဦးကတော့ မဟာစကြ၀ဠာ ဆဌမ အဆင့်ကို ရောက်နေကြပါပြီ။ သူတို့ အားလုံး ခန္ဓာကိုယ် သွယ်လျကြပြီး ခေါင်းဆောင်နောက်ကနေ လေးလေးစားစား လိုက်ပါလာခဲ့ကြပါတယ်။

“ဟမ့်.. သူတို့တွေပါ ရောက်လာမယ်လို့ ထင်မထားမိခဲ့ဘူး”
ဆံပင်တိုတိုနဲ့ မိန်းကလေးလည်း အံကို တင်းတင်းကြိတ်လိုက်ပြီး မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးအကြည့်နဲ့ ကြည့်ပြီး ပြောလိုက်ပါပြီ။ သူမအနေနဲ့ နဂါးဖြူမျိုးနွယ်ဝင် ငါးဦးဆီ ပြေးဝင်ပြီး ရိုက်သတ်ချင်နေသလိုပါပဲ။

“မိုရွှယ်.. ငါတို့တွေမှာ တာဝန်ရှိတယ်။ ကိစ္စတွေကို ရှုပ်ထွေးအောင် မလုပ်ပါနဲ့”
ဒါကို မြင်လိုက်ရတော့ အရပ်မြင့်မြင့် လူကြီး မျက်မှောင်ကြုတ်လိုက်ပါပြီ။

“ဟုတ်ကဲ့”

မိုရွှယ်ဆိုသူ မိန်းကလေးလည်း အကြည့်လွှဲလိုက်ပြီး သူမကိုယ်သူမ ထိန်းချုပ်ထားလိုက်ပါတော့တယ်။

မြင့်မြတ်သော သိုင်းပညာ ခန်းမနဲ့ နဂါးဖြူမျိုးနွယ်စုတို့အကြား တိုက်ပွဲဟာ နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားခဲ့ပါပြီ။ ဒီအချိန်အတွင်း မရေမတွက်နိုင်တဲ့ တန်ခိုးရှင်တွေ သေဆုံးခဲ့ရပါတယ်။ ဒီထဲမှာ မိုရွှယ်ရဲ့ မိဘတွေပါ အပါအဝင်ပါပဲ။ ဒါကြောင့် နဂါးဖြူမျိုးနွယ်စုကို သူမ အလွန်မုန်းတီးနေခဲ့တာပါ။

“ဒီမှာ ငါတို့ အကြာကြီးနေလို့ မဖြစ်ဘူး။ တခြားနေရာ ပြောင်းကြမယ်”
အရပ်မြင့်မြင့် လူကြီးလည်း အကြံပေးလိုက်ပါပြီ။

မိုရွှယ်လည်း အရပ်မြင့်မြင့် လူကြီးရဲ့ သဘောထားကို နားလည်တာကြောင့် မငြင်းနေတော့ပါဘူး။ ဒီလိုနဲ့ သူတို့လေးဦး မြို့တော်ထဲကနေ တိတ်ဆိတ်စွာ ထွက်သွားကြပါတော့တယ်။

ဒါပေမဲ့ နောက်တစ်ရက်မှာတော့ နဂါးဖြူ မျိုးနွယ်ဝင် ငါးဦးနဲ့ သူတို့ ထပ်ပြီး ဆုံရပြန်ပါပြီ။ သူတို့တွေကလည်း နတ်ဘုရားလောကဆီ ပျံသန်းသွားနေတဲ့ စကြ၀ဠာ စစ်သင်္ဘောကြီးအထက်မှာပါ။

အရပ်မြင့်မြင့် လူကြီးသာ ဝိညာဉ်စွမ်းအင်နဲ့ မိုရွှယ်ကို ဖိအားမပေးထားဘူးဆိုရင် နှစ်ဖက်လုံး တိုက်ပွဲဖြစ်နေလောက်ပါပြီ။

“ဟူး.. ဘာဖြစ်လို့ သူတို့နဲ့မှ ထပ်ပြီး ဆုံတွေ့ရတာလဲ”

