တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

50.3K 4K 178

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

8 - 14

542 44 2
By Azure5549

#အပူအပင်မဲ့အင်မော်တယ်
Book 16
Chapter 8
နေရာအနှံ့မှ ဂုဏ်ပြုလွှာများ

ပြောရရင် မဟာဂိုဏ်းကြီး ၃ ခုနဲ့ မဟာကလန်ကြီး ခြောက်ခုတို့ အားလုံးကို လောင်ကျန်းစေလွှတ်လိုက်တဲ့ လူထူးဆန်း တန်ခိုးရှင်ကြီးတွေက သတိပေးထားပြီးသားပါ။

ဒါကြောင့် ရှမ်းဟွမ်စွတ်ဂိုဏ်းက ရွှမ်းရီတောင်တန်းဂိုဏ်းကို အသိအမှတ်ပြုဖို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် အာခက်လျှို့ဝှက်ဂိုဏ်းနဲ့ ဓားဂိုဏ်းတို့အတွက် တော်တော်လေး အဆင်ပြေသွားခဲ့ပါတယ်။

ပြောရရင် အကြောင်းပြချက် ကောင်းကောင်းမရှိပဲနဲ့ မြေကမ္ဘာ သူတော်စင်တစ်ဦးကို ဘယ်သူကမှ သွားပြီး အပြစ်မပြုချင်ကြပါဘူး။

အထူးသဖြင့် ဒီမြေကမ္ဘာ သူတော်စင်ရဲ့ နောက်ကွယ်မှာ အလွန်အစွမ်းထက်တဲ့ အဖွဲ့အစည်းကြီး တစ်ခု ရှိနေနိုင်တယ် မဟုတ်လား။ သူတို့သာ သတိနည်းနည်း ပေါ့လျော့သွားမယ်ဆိုရင် သေလမ်းကို လျှောက်နေရပါလိမ့်မယ်။

ရွှမ်းရီတောင်တန်းဂိုဏ်းက သူတို့နဲ့ ရန်သူ မဖြစ်ချင်သေးသရွေ့ မိတ်ဆွေကောင်းတွေအဖြစ်ပဲ သတ်မှတ်ရမှာပါ။

ရွှမ်းရီတောင်တန်းဂိုဏ်းက တောင်ကြားဒေသ…

ဝိညာဉ်ကွန်ရက်ကို ကြည့်လိုက်ပြီးချိန်မှာတော့ ချင်းကျူတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။

ပြောရရင် ပိုင်ရီကော မုဇီချီကော စတုတ္ထမြောက် မဟာဂိုဏ်းကြီးတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။

အရင်ကပြောထားသလိုပါပဲ။ ပိုင်ရီရဲ့ စိတ်နေသဘောထားဟာ ချင်းကျူနဲ့ တူညီတယ် ဆိုရမှာပါ။ ဆေးဝါးဖော်စပ်ခြင်းနဲ့ တရားကျင့်ကြံတာကလွဲရင် သူဘာကိုမှ စိတ်မဝင်စားပါဘူး။ မဟုတ်ဘူးဆိုရင် မူလတာအို သူတော်စင်အဆင့်ကို ရောက်တဲ့အခါ နယ်မြေချဲ့ထွင်ခြင်းတွေကို ဆောင်ရွက်လာမှာပါ။

ပိုင်ရီရဲ့ စိတ်နေသဘောထားကြောင့်သာ မဟုတ်ဘူးဆိုရင် မဟာကလန်ကြီး ခြောက်ခုအနေနဲ့ တောက်ပသော မြို့တော်ကိုလည်း သိမ်းပိုက်နိုင်လိမ့်မယ် မဟုတ်ပါဘူး။

