တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

51.4K 4K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

8 - 14

511 42 1
By Azure5549

#အပူအပင်မဲ့အင်မော်တယ်
Book 19
Chapter 8
နားလည်မှု လွဲတာပါ

“အဲ.. ဆရာကြီး.. ဒီကို ရောက်လာတာလား”

ကြည်လင်ချိုသာတဲ့ စကားသံ ပေါ်ထွက်လာခဲ့ပါပြီ။ လောင်ရှောင်ယုလည်း တစ်ဖက်ကနေ ခုန်ထွက်လာပါတော့တယ်။ သူမ အဝတ်အစားတွေဟာ ဆီးနှင်းလို ဖြူဖွေးနေပြီး သူမရဲ့ အသွင်အပြင် ကျက်သရေဟာ လွန်ခဲ့တဲ့ နှစ်လတုန်းကလိုပဲ သိပ်ပြီး မပြောင်းလဲသေးပါဘူး။

တစ်ခုပဲ ကွာခြားတာကတော့ လောင်ရှောင်ယုဟာ မဟာစကြ၀ဠာ ဆဌမ အဆင့်ကို ရောက်ရှီနေပြီး ပိုပြီး အစွမ်းထက်သူ ဖြစ်လာခြင်းပါ။

“ရှောင်ယု.. သူ့ကို သိလို့လား”

သက်လတ်ပိုင်းအရွယ် လူကြီးလည်း အံ့အားသင့်စွာ မေးလိုက်ပါပြီ။

“အင်း”

လောင်ရှောင်ယုလည်း ခေါင်းညိတ်လိုက်ပြီး
“သူ့နာမည်က ချင်းကျူပါ။ သမီး အပြင်ထွက် အတွေ့အကြုံ ရှာချိန်မှာ ရခဲ့တဲ့ မိတ်ဆွေတစ်ဦးပေါ့”

လောင်ရှောင်ယုကို သတိပေးထားပြီး ဖြစ်လို့ သူမအနေနဲ့ ဝိညာဉ်ဗဟိုကမ္ဘာနဲ့ ရှီယင်တို့အကြောင်း ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။

ဒါကို ကြားလိုက်ရတော့ သက်လတ်ပိုင်းအရွယ် လူကြီးလည်း မျက်မှောင်ကြုတ်လိုက်ပြီး ချင်းကျူကို လှမ်းကြည့်လိုက်ပါပြီ။

“လူသားတစ်ဦးပါလား”

“ဟုတ်ပါတယ်”

လောင်ရှောင်ယု ရှင်းပြလိုက်ပါတော့တယ်။

“ဒါပေမဲ့ စိတ်မပူပါနဲ့အဖေ။ သူက သမီးတို့ နဂါးဖြူ မျိုးနွယ်စုအပေါ် မကောင်းတဲ့ အကြံအစည် မရှိပါဘူး”

“ဟား ဟား.. မကောင်းတဲ့ အကြံအစည် မရှိဘူး.. ဟမ့်”

သက်လတ်ပိုင်းအရွယ် လူကြီး နှာခေါင်းရှုံ့လိုက်ပါပြီ။

“ရှောင်ယု.. သမီးကို အဖေပြောပြထားတာ မေ့သွားပြီလား။ လူသားတွေကို ယုံလို့ မရဘူးဆိုတာ”

စကားဆုံးသွားတာနဲ့ စာဖွဲ့လို့မရနိုင်တဲ့ ဝိညာဉ်စွမ်းအင်ဟာ သက်လတ်ပိုင်းအရွယ် လူကြီးရဲ့ ခန္ဓာကိုယ်ကနေ ဖြာထွက်လာခဲ့ပါပြီ။ ဒီဝိညာဉ်စွမ်းအင်ဟာ ချင်းကျူကို ပစ်မှတ်ထားပြီး မိုးပြိုကျသလို အဆုံးအစမဲ့ ဩဇာအာဏာတွေ ပြည့်၀နေခဲ့ပါတယ်။

“အဖေ.. ရပ်ပါ”

လောင်ရှောင်ယု ရင်ထိတ်သွားခဲ့ပါပြီ။ ဖခင်ဖြစ်သူက စကားတစ်ခွန်းမဆိုပဲ နဂါးဩဇအာဏာနဲ့ ချင်းကျူကို ဖိအားပေးလာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

သူမ ဖခင်ဟာ တံခါးပိတ်တရားကျင့်ရာမှာ အောင်မြင်သွားခဲ့ပြီး မဟာစကြ၀ဠာ အဆင့်တစ်ဆယ်ကို ရောက်ရှိသွားခဲ့ပါပြီ။ သူ့ရဲ့ နဂါးဩဇာအာဏာဟာ မဟာစကြ၀ဠာ တတိယအဆင့်အောက် တန်ခိုးရှင်တွေကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေဖို့ လုံလောက်ပါတယ်။

ချင်းကျူ ဒဏ်ရာရမှာကို လောင်ရှောင်ယု မစိုးရိမ်မိပါဘူး။ ပြောရရင် သူမ သိထားသလောက်ဆို ချင်းကျူဟာ အနည်းဆုံး မဟာစကြ၀ဠာ အဆင့်တစ်ဆယ်ကို ရောက်နေလောက်ပြီ မဟုတ်လား။

ဒါပေမဲ့ ချင်းကျူရောက်ရောက်လာချင်း အဖေဖြစ်သူက တိုက်ခိုက်လိုက်တာကြောင့် နားလည်မှုတွေ သေချာပေါက် လွဲသွားတော့မှာပါ။

သက်လတ်ပိုင်းအရွယ် လူကြီးရဲ့ နဂါးဩဇာအာဏာဟာ မိုးနဲ့မြေကို ဖုံးလွှမ်းသွားပေမဲ့လည်း ချင်းကျူ မလှုပ်ရှားခဲ့ပါဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်က ကြမ်းပြင်တွေကတော့ ရင်ဆိုင်နိုင်ခြင်း မရှိပဲ အက်ကွဲကြောင်းတွေဟာ ပင့်ကူအိမ်တွေအလား တစ်လက်မပြီးတစ်လက်မ တိုးလာပါတော့တယ်။

၀ုန်း

တဒင်္ဂအတွင်း ချင်းကျူကို ဗဟိုပြုပြီး ခန်းမကြီး တစ်ခုလုံး အပြင်းအထန် တုန်လှုပ်လာခဲ့ပါပြီ။ စက်ဝိုင်းခြမ်း ပုံစံ ချိုင့်ဝှမ်းကြီးတစ်ခုအဖြစ် ကြမ်းပြင်ပြိုကျ ပျက်စီးသွားပါတော့တယ်။

ဒါပေမဲ့ ချင်းကျူကတော့ နေရာမှာသာ အေးအေးလူလူ ရပ်နေဆဲပါ။ သူ့ခြေထောက်အောက်က ကြမ်းပြင်ကတော့ ခြစ်ရာတစ်စွန်းတစတောင် ရှိမနေခဲ့ပါဘူး။ သတိလစ်နေတဲ့ လောင်စန်အပေါ်လည်း အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။

ပြောရရင် အခုသက်လတ်ပိုင်းအရွယ် လူကြီးဟာ မဟာစကြ၀ဠာ ဒဿမ အဆင့်ကို ရောက်နေပြီ ဖြစ်တာကြောင့် ချင်းကျူ မြင်ဖူးသမျှထဲ အစွမ်းအထက်ဆုံး တန်ခိုးရှင်လို့ ဆိုနိုင်ပါတယ်။

သူနဲ့ ယှဉ်လိုက်ရင် အဇူရာ ကမ္ဘာက လောင်ချန်ဂီဟာ ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်သွားပါပြီ။

ပြောရရင် မဟာစကြ၀ဠာ ပဉ္စမ အဆင့်နောက်ပိုင်း အဆင့်တစ်ခုစီရဲ့ ကွာခြားချက်ဟာ မိုးနဲ့မြေလိုပဲ ကြီးမားသွားပြီ မဟုတ်လား။ တစ်ဦးအနေနဲ့ ခွန်အားကို တိုးတက်စေတဲ့ အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်မထားဘူးဆိုရင် ပိုပြီး အဆင့်မြင့်တဲ့ တန်ခိုးရှင်တွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

လောင်ရှောင်ယုတောင်မှ သူမထက် အဆင့်တစ်ဆင့်မြင့်တဲ့ တန်ခိုးရှင်ကို အနိုင်မယူနိုင်တော့ဘူး မဟုတ်လား။

တခြားလူတွေသာဆိုရင် သက်လတ်ပိုင်းအရွယ် လူကြီးရဲ့ နဂါးဩဇာအာဏာကြောင့် အလွန်ကို ချောက်ချားတုန်လှုပ်သွားကြမှာပါ။

ဒါပေမဲ့ ချင်းကျူအတွက်ကတော့ ဒီနဂါးဩဇာအာဏာဟာ ဘာအကျိုးသက်ရောက်မှုမှ ရှိမနေခဲ့ပါဘူး။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဒါကို တွေ့လိုက်ရတော့သက်လတ်ပိုင်း အရွယ် လူကြီး မျက်မှောင်ကြုတ်လိုက်မိပါပြီ။ သူ့မျက်နှာအထက် မယုံကြည်နိုင်မှုတွေ ထင်ဟပ်နေပါတော့တယ်။

“အဟမ်း”

ရုတ်တရက်ဆိုသလိုပဲ ချင်းကျူ ချောင်းနှစ်ကြိမ် ဟန့်လိုက်ပါပြီ။ သူ့ဝန်းကျင် ရှိနေတဲ့ နဂါးဩဇာအာဏာဟာ ရေခဲတုံးလို အရေပျော်ကျသွားခဲ့ပြီး ဘာဆိုဘာမှ မကျန်တော့ပါဘူး။

တစ်ဖက်မှာတော့ သက်လတ်ပိုင်းအရွယ် လူကြီးရဲ့ ပါးစပ်ထဲမှာ သတ္ထုအရသာကို ခံစားလိုက်ရပြီး သွေးအန်ထုတ်လုလု ဖြစ်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူထိန်းချုပ်ထားခဲ့ပါတယ်။

“မင်း.. ရှေ့ဆက်ချင်သေးလို့လား”

“…”

သက်လတ်ပိုင်းအရွယ် လူကြီး အလွန်တုန်လှုပ်သွားခဲ့ပါပြီ။ ချင်းကျူက သူ့ရဲ့ နဂါးဩဇာအာဏာကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့ပြီး သူ့ကိုပါ တန်ပြန် ဒဏ်ရာ ရရှိသွားစေခဲ့ပါတယ်။ ချင်းကျူက ဘာကျင့်စဉ်ကို အသုံးပြုလိုက်တာလဲဆိုတာ သက်လတ်ပိုင်းအရွယ် လူကြီး စဉ်းစားမရ ဖြစ်နေပါပြီ။

ချင်းကျူကို သူလျှော့တွက်မိခဲ့ပေမဲ့လည်း အခု အခြေအနေအရ ချင်းကျူဟာ သူ့လိုပဲ မဟာစကြ၀ဠာ ဒဿမ အဆင့်ကို ရောက်ရှိနေတာတော့ သက်သေပြသွားခဲ့ပြီ မဟုတ်လား။

သက်လတ်ပိုင်းအရွယ် လူကြီးလည်း ရှောင်ယုတစ်ယောက် ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ ဘယ်လိုလုပ်ပြီး ဆုံတွေ့ခဲ့ရတာလဲ ဆိုတာကို စဉ်းစားမရ ဖြစ်နေခဲ့ပါတယ်။

နဂါးဖြူ မျိုးနွယ်စုနဲ့ မြင့်မြတ်သော သိုင်းပညာ ခန်းမတို့လို အစွမ်းထက်လှတဲ့ အဖွဲ့အစည်းတွေမှာ မဟာစကြ၀ဠာ ဒဿမ အဆင့် တန်ခိုးရှင် လက်တစ်ဆုပ်စာလောက်သာ ရှိခဲ့ပါတယ်။ ဒါ့အပြင် အားလုံးက ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်နေကြပါပြီ။

သက်လတ်ပိုင်းအရွယ်လူကြီးဟာ မြင့်မြတ်သော သိုင်းပညာ ခန်းမက မဟာစကြ၀ဠာ ဒဿမ အဆင့် တန်ခိုးရှင် အားလုံးကို သိထားပြီးပြီ ဆိုရင်လည်း အပိုပြောတာ မဟုတ်ပါဘူး။ ဒီထဲမှာ ချင်းကျူ မပါဝင်တာကတော့ သေချာပါတယ်။

“တောင်းပန်ပါတယ်။ ငါရိုင်းပျသွားခဲ့တယ်”

သက်လတ်ပိုင်းအရွယ် လူကြီးလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်သီးနှစ်ဖက်ကို ဆုပ်ရင်း တောင်းပန်စကား ပြောလိုက်ပါပြီ။

ချင်းကျူကို ဘယ်သူဆိုတာ သူခန့်မှန်းလို့ မရပေမဲ့လည်း အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့မှာ ရန်လိုစိတ် မရှိတာကိုတော့ သူကောက်ချက်ချနိုင်ခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် ချင်းကျူ အခုထုတ်ပြလိုက်တဲ့ အစွမ်းနဲ့ဆို သူ့မှာ မကောင်းတဲ့ စိတ်ဆန္ဒ ရှိနေမယ်ဆိုရင် လောင်ရှောင်ယုအနေနဲ့ အသက်ရှင်လျက် ပြန်ရောက်လာမှ မဟုတ်တော့ပါဘူး။

“ရပါတယ်”
ချင်းကျူလည်း လက်ကို ယမ်းလိုက်ပြီး သာမန်ပဲ ပြောလိုက်ပါပြီ။

ပြောရရင် သက်လတ်ပိုင်းအရွယ် လူကြီးရဲ့ ခံစားချက်ကိုလည်း သူနားလည်ခဲ့ပါတယ်။

ဒါပေမဲ့.. လူသားတွေကို မယုံကြည်ဖို့ မင်းပြောခဲ့တယ် မဟုတ်ဘူးလား။ အခုလိုမျိုး ရုတ်တရက်ကြီး စိတ်ပြောင်းလိုက်တာ ထူးဆန်းနေတယ်လို့ မထင်မိဘူးလား။

“အင်း.. မစ္စတာချင်း.. ဟုတ်တယ်မလား။ ငါ့နာမည်က လောင်ကွမ်ပါ။ ငါက ရှောင်ယုရဲ့ ဖခင်ပါပဲ”

အူကြောင်ကြောင်နိုင်မှုကို ဖြိုခွဲဖို့ သက်လတ်ပိုင်းအရွယ် လူကြီးလည်း စကားလမ်းကြောင်း ပြောင်းလဲလိုက်ပြီး ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါပြီ။

“အင်း”

ချင်းကျူလည်း ခေါင်းညိတ်လိုက်ပါတော့တယ်။

“…”

တခဏလောက် လေထုဟာ တိတ်ဆိတ်သွားခဲ့ပါပြီ။

အခုအချိန်မှာတော့ ချင်းကျူလည်း ခန်းမကြီးကို ကြည့်ရှုဖို့ အချိန်ရလာပါတော့တယ်။ ဒီခန်းမကြီးကို ဝိညာဉ်ကျောက်တုံးတွေ ကြည်လင်တဲ့ ပုံဆောင်ခဲ ကျောက်သားတွေနဲ့ တည်ဆောက်ထားတာပါပဲ။

ခန်းမကြီး တစ်ခုလုံးမှာ အသက်ဝင်လှတဲ့ နဂါးနဲ့ ဇာမဏီငှက်တွေ ရေးထွင်းထားတဲ့ ပုံဆောင်ခဲ ကျောက်တိုင်ကြီး နှစ်တန်း ရှိနေခဲ့ပါတယ်။ ဒီကျောက်တိုင်ကြီးတွေဟာ မျက်စိတဆုံးအထိကို ရှည်လျားကြပြီး ရေးထွင်းထားတဲ့ အရုပ်တွေကလည်း အနုပညာ လက်ရာမြောက်လွန်းလှပါတယ်။

အခုအချိန်မနှာတော့ သူတို့တွေက ခန်းမကြီးရဲ့ အတွင်းဆုံး နေရာမှာ ရှိနေကြပြီး လောင်ကွမ်ဟာ အမြင့်မှာ ရှိနေတဲ့ ပလ္လင်ထက် ထိုင်နေခဲ့ပါတယ်။ သူ့အမူအရာဟာ တော်တော်လေး အူကြောင်ကြောင် နိုင်နေပါပြီ။ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့သလိုပါပဲ။

နောက်ဆုံးတော့လည်း လောင်ရှောင်ယုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါတော့တယ်။

“တောင်းပန်ပါတယ် ဆရာကြီး။ ကျွန်မရဲ့ ဖခင်က အရင်တုန်းက မြင့်မြတ်သော သိုင်းပညာ ခန်းမက တန်ခိုးရှင်တစ်ဦးကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။ ဒါကြောင့်လည်း လူသားတွေကို သူမုန်းတီးနေခဲ့တာပါ”

“ဟေး.. ဟေ့..ဟေ့.. ရှောင်ယု.. ဘာတွေ လျှောက်ပြောနေတာလဲ။ မြင့်မြတ်သော သိုင်းပညာ ခန်းမက တန်ခိုးရှင်ကြောင့် ငါဒဏ်ရာရသွားတယ်ဆိုတာ ဘာလဲ။ ငါတို့ နှစ်ယောက်လုံး ဒဏ်ရာရခဲ့ကြတာနော်”

လောင်ကွမ်လည်း ဂုဏ်ယူစွာ ပြောလိုက်ပါပြီ။

“ဒါ့အပြင် အဲဒီတစ်ယောက်က အခြေအနေ ပိုဆိုးသေးတယ်။ သူက နေရာမှာတင် တန်ခိုးကျင့်စဉ် အခြေခံ နိမ့်ကျသွားခဲ့တယ်။ အဲဒါ ဘယ်လိုမှ ကုစားလို့မရနိုင်တော့ဘူး”

“…”
ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

လောင်ရှောင်ယုလည်း မျက်လုံးကို ကူကယ်ရာမဲ့စွာ လှန်လိုက်ပါပြီ။ ပြီးတာနဲ့ သူမ တိုးတိုးလေး ပြောလိုက်ပါတော့တယ်။

“နောက်တစ်ချက် ရှိသေးတယ်။ အဖေက အရမ်းကို မာနကြီးတယ်လေ”

ချင်းကျူ
“…”

အဲဒါကတော့ အရမ်းရှင်းနေတာပဲ မဟုတ်လား။

“ဒါနဲ့ ဆရာကြီး.. ကိစ္စတစ်ခုခုများ ရှိလို့လား”
လောင်ရှောင်ယု မေးမြန်းလိုက်ပါတော့တယ်။

“ဘာမှတော့ မဟုတ်ပါဘူး။ ဒီတိုင်းပဲ ငါလည်း လျှောက်ကြည့်ချင်တာနဲ့ ထွက်လာခဲ့တာ။ ပြီးတော့ စကြ၀ဠာအတွင်းက အစွမ်းအထက်ဆုံး အဖွဲ့အစည်းတွေက ဘယ်လိုလဲဆိုလည်း သိချင်သေးတယ်လေ”
ချင်းကျူလည်း သာမန်ပဲ ဖြေလိုက်ပါပြီ။ စီးတော်မြင်း ရှာဖို့ ရောက်လာတယ်ဆိုတာကိုတော့ လောင်ရှောင်ယုကို ပြောပြမနေတော့ပါဘူး။

“အော်.. နားလည်ပြီ”

လောင်ရှောင်ယုလည်း သဘောပေါက်သွားပါတော့တယ်။ သူမ မျက်လုံးတွေ အရောင်တောက်ပသွားခဲ့ပြီး
“ဒါဆိုရင် ဆရာကြီး… ကျွန်မနဲ့အတူ လိုက်ခဲ့ပြီး နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို တက်ရောက်လိုက်ပါလား။ ဒီပတ်ဝန်းကျင်က အစွမ်းအထက်ဆုံး အဖွဲ့အစည်း အားလုံး အဲဒီကို တက်လာကြမှာ”

“နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲ.. အဲဒါက ဘာလဲ”

ချင်းကျူ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲဆိုတာ ဒီစကြ၀ဠာ အတွင်းမှာ အထင်ရှားဆုံး တွေ့ဆုံပွဲကြီးတစ်ခုပါပဲ။ နှစ်ပေါင်း ၃၀၀ တိုင်း တစ်ကြိမ် တွေ့ဆုံပွဲ လုပ်ကြတယ်လေ။ အဖွဲ့အစည်း အမျိုးမျိုးက ပါရမီရှင် မျိုးဆက်သစ်တွေ တက်ရောက်ကြမှာ”

လောင်ရှောင်ယု စကားဆက်လိုက်ပါပြီ။

“နောက်လဝက်နေရင် နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲစတင်မယ့် နေ့ရက်ပဲ”

နဂါးဖြူ မျိုးနွယ် ဂိုဏ်းချုပ်ကြီးက လောင်ရှောင်ယုကို တစ်နေရာ ခေါ်သွားပြီး လေ့ကျင့်ပေးနေရတာကလည်း ဒီတစ်ကြိမ် နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို သူမ တက်ရောက်နိုင်ဖို့ ပြင်ဆင်ပေးနေတာပါ။

ကောင်းကင်ဘုံကလည်း ကြိုးစားသူကို လျစ်လျူမရှုထားခဲ့ပါဘူး။ လောင်ရှောင်ယုဟာ မဟာစကြ၀ဠာ ဆဌမအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲ တက်ရောက်ကြသူတွေထဲမှာ မျိုးဆက်သစ်တွေထဲ သူမကို ရင်ဆိုင်နိုင်သူ မရှိတော့ဘူးလို့ ရှောင်ယု ယုံကြည်နေပါပြီ။