အရပ်မြင့်မြင့် လူကြီး ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတော့တယ်။

“သူတို့ တာဝန်ကလည်း ကျွန်တော်တို့ တာဝန်နဲ့ တူနေလို့ဖြစ်မယ်။ နတ်ဘုရားလောကအကြောင်း စုံစမ်းဖို့လေ”

နံဘေးမှာ ရှိနေတဲ့ လူကြီးက ကောက်ချက်ချလိုက်ပါပြီ။

“ကြည့်ရတာ နဂါးဖြူ မျိုးနွယ်စုကလည်း ကောင်းကင်ဘုံ နန်းတော် ပြန်ပေါ်ထွက်လာတာ ဟုတ်မဟုတ်ကို စိတ်ဝင်စားနေပုံပဲ”

“အေးပေါ့”

အရပ်မြင့်မြင့် လူကြီး မျက်လုံးကို လှန်လိုက်မိပါပြီ။

“နဂါးဖြူ မျိုးနွယ်စုရဲ့ မြင့်မြတ်သော နတ်မိမယ်ဟာ မကြာခင်တုန်းကမှ အစစ်အမှန် နတ်ဘုရားအဆင့် အမွေအနှစ်ကို ရရှိထားခဲ့တယ်လေ။ ကောင်းကင်ဘုံ နန်းတော် ပြန်ပေါ်ထွက်လာတာ မှန်ရင် နဂါးဖြူမျိုးနွယ်စုအတွက် အကျိုးကျေးဇူး အရမ်းများသွားပြီပေါ့”

၀ုန်း

သူတို့ နှစ်ဦး စကားပြောနေချိန်မှာပဲ စစ်သင်္ဘောကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပါပြီ။ သင်္ဘောကြီး တစ်စင်းလုံး ပျက်ကျသွားတော့မလိုပါပဲ။

“ဘာတွေ ဖြစ်ကုန်တာလဲ”
အရပ်မြင့်မြင့် လူကြီးလည်း မြန်မြန် အပြင်ပျံထွက်သွားခဲ့ပါပြီ။

“အဲဒါ.. စကြ၀ဠာ သားရဲကြီး။ ငါတို့တွေကို စကြ၀ဠာ သားရဲကြီးက တိုက်ခိုက်နေတာ”

သူတို့ သင်္ဘောအပြင်ကို ရောက်ရောက်ချင်းပဲ တစ်ယောက်ယောက်က အော်ပြောလိုက်ပါတော့တယ်။

“…”

အရပ်မြင့်မြင့် လူကြီး နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။ တစ်ခုခုများ မှားနေတာလား။ ဘာဖြစ်လို့ သူတို့တွေ ဒီလောက်တောင် ကံဆိုးနေရတာလဲ။

၀ုန်း

စစ်သင်္ဘောကြီး ထပ်မံ တုန်လှုပ်သွားခဲ့ပါပြီ။ မဟာစကြ၀ဠာ ပဉ္စမ အဆင့်တန်ခိုးရှင်တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်တဲ့ အတားအဆီးလည်း အစောကြီးကတည်းက ပျက်စီးသွားခဲ့ပြီ မဟုတ်လား။ စစ်သင်္ဘောကြီးလည်း ဗိုက်ပွင့်သွားခဲ့ပြီး အထဲမှာ ရှိနေတဲ့ တန်ခိုးရှင်တွေလည်း အသက်ဆုံးရှုံးလုလု ဖြစ်သွားခဲ့ပါတယ်။

ဂရား

မြင်ကွင်းမှာ ကြီးမားလှတဲ့ သားရဲကြီးတစ်ကောင် ပေါ်ထွက်လာခဲ့ပါပြီ။ သူ့ရဲ့ လက်တံတွေဟာ စစ်သင်္ဘော တစ်စင်းလုံးကို နွယ်ပင်တွေသဖွယ် ရစ်ပတ်ထားခဲ့ပါတယ်။ ထွက်ပေါက်အားလုံးလည်း ပိတ်ဆို့နေပါပြီ။

