တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

52.1K 4.1K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

Book 27 Ch 1 - 7

520 35 1
By Azure5549


#အပူအပင်မဲ့အင်မော်တယ်
Book 27
Chapter 1
ငါနားလည်ပြီ

၀ုန်း ၀ုန်း

ကမ္ဘာငယ်လေးအတွင်း စွမ်းအင်လှိုင်းတွေဟာ သတ်ဖြတ်ခြင်း တာအိုဓားဆီ အရပ်မျက်နှာ အဘက်ဘက်ကနေ စီးဆင်းဝင်ရောက်လာခဲ့ကြပါပြီ။ စကြ၀ဠာ တည်ရှိမှုတောင်မှ မခံနိုင်ပဲ လိမ်တွန့်လာပါတော့တယ်။ မကြာခင်မှာ စကြ၀ဠာ တည်ရှိမှု ပြိုကျပျက်စီးတော့မလိုပါပဲ။

တစ်ချိန်တည်းမှာပဲ သတ်ဖြတ်ခြင်း တာအိုဓားဟာ လေထဲ မျောလွင့်နေပါပြီ။ သူမ မျက်လုံးတွေကို မှိတ်ထားခဲ့ပါတယ်။ သူမရဲ့ဆံပင်ရှည်ဟာ လေနဲ့အတူ လွင့်နေပါပြီ။ သူမ ခန္ဓာကိုယ်ကနေ ဖြာထွက်နေတဲ့ ဓားစိတ်ဆန္ဒဟာ မိုးကောင်းကင်ကို ဖောက်ထွက်သွားတော့မလိုပါပဲ။

နတ်ဘုရားသစ်သီးတွေ စားသောက်ပြီးနောက် နှစ်ပေါင်းသိန်းချီ ရပ်တန့်ခဲ့တဲ့ သူမရဲ့ တန်ခိုးကျင့်စဉ်အခြေခံဟာ ပြန်လည် အသက်ဝင်လာခဲ့ပါပြီ။ ဒါကြောင့်လည်း အစစ်အမှန် နတ်ဘုရားအဆင့်ကို သူမ ချက်ချင်း တက်လိုက်တာပါ။

သတ်ဖြတ်ခြင်း တာအိုဓားရဲ့ ဓားစိတ်ဆန္ဒဟာ အထွတ်အထိပ် အဆင့်ကို ရောက်တဲ့ အခါမှာတော့ စကြ၀ဠာ တည်ရှိမှုဟာ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးနဲ့အတူ တစ်စစီ ဖြစ်သွားပါတော့တယ်။ များပြားလှတဲ့ စကြ၀ဠာ စွမ်းအင်တွေဟာ သတ်ဖြတ်ခြင်း တာအိုဓားရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားခဲ့ပါပြီ။ သူမရဲ့ အော်ရာအရှိန်အဝါ အရူးအမူး တိုးတက်လာပါတော့တယ်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကိုတောင် စတင် ကျော်လွန်စ ပြုလာခဲ့ပါပြီ။

“ဂုဏ်ယူပါတယ် မိတ်ဆွေလေးချင်း”

အဘိုးမိုလည်းမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်ပါတော့တယ်။

“တခြား မတော်တဆ ဖြစ်ရပ်တွေ မရှိဘူး ဆိုရင်တော့ ဒီနတ်ဘုရား မှော်ရတနာဟာ အစစ်အမှန် အဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားတော့မှာပါ”

“သူမ နာမည်က သတ်ဖြတ်ခြင်း တာအိုဓားပါ”

ဒါကို ကြားလိုက်ရတော့ ချင်းကျူလည်း လက်ကို နောက်ပစ်လိုက်ပြီး သာမန်ပဲ ပြောလိုက်ပါပြီ။

“အိုး.. ဒါဆို သူက သတ်ဖြတ်ခြင်း တာအိုဓား မိန်းကလေးပေါ့။ ငါတောင်းပန်ပါတယ်”
အဘိုးမိုလည်း မှင်သက်ပြီး အူကြောင်ကြောင်နိုင်စွာ ပြောလိုက်ပါတော့တယ်။

သူတို့ နှစ်ဦး စကားပြောနေချိန်မှာ တစ်ခုခု ဖြစ်လာနေပါပြီ။

ဒီ ဒီ ဒီ

မိုးမြေ စွမ်းအင်တွေကို စုပ်ယူနေတဲ့ သတ်ဖြတ်ခြင်း တာအိုဓားဟာ ရုတ်တရက်ဆိုသလို သွေးတစ်ပွက် အန်ထုတ်လိုက်ရပါတော့တယ်။ သူမ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသလိုပါပဲ။ သူမရဲ့ အော်ရာအရှိန်အဝါဟာ ဆက်လက် မြင့်တက်လာခြင်း မရှိတော့ပဲ ဆုတ်ယုတ်သွားနေပါပြီ။

ဒါ့အပြင် ပတ်ဝန်းကျင်က မိုးနဲ့မြေ စွမ်းအင်တွေဟာ မတည်မငြိမ် ဖြစ်လာခဲ့ပြီး အဖျက်စွမ်းအင်တွေပါ ပြည့်၀လာပါတော့တယ်။

“ဘာဖြစ်သွားလို့လဲ”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်မိပါပြီ။

“အိုး.. မရတော့ဘူး။ သူမ အရမ်းကို စိတ်လှုပ်ရှားလွန်းနေပြီ”

အဘိုးမိုဟာ တာအို အတည်ပြုခြင်းအဆင့် နတ်ဘုရားဘုရင် ဖြစ်ထိုက်ပါပေတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ သတ်ဖြတ်ခြင်း တာအိုဓား စိတ်လှုပ်ရှားနေမှုကြောင့် စွမ်းအင်ဖောက်ပြန်သွားပြီး အကျိုးဆက်ကို ရင်ဆိုင်လာရတယ်ဆိုတာ ပြောနိုင်ခဲ့တယ် မဟုတ်လား။

“သူမကို အမြန်ဆုံး ပြန်ပြီး တည်ငြိမ်အောင် လုပ်မှ ဖြစ်တော့မယ်။ မဟုတ်ဘူးဆိုရင် သူမရဲ့ အခြေခံ အုတ်မြစ်ပါ ထိခိုက်သွားတော့မှာ”

ချက်ချင်းပဲ အဘိုးမိုရဲ့ လက်ညှိုးထိပ်ကနေ ဝိညာဉ်စွမ်းအင် အမျှင်တန်း ဖြာထွက်လာခဲ့ပြီး သတ်ဖြတ်ခြင်း တာအိုဓားကို ဖုံးလွှမ်းသွားခဲ့ပါပြီ။

ဟူး

အဘိုးမိုရဲ့ ဝိညာဉ်စွမ်းအင်ဟာ အလွန်ကို ညင်သာတဲ့ ရေစီးကြောင်း တစ်ခုလိုပါပဲ။ သူ့အနေနဲ့ စွမ်းအင်တွေကို အဓမ္မ ဖိအားပေးခြင်း မရှိပဲ သတ်ဖြတ်ခြင်း တာအိုဓား လက်ခံနိုင်အောင် ဖြည်းဖြည်းချင်း လမ်းပြပေးနိုင်ခဲ့ပါတယ်။

အဘိုးမိုရဲ့ အကူအညီကြောင့် သတ်ဖြတ်ခြင်း တာအိုဓားလည်း စိတ်တွေ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး အော်ရာအရှိန်အဝါ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့ပါပြီ။ သူမဟာ အစစ်အမှန် နတ်ဘုရားအဆင့်ကို ဆက်လက် တက်လှမ်းလိုက်ပါတော့တယ်။

“ဟူး.. တော်သေးတယ်”

အဘိုးမိုလည်း လက်ညှိုးကို ပြန်ရုတ်သိမ်းလိုက်ပါပြီ။

“ကျေးဇူးပါပဲ”

“ဟား ဟား ဟား.. မိတ်ဆွေလေး ချင်းကလည်း ယဉ်ကျေးပြနေပြန်ပါပြီ”
အဘိုးမို ရယ်ရယ်မောမော ပြောလိုက်ပါတော့တယ်။

“မိတ်ဆွေလေး ချင်းသာဆို ဒီကိစ္စ ပိုပြီး မြန်မြန် ပြီးမြောက်သွားမှာပါ။ ငါက အပိုဝင်ပါမိသွားရုံပါပဲ”

“….”

အဘိုးမို ပြောတာလည်း မှန်ပါတယ်။ ချင်းကျူသာဆိုရင် အဓ္ဓမ ဖိအားပေးလိုက်တာကြောင့် ပိုပြီး မြန်ဆန်နိုင်မှာပါ။

“အဟွတ်.. အဟွတ်… မိန်းကလေး သတ်ဖြတ်ခြင်း တာအိုဓားအနေနဲ့ အစစ်အမှန် နတ်ဘုရားအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းဖို့ ရက်အနည်းငယ်လောက်တော့ အချိန်ပေးရလိမ့်မယ်။ ဒီအချိန်အတွင်း မိတ်ဆွေလေးချင်း ဒီမှာပဲ နေလိုက်ပါ”

“ကောင်းပါပြီ”

ခဏလောက် စဉ်းစားပြီးနောက် ချင်းကျူလည်း ခေါင်းညိတ်သဘောတူလိုက်ပါတော့တယ်။

“…”

“…”

နောက်ရက်အနည်းငယ်မှာလည်း သတ်ဖြတ်ခြင်း တာအိုဓားတစ်ယောက် လေထဲ မျောလွင့်ပြီး မိုးနဲ့မြေရဲ့ စွမ်းအင်တွေကို ဆက်လက် စုပ်ယူခဲ့ပါတယ်။ သူမရဲ့ အော်ရာအရှိန်အဝါဟာ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ကျော်လွန်သွားပြီး ဆက်လက် မြင့်တက်နေပါပြီ။ မကြာခင် အစစ်အမှန် နတ်ဘုရား အောက်အဆင့်ကို ရောက်ရှိတော့မှာပါ။

ချင်းကျူကတော့ ကမ္ဘာငယ်လေးထဲ ခဏ နေထိုင်ဖြစ်ခဲ့ပါတယ်။ နေ့တိုင်းလိုလို အရက်သောက်ရင်သောက် အိပ်ရင်အိပ်နဲ့သာ အချိန်ကုန်ခဲ့တာပါ။ မကြာမကြာ ဆိုသလိုပဲ အပြင်ဘက်က အဆင့်နိမ့် မိစ္ဆာသားရဲတွေကို ဖမ်းပြီး ကင်စားသလို စိတ်တိုင်းကျ အနားယူနေပါသေးတယ်။

ဒါပေမဲ့ အဆင့်နိမ့် မိစ္ဆာသားရဲသာ ဆိုပေမယ့်လည်း သူတို့တွေက ဒီလောက်ကြီး အားမနည်းကြပါဘူး။ အားလုံးက မဟာစကြ၀ဠာအဆင့်ကို ရောက်ရှိနေကြပါပြီ။

ပြောစရာ တစ်ခုပဲ ရှိတာက စိတ်တိုင်းကျ ချက်ပြုတ်စားသောက်ခြင်း အပြင်ကို သူ့နောက် လိုက်လာနေတဲ့ လူရွှမ်ကိုပါ ခြောက်လှန့်အောင် ချင်းကျူ မောင်းထုတ်လိုက်တာပါ။

ဒါပေမဲ့ လူရွှမ်ကတော့ မကြောက်ရွံ့ပဲ မိစ္ဆာသားရဲတွေကို ဖမ်းဆီးယူဆောင်လာပေးနေတာကြောင့် ချင်းကျူတောင် ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေပါပြီ။

ဒီအချိန်အတောအတွင်း စိတ်ဓာတ် အကျနေဆုံးကတော့ အဘိုးမိုပါပဲ။ ချင်းကျူနဲ့ နီးနီးကပ်ကပ် နေထိုင်ရင် ချင်းကျူရဲ့ အစွမ်းထက်လာစေတဲ့ လျှို့ဝှက်ချက်တွေကို သိလာနိုင်တယ် ထင်ထားမိခဲ့ပါတယ်။ သူ့အနေနဲ့ အရေးကြီးတဲ့ တစ်စုံတစ်ရာကို သဘောပေါက်ကောင်း သဘောပေါက်လာနိုင်မှာပါ။

ဒါပေမဲ့လည်း တစ်ရက်ပြီးတစ်ရက် စောင့်ကြည့်ပြီးနောက်မှာတော့ ချင်းကျူဟာ ဘယ်နေရာမှာမဆို သာမန် လူတစ်ဦးနဲ့ မခြား ဖြစ်နေတာကို အဘိုးမို တွေ့လိုက်ရပါပြီ။ သူ့ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအင်လှိုင်းတွေ ရှိမနေခဲ့သလိုပဲ သူဟာ တာအို နှလုံးသွင်းခြင်း အဆင့် တန်ခိုးရှင်တစ်ဦး ဖြစ်ပုံလည်း မရပါဘူး။

အရေးအကြီးဆုံးကတော့ သူနှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့တဲ့ နတ်ဘုရားသားရဲဟာ ချင်းကျူနောက်ကို လိုက်သွားနေတာပါ။ ဒါကြောင့် အဘိုးမိုလည်း သူ့ဘ၀ကို သူပြန်ပြီး မေးခွန်းထုတ်လာမိပါပြီ။

ဟူး

အဘိုးမိုလည်း သက်ပြင်းချလိုက်မိပါတော့တယ်။ သူငိုချင်နေပေမယ့်လည်း မျက်ရည်မကျလာရှာခဲ့ပါဘူး။

နပေါဦး…

တစ်ခုခုကို သတိရသွားခဲ့ပြီး အဘိုးမို တွေးနေမိခဲ့ပါတယ်။

အစကနေ စလို့ တစ်ခုခုကို သူမမြင်နိုင်အောင် ဖြစ်ခဲ့တာ မဟုတ်လား။ ဘာဖြစ်လို့ ချင်းကျူဟာ အမြဲတမ်းလိုလို သူ့အော်ရာအရှိန်အဝါကို ပြီးပြည့်စုံတဲ့ အဆင့်အထိ ရောက်အောင် ဖုံးကွယ်ထားနိုင်ခဲ့တာလဲ။

ဒါက တာအို နှလုံးသွင်းခြင်း အဆင့်ရဲ့ အစွမ်းပဲလား။

အဘိုးမိုလည်း အားရပါးရ ရယ်မောလိုက်မိပါပြီ။ တစ်ခုခုကို သူနားလည်သဘောပေါက်သွားသလိုပါပဲ။

ငါနားလည်ပြီ။

နေ့ခင်းအချိန်။ နေရောင်ခြည်ဟာ တောက်ပနေပြီး ကောင်းကင်ဟာ အပြာရောင်သန်းနေခဲ့ပါတယ်။ လေကလည်း သိပ်ပြီး မပြင်းထန်လှပါဘူး။

ချင်းကျူလည်း အဘိုးမို စီစဉ်ပေးထားတဲ့ခမ်းနားကြီးကျယ်တဲ့ အခန်းထဲ နှိုးထလာခဲ့ပါပြီ။ သူပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး တစ်ခုခု ရှာဖွေစားသောက်ဖို့ ပြင်ဆင်လိုက်ပါတော့တယ်။

ခလွမ်

ချင်းကျူ အောက်ကို ငုံ့ကြည့်လိုက်မိပါပြီ။ မတော်တဆ ဆိုသလို မနေ့တုန်းက သောက်ခဲ့တဲ့ အရက်အိုးခွံကို နင်းမိသွားခဲ့တာပါ။

“ဆရာ.. ဘယ်သွားမလို့လဲ”

နံဘေးမှာ ယန့်ရှီလည်း အိပ်မှုံစုံမွှား နှိုးလာခဲ့ပြီး ချင်းကျူကို လှမ်းကြည့်လိုက်ပါပြီ။

လူရွှမ် ရောက်လာချိန်ကစလို့ ယန့်ရှီတစ်ယောက် ချင်းကျူနံဘေးကနေ မထွက်သွားတော့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ချင်းကျူနောက်ကနေ သူမ လိုက်နေမှ ဖြစ်မှာပါ။ ဒါကြောင့် ချင်းကျူလည်း ငိုရခက် ရယ်ရခက် ဖြစ်နေပါပြီ။

“သွားစားကြမယ်လေ”

ဒီစကားကြောင့် ယန့်ရှီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပါတော့တယ်။ သူမ မအိပ်ချင်တော့ပါဘူး။

“ကောင်းတာပေ့ါ။ သမီးလည်း ဗိုက်ဆာနေတာ”

ချင်းကျူ
“…”

“…”

တစ်နာရီ အကြာမှာတော့ သင်းပျံ့တဲ့ အသားကင်နံ့ ခြံဝန်းထဲ သင်းပျံ့လာခဲ့ပါပြီ။ ချင်းကျူဟာ လက်တစ်ဖက်မှာ အသားကင်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်မှာ ဝိညာဉ်အရက်အိုးကို ကိုင်ထားခဲ့ပါတယ်။ သူဟာ ပုံမှန်အတိုင်း အေးအေးဆေးဆေး စားသောက်နေတာပါ။

ဒေါက် ဒေါက် ဒေါက်

“မစ္စတာချင်း ရှိနေသလား”

ဒီအချိန်မှာတော့ အပြင်ဘက်ကနေ လူရွှမ်ရဲ့ ချိုမြိန်တဲ့ စကားသံ ပေါ်ထွက်လာခဲ့ပါပြီ။ ချင်းကျူ ပြန်ဖြေတာကို မစောငု့်ပဲ လူရွှမ်ဟာ တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့ပါတော့တယ်။

“မစ္စတာချင်း… လတ်ဆတ်တဲ့ နတ်ဘုရားသစ်သီးတချို့ ကျွန်မ ခူးလာသေးတယ်။ ဟီး ဟီး”

ဒီအချိန်မှာတော့ လူရွှမ်ဟာ လူသားအသွင် ပြောင်းလဲထားခဲ့ပြီးပါပြီ။ သူမဟာ အလွန်ကို ပန်းချီကားဆန်ပြီး နှင်းဖြူဝတ်စုံကို ဝတ်ဆင်ထားခဲ့ပါတယ်။ သူမ ဝတ်စုံအထက် ရောင်စဉ်ခုနစ်သွယ် ပန်းထိုးထားတာကို တွေ့ရမှာပါ။ သူမဟာ အလွန်ကို အသက်ဝင်လွန်းတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။

အေးစက်စက် ဆုယန်နဲ့ သူရဲကောင်းဆန်တဲ့ သတ်ဖြတ်ခြင်း တာအိုဓားတို့နဲ့ မတူတာတော့ သူမဟာ အိမ်နီးချင်း အစ်မကောင်းတစ်ဦးလို ဖြစ်နေခဲ့တာပါ။ ဒါကြောင့်လည်း ချင်းကျူအနေနဲ့ တစ်ခါမှ စိတ်မပျက်မိတာ ဖြစ်နိုင်ပါတယ်။

“ထားခဲ့လိုက်လေ”
ချင်းကျူလည်း သာမန်ပဲ ပြောလိုက်ပါပြီ။

လူရွှမ်က အခုမှ ပထမဆုံးအကြိမ် အသွင်ပြောင်းလဲတာ မဟုတ်ပါဘူး။ ဒါကြောင့် ချင်းကျူ မအံ့ဩမိပါဘူး။

“ဟုတ်ကဲ့”

လူရွှမ် ခေါင်းညိတ်လိုက်ပါတော့တယ်။ နတ်ဘုရား သစ်သီးကို ချထားခဲ့ပြီးတာနဲ့ သူမ တွေးတွေးဆဆနဲ့ မေးမြန်းလိုက်ပါပြီ။

“မစ္စတာချင်း.. ကျွန်မ ဒီမှာ ထိုင်လို့ရမလား”

“ရတယ်လေ”