လောင်ရှောင်ယုရဲ့ ရှင်းပြမှုကြောင့် ချင်းကျူ တွေးနေမိခဲ့ပါတယ်။ သူနောက်ထပ် ခရီးစဉ်အသစ်ကို ဆက်ပြီး ထွက်သင့်သလား။

တကယ်လို့ သူလိုက်ကြည့်မယ်ဆိုရင်ကော။

ဒီအချိန်မှာပဲ သတိလစ်မေ့မျောနေတဲ့ လောင်စန် သတိရလာခဲ့ပါပြီ။

“အူး.. အား.. ဒီနေရာက ဘယ်နေရာလဲ”

“အရှင်…”

လောင်စန်လည်း အရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတော့ မှင်သက်တုန်လှုပ်သွားခဲ့ပါပြီ။

တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ၀င်္ကပါကို သူအသုံးပြုဖို့ ပြင်ဆင်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီနေရာကို ဒီလောက်မြန်မြန် ရောက်လာခဲ့တာလဲ။

စဉ်းစားရင်း ချင်းကျူကို လောင်စန် မသိမသာ လှမ်းကြည့်လိုက်ပြီးနောက် မှင်သက်တုန်လှုပ်သွားပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 19
Chapter 9
ထွက်ခွာခြင်း

အချိန်တိုအတွင်းမှာပဲ အဖြစ်အပျက်တွေကို လောင်စန် နားလည်သွားခဲ့ပါပြီ။ သူအမှတ်မမှားဘူးဆိုရင် ချင်းကျူက သူ့ကို ဒီနေရာရောက်အောင် ခေါ်လာခဲ့တာပါပဲ။

ဒါပေမဲ့ တစ်ခုခု မှားယွင်းနေကြောင်း လောင်စန် ချက်ချင်း နားလည်သွားခဲ့ပါပြီ။ ပြောရရင် တည်နေရာရွှေ့ပြောင်း ပို့ဆောင်ခြင်း ၀င်္ကပါတောင်မှ သူတို့ကို ဒီနေရာဆီ မြန်မြန်ရောက်အောင် မပို့ဆောင်ပေးနိုင်သေးပါဘူး။

ချင်းကျူဟာ မဟာစကြ၀ဠာ အဆင့်ထက် ကျော်လွန်နေတယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့။

ဒါပေမဲ့ ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ လောင်စန်တွေးနေမိခဲ့ပါတယ်။

လောင်စန်အတွက် အဖြစ်အပျက်တွေက တော်တော်လေးကို အူကြောင်ကြောင်နိုင်နေပါပြီ။

“ရှင်က”

လောင်ရှောင်ယု အူကြောင်ကြောင် ဖြစ်နေခဲ့ပါတယ်။ လောင်စန်က သူမ ဘယ်သူဆိုတာ သိပေမဲ့လည်း သူမက လောင်စန်ကို မသိနေခဲ့ပါဘူး။

အကြီးအကဲ အဖွဲ့မှာ အဖွဲ့ဝင် အများအပြား ရှိပါတယ်။ အဆင့်မြင့် အကြီးအကဲ တချို့ကလွဲရင် လောင်ရှောင်ယုအနေနဲ့ တခြားလူတွေကို မသိထားပါဘူး။ မဟာစကြ၀ဠာ ပထမအဆင့်ကိုသာ ရောက်သေးတဲ့ လောင်စန်ဆိုရင်လည်း ထည့်တွက်စရာ မဟုတ်တော့ဘူးမလား။

လောင်ရှောင်ယု အကြည့်ကို သတိထားမိခဲ့တာကြောင့် လောင်စန်လည်း ချက်ချင်း အသိဝင်လာပြီး မြန်မြန် ပြောလိုက်ပါပြီ။

“အရှင်မ.. ကျွန်တော်ကတော့ အရှေ့အရပ်ကို စောင့်ကြပ်ပေးနေတဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ လောင်စန်ပါ”

“အရှေ့အရပ်က အကြီးအကဲလား”

လောင်ရှောင်ယုလည်း မျက်မှောင်ကြုတ်လိုက်ပြီး
“ဒီကို ရှင်ဘာလာလုပ်တာလဲ”

“…”

လောင်စန်လည်း ပါးစပ်အဟောင်းသားနဲ့ ချင်းကျူကို ညွှန်ပြလိုက်ပြီး
“ဒီလူသားက အရှင်မရဲ့ အမှတ်အသား ကျောက်စိမ်းပြားကို ရရှိထားပြီးတော့ အရှင်မရဲ့ မိတ်ဆွေလို့ ပြောနေပါတယ်။ ဒါကြောင့် အတည်ပြုနိုင်ဖို့ သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့တာပါ”

“အော်.. နားလည်ပြီ”

လောင်ရှောင်ယုလည်း အဖြစ်အပျက်ကို နားလည်သွားခဲ့ပါပြီ။

“သူက ငါ့မိတ်ဆွေဆိုတာ အမှန်ပဲ။ မင်းပြန်လို့ရပြီ”

“ဟင်”

လောင်စန် မှင်သက်တုန်လှုပ်သွားပါတော့တယ်။ သူ့မျက်နှာအထက် နားမလည်နိုင်မှုတွေ ပြည့်လာပါပြီ။

မကြာခင်တုန်းက သူမေ့မျောသွားခဲ့တာကြောင့် လောင်စန်တစ်ယောက် ဘာတွေ ဖြစ်သွားတယ်ဆိုတာ မသိခဲ့ပါဘူး။

ဒါပေမဲ့ အခု မြင့်မြတ်သော နတ်မိမယ်ကိုယ်တိုင် အတည်ပြုပြီး ဖြစ်တာကြောင့် လောင်စန်အနေနဲ့ ဘယ်လိုလုပ်ပြီး သံသယ ဆက်ဝင်နိုင်ပါ့မလဲ။ ခေါင်းငုံ့လိုက်ပြီး အခန်းထဲကနေ အမြန်ဆုံး ထွက်သွားခဲ့ပါပြီ။ အစကနေ အဆုံးအထိ လောင်ကွမ်ကို သူမော့တောင် မကြည့်ဝံ့ခဲ့ပါဘူး။

လောင်စန် ထွက်ခွာသွားတာကို ကြည့်ရင်း ချင်းကျူကို လောင်ရှောင်ယု မေးမြန်းလိုက်ပါပြီ။

“ဘယ်လိုလဲ ဆရာပြီး.. စိတ်ဝင်စားရဲ့လား”

လောင်ရှောင်ယုရဲ့မျက်နှာအထက် မျှော်လင့်ချက်တွေ ပြည့်နေခဲ့ပါတယ်။ သူမဟာ အခုအချိန်မှာတော့ အလွန်ကို ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်လိုပါပဲ။

“ကောင်းပြီလေ”

ခဏလောက် စဉ်းစားပြီးချိန် ချင်းကျူ ဆုံးဖြတ်လိုက်ပါပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် စီးတော်မြင်း လာရှာတာ အပြင်ကို အဆင့်မြင့် အဖွဲ့အစည်းတွေကိုလည်း သွားကြည့်ဖို့ စဉ်းစားထားသေးတယ်။ ဒါပေမဲ့ လောလောဆယ်တော့ သူ့ပြောပြီးစကားကို ပြန်ချိုးဖောက်မှ ရပါတော့မယ်။ ပိုင်ရီကို ဆယ်ရက်လောက်သာ ခရီးထွက်မယ်လို့ ပြောခဲ့မိတယ် မဟုတ်လား။

အခုလို အခြေအနေမျိုးနဲ့ဆိုရင် အနည်းဆုံး နောက်တစ်လလောက် အကြာမှာမှ အိမ်ပြန်နိုင်တော့မှာပါ။

“ယေး”

လောင်ရှောင်ယု ဝမ်းသာပျော်ရွှင်သွားခဲ့ပါပြီ။ ပြီးတာနဲ့ လောင်ကွမ်ကို သူမ လှမ်းကြည့်လိုက်ပြီး
“အဖေ… ဆရာကြီးလည်း လိုက်မယ်ဆိုတော့ ပြဿနာ မရှိတော့ဘူး မဟုတ်လား”

“အဲ… အေး.. အေး.. ပြဿနာမရှိတော့ပါဘူး”
ခဏလောက် ချီတုံချတုံ ဖြစ်နေပြီးနောက် လောင်ကွမ် ဖြေလိုက်ပါတော့တယ်။

ရိုးရိုးသားသား ပြောရရင် လောင်ကွမ်တစ်ယောက် တော်တော်လေးကို စိတ်ပူနေဆဲပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ချင်းကျူဟာ လူသားတစ်ဦး မဟုတ်လား။ သူဟာ မဟာစကြ၀ဠာ ဒဿမအဆင့် အစွမ်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူ့အနေနဲ့ လောင်ရှောင်ယုကို သတ်ချင်တယ်ဆိုရင် လက်ဖျောက်တစ်ချက် တီးလိုက်ရုံပါပဲ။ ဘယ်လိုလုပ်ပြီး လောင်ကွမ် မစိုးရိမ်ပဲ ရှိနေပါ့မလဲ။

ရုတ်တရက်ဆိုသလိုပဲ လောင်ကွမ်တစ်ယောက် သူတို့နဲ့အတူ လိုက်သွားလို့ရကြောင်း သတိရသွားခဲ့ပါပြီ။

စဉ်းစားလိုက်ပြီးတာနဲ့ လောင်ကွမ် ပြောလိုက်ပါတော့တယ်။
“ငါ့မှာလည်း အချိန်ပိုနေသေးတာ အခုမှ သတိရတယ်။ အချိန်ကျရင် ငါလည်း အတူတူ လိုက်ခဲ့မယ်လေ”

“အဖေ.. အဖေကော သွားမှာလား”

လောင်ရှောင်ယု အံ့ဩသွားခဲ့ပါပြီ။

“အဖေပဲ တန်ခိုးကျင့်စဉ် အခြေခံ တည်ငြိမ်အောင် လေ့ကျင့်ဦးမယ်ဆို”

“တန်ခိုးကျင့်စဉ် အခြေခံ တည်ငြိမ်အောင် လေ့ကျင့်မယ်လား။ အဖေပြောခဲ့လို့လား”

လောင်ကွမ်လည်း နားမလည်ချင်ယောင် ဟန်ဆောင်လိုက်ပြီး
“သမီး အမှတ်မှားနေတာ နေမှာပါ”

လောင်ရှောင်ယု
“…”

အခုအခြေအနေမှာ သူမဟာ မဟာစကြ၀ဠာ အဆင့်ခြောက်ကို ရောက်ရှိနေပါပြီ။ ဘယ်လိုလုပ်ပြီး အမှတ်မှားနိုင်ပါ့မလဲ။

ဒါပေမဲ့ လောင်ရှောင်ယုကလည်း အရူးမှမဟုတ်တာ။ လောင်ကွမ်က ရုတ်တရက်ဆိုသလို အတွေးပြောင်းသွားတာ ဘာကြောင့်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူအနေနဲ့ ဘာမှ စိတ်ပူစရာ မရှိဘူးလို့ သူမ မြင်ခဲ့ပါတယ်။

ချင်းကျူသာ သူမကို သတ်ချင်တယ်ဆိုရင် အစောကြီးကတည်းက သတ်ဖြတ်ပြီးလောက်ပြီ မဟုတ်လား။

ပြီးတော့ နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို ဦးဆောင်စီစဉ်သူက သူမရဲ့ ဘိုးဘိုးဂိုဏ်းချုပ်ကြီး ပြီးရင် အစွမ်းအထက်ဆုံးလို့ ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ပြီးတော့ အမှားအယွင်း တစုံတရာ မဖြစ်အောင် ဘိုးဘိုးဂိုဏ်းချုပ်ကြီးကိုယ်တိုင် တိတ်တဆိတ် စောင့်ကြည့်အကဲခတ်နေပါသေးတယ်။

လောင်ကွမ် လိုက်လာလာ မလိုက်လာလာ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

“ဆရာကြီး… ကျွန်မတို့ ဆယ်ရက်အတွင်း ထွက်ခွာကြမယ်။ လောလောဆယ်တော့ ဒီမှာပဲ ခဏနေဦးပေါ့”
လောင်ရှောင်ယု လှမ်းပြောလိုက်ပါတော့တယ်။

ဒီလိုနဲ့ ချင်းကျူကို ပင်မ ခန်းမနားမှာ နေထိုင်နိုင်အောင် စီစဉ်ပေးဖို့အတွက် လောင်ရှောင်ယု အမိန့်ပေးလိုက်ပါပြီ။ ချင်းကျူ အခု နေထိုင်ရတဲ့ နေရာအသစ်ဟာ အစောပိုင်းမှာတုန်းက နေထိုင်ခဲ့တဲ့ ခြံဝန်းထက် ပိုပြီး ကြီးကျယ်ခမ်းနားနေခဲ့ပါတယ်။ ခြံဝန်းအသစ်ထဲက ဆေးပင်တွေဟာ အခုဆို အဆင့်ခြောက်မဟုတ်တော့ပဲ အဆင့်ရှစ်ကို ရောက်ရှိနေကြပါပြီ။ ဒီနေရာဟာ ပန်းချီကားထဲမှာသာ ရှာတွေ့နိုင်တဲ့ နေရာတစ်ခုလိုပါပဲ။

ချင်းကျူလည်း နတ်ဘုရား သိုင်းပညာကို အသုံးပြုပြီး ယန့်ရှီကို ရွှေ့ပြောင်းခေါ်ဆောင်ခဲ့ပါတယ်။ သူတို့တွေ ဆက်လက် စားသောက်မြဲ။ အိပ်မြဲ ဆော့မြဲနဲ့ အချိန်တွေကို ကျော်ဖြတ်လိုက်ကြပါပြီ။

ဒီလိုနဲ့ မသိလိုက်ခင်မှာပဲ ဆယ်ရက်ဟာ ထပ်မံကုန်ဆုံးသွားပါတော့တယ်။ လောင်ရှောင်ယုလည်း အချိန်စာရင်းအတိုင်း ရောက်လာခဲ့ပါပြီ။

“ဆရာကြီး.. ကျွန်မတို့ အခုသွားကြတော့မယ်လေ”

“အင်း”

အသားကင်ကို အားရပါးရ ကိုက်စားနေတဲ့ ယန့်ရှီကို ကောက်ယူလိုက်ပြီး ချင်းကျူနဲ့ လောင်ရှောင်ယုတို့ ခြံဝန်းအပြင် ထွက်လာခဲ့ပါပြီ။ ခြံဝန်းအပြင်မှာ ရပ်နားထားတဲ့ နဂါးဖြူမျိုးနွယ်ရဲ့ မှော်ရတနာ ယာဉ်ပျံကို စီးနင်းပြီး ထွက်ခွာလာခဲ့ကြပါတော့တယ်။

ဒီမှော်ရတနာ ယာဉ်ပျံကို စစ်သင်္ဘောကြီးလို့ခေါ်တာ ပိုပြီး အဆင်ပြေမှာပါ။ အမျိုးမျိုးသော ဝိညာဉ်စွမ်းအင် လက်နက်တွေကို ဒီသင်္ဘောကြီးထဲ ထည့်သွင်းထားခဲ့ပါတယ်။ ဒီအတွက်ကြောင့် စစ်သင်္ဘောကြီးဟာ သမိုင်းမတင်ခင် ကာလက ကြောက်မက်ဖွယ်ရာ ကမ္ဘာဦးသားရဲကြီးနဲ့တောင် ဆင်တူနေပါပြီ။

တစ်ဦးအနေနဲ့ ဒီဝိညာဉ်စွမ်းအင်လက်နက်တွေကို လျှော့မတွက်သင့်ကြောင်း နားလည်မှာပါ။ လက်နက်ထဲ ဝိညာဉ်စွမ်းအင် အများအပြား ဖြည့်သွင်းနိုင်လေလေ လက်နက်ဟာ ပိုပြီး အစွမ်းထက်လာ လေလေပါပဲ။

ဒီလက်နက်တွေကို မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်သာ အသုံးပြုလိုက်မယ်ဆိုရင် ကမ္ဘာငယ်လေးတစ်ခု ပျက်စီးသွားနိုင်ပါတယ်။

ချင်းကျူနဲ့ လောင်ရှောင်ယုတို့ ရောက်လာခြင်းကြောင့် မှော်ရတနာ ယာဉ်ပျံထဲက နဂါးဖြူ မျိုးနွယ်စု တန်ခိုးရှင်တွေဟာ သူတို့နှစ်ဦးကို အာရုံစိုက်လာခဲ့ကြပါပြီ။ သူတို့တွေက ချင်းကျူကို အစိမ်းလိုက် ဝါးစားတော့မတတ် အကြည့်နဲ့ ကြည့်နေခဲ့ကြပါတယ်။

“အဲဒီ တစ်ယောက်က မြင့်မြတ်သော နတ်မိမယ် သခင်မရဲ့ မိတ်ဆွေဆိုတဲ့ လူသားလား”

“ဟီး ဟီး.. ကြည့်ကောင်းတာ အပြင်ကို သူ့မှာ ဘာများ ထူးခြားမှု ရှိနေသေးလို့လဲ”

“ဘာဖြစ်လို့ မြင့်မြတ်သော နတ်မိမယ် သခင်မက လူသားနဲ့မိတ်ဆွေ ဖွဲ့ခဲ့တာလဲ”

“သူက အရမ်းချောလွန်းလို့လား”

“မဖြစ်နိုင်ဘူး။ မြင့်မြတ်သော နတ်မိမယ် သခင်မ အနေနဲ့ ဘယ်လိုလုပ်ပြီး အပေါ်ယံကြည့် ပေါင်းသင်းမှာလဲ”

“ဘယ်သူက ဂရုစိုက်နေမှာလဲ။ ဒါက ငါတို့ရဲ့ ပိုင်နက်ပဲ။ သူသာ တစ်ခုခု မူမမှန်တာ ဆောင်ရွက်လာခဲ့မယ်ဆိုရင် သတ်ပစ်လိုက်တာပေါ့”

“..”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

အားလုံး တီးတိုးဆွေးနွေးနေကြပါပြီ။ ဒါပေမဲ့ သူတို့က ချင်းကျူကို တမင်သက်သက်ကြားအောင်ကို အသံမြှင့်ပြီး ပြောနေခဲ့ကြပါတယ်။ ချင်းကျူ ကြားမှာကိုလည်း အရေးမစိုက်ခဲ့ကြပါဘူး။

ဒီမှော်ရတနာ ယာဉ်ပျံကို စီးနင်းပြီး နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို တက်ရောက်မယ့် တန်ခိုးရှင်တွေဟာ နဂါးဖြူမျိုးနွယ်အတွင်းမှာ အလွန်ကို ကျော်ကြားကြသူတွေပါပဲ။ သူတို့တွေဟာ အလွန်မာနကြီးကြပြီး အမူအကျင့် ရိုင်းပြကြပါတယ်။ ဘာဖြစ်လို့များ လူသားချင်းကျူကို သူတို့ အရေးစိုက်နေမှာလဲ။

ချင်းကျူကလည်း အရေးမစိုက်နေပါဘူး။ ဒါပေမဲ့ လောင်ရှောင်ယုကတော့ သည်းမခံနိုင်တော့ပါဘူး။

“ရှင်တို့ အားလုံး တိတ်ကြစမ်း”

“တစ်ယောက်ယောက်က ပေါက်ကရ ထပ်ပြောမယ်ဆိုရင် ဝက်ခေါင်းလိုဖြစ်အောင် အရိုက်ခံရမယ်”

ဒီစကားကြောင့် မှော်ရတနာ ယာဉ်ပျံအတွင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါပြီ။

လောင်ရှောင်ယုနဲ့ ရင်းနှီးသူတိုင်းက သူမဟာ ပြောတဲ့အတိုင်း ဆောင်ရွက်တတ်သူဖြစ်ကြောင်း သိကြပါတယ်။ ဒီထဲမှာ ရှိနေတဲ့ ကံဆိုးသူ တချို့ကလည်း လောင်ရှောင်ယုရဲ့သင်ခန်းစာ ပေးခြင်းကို ခံဖူးကြပြီးပါပြီ။ အခုအချိန်မှာတော့ အားလုံးပဲ ပါးစပ်ကို မြန်မြန် ပိတ်လိုက်ကြပါတော့တယ်။

ဒါကိုကြည့်ပြီး လောင်ရှောင်ယုတစ်ယောက် ကျေနပ်စွာ ပြောလိုက်ပါပြီ။
“ဒီလိုမှပေါ့”

“…”

အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး သွေးပျက်တုန်လှုပ်နေကြပါတော့တယ်။

“ရှောင်ယု.. မင်းတို့တွေ ရောက်လာကြပြီလား”

ဒီအချိန်မှာပဲ လောင်ကွမ်တစ်ယောက် တစ်ဖက်ကနေ ထွက်ပေါ်လာခဲ့ပါပြီ။ တကယ်တော့ သူစောစော ရောက်နေခဲ့တာပါ။

“အကြီးအကဲ လောင်ကွမ် မဟုတ်လား”

“အမှန်ပဲ။ အကြီးအကဲ လောင်ကွမ်က မဟာစကြ၀ဠာ ဒဿမ အဆင့်ကို ရောက်နေပြီလို့ ပြောကြတယ်။ အခုတော့ ပွဲကြီးပွဲကောင်းပဲ ထင်တယ်”

“မင်းက ဘာကို ဆိုလိုတာလဲ”

“အရူး.. အကြီးအကဲလောင်ကွမ်က မြင့်မြတ်သော နတ်မိမယ် သခင်မရဲ့ ဖခင်အရင်းပဲလေ”