“တောက်.. မဟာစကြ၀ဠာ အဌမ အဆင့် စကြ၀ဠာ သားရဲကြီး ငရဲဝိညာဉ်ပါလား…”

အရပ်မြင့်မြင့် လူကြီး မျက်နှာ ဖြူရော်နေပါတော့တယ်။ ဒီလို စကြ၀ဠာ သားရဲကြီးရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရပြီဆိုတော့ သူတို့တွေ ဘယ်လိုမှ ပြေးမလွတ်နိုင်တော့ပါဘူး။

စစ်သင်္ဘောကြီး ပျက်စီးလုလု အချိန်မှာပဲ အဖြူရောင်အလင်းတွေ ရုတ်ချည်း ဖြာထွက်လာခဲ့ပါပြီ။ ဒီအဖြူရောင် အလင်းတွေဟာ စကြ၀ဠာ သားရဲကြီးရဲ့ လက်တံတွေကို ဖြတ်တောက်သွားခဲ့ပြီး ပတ်ဝန်းကျင်တခွင်ကို နေ့ခင်းအချိန်နဲ့မခြား လင်းထိန်သွားစေခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ လူရိပ်တစ်ခု ဖြည်းဖြည်းချင်း  ပျံသန်းပေါ်ထွက်လာခဲ့ပြီး စကြ၀ဠာ သားရဲကြီးကို တိုက်ခိုက်လိုက်ပါပြီ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 30
Chapter 14
သတင်း အတည်ပြုခြင်း

“နဂါးဖြူမျိုးနွယ်က တန်ခိုးရှင် မဟုတ်ဘူးလား”
အရပ်မြင့်မြင့် လူကြီး တုန်လှုပ်သွားခဲ့ပါပြီ။

စကြ၀ဠာ သားရဲကြီးကို လာရောက်ရင်ဆိုင်သူက မနေ့တုန်းက မြင်ခဲ့ရတဲ့ ဝတ်စုံနက်ဝတ် နဂါးဖြူမျိုးနွယ် တန်ခိုးရှင် ဖြစ်နေခဲ့ပါတယ်။

အခုအချိန်မှာတော့ အဖြူရောင် အလင်းတွေဟာ ဝတ်စုံနက်ဝတ် မိန်းကလေး ဆီကနေ ဖြာထွက်တောက်ပနေပါပြီ။ ဒီအလင်းရောင်တွေဟာ အလွန်ကို တောက်ပနေပြီး ကီလိုမီတာ ၅၀၀ ဝန်းကျင်ကို နေ့ခင်းအချိန်လို လင်းထိန်သွားစေခဲ့ပါတယ်။ သူတို့တွေ မျက်လုံးတောင် သေချာ မဖွင့်နိုင်ကြတော့ပါဘူး။

အရေးအကြီးဆုံးကတော့ အနက်ရောင် ဝတ်စုံဝတ် မိန်းကလေးရဲ့ အော်ရာအရှိန်အဝါဟာ စကြ၀ဠာ သားရဲကြီးထက်သာ ပိုပြီး သာလွန်နေတာ တွေ့လိုက်ရတာပါ။

ဒီမြင်ကွင်းကို ကြည့်ပြီး အရပ်မြင့်မြင့် လူကြီးလည်း စိတ်ထဲကြိတ်ပြီး တုန်လှုပ်သွားသလို ဝမ်းလည်း ဝမ်းသာသွားခဲ့ပါပြီ။ မိုရွှယ်ကို တားဆီးခဲ့လို့သာ တော်ပါသေးတယ်။ မဟုတ်ဘူးဆိုရင် သူတို့တွေ သေသွားလောက်ပြီ မဟုတ်လား။

တစ်ချိန်တည်းမှာပဲ စစ်သင်္ဘောထဲက တန်ခိုးရှင်တွေကလည်း ရုတ်ရုတ်သဲသဲ အခြေအနေတွေကို သတိထားမိခဲ့ကြပါတယ်။ သူတို့ အားလုံး လှမ်းကြည့်နေကြပေမယ့်လည်း အနားမချည်းကပ်ဝံ့ကြပါဘူး။