မုဇီချီကလည်း မူလကတည်းက လျှို့ဝှက်ကလန်ကြီးတစ်ခုက ဖြစ်တာကြောင့် အပြင်လောကကို စိတ်မဝင်စားခဲ့ပါဘူး။ ပြီးတော့ မုကလန်ကနေ သူမ ထွက်ခွာလာပြီးနောက်မှာ သူမ လိုချင်တဲ့သူဖြစ်တဲ့ ပိုင်ရီကို ရပြီးဖြစ်တာကြောင့် ဘာကြောင့်များ တခြား ဘွဲ့အမည်တွေကို စိတ်ဝင်စားနေရဦးမှာလဲ။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ရွှမ်းရီတောင်တန်းဂိုဏ်းဟာ မိုးကြိုးလေပြည်ဂိုဏ်း နေရာကို အစားထိုး ဝင်ရောက်လာခဲ့တဲ့ မဟာဂိုဏ်းကြီးတစ်ခုအဖြစ်တော့ စာရင်းဝင်သွားခဲ့ပါပြီ။

ဝိညာဉ်ကွန်ရက်မှာ အစပိုင်းတုန်းက မယုံကြည်မှုတွေဟာ အခုအချိန်မှာတော့ ဂုဏ်ပြုစကားတွေ အဖြစ် ပြောင်းလဲသွားကြပါတော့တယ်။

အစပိုင်းမှာတုန်းကတော့ မြေကမ္ဘာ သူတော်စင်အဆင့် တန်ခိုးရှင်တစ်ဦး ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ရုတ်တရက် ပေါ်ထွက်လာတဲ့အတွက် လူတွေက လက်မခံနိုင်အောင် ဖြစ်နေခဲ့ကြပါတယ်။

အခုတော့ မဟာဂိုဏ်းကြီး ၃ ခုက အသိအမှတ် ပြုလိုက်ပြီ ဖြစ်တာကြောင့် ဘယ်သူကများ ဘာပြောဝံ့တော့မှာလဲ။

နှစ်ရက် အကြာမှာတော့ မဟာကလန်ကြီး ခြောက်ခုဟာ ရွှမ်းရီတောင်တန်းဂိုဏ်းဆီကို တမန်တော်တွေ စေလွှတ်လိုက်ပြီး ပတ်ဝန်းကျင် နယ်မြေတွေက ဆုတ်ခွာကြောင်းကို ကြေညာလိုက်ပါပြီ။ တောက်ပသော မြို့တော်ကိုလည်း သူတို့ လက်လွှတ်ခံပြီး ပေးအပ်လိုက်ကြပါတော့တယ်။

ကလန်ကြီး ခြောက်ခုရဲ့ ခေါင်းဆောင်ကြီးတွေဟာ ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချခဲ့ကြရတာပါ။

မတတ်နိုင်ဘူးလေ။ ရွှမ်းရီတောင်တန်းဂိုဏ်းမှာသာ မူလတာအို သူတော်စင် နှစ်ဦးပဲ ရှိနေမယ်ဆိုရင် သူတို့အနေနဲ့ ဘာမှမဖြစ်သလို ဆက်နေပြီး တောက်ပသော မြို့တော်ကို ဆက်လက်ထိန်းသိမ်းနိုင်ဦးမှာပါ။

ဒါပေမဲ့ အခုတော့ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ မြေကမ္ဘာ သူတော်စင်တစ်ဦး ရှိနေပါပြီ။ သူတို့တွေက နေရာမှာ ဆက်နေပြီး ဘာမှမလုပ်ပဲ နေကြမှာမှ မဟုတ်တာ။ သူတို့သာ အချိန်မီ နောက်မဆုတ်ထားဘူးဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲ။ စွန်းစားပြီးတော့ ရွှမ်းရီတောင်တန်းဂိုဏ်းကို သူတို့ ရင်မဆိုင်ဝံ့တော့ပါဘူး။

မဟာကလန်ကြီး ခြောက်ခု ပူးပေါင်းလိုက်မယ်ဆိုရင်တောင်မှ ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သိထားပြီးသား မဟုတ်လား။