“…”

အားလုံးပဲ တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး လောင်ကွမ် ဘာဆက်လုပ်မယ်ဆိုတာကို စောင့်ကြည့်နေကြပါတော့တယ်။

“အဖေ”

လောင်ရှောင်ယုလည်း ချိုသာစွာ ပြုံးလိုက်ပြီး ကိုယ်ဟန်သတ်လိုက်ပါပြီ။

“မစ္စတာချင်း”

လောင်ကွမ်လည်း ချင်းကျူကို ဖြည်းလေးစွာ ခေါင်းညိတ်ပြလိုက်ပါတော့တယ်။

“အင်း”

ချင်းကျူလည်း သာမန်ပဲ ပြန်ဖြေလိုက်ပါပြီ။

“???”
ပကျူး ပကျူး ပကျူး
ကျီးကန်းဆယ်ကောင် တန်ခိုးရှင်တွေခေါင်းပေါ် ဖြတ်ပျံသွား။

ဒီမြင်ကွင်းကြောင့် အားလုံးပဲ ရင်ထဲကနေ အော်ဟစ်လိုက်ကြပါတော့တယ်။

“ငါ မြင်နေရတာတွေက အစစ်အမှန်ပဲလား။ အကြီးအကဲလောင်ကွမ်က အဲဒီလူသားကို မစ္စတာချင်းလို့ ခေါ်လိုက်တာနော်”

“ရူးနေပြီ။ ဒီလောကကြီးက ရူးသွားပြီ”

“ငါ အိပ်မက် မက်နေတာပဲလား”

“…”

အားလုံး နားတွေ မျက်စိတွေကိုတောင် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ကြပါတော့တယ်။

မဟာစကြ၀ဠာ ဒဿမ အဆင့် ရောက်နေပြီဖြစ်တဲ့ အကြီးအကဲက လူသားတစ်ဦးကို မစ္စတာချင်းလို့ ခေါ်လိုက်မယ်လို့ သူတို့ စိတ်ကူးထဲတောင် မတွေးဝံ့ခဲ့ကြပါဘူး။

ပြီးတော့ ဒီအကြီးအကဲဟာ အခုလက်ရှိ ဂိုဏ်းချုပ်ကြီးရဲ့ သားတော်ဖြစ်သလို မြင့်မြတ်သော နတ်မိမယ် သခင်မရဲ့ ဖခင်လည်း ဖြစ်နေပြန်ပါတယ်။

ဒါကို ထည့်ပြီး စဉ်းစားရင် နဂါးဖြူမျိုးနွယ်ဝင် တန်ခိုးရှင်တွေ ဘယ်လောက်တောင် တုန်လှုပ်နေမလဲ ဆိုတာကို သိနိုင်ပါပြီ။

ဒါပေမဲ့ သူတို့အရှေ့မှာ အမှန်တရားက ရှိနေတဲ့အတွက် ရွေးချယ်စရာ မရှိတော့ပဲ လက်ခံလိုက်ရုံသာ ကျန်ပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 19
Chapter 10
မဟာစကြ၀ဠာ အဆင့်အထက်မှာ

နဂါးဖြူ ကမ္ဘာ၊ ဗဟိုနယ်မြေ။

အခုအချိန်မှာတော့ နဂါးဖြူ ကမ္ဘာက တန်ခိုးရှင် အများအပြားဟာ ကောင်းကင်ဘုံခြူးပျံလို့ နာမည်ပေးထားတဲ့ မှော်ရတနာ ယာဉ်ပျံကို စီးနင်းနေခဲ့ကြပါတယ်။ သူတို့ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြပါပြီ။ အလွန်ကိုလည်း တုန်လှုပ်နေခဲ့ကြပါတယ်။

လောင်ကွမ်က ချင်းကျူကို မစ္စတာချင်းလို့ ခေါ်လိုက်တယ်ဆိုတော့ ချင်းကျူက ဘယ်အဆင့်ကိုတောင် ရောက်နေပြီလဲ။

သူတို့တွေက မာနကြီးပြီး အမူအရာ ကြမ်းတမ်းကြပေမဲ့လည်း ငပေါတွေလို့တော့ သတ်မှတ်လို့ မရနိုင်ပါဘူး။

သူတို့တွေအနေနဲ့ ဘာကိုမှ ကောက်ချက်မချနိုင်သေးပေမဲ့လည်း ချင်းကျူဟာ အနည်းဆုံးတော့ မဟာစကြ၀ဠာ ဒဿမအဆင့်ကို ရောက်ရှိနေပြီလို့တော့ ခန့်မှန်းနိုင်ခဲ့ကြပါတယ်။ မဟုတ်ဘူးဆိုရင် လောင်ကွမ်ရဲ့ အဆင့်အတန်းအရ ဘာကြောင့်များ ယဉ်ကျေးမှု ရှိနေရမှာလဲ။

အရေးအကြီးဆုံးကတော့ လောင်ရှောင်ယု နံဘေးရှိနေတဲ့ အဆင့်မြင့် အကြီးအကဲ တချို့ကလွဲရင် အခု လိုက်ပါလာတဲ့ ပါရမီရှင် တော်တော်များများဟာ မဟာစကြ၀ဠာ ဒုတိယအဆင့် တတိယအဆင့်ကိုသာ ရောက်ရှိကြပါသေးတယ်။ သူတို့ထဲက အစွမ်းအထက်ဆုံးဟာ မဟာစကြ၀ဠာ စတုတ္ထအဆင့်ကိုသာ ရောက်ဦးမှာပါ။

မဟာစကြ၀ဠာ ဒဿမ အဆင့် တန်ခိုးရှင်နဲ့ တွေ့ဆုံရချိန်မှာ သူတို့တွေဟာ ပုရွက်ဆိတ်တွေထက် မပိုတော့ပါဘူး။ တစ်ဖက်က လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ သူတို့တွေ သေဆုံးသွားနိုင်ပါတယ်။

ဒီလို နားလည်သွားပြီးချိန်မှာ ဘယ်သူကမှ ပေါက်တတ်ကရ မပြောဝံ့တော့ပါဘူး။ သူတို့ အားလုံး ပါးစပ်ကို ပိတ်ထားလိုက်ကြပြီး ဘာမှ မဖြစ်ခဲ့သယောင် ဟန်ဆောင်လိုက်ကြပါပြီ။

ဘယ်နေရာမှာပဲ ဖြစ်နေပါစေ အင်အားကြီးသူက ကြီးစိုးတဲ့ စည်းမျဉ်းစည်းကမ်းဟာ မပြောင်းလဲသေးပါဘူး။

တကယ်လို့ ချင်းကျူသာ သာမန် ဘိုးဘေးသူတော်စင် ဒါမှမဟုတ် မဟာစကြ၀ဠာ ပထမ အဆင့် တန်ခိုးရှင်သာ ဖြစ်နေမယ်ဆိုရင် လောင်ရှောင်ယုရဲ့ မိတ်ဆွေဖြစ်နေရင်တောင်မှ ဘယ်သူမှ သူ့ကို အလေးထားမှာ မဟုတ်တာ သေချာပါတယ်။

အခုအချိန်မှာတော့ ချင်းကျူဟာ လောင်ရှောင်ယုရဲ့ မိတ်ဆွေဖြစ်နေရုံတင်မကပဲ မဟာစကြ၀ဠာ ဒဿမ အဆင့်ကို ရောက်ရှိနေသူ ဖြစ်နိုင်နေပါပြီ။ ဒီအတွက်ကြောင့် အားလုံး ပြောင်းလဲသွားခဲ့တာပါ။

သူတို့ရင်ထဲ ချင်းကျူကို မကျေနပ်စိတ်တွေ ရှိနေပေမဲ့လည်း အစောပိုင်းတုန်းကလို မောက်မောက်မာမာ ပေါ်တင် မပြောဆိုဝံ့ကြတော့ပါဘူး။

“နဂါးအကြီးအကဲ ရောက်လာပြီ”

ချင်းကျူကို နှုတ်ဆက်ပြီးတာနဲ့ လောင်ကွမ်လည်း လက်ကို နောက်ပစ်ထားရင်း အဝေးကို လှမ်းမျှော်ကြည့်လိုက်ပါပြီ။

ရောက်လာပြီ ဆိုတဲ့ စကားပြောလိုက်ချိန်မှာပဲ စာဖွဲ့လို့ မရအောင် အစွမ်းထက်တဲ့ အော်ရာအရှိန်အဝါဟာ သူ့ရဲ့ မြင်ကွင်းထဲ ဖြာထွက်လာပါတော့တယ်။ ဒီအော်ရာအရှိန်အဝါဟာ မိုးနဲ့မြေကို ဆက်သွယ်ထားပြီး မရေမတွက်နိုင်တဲ့ ထူးခြားတဲ့ နိမိတ်လက္ခဏာတွေကို ဖြစ်ပေါ်လာစေပါပြီ။ ဒီအော်ရာအရှိန်အဝါရဲ့ အကြွင်းအကျန် အင်အားကို နဂါးဖြူမျိုးနွယ်က တန်ခိုးရှင်တွေတောင် ကြံ့ကြံ့ခံနိုင်စွမ်း မရှိခဲ့ပါဘူး။ တချို့ အဆင့်နိမ့် တန်ခိုးရှင်တွေဟာ ချက်ချင်း ဒူးထောက်ချလိုက်ကြရပါပြီ။

ချင်းကျူတစ်ယောက်သာ အမူအရာ မပျက် အံ့ဩပုံမရှိပဲ ရှိနေခဲ့ပါတယ်။

နဂါးဖြူ ကမ္ဘာမှာ သူနေထိုင်ချိန် ချင်းကျူအနေနဲ့ ဝိညာဉ်အာရုံကို အသုံးပြုပြီး နဂါးဖြူ ကမ္ဘာကို အကြိမ်တော်တော်များများ စစ်ဆေးပြီးသွားခဲ့ပါပြီ။

သူ့အရှေ့ ထွက်ပေါ်လာတဲ့ အော်ရာအရှိန်အဝါဟာ မဟာစကြ၀ဠာ အဆင့်အထက် ကျော်လွန်သွားပြီ ဖြစ်တဲ့ တန်ခိုးရှင်ရဲ့ အော်ရာအရှိန်အဝါ ဖြစ်ကြောင်းကို နားလည်ထားပြီးသားပါ။

ဒီမတိုင်ခင်တုန်းက တစ်ဖက်က တန်ခိုးရှင်က ဘယ်သူဆိုတာ ချင်းကျူ မသိသေးပါဘူး။ သူ့အနေနဲ့ နဂါးဖြူ မျိုးနွယ်ရဲ့ အကြီးအကဲတစ်ဦးဖြစ်နေမယ်လို့လည်း ထင်မထားမိခဲ့ပါဘူး။

ဒီလို အလားတူ အော်ရာအရှိန်အဝါ တချို့ ရှိနေပါသေးတယ်။ ဒါပေမဲ့ အဆိုပါ အော်ရာအရှိန်အဝါတွေရဲ့ ပိုင်ရှင်တွေအားလုံးက တံခါးပိတ် တရားကျင့်နေကြသလိုပါပဲ။ ဒီအချက်ကြောင့်လည်း နဂါးဖြူမျိုးနွယ်စုဟာ ဒီစကြ၀ဠာအတွင်း အစွမ်းအထက်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်နေခဲ့တာပါ။

ဟူး

လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့ပါပြီ။ နောက်တဒင်္ဂမှာတော့ ဆံပင်တွေ ဖြူဖွေးနေတဲ့ သာမန်မဟုတ်တဲ့ အော်ရာအရှိန်အဝါကို ပိုင်ဆိုင်ထားတဲ့ အဘိုးအို တစ်ဦး မှော်ရတနာ ယာဉ်ပျံထဲ ပေါ်ထွက်လာပါတော့တယ်။ သူ့မျက်လုံးတွေဟာ နှင်းလို ဖြူဖွေးနေပြီးတော့ စကြ၀ဠာတည်ရှိမှုကို ဖောက်ထွင်းမြင်နေသလိုပါပဲ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းမှာ ဝိညာဉ်စွမ်းအင် လည်ပတ်စီးဆင်းနေခဲ့သလို သူဟာ ကမ္ဘာလောကပေါ် ဆင်းသက်လာတဲ့အင်မော်တယ် နတ်ဘုရင် တစ်ပါးလိုပါပဲ။ ဒီအတွက်ကြောင့်လည်း တခြား တန်ခိုးရှင်တွေဟာ သူ့ကို ဦးညွတ်အရိုအသေပြုချင်စိတ်တွေ တဖွားဖွား ပေါ်ထွက်လာခဲ့ပါပြီ။

အဘိုးအို အနောက်မှာတော့ အလင်းရောင်ဖျော့ဖျော့ ဖြာထွက်နေတဲ့ အလင်းစက်ဝိုင်းတစ်ခု ရှိနေခဲ့ပါတယ်။ ဒီအလင်းစက်ဝိုင်းရဲ့ အသွင်ဟာ အလွန်ကို ကြီးကျယ်မြင့်မြတ်လွန်းလှတယ် ဆိုရမှာပါ။

“နဂါးအကြီးအကဲ”

လောင်ကွမ်လည်း မြန်မြန်ပဲ ရှေ့တိုးပြီး ဦးညွတ်ဂါရ၀ ပြုလိုက်ပါပြီ။

“နဂါးအကြီးအကဲ”

တခြား နဂါးဖြူ မျိုးနွယ် တန်ခိုးရှင်တွေလည်း မြန်မြန်ပဲ ဦးညွတ်ဂါရ၀ ပြုလိုက်ကြပါတော့တယ်။

သူတို့အရှေ့မှာ ရှိနေတဲ့ အဘိုးအိုဟာ နဂါးဖြူမျိုးနွယ် ဂိုဏ်းချုပ်ကြီး ပြီးသွားရင် အစွမ်းအထက်ဆုံး တန်ခိုးရှင်ကြီးပါ။ သူဘယ်လောက် အစွမ်းထက်တယ်ဆိုတာ စာဖွဲ့ဖို့ မလွယ်တော့သလို သူ့ရဲ့ဩဇာ အရှိန်အဝါဟာ နှစ်ပေါင်းသောင်းချီ ကြာမြင့်သည်အထိ မိုးကောင်းကင်တခွင်ကို တုန်လှုပ်စေခဲ့ပြီးပါပြီ။

ဒီနဂါးအကြီးအကဲဟာ အရေးကြီးတဲ့ အချိန်မှာ အခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ မြင့်မြတ်သော သိုင်းပညာ ခန်းမရဲ့ တပ်မဟာကို ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်ယူခဲ့ပါတယ်။ သူဟာ နဂါးဖြူ မျိုးနွယ်ရဲ့ အစစ်အမှန် သူရဲကောင်းကြီးပါပဲ။

နဂါးဖြူမျိုးနွယ်က ပါရမီရှင် အများအပြားဟာ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ မိန့်ခွန်းတွေနဲ့အတူ ကြီးပြင်းလာခဲ့ကြတာပါ။

“အင်း”

အဘိုးအိုလည်း ဖြည်းလေးစွာ ခေါင်းညိတ်လိုက်ပြီးနောက် ချင်းကျူကို မသိမသာ လှမ်းအကဲခတ်လိုက်ပါပြီ။

“ရှောင်ယု.. ဒီလူသားက သမီးပြောနေတဲ့ မိတ်ဆွေဆိုတာလား”

“ဟုတ်ပါတယ်.. နဂါးအကြီးအကဲဘိုးဘိုးရှင့်”

ဒါကို ကြားလိုက်ရတော့ လောင်ရှောင်ယု နည်းနည်း စိတ်လှုပ်ရှားသွားခဲ့ပါပြီ။  အဘိုးအိုက သူမ ဖခင်လိုပဲ ရုတ်တရက် စကားမပြောပဲ တိုက်ခိုက်လာမှာကို စိတ်ပူနေမိပါတော့တယ်။

“စိတ်ဝင်စားစရာပဲ”

အဘိုးအိုရဲ့ မျက်လုံးတွေထဲ အလင်းရောင် တစ်ချက်တောက်ပသွားခဲ့ပြီး အံ့ဩတဲ့ အမူအရာတွေ မျက်နှာအထက် ထင်ဟပ်လာပါတော့တယ်။ ချင်းကျူရဲ့ တန်ခိုးကျင့်စဉ် အဆင့်ကို သူမမြင်နိုင်ခဲ့ပါဘူး။

ချင်းကျူဟာ သူ့ထက် ပိုပြီး အစွမ်းထက်လိမ့်မယ်လို့ အဘိုးအို လုံး၀ကို မယုံကြည်နိုင်ခဲ့ပါဘူး။ သူ့အမြင်အရဆို ချင်းကျူဟာ ထူးဆန်းတဲ့ ကျင့်စဉ်တစ်ခုခုနဲ့ တန်ခိုးကျင့်စဉ် အခြေခံကို မမြင်တွေ့ရအောင် ဖုံးကွယ်ထားတဲ့ အဆင့်မြင့် တန်ခိုးရှင်လို့သာ သတ်မှတ်ခဲ့ပါတယ်။

“ဘိုးဘိုး.. နဂါးအကြီးအကဲ… အဲဒါ”

အဘိုးအို အချိန်တော်တော်ကြာ နှုတ်ဆိတ်နေတာကို တွေ့လိုက်ရတဲ့အတွက် လောင်ရှောင်ယု ပိုပြီး စိတ်ပူသွားခဲ့ပါပြီ။ ချင်းကျူအရှေ့ သူမ ဝင်ရပ်လိုက်ပြီး မတော်တဆ တိုက်ခိုက်မှုမျိုး မဖြစ်လာအောင် ကာကွယ်ထားပေးလိုက်ပါတော့တယ်။

ချင်းကျူက အဘိုးအိုကို မကြောက်ရွံပေမဲ့လည်း လောင်ရှောင်ယုကတော့ စိတ်ပူနေမိပါသေးတယ်။

“ဟား ဟား ဟား..”

လောင်ရှောင်ယုရဲ့ အပြုအမူကို ကြည့်ပြီး အဘိုးအို ကောက်ချက်မချနိုင်ပဲ ဘယ်နေပါ့မလဲ။ သူချက်ချင်းပဲ ပြုံးလိုက်ပြီး
“စိတ်မပူပါနဲ့ ရှောင်ယု။ သူက သမီးရဲ့ မိတ်ဆွေဆိုတော့.. ငါတို့ နဂါးဖြူ မျိုးနွယ်စုရဲ့ မိတ်ဆွေပဲပေါ့။ သမီးရဲ့ မိတ်ဆွေက နဂါးဖြူ မျိုးနွယ်စုကို ထိခိုက်အောင် မလုပ်သေရွေ့ ဘိုးဘိုးလည်း ဘာမှ ဒုက္ခပေးစရာ အကြောင်းမရှိပါဘူး”

“ကျေးဇူးပါပဲ… နဂါးအကြီးအကဲ ဘိုးဘိုး”

လောင်ရှောင်ယုလည်း အခုမှ စိတ်သက်သာရာ ရပြီး သက်ပြင်းချနိုင်ခဲ့ပါတယ်။

“အဲ.. လောင်ကွမ်… မင်းလည်း နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို တက်ရောက်မလို့လား”

အခုအချိန်မှာတော့ လောင်ကွမ်ကို အဘိုးအို သတိပြုမိသွားခဲ့ပါပြီ။

“…”
ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

ငါ့အော်ရာအရှိန်အဝါက အရမ်းကို အားနည်းလွန်းနေတာလား။
လောင်ကွမ်တစ်ယောက် ဒီလို တွေးနေမိခဲ့ပါတယ်။

စောနတုန်းကပဲ အဘိုးအိုကို သူနှုတ်ဆက်လိုက်သေးတယ် မဟုတ်ဘူးလား။

“အဲ… ကျွန်တော်လည်း လိုက်ကြည့်ချင်လို့ပါ”
လောင်ကွမ်လည်း ကြိုးစားပြီး ပြုံးပြလိုက်ပါပြီ။

အဘိုးအိုလည်း လောင်ရှောင်ယုကို တစ်ချက်ကြည့်ပြီး လောင်ကွမ်ကို ကြည့်ရင်း စဉ်းစားနေခဲ့ပါတယ်။

“ကောင်းပြီလေ။ သွားကြဖို့ အချိန်ကျပြီ”

နောက်ထပ် စကားအပိုတွေ မပြောနေတော့ပဲ အဘိုးအိုရဲ့ အမိန့်အောက်မှာ မှော်ရတနာ သင်္ဘောဟာ တဖြည်းဖြည်းချင်း ကောင်းကင်ယံအထက် မြင့်တက်လာပါတော့တယ်။ မကြာခင်မှာတော့ စကြ၀ဠာ ခုန်ကျော်ခြင်း အစွမ်းကို အသုံးပြုပြီး နဂါးဖြူ ကမ္ဘာကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။

နဂါးဖြူကမ္ဘာရဲ့ အစွမ်းအထက်ဆုံး မှော်ရတနာ ယာဉ်ပျံဖြစ်တဲ့ ကောင်းကင်ဘုံခြူးပျံဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အဖျက်စွမ်းအင်ကို ပိုင်ဆိုင်ထားရုံတင်မကပဲ စကြ၀ဠာထဲ စိတ်တိုင်းကျ ဖြတ်ကျော်ပျံသန်းနိုင်ပါတယ်။ အမြန်ဆုံးနှုန်းမှာဆိုရင် သာမန် မဟာစကြ၀ဠာအဆင့် တန်ခိုးရှင်တွေ အနေနဲ့ ဘယ်လိုမှ လိုက်မမှီနိုင်ပါဘူး။

ကောင်းကင်ဘုံခြူးပျံရဲ့ အတွင်းပိုင်း အခန်းဖွဲ့စည်းပုံဟာ တော်တော်လေးကို ကျယ်ဝန်းပါတယ်။ ပြောရရင် ကမ္ဘာငယ်လေးတစ်ခုနီးပါးလောက်ကို ကျယ်ဝန်းနေခဲ့တာပါ။ အဲဒီမှာ အမျိုးမျိုးသော နန်းဆောင်တွေ အဆောက်အဦးတွေ ရှိနေခဲ့ပါတယ်။ ချင်းကျူ နေထိုင်ခဲ့တဲ့ခြံဝန်းထက်တောင် ပိုပြီး ခမ်းနားကြီးကျယ်နေပါသေးတယ်။

ကောင်းကင်ဘုံ ခြူးပျံရဲ့ အမြန်နှုန်းကြောင့် ၃ ရက်အတွင်း နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲ ကျင်းပရာ နေရာကို သူတို့ ရောက်လာခဲ့ကြပါပြီ။ အားလုံးပဲ ဒီအချိန် တွေ့ဆုံပွဲ မတိုင်ခင် အစွမ်းပိုထက်လာအောင် လေ့ကျင့်ခဲ့ကြပါတယ်။

နဂါးဖြူမျိုးနွယ်က ပါရမီရှင်တွေအတွက် နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲဟာ တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေတဲ့ ပွဲတော်တစ်ခုပါ။ သူတို့တွေ ဘယ်လောက်ဝေးဝေးရောက်အောင် တက်လှမ်းနိုင်မယ်ဆိုတာက ဒီနတ်ဘုရားအင်းကွက် တွေ့ဆုံပွဲမှာ စွမ်းဆောင်ခဲ့တဲ့ အချက်တွေပေါ် မူတည်နေပါတယ်။

နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲဆိုတာဟာ တကယ်တော့ စကြ၀ဠာအတွင်းက ထိပ်တန်းအဖွဲ့အစည်းတွေရဲ့ မျိုးဆက်သစ်တွေ အချင်းချင်းယှဉ်ပြိုင်တဲ့ တိုက်ပွဲပါပဲ။

လောင်ရှောင်ယုဆီကနေ ချင်းကျူ သိလာရတာကတော့ နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို နတ်ဘုရားလောကဆိုတဲ့ ကုန်းမြေကြီးမှာ ကျင်းပမှာပါ။ နှစ်ပေါင်း ၃၀၀ ပြည့်တိုင်း နတ်ဘုရားလောကဟာ ပွင့်လာခဲ့ပြီး နတ်ဘုရားအင်းကွက် စင်မြင့် ပေါ်ထွက်လာတတ်ပါတယ်။ မဟာစကြ၀ဠာအဆင့် တန်ခိုးရှင်တွေသာ အဲဒီမှာ ခြေချနိုင်ခဲ့ကြပါတယ်။

တကယ်လို့ တစ်ဦးအနေနဲ့ စမ်းသပ်စစ်ဆေးမှု အဆင့်ဆင့်ကို ကျော်ဖြတ်ပြီး နတ်ဘုရားအင်းကွက် စင်မြင့်အထက်ကို တက်လှမ်းနိုင်မယ်ဆိုရင် အစစ်အမှန် နတ်ဘုရားအဆင့်ကို ရောက်ရှိဖို့ အလားအလာ ရှိနေပြီ ပြောရမှာပါ။

မဟာစကြ၀ဠာ အဆင့်အထက်မှာ အဆင့်နှစ်ခု ရှိပါသေးတယ်။ နတ်ဘုရားတစ်ပိုင်းအဆင့်နဲ့ အစစ်အမှန် နတ်ဘုရားအဆင့်ပါ။

အစောပိုင်းတုန်းက အဘိုးအိုဟာ နတ်ဘုရားတစ်ပိုင်းအဆင့် ပါရမီရှင်ကြီးပါပဲ။

အခုအချိန်အထိ နတ်ဘုရား အင်းကွက်စင်မြင့်အထက်ကို အောင်မြင်အောင် တက်လှမ်းနိုင်ခဲ့ကြသူတိုင်း ခြွင်းချက်မရှိ အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာမှာပါ။ လောင်ရှောင်ယုရဲ့ အဘိုးဖြစ်တဲ့ နဂါးဖြူ ဂိုဏ်းချုပ်ကြီးဟာလည်း အစစ်အမှန် နတ်ဘုရားတစ်ပါးပါပဲ။

နတ်ဘုရားအင်းကွက် စင်မြင့်အထက်ကို မဆင်းသက်နိုင်ဘူးဆိုရင်တောင်မှ အဆုံးအစမဲ့ အကျိုးအမြတ်တွေကို ရရှိဦးမှာပါ။ လောင်ကွမ်ဆိုရင် နတ်ဘုရားအင်းကွက် စင်မြင့်ဆီကနေ အကျိုးကျေးဇူး အများအပြား ရရှိခဲ့ပါသေးတယ်။

အဲဒီတုန်းက သူ့ရဲ့ ပါရမီဟာ နည်းနည်းလောက် လျော့ကျနေတာကြောင့် နတ်ဘုရားအင်းကွက် စင်မြင့်ကို ရောက်အောင် မတက်လှမ်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ မဟာစကြ၀ဠာ ဒဿမ အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းသာလှမ်းဖို့ လိုပါတော့တယ်။

နဂါးမျိုးနွယ်စုရဲ့ ရှည်လျားလှတဲ့ သက်တမ်းကြောင့် လောင်ကွမ်သာ ကံကောင်းမှုကြီး တစ်ခုခုကို ထပ်မံ ရရှိခဲ့မယ်ဆိုရင် သူ့အနေနဲ့ အစစ်အမှန် နတ်ဘုရားအဆင့်ကိုတောင် တက်လှမ်းနိုင်မှာပါ။ ဒါပေမဲ့ ဒီလို အောင်မြင်ဖိုကလည်း ရာခိုင်နှုန်းတော့ သိပ်မများလှပါဘူး။

အမျိုးမျိုးသော အဖွဲ့အစည်းတွေရဲ့ မျိုးဆက်သစ်တွေအကြားမှာ လောင်ရှောင်ယုကတော့ နတ်ဘုရားအင်းကွက် စင်မြင့်ပေါ် တက်လှမ်းနိုင်ဖို့ အကောင်းဆုံးအလားအလာ ရှိနေသူပါ။ ဒီအတွက်ကြောင့်လည်း မြင့်မြတ်သော သိုင်းပညာ ခန်းမဟာ နဂါးဖြူမျိုးနွယ်က အကြီးအကဲတွေနဲ့ ပူးပေါင်းပြီးတော့ သူမကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာပါပဲ။

ဒါပေမဲ့ အခုတော့ သူတို့ရဲ့ အစီအစဉ်အားလုံး ချင်းကျူကြောင့် ပျက်စီးသွားခဲ့ပါပြီ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 19
Chapter 11
နတ်ဘုရား တစ်ပိုင်း တန်ခိုးရှင်၏ အစွမ်း

လေပြည်အေး တိုက်ခတ်လာခဲ့ပြီး ပန်းပင်မြက်ပင်လေးတွေ ယိမ်းနွဲ့သွားခဲ့ပါပြီ။ သင်းပျံ့တဲ့ ပန်းရနံ့ လွင့်ပျံ့လာပါတော့တယ်။

အခုအချိန်မှာတော့ ချင်းကျူတစ်ယောက် လက်ထဲမှာ ဝိညာဉ်အရက်အိုးကိုကိုင်ထားပြီး တောအုပ်ထဲ လမ်းလျှောက်နေပါပြီ။ သူ့ဦးခေါင်းအထက် ကောင်းကင်ယံဟာ အပြင်လောကက ကောင်းကင်ယံနဲ့ မခြားနားလှပါဘူး။ သူ့အနေနဲ့ မှော်ရတနာ ယာဉ်ပျံကို စီးနင်းနေတယ်ဆိုတာ ယုံကြည်ရ ခပ်ခက်ခက်ပါပဲ။

“အရသာ တော်တော်လေး ကောင်းတာပဲ”

ချင်းကျူလည်း သစ်သီးတစ်လုံးကို ပါးစပ်ထဲ သွပ်သွင်းလိုက်ပါပြီ။ ပြီးတာနဲ့ ဝိညာဉ်အရက်ကို တကြိုက်မော့သောက်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါတော့တယ်။

“ဆရာ.. ဘာတွေ စားနေတာလဲ”

ယန့်ရှီလည်း လက်ချောင်းလေးတွေကို ကိုက်ပြီး စိတ်ဝင်တစား မေးမြန်းလိုက်ပါပြီ။

“…”

နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို တက်ရောက်မှာ ဖြစ်တာကြောင့် ချင်းကျူအနေနဲ့ ယန့်ရှီကို ချန်မထားရစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အတူတူ ခေါ်လာခဲ့တာပါ။

လောင်ဇူအီကတော့ စိတ်ဝိညာဉ်စာချုပ်ကို ချုပ်ဆိုပြီး ဖြစ်လို့ ချင်းကျူအနေနဲ့ ပြန်ရောက်မှ လေ့ကျင့်ပေးရင်လည်း နောက်မကျသေးဘူး ဆိုရမှာပါ။ ဒါကြောင့် ချင်းကျူ အလျင်မလိုသေးပါဘူး။

“ရော့.. မင်းအတွက်”

ချင်းကျူလည်း ကူကယ်ရာမဲ့စွာ ခေါင်းကို ခါယမ်းလိုက်ပြီး ယန့်ရှီဆီ သစ်သီးတစ်လုံး ပစ်ပေးလိုက်ပါပြီ။

“မွှေးလိုက်တာ”

ယန့်ရှီလည်း သစ်သီးကို ဖက်ထားရင်း အနံ့ခံပြီးမှ အားရပါးရ ကိုက်စားလိုက်ပါတော့တယ်။

သူမရဲ့ ခန္ဓာကိုယ် အရွယ်အစား သေးငယ်နေတာကြောင့် မဟုတ်ဘူးဆိုရင် တစ်ကိုက်တည်းနဲ့ သစ်သီးကို စားနိုင်လိမ့်မယ်လို့ ချင်းကျူ တွေးနေမိခဲ့ပါတယ်။

“ဆရာကြီး…  ဒီကို ရောက်နေတာလား”

အခုအချိန်မှာတော့ လောင်ရှောက်ယုတစ်ယောက် လမ်းလျှောက်ရောက်ရှိလာခဲ့ပြီး လက်ကို ဝှေ့ယမ်းပြလိုက်ပါပြီ။

“အော်.. မင်းတရား မကျင့်ဘူးလား”

ချင်းကျူ အံ့အားသင့်သွားခဲ့ပါတော့တယ်။

အခုဆို မှော်ရတနာ ယာဉ်ပျံ စီးနင်းလိုက်ပါလာတဲ့ နဂါးဖြူမျိုးနွယ်စု တစ်ဝက်ကျော်လောက်ဟာ တရားကျင့်နေကြပါပြီ။ ဒီအတွက် လောင်ရှောင်ယု ဟိုဒီလျှောက်သွားနေတာ တွေ့လိုက်ရတော့ ချင်းကျူ အံ့အားသင့်သွားခဲ့တာပါ။

“မလိုတော့ပါဘူးရှင်။ ကျွန်မက မဟာစကြ၀ဠာ ဆဌမ အဆင့်ကို ရောက်တာ သိပ်မကြာသေးပါဘူး။ ဒါကြောင့် အေးအေးလူလူ နေတာ ပိုပြီး သင့်တော်ပါတယ်”
လောင်ရှောင်ယုလည်း ထူးမခြားနား လေသံနဲ့ ပြောလိုက်ပါပြီ။

မဟာစကြ၀ဠာ ဆဌမ အဆင့်ကို ရောက်နေပြီဖြစ်တဲ့ သူမရဲ့ အစွမ်းနဲ့ဆိုရင် မျိုးဆက်သစ်တန်ခိုးရှင်တွေထဲမှာ သူမကို ရင်ဆိုင်နိုင်သူ တစ်ယောက်မှ မရှိသလောက် ဖြစ်သွားပါပြီ။ နတ်ဘုရားအင်းကွက် စင်မြင့်အတွက်လည်း သူမ အပြည့်အစုံ ပြင်ဆင်ပြီး ဖြစ်တာကြောင့် ရလာဒ် အားလုံးဟာ ကံကြမ္မာရဲ့ အဆုံးအဖြတ်ပေါ်ပဲ မူတည်တော့မှာပါ။

၀ုန်း

ရုတ်တရက်ဆိုသလိုပဲ မြေပြင် တုန်ခါလာခဲ့ပြီး သိပ်သည်းတဲ့ အက်ကြောင်းတွေ ထင်ဟပ်လာခဲ့ပါပြီ။ အစောပိုင်းတုန်းက လှပတဲ့ ရှုခင်းဟာလည်း ချက်ချင်း ပြိုကျပျက်စီးသွားခဲ့ပြီး ပန်းပင်တွေ သစ်ပင်တွေတော်တော်များများ ပျက်စီးသွားပါတော့တယ်။ ကမ္ဘာလောကရဲ့ အဆုံးသတ် အချိန်ကို ရောက်ရှိလာသလိုပါပဲ။

“ဘာတွေ ဖြစ်နေတာလဲ”

လောင်ရှောင်ယုတစ်ယောက် ပြိုကျလာနေတဲ့ ကျောက်တုံးတွေကို အသည်းအသန် တုန်လှုပ်စွာ ရှောင်တိမ်းလိုက်ပါပြီ။

လောင်ရှောင်ယု တစ်ဦးတည်းသာ မဟုတ်ပါဘူး။ နဂါးမျိုးနွယ်က တန်ခိုးရှင် အများအပြားလည်း လျှို့ဝှက်ခန်းတွေကနေ အလန့်တကြား ပျံသန်းပြေးထွက်လာခဲ့ကြပါတော့တယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

“ဟိုလူသားက မကောင်းကြံနေတာလား”

“မဖြစ်နိုင်ဘူး။ နဂါးအကြီးအကဲ ကိုယ်တိုင် စောင့်ကြပ်ပေးထားမှတော့ အဲဒီလူသားက ဘယ်လိုလုပ်ပြီး ထင်တိုင်းကျဲဝံ့မှာလဲ”

“ဟမ့်… အဲဒီလူသားပဲ ဖြစ်မှာ”

“…”

အားလုံး ဒေါသကို မထိန်းနိုင်တော့ပဲ ချင်းကျူကို သံသယ စတင်ဝင်လာခဲ့ကြပါပြီ။

ဒါပေမဲ့ အခုအချိန်မှာပဲ မြေပြင် ထပ်မံ တုန်လှုပ်လာပါတော့တယ်။ အခု တုန်လှုပ်လာမှုဟာ အစောပိုင်းတုန်းကထက် အများကြီး ပြင်းထန်နေပါပြီ။

“နေဦး… ကြည့်ရတာ ကောင်းကင်ဘုံခြူးပျံ တိုက်ခိုက်ခံနေရသလိုပဲ”

“အမှန်ပဲ… အပြင်ထွက်ကြည့်ကြည့်ကြရအောင်”

“မြန်မြန် မြန်မြန်။ မြန်မြန်”

“…”

တစ်ခုခု မူမမှန်တာကို သတိထားမိသွားတာကြောင့် အားလုံးပဲ အပြင်ကို ထွက်ကြည့်လိုက်ကြပါပြီ။ မကြာခင်မှာတော့ အဖြစ်အပျက်ကို သူတို့ နားလည်သွားကြပါတော့တယ်။

“အား… ငါမြင်နေရတာတွေက အစစ်အမှန်ကော ဟုတ်ရဲ့လား”

“ဘုရားရေ.. စကြ၀ဠာ သားရဲကြီး… မဟုတ်ဘူး.. စကြ၀ဠာ သားရဲကြီးတွေ အများကြီးပဲ”

ကောင်းကင်ဘုံ ခြူးပျံရဲ့ အကာအကွယ်အလွှာ အပြင်ဘက်မှာ မြောက်များလှစွာသော စကြ၀ဠာ သားရဲကြီးတွေ ရှိနေခဲ့ပါတယ်။ သူတို့ အားလံးက အစွယ်ကြီးတွေ လက်သည်းကြီးတွေကို အသင့်ပြင်ပြီး အကာအကွယ် အလွှာကို တိုက်ခိုက်နေကြပါပြီ။

ကောင်းကင်ဘုံခြူးပျံရဲ့ အကာအကွယ် အလွှာဟာ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင် သုံးဦးရဲ့ အင်အားအပြည့် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပေမဲ့လည်း အခုအချိန်မှာတော့ အကာအကွယ် အလွှာအထက် အက်ရာတွေ အပြည့်ဖြစ်နေပါပြီ။ ဒီအကာအကွယ် အလွှာဟာ အချိန်မရွေး ပြိုကျပျက်စီးသွားတော့မလိုပါပဲ။

အကာအကွယ်အလွှာ ပျက်စီးသွားချိန်ကျရင် ကောင်းကင်ဘုံ ခြူးပျံလည်း ချက်ချင်း ပျက်စီးသွားတော့မှာပါ။

အဲဒီအချိန်ကျရင် နဂါးဖြူမျိုးနွယ်စုက မဟာစကြ၀ဠာ စတုတ္ထ အဆင့်နဲ့အထက် တန်ခိုးရှင်တွေ အနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ မဟာစကြ၀ဠာ စတုတ္ထအဆင့်အောက် တန်ခိုးရှင်တွေကတော့ အများအပြား သေကြေသွားဖို့ များနေပါပြီ။

ပြောရရင် ဒီစကြ၀ဠာ သားရဲကြီးတွေဆိုတာ မိစ္ဆာသားရဲကြီးတွေ မဟုတ်တော့ပါဘူး။ သူတို့တွေအပေါ် နဂါး အော်ရာအရှိန်အဝါရဲ့ အကျိုးသက်ရောက်မှုလည်း မရှိပါဘူး။

“တောက်.. ဘယ်လိုလုပ်ပြီး ဒီလောက်များပြားလှတဲ့ စကြ၀ဠာ သားရဲကြီးတွေ ထွက်ပေါ်လာခဲ့တာလဲ”

“ငါတို့ ဘာဆက်လုပ်ကြမလဲ”

“မြန်မြန်.. နဂါးအကြီးအကဲကို လှမ်းအကြောင်းကြားကြရအောင်”

သူ့စကား မဆုံးခင်မှာပဲ ခန့်ညားလှတဲ့ အဘိုးအိုရဲ့ အရိပ်ဟာ အားလုံးအထက် ပေါ်ထွက်လာခဲ့ပါပြီ။ သူ့နောက်မှာ ရှိနေတဲ့ အလင်းစက်ကွင်းဟာ အလွန်တောက်ပပြီး ကြီးကျယ်မြင့်မြတ်တဲ့ အလင်းတွေကို ထုတ်လွှင့်နေခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ ရှိနေကြတဲ့ နဂါးဖြူ တန်ခိုးရှင်တွေလည်း အသက်တောင် မရှူဝံ့အောင် ဖြစ်သွားခဲ့ကြပါပြီ။ ဂိုဏ်းချုပ်ကြီး ပြီးသွားရင် အစွမ်းအထက်ဆုံးဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးက ပြဿနာကို ဖြေရှင်းပေးတော့မယ် မဟုတ်လား။

ဒီ ဒီ ဒီ

အဘိုးအိုလည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ဘုံခြူးပျံရဲ့ အကာအကွယ် အလွှာကို ဖယ်ရှားလိုက်ပါပြီ။ ပြီးတာနဲ့ သူ့ခန္ဓာကိုယ်ကနေ စာဖွဲ့လို့မရအောင် တောက်ပလှတဲ့ အလင်းလွှာ ဖြာထွက်လာခဲ့ပြီး သင်္ဘောကြီး တစ်စီးလုံးကို ဖုံးလွှမ်းသွားပါတော့တယ်။ ရှိနေကြသူ အားလုံး အပြင်ဘက်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို မမြင်နိုင်ကြတော့ပါဘူး။

အခုအချိန်မှာ ဘာအသံမှ မထွက်ပေါ်လာခဲ့သလို ဘာလူသတ်ငွေ့မှလည်း ဖြာမထွက်လာပါဘူး။ ထူးဆန်းတဲ့ ဘာကျင့်စဉ်ကိုမှလည်း မမြင်ရသလို ဘာတိုက်ပွဲမှလည်း မဖြစ်လာခဲ့ပါဘူး။

မကြာခင်မှာတော့ အလင်းရောင်တွေ လွင့်ပြယ်သွားခဲ့ပြီး စကြ၀ဠာ သားရဲကြီးတွေ အားလုံးလည်း ပျောက်ကွယ်သွားခဲ့ကြပါပြီ။

မျက်စိတဆုံး မြင်ရသလောက်အထိ စကြ၀ဠာထဲမှာ ကောင်းကင်ဘုံခြူးပျံတစ်ခုတည်းသာ ကျန်ပါတော့တယ်။

အားလုံးပဲ သိုင်းကွက်တစ်ကွက်အတွင်း သေဆုံးသွားကြပြီလား။

“ဒါက…”

အောက်မှာ ရှိနေတဲ့ လောင်ကွမ်လည်း အူကြောင်ကြောင် ဖြစ်သွားခဲ့ပါပြီ။

သူ့စိတ်ကို အသင့်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပေမဲ့လည်း တုန်လှုပ်နေဆဲပါ။

ပြီးတော့ အဲဒီ စကြ၀ဠာ သားရဲကြီးတွေ အားလုံးဟာ မဟာစကြ၀ဠာအဆင့် သားရဲကြီးတွေပါပဲ။

မိစ္ဆသားရဲကြီးတွေနဲ့ မတူတာကတော့ သူတို့တွေဟာ နဂါးဖြူမျိုးနွယ်စုနဲ့ တော်တော်လေးကို ဆင်တူကြပါတယ်။ သူတို့တွေဟာ ထိပ်တန်းအဆင့် သက်ရှိမျိုးစိတ်တွေ ဖြစ်ကြပြီး နဂါးမျိုးနွယ်ရဲ့ ဩဇာအာဏာ အရှိန်အဝါ အကျိုးသက်ရောက်မှုကို မမှုကြတော့ပါဘူး။

ပြီးတော့ သူတို့ရဲ့ တိုက်ခိုက်မှု စွမ်းရည်နဲ့ အကာအကွယ် ခံစစ်ဟာ အလွန်ကို ပြင်းထန်လွန်းပါတယ်။

ကောင်းကင်ဘုံ ခြူးပျံရဲ့ အကာအကွယ် အလွှာ ပျက်စီးလုလု ဖြစ်သွားတာကို ကြည့်တာနဲ့ သိနိုင်နေပါပြီ။

နောက်ဆုံးတော့လည်း အဘိုးအိုက သိုင်းကွက်တစ်ကွက်တည်းနဲ့ သူတို့အားလုံးကို သတ်ဖြတ်ခဲ့ပါတယ်။ ခန္ဓာကိုယ်အပိုင်းအစ တစ်ခုတောင် မကျန်ရစ်ခဲ့ပါဘူး။

ဒါက နတ်ဘုရားတစ်ပိုင်းအဆင့် တန်ခိုးရှင်ရဲ့ အစွမ်းပဲလား။

လောင်ကွမ်အနေနဲ့ နဂါးအကြီးအကဲ ကိုယ်တိုင် လှုပ်ရှားတဲ့ ဖြစ်ရပ်မျိုးကို မမြင်တွေ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပါပြီ။ အခုတော့ နတ်ဘုရား တစ်ပိုင်းအဆင့်နဲ့ သူနဲ့အကြား ဘယ်လောက် ကွာခြားမှု ရှိနေသလဲဆိုတာ လောင်ကွမ် သေချာ နားလည်သွားပါတော့တယ်။

နတ်ဘုရားတစ်ပိုင်း အဆင့် တန်ခိုးရှင်တောင် ဒီလောက်တောင် အစွမ်းထက်နေပြီ ဆိုရင် အစစ်အမှန် နတ်ဘုရားဆို ဘယ်လောက်တောင် အစွမ်းထက်နေမလဲ။

လောင်ရှောင်ယုလည်း တွေးတောင်မတွေးဝံ့တော့ပါဘူး။

အစစ်အမှန် နတ်ဘုရားတွေဟာ အလွန်ကို အစွမ်းထက်တာကြောင့် သူတို့တွေရဲ့ တိုက်ခိုက်မှုဟာ အဖျက်စွမ်းအင် အလွန်ကြီးမားပါတယ်။ ဒီအတွက်ကြောင့် သူတို့ အချင်းချင်း တိုက်ခိုက်မှုဟာ သိပ်မရှိတော့ပါဘူး။

သူတို့ တိုက်ခိုက်နေပြီဆိုရင်လည်း ဘယ်သူကမှ နံဘေးကနေ မရပ်ကြည့်ဝံ့ကြတော့ပါဘူး။

ဒီအတွက်ကြောင့် လောင်ကွမ်အနေနဲ့ ဖခင်ဖြစ်သူ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကို မသိနိုင်ခဲ့တာပါ။

အဝေးမှာတော့ ချင်းကျူ မျက်လုံးအထက် အလင်းရောင်တစ်ချက် လက်သွားခဲ့ပါပြီ။ အခုအချိန်အထိ သူဘယ်လောက်အထိ အစွမ်းထက်ကြောင်း မသိသေးပါဘူး။ နားလည်မှုလွဲနိုင်တဲ့ အချက်မရှိဘူးဆိုရင် ချင်းကျူအနေနဲ့ နဂါးအကြီးနဲ့ သိုင်းကွက်အနည်းငယ်လောက် ဖယ်လှယ်မိမှာပါ။

“ကောင်းပြီလေ။ ပြီးသွားပါပြီ။ ပြန်ကြချေတော့”

ပြောဆိုပြီးသွားတာနဲ့ အဘိုးအိုရဲ့ ခန္ဓာကိုယ်ဟာ တစ်ချက် လှုပ်ရှားသွားခဲ့ပြီးနောက် နေရာကနေ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့ပါပြီ။

အချိန်တော်တော်ကြာတော့မှ နဂါးဖြူမျိုးနွယ်ဝင် တန်ခိုးရှင်တွေ အသိဝင်လာခဲ့ကြပါတော့တယ်။

“နဂါးအကြီးအကဲက အလွန်အစွမ်းထက်ပါပေတယ်”

ရုတ်တရက်ဆိုသလို တစ်ယောက်ယောက် အော်ဟစ်လိုက်ပါပြီ။

“နဂါးအကြီးအကဲက အလွန်အစွမ်းထက်ပါပေတယ်”

“နဂါးအကြီးအကဲက အလွန်အစွမ်းထက်ပါပေတယ်”

“…”

အစောပိုင်းမှာတုန်းက အခုတစ်ခေါက် နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲ ခရီးစဉ်ကို မြင့်မြတ်သော သိုင်းပညာ ခန်းမက ဝင်ရောက်တိုက်ခိုက်လာမှာ စိတ်ပူကြသူတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုတော့ ဘယ်သူကမှ စိတ်မပူကြတော့ပါဘူး။

“အရမ်း.. အရမ်းအစွမ်းထက်တာပဲ”

ပြန်လာချိန်မှာတော့ လောင်ရှောင်ယုတစ်ယောက် ပြတ်သားစွာ ပြောလိုက်ပါပြီ။

“ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် နတ်ဘုရားအင်းကွက် စင်မြင့်ပေါ် ငါရောက်အောင် တက်လှမ်းရမယ်”

မဟာစကြ၀ဠာအဆင့် သားရဲကြီးတွေကို နဂါးအကြီးအကဲအဘိုးက အလွယ်တကူ သတ်ဖြတ်လိုက်တာ တွေ့ရပြီးနောက် လောင်ရှောင်ယု အလွန်ကို စိတ်ဓာတ်တက်ကြွနေပါပြီ။ သူမ အနေနဲ့ ချက်ချင်းပဲ အဘိုးအိုလို ပြိုင်ဘက်ကင်း တန်ခိုးရှင် ဖြစ်ချင်စိတ်တွေ တဖွားဖွား ဖြစ်လာပါတော့တယ်။

တကယ်လို့ လောင်ရှောင်ယုတစ်ယောက် နတ်ဘုရားအင်းကွက် စင်မြင့်အပေါ် အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် နောင်ကျရင် အစစ်အမှန် နတ်ဘုရားမ တစ်ပါး ဖြစ်လာမှာပါ။ အဲဒီအချိန်ကျရင် နဂါးဖြူ မျိုးနွယ်မှာ အစစ်အမှန် နတ်ဘရား နှစ်ပါးရှိပြီ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ ဂိုဏ်းချုပ်ကြီးကလည်း အဲဒီအချိန်အထိ အသက်ရှင်လျက် ရှိနေဦးမှပေါ့။

အဲဒီအချိန်ကျရင် နဂါးဖြူ မျိုးနွယ်စုဟာ ဒီစကြ၀ဠာအတွင်းမှာ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာပါလိမ့်မယ်။ ကိစ္စတော်တော်များများမှာပါ အသာစီးရလာမှာပါ။

မြင့်မြတ်သော သိုင်းပညာ ခန်းမကလည်း ဒုတိယမြောက် အစစ်အမှန် နတ်ဘုရား မွေးထုတ်နိုင်ခဲ့မယ် ဆိုရင်တော့ သူတို့တွေက နဂါးဖြူမျိုးနွယ်စုကို ချက်ချင်းပဲ သွားရောက်ဖျက်ဆီးလိုက်ကြမှာ သေချာပါတယ်။ အဲဒီအချိန်ကျရင် နဂါးဖြူ မျိုးနွယ်စုဟာ သမိုင်းမှတ်တမ်းထဲမှာသာ ကျန်ရစ်တော့မှာပါ။

အခုအချိန်မှာတော့ မြင့်မြတ်သော သိုင်းပညာ ခန်းမမှာ လောင်ရှောင်ယုနဲ့ ယှဉ်နိုင်တဲ့ မျိုးဆက်သစ် တန်ခိုးရှင် မရှိသေးပါဘူး။ ဒါကြောင့်လည်း သူမကို အသည်းအသန် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေခဲ့တာပါ။

ငါးရက်ဟာ လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ။ ကောင်းကင်ဘုံ ခြူးပျံဟာ မရေမတွက်နိုင်တဲ့ စကြ၀ဠာ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးနောက်မှာ နတ်ဘုရား လောက အပြင်ဘက်ကို ရောက်ရှိလာပါတော့တယ်။ အဝေးကနေ ကြည့်မယ်ဆိုရင် နတ်ဘုရားလောကဟာ မြူခိုးတွေ အထပ်ထပ် ဝေ့ဆိုင်းနေတဲ့ ကုန်းမြေကြီး တစ်ခုပါပဲ။

နဂါးဖြူ ကမ္ဘာနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဒီကုန်းမြေတိုက်ကြီးဟာ အလွန်ကို သေးငယ်လွန်းပါသေးတယ်။ ဒါပေမဲ့ ဘယ်သူကမှ လျှော့မတွက်ဝံ့ကြပါဘူး။

နဂါးဖြူမျိုးနွယ်စု ဖြစ်နေပါစေ မြင့်မြတ်သော သိုင်းပညာ ခန်းမ ဖြစ်နေပါစေ ဒါမှမဟုတ် တခြား အင်အားကြီး အဖွဲ့အစည်းဖြစ်နေပါစေ သူတို့အားလုံးရဲ့ အစွမ်းထက်မှုဟာ ဒီကုန်းမြေတိုက်ကြီးနဲ့ ပတ်သက်မှု ရှိနေခဲ့ပါတယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 19
Chapter 12
စားကောင်းမယ့်ပုံပဲ

နတ်ဘုရားလောကဟာ ဘာကြောင့် ပေါ်ထွက်လာခဲ့တယ် ဘယ်ကနေ ရောက်လာခဲ့တယ် ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။

သူ့ကို နတ်ဘုရားလောကလို့ ခေါ်တွင်ရတာကလည်း နတ်ဘုရားအင်းကွက် စင်မြင့်ကြောင့်ပါ။

နတ်ဘုရားအင်းကွက် စင်မြင့်ကြောင့်ပဲ အဖွဲ့အစည်း အများအပြားဟာ အစွမ်းထက်လာကြပြီး ထင်ရှားလာခဲ့ကြပါတယ်။

နတ်ဘုရားအင်းကွက် စင်မြင့်ပေါ် ဆင်းသက်နိုင်ခဲ့တာနဲ့ သူတို့ဟာ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာမှာ ဖြစ်ပြီး စကြ၀ဠာအတွင်း အစွမ်းအထက်ဆုံး တည်ရှိမှု တစ်ခု ဖြစ်လာတော့မှာပါ။

နတ်ဘုရားအင်းကွက် စင်မြင့်ပေါ် မဆင်းသက်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ သူတို့တွေဟာ အမျိုးမျိုးသော စမ်းသပ်စစ်ဆေးမှုတွေကနေ အကျိုးကျေးဇူး အများအပြား ရရှိပြီး အံ့မခန်း တိုးတက်လာကြပါလိမ့်မယ်။

နဂါးဖြူ မျိုးနွယ်စု ဖြစ်ပါစေ မြင့်မြတ်သော သိုင်းပညာ ခန်းမ ဖြစ်နေပါစေ ထိပ်တန်းအဖွဲ့အစည်းတွေ ဖြစ်နေပါစေ အားလုံးရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေတိုင်းဟာ နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြသူတွေပါပဲ။ အခုအချိန် နဂါးဖြူမျိုးနွယ်ရဲ့ပါရမီရှင်တွေကို ဦးဆောင်ခေါ်လာခဲ့တဲ့ နဂါးအကြီးအကဲတောင်မှ ခြွင်းချက် မဟုတ်ခဲ့ပါဘူး။

ဒါပေမဲ့လည်း နဂါးအကြီးအဟာ အကန့်အသတ်ကို ရောက်ရှိနေပါပြီ။ အဲဒီအချိန်တုန်းက နတ်ဘုရားအင်းကွက် စင်မြင့်ကို သူတက်လှမ်းဖို့ ခြေလှမ်းတစ်ဝက်လောက်သာ လိုခဲ့တာပါ။ ဒါကြောင့် သူဟာ နတ်ဘုရားတပိုင်းအဆင့်မှာ တန့်ရပ်သွားခဲ့ပြီး ဆက်ပြီး အဆင့်မတက်နိုင်တော့ပါဘူး။ မဟုတ်ဘူးဆိုရင် နဂါးဖြူမျိုးနွယ်ဟာ ဒီစကြ၀ဠာကို အစောကြီးကတည်းက အုပ်စိုးသွားလောက်ပါပြီ။

“ကျွန်မတို့ ရောက်လာကြပြီ”
လောင်ရှောင်ယုတစ်ယောက် လှမ်းကြည့်ပြီး ပြောလိုက်ပါတော့တယ်။

တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံ ခြူးပျံလည်း ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့ပြီး စကြ၀ဠာထဲ မျောလွင့်နေပါတော့တယ်။ နတ်ဘုရား လောကထဲ ဝင်ရောက်ဖို့အချိန်ကို စောင့်စားနေလိုက်ပါပြီ။

တစ်ခုပဲ ပြောဖို့ရှိတာကတော့ များပြားလှတဲ့ မှော်ရတနာ ယာဉ်ပျံကြီးတွေဟာ နတ်ဘုရားလောကကို ကြိုတင်ရောက်ရှိနေခဲ့တာပါ။ သူတို့တွေက အမျိုးမျိုးသော အဖွဲ့အစည်းတွေကပါပဲ။ ချက်ချင်းဆိုသလိုပဲ မှော်ရတနာယာဉ်ပျံ တချို့ဟာ ကောင်းကင်ဘုံ ခြူးပျံအနား ချည်းကပ်လာခဲ့ကြပါပြီ။ ဒါဇင်ချီတဲ့ တန်ခိုးရှင်တွေဟာ ကောင်းကင်ဘုံ ခြူးပျံထဲ ပျံသန်းဝင်ရောက်လာကြပါတော့တယ်။

သူတို့တွေကတော့ နဂါးဖြူမျိုးနွယ်စု လက်အောက်အဖွဲ့အစည်းတွေဆိုတာကို သိထားကြတာကြောင့် ဘယ်သူမှ မအံ့ဩနေကြပါဘူး။

“ဟား ဟား ဟား.. အကြီးအကဲလောင်.. မတွေ့ရတာ ကြာပြီ”

“ယောင်ညီလေး… ငါတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာနဲ့ဆို တော်တော်လေး ကြာသွားခဲ့ပြီပဲ။ ညီလေးရဲ့ ဝိညာဉ်စွမ်းအင်က ပိုပြီးတောင် သန့်စင်လာပါလား”

“အကြီးအကဲလောင်ကလည်း နောက်နေပြန်ပါပြီ”

“အဲ.. အဲဒါ လေးဟောင် မဟုတ်လား။ သူတောင် ရောက်လာတယ်လား။ မိုးကြိုးသားရဲ မျိုးနွယ်စု ဒီတစ်ခေါက် နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို တော်တော်လေး အလေးထားနေပြီပဲ”

“…”

“…”

နဂါးဖြူမျိုးနွယ်ရဲ့ အကြီးအကဲတွေဟာ သက်ဆိုင်ရာ လက်အောက်ခံ အင်အားစု အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ရယ်ရယ်မောမော စကားပြောနေခဲ့ကြပါတယ်။ သူတို့တွေဟာ နှစ်ပေါင်းများစွာ မဆုံတွေ့ကြရတဲ့ မိတ်ဆွေကောင်းတွေပဲ မဟုတ်လား။

လက်အောက်ခံအဖွဲ့အစည်း အားလုံးဟာ လူသားတွေ မဟုတ်ကြောင်းကို ချင်းကျူ သတိထားမိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း နဂါးဖြူမျိုးနွယ်စုက သူတို့တွေကိုမှ လက်အောက်ခံအဖွဲ့အစည်းအဖြစ် ရွေးချယ်ခဲ့ကြတာကိုး။

“ဆရာကြီး.. သူတို့တွေက နဂါးဖြူမျိုးနွယ်စုရဲ့ လက်အောက်ခံ အင်အားစုကြီးတွေပါ။ မိစ္ဆာသားရဲတွေ အပြင်ကို အင်းဆက်မျိုးနွယ်ဝင် တော်တော်များများလည်း ရှိပါတယ်။”
ချင်းကျူ နားလည်မှု လွဲမှာကို စိတ်ပူပြီး ရှောင်ယု ရှင်းပြလိုက်ပါပြီ။

အားလုံးသိထားကြသလိုပဲ နဂါးဖြူ မျိုးနွယ်စုဟာ နတ်ဘုရားသားရဲ မျိုးနွယ်ဝင် ဖြစ်ပြီးတော့ တခြား မိစ္ဆာသားရဲတွေကို သဘာ၀အတိုင်း သွေးမျိုးဆက်ဖိအား ပေးထားနိုင်ပါတယ်။ သူတို့ရဲ့ တန်ခိုးကျင့်စဉ် အခြေခံ အဆင့်နိမ့်နေရင်တောင်မှပဲ သွေးမျိုးဆက်ရဲ့ ဖိအားကို အသုံးပြုပြီး မကြာမကြာ အနိုင်ယူလို့ရစမြဲပါ။

ဒါကြောင့် မိစ္ဆာသားရဲ မျိုးနွယ်စု တော်တော်များများဟာ နဂါးဖြူမျိုးနွယ်စုရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ ဖြစ်လာခဲ့ကြတာပါပဲ။

အင်းဆက်မျိုးနွယ်စုတွေကတော့…

ချင်းကျူလည်း မှင်သက်သွားခဲ့ပါပြီ။ သူလှမ်းကြည့်လိုက်တော့ ပုပုသေးသေး အဘိုးအိုတစ်ဦးကို တွေ့လိုက်ရပါတော့တယ်။ သူ့ကျောမှာ ကြည်လင်တဲ့ တောင်ပံတစ်စုံ ရှိနေပြီးတော့ အရပ်က ၃ ပေလောက်သာ ရှိပါတယ်။ သူ့ဦးခေါင်းဟာ ချင်းကျူရဲ့ ခါးလောက်တောင် မရောက်သေးပါဘူး။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ဖြာထွက်နေတဲ့ ဝိညာဉ်စွမ်းအင် အော်ရာအရှိန်အဝါအရ လျှော့တွက်လို့မရတာတော့ သေချာပါတယ်။

အင်းဆက်မျိုးနွယ်ဝင် တန်ခိုးရှင်တွေကို ချင်းကျူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးတာပါ။ ဒါကြောင့်လည်း စိတ်ဝင်စားမိသွားခဲ့ပြီး မကြာမကြာ လှမ်းအကဲခတ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အဘိုးအိုက သူ့အကြည့်ကို သတိထားမိသွားခဲ့ပြီး ပြန်ကြည့်လိုက်ပါပြီ။

သူတို့ နှစ်ဦး တစ်ဦးမျက်နှာ တစ်ဦးကြည့်ရင်း လေထုက နည်းနည်းအူကြောင်ကြောင် နိုင်သွားပါတော့တယ်။

“လူသားတစ်ဦးပါလား”

ရုတ်တရက်ဆိုသလိုပဲ အဘိုးအို မျက်လုံးပြူးကျယ်သွားပြီး အော်ပြောလိုက်ပါပြီ။

တခြား ကိုယ်စားလှယ်တော်တွေလည်း တခဏလောက် မှင်သက်သွားပြီးနောက် တုန်လှုပ်ထိတ်လန့်သွားကြပါတော့တယ်။

“လူသားတစ်ဦး.. ဟင်.. လူသား… လူသား”

“ဒီလူသားက ဘယ်ကနေ ရောက်လာတာလဲ။ ငါ့ရဲ့ မိုးကြိုးအလင်းတန်း ငါးခု ဘယ်လောက်အစွမ်းထက်ကြောင်း ပြလိုက်ဦးမှထင်တယ်”

“အင်း.. ဘာဖြစ်လို့  လူသားက ဒီကို ရောက်နေရတာလဲ”

“…”

နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲ တက်ရောက်တဲ့ တန်ခိုးရှင်တွေမှာ မဟာစကြ၀ဠာအဆင့်အောက် တစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် အင်အားစု အသီးသီးက ကိုယ်စားလှယ်တော်တွေဟာ လောင်ရှောင်ယု နံဘေး ရပ်နေတဲ့ ချင်းကျူကို မကြာခင်မှာ သတိထားမိသွားခဲ့ကြပါပြီ။

“သူက တကယ်ပဲ လူသားကော ဟုတ်ရဲ့လား”

“ထူးဆန်းတယ်။ ဘာဖြစ်လို့ သူ့ခန္ဓာကိုယ်ကနေ ဝိညာဉ်စွမ်းအင်လှိုင်း ဖြာထွက်လာတာကို မတွေ့ရတာလဲ”

“နေဦး.. အဲဒီကောင်မလေးက…”

သူတို့ စကားမဆုံးခင်မှာပဲ ချက်ချင်း ဦးညွတ်လိုက်ကြပါတော့တယ်။

“သခင်မ”

“ဘာ… မြင့်မြတ်သော နတ်မိမယ်.. နတ်မိမယ် သခင်မ”

“သခင်မ”

အားလုံး မျက်နှာအနည်းငယ် ပျက်သွားခဲ့ကြပြီး ချက်ချင်း ဦးညွတ်အရိုအသေ ပြုလိုက်ကြပါပြီ။

သူတို့လို့ လက်အောက်ခံ အင်အားစု ကိုယ်စားလှယ်တွေ အတွက်ကတော့ လောင်ရှောင်ယုဟာ နဂါးဖြူမျိုးနွယ်ရဲ့ မြင့်မြတ်သော နတ်မိမယ် သခင်မ ဖြစ်နေရုံတင်မက သူတို့ရဲ့ မြင့်မြတ်သော နတ်မိမယ် သခင်မ ဖြစ်နေပါပြီ။

နဂါးဖြူ မျိုးနွယ်စု ပိုပြီး အစွမ်းထက်လေလေ လက်အောက်ခံ အင်အားစုတွေဟာလည်း ပိုပြီး အစွမ်းထက်လေလေ မဟုတ်လား။ သူတို့တွေသာ လောင်ရှောင်ယုရဲ့ အရိပ်ကို ခိုနိုင်ခဲ့မယ်ဆိုရင် နောင်အချိန် အနိုင်ကျင့်ခံရမှာကို စိတ်ပူစရာ လိုပါဦးမလား။

ပြောရရင်တော့ အခုတစ်ခေါက် နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲမှာ လောင်ရှောင်ယုဟာ နတ်ဘုရားအင်းကွက် စင်မြင့်ပေါ် ဆင်းသက်နိုင်ဖို့အလားအလာ အရှိဆုံး ပြိုင်စံရှား ပါရမီရှင်တစ်ဦး ဖြစ်နေပါပြီ။

“အင်း”

လောင်ရှောင်ယုလည်း ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်ပါတော့တယ်။

“သူကတော့ ငါ့မိတ်ဆွေပါ။ ရှင်တို့တွေလည်း အလောတကြီး မဆုံးဖြတ်ကြပါနဲ့။ မဟုတ်ဘူးဆိုရင် ချက်ချင်းသေဒဏ် သင့်သွားလိမ့်မယ်”

လက်အောက်ခံ အဖွဲ့အစည်းတွေက တန်ခိုးရှင်တွေ နားမလည်နိုင်အောင် ဖြစ်သွားကြပါပြီ။

အားလုံး မျက်ခုံးနည်းနည်းလှုပ်သွားကြပါတော့တယ်။ လောင်ရှောင်ယုမှာ လူသားမိတ်ဆွေတစ်ဦး ရှိနေတယ်လား။

“သခင်မ.. စိတ်မပူပါနဲ့။ ကျွန်တော်တို့တွေ အလောတကြီး မလုပ်ပါဘူး”

မိုးကြိုးအလင်းတန်း ငါးခု အကြောင်း ပြောနေတဲ့ မိုးကြိုးသားရဲ မျိုးနွယ်စု တန်ခိုးရှင်ဟာ အခုတော့ ပြုံးရယ်လိုက်ပြီး
“သခင်မရဲ့ မိတ်ဆွေက ကျွန်တော်တို့ရဲ့ မိတ်ဆွေပါပဲ”

နဂါးဖြူမျိုးနွယ် တန်ခိုးရှင်တွေနဲ့ မတူတာကတော့ ဒီလက်အောက်ခံ အင်အားစုတွေဟာ ချင်းကျူကို လောင်ရှောင်ယုရဲ့ မိတ်ဆွေမှန်း သိလိုက်ရချိန်ကစပြီး အပြစ်မပြုဝံ့ကြတော့တာပါပဲ။ ပြောရရင် သူတို့ရဲ့ အဆင့်အတန်းက တူမှမတူတော့တာ။

ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တွေဟာ နဂါးဖြူမျိုးနွယ် တန်ခိုးရှင်တွေကို အမြဲတမ်းလိုလို အားကိုးနေကြရတယ် မဟုတ်လား။

ဒါ့အပြင် ချင်းကျူ ဒီမှာ ရောက်ရှိနေတယ်ဆိုတော့ သူဟာ တခြား နဂါးဖြူ တန်ခိုးရှင်တွေရဲ့ အသိအမှတ်ပြုမှုကိုပါ ရရှိပြီးလောက်ပါပြီ။ သူတို့တွေက လူသားတွေကို အလွန်မုန်းတီးကြပေမဲ့လည်း ငပေါတွေမှ မဟုတ်ကြတာ။ အခြေအနေကို သူတို့ ကောင်းကောင်း ခွဲခြားနိုင်ပါတယ်။

တခါတရံမှာတော့ အားနည်းကြသူတွေဟာ အင်အားကြီးသူတွေထက် အခြေအနေကို ပိုပြီး ခွဲခြားနိုင်ကြပါတယ်။

၀ုန်း ၀ုန်း ၀ုန်း

အခုအချိန်မှာတော့ အဝေးက ကြယ်တာရာစုံ ကောင်းကင်ယံအထက်မှာ စကြ၀ဠာလှိုင်းတွေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါပြီ။ စကြ၀ဠာ ကျင်းနက်ကြီးလို လေဝဲကြီးတစ်ခုလည်း လျှင်မြန်စွာ ပေါ်ထွက်လာပါတော့တယ်။ လေဝဲကြီးဟာ အလွန်ကို ဩဇာအာဏာ ကြီးမားနေပြီးတော့ မိုးနဲ့မြေကို ဝါးမျိုတော့မတတ် ဖြစ်နေတာ တွေ့ရမှာပါ။

လေဝဲကြီးအနီး ရှိနေတဲ့ မှော်ရတနာ ယာဉ်ပျံ တချို့လည်း မြန်မြန်ပဲ ဝေးရာကို ရှောင်ကွင်းသွားခဲ့ကြပါပြီ။ လေဝဲကြီးရဲ့ အကျိုးသက်ရောက်မှု ကျဆင်းလာမှာကို စိတ်ပူနေခဲ့ကြသလိုပါပဲ။

ရုတ်ရုတ်သဲသဲ အခြေအနေကြောင့် ရှိသမျှ တန်ခိုးရှင်အားလုံး အာရုံစိုက်မိသွားခဲ့ကြပါပြီ။ သူတို့မျက်နှာထားတွေ ချက်ချင်း သုန်မှုန် တည်ကြည်သွားကြပါတော့တယ်။

“မြင့်မြတ်သော သိုင်းပညာ ခန်းမက တန်ခိုးရှင်တွေ.. ဒီကို ရောက်လာကြပြီ”
လောင်ရှောင်ယုလည်း အေးစက်တဲ့အကြည့်နဲ့ ကြည့်ရင်း အေးစက်စွာ ပြောလိုက်ပါပြီ။

“မြင့်မြတ်သော သိုင်းပညာ ခန်းမလား”

ချင်းကျူလည်း အသံလာရာကို လှမ်းကြည့်လိုက်တော့ ကြီးမားလှတဲ့ စကြ၀ဠာ လေဝဲကြီး ဖြစ်ပေါ်နေတာကို တွေ့လိုက်ရပါတော့တယ်။ ဒီထဲကနေ နန်းတော်ကြီးတစ်ခု ဖြည်းဖြည်းချင်း မျောလွင့်ပေါ်ထွက်လာခဲ့ပါပြီ။ နန်းတော်ကြီးဝန်းကျင်မှာ တောက်ပတဲ့ နတ်ဘုရားအလင်းတွေ ဖြာထွက်နေတာကြောင့် နေ့ခင်းအချိန်နဲ့မခြားတော့ပါဘူး။

အမှန်ပါပဲ။ အခုပေါ်ထွက်လာတာ မှော်ရတနာ ယာဉ်ပျံ မဟုတ်သလို စစ်သင်္ဘောကြီးလည်း မဟုတ်ပါဘူး။ ရွေ့လျားနိုင်တဲ့ ရွှေရောင်နန်းတော်ကြီး တစ်ခုပါ။

ဒီနန်းတော်ကြီး ပေါ်ထွက်လာချိန်မှာတော့ စကြ၀ဠာ တည်ရှိမှု အားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါပြီ။

“မြင့်မြတ်သော သိုင်းပညာ ခန်းမလား…”

ချင်းကျူလည်း တွေးနေမိခဲ့ပါတယ်။ သူ့ဝိညာဉ်အာရုံကို အရပ်မျက်နှာအနှံ့ ဖြန့်ကျက်ုလိက်ပြီး ရွှေရောင်နန်းတော်ကြီးကိုပါ စစ်ဆေးလိုက်ပါပြီ။

“အဲဒီမှာ နောက်ထပ် နတ်ဘုရားတစ်ပိုင်း တန်ခိုးရှင်တစ်ဦး ရှိနေသေးတာပဲ”

ချင်းကျူရဲ့ ဝိညာဉ်အာရုံထဲမှာ ရွှေရောင်နန်းတော်ကြီးတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရပါတယ်။ နန်းတော်ကြီး ဝန်းကျင် ချထားတဲ့ ၀င်္ကပါ အမျိုးမျိုးနဲ့ အတားအဆီးအားလုံးကိုလည်း တွေ့နေရပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအရာတွေက သူ့အပေါ် ဘာအကျိုးသက်ရောက်မှုမှ ရှိမနေခဲ့ပါဘူး။

မြင့်မြတ်သောသိုင်းပညာ ခန်းမဟာ နဂါးဖြူမျိုးနွယ်စုက နဂါးအကြီးအကဲနဲ့ အဆင့်ချင်းတူတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် တန်ခိုးရှင်တစ်ဦး စေလွှတ်ခဲ့တာ သိပ်တော့ အံ့ဩဖို့ မကောင်းတော့ပါဘူး။ ဒါပေမဲ့ လောင်ကွမ်တစ်ယောက် သေချာစဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ နဂါးဖြူမျိုးနွယ်စုဟာ မဟာစကြ၀ဠာအဆင့် တန်ခိုးရှင်အရေအတွက်မှာ အင်အားသာလွန်နေခဲ့တယ် မဟုတ်လား။

တကယ်လို့ အခုအချိန် နှစ်ဖက် တိုက်ခိုက်ရမယ်ဆိုရင်တောင်မှ ချင်းကျူ မပါဝင်ဘူးဆိုရင်လည်း နဂါးဖြူမျိုးနွယ်စုပဲ အနိုင်ရဖို့ များပါတယ်။

“ဟမ့်.. သောက်ကျင့်မကောင်းတဲ့ မြင့်မြတ်သော သိုင်းပညာ ခန်းမ”

မိုးကြိုးသားရဲ မျိုးနွယ် တန်ခိုးရှင်လည်း အံကိုတင်းတင်းကြိတ်လိုက်ပြီး
“သူတို့တွေက ပေါ်ထွက်လာချိန်တိုင်း လူအထင်ကြီးအောင် တမင် ဖော်ရှိုးလုပ်ပြကြတယ်။ အဲဒီ အသုံးမကျတဲ့ကောင်တွေကို တစ်စစီ ဖြစ်အောင် စုတ်ဖြဲချင်စိတ်ပဲ ဖြစ်ဖြစ်လာတယ်”

“ငါကောပဲ”

နွားမျိုးနွယ်စု တန်ခိုးရှင်တစ်ဦးလည်း လူသတ်ငွေ့တွေ ပြည့်နေတဲ့ လေသံနဲ့ ပြောလိုက်ပါပြီ။

ပြောပြီးချိန်မှာတော့ နွားမျိုးနွယ် တန်ခိုးရှင်ဟာ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပါတော့တယ်။ တစ်ယောက်ယောက်က သူ့ကို အနီးကပ် ကြည့်ရှုနေတာကြောင့် ကျောမလုံသလို ခံစားလိုက်ရပါပြီ။

“ဘယ်သူလဲ”

နွားမျိုးနွယ်ဝင် တန်ခိုးရှင်လည်း လှည့်ကြည့်လိုက်ပြီးနောက် မှင်သက်သွားပါတော့တယ်။

သူ့ကို ကြည့်နေသူက ချင်းကျူ ဖြစ်နေတာကို တွေ့လိုက်ရတာကြောင့်ပါ။

ဒီအကြည့်က ဘာအကြည့်လဲ။

“အရမ်းကို ကြောက်ဖို့ကောင်းတာပဲ”

နွားမျိုးနွယ်၀င် တန်ခိုးရှင်လည်း တုန်လှုပ်သွားခဲ့ပါပြီ။ အနှိုင်းမဲ့ တည်ရှိမှု ခံစားချက်ကို သူခံစားနေရတာကြောင့်ပါ။

တစ်ဖက်မှာတော့ ချင်းကျူလည်း မြန်မြန်ပဲ အကြည့်ကို ရုတ်သိမ်းလိုက်ပါပြီ။ နည်းနည်း အူကြောင်ကြောင်နိုင်တဲ့ ခံစားချက်ကို ခံစားလိုက်ရပါတော့တယ်။

ချင်းကျူတစ်ယောက် အမဲသားမစားရတာ အချိန်တော်တော် ကြာသွားခဲ့ပါပြီ။ ဒါကြောင့်လည်း နွားမျိုးနွယ်စုဝင်ကို တွေ့လိုက်တော့ စားသောက်ချင်စိတ် ပေါက်လာခဲ့တာပါ။ ပြောရရင် အဲဒီတစ်ကောင်က တော်တော်လေးကို အရသာရှိမယ့်ပုံ ပေါ်နေတယ် မဟုတ်လား။

(စာကြွင်း - ဝက်မျိုးနွယ်စုကို မြင်ရင်ကော.. ဝက်သားတုတ်ထိုးတို့ ဝက်ခေါက်ကင်တို့ကို မြင်မယ်ထင်တယ်)

ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 19
Chapter 13
နတ်ဘုရားလောက ပွင့်လာပြီ

မြင့်မြတ်သော သိုင်းပညာ ခန်းမ ရောက်ရှိလာချိန်မှာတော့ စကြ၀ဠာတည်ရှိမှုဟာ နေ့ခင်းအချိန်လို တောက်ပနေပါပြီ။ ရွှေရောင်အလင်းတွေဟာ အလွန်ကို တောက်ပလွန်းနေပြီး နတ်ဘုရား တစ်ပါး သေမျိုးကမ္ဘာဆီကို ဆင်းသက်လာသလိုပါပဲ။ သာမန်လူတွေ အနေနဲ့ သူတို့ကို စေ့စေ့ကြည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

နဂါးဖြူ မျိုးနွယ်စုနဲ့ မတူတဲ့ အချက်ကတော့ မြင့်မြတ်သော သိုင်းပညာ ခန်းမဟာ လောကတစ်ခုကို အတည်တကျ နေထိုင်ခြင်း မရှိနေတာပါ။ အဲဒီအစား စကြ၀ဠာအတွင်း နန်းတော်ကြီးတွေနဲ့ လေလွင့်သွားလာနေခဲ့ပါတယ်။

သူတို့အရှေ့မှာ ရှိနေတဲ့ နန်းတော်ကြီးက မြင့်မြတ်သော သိုင်းပညာ ခန်းမရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

တစ်ချိန်တည်းမှာပဲ မြင့်မြတ်သော သိုင်းပညာ ခန်းမရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ အလျှင်အမြန် ပျံသန်းသွားခဲ့ကြပြီး နဂါးဖြူမျိုးနွယ်စုနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေလိုက်ကြပါပြီ။

“ကျွတ်စ… ကျွတ်စ… မြင့်မြတ်သော သိုင်းပညာ ခန်းမ ပီသပါပေတယ်။ သူတို့တွေက ထွက်ပေါ်လာချိန်တိုင်း အလွန်ကို ခမ်းနားထည်ဝါခဲ့ကြတယ်”

“ဟား ဟား ဟား… ဒီတစ်ခေါက် ပွဲကတော့ ကြည့်ကောင်းပြီ”

“…”

ကြားနေ အဖွဲ့အစည်း တော်တော်များများကလည်း သူတို့ရဲ့ မှော်ရတနာ ယာဉ်ပျံတွေကို ထိန်းချုပ်မောင်းနှင်ပြီး လမ်းဖယ်ပေးလိုက်ကြပါပြီ။ အင်အားကြီးနှစ်ခု ရင်ဆိုင်တိုက်ပွဲမှာ သူတို့ ကြားညှပ်သွားမှာကို စိုးရိမ်နေကြသလိုပါပဲ။

ဒီ ဒီ ဒီ

ရုတ်တရက်ဆိုသလိုပဲ နတ်ဘုရားအလင်းတန်းတစ်ခုဟာ ရွှေရောင်နန်းတော်ကြီးဆီကနေ ဖြာထွက်လာခဲ့ပြီး သိပ်သည်းလှတဲ့ ဝိညာဉ်စွမ်းအင် ဖိအားကို ထုတ်လွှတ်လာခဲ့ပါပြီ။ စကြ၀ဠာ တည်ရှိမှုတောင်မှ ဒီဖိအားကို ရင်ဆိုင်နိုင်စွမ်းမရှိတော့ပဲ ဆက်တိုက် ပြိုကျပျက်စီးလာပါတော့တယ်။

ချက်ချင်းဆိုသလိုပဲ နတ်ဘုရား အလင်းတန်းဟာ အနည်းငယ်လောက် တုန်လှုပ်သွားခဲ့ပြီး သက်တန့်ရှည်ကြီး တစ်ခုအသွင်နဲ့ ကောင်းကင်ဘုံ ခြူးပျံဆီ ဦးတည်ပျံသန်းသွားပါတော့တယ်။

ဒီတဒင်္ဂအတွင်းမှာတော့ ချင်းကျူနဲ့ မပေါ်ထွက်လာသေးတဲ့ နဂါးအကြီးအကဲတို့ကလွဲရင် ကောင်းကင်ဘုံခြူးပျံထဲက ကျန်တန်ခိုးရှင် အားလုံး တုန်လှုပ်စွာနဲ့ အနောက်ကို ဆုတ်လိုက်မိကြပါပြီ။

နတ်ဘုရားအလင်းတန်းဟာ ကောင်းကင်ဘုံ ခြူးပျံကို ထိမှန်လုလု အချိန်မှာပဲ ရုတ်တရက်ဆိုသလို လေထဲ ရပ်တန့်သွားခဲ့ပါပြီ။

နောက်တဒင်္ဂမှာတော့ နတ်ဘုရားအလင်းတန်းဟာ လွင့်ပြယ်သွားခဲ့ပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတဲ့ မျက်ခုံးကောင်းကောင်းနဲ့ တောက်ပတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ လူကြီးတစ်ဦး အားလုံးအရှေ့ ပေါ်ထွက်လာပါတော့တယ်။ သူ့အနောက်မှာ ရှိနေတဲ့ စက်ဝိုင်းပုံအလင်းရောင်ခြည် စက်ကွင်းဟာ အလွန်ကို တောက်ပလွန်းလှပါတယ်။

ဒီနေရာမှာရပ်နေရုံတဲ့ ပြင်းထန်တဲ့ ဖိအားကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ သူ့အော်ရာအရှိန်အဝါဟာ အတိုင်းအဆမဲ့ ခမ်းနားထည်ဝါပြီး စကြ၀ဠာတည်ရှိမှု အားလုံးဟာ သူ့ထိန်းချုပ်မှုအောက် ဝပ်ဆင်းခယနေသလိုပါပဲ။

“အရမ်းကို ကြောက်ဖို့ကောင်းတဲ့ အော်ရာအရှိန်အဝါပဲ”

မိုးကြိုးသားရဲ မျိုးနွယ်က တန်ခိုးရှင်လည်း တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး တုန်လှုပ်စွာ ပြောလိုက်ပါပြီ။

“သူက မြင့်မြတ်သော သိုင်းပညာ ခန်းမရဲ့ လက်ထောက်ခန်းမရှင် ချူရှောင်ပဲ”
လောင်ကွမ်လည်း လေးနက်တည်ကြည်တဲ့အသံနဲ့ ပြောလိုက်ပါတော့တယ်။

“ဟင်… သူက နတ်ဘုရားတစ်ပိုင်းအဆင့် တန်ခိုးရှင်ပေါ့”

အားလုံး မျက်စိမျက်နှာ ပျက်သွားခဲ့ကြပါပြီ။

နဂါးဖြူမျိုးနွယ်စုနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ အတွက် ချူရှောင်ဟာ အိပ်မက်ဆိုးအလား တည်ရှိမှု တစ်ခုပါပဲ။ မရေမတွက်နိုင်အောင် များပြားလှတဲ့ နဂါးဖြူမျိုးနွယ်ဝင်တွေနဲ့ မိစ္ဆာသားရဲ အများအပြား သူ့လက်အောက် သေဆုံးသွားခဲ့ပြီးပါပြီ။ သူဟာ မြင့်မြတ်သော သိုင်းပညာ ခန်းမထဲမှာ အန္တရာယ်အပေးနိုင်ဆုံးလူတစ်ဦးလို့ ဆိုရမှာပါ။

မြင့်မြတ်သော သိုင်းပညာ ခန်းမရဲ့ လက်ထောက်ခန်းမရှင် ကိုယ်တိုင် နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို တက်ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ပါဘူး။

“လောင်ကန်.. ထွက်လာခဲ့ချေ။ မင်းအထဲမှာ ရှိနေတာ ငါသိတယ်”

ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူကြီးက ကောင်းကင်ဘုံ ခြူးပျံကို ငုံ့ကြည့်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်ပါပြီ။

“လောင်ကန်.. လောင်ကန်ဆိုတာ ဘယ်သူလဲ”

တချို့တွေ နားမလည်နိုင်အောင် ဖြစ်သွားကြပါတော့တယ်။

“လောင်ကန်ကို မသိဘူးလား။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း သိန်းချီကြာမြင့်ခဲ့တဲ့ အချိန်တုန်းက နဂါးဖြူမျိုးနွယ်စုရဲ့ မဟာပါရမီရှင် တစ်ဦးပေါ့.. နေဦး.. လောင်ကန်က ဒီကို ရောက်နေတယ်လား”

စကားဆုံးသွားတာနဲ့ ကောင်းကင်ဘုံ ခြူးပျံအတွင်းကနေ နတ်ဘုရားအလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီး ကျောက်တုံးတွေကို ကွဲကြေသွားစေတဲ့ ရွှေတုံးတွေကိုပါ အပေါက်ဖြစ်သွားစေတဲ့ နဂါးဟိန်းသံကြီးပါ ပေါ်ထွက်လာပါတော့တယ်။

ပြီးသွားတာနဲ့ ဆံပင်ဖြူဖွေးနေတဲ့ အဘိုးအိုတစ်ဦး ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူကြီးနဲ့ မျက်နှာချင်းဆိုင်မှာ ပေါ်ထွက်လာခဲ့ပါပြီ။

ခမ်းနားထည်ဝါတဲ့ ဩဇာအာဏာကြီးမားလှတဲ့ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူကြီးနဲ့ ယှဉ်လိုက်ရင် အဘိုးအိုရဲ့ အော်ရာအရှိန်အဝါဟာ သိပ်ပြီးမထင်ရှားလှတော့ပါဘူး။ ဒါပေမဲ့ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူကြီးရဲ့ ဝိညာဉ်စွမ်းအင် ဖိအား တိုက်ခိုက်မှုကို ခံနေရပေမဲ့လည်း အဘိုးအိုဟာ တည်ငြိမ်အေးဆေးစွာ ရပ်မြဲ ရပ်နေခဲ့ပါတယ်။

“နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို ဦးဆောင်သူက နဂါးအကြီးအကဲ ဖြစ်နေလို့ တော်သေးတယ်။ မဟုတ်ဘူးဆိုရင် အကျိုးဆက်က မတွေးဝံ့စရာပဲ”
လောင်ကွမ်လည်း အခုမှ စိတ်ထဲကနေ သက်ပြင်းချပြီး စိတ်သက်သာရာ ရခဲ့ပါတယ်။

ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူကြီးလည်း ခေါင်းမော့ပြီး အားရပါးရ ရယ်မောလိုက်ပါပြီ။ သူ့မျက်လုံးတွေထဲ တိုက်ခိုက်လိုတဲ့ စိတ်အားထက်သန်မှုတွေ လောင်ကျွမ်းနေခဲ့ပါတယ်။

“ချူရှောင်.. ဒီနေရာမှာ မင်းက တိုက်ခိုက်ချင်လို့လား”
လောင်ကန်ဆိုသူ အဘိုးအိုက မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြောလိုက်ပါပြီ။

“အမှန်ပဲပေါ့”

ချူရှောင် ပြုံးလိုက်ပါတော့တယ်။ သူ့ဝိညာဉ်စွမ်းအင်ဟာ လှိုင်းတွေအဖြစ် ဆက်တိုက် ဖြာထွက်လာခဲ့ပါပြီ။ ဒီဝိညာဉ်စွမ်းအင်လှိုင်းတွေ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် စကြ၀ဠာတည်ရှိမှု ပျက်စီးသွားခဲ့ပြီး မရေမတွက်နိုင်တဲ့ ရေစီးကြောင်းတွေအဖြစ် ကောင်းကင်ဘုံ ခြူးပျံဆီ ဦးတည်ဝင်ရောက်လာပါတော့တယ်။

“ကလေးကွက်တွေ”

လောင်ကန်လည်း နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ပါပြီ။ ချက်ချင်းဆိုသလို မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ ချူရှောင်ကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းတွေဟာ ကောင်းကင်ဘုံခြူးပျံဆီ မရောက်ရှိခင်မှာပဲ မုန်တိုင်းကြီးကြောင့် လွင့်ပြယ်သွားခဲ့ပါပြီ။

ဒီမှာတင်သာ မရပ်တ့်ပဲ စကြ၀ဠာအတွင်း လောင်ကန်ကို ဗဟိုပြုပြီး အမျိုးမျိုးသော နိမိတ်လက္ခဏာတွေပါ ဖြစ်ပေါ်လာပါတော့တယ်။ နိမိတ်လက္ခဏာတိုင်းဟာ စာဖွဲ့လို့မရနိုင်တဲ့ အဖျက်စွမ်းအင်တွေ ပါဝင်နေတာကိုပါ တွေ့ရမှာပါ။ ဒီနိမိတ်လက္ခဏာတွေကနေ ဖြာထွက်လာခဲ့တဲ့ စွမ်းအင်လှိုင်းတွေဟာ မဟာစကြ၀ဠာ ဒဿမ အဆင့် တနခိုးရှင်တွေကိုပါ ဒဏ်ရာအပြင်းအထန် ရရှိသွားစေဖို့ လုံလောက်နေပါပြီ။

ဒါကတော့ နတ်ဘုရားတစ်ပိုင်း တန်ခိုးရှင်နဲ့ မဟာစကြ၀ဠာအဆင့် တန်ခိုးရှင်တို့ရဲ့ ကွာခြားချက်ပါပဲ။

“အစပိုင်းမှာ ကတည်းက နတ်ဘုရားသိုင်းပညာကို အသုံးပြုနေရပြီလား”

သူ့တိုက်ခိုက်မှု လွင့်ပြယ်သွားခဲ့တဲ့အတွက် ချူရှောင်တစ်ယောက် ရယ်မောနေရာကနေ ဒေါသထွက်နေတဲ့ လေသံအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

“ကောင်းပြီလေ။ ဒီတော့ ငါလတ်တလော တီထွင်ထားတဲ့ နတ်ဘုရားသိုင်းပညာကို မင်းမြည့်ကြည့်လိုက်ပေတော့… ဟာ… နဂါးမသား.. ရပ်စမ်း”

ချူရှောင်တစ်ယောက် နတ်ဘုရားသိုင်းပညာ အသုံးပြုဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ လောင်ကန်ကြောင့် ဖြစ်ပေါ်လာတဲ့ နိမိလက္ခဏာ တစ်ခုဟာ အချိန်တစ်ခုအတွင်း ရွှေရောင်နန်းတော်ကြီးဆီ ပျံသန်းဝင်ရောက်သွားတာကို တွေ့လိုက်ရပါပြီ။

ဒီတိုက်ခိုက်မှုကိုသာ ရင်ဆိုင်လိုက်ရရင် ရွှေရောင်နန်းတော်ကြီးတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ဒါ့အပြင် နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို တက်ရောက်ကြတဲ့ မြင့်မြတ်သော သိုင်းပညာ ခန်းမက ပါရမီရှင်တွေပါ တစ်ခါတည်း သေဆုံးသွားရမှာပါ။

ဒီပါရမီရှင်တွေဟာ မြင့်မြတ်သော သိုင်းပညာ ခန်းမရဲ့ အနာဂတ်ပဲ မဟုတ်လား။ ဒါကြောင့် ချူရှောင် စိုးရိမ်သွားခဲ့တာပါ။

ကံကောင်းချင်တော့ ချူရှောင် အချိန်မီ လှုပ်ရှားနိုင်ခဲ့ပါတယ်။ နိမိတ်လက္ခဏာ မကျဆင်းလာခင်မှာပဲ ချူရှောင်ရဲ့ဝိညာဉ်စွမ်းအင်က ကာကွယ်ပေးနိုင်ခဲ့တာကြောင့် အားလုံး ဘေးမသီရန်မခ လွတ်မြောက်သွားခဲ့ပါပြီ။

ချူရှောင်လည်း ဒေါသတကြီး အော်ပြောလိုက်ပါတော့တယ်။

“သောက်အဘိုးကြီး… မင်းက တော်တော်ကို အရှက်မရှိတော့ပါလား”

လောင်ကန်ကတော့ နှာခေါင်းရှုံ့လိုက်ပြီး
“မင်းကို ငါက အရင်မေးရမှာ မဟုတ်ဘူးလား”

“…”

ချူရှောင်လည်း ပါးစပ်ဟလျက် ဆွံ့အသွားခဲ့ပါပြီ။

ပြောရရင် သူကော လောင်ကန်ကော အော်ပြောစရာမလိုပဲ အားလုံးကို သိထားပြီးသားပါ။

“မင်းဆက်ပြီး တိုက်ခိုက်ချင်သေးလား”

လောင်ကန်ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ ရွှေရောင်နန်းတော်ကြီးကို တိုက်ခိုက်လိုက်တာက ချူရှောင်တစ်ယောက် ဆုံးဖြတ်ချက်ကို ပြန်ပြီး စဉ်းစားစေဖို့ပါ။ ဒီတော့မှပဲ ချူရှောင်တစ်ယောက် ဒီနေရာမှာ တိုက်ခိုက်ပြီး ကောင်းကင်ဘုံကို ခြူးပျံကို ဖျက်ဆီးမယ့် ဆုံးဖြတ်ချက်ကို ပြန်ပြင်နိုင်ပါလိမ့်မယ်။

“မတိုက်ခိုက်တော့ဘူး။ မတိုက်ခိုက်တော့ဘူး”

ချူရှောင်လည်း ခေါင်းကို ခါယမ်းလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်ပါပြီ။ သူရယ်မောလိုက်ပါတော့တယ်။

“ဒါပေမဲ့ .. ငါစဉ်းစားနေတယ်။ ဒီကောင်လေးတွေရဲ့ အသက်ကို စတေးပြီး မင်းတို့ရဲ့  မြင့်မြတ်သော နတ်မိမယ်နဲ့ လဲရမလားလို့ပေါ့။ အဲဒီလိုဆိုရင် ဘယ်သူက ပိုပြီး အကျိုးအမြတ် ရမလဲ မသိဘူးနော်”

အခုလက်ရှိ အချိန်မှာတော့ လောင်ရှောင်ယုနဲ့ ယှဉ်နိုင်တဲ့ ပါရမီရှင်မျိုး မြင့်မြတ်သော သိုင်းပညာ ခန်းမမှာ မရှိသေးပါဘူး။

ဒါကြောင့် ချူရှောင်အနေနဲ့ မြင့်မြတ်သော သိုင်းပညာ ခန်းမက ဒီပါရမီရှင်တွေကို စတေးလိုက်ရင်တောင်မှ လောင်ရှောင်ယုကို သတ်နိုင်မယ်ဆိုရင် တန်တယ်ပဲ ဆိုရမှာပါ။

ဒီအချိန်မှာတော့ ချူရှောင်ရဲ့ အကြည့်ဟာ ကောင်းကင်ဘုံ ခြူးပျံအတွင်း ရှိနေတဲ့ လောင်ရှောင်ယုဆီ ရောက်ရှိသွားခဲ့ပါပြီ။

ဟူး

ချက်ချင်းဆိုသလို အဖြူရောင်အလင်းတန်းတစ်ခုက ချူရှောင်ရဲ့ အကြည့်ကို တားဆီးလိုက်ပါတော့တယ်။ လောင်ကန်လည်း အသံနက်ကြီးနဲ့ ပြောလိုက်ပါပြီ။

“ဒီတော့ မင်းမှာ အစွမ်းရှိသလားပဲကြည့်ရတော့မယ်”

“အိုး… ငါစမ်းကြည့်ရမလား”
ချူရှောင် ပြုံးလိုက်ပါတော့တယ်။

သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်လိုက်ချိန်မှာ အချိန်စီးဆင်းမှု ရပ်တန့်သွားခဲ့ပါပြီ။

နောက်ထပ် တိုက်ပွဲကြီးတစ်ခု ထပ်မံ ဖြစ်ပွားလာတော့မယ့် အချိန်မှာပဲ အဝေးတစ်နေရာမှာ စကြ၀ဠာ တည်ရှိမှု လိမ်တွန့်သွားခဲ့ပြီး နောက်ထပ် ထိပ်တန်းအဖွဲ့အစည်းကြီးတစ်ခု ရောက်ရှိလာခဲ့ပါပြီ။

မကြာခင်မှာတော့ လုံး၀ကို နက်မှောင်နေတဲ့ စစ်သင်္ဘောကြီး တစ်စီးဟာ စကြ၀ဠာ လမ်းကြောင်းအတိုင်း ပျံသန်းပေါ်ထွက်လာခဲ့ပြီး ရွှေရောင်နန်းတော်ကြီးရဲ့ အရှိန်အဝါနဲ့ ယှဉ်ပြိုင်လာခဲ့ပါပြီ။

ထူးဆန်းတာကတော့ ရွှေရောင်နန်းတော်ကြီးကနေ ဖြာထွက်နေတဲ့ အလင်းရောင်တွေဟာ ဒီစစ်သင်္ဘောကြီးကို မလွှမ်းခြုံနိုင်ခဲ့တာပါပဲ။ စစ်သင်္ဘောကြီးအနား ရောက်ရှိတာနဲ့ အလင်းရောင်တွေအားလုံး ဝါးမျိုခြင်း ခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ပါပြီ။ အဖြစ်အပျက်က အလွန်ကို ထူးခြားလွန်းလှပါတယ်။

“အဲဒါ မိစ္ဆာမျိုးနွယ်စုရဲ့ စစ်သင်္ဘောပဲ”
လောင်ရှောင်ယု တိုးတိုးလေး ပြောလိုက်ပါပြီ။

ချင်းကျူ မှင်သက်သွားပါတော့တယ်။ ဒီနေရာမှာ မိစ္ဆာမျိုးနွယ်စုဆိုတာ ရှိမယ်လို့ မထင်မထားမိခဲ့ပါဘူး။

“နတ်ဘုရားလောကကလည်း မပွင့်သေးဘူး။ မင်းတို့နှစ်ယောက် ဒီနေရာမှာ မတိုက်ခိုက်ဖို့ပဲ ငါအကြံပေးချင်တယ်”

ချင်းကျူတစ်ယောက် ဝိညာဉ်အာရုံနဲ့ စစ်ဆေးဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ အမှောင်ထု လွှမ်းခြုံထားတဲ့ နတ်ဘုရားတစ်ပိုင်း တန်ခိုးရှင်တစ်ဦးဟာ ချူရှောင်နဲ့ လောင်ကန်တို့အကြား ပေါ်ထွက်လာခဲ့ပါပြီ။

“မိစ္ဆာသခင်.. မင်းက ဆရာကြီး ဝင်လုပ်တာလား”

ချူရှောင် မျက်မှောင်ကြုတ်လိုက်ပါတော့တယ်။

“ငါလည်း စပ်စုတာကို မကြိုက်ပါဘူး။ ဒါပေမဲ့ အခုကိစ္စကြောင့် နတ်ဘုရားလောကပွင့်လာမယ့် အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့မယ်ဆိုရင် မင်းကို ငါအရင်ဆုံး ရှင်းလိုက်ဖို့လည်း ဝန်မလေးပါဘူး”

အနက်ရောင်အရိပ်ဖြစ်တဲ့ မိစ္ဆာသခင်ဆိုသူက ပြန်ပြောလိုက်ပါပြီ။

“မင်း”

ချူရှောင်ဒေါသူပုန်ထသွား ခဲ့ပါပြီ။ ဒါပေမဲ့လည်း သူ့အနေနဲ့ နတ်ဘုရားတစ်ပိုင်း တန်ခိုးရှင် နှစ်ဦးကို တစ်ချိန်တည်းမှာ ရင်ဆိုင်ဖို့က မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် သူလက်လျှော့ဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။

တစ်ချိတည်းမှာပဲ မြူခိုးတွေအကြား ပုန်းအောင်းနေတဲ့ ကုန်းမြေတိုက်ကြီးဟာ စတင်လှုပ်ရှားလာခဲ့ပါပြီ။

နတ်ဘုရားလောက ပွင့်လာခဲ့ပြီ မဟုတ်လား။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 19
Chapter 14
ကောင်းကင်ဘုံသို့ တက်လှမ်းသော လှေခါးထစ်များ

ထိပ်တန်းအဖွဲ့အစည်းကြီး ၃ခုလုံး ရောက်ရှိလာချိန်မှာတော့ နတ်ဘုရားလောကဟာ တဖြည်းဖြည်းချင်း လှုပ်ရှားလာခဲ့ပြီး လောကဝင်ပေါက် ပွင့်သွားခဲ့ပါပြီ။

နတ်ဘုရားလောကကို လွှမ်းခြုံထားတဲ့ မြူခိုးတွေဟာ တဖြည်းဖြည်းချင်း လွင့်ပြယ်လာခဲ့ပြီး အထဲမှာ ရှိနေတဲ့ ရှုခင်းတွေကို တွေ့လာရပါတော့တယ်။

ဒါကို တွေ့လိုက်ရတော့ နတ်ဘုရားတစ်ပိုင်း တန်ခိုးရှင် ၃ ဦးဟာ ချက်ချင်းပဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ပြန်သွားကြပြီး အချိန်မရွေး ဝင်ရောက်နိုင်ဖို့ အသင့်ပြင်ဆင်လိုက်ကြပါပြီ။

မကြာခင်မှာတော့ မြူခိုးတွေဟာ လုံး၀ လွင့်ပြယ်သွားခဲ့ပြီး နတ်ဘုရားလောကကို အားလုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပါတော့တယ်။

နတ်ဘုရားလောကဟာ ထင်ထားသလို ဖြစ်မနေတဲ့အတွက် ချင်းကျူ အံ့အားသင့်သွားခဲ့ပါပြီ။ ဒီနေရာဟာ ပျက်စီးယိုယွင်းနေတဲ့ ကုန်းမြေတိုက်ကြီးတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။ နေရာတိုင်းလိုလိုမှာ ပြိုကျပျက်စီးနေတဲ့ တံတိုင်းကြီးတွေ ရှိနေသလို ပတ်ဝန်းကျင် ရာသီဥတုကလည်း အလွန်ကို ပြင်းထန်လွန်းလှပါတယ်။ ရှေးခေတ်အချိန်တုန်းက ကျန်ရစ်ခဲ့တဲ့ အပျက်အစီးလွင်ပြင်ဒေသ တစ်ခုလိုပါပဲ။

ဒီလို နေရာမျိုးဟာ တန်ခိုးရှင်တွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးပြီးတော့ အစစ်အမှန် နတ်ဘုရားအဆင့် တန်ခိုးရှင်တွေကို မွေးထုတ်ပေးနေတယ် ဆိုတာကတော့ ယုံရခက်ခက်ပဲ ဆိုရတော့မှာပါ။

“အထဲ ဝင်ကြစို့”
လောင်ကန်လည်း အမိန့်ပေးလိုက်ပါပြီ။

“ဟုတ်ကဲ့”

ကောင်းကင်ဘုံ ခြူးပျံကို ထိန်းချုပ်မောင်းနှင်နေတဲ့ နဂါးဖြူ တန်ခိုးရှင်လည်း ချက်ချင်းပဲ အမြန်ဆုံးနှုန်းနဲ့ မောင်းနှင်လိုက်ပါတော့တယ်။

တစ်ဖက်မှာတော့ ရွှေရောင်နန်းတော်ကြီးနဲ့ လုံး၀ နက်မှောင်နေတဲ့ စစ်သင်္ဘောကြီးတို့ဟာလည်း နတ်ဘုရားလောကဆီကို အမြန်ဆုံးနှုန်းနဲ့ ပျံသန်းလာနေကြပါပြီ။ တစ်ဦးဦးက အရင်စောပြီး ရောက်ရှိသွားမှာကို စိတ်ပူနေကြသလိုပါပဲ။

သူတို့ အနောက်မှာတော့ ထိပ်တန်းအဖွဲ့အစည်းတွေကို အပြစ်မပြုဝံ့ကြတဲ့ နောက်လိုက် လက်အောက်ခံ အဖွဲ့အစည်းတွေ လိုက်လာခဲ့ကြပါတယ်။

နောက်ဆုံးတော့ ထိပ်တန်းအဖွဲ့အစည်း သုံးခုဟာ တပြိုင်နက်တည်းလိုလိုမှာ နတ်ဘုရားလောကရဲ့ ကုန်းမြေတိုက်ကြီးထဲ ဝင်ရောက်သွားခဲ့ကြပါပြီ။ အားလုံးပဲ မျက်စိတဆုံး မြင်နေရသလို ကုန်းမြေတိုက်ကြီးဟာ အတိုင်းအဆမဲ့ ကျယ်ပြောပါတယ်။ ဒါပေမဲ့ မြင်ကွင်းထဲမှာ သက်ရှိတစ်ကောင်တမြီးမှ မမြင်တွေ့ရပါဘူး။ ဒါ့အပြင် အချိန်မရွေး မိုးကြိုးတွေ ဆက်တိုက် ကျဆင်းနေပြီး ကောင်းကင်ဘုံ တစ်ခုလုံး စုတ်ပြတ်သွားတော့မယ့်အတိုင်း ဖြစ်နေပါသေးတယ်။ ဒီနေရာက အလွန်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှပါတယ်။

“အင်း”

နတ်ဘုရားလောကထဲ ဝင်ရောက်လာချင်းချင်းမှာပဲ ချင်းကျူတစ်ယောက် တစ်ခုခု မူမမှန်တာကို ခံစားလိုက်ရပါပြီ။ တစ်ခုခုက သူ့ခန္ဓာကိုယ်ကို ဖိအားပေးလာသလိုပါပဲ။

ဒီခံစားချက်က လျစ်လျူရှုထားလို့ ရပေမဲ့လည်း တစ်ခုခု ခံစားနေရတာတော့ ချင်းကျူအတွက် သေချာခဲ့ပါတယ်။ ပြောရရင် နောက်ဆုံးအကြိမ်မှာ ပျံသန်းခွင့် တားမြစ် ၀င်္ကပါကို လျစ်လျူရှုမိခဲ့ပြီးချိန်ကစလို့ ပတ်ဝန်းကျင်ကို ချင်းကျူ အလေးအနက်ထား အာရုံစိုက်ဖြစ်ခဲ့တယ် ဆိုရမှာပါ။

ချင်းကျူ အူကြောင်ကြောင်ဖြစ်နေမှုကို သတိထားမိသွားသလိုပဲ လောင်ရှောင်ယု ရှင်းပြလိုက်ပါပြီ။

“နတ်ဘုရားလောကရဲ့ မြေဆွဲအားက အပြင်ကမ္ဘာတွေထက် ဆယ်ဆ ပိုပြီး ပြင်းထန်တယ်လေ။ ဒီနေရာမှာ ဝိညာဉ်စွမ်းအင်တွေကလည်း ပြင်းထန်စွာ ကန့်သတ်ခြင်း ခံထားရတယ်။ မဟာစကြ၀ဠာ အဆင့်အောက် တန်ခိုးရှင်တွေ အနေနဲ့ သူတို့အစွမ်း ထက်ဝက်လောက်ကို အသုံးပြုလို့ မရတော့ဘူး”

“ဟင်… မြေဆွဲအား ဆယ်ဆနဲ့ ဝိညာဉ်စွမ်းအင် ကန့်သတ်ထားမှု…”

ချင်းကျူလည်း အခုမှ နားလည်သွားပါတော့တယ်။

ဒါပေမဲ့ နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် သူတွေက မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တွေချည်းပါ။ မြေကမ္ဘာ ဆွဲအား ဆယ်ဆဆိုတာ သူတို့အတွက် ဘာမှ မဟုတ်တော့ပါဘူး။ ချင်းကျူအတွက် စာဖွဲ့စရာလည်း မဟုတ်တော့ပါဘူး။

“အဲဒါက ဘာလဲ”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်မိပါပြီ။

အဝေးမှာတော့ မိုးနဲ့မြေအကြား မားမားမတ်မတ် တည်ရှိနေတဲ့ တောင်ကြီးတစ်လုံးဟာ အားလုံးရဲ့ လမ်းကြောင်းကို ပိတ်ဆို့တားဆီးထားခဲ့ပါတယ်။ သူ့ဆီကနေ ရှေးခေတ်ဟောင်းရဲ့ အော်ရာအရှိန်အဝါတွေ ဖြာထွက်နေခြင်းဟာ ကမ္ဘာဦးသားရဲကြီးတစ်ကောင်က အားလုံးကို စူးစိုက်ကြည့်နေသလို တုန်လှုပ်သွားစေတဲ့ ခံစားချက်ကို ပေးစွမ်းနေပါသေးတယ်။

အထူးဆန်းဆုံးကတော့ တောင်ခြေကနေ တောင်ထိပ်အထိ ကျောက်လှေခါးထစ်တွေ ရှိနေခြင်းပါ။ ဒီလှေခါးထစ်တွေဟာ မျက်စိတဆုံးအထိ အဆုံးမရောက်သေးပါဘူး။ လှေခါးထစ် အရွှေတွက်ဟာ အနည်းဆုံးတော့ သောင်းဂဏန်း ရှိနိုင်ပါတယ်။

“အဲဒါကတော့ နတ်ဘုရားအင်းကွက် စင်မြင့်ရဲ့ ပထမဆုံး စမ်းသပ်စစ်ဆေးမှုပဲ။ ကောင်းကင်ဘုံသို့ တက်လှမ်းသော လှေခါးထစ်များတဲ့”
လောင်ရှောင်ယုလည်း တည်ကြည်လေးနက်စွာ ရှင်းပြလိုက်ပါတော့တယ်။

နတ်ဘုရားအင်းကွက် စင်မြင့်အတွက် စမ်းသပ်စစ်ဆေးမှု ကိုးဆင့်ရှိပါတယ်။ သူတို့အားလုံးက ကွဲပြားခြားနားနေကြပြီး စမ်းသပ်စစ်ဆေးမှု တစ်ခုစီဟာ အထူးစွမ်းရည်တစ်ရပ်ဆီကို ကိုယ်စားပြုထားပါသေးတယ်။

စမ်းသပ်စစ်ဆေးမှု ကိုးခုကို ဆက်တိုက် ကျော်ဖြတ်နိုင်မှသာ တစ်ဦးအနေနဲ့ နတ်ဘုရားအင်းကွက် စင်မြင့်ပေါ် တက်လှမ်းနိုင်မှာပါ။ ဒီလမ်းစဉ်ကို အစအဆုံးလျှောက်နိုင်ဖို့ မလွယ်ကူလှပါဘူး။

ကောင်းကင်ဘုံသို့ တက်လှမ်းသော လှေခါးထစ်များကတော့ ပထမဆုံး စမ်းသပ်စစ်ဆေးမှုပါ။

ဒီနေရာမှာ တစ်ဦးအနေနဲ့ ပျံသန်းလို့မရတော့ပဲ ခြေလျင်သာ တက်လှမ်းရမှာပါ။ တစ်ဦးရဲ့ ဝိညာဉ်စွမ်းအင်နဲ့ ခန္ဓာကိုယ်ဟာ လုံလောက်အောင် အစွမ်းမထက်ခဲ့ဘူးဆိုရင် ဒီစမ်းသပ်စစ်ဆေးမှုကို အောင်မြင်ဖို့ မလွယ်တော့ပါဘူး။

နဂါးဖြူ မျိုးနွယ်စု ဖြစ်နေပါစေ၊ မြင့်မြတ်သော သိုင်းပညာ ခန်းမ ဒါမှမဟုတ် မိစ္ဆာမျိုးနွယ် ဖြစ်နေပါစေ၊ တခြား အင်အားစုတွေ ဖြစ်နေပါစေ သူတို့အနေနဲံ အရင်ဆုံး ရပ်တန့်လိုက်ကြပြီး ပထမဆုံး လှုပ်ရှားသူကို စောင့်ဆိုင်းနေလိုက်ကြပါပြီ။

အချိန်ဘယ်လောက် ကြာသွားလဲ မသိလိုက်ခင်မှာ မြင့်မြတ်သော သိုင်းပညာ ခန်းမရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုက ပါရမီရှင် တစ်ဦးဟာ မစောင့်နိုင်တော့ပဲ အရင်ဆုံး ပျံသန်းလာခဲ့ပြီး ကောင်းကင်ဘုံသို့ တက်လှမ်းသော လှေခါးထစ်များဆီ ဆင်းသက်လာခဲ့ပါပြီ။

သူကတော့ မဟာစကြ၀ဠာ ဒုတိယအဆင့် ရောက်နေပြီဖြစ်တဲ့ လူငယ်လေး တစ်ဦးပါ။ သူဟာ အေးအေးလူလူ ရှိနေပြီးတော့ ကျောက်လှေခါးထစ် သုံးပုံတစ်ပုံလောက်ကို လျှင်မြန်စွာ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီနောက်ပိုင်းမှာတော့ လူငယ်လေးရဲ့ အမြန်နှုန်းဟာ သိသိသာသာ လျော့ကျသွားခဲ့ပြီး သူ့နဖူးကနေ ချွေးသီးချွေးပေါက်တွေ ကျဆင်းလာခဲ့ပါပြီ။ သူ့အနေနဲ့ ရှေ့ဆက်တိုးဖို့ ခက်ခဲလာပါတော့တယ်။

ပျံသန်းလို့မရတာ အပြင်ကို ဒီကျောက်လှေခါးထစ်တွေဟာ ကြောက်မက်ဖွယ် ကောင်းလှတဲ့ ဖိအားကို ပေးစွမ်းထားတာ မြင်တွေ့ရမှာပါ။ အထက်ကို ရောက်လာလေလေ ဖိအားဟာ ပိုပြီး ပြင်းထန်လာလေလေပါပဲ။

ဒါပေမဲ့ လူငယ်လေးဟာ ဆုံးဖြတ်ချက် ပြတ်သားခဲ့ပြီး လက်မလျှော့ခဲ့ပါဘူး။

ဆယ့်ငါးမိနစ် အကြာမှာတော့ နောက်ထပ် လှေခါးထစ် သုံးပုံတစ်ပုံကို လူငယ်လေး တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးကို ရောက်ရှိဖို့ သုံးပုံတစ်ပုံသော လှေခါးထစ်တွေသာ ကျန်ပါတော့တယ်။

“နောက်ဆုံးတော့ ပြီးဆုံးတော့မှာပါလား”

လူငယ်လေးလည်း နဖူးက ချွေးတွေကို သုတ်လိုက်ပါပြီ။ သူ့ခန္ဓာကိုယ်ကော စိတ်ခွန်အားတွေပါ တော်တော်လေး မောပန်းကုန်ခမ်းနေပါပြီ။ သူ့အနေနဲ့ အချိန်မရွေး လဲကျသွားနိုင်တဲ့ အခြေအနေမှာပါ။

အခု ပထမဆုံး စစ်ဆေးစမ်းသပ်မှုဟာ ဒီလောက်တောင် ခက်ခဲလိမ့်မယ်လို့ သူထင်မထားမိခဲ့ပါဘူး။ တခြား စမ်းသပ်စစ်ဆေးမှုတွေဆို ဘယ်လောက်တောင် ခက်ခဲမလဲလို့ သူတွေးနေမိခဲ့ပါတယ်။

ဒါပေမဲ့ အရမ်းကြောက်စရာကောင်းတယ်ဆိုတဲ့ အတွေးကို သူချက်ချင်း ပြန်ဖျောက်ပစ်လိုက်ပါပြီ။

လူငယ်လေး အနေနဲ့ ပထမ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်တော့မှာ တွေ့လိုက်ရတဲ့ အခါမှာတော့ တခြားအဖွဲ့အစည်းတွေလည်း ကျောက်လှေခါးထစ်ကို စတင် တက်လှမ်းလာကြပါတော့တယ်။ မဟာအဖွဲ့အစည်းကြီး ၃ ခုက တန်ခိုးရှင်တွေလည်း လှေခါးထစ်ကို စတင် တက်လှမ်းနေကြပါပြီ။

ဒါပေမဲ့ အခု အချိန်အထိ လောင်ရှောင်ယုတစ်ယောက် လှေခါးထစ်တွေကို မတက်လှမ်းသေးပါဘူး။

မဟာစကြ၀ဠာ ဒုတိယ အဆင့်နဲ့ ယှဉ်လိုက်ရင် တတိယအဆင့် တန်ခိုးရှင်တွေဟာ လှေခါးကို ပိုပြီး လွယ်လွယ်ကူကူ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဆယ်မိနစ် မပြည့်ခင်မှာပဲ ကျောက်လှေခါး သုံးပုံ နှစ်ပုံလောက်ကို သူတို့ တက်လှမ်းပြီးသွားခဲ့ပါပြီ။

လက်အောက်ခံ အဖွဲ့အစည်းတွေဟာ မဟာစကြ၀ဠာ စတုတ္ထအဆင့် ပါရမီရှင်တွေ မရှိခဲ့ပါဘူး။ နဂါးဖြူမျိုးနွယ်စု၊ မြင့်မြတ်သော သိုင်းပညာ ခန်းမနဲ့ မိစ္ဆာမျိုးနွယ်တို့မှာသာ ဒီလို ပါရမီရှင်မျိုးတွေ ရှိခဲ့ပါတယ်။

သူတို့ထဲမှာ မြင့်မြတ်သော သိုင်းပညာ ခန်းမရဲ့ နတ်ဘုရားသားတော်ဟာ အထူးချွန်ဆုံးလို့ ဆိုရမှာပါ။ သူဟာ လုံး၀မရပ်နားပဲ တောင်ထိပ်ကို ရောက်အောင် အမြန်ဆုံး တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ထပ် စမ်းသပ်စစ်ဆေးမှုကိုလည်း သူဖြတ်ကျော်ဖို့ အသင့်ဖြစ်နေပါပြီ။ မိစ္ဆာမျိုးနွယ်စုရဲ့ နတ်ဘုရားသားတော်ဟာ သူ့အနောက်ကနေ နီးကပ်စွာ လိုက်လာခဲ့ပြီး ကျော်တက်နိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။

အဆင့်နိမ့် လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင် တချို့လည်း ရှိပါသေးတယ်။ ကြံ့ခိုင်ပြီး ပြတ်သားတဲ့ နှစ်ဦးကလွဲရင် အများစုဟာ လှေခါးထစ်ရဲ့ သုံးပုံနှစ်ပုံကို ဖြတ်ကျော်ပြီးနောက်ပိုင်း ဖိအားတွေကို ရင်ဆိုင်နိုင်ခြင်း မရှိပဲ သွေးအန်ပြီး လဲကျသွားခဲ့ကြပါပြီ။

ဒီအတွက်ကြောင့် အကြီးအကျယ် အခမ်းနားဆုံး တွေ့ဆုံပွဲတစ်ခုဖြစ်တဲ့ နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲဟာ စတင်ပြီး ကသောင်းကနင်း အခြေအနေကို ရောက်ရှိလာပါတော့တယ်။

“ထူးဆန်းတယ်။ ဘာဖြစ်လို့ နဂါးဖြူ မျိုးနွယ်စုရဲ့ မြင့်မြတ်သော နတ်မိမယ်က မပေါ်ထွက်လာသေးတာလဲ”

“မြင့်မြတ်သော နတ်မိမယ်က ဒီတစ်ခေါက် မလိုက်လာသေးဘူးလား”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ စောနတုန်းကပဲ အပြင်မှာ ငါတွေ့လိုက်ရသေးတယ်လေ”

“…”

တန်ခိုးရှင် အများအပြားပဲ ဒီကိစ္စကို စိတ်ဝင်တစား ဆွေးနွေးနေခဲ့ကြပါတယ်။

လောင်ရှောင်ယုဟာ အခုတစ်ခေါက် နတ်ဘုရားအင်းကွက်တွေ့ဆုံပွဲရဲ့ မျိုးဆက်သစ်တွေထဲမှာ အစွမ်းအထက်ဆုံး မျိုးဆက်သစ်ပါ။ သူမ အနေနဲ့ ပါဝင်ခြင်း မရှိဘူးဆိုရင် သိပ်ပြီး ပျော်စရာကောင်းမှာ မဟုတ်တော့ပါဘူး။

လက်ထောက်ခန်းမရှင် ချူရှောင်နဲ့ မိစ္ဆာသခင်တို့တောင်မှ နည်းနည်း နားမလည်နိုင်အောင် ဖြစ်နေကြပါပြီ။ လောင်ရှောင်ယု ရောက်လာခဲ့တာ သူတို့ အတည်ပြုပြီး မဟုတ်လား။ ဘာဖြစ်လို့ သူမ မထွက်လာသေးတာလဲ။ ဘာကို စောင့်နေတာလဲ။

“ဆရာကြီး.. ကျွန်မ အလှည့်ရောက်တော့မယ်”

လောင်ရှောင်ယုလည်း ကောင်းကင်ဘုံသို့ တက်လှမ်းသော လှေခါးထစ်များကို လှမ်းကြည့်လိုက်ပြီး ယုံကြည်မှု အပြည့်နဲ့ ပြုံးလိုက်ပါပြီ။

သူမအနေနဲ့ တမင်သက်သက် နောက်ဆုံးအချိန်ကို စောင့်နေတာ မဟုတ်ပါဘူး။ နတ်ဘုရားအင်းကွက် စင်မြင့်ရဲ့ စမ်းသပ်စစ်ဆေးမှု ကိုးခုအကြောင်း ချင်းကျူကို ရှင်းပြနေတာကြောင့် ဒီလို နောက်ကျသွားခဲ့တာပါ။

“အော်.. ငါလည်း လိုက်ကြည့်ချင်သား”
ချင်းကျူလည်း ထူးမခြားနား မျက်နှာထားနဲ့ ပြောလိုက်ပါတော့တယ်။

“အဲ.. ဆရာကြီးက လိုက်ကြည့်မလို့လား”

လောင်ရှောင်ယု မှင်သက်သွားခဲ့ပါပြီ။ သူမ အလိုအလျောက်ပဲ ပြောလိုက်မိပါတော့တယ်။

“ဆရာကြီးက ဒီအချက်ကို မသိသေးတာ ဖြစ်မယ်။ ဒါပေမဲ့ နှစ်ပေါင်း ငါးထောင် သက်တမ်းအထက် ရှိတဲ့ သက်ရှိဟူသမျှ ဒီနတ်ဘုရားအင်းကွက် စင်မြင့်ရဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်ခွင့် မရှိတော့ပါဘူးရှင်”

ဒါက နတ်ဘုရားအင်းကွက် စင်မြင့်ရဲ့ စည်းကမ်းပါပဲ။ အမျိုးမျိုးသော အဖွဲ့အစည်းတွေဟာ နှစ်ပေါင်းထောင်ချီ အမှားအယွင်းတွေကို တွေ့ကြုံခဲ့ပြီးနောက်မှ ဒီအချက်ကို နားလည်လာခဲ့ကြပါတယ်။ အစစ်အမှန် နတ်ဘုရားအဆင့် တန်ခိုးရှင်တွေတောင်မှ ဒီစည်းကမ်းကို ပြောင်းလဲဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ မဟုတ်ဘူးဆိုရင် ဒီနေရာကို ဘာဖြစ်လို့ မျိုးဆက်သစ်တွေအတွက် ယှဉ်ပြိုင်တဲ့ နေရာတစ်ခုလို့ သတ်မှတ်ထားဦးမှာလဲ။ တစ်ဦးအနေနဲ့ မဟာစကြ၀ဠာ အဆင့်တစ်ဆယ်ကို ရောက်အောင် လေ့ကျင့်ပြီးမှ ဒီနေရာမှာ ဝင်ပြိုင်တော့မှာပေါ့။ အဲဒါဆိုရင် စမ်းသပ်စစ်ဆေးမှု ကိုးခုကို သူတို့ အောင်မြင်ဖို့ သေချာနေပါပြီ။

ပြောရရင် လောင်ရှောင်ယုရဲ့ အသက်အရွယ် အရ သူမ အနေနဲ့ စောင့်ဆိုင်းပြီး နောင်ကျမှ ဝင်ပြိုင်လို့ ရပါတယ်။ သူမသာ ကံကောင်းမယ်ဆိုရင် မဟာစကြ၀ဠာ သတ္တမအဆင့်ကို တက်လှမ်းနိုင်ပြီး အစစ်အမှန် နတ်ဘုရား ဖြစ်လာဖို့ ရာခိုင်းနှုန်းလည်း တိုးတက်လာမှာပါ။

ဒါပေမဲ့ အခုအချိန်က နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲကို ဝင်ရောက်ဖို့ အကောင်းဆုံး အချိန်လို့ လောင်ရှောင်ယု ခံစားမိနေခဲ့ပါတယ်။ ဆိုရိုးစကား တစ်ခုလိုပဲ ကောင်းကင်ဘုံဟာ သူတို့ စိတ်ကြိုက် စီမံခန့်ခွဲတတ်တယ် မဟုတ်လား။ သူမအနေနဲ့ ဒီစည်းကမ်းတွေအတိုင်း အတိအကျ လိုက်နာနေလို့ မဖြစ်သေးပါဘူး။ ဒီအတွက်ကြောင့်လည်း နဂါးဖြူမျိုးနွယ်ရဲ့ ဂိုဏ်းချုပ်ကြီးက သူမကို မဟန့်တားခဲ့တာပါ။

လောင်ရှောင်ယု အမြင်အရ ချင်းကျူဟာ အနည်းဆုံးတော့ မဟာစကြ၀ဠာအဆင့်တစ်ဆယ် တန်ခိုးရှင်တစ်ဦး ဖြစ်နေပါပြီ။  သူ့အနေနဲ့ အနည်းဆုံး နှစ်ပေါင်း ငါးထောင် သက်တမ်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုလုပ်ပြီး နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲက စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်လို့ရမှာပါလဲ။

“ငါသိပြီ။ အကောင်းဆုံးပဲပေါ့”

ချင်းကျူလည်း အများကြီး စဉ်းစားမနေတော့ပါဘူး။ လောင်ရှောင်ယုနဲ့အတူ ကောင်းကင်ဘုံသို့ တက်လှမ်းသော လှေခါးထစ်များရဲ့ တောင်ခြေကို ရောက်ရှိလာခဲ့ပါပြီ။

သူတို့ နှစ်ဦး ပေါ်ထွက်လာချိန်မှာတော့ အကြည့်အားလုံးက သူတို့နှစ်ဦးဆီ ကျဆင်းလာပါတော့တယ်။

“ကြည့်စမ်း.. အဲဒါက နဂါးဖြူ မျိုးနွယ်စုရဲ့ မြင့်မြတ်သော နတ်မိမယ်”

“အရမ်းကို ချောမောလှပတာပဲ”

“သူမက မျိုးဆက်သစ်တွေထဲ မဟာပါရမီရှင်လို့ ကျော်ကြားတယ်။ ပြီးတော့ မဟာစကြ၀ဠာ ပဉ္စမအဆင့်ကိုလည်း ရောက်နေပြီတဲ့”

“အဲ.. သူမ နံဘေးက တစ်ယောက်က ဘယ်သူလဲ။ ဘာဖြစ်လို့ သူ့ကို တစ်ခါမှ မမြင်ဖူးရတာလဲ”

“အဲ.. သူ့ကို ကြည့်ရတာ လူသား.. တစ်ဦးလိုပါပဲလား”

Continue Reading

You'll Also Like

2.3M 316K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
168K 22.3K 41
♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက...
344K 55.3K 65
Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transmigration Cannon Fodder's Record of Count...
41.3K 6.9K 29
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...