မဟာစကြ၀ဠာ အဌမ အဆင့် တန်ခိုးရှင်တွေ တိုက်ပွဲကို သူတို့ ဝင်ပါနိုင်ခြင်း မရှိသေးဘူး မဟုတ်လား။

“အရှင်မ”

နဂါးဖြူ မျိုးနွယ်စု တန်ခိုးရှင် လေးဦးလည်း ဒီအဖြစ်ကို တွေ့လိုက်ရတော့ အမြန်ဆုံး ရောက်ရှိလာခဲ့ကြပါပြီ။

“မင်းတို့ အားလုံး ထွက်သွားကြ။ ဒီစကြ၀ဠာ သားရဲကို ငါ့တာဝန်ထားလိုက်ပါ”
ဝတ်စုံနက်ဝတ် မိန်းကလေးရဲ့ စကားဟာ အေးစက်ပြီး ခံစားချက် မဲ့နေခဲ့ပါတယ်။

“ဒါပေမဲ့…”
နဂါးဖြူမျိုးနွယ်က တန်ခိုးရှင်လေးဦးလည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီး ချီတုံချတုံ ဖြစ်နေကြပါပြီ။

“ဆုတ်ခွာကြတော့”
ဝတ်စုံနက်ဝတ် မိန်းကလေးလည်း နှာခေါင်းရှုံ့လိုက်ပြီး အမိန့်ပေးလိုက်ပါတော့တယ်။

“ဟုတ်ကဲ့.. အမိန့်အတိုင်းပါ”

သူတို့လေးဦးလည်း ကူကယ်ရာမဲ့စွာ နောက်ဆုတ်လိုက်ကြရပါပြီ။

နတ်မိမယ် သခင်မလား…

အရပ်မြင့်မြင့် လူကြီးလည်း မျက်မှောင်ကြုတ်လိုက်မိပါတော့တယ်။

သူသိထားသလို ဆိုရင် နဂါးဖြူ မျိုးနွယ်မှာ နတ်ဘုရားသခင်မ တစ်ပါးတည်းသာ ရှိသာပါ။ သူမကတော့ လောင်ရှောင်ယုပါပဲ။ သူမဟာ အစစ်အမှန် နတ်ဘုရားအဆင့် အမွေအနှစ်ကို မကြာခင်တုန်းကမှ ရရှိခဲ့ပြီး မဟာဂိုဏ်းကြီး ၃ခုထဲမှာ ပါရမီ အမြင့်ဆုံး ဖြစ်နေပါပြီ။

နတ်ဘုရားသခင်မတောင် ဒီကို ရောက်လာတယ်လား။

၀ုန်း

အရပ်မြင့်မြင့်လူကြီး စဉ်းစားနေချိန်မှာပဲ ဝတ်စုံနက်ဝတ် မိန်းကလေးနဲ့ စကြ၀ဠာ သားရဲကြီးတို့ တိုက်ခိုက်မှုကြောင့် စွမ်းအင်လှိုင်းတွေ ဖြာထွက်လာပါတော့တယ်။ မိန်းကလေးက စစ်သင်္ဘောနဲ့ ဝေးရာမှာ တိုက်ခိုက်နေတာကြောင့်သာ တော်သေးတယ် ဆိုရမှာပါ။ မဟုတ်ဘူးဆိုရင် စစ်သင်္ဘော အနေနဲ့ ဒီစွမ်းအင်လှိုင်းတွေကြောင့် ပြိုကျပျက်စီးသွားပြီးလောက်ပါပြီ။

၀ုန်း ၀ုန်း ၀ုန်း

ဝတ်စုံနက်ဝတ် မိန်းကလေး ဆက်လက် ရှောင်တိမ်းနေတာကြောင့် တိုက်ပွဲ အကွာအဝေးဟာ တဖြည်းဖြည်း ဝေးကွာလာခဲ့ပါပြီ။ နောက်ဆုံးတော့ အလင်းရောင်တွေနဲ့ စွမ်းအင်လှိုင်းတွေကိုသာ သူတို့ တွေ့ကြရပါတော့တယ်။