ချင်းကျူလည်း ပုခုံးကို တွန့်ပြလိုက်ပါတော့တယ်။

ခွင့်ပြုချက် ရလိုက်တာကြောင့် လူရွှမ်လည်း ချက်ချင်း အပြေးရောက်လာခဲ့ပြီး ချင်းကျူနံဘေး ဝင်ထိုင်လိုက်ပါပြီ။

ချင်းကျူ
“…”

ဘာဖြစ်လို့ သူ့နံဘေး လူရွှမ်လာထိုင်ရတာလဲ ဆိုတာကို ချင်းကျူ နားမလည်နိုင်အောင် ဖြစ်နေမိခဲ့ပါတယ်။

“မစ္စတာချင်း.. ကျွန်မက ရှင်နဲ့အတူ နေရတာကို သဘောကျတယ်”
လူရွှမ်လည်း ခေါင်းငုံ့ပြီး ရှက်ရွံ့စွာ ပြောလိုက်ပါပြီ။

“…”

ခဏလောက်တော့ ချင်းကျူ ဘယ်လို ဖြေရမှန်းမသိ ဖြစ်သွားပါတော့တယ်။

ဒီအချိန်မှာပဲ အဝေးက ဆူဆူညံညံ မြည်သံတွေ ပေါ်ထွက်လာခဲ့တာကြောင့် ချင်းကျူအနေနဲ့ အူကြောင်ကြောင်နိုင်တဲ့ အဖြစ်ကနေ လွတ်မြောက်သွားခဲ့ရပါပြီ။

“သတ်ဖြတ်ခြင်း တာအိုဓား အောင်မြင်သွားတာလား မသိဘူး”

ချင်းကျူ မျက်ခုံးပင့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်ပါတော့တယ်။

ခလွမ်

တစ်ခုခု ကွဲကြေသွားသလို သတ်ဖြတ်ခြင်း တာအိုဓားရဲ့ အော်ရာအရှိန်အဝါ ဆက်တိုက် မြင့်တက်လာခဲ့ပါပြီ။ အခုဆို အစစ်အမှန် နတ်ဘုရား အောက်အဆင့်ကို ရောက်ရှိသွားခဲ့ပြီ မဟုတ်လား။

“ဟား ဟား ဟား.. သူအောင်မြင်သွားပြီပဲ”

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 27
Chapter 2
မဟာ နတ်ဘုရားခုံရုံး

“အောင်မြင်သွားပြီ”

သတ်ဖြတ်ခြင်း တာအိုဓားလည်း အားရပါးရ ရယ်မောလိုက်ပါတော့တယ်။ သူမ ရယ်မောသံဟာ ကီလိုမီတာ ထောင်ချီအထိ လွင့်ပျံ့သွားခဲ့ပါပြီ။

ဒီမတိုင်ခင်တုန်းက သူမအနေနဲ့ ဒီအဆင့်ကို တက်လှမ်းဖို့တောင် မတွေးဝံ့ခဲ့ပါဘူး။

“ဒါက အစစ်အမှန် နတ်ဘုရားအဆင့်ပဲလား”

သူမ ခန္ဓာကိုယ်ထဲ ဩဇာအာဏာ ကြီးမားတဲ့ အော်ရာအရှိန်အဝါတွေ စီးဆင်းနေတာကို ခံစားလိုက်ရတော့ သတ်ဖြတ်ခြင်း တာအိုဓားလည် လက်သီးကို သာသာလေး ဆုပ်လိုက်ပါပြီ။ ဝိညာဉ်စွမ်းအင်တွေ စုဝေးလာခဲ့ပြီးနောက် စကြ၀ဠာ တည်ရှိမှု ကွဲကြေသွားပါတော့တယ်။

အခုမှသာ နတ်ဘုရား တစ်ပိုင်းအဆင့်နဲ့ အစစ်အမှန် နတ်ဘုရားအဆင့်အကြား ကွာခြားချက်ကို သူမ သေချာ နားလည်သွားခဲ့တာပါ။ မြစ်တစ်စင်းနဲ့ သမုဒ္ဒရာတစ်ခုလို့ ကွာခြားနေသလိုမျိုးပဲ မဟုတ်လား။

သတ်ဖြတ်ခြင်း တာအိုဓား အလွန်ကို ဂုဏ်ယူမိသွားခဲ့ပါပြီ။

ဒါပေမဲ့ သူမ ကြာကြာ ဂုဏ်မယူနိုင်ခဲ့ရှာပါဘူး။ ချင်းကျူကို သတိရသွားခဲ့ပြီ မဟုတ်လား။

ချင်းကျူနဲ့ ယှဉ်လိုက်ရင် အစစ်အမှန် နတ်ဘုရား အောက်အဆင့်ဟာ ဘာများ ဟုတ်သေးလို့လဲ။

သတ်ဖြတ်ခြင်း တာအိုဓားဟာ သူမကိုယ်သူမ ချင်းကျူနဲ့ မထိုက်တန်ဘူးလို့ ခံစားနေရပါပြီ။

“မဟုတ်ဘူး။ ငါပိုပြီး အစွမ်းထက်လာမှ ဖြစ်မယ်”

ဆုံးဖြတ်ချက် ချလိုက်ပြီးတာနဲ့ သတ်ဖြတ်ခြင်း တာအိုဓားလည်း သူမ အခြေခံကို တည်ငြိမ်အောင် လေ့ကျင့်လိုက်ပါပြီ။ ပြီးတာနဲ့ ချင်းကျူ နေထိုင်ရာ ခြံဝန်းဆီ ပျံသန်းသွားပါတော့တယ်။

“ဆရာ”

ခြံဝန်းထဲ ပေါ့ပါးစွာ ဆင်းသက်လာပြီးနောက် သတ်ဖြတ်ခြင်း တာအိုဓား ဦးညွတ်လိုက်ပါပြီ။

“အင်း.. သူက ဘယ်သူလဲ”

နောက်တဒင်္ဂမှာတော့ သတ်ဖြတ်ခြင်း တာအိုဓား မျက်မှောင်ကြုတ်လိုက်ပြီး လူရွှမ်ကို လှမ်းကြည့်လိုက်ပါတော့တယ်။

ချင်းကျူ
“…”

ဘာဖြစ်လို့ သူ့ကို လက်ပူးလက်ကြပ် မိသွားသလို ခံစားနေရတာလဲ။

အထူးသဖြင့် သူတို့ နှစ်ဦးလုံးက မတူညီတဲ့ စတိုင်တွေ ပိုင်ဆိုင်ထားတဲ့ မိန်းမချောလေးတွေပဲ မဟုတ်ဘူးလား။

“အဟွတ်.. အဟွတ်… သူမက အဲဒီနေ့က တွေ့ခဲ့တဲ့ နတ်ဘုရား သမင်ဖြူလေ”

ချင်းကျူလည်း ခေါင်းကို ခါယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်ရပါပြီ။

“ဟယ်လို.. ကျွန်မ နာမည်က လူရွှမ်ပါ”
လူရွှမ်လည်း ပြုံးလိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်ပါတော့တယ်။

လူရွှမ်ဟာ ဒီကမ္ဘာကနေ တစ်ခါမှ အပြင်မထွက်ဖူးပဲ အဘိုးမိုနဲ့ တခြား နတ်ဘုရားသားရဲတချို့နဲ့သာ ဆက်ဆံဖူးတာကြောင့် အလွန်ကို အပြစ်ကင်းစင်ပြီး ရိုးသားလွန်းနေခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် အစစ်အမှန် နတ်ဘုရား အထက်အဆင့် အစွမ်းနဲ့ ချင်းကျူတို့ကို လာပြီး စကားပြောနေမှာတောင် မဟုတ်ပါဘူး။

“ဟယ်လို.. ကျွန်မ နာမည်က သတ်ဖြတ်ခြင်းတာအိုဓားပါ”

တစ်ဖက်က ယဉ်ကျေးနေတာကို တွေ့လိုက်ရတော့ သတ်ဖြတ်ခြင်း တာအိုဓားလည်း ပြောရမှာ အားနာသွားခဲ့ပါပြီ။ ချက်ချင်းပဲ သူမ စကားလမ်းကြောင်း ပြောင်းလဲလိုက်ပါတော့တယ်။

“ဆရာ.. ကျွန်မ အစစ်အမှန် နတ်ဘုရားအဆင့်ကို ရောက်သွားပါပြီ”

“ကောင်းတယ်။ မဆိုးပါဘူး”
ချင်းကျူ ခေါင်းညိတ်လိုက်ပြီး
“အဲဒီလိုဆိုတော့.. ငါတို့ ဒီကနေ ထွက်သွားဖို့ အချိန်ကျပြီပေါ့”

“ဟင်”

သတ်ဖြတ်ခြင်း တာအိုဓား မှင်သက်သွားပါတော့တယ်။ သူမ ထွက်သွားရတော့မှာလား။ သူမ အနေနဲ့ နတ်ဘုရားသစ်သီးတွေကို စားသုံးပြီး တရားကျင့်ချင်ပါသေးတယ်။

သတ်ဖြတ်ခြင်း တာအိုဓားရဲ့ အတွင်းစိတ်ကို မြင်နေရသလို ချင်းကျူ ပြုံးလိုက်ပြီး
“မင်းကို ငါပြောပြဖို့ မေ့သွားတယ်။ မင်းတရားကျင့်နေတာ လဝက်လောက် ကြာသွားပြီလေ”

လဝက်တောင်လား။

သတ်ဖြတ်ခြင်း တာအိုဓား တုန်လှုပ်သွားခဲ့ပါပြီ။ အစစ်အမှန် နတ်ဘုရားအဆင့်ကို တက်ဖို့ သူမ အချိန်အကြာကြီး ယူခဲ့ရတာပေါ့။

ပြောရရင် တခြားလူတွေသာဆိုရင် အနည်းဆုံး နှစ်ဝက်ကနေ ဆယ်စုနှစ်လောက် ကြာသွားနိုင်ပါတယ်။

သတ်ဖြတ်ခြင်း တာအိုဓားက အလွန်မြန်ဆန်နေခဲ့တာက နတ်ဘုရားသစ်သီးတွေကြောင့်တင်သာ မကပဲ နတ်ဘုရားတစ်ပိုင်းအဆင့်မှာ နှစ်ပေါင်းသိန်းချီ  တန့်ရပ်သွားခဲ့လို့ပါ။ ပြောရရင် ပါရမီ မရှိလို့ ရပ်တန့်ခဲ့တာမျိုး မဟုတ်တဲ့ အတွက်ကြောင့်ပါပဲ။

ဒါကြောင့် သူမ ပြန်လည် တရားကျင့်လိုက်ချိန်မှာတော့ မီးတောင်ပေါက်ကွဲသွားသလိုမျိုး တိုးတက်မှု အလွန်မြန်ဆန်သွားခဲ့တာပါ။ နတ်ဘုရားသစ်သီးတွေထဲ ပါဝင်တဲ့ စွမ်းအင်တွေကလည်း ထပ်မံ သန့်စင်စရာ မလိုအပ်တော့တဲ့အတွက် သတ်ဖြတ်ခြင်း တာအိုဓား တစ်ချက်တည်း အောင်မြင်သွားခဲ့တာပါပဲ။ မဟုတ်ဘူးဆိုရင် ဒီလောက် ရိုးရှင်းမှာ မဟုတ်ပါဘူး။

“မစ္စတာချင်း..  ရှင်ဘယ်သွားမလို့လဲ”

ချင်းကျူ ထွက်သွားတော့မှာကို ကြားလိုက်ရတော့ လူရွှမ် စိတ်လှုပ်ရှားသွားခဲ့ပါပြီ။ ချက်ချင်းပဲ ပထမဆုံးအကြိမ်အဖြစ် သူမ မျက်နှာအထက် စိုးရိမ်ပူပန်မှုတွေ ထင်ဟပ်လာပါတော့တယ်။

“ငါတို့လည်း မပြောတတ်သေးဘူး”

ချင်းကျူ ပုခုံးတွန့်ပြလိုက်ပါတော့တယ်။

“ယေး.. နောက်ဆုံးတော့ သွားရတော့မယ်ဟေ့”

ဒါကို ကြားလိုက်ရတော့ ယန့်ရှီလည်း ချင်းကျူ ပုခုံးအထက် ထခုန်ပြီး ကနေလိုက်ပါပြီ။

လူရွှမ်ကို ကြောက်ရွံ့နေတာကြောင့် ယန့်ရှီအနေနဲ့ ချင်းကျူအနားကနေ တစ်ဖဝါးမှ မခွာဝံ့ခဲ့ပါဘူး။ ဒါကြောင့် သူမ တော်တော်လေး အသက်ရှူရ ကြပ်နေပါပြီ။

“ရှင်နေလို့ မရဘူးလား”
လူရွှမ်လည်း အံကို တင်းတင်းကြိတ်ပြီး မေးမြန်းလိုက်ပါတော့တယ်။

“မရဘူး”

ချင်းကျူလည်း ခေါင်းကို ခါယမ်းလိုက်ပါပြီ။

လာနောက်နေတာလား။ ဘာဖြစ်လို့ ဒီမှာ ထာ၀ရ နေသွားရမှာလဲ။

“ဒါ.. ဒါဆို.. ကျွန်မကော မစ္စတာချင်းနဲ့ လိုက်လာလို့ ရမလား”

လူရွှမ် မျှော်လင့်ချက်နဲ့ မေးမြန်းလိုက်ပါတော့တယ်။

ချင်းကျူ
“…”

“ဒီကိစ္စက.. မင်းဆရာကို မေးလိုက်ပါလား”

ဒီလို ပြောလိုက်တာကတော့ ချင်းကျူ ငြင်းလိုက်ခြင်းပါပဲ။ ဒါပေမဲ့ လူရွှမ်ရဲ့  ရိုးသားမှုကို ချင်းကျူ လျှော့တွက်မိသွားခဲ့ပါတယ်။

“ကောင်းပြီလေ။ ဆရာ့ကို ကျွန်မ သွားမေးလိုက်မယ်”

ပြောပြီးသွားတာနဲ့ လူရွှမ်လည်း ခြံဝန်းထဲကနေ ထွက်ပြေးသွားပြီး ပျောက်ကွယ်သွားခဲ့ပါပြီ။

ချင်းကျူ
“…”

မကြာခင်မှာတော့ အဘိုးမိုဟာ လူရွှမ်နဲ့အတူ စိတ်လှုပ်ရှားစွာ ရောက်လာပါတော့တယ်။

“မိတ်ဆွေလေးချင်း.. မင်းသွားတော့မလို့လား”

“ဟုတ်တယ်။ ဒီမှာ လဝက်လောက်လည်း နေပြီးသွားပြီ။ တခြားနေရာတစ်ခုကို သွားကြည့်ချင်သေးတယ်”

ချင်းကျူလည်း ဝိညာဉ်အရက်ကို တစ်ကြိုက်မော့သောက်လိုက်ပြီး သာမန်ပဲ ပြောလိုက်ပါတော့တယ်။

“ကိစ္စမရှိပါဘူး…”
အဘိုးမို ပြုံးလိုက်ပြီး
“စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတော်တော်များများကို ငါမှတ်သားပေးထားတယ်။ မိတ်ဆွေလေးချင်း စိတ်ကြိုက် ရွေးချယ်ပါ”

ပြောပြောဆိုဆိုနဲ့ အဘိုးမိုလည်း မြေပုံတစ်ခုကို ဖြန့်ပြလိုက်ပြီး ချင်းကျူကို ပေးအပ်လိုက်ပါပြီ။

အခုလက်ရှိ အဘိုးမိုဟာ ချင်းကျူကို နတ်ဘုရားလိုပဲ ဆက်ဆံနေခဲ့ပါတယ်။ သူ့အနေနဲ့ အမွှေးတိုင်ထွန်းပြီး မကိုးကွယ်တာပဲ ရှိတော့တာပါ။

အမှန်ပါပဲ။ ချင်းကျူဟာ အော်ရာအရှိန်အဝါကို ပြီးပြည့်စုံတဲ့ အဆင့်အထိရောက်အောင် ဖုံးကွယ်ထားနိုင်ခြင်းဟာ တာအို နှလုံးသွင်းခြင်းအဆင့်ရဲ့ လျှို့ဝှက်ချက် ဖြစ်မယ်လို့ အဘိုးမို တွေးမိခဲ့ပါတယ်။ ဒီမှာပဲ အဘိုးမိုဟာ အံ့မခန်း အရာတစ်ခုကို နားလည်သဘောပေါက်သွားခဲ့တာပါ။

အဘိုးမိုကတော့ ဒါတွေအားလုံး ချင်းကျူကြောင့်လို့ မှတ်ယူခဲ့ပါတယ်။ ဒါကြောင့် အဘိုးမို မျက်လုံးထဲမှာ ချင်းကျူဟာ အဆင့်တက်ဖို့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်နေပါပြီ။

“…”

အဘိုးမိုရဲ့ လေးစားစွာ ပြုမူ ပြောဆိုနေမှုကြောင့် ချင်းကျူလည်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပါတော့တယ်။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ မသိနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ အများကြီး စဉ်းစားမနေတော့ပဲ မြေပုံကို လှမ်းကြည့်လိုက်ပါပြီ။

အဘိုးမို ပြောသလိုပဲ မြေပုံအထက် စက်၀ိုင်းလေးတချို့ကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ အားလုံးက နတ်ဘုရားလောက အလယ်မှာ ရှိနေခဲ့တာပါ။

“မဟာ နတ်ဘုရားခုံရုံး”
ဒီအချိန်မှာတော့ စကားလုံး တချို့ကို ချင်းကျူ စိတ်ဝင်စားမိသွားခဲ့ပါပြီ။

“အော်.. အဲဒါက ကောင်းကင်ဘုံ နန်းတော်နီးပါး အရွယ်အစားရှိတဲ့ ထိပ်တန်းအဖွဲ့အစည်း တစ်ခုပါ။ ကောင်းကင်ဘုံ နန်းတော် ပျက်စီးသွားပြီးနောက်မှာ မဟာနတ်ဘုရားခုံရုံးဟာ ထွက်ပြေးလွတ်မြောက်လာတဲ့ တန်ခိုးရှင် အများအပြားကို လက်ခံခဲ့တယ်။ အခုလက်ရှိ ဒီကြယ်တာရာ နယ်မြေဟာ မဟာ နတ်ဘုရား ခုံရုံးရဲ့ အုပ်ချုပ်မှုအောက် ရောက်နေပြီပေါ့”

အဘိုးမို ရှင်းပြလိုက်ပါတော့တယ်။

“ငါသိထားသလို ဆိုရင်တော့ မဟာနတ်ဘုရားခုံရုံးရဲ့ ခေါင်းဆောင်ဟာ မိစ္ဆာမျောက်တစ်ကောင်ပဲ။ သူ့မှာ နတ်ဘုရား မှော်ရတနာ ဖြစ်တဲ့ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ရှိတယ်။ သူ့ရဲ့ တုတ်သိုင်းက ပြိုင်ဘက်ကင်းပဲ။ သူက နတ်ဘုရားဘုရင် အထက်အဆင့်မှာ အထွတ်အထိပ်ကို ရောက်နေပြီ”

“မိစ္ဆာမျောက်လား။ ပြီးတော့ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်”

ချင်းကျူ မျက်နှာထား နည်းနည်း ထူးဆန်းသွားပါတော့တယ်။ သူ့အတွေးထဲ ရင်းနှီးထားတဲ့ ပုံရိပ်တစ်ခုကို မြင်ယောင်သွားခဲ့ပါပြီ။ သူချက်ချင်းပဲ စိတ်ဝင်တစား ပြောလိုက်ပါတော့တယ်။

“ကောင်းပြီလေ။ အဲဒီကို သွားကြရအောင်”

“ဟုတ်ကဲ့”

အဘိုးမိုလည်း ချက်ချင်း လက်ကို ယမ်းလိုက်ပြီး စကြ၀ဠာ လမ်းကြောင်းကို ဖွင့်လိုက်ပါပြီ။ ဒီနေရာဟာ မဟာ နတ်ဘုရားခုံရုံးဆီ တန်းရောက်တဲ့ လမ်းကြောင်းပါ။