အခုလိုမျိုး ဗျူဟာကျကျ နောက်ဆုတ်လိုက်ခြင်းကြောင့် သဘောထားတွေ ပျော့ပျောင်းသွားနိုင်ပါတယ်။ ရွှမ်းရီတောင်တန်းဂိုဏ်းအနေနဲ့လည်း သူတို့ကို နောင်အချိန် မျက်နှာသာအနည်းငယ်လောက် ပေးကောင်း ပေးလာနိုင်သေးတယ် မဟုတ်လား။

ပိုင်ရီက တောက်ပသော မြို့တော်ကို စိတ်မဝင်စားပေမဲ့လည်း အခုလိုမျိုး လက်ဆောင်အဖြစ် ပေးအပ်လာချိန်မှာတော့ ငြင်းဖို့အတွက်လည်း မစဉ်းစားနေပါဘူး။ (ဘာလို့ ငြင်းရမှာလဲနော်။ အားနာစရာကြီး။ ပကျူး ပကျူး ပကျူး)

တောက်ပသော မြို့တော်ဟာ ကီလိုမီတာ ၅၀၀၀ အတွင်းမှာ အကြီးမားဆုံး မြို့တော်ကြီး ဖြစ်ရုံတင်မက သူ့ရဲ့ တည်နေရာဟာ အလွန်ကို ထူးခြားနေခဲ့ပါတယ်။ တန်ခိုးရှင်တွေဟာ မကြာမကြာ ဒီမြို့တော်ကို ဖြတ်သန်းသွားလာကြစမြဲပါ။

တောက်ပသော မြို့တော်ကြီးကို ထိန်းချုပ်နိုင်ခြင်းဟာ ဒီပတ်ဝန်းကျင်က သိုင်းတာအို အဖွဲ့အစည်းအားလုံးကို ထိန်းချုပ်လိုက်ခြင်းလိုပါပဲ။

ဒီလို ကိစ္စအတွက် ပထမအကြီးအကဲ ဝမ်ချွမ်ဟာ ရွှမ်းရီတောင်တန်းဂိုဏ်းကို ကိုယ်စားပြုပြီး မဟာကလန်ကြီး ခြောက်ခုဆီကနေ တောက်ပသော မြို့တော်ကို လွှဲပြောင်းပြီး လက်ခံရယူခဲ့ပါတယ်။

ရွှမ်းရီတောင်တန်းဂိုဏ်းက သူ့ကို ကျောထောက်နောက်ခံ ပြုထားပေးပြီးဖြစ်တာကြောင့် ပထမအကြီးအကဲ ဝမ်ချွမ်ဟာ ဘယ်သူကမှ သူ့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူးဆိုတာကို နားလည်ထားပြီးသားပါ။

ဒါ့အပြင် ပိုင်ရီဟာ ပထမအကြီးအကဲကို အဖော်ပြုဖို့အတွက် တမ်ကိုပါ အထူးညွှန်ကြားပြီး စေလွှတ်ပေးလိုက်ပါသေးတယ်။

ချင်းကျူကတော့ တောင်ကြားဒေသမှာပဲ ဒီအတောအတွင်း နေထိုင်ဖြစ်ခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း အရက်သောက်လိုက် သီချင်းဆိုလိုက်ကလွဲရင် သူ့အနေနဲ့ အိပ်ချင်အိပ် မဟုတ်ဘူးဆိုရင် လောင်ဝေဝေနဲ့ စကားစမြည် ပြောဖြစ်စမြဲပါ။ သူ့အတွက် နေ့ရက်တွေဟာ အေးချမ်းပြီး သက်တောင့်သက်သာ ရှိလှပါတယ်။

တစ်ခုပဲ ပြောဖို့ ရှိတာက လောင်ဝေဝေရဲ့ တိုးတက်နှုန်းဟာ ပိုပြီး မြန်ဆန်သည်ထက် မြန်ဆန်လာနေတာပါ။ ဒါ့အပြင် သူမဟာ စာဖွဲ့လို့ မရနိုင်တဲ့ ခံစားချက်တစ်ခုကို ခံစားနေရကြောင်းလည်း ပြောပြာလာခဲ့ပါတယ်။ သူမ ခန္ဓာကိုယ်ထဲ တစ်ခုခု နှိုးထလာတဲ့ ခံစားချက်မျိုးပါပဲ။