၀ုန်း

အလွန်ပြင်းထန်လှတဲ့ ပေါက်ကွဲမှုကြီးနဲ့အတူ အဖြူရောင် အလင်းတွေဟာ အားလုံးရဲ့ မြင်ကွင်းကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ ဒီအလင်းရောင်ဟာ အလွန်ကို တောက်ပပြီး ကောင်းကင်ယံ မီးလောင်တော့မယ့်အတိုင်းပါပဲ။

အသက်အနည်းငယ် ရှူပြီးသွားချိန်မှာတော့ အလင်းရောင်တွေ လွင့်ပြယ်သွားခဲ့ပြီး လေထု တည်ရှိမှု ပုံမှန်အတိုင်း တိတ်ဆိတ်သွားခဲ့ပါပြီ။

မကြာခင်မှာတော့ တစ်ယောက်ယောက် တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး ခါးသီးစွာ မေးမြန်းလိုက်ပါတော့တယ်။

“ဘယ်သူနိုင်သွားတာလဲ”

စကား မဆုံးခင်မှာ ဝတ်စုံနက်ဝတ် မိန်းကလေးဟာ စစ်သင်္ဘောပေါ် ရုတ်ချည်း ဆင်းသက်လာခဲ့ပါပြီ။ သူမရဲ့ အဝတ်အစားတွေတောင် မစုတ်ပြဲခဲ့ပါဘူး။ အဖြေကတော့ ရှင်းနေပြီ မဟုတ်လား။

“…”

တိတ်ဆိတ်ခြင်း၊ အကြွင်းမဲ့ တိတ်ဆိတ်ခြင်း။

ဝတ်စုံနက်ဝတ် မိန်းကလေး စကားမပြောခဲ့ပါဘူး။ အရပ်မြင့်မြင့် လူကြီးကို သူမ တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြန်လည်ပျောက်ကွယ်သွားခဲ့ပါပြီ။

အရပ်မြင့်မြင့် လူကြီးလည်း မိန်းကလေး အကြည့်ကြောင့် ရေခဲချောက်နက်ထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရပါတော့တယ်။ သူ့ခြေဆုံးခေါင်းဆုံး အေးစက်တောင့်တင်းသွားခဲ့ပြီး ဒူးထောက်ကျမတတ် ဖြစ်သွားခဲ့ပါပြီ။

အရမ်းကို ကြောက်စရာ ကောင်းလွန်းနေခဲတယ် မဟုတ်လား။

အရင်တုန်းကတော့ အပြင်လောကက ကောလဟလတွေဟာ အပိုတွေလို့ အရပ်မြင့်မြင့် လူကြီး ထင်မိခဲ့ပါတယ်။ လောင်ရှောင်ယုက မျိုးဆက်သစ်တစ်ဦးဖြစ်နေတာကြောင့် ဘယ်လောက်ပဲ အစွမ်းထက်နေတယ် ဆိုပါစေ ဘယ်လောက်များ အစွမ်းထက်နိုင်မှာမို့လဲ။

အခုတော့ အရပ်မြင့်မြင့် လူကြီး နားလည်သဘောပေါက်သွားခဲ့ပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျောတုန်းက အရပ်မြင့်မြင့် လူကြီးဟာ မြင့်မြတ်သောသိုင်းပညာ ခန်းမရဲ့ ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ လောင်ရှောင်ယုနဲ့ ယှဉ်လိုက်ရင် စာဖွဲ့စရာ မဟုတ်တော့ပါဘူး။

“အကြီးအကဲတွေကို ဒီကိစ္စ သတင်းပို့သင့်လား”
အရပ်မြင့်မြင့်လူကြီး ဆုံးဖြတ်ရခက်နေခဲ့ပါတယ်။

