TYGW's Mr.Lucky (BL) [Myanmar...

By Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... More

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း

1.1K 202 7
By Comet222

Zawgyi

Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း

ယြီဂ်င္လီရဲ႕ စားစရာပန္းကန္ျပားေပၚက စားစရာေတြကို ေသေသခ်ာခ်ာ ေတြ႔ၿပီးေနာက္ လ်ဳိ႐ွင္းယဲ့တစ္ေယာက္တည္းသာ ေၾကာင္အသြားတာ မဟုတ္ပဲ ခုနတုန္းက လ်ဳိ႐ွင္းယဲ့နဲ႔ လ်ဳိယြမ္စုတို႔ကို ေလွာင္ေျပာင္သေရာ္ေနခဲ့ၾကတဲ့ လူႏွစ္ေယာက္ကပါ ေၾကာင္အသြားၾကတယ္။

"ငါအရမ္းပင္ပန္းေနၿပီ။ မင္းတို႔ လာမသယ္ကူေပးဘူးဆိုရင္ ဒါေတြ ေျမႀကီးေပၚ ျပဳတ္က်ကုန္ေတာ့မွာပဲ။" ယြီဂ်င္လီက သူ႔ရဲ႕နာက်င္ေနတဲ့ လက္ေကာက္ဝတ္ကို ပြတ္သပ္လိုက္ရင္း ေျပာလိုက္တယ္။ "အသြင္အျပင္က ၾကည့္ရတာ သိပ္မေကာင္းသလို အရသာကလည္း အရမ္းအရသာမ႐ွိေပမဲ့လည္း ညာဘက္က တစ္ခုထက္ေတာ့ ပိုေကာင္းပါေသးတယ္။" ဒါေတြက ပိုေကာင္းတဲ့ဟာကို ေျမႀကီးေပၚ ျပဳတ္က်သြားရင္ ႏွေျမာစရာပဲ။

သူ႔ရဲ႕စကားလံုးေတြက အခုလက္႐ွိ ႐ွိေနၾကတဲ့ လူေတြအေပၚ ဘယ္ေလာက္ေတာင္ အက်ဳိးသက္ေရာက္မႈ ႐ွိသြားခဲ့သလဲဆိုတာကို ယြီဂ်င္လီတစ္ေယာက္ နားမလည္ခဲ့ပါဘူး။

ဒီလက္ရာက ပထမစစ္တပ္အကယ္ဒမီကေန ခ်က္ျပဳတ္ေပးဖို႔အတြက္ ေငြအမ်ားႀကီး အကုန္အက်ခံကာ ငွါးရမ္းထားခဲ့ရတဲ့ စားဖိုမွဴးရဲ႕လက္ရာ ျဖစ္တယ္။ အထက္တန္းလႊာေတြသာ စားေသာက္ႏိုင္ၾကတာေလ။ ဒီလိုမ်ဳိး ဟင္းပြဲေတြက ႐ုပ္ဆိုးၿပီး အရသာမ႐ွိဘူးလို႔ သူ႔ရဲ႕ေဝဖန္ေျပာဆိုျခင္းကို ခံေနရတယ္။ ကန္တင္းက ေက်ာင္းသားေတြသာ ဒီစကားေတြကို ၾကားသြားခဲ့လို႔ကေတာ့ လူတစ္ေယာက္စီ တံေတြးေထြးၿပီး သူ႔ကို တံေတြးပင္လယ္ထဲ ႏွစ္သတ္ပစ္ေနေလာက္ၿပီ။

"Oh ဒီဘမ္းမုန္႔ညစ္ပတ္ေလးက ဘယ္ေနရာကေန ေရာက္လာတာလဲ? ေလသံကေတာ့ မေသးဘူးပဲ။" လီခ်င္အန္းက ခ်က္ခ်င္း ေထ့ေငါ့ ေျပာဆိုလိုက္တယ္။ သူ႔မ်က္ႏွာထက္႐ွိ အပူေငြ႔မ်ားကလည္း အခုထိ မေလ်ာ့က်သြားေသးေခ်။

ဒီေန႔ လ်ဳိ႐ွင္းယဲ့တို႔ေတြ အစားစားႏိုင္ၾကေတာ့မွာ မဟုတ္ဘူးလို႔ သူေျပာၿပီးရံုသာ ႐ွိေသးတယ္။ ဒါေပမဲ့ ယြီဂ်င္လီက အထူးေကာင္းမြန္တဲ့ ဟင္းပြဲေတြနဲ႔ ေရာက္လာခဲ့ၿပီးေတာ့ သူ႔မ်က္ႏွာကို ပါးခ်လိုက္တယ္ေလ။

လီခ်င္အန္းတစ္ေယာက္ သူနဲ႔အရင္က တစ္ခါမွ မေတြ႔ဆံုဖူးေသးေပမဲ့ ေတြ႔ဆံုလိုက္ခ်င္းမွာပဲ သူ႔ကို အ႐ွက္ရေအာင္လုပ္ခဲ့တဲ့ ဒီလူကို မွတ္သားထားလိုက္ၿပီးေတာ့ သူ႔ကို က်ိန္းေသ သင္ခန္းစာေကာင္းေကာင္း ေပးပစ္မယ္လို႔ တိတ္တဆိတ္ ဆံုးျဖတ္ခ်က္ ခ်ထားလိုက္တယ္။

ယြီဂ်င္လီက သူတို႔ရဲ႕နံေဘးနားမွာ မေကာင္းတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ မတ္တပ္ရပ္ေနၾကတဲ့ လူႏွစ္ေယာက္ကို ၾကည့္လိုက္ၿပီးေနာက္ လ်ဳိ႐ွင္းယဲ့ကို ျပန္ၾကည့္လိုက္ရင္း သူ႔မ်က္လံုးအၾကည့္ေတြက 'ဒါက မင္းသူငယ္ခ်င္းလား?' လို႔ ေမးျမန္းေနပံုရတယ္။

သူတို႔ႏွစ္ေယာက္စလံုးကို အနက္ေရာင္ ျမဴခိုးေငြ႔ ေရးေရးေလးျဖင့္ ဝန္းရံထားၾကေသာ္လည္း ပံုမွန္အခ်ိန္ေတြမွာ ေကာင္းတဲ့ကိစၥနည္းနည္းေလးကို လုပ္ထားၾကတယ္ ဆိုတာကို ျပသဖို႔သာ လံုေလာက္တဲ့ အနီေရာင္ ျမဴခိုးေငြ႔ေတြလည္း ႐ွိေနေပမဲ့ အရမ္းနည္းပါးလြန္းေနတယ္။

ဒီလိုမ်ဳိး လူတစ္ေယာက္နဲ႔ သူငယ္ခ်င္း ျဖစ္တာကလည္း လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္အနာဂတ္အေပၚမွာ အက်ဳိးသက္ေရာက္မႈ ႀကီးႀကီးမားမား႐ွိပါတယ္။ ဒါက ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ ယြီဂ်င္လီကေတာ့ သူ႔စိတ္ထဲမွာ ေခါင္းကို မခါရမ္းပဲ မေနႏိုင္ခဲ့ေခ်။

"သူတို႔ေတြကို လ်စ္လ်ဴ႐ွဳထားလိုက္။ ဒီအစားအစာေတြကို မင္းဘယ္လိုရလာခဲ့တာလဲ? အံ့ျသဖို႔ေကာင္းလိုက္တာ။" လ်ဳိ႐ွင္းယဲ့တစ္ေယာက္ လီခ်င္အန္းတို႔ႏွစ္ေယာက္ကို အာရံုစိုက္ေပးဖို႔ကိုေတာင္ အပင္ပန္းခံမေနေတာ့ပဲ သူ႔အာရံုေတြအားလံုးကို သူ႔အေ႐ွ႕က ဟင္းပြဲေတြအေပၚမွာပဲ ပိုၿပီးေတာ့ အာရံုစူးစိုက္ထားလိုက္တယ္။

ဒီေန႔ငါဒါေတြကို မစားႏိုင္ေတာ့ဘူးလို႔ ေတြးေနခဲ့တာေလ။ ဒါေပမဲ့ ကံေကာင္းမႈက အေတာ္ေလး ေကာင္းမြန္ေနလိမ့္မယ္လို႔ ငါမေမွ်ာ္လင့္ထားခဲ့မိဘူး။

သို႔ေသာ္လည္း သူ႔အခန္းေဖာ္အသစ္ေလးကို ဒီေန႔မွာ ဒါေတြကို စမ္းစားၾကည့္ခိုင္းဖို႔အတြက္ သူေခၚလာခဲ့တာ ဆိုေပမဲ့ ဒါေတြအားလံုးကို အခန္းေဖာ္အသစ္ေလးအေပၚ မွီခိုၿပီးေတာ့မွ သူစားႏိုင္လိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့မိပါဘူး။

"ငါက ဒီအတိုင္း အဲ့ေနရာမွာ ဘာဟင္းပြဲေတြ ႐ွိသလဲဆိုတာကို ျမင္ဖို႔ အေ႐ွ႕ကို သြားၾကည့္လိုက္ရံုတင္ပါ။ ဒါေပမဲ့ စာဖိုမွဴးက ပံုတူဟင္းပြဲတစ္ပြဲကို ခ်က္ျပဳတ္လိုက္ၿပီးေတာ့ ငါ့ဆီ တိုက္႐ိုက္ ထိုးထည့္ေပးလာခဲ့တယ္ေလ။" ယြီဂ်င္လီက ႐ိုး႐ိုးသားသား ေျပာလိုက္တယ္။ အမွန္မွာေတာ့ သူစားစရာေတြကို သယ္ေနတဲ့အခ်ိန္မွာ သူလည္း အနည္းငယ္ စိတ္႐ွဳပ္ေထြးေနခဲ့တာ ျဖစ္တယ္။

အစကေတာ့ သူစကားစမေျပာခင္ အရင္ တစ္ခ်က္ၾကည့္ၾကည့္ဖို႔သာ စီစဥ္ထားခဲ့ေပမဲ့ မေမွ်ာ္လင့္ထားစြာနဲ႔ပဲ စားစရာလင္ဗန္းတစ္ခ်ပ္က သူ႔ဆီ ထိုးထည့္ခံလိုက္ရၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ ေရြးခ်ယ္ဖို႔ တိုက္တြန္းခံလိုက္ရတယ္။ ေရြးခ်ယ္ၿပီးတဲ့ေနာက္မွာ တန္းစီ ေစာင့္ဆိုင္းေနၾကတဲ့လူေတြ ႐ွိေနဆဲပါပဲ။