ချင်းကျူကတော့ ဒီကိစ္စကို သိပ်ပြီး စိတ်မဝင်စားပါဘူး။ ဒါက သူမရဲ့ သွေးမျိုးဆက်ကို အင်းခတ်ပိတ်ဆို့ထားတာ အချိန်ကြာမြင့်သွားခဲ့တာကြောင့် ခန္ဓာကိုယ်စတင်ပြောင်းလဲလာခြင်းလို့ပဲ သတ်မှတ်ခဲ့ပါတယ်။

ဒီနေ့မှာတော့ နေရောင်ခြည်ဟာ တောက်ပလွန်းပြီး လေပြည်ဟာ အေးမြနေခဲ့ပါတယ်။

ချင်းကျူကတော့ တောင်စွန်းမှာ လဲလျောင်းရင်း အိပ်စက်နေပါပြီ။ တစ်ခုခု အနားကို ချည်းကပ်လာတယ်လို့ ချင်းကျူ ခံစားလိုက်ရပါတော့တယ်။ ဒါနဲ့ မျက်လုံးကို ဖွင့်ပြီး ကြည့်လိုက်တော့ ပိုင်ရီဖြစ်နေတာကို တွေ့လိုက်ရပါပြီ။

“ဘာဖြစ်ပြန်ပြီလဲ အစ်ကိုကြီး”
ချင်းကျူလည်း ပျင်းရိစွာ အညောင်းဆန့်လိုက်ပါတော့တယ်။ ပုံမှန်လေသံနဲ့ပဲ လှမ်းမေးလိုက်ပါပြီ။

ပိုင်ရီဟာ ကိုယ်တိုင် ကိုင်တွယ်နိုင်ခြင်း မရှိတော့တဲ့ ကိစ္စမျိုးကို ကြုံတွေ့ရတော့မှာသာ သူ့ဆီရောက်လာတတ်တယ်လို့ ချင်းကျူ မြင်ခဲ့ပါတယ်။

“အဲ… ဒီတလောမှာ ရွှမ်းရီတောင်တန်းဂိုဏ်းက မဟာဂိုဏ်းကြီး လေးခုထဲ စာရင်းဝင်သွားတာကို ညီလေး သိတယ် မဟုတ်လား”

ပိုင်ရီလည်း လက်ဝါးကို ပွတ်သပ်ပြီး ချင်းကျူနံဘေး ထိုင်ချလိုက်ပါပြီ။

“အင်း.. သတိထားမိပါတယ်”

ချင်းကျူလည်း ဝိညာဉ်အရက်အိုးကို ထုတ်ယူလိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်ပါပြီ။

“နောက်နှစ်ရက်အတွင်းမှာ မဟာဂိုဏ်းကြီး ၃ ခုက ဂိုဏ်းချုပ်ကြီးတွေ ဒီကို လာကြလိမ့်မယ်။ ပြီးတော့ တခြားအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကောပေ့ါ။ ဒါကြောင့် ဂုဏ်သရေရှိ လက်ထောက်ဂိုဏ်းချုပ် အနေနဲ့ ညီလေး ထွက်လာပေးမလား”
ပိုင်ရီ သွေးတိုးစမ်းပြီး မေးမြန်းလိုက်ပါပြီ။

“သူတို့က ဘာကိစ္စနဲ့ လာကြတာတုန်း”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပါတော့တယ်။

“အဲ.. သူတို့တွေ ပြောတာကတော့ ဇီချီကို မြေကမ္ဘာ သူတော်စင်အဆင့် တက်လှမ်းအောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုဖို့လာတဲ့”

“…”

မလိုအပ်တဲ့ ကိစ္စတွေလို့ ချင်းကျူ တွေးမိနေခဲ့ပါတယ်။

“ကောင်းပြီလေ။ ငါနားလည်ပြီ”

ခဏလောက် စဉ်းစားလိုက်ပြီး ချင်းကျူလည်း အဖြစ်အပျက်ကို နားလည်သွားပါတော့တယ်။

မုဇီချီ အဆင့်တက် အောင်မြင်သွားလို့ ဂုဏ်ပြုစကား လာပြောတာထက် သူတို့တွေက ရွှမ်းရီတောင်တန်းဂိုဏ်းကို သွေးတိုးလာစမ်းတာလို့ ပြောရရင် ပိုမှန်ပါလိမ့်မယ်။

ဒီအဆင့်နိမ့် အဖွဲ့အစည်းတွေကတော့ ဒီလို အကြံအစည်မျိုး မရှိနိုင်ပေမဲ့လည်း မဟာဂိုဏ်းကြီး ၃ခုက ဂိုဏ်းချုပ်ကြီးတွေရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းနေပါပြီ။

ရွှမ်းရီတောင်တန်းဂိုဏ်းကို မဟာကလန်ကြီး ခြောက်ခု လာရောက်လည်ပတ်စဉ်မှာ ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်မှာ လိုအပ်မှုတွေ ရှိနေတာကို တွေ့လိုက်ရတာကြောင့်သာ မဟုတ်ဘူးဆိုရင် မဟာကလန်ကြီး ခြောက်ခုအနေနဲ့  ဒီပတ်ဝန်းကျင် နယ်မြေက ဆုတ်ခွာဖို့ ကြေညာလိုက်ရရင်တောင်မှ တောက်ပသော မြို့တော်ကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။

မြေကမ္ဘာ သူတော်စင်ရဲ့ အစွမ်းဟာ အလွန်ကို ကြောက်မက်ဖွယ် ကောင်းနေတဲ့ အတွက်ကြောင့်သာ တောက်ပသော မြို့တော်ကနေ သူတို့ ဆုတ်ခွာခဲ့ကြတာပါ။

ဒါကြောင့်လည်း မတော်တဆ ကိစ္စတွေ မဖြစ်ပွားလာစေဖို့အတွက် ပိုင်ရီက ချင်းကျူကို ရှိနေစေချင်ခဲ့တာပါ။

ဒါပေမဲ့ မဟာဂိုဏ်းကြီး ၃ ခုရဲ့ ဂိုဏ်းချုပ်ကြီးတွေကို ဗဟိုကုန်းမြေ တိုက်ကြီးက အလွန်ကြီးမားတဲ့ အဖွဲ့အစည်းကြီး တစ်ခုခုရဲ့ လူထူးဆန်း တန်ခိုးရှင်ကြီးက သတိပေးထားကြောင်းကိုတော့ ပိုင်ရီတစ်ယောက် မသိသေးပါဘူး။ ဒီနောက်ပိုင်းမှာ သူတို့တွေ ဘယ်လိုလုပ်ပြီး အလောတကြီး လှုပ်ရှားဝံ့ကြပါတော့မလဲ။

အများဆုံးအနေနဲ့ ဒီပတ်ဝန်းကျင်မှာ ထူးခြားတဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေ ရှိမရှိကို စစ်ဆေးရုံပဲ တတ်နိုင်မှာပါ။

“ကျေးဇူးပါပဲ ဂိုဏ်းတူညီလေး”

ပိုင်ရီလည်း ဝမ်းသာသွားခဲ့ပါပြီ။ ချင်းကျူ လွယ်လွယ်နဲ့ သဘောတူလိမ့်မယ်လို့ ထင်မထားမိတာကြောင့်ပါ။

“အင်း အင်း.. ငါပြန်အိပ်လိုက်ဦးမယ်”

ပြောဆိုပြီးသွားတာနဲ့ ချင်းကျူလည်း မြေပြင်မှာ ပြန်လဲချလိုက်ပြီး ပိုင်ရီကို လျစ်လျူရှုရင်း အိပ်စက်လိုက်ပါပြီ။

“…”

“…”

ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

..