နဂါးဖြူ မျိုးနွယ်စုက နတ်မိမယ် သခင်မဟာ မဟာစကြ၀ဠာ အဆင့်ခြောက် အစောင့်အရှောက် လေးဦးနဲ့သာ ဒီကို ရောက်ရှိလာခဲ့ပါတယ်။ ဒါက ရခဲတဲ့ အခွင့်အရေးပါပဲ။ သူမကို သတ်နိုင်မယ်ဆိုရင် ခန်းမရှင်အနေနဲ့ သူ့ကို ဆုလာဘ်တွေ ချီးမြှင့်နိုင်တယ် မဟုတ်လား။

ခဏလောက် စဉ်းစားပြီးနောက် လူကြီးလည်း အကြံအစည်ကို လက်လျှော့လိုက်ပါပြီ။

အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။

ပထမဆုံး ဝတ်စုံနက်ဝတ် မိန်းကလေးရဲ့ အကြည့်ဟာ သူ့ကို မြင့်မြတ်သော သိုင်းပညာ ခန်းမက တန်ခိုးရှင်တစ်ဦး ဖြစ်မှန်း ထွင်းဖောက်မြင်နေသလိုပါပဲ။ ဒါပေမဲ့ သူမ မတိုက်ခိုက်ခဲ့ပါဘူး။ ဒါကြောင့် ဝတ်စုံနက်ဝတ် မိန်းကလေးဟာ အပြစ်မဲ့သူကို မသတ်ချင်မှန်း သေချာပါတယ်။

မဟုတ်ဘူးဆိုရင် သူမရဲ့ အစွမ်းနဲ့ သူတို့လေးဦးကို သတ်ဖို့က ခြင်ရိုက်သလောက်ကို လွယ်နေပါပြီ။

ဒုတိယ အချက်ကတော့ သူတို့ကို သူမက ကယ်တင်ပေးခဲ့တာပါ။ ဘယ်လိုပဲ ကြည့်ကြည့် သူမကို မလုပ်ကြံသင့်ပါဘူး။

ဆုံးဖြတ်ချက် ချပြီးတာနဲ့ အရပ်မြင့်မြင့် လူကြီးလည်း စစ်သင်္ဘောနဲ့ ထွက်ခွာဖို့ ပြင်ဆင်လိုက်ပါပြီ။ ဒီနေရာက နတ်ဘုရားလောကနဲ့ သိပ်မှ မလှမ်းတော့တာ။

အရပ်မြင့်မြင့် လူကြီးတင်သာမက တခြားအဖွဲ့အစည်းတွေက တန်ခိုးရှင်တွေလည်း တိတ်ဆိတ်စွာပဲ နတ်ဘုရားလောကဆီ ပျံသန်းသွားခဲ့ကြပါပြီ။

ဒီထဲမှာ ဝတ်စုံနက်ဝတ် မိန်းကလေးလည်း အပါအဝင်ပါ။

ပြောစရာ တစ်ခုပဲ ရှိတာက အရပ်မြင့်မြင့် လူကြီး ခန့်မှန်းထားသလိုပဲ မိန်းကလေးဟာ လောင်ရှောင်ယုပါ။

ပြောရရင် သူမအနေနဲ့ ဒီကိစ္စအတွက် ရောက်လာစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံ အင်ပါယာရဲ့ အမွေအနှစ်ကို သူမ လက်ခံရရှိခဲ့တာကြောင့် ဒီကိစ္စကို စိတ်ဝင်စားနေခဲ့ပါတယ်။ ဒါကြောင့် ကောင်းကင်ဘုံ အင်ပါယာ ပြန်ပေါ်ထွက်လာပြီဆိုရင် ဆရာ့ဆီကို သွားလည်ဖို့ သင့်တယ် မဟုတ်လား။

တစ်နာရီလောက် အကြာမှာ နတ်ဘုရားလောက အပြင်ဘက်ကို အားလုံး ရောက်ရှိလာခဲ့ပါပြီ။ နတ်ဘုရားလောကဟာ မြူခိုးတွေ ဖုံးလွှမ်းခြင်း မရှိတော့ပဲ မူလကလို ခမ်းနားကြီးကျယ်တဲ့ အသွင်ကို ပိုင်ဆိုင်နေတာ တွေ့လိုက်ရတော့ အားလုံး တုန်လှုပ်သွားခဲ့ကြပါပြီ။