“အင်း.. သူမကော လိုက်လာမလို့လား”

စကြ၀ဠာ လမ်းကြောင်းကို ဖြတ်သန်းခါနီး လူရွှမ်က သူ့နောက် လိုက်လာနေတာကို ချင်းကျူ သတိထားမိသွားပါတော့တယ်။

“အမှန်ပဲ။ သူမကိုလည်း အပြင်ခေါ်သွားပေးမလို့လေ။ ဒီအခွင့်အရေးကို အသုံးချပြီး အပြင်လောကအကြောင်း သူမကို ပြသပေးသင့်တယ် မဟုတ်လား”
အဘိုးမိုလည်း ဘာမှ မဟုတ်သလိုပဲ ပြန်ဖြေလိုက်ပါပြီ။

“ဟီး ဟီး.. ဆရာက ကျွန်မကို ခွင့်ပြုပေးလိုက်ပြီလေ”
လူရွှမ် လျှာထုတ်ပြလိုက်ပါတော့တယ်။

ချင်းကျူ
“…”

ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

မဟာနတ်ဘုရား ခုံရုံး။

နတ်ဘုရားလောကရဲ့ အခုလက်ရှိ ထိပ်တန်းအဖွဲ့အစည်းကြီး နှစ်ခုထဲက တစ်ခုဖြစ်တဲ့ မဟာနတ်ဘုရား ခုံရုံးဟာ ပြိုင်ဘက်ကင်း ဖြစ်နေပါပြီ။ ကောင်းကင်ဘုံ နန်းတော် ပျက်စီးသွားပြီးချိန်ကစလို့ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်စုတွေကလွဲရင် သူ့ကို ဘယ်အဖွဲ့အစည်းကမှ ရင်ဆိုင်ဝံ့ကြတော့ပါဘူး

ဒါကြောင့် မဟာနတ်ဘုရား ခုံရုံးဟာ ကောင်းကင်ဘုံ နန်းတော်ရဲ့ လက်အောက်ခံ အင်အားစု ဆယ်ခုကျော်ကို သိမ်းပိုက်ထားပြီး ဖြစ်သလို အင်အားကိုလည်း ချဲ့ထွင်လာခဲ့ပါတယ်။ ဒါကို တွေ့လိုက်ရတော့ အစောပိုင်းမှာတုန်းက ကြားနေ နေခဲ့ကြတဲ့ အဖွဲ့အစည်းလေးတွေဟာ မြေလှန်မခံရခင် မဟာနတ်ဘုရားခုံရုံးနဲ့ ပူးပေါင်းလိုက်ကြပါပြီ။

ဒီအချိန်မှာတော့ မဟာနတ်ဘုရား ခုံရုံးရဲ့ ဌာနချုပ်နဲ့ အနီးဆုံး ကုန်းမြေတိုက်ကြီး တစ်ခုမှာ ချင်းကျူတို့တွေ တိတ်ဆိတ်စွာ ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဘယ်သူမှ သူတို့ကို သတိမထားမိခဲ့ကြပါဘူး။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 27
Chapter 3
ထောင်ချောက်

ဟူး

အရိုးကွဲမတတ် လေပြင်း တိုက်ခတ်လာခဲ့ပါပြီ။ ချင်းကျူတို့ အပေါ် ကျဆင်းလာခဲ့တဲ့ ဆီးနှင်းတွေဟာ ချက်ချင်း အရည်ပျော်ကျသွားကြပါတော့တယ်။

ချင်းကျူတို့ ရောက်လာတဲ့ ကုန်းမြေတိုက်ကြီး နေရာက နှင်းကျနေခဲ့တာပါ။ ဒါကြောင့် ဘယ်နေရာကို ကြည့်ကြည့် နှင်းဖြူတွေ ဖွေးဖွေးလှုပ်နေတာကို တွေ့ရပါလိမ့်မယ်။ ကမ္ဘာတစ်ခုလုံး အလွန် သန့်ရှင်းနေသလိုပါပဲ။

“မိတ်ဆွေလေးချင်း.. ဒီဆီးနှင်းလေပြင်း ကုန်းမြေတိုက်ကြီးက မဟာနတ်ဘုရား ခုံရုံးနဲ့ အနီးဆုံးမှာ ရှိနေတယ်။ သူက မဟာနတ်ဘုရား ခုံရုံးနဲ့ လက်အောက်ခံ အင်အားစု တစ်ခုပဲ။ ဒီနေရာမှာ တစ်နှစ်ကို ရက်ပေါင်း ၃၀၀ ကျော်လောက် နှင်းကျနေတတ်တယ်။ ဒါကြောင့် ဒီကုန်းမြေတိုက်ကြီးမှာ နေထိုင်ကြတဲ့ တန်ခိုးရှင်တိုင်းဟာ ရေခဲ ကျင့်စဉ်နဲ့ ပတ်သက်တဲ့ ကျင့်စဉ်တွေကို လေ့ကျင့်ထားခဲ့ကြတယ်လေ”
အဘိုးမို ရှင်းပြလိုက်ပါတော့တယ်။

“ငါနားလည်ပြီ”

ချင်းကျူ သာမန်ပဲ ခေါင်းညိတ်လိုက်ပါပြီ။

“ဝိုး.. ဒါတွေက ဘာတွေလဲ”

စာကား မဆုံးခင်မှာ လူရွှမ်တစ်ယောက် နှင်းပုံထဲ ခုန်ချသွားပြီး ပျော်ရွှင်စွာ လူးလှိမ့်နေပါတော့တယ်။

ချင်းကျူ
“…”

ဘာတွေ ဖြစ်ကုန်တာလဲ။

“အဲ… လူရွှမ်က တစ်ခါမှ နှင်းတွေ မမြင်ဖူးဘူးလေ။ ဒါကြောင့် သူဝမ်းသာသွားတာပါ”

အဘိုးမို မျက်ခုံးနည်းနည်းလှုပ်နေပါပြီ။ သူအားနာစွာ ပြောလိုက်ပါတော့တယ်။

ချင်းကျူလည်း မှင်သက်သွားခဲ့ပါပြီ။ ဒါပေမဲ့ ပြန်တွေးလိုက်တော့လည်း အဘိုးမိုရဲ့ ကမ္ဘာထဲမှာ တစ်နှစ်ပတ်လုံး နွေဦး ဖြစ်နေခဲ့တယ် မဟုတ်လား။ လူရွှမ်ကလည်း ကမ္ဘာငယ်လေး အပြင်ဘက်ကို တခါမှ မထွက်ဖူးခဲ့ပါဘူး။ ဒါကြောင့်လည်း ဆီးနှင်းတွေကို သူမ မမြင်ဖူးတာ ပုံမှန်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အစစ်အမှန် နတ်ဘုရား အထက်အဆင့် တန်ခိုးရှင်တစ်ဦးက ဆီးနှင်းကို တစ်ခါမှ မမြင်ဖူးတာကတော့… ဘယ်လို ပြောရမလဲ။

“ဟမ့်.. သူမက ဘာဖြစ်လို့ ဒီကို လိုက်လာတာလဲ”

ယန့်ရှီလည်း ချင်းကျူ ပုခုံးအထက် ထိုင်ရင်း မကျေမနပ် ပြောလိုက်ပါပြီ။

အစတုန်းကတော့ သမင်မ လက်ထဲကနေ သူမ ခက်ခက်ခဲခဲ လွတ်မြောက်သွားခဲ့ပြီ ထင်ထားမိခဲ့ပါတယ်။ ဒါပေမဲ့ သမင်က သူမနောက်ကို ဒီအထိ လိုက်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ အခုတော့ ယန့်ရှီတစ်ယောက် တော်တော်လေး ဘ၀ပျက်နေရှာပါပြီ။

“…”

“အဲ… ငါတို့တွေ ဘာဖြစ်လို့ မြို့ထဲ မဝင်ကြည့်ကြသေးတာလဲ”

အူကြောင်ကြောင်နိုင်မှုကို ဖြေရှင်းဖို့အတွက် အဘိုးမိုလည်း ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ပြီး လှမ်းပြောလိုက်ပါတော့တယ်။

“ကောင်းပြီလေ”
ချင်းကျူလည်း ခေါင်းညိတ်သဘောတူလိုက်ပါပြီ။

ဒီလိုနဲ့ အားလုံး ကောင်းကင်ယံအထက် ပျံတက်သွားကြပြီး မလှမ်းမကမ်းက မြို့ဆီ ဦးတည် ပျံသန်းသွားကြပါတော့တယ်။

ဒီနေရာက မြို့လို့သာ ခေါ်ခဲ့ပေမယ့်လည်း တကယ်တော့ ကျေးရွာတစ်ခုနဲ့ မခြားလှပါဘူး။ ရိုးရှင်းတဲ့ အဆောက်အဦး တစ်ရာကျော်လောက်ကိုသာ တွေ့ရမှာပါ။ ပြီးတော့ အားလုံးက အလွန်ကို ယိုင်နဲ့နေကြတာကြောင့် မကြာခင် ပြိုကျသွားကြတော့မလိုပါပဲ။

ချင်းကျူတို့တွေလည်း ရွာအပြင်ဘက် ဆင်းသက်လာကြချိန်မှာ လူရိပ်တစ်ခုက လှမ်းဟန့်တားခြင်းကို ခံလိုက်ကြရပါပြီ။

“ရပ်ကြစမ်း.. မင်းတို့တွေက ဘယ်သူတွေလဲ။ ဒီကို ဘာလာလုပ်ကြတာလဲ”

ရောက်လာသူကတော့ အရပ်မြင့်မြင့် ဗလကောင်းကောင်း သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးပါ။ သူ့လက်ထဲက လှံရှည်နဲ့ ချင်းကျူတို့ကို ထိုးပြီး ပြောလိုက်ပါပြီ။ သူ့လေသံထဲ လူသတ်ငွေ့တွေ ပြည့်နေပါတော့တယ်။

ချင်းကျူလည်း မျက်ခုံးပင့်လိုက်ပြီး လှမ်းကြည့်လိုက်မိပါပြီ။ ဒီလူက မဟာစကြ၀ဠာ အဆင့်ကို ရောက်နေတာကြောင့် သူနည်းနည်း အံ့ဩမိသွားခဲ့ပါတယ်။

တစ်ဖက်လူက မဟာစကြ၀ဠာ ပထမ အဆင့်ကိုသာ ရောက်သေးပေမယ့်လည်း ဒီလို ကျေးရွာငယ်လေးမှာ နေထိုင်ပြီး ဒီအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာက တော်တော်ကို ချီးကျူးဖို့ ကောင်းနေပါပြီ။

အတွင်းလောကရဲ့ အဆင့်နိမ့် ဒိုင်မန်းရှင်း တချို့မှာဆိုရင် မဟာစကြ၀ဠာ ပထမ အဆင့် တန်ခိုးရှင်တွေဟာ လောကသခင်တွေတောင် ဖြစ်နိုင်ကြပြီ မဟုတ်ဘူးလား။

“ဒီလိုပဲ ဖြတ်သွားတာပါ”
ချင်းကျူလည်း သာမန်ပဲ ဇာတ်လမ်းတစ်ခု ဖန်တီးပြောလိုက်ပါတော့တယ်။

“ဒီနေရာက မင်းတို့ကို မကြိုဆိုဘူး။ ထွက်သွားကြတော့”
သက်လတ်ပိုင်းအရွယ် လူကြီး အေးစက်စွာ ပြောလိုက်ပါပြီ။

“ဘာဖြစ်လို့လဲ ဇူတုံ…”

ဒီအချိန်မှာ ဆံပင်ဖြူဖွေးနေတဲ့ အဘိုးအိုတစ်ဦး ကျေးရွာထဲကနေ လမ်းလျှောက်ထွက်လာပါတော့တယ်။ သူဟာ ဒေါသထွက်နေပုံ မရပါဘူး။ သူ့ခြေလှမ်းတွေကို ကြည့်ရင်း အချိန်မရွေး အသက်ပျောက်သွားရမှာကို ချင်းကျူတို့တွေ စိုးရိမ်နေမိခဲ့ကြပါတယ်။

ဒါပေမဲ့ သက်လတ်ပိုင်းအရွယ် လူကြီးနဲ့ ယှဉ်လိုက်ရင်တော့ အဘိုးအိုရဲ့ တန်ခိုးကျင့်စဉ် အဆင့်ဟာ ပိုပြီး အစွမ်းထက်တာတော့ မမှားပါဘူး။ သူဟာ မဟာစကြ၀ဠာ တတိယ အဆင့်ကို ရောက်ရှိနေပါပြီ။ ဒါပေမဲ့ သူ့သက်တမ်း အဆုံးသတ်ကို ရောက်ဖို့ နီးကပ်နေတာ ဖြစ်နိုင်တာကြောင့် သူ့ခန္ဓာကိုယ်ကော ဝိညာဉ်စွမ်းအင်ကော အလွန်အားနည်းနေခဲ့ပါတယ်။ တကယ်တိုက်ခိုက်ကြမယ်ဆိုရင် သူ့အနေနဲ့ မဟာစကြ၀ဠာ ဒုတိယ အဆင့် တန်ခိုးရှင်ကိုတောင် ရင်ဆိုင်နိုင်ဖို့ မလွယ်တော့ပါဘူး။

“အကြီးအကဲ”

သက်လတ်ပိုင်းအရွယ် လူကြီး မြန်မြန် ဦးညွတ်ဂါရ၀ ပြုလိုက်ပါပြီ။

“သူတို့တွေက ဘယ်ကမှန်းမသိ ပေါ်လာခဲ့ကြတယ်။ ပြီးတော့ ဖြတ်သွားတာပါလို့ ပြောကြတယ်။ သူတို့တွေ ထောင်ချောက်ဆင်နေတာ ဖြစ်မှာ စိုးရိမ်မိတယ်။ ဒါကြောင့် ထွက်သွားဖို့ ကျွန်တော် ပြောနေတာပါ”

“ငါနားလည်ပြီ”

သက်လတ်ပိုင်းအရွယ် လူကြီးရဲ့ ရှင်းပြချက်ကို ကြားလိုက်ရတော့ အဘိုးအိုလည်း ချင်းကျူတို့တွေကို လှမ်းကြည့်ပြီး ပြုံးလိုက်ပါတော့တယ်။

“သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ”

“အကြီးအကဲ”

သက်လတ်ပိုင်းအရွယ် လူကြီး မှင်သက်သွားခဲ့ပါပြီ။ တစ်ခုခု ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ အဘိုးအိုက လက်ကိုယမ်းပြီး သူ့ကို ဟန့်တားလိုက်ပါတော့တယ်။

“ငါတို့တွေက ပုန်းရှောင်ဖို့ ဒီနေရာကို ရောက်လာခဲ့ကြတာပဲလေ။ ဒီနေရာမှာ ရှိသမျှ လူတိုင်းကငါတို့ကို စိတ်ဝင်စားနေမယ်လို့ ထင်လို့လား”

“…”

သက်လတ်ပိုင်းအရွယ် လူကြီး ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပါတော့တယ်။

“ပြီးတော့ ဒီမိတ်ဆွေလေးတွေက ငါတို့ နှင်းလေပြင်း ကုန်းမြေတိုက်ကြီးရဲ့ တန်ခိုးရှင်တွေ မဖြစ်နိုင်ဘူးလေ”

ဒါကို ကြားလိုက်ရတော့ သက်လတ်ပိုင်းအရွယ် လူကြီးလည်း ချင်းကျူတို့တွေရဲ့ အဝတ်အစားတွေဟာ ဒီနေရာနဲ့ မတူပဲ လုံး၀ ကွဲပြားနေတာကို သတိထားမိသွားခဲ့ပါတော့တယ်။ သူတို့တွေမှာ ရေခဲ ကျင့်စဉ်တွေနဲ့ ထပ်တူကျနိုင်တဲ့ တူညီချက်လည်း မရှိနေပါဘူး။ ဒါကြောင့် သူတို့တွေက နှင်းလေပြင်း ကုန်းမြေတိုက်ကြီးက တန်ခိုးရှင်တွေ မဟုတ်တာတော့ သေချာပါတယ်။

ပြီးတော့ ဒီကုန်းမြေတိုက်ကြီးဟာ မဟာ နတ်ဘုရားခုံရုံးနဲ့ အလွန်နီးကပ်နေတာကြောင့် နေ့စဉ်နေ့တိုင်း တခြားနေရာက တန်ခိုးရှင်တွေ မရေမတွက်နိုင်အောင် ဖြတ်သန်းသွားခဲ့ကြတယ် မဟုတ်လား။ ဒါကြောင့် အပြင်လူတွေ ရောက်လာတာလည်း သိပ်တော့ မဆန်းလှပါဘူး။

“အားလုံး ဝင်ခဲ့ကြပါ”
အဘိုးအို ယဉ်ကျေးစွာ ပြောလိုက်ပါပြီ။

ချင်းကျူ
“…”

ချင်းကျူဟာ ဖြတ်သွားရုံသာ ဖြစ်ပြီး ကျေးရွာထဲ ဝင်ချင်တယ်လို့ တစ်ခါမှ မပြောဖူးခဲ့ပါဘူး။

“ကျေးဇူးပါပဲ”
နောက်ဆုံးတော့လည်း အဘိုးအိုက သူတို့ကို အရမ်းယုံကြည်နေတာ တွေ့ခဲ့ရတဲ့ အတွက် ချင်းကျူ ငြင်းမနေတော့ပါဘူး။

ချင်းကျူက သဘောတူလိုက်တယ်ဆိုတော့ အဘိုးမိုလည်း ဘာမှ ဝင်ပြောမနေတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ချင်းကျူနောက်နေ သူလိုက်သွားရုံပဲ မဟုတ်လား။

ချင်းကျူတို့တွေ ရောက်ရှိလာခြင်းကြောင့် ကျေးရွာထဲ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။ ယောကျ်ား မိန်းမ၊ ပျိုပျို အိုအို အားလုံး ထွက်ကြည့်နေကြပါပြီ။

ပြောရရင် အဘိုးမိုကလွဲလို့ ချင်းကျူ၊ သတ်ဖြတ်ခြင်း တာအိုဓားနဲ့ လူရွှမ်တို့ရဲ့ အသွင်ဟာ ပြီးပြည့်စုံပြီး ပြစ်ချက်ကင်းနေတယ် ပြောရတော့မှာပါ။ ဒါကြောင့် သူတို့တွေကို ဘယ်သူမှ မကြည့်ပဲ မနေနိုင်ခဲ့ကြပါဘူး။

“…”
အဘိုးအို ခေါင်းဆောင်မှုနောက် ချင်းကျူတို့တွေ ကျေးရွာကိုဖြတ်သန်းသွားခဲ့ပြီး ခမ်းနားကြီးကျယ်တယ် ဆိုနိုင်တဲ့ အခန်းတစ်ခုထဲ ရောက်ရှိသွားခဲ့ပါပြီ။ ဒါပေမဲ့ အထဲမှာ စားပွဲတစ်လုံးသာ ရှိနေခဲ့ပါတယ်။

“အားလုံး ခဏလောက် နားကြပါဦး။ ငါ့မှာ တခြား ကိစ္စလေးတွေ ရှိနေသေးလို့ပါ”

ပြောပြောဆိုဆိုနဲ့ အဘိုးအိုလည်း အခန်းအပြင်ဘက် ထွက်သွားပါတော့တယ်။ သူနည်းနည်းလောက် နောက်ကျသွားရင် အစားခံလိုက်ရမှာကို ကြောက်ရွံ့နေသလိုပါပဲ။

“တစ်ခုခုတော့ မှားနေပြီ”
အဘိုးမိုလည်း မျက်မှောင်ကြုတ်ပြီး အသံနက်ကြီးနဲ့ ပြောလိုက်ပါတော့တယ်။

“ဒီအခန်းထဲမှာ ၀င်္ကပါတစ်ခု ရှိနေတယ်”

၀ုန်း ၀ုန်း ၀ုန်း

နောက်တဒင်္ဂမှာတော့ အခန်းကြမ်းပြင်ဟာ ရုတ်ချည်း တောက်ပလာခဲ့ပြီး ချင်းကျူတို့တွေကို လက်တံရှည်တွေအလား ရစ်ပတ်သွားခဲ့ကြပါပြီ။

တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ ဝိညာဉ်စွမ်းအင်များစွာ အခန်းထဲ ဖြာထွက်လာခဲ့တာကြောင့် မိုးနဲ့မြေ တစ်ခုလုံး တုန်လှုပ်သွားခဲ့ပါတော့တယ်။

၀ုန်း ၀ုန်း ၀ုန်း

ဒီပေါက်ကွဲမှုဟာ ဆယ်မိနစ်ကျော်လောက် ကြာမြင့်သွားခဲ့ပါပြီ။ အခန်းတင်သာ မကပဲ ကျေးရွာရဲ့ ကီလိုမီတာ တစ်ထောင်ပတ်လည်အတွင်း အရာအားလုံး ပျက်စီးသွားခဲ့ပြီး ဘာဆိုဘာမှ မကျန်ရစ်ခဲ့တော့ပါဘူး။

အဝေးမှာတော့ အဘိုးအိုဟာ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ပြုံးနေခဲ့ပါတယ်။

“ဟား ဟား ဟား… အရမ်းကို တုံးအတဲ့ ပြင်ပ တန်ခိုးရှင်တွေပဲ။ မင်းတို့တွေရဲ့ အယုံလွယ်တဲ့ စိတ်ကြောင့် အသက်ပေးလိုက်ရပြီ မှတ်ပါလေ”

“အကြီးအကဲ.. သိုလှောင်ခန်း လက်စွပ်တွေကော ပျက်စီးသွားမလား”

သက်လတ်ပိုင်းအရွယ် လူကြီး စိတ်ပူစွာ လှမ်းမေးလိုက်ပါပြီ။

“စိတ်မပူပါနဲ့။ ၀င်္ကပါက သိုလှောင်ခန်း လက်စွပ်ကို ဘာမှ မဖြစ်စေပါဘူး။ အခုက ပထမဆုံး အကြိမ်လည်း မဟုတ်ဘူးလေ”

ခဏလောက် ရပ်လိုက်ပြီးနောက် အဘိုးအို သက်ပြင်းချလိုက်မိပါတော့တယ်။

“ဒီလူတွေမှာ ပစ္စည်းကောင်းတွေ ပါလာဖို့ မျှော်လင့်မိပါတယ်။ မဟုတ်ဘူးဆိုရင် ဝိညာဉ်ပေါက်ကွဲအင်းကွက်တွေ တော်တော်များများ အလဟသ ဖြစ်သွားရတော့မှာ”

အမှန်ပါပဲ။ အစကနေ အဆုံးအထိ အဘိုးအိုနဲ့ သက်လတ်ပိုင်းအရွယ် လူကြီးတို့ဟာ ဟန်ဆောင်နေခဲ့ကြတာပါ။ တစ်ဦးက ကြောက်ရွံ့ချင်ယောင်ဆောင်ပြီး တစ်ဦးက သဘောကောင်းချင်ယောင် ဆောင်ထားခဲ့ကြပါတယ်။ သူတို့တွေက ကျေးရွာထဲ တန်ခိုးရှင်တွေ ဝင်လာအောင် မျှားခေါ်ပြီးနောက် သတ်မှတ်နေရာမှာ ဖောက်ခွဲသတ်ဖြတ်ပစ်ကြတာပါ။

ဒီနည်းလမ်းကို အသုံးပြုတာကြောင့် သူတို့အနေနဲ့ တရားဆက်ကျင့်ဖို့ ကောင်းကင်ရတနာတွေကို ခက်ခက်ခဲခဲ ရှာဖွေစရာ မလိုအပ်ခဲ့ပါဘူး။

“အဲဒီ မိန်းကလေး နှစ်ယောက်ကတော့ နှမြောဖို့ကောင်းတယ်။ ကျွတ်.. ကျွတ်…”

“ပြီးတော့.. အဲဒီ လူငယ်လေး.. ကျွန်တော်သာ သူ့ကို ရလိုက်ရင်…”

“…”

အစတုန်းက ရွာသားတွေအဖြစ် ဟန်ဆောင်ထားကြသူတွေဟာ ပြောဆိုဆွေးနွေးနေကြပါပြီ။ သူတို့တွေဟာ အစောပိုင်းတုန်းကလို ရိုးသားတဲ့အသွင်မျိုး မရှိကြတော့ပါဘူး။

“ကောင်းပြီလေ။ ပေါက်ကွဲမှုတွေ ငြိမ်သက်သွားခဲ့ပြီ။ ဒီတော့ လက်စွပ်တွေကို သွားစုဆောင်းကြတာပေါ့”

အဘိုးအို အမိန့်ပေးလိုက်ပါတော့တယ်။

“ယေး”

အားလုံးပဲ ချင်းကျူတို့တွေ ရှိနေတဲ့ အခန်းဆီ အပြေးသွားနေကြပါပြီ။ သူတို့ ကံကောင်းမယ်ဆိုရင် အလောင်းတွေဟာ ဘာမှ မထိခိုက်ပဲ အကောင်းအတိုင်း ရှိနေနိုင်ပါတယ်။ အဲဒီအချိန်ကျရင် သာယာနိုင်ပြီ မဟုတ်လား။

ဒါပေမဲ့.. မကြာခင်မှာတော့ အားလုံး မျက်စိမျက်နှာ ပျက်သွားခဲ့ကြပါပြီ။

ကောင်းကင်ယံကနေ ဆီးနှင်းပွင့်တွေ ကျဆင်းနေသလိုပဲ ခမ်းနားကြီးကျယ်တဲ့ အခန်းကြီးဟာ နေရာမှာ ဘာမှ မဖြစ်ပဲ ထီးထီးကြီး တည်ရှိနေဆဲပါ။ ပြောရရင် အပျက်အစီးပုံတွေအကြား ဘာမှမဖြစ်တဲ့ ခမ်းနားလှတဲ့ အဆောက်အဦးကြီး တစ်ခု ကျန်ရစ်နေခဲ့တာပါပဲ။

“ဒါက…”

အားလုံး တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြပါပြီ။ သူတို့ မျက်လုံးတွေထဲ အကြောက်တရားတွေ ပြည့်နေတာကို တွေ့ရမှာပါ။

“ဆုတ်ကြတော့”

အဘိုးအိုလည်း မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပဲ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြု ထွက်ပြေးလိုက်ပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 27
Chapter 4
ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း ကျောက်တိုင်ကြီး

“နောက်ဆုတ်ကြတော့”

အဘိုးအိုဟာ ချက်ချင်းပဲ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြု ထွက်ပြေးလိုက်ပါပြီ။

ဒါပေမဲ့ အရမ်းနောက်ကျသွားခဲ့ပြီ မဟုတ်လား။

၀ုန်း

ချက်ချင်းဆိုသလိုပဲ ရွှေရောင်အလင်းတွေ ဖြာထွက်တောက်ပလာပါတော့တယ်။ နေတစ်စင်း ထပ်မံ ပေါ်ထွက်လာခဲ့တဲ့အလား ပတ်ဝန်းကျင် ကီလိုမီတာ ၅၀၀၀ လင်းထိန်သွားခဲ့ပြီး စကြ၀ဠာတည်ရှိမှုပါ ပိတ်ဆို့ခံလိုက်ရပါပြီ။

အဘိုးအိုရဲ့လျှို့ဝှက်ကျင့်စဉ်ဟာ တားဆီးခြင်း ခံလိုက်ရပါတော့တယ်။ ချက်ချင်းပဲ သူသွေးတစ်ပွက် အန်ထုတ်လိုက်ပြီး နှာခေါင်းကနေပါ သွေးတွေ စီးကျလာခဲ့ပါပြီ။ အဘိုးအို အနောက် လွင့်စဉ်သွားပါတော့တယ်။ သူ့ရဲ့ မှော်ရတနာ အကာအကွယ်ကြောင့်သာ မဟုတ်ဘူးဆိုရင် နေရာမှာတင် သေဆုံးသွားမှာပါ။

ဒါတောင်မှ ဒဏ်ရာအပြင်းအထန် ရရှိပြီး ဒူးထောက်ကျသွားခဲ့ပါပြီ။

“အကြီးအကဲ.. အကြီးအကဲ။ အဆင်ပြေတယ် မလား”

သက်လတ်ပိုင်းအရွယ် လူကြီး တုန်လှုပ်သွားပါတော့တယ်။

အဘိုးအို
“…”

အဘိုးအို ကြိတ်ပြီး ကျိန်ဆဲလိုက်ပါပြီ။
“ငါ.. ဘယ်လိုလုပ်ပြီး အဆင်ပြေစရာ ရှိမှာလဲ”

“ဝေါ့”

အဘိုးအိုလည်း နောက်ထပ် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး အံကြိတ်ရင်း ပြောလိုက်ပါတော့တယ်။

“ပြေးကြတော့”

“ပြေးချင်တာလား။ ကြိုးစားကြည့်လေ”

ဒီအချိန်မှာတော့ ချင်းကျူတစ်ယောက် အခန်းအပြင်ဘက်ကို လမ်းလျှောက်ထွက်လာခဲ့ပြီး အားလုံးကို စိတ်ဝင်တစား လှမ်းကြည့်လိုက်ပါပြီ။

အားလုံး မှင်သက်သွားကြပါတော့တယ်။ ဒီတော့မှပဲ သူတို့ခန္ဓာကိုယ်တွေကို ထိန်းချုပ်လို့ မရတော့ကြောင်း သိလိုက်ရပါပြီ။ သူတို့ ဘယ်လိုပဲ ကြိုးစား ကြိုးစား လှုပ်ရှားလို့ မရတော့ပါဘူး။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

သက်လတ်ပိုင်းအရွယ် လူကြီးရဲ့ မျက်နှာအထက် တုန်လှုပ်ချောက်ချားမှုတွေ ပြည့်လာပါတော့တယ်။

ဒီထောင်ချောက်ထဲ တန်ခိုးရှင် ဘယ်လောက် သေဆုံးသွားခဲ့ပြီလဲ မသိတော့ပါဘူး။ သူတို့ နှစ်ဦးဟာ  ပိုမို အတင့်ရဲလာခဲ့ကြပြီး နောက်ဆုံးတော့ အပြစ်မပြုထိုက်သူကိုပါ အပြစ်ပြုမိသွားခဲ့ကြပြီ မဟုတ်လား။

ဒါပေမဲ့ ချင်းကျူတို့တွေက သာမန် အသွင်ကိုသာ ပိုင်ဆိုင်ထားပေမယ့်လည်း ဘာဖြစ်လို့ ဒီလောက် အစွမ်းထက်နေရတာလဲ ဆိုတာကိုတော့ သက်လတ်ပိုင်းအရွယ် လူကြီး ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

“အားလုံး ပြီးသွားပါပြီ”

ရန်ယန်ရဲ့ မျက်နှာ ဖြူရော်နေပါပြီ။ သူမျှော်လင့်ချက်မဲ့စွာ ရေရွတ်လိုက်ပါတော့တယ်။

သူ့နှုတ်ခမ်း ထောင့်စွန်းက စီးကျနေတဲ့ သွေးတွေကို အဘိုးအို သုတ်လိုက်ပြီး မျက်နှာလည်း ဖြူရော်နေပါပြီ။ သူ့အော်ရာအရှိန်အဝါ လုံး၀ ဆုတ်ယုတ်ပြီး သေခါနီးဆဲဆဲ လူတစ်ဦးလို ဖြစ်နေပြီ မဟုတ်လား။

အစတုန်းကတော့ ရတနာတွေကို ဓားပြတိုက်ရင်း ဒီတစ်ကြိမ်မှာ မဟာစကြ၀ဠာ စတုတ္ထအဆင့်ကို တက်လှမ်းဖို့အတွက် သူစဉ်းစားထားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့သက်တမ်းကို ဆွဲဆန့်ဖို့ပါ။ ဒါပေမဲ့ အခုတော့ အဆင့်တက်ဖို့ မပြောနဲ့ ချင်းကျူတို့ ဘာမှ မလုပ်ဘူးဆိုရင်တောင်မှ မကြာခင် သူသေရတော့မှာ သေချာသွားပါပြီ။

“ငါ.. ငါတို့တွေက နှင်းလေပြင်း ကုန်းမြေတိုက်ကြီးက ဒေသခံတွေပါ။ မဟာနတ်ဘုရား ခုံရုံးက အဖွဲ့ဝင်တွေပါပဲ။ ငါတို့ကို မသတ်ပါနဲ့။ မဟုတ်ဘူးဆိုရင် မဟာနတ်ဘုရား ခုံရုံးက ခွင့်လွှတ်မှာ မဟုတ်ပါဘူး”

ချင်းကျူ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေတာကို တွေ့လိုက်ရတော့ သက်လတ်ပိုင်းအရွယ် လူကြီးလည်း အော်ပြောလိုက်ပါပြီ။

အားလုံး သိထားသလိုပဲ နှင်းလေပြင်း ကုန်းမြေတိုက်ကြီးဟာ မဟာနတ်ဘုရား ခုံရုံးရဲ့ လက်အောက်ခံ မဟုတ်လား။ နှစ်စဉ်နှစ်တိုင်း ဆိုသလို ရတနာ အများအပြားကို မဟာနတ်ဘုရားခုံရုံးဆီ ဆက်သပြီး အကာအကွယ်ကို ရယူခဲ့ကြပါတယ်။

ဒါပေမဲ့ မဟာနတ်ဘုရား ခုံရုံးက ဘယ်လိုလုပ်ပြီး အဆင့်နိမ့် မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တချို့ကို မျက်စိထဲ ထည့်ထားမှာလဲ။

ပြီးတော့ မဟာနတ်ဘုရားခုံရုံးက အရေးစိုက်လာတော့ကော ဘာဖြစ်သေးလဲ။

ချင်းကျူအနေနဲ့ ဒီလို လုပ်ရပ် ကျူးလွန်သူတွေကို ဘယ်တုန်းကမှ ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။

“အဲဒီလိုလား။ ဒါဆို မဟာနတ်ဘုရား ခုံရုံးကို သွားပြောလိုက်လေ”

စကား ဆုံးသွားတာနဲ့ ရွှေရောင် လက်ဝါးကြီး တစ်ခု ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပါပြီ။ လက်ဝါးကြီးဟာ သက်လတ်ပိုင်းအရွယ် လူကြီးတို့ကို လွှမ်းခြုံသွားပါတော့တယ်။

“မလုပ်ပါနဲ့”

၀ုန်း

လက်ဝါးကြီးဟာ ဩဇာအာဏာ ကြီးမားစွာ ကျဆင်းလာခဲ့ပါပြီ။ အားလုံးဟာ မီးပေးထားတဲ့ ဓားတစ်စင်းက ထောပတ်ကို ဖြတ်လှီးသွားသလိုပါပဲ။ အဆုံးအစမဲ့ လက်ဝါးရာကြီးလည်း မြေပြင်အထက် ထင်ကျန်ရစ်လာခဲ့ပါပြီ။ သက်လတ်ပိုင်းအရွယ် လူကြီးတို့တွေကတော့ စိတ်ဝိညာဉ်တွေပါ ချက်ချင်း ပျက်စီးသွားခဲ့ကြပါတယ်။ သူတို့ အသက်ရှင်စရာ အကြောင်း ရှိသေးလို့လား။

ချင်းကျူလည်း သာမန်ပဲ ပြောလိုက်ပါပြီ။

“ငါက ဖြတ်သွားတာလို့ မင်းတို့ကို ပြောခဲ့သားပဲ။ မင်းတို့တွေက သေမင်းကို ဖိတ်ခေါ်လိုက်ကြသူတွေပဲလေ။ ငါလည်း ရွေးချယ်စရာမှ မရှိခဲ့တာ”

“…”

အခုအချိန်မှာတော့ သတ်ဖြတ်ခြင်း တာအိုဓားတို့တွေ တစ်ဦးပြီး တစ်ဦး အခန်းထဲကနေ ထွက်လာခဲ့ကြပါပြီ။ သူတို့ ခန္ဓာကိုယ်တွေမှာ ဘာဒဏ်ရာမှ ရှိမနေခဲ့ပါဘူး။

လာနောက်နေတာလား။ သူတို့တွေက အစစ်အမှန် နတ်ဘုရား အဆင့်အထက် တန်ခိုးရှင်တွေ ချည်းပဲလေ။ ဘယ်လိုလုပ်ပြီး မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တချို့ကြောင့် ထိခိုက်ရမှာလဲ။

အထူးသဖြင့် အဘိုးမိုပါ။ နတ်ဘုရားလောကတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားရင်တောင်မှ သူဟာ ဒဏ်ရာတစ်ချက် မရနိုင်သေးပါဘူး။

“စိတ်မကောင်းပါဘူး မိတ်ဆွေလေးချင်း… ဒီလောက်အထိ ရက်စက်ဆိုးရွားတဲ့ လူတွေကို တွေ့ရလိမ့်မယ်လို့ ထင်မထားမိခဲ့တာပါ။ အခုတော့ မိတ်ဆွေလေး စိတ်ညစ်သွားရပြီ ထင်တယ်”

ချင်းကျူဆီကနေ တစ်ခုခုကို နားလည်သဘောပေါက်နိုင်တယ်လို့ နားလည်ထားပြီးနောက် အဘိုးမိုဟာ ချင်းကျူကို အလွန်လေးစားစွာ ဆက်ဆံခဲ့ပါတယ်။ သူဟာ ချင်းကျူရဲ့နောက်လိုက်တစ်ဦးလို ပြုမူနေတာကြောင့် ချင်းကျူတောင် ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး။

“ရပါတယ်။ ဒါက မင်းနဲ့မှ မဆိုင်တာ”

ချင်းကျူလည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး ခါးသီးစွာ ပြောလိုက်ပါပြီ။

“ငါကလည်း တော်တော်ပြဿနာပေးတဲ့ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားလို့ နေပါလိမ့်မယ်”

အဘိုးမို
“…”

“ကောင်းပြီလေ။ ဒီအကြောင်း ထားလိုက်ပါတော့။ မဟာနတ်ဘုရား ခုံရုံးဆီ သွားကြစို့”

ချင်းကျူက ဒီကို ရောက်လာခဲ့တာရတာကလည်း မဟာနတ်ဘုရားခုံရုံးရဲ့ ခေါင်းဆောင်ဆိုသူကို မြင်ချင်တာကြောင့်ပါ။ နှင်းလေပြင်း ကုန်းမြေတိုက်ကြီးကို သူနည်းနည်းလေးမှ စိတ်မဝင်စားပါဘူး။

“အဲ… ကောင်းပြီလေ”
အဘိုးမိုလည်း ချက်ချင်းပဲ နောက်ထပ် စကြ၀ဠာ ဂိတ်တံခါးတစ်ခုကို ဖွင့်လိုက်ပါတော့တယ်။ ဒီဂိတ်တံခါးကတော့ မဟာနတ်ဘုရား ခုံရုံးဆီ တန်းပေါက်တဲ့ ဂိတ်တံခါးပါ။

အဘိုးမိုရဲ့ တန်ခိုးကျင့်စဉ် အဆင့်နဲ့ မဟာနတ်ဘုရား ခုံရုံး အပြင်ဘက်က ၀င်္ကပါ အကာအကွယ် အားလုံးကို ဖြတ်သန်းဖို့ဆိုတာ လက်ဝါး တစ်ဖက်ကို လှန်လိုက်သလို အလွန် လွယ်ကူနေပါပြီ။

ဒါကြောင့် အားလုံးပဲ ဂိတ်တံခါးကို ဖြတ်သန်းပြီး မဟာနတ်ဘုရား ခုံရုံး အတွင်းဘက် ပြန်ပေါ်ထွက်လာကြပါတော့တယ်။

“ဒီနေရာကတော့ မဟာနတ်ဘုရား ခုံရုံးရဲ့ ဌာနချုပ်ဖြစ်တဲ့ ပန်းသစ်သီး တောင်ပဲ”
အဘိုးမို မိတ်ဆက်ပေးလိုက်ပါပြီ။

ပန်းသစ်သီးတောင်လား။

ဒါကို ကြားလိုက်ရတော့ ချင်းကျူ မျက်ခုံးပင့်လိုက်မိပါပြီ။ သူလှမ်းကြည့်လိုက်မိပါတော့တယ်။ ဒီအခါမှာတော့ မတ်စောက်တဲ့ တောင်စောင်းနဲ့ တောင်ကြီးတစ်လုံးကို တွေ့လိုက်ရပါပြီ။ အဲဒီတောင်ကြီးဟာ အလွန်ကို ထည်ဝါလွန်းပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်မှာလည်း မက်မွန်သီးပင်တွေ ပေါက်ရောက်နေခဲ့ပါတယ်။ ဒီမြင်ကွင်းက ချင်းကျူ တွေးထားသလိုပဲ ထပ်တူကျ တူညီနေပါပြီ။

“အင်း.. အဲဒါက ဘာလဲ”

ချင်းကျူလည်း လှမ်းကြည့်လိုက်ပြီးနောက် အလွန် မြင့်မားတဲ့ ကျောက်တိုင်ကြီးကို ညွှန်ပြမေးမြန်းလိုက်ပါတော့တယ်။

“အဲဒါကတော့ မဟာနတ်ဘုရားခုံရုံးရဲ့ ခေါင်းဆောင်ကိုင်တဲ့ လက်နက်ဖြစ်တဲ့ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ပါ”

အဘိုးမို ရှင်းပြလိုက်ပါပြီ။

“ဒဏ္ဍာရီမှာတော့ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ဆွဲနှုတ်နိုင်သူသာ မဟာနတ်ဘုရားခုံံရုံး ခေါင်းဆောင်နဲ့ မိတ်ဆွေဖြစ်ထိုက်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းကျော်အတွင်း ဘယ်သူမှ မအောင်မြင်ခဲ့သေးဘူး”

တကယ်တော့ အဘိုးမို စိတ်မဝင်စားလို့ပါ။ သူသာဆိုရင် အလွယ်တကူ ဆွဲနှုတ်နိုင်နေပါပြီ။

ဒါပေမဲ့လည်း သွားနှုတ်စရာမှ မလိုတာ။

ပြောရရင် သူဟာ တာအို အတည်ပြုခြင်းအဆင့် နတ်ဘုရားဘုရင် ဖြစ်နေပြီပဲ။ ဘာဖြစ်လို့များ နတ်ဘုရား ဘုရင် အထက်အဆင့် တန်ခိုးရှင်တစ်ဦးနဲ့ မိတ်ဆွေဖွဲ့ပြီး အဆင့်နှိမ့်နေရမှာလဲ။

“အော်.. သိပြီ”

ချင်းကျူလည်း ပြုံးလိုက်ပြီး ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ဆီ ပျံသန်းသွားပါတော့တယ်။

ဒါကို တွေ့လိုက်ရတော့ အဘိုးမို မြန်မြန် လိုက်သွားခဲ့ပါပြီ။

မကြာခင်မှာတော့ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ် အနီး ချင်းကျူတို့ ရောက်ရှိလာပါတော့တယ်။

ဒီကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ဟာ အောက်ကနေ မော့ကြည့်လိုက်မယ်ဆိုရင် မိုးနဲ့မြေကို ထောက်ထားသလိုပဲ နာမည်နဲ့ လိုက်ဖက်နေတာ တွေ့ရမှာပါ။

ပြီးတော့ သံတုတ်ဟာ ဒီနေရာမှာ စိုက်ထားတာ အချိန်ကြာမြင့်လွန်းလှပြီ ဖြစ်တာကြောင့် သဲတွေ ကျောက်သားတွေ ဖုံးလွှမ်းနေပါပြီ။ ဒါပေမဲ့ အတွင်းပိုင်းက တချို့နေရာတွေမှာ ရွှေရောင်တောက်ပနေတာကို တွေ့ရမှာပါ။ ဒီမြင်ကွင်းဟာ အလွန်ကို ကြောက်မက်ဖွယ် ကောင်းလွန်းနေခဲ့ပါတယ်။

ဒါ့အပြင် ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကနေ တုန်လှုပ်ဖို့ကောင်းတဲ့ မိစ္ဆာအော်ရာအရှိန်အဝါတွေ ဖြာထွက်နေပါသေးတယ်။ သာမန် တန်ခိုးရှင်တွေသာ အနားကပ်လာခဲ့တယ်ဆိုရင် ချက်ချင်း စိတ်လွတ်သွားပြီး မိစ္ဆာလမ်းကြောင်းပေါ် ရောက်ရှိသွားမှာပါ။

“ဒါက ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်.. ဒါမှမဟုတ်… ကျင်ဂူခေါင်းပတ်လား”

ချင်းကျူလည်း တိုးတိုးလေး ရေရွတ်လိုက်ပါတော့တယ်။

“မိတ်ဆွေးလေးချင်း.. ဒီကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ဆွဲနှုတ်ချင်လို့လား”

ချင်းကျူရဲ့ အတွင်းစိတ်ကို မြင်ရတဲ့အလား အဘိုးမိုလည်း အသံတိုးတိုးနဲ့ လှမ်းမေးလိုက်ပါပြီ။

ချင်းကျူကတော့ ဘာမှ ပြန်ပြောမနေခဲ့ပါဘူး။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အဘိုးမိုကို အဖြေပေးလိုက်ပါတော့တယ်။

ကျောက်တိုင်ကြီးကို ထိမိသွားတဲ့ အချိန်မှာပဲ မိစ္ဆာကီစွမ်းအင်တွေဟာ သားရဲကောင်ကြီးတစ်ကောင် မာန်ဖီပြီး အော်ဟစ်လာသလိုမျိုး ချင်းကျူကို ဝါးမျိုဖို့ ကြိုးစားလာခဲ့ပါပြီ။

“တိတ်တိတ်လေးနေ”

ချင်းကျူလည်း မျက်မှောင်ကြုတ်လိုက်မိပါတော့တယ်။ သူ့လက်ဝါးကနေ ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပြီး ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ဖုံးလွှမ်းသွားခဲ့ပါပြီ။

ချွင် ချွင် ချွင်

မိစ္ဆာ ကီစွမ်းအင်ဟာ ချက်ချင်းပဲ ရေခဲနဲ့ ဆီးနှင်းတွေလို အရည်ပျော်ကျသွားခဲ့ပြီး ဆုတ်ခွာသွားခဲ့ကြပါပြီ။ သူတို့တွေက ချင်းကျူအနား မကပ်လာဝံ့ကြတော့ပါဘူါ်။

ချင်းကျူလည်း အားနည်းနည်း ထည့်လိုက်ပါတော့တယ်။

ကလစ် ကလစ် ကလစ်

နောက်တဒင်္ဂမှာတော့ နှစ်ပေါင်း တစ်သိန်းကျော် ငြိမ်သက်နေခဲ့တဲ့ မိုးထိမြင့်မားတဲ့ ကျောက်တိုင်ကြီး စတင် လှုပ်ရှားလာခဲ့ပါပြီ။

“ဒီလောက်ပေါ့ပေါ့လေး”

ချင်းကျူ အံ့အားသင့်သွားခဲ့ပါတော့တယ်။

ကလစ် ကလစ် ကလစ်

ချင်းကျူ ကောင်းကင်ယံအထက် ဖြည်းဖြည်းချင်း ပျံကတ်လာသလိုပဲ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်လည်း မြေပြင်အထက် ကြွတက်လာခဲ့ပါပြီ။ ကျောက်သားကျောက်စိုင်တွေ ပြုတ်ကျလာခဲ့တာကြောင့် ဖုန်မှုန့်တွေ အလိပ်လိုက် တက်လာခဲ့ပါတော့တယ်။

ဒီလို ရုတ်ရုတ်သဲသဲ အခြေအနေကြောင့် မဟာနတ်ဘုရားခုံရုံးက တန်ခိုးရှင် အများအပြား လှမ်းကြည့်လိုက်ကြပါပြီ။

“ဘာတွေ ဖြစ်နေတာလဲ”

“ကြည့်စမ်း.. ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ် စတင်ရွေ့နေပြီ”

“တစ်ယောက်ယောက်က ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ဆွဲနှုတ်လိုက်တာပဲ”

“ဘာ”

“…”

ချက်ချင်းဆိုသလိုပဲ မဟာနတ်ဘုရားခုံရုံးတစ်ခုလုံး တုန်လှုပ်သွားပါတော့တယ်။

တစ်ယောက်ယောက်က ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ဆွဲနှုတ်လိုက်တယ်လား။

“ဘယ်သူက ငါ့လက်နက်ကို ဆွဲနှုတ်နိုင်ခဲ့တာလဲ”

ပန်းသစ်သီး တောင်ရဲ့ အနက်ရှိုင်းဆုံး အတွင်းပိုင်းကနေ ကျောက်သား ကျောက်စိုင်တွေကိုပါ ကွဲကြေသွားစေတဲ့ ဩဇာအာဏာ ကြီးမားလှတဲ့ စကားသံတစ်ခု ပေါ်ထွက်လာခဲ့ပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 27
Chapter 5
သူငယ်ချင်း

“ဘယ်သူက ငါ့လက်နက်ကို ဆွဲနှုတ်လိုက်တာလဲ”

စကားအဆုံးမှာတော့ ပန်းသစ်သီးတောင်ကြီး တစ်ခုလုံး တုန်လှုပ်လာခဲ့ပါပြီ။ ချင်းကျူတို့ကလွဲရင် အားလုံး မူးဝေမှု ခံစားလိုက်ကြရပါတော့တယ်။

တချို့ အဆင့်နိမ့် တန်ခိုးရှင်တွေဆို မေ့မျောသွားခဲ့ကြပါပြီ။

“ဒါ. ဒါ… ကောင်းကင် တန်ခိုးရှင် နှိုးထလာခဲ့တာပဲ”

“အရမ်းကို ကြောက်ဖို့ကောင်းတဲ့ ဖိအားပဲ”

“ကောင်းကင်တန်ခိုးရှင်ဟာ တစ်မိုးအောက် တစ်ယောက် ပြိုင်ဘက်ကင်းပါပေတယ်”

“ကောင်းကင်တန်ခိုးရှင်ဟာ တစ်မိုးအောက် တစ်ယောက် ပြိုင်ဘက်ကင်းပါပေတယ်”

“…”

မဟာနတ်ဘုရားခုံရုံးက တန်ခိုးရှင် အများအပြား သံပြိုင်အော်ဟစ်လိုက်ကြပါပြီ။ သူတို့ မျက်နှာတွေအထက် စိတ်လှုပ်ရှားမှုတွေ ထင်ဟပ်နေတာကို တွေ့ရမှာပါ။ သူတို့တွေဟာ နှိုးထလာတဲ့ ပုဂ္ဂိုလ်ကြီးဆီ အပြေးသွားပြီး လက်မှတ်ထိုးခိုင်းကြတော့မလိုပါပဲ။

သူတို့တွေက တကယ်ပဲ နတ်ဘုရား တပိုင်း အဆင့်နဲ့ အစစ်အမှန် နတ်ဘုရားအဆင့် တန်ခိုးရှင်တွေကော ဟုတ်ကြရဲ့လား။

ရွှီ

စူးရှတဲ့ လေခွင်းသံ ပေါ်ထွက်လာခဲ့ပါပြီ။ ကောင်းကင်ယံအထက်မှာ အရိပ်များစွာ ပေါ်ထွက်လာခဲ့ပြီးနောက် ခန္ဓာကိုယ်တစ်ခု ဖြစ်ပေါ်လာပါတော့တယ်။

သူကတော့ မျောက်ကြီး တစ်ကောင်ပါ။ မျောက်ဘုရင်လို့ ဆိုရရင် ပိုမှန်ပါလိမ့်မယ်။ သူဟာ အရပ်မမြင့်ပဲ ခပ်ပုပုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ဖြာထွက်နေတဲ့ အော်ရာအရှိန်အဝါဟာ အပြောကျယ်လှတဲ့ ကြယ်တာရာ ဂလက်ဆီတွေလို ဖြစ်နေပြီး ခံစားလိုက်ရသူတိုင်း အသက်ရှူမ၀ ဖြစ်သွားကြရပါပြီ။

ဒီမျောက်ဘုရင်ဆီမှာ မီးငှက်တောင်ပံတစ်စုံနဲ့ ဦးခေါင်းအထက်မှာ ရွှေသရဖူ တစ်ခုကို ဆောင်းထားခဲ့ပါတယ်။ သူဟာ ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး တိမ်တိုက်တွေအထက် လမ်းလျှောက်နေတာကို တွေ့ရပါလိမ့်မယ်။ သူ့ကျောဘက် တောက်ပနေတဲ့ ရွှေရောင်အလင်းစက်ကွင်း ရှိနေတာကို တွေ့ရဦးမှာပါ။ သူဟာ ချင်းကျူကို ဩဇာအာဏာ ကြီးမားလှတဲ့ အကြည့်နဲ့ ငုံ့ကြည့်လိုက်ပါပြီ။

“မင်းက ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ဆွဲထုတ်လိုက်တာလား”

မျောက်ဘုရင်က သာမန်ပဲ လှမ်းမေးခဲ့ပါတယ်။

“နှစ်ပေါင်း သိန်းချီ ကြာမြင့်သွားခဲ့ပြီ။ မင်းက ပထမဆုံးပဲ။ အရမ်းကောင်းတယ်။ မင်းက ငါ့မိတ်ဆွေ ဖြစ်ဖို့ အရည်အချင်း ပြည့်၀သူလို့ ဆိုနိုင်ပြီ”

မျောက်ကြီးကို တွေ့လိုက်ရတော့ ချင်းကျူ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားခဲ့ပါပြီ။

“အဟမ်း… မင်းရဲ့ နာမည်ကိုတောင် ငါမသိရသေးဘူး”

“ငါက မဟာနတ်ဘုရား ခုံရုံးရဲ့ အရှင်မင်းမြတ် စွန်း၀ူခုန်းပဲ”
စွန်း၀ူခုန်းဟာ ဂုဏ်ယူစွာ ပြောလိုက်ပါတော့တယ်။

ချင်းကျူ
“…”

သူက တကယ်ပဲ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး ဟုတ်ရဲ့လား။

“မင်းကကော”
စွန်း၀ူခုန်း လှမ်းမေးလိုက်ပါပြီ။

“အဲ.. ချင်းကျူပါ”

ချင်းကျူလည်း ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း ဖြေလိုက်ပါတော့တယ်။

“ချင်းကျူလား.. ဘာဖြစ်လို့ မင်းနာမည်ကို ငါအရင်တုန်းက မကြားဖူးခဲ့တာလဲ”

စွန်း၀ူခုန်း နားမလည်နိုင်စွာ ပြောလိုက်ပါတော့တယ်။

သာမန် အခြေအနေမှာ ဆိုရင်တော့ နတ်ဘုရား ဘုရင် အောက်အဆင့် တန်ခိုးရှင်တွေသာ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ဆွဲနှုတ်နိုင်မှာပါ။ ဒါပေမဲ့ စွန်း၀ူခုန်းဟာ နတ်ဘုရားလောကအတွင်းက အဆင့်နိမ့်  နတ်ဘုရား ဘုရင်အဆင့် တန်ခိုးရှင်တိုင်းကို သိထားခဲ့ပါတယ်။ သူ့အနေနဲ့ ဘာဖြစ်လို့ ချင်းကျူအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့တာလဲ။

“ကိစ္စမရှိပါဘူး။ အခု မင်းသိသွားပြီပဲ”

ချင်းကျူလည်း အရင်ဘ၀တုန်းက ကြားဖူးခဲ့တဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးကို မျက်ဝါးထင်ထင် မြင်တွေ့နေရတာကြောင့် အလွန်စိတ်ဝင်စားနေပါပြီ။ ဒါပေမဲ့ အခုအချိန်မှာတော့ တစ်ဖက်လူဟာ သူ၀တ္ထုတွေထဲ ဖတ်ဖူးတဲ့ မျောက်ဘုရင်နဲ့ ဘာမှ မဆိုင်သလိုမျိုး ဖြစ်နေခဲ့ပါတယ်။

အခု စွန်း၀ူခုန်းဟာ မဟာနတ်ဘုရားခုံရုံးရဲ့ ဧကရာဇ် ဖြစ်နေပြီး နတ်ဘုရားဘုရင် အထက်အဆင့်ကိုလည်း ရောက်ရှိနေပါပြီ။

ချင်းကျူနဲ့ အဘိုးမိုတို့ကို ဖယ်ထားလိုက်မယ်ဆိုရင် နတ်ဘုရားလောက တစ်ခုလုံးမှာ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်ရဲ့ ဂိုဏ်းချုပ်ကြီး တစ်ဦးတည်းသာ စွန်း၀ူခုန်းကို ယှဉ်တယ်ဆိုရုံ ယှဉ်နိုင်တော့မှာပါ။

ဂေါတမ ဗုဒ္ဓသာ တကယ် ရှိနေမယ်ဆိုရင် ဒီမျောက်ဘုရင် ရိုက်သတ်ခံလိုက်ရလောက်ပါပြီ။

“အော်.. အေး”

ဒါပေမဲ့ စွန်း၀ူခုန်းက ထပ်မမေးခဲ့ပါဘူး။ ချင်းကျူတစ်ယောက် ပန်းသစ်သီး တောင်ထဲဘယ်လို ဝင်ရောက်လာခဲ့တယ် ဆိုတာကိုလည်း သူစိတ်ဝင်စားပုံ မရပါဘူး။

“ညီလေးချင်းက ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ဆွဲနှုတ်နိုင်ခဲ့ပြီး ငါ့သူငယ်ချင်း ဖြစ်လာတဲ့ အထိမ်းအမှတ်အနေနဲ့ အရက်သောက်ကြစို့”

ချင်းကျူလည်း အရက်သောက်ချင်နေတာကြောင့် ငြင်းမနေတော့ပါဘူး။ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး
“အဲဒီလိုဆိုတော့လည်း မင်းပြောသလိုပဲ အရက်သောက်ကြတာပေါ့”

“ဟား ဟား ဟား.. အရမ်း ယဉ်ကျေးနေပြန်ပြီ”

စွန်း၀ူခုန်း ရယ်မောလိုက်ပါတော့တယ်။

ချင်းကျူ
“…”

သူ့အတွေ့အကြုံတွေက လုံး၀ ကွဲပြားနေပေမယ့်လည်း ဒီစွန်း၀ူခုန်းဟာ သူရဲကောင်း ဆန်လွန်းပြီး ဒဏ္ဍာရီထဲ သူသိထားတဲ့ မိုးမြေတန်ခိုးရှင်ကြီး စွန်း၀ူခုန်းနဲ့ ဘာမှ မခြားနားတာကိုတော့ ချင်းကျူ ခံစားမိခဲ့ပါတယ်။

တခြားလူသာ ဖြစ်မယ်ဆိုရင် ချင်းကျူဘယ်သူလဲဆိုတာ သိချင်လာမှာ ဖြစ်ပြီး သူ့ကို ထိန်းချုပ်ဖို့တောင် ကြိုးစားလာကြမှာပါ။

ဒါပေမဲ့ စွန်း၀ူခုန်းကတော့ အရင်ဆုံး အရက်သောက်ပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“အော်… ဒါနဲ့ ဒီပစ္စည်းကို ငါတို့ ဘာလုပ်ကြရမလဲ”

ချင်းကျူလည်း လက်ထဲ ကိုင်ထားတဲ့ ကောင်းကင်ဘုံ  ပင့်မြှောက်ခြင်း သံတုတ်ကို ပေါ့ပေါ့ပါးပါး မြှောက်ပြပြီး မေးမြန်းလိုက်ပါပြီ။

ဒီအချိန်မှာတော့ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်အထက်က ကျောက်သားတွေ မြေသားတွေ ပဲ့ကြွေလာခဲ့ပြီး ရွှေရောင် နတ်ဘုရားသံမဏိ ပေါ်ထွက်လာပါတောတ့ယ်။ သံတုတ်က မိစ္ဆာအော်ရာအရှိန်အဝါဟာ ပိုပြီး ကြောက်မက်ဖွယ် ကောင်းလာခဲ့ပါပြီ။ ဒါပေမဲ့လည်း ချင်းကျူအနားကိုတော့ မချည်းကပ်ဝံ့ကြပါဘူး။

ချင်းကျူက သံတုတ်ကို အလွယ်တကူ ဝှေ့ယမ်းပြလိုက်တာ တွေ့လိုက်ရတော့ စွန်း၀ူခုန်းလည်း မှင်သက်သွားပြီး မြန်မြန် ပြောလိုက်ပါတော့တယ်။

“ငါ့ကိုပေး။ ငါ့ကိုပေး”

ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို လက်ခံပြီးချိန်မှာတော့ စွန်း၀ူခုန်းလက်ထဲမှာ သံတုတ်ဟာ တဖြည်းဖြည်း အရွယ်အစား သေးငယ်လာပါတော့တယ်။ အသက်အနည်းငယ် ရှူပြီးချိန်မှာတော့ လက်ညှိုးလုံးလောက်သာ အရွယ်ရှိတော့ပြီး စွန်း၀ူခုန်းလည်း သိမ်းဆည်းလိုက်ပါပြီ။

ချင်းကျူလည်း မအံ့ဩမိခဲ့ပါဘူး။ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ဟာ နတ်ဘုရား မှော်ရတနာပဲ မဟုတ်လား။ သူဟာ သတ်ဖြတ်ခြင်း တာအိုထက်တောင် အဆင့်မြင့်နေပါပြီ။ ဒါကြောင့် စွန်း၀ူခုန်း အနေနဲ့ အရွယ်အစား ပြောင်းလဲနိုင်တာ ပုံမှန်ပါပဲ။

တစ်ခုပဲ ချင်းကျူ နားမလည်တာက ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်မှာ မှော်ရတနာ ဝိညာဉ် ရှိမနေတဲ့ အချက်ပါ။

“ကောင်းပြီလေ။ သွားကြစို့”
စွန်း၀ူခုန်း အလောတကြီး ပြောလိုက်ပါတော့တယ်။

“ခဏလေး… ငါ့မှာ မိတ်ဆွေတချို့ ပါသေးတယ်”

ချင်းကျူလည်း အဘိုးမိုတို့ကို ညွှန်ပြလိုက်ပါပြီ။

စွန်း၀ူခုန်းလည်း လက်ကို ယမ်းလိုက်ပြီး သာမန်ပဲ ပြောလိုက်ပါတော့တယ်။

“ဒါဆို အတူတူ သွားကြတာပေါ့”

“…”

မကြာခင်မှာတော့ ပန်းသစ်သီးတောင်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ချင်းကျူတို့တွေဟာ ကျောက်စားပွဲတစ်ခုမှာ ထိုင်နေကြပါပြီ။ ဒီကျောက်စားပွဲရှိရာ နေရာဟာ ကောင်းကင်ယံ တိမ်တိုက်တွေအထက် မျောလွင့်နေတဲ့ ကျောက်ဖျာကြီးပါပဲ။ စားပွဲပေါ်မှာ စားကောင်းသောက်ဖွယ် အမျိုးမျိုး ပြင်ဆင်ထားပါသေးတယ်။ သင်းပျံ့တဲ့ အရက်နံ့ကိုလည်း ရနေတာကြောင့် ဘယ်သူမဆို မူးယစ် ရီဝေ သွားကြမှာပါ။

စွန်း၀ူခုန်းဟာ မဟာနတ်ဘုရားခုံရုံးရဲ့ ဧကရာဇ် ပီသပါပေတယ်။ သူ့ရဲ့ ဝိညာဉ်အရက်တွေဟာ နှစ်ပေါင်းသောင်းချီ သက်တမ်း ရှိနေပါပြီ။ ဒါပေမဲ့လည်း အရက်ချက်ရာမှာ အသုံးပြုတဲ့ ကောင်းကင်ရတနာတွေ ကွာခြားချက်ကြောင့် အဘိုးမိုရဲ့ နှစ်တစ်သောင်း သက်တမ်းရှိ အရက်တွေကိုတော့ မမှီသေးပါဘူး။ ဒါပေမဲ့ သူ့အနံ့ အရသာဟာ ကွဲပြားနေခဲ့ပါတယ်။

ပြောစရာ တစ်ခုပဲ ရှိတာကတော့ မော်နီတော ဆိုတဲ့ ကျွဲဘီလူးကြီးဟာ အမဲသားဗန်းတစ်ခုကို ကျောက်စားပွဲပေါ် လာတင်ပေးသွားခဲ့တာပါ။ ချင်းကျူတောင်မှ မယုံနိုင်အောင် ဖြစ်သွားခဲ့ပါပြီ။ ဘယ်လိုလုပ်ပြီး…

ဒီအချိန်မှာ မိန်းကလေး နှစ်ဦး လျှောက်လှမ်းလာပါတော့တယ်။ သူတို့တွေက မက်မွန်သီးပန်းကန် တချို့ကို နေရာချပေးပြီးနောက် ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့ကြပါပြီ။

“အဲဒီ မက်မွန်သီးတွေက နတ်ဘုရားသစ်သီးတွေချည်းပဲ။ ညီလေးချင်း.. ညီလေးအနေနဲ့ စိတ်ကြိုက်စားနိုင်တယ်။ အများကြီး ကျန်နေသေးတယ်”

ဝိညာဉ်အရက်ကို မော့သောက်ရင်း စွန်း၀ူခုန်း ရက်ရောစွာ ပြောလိုက်ပါတော့တယ်။

“ကျေးဇူးပါပဲ”

ချင်းကျူ ခါးသီးစွာ ပြုံးလိုက်မိပါပြီ။ သူ့အနေနဲ့ တစ်ရက်မှာတော့ စွန်း၀ူခုန်းနဲ့ တစ်စားပွဲထဲ ထိုင်ပြီး အရက်အတူတူ သောက်ဖြစ်လိမ့်မယ်လို့ တွေးတောင် မတွေးမိခဲ့ပါဘူး။ တကယ်ကို စာဖွဲ့လို့မရအောင်ပါပဲ။

“နတ်ဘုရား သစ်သီးတွေလား…”

သတ်ဖြတ်ခြင်း တာအိုဓား မျက်လုံးတွေ အရောင်တောက်ပလာခဲ့ပါပြီ။ ချက်ချင်းပဲ မက်မွန်သီးတစ်လုံးကို သူမ ပါးစပ်ထဲ သွပ်သွင်းလိုက်ပါတော့တယ်။ ဒါက အဘိုးမို ကမ္ဘာထဲ စိုက်ပျိုးထားတဲ့ သစ်သီးတွေကို မှီဖို့ အဝေးကြီးလိုသေးတဲ့သာမန် အဆင့်၂၀ နတ်ဘုရား သစ်သီးတွေ ဖြစ်ပေမယ့်လည်း သတ်ဖြတ်ခြင်း တာအိုဓားကတော့ ကျေနပ်မိခဲ့ပါတယ်။

ဒါကို တွေ့လိုက်ရတော့ ယန့်ရှီလည်း စားဖို့ ကြိုးစားလိုက်ပါပြီ။ ဒါပေမဲ့ ချင်းကျူ ဟန့်တားခဲ့ပါတယ်။

ယန့်ရှီရဲ့ မူလတာအို သူတော်စင်အဆင့်နဲ့ အဆင့် ၂၀ နတ်ဘုရားသစ်သီးကို စားဖို့မပြောနဲ့ အဆင့် ၇ အဆင့် ၈ ဝိညာဉ်သစ်သီးတွေကိုတောင် စားချင်တိုင်း စားလို့ မရသေးပါဘူး။ မဟုတ်ဘူးဆိုရင် သူမ ပေါက်ကွဲသေဆုံးသွားနိုင်ပါတယ်။

“ဝူး ဝူး”

ယန့်ရှီလည်း ကူကယ်ရာမဲ့စွာနဲ့ ရုန်းကန်နေပါပြီ။ သူမ ခေါင်းကို ခါယမ်းနေမိပါတော့တယ်။

“ဒါနဲ့.. ညီလေးချင်းက ဘယ်ကနေ ရောက်လာခဲ့တာလဲ”

အရက် ၃ အိုး ကုန်သွားပြီးနောက် စွန်း၀ူခုန်းလည်း ဒီကိစ္စကို မေးမြန်းလာခဲ့ပါပြီ။

“ငါက ရွှမ်းရီတောင်တန်းဂိုဏ်းမှာ …”
ချင်းကျူ အမှန်အတိုင်း ဖြေလိုက်ပါတော့တယ်။

“ရွှမ်းရီတောင်တန်းဂိုဏ်း”
စွန်း၀ူခုန်း မှင်သက်သွားခဲ့ပါပြီ။ အဲဒီလို အဖွဲ့အစည်းမျိုး နတ်ဘုရားလောကမှာ ရှိလို့လား။

“အမှန်ပဲ။ အဲဒါက နေရာသေးသေးလေး တစ်ခုပါ”

ချင်းကျူ ညာမပြောခဲ့ပါဘူး။ အတွင်းလောကမှာ ရွှမ်းရီတောင်တန်းဂိုဏ်းဟာ တကယ်ကို ပမွှားလေးပါပဲ။ နတ်ဘုရားလောကနဲ့ ယှဉ်လိုက်မယ်ဆိုရင် စာတောင်ဖွဲ့ဖို့ မလွယ်တော့ပါဘူး။

“အော်.. ငါနားလည်ပြီ”

နတ်ဘုရားလောကဟာ အတိုင်းအဆမဲ့ ကျယ်ပြောလွန်းပါတယ်။ ဒါကြောင့် တချို့ လျှို့ဝှက်ဂိုဏ်းတွေ ရှိနေတာ ပုံမှန်ပါပဲ။ ပြီးတော့ ချင်းကျူက နှစ်ပေါင်း တစ်သိန်းကျော်အတွင်း ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ပထမဆုံးအကြိမ် ဆွဲနှုတ်နိုင်ခဲ့သူ မဟုတ်လား။ ဒါကြောင့် စွန်း၀ူခုန်း အများကြီး တွေးမနေတော့ပါဘူး။

အရေးအကြီးဆုံးကတော့ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်က ခေါင်းဆောင်ကလွဲရင် ပြိုင်ဘက် မရှိတော့ဘူးလို့ စွန်း၀ူခုန်း ခံယူထားပါတယ်။ ဒါကြောင့် ချင်းကျူနဲ့ ပတ်သက်ပြီး စိတ်ပူမနေခဲ့တာပါ။

ဆင်တစ်ကောင်က ပုရွက်ဆိတ် တစ်ကောင်ကို မကြောက်သလိုပဲ မဟုတ်လား။ စွန်း၀ူခုန်းဟာ ချင်းကျူကို မကြောက်ရွံ့တဲ့အတွက် အလွယ်တကူ မိတ်ဆွေဖွဲ့နိုင်ခဲ့တာပါ။

နောက်ပိုင်းမှာတော့.. လူနှစ်ဦး.. အဲ .. လူတစ်ဦးနဲ့ မျောက်မင်းတစ်ကောင်တို့ ကောင်းကင်ယံ မှောင်မိုက်သွားချိန်အထိ အရက်ကို ဆက်သောက်ဖြစ်ခဲ့ကြပါတယ်။

“ညီလေးချင်းက တော်တော်ကို သောက်နိုင်တာပဲ”

လက်ထဲ ကိုင်ထားတဲ့ အရက်အိုးကို လွှင့်ပစ်လိုက်ပြီး စွန်း၀ူခုန်း ချီးကျူးလိုက်ပါပြီ။

သူ့အနေနဲ့ ဝိညာဉ်စွမ်းအင် အသုံးပြုပြီး အရက်အမူး မဖြေခဲ့ဘူးဆိုရင် စွန်း၀ူခုန်း လဲကျသွားတော့မှာပါ။ တစ်ဖက်မှာတော့ ချင်းကျူဟာ ဝိညာဉ်စွမ်းအင်နဲ့ အမူးမဖြေခဲ့ပါဘူး။ သူဟာ အရက်မူးနေပုံတောင် မရပါဘူး။

“…”

ဘာဖြစ်လို့ သူဒီလောက် သောက်နိုင်ရတာလဲ ဆိုတာကို ချင်းကျူလည်း မပြောပြတတ်အောင် ဖြစ်နေခဲ့ပါတယ်။

အရင်တုန်းက သူသတိမထားမိခဲ့ပါဘူး။ ဒါပေမဲ့ မခုတော့ သူ့သောက်နိုင်စွမ်းဟာ သူ့အစွမ်းအစတွေလိုပဲ နေ့စဉ်နေ့တိုင်း တိုးတိုးလာနေသလို ခံစားနေရပါပြီ။ ပြီးတော့ သူဘယ်လောက်ပဲ သောက်သောက် အများဆုံးမှ မူးယစ်ရီဝေနေရုံလောက်သာ ဖြစ်လာပြီး ဘယ်တော့မှ မမှောက်သွားတော့ပါဘူး။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 27
Chapter 6
အတူတူ အိပ်

အချိန်ကြာလာတာနဲ့အမျှ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ချင်းကျူ ဆွဲနှုတ်လိုက်တဲ့ သတင်းဟာ  မဟာနတ်ဘုရားခုံရုံးတခွင် ပျံ့နှံ့သွားခဲ့ပါပြီ။ ထင်ထားသလိုပဲ တလောကလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပါတော့တယ်။

ခဏလောက်တော့ အကြီးအကဲတွေ အစောင့်အရှောက်တွေဟာ ချင်းကျူကို အလွန်စိတ်ဝင်စားလာခဲ့ကြပါပြီ။ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ဆွဲနှုတ်လိုက်တဲ့ လူငယ်လေးကို သိချင်လာကြသလိုပါပဲ။

ပြောရရင် ချင်းကျူဟာ နှစ်ပေါင်း တစ်သိန်းအတွင်း ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို ပထမဆုံးအကြိမ် ဆွဲနှုတ်နိုင်ခဲ့သူ မဟုတ်လား။

ပြောရရင် နတ်ဘုရားလောကမှာ ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို နှစ်ပေါင်း တစ်သိန်းအတွင်း ဆွဲနှုတ်နိုင်သူ မပေါ်လာခဲ့တာ အကြောင်းအရင်း ၂ ခု ရှိနေခဲ့ပါတယ်။

ပထမ အချက်ကတော့ သံတုတ်ကို ဆွဲနှုတ်နိုင်ကြသူတွေဟာ စွန်း၀ူခုန်းရဲ့ မိတ်ဆွေတွေ ဖြစ်နေကြပြီး ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ကောင်းကင်ဘုံ ပင့်မြှောက်ခြင်း သံတုတ်ကို သူတို့ ထပ်ပြီး ဆွဲနှုတ်စရာ မလိုအပ်တော့ပါဘူး။

ဒုတိယ အချက်ကတော့ ကျန်တဲ့လူတွေဟာ စွန်း၀ူခုန်းရဲ့ ရန်သူတော်တွေပါ။ ဒါကြောင့် သူတို့တွေဟာ မဟာနတ်ဘုရား ခုံရုံးဆီ ခြေမချဝံ့ကြပါဘူး။ ပြောရရင် ကောင်းကင်ဘုံ နန်းတော်က တန်ခိုးရှင်တွေပေါ့။

ကောင်းကင်ဘုံ နန်းတော်နဲ့ မဟာနတ်ဘုရား ခုံရုံးတို့ ပတ်သက်မှုဟာ ချင်းကျူက ကောင်းကင်ဘုံ နန်းတော်ကို မဖျက်ဆီးလိုက်ခင်အထိ တော်တော်လေးကို ဆိုးရွားနေခဲ့ပါတယ်။ သူတို့ နှစ်ဖွဲ့ဟာ မကြာမကြာ တိုက်ခိုက်နေကြသလို မဟာနတ်ဘုရား ခုံရုံးအနေနဲ့ မိုးပြိုသွားရင်တောင်မှ ကောင်းကင်ဘုံ နန်းတော်ရဲ့ ပိုင်နက်တွေကိုသိမ်းပိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။

ဒါပေမဲ့ ကောင်းကင်ဘုံ နန်းတော်က ကျန်နေတဲ့ တန်ခိုးရှင်တွေဟာ မဟာနတ်ဘုရား ခုံရုံးနဲ့ ပူးပေါင်းခဲ့မယ်ဆိုရင် မဟာနတ်ဘုရားခုံရုံးကလည်း ဖြစ်သမျှ အကြောင်း အကောင်းလို့သာ သတ်မှတ်မှာပါ။ ဒါပေမဲ့ မပူးပေါင်းဘူးဆိုရင်တော့ ၀ရမ်းပြေး စာရင်းထဲ ဝင်သွားပြီး လိုက်လံသတ်ဖြတ်ခြင်း ခံရနိုင်ပါတယ်။ ဒါမှမဟုတ် ကောင်းကင်နတ်ဘုရား မျိုးနွယ်နဲ့ သူတို့ ပူးပေါင်းခဲ့မယ်ဆိုရင်တော့ မဟာနတ်ဘုရားခုံရုံးရဲ့ လိုက်လံသတ်ဖြတ်မှုကနေ ရှောင်ကွင်းနိုင်မှာပါ။

ဒီအချိန်မှာတော့ ပန်းသစ်သီးတောင်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ချင်းကျူတစ်ယောက် ကျောက်တုံးတစ်တုံးအထက် လဲလျောင်းနေခဲ့ပါတယ်။ သူ့ဦးခေါင်းအထက်မှာ ကြယ်တာရာစုံ ကောင်းကင်ဘုံဟာ အဆုံးအစမဲ့လို့ပါ။ သူ့ဝန်းကျင်မှာတော့ သင်းပျံ့တဲ့ အနံ့တွေ လွင့်ပျံ့လာနေတဲ့ မက်မွန်သီးပင်တွေ ရှိနေခဲ့ပါတယ်။ ဒီရှုခင်းဟာ အလွန်ကလို လိုက်ဖက်တာကြောင့် အလွန်ကို လှပလွန်းလှပါတယ်။

ကိစ္စတစ်ခုရှိလို့ စွန်း၀ူခုန်း ထွက်သွားပါပြီ။ ဒါကြောင့် ချင်းကျူလည်း နေရာရှာပြီး အနားယူနေခဲ့တာပါ။

“ဟူး.. တော်တော်ကို ပျင်းဖို့ ကောင်းတာပဲ”
ချင်းကျူ ပျင်းရိစွာ ပြောလိုက်ပါတော့တယ်။

မဟာနတ်ဘုရား ခုံရုံးဆီ သူရောက်လာခဲ့ရတဲ့ အကြောင်းအရင်းကတော့ ခေါင်းဆောင်ဖြစ်သူ ဘယ်သူဆိုတာ အတိအကျ သိချင်လို့ပါ။

အခုတော့ အတည်ပြုပြီးသွားခဲ့ပါပြီ။ ချင်းကျူ နည်းနည်းတော့ စိတ်ပျက်မိသွားခဲ့ပါတယ်။ သူက အလွန်အစွမ်းထက်နေတာကြောင့်လည်း တစ်ဖက်စွန်း၀ူခုန်းက ထင်ထားသလို ပြိုင်ဘက်ကင်း ဖြစ်မနေတာကြောင့် ဖြစ်မှာပါ။

ဒါပေမဲ့ စွန်း၀ူခုန်းရဲ့ နတ်ဘုရားဘုရင် အထက် အထွတ်အထိပ်အဆင့် အစွမ်းနဲ့ အမှားအယွင်း မရှိခဲ့ဘူးဆိုရင် ကောင်းကင်ဘုံ တက်လှမ်းခြင်း နတ်ဘုရားဘုရင်အဆင့်ကို နောင်အချိန်မှာ တက်လှမ်းရောက်ရှိလာမှာ သေချာပါတယ်။ အဲဒီအချိန်ကျရင် သူ့အနေနဲ့ နတ်ဘုရားလောက အပြင်ဘက်ကို တွန်းထုတ်ခံလိုက်ရမလား။

စဉ်းစားရင်း ချင်းကျူ ရယ်မောလိုက်မိပါတော့တယ်။

“မစ္စတာချင်း.. ဘာတွေလုပ်နေတာလဲ”

ဒီအချိန်မှာ လူရွှမ်ရဲ့ သိမ်မွေ့တဲ့ စကားသံဟာ တိတ်ဆိတ်မှုကို ဖြိုခွဲသွားခဲ့ပါပြီ။ အဝေးကနေ သူမ လျှောက်လှမ်းလာနေတာ တွေ့လိုက်ရပါတော့တယ်။

“ငါအိပ်တော့မလို့”

ချင်းကျူ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့ပါပြီ။ ဒီကောင်မလေးက ခေါင်းမာလွန်းတယ်လေ။

“ကျွန်မလည်း ရှင်နဲ့အတူတူ အိပ်မယ်လေ”

လူရွှမ် သတိထားပြီး ပြောလိုက်ပါတော့တယ်။

ချင်းကျူ
“…”

“စိတ်မပူပါနဲ့။ မစ္စတာချင်းကို အနှောင့်အယှက် မဖြစ်စေရပါဘူး”

ပြောပြောဆိုဆိုနဲ့ ချင်းကျူ လဲလျောင်းနေတဲ့ ကျောက်တုံးထက် သူမ ခုန်တက်လိုက်ပြီး ချင်းကျူနံဘေး လဲလျောင်းလိုက်ပါပြီ။

“…”

ပကျူး ပကျူ ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

နံဘေးကနေ သင်းပျံ့မွှေးကြိုင်လှတဲ့ ကိုယ်သင်းနံ့ကို ရရှိလိုက်တာကြောင့် ချင်းကျူလည်း ကူကယ်ရာမဲ့စွာ မျက်လုံးကို လှန်လိုက်မိပါတော့တယ်။ ဒီသမင်မလေးက ဒီလောက်အထိ ရိုးသားနေရုံတင် မကတော့ပါဘူး။ သူဟာ တချို့သော အကြောင်းအရာတွေကိုပါ နားမလည်ထားသေးဘူးပဲ။

“ရှင်.. ရှင်တို့တွေ ဘာလုပ်နေကြတာလဲ”

ရုတ်တရက်ဆိုသလို သတ်ဖြတ်ခြင်း တာအိုဓားဟာ တရားကျင့်တာ ရပ်တန့်လိုက်ပြီး မက်မွန်သီး တောအုပ်ထဲ ဝင်ရောက်လာခဲ့ပါတယ်။ သူမ အခုတော့ အံ့ဩသွားခဲ့ပါပြီ။

“…”

ချင်းကျူ ပြန်ဖြေတာကို မစောင့်ပဲ သတ်ဖြတ်ခြင်း တာအိုဓား အသည်းအသန် ပြေးဝင်လာခဲ့ပြီး သူတို့ နှစ်ဦးအကြား ခုန်ဝင်လိုက်ပါပြီ။ ပြီးတာနဲ့ ကြာပန်းသဏ္ဌာန် ထိုင်ချလိုက်ပါတော့တယ်။

ချင်းကျူ
“…”

ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

အဲ့ဒါ ဘာအဓိပ္ပာယ်လဲဟင်။

“ဖယ်စမ်း”

သတ်ဖြတ်ခြင်း တာအိုဓားက သူတို့နှစ်ဦး အလယ်မှာ ဟန့်တားနေခဲ့တာကြောင့် လူရွှမ်လည်း မကျေမနပ်ဖြစ်သွားခဲ့ပါပြီ။

“ဟမ့်.. ငါက ဘာဖြစ်လို့ ဖယ်ရမှာလဲ”

သတ်ဖြတ်ခြင်း တာအိုဓား နှာခေါင်းရှုံ့လိုက်ပါတော့တယ်။

“သူက ငါ့ဆရာလေ။ နင့်ရဲ့ ဆရာမှ မဟုတ်တာ”

ချင်းကျူ
“…”

ဘာဖြစ်လို့ ကလေးနှစ်ယောက် ရန်ဖြစ်နေသလို သူခံစားနေရတာလဲ။

“ဒါက..”

လူရွှမ် ပါးစပ်ဟလိုက်မိပေမယ့်လည်း ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့ပါပြီ။

မတတ်နိုင်ဘူးလေ။ ချင်းကျူက သတ်ဖြတ်ခြင်း တာအိုဓားရဲ့ ဆရာပဲ မဟုတ်လား။

“ကဲ ကဲ.. ပေါက်ကရတွေ လျှောက်လုပ်မနေကြနဲ့တော့။ မင်းတို့ အိပ်ဖို့ မလိုအပ်ဘူးဆိုရင် မြန်မြန် ဆင်းသွားကြချေ”

ချင်းကျူလည်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်ပါတော့တယ်။

“ကျွန်မတို့ အိပ်ဖို့ မလိုအပ်ဘူးလို့ ဘယ်သူ ပြောတာလဲ”

မီးစာကို ရှို့လိုက်သလိုပဲ နှစ်ယောက်သား သံပြိုင် ပြန်ပြောလိုက်ကြပါပြီ။

ပကျူး ပကျူ ပကျူး
ကျီးကန်း ၁ ကောင် ဖြတ်ပျံသွား။

“…”

ချင်းကျူ ပြန်ပြောတာကို မစောင့်ပဲ သူတို့ နှစ်ယောက်လုံး ချက်ချင်း မျက်လုံးတွေ မှိတ်လိုက်ကြပါတော့တယ်။ သူတို့ အော်ရာအရှိန်အဝါကိုလည်း သိမ်းဆည်းလိုက်ကြပါပြီ။ သူတို့ အသက်ရှူသံတွေဟာ ချက်ချင်း အလွန်ရှည်လျား တည်ငြိမ်သွားပါတော့တယ်။

ပြောရရင် ဇီဖူအဆင့်ကို ရောက်ရှိပြီးချိန်ကစလို့ တစ်ဦးအနေနဲ့ ဝိညာဉ်ကီ စွမ်းအင်ကို အသုံးပြုပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်လို့ အိပ်ဖို့ စားဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ သူတို့တွေသာ အိပ်ချင်တယ်ဆိုရင် အချိန်မရွေး အိပ်စက်လို့ ရပါတယ်။ သတ်ဖြတ်ခြင်း တာအိုဓားနဲ့ လူရွှမ်တို့တွေလည်း အတူတူပါပဲ။

ဒါကြောင့် သူတို့တွေက အခု ဟန်ဆောင်နေကြတာ မဟုတ်ပဲ တကယ်ပဲ အိပ်မောကျသွားခဲ့ကြတာပါ။

“…”

ဒီလို ဖြစ်လာမယ်လို့ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။ သူလည်း သက်ပြင်းချလိုက်ပြီး လျစ်လျူရှုထားလိုက်ပါတော့တယ်။ ပြီးတာနဲ့ မျက်လုံးကို မှိတ်လိုက်ပြီး အိပ်စက်လိုက်ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူဘာမှ မလုပ်ခဲ့ပါဘူး။

နောက်တစ်နေ့ မနက်။

နေရောင်ခြည် ဖြာကျလာခဲ့တာကြောင့် အမှောင်ထု ပြိုကွဲသွားခဲ့ပါပြီ။

ဝိညာဉ်ကီစွမ်းအင်တွေဟာ မြူခိုးတွေအလား ပန်းသစ်သီး တောင်ကို လုံး၀ လွှမ်းခြုံထားပါတယ်။ ဒီမြင်ကွင်းက လောကနိဗ္ဗာန်တစ်ခုလိုပါပဲ။

ချင်းကျူ နိုးလာချိန်မှာ တစ်ခုခုက သူ့မျက်နှာကို ဖိထားတယ်လို့ ခံစားလိုက်ရပါပြီ။ အလွန်ကို ပျော့ပျောင်းလွန်းနေခဲ့ပါတယ်။

ချင်းကျူလည်း မျက်လုံးကို ဖွင့်လိုက်ပြီးချိန်မှာတော့ မှင်သက်သွားခဲ့ပါပြီ။

လူရွှမ်က ဘယ်တုန်းက သူ့ကိုယ်ပေါ်မှာ အိပ်ပျော်သွားခဲ့တာလဲ။

သူမရဲ့ ရင်သားတွေက သူ့မျက်နှာတစ်ဖက်ကို ရောက်နေကြပါပြီ။

ချင်းကျူလည်း လူရွှမ်ကို တွန်းထုတ်လိုက်ပါတော့တယ်။ ဒီတော့မှပဲ သတ်ဖြတ်ခြင်း တာအိုဓားကလည်း သူ့ကိုယ်ပေါ်မှာ ဘယ်တုန်းကမှန်းမသိ ရောက်နေတာကို သိလိုက်ရပါပြီ။ သူတို့ ပုံစံက လူသားပိရမစ်တစ်ခုလိုပါပဲ။

“အိုး.. မစ္စတာချင်း. နှိုးပြီလား”

လှုပ်လှုပ်ရှားရှားတွေကြောင့် လူရွှမ်လည်း မျက်လုံးကို ပွတ်သပ်ပြီး နားမလည်နိုင်စွာ ဖွင့်လိုက်ပါတော့တယ်။

အခု ပုံအရ သူမဟာ အစစ်အမှန် နတ်ဘုရာအထက်အဆင့် တန်ခိုးရှင်တစ်ဦးကော ဟုတ်သေးရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။

“အဲ.. ဆရာ”

သတ်ဖြတ်ခြင်း တာအိုဓားလည်း နှိုးလာပြီးနောက် ချင်းကျူကိုယ်ပေါ်ကနေ မြန်မြန် ဆင်းလိုက်ပါတော့တယ်။

ချင်းကျူ
“….”

ဒီနှစ်ယောက် မနေ့ညတုန်းက တကယ်ကော အိပ်ကြရဲ့လားဆိုတာ ချင်းကျူ မေးခွန်းထုတ်နေမိပါပြီ။

“ဟား ဟား ဟား.. မိတ်ဆွေလေးချင်း”

အဘိုးမို ရောက်လာပြီး အဖြစ်အပျက်ကို တွေ့လိုက်ရတော့ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း လှည့်ထွက်သွားခဲ့ပါပြီ။ သူဘာကိုမှ မမြင်ချင်ယောင် ဆောင်လိုက်တာပါ။

ပကျူး ပကျူး ပကျူ
ကျီးကန်း ၁၀ ကောင် ဖြတ်ပျံသွား။

“….”

“…”

ဆယ်မိနစ် အကြာမှာတော့ မနေ့တုန်းက စားသောက်ခဲ့တဲ့ ကောင်းကင်ယံအထက် မျောလွင့်နေတဲ့ ကျောက်ဖျာကြီးဆီ ချင်းကျူတို့ ပြန်ရောက်လာခဲ့ကြပါပြီ။ အခုတော့ စွန်း၀ူခုန်းကို မတွေ့ရပါဘူး။ သူ့နေရာမှာ ၀၀တုတ်တုတ် ဝက်မိစ္ဆာကြီးတစ်ကောင် ရှိနေခဲ့ပါတယ်။

“ဟယ်လို.. ငါ့နာမည်က ကျူးပါကျဲပါ။ အခု ဧကရာဇ်က အလုပ်များနေတာကြောင့် မင်းတို့ကို ဧည့်ခံဖို့ ငါ့ကို မှာထားခဲ့ပါတယ်”

ဝက်မိစ္ဆာကြီးက လေးလေးစားစား ပြောလိုက်ပါပြီ။

“အားလုံးစားဖို့ ဒီစားကောင်းသောက်ဖွယ်တွေကို ငါပြင်ဆင်ပေးထားပါတယ်”

ကျောက်စားပွဲအထက် အလွန်ကို မွှေးကြိုင်လှတဲ့ ဟင်းပွဲအများအပြားကို တွေ့လိုက်ရပါပြီ။ မနေ့တုန်းကလိုပဲ ဟင်းပွဲတွေ စုံလင်လွန်းလှပါတယ်။

ကျူးပါကျဲလား။

ချင်းကျူလည်း မအောင့်နိုင်တော့ပဲ မေးမြန်းလိုက်ပါပြီ။

“ဒါဆို မင်းတို့ မဟာနတ်ဘုရား ခုံရုံးမှာ ဆားဆိုတဲ့ တန်ခိုးရှင်ကော ရှိလား”

“ရှိတာပေါ့။ သူ့အကြောင်း သိချင်လို့လား”

ကျူးပါကျဲ နားမလည်နိုင်အောင် ဖြစ်သွားပါတော့တယ်။

“…”

ဟာ… ဒါဆို နဂါးဖြူနဲ့ ဘုန်းကြီးပါ ရှိနေဦးမယ်ဆိုရင် လူတွေ ဖတ်ထားတဲ့ ၀တ္ထုထဲက အတိုင်းပဲ ဖြစ်နေပြီပေါ့။

“မသိချင်ပါဘူး”

ချင်းကျူလည်း ခေါင်းကို ခါယမ်းလိုက်ပြီး ထပ်မမေးနေတော့ပါဘူး။ အဲဒီအစား သူထိုင်ချလိုက်ပြီး စားသောက်ဖွယ်ရာတွေကို စားသောက်လိုက်ပါတော့တယ်။

ပြောစရာ တစ်ခုပဲ ရှိတာက ကျူးပါကျဲဟာ ၀တုတ်ဖောင်းကားနေပေမယ့်လည်း အစစ်အမှန် နတ်ဘုရား အထက်အဆင့်ကို ရောက်ရှိနေပါပြီ။ မဟာနတ်ဘုရား ခုံရုံးမှာတော့ သူ့အဆင့်ဟာ ပေါ့သေးသေး မဖြစ်နိုင်တော့ပါဘူး။ မဟုတ်ဘူးဆိုရင် စွန်း၀ူခုန်းက သူ့ကို စေလွှတ်ပြီး ဧည့်ခံခိုင်းမှာလား။

ဗိုက်၀အောင် စားသောက်ပြီးတာနဲ့ ချင်းကျူ မတ်တတ်ထရပ်လိုက်ပြီး
“ကောင်းပြီလေ။ ငါတို့လည်း သွားဖို့ အချိန်တန်ပြီ”

အခု လာရတဲ့ ရည်ရွယ်ချက်က စွန်း၀ူခုန်းကို အတည်ပြုဖို့ မဟုတ်လား။ အခုဆို အတည်ပြုပြီး ဖြစ်တဲ့အပြင် မိတ်ဆွေတောင် ဖြစ်နေပြီ ဆိုတော့ ဆက်ပြီးနေစရာ မလိုအပ်တော့ပါဘူး။

နောင်ကျ သူအချိန်ရရင် ထပ်ပြီးလာလည်လို့ ရပါသေးတယ်။

“အဲ.. မင်းတို့ ပြန်ကြတော့မလို့လား”

ကျူးပါကျဲ မှင်သက်သွားခဲ့ပါပြီ။

“အေး… ကောင်းကင် တန်ခိုးရှင်ကိုလည်း ပြောလိုက်ပါဦး။ အခုလို ဧည့်ဝတ်ကျေပွန်မှုအတွက် အထူးကျေးဇူးတင်ပါတယ်လို့”

ချင်းကျူ ခေါင်းညိတ်လိုက်ပါတော့တယ်။

ကောင်းကင်တန်ခိုးရှင်… အဲဒါက ဘာဘွဲ့နာမည်လဲ။

“ဟု.. ဟုတ်ကဲ့”

ဘာကြောင့်မှန်းမသိ ချင်းကျူတို့ကို တွေ့ရချိန်မှာ ကျူးပါကျဲတစ်ယောက် စာဖွဲ့လို့မရတဲ့ အကြောက်တရားကို ခံစားမိခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့တွေက ကောင်းကင်ဘုံပင့်မြှောက်ခြင်း သံတုတ်ကို ဆွဲနှုတ်နိုင်ခဲ့တာပေါ့။ ချင်းကျူဟာ တကယ်ကို ပေါ့သေးသေး မဟုတ်ပေဘူးပဲ။

မဟာနတ်ဘုရား ခုံရုံးကနေ ထွက်ခွာလာပြီးချိန်မှာ ချင်းကျူအနေနဲ့ နတ်ဘုရားလောကထဲက နေရာတချို့ဆီ ဝင်လည်ဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 27
Chapter 7
နတ်ဘုရား ဂူသင်္ချိုင်း

ကျယ်ပြောလှတဲ့ စကြ၀ဠာအတွင်း မရေမတွက်နိုင်အောင် များပြားတဲ့ ကြယ်တာရာတွေ တဖျတ်ဖျတ် တောက်ပနေတာကို တွေ့ရမှာပါ။ မကြာမကြာ ဆိုသလို အမြှီးရှည်ရှည်နဲ့ ကြယ်တံခွန်တွေ ဖြတ်ပျံသွားတာ တွေ့ရပါလိမ့်မယ်။

အချိန်ဘယ်လောက် ကြာသွားလဲ မသိတော့ပါဘူး။ မီးခိုးရောင် စစ်သင်္ဘောကြီး တစ်စင်းဟာ မြင်ကွင်းထဲ ပေါ်လာခဲ့ပါပြီ။ ဒီစစ်သင်္ဘောကြီးဟာ မမြန်လွန်းသလို မနှေးလွန်းပါဘူး။

ဒါပေမဲ့ စစ်သင်္ဘောကြီး အနား ချည်းကပ်လာကြတဲ့ စကြ၀ဠာ မုန်တိုင်းတွေကတော့ ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။ မြင်ကွင်းက အံ့မခန်းပါပဲ။

ဒီအချိန်မှာတော့ စစ်သင်္ဘောအတွင်း ချင်းကျူဟာ လက်နှစ်ဖက် နောက်ပစ်ပြီး ရပ်နေခဲ့ပါတယ်။ သူဟာ ကျယ်ပြောလှတဲ့ စကြ၀ဠာကို ပြတင်းပေါက်ကနေ အေးအေးဆေးဆေး ငေးကြည့်နေခဲ့တာပါ။

သူ့နံဘေးမှာတော့ အဘိုးမိုဟာ စကြ၀ဠာကို အာရုံစိုက် ကြည့်ရှုရင်း တစ်ခုခုကို နားလည်သဘောပေါက်နိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။

အခုဆို မဟာနတ်ဘုရား ခုံရုံးကနေ သူတို့ ထွက်ခွာလာခဲ့တာ ခုနစ်ရက်ပြည့်သွားခဲ့ပါပြီ။ ဒီအတောအတွင်း ချင်းကျူ နေရာတော်တော်များများ သွားလာဖြစ်ခဲ့ပါတယ်။ ကောင်းကင်ဘုံ နတ်ဘုရား မျိုးနွယ်နဲ့ သမိုင်းတလျှောက် နာမည်ကြီးခဲ့တဲ့ နတ်ဘုရားလောက နေရာတော်တော်များများကိုလည်း လည်ပတ်ပြီးသွားပါပြီ။

ရှုခင်းတွေကို ကြည့်ရတာ သဘောကျနေတာကြောင့် ချင်းကျူဟာ နောက်တစ်နေရာကို ထပ်မသွားဖြစ်ပဲ စစ်သင်္ဘောကြီးနဲ့ စကြ၀ဠာအတွင်း လေလွင့်သွားလာနေခဲ့တာပါ။

စစ်သင်္ဘောကြီးကတော့ အဘိုးမိုရဲ့ စစ်သင်္ဘောကြီးပါပဲ။

အဘိုးမိုဟာ စစ်သင်္ဘောကြီးကို ၀င်္ကပါ အထပ်ထပ် ချထားခဲ့တာကြောင့် လျှော့တွက်လို့ မဖြစ်ပါဘူး။ နတ်ဘုရားဘုရင် အထက်အဆင့် တန်ခိုးရှင်တွေတောင်မှ စစ်သင်္ဘောကြီးကို ဖျက်ဆီးနိုင်စွမ်း ရှိမှာ မဟုတ်တာ သေချာပါတယ်။ စစ်သင်္ဘောကြီးရဲ့ တစ်ဖက်တစ်ချက်မှာ တပ်ဆင်ထားတဲ့ လက်နက်တွေဟာ အစစ်အမှန် နတ်ဘုရားတွေကို အလွယ်တကူ သတ်ဖြတ်နိုင်နေပါပြီ။

“ဆရာ.. သမီးဗိုက်ဆာလို့”

ယန့်ရှီလည်း ချင်းကျူ ပုခုံးအထက် ထိုင်ရင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါတော့တယ်။

ချင်းကျူ
“…”

“ရော့.. ယူထားလိုက်လေ”

ချင်းကျူလည်း ဝိညာဉ်သစ်သီး တစ်လုံးကို ထုတ်ယူပေးလိုက်ပြီး ယန့်ရှီကို အာရုံလွှဲထားလိုက်ပါပြီ။ ပြီးတာနဲ့ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး နက်နက်နဲနဲ တွေးတောစဉ်းစားနေမိပါတော့တယ်။

စဉ်းစားကြည့်မယ်ဆိုရင် အခုဆို သူထွက်လာခဲ့တာ တစ်လနီးပါး ရှိနေပြီ မဟုတ်လား။ ရွှမ်းရီတောင်တန်းဂိုဏ်း ဘယ်လို ဖြစ်နေပြီလဲလို့ သူတွေးနေမိခဲ့ပါတယ်။

သူပြန်သွားကြည့်ရင် ကောင်းမလား။

စဉ်းစားရင်း ချင်းကျူ ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ မျက်လုံးထောင့်စွန်း နေရာမှာ ကုန်းမြေတိုက်ကြီး တစ်ခုကို တွေ့လိုက်ရပါပြီ။

ထူးဆန်းတာကတော့ ဒီကုန်းမြေတိုက်ကြီးမှာ ကာကွယ်ပေးထားတဲ့ စွမ်းအင်အလွှာ ရှိမနေခဲ့တာပါ။ ဒါကြောင့်လည်း စကြ၀ဠာထဲမှာ ဥက္ကာခဲတွေဟာ ကုန်းမြေတိုက်ကြီးကို အလွယ်တကူ ဝင်တိုက်နေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒါက အဓိက မကျသေးပါဘူး။ အဓိကကတော့ ရာချီတဲ့ မှော်ရတနာ ယာဉ်ပျံတွေဟာ ကုန်းမြေတိုက်ကြီးပေါ်ဆက်တိုက် ဆင်းသက်လာနေကြတာပါ။ ပြီးတော့ သူတို့အားလုံး အသွင်က မူတကြပါဘူး။ သူတို့တွေက အဖွဲ့အစည်း တစ်ခုတည်းက မဟုတ်တာ သေချာပါတယ်။ မျက်စိတဆုံး ဒီမှော်ရတနာ အများအပြားကို ထပ်မြင်တွေ့နေရပါသေးတယ်။

“သွားကြည့်ကြရအောင်”

ခဏလောက် တွေးလိုက်ပြီးနောက် ချင်းကျူ အမိန့်ပေးလိုက်ပါပြီ။

“ဟုတ်ကဲ့”
အဘိုးမိုလည်း ချင်းကျူအတိုင်း စကြ၀ဠာကို သေချာ အကဲခတ်နေရာကနေ ရုတ်တရက် လန့်သွားခဲ့ပြီး ပြန်ဖြေလိုက်ပါပြီ။

“ရွှစ်”

ဖြည်းဖြည်းပဲ သွားလာနေတဲ့ စစ်သင်္ဘောကြီးဟာ ချက်ချင်း စကြ၀ဠာ တည်ရှိမှုကို ထိုးခွဲပြီး အလင်းတန်းတစ်ခုအသွင်နဲ့ ကုန်းမြေတိုက်ကြီးဆီ ပျံသန်းသွားပါတော့တယ်။

၀ုန်း၀ုန်း ၀ုန်း

တစ်စက္ကန့် မပြည့်ခင်မှာပဲ ကုန်းမြေတိုက်ကြီးဆီ စစ်သင်္ဘော ရောက်ရှိသွားခဲ့ပါပြီ။ ချင်းကျူတို့တွေလည်း အောက်ကို မဆင်းသေးပဲ မှော်ရတနာ ယာဉ်ပျံတွေကို အထက်ကနေ လေ့လာကြည့်နေခဲ့ကြပါတယ်။

ဆူဆူညံညံ အသံတွေကြောင့် အောက်မှာ ရှိနေတဲ့တန်ခိုးရှင်တွေ သတိထားမိသွားခဲ့ကြပါပြီ။ စစ်သင်္ဘောကြီး တစ်စင်းက သူတို့ အထက်မှာ ရပ်တန့်နေတာကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။ ချက်ချင်းပဲ တန်ခိုးရှင်တစ်ဦးက ဒေါသတကြီး အော်ပြောလိုက်ပါတော့တယ်။

“ဘယ်အရူးက စည်းကမ်းကို မသိတာလဲ။ မြန်မြန် ဆင်းလာခဲ့ကြ။ မဟုတ်ဘူးဆိုရင် ငါ့ကို ရိုင်းတယ်လို့ အဆိုးမဆိုနဲ့”

“အမှန်ပဲ။ မြန်မြန်ဆင်းလာခဲ့ကြ”

“…”

အဘိုးမိုကတော့ ဒီတန်ခိုးရှင်တွေ အော်ပြောသံကို လျစ်လျူရှုထားခဲ့ပါတယ်။ နံဘေးမှာ ချင်းကျူ ရှိနေလို့သာ မဟုတ်ဘူးဆိုရင် ဒီငတုံးတွေကို လက်ဝါးနဲ့ တစ်ချက်တည်း ရိုက်သတ်ပြီးလောက်ပါပြီ။

“ဟမ့်”

စစ်သင်္ဘောကြီး မလှုပ်မယှက် ရပ်နေဆဲ ဖြစ်တာကို တွေ့လိုက်ရတော့ တန်ခိုးရှင်တစ်ဦးလည်း သူ့လက်နက်ကို ထုတ်ယူလိုက်ပြီး စစ်သင်္ဘောကြီးကို တိုက်ခိုက်လိုက်ပါတော့တယ်။

“ကြည့်စမ်း.. ကျန်းကလန်က ပထမအကြီးအကဲ စတင်လှုပ်ရှားနေပြီ”

“ကျွတ် ကျွတ် ကျွတ်.. သူက နတ်ဘုရားတပိုင်းအဆင့် တန်ခိုးရှင်ပဲလေ။ အထဲမှာ ရှိတဲ့ လူတွေတော့ သေပြီပဲ”

“သူတို့နဲ့ ထိုက်တန်တာ ရသွားတာပဲလေ”

ဟူး

လက်နက်ဟာ စစ်သင်္ဘောကြီးအနား မရောက်ခင်မှာ အတိုင်းအဆမဲ့ ဝိညာဉ်စွမ်းအင်တွေကြောင့် လွင့်စဉ်သွားခဲ့ပါပြီ။ ဒီဝိညာဉ်စွမ်းအင်လှိုင်းတွေဟာ အလွန်ဩဇာအာဏာ ကြီးမားလှပါတယ်။ မိုးနဲ့မြေကိုပါ ဒီဝိညာဉ်စွမ်းအင်တွေက ဝါးမျိုတော့မလိုပါပဲ။

ခလွမ်

အားလုံးရဲ့ အကြည့်အောက်မှာပဲ လက်နက်ဟာ ချွင်ခနဲ ကျိုးသွားခဲ့ပါပြီ။ စစ်သင်္ဘောကြီးကို တိုက်ခိုက်လိုက်တဲ့ တန်ခိုးရှင်လည်း တန်ပြန် အင်အားကို ရင်ဆိုင်လိုက်ရပါတော့တယ်။ သူ့ပါးစပ်နဲ့ နှာခေါင်းကနေ သွေးတွေ စီးကျပြီး မေ့မျောသွားခဲ့ပါပြီ။

“…”

အရာအားလုံး တိတ်ဆိတ်သွားပါတော့တယ်။

ကျန်းကလန်ရဲ့ပထမအကြီးအကဲ တိုက်ခိုက်မှုဟာ စစ်သင်္ဘောကြီးရဲ့ ခံစစ်ကိုတောင် မချိုးဖောက်နိုင်ဘူးလို့ ဘယ်သူကမှ ထင်မထားမိခဲ့ပါဘူး။

ဒီစစ်သင်္ဘောကြီးက ဘယ်လို စစ်သင်္ဘောလဲ။

နတ်ဘုရား တပိုင်း အဆင့် တန်ခိုးရှင်တောင် ဒီလို ဖြစ်သွားရတယ်ဆိုတော့ သူတို့တွေသာ တိုက်ခိုက်ခဲ့ကြမယ် ဆိုရင်ဖြင့်…

အားလုံး တုန်လှုပ်သွေးပျက်သွားကြပါပြီ။

“ပထမအကြီးအကဲ။ ပထမအကြီးအကဲ.. အဆင်ပြေရဲ့လား”

ကျန်းကလန်က တန်ခိုးရှင်တွေလည်း အသည်းအသန်ပဲ ဒဏ်ရာအပြင်းအထန် ရနေတဲ့ ပထမအကြီးအကဲကို ဖေးမလိုက်ကြပါတော့တယ်။

ကျန်းကလန်က ဂိုဏ်းချုပ်ကြီးဟာ လက်ရှိ ရှိနေတဲ့ အစစ်အမှန် နတ်ဘုရား တန်ခိုးရှင်ဆယ်ဦးထဲက တစ်ဦးပါ။ သူလည်း စစ်င်္ဘောကြီးကို မော့ကြည့်လိုက်ပြီး လက်သီးကို ဆုပ်လိုက် ဖြေလျော့လိုက် လုပ်နေခဲ့ပါတယ်။ အချိန်တော်တော်ကြာသွားတဲ့ အခါမှာတော့ သူလက်လျှော့လိုက်ပါပြီ။

အခုအခြေအနေအရ ဒီစစ်သင်္ဘောကြီးဟာ အလွန် ခိုင်ခံ့ကြောင်း သိနိုင်နေပြီ မဟုတ်လား။ သူ့အနေနဲ့ အလောတကြီး တိုက်ခိုက်လိုက်မယ်ဆိုရင် ဒဏ်ရာ ရရှိသွားနိုင်ပါတယ်။

နတ်ဘုရား ဂူသချိုင်း ပွင့်လာတော့မှာ ဖြစ်တာကြောင့် သူဒဏ်ရာရထားလို့ မဖြစ်ပါဘူး။

အရေးအကြီးဆုံးကတော့ စစ်သင်္ဘောကြီးတောင် ဒီလောက်အထိ အစွမ်းထက်နေမှတော့ အထဲမှာ စီးနင်းလိုက်ပါလာတဲ့ လူတွေဆို ဘယ်လောက်တောင်မှ အစွမ်းထက်နေပြီလဲ။

ဒီနေရာက နတ်ဘုရားလောကပါ။ အရာရာ ဖြစ်လာနိုင်ပါတယ်။ နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင်တစ်ဦးသာ စစ်သင်္ဘောထဲ ပါလာရင် သူသေသွားရမှာ မဟုတ်လား။

မဖြစ်နိုင်ဘူး ဆိုရင်တောင်မှ ကျန်းကလန် ဂိုဏ်းချုပ်ကြီးဟာ နတ်ဘုရား ဂူသချိုင်း အရှေ့မှာတော့ မစွန့်စားလိုသေးပါဘူး။

ကျန်းကလန် ဂိုဏ်းချုပ်ကြီး ဒီလို တွေးနေသလိုပဲ ကျန် အစစ်အမှန် နတ်ဘုရား ကိုးဦးလည်း ဒီလိုပဲ တွေးနေခဲ့ကြပါတယ်။ ဘယ်သူကမှ အခုအချိန် မစွန့်စားလိုကြပါဘူး။

ဒါကြောင့် ကျန်းကလန်က ပထမအကြီးအကဲ တန်ပြန်အင်အားကြောင့် ဒဏ်ရာရသွားချိန် ကုန်းမြေတိုက်ကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့တာပါ။ ဘယ်သူကမှ စစ်သင်္ဘောကြီးကို ဆင်းသက်လာဖို့ ထပ်မပြောကြတော့ပါဘူး။

“အရူးတွေ။ နတ်ဘုရားတပိုင်း အဆင့်လေးနဲ့ ငါ့ရဲ့ မီးခိုးရောင်ပျားကို တိုက်ခိုက်ဝံ့တယ်လား။ သေချင်နေတာပဲ”

အဘိုးမိုလည်း အထင်သေးစွာ ပြောလိုက်ပါပြီ။

“သူတို့တွေ ဘာဖြစ်လို့ စုရုံး စုရုံး လုပ်နေကြတာလဲ”

အစကနေ အဆုံးအထိ ကျန်းကလန် ပထမအကြီးအကဲကို ချင်းကျူ အရေးမစိုက်ပါဘူး။ သူ့အနေနဲ့ လူတွေ ဘာကြောင့် စုဝေးနေကြတယ်ဆိုတာကို သိချင်ရုံ သက်သက်ပါ။

“အဲ.. ငါလည်း မသိဘူး”

အဘိုးမိုလည်း အူကြောင်ကြောင်နိုင်စွာ ခေါ်င်းကို ခါယမ်းလိုက်ပါတော့တယ်။

ချင်းကျူလည်း အဘိုးမို သိနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ သူ့ရဲ့ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ပြီး အစစ်အမှန် နတ်ဘုရားတစ်ဦးရဲ့ မှတ်ဉာဏ်ကို ဖတ်ရှုလိုက်ပါပြီ။ အဖြစ်အပျက်ကို သူအကြောင်းစုံ နားလည်သွားပါတော့တယ်။

“နတ်ဘုရား ဂူသချိုင်း”

ချင်းကျူ ရေရွတ်လိုက်ပါပြီ။ ဒီစကားလုံးတွေအကြောင်း တစ်နေရာရာမှာ ကြားဖူးတယ်လို့ သူခံစားမိနေခဲ့ပါတယ်။

န်ဘုရား ဂူသချိုင်းတွေဟာ တချို့ ရှေးခေတ်ဟောင်း နတ်ဘုရားတွေ သေဆုံးသွားချိန် မြှုပ်နှံရာ နေရာမဟုတ်လား။

အကြောင်းအရင်းတစ်ခုခုကြောင့် ရှေးခေတ်ဟောင်း အချိန်မှာ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာခဲ့ပါတယ်။ ဒီစစ်ပွဲကြီးဟာ နတ်ဘုရားလောက တစ်ဝက်လောက်ကို အကျိုးသက်ရောက်မှု ရှိခဲ့တာပါ။ မရေမတွက်နိုင်တဲ့ တန်ခိုးရှင်တွေ သေဆုံးပြီး အင်အားစု အများအပြား ပျက်စီးသွားခဲ့ပါတယ်။ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်ဟာ ဒီစစ်ပွဲကြီးအပြီး ထင်ရှားလာခဲ့တာပါ။

သူ့အရှေ့ ရှိနေတဲ့ ကုန်းမြေတိုက်ကြီးကတော့ ရှေးခေတ်ဟောင်း အချိန်က ထိပ်တန်းအဖွဲ့အစည်းကြီး တစ်ခုရဲ့ ဌာနချုပ်ပါပဲ။ ဒါပေမဲ့ စစ်ပွဲကြောင့် အခုလို အခြေအနေ ဆိုက်ရောက်သွားခဲ့တာပါ။

နောက်ဆုံးတော့ စစ်ပွဲကြီးဟာ အလွန်ကို ပြင်းထန်လာခဲ့တဲ့အတွက် စကြ၀ဠာ တည်ရှိမှုတွေ ပြောင်းလဲသွားခဲ့ပြီး နတ်ဘုရား အများအပြားပဲ တခြား စကြ၀ဠာတွေဆီ ရောက်ရှိကုန်ကြပါတယ်။

ဒီလို စကြ၀ဠာ တည်ရှိမှုတွေ ရွေ့လျားသွားတာ နေရာအများအပြား ရှိနေပြီး သူတို့အရှေ့ ကုန်းမြေတိုက်ကြီးထဲမှာ ဒီလို လျှို့ဝှက်စကြ၀ဠာတည်ခု တည်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီစကြ၀ဠာ တည်ရှိမှုဟာ နှစ်ပေါင်း တစ်သောင်း ကြာမြင့်သွားတိုင်း တစ်ကြိမ် ထပ်တူကျပြီး ထပ်မံပွင့်လာမှာပါ။

ပြောရရင် ရှေးခေတ်ဟောင်း နတ်ဘုရားတွေရဲ့ အစွမ်းအထက်ဆုံး တန်ခိုးရှင်တွေဟာ အစစ်အမှန် နတ်ဘုရားအထက်အဆင့်ကိုသာ ရောက်ကြပါသေးတယ်။ သူတို့တွေက အခုခေတ် အချိန် နတ်ဘုရားလောကက တန်ခိုးရှင်တွေကို မမှီကြသေးပါဘူး။

ပြောရရင်တော့ သိုင်းတာအိုဟာ တဖြည်းဖြည်း တိုးတက်ထွန်းကားလာခဲ့တာ မဟုတ်လား။

ဒါကြောင့် ကောင်းကင်ဘုံ နတ်ဘုရား မျိုးနွယ်စုဖြစ်စေ မဟာနတ်ဘုရားခုံရုံး ဖြစ်စေ ဘယ်သူကမှ နတ်ဘုရား ဂူသချိုင်းတွေကို မရှာခဲ့ကြပါဘူး။ မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက ထိပ်တန်းအဖွဲ့အစည်းတွေ လုယူသွားပြီးလောက်ပါပြီ။

ဒါပေမဲ့ သာမန် အဖွဲ့အစည်းတွေ လေလွင့် တန်ခိုးရှင်တွေ အတွက်ကတော့ နတ်ဘုရား ဂူသချိုင်းတွေဟာ အတိုင်းအဆမဲ့ ရတနာသိုက်ကြီးတွေပါပဲ။

မဟာစကြ၀ဠာအဆင့် တန်ခိုးရှင်တစ်ဦးဦးသာ နတ်ဘုရား ဂူချိုင်းကို အမွေဆက်ခံရရှိခဲ့မယ်ဆိုရင် ဆက်တိုက် တိုးတက်လာခဲ့ပြီး နတ်ဘုရားတစ်ပိုင်း ဒါမှမဟုတ် အစစ်အမှန် နတ်ဘုရားအထိ တက်လှမ်းလာနိုင်ပါလိမ့်မယ်။

အစစ်အမှန် နတ်ဘုရားအောက်အဆင့် တန်ခိုးရှင်တွေတောင်မှ ကံကောင်းရင် အစစ်အမှန် နတ်ဘုရားအထက်အဆင့်ကို ရောက်ရှိသွားကြမှာပါ။ ဒါက အခု အစစ်အမှန် နတ်ဘုရား အောက်အဆင့် တန်ခိုးရှင်တွေရဲ့ရည်ရွယ်ချက်ပါပဲ။

Continue Reading

You'll Also Like

66.5K 5.9K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
345K 55.3K 65
Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transmigration Cannon Fodder's Record of Count...
2.3M 316K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
201K 13.6K 55
Jeon Jungkook x Kim Taehyung