တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

50.1K 4K 174

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

8 - 14

501 35 0
By Azure5549

#အပူအပင်မဲ့အင်မော်တယ်
Book 24
Chapter 8
သေမင်း ထောင်ချောက်

“စိတ်မပူပါနဲ့။ မင်းတို့ ရင်းကလန်က မျိုးဆက်သွေးတွေဟာ ငါတို့ ခန္ဓာကိုယ်တွေထဲ ထာ၀ရ စီးဆင်းနေမှာပါ”
ဆေးမိစ္ဆာလည်း ရက်စက်တဲ့ အပြုံးကို ပြုံးရင်း ပြောလိုက်ပါတော့တယ်။

အစောပိုင်းတုန်းက ပြောခဲ့သလိုပဲ စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးဟာ သွေးမျိုးဆက်တွေကို စုပ်ယူပြီး တန်ခိုးကျင့်စဉ်အဆင့်ကို တိုးတက်အောင် လေ့ကျင့်နိုင်စွမ်း ရှိကြပါတယ်။

ဒီအတွက်ကြောင့်လည်း သူတို့တွေက လေလွင့်တန်ခိုးရှင်တွေ ဖြစ်ကြပေမယ့် မဟာစကြ၀ဠာ ဒဿမအဆင့်အထိ တက်လှမ်းနိုင်ခဲ့ကြတာပါ။

ဘိုးဘေးသူတော်စင် အဆင့်ကို ရောက်တဲ့ အချိန်မှာ သူတို့ရဲ့ သွေးမျိုးဆက်ကို ပြောင်းလဲပြီး မျိုးဆက်တွေကို အကျိုးရှိအောင် ဆောင်ရွက်ပေးနိုင်နေပြီ မဟုတ်လား။ မဟာစကြ၀ဠာ အဆင့်ဆိုရင် ဆိုဖွယ်ရာ မရှိတော့ပါဘူး။

လောကခုနစ်ပါးရဲ့ သမိုင်းကြောင်းတလျှောက်မှာ တခြားလူရဲ့ ဝိညာဉ်စွမ်းအင်ကို ဝါးမျိုးစားသုံးခဲ့တဲ့ ကျင့်စဉ်မျိုးတွေ ပေါ်ထွက်လာဖူးတဲ့ သမိုင်းမှတ်တမ်း အများအပြား ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီကျင့်စဉ်တွေက ဖြတ်လမ်း ကျင့်စဉ်တွေပါ။ သူတို့တွေက အချိန်တိုအတွင်း တစ်ဦးရဲ့ တန်ခိုးကျင့်စဉ် အဆင့်ကို လျှင်မြန်စွာ တိုးတက်စေပေမယ့်လည်း ဝိညာဉ်စွမ်းအင် ပိုမို ဝါးမျိုလေလေ သွေးလေဖောက်ပြန်ဖို့ ရာခိုင်နှုန်း ပိုပြီး များလာလေလေပါ။ နောက်ဆုံးမှာတော့ တစ်ဦးအနေနဲ့ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး ပေါက်ကွဲသေဆုံးသွားနိုင်ပါတယ်။

ပြီးတော့ ဒီလို ကျင့်စဉ်မျိုးတွေက အလွန်ကို ပြင်းထန်လွန်းပါတယ်။ တဖက်လူရဲ့ ဒန်တျန်ကို အဓမ္မ စားသုံးရတာ မဟုတ်လား။

ဘယ်သူကများ သူတို့ နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ တန်ခိုးကျင့်စဉ် အခြေခံကို လိုလိုလားလား ပေးမှာမို့လဲ။

ဒီအချက်တွေ အပြင်ကို အသက်ဓာတ်ကို ဝါးမျိုနိုင်တဲ့ ကျင့်စဉ်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒီကျင့်စဉ်ကလည်း အလားတူပဲ အလွန်ရက်စက်တဲ့ ကျင့်စဉ်တွေပါ။ အဲဒီကျင့်စဉ်ကို မိစ္ဆာ ကျင့်စဉ် အဖြစ် သတ်မှတ်ပြီး လေ့ကျင့်ခြင်းကနေ တားမြစ်ထားခဲ့ပါတယ်။

စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦး အသုံးပြုတဲ့ ကျင့်စဉ်ကတော့ မတူပါဘူး။ သူတို့တွေက ဝိညာဉ်စွမ်းအင်နဲ့ အသက်ဓာတ်ကို ဝါးမျိုတာ မဟုတ်တော့ပဲ သွေးမျိုးဆက်ကို စုပ်ယူလိုက်တာပါ။

ဒါက မိစ္ဆာ ကျင့်စဉ် ဖြစ်ပေမယ့်လည်း ကွဲပြားတဲ့ မိစ္ဆာကျင့်စဉ်မျိုးပါ။

ဝိညာဉ်စွမ်းအင်နဲ့ အသက်ဓာတ်ကို ဝါးမျိုခြင်းက ဖြတ်လမ်းလို့ ဆိုနိုင်ပါတယ်။ အချိန်ကြာလာတဲ့ အခါမှာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ပြီး ပေါက်ကွဲ သေဆုံးသွားမှာပါ။

ဒါပေမဲ့ သွေးမျိုးဆက်ကို စုပ်ယူရာမှာကတော့…

သွေးမျိုးဆက်ဟာ စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးရဲ့ အစွမ်းကို သိသိသာသာ တိုးတက်လာစေခဲ့ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးကတော့ သူတို့ရဲ့ တန်ခိုးကျင့်စဉ်ဆိုင်ရာ ပါရမီကို တိုးတက်လာစေခဲ့တာပါ။

မှန်ပါတယ်။ မိစ္ဆာသားရဲတွေ ဖြစ်နေပါစေ၊ နတ်ဘုရား သားရဲတွေ ဖြစ်နေပါ၊ လူသားတွေ ဖြစ်နေပါစေ သူတို့ရဲ့ အထွတ်အထိပ် တက်လှမ်းနိုင်မယ့် အဆင့်ကို မွေးကတည်းက သတ်မှတ်ထားပြီးသားပါ။

ပါရမီ နိမ့်သူတွေကတော့ ဘယ်လောက်ပဲ ကြိုးစားပါစေ သူတို့ ဘ၀မှာ ကြီးမားတဲ့ အောင်မြင်မှုကို မရနိုင်ပါဘူး။

အဆင့်မြင့် ပါရမီပိုင်ဆိုင်ထားကြသူတွေကတော့ သာမန် ကျင့်ကြံအားထုတ်ရုံနဲ့ သိုင်းတာအို အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်ကြပါတယ်။

တစ်ဦးရဲ့ ပါရမီက အလွန်နိမ့်ကျနေမယ်ဆိုရင် ကြီးမားတဲ့ အခွင့်အရေးကို ရရှိမယ် ဆိုရင်တောင်မှ သူတို့အနေနဲ့ အခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။

ပြီးတော့ ကြီးမားလှတဲ့ အခွင့်အရေးကြီးဆိုတာက ဘာလဲ။

ကြီးမားလှတဲ့ အခွင့်အရေးကြီး ဆိုတာကတော့ သူတို့ရဲ့ ကျင့်ကြံခြင်းဆိုင်ရာ ပါရမီကို တိုးတက်စေတဲ့ အခွင့်အရေးမျိုးပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ပါရမီဟာ အရေးအကြီးဆုံးပါပဲ။ ကြိုးစားအားထုတ်မှုကတော့ ဒုတိယ အရေးအကြီးဆုံးပါ။

ကလန်ကြီးတွေရဲ့ အမြင်မှာတော့ စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးရဲ့ ပင်ကိုယ်ပါရမီဟာ သာမန်ထက် မပိုခဲ့ပါဘူး။ တချို့တွေက သူတို့ကို ဘယ်တော့မှ ကောင်းကင်သူတော်စင် မဖြစ်လာဘူးလို့တောင် ခန့်မှန်းခဲ့ကြပါသေးတယ်။

ဒါပေမဲ့ သွေးသောက်ခြင်း မိစ္ဆာကျင့်စဉ်ကို သူတို့ မရရှိခင် အချိန်အထိပေါ့။

သွေးမျိုးဆက်တွေကို ဆက်တိုက် စုပ်ယူပြီး ပါရမီကို တိုးတက်စေနိုင်ခဲ့တာကြောင့် သူတို့ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်တက်လာပါတော့တယ်။ သူတို့တွေက ကောင်းကင်သူတော်စင် အဆင့်ကို အောင်အောင်မြင်မြင် ရောက်ခဲ့ရုံတင် မကပဲ မဟာစကြ၀ဠာ ဒဿမ အဆင့်အထိပါ တက်လှမ်းနိုင်ခဲ့ပြီး လောကခုနစ်ပါးကို တုန်လှုပ်သွားစေခဲ့တယ် မဟုတ်လား။

သူတို့နှစ်ဦးကို ကောင်းကင်သူတော်စင် အဆင့် ဘယ်တော့မှ မရောက်ဘူး ပြောခဲ့သူကတော့ သူတို့နှစ်ဦးရဲ့ သတ်ဖြတ်ခြင်း ခံရပြီး သေဆုံးသွားခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာတော့ ဆေးမိစ္ဆာနဲ့ စကြ၀ဠာ မိစ္ဆာတို့ဟာ မင်းပြည်နယ် ရင်းကလန်ကို ရင်ဆိုင်ဖို့အတွက် ပြည်နယ်ကိုးခု ကုန်းမြေတိုက်ကြီးဆီကို တိတ်တဆိတ်လာရောက်ခဲ့ကြတာပါ။

ရင်းကလန်ရဲ့ သွေးမျိုးဆက်ကို သူတို့ စုပ်ယူလိုက်နိုင်တာနဲ့ သူတို့ ပါရမီ ပိုမို တိုးတက်လာပါလိမ့်မယ်။ သူတို့တွေဟာ အဲဒီအချိန်ကျရင် နတ်ဘုရားတစ်ပိုင်းအဆင့်ကိုတောင် တက်လှမ်းဖို့ အခွင့်ကောင်း ရလာနိုင်မှာပါ။

နတ်ဘုရား တစ်ပိုင်း ဖြစ်လာပြီ ဆိုရင်တော့ လောက ခုနစ်ပါးမှာ သူတို့ကို ဟန့်တားနိုင်သူ တစ်ဦးမှ မရှိတော့ပါဘူး။

“ဟား ဟား.. မင်းတို့ နှစ်ဦးက ရင်းကလန်ရဲ့ မျိုးဆက်သွေးကို သောက်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား”

အဆင့်တူ တန်ခိုးရှင် ၃ ဦးကို ရင်ဆိုင်နေရပေမယ့်လည်း ရင်းရှန်း မကြောက်ရွံ့ခဲ့ပါဘူး။ သူနှာခေါင်းရှုံ့လိုက်ပါပြီ။

ဆေးမိစ္ဆာ မျက်နှာ သုန်မှုန်သွားပါတော့တယ်။ သူအေးစက်စွာ ပြောလိုက်ပါပြီ။

“မင်းက မကြာခင် သေတော့မှာပါ။ ဒါတောင် ဟန်ကိုယ့်နေသေးတယ်။ ရင်းရှန်း.. မင်းကိုယ်မင် အထင်ကြီးလွန်းသွားပြီ”

“လူကြီးမင်းတို့ အပိုတွေ မပြောတော့ပါဘူး။ သူ့ကို အမြန်ဆုံး ရှင်းလိုက်မှ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်လာမှာ”

ကျူးဟွမ် အသံကို မြှင့်လိုက်ပါတော့တယ်။

ဒီနေရာက အပြာရောင် အမြုတေ မြို့တော်နဲ့ သိပ်မဝေးသေးပါဘူး။ မြို့တော်ရှင်ရှန်းရဲ့ တန်ခိုးကျင့်စဉ် အဆင့်နဲ့ အာရုံရပြီးဖို့ များနေပါပြီ။ ဒါပေမဲ့ သူဝင်ပါဖို့ စိတ်ဆန္ဒ မရှိသေးသလိုပါပဲ။

ဒါပေမဲ့လည်း မြို့တော်ရှင်ရှန်း စိတ်မပြောင်းဘူးလို့ ဘယ်သူက အာမခံနိုင်မှာမို့လဲ။ ဒါကြောင့် ကျူးဟွမ် အချိန်မဆွဲချင်တော့တာပါ။

“ကောင်းပြီလေ။ မြန်မြန် အဆုံးသတ်လိုက်ကြတာပေါ့”

စကြ၀ဠာ မိစ္ဆာ စိတ်မရှည်စွာ ပြောလိုက်ပါပြီ။

သူတို့ စကားအဆုံးမှာတော့ သူတို့ သုံးဦးရဲ့ အော်ရာအရှိန်အဝါတွေ ပူးပေါင်းပြီး ရင်းရှန်းနဲ့ ရင်းကလန်က တန်ခိုးရှင်တွေကို မမြင်တွေ့နိုင်တဲ့ အကာအကွယ်နဲ့ လွှမ်းခြုံထားလိုက်ပါတော့တယ်။

“ဂိုဏ်းချုပ်.. ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ရင်းကလန်က တန်ခိုးရှင်တစ်ဦး ခါးသီးစွာ လှမ်းမေးလိုက်ပါပြီ။

သူတို့တွေဟာ အတွေ့အကြုံများကြသူတွေ ဖြစ်ပေမယ့်လည်း အခုလို အခြေအနေမျိုး တစ်ခါမှ မရင်ဆိုင်ဖူးသေးပါဘူး။

ပြောရရင် ရန်သူဘက်မှာ မဟာစကြ၀ဠာ ဒဿမအဆင့် တန်ခိုးရှင် ၃ ဦး ရှိနေပြီ မဟုတ်လား။

အခုအခြေအနေက သေမင်းထောက်ချောက်လို့ ပြောရင်လည်း မလွန်တော့ပါဘူး။

အားလုံး သိထားကြသလိုပဲ ရင်းရှန်းဟာ ရင်းကလန်ရဲ့ လက်ရှိ အစွမ်းအထက်ဆုံး တန်ခိုးရှင်ပါ။ သူသေဆုံးသွားတာနဲ့ ရင်းကလန် အဆုံးသတ်သွားပြီ ဆိုရပါလိမ့်မယ်။

“ဂိုဏ်းချုပ်ရဲ့ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီး ထွက်ပြေးတော့။ ကျန်တာ ကျွန်တော်တို့ တာဝန်ထားလိုက်”

ရင်းရှန်းရဲ့ လက်ရုံး အဘိုးအိုက ဝင်ပြောလိုက်ပါပြီ။

ဒီစကားဟာ မီးစာကို မီးနဲ့ တို့လိုက်သလိုပါပဲ။ ရင်းကလန် တန်ခိုးရှင် အများအပြား တစ်ဦးပြီး တစ်ဦး အော်ပြောလာကြပါတော့တယ်။

“အမှန်ပဲ ဂိုဏ်းချုပ်ကြီး။ အမြန်ဆုံး ပြေးပါတော့။ ကျွန်တော်တို့တွေ ခုခံပေးထားပါ့မယ်”

“ဂိုဏ်းချုပ်ကြီးက ရင်းကလန်အတွက် မျှော်လင့်ချက်ပါပဲ”

“ဟား ဟား ဟား.. ငါ ရင်းကျန်းကို ခွင့်ပြုပါ။ အနက်ရောင် မိစ္ဆာ နန်းဆောင်ရှင်ကို ဒီနေ့တော့ ငါတိုက်ခိုက်ပါ့မယ်”

“…”

မျက်စိတမှိတ် အချိန်အတွင်း ရင်းကလန်က တန်ခိုးရှင် အများအပြား ရင်းရှန်းကို ဝိုင်းထားပြီး ထွက်ပြေးနိုင်အောင် အချိန်ဆွဲပေးဖို့ ကြိုးစားလိုက်ကြပါပြီ။

“ပြေးချင်တာလား။ ဟား ဟား ဟား.. ငါတို့တွေက ဘာလုပ်နေတယ်လို့ ထင်နေတာလဲ။ ဟမ်”

ဆေးမိစ္ဆာဟာ အားရပါးရ ရယ်မောလိုက်ပြီး
“ဒီပတ်ဝန်းကျင် စကြ၀ဠာ တည်ရှိမှုကို အစောကြီးကတည်းက ငါတို့ ၀င်္ကပါနဲ့ တားမြစ် ပိတ်ဆို့ထားပြီးသွားပြီ။ မဟာစကြ၀ဠာ ဒဿမ အဆင့် တန်ခိုးရှင်တောင်မှ နောက်တစ်နာရီအတွင်း ဘယ်မှ ထွက်ပြေးလို့ မရတော့ဘူး”

“ဘာ”

အားလုံး မျက်စိမျက်နှာ ပျက်သွားခဲ့ကြပြီး ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ကြပါပြီ။ အမှန်ပါပဲ။ အလွန် ခိုင်ခံ့တဲ့ ၀င်္ကပါက သူတို့ကို ဝိုင်းထားတာ တွေ့လိုက်ရပါတော့တယ်။ ဒီ၀င်္ကပါကို ဘယ်လိုမှ ဖျက်ဆီးလို့မရပါဘူး။

“အားလုံး တကယ်ပဲ ပြီးဆုံးသွားခဲ့ပြီလား”

အဘိုးအို မျက်နှာ ဖြူရော်သွားခဲ့ပါပြီ။

စကြ၀ဠာ တည်ရှိမှုတောင် ပိတ်ဆို့ခြင်း ခံလိုက်ရပြီ ဆိုတော့ သူတို့မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူးပေါ့။

“ဟား ဟား.. ၀င်္ကပါ မရှိဘူး ဆိုရင်တောင်မှ မင်းတို့ကို ချန်ရစ်ပြီး ငါထွက်ပြေးစရာလား”

ရင်းကလန် တန်ခိုးရှင်တွေ မျှော်လင့်ချက် ပျောက်ဆုံးနေချိန်မှာ ရုတ်တရက်ဆိုသလို ရင်းရှန်းက အကြောက်အလန့်ကင်းမဲ့စွာ ပြောလိုက်ပါတော့တယ်။

“ဂိုဏ်းချုပ်ကြီး”

“အစ်ကြီးအကဲပင်း… ငါကြီးပြင်းလာတဲ့ အချိန်အထိ မင်းစောင့်ရှောက်ပေးခဲ့တယ်။ ငါ့စိတ်ဓာတ်ကို မင်းသိထားပြီးသား မဟုတ်လား”

အဘိုးအို နှုတ်ဆိတ်သွားခဲ့ပါပြီ။

အပြင်လောကမှာတော့ ရင်းရှန်းဟာ အလွန်သတိကြီးပြီး စွန့်စားခဲသူ ဖြစ်ကြောင်း သိကြပေမယ့်လည်း ရင်းရှန်းနဲ့ ရင်းနှီးသူတွေကတော့ သူ့ရဲ့ စိတ်သဘောထားကို နားလည်ကြပါတယ်။

အဲဒါကတော့ ဘယ်လို အခြေအနေကိုပဲ ရောက်ရောက် ရဲဘော်ရဲဘက်တွေကို ဘယ်တော့မှ ပစ်မထားတာပါ။

“ဒါပေမဲ့.. ရင်းကလန်…”

အဘိုးအို တစ်ခုခု ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာ ရင်းရှန်းက လက်ကို ယမ်းလိုက်ပြီး
“ကောင်းပြီလေ။ ငါတို့တွေ ပြေးဖို့ မဖြစ်နိုင်ဘူး ဆိုမှတော့ ဘာဖြစ်လို့ အားရပါးရ မတိုက်ခိုက်ပဲ နေရမှာလဲ”

“အကြီးအကဲပင်း.. မင်းငါနဲ့အတူ တိုက်ပွဲ ဝင်ချင်ရဲ့လား”

အဘိုးအို မှင်သက်သွားခဲ့ပါပြီ။ နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ သူ့သွေးတွေ ပွက်ပွက် ဆူလာပါတော့တယ်။ သူချက်ချင်း အော်ပြောလိုက်ပါပြီ။

“ကျွန်တော်.. ရင်းပင်း… ဂိုဏ်းချုပ်ကြီးနဲ့အတူ သေရွာအထိ လိုက်ခဲ့ပါ့မယ်”

“ဂိုဏ်းချုပ်ကြီးအတွက် ကျွန်တော်တို့အားလုံး အသက်စွန့်ဝံ့ပါတယ်”

“ဂိုဏ်းချုပ်ကြီးအတွက် ကျွန်တော်တို့အားလုံး အသက်စွန့်ဝံ့ပါတယ်”

တခြား ရင်းကလန်သားတွေလည်း သံပြိုင်ဟစ်ကြွေးလိုက်ကြပါပြီ။ သူတို့ ဟစ်ကြွေးသံဟာ မိုးခြိမ်းသံတမျှ ကျယ်လောင်လွန်းလှပါတယ်။

“ကျွတ်.. ကျွတ်.. ကျွတ်.. ရင်ထဲ ထိတဲ့ မြင်ကွင်းပဲ”

ဆေးမိစ္ဆာလည်း နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ပြီး
“အဲဒီလိုဆိုရင် မင်းတို့ အားလုံး အတူတူ သေလိုက်ကြပါ”

“ဟမ့်.. ဘယ်ဘက်က နိုင်မယ်ဆိုတာ မသိသေးဘူးလေ”

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ငွေရေီာင် မှော်သေင်္ကတ တစ်ခု ရင်းရှန်ရဲ့ မျက်ခုံးနှစ်ခုအကြား ပေါ်ထွက်လာခဲ့ပါပြီ။ ဒီငွေရောင် သင်္ကေတဟာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လျှင်မြန်စွာ ဖုံးလွှမ်းသွားခဲ့ပြီး တောက်ပတဲ့ အလင်းရောင်တွေကို ဖြာထွက်လာစေခဲ့ပါတယ်။

“ငါအောင်မြင်သွားပြီးချိန်ကစလို့ တစ်ခါမှ အသုံးပြုဖို့ အခွင့်မသာခဲ့ဘူး။ ဒီနေ့တော့ ဗဟို ကြယ်တာရာ နယ်မြေက ကျင့်စဉ်ကို မင်းတို့ မြည်းစမ်းခွင့် ရပါပြီ”

ရင်းရှန်းလည်း ဖြည်းဖြည်းချင်း ခေါင်းမော့ပြီး ကျူးဟွမ်ကို လှမ်းကြည့်လိုက်ပါတော့တယ်။

ချက်ချင်းဆိုသလိုပဲ ရေခဲချောက်နက်ထဲ ပြုတ်ကျသွားသလို ကျူးဟွမ် ခံစားလိုက်ရပါပြီ။ သူတုန်လှုပ်သွားပါတော့တယ်။

အရမ်းကို ကြောက်စရာကောင်းလွန်းလှတဲ့ ခံစားချက်။

ဘာမှ စဉ်းစားမနေတော့ပဲ ကျူးဟွမ် အော်ပြောလိုက်ပါပြီ။

“မင်းတို့ နှစ်ယောက်လုံး သတိထားကြ။ ရင်းရှန်းက အရင်တုန်းက ဗဟို ကြယ်တာရာ နယ်မြေကို ရောက်ဖူးတယ် ထင်တယ်။ သူ့အနားကို သတိလက်လွတ် မကပ်သွားကြနဲ့တော့”

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 24
Chapter 9
အဆင့်တက်ခြင်း

ဗဟိုကြယ်တာရာနယ်မြေ…

စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးလည်း တစ်ဦးကို တစ်ဦး အံ့အားသင့်စွာ ကြည့်လိုက်မိကြပါပြီ။

သူတို့ အဆင့်မှာ ဗဟိုကြယ်တာရာ နယ်မြေအကြောင်း မသိပဲ ဘယ်နေပါ့မလဲ။

ဒါပေမဲ့ အဲဒီအကြောင်းကို ကြားသာ ကြားဖူးထားပြီး တစ်ခါမှ မရောက်ဖူးခဲ့ပါဘူး။

သတင်းစကားတွေ အရဆိုရင် အဲဒီမှာ နတ်ဘုရားတစ်ပိုင်း တန်ခိုးရှင် အများအပြား ရှိနေရုံတင် မကပဲ အစစ်အမှန် နတ်ဘုရားတွေလည်း အများကြီး ရှိနေခဲ့ပါတယ်။ ပြီးတော့ နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင်တွေတောင်မှ စောင့်ကြပ်နေတယ်လို့ ကြားထားပါသေးတယ်။

နတ်ဘုရားဘုရင်အဆင့် တည်ရှိမှုတွေဟာ စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦး မမျှော်မှန်းရဲတော့တဲ့ အဆင့်ပါပဲ။

ရင်းရှန်းက ဗဟိုကြယ်တာရာ နယ်မြေဆီ ရောက်ဖူးတယ်လား။

စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦး တစ်ဦးကို တစ်ဦး တုန်လှုပ်စွာ ကြည့်လိုက်ကြပြီး ချက်ချင်း နောက်ဆုတ်လိုက်ကြပါတော့တယ်။

မိစ္ဆာ ကျင့်စဉ်ကို လေ့ကျင့်ထားပေမယ့် သူတို့ နှစ်ဦး အခုအချိန်အထိ အသက်ဆက်ရှင်နိုင်ခဲ့တာက လူအများအပြားကို တပြိုင်တည်း မသတ်ခဲ့တဲ့ အချက်ကြောင့် အပြင်ကို ရန်သူကို အခွင့်အရေး မပေးပဲ သတိအလွန် ထားခဲ့တာကြောင့်ပါ။

သူတို့ အနိုင်ရဖို့ မသေချာဘူးဆိုရင် ဘယ်တော့မှ မတိုက်ခိုက်ခဲ့ပါဘူး။

၀ုန်း ၀ုန်း

တစ်ချိန်တည်းမှာပဲ ရင်းရှန်းရဲ့ ခန္ဓာကိုယ်အထက်က ငွေရောင် မှော်သင်္ကေတတွေဟာ ပိုပိုပြီး တောက်ပလာခဲ့ပြီး တည့်တည့်ကြည့်ဖို့တောင် မလွယ်ကူတော့ပါဘူး။

“တောက်”

ကျူးဟွမ်တစ်ယောက် စိတ်ထဲကနေသာ ကြိတ်ပြီး ကျိန်ဆဲလိုက်မိပါတော့တယ်။ သူနောက်ဆုတ်ဖို့ ရွေးချယ်လိုက်ပါပြီ။ သူ့လက်ရှိ အခြေအနေနဲ့ ရင်းရှန်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။

အထူးသဖြင့် ရင်းရှန်းက ဘာကျင့်စဉ်ကို အသုံးပြုနေမှန်းလဲ မသိတော့တဲ့ အချိန်မျိုးမှာပါ။ သူအလောတကြီး ရှေ့တိုးသွားမယ်ဆိုရင် အရင်ဆုံး တိုက်ခိုက်ခြင်း ခံရလိုင်္ကနိုင်ပါတယ်။

ကျူးဟွမ်က စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးကို အကူအညီ တောင်းထားခဲ့ပေမယ့်လည်း သူဒဏ်ရာအပြင်းအထန် ရထားချိန်မှာ စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးက သူ့ကိုပါ တိုက်ခိုက်လာမယ် မလာဘူးဆိုတာကို အာမခံနိုင်ပါဘူး။ အဲဒီအချိန်ကျရင် အခြေအနေက ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။

“တတိယ မဟာ ကပ်ဘေးကြီး…”

ရင်းရှန်းရေရွတ်နေချိန် အော်ရာအရှိန်အဝါတွေဟာ ပိုပြီး ဩဇာအာဏာ ကြီးမားလာခဲ့ပါပြီ။ မဟာစကြ၀ဠာ ဒဿမ အဆင့်အထက်ကို သူတက်လှမ်းတော့လုလု အခြေအနေပါပဲ။ လေပြင်းတွေလည်း တိုက်ခတ်လာပါတော့တယ်။

“ဂိုဏ်းချုပ်ကြီး”

အဘိုးအို မှင်သက်သွားခဲ့ပါပြီ။ ရင်းရှန်းမှာ ဒီလို နည်းလမ်းမျိုး ရှိနေတယ်ဆိုတာ သူတောင် မသိထားပါဘူး။

“အကြီးအကဲပင်း… ငါ အချိန်တော်တော်ကြာ အပြင်ထွက် တရားကျင့်တဲ့ ကိစ္စကို မှတ်မိရဲ့လား”
ရင်းရှန်း ပြုံးလိုက်ပါတော့တယ်။

“ကျွန်တော် မှတ်မိပါတယ်”

အဘိုးအိုလည်း မှင်သက်သွားခဲ့ပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပါပြီ။

“တကယ်တော့ အဲဒီအချိန်တုန်းက ရှေးခေတ်ဟောင်း မြေပုံက လမ်းညွှန်အတိုင်း ဗဟိုကြယ်တာရာ နယ်မြေဆီကို သွားခဲ့တာပဲ”

ရင်းရှန်း ရှင်းပြလိုက်ပါတော့တယ်။

“အဲဒီမှာ အလွန်အန္တရာယ်များတာကြောင့် ဒီကိစ္စကို ငါဘယ်သူ့မှ မပြောပြခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ဖုံးကွယ်ထားစရာ မလိုအပ်တော့ပါဘူးလေ”

“ဆယ့်ငါးမိနစ် အတွင်း ငါ့အသက်ဓာတ်တွေ လောင်ကျွမ်းကုန်ဆုံးသွားပြီး ငါလည်း သေဆုံးသွားလိမ့်မယ်။ ငါကံကောင်းရင်တော့ အဲဒီ အခြောက်ကောင်ကို သတ်နိုင်ပြီး စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးကိုလည်း ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်ပေးနိုင်ခဲ့လိမ့်မယ်”

အခုအချိန်မှာတော့ ရင်းရှန်းဆီကနေ ပြင်းထန်တဲ့ လူသတ်ငွေ့တွေ ဖြာထွက်လာပါတော့တယ်။ သူပြုံးလိုက်ပါပြီ။

အဝေးမှာတော့ ကျူးဟွမ်တစ်ယောက် အနှိုင်းမဲ့ တည်ရှိမှုကို ခံစားနေရပြီး တုန်လှုပ်လာပါတော့တယ်။

ရရင်းရှန် တစ်ယောက် သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စီးဆင်းစေပြီး ကျူးဟွမ်ကို တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ စကြ၀ဠာ တည်ရှိမှု ရပ်တန့်သွားခဲ့ပြီး ကမ္ဘာလောက တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါပြီ။

ရင်းရှန်း ဘာမှ မလုပ်နိုင်ခင်မှာပဲ သူ့ရဲ့ စီးဆင်းနေတဲ့ ဝိညာဉ်စွမ်းအင်တွေဟာ ဒန်တျန်ထဲ ပြန်လည် စီးဆင်းဝင်ရောက်လာပါတော့တယ်။ သူ့ကိုယ်အထက်က ငွေရောင် သင်္ကေတတွေဟာ မရှိခဲ့တဲ့အလား ပြန်လည် ပျောက်ကွယ်သွားခဲ့ပါပြီ။

မျက်စိတမှိတ် အချိန်အတွင်း ရင်းရှန်းရဲ့ ခန္ဓာကိုယ်ဟာ မူလအတိုင်း ပြန်ဖြစ်သွားပါတော့တယ်။

“ဘယ်.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ရင်းရှန်းလည်း လက်နှစ်ဖက်ကို ငုံ့ကြည့်ရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိပါပြီ။

ဘာတွေ ဖြစ်ကုန်တာလဲ။

သူ့ရဲ့ သိုင်းကွက်ကို ပြောင်းပြန်ပြန်လည် စီးဆင်းစေခဲ့တယ်လား။ ဘာတွေလဲ။

စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးက ဒီလို အစွမ်းမျိုး ရှိနေတာလား။

မဖြစ်နိုင်ဘူး။

“မင်းအသက်ကို သိမ်းထားလိုက်ပါတော့”

အေးဆေးတည်ငြိမ်တဲ့ စကားသံ ပေါ်ထွက်လာခဲ့ပါပြီ။ နှင်းလို ဖြူဖွေးတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အနက်ရောင် ဆံပင်နဲ့ လူငယ်လေးတစ်ဦး ရင်းရှန်းအရှေ့ ပေါ်ထွက်လာပါတော့တယ်။

လူငယ်လေးရဲ့ အသွင်က သာမန် မဟုတ်ကြောင်း ထင်ရှားနေပါပြီ။ သူဟာ သေမျိုးကမ္ဘာပေါ် ဆင်းသက်လာတဲ့ အင်မော်တယ် တစ်ဦးလိုပါပဲ။ ရှိနေကြသူ အားလုံးဟာ မဟာစကြ၀ဠာ ပဉ္စမ အဆင့်နဲ့ အထက်တွေ ဖြစ်ကြပေမယ့်လည်း အခုဖြစ်ရပ်ကြောင့် အလွန်မှင်သက် တုန်လှုပ်သွားကြပါတော့တယ်။

“မင်းက”

ရင်းရှန်း မှင်သက်သွားခဲ့ပါပြီ။

“ငါတို့ အလဲအလှယ် လုပ်ကြရအောင်”

လူငယ်လေးကတော့ အပြာရောင် အမြုတေ  မြို့တော်ကနေ ထွက်လာခဲ့ပြီး ဒီနေရာကို ဖြတ်သန်းသွားခဲ့တဲ့ ချင်းကျူပါပဲ။

“ဘာ အလဲအလှယ်လဲ မသိ”

ရင်းရှန်းလည်း အလိုအလျောက် မေးလိုက်မိပါတော့တယ်။

“ဒီသုံးယောက်ကို ငါရှင်းပေးမယ်။ အဲဒီအတွက် ဗဟိုကြယ်တာရာ နယ်မြေဆီ သွားတဲ့ မြေပုံ ငါ့ကို ပေးပါ”

“ဟု.. ဟုတ်ကဲ့”

ရင်းရှန်းလည်း သာမန် သဘောတူညီမှုလိုပဲ ချက်ချင်း ခေါင်းညိတ်သဘောတူလိုက်ပါတော့တယ်။

“ကောင်းပြီလေ။ သတ်ဖြတ်ခြင်း တာအိုဓား.. ဒီသုံးယောက်ကို မင်းလက်ထဲ အပ်လိုက်ပြီ”

ချင်းကျူလည်း နောက်လှည့်ပြီး အမိန့်ပေးလိုက်ပါပြီ။

“ဟုတ်ကဲ့ ဆရာ”

သတ်ဖြတ်ခြင်း တာအိုဓားလည်း ပြုံးလိုက်ပြီး
“ဒီသုံးယောက်က နည်းနည်းတော့ အစွမ်းထက်သားပဲ။ ဒီတစ်ခေါက်တော့ သွေးပူလေ့ကျင့်ခန်းအတွက် အဆင်ပြေသွားပြီ”

“မင်းနဲ့ စမယ်”

သတ်ဖြတ်ခြင်းတာအိုဓားလည်း ဝေ့ကြည့်လိုက်ပြီး စကြ၀ဠာ မိစ္ဆာကို လက်ညှိုးညွှန်လိုက်ပါပြီ။

စကွ၀ဠာ မိစ်ဆာ…

“ဘာတွေ ဖြစ်ကုန်တာလဲဟင်…”

ဒီလူနှစ်ယောက်က ဘယ်ကနေ ပေါ်လာခဲ့တာလဲ။

ပတ်ဝန်းကျင် စကြ၀ဠာ တည်ရှိမှုကို သူတို့တွေ ပိတ်ဆို့ထားတာ သေချာပါတယ်။ ဘာကိုမှလည်း အာရုံမရခဲ့ဘူး။

“သတိထား”

ဆေးမိစ္ဆာ အော်ဟစ်လိုက်ပါပြီ။

“ဟင်.. ဘာဖြစ်လို့လဲ”

စကြ၀ဠာ မိစ္ဆာ နားမလည်နိုင်အောင် ဖြစ်သွားပါတော့တယ်။

ဗြိ

အဆုံးအစမဲ့ လူသတ်ငွေ့တွေ စုစည်းလာခဲ့ပြီးနောက် စကြ၀ဠာ မိစ္ဆာကို ချက်ချင်း လွှမ်းခြုံသွားခဲ့ပါပြီ။

“မလုပ်နဲ့”

စကြ၀ဠာ မိစ္ဆာလည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း နားလည်သွားပါတော့တယ်။ ဒါပေမဲ့ အရမ်းနောက်ကျသွားခဲ့ပါပြီ။

လူသတ်ငွေ့တွေ ပေါ်ထွက်လာပြီး ပျောက်ကွယ်သွားခြင်းဟာ တဒင်္ဂအတွင်း ဖြစ်ပျက်ခဲ့တာပါ။ လူသတ်ငွေ့တွေ ပျောက်ကွယ်သွားချိန်မှာတော့ စကြ၀ဠာ မိစ္ဆာ ကောင်းကင်ယံအထက်ကနေ ပြုတ်ကျသွားခဲ့ပါပြီ။

ဒုန်း

သူ့ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှ မရှိပေမယ့်လည်း အသက်မရှိတော့ပါဘူး။

ဒါက သတ်ဖြတ်ခြင်း တာအိုဓားရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အချက်ပါ။ သူမထက် အားနည်းတဲ့ သက်ရှိတွေကို ရင်ဆိုင်ရချိန်မှာ သူမကိုယ်တိုင် တိုက်ခိုက်ဖို့ မလိုအပ်တော့ပါဘူး။ သူမရဲ့ လူသတ်ငွေ့ စိတ်ဆန္ဒ စေလွှတ်လိုက်ရုံနဲ့ တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်ကို ပျက်စီးသေဆုံးသွားစေပြီး ခန္ဓာကိုယ်သာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။

အကြွင်းမဲ့ တိတ်ဆိတ်ခြင်း ကြီးစိုးသွားခဲ့ပါပြီ။

မဟာစကြ၀ဠာ ဒဿမ အဆင့်ကို ရောက်နေပြီ ဖြစ်တဲ့ စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးထဲက တစ်ဦး ဒီလိုနဲ့ သေဆုံးသွားခဲ့ပြီလား။

လာနောက်နေတာလား။

အဆင့်နိမ့် တန်ခိုးရှင်တွေ အနေနဲ့ ဘာဖြစ်သွားတယ်ဆိုတာကို မမြင်ခဲ့ကြပါဘူး။

“ကျွတ်… ဒီတစ်ခေါက် နည်းနည်း သွေးပူမယ်လို့ ထင်မိခဲ့တာ။ ဒါပေမဲ့ ချက်ချင်း သေသွားတယ်လား”

သတ်ဖြတ်ခြင်း တာအိုဓားလည်း ပုခုံးကို တွန့်ပြလိုက်ပြီး စိတ်ပျက်စွာ ရေရွတ်လိုက်ပါပြီ။

“…”

ဒီတစ်ယောက်က ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေတာလဲ။

“မလုပ်ပါနဲ့”

ဆေးမိစ္ဆာလည်း ကောင်းကင်ယံအထက် ပျံတက်သွားခဲ့ပြီး အသံကုန်ခြစ် အော်ဟစ်လိုက်ပါတော့တယ်။

“မင်းက စကြ၀ဠာ မိစ္ဆာကို သတ်လိုက်တယ်။ သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်မှ ရမယ်”

ဆေးမိစ္ဆာဟာ မျက်တောင်မခတ်ပဲ လူသတ်ဝံ့သူ ဖြစ်ပေမယ့်လည်း ခံစားချက် မရှိသူတော့ မဟုတ်ပါဘူး။

အခု အချိန် သူ့အဖော်သေဆုံးသွားချိန်မှာ ဆေးမိစ္ဆာ ဘယ်လောက် ဒေါသူပုန် ထသွားမလဲဆိုတာ သိနိုင်နေပါပြီ။

ဒီဒေါသကြောင့် သူ့ခေါင်းထဲ ဘာမှ မစဉ်းစားနိုင်တော့ပဲ သတ်ဖြတ်ခြင်း တာအိုဓားကို တိုက်ခိုက်ဖို့ ရူးသွပ်စွာ ဆောင်ရွက်ခဲ့တာပါ။

သွေးကီစွမ်းအင်တွေ ကောင်းကင်ယံအထက်ကနေ ဖြာကျလာခဲ့ပါပြီ။ မရေမတွက်နိုင်အောင် များပြားလှတဲ့ သားရဲကြီးများစွာဟာ ပါးစပ်ကို ဟပြီး သတ်ဖြတ်ခြင်း တာအိုဓားကို စားသောက်ဖို့ ကြိုးစားလာကြပါတော့တယ်။ ဒါပေမဲ့ အဖြေကတော့…

ရွှစ်

သတ်ဖြတ်ခြင်း တာအိုဓားလည်း လက်ကို မြှောက်လိုက်ပြီး သာသာလေး ဝှေ့ယမ်းလိုက်ပါပြီ။ အဆုံးအစမဲ့ လူသတ်ငွေ့တွေ ထပ်မံ စုစည်းလာပါတော့တယ်။ သွေးသားရဲတွေ အားလုံး ပိုင်းပြတ်သွားခဲ့တဲ့အပြင်ကို ဆေးမိစ္ဆာကိုပါ ဖောက်ထွင်းသွားခဲ့ပါပြီ။

“ဒါ….”

ဆေးမိစ္ဆာ ခေါင်းငုံ့ကြည့်လိုက်ပါတော့တယ်။ သူ့မျက်လုံးတွေ အသက်ကင်းမဲ့သွားခဲ့ပြီး နောက်ဆုံးမှာတော့ စကြ၀ဠာ မိစ္ဆာလို ကောင်းကင်ယံအထက်ကနေ ပြုတ်ကျလာခဲ့ပါတော့တယ်။

အခုအချိန်မှာတော့ စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးလုံး ကျဆုံးသွားခဲ့ပါပြီ။

ကျူးဟွမ် စီစဉ်ခဲ့တဲ့ သေမင်းထောင်ချောက် အစီအစဉ်လည်း ပျက်စီးသွားခဲ့ပြီ မဟုတ်လား။

“မဖြစ်နိုင်ဘူး”

ကျူးဟွမ်တစ်ယောက် အော်ဟစ်ရင်း လက်နှစ်ဖက်ကို မှော်သင်္ကေတ သဏ္ဍာန် လှုပ်ရှားစေလိုက်ပါတော့တယ်။ လျှို့ဝှက်ကျင့်စဉ်နဲ့ ထွက်ပြေးဖို့ သူကြိုးစားလိုက်တာပါ။

ဒါပေမဲ့ စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးက စကြ၀ဠာ တည်ရှိမှုကို တားဆီးပိတ်ဆို့ထားခဲ့ပြီးပါပြီ။ သူတို့ သေဆုံးသွားပေမယ့်လည်း အတားအဆီးကို မဖယ်ရှားရသေးပါဘူး။

ဒါကြောင့် ကျူးဟွမ်တစ်ယောက် မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရှာပါတော့တယ်။

“မင်းတစ်ယောက်ပဲ ကျန်တော့တယ်”

သတ်ဖြတ်ခြင်း တာအိုဓား တိုးတိုးလေး ပြောလိုက်ပါပြီ။

“…”

“တောက်… ငါ့ကို ဒီလိုလုပ်အောင် မင်းတို့တွေ တွန်းပို့ခဲ့တာ”

ကျူးဟွမ်လည်း အံကို တင်းတင်းကြိတ်လိုက်ပြီးနောက် မူလနေရာကနေ ပျောက်ကွယ်သွားခဲ့ပြီး စကြ၀ဠာ မိစ္ဆာရဲ့ အလောင်းနံဘေး ပြန်ပေါ်လာခဲ့ပါတော့တယ်။

“သူဘာလုပ်နေတာလဲ”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်မိပါပြီ။

နောက်တဒင်္ဂမှာတော့ ကျူးဟွမ်တစ်ယောက် စကြ၀ဠာ မိစ္ဆာရဲ့ အလောင်း ဝမ်းဗိုက်ထဲ လက်ဝါးကို ထိုးထည့်လိုက်ပါတော့တယ်။

ဝှစ်

ကျူးဟွမ်ရဲ့ လက်တစ်ဖက်လုံး သွေးတွေ ရွှဲနစ်သွားခဲ့ပါပြီ။ အနီရောင် အလင်းလုံးလေးကို သူထုတ်ယူလိုက်ပါတော့တယ်။ အဝေးကနေ ကြည့်မယ်ဆိုရင်တောင်မှ ဒီအလင်းလုံးလေးဆီကနေ သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအင်နဲ့ သွေးကီစွမ်းအင်တွေ ဖြာထွက်နေတာကို ခံစားမိမှာပါ။

“ဒါက”

ရင်းရှန်းလည်း တစ်ခုခုကို သတိရသွားပြီး အော်ပြောလိုက်ပါပြီ။

“သူ့ကို မြန်မြန် သတ်လိုက်တော့…”

သူ့စကား မဆုံးခင်မှာ ကျူးဟွမ်တစ်ယောက် အနီရောင် အလင်းလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 24
Chapter 10
တဒင်္ဂအတွင်း အသတ်ခံရခြင်း

ကလစ် ကလစ် ခလွမ်

အစားအစာကို သူဝါးစားနေသလိုပဲ သိပ်သည်းလှတဲ့ သွေးကီစွမ်းအင်တွေဟာ ကျူးဟွမ်ရဲ့ ပါးစပ်ထောင့်စွန်းကနေ ဖြာထွက်စီးကျလာနေတာကို တွေ့ရမှာပါ။ ဒီမြင်ကွင်းက တော်တော်လေးကို သွေးပျက်ဖွယ် ကောင်းနေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကျူးဟွမ်ရဲ့ အော်ရာအရှိန်အဝါ လျှင်မြန်စွာ မြင့်တက်လာခဲ့ပါပြီ။ မျက်စိတမှိတ် အချိန်အတွင်း မဟာစကြ၀ဠာ ဒဿမ အထွတ်အထိပ် အဆင့်ကို သူရောက်ရှိသွားပါတော့တယ်။

“မင်း…”

ရင်းရှန်း မျက်လုံးတွေ ပြူးကျယ်ပြီး မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“မင်းက မိစ္ဆာ ကျင့်စဉ်ကို လေ့ကျင့်ထားတာပဲလား”

ကျူးဟွမ်က စကြ၀ဠာ မိစ္ဆာရဲ့ ဒန်တျန်ကို အဓ္ဓမ ဝါးမျိုပြီး တန်ခိုးကျင့်စဉ် အဆင့်ကို တိုးတက်အောင် ဆောင်ရွက်နေတာ သိသာနေတယ် မဟုတ်လား။ ဒီလို ကျင့်စဉ်မျိုးဟာ မိစ္ဆာ ကျင့်စဉ်လို့ သတ်မှတ်နိုင်နေပါပြီ။

“ဒီလိုဖြစ်အောင် မင်းပဲ ငါ့ကို ဖိအားပေးခဲ့တာ”

အနီရောင် အလင်းကို ဝါးမျိုလိုက်ချိန်မှာ ကျူးဟွမ်ရဲ့ အရှိန်အဝါဟာ အထွတ်အထိပ် အဆင့်ကနေ နတ်ဘုရားတစ်ပိုင်းအဆင့်နီးပါးအထိ ရောက်ရှိသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ သူဒီလောက်နဲ့ မတင်းတိမ်နိုင်ခဲ့ပါဘူး။ လျှပ်တပြက် ပျောက်ကွယ်သွားခဲ့ပြီး ဆေးမိစ္ဆာရဲ့ အလောင်းအနီးမှာ  ပြန်ပေါ်လာခဲ့ပါပြီ။

သူက အဆင့်တူ တန်ခိုးရှင်နှစ်ဦးရဲ့ ဒန်တျန်တွေကို တစ်ချိန်တည်း ဝါးမျိုဖို့ ကြိုးစားနေတာလား။

“မကောင်းတော့ဘူး။ သူ့ကို သတ်လိုက်ပါတော့”

ရင်းရှန်း တုန်လှုပ်စွာနဲ့ ထပ်မံ သတိပေးလိုက်ပါပြီ။

ဒါပေမဲ့ သတ်ဖြတ်ခြင်း တာအိုဓားက ရင်းရှန်းရဲ့ စကားကို မကြားတဲ့အလား ကျူးဟွမ်ကို စိတ်ဝင်တစား ကြည့်ပြီး ပြုံးနေပါတော့တယ်။

“ဝိညာဉ်ဝါးမျိုခြင်း ကျင့်စဉ်နဲ့ ဆင်တူတဲ့ ကျင့်စဉ်မျိုးပါပဲလား။ စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ”

“အဲဒီလိုဆိုတော့လည်း မဟာစကြ၀ဠာ ဒဿမ အဆင့် တန်ခိုးရှင်နှစ်ဦးရဲ့ ဝိညာဉ်စွမ်းအင်ကို ရရှိပြီးချိန် မင်းဘယ်လောက် အစွမ်းထက်လာသလဲဆိုတာ ငါ့ကို မြင်အောင် ပြစမ်းပါဦး”

ရင်ကမ္ဘာကနေ သူမ ထွက်ခွာလာချိန်ကစလို့ ကောင်းကောင်းမွန်မွန် သွေးပူလေ့ကျင့်ခန်း မလုပ်ရသေးပါဘူး။ နှစ်ပေါင်း သိန်းချီ ပျောက်ဆုံးသွားတဲ့ နတ်ဘုရားမှော်ရတနာ ဖြစ်တဲ့ သူမ အတွက် အခုအချိန်က အစွမ်းအစစ်ကို ထုတ်ပြဖို့ အချိန်ကောင်းပဲ မဟုတ်လား။

ရွှစ်

ကျူးဟွမ် မျက်နှာ သုန်မှုန်ခက်ထန်နေပါပြီ။ ဆေးမိစ္ဆာရဲ့ ခန္ဓာကိုယ်ထဲကနေ နောက်ထပ် အနီရောင် အလင်းလုံးကို ထုတ်ယူလိုက်ပြီး ချက်ချင်း ပါးစပ်ထဲ ပစ်ထည့်လိုက်ပါတော့တယ်။

အု…

ဒန်တျန်ကို သူဝါးမျိုလိုက်ချိန်မှာပဲ ကျူးဟွမ် မျက်နှာ ပျက်သွားခဲ့ပါပြီ။ သူချက်ချင်း ဒူးထောက်ကျသွားပါတော့တယ်။ သူ့ခန္ဓာကိုယ်ရဲ့ အသွေးအသားတွေ လျှင်မြန်စွာ ပွလာခဲ့ပါပြီ။ သူဟာ အချိန်မရွေး ပေါက်ကွဲသေဆုံးတော့မလိုပါပဲ။

ကျူးဟွမ်ဟာ ဒဏ်ရာ ရရှိထားသလို အဆင့်တူ တန်ခိုးရှင် နှစ်ဦးရဲ့ ဒန်တျန်ကိုလည်း ဝါးမျိုထားပါသေးတယ်။ သူဘယ်လိုလုပ်ပြီး တောင့်ခံထားနိုင်ပါ့မလဲ။

ချက်ချင်းဆိုသလိုပဲ ကျူးဟွမ်ရဲ့ အော်ရာအရှိန်အဝါတွေ ဖောက်ပြန်လာပြီး အထိန်းအကွပ် ကင်းမဲ့လာခဲ့ပါပြီ။

“အား”

ကျူးဟွမ် ခေါင်းမော့ပြီး အော်ဟစ်လိုက်ပါတော့တယ်။ သူ့ရဲ့ မိန်းမဆန်တဲ့ မျက်နှာအထက် သွေးကြောမျှင်တွေ အပြည့် ပေါ်ထွက်လာခဲ့တာကြောင့် သူ့မျက်နှာကိုတောင် ရှင်းရှင်းလင်းလင်း မမြင်တွေ့ရတော့ပါဘူး။

ဒီလိုသာ ဆက်သွားမယ်ဆိုရင် ဝိညာဉ်စွမ်းအင် ဖောက်ပြန်မှုကြောင့် ကျူးဟွမ် ပေါက်ကွဲ သေဆုံးသွားတော့မှာပါ။

“အဲ… ကြည့်ရတာ ငါလည်း ဘာမှလုပ်ဖို့ မလိုတော့ဘူးလိုပဲ”

သတ်ဖြတ်ခြင်း တာအိုဓားလည်း ကူကယ်ရာမဲ့စွာ မျက်လုံးကို လှန်လိုက်ပါတော့တယ်။

“သတိထား”

ရင်းရှန် အော်ပြောလိုက်ပါပြီ။

“အင်း”

သတ်ဖြတ်ခြင်း တာအိုဓား မျက်မှောင်ကြုတ်လိုက်မိပါတော့တယ်။ သူမ ဘာမှ မလုပ်နိုင်ခင်မှာပဲ လက်သီးတစ်ချက် သူမအရှေ့ ရုတ်ချည်း ပေါ်ထွက်လာခဲ့ပါပြီ။

ဒါကို တွေ့လိုက်ရတော့ သတ်ဖြတ်ခြင်း တာအိုဓား အလွန်ဝမ်းသာသွားပါတော့ယ်။ ချက်ချင်းပဲ လက်ကို မြှောက်လိုက်ပြီး လက်သီးကို ဖမ်းဆုပ်လိုက်ပါပြီ။

မိုးနဲ့မြေ တုန်လှုပ်သွားခဲ့ပြီး စွမ်းအင်လှိုင်းအထပ်ထပ် ဖြာထွက်လာခဲ့ပါပြီ။ စွမ်းအင်လှိုင်းတွေ ဖြတ်သန်းသွားရာ နေရာတိုင်းမှာ ပိတ်ဆို့ထားတဲ့ စကြ၀ဠာ တည်ရှိမှုတွေ လိမ်တွန့်ပြီး ကွဲကြေလုလု ဖြစ်သွားပါတော့တယ်။

ရင်းကလန်က တန်ခိုးရှင်တွေကတော့ ကိစ္စမရှိပါဘူး။ ရင်းရှန်းက ကာကွယ်ပေးထားတာကြောင့် သူတို့ဘာမှ မဖြစ်ခဲ့တာပါ။

အနက်ရောင် မိစ္ဆာ ခန်းမက တန်ခိုးရှင်တွေကတော့ ကံမကောင်းလှရှာပါဘူး။

မဟာစကြ၀ဠာ သတ္တမ အဆင့်အထက် တန်ခိုးရှင် နှစ်ဦးကတော့ ဒီစွမ်းအင်လှိုင်းတွေကို တောင့်ခံထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မဟာစကြ၀ဠာ သတ္တမ အဆင့်အောက် တန်ခိုးရှင်တွေကတော့ လွင့်စဉ်သွားခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့ကြပါပြီ။

“ဘယ်လောက်တောင်မှ အစွမ်းထက်နေတာလဲ”

ဒီမြင်ကွင်းကိုကြည့်ပြီး ရင်းရှန်းတစ်ယောက် တုန်လှုပ်စွာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတော့တယ်။

၀ုန်း

နောက်ထပ် ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ကျူးဟွမ်နဲ့ သတ်ဖြတ်ခြင်း တာအိုဓားတို့ မီတာ တစ်ရာလောက် အကွာအဝေးကို ဆုတ်သွားခဲ့ကြပြီး မျက်နှာချင်းဆိုင် ရပ်နေလိုက်ကြပါပြီ။ အခု ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအရဆို သူတို့နှစ်ဦး လက်ရည်ညီနေတယ်လို့ ဆိုနိုင်နေပြီ မဟုတ်လား။

“ဟား ဟား ဟား.. နောက်ဆုံးတော့ ထိုက်တန်တဲ့ တိုက်ပွဲကို တွေ့ပြီ”

သတ်ဖြတ်ခြင်း တာအိုဓား အားရပါးရရယ်မောလိုက်ပါပြီ။ သူမရဲ့ အသွင်နဲ့ဆိုရင် အလွန်ကို ထက်မြိနေတဲ့ ခံစားချက်ကို ပေးစွမ်းနေတာ တွေ့ရမှာပါ။

“ဟမ့်.. မင်းက တကယ်ပဲ နတ်ဘုရားတစ်ပိုင်း တန်ခိုးရှင်ကိုး”

အခုအချိန်မှာတော့ ကျူးဟွမ်ရဲ့ ဒဏ်ရာအားလုံး ပြန်ကောင်းသွားပြီ ဖြစ်တဲ့အပြင် သူ့ကျောဘက်မှာ အနက်ရောင် အလင်းစက်ကွင်းတစ်ခုပါ ရှိနေတာကို တွေ့ရမှာပါ။ ဒီအလင်းစက်ကွင်းကို ဝေဝါးစွာပဲ မြင်တွေ့ရမှာဖြစ်ပြီး အလွန်ကို ချောက်ချား တုန်လှုပ်ဖွယ် ကောင်းနေခဲ့ပါတယ်။

မှန်ပါတယ်။ ဆေးမိစ္ဆာရဲ့ ဝိညာဉ်စွမ်းအင်ကို ဝါးမျိုပြီးနောက်မှာတော့ ကျူးဟွမ်တစ်ယောက် နာကျင်မှုကို တောင့်ခံပြီး အနှောင်အဖွဲ့အားလုံးကနေ ကင်းလွတ်သွားပါတော့တယ်။ ဒီမှာပဲ နတ်ဘုရားတစ်ပိုင်း အဆင့်ကို သူရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ ဒီအဆင့်တက်ခြင်းက ယာယီပဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ်အတွက် အလွန်ဘေးထွက်ဆိုးကျိုး များပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆက်လက် ရှင်သန်ခွင့်ရဖို့အတွက် ကျူးဟွမ် အရေးမစိုက်နေတော့ပါဘူး။

“မင်းကနေ ခုန်ထွက်လာခဲ့တယ်ဆိုတာကို ငါမသိပေမယ့်လည်း အချိန်ဖြုန်းရအောင် ငါမအားတော့ဘူး”

သူ့ခန္ဓာကိုယ်ထဲက အံ့မခန်း စွမ်းအင်တွေကို ခံစားမိပြီးရပြီးနောက် ကျူးဟွမ်တစ်ယောက် ဝိညာဉ်အာရုံကို ဖြန့်ထုတ်လိုက်ပါပြီ။ သတ်ဖြတ်ခြင်းတာအိုဓားနဲ့ သူဆက်ပြီး ရင်ဆိုင်ချင်တော့ပါဘူး။

နှစ်ပေါင်း သိန်းချီ ရှင်သန်ဖူးခဲ့တဲ့ မိစ္ဆာအိုကြီး ဖြစ်တာကြောင့် ကျူးဟွမ်ဟာ အခြေအနေကို ကောင်းကောင်းကြီး နားလည်ထားခဲ့ပါတယ်။

အခုအချိန်မှာ သူ့အနေနဲ့ ရင်းရှန်းကို သတ်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဆက်ပြီး တိုက်ခိုက်မယ်ဆိုရင်လည်း သူ့အနေနဲ့ အချိန်ဘယ်လောက်မှ ခံမှာ မဟုတ်တာ သေချာပါတယ်။ အခု အခြေအနေ မကုန်ဆုံးခင်မှာ အမြန်ဆုံးထွက်ပြေးရမယ်ဆိုတာကို သူနားလည်ထားပြီးသားပါ။

အခုမှ အဆင့်တက်လာတဲ့ နတ်ဘုရားတစ်ပိုင်း တန်ခိုးရှင်ဟာ သတ်ဖြတ်ခြင်း တာအိုဓားကို အနိုင်ယူဖို့ မဖြစ်နိုင်ကြောင်းကိုလည်း နားလည်ထားခဲ့ပါတယ်။

ဆုံးဖြတ်ချက် ချပြီးတာနဲ့ ရင်းရှန်းလည်း လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီး စကြ၀ဠာ အင်းခတ်ပိတ်ဆို့ထားခြင်းကို ဖျက်ဆီးလိုက်ပါပြီ။ ပြီးတာနဲ့ စကြ၀ဠာ တည်ရှိမှုထဲ ဝင်ရောက်ထွက်ပြေးသွားပါတော့တယ်။

“မင်းက ဘယ်သွားဖို့ စဉ်းစားနေတာလဲ”

သူမ အနေနဲ့ နတ်ဘုရားတစ်ပိုင်း အဆင့် ပြိုင်ဘက်ကို ရရှိဖို့ မလွယ်ပ်ဘူး။ သတ်ဖြတ်ခြင်း တာအိုဓားအနေနဲ့ ဘယ်လိုလုပ်ပြီး လွယ်လွယ်ထွက်သွားခွင့် ပြုနိုင်ပါ့မလဲ။ သူမရဲ့ သွယ်လျတဲ့ ကျောက်စိမ်းလို လက်ချောင်းတွေနဲ့ လေထုကို ထိတွေ့လိုက်ပါပြီ။ မရေမတွက်နိုင်အောင် များပြားလှတဲ့ ဓားအလင်းတွေ ဖြာထွက်လာပါတော့တယ်။ ဒီဓားအလင်းတွေဟာ စကြ၀ဠာ တည်ရှိမှုကို ဖျက်ဆီးပြီး ကျူးဟွမ်ကို ပြန်လာဖို့ တွန်းအားပေးလိုက်ကြပါပြီ။

“တောက်”

ကျူးဟွမ်လည်း အံကို တင်းတင်းကြိတ်လိုက်ပြီး လက်နက်ကို ထုတ်ယူ ခုခံလိုက်ပါတော့တယ်။ ပြီးတာ လက်နက်အပေါ် သူသွေးအမြုတေ တစ်ပွက်ကို အန်ထုတ်လိုက်ပါပြီ။ သူ့လက်နက်နဲ့ သတ်ဖြတ်ခြင်း တာအိုဓားရဲ့ တိုက်ခိုက်မှုကို ခုခံပြီး လျှို့ဝှက်ကျင့်စဉ်ကို ထပ်မံ အသုံးပြုလိုက်ပါတော့တယ်။

ကျူးဟွမ်က သွေးအမြုတေကို လောင်ကျွမ်းစေပြီး အသုံးပြလိုက်တဲ့ အင်အားအပြည့် သိုင်းကွက်ကို ရင်ဆိုင်ရတာကြောင့် သတ်ဖြတ်ခြင်း တာအိုဓားလည်း ခုခံရုံသာ တတ်နိုင်ပါတော့တယ်။

ကျူးဟွမ် ထွက်ပြေးလွတ်မြောက်တော့မှာကို တွေ့လိုက်ရတော့ ရပ်ကြည့်နေတဲ့ ချင်းကျူလည်း အေးစက်စက် မျက်နှာထားနဲ့ လက်ဝါးကို သာသာလေး ရိုက်ချလိုက်ပါပြီ။

၀ုန်း

စကြ၀ဠာ တည်ရှိမှု အက်ကွဲသွားပြီး ကျူးဟွမ်တစ်ယောက် ဥက္ကာခဲ တစ်ခုလို ပြုတ်ကျလာပါတော့တယ်။ မြေပြင်အထက် မီတာ တစ်သောင်း အချင်းဝက်ရှိတဲ့ ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီကျင်းနက်ကြီးဟာ အဆုံးအစမဲ့နေသလိုပါပဲ။

ဒါက အဓိက အချက်မဟုတ်ပါဘူး။ အဓိက အချက်ကတော့ ကျူးဟွမ်ရဲ့ အော်ရာအရှိန်အဝါ ပျောက်ကွယ်သွားခြင်းပါ။

နတ်ဘုရားတစ်ပိုင်း တန်ခိုးရှင်တစ်ဦး တစ်ချက်တည်း အသက်ပျောက်သွားတယ်လား။

အားလုံး သွေးပျက်တုန်လှုပ်စွာနဲ့ တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ကြပါတော့တယ်။

“…”

“…”

အကြွင်းမဲ့ တိတ်ဆိတ်ခြင်း။

ရင်းရှန်းလည်း မှင်သက်တုန်လှုပ်သွားခဲ့ပါပြီ။

သူတော်တော်လေးကို နားမလည်နိုင် ဖြစ်သွားပါတော့တယ်။

အစတုန်းကတော့ သတ်ဖြတ်ခြင်းတာအိုဓားကို အလွန်ကြောက်စရာ ကောင်းလွန်းနေတယ်လို့ ထင်ထားမိခဲ့ပါတယ်။ ချင်းကျူဟာ ကြောက်စရာအကောင်းဆုံးလူ ဖြစ်မယ်ဆိုတာ ထင်ကို ထင်မထားမိခဲ့ပါဘူး။

ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်တုန်းကများ ပြည်နယ်ကိုးခု ကုန်းမြေတိုက်ကြီးမှာ ပေါ်ထွက်လာခဲ့ကြတာလဲ။

“ဆရာ.. ဘာဖြစ်လို့ တိုက်ခိုက်လိုက်တာလဲ”

သတ်ဖြတ်ခြင်း တာအိုဓား မကျေမနပ် လှမ်းပြောလိုက်ပါပြီ။

“ငါမတိုက်ခိုက်ဘူးဆိုရင် သူထွက်ပြေးလွတ်မြောက်သွားတော့မှာလေ”

ချင်းကျူ ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပါတော့တယ်။

“ကောင်းပြီလေ။ ဂိုဏ်းချုပ်ရင်း။ ဒီ ၃ ဦးကို ငါတို့ ကူညီ ရင်ဆိုင်ပေးပြီးပြီ။ ရှေးဟောင်းမြေပုံကို ထုတ်ပေးပါ”

“အဲ.. ဟုတ်.. ဟုတ်”

ရင်းရှန်းလည်း အခုမှ အာရုံပြန်ရလာခဲ့ပြီး မြန်မြန်ပဲ ရှေးဟောင်းမြေပုံကို လက်စွပ်ထဲကနေ ထုတ်ယူပေးလိုက်ပါပြီ။

“ဒီရှေးဟောင်းမြေပုံမှာ ကျွန်တော် မှတ်သားထားတဲ့ အမှတ်အသား အများကြီး ရှိပါတယ်။ အဲဒီနေရာတွေက အရမ်းကို အန္တရာယ်များတာကြောင့် ဆရာကြီး မသွားသင့်ပါဘူး”

စကား မဆုံးခင်မှာပဲ ရင်းရှန်းတစ်ယောက် ချင်းကျူ ထုတ်ပြလိုက်တဲ့ အစွမ်းကို သတိရသွားခဲ့ပါတော့တယ်။ သူအဲဒီ နေရာတွေကို ရောက်သွားလည်း ကိစ္စမရှိနိုင်ဘူး မဟုတ်လား။

“အေး အေး.. ကျေးဇူးပဲ”

ချင်းကျူလည်း သာမန်ပဲ ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားခဲ့ပါပြီ။

“သတ်ဖြတ်ခြင်း တာအို.. သွားကြမယ်”

“ဟုတ်ကဲ့”

နောက်တဒင်္ဂမှာတော့ သူတို့ နှစ်ဦး မူလနေရာကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဘာဆိုဘာမှ မကျန်ရစ်ခဲ့ပါဘူး။

“…”

ခဏလောက် အကြာမှာတော့ ရင်းပင်း ခါးသီးစွာ ပြောလိုက်ပါတော့တယ်။

“ဂိုဏ်းချုပ် … ကျွန်တော်တို့ အသက်ချမ်းသာရာ ရပြီလား”

“အေး.. ငါလည်း ထင်မိတယ်”

ခဏလောက် ရပ်တန့်လိုက်ပြီးနောက် ရင်းရှန်းရဲ့ မျက်နှာအထက် အလွန်ထူးဆန်းတဲ့ အငွေ့အသက်တွေ ထင်ဟပ်လာခဲ့ပါပြီ။

“သူတို့ နှစ်ဦးက ဗဟိုကြယ်တာရာ နယ်မြေက တန်ခိုးရှင်တွေ ဖြစ်ကြပြီးတော့ လောက ခုနစ်ပါးထဲ မတော်တဆ ရောက်လာပြီး လမ်းပျောက်သွားခဲ့ကြတာလား”

တစ်ဖက်က မဟာစကြ၀ဠာ ဒဿမ အဆင့် တန်ခိုးရှင် ၃ ဦးကို ရှင်းလင်းပေးပြီး ဗဟိုကြယ်တာရာ ကုန်းမြေရဲ့ မြေပုံကို တောင်းယူခဲ့ပါတယ်။ သူတို့ အစွမ်းအရဆိုရင် ရင်းရှန်းအနေနဲ့ ဒုတိယ ဖြစ်နိုင်ချေကို စဉ်းစားလို့ မရတော့ပါဘူး။

“ထားလိုက်ပါ။ အဲဒီ အနက်ရောင် မိစ္ဆာ နန်းဆောင်က တန်ခိုးရှင်တွေကို အရင်းရှင်းလိုက်တာပေါ့”

ရင်းရှန်းလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်မှောင်ကြုတ်ရင်း အေးစက်စွာ ပြောလိုက်ပါပြီ။

“အနက်ရောင် မိစ္ဆာ နန်းဆောင်ကို ငါမြေလှန်ပစ်မယ်”

နန်းဆောင်ရှင် ကျူးဟွမ် မရှိတော့တဲ့ အတွက် အနက်ရောင် မိစ္ဆာ နန်းဆောင်အနေနဲ့ ရင်းကလန်ကို မရင်ဆိုင်နိုင်တော့ပါဘူး။ အခုအခြေအနေက တစ်ဖက်သတ် စစ်ပွဲကြီး ဖြစ်သွားခဲ့ပြီ မဟုတ်လား။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 24
Chapter 11
နောက်ကျသွားခြင်း

ပြည်နယ်ကိုးခု ကုန်းမြေတိုက်ကြီး၊ မင်းပြည်နယ် မြင့်မြတ်သော မြို့တော်အတွင်း။

ရင်းကလန် အကြီးအကဲ ခန်းမ။

“ဘာတွေ ဖြစ်ကုန်တာလဲ။ ဂိုဏ်းချုပ်ကို ဘာဖြစ်လို့ ဆက်သွယ်လို့ မရတော့တာလဲ”
ရင်းကလန် တန်ခိုးရှင်တစ်ဦး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါပြီ။

“ဂိုဏ်းချုပ် တိုက်ခိုက်ခံနေရပြီလား”

“မဖြစ်နိုင်ဘူး။ ဂိုဏ်းချုပ်ရဲ့ အစွမ်းနဲ့ဆိုရင် မြို့တော်ရှင် ကိုယ်တိုင် မဟုတ်ဘူးဆို ဘယ်သူမှ ဒုက္ခပေးနိုင်မှာ မဟုတ်တော့ဘူး”

တစ်ယောက်က ချက်ချင်း ကန့်ကွက်လိုက်ပါတော့တယ်။

“အင်း.. အဲဒါလည်း ဟုတ်တယ်”

“…”

“အကြီးအကဲတို့ .. ဂိုဏ်းချုပ် ပြန်ရောက်လာပြီ”

ဒီအချိန်မှာ အခန်း အပြင်ဘက်က အစောင့်တစ်ဦး သတင်းပို့လာခဲ့ပါတော့တယ်။

“ဟား ဟား ဟား.. ဂိုဏ်းချုပ် ဘာမှ မဖြစ်ဘူးဆိုတာ ငါသိတာပေါ့”

“ကျွတ်… မင်းစောနတုန်းက အဲဒီလို ပြောလိုက်တာ မဟုတ်ပါဘူး”

“မြန်မြန်.. ဂိုဏ်းချုပ် ဘယ်မှာလဲ”

“…”

အားလုံးပဲ ဘာမှ မစဉ်းစားတော့ပဲ ဂိုဏ်းချုပ်ကို ထွက်ကြိုဆိုလိုက်ကြပါပြီ။

အခုလက်ရှိရင်းကလန်မှာ ရင်းရှန်ဟာ ကောင်းကင်ဘုံတမျှ တည်ရှိမှုပါပဲ။ အလွန်ကို အရှိန်အဝါ ကြီးမားလွန်းပါတယ်။ သူတစ်ခုခု ဖြစ်သွားတာနဲ့ ရင်းကလန် တစ်ခုလုံး ပျက်စီးသွားမှပြါ။ ဒါကြောင့် ရင်းရှန်း ဘာမှ မဖြစ်ကြောင်း သိလိုက်ရတော့ အားလုံး ဝမ်းသာသွားခဲ့ကြတာပါပဲ။

မကြာခင်မှာတော့ အကြီးအကဲ ခန်းမထဲ ရင်းရှန်း ရောက်လာပါတော့တယ်။

“ဂိုဏ်းချုပ်.. ဘာတွေ ဖြစ်ပျက်သွားလို့လဲ။ ဘာဖြစ်လို့ ဒီရက်ပိုင်းအတွက် ဂိုဏ်းချုပ်ကို ကျွန်တော်တို့ ဆက်သွယ်လို့ မရတော့တာလဲ”

“ဘာမှ မဟုတ်ပါဘူး။ အပြာရောင် အမြုတေ မြို့တော်ကနေ ထွက်လာချိန် မတော်တဆ ဖြစ်ရပ်တစ်ခုနဲ့ ကြုံလိုက်ရလို့ပါ”

ရင်းရှန်းလည်း စကားလမ်းကြောင်း လွှဲလိုက်ပြီး အမိန့်ပေးလိုက်ပါပြီ။

“အမိန့်တော်ကို ဖြန့်ဝေလိုက်တော့။ ငါတို့ အင်အားတွေ အားလုံးကို စုစည်းထားလိုက်။ ဟွား ပြည်နယ်ကို မနက်ဖြန် ဝင်ရောက်တိုက်ခိုက်မယ်။ ပြီးရင် အနက်ရောင် မိစ္ဆာ နန်းဆောင်ဆီ စစ်ချီတက်မယ်”

“ဟွားပြည်နယ်ကို ဝင်တိုက်ခိုက်မလို့လား”

ပထမ အကြီးအကဲ မှင်သက်သွားခဲ့ပါပြီ။

“ဂိုဏ်းချုပ် သွားညှိနှိုင်းခဲ့တာ မဟုတ်ဘူးလား”

ပထမအကြီးအကဲ အမြင်မှာတော့ မြို့တော်ရှင် ကိုယ်တိုင် ပါဝင်လာခဲ့ပြီဆိုတော့ စစ်ပွဲကို အဓမ္မ ရပ်တန့်ခိုင်းမှာ သေချာပါတယ်။ ဘာဖြစ်လို့ သူတို့တွေ ဆက်ပြီး တိုက်ခိုက်နေကြဦးမှာလဲ။

“ဟုတ်တယ်။ ဒါပေမဲ့ ကျူးဟွမ်က အခု သေသွားပြီလေ”

ရင်းရှန်း စကားမဆက်တော့ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်း သောင်းချီ ရှင်သန်ခဲ့ပြီးတဲ့ မိစ္ဆာအိုကြီးတွေ ဖြစ်တာကြောင့် သူတို့အနေနဲ့ ဒီအဓိပ္ပာယ်ကို နားမလည်ပဲ ဘယ်နေပါ့မလဲ။

ရင်းကလန်လိုပဲ အနက်ရောင် မိစ္ဆာနက် ခန်းမရဲ့ အဓိက ကျောက်တိုင်ကြီးကတော့ ကျူးဟွမ်ပါ။ တစ်နည်းဆိုရရင် ကျူးဟွမ် သေဆုံးသွားခြင်းဟာ အနက်ရောင် မိစ္ဆာ ခန်းမ ပျက်စီးသွားခြင်းပါပဲ။

သစ်ပင်လဲကျချိန် မျောက်တွေ တကွတပြား ထွက်ပြေးသွားကြတယ် မဟုတ်လား။ မဟာစကြ၀ဠာ ဒဿမ အဆင့် တန်ခိုးရှင် မရှိတော့တဲ့ အတွက် အစောပိုင်း လက်အောက်ခံ နယ်မြေတွေဟာ အနက်ရောင် မိစ္ဆာနန်းဆောင်နဲ့ ဆက်လက် ပူးပေါင်းနိုင်ပါဦးမလား။

ပြီးတော့ ရင်းကလန်က အနက်ရောင် မိစ္ဆာ နန်းဆောင်ကို ခြေမှုန်းဖို့ စစ်ပွဲကြီး ဆင်နွှဲလာတော့မှာပါ။

“ဟင်.. ကျူးဟွမ် သေသွားပြီလား”

ပထမအကြီးအကဲ မှင်သက်သွားခဲ့ပါပြီ။

“တကယ်လား”

“မင်းကို ငါက ဘာဖြစ်လို့ ညာပြောနေရမှာလဲ”

ရင်းရှန်း ထူးမခြားနား ပြောလိုက်ပါတော့တယ်။

“ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာ။ သူ့စိတ်ဝိညာဉ် ပျက်စီးသွားပြီလေ”

ကျူးဟွမ် သေမသေကို အတည်ပြုဖို့အတွက် ချင်းကျူကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ချောက်နက်ကြီးထဲ ရင်းရှန်း ဆင်းကြည့်ဖြစ်ခဲ့ပါတယ်။ ကျူးဟွမ်ရဲ့ အလောင်းတောင် မြေကြီး ဖြစ်သွားပြီဆိုတော့ သေခြင်းအပြင် ဘာများ ထပ်ဖြစ်နိုင်ဦးမှာမို့လဲ။

“!!!”

ဒါကို ကြားလိုက်ရတော့ ပထမအကြီးအကဲလည်း အားရပါးရ ရယ်မောလိုက်ပါတော့တယ်။

“ဟား ဟား ဟား.. အဲဒီ အဘိုးကြီး နောက်ဆုံးတော့ သေသွားပြီပေါ့”

ပထမ အကြီးအကဲတင်သာမက ရင်းကလန်က တန်ခိုးရှင် အားလုံးပဲ အလွန်ဝမ်းသာ ပျော်ရွှင်သွားကြပါတော့တယ်။

အနက်ရောင် မိစ္ဆာ နန်းဆောင်နဲ့ စစ်ခင်းနေချိန်မှာ သူတို့ ကလန်သား အများအပြား သေကြေခဲ့ရတယ် မဟုတ်လား။ ဒါကြောင့် နန်းဆောင်ရှင် ကျူးဟွမ်ကို သူတို့ တစ်စစီ စုတ်ဖြဲပစ်ချင်နေတာ ကြာပါပြီ။ အခု ကျူးဟွမ် သေဆုံးသွားခြင်းက သူတို့အတွက် သတင်းကောင်း တစ်ခုပါပဲ။

“ဂိုဏ်းချုပ်ကြီးက သူ့ကို သတ်လိုက်တာလား”
ခဏအကြာ ပြန်လည် တည်ငြိမ်သွားပြီးနောက် ပထမအကြီးအကဲ လှမ်းမေးလိုက်ပါတော့တယ်။

“မဟုတ်ပါဘူး”

ရင်းရှန်း ခေါင်းကို ခါယမ်းလိုက်ပါပြီ။

ပထမ အကြီးအကဲ မှင်သက်သွားပါတော့တယ်။

“ဒါဆို မြို့တော်ရှင် ရှန်းပေါ့”

“မဟုတ်ဘူး”

ရင်းရှန်း ခေါင်းထပ်ခါယမ်းလိုက်ပါတော့တယ်။

“…”

ဂိုဏ်းချုပ်ကော မြို့တော်ရှင်ကော မဟုတ်ဘူးဆို ဘယ်သူများလဲ။

ပြည်နယ်ကိုးခု ကုန်းမြေတိုက်ကြီးမှာ ကျူးဟွမ်ကို သတ်နိုင်သူ ရှိသေးလို့လား။

အားလုံးပဲ နားမလည်နိုင်စွာ တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်မိကြပါတော့တယ်။

ရင်းရှန်း တစ်ယောက် အပြာရောင် အမြုတေ မြို့တော် အပြင်ဘက်မှာ ဖြစ်ခဲ့တဲ့ အကြောင်းကို ရှင်းပြဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ အပြင်ကနေ လူတစ်ဦး ပြေးဝင်လာတာကို တွေ့လိုက်ရပါပြီ။

“အဖေ”

အဖြူရောင် အရိပ်တစ်ခုဟာ လျှင်မြန်စွာနဲ့ ရင်းရှန်းကို ပွေ့ဖက်လိုက်ပါတော့တယ်။

“အေး.. ဘာဖြစ်လို့ ဒီကို ရောက်လာခဲ့တာလဲ”

ရင်းရှန်း အံ့အားသင့်သွားခဲ့ပါပြီ။

ချင်းကျူသာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် ဒီတစ်ယောက်ကို ချက်ချင်း သတိထားမိမှာပါ။ သူမကတော့ ရင်းကလန်က တတိယ သခင်မလေး ရင်းယွီပါပဲ။

“အဖေ့ကို သတိရနေတာ”

အခုအချိန်မှာတော့ ရင်းယွီဟာ အစောပိုင်းတုန်းကလို မာနကြီးတဲ့ ပုံစံမျိုး မဟုတ်တော့ပါဘူး။ သူမဟာ ဖခင်ဖြစ်သူကို သတိရလွမ်းဆွတ်နေတဲ့ သာမန် မိန်းကလေးတစ်ဦး ဖြစ်နေပါပြီ။ ပြီးတော့ သူမ အသွင်က အလွန်ကို ချစ်စရာ ကောင်းနေခဲ့ပါတယ်။

“ဟေး… အဖေလည်း သမီးကို ဘာမှ မလုပ်ပေးနိုင်သေးဘူး”
ရင်းရှန်း ကူကယ်ရာမဲ့စွာ ပြောလိုက်ပါပြီ။

“အခုလောလောဆယ် အဖေ့ အလုပ်တွေ ရှိနေသေးတယ်။ သမီး အရင်သွားနှင့်ချေဦး”

“မသွားဘူး”

ရင်းယွီ ပြတ်သားစွာ ပြောလိုက်ပါပြီ။

“သမီး လေ့ကျင့်ရာကနေ ပြန်ရောက်လာချိန်မှာ အကြီးအကဲ ခန်းမရဲ့ အစည်းအဝေးကို တက်ရောက်ခွင့် ပြုမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား”

“…”

ရင်းရှန်းလည်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် မှင်သက်သွားခဲ့ပါပြီ။ သူပြောမိခဲ့သလိုပါပဲ။ ဒါကြောင့် သူခါးသီးစွာ ပြောလိုက်ပါတော့တယ်။

“ကောင်းပါပြီ။ ကောင်းပါပြီ။ အဖေ့ဘေးနားမှာ အရင်ဆုံး ထိုင်လိုက်ပါဦး”

“ဟုတ်ကဲ့”

ရင်းယွီ လေးလေးစားစား ခေါင်းညိတ်လိုက်ပါပြီ။

ရင်းကလန်မှာ ဂိုဏ်းချုပ်ပြီးရင် အကြီးအကဲ ခန်းမက ဩဇာအကြီးမားဆုံးပါ။ ကလန်သားတိုင်းဟာ အကြီးအကဲ ခန်းမဝင် ဖြစ်ချင်ခဲ့ကြပါတယ်။ ရင်းယွီလည်း ခြွင်းချက်မဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ သာမန် ထုံးတမ်းစဉ်လာ အရဆိုရင် မဟာစကြ၀ဠာ ဆဌမ အဆင့်နဲ့ အထက် တန်ခိုးရှင်တွေ ဖြစ်ရမှာ ဖြစ်ပြီး ကလန် အတွက် အများအပြား အကျိုးဆောင်ပေးမှသာ အကြီးအကဲ ခန်းမထဲ ဝင်ရောက်ခွင့်ရမှာပါ။ ဒါပေမဲ့ ဖခင်ဖြစ်သူက ဂိုဏ်းချုပ်ဖြစ်နေတဲ့အတွက် ရင်းယွီတစ်ယောက် အထူး ခွင့်ပြုချက် ရရှိခဲ့ပါတယ်။

ရင်းကလန်က တန်ခိုးရှင်တွေကလည်း မမြင်ချင်ယောင် ဆောင်ထားလိုက်ကြပါပြီ။

ရင်းရှန်းလည်း နောက်ဆုံးတော့ မမောနိုင် မပန်းနိုင် ရှင်းပြလိုက်ပါတော့တယ်။

အစပိုင်းမှာတော့ ရင်းယွီ အများကြီး မတွေးထားခဲ့ပါဘူး။ ဒါပေမဲ့ ချင်းကျူနဲ့ သတ်ဖြတ်ခြင်း တာအိုဓားတို့ အကြောင်း ကြားလိုက်ရချိန်မှာ တစ်ခုခု မှားယွင်းနေကြောင်း သူမ ခံစားလိုက်ရပါပြီ။

“အဖေ… အဲဒီအမျိုးသမီးရဲ့ လေသံက အက်ကွဲနေပြီးတော့ အမျိုးသားက အရမ်းကို ခန့်ညားချောမောလွန်းတယ် မဟုတ်လား”
ခဏလောက် တွေဝေနေပြီးနောက် ရင်းယွီ နားမလည်နိုင်စွာ မေးမြန်းလိုက်ပါတော့တယ်။

ရင်းရှန်း မှင်သက်သွားခဲ့ပါပြီ။

“သူတို့ကို သမီး သိလို့လား”

“ဟုတ်ကဲ့။ လင်းဖန်း၊ မိုချန်းနဲ့ ယန်ဂျိတို့ အားလုံးကို အဲဒီ အမျိုးသမီးက သတ်လိုက်တာပါ”

ရင်းယွီလည်း ဖုံးကွယ်မနေတော့ပဲ ကုန်းမြေတိုက်ကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြောလိုက်ပါတော့တယ်။

“…”

ရင်းရှန်း မှင်သက်သွားခဲ့ပါပြီ။ သမီး ဖြစ်သူက ချင်းကျူနဲ့ သတ်ဖြတ်ခြင်း တာအိုဓားတို့ကို ဆုံတွေ့ခဲ့လိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

ဒါပေမဲ့ သမီး ဖြစ်သူကို ဘယ်တော့မှ ပြဿနာ မရှာဖို့ ဆုံးမမိခဲ့လို့ တော်ပါသေးတယ်။ မဟုတ်ဘူးဆိုရင် ဟိုအသုံးမကျတဲ့ကောင်တွေကြောင့် ရင်းယွီ သေသွားရတော့မှာပါ။

“သမီး.. သမီးတော်တယ်”
ရင်းရှန်း ချီးကျူးလိုက်ပါပြီ။

“ဟီး ဟီး.. အဲဒီ အမျိုးသမီးက မဟာစကြ၀ဠာ ပဉ္စမ အဆင့်ကို ရောက်နေလိမ့်မယ်လို့ သမီး တွက်ဆမိခဲ့တယ်။ ဒါကြောင့် သူမကို သွားပြီး ရန်စဖို့ မကြိုးစားမိခဲ့ဘူးလေ”

“မဟာစကြ၀ဠာ ပဉ္စမ အဆင့်လား….”

ရင်းရှန်း မျက်နှာထားနည်းနည်း ပြောင်းလဲသွားခဲ့ပါပြီ။ သူတိုးညင်းစွာ ပြောလိုက်ပါတော့တယ်။

“အဲဒီ မိန်းကလေးက ဘယ်လောက် ကြောက်စရာကောင်းလဲ သမီး သိရဲ့လား”

ရင်းယွီ ဘာမှ မပြောနိုင်ခင် ရင်းရှန်း စကားဆက်လိုက်ပါပြီ။

“သူမက သိုင်းကွက် နှစ်ကွက်ပဲ အသုံးပြုပြီး မဟာစကြ၀ဠာ ဒဿမ အဆင့် တန်ခိုးရှင် နှစ်ဦးဖြစ်တဲ့ စကြ၀ဠာ မိစ္ဆာနဲ့ ဆေးမိစ္ဆာတို့ကို သတ်ဖြတ်ခဲ့တယ်”

“အဲဒီ လူငယ်လေးကတော့… သူက ကျူးဟွမ်ကို တစ်ချက်တည်းနဲ့ သေအောင် သတ်ခဲ့တာ။ အဲဒီအချိန်တုန်းက ကျူးဟွမ်ဟာ စကြ၀ဠာ ဆေးမိစ္ဆာ နှစ်ဦးရဲ့ ဝိညာဉ်စွမ်းအင်တွေကို ဝါးမျိုပြီးဖြစ်လို့ နတ်ဘုရား တစ်ပိုင်းအဆင့် တန်ခိုးရှင် ဖြစ်နေပြီ”

“???”

ရင်းယွီ သူ့နားကိုတောင် သူမယုံဝံ့တော့ပါဘူး။ အစတုန်းကတော့ မဟာစကြ၀ဠာ ဆဌမ အဆင့်ဟာ သတ်ဖြတ်ခြင်း တာအိုဓားရဲ့ အမြင့်ဆုံး အဆင့်လို့ ထင်မှတ်ထားမိခဲ့ပါတယ်။ အခု အမှန်တရားကို ကြားလိုက်ရချိန်မှာတော့…

အရေးအကြီးဆုံးကတော့ ဘာဝိညာဉ်စွမ်းအင်မှ ပိုင်ဆိုင်ထားခြင်း မရှိတဲ့ လူငယ်လေးဟာ နတ်ဘုရားတစ်ပိုင်းအဆင့် တန်ခိုးရှင်ကို တစ်ချက်တည်းနဲ့ သေအောင် သတ်ပစ်ခဲ့တဲ့ အချက်ပါ။

ရင်းယွီ ပါးစပ်အဟောင်းသား ဖြစ်နေပါပြီ။ အခုမှပဲ သူမ အမြင်တွေ တော်တော်လေး လိုအပ်ခဲ့ကြောင်း နားလည်သဘောပေါက်သွားပါတော့တယ်။

“ဗဟို ကြယ်တာရာ နယ်မြေ”

ပြည်နယ်ကိုးခု ကုန်းမြေတိုက်ကြီး အပြင်ဘက်မှာ ချင်းကျူ ရှေးခေတ်ဟောင်း မြေပုံကို ဖြန့်ကြည့်ပြီး ဗဟိုကြယ်တာရာ နယ်မြေရဲ့ တည်နေရာ အတိအကျကို ရှာတွေနေခဲ့ပါတယ်။ ရင်းရှန်းက မြေပုံကို အသေးစိတ် သေချာ ရေးဆွဲထားခဲ့တာပဲ။

ရင်းရှန်းရဲ့ အစွမ်းနဲ့ဆိုရင် သူ့အနေနဲ့ ဗဟိုကြယ်တာရာ ကုန်းမြေဆီကနေ အသက်ရှင်လျက် ပြန်ရောက်လာခဲ့တာ အံ့ဖွယ်ဘနန်း ဖြစ်ရပ်လို့တောင် ပြောနိုင်နေပါပြီ။

“ဟုတ်ပြီ”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပြီးတော့ ဝိညာဉ်အာရုံကို အဆုံးအစမဲ့ ဖြန့်ထုတ်လိုက်ပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 24
Chapter 12
ဒါက ဗဟိုကြယ်တာရာ နယ်မြေလား

ဟူး

ကျယ်ပြောလှတဲ့ စကြ၀ဠာ အတွင်း ချင်းကျူ မျက်လုံးကို မှိတ်ထားခဲ့ပါတယ်။ သူ့ဝိညာဉ်အာရုံဟာ အတိုင်းအဆမဲ့ ဆက်လက် ဖြာထွက်နေဆဲပါ။

ရင်းရှန်းက ရှေးဟောင်းမြေပုံကို အသေးစိတ် ရေးဆွဲထားပေမယ့်လည်း အချက်တစ်ချက်ကို မေ့လျော့နေခဲ့ပါတယ်။

အဲဒါကတော့ ချင်းကျူအနေနဲ့ ရှေးဟောင်းမြေပုံထဲကအတိုင်း အတိအကျ လိုက်နာစရာ မလိုအပ်တာပါ။ သူ့အနေနဲ့ ဗဟိုကြယ်တာရာ နယ်မြေရဲ့ တည်နေရာကို သိသွားတာနဲ့ စကြ၀ဠာ ဂိတ်တံခါးကို ဖွင်ပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ မဟုတ်လား။

“တွေ့ပြီ”

ချင်းကျူလည်း မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ပါပြီ။ ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပြီးနောက် ကီလိုမီတာ ငါးဆယ် ဝန်းကျင်ဟာ နေ့ခင်းအချိန်လို ပြောင်းလဲသွားပါတော့တယ်။

ဒီရွှေရောင်အလင်းတွေဟာ လိမ်တွန့်လှုပ်ရှားနေပြီး ထာ၀ရ ပြောင်းလဲနေတာ တွေ့ရမှာပါ။ မကြာခင်မှာတော့ ရှေးဟောင်းနယ်မြေထဲက မှတ်သားထားတဲ့ နေရာဆီ ဦးတည်သွားမယ့် တံခါးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။

“ပြီးသွားပြီလား”

သတ်ဖြတ်ခြင်း တာအို မှင်သက်သွားပါတော့တယ်။

“အေးလေ”

ချင်းကျူလည်း ပုခုံးတွန့်ပြလိုက်ပြီး စကြ၀ဠာ ဂိတ်တံခါးထဲ ပျံသန်းဝင်ရောက်သွားခဲ့ပါပြီ။

“သွားကြစို့”

“အဲ”

သတ်ဖြတ်ခြင်း တာအိုဓား မှင်သက်နေခဲ့ပါတယ်။ သူမ ချက်ချင်းပဲ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စီးဆင်းစေလိုက်ပြီး ရှီတျန်းကို ခေါ်ဆောင်ရင်း လိုက်သွားခဲ့ပါပြီ။

ပြည်နယ်ကိုးခု ကုန်းမြေတိုက်ကြီးကနေ ထွက်လာချိန်ကစလို့ ရှီတျန်းကို ကြည့်ဖို့ သတ်ဖြတ်ခြင်းတာအိုဓားကို ချင်းကျူ တာဝန်ပေးထားခဲ့ပါတယ်။ သတ်ဖြတ်ခြင်း တာအိုဓားရဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းနဲ့ ရှီတျန်းကို ကာကွယ်ပေးဖို့ မခဲယဉ်းတော့ပါဘူး။ ပြီးတော့ ချင်းကျူလည်း ရှိနေသေးတယ် မဟုတ်လား။

ဒါပေမဲ့ သတ်ဖြတ်ခြင်း တာအိုဓားနဲ့ ဆက်ဆံရာမှာတော့ ရှီတျန်း အလွန်သတိထားနေခဲ့ပါတယ်။

ပြောရရင် တခြား အမျိုးသား တစ်ဦးသာ ဖြစ်နေမယ်ဆိုရင်လည်း သတ်ဖြတ်ခြင်း တာအိုဓား စကားမပြောသရွေ့ ဒီလိုပဲ ဆက်ဆံမိမှာ သေချာပါတယ်။

စကြ၀ဠာ ဂိတ်တံခါးကို ဖြတ်သန်းပြီးတဲ့နောက်မှာ အဆုံးအစမဲ့ စကြ၀ဠာကိုပဲ မြင်နေရပါသေးတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် ဝိညာဉ်ကီစွမ်းအင်ကတော့ ပြည်နယ်ကိုးခု ကုန်းမြေတိုက်ကြီးထက် ကြွယ်၀နေတာ ထင်ရှားနေပါပြီ။ ပြီးတော့ ဒီထဲမှာ အမျိုးမျိုးသော ဝိညာဉ်ကီစွမ်းအင်တွေ ပါဝင်နေခဲ့ပါတယ်။ ဒီနေရာက တန်ခိုးရှင်တို့အတွက် မြင့်မြတ်သော လောကတစ်ခုပါပဲ။

“ဒါက ဗဟိုကြယ်တာရာ နယ်မြေလား”

ချင်းကျူ ရေရွတ်ရင်း တွေးနေပါတော့တယ်။

“ဆရာ.. ကျွန်မတို့တွေ ဘယ်ဆက်သွားကြမလဲ”

သတ်ဖြတ်ခြင်း တာအိုဓားလည်း စိတ်ဝင်စားစွာ လှမ်းမေးလိုက်ပါပြီ။

ချင်းကျူက နောက်ဆုံးအကြိမ် ဝင်ပါခဲ့တဲ့ အတွက် သတ်ဖြတ်ခြင်း တာအိုဓားအနေနဲ့ ကျူးဟွမ်ကို မသတ်နိုင်ခဲ့တာကြောင့် သိပ်ပြီး မကျေနပ်လှသေးပါဘူး။ အခု နောက်ထပ် တန်ခိုးရှင်တွေကို သူမ ထပ်မံ တိုက်ခိုက်ချင်နေပါပြီ။ သူမအနေနဲ့ အဆင့်တူ ပြိုင်ဘက်ကို ရင်ဆိုင်ရရင် ပိုလို့တောင် ကောင်းပါသေးတယ်။

“…”

ဒါကို ကြားလိုက်ရတော့ ချင်းကျူ ပြုံးလိုက်ပြီး
“ဒီနေရာကို ဗဟိုကြယ်တာရာ နယ်မြေလို့ ခေါ်တယ်ဆိုတော့ နတ်ဘုရားတစ်ပိုင်းအဆင့်နဲ့ အထက် တန်ခိုးရှင်တွေ ရှိနေလိမ့်မယ်။ အစစ်အမှန် နတ်ဘုရား တစ်ယောက်ယောက်ကို အရင်ရှာလိုက်ပြီး ဒီလောကရဲ့ တည်နေရာ အတိအကျကို သိမလား စုံစမ်းကြည့်တာပေါ့”

“…”

ဒီစကားကို ပြောလိုက်တာနဲ့ သတ်ဖြတ်ခြင်း တာအိုဓား ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့ပါပြီ။ သူမဟာ နတ်ဘုရား မှော်ရတနာ ဖြစ်ပေမယ့်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ကိုသာ ရောက်ပါသေးတယ်။

တကယ်လို့ ရင်တျန်းရှင်းနဲ့ နှစ်ပေါင်းသိန်းချီ ပိတ်မိမနေခဲ့ဘူးဆိုရင် သတ်ဖြတ်ခြင်း တာအိုဓားအနေနဲ့ မိုးမြေရဲ့ အမြုတေတွေကို စုပ်ယူပြီး အစစ်အမှန် နတ်ဘုရားအဆင့်ကို ရောက်ရှိကောင်း ရောက်ရှိနိုင်မှာပါ။

ဒါပေမယ့်လည်း ရင်တျန်းရှင်းနဲ့ ပိတ်မိနေခဲ့တာကြောင့် သူမ နည်းနည်းလေးမှ တိုးတက်ဖို့ အခွင့်အရေးမရခဲ့ပါဘူး။ သူမ အနေနဲ့ အစစ်အမှန် နတ်ဘုရားတွေကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်တိုက်ခိုက်နိုင်ပါ့မလဲ။

“ကောင်းပြီလေ။ ငါတို့…”

သတ်ဖြတ်ခြင်း တာအိုဓား နှုတ်ဆိတ်နေတာကို တွေ့လိုက်ရတော့ ချင်းကျူ တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ အဝေးကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာတာကို ကြားလိုက်ရပါပြီ။ မိုးနဲ့မြေ တုန်လှုပ်သွားပါတော့တယ်။

“အင်း”

ချင်းကျူလည်း မျက်မှောင်ကြုတ်လိုက်ပြီး အသံလာရာ အရပ်ကို လှမ်းကြည့်လိုက်ပါပြီ။ မီးလျှံတွေအကြား အံ့မခန်း အမြန်နှုန်းနဲ့ ပျံသန်းနေတဲ့ စစ်သင်္ဘောကြီး တစ်စင်းကို တွေ့လိုက်ရပါတော့တယ်။

ရွှစ်

သတ်ဖြတ်ခြင်း တာအိုဓား လက်ညှိုးနဲ့ ွှန်လိုက်ပါပြီ။ ဓားအလင်းဟာ စစ်သင်္ဘောကို ဖြတ်သန်းသွားပါတော့တယ်။

“ဘာတွေ ဖြစ်နေတာလဲ”

ချင်းကျူ ဘာမှ မလုပ်နိုင်ခင် စစ်သင်္ဘောတွေ တစ်စင်းပြီးတစ်စင်း ပျံသန်းပေါ်ထွက်လာခဲ့ပါပြီ။ စစ်သင်္ဘောတွေရဲ့ အရွယ်အစားက အမျိုးမျိုး ကွဲပြားနေခဲ့ပါတယ်။ အကြီးတွေဟာ လူပေါင်းရာချီ သယ်ဆောင်နိုင်ပြီး အမျိုးမျိုးသော လက်နက်တွေ ပါဝင်နေတာကြောင့် ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲကြီးတွေလိုပါပဲ။

သင်္ဘော အသေးလေးတွေကတော့ လူနှစ်ဦး သုံးဦးပဲ သယ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ အလွန်ကို မြန်ဆန်လွန်းပါတယ်။ သူတို့တွေဟာ စကြ၀ဠာ အတွင်း အရှေ့အနောက် လူးလာခေါက်တုံ့ ပြန်သန်းနေပုံက ဘယ်လိုမှ လိုက်မမီနိုင်အောင်ပါပဲ။ မကြာမကြာဆိုသလို အလွန်အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင် ရောင်ခြည်တန်းတွေနဲ့လည်း သူတို့ ပစ်ခတ်နေပါသေးတယ်။

စစ်သင်္ဘောကြီးတွေဟာ တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်နေတဲ့ ဘက်နှစ်ဘက်အဖြစ် သတ်မှတ်လို့ ရပါသေးတယ်။ ဘယ်ဘက်ကမှ အလျှော့ပေးလိုပုံ မရပါဘူး။ မျက်စိတမှိတ် အချိန်အတွင်း မရေမတွက်နိုင်အောင် များပြားလှတဲ့ စစ်သင်္ဘောတွေ ပျက်စီးသွားခဲ့ပါပြီ။ စကြ၀ဠာအတွင်းမှာတော့ ဒီအဖြစ်အပျက်ဟာ လှပတဲ့ မီးရှူးမီးပန်းတွေလိုပါပဲ။

“အဲ…”

ချင်းကျူ ဘာပြောလို့ ပြောရမှန်း မသိဖြစ်နေပါတော့တယ်။ ဒါက အာကာသအတွင်း ယာဉ်ပျံတွေ စစ်ပွဲလား။

၀ုန်း

စစ်သင်္ဘော တစ်စီး ထပ်မံ ပေါက်ကွဲသွားခဲ့ပေမယ့် အထဲက အဖွဲ့သားတွေ ဆက်လက် ရှင်သန် လွတ်မြောက်ခဲ့ပါတယ်။ အခုမှပဲ ချင်းကျူ သတိထားမိတာကတော့ သင်္ဘောတွေကို ထိန်းချုပ်ထားကြသူတွေက အဆင့်မြင့် တန်ခိုးရှင်တွေ ဖြစ်နေတယ် ဆိုတာပါပဲ။

ထွက်ပြေးလွတ်မြောက်လာကြသူ အားလုံး ဘိုးဘေးသူတော်စင် အဆင့်ကို ရောက်နေကြပါပြီ။

ဘိုးဘေးသူတော်စင်တွေဟာ အာကာသ လွန်းပျံတွေနဲ့ စစ်ခင်းနေကြပုံကို ချင်းကျူ တွေးဆကြည့်ရင်း တော်တော်လေး အူကြောင်ကြောင် နိုင်တယ်လို့ ခံစားမိနေပါတော့တယ်။

ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာကတော့ ဘိုးဘေးသူတော်စင် အားလုံးလက်ထဲမှာ သေနတ်လို လက်နက်တွေ ကိုင်ဆောင်ထားခဲ့တာပါ။ စစ်သင်္ဘောကနေ သူတို့ လွတ်မြောက်လာတာနဲ့ အရူးအမူး ဟိုဒီ ပစ်ခတ်နေပါတော့တယ်။ ဒါပေမဲ့ ကျည်ဆံတွေတော့ မဟုတ်ခဲ့ပဲ အလွန်ကို ထိုးဖောက်စွမ်းအင် ပြင်းထန်တဲ့ လေဆာရောင်ခြည်တန်းတွေပါပဲ။ စစ်သင်္ဘော အသေးလေးတွေတောင် ဒီရောင်ခြည်တွေကို ရင်ဆိုင်နိုင်စွမ်း မရှီခဲ့ပါဘူး။ ထိမှန်သွားတာနဲ့ အလွယ်တကူ ပျက်စီးသွားစမြဲပါ။

“…”

ဒီလို တန်ခိုးရှင် လောကမှာ ရောင်ခြည် သေနတ်ကိုင်ထားတဲ့ ဘိုးဘေးသူတော်စင်တွေ အာကာသအတွင်း စစ်ခင်းနေမယ့် ပုံမျိုး မြင်ရလိမ့်မယ်လို့ ချင်းကျူ ထင်တောင် ထင်မထားမိခဲ့ပါဘူး။

ဒီလောကကြီး တစ်နေရာရာမှာများ မှားနေပြီလား။

ချင်းကျူလည်း ရှေးဟောင်းမြေပုံကို သေချာ ပြန်ကြည့်လိုက်ပါပြီ။ မှန်ပါတယ်။ ဒီနေရာက ဗဟိုကြယ်တာရာ နယ်မြေပါပဲ။

ဒါပေမဲ့ အချက်တစ်ချက်ကို ချင်းကျူ လျစ်လျူရှုထားခဲ့ပါတယ်။ ရင်းရှန်းတစ်ယောက် ဗဟိုကြယ်တာရာ နယ်မြေဆီ တစ်ခေါက်ရောက်ခဲ့တဲ့ နှစ်ပေါင်း ထောင်သောင်းချီပြီး ကြာမြင့်သွားခဲ့ပြီ မဟုတ်လား။ ဒီအချိန်အတွင်း ဘာမှ မပြောင်းလဲပါဘူးလို့ ဘယ်သူက အာမခံပေးနိုင်မှာမို့လဲ။

“…”

ရွှစ်

ဒီအချိန်မှာပဲ အဖြူရောင်အလင်းတွေ ဖြာထွက်တောက်ပလာခဲ့ပါပြီ။ ဒီအလင်းတန်းဟာ ကီလိုမီတာ တစ်ရာကျော်ကို ဖြတ်သန်းပြီး မီတာတစ်ထောင်ရှည်တဲ့ စစ်သင်္ဘောကြီးကို ထိမှန်သွားပါတော့တယ်။

ကလစ် ကလစ်

စစ်သင်္ဘော အပြင်ဘက်က အကာအကွယ်အလွှာဟာ စက္ကန့်ပိုင်းအတွင်း တစ်စစီ ပျက်စီးသွားခဲ့ပါပြီ။ ဒါပေမဲ့ အဖြူရောင် အလင်းတန်းက ဆက်လက် ဖောက်ထွင်း ဝင်ရောက်သွားပါတော့တယ်။

၀ုန်း

နောက်တဒင်္ဂမှာတော့ စစ်သင်္ဘောကြီး ပေါက်ကွဲသွားခဲ့ပြီး အပိုင်းအစလေးတွေ လွင့်လာခဲ့ပါပြီ။ ကြီးမားလှတဲ့ စကြ၀ဠာ အက်ကွဲကြောင်းကြီး အလယ်မှာ ဖြစ်ပေါ်လာပါတော့တယ်။ ဘယ်သူမှ မလွတ်မြောက်ခဲ့ပါဘူး။

ပင်မ စစ်သင်္ဘောကြီး ပျက်စီးသွားတဲ့ အတွက်ကြောင့် တစ်ဖက်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်သွားခဲ့ပြီး ဆက်လက် တိုက်ခိုက်လိုစိတ်လည်း မရှိတော့ပါဘူး။ သူတို့အားလုံး ဦးတည်ရာအရပ်ကို ထွက်ပြေးရင်း လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြပါပြီ။

“အဲဒီတိုက်ခိုက်မှုက လောကသခင် သင်္ဘောပေါ်က ပျက်စီးခြင်း နေ့ရက် မိုးကြိုးရဲ့ တိုက်ခိုက်မှု ဖြစ်မယ် ထင်တယ်”
အနိုင်ရတဲ့ဘက်က တန်ခိုးရှင်တစ်ဦးက ရေရွတ်လိုက်ပါတော့တယ်။

“လောကသခင် ဒီကို ရောက်နေပြီလား”

“ဟား ဟား ဟား… လောကသခင်ကိုယ်တိုင် ရှေ့ထွက်လာပြီဆိုမှတော့ ဒီအမှိုက်တွေကို ဘာလို့ ထည့်စဉ်းစားစရာ လိုတော့မှာလဲ”

“…”

တန်ခိုးရှင်အားလုံး ဝမ်းသာအားရ ရယ်မောလိုက်ကြပါပြီ။

“အဲ.. ကြည့်စမ်း.. အဲဒါက ဘာလဲ”

ရုတ်တရက်ဆိုသလိုပဲ မလှမ်းမကမ်းမှာ ရှိနေတဲ့ ချင်းကျူတို့ကို တစ်ယောက်ယောက်က သတိထားမိသွားခဲ့ပါပြီ။

“ဟီး ဟီး.. သူတို့တွေက သစ်သားကမ္ဘာရဲ့ အကြွင်းအကျန်လေးတွေ နေမှာပေါ့။ သူတို့ကို သတ်လိုက်ရုံပဲလေ”

တစ်ဖက်လူက ပြုံးလိုက်ပြီး ထိန်းချုပ်ထားတဲ့ စစ်သင်္ဘောက ရောင်ခြည်နဲ့ ချင်းကျူကို ပစ်ခတ်လိုက်ပါတော့တယ်။

၀ုန်း ၀ုန်း ၀ုန်း

မီးလျှံတွေဟာ မာန်ဖီနေတဲ့ နဂါးကြီးတွေလို ပေါ်ထွက်လာခဲ့ပြီး ချင်းကျူတို့ကို လွှမ်းခြုံသွားခဲ့ပါပြီ။

မီးလျှံတွေ လွင်ပြယ်သွားချိန်မှာ ချင်းကျူတို့တွေ နေရာမှာပဲ မတုန်မလှုပ် ဆက်လက် ရပ်တန့်နေခဲ့ကြပါတော့တယ်။ ဘာဆိုဘာမှ မဖြစ်ခဲ့ကြပါဘူး။

“ဟင်”

တန်ခိုးရှင် အားလုံး တုန်လှုပ်သွားခဲ့ကြပါပြီ။ ဒီစစ်သင်္ဘောတွေမှာ တပ်ဆင်ထားတဲ့ လက်နက်တွေဟာ ဝိညာဉ်စွမ်းအင် ဖြည့်ပြီးတာနဲ့ ဆက်တိုက် အသုံးပြုနိုင်တယ် မဟုတ်လား။

မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တွေတောင်မှ သတိပေါ့လျော့မိရင်  ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်ပါတယ်။ သူတို့ ၃ ဦးက အဆင့်မြင့် မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တွေမို့လား။

သူတို့ ဘာမှန်းမသိလိုက်ခင်မှာ ဓားအလင်းတစ်ခု ဖြာထွက်လာခဲ့ပါပြီ။

ရွှစ်

ဓားအလင်းဟာ စစ်သင်္ဘောကို ဖြတ်သန်းသွားပြီးချိန်မှာတော့ စစ်သင်္ဘော ပေါက်ကွဲပျက်စီးသွားပါတော့တယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

“ရန်သူတွေ ထပ်ရှိနေသေးတယ်ဟေ့”

အုတ်အော်သောင်းနင်း အခြေအနေကြောင့် တခြား စစ်သင်္ဘောတွေလည်း အာရုံစိုက်လာကြပါတော့တယ်။ စစ်သင်္ဘော အများအပြား ပျံသန်းရောက်ရှိလာကြပြီး ချင်းကျူတို့ကို ဝိုင်းထားလိုက်ကြပါပြီ။

“သူတို့တွေက ဘယ်သူတွေလဲ”

“ငါလည်း မသိဘူး”

“ထူးဆန်းတယ်။ သူတို့တွေက သစ်သားကမ္ဘာက သက်ရှိတွေနဲ့လည်း မတူဘူးနော်”

“ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ”

“ဟမ့်.. သူတို့ ဘာဖြစ်ဖြစ် ဘာအရေးလဲ။ ငါတို့ စစ်သင်္ဘောကို သူတို့ ဖျက်ဆီးလိုက်တာ မဟုတ်လား။ သေခိုင်းလိုက်တော့”

တန်ခိုးရှင်တစ်ဦး စတင်တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ချင်းကျူတို့တွေ ရုတ်တရက်ဆိုသလို အစအန ရှာမတွေ့အောင် ပျောက်ကွယ်သွားခဲ့ကြပါပြီ။

“သူတို့တွေ ဘယ်ရောက်သွားတာလဲ”

“..”

ပကျူး ပကျူး ပကျူး
ကျီးကန်း ၁ ကောင် ဖြတ်ပျံသွား။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 24
Chapter 13
ကျန်ရှိနေသော မှတ်ဉာဏ်

ချင်းကျူတို့တွေ မပြောမဆိုနဲ့ ပျောက်ကွယ်သွားတာကြောင့် ဒါဇင်များစွာ ရှိနေတဲ့ စစ်သင်္ဘောများစွာဟာ ဦးတည်ရာမဲ့နေတဲ့ ယင်ကောင်တွေလို ဖြစ်သွားခဲ့ကြပါပြီ။ သူတို့ ဘယ်လောက်ပဲ ကြိုးစားပါစေ ချင်းကျူတို့ကို ရှာမတွေ့တော့ပါဘူး။

“ဒါဆို…”

နောက်ဆုံးတော့ တစ်ခုခု မှားယွင်းနေကြောင်း တန်ခိုးရှင်တစ်ဦး နားလည်သွားခဲ့ပါပြီ။

ဒီနေရာက ဗဟိုကြယ်တာရာ နယ်မြေပါ။ အစွမ်းထက်တဲ့ သက်ရှိအားလုံး စုဝေးရာ နေရာ မဟုတ်လား။ ဘယ်သူမှန်းမသိတဲ့ ခရီးသွားတွေဟာ အဆင့်မြင့် မဟာစကြ၀ဠာအဆင့် တန်ခိုးရှင် ဒါမှမဟုတ် နတ်ဘုရားတစ်ပိုင်းအဆင့် တန်ခိုးရှင် ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

ပြောရရင် ချင်းကျူ တစ်ယောက် အစအနရှာမတွေ့အောင် ပျောက်ဆုံးသွားကတည်းက အထင်သေးလို့ မရတော့ကြောင်း သေချာသွားခဲ့ပါပြီ။

ဒီအချက်ကို နားလည်သွားကြသူတွေဟာ တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြရင်း သွေးပျက်တုန်လှုပ်လာကြပါတော့တယ်။

သစ်သားကမ္ဘာ ကိစ္စကိုတောင် သူတို့ အပြည့်အ၀ မကိုင်တွယ်နိုင်သေးခင်မှာ မတော်တဆ ဆိုသလို ထိပ်တန်း အဖွဲ့အစည်းကြီး တစ်ခုခုကို သွားပြီး ရန်စမိသွားခဲ့မယ်ဆိုရင် လောကသခင် အနေနဲ့ သူတို့ကို ဘယ်လိုမှ ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။

“ဘာ.. ဘာဖြစ်လို့ ငါတို့ အရင်မပြန်ကြသေးတာလဲ”
စကားပြော ချန်နယ်ကနေ တန်ခိုးရှင်တစ်ဦး အကြံပေးလိုက်ပါပြီ။

“ထောက်ခံတယ်”

“သဘောတူတယ်”

“…”

စစ်သင်္ဘော အများအပြား ဦးတည်ရာ အရပ် ပြောင်းလဲလိုက်ကြပြီး ဘာမှ မဖြစ်ခဲ့သယောင် ဟန်ဆောင်နေလိုက်ကြပါပြီ။

တစ်ချိန်တည်းမှာပဲ နောက်ဆုံးနေ့ရက် မိုးကြိုးလို့ နာမည်တွင်တဲ့ အလံတင် စစ်သင်္ဘောကြီးအထက်မှာ ရှန်ကမ္ဘာရဲ့ လောကသခင်ဟာ ဖိတ်ခေါ်မထားတဲ့ ဧည့်သည်တော် သုံးဦးကို ကြိုဆိုနေပါတော့တယ်။

လောကသခင် ရန်ချွမ်ဟာ သက်ရှိ အများအပြားရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားသူပါ။ သူဟာ အလွန်ကို ဩဇာအာဏာကြီးမားလှပြီး ဘယ်သူမှ အံမတုဝံ့ကြပါဘူး။

ဒါပေမဲ့ အခုအချိန်မှာတော့ မြေပြင်ပေါ်သူလဲကျနေပြီး လူငယ်လေးကို မော့ကြည့်နေပါတော့တယ်။ သူ့တစ်ကိုယ်လုံး စာဖွဲ့လို့မရတဲ့ နာကျင်မှုကို ခံစားနေရပြီး အရိုးဘယ်လောက်များများ ကျိုးသွားပြီလဲတောင် မသိပါဘူး။

“မင်း.. မင်းက ဘယ်သူလဲ”
ရန်ချွမ်လည်း အားနည်းစွာ မေးမြန်းလိုက်ပါတော့တယ်။

“အင်း.. ဒါက မင်းနဲ့ ဘာမှ မပတ်သက်ပါဘူး”
ချင်းကျူ သာမန်ပဲ ပြောလိုက်ပါပြီ။

“…”

ရန်ချွမ်လည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အံကို တင်းတင်းကြိတ်ထားရင်း
“အဲဒါဆိုရင်.. ငါ့ကို သတ်လိုက်ပါတော့”

“မင်းကို သတ်ရမယ်။ ဘာဖြစ်လို့လဲ။ မင်းကို ငါ မေးခွန်းနည်းနည်းလောက်ပဲ မေးချင်တာပါ”

ချင်းကျူလည်း တစ်ဖက်လူရဲ့ အူကြောင်ကြောင်နိုင်တဲ့ ဆုံးဖြတ်ချက်ကြောင့် နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

ရန်ချွမ်
“…”

သူက မေးခွန်းနည်းနည်း မေးချင်တာလား။

လောကသခင်လည်း ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွားခဲ့ပါပြီ။

ဒါကို တွေ့လိုက်ရတော့ ချင်းကျူလည်း ပုခုံးကို တွန့်ပြလိုက်ပြီး သာမန်ပဲ လှမ်းပြောလိုက်ပါတော့တယ်။

“ငါ့ကို အဲဒီလို ကြည့်မနေနဲ့။ မင်းကိုလည်း ငါမရိုက်ခဲ့ဘူး။ မင်းဖာသာ ငါ့ကို အရင်ဝင်ပြီး တိုက်ခိုက်ခဲ့တာလေ”

ရန်ချွမ်
“…”

သူဝန်မခံချင်ပေမယ့်လည်း ဒါက အမှန်တရားပဲ မဟုတ်လား။

ချင်းကျူ ပေါ်လာတဲ့ အချိန်ကစလို့ အခုအချိန်အထိ ရန်ချွမ်ကို ထိတောင် မထိခဲ့ရသေးပါဘူး။ ရန်ချွမ်ကသာ အင်အားအကုန် ထုတ်သုံးပြီး ချင်းကျူကို လက်သီးနဲ့ လှမ်းထိုးခဲ့တာပါ။

နောက်ဆုံးမှာတော့..

တန်ပြန်အင်အားကို ရန်ချွမ် ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ခန္ဓာကိုယ်က အရိုးတွေနဲ့ သွေးကြောတွေ တစ်လက်မပြီး တစ်လက်မဆီ ပျက်စီးသွားခဲ့ပါပြီ။ ချင်းကျူသာ တန်ပြန် အင်အားကို အချိန်မီ မဖယ်ရှားပေးခဲ့ဘူးဆိုရင် သူသေဆုံးသွားရတော့မှာပါ။

ဒီတစ်ယောက်က ဘယ်လိုတွေတောင် ကြောက်စရာ ကောင်းနေတာလဲ။

ရန်ချွမ်လည်း ငိုယိုချင်နေပေမယ့် မျက်ရည်မကျနိုင်ခဲ့ရှာပါဘူး။ တစ်ရက်မှာတော့ တန်ပြန် အင်အားကြောင့် ဒီလို ဒဏ်ရာရသွားလိမ့်မယ်လို့ တွေးတောင် မတွေးဖူးမိခဲ့တာ သေချာပါတယ်။ အစစ်အမှန် နတ်ဘုရားတွေတောင် ဒီလောက်အထိ အစွမ်းမထက်နိုင်ဘူးလေ။ ဟုတ်တယ်နော်။

“ငါ့ကို ဘာမေးချင်လို့လဲ”

ဘာဖြစ်လို့များ လောကသခင် အနေနဲ့ အသက်ရှင်ဖို့ အခွင့်အရေးကို ငြင်းဆိုနေရမှာလဲ။

“မလိုပါဘူး။ အဲဒါ နည်းနည်း အလုပ်ရှုပ်သေးတယ်”

ချင်းကျူလည်း လက်ဖျောက်တစ်ချက်တီးလိုက်ပါပြီ။ ရွှေရောင် အလင်းတွေဟာ ရန်ချွမ်ရဲ့ မျက်ခုံးနှစ်ခုအကြား ဝင်ရောက်သွားပါတော့တယ်။

“မင်း.. ငါ့ကို ဘာလုပ်လိုက်တာလဲ”

ရန်ချွမ်လည်း တုန်လှုပ်စွာနဲ့ ကြိုးစား မတ်တတ်ထရပ်လိုက်ပါပြီ။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

“အင်း”

နောက်တဒင်္ဂမှာတော့ ရန်ချွမ်ရဲ့ မျက်လုံးတွေ ပြူးကျယ်ပြီး မယုံကြည်နိုင်အောင် ဖြစ်သွားပါတော့တယ်။

ဘာတွေ ဖြစ်သွားတာလဲ။ ခန္ဓာကိုယ်က ပျက်စီးနေတဲ့ အရိုးတွေ သွေးကြောတွေဟာ အံ့မခန်း နှုန်းနဲ့ ပြန်ကောင်းလာနေခဲ့တယ် မဟုတ်လား။

ငါးမိနစ် မပြည့်ခင်မှာ ရန်ချွမ်တစ်ယောက် မတ်တတ်ထရပ်နိုင်သွားခဲ့ပြီး ဒဏ်ရာတွေလည်း အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။

“ဒါက”

သူ့ခန္ဓာကိုယ်ထဲက အတိုင်းအဆမဲ့ ဝိညာဉ်စွမ်းအင်တွေကို ခံစားရင်း ရန်ချွမ် မယုံကြည်နိုင်အောင် ဖြစ်နေပါတော့တယ်။

“အဲဒီ ရွှေရောင် အလင်းတွေကလား”

အချိန်တော်တော်ကြာတဲ့ အခါမှာတော့ ရန်ချွမ်တစ်ယောက် အသိဝင်လာခဲ့ပြီး ချင်းကျူတို့ကို လှည့်ကြည့်လိုက်ပါပြီ။ ဒါပေမဲ့ ချင်းကျူတို့ ပျောက်ကွယ်သွားခဲ့တာ အချိန်တော်တော်ကြာသွားခဲ့ပြီ မဟုတ်လား။

“သူ.. သူတို့တွေက ဘယ်သူတွေလဲ”
ရန်ချွမ် ရေရွတ်ရင်း အချိန်တော်တော်ကြာတဲ့အထိ ရပ်တန့်နေမိပါတော့တယ်။

“ဟူး.. အခုမှပဲ အဖြစ်အပျက်ကို ငါနားလည်တော့တယ်”

ရန်ချွမ်ရဲ့ မှတ်ဉာဏ်တွေကို ဖတ်ရှုပြီးနောက်မှာ ချင်းကျူ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်မိပါတော့တယ်။

နာမည်အတိုင်းပဲ ဗဟို ကြယ်တာရာ နယ်မြေဟာ လောကရဲ့ ဗဟိုချက်မပါ။ ဒါပေမဲ့ ကြယ်တာရာ ဗဟိုနယ်မြေဟာ အလွန်ကို ကျယ်ပြောပြီး ဘီလီယံ အရေအတွက်ရှိတဲ့ ကြယ်တာရာတွေ ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့် တချို့နေရာတွေမှာ ကွဲပြားမှု အလွန်ကြီးမားနေတယ်ဆိုရင်လည်း မမှားပါဘူး။

အခုလက်ရှိ သူရောက်နေရာ နေရာကတော့ ဗဟိုကြယ်တာရာနယ်မြေရဲ့ အရှေ့ပိုင်းဒေသတစ်ခု ဖြစ်ပြီး အားအနည်းဆုံး အေးချမ်းမှု မရှိဆုံး နေရာတစ်ခုပါ။

ဒါက ဗဟိုကြယ်တာရာ နယ်မြေနဲ့ ယှဉ်လိုက်ရင် ဖြစ်နေတဲ့ အခြေအနေ ဆိုပါစို့။ လောကခုနစ်ပါးနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ နှိုင်းယှဉ်လို့ မရအောင်ကို အစွမ်းထက်တဲ့ နယ်မြေကြီး တစ်ခု ဖြစ်နေဆဲပါပဲ။

ပြောစရာ တစ်ခုပဲ ရှိတာကတော့ ဒီနေရာမှာ တန်ခိုးရှင်လမ်းစဉ်နဲ့ အဆင့်မြင့် နည်းပညာတို့ကို ပြီးပြည့်စုံအောင် ပေါင်းစည်းနိုင်ခဲ့တာကြောင့် ချင်းကျူ မြင်ခဲ့ရတဲ့ အရာတွေကို မြင်တွေ့ခဲ့ရတာပါပဲ။

ဒီလို နည်းလမ်းအရဆိုရင်တော့ တန်ခိုးရှင် လမ်းစဉ်နဲ့ အဆင့်မြင့် နည်းပညာတွေ ပေါင်းစည်းခြင်းဟာ တကယ်ကို ကောင်းမွန်တာ သေချာသွားခဲ့ပါပြီ။ အထူးသဖြင့် စစ်ပွဲကြီးတွေ အတွက်ပါ။ ဒီလို ပေါင်းစည်းခြင်းကြောင့် တိုက်ခိုက်မှု တိကျခြင်းနဲ့ အဖျက်စွမ်းအင်တွေ အဆများစွာ တိုးတက်လာပါတော့တယ်။

ဒီအတွက်ကြောင့် အရှေ့ပိုင်း နယ်မြေဟာ အေးချမ်းမှု အနည်းဆုံး နယ်မြေ ဖြစ်နေခဲ့တာပါ။

ဒီလို နည်းပညာကို အဓိက အားကိုးခဲ့တာကြောင့်လည်း အရှေ့ပိုင်းနယ်မြေက တန်ခိုးရှင်တွေဟာ တခြား နယ်မြေက တန်ခိုးရှင်တွေလောက် အစွမ်းမထက်နိုင်တော့ပဲ အမြဲ အဆင့်နိမ့်နေကြပါတော့တယ်။

ရန်ချွမ်ကတော့ ရှန်ကမ္ဘာရဲ့ လောကသခင် ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ရှိနေပါပြီ။

အရှေ့ပိုင်း နယ်မြေမှာ ဒီလို လောကသခင် တော်တော်များများ ရှိပါသေးတယ်။ ပြီးတော့ ရန်ချွမ်ထက် ပိုပြီးအစွမ်းထက်သူတွေလည်း မရေမတွက်နိုင်အောင် ရှိနေသေးတယ် ဆိုရမှာပါ။

ရန်ချွမ်ဟာ နတ်ဘုရားတစ်ပိုင်းအဆင့် တန်ခိုးရှင်သာ ဖြစ်ခဲ့တာကြောင့် အရှေ့ပိုင်း နယ်မြေ အပြင်ဘက်ကို သူတစ်ခါမှ မထွက်ခွာဖူးခဲ့ပါဘူး။ ဒါကြောင့် ဒီလောကအကြောင်း နားလည်ဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။

“အရှေ့ပိုင်းနယ်မြေထဲက အစွမ်းအထက်ဆုံး တန်ခိုးရှင်ကို အရင်ရှာမှဖြစ်မယ်”

ရန်ချွမ်ရဲ့ မှတ်ဉာဏ်အရဆိုရင် အရှေ့ပိုင်း နယ်မြေမှာ အစွမ်းအထက်ဆုံး တန်ခိုးရှင်ဟာ နတ်ဘုရားတစ်ပိုင်း အထက်အဆင့်ကို ရောက်ရှိနေပြီး ရာပေါင်းများစွာသော ကမ္ဘာတွေကို ပိုင်ဆိုင်ထားတဲ့ အလွန်ဩဇာအာဏာ ကြီးမားသူပါ။

ဒီလောကကိုတော့ အထင်သေးလို့ မရတော့ပါဘူး။ အဲဒီမှာပဲ ဒီလောကအကြောင်းကို ချင်းကျူ ပိုမိုပြီး သိလာရပါလိမ့်မယ်။

ချင်းကျူလည်း ဆုံးဖြတ်ချက် ချပြီးတာနဲ့ စကြ၀ဠာ ဂိတ်တံခါးကို ဖွင့်လိုက်ပြီး အစွမ်းအထက်ဆုံး တန်ခိုးရှင်ကို ရှာဖွေလိုက်ပါပြီ။

ဆယ်မိနစ် အကြာမှာတော့ အစွမ်းအထက်ဆုံး တန်ခိုးရှင်ကို ချင်းကျူ ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒီ တန်ခိုးရှင်က သေဆုံးသွားခဲ့ပါပြီ။

“ဟား ဟား.. ဒါက အရှေ့ပိုင်းနယ်မြေရဲ့ အစွမ်းအထက်ဆုံး တန်ခိုးရှင်လား။ သူက ဒီလောက်လည်း မဟုတ်သေးပါဘူး”

ချိုင့်ဝှမ်းကြီး အတွင်း အနက်ရောင်ဝတ်စုံဝတ် လူကြီးဟာ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး အထင်သေးစွာ ပြုံးလိုက်ပါတော့တယ်။

သူ့အရှေ့မှာတော့ ဗလတောင့်တောင့် လူကြီးတစ်ယောက် လဲကျနေတာကို တွေ့ရမှာပါ။ သူ့မျက်လုံးတွေ ပြူးကျယ်နေပြီး အသက်ကင်းမဲ့နေပါပြီ။ သူကတော့ အခုလက်ရှိ အရှေ့ပိုင်းနယ်မြေက အစွမ်းအထက်ဆုံး တန်ခိုးရှင်ပါပဲ။

“နောက်ထပ် ပစ်မှတ်ကတော့ အနောက်ပိုင်းနယ်မြေ…”

“အင်း”

ရုတ်တရက်ဆိုသလိုပဲ ဝတ်စုံနက်ဝတ် လူကြီးဟာ မျက်မှောင်ကြုတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်ပါပြီ။ ချက်ချင်းဆိုသလိုပဲ သူ့ခြေဆုံးခေါင်းဆုံးအထိ အေးစိမ့်မှုကို ခံစားလိုက်ရပါတော့တယ်။

သူဘာမှ စဉ်းစားမနေတော့ပဲ ဝတ်စုံနက်ဝတ် လူကြီးဟာ ချက်ချင်း နောက်ကို ခုန်ဆုတ်လိုက်ပြီး တုန်လှုပ်စွာ ပြောလိုက်ပါပြီ။

“မင်းတို့တွေက ဘယ်သူတွေလဲ”

သူ့အနား ကပ်လာတဲ့ လူတွေကို လုံး၀ အာရုံမခံနိုင်ခဲ့ဘူးလား။

“သူ့အတွက် ငါတို့ ရောက်လာခဲ့တာပါ”

ချင်းကျူကတော့ မြေပြင်အထက် လဲကျနေတဲ့ လူကြီးကို ညွှန်ပြပြီး ပြောလိုက်ပါပြီ။

“သူသေသွားပြီလေ”
ဝတ်စုံနက်ဝတ် လူကြီးက အေးစက်စွာ ပြောလိုက်ပါတော့တယ်။

“ကိစ္စမရှိပါဘူး။ မင်းလည်းပဲ အဆင်ပြေပါတယ်”

ချင်းကျူလည်း သာမန်ပဲ ပုခုံးတွန့်ပြလိုက်ပါတော့တယ်။

“ငါလား…”

ဝတ်စုံနက်ဝတ် လူကြီး တုန်လှုပ်သွားခဲ့ပါပြီ။

“ဟုတ်တယ်လေ”

ချင်းကျူကတော့ အချိန်ကုန်ခံပြီး လေကုန်ခံမနေတော့ပါဘူး။ သူ့လက်ကို မြှောက်လိုက်ပြီး ဝတ်စုံနက်ဝတ် လူကြီးကို ဖမ်းဆုပ်လိုက်ပါတော့တယ်။

အရှေ့ပိုင်း နယ်မြေက အစွမ်းအထက်ဆုံး တန်ခိုးရှင်ကို သတ်နိုင်တယ် ဆိုမှတော့ ဝတ်စုံနက်ဝတ် လူကြီးဟာ ပိုပြီး အစွမ်းထက်မှာ သေချာနေပါပြီ။ သူတို့နှစ်ဦးလုံးက အစစ်အမှန် နတ်ဘုရားအထက်အဆင့် တန်ခိုးရှင်တွေ ဖြစ်နေတာကြောင့် ချင်းကျူ ဘာမှ စဉ်းစားမနေတော့ပါဘူး။

“မကောင်းတော့ဘူး”

ဝတ်စုံနက်ဝတ် လူကြီးရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ် လိမ်တွန့်သွားခဲ့ပါပြီ။ သူရှောင်တိမ်းဖို့ ကြိုးစားလိုက်တာပါ။

ဒါပေမဲ့ ရှောင်တိမ်းလို့ မရကြောင်းကို သူချက်ချင်း နားလည်သွားပါတော့တယ်။

“စိတ်မပူပါနဲ့။ မင်းရဲ့ မှတ်ဉာဏ်ကို ငါကြည့်ရုံပဲ ကြည့်မှာပါ။ မင်းကို ဒဏ်ရာရအောင် မလုပ်ပါဘူး”

ချင်းကျူ တည့်တိုးပဲ ပြောလိုက်ပါပြီ။

“ဘာ…”

ဒါကို ကြားလိုက်ရတော့ ဝတ်စုံနက်ဝတ် လူကြီး မျက်စိမျက်နှာ ပျက်သွားပါတော့တယ်။ ချက်ချင်းပဲ သူ့လျှာကို ကိုက်လိုက်ပြီး သွေးအမြုတေ တစ်ပွက် အန်ထုတ်လိုက်ပါပြီ။ စကြ၀ဠာအတွင်း သူဝင်ရောက် ထွက်ပြေးသွားပါတော့တယ်။

“…”

“သူလွတ်သွားတယ်လား”

သတ်ဖြတ်ခြင်း တာအိုဓား အံ့အားသင့်သွားခဲ့ပါပြီ။

ချင်းကျူလက်ထဲကနေ လူတစ်ဦး လွတ်မြောက်သွားတာကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ရတာပါ။

“အေး”

ချင်းကျူလည်း ခေါင်းညိတ်လိုက်ပြီး
“သူနဲ့ ငါ့အကြား ဘာရန်ညှိုးမှ မရှိဘူးလေ။ ဒါကြောင့် သူ့ကို သွားခွင့် ပြုလိုက်တာပါ”

“ဒါပေမဲ့ မှတ်ဉာဏ်တွေကိုတော့ ငါသိမ်းထားခဲ့ပါတယ်”

ချင်းကျူ လက်ဝါးကို ဖြန့်လိုက်တဲ့ အခါမှာတော့ အလင်းလုံးလေး ပေါ်ထွက်လာခဲ့ပါပြီ။ ဒီထဲမှာ ဝေဝါးတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရမှာပါ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 24
Chapter 14
အင်မော်တယ် နတ်ဘုရားဂိုဏ်း

အလင်းရောင်လုံးလေးဟာ ချင်းကျူ လက်ဝါးပြင်အထက် မျောလွင့်နေခဲ့ပါတယ်။ ဒီထဲက မြင်ကွင်းတွေကို သေချာကြည့်ရင် မြင်တွေ့ရမှာပါ။

“ဒါက”

သတ်ဖြတ်ခြင်း တာအိုဓား ရင်ထိတ်သွားခဲ့ပါပြီ။

“သူ့မှတ်ဉာဏ်တွေကို ငါကူးထားခဲ့တာလေ”
ချင်းကျူကတော့ သာမန်ပဲ ပြောလိုက်ပါတော့တယ်။

မှတ်ဉာဏ်တွေကို ကူးထားတာလား။

ဒါက ဘယ်လို ကျင့်စဉ်မျိုးလဲ။

သတ်ဖြတ်ခြင်း တာအိုဓား မှင်သက်သွားခဲ့ပြီးနောက်မှာတော့ ချင်းကျူ ဘယ်လောက် အစွမ်းထက်ကြောင်းကို ပိုမို နားလည်လာပါတော့တယ်။

“သူကတော့ ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ”
ချင်းကျူ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါပြီ။

အရှေ့ပိုင်း နယ်မြေက အစွမ်းအထက်ဆုံး တန်ခိုးရှင်ကို သူသတ်နိုင်ခဲ့တယ် ဆိုကတည်းက အနက်ရောင် ဝတ်စုံဝတ် လူကြီးဟာ အစစ်အမှန် နတ်ဘုရား အထက်အဆင့်အောက်ကျစရာကို အကြောင်းမရှိတော့ပါဘူး။

တစ်ဖက်လူက ဘာကြောင့် အရှေ့ပိုင်းနယ်မြေက အစွမ်းအထက်ဆုံး တန်ခိုးရှင်ကို သတ်ပစ်ချင်နေတာလဲ ဆိုတာကိုတော့ ချင်းကျူလည်း မသိပါဘူး။ ပြီးတော့ အခြေအနေကို တွက်ဆကြည့်မယ်ဆိုရင် အနောက်ပိုင်း နယ်မြေကိုလည်း သူပစ်မှတ်ထားပုံ ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက ချင်းကျူနဲ့ ဘာမှ မဆိုင်ပါဘူး။

မကြာခင်မှာတော့ ဝတ်စုံနက်ဝတ် လူကြီးရဲ့ မှတ်ဉာဏ်တွေကို ချင်းကျူ ဖတ်ရှုပြီးသွားခဲ့ပြီး အဓိက သော့ချက်တွေကို ဆုပ်ကိုင်မိသွားခဲ့ပါပြီ။

ထင်ထားသလိုပဲ ဒီနေရာက အဆင့်မြင့် ဒိုင်မန်းရှင်း တစ်ခုပါ။ ဒီနေရာမှာ အစွမ်းထက်သူ အများအပြား ရှိနေတာကြောင့် ကောင်းကင်ဘုံ လောကကိုလည်း ခေါ်တွင်ပါသေးတယ်။

နတ်ဘုရားလောကလိုပဲ ကောင်းကင်ဘုံ လောကဟာ အရွယ်အစား အမျိုးမျိုးရှိတဲ့ အဆင့်နိမ့် ဒိုင်မန်းရှင်းများစွာနဲ့ ဆက်သွယ်ထားခဲ့ပါတယ်။ အဲဒီအဆင့်နိမ့် ဒိုင်မန်းရှင်းတွေက နတ်ဘုရားဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြသူတွေသာ ကောင်းကင်ဘုံ လောကထဲ ဆင်းသက်နိုင်ကြတာပါ။

ဒါပေမဲ့ နတ်ဘုရားလောကကော အတွင်းလောကတို့ကောရဲ့ သတင်းအချက်အလက်တွေကို ချင်းကျူ ရှာမတွေ့သေးပါဘူး။

ဒါကလည်း ဖြစ်နိုင်ပါတယ်။ ပြောရရင် အဆင့်မြင့် ဒိုင်မန်းရှင်း နှစ်ခုသာ ထိစပ်နေမယ်ဆိုရင် အဲဒီက တန်ခိုးရှင်တွေအားလုံး အစောကြီးကတည်းက တိုက်ခိုက်နေကြလောက်ပြီပေါ့။

အတွင်းလောကကတော့ ကောင်းကင်ဘုံ လောကနဲ့ ဒိုင်မန်းရှင်းတစ်ခုတည်းမှာ ရှိနေပုံ မရပါဘူး။

ပြီးတော့ ဖန်းရှီကိုလည်း စိတ်ဝိညာဉ်ရှာဖွေခြင်း အသုံးပြုခဲ့ပါသေးတယ်။ ကောင်းကင်ဘုံ နန်းတော်ရဲ့ သခင်ဖြစ်ပြီး နတ်ဘုရားလောကရဲ့ ထိပ်တန်းအဆင့် တန်ခိုးရှင် ဖြစ်တာကြောင့် ဖန်းရှီတစ်ယောက် သတင်းအချက်အလက် ဖုံးကွယ်ထားခြင်း ခံရမယ် ဆိုရင်တောင်မှ အဆင့်မြင့် ဒိုင်မန်းရှင်းတစ်ခုခုနဲ့ ဆက်သွယ်မှု ရှိနေခဲ့မယ်ဆိုရင် သူသိကို သိထားရမှာပါ။ ဒါကြောင့် ချင်းကျူ တစ်ချိန်လုံး မျှော်လင့်ချက်နဲ့ စောင့်စားနေခဲ့တာပါပဲ။

ကြည့်ရတာကတော့ အတွင်းလောကဆီ ပြန်ဖို့က ထင်သလောက် မလွယ်ကူတော့ပါဘူး။

ပြီးတော့ လျှို့ဝှက်ချက် တစ်ခုကိုလည်း ချင်းကျူ ရှာတွေ့ခဲ့ပါသေးတယ်။

အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း နယ်မြေတွေ အပြင်ကို ဗဟိုကြယ်တာရာ နယ်မြေရဲ့ အလယ်ဗဟိုနေရာမှာ ကောင်းကင်ဘုံ အလွန်ဆိုတဲ့ နေရာတစ်ခု ရှိနေသေးတယ် ဆိုတာပါ။

အားလုံး သိထားသလိုပဲ အရှေ့၊ အနောက်၊ တောင်၊ မြောက်က အစွမ်းအထက်ဆုံး တန်ခိုးရှင်တွေ အဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူတွေဟာ အစစ်အမှန် နတ်ဘုရား အထက်အဆင့်ကိုသာ ရောက်ကြပါသေးတယ်။ ဒီအတွက်ကြောင့် ဗဟိုကြယ်တာရာ နယ်မြေမှာ နတ်ဘုရား ဘုရင်အဆင့် တန်ခိုးရှင်တွေ ရှိမနေဘူးလို့ ပြောလို့မရနိုင်ပဲ အားလုံးက ကောင်းကင်ဘုံ အလွန်မှာ ရှိနေခဲ့ကြတာကြောင့်ပါ။

ဝတ်စုံနက်ဝတ် လူကြီး နာမည်ကတော့ ၀ူရှီပါပဲ။ သူဟာ ကောင်းကင်ဘုံ အလွန်နယ်မြေက ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အင်မော်တယ် နတ်ဘုရားဂိုဏ်းဝင်တစ်ဦးပါ။

ပြောရရင် အင်မော်တယ် နတ်ဘုရားဂိုဏ်းဟာ သူတို့ ကျင့်စဉ်တွေက မိစ္ဆာ ကျင့်စဉ် အများစု ဖြစ်တာကြောင့် မိစ္ဆာဂိုဏ်းအဖြစ် ကျော်ကြားခဲ့ပါတယ်။ သူတို့တွေက ကုန်းမြေတိုက်ကြီးတွေကို အလွယ်တကူ သန့်စင်နိုင်စွမ်း ရှိကြပြီး ဒီလို လုပ်ရပ်တွေကြောင့် လူအများအပြား ထိခိုက်ဘ၀ပျက်ကြစမြဲပါ။ ဒါကြောင့် သူတို့တွေဟာ အဖွဲ့အစည်း အများအပြားရဲ့ ရန်သူတွေ ဖြစ်နေခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အင်မော်တယ် နတ်ဘုရားဂိုဏ်းဟာ အလွန်ကို အစွမ်းထက်ပါတယ်။ နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင် တော်တော်များများကို ဂိုဏ်းအတွင်း ရှိနေခဲ့တာပါ။ ဘယ်သူမှလည်း သူတို့ကို ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။ သူတို့တွေအနေနဲ့ အကောင်းဆုံး ကြိုးစားပြီး သူတို့တွေကို တားမြစ်ထားရုံသာ တတ်နိုင်ခဲ့ပါတယ်။ ဘယ်လိုမှလည်း အမြစ်ပြတ် မခြေမှုန်းနိုင်ပါဘူး။

ဝတ်စုံနက်ဝတ် လူကြီးကတော့ အင်မော်တယ် နတ်ဘုရားဂိုဏ်းက အကြီးအကဲ တစ်ဦးပါ။ သူက အမိန့်တော် ရရှိခဲ့တာကြောင့် ကောင်းကင်ဘုံ အလွန်က ထွက်ခွာလာခဲ့ပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် နယ်မြေတို့က အစွမ်းအထက်ဆုံး တန်ခိုးရှင်တွေကို လိုက်လံသတ်ဖြတ်နေခဲ့တာပါပဲ။ အကြောင်းပြချက်ကိုတော့ ဝတ်စုံနက်ဝတ် လူကြီးကိုယ်တိုင်တောင် မသိခဲ့ရှာပါဘူး။

ချင်းကျူလည်း မှတ်ဉာဏ်ကို ကြည့်ပြီးချိန် စဉ်းစားနေမိခဲ့ပါတယ်။ အင်မော်တယ် နတ်ဘုရားဂိုဏ်းက တစ်ခုခု ကြံစည်နေတာ သေချာသွားခဲ့ပါပြီ။

ဒါပေမဲ့ ချင်းကျူက လိုက်စပ်စုရတာကို လောလောဆယ် စိတ်မဝင်စားနိုင်သေးပါဘူး။ နတ်ဘုရားလောကနဲ့ အတွင်းလောကရဲ့ တည်နေရာ အတိအကျကို သူအမြန်ဆုံး ရှာဖွေပြီး စကြ၀ဠာ ဂိတ်တံခါးဖွင့် ပြန်ဖို့သာ စိတ်လောနေခဲ့ပါတယ်။

“ကောင်းကင်ဘုံ အလွန်ကို ငါသွားကြည့်သင့်သလား”

ချင်းကျူ အခုတော့ စဉ်းစားရကြပ်နေပါပြီ။

အခုလက်ရှိ အခြေအနေအရ နတ်ဘုရားလောကကို ရှာဖွေရတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပါပဲ။ လုံး၀ မဖြစ်နိုင်သလောက်ကို ဖြစ်နေပါပြီ။

အဲဒီ နတ်ဘုရား ဘုရင်အဆင့် တန်ခိုးရှင်တွေကလည်း နတ်ဘုရားလောက အကြောင်းကို သိချင်မှ သိထားကြမှာပါ။

တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား။

သေချာတာ တစ်ခုကတော့ ဒီလောက နှစ်ခုက ချိတ်ဆက်မှု တစ်ခုခု ရှိနေတယ် ဆိုတာပါပဲ။ မဟုတ်ဘူးဆိုရင် ချင်းကျူအနေနဲ့ စကြ၀ဠာလှိုင်း လောကထဲကနေ ဒီနေရာကို ဘယ်လိုလုပ် ရောက်လာမှာလဲ။

စကြ၀ဠာလှိုင်းလောကထဲ သူထပ်ပြီး ဝင်ရောက်သင့်သလားလို့ ချင်းကျူ တွေးနေမိပါပြီ။

စဉ်းစားရင်း ချင်းကျူ မျက်လုံးတွေ အရောင်တောက်ပလာပါတော့တယ်။ နတ်ဘုရားလောကရဲ့ အချက်အလက်တွေကို သူရှာဖွေနေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဘာမှ ရှာမတွေ့ပဲ ဘာကြောင့် ဒီကို ရောက်လာခဲ့လဲဆိုတာပါ မေ့လုလု ဖြစ်သွားခဲ့ပါတယ်။

သူ့အနေနဲ့ အတွင်းလောကထဲ ပြန်ဖို့ စကြ၀ဠာ လှိုင်းလောကထဲ ဝင်ရောက်လို့ ရသေးတယ် မဟုတ်ဘူးလား။

ချင်းကျူ စဉ်းစားနေချိန်မှာပဲ အနက်ရောင် အရိပ်တစ်ခုဟာ အနောက်ဘက် စကြ၀ဠာ တည်ရှိမှုထဲကနေ ပေါ်ထွက်လာခဲ့ပြီး သူ့ဦးခေါင်းကို ဦးတည် တိုက်ခိုက်လာခဲ့ပါပြီ။

“အင်း”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပါတော့တယ်။ သူ့ခန္ဓာကိုယ်အထက် ရွှေရောင် အလင်းလွှာတွေ တောက်ပလာခဲ့ပြီး အနက်ရောင် အရိပ်ကို တွန်းထုတ်လိုက်ပါပြီ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

အနက်ရောင် အရိပ်လည်း အော်ဟစ်ပြီး စကြ၀ဠာ တည်ရှိမှုအတွင်း ထွက်ပြေးဖို့ ကြိုးစားလိုက်ချိန်မှာ ဖြာထွက်လာတဲ့ ရွှေရောင်အလင်းတွေကြောင့် နေရာမှာ မလှုပ်မယှက် ဖြစ်သွားပါတော့တယ်။ သူဘယ်လောက်ပဲ ကြိုးစားရုန်းကန်နေပါစေ အသုံးမဝင်တော့ပါဘူး။

“မင်းပဲလား”

ချင်းကျူလည်း ဝတ်စုံနက်ဝတ် လူကြီးက သူ့ကို အနောက်က ဝင်ရောက်တိုက်ခိုက်လိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“၀ူး ၀ူး.. မင်းငါ့ကို ဘာလုပ်လိုက်တာလဲ”

ဝတ်စုံနက်ဝတ် လူကြီးလည်း ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အသည်းအသန် ရုန်းထွက်နေပါပြီ။ ဒါပေမဲ့ သူမအောင်မြင်တော့ပါဘူး။ သူ့သွေးအမြုတေကို လောင်ကျွမ်းစေပေမယ့်လည်း မလွတ်မြောက်တော့ပါဘူး။

“မင်းကို ငါ ထွက်သွားခွင့် ပြုလိုက်ပြီးပြီလေ။ ဘာဖြစ်လို့ ပြန်လာပြီး အသေခံရတာလဲ”
ချင်းကျူလည်း ဝတ်စုံနက်ဝတ် လူကြီးကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်ပါတော့တယ်။

ဝတ်စုံနက်ဝတ် လူကြီးနဲ့ ဘာရန်စမှ မရှိတဲ့အတွက် ချင်းကျူ လွှတ်ပေးခဲ့တာပါ။ အခုလို အလစ်ဖမ်း တိုက်ခိုက်မှု ခံလိုက်ရချိန်မှာတော့ ဒီကိစ္စကို ချင်းကျူ ခွင့်မလွှတ်ပေးနိုင်တော့ပါဘူး။

“ဟမ့်.. မင်းသိထားတာ အရမ်းများသွားပြီ”
ဝတ်စုံနက်ဝတ် လူကြီး အံကို တင်းတင်းကြိတ်လိုက်ပါတော့တယ်။

ချင်းကျူ
“….”

ဒီတစ်ယောက်က မှတ်ဉာဏ်တွေ အခိုးခံလိုက်ရတာကို သိနိုင်လို့လား။

မဖြစ်နိုင်ဘူး။ ဝတ်စုံနက်ဝတ် လူကြီးက အစစ်အမှန် နတ်ဘုရားအထက်အဆင့်ပဲ ရောက်သေးတာပါ။ နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင်တောင် မပြောနိုင်ဘူး မဟုတ်ဘူးလား။

ဒါမှမဟုတ်.. အရှေ့ပိုင်းနယ်မြေက အစွမ်းအထက်ဆုံး တန်ခိုးရှင်ကို အနက်ရောင်လူကြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်ကို ချင်းကျူ မြင်တွေ့လိုက်တာကြောင့်ပဲလား။

“မင်းဘယ်သူလဲဆိုတာ ငါစိတ်မဝင်စားဘူး။ ငါ့ကို အမြန်ဆုံးလွှတ်နိုင်လေ ကောင်းလေပဲ”

ဝတ်စုံနက်ဝတ် လူကြီး နှာခေါင်းရှုံ့လိုက်ပြီး
“ဒီနေရာက သတင်းကို ငါပို့လိုက်ပြီးပြီ။ မကြာခင် တန်ခိုးရှင်တွေ ထပ်ရောက်လာကြတော့မယ်။ မင်းမသေချင်ဘူးဆိုရင် လိမ်လိမ်မာမာ အညံ့ခံလိုက်ပါ”

“…”

“အင်း.. မင်းက မိစ္ဆာ ကျင့်စဉ်တွေ အများကြီးကို လေ့ကျင့်လိုက်လို့ ဦးနှောက်ထိခိုက်သွားတာလား.. ရူးသွားတာလားဟင်”

မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်ထားကြသူ တန်ခိုးရှင်တိုင်းဟာ အလွန်ရန်လိုကြပြီး ကြပ်မပြည့်ကြကြောင်း ချင်းကျူ ကောင်းကောင်း နားလည်ထားခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် မိစ္ဆာ ကျင့်စဉ်ဆိုတာ ပေါ်လာစရာလား။

ဒါပေမဲ့ ဝတ်စုံနက်ဝတ် လူကြီးရဲ့ ထုံထိုင်းပုံက အရမ်းကို ဆိုးရွားနေပါပြီ။ အခြေအနေကိုတောင် သူနားမလည်နိုင်တော့ဘူးပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ၀ူရှီကတော့ သတင်းကို ပိုပြီးသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ချင်းကျူကို သူအကြောက်အလန့်ကင်းမဲ့စွာ တိုက်ခိုက်ဝံ့ခဲ့တာပါ။

၀ူရှီအနေနဲ့ ချင်းကျူကို ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ တွက်မထားမိခဲ့တာပဲ ရှိတာပါ။ ဝိညာဉ်စွမ်းအင် အကာအကွယ်ဟာ သူ့အင်အား အပြည့်တိုက်ခိုက်မှုကို ဖယ်ရှားနိုင်ခဲ့တဲ့အပြင် သူ့ကိုလည်း အလွယ်တကူ ချုပ်နှောင်နိုင်ခဲ့ပါသေးတယ်။ ဒီလို ဖြစ်ရပ်က စာဖွဲ့လို့တောင် မရနိုင်တော့ပါဘူး။

ချင်းကျူ လှောင်ပြောင်မှုကို ခံလိုက်ပြီးနောက် ၀ူရှီ ပြန်လည် တည်ငြိမ်သွားခဲ့ပါပြီ။ နတ်ဘုရားဘုရင် အဆင့်အောက် တန်ခိုးရှင်တွေအကြား သူပြိုင်ဘက်ကင်းပြီလို့ ယုံကြည်ထားခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် အင်မော်တယ် နတ်ဘုရားဂိုဏ်းက နယ်မြေလေးခုက အစွမ်းအထက်ဆုံး တန်ခိုးရှင်တွေကို သတ်ဖို့ သူ့ကို စေလွှတ်လိုက်မှာ မဟုတ်ပါဘူး။

ချင်းကျူ ပြလိုက်တဲ့ အစွမ်းကြောင့် ချင်းကျူဟာ နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင် ဖြစ်နိုင်ကြောင်း နားလည်သွားခဲ့ပါပြီ။

အခုလို နားလည်သွားပြီးနောက်မှာ ၀ူရှီ တုန်လှုပ်ချောက်ချားလာပါတော့တယ်။

အင်မော်တယ် နတ်ဘုရားလောကက ထပ်မံစေလွှတ်လိုက်တဲ့ တန်ခိုးရှင်တွေဟာ အစစ်အမှန် နတ်ဘုရားအဆင့်ကိုပဲ ရောက်ဦးမယ်ဆိုရင် သေပြီပဲ မဟုတ်လား။

ဝတ်စုံနက်ဝတ် လူကြီး ကြိတ်ပြီး ကျိန်ဆဲလိုက်မိပါတော့တယ်။

ဘယ်လိုလုပ်ပြီး နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင်တစ်ဦးက ဒီနေရာမှာ ပေါ်ထွက်လာခဲ့တာလဲ။

“မင်း ရောက်လာပြီပဲ။ ဘာဖြစ်လို့ ပုန်းနေသေးတာလဲ”

ချင်းကျူက လက်ဝါးကို သာသာလေး ယမ်းလိုက်ပါပြီ။ ရွှေရောင်အလင်းတွေဟာ ရှီတျန်းနဲ့ သတ်ဖြတ်ခြင်း တာအိုဓားတို့ကို လွှမ်းခြုံသွားပါတော့တယ်။ မတော်တဆ ဖြစ်ရပ်တွေကနေ သူတို့ကို ကာကွယ်ပေးဖို့ပါ။

“ဒီလောက်တောင် မြန်တယ်လား”

၀ူရှီ မှင်သက်သွားခဲ့ပါပြီ။

“၀ူရှီ.. ဘာတွေ ဖြစ်နေတာလဲ”

နောက်ဆုံးစကားနဲ့အတူ အနက်ရောင် အရိပ်အများအပြား ပေါ်ထွက်လာခဲ့ပါပြီ။

ခေါင်းဆောင်ဖြစ်တဲ့ အနက်ရောင် ဝတ်စုံဝတ် လူကြီးရဲ့ မျက်လုံးတွေထဲ အဖြူရောင်တစ်စွန်းတစ မရှိတော့ပဲ အမှောင်ထုသာ ရှိနေတာကို တွေ့ရမှာပါ။ သူ့တစ်ကိုယ်လုံးကနေ သွေးဆာရက်စက်တဲ့ ထူးဆန်းတဲ့ စာဖွဲ့မရနိုင်တဲ့ အော်ရာအရှိန်အဝါတွေ ထွက်ပေါ်နေခဲ့ပါတယ်။ သူ့အနောက်ဘက်မှာ ရှိနေတဲ့ အနက်ရောင် ရောင်ခြည်စက်ကွင်းဟာ အလွန်ကို တောက်ပလွန်းနေပြီး မိုးနဲ့မြေဟာ သူ့ခြေရင်း ခယဝပ်ဆင်းနေပါပြီ။

“လက်ထောက်ဂိုဏ်းချုပ်”

၀ူရှီ အလွန်ဝမ်းသာသွားပါတော့တယ်။

Continue Reading

You'll Also Like

165K 21.6K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...
393K 59.4K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
99K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
41.5K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...