နတ်ဘုရားလောကက တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီလား။

အဝေးကနေ ကြည့်ရုံနဲ့ သိပ်သည်းလှတဲ့ ဝိညာဉ်ကီစွမ်းအင်တွေကို မြင်နေခဲ့ရပါတယ်။

အခု ရှိနေကြတဲ့ တန်ခိုးရှင်တွေဟာ အဖွဲ့အစည်း အမျိုးမျိုးရဲ့ မျိုးဆက်သစ် အဟောင်းတွေပါ။ အများစုက နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို တက်ရောက်ဖူးကြပြီး နတ်ဘုရားလောကရဲ့ အဖြစ်အပျက်တွေကို သိထားခဲ့ကြပါတယ်။ ဒါကြောင့် အခု အသွင်ဟာ လုံး၀ ပြောင်းလဲသွားပြီ ဆိုတာကို သူတို့ သိနိုင်ခဲ့ကြတာပါ။

အားလုံးပဲ သွားကြည့်ဖို့ ဟန်ပြင်လိုက်ကြပေမယ့် နတ်ဘုရားလောက အပြင်ဘက်က အတားအဆီးဟာ ဖျက်ဆီးလို့မရနိုင်တာ တွေ့လိုက်ရပါပြီ။ ဒါကြောင့် သူတို့ လက်လျှော့လိုက်ကြရပါတော့တယ်။

ပြီးတော့ အထဲမှာသာ ကောင်းကင်ဘုံ နန်းတော် တကယ်ပဲ ရှိနေမယ် ဆိုရင် သူတို့တွေ သေလမ်းကို မြန်းသွားရနိုင်တယ် မဟုတ်လား။

ဒီအချိန်မှာ ဝတ်စုံနက်ဝတ် မိန်းကလေး ပျံသန်းပေါ်ထွက်လာခဲ့ပါပြီ။ လောင်ရှောင်ယုဟာ နတ်ဘုရားလောကရဲ့ အတားအဆီးကို ကျော်ဖြတ်ပြီး ဝင်ရောက်သွားပါတော့တယ်။

အားလုံး မှင်သက်သွားခဲ့ကြပါပြီ။ သူတို့ မျက်လုံးကိုတောင် မယုံကြည်နိုင်ကြတော့ပါဘူး။

သူတို့ အားလုံး ကြိုးစားခဲ့ကြပြီး ကူကယ်ရာမဲ့နေချိန်မှာ ဝတ်စုံနက်ဝတ် မိန်းကလေးက အထဲကို အလွယ်တကူ ဝင်ရောက်နိုင်ခဲ့တယ်လား။

အရပ်မြင့်မြင့် လူကြီးသာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မတုန်လှုပ်ခဲ့တာပါ။

“ကြည့်ရတာ ကောင်းကင်ဘုံ နန်းတော် တကယ်ပဲပြန်ပေါ်ထွက်လာခဲ့ပြီပဲ”
အရပ်မြင့်မြင့် လူကြီး သက်ပြင်းချလိုက်ပြီး တိုးညင်းစွာ ပြောလိုက်ပါပြီ။

လောင်ရှောင်ယုက အတားအဆီးကို အလွယ်တကူ ကျော်ဖြတ်နိုင်နေပြီ ဆိုကတည်းက ဒီနေရာဟာ ကောင်းကင်ဘုံနန်းတော်နဲ့ပတ်သက်နေမှာ သေချာနေပါပြီ။