နှစ်ရက်ဟာ ခဏလေး ကုန်ဆုံးသွားပါတော့တယ်။ မျက်စိတမှိတ် အချိန်အတွင်း အဖွဲ့အစည်း အမျိုးမျိုးက ရွှမ်းရီတောင်တန်းဂိုဏ်းကို လာရောက်တွေ့ဆုံတဲ့အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။

မိုးမသောက်ခင်မှာပဲ မှော်ရတနာ သင်္ဘောပျံကြီး အများအပြား မိုးကုတ်စက်ဝိုင်းထဲကနေ ပေါ်ထွက်လာပါတော့တယ်။ အစပိုင်းမှာတော့ အဆင့်နိမ့် အဖွဲ့အစည်းလေးတွေပဲ ရောက်ကြပါသေးတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ ထိပ်တန်းအဖွဲ့အစည်းတွေ အများအပြား ရောက်ရှိလာကြပါပြီ။ မကြာခင်မှာတော့ မဟာကလန်ကြီး ခြောက်ခုလည်း ရောက်ရှိလာပါတော့တယ်။

ပိုင်ရီတစ်ယောက် ကြိုတင်ပြင်ဆင်ထားလို့သာ တော်ပါသေးတယ်။ ဧည့်သည်တော်တွေ လက်ခံဖို့အတွက် ခြံဝန်းတစ်ခုကို ယာယီ ဆောက်လုပ်ထားပြီးပါပြီ။ ဒီခြံဝန်းဟာ လူပေါင်း တစ်ထောင်ကျော်ကို လက်ခံဖို့အတွက် လုံလောက်ခဲ့ပါတယ်။

“ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုပါတယ်။ ရွှမ်းရီတောင်တန်းဂိုဏ်းက မဟာဂိုဏ်းကြီး လေးဂိုဏ်းထဲ စာရင်းဝင်သွားခဲ့ပြီပဲ။ ဒါက ငါတို့ ဟေးအန်ရှန်းဂိုဏ်းက ဂုဏ်ပြု လက်ဆောင်ပါ”

“ဒါက ငါတို့ ပန်ဂိတ်တံခါးက ဂုဏ်ပြုလက်ဆောင်ပါ”

“ပြီးတော့…”

“…”

ချက်ချင်းဆိုသလိုပဲ ရွှမ်းရီတောင်တန်းဂိုဏ်းဟာ အလွန်ကို စည်းကားသိုက်မြိုက်နေပါပြီ။ အဖွဲ့အစည်း အမျိုးမျိုးရဲ့ ခေါင်းဆောင်များစွာဟာ ဂုဏ်ပြုလက်ဆောင်တွေကို လာရောက်ပေးအပ်နေခဲ့ကြပါတယ်။ သူတို့တွေက ပိုင်ရီကို ညီအစ်ကိုတွေလိုမျိုး ဖော်ရွေလေးစားစွာ ဆက်ဆံခဲ့ကြပါတယ်။

သူတို့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ရွှမ်းရီတောင်တန်းဂိုဏ်းကို အမှီပြုပြီးတော့ မြေကမ္ဘာ သူတော်စင်ရဲ့ အစောင့်အရှောက်ကို ရရှိထားဖို့ပါ။

ဒါပေမဲ့ အခုအချိန်အထိ ဘယ်သူကမှ မုဇီချီကို မမြင်ရသေးပါဘူး။

ရုတ်တရက်ဆိုသလိုပဲ အလွန်အစွမ်းထက်တဲ့ အော်ရာအရှိန်အဝါ ၃ ခုဟာ အဝေးကနေ ဖြာထွက်လာခဲ့ပြီး ဒီနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။ ကီလိုဂရမ်ထောင်ချီတဲ့ အလေးတုံးကြီးဟာ အားလုံးရဲ့ ကိုယ်ပေါ်ကို ကောင်းကင်ထက်ကနေ ပြုတ်ကျလာခဲ့သလိုပဲ ခံစားလိုက်ကြရပါတော့တယ်။

“မဟာဂိုဏ်းချုပ်ကြီး ၃ ဦးပဲ”
အားလုံး ပါးစပ်အဟောင်းသားနဲ့ တစ်ချိန်တည်း တွေးမိသွားခဲ့ကြပါပြီ။

ပြောရရင်တော့ အခု ရှိနေကြတဲ့ ခေါင်းဆောင် အများအပြားဟာ မဟာဂိုဏ်းကြီး ၃ ခုရဲ့ လက်အောက်ခံတွေလို့ ဆိုနိုင်ပါတယ်။

တောင်ပိုင်းနယ်မြေကြီးရဲ့ အဆင့်မြင့် တန်ခိုးရှင် တစ်ဝက်နီးပါးလောက် ဒီနေရာကို ရောက်ရှိနေကြပြီ ဆိုရင်လည်း အပိုစကား မဟုတ်တော့ပါဘူး။

ရွှစ်

နောက်တဒင်္ဂမှာတော့ အရပ်မြင့်မြင့် လူ ၃ ဦးဟာ ရွှမ်းရီတောင်တန်းဂိုဏ်း အပြင်ဘက်မှာ ရောက်ရှိလာခဲ့ကြပါပြီ။ သူတို့ရဲ့ အော်ရာအရှိန်အဝါဟာ နက်နဲပြီး စာဖွဲ့လို့ မရတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

သူတို့တွေက မဟာဂိုဏ်းကြီး ၃ခုရဲ့ ဂိုဏ်းချုပ်ကြီး ၃ ဦးကလွဲရင် ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။

ဒီအချိန်မှာ ရွှမ်းရီတောင်တန်းဂိုဏ်း အတွင်းကနေ အော်ရာအရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့ပါပြီ။ ဒီအော်ရာအရှိန်အဝါ ပိုင်ရှင်ဟာ ဂိုဏ်းချုပ် ၃ ဦးကို အဝေးကနေ လှမ်းအကဲခတ်ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ အော်ရာအရှိန်အဝါဟာ ဂိုဏ်းချုပ် ၃ ဦးနဲ့ တန်းတူ ရှိတဲ့ အဆင့်မှာလို့ ဆိုနိုင်နေပါပြီ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 16
Chapter 9
စံပြ

မဟာဂိုဏ်းချုပ်ကြီး ၃ဦးနဲ့ ယှဉ်လိုက်ရင်တော့ ရွှမ်းရီတောင်တန်းဂိုဏ်းက အော်ရာအရှိန်အဝါဟာ ပိုပြီး အမျိုးသမီးဆန်နေခဲ့ပါတယ်။ ဒါပေမဲ့ အော်ရာအရှိန်ဝါဟာ ကြံ့ခိုင်မှုရှိပြီး အထင်သေးလို့တော့ မရပါဘူး။

အော်ရာအရှိန်အဝါ ဖြာထွက်လာတဲ့ အခါမှာတော့ သံသယ ဝင်နေကြသေးတဲ့ တန်ခိုးရှင်တွေလည်း စိတ်ရှင်းသွားခဲ့ကြပါပြီ။

ရွှမ်းရီတောင်တန်းဂိုဏ်းမှာ မြေကမ္ဘာ သူတော်စင်တစ်ဦး ရှိနေရုံတင်မက ဒီသူတော်စင်ဟာ မဟာဂိုဏ်းချုပ်ကြီး ၃ ဦးအောက် အားနည်းစရာ အကြောင်းမရှိတာ သေချာသွားခဲ့ပြီ မဟုတ်လား။

အားလုံးလည်း မှင်သက်တုန်လှုပ်သွားခဲ့ကြပါပြီ။ ဒီလို တန်ခိုးရှင်ကသာ ရွှမ်းရီတောင်တန်းဂိုဏ်းကို ကျောထောက်နောက်ခံ ပြုထားပေးမယ်ဆိုရင် ဘယ်သူကမှ ရွှမ်းရီတောင်တန်းဂိုဏ်း တိုးတက်ထွန်းကားလာတာကို တားဆီးနိုင်မှာ မဟုတ်တော့ပါဘူး။

ဂိုဏ်းချုပ် ၃ ဦးလည်း အလားတူ တုန်လှုပ်သွားခဲ့ကြပါပြီ။

သူတို့တွေက မြေကမ္ဘာ သူတော်စင်အဆင့်ကို ခြေချပြီးတာ နှစ်ပေါင်းရာကျော် ကြာမြင့်သွားပြီ ဖြစ်လို့ မြေကမ္ဘာ သူတော်စင် အလယ်အလတ် ဒါမှမဟုတ် နောက်ပိုင်းအဆင့်ကို ရောက်ရှိနေကြပါပြီ။ ဒါပေမဲ့ အခုမှ အဆင့်တက်လိုက်တဲ့ တန်ခိုးရှင်က ဒီလောက် အစွမ်းထက်တဲ့ အော်ရာအရှိန်အဝါကို ပိုင်ဆိုင်ထားတယ်လား။ ဒီဖြစ်ရပ်က စာဖွဲ့လို့ မရတော့ပါဘူး။

ဒီလို ဖြစ်ဖို့ တစ်ဖက်လူက ပြိုင်စံရှား ပါရမီရှင်တစ်ဦး ဖြစ်နေဖို့ လိုအပ်ပါတယ်။

တချို့ ထိပ်တန်း ပါရမီရှင်တွေသာ အဆင့်တက်ချိန်မှာ မျိုးဆက်တူ တန်ခိုးရှင်တွေထက် အပြတ်အသတ် သာလွန်သွားနိုင်ကြတာပါ။

မဟာဂိုဏ်းချုပ်ကြီး ၃ ဦးဟာလည်း မြေကမ္ဘာ သူတော်စင်အဆင့်ကို မတက်လှမ်းခင်တုန်းက ဒီလိုမျိုးပဲ ဖြစ်ခဲ့ကြပါတယ်။

အဖြေကတော့ ရိုးရှင်းပါတယ်။ မြေကမ္ဘာ သူတော်စင် အဆင့်ဟာ သူတို့အတွက် အကန့်အသတ် ဖြစ်နေပါပြီ။ နောက်ထပ် အဆင့်ထပ်တက်နိုင် မတက်နိုင်ကတော့ ကံကြမ္မာပေါ်ပဲ မူတည်ပါတော့တယ်။

ရွှမ်းရီတောင်တန်းဂိုဏ်းက မြေကမ္ဘာ သူတော်စင်ဟာ အလွန်ကို အလားအလာ ကောင်းသူ ဖြစ်နေပါပြီ။ သူမ အနေနဲ့ နောင်အချိန်မှာ ကောင်းကင်သူတော်စင် အဆင့်ကိုတောင် တက်လှမ်းကောင်း တက်လှမ်းနိုင်မှာပါ။

ဒါကြောင့်လည်း အလွန်အင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီး တစ်ခုက ရွှမ်းရီတောင်တန်းဂိုဏ်းကို ထောက်ပံ့ပေးနေခဲ့တာပါပဲ။ ကောင်းကင်သူတော်စင် အဆင့်ဟာ ဗဟိုကုန်းမြေတိုက်ကြီးမှာ အလွန်အရေးပါ အရာရောက်သူ ဖြစ်နေပါပြီ။

ဒီလို တည်ရှိမှုကို ဘယ်သူကမှ အပြစ်မပြုဝံ့ကြတော့ပါဘူး။

စဉ်းစားရင်း မဟာဂိုဏ်းချုပ်ကြီး ၃ ဦးလည်း အော်ရာအရှိန်အဝါတွေကို ရုတ်သိမ်းလိုက်ပါပြီ။ တစ်