အဲ့ဒါေၾကာင့္ ေၾကာင္ေတာင္ေပါင္ေတာင္ ျဖစ္ေနတဲ့ ယြီဂ်င္လီက မိန္းေမာေတြေဝစြာနဲ႔ သူႀကိဳက္ႏွစ္သက္တဲ့ ဟင္းပြဲေတြကို ေရြးခ်ယ္ၿပီး ေခ်ာင္ထဲကို ကန္ထုတ္ခံလိုက္ရၿပီးေနာက္ စားစရာ ပန္းကန္ျပားႏွစ္ခ်ပ္ျဖင့္ ျပန္ေရာက္လာခဲ့ၿပီး စားစရာအတြက္ ေငြေပးဖို႔ကိုေတာင္ ေမ့ေလ်ာ့သြားခဲ့တယ္။

အံ့ျသစရာ အေကာင္းဆံုးအခ်က္က ဒီအေၾကာင္းကို လူတိုင္း ေမ့ေလ်ာ့သြားၾကပံု ေပၚေနတယ္။ အဲ့ေနရာမွာ အရမ္းအလုပ္မ်ားေနၾကလို႔ ျဖစ္ႏိုင္တယ္။ သို႔ေသာ္လည္း စားစရာအတြက္ ေငြမေပးတာက ေကာင္းတဲ့ koi ငါးေလး လုပ္တတ္တဲ့ အရာတစ္ခု မဟုတ္ဘူး။ ယြီဂ်င္လီတစ္ေယာက္ စားစရာပန္းကန္ျပားကို လ်ဳိ႐ွင္းယဲ့ဆီ ကမ္းေပးၿပီးေနာက္မွာ သူအလ်င္အျမန္ ျပန္သြားလိုက္ၿပီး သူ႔အစားအေသာက္ကတ္ကို ပြတ္ဆြဲလိုက္တယ္။

လ်ဳိ႐ွင္းယဲ့တစ္ေယာက္ ယြီဂ်င္လီရဲ႕မ်က္လံုးေတြ ႐ုတ္တရက္ သိမ္ေမြ႔ႏူးညံ့လာတာကို ၾကည့္ေနရင္း မနာလိုျဖစ္စြာ ေျပာလိုက္မိတယ္။ "ဒါက အရမ္းကံေကာင္းတာပဲ။ ေန႔လယ္စာကို ဒီလိုမ်ဳိးလည္း ယူလို႔ရႏိုင္တယ္ေပါ့။ အဲ့ဒါဆိုရင္ ေနာက္တစ္ႀကိမ္က်ရင္ ငါလည္း အေ႐ွ႕ကိုသြားၿပီး ႀကိဳးစားၾကည့္မယ္။ စားဖိုမွဴးက ငါ့ကိုလည္း ေပးမလား ဆိုတာကို ၾကည့္ၾကတာေပါ့။"

"စားဖိုမွဴးက မင္းကို ဒယ္အိုးပ်ံ ေပးလိမ့္မယ္လို႔ ငါထင္တယ္!" လ်ဳိယြမ္စုက တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္တယ္။

သူတို႔သံုးေယာက္သား အဲ့ေနရာမွာ စားေသာက္ရင္း စကားေျပာေနၾကၿပီးေတာ့ လီခ်င္အန္းကို ေဖာက္ထြင္းျမင္ေနရတဲ့ လူတစ္ေယာက္လို သူတို႔ေတြ သေဘာထားေနၾကတာကို ျမင္လိုက္ရေတာ့ သူပိုၿပီးေတာ့ေတာင္ ေဒါသထြက္လာမိတယ္။

"လ်ဳိ႐ွင္းယဲ့ မင္းေစာင့္ေနလိုက္။ မင္းအခ်ိန္အၾကာႀကီး စိတ္ႀကီးဝင္မေနႏိုင္ပါဘူး။ ကတ္လက္မႈပညာသည္ ဘြဲ႔ႏွင္းသဘင္ အခမ္းအနားမွာ အတန္း F က ကတ္လက္မႈပညာသည္ ဘယ္ႏွစ္ေယာက္မ်ား ထြက္ေပၚလာလိမ့္မလဲ ဆိုတာကို ငါၾကည့္ခ်င္မိပါေသးတယ္။ သြားၾကစို႔။" လီခ်င္အန္းတစ္ေယာက္ ေဒါသထြက္ရင္း အလ်င္အျမန္ ေျပးထြက္သြားေတာ့တယ္။

လ်ဳိ႐ွင္းယဲ့က သူတို႔ေတြရဲ႕ ဆူဆူပူပူေအာ္ဟစ္သံေတြကို အစက​ေန အဆံုးအထိတိုင္ စိတ္အေႏွာင့္အယွက္ခံၿပီး အာရံုစိုက္မေနခဲ့ေပမဲ့လည္း သူ႔ႏွလံုးသားေလးကေတာ့ အနည္းငယ္ စိတ္ဓာတ္က်ေနမိဆဲ ျဖစ္တယ္။ ဒါေပမဲ့ အဲ့ဒါက တစ္စကၠန္႔ေလာက္သာ ျဖစ္ၿပီးေတာ့ သူ႔မ်က္ႏွာထက္မွာေတာ့ ဘာကိုမွ ဂ႐ုမစိုက္တဲ့ အမူအရာ ႐ွိေနဆဲပါပဲ။

"Wow ငါတို႔ေတြ ဒီေန႔ တကယ္ ကံေကာင္းတာပဲေဟ့။ စားဖိုမွဴးခ်က္ထားတဲ့ ဟင္းပြဲေတြက အရင္ကထက္ေတာင္ ပိုၿပီး အရသာ႐ွိေနတယ္။" လ်ဳိ႐ွင္းယဲ့တစ္ေယာက္ သူ႔ပါးစပ္ထဲကို စားစရာေတြ အဆက္မျပတ္ ထိုးထည့္ေနရင္း တအံ့တျသ ေျပာလိုက္တယ္။

လ်ဳိမိသားစုရဲ႕ သခင္ငယ္ေလးတစ္ေယာက္ အေနနဲ႔ သဘာဝအစားအစာေတြကို သူအခ်ိန္မေရြး အလိုအေလ်ာက္ စားႏိုင္တယ္ဆိုေပမဲ့ ေ႐ွးေဟာင္းစာဖိုးမွဴးမိသားစုမွ ခ်က္ျပဳတ္တဲ့ ဟင္းပြဲေတြကိုေတာ့ သူတို႔ေတြက အထက္တန္းလႊာ ဆရာသခင္ေတြ ျဖစ္ေနၾကတယ္ ဆိုရင္ေတာင္မွ ေပါ့ေပါ့ပါးပါး မစားသံုးႏိုင္ၾကတာေၾကာင့္ ေန႔တိုင္းမွာ စားဖိုမွဴးခ်က္ျပဳတ္တဲ့ ဟင္းပြဲေတြကို လုယူဖို႔အတြက္ သူတို႔ေတြအားလံုးက ဧရိယာ A ဆီ ေရာက္လာတတ္ၾကတယ္။

လ်ဳိ႐ွင္းယဲ့က အရင္က အႀကိမ္အနည္းငယ္ စားခဲ့ဖူးေပမဲ့ ဒီတစ္ႀကိမ္ရဲ႕ အရည္အေသြးကေတာ့ အရင္တုန္းကနဲ႔ယွဥ္ရင္ သိသိသာသာကို ပိုတိုးတက္ ေကာင္းမြန္လာခဲ့ကို ​ေတြ႔လိုက္ရတယ္။

"စားဖိုမွဴးဂူယြမ္ရဲ႕ အရည္အခ်င္းက ထပ္တိုးတက္လာျပန္ၿပီ။ မ်ဳိး႐ိုးစဥ္ဆက္ စားဖိုမွဴးမိသားစုရဲ႕ မိသားစုဝင္တစ္ေယာက္ျဖစ္ဖို႔ တကယ္ကို ထိုက္တန္တယ္။ ဒီအခ်က္အျပဳတ္ စြမ္းရည္နဲ႔သာဆိုရင္ တျခားစားဖိုမွဴးေတြ ဒီစြမ္းရည္ကို တစ္ဘဝလံုး သင္ယူမယ္ ဆိုရင္ေတာင္ တတ္​ေျမာက္ႏိုင္မွာ မဟုတ္ဘူး။" လ်ဳိ႐ွင္းယဲ့တစ္ေယာက္ သက္ျပင္းခ်ရင္း ေျပာလိုက္တယ္။

ယြီဂ်င္လီက ဟင္းပြဲကို အရမ္းတည္ၿငိမ္ေနတဲ့ အမူအရာနဲ႔ တစ္လုတ္စားလိုက္တယ္။ နည္းနည္းေလးေတာင္ ပေဟဋိျဖစ္ေနမိတယ္။

သူ႔ေ႐ွ႕က ဟင္းပြဲေတြက တျခားစားဖိုမွဴးထက္ အမွန္တကယ္ ပိုအရသာ႐ွိေပမဲ့လည္း ကမာၻေျမေပၚတြင္ေတာ့ ဒါေတြက အေတာ္ေလး သာမန္ဆန္လြန္းလွတယ္။ တခ်ဳိ႕အိမ္႐ွင္မေတြ ခ်က္ျပဳတ္တဲ့ ဟင္းပြဲေတြကေတာင္ ဒါထက္ ပိုေကာင္းအံုးမယ္။

ယြီဂ်င္လီတစ္ေယာက္ ကံမ​ေကာင္းၾကတဲ့ ဒီကမာၻေပၚ႐ွိ လူေတြအေပၚ ေနာက္တစ္ႀကိမ္ ထပ္မံ သနားစာနာမိသြားျပန္တယ္။

ေန႔လယ္စာ အတူတူစားၾကၿပီးတဲ့ေနာက္မွာ သူတို႔ႏွစ္ေယာက္ၾကားထဲက ဆက္ဆံေရးက ပိုၿပီးေတာ့ေတာင္ ေကာင္းမြန္လာခဲ့တယ္။ လ်ဳိ႐ွင္းယဲ့က ယြီဂ်င္လီကို ေက်ာင္းဝင္းတစ္ဝိုက္ ေခၚသြားျပလိုက္ၿပီးေတာ့ ေက်ာင္းဝင္းရဲ႕ အထင္ကရ အမ်ဳိးမ်ဳိးအေၾကာင္းကို မိတ္ဆက္ေပးလိုက္တယ္။

နားေထာင္ေနရင္း ယြီဂ်င္လီတစ္ေယာက္ စိတ္ထဲမွာ က်န္းေမာ့႐ွန္း ႐ွင္းျပခဲ့တာေတြနဲ႔ ဒါကို ႏႈိင္းယွဥ္ေနမိၿပီးေတာ့ ပထမစစ္တပ္အကယ္ဒမီက အမွန္တကယ္ကို အရမ္းႀကီးမား လွပတယ္ ဆိုတာကို ေတြ႔လိုက္ရတယ္။ ဒီလိုမ်ဳိးေက်ာင္းမွာ သူတက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ အမွန္တကယ္ ေပ်ာ္ရႊင္သြားမိတယ္။ တကယ္လို႔ အား႐ွန္းလည္း ဒီေနရာမွာ ႐ွိေနႏိုင္မယ္ဆိုရင္ ပိုၿပီးေတာ့ေတာင္ ေကာင္းမြန္သြားလိမ့္မယ္။

က်န္းေမာ့႐ွန္း မထြက္သြားခင္တုန္းက ေျပာခဲ့တဲ့ မြန္းလြဲက်ရင္ သူတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ေသခ်ာေပါက္ ျပန္ေတြ႔ၾကလိမ့္မယ္ဆိုတဲ့ စကားလံုးေတြကို ယြီဂ်င္လီတစ္ေယာက္ ျပန္လည္ ၾကားေယာင္ေနမိၿပီးေတာ့ သူ႔ႏွလံုးသားေလးက ခ်ဳိၿမိန္သြားတယ္။ အခုေလးတင္ ျဖစ္ေပၚလာခဲ့တဲ့ ေနာင္တေတြအားလံုးက လြင့္စင္ ပေပ်ာက္သြားၿပီးေတာ့ မြန္းလြဲခ်ိန္ ေရာက္လာေတာ့မွာကို သူမေစာင့္ႏိုင္ေတာ့ပါဘူး။

ႏွစ္ေယာက္သား ေက်ာင္းဝင္းတစ္ဝိုက္ အစာေၾကညက္ေအာင္ လမ္းပတ္ေလွ်ာက္လိုက္ၾကၿပီးေနာက္ ေန႔လယ္စာနားခ်ိန္အတြက္ အေဆာင္ခန္းဆီ ျပန္လာခဲ့ၾကတယ္။ အဆံုးမွာေတာ့ မြန္းလြဲပိုင္းတြင္ အတန္း႐ွိေနေသးတာေၾကာင့္ သူတို႔ေတြ အနားယူႏိုင္ဖို႔ အခ်ိန္ခ်န္ထားရအံုးမယ္ေလ။

ေန႔လယ္စာနားခ်ိန္ ကုန္သြားၿပီးေနာက္ ယြီဂ်င္လီတစ္ေယာက္ ကတ္လက္မႈအတတ္ပညာ အကယ္ဒမီရဲ႕ အတန္း F တည္႐ွိတဲ့ သင္ၾကားေရး အေဆာက္အအံုဆီ လ်ဳိ႐ွင္းယဲ့နဲ႔ လ်ဳိယြမ္စုတို႔နဲ႔အတူ လိုက္လာခဲ့တယ္။ ပ်ားပန္းခပ္မွ် ေယာက္ယက္ခတ္ေနခဲ့တဲ့ မေန႔က အေျခအေနနဲ႔ ႏႈိင္းယွဥ္ရရင္ ဒီေန႔က အမ်ားႀကီး ပိုတိတ္ဆိတ္ ၿငိမ္သက္ေနတယ္။ အခုထိ အိပ္ရာမထၾကေသးတဲ့ ေက်ာင္းသားေတြအမ်ားႀကီး ႐ွိေနေသးလို႔ ျဖစ္မယ္။

သူတို႔သံုးေယာက္သား စာသင္ခန္းအထဲကို ေရာက္လာၾကတဲ့အခ်ိန္မွာ စာသင္ခန္းထဲမွာ သူတို႔ရဲ႕ထိုင္ခံုေတြေပၚမွာ ထိုင္ရင္း တစ္စံုတစ္ခုအေၾကာင္း စကားစျမည္ေျပာေနၾကတဲ့ ေက်ာင္းသားအနည္းငယ္သာ ႐ွိေနၾကတယ္။ လ်ဳိ႐ွင္းယဲ့ဝင္လာတာကို ျမင္ေတာ့ သူတို႔ေတြအခ်င္းခ်င္း ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္လိုက္ၾကတယ္။

"အားယဲ့ ေရာက္လာၿပီပဲ။ ဟမ္? ဒီတစ္ေယာက္ကို ၾကည့္ရတာ မရင္းႏွီးဘူး။ အားယဲ့ အဲ့ဒါ မင္းသူငယ္ခ်င္းလား?" စကားေျပာလိုက္တဲ့လူက ၾကည္လင္တဲ့အသံနဲ႔ လူေတြကိုသူ႔ကို ဆြဲညစ္လာေအာင္ ျပဳလုပ္ေနတဲ့ ကေလးအဆီ မ်က္ႏွာေလး႐ွိတဲ့ လူငယ္ေလးတစ္ေယာက္ ျဖစ္တယ္။

"ငါတို႔အတန္းထဲက ေက်ာင္းသားသစ္ေလ။ မင္းတို႔အားလံုး မေန႔က ေတြ႔ဖူးတယ္ေလ။" လ်ဳိ႐ွင္းယဲ့က မိတ္ဆက္ေပးလိုက္တယ္။

လူတိုင္းဒါကို ၾကားလိုက္ၾကေတာ့ ယြီဂ်င္လီရဲ႕အသြင္အျပင္ကို အေသးစိတ္ ၾကည့္ၿပီးတဲ့ေနာက္မွာ မေန႔တုန္းက အတန္းေဖာ္အသစ္တစ္ေယာက္ အတန္းထဲ ဝင္လာခဲ့တဲ့အေၾကာင္းကို သူတို႔ေတြ ႐ုတ္တရက္ မွတ္မိသြားၾကတယ္။

ဒါေပမဲ့ အဲ့အခ်ိန္တုန္းက လူတိုင္းက သူတို႔ဘာသာသူတို႔ ဂိမ္းအသီးသီး ေဆာ့ကစားေနၾကတာမို႔ ေျပာင္းေရႊ႕လာတဲ့ ေက်ာင္းသားသစ္ အေျခအေနအေၾကာင္းကို ဘယ္သူကမွ အာရံုသိပ္မစိုက္ခဲ့ၾကေပ။ ဘာပဲျဖစ္ျဖစ္ ေျပာင္းေရႊ႕လာတဲ့ ေက်ာင္းသားသစ္က သူတို႔နဲ႔ ဘာမွလုပ္စရာ မ႐ွိဘူးေလ။

ဒါေပမဲ့ မင္းအခု ဂ႐ုတစိုက္ အေသးစိတ္ ၾကည့္ၾကည့္မယ္ဆိုရင္ စာသင္ခန္းရဲ႕အေျခအေန၊ အေျပာင္းအလဲ ႀကီးထြားမႈက အေတာ္ေလး ေကာင္းမြန္တယ္ ဆိုတာကို မင္းျမင္ရလိမ့္မယ္။

လ်ဳိ႐ွင္းယဲ့နဲ႔ ဒီအတန္းေဖာ္ေတြက အတူတူ ႀကီးျပင္းလာခဲ့ၾကတာ ျဖစ္ၿပီးေတာ့ တစ္ဖက္လူ ဘာေတြေတြးေနသလဲ ဆိုတာကို အၾကည့္တစ္ခ်က္တည္းနဲ႔တင္ သူသိတာမို႔ သံပူေနတုန္း ခ်က္ခ်င္း ထု႐ိုက္လိုက္ၿပီးေတာ့ ေျပာလိုက္တယ္။ "ဒါက ငါ့သူငယ္ခ်င္း။ ေနာက္က်ရင္ သူ႔ကို အႏိုင္မက်င့္ၾကနဲ႔! တကယ္လို႔ ေ႐ွာင္လီဇီကို အႏိုင္က်င့္ရဲတဲ့လူကို ငါေတြ႔ခဲ့မယ္ဆိုရင္ ငါ့လက္သီးရဲ႕စြမ္းအားကို သူ႔ကို ျမည္းစမ္းၾကည့္ခိုင္းလိုက္မယ္!"

လ်ဳိ႐ွင္းယဲ့ရဲ႕ စိတ္စြမ္းအား level က C level မွ်သာ ျဖစ္ေသာ္ျငားလည္းပဲ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာ ခြန္အားကေတာ့ A level ျဖစ္တယ္။ တကယ္လို႔ သူ႔မိသားစုက သူကတ္လက္မႈပညာသည္တစ္ေယာက္ ျဖစ္လာရမယ္လို႔ အတင္းအက်ပ္ တိုက္တြန္းေျပာဆိုေနခဲ့လို႔သာ မဟုတ္ရင္ သူမက္ကာ့ခ္အကယ္ဒမီအတြက္ ေလွ်ာက္လႊာ တင္ခဲ့ႏွင့္ၿပီးၿပီျဖစ္တယ္။

သူ႔အျမင္အရေတာ့ ကတ္လက္မႈပညာသည္တစ္ေယာက္ ျဖစ္ရတာ ဘာမ်ား အရမ္းေတြ ႀကီးက်ယ္ခမ္းနားေနလို႔လဲ? ရန္သူေတြကို တိုက္ခိုက္တြန္းလွန္ၿပီး တိုင္းျပည္ကို ခုခံကာကြယ္ေပးတဲ့ ဂုဏ္သေရ႐ွိ ျမင့္ျမတ္ထူးကဲတဲ့ မက္ကာ့ခ္စစ္သည္ေတာ္တစ္ေယာက္ ျဖစ္ရတာက ပိုေကာင္းေသးတယ္။ ကတ္လက္မႈပညာသည္ေတြဆိုတာက တျခားလူေတြရဲ႕အေနာက္မွာ ပုန္းေအာင္းၿပီး တျခားလူေတြရဲ႕ ကာကြယ္ေပးျခင္းကိုပဲ ခံေနရတဲ့လူေတြေလ။

သို႔ေသာ္လည္း မိသားစုထဲက လူအိုႀကီးကို သူလံုးဝ ခုခံမေျပာဆိုႏိုင္ခဲ့ပဲ အဆံုးမွာေတာ့ ဒီေနရာဆီ လႊတ္ပစ္ခံလိုက္ရေတာ့တာပဲ။ အဲ့ဒါက သူ႔ကို အရမ္းစိတ္ဓာတ္က်သြားေစတယ္။

"ငါသိပါတယ္။ ငါသိပါတယ္။" လ်ဳိ႐ွင္းယဲ့ရဲ႕သတိေပးျခင္းကို ခံလိုက္ရတဲ့ တစ္ေယာက္က သူ႔လက္ကို စိတ္မဝင္စားစြာ ေဝွ႔ယမ္းလိုက္ရင္း သူနားလည္ေၾကာင္း ျပသလိုက္တယ္။

"သူတို႔အားလံုးက ငါ့သူငယ္ခ်င္းေတြေလ။ ဒီကေလးမ်က္ႏွာနဲ႔ တစ္ေယာက္ကို ေ႐ွာက္ယန္လို႔ ေခၚတယ္။ သူ႔ရဲ႕ခ်စ္စရာေကာင္းတာေလးကိုပဲ မၾကည့္လိုက္နဲ႔။ အမွန္ေတာ့ သူက အရမ္းရက္စက္ ၾကမ္းတမ္းတယ္။ သူနဲ႔ေဝးေဝးမွာ ေနတာက ပိုေကာင္းလိမ့္မယ္။ အဆီရစ္ေနတဲ့ တစ္ေယာက္ကိုေတာ့ ေကာင္းက်ီခ်ီလို႔ ေခၚတယ္။ ၿပီးေတာ့ အဲ့နားက ႐ုပ္နည္းနည္းေခ်ာတဲ့ တစ္ေယာက္ကိုေတာ့ တုက်င့္ရႊမ္လို႔ ေခၚတယ္။" လ်ဳိ႐ွင္းယဲ့က ယြီဂ်င္လီကို တစ္ေယာက္ခ်င္းစီ မိတ္ဆက္ေပးလိုက္တယ္။

အဲ့ဒါက ဒီအတိုင္း သူစကားေျပာလို႔ ၿပီးသြားတာနဲ႔ခ်က္ခ်င္း သူမိတ္ဆက္ေပးခဲ့တဲ့ လူအနည္းဆီကေန မေက်မနပ္ စကားသံေတြ ခ်က္ခ်င္း ထြက္က်လာခဲ့ရံုပါပဲ။

"အဆီရစ္ေနတယ္ဆိုတာ ဘာကို ဆိုလိုခ်င္တာလဲ? ဒီအထဲမွာငါက ဒီေလာက္ ေခ်ာေမာခန္႔ညားတဲ့ ေကာင္ေလးတစ္ေယာက္ကို။ ငါက အဆီရစ္ေနတယ္လို႔ မင္းတကယ္ ေျပာထြက္တယ္ေပါ့။ ငါေမးပါရေစ။ မင္းမွာ အလွတရားကို ခံစားတတ္မႈ မ႐ွိဘူးလား?" ေကာင္းက်ီခ်ီတစ္ေယာက္ လ်ဳိ႐ွင္းယဲ့ရဲ႕အယူအဆအေပၚ ခုခံျငင္းဆန္ခ်င္ေနသလိုမ်ဳိး သူမေက်မနပ္ျဖစ္စြာ ေအာ္ဟစ္လိုက္မိတယ္။

တုက်င့္ရႊမ္က ေကာင္းက်ီခ်ီကို သူ႔မ်က္လံုးေတြအထဲမွာ အထင္ေသးျခင္းအျပည့္ျဖင့္ ေစာင္းငဲ့ၾကည့္လိုက္ရင္း ေျပာလိုက္တယ္။ "မင္းက ေခ်ာေမာေနေသးတယ္ေပါ့ေလ? ကမာၻေပၚက ေယာက္်ားေလးေတြအကုန္လံုး ႐ုပ္ဆိုး အက်ည္းတန္ေနၾကကုန္ၿပီလား? မင္းမွာ ကိုယ္ပိုင္အသိတရားေတာင္ တစ္ခုမွ မ႐ွိေတာ့ဘူးထင္တယ္။ ခပ္ျမန္ျမန္ထၿပီး မင္းကိုယ္မင္း ျပန္ၾကည့္ၾကည့္ပါအံုး။ မင္းမွာ ဘယ္လိုမ်ဳိး အားသာခ်က္ေတြ ႐ွိလဲဆိုတာ ႐ွာၾကည့္ၾကည့္ပါအံုး။ ၿပီးေတာ့ လ်ဳိ႐ွင္းယဲ့ ငါက ႐ုပ္နည္းနည္းေခ်ာတယ္ဆိုတာ ဘာဆိုခ်င္တာလဲ။ ငါကလံုးဝကို အရမ္း႐ုပ္ေခ်ာတာကြ!"

တုက်င့္ရႊမ္တစ္ေယာက္ ေကာင္းက်ီခ်ီကို ထံုးစံအတိုင္း အက်င့္အရ ဆူပူၿပီးတဲ့ေနာက္မွာ အေျမာက္ဆံကို သူလ်ဳိ႐ွင္းယဲ့ဆီ ခ်ိန္ရြယ္လိုက္တယ္။ သို႔ေသာ္လည္း လ်ဳိ႐ွင္းယဲ့က ဒီေန႔မွာ သူငယ္ခ်င္းအသစ္တစ္ေယာက္ကို ဖြဲ႔လာခဲ့တာမို႔ သူစိတ္ေကာင္းဝင္ေနတာေၾကာင့္ သူတို႔ေတြနဲ႔သူ စိတ္အ႐ွဳပ္ခံ ျငင္းခံုမေနေတာ့ပါဘူး။

"သူတို႔ေတြကို ဂ႐ုစိုက္မေနနဲ႔။ သူတို႔ေတြက ဒီလိုမ်ဳိးပဲ။ ကယ္တင္လို႔ မရေတာ့ဘူး။ ေနာက္က်ရင္ သူတို႔ေျပာတာေတြကို မင္းမၾကားသလိုသာ ဟန္ေဆာင္ေနလိုက္။" လ်ဳိ႐ွင္းယဲ့က ယြီဂ်င္လီကို ေျပာလိုက္တယ္။

ဒီတစ္ႀကိမ္မွာေတာ့ သူ႔ေၾကာင့္ တစ္ဖက္လူေတြက ေပါက္ကြဲသြားၾကၿပီးေတာ့ လ်ဳိ႐ွင္းယဲ့ရဲ႕ ေနာက္ေၾကာင္းရာဇဝင္ေဟာင္းေတြကို ေဖာ္ထုတ္ဖို႔ တစ္ေယာက္ၿပီးတစ္ေယာက္ မတ္တပ္ထရပ္လာၾကကုန္တယ္။ "ေဟ့ ငါေျပာမယ္။ လ်ဳိ႐ွင္းယဲ့ မင္းဟာက မဟုတ္ေသးဘူး။ မင္းငါ့အေပၚ ေက်းဇူးေႂကြး တင္ေနေသးတယ္ေနာ္။ မင္းေဘာင္းဘီခြၾကား အျပဲႀကီး ဝတ္လာခဲ့မိတုန္းက ဒီေလာင္ဇီအေနာက္ ေျပးလာပုန္းခဲ့ေသးတယ္ေလ။ မွတ္မိတယ္မလား? မင္းရဲ႕အိပ္ရာခင္းအစိုကိုလဲ ငါ့ကို ပစ္လႊင့္ခိုင္းခဲ့ေသးတယ္ေလ။ ၿပီးေတာ့ မင္းရဲ႕အစ္ကိုႀကီးကိုလည္း ပန္းအိုးနဲ႔ ပစ္ေပါက္ခဲ့ေသး . . . "

တုက်င့္ရႊမ္တစ္ေယာက္ ၎တို႔အထဲမွတခ်ဳိ႕ကို ထုတ္ေဖာ္ မေျပာဆိုရေသးခင္မွာပဲ သူ႔ပါးစပ္က လ်ဳိ႐ွင္းယဲ့ရဲ႕လက္ျဖင့္ အလ်င္အျမန္ ပိတ္ကာျခင္း ခံလိုက္ရၿပီးေတာ့ ခံစားခ်က္ေတြအခ်င္းခ်င္း ဖလွယ္ဖို႔အတြက္ ေဘးဘက္ဆီ ဆြဲေခၚသြားျခင္း ခံလိုက္ရတယ္။ ေကာင္းက်ီခ်ီက ပီတိတဖြားဖြား ျဖစ္ေပၚေနၿပီး လ်ဳိ႐ွင္းယဲ့ကို အားေပးေနေသးတယ္။

ယြီဂ်င္လီတစ္ေယာက္ တစ္စကၠန္႔အလိုတုန္းကပဲ သူ႔ကို သူ႔သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးေနခဲ့ၿပီးေတာ့ ေနာက္တစ္စကၠန္႔က်ေတာ့ သူငယ္ခ်င္းနဲ႔ သြားရန္ျဖစ္ေနတဲ့ လ်ဳိ႐ွင္းယဲ့ကို ၾကည့္လိုက္ၿပီးေနာက္ အနည္းငယ္ စိုးရိမ္သြားမိတယ္။

"စိတ္မပူပါနဲ႔။ သူတို႔ေတြက အေရထူၾကတာမို႔ မေသႏိုင္ၾကပါဘူး။" ကေလးမ်က္ႏွာနဲ႔ ေ႐ွာက္ယန္က ယြီဂ်င္လီကို အျပံဳးေလးနဲ႔ ႐ွင္းျပလိုက္တယ္။ ဒါေပမဲ့ အဲ့ဒီအျပံဳးက လူေတြကို အနည္းငယ္ ၾကက္သီးေမြးညင္းထသြား​ေစမိတယ္။

အားယဲ့ေျပာသလိုမ်ဳိးပဲ သူ႔ကိုၾကည့္ရတာ ခ်စ္စရာေကာင္းေပမဲ့လည္း သူကလူေတြကို ၾကင္နာၿပီး ခြန္အားႀကီးတဲ့ခံစားမႈမ်ဳိး အျမဲေပးစြမ္းေနတယ္။

"သူတို႔ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ဒီလိုမ်ဳိး ခံစားခ်က္ခ်င္း ဖလွယ္ေနက်။ ဒါကို က်င့္သားရသြားလိမ့္မယ္။" လ်ဳိယြမ္စုက အခ်ိန္မီ ေျပာလိုက္ၿပီးေတာ့ ေ႐ွာက္ယန္ရဲ႕ျမင္ကြင္းထဲကေန သူ႔ကို ပိတ္ကာေပးလိုက္တယ္။

ဒီစကားကို ၾကားလိုက္ရေတာ့ ယြီဂ်င္လီတစ္ေယာက္ စိတ္သက္သာရာ ရသြားမိတယ္။ ဒါေပမဲ့ နည္းနည္းေလး ထူးဆန္းတယ္လို႔ သူခံစားလိုက္ရတယ္။ လူတခ်ဳိ႕က ရန္ျဖစ္ရင္း ခံစားခ်က္ေတြ ဘယ္လိုမ်ဳိး ဖလွယ္ၾကတာလဲ? မနာက်င္ၾကဘူးလား??

ဒီကမာၻက လူေတြက အမွန္တကယ္ကို ထူးဆန္းၾကတာပဲ။

လ်ဳိ႐ွင္းယဲ့၊ ေကာင္းက်ီခ်ီနဲ႔ တျခားလူေတြက အခုထိဒါကို မသိၾကေသးေပမဲ့ ယြီဂ်င္လီရဲ႕စိတ္ထဲမွာေတာ့ သူတို႔ေတြက လူထူးဆန္းေတြအျဖစ္ တံဆိပ္ကပ္ခံေနႏွင့္ခဲ့ရၿပီးၿပီ ျဖစ္တယ္။

အတန္းတက္ေခါင္းေလာင္းသံ ျမည္လာခဲ့ၿပီးေတာ့ ယြီဂ်င္လီက သူ႔ထိုင္ခံုဆီ အျမန္ျပန္သြားလိုက္ၿပီး အတန္းစတက္ရန္ အဆင္သင့္ျဖစ္ေနခဲ့ၿပီးျဖစ္ေပမဲ့ သူ႔ပတ္ပတ္လည္က ေက်ာင္းသားေတြကေတာ့ အတန္းတက္ေခါင္းေလာင္းသံကို သူတို႔ေတြ မၾကားလိုက္ၾကသလိုမ်ဳိး သူတို႔လုပ္ေနၾကတဲ့အရာေတြကို ဆက္လက္လုပ္ကိုင္ေနၾကတာကို သူေတြ႔လိုက္ရတယ္။

"အတန္းတက္ခ်ိန္ ေရာက္ေနၿပီေလ။ ဘာလို႔ လူတိုင္းက သူတို႔ထိုင္ခံုေတြဆီ ျပန္မသြားၾကေသးတာလဲ?" ယြီဂ်င္လီက ေကာင္းက်ီခ်ီကို ပေဟဋိျဖစ္စြာ ေမးလိုက္မိတယ္။

ေကာင္းက်ီခ်ီက သူ႔ႏႈတ္ခမ္းကို ဂ႐ုမစိုက္ဟန္ တြန္႔ေကြးလိုက္ၿပီးေတာ့ ေျပာလိုက္တယ္။ "ငါတို႔ေတြ ကိုယ့္ထိုင္ခံုဆီ ကိုယ္ျပန္သြားေနခဲ့ရင္ေတာင္မွ ဆရာေျပာေနတာေတြကို ငါတို႔ေတြ နားလည္ႏိုင္အံုးမွာ မဟုတ္ဘူး။"

"တကယ္လို႔ မင္းနားမလည္ရင္ ဆရာကို ေမးလို႔ရတယ္ေလ။" ယြီဂ်င္လီက ျပန္ေျပာလိုက္တယ္။

ေကာင္းက်ီခ်ီက စင္ျမင့္ေပၚ တက္လာေနၿပီျဖစ္တဲ့ ဆရာကို ေစာင္းငဲ့ၾကည့္လိုက္ရင္း သူ႔မ်က္လံုးေတြထဲမွာ ေထ့ေငါ့ေနတဲ့ အၾကည့္တစ္ခ်က္ လက္ကနဲ ျဖတ္ေျပးသြားၿပီးေတာ့ ေျပာလိုက္တယ္။ "ငါတို႔ေမးခဲ့ရင္ေတာင္မွပဲ သူက ေျဖေပးမွာ မဟုတ္ဘူး။ ငါတို႔နားလည္လား။ နားမလည္ဘူးလား ဆိုတာကို သူက ဂ႐ုမစိုက္ဘူး။ သူ႔တာဝန္ကို သူၿပီးေျမာက္ေအာင္ လုပ္ဖို႔ပဲ လိုအပ္တာေလ။"

"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ?" ယြီဂ်င္လီတစ္ေယာက္ မ​ေန႔ရဲ႕အတန္းထဲက ျမင္ကြင္းကို ႐ုတ္တရက္ သတိရသြားမိၿပီးေတာ့ ဒါကို သူကိုယ္တိုင္ ၾကံဳေတြ႔ခဲ့ရဖူးၿပီးၿပီ ျဖစ္တာေၾကာင့္ ေကာင္းက်ီခ်ီရဲ႕စကားေတြကို ျပန္မေခ်ပႏိုင္ေတာ့ေပ။


Unicode

Chapter(89):သူငယ်ချင်း အသစ်များနဲ့ မိတ်ဆက်ခြင်း

ယွီဂျင်လီရဲ့ စားစရာပန်းကန်ပြားပေါ်က စားစရာတွေကို သေသေချာချာ တွေ့ပြီးနောက် လျိုရှင်းယဲ့တစ်ယောက်တည်းသာ ကြောင်အသွားတာ မဟုတ်ပဲ ခုနတုန်းက လျိုရှင်းယဲ့နဲ့ လျိုယွမ်စုတို့ကို လှောင်ပြောင်သရော်နေခဲ့ကြတဲ့ လူနှစ်ယောက်ကပါ ကြောင်အသွားကြတယ်။

"ငါအရမ်းပင်ပန်းနေပြီ။ မင်းတို့ လာမသယ်ကူပေးဘူးဆိုရင် ဒါတွေ မြေကြီးပေါ် ပြုတ်ကျကုန်တော့မှာပဲ။" ယွီဂျင်လီက သူ့ရဲ့နာကျင်နေတဲ့ လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ရင်း ပြောလိုက်တယ်။ "အသွင်အပြင်က ကြည့်ရတာ သိပ်မကောင်းသလို အရသာကလည်း အရမ်းအရသာမရှိပေမဲ့လည်း ညာဘက်က တစ်ခုထက်တော့ ပိုကောင်းပါသေးတယ်။" ဒါတွေက ပိုကောင်းတဲ့ဟာကို မြေကြီးပေါ် ပြုတ်ကျသွားရင် နှမြောစရာပဲ။

သူ့ရဲ့စကားလုံးတွေက အခုလက်ရှိ ရှိနေကြတဲ့ လူတွေအပေါ် ဘယ်လောက်တောင် အကျိုးသက်ရောက်မှု ရှိသွားခဲ့သလဲဆိုတာကို ယွီဂျင်လီတစ်ယောက် နားမလည်ခဲ့ပါဘူး။

ဒီလက်ရာက ပထမစစ်တပ်အကယ်ဒမီကနေ ချက်ပြုတ်ပေးဖို့အတွက် ငွေအများကြီး အကုန်အကျခံကာ ငှါးရမ်းထားခဲ့ရတဲ့ စားဖိုမှူးရဲ့လက်ရာ ဖြစ်တယ်။ အထက်တန်းလွှာတွေသာ စားသောက်နိုင်ကြတာလေ။ ဒီလိုမျိုး ဟင်းပွဲတွေက ရုပ်ဆိုးပြီး အရသာမရှိဘူးလို့ သူ့ရဲ့ဝေဖန်ပြောဆိုခြင်းကို ခံနေရတယ်။ ကန်တင်းက ကျောင်းသားတွေသာ ဒီစကားတွေကို ကြားသွားခဲ့လို့ကတော့ လူတစ်ယောက်စီ တံတွေးထွေးပြီး သူ့ကို တံတွေးပင်လယ်ထဲ နှစ်သတ်ပစ်နေလောက်ပြီ။

"Oh ဒီဘမ်းမုန့်ညစ်ပတ်လေးက ဘယ်နေရာကနေ ရောက်လာတာလဲ? လေသံကတော့ မသေးဘူးပဲ။" လီချင်အန်းက ချက်ချင်း ထေ့ငေါ့ ပြောဆိုလိုက်တယ်။ သူ့မျက်နှာထက်ရှိ အပူငွေ့များကလည်း အခုထိ မလျော့ကျသွားသေးချေ။

ဒီနေ့ လျိုရှင်းယဲ့တို့တွေ အစားစားနိုင်ကြတော့မှာ မဟုတ်ဘူးလို့ သူပြောပြီးရုံသာ ရှိသေးတယ်။ ဒါပေမဲ့ ယွီဂျင်လီက အထူးကောင်းမွန်တဲ့ ဟင်းပွဲတွေနဲ့ ရောက်လာခဲ့ပြီးတော့ သူ့မျက်နှာကို ပါးချလိုက်တယ်လေ။

လီချင်အန်းတစ်ယောက် သူနဲ့အရင်က တစ်ခါမှ မတွေ့ဆုံဖူးသေးပေမဲ့ တွေ့ဆုံလိုက်ချင်းမှာပဲ သူ့ကို အရှက်ရအောင်လုပ်ခဲ့တဲ့ ဒီလူကို မှတ်သားထားလိုက်ပြီးတော့ သူ့ကို ကျိန်းသေ သင်ခန်းစာကောင်းကောင်း ပေးပစ်မယ်လို့ တိတ်တဆိတ် ဆုံးဖြတ်ချက် ချထားလိုက်တယ်။

ယွီဂျင်လီက သူတို့ရဲ့နံဘေးနားမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ မတ်တပ်ရပ်နေကြတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် လျိုရှင်းယဲ့ကို ပြန်ကြည့်လိုက်ရင်း သူ့မျက်လုံးအကြည့်တွေက 'ဒါက မင်းသူငယ်ချင်းလား?' လို့ မေးမြန်းနေပုံရတယ်။

သူတို့နှစ်ယောက်စလုံးကို အနက်ရောင် မြူခိုးငွေ့ ရေးရေးလေးဖြင့် ဝန်းရံထားကြသော်လည်း ပုံမှန်အချိန်တွေမှာ ကောင်းတဲ့ကိစ္စနည်းနည်းလေးကို လုပ်ထားကြတယ် ဆိုတာကို ပြသဖို့သာ လုံလောက်တဲ့ အနီရောင် မြူခိုးငွေ့တွေလည်း ရှိနေပေမဲ့ အရမ်းနည်းပါးလွန်းနေတယ်။

ဒီလိုမျိုး လူတစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်တာကလည်း လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အနာဂတ်အပေါ်မှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမားရှိပါတယ်။ ဒါက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ယွီဂျင်လီကတော့ သူ့စိတ်ထဲမှာ ခေါင်းကို မခါရမ်းပဲ မနေနိုင်ခဲ့ချေ။

"သူတို့တွေကို လျစ်လျူရှုထားလိုက်။ ဒီအစားအစာတွေကို မင်းဘယ်လိုရလာခဲ့တာလဲ? အံ့သြဖို့ကောင်းလိုက်တာ။" လျိုရှင်းယဲ့တစ်ယောက် လီချင်အန်းတို့နှစ်ယောက်ကို အာရုံစိုက်ပေးဖို့ကိုတောင် အပင်ပန်းခံမနေတော့ပဲ သူ့အာရုံတွေအားလုံးကို သူ့အရှေ့က ဟင်းပွဲတွေအပေါ်မှာပဲ ပိုပြီးတော့ အာရုံစူးစိုက်ထားလိုက်တယ်။

ဒီနေ့ငါဒါတွေကို မစားနိုင်တော့ဘူးလို့ တွေးနေခဲ့တာလေ။ ဒါပေမဲ့ ကံကောင်းမှုက အတော်လေး ကောင်းမွန်နေလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး။

သို့သော်လည်း သူ့အခန်းဖော်အသစ်လေးကို ဒီနေ့မှာ ဒါတွေကို စမ်းစားကြည့်ခိုင်းဖို့အတွက် သူခေါ်လာခဲ့တာ ဆိုပေမဲ့ ဒါတွေအားလုံးကို အခန်းဖော်အသစ်လေးအပေါ် မှီခိုပြီးတော့မှ သူစားနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။

"ငါက ဒီအတိုင်း အဲ့နေရာမှာ ဘာဟင်းပွဲတွေ ရှိသလဲဆိုတာကို မြင်ဖို့ အရှေ့ကို သွားကြည့်လိုက်ရုံတင်ပါ။ ဒါပေမဲ့ စာဖိုမှူးက ပုံတူဟင်းပွဲတစ်ပွဲကို ချက်ပြုတ်လိုက်ပြီးတော့ ငါ့ဆီ တိုက်ရိုက် ထိုးထည့်ပေးလာခဲ့တယ်လေ။" ယွီဂျင်လီက ရိုးရိုးသားသား ပြောလိုက်တယ်။ အမှန်မှာတော့ သူစားစရာတွေကို သယ်နေတဲ့အချိန်မှာ သူလည်း အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့တာ ဖြစ်တယ်။

အစကတော့ သူစကားစမပြောခင် အရင် တစ်ချက်ကြည့်ကြည့်ဖို့သာ စီစဉ်ထားခဲ့ပေမဲ့ မမျှော်လင့်ထားစွာနဲ့ပဲ စားစရာလင်ဗန်းတစ်ချပ်က သူ့ဆီ ထိုးထည့်ခံလိုက်ရပြီးတော့ မြန်မြန်ဆန်ဆန် ရွေးချယ်ဖို့ တိုက်တွန်းခံလိုက်ရတယ်။ ရွေးချယ်ပြီးတဲ့နောက်မှာ တန်းစီ စောင့်ဆိုင်းနေကြတဲ့လူတွေ ရှိနေဆဲပါပဲ။

အဲ့ဒါကြောင့် ကြောင်တောင်ပေါင်တောင် ဖြစ်နေတဲ့ ယွီဂျင်လီက မိန်းမောတွေဝေစွာနဲ့ သူကြိုက်နှစ်သက်တဲ့ ဟင်းပွဲတွေကို ရွေးချယ်ပြီး ချောင်ထဲကို ကန်ထုတ်ခံလိုက်ရပြီးနောက် စားစရာ ပန်းကန်ပြားနှစ်ချပ်ဖြင့် ပြန်ရောက်လာခဲ့ပြီး စားစရာအတွက် ငွေပေးဖို့ကိုတောင် မေ့လျော့သွားခဲ့တယ်။

အံ့သြစရာ အကောင်းဆုံးအချက်က ဒီအကြောင်းကို လူတိုင်း မေ့လျော့သွားကြပုံ ပေါ်နေတယ်။ အဲ့နေရာမှာ အရမ်းအလုပ်များနေကြလို့ ဖြစ်နိုင်တယ်။ သို့သော်လည်း စားစရာအတွက် ငွေမပေးတာက ကောင်းတဲ့ koi ငါးလေး လုပ်တတ်တဲ့ အရာတစ်ခု မဟုတ်ဘူး။ ယွီဂျင်လီတစ်ယောက် စားစရာပန်းကန်ပြားကို လျိုရှင်းယဲ့ဆီ ကမ်းပေးပြီးနောက်မှာ သူအလျင်အမြန် ပြန်သွားလိုက်ပြီး သူ့အစားအသောက်ကတ်ကို ပွတ်ဆွဲလိုက်တယ်။

လျိုရှင်းယဲ့တစ်ယောက် ယွီဂျင်လီရဲ့မျက်လုံးတွေ ရုတ်တရက် သိမ်မွေ့နူးညံ့လာတာကို ကြည့်နေရင်း မနာလိုဖြစ်စွာ ပြောလိုက်မိတယ်။ "ဒါက အရမ်းကံကောင်းတာပဲ။ နေ့လယ်စာကို ဒီလိုမျိုးလည်း ယူလို့ရနိုင်တယ်ပေါ့။ အဲ့ဒါဆိုရင် နောက်တစ်ကြိမ်ကျရင် ငါလည်း အရှေ့ကိုသွားပြီး ကြိုးစားကြည့်မယ်။ စားဖိုမှူးက ငါ့ကိုလည်း ပေးမလား ဆိုတာကို ကြည့်ကြတာပေါ့။"

"စားဖိုမှူးက မင်းကို ဒယ်အိုးပျံ ပေးလိမ့်မယ်လို့ ငါထင်တယ်!" လျိုယွမ်စုက တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။

သူတို့သုံးယောက်သား အဲ့နေရာမှာ စားသောက်ရင်း စကားပြောနေကြပြီးတော့ လီချင်အန်းကို ဖောက်ထွင်းမြင်နေရတဲ့ လူတစ်ယောက်လို သူတို့တွေ သဘောထားနေကြတာကို မြင်လိုက်ရတော့ သူပိုပြီးတော့တောင် ဒေါသထွက်လာမိတယ်။

"လျိုရှင်းယဲ့ မင်းစောင့်နေလိုက်။ မင်းအချိန်အကြာကြီး စိတ်ကြီးဝင်မနေနိုင်ပါဘူး။ ကတ်လက်မှုပညာသည် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ အတန်း F က ကတ်လက်မှုပညာသည် ဘယ်နှစ်ယောက်များ ထွက်ပေါ်လာလိမ့်မလဲ ဆိုတာကို ငါကြည့်ချင်မိပါသေးတယ်။ သွားကြစို့။" လီချင်အန်းတစ်ယောက် ဒေါသထွက်ရင်း အလျင်အမြန် ပြေးထွက်သွားတော့တယ်။

လျိုရှင်းယဲ့က သူတို့တွေရဲ့ ဆူဆူပူပူအော်ဟစ်သံတွေကို အစက​နေ အဆုံးအထိတိုင် စိတ်အနှောင့်အယှက်ခံပြီး အာရုံစိုက်မနေခဲ့ပေမဲ့လည်း သူ့နှလုံးသားလေးကတော့ အနည်းငယ် စိတ်ဓာတ်ကျနေမိဆဲ ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒါက တစ်စက္ကန့်လောက်သာ ဖြစ်ပြီးတော့ သူ့မျက်နှာထက်မှာတော့ ဘာကိုမှ ဂရုမစိုက်တဲ့ အမူအရာ ရှိနေဆဲပါပဲ။

"Wow ငါတို့တွေ ဒီနေ့ တကယ် ကံကောင်းတာပဲဟေ့။ စားဖိုမှူးချက်ထားတဲ့ ဟင်းပွဲတွေက အရင်ကထက်တောင် ပိုပြီး အရသာရှိနေတယ်။" လျိုရှင်းယဲ့တစ်ယောက် သူ့ပါးစပ်ထဲကို စားစရာတွေ အဆက်မပြတ် ထိုးထည့်နေရင်း တအံ့တသြ ပြောလိုက်တယ်။

လျိုမိသားစုရဲ့ သခင်ငယ်လေးတစ်ယောက် အနေနဲ့ သဘာဝအစားအစာတွေကို သူအချိန်မရွေး အလိုအလျောက် စားနိုင်တယ်ဆိုပေမဲ့ ရှေးဟောင်းစာဖိုးမှူးမိသားစုမှ ချက်ပြုတ်တဲ့ ဟင်းပွဲတွေကိုတော့ သူတို့တွေက အထက်တန်းလွှာ ဆရာသခင်တွေ ဖြစ်နေကြတယ် ဆိုရင်တောင်မှ ပေါ့ပေါ့ပါးပါး မစားသုံးနိုင်ကြတာကြောင့် နေ့တိုင်းမှာ စားဖိုမှူးချက်ပြုတ်တဲ့ ဟင်းပွဲတွေကို လုယူဖို့အတွက် သူတို့တွေအားလုံးက ဧရိယာ A ဆီ ရောက်လာတတ်ကြတယ်။

လျိုရှင်းယဲ့က အရင်က အကြိမ်အနည်းငယ် စားခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်ရဲ့ အရည်အသွေးကတော့ အရင်တုန်းကနဲ့ယှဉ်ရင် သိသိသာသာကို ပိုတိုးတက် ကောင်းမွန်လာခဲ့ကို ​တွေ့လိုက်ရတယ်။

"စားဖိုမှူးဂူယွမ်ရဲ့ အရည်အချင်းက ထပ်တိုးတက်လာပြန်ပြီ။ မျိုးရိုးစဉ်ဆက် စားဖိုမှူးမိသားစုရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ဖို့ တကယ်ကို ထိုက်တန်တယ်။ ဒီအချက်အပြုတ် စွမ်းရည်နဲ့သာဆိုရင် တခြားစားဖိုမှူးတွေ ဒီစွမ်းရည်ကို တစ်ဘဝလုံး သင်ယူမယ် ဆိုရင်တောင် တတ်​မြောက်နိုင်မှာ မဟုတ်ဘူး။" လျိုရှင်းယဲ့တစ်ယောက် သက်ပြင်းချရင်း ပြောလိုက်တယ်။

ယွီဂျင်လီက ဟင်းပွဲကို အရမ်းတည်ငြိမ်နေတဲ့ အမူအရာနဲ့ တစ်လုတ်စားလိုက်တယ်။ နည်းနည်းလေးတောင် ပဟေဋိဖြစ်နေမိတယ်။

သူ့ရှေ့က ဟင်းပွဲတွေက တခြားစားဖိုမှူးထက် အမှန်တကယ် ပိုအရသာရှိပေမဲ့လည်း ကမ္ဘာမြေပေါ်တွင်တော့ ဒါတွေက အတော်လေး သာမန်ဆန်လွန်းလှတယ်။ တချို့အိမ်ရှင်မတွေ ချက်ပြုတ်တဲ့ ဟင်းပွဲတွေကတောင် ဒါထက် ပိုကောင်းအုံးမယ်။

ယွီဂျင်လီတစ်ယောက် ကံမ​ကောင်းကြတဲ့ ဒီကမ္ဘာပေါ်ရှိ လူတွေအပေါ် နောက်တစ်ကြိမ် ထပ်မံ သနားစာနာမိသွားပြန်တယ်။

နေ့လယ်စာ အတူတူစားကြပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ကြားထဲက ဆက်ဆံရေးက ပိုပြီးတော့တောင် ကောင်းမွန်လာခဲ့တယ်။ လျိုရှင်းယဲ့က ယွီဂျင်လီကို ကျောင်းဝင်းတစ်ဝိုက် ခေါ်သွားပြလိုက်ပြီးတော့ ကျောင်းဝင်းရဲ့ အထင်ကရ အမျိုးမျိုးအကြောင်းကို မိတ်ဆက်ပေးလိုက်တယ်။

နားထောင်နေရင်း ယွီဂျင်လီတစ်ယောက် စိတ်ထဲမှာ ကျန်းမော့ရှန်း ရှင်းပြခဲ့တာတွေနဲ့ ဒါကို နှိုင်းယှဉ်နေမိပြီးတော့ ပထမစစ်တပ်အကယ်ဒမီက အမှန်တကယ်ကို အရမ်းကြီးမား လှပတယ် ဆိုတာကို တွေ့လိုက်ရတယ်။ ဒီလိုမျိုးကျောင်းမှာ သူတက်ရောက်နိုင်ခဲ့တဲ့အတွက် အမှန်တကယ် ပျော်ရွှင်သွားမိတယ်။ တကယ်လို့ အားရှန်းလည်း ဒီနေရာမှာ ရှိနေနိုင်မယ်ဆိုရင် ပိုပြီးတော့တောင် ကောင်းမွန်သွားလိမ့်မယ်။

ကျန်းမော့ရှန်း မထွက်သွားခင်တုန်းက ပြောခဲ့တဲ့ မွန်းလွဲကျရင် သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် သေချာပေါက် ပြန်တွေ့ကြလိမ့်မယ်ဆိုတဲ့ စကားလုံးတွေကို ယွီဂျင်လီတစ်ယောက် ပြန်လည် ကြားယောင်နေမိပြီးတော့ သူ့နှလုံးသားလေးက ချိုမြိန်သွားတယ်။ အခုလေးတင် ဖြစ်ပေါ်လာခဲ့တဲ့ နောင်တတွေအားလုံးက လွင့်စင် ပပျောက်သွားပြီးတော့ မွန်းလွဲချိန် ရောက်လာတော့မှာကို သူမစောင့်နိုင်တော့ပါဘူး။

နှစ်ယောက်သား ကျောင်းဝင်းတစ်ဝိုက် အစာကြေညက်အောင် လမ်းပတ်လျှောက်လိုက်ကြပြီးနောက် နေ့လယ်စာနားချိန်အတွက် အဆောင်ခန်းဆီ ပြန်လာခဲ့ကြတယ်။ အဆုံးမှာတော့ မွန်းလွဲပိုင်းတွင် အတန်းရှိနေသေးတာကြောင့် သူတို့တွေ အနားယူနိုင်ဖို့ အချိန်ချန်ထားရအုံးမယ်လေ။

နေ့လယ်စာနားချိန် ကုန်သွားပြီးနောက် ယွီဂျင်လီတစ်ယောက် ကတ်လက်မှုအတတ်ပညာ အကယ်ဒမီရဲ့ အတန်း F တည်ရှိတဲ့ သင်ကြားရေး အဆောက်အအုံဆီ လျိုရှင်းယဲ့နဲ့ လျိုယွမ်စုတို့နဲ့အတူ လိုက်လာခဲ့တယ်။ ပျားပန်းခပ်မျှ ယောက်ယက်ခတ်နေခဲ့တဲ့ မနေ့က အခြေအနေနဲ့ နှိုင်းယှဉ်ရရင် ဒီနေ့က အများကြီး ပိုတိတ်ဆိတ် ငြိမ်သက်နေတယ်။ အခုထိ အိပ်ရာမထကြသေးတဲ့ ကျောင်းသားတွေအများကြီး ရှိနေသေးလို့ ဖြစ်မယ်။

သူတို့သုံးယောက်သား စာသင်ခန်းအထဲကို ရောက်လာကြတဲ့အချိန်မှာ စာသင်ခန်းထဲမှာ သူတို့ရဲ့ထိုင်ခုံတွေပေါ်မှာ ထိုင်ရင်း တစ်စုံတစ်ခုအကြောင်း စကားစမြည်ပြောနေကြတဲ့ ကျောင်းသားအနည်းငယ်သာ ရှိနေကြတယ်။ လျိုရှင်းယဲ့ဝင်လာတာကို မြင်တော့ သူတို့တွေအချင်းချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်ကြတယ်။

"အားယဲ့ ရောက်လာပြီပဲ။ ဟမ်? ဒီတစ်ယောက်ကို ကြည့်ရတာ မရင်းနှီးဘူး။ အားယဲ့ အဲ့ဒါ မင်းသူငယ်ချင်းလား?" စကားပြောလိုက်တဲ့လူက ကြည်လင်တဲ့အသံနဲ့ လူတွေကိုသူ့ကို ဆွဲညစ်လာအောင် ပြုလုပ်နေတဲ့ ကလေးအဆီ မျက်နှာလေးရှိတဲ့ လူငယ်လေးတစ်ယောက် ဖြစ်တယ်။

"ငါတို့အတန်းထဲက ကျောင်းသားသစ်လေ။ မင်းတို့အားလုံး မနေ့က တွေ့ဖူးတယ်လေ။" လျိုရှင်းယဲ့က မိတ်ဆက်ပေးလိုက်တယ်။

လူတိုင်းဒါကို ကြားလိုက်ကြတော့ ယွီဂျင်လီရဲ့အသွင်အပြင်ကို အသေးစိတ် ကြည့်ပြီးတဲ့နောက်မှာ မနေ့တုန်းက အတန်းဖော်အသစ်တစ်ယောက် အတန်းထဲ ဝင်လာခဲ့တဲ့အကြောင်းကို သူတို့တွေ ရုတ်တရက် မှတ်မိသွားကြတယ်။

ဒါပေမဲ့ အဲ့အချိန်တုန်းက လူတိုင်းက သူတို့ဘာသာသူတို့ ဂိမ်းအသီးသီး ဆော့ကစားနေကြတာမို့ ပြောင်းရွှေ့လာတဲ့ ကျောင်းသားသစ် အခြေအနေအကြောင်းကို ဘယ်သူကမှ အာရုံသိပ်မစိုက်ခဲ့ကြပေ။ ဘာပဲဖြစ်ဖြစ် ပြောင်းရွှေ့လာတဲ့ ကျောင်းသားသစ်က သူတို့နဲ့ ဘာမှလုပ်စရာ မရှိဘူးလေ။

ဒါပေမဲ့ မင်းအခု ဂရုတစိုက် အသေးစိတ် ကြည့်ကြည့်မယ်ဆိုရင် စာသင်ခန်းရဲ့အခြေအနေ၊ အပြောင်းအလဲ ကြီးထွားမှုက အတော်လေး ကောင်းမွန်တယ် ဆိုတာကို မင်းမြင်ရလိမ့်မယ်။

လျိုရှင်းယဲ့နဲ့ ဒီအတန်းဖော်တွေက အတူတူ ကြီးပြင်းလာခဲ့ကြတာ ဖြစ်ပြီးတော့ တစ်ဖက်လူ ဘာတွေတွေးနေသလဲ ဆိုတာကို အကြည့်တစ်ချက်တည်းနဲ့တင် သူသိတာမို့ သံပူနေတုန်း ချက်ချင်း ထုရိုက်လိုက်ပြီးတော့ ပြောလိုက်တယ်။ "ဒါက ငါ့သူငယ်ချင်း။ နောက်ကျရင် သူ့ကို အနိုင်မကျင့်ကြနဲ့! တကယ်လို့ ရှောင်လီဇီကို အနိုင်ကျင့်ရဲတဲ့လူကို ငါတွေ့ခဲ့မယ်ဆိုရင် ငါ့လက်သီးရဲ့စွမ်းအားကို သူ့ကို မြည်းစမ်းကြည့်ခိုင်းလိုက်မယ်!"

လျိုရှင်းယဲ့ရဲ့ စိတ်စွမ်းအား level က C level မျှသာ ဖြစ်သော်ငြားလည်းပဲ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားကတော့ A level ဖြစ်တယ်။ တကယ်လို့ သူ့မိသားစုက သူကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်လာရမယ်လို့ အတင်းအကျပ် တိုက်တွန်းပြောဆိုနေခဲ့လို့သာ မဟုတ်ရင် သူမက်ကာ့ခ်အကယ်ဒမီအတွက် လျှောက်လွှာ တင်ခဲ့နှင့်ပြီးပြီဖြစ်တယ်။

သူ့အမြင်အရတော့ ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်ရတာ ဘာများ အရမ်းတွေ ကြီးကျယ်ခမ်းနားနေလို့လဲ? ရန်သူတွေကို တိုက်ခိုက်တွန်းလှန်ပြီး တိုင်းပြည်ကို ခုခံကာကွယ်ပေးတဲ့ ဂုဏ်သရေရှိ မြင့်မြတ်ထူးကဲတဲ့ မက်ကာ့ခ်စစ်သည်တော်တစ်ယောက် ဖြစ်ရတာက ပိုကောင်းသေးတယ်။ ကတ်လက်မှုပညာသည်တွေဆိုတာက တခြားလူတွေရဲ့အနောက်မှာ ပုန်းအောင်းပြီး တခြားလူတွေရဲ့ ကာကွယ်ပေးခြင်းကိုပဲ ခံနေရတဲ့လူတွေလေ။

သို့သော်လည်း မိသားစုထဲက လူအိုကြီးကို သူလုံးဝ ခုခံမပြောဆိုနိုင်ခဲ့ပဲ အဆုံးမှာတော့ ဒီနေရာဆီ လွှတ်ပစ်ခံလိုက်ရတော့တာပဲ။ အဲ့ဒါက သူ့ကို အရမ်းစိတ်ဓာတ်ကျသွားစေတယ်။

"ငါသိပါတယ်။ ငါသိပါတယ်။" လျိုရှင်းယဲ့ရဲ့သတိပေးခြင်းကို ခံလိုက်ရတဲ့ တစ်ယောက်က သူ့လက်ကို စိတ်မဝင်စားစွာ ဝှေ့ယမ်းလိုက်ရင်း သူနားလည်ကြောင်း ပြသလိုက်တယ်။

"သူတို့အားလုံးက ငါ့သူငယ်ချင်းတွေလေ။ ဒီကလေးမျက်နှာနဲ့ တစ်ယောက်ကို ရှောက်ယန်လို့ ခေါ်တယ်။ သူ့ရဲ့ချစ်စရာကောင်းတာလေးကိုပဲ မကြည့်လိုက်နဲ့။ အမှန်တော့ သူက အရမ်းရက်စက် ကြမ်းတမ်းတယ်။ သူနဲ့ဝေးဝေးမှာ နေတာက ပိုကောင်းလိမ့်မယ်။ အဆီရစ်နေတဲ့ တစ်ယောက်ကိုတော့ ကောင်းကျီချီလို့ ခေါ်တယ်။ ပြီးတော့ အဲ့နားက ရုပ်နည်းနည်းချောတဲ့ တစ်ယောက်ကိုတော့ တုကျင့်ရွှမ်လို့ ခေါ်တယ်။" လျိုရှင်းယဲ့က ယွီဂျင်လီကို တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်တယ်။

အဲ့ဒါက ဒီအတိုင်း သူစကားပြောလို့ ပြီးသွားတာနဲ့ချက်ချင်း သူမိတ်ဆက်ပေးခဲ့တဲ့ လူအနည်းဆီကနေ မကျေမနပ် စကားသံတွေ ချက်ချင်း ထွက်ကျလာခဲ့ရုံပါပဲ။

"အဆီရစ်နေတယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ? ဒီအထဲမှာငါက ဒီလောက် ချောမောခန့်ညားတဲ့ ကောင်လေးတစ်ယောက်ကို။ ငါက အဆီရစ်နေတယ်လို့ မင်းတကယ် ပြောထွက်တယ်ပေါ့။ ငါမေးပါရစေ။ မင်းမှာ အလှတရားကို ခံစားတတ်မှု မရှိဘူးလား?" ကောင်းကျီချီတစ်ယောက် လျိုရှင်းယဲ့ရဲ့အယူအဆအပေါ် ခုခံငြင်းဆန်ချင်နေသလိုမျိုး သူမကျေမနပ်ဖြစ်စွာ အော်ဟစ်လိုက်မိတယ်။

တုကျင့်ရွှမ်က ကောင်းကျီချီကို သူ့မျက်လုံးတွေအထဲမှာ အထင်သေးခြင်းအပြည့်ဖြင့် စောင်းငဲ့ကြည့်လိုက်ရင်း ပြောလိုက်တယ်။ "မင်းက ချောမောနေသေးတယ်ပေါ့လေ? ကမ္ဘာပေါ်က ယောက်ျားလေးတွေအကုန်လုံး ရုပ်ဆိုး အကျည်းတန်နေကြကုန်ပြီလား? မင်းမှာ ကိုယ်ပိုင်အသိတရားတောင် တစ်ခုမှ မရှိတော့ဘူးထင်တယ်။ ခပ်မြန်မြန်ထပြီး မင်းကိုယ်မင်း ပြန်ကြည့်ကြည့်ပါအုံး။ မင်းမှာ ဘယ်လိုမျိုး အားသာချက်တွေ ရှိလဲဆိုတာ ရှာကြည့်ကြည့်ပါအုံး။ ပြီးတော့ လျိုရှင်းယဲ့ ငါက ရုပ်နည်းနည်းချောတယ်ဆိုတာ ဘာဆိုချင်တာလဲ။ ငါကလုံးဝကို အရမ်းရုပ်ချောတာကွ!"

တုကျင့်ရွှမ်တစ်ယောက် ကောင်းကျီချီကို ထုံးစံအတိုင်း အကျင့်အရ ဆူပူပြီးတဲ့နောက်မှာ အမြောက်ဆံကို သူလျိုရှင်းယဲ့ဆီ ချိန်ရွယ်လိုက်တယ်။ သို့သော်လည်း လျိုရှင်းယဲ့က ဒီနေ့မှာ သူငယ်ချင်းအသစ်တစ်ယောက်ကို ဖွဲ့လာခဲ့တာမို့ သူစိတ်ကောင်းဝင်နေတာကြောင့် သူတို့တွေနဲ့သူ စိတ်အရှုပ်ခံ ငြင်းခုံမနေတော့ပါဘူး။

"သူတို့တွေကို ဂရုစိုက်မနေနဲ့။ သူတို့တွေက ဒီလိုမျိုးပဲ။ ကယ်တင်လို့ မရတော့ဘူး။ နောက်ကျရင် သူတို့ပြောတာတွေကို မင်းမကြားသလိုသာ ဟန်ဆောင်နေလိုက်။" လျိုရှင်းယဲ့က ယွီဂျင်လီကို ပြောလိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ သူ့ကြောင့် တစ်ဖက်လူတွေက ပေါက်ကွဲသွားကြပြီးတော့ လျိုရှင်းယဲ့ရဲ့ နောက်ကြောင်းရာဇဝင်ဟောင်းတွေကို ဖော်ထုတ်ဖို့ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်လာကြကုန်တယ်။ "ဟေ့ ငါပြောမယ်။ လျိုရှင်းယဲ့ မင်းဟာက မဟုတ်သေးဘူး။ မင်းငါ့အပေါ် ကျေးဇူးကြွေး တင်နေသေးတယ်နော်။ မင်းဘောင်းဘီခွကြား အပြဲကြီး ဝတ်လာခဲ့မိတုန်းက ဒီလောင်ဇီအနောက် ပြေးလာပုန်းခဲ့သေးတယ်လေ။ မှတ်မိတယ်မလား? မင်းရဲ့အိပ်ရာခင်းအစိုကိုလဲ ငါ့ကို ပစ်လွှင့်ခိုင်းခဲ့သေးတယ်လေ။ ပြီးတော့ မင်းရဲ့အစ်ကိုကြီးကိုလည်း ပန်းအိုးနဲ့ ပစ်ပေါက်ခဲ့သေး . . . "

တုကျင့်ရွှမ်တစ်ယောက် ၎င်းတို့အထဲမှတချို့ကို ထုတ်ဖော် မပြောဆိုရသေးခင်မှာပဲ သူ့ပါးစပ်က လျိုရှင်းယဲ့ရဲ့လက်ဖြင့် အလျင်အမြန် ပိတ်ကာခြင်း ခံလိုက်ရပြီးတော့ ခံစားချက်တွေအချင်းချင်း ဖလှယ်ဖို့အတွက် ဘေးဘက်ဆီ ဆွဲခေါ်သွားခြင်း ခံလိုက်ရတယ်။ ကောင်းကျီချီက ပီတိတဖွားဖွား ဖြစ်ပေါ်နေပြီး လျိုရှင်းယဲ့ကို အားပေးနေသေးတယ်။

ယွီဂျင်လီတစ်ယောက် တစ်စက္ကန့်အလိုတုန်းကပဲ သူ့ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးနေခဲ့ပြီးတော့ နောက်တစ်စက္ကန့်ကျတော့ သူငယ်ချင်းနဲ့ သွားရန်ဖြစ်နေတဲ့ လျိုရှင်းယဲ့ကို ကြည့်လိုက်ပြီးနောက် အနည်းငယ် စိုးရိမ်သွားမိတယ်။

"စိတ်မပူပါနဲ့။ သူတို့တွေက အရေထူကြတာမို့ မသေနိုင်ကြပါဘူး။" ကလေးမျက်နှာနဲ့ ရှောက်ယန်က ယွီဂျင်လီကို အပြုံးလေးနဲ့ ရှင်းပြလိုက်တယ်။ ဒါပေမဲ့ အဲ့ဒီအပြုံးက လူတွေကို အနည်းငယ် ကြက်သီးမွေးညင်းထသွား​စေမိတယ်။

အားယဲ့ပြောသလိုမျိုးပဲ သူ့ကိုကြည့်ရတာ ချစ်စရာကောင်းပေမဲ့လည်း သူကလူတွေကို ကြင်နာပြီး ခွန်အားကြီးတဲ့ခံစားမှုမျိုး အမြဲပေးစွမ်းနေတယ်။

"သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ဒီလိုမျိုး ခံစားချက်ချင်း ဖလှယ်နေကျ။ ဒါကို ကျင့်သားရသွားလိမ့်မယ်။" လျိုယွမ်စုက အချိန်မီ ပြောလိုက်ပြီးတော့ ရှောက်ယန်ရဲ့မြင်ကွင်းထဲကနေ သူ့ကို ပိတ်ကာပေးလိုက်တယ်။

ဒီစကားကို ကြားလိုက်ရတော့ ယွီဂျင်လီတစ်ယောက် စိတ်သက်သာရာ ရသွားမိတယ်။ ဒါပေမဲ့ နည်းနည်းလေး ထူးဆန်းတယ်လို့ သူခံစားလိုက်ရတယ်။ လူတချို့က ရန်ဖြစ်ရင်း ခံစားချက်တွေ ဘယ်လိုမျိုး ဖလှယ်ကြတာလဲ? မနာကျင်ကြဘူးလား??

ဒီကမ္ဘာက လူတွေက အမှန်တကယ်ကို ထူးဆန်းကြတာပဲ။

လျိုရှင်းယဲ့၊ ကောင်းကျီချီနဲ့ တခြားလူတွေက အခုထိဒါကို မသိကြသေးပေမဲ့ ယွီဂျင်လီရဲ့စိတ်ထဲမှာတော့ သူတို့တွေက လူထူးဆန်းတွေအဖြစ် တံဆိပ်ကပ်ခံနေနှင့်ခဲ့ရပြီးပြီ ဖြစ်တယ်။

အတန်းတက်ခေါင်းလောင်းသံ မြည်လာခဲ့ပြီးတော့ ယွီဂျင်လီက သူ့ထိုင်ခုံဆီ အမြန်ပြန်သွားလိုက်ပြီး အတန်းစတက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီးဖြစ်ပေမဲ့ သူ့ပတ်ပတ်လည်က ကျောင်းသားတွေကတော့ အတန်းတက်ခေါင်းလောင်းသံကို သူတို့တွေ မကြားလိုက်ကြသလိုမျိုး သူတို့လုပ်နေကြတဲ့အရာတွေကို ဆက်လက်လုပ်ကိုင်နေကြတာကို သူတွေ့လိုက်ရတယ်။

"အတန်းတက်ချိန် ရောက်နေပြီလေ။ ဘာလို့ လူတိုင်းက သူတို့ထိုင်ခုံတွေဆီ ပြန်မသွားကြသေးတာလဲ?" ယွီဂျင်လီက ကောင်းကျီချီကို ပဟေဋိဖြစ်စွာ မေးလိုက်မိတယ်။

ကောင်းကျီချီက သူ့နှုတ်ခမ်းကို ဂရုမစိုက်ဟန် တွန့်ကွေးလိုက်ပြီးတော့ ပြောလိုက်တယ်။ "ငါတို့တွေ ကိုယ့်ထိုင်ခုံဆီ ကိုယ်ပြန်သွားနေခဲ့ရင်တောင်မှ ဆရာပြောနေတာတွေကို ငါတို့တွေ နားလည်နိုင်အုံးမှာ မဟုတ်ဘူး။"

"တကယ်လို့ မင်းနားမလည်ရင် ဆရာကို မေးလို့ရတယ်လေ။" ယွီဂျင်လီက ပြန်ပြောလိုက်တယ်။

ကောင်းကျီချီက စင်မြင့်ပေါ် တက်လာနေပြီဖြစ်တဲ့ ဆရာကို စောင်းငဲ့ကြည့်လိုက်ရင်း သူ့မျက်လုံးတွေထဲမှာ ထေ့ငေါ့နေတဲ့ အကြည့်တစ်ချက် လက်ကနဲ ဖြတ်ပြေးသွားပြီးတော့ ပြောလိုက်တယ်။ "ငါတို့မေးခဲ့ရင်တောင်မှပဲ သူက ဖြေပေးမှာ မဟုတ်ဘူး။ ငါတို့နားလည်လား။ နားမလည်ဘူးလား ဆိုတာကို သူက ဂရုမစိုက်ဘူး။ သူ့တာဝန်ကို သူပြီးမြောက်အောင် လုပ်ဖို့ပဲ လိုအပ်တာလေ။"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ယွီဂျင်လီတစ်ယောက် မ​နေ့ရဲ့အတန်းထဲက မြင်ကွင်းကို ရုတ်တရက် သတိရသွားမိပြီးတော့ ဒါကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးပြီးပြီ ဖြစ်တာကြောင့် ကောင်းကျီချီရဲ့စကားတွေကို ပြန်မချေပနိုင်တော့ပေ။


Continue Reading

You'll Also Like

376K 37.2K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
614K 59.5K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
534K 35K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
247K 6.1K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်