ပြောရရင် နတ်ဘုရားလောကက အစစ်အမှန် နတ်ဘုရားအဆင့် အကြွင်းအကျန် စိတ်ဝိညာဉ် အများစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီတုန်းက ကောင်းကင်ဘုံ နန်းတော်ရဲ့ တန်ခိုးရှင်တွေ ဖြစ်မယ်လို့ တော်တော်များများ ခန့်မှန်းခဲ့ကြပါတယ်။ မိစ္ဆာမျိုးနွယ်စုဆီကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းနဲ့ လောင်ရှောင်ယုက အတားအဆီးကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တာကို ထည့်တွက်လိုက်မယ်ဆိုရင် ကောင်းကင်ဘုံ နန်းတော် ပြန်လည်ပေါ်ထွက်လာခဲ့တာ အမှန်တရားဖြစ်နေပါပြီ။

“ကောင်းပြီလေ။ သွားကြတာပေါ့”
ခဏလောက် အကြာမှာ အရပ်မြင့်မြင့် လူကြီး ပြောလိုက်ပါတော့တယ်။

“ဟင်”

ဒါကိုကြားလိုက်ရတော့ မြင့်မြတ်သောသိုင်းပညာ ခန်းမက တန်ခိုးရှင်တွေ အံ့ဩသွားခဲ့ကြပါပြီ။ အထူးသဖြင့် မုရွှယ်ပါ။

“ဘာဖြစ်လို့လဲ”

“ကောင်းကင်ဘုံ နန်းတော် ပြန်လည်ပေါ်ထွက်လာတဲ့ သတင်းက အမှန်ဖြစ်နေပြီလေ”
အရပ်မြင့်မြင့် လူကြီး သာမန်ပဲ ဖြေလိုက်ပါတော့တယ်။

“…”

အတားအဆီးကို ကျော်ဖြတ်ပြီးနောက် လောင်ရှောင်ယုအရှေ့က မြင်ကွင်းတွေ ပိုမို ကြည်လင်လာခဲ့ပါပြီ။ ဒီနေရာဟာ သူမ မြင်ဖူးတဲ့ နတ်ဘုရားလောကထက် အဆများစွာ ပိုမိုလှပနေခဲ့ပါတယ်။ ဝိညာဉ်ကီစွမ်းအင် သိပ်သည်းမှုဟာလည်း နဂါးဖြူမျိုးနွယ်စုရဲ့ အဓိက တရားကျင့်ကြံရာ ခန်းမနီးပါး ဖြစ်နေပါပြီ။

ဒါ့အပြင်ကို မျက်စိတဆုံးမှာ ကောင်းကင်ဘုံ ရတနာတွေ၊ ဝိညာဉ်ဆေးပင်တွေ ဝိညာဉ်သစ်သီးတွေကို မြင်နေခဲ့ရပါတယ်။ သူတို့ အားလုံးက တောင်တန်းတွေ တောအုပ်တွေကို ဖုံးလွှမ်းထားတာဟာ နိဗ္ဗာန်ဘုံတစ်ခုအလားပါပဲ။

လောင်ရှောင်ယု နတ်ဘုရားလောကထဲ ရောက်ရောက်လာချင်း ကောင်းကင်ဘုံ အင်ပါယာဟာ သူမအရှေ့ ပေါ်ထွက်လာခဲ့ပါပြီ။

“မင်းပါလား”
ကောင်းကင်ဘုံ အင်ပါယာလည်း ခဏလောက် မှင်သက်သွားခဲ့ပြီး သဘောပေါက်သွားပါတော့တယ်။

ဒါကြောင့်လည်း သူမက နတ်ဘုရားလောကရဲ့ အတားအဆီးကို အလွယ်တကူ ကျော်ဖြတ်ဝင်ရောက်နိုင်ခဲ့တာကိုး။ သူမရဲ့ ကျင့်စဉ်က သူ့ရဲ့ကျင့်စဉ် ဖြစ်နေခဲ့တယ် မဟုတ်လား။

“ဆရာ”

လောင်ရှောင်ယုလည်း မြန်မြန် ဦးညွတ်ဂါရ၀ ပြုလိုက်ပါပြီ။

Continue Reading

You'll Also Like

164K 23.5K 93
💞Complete💞 system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနေ...
344K 55.3K 65
Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transmigration Cannon Fodder's Record of Count...
127K 11.7K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
45.2K 5.4K 51
This is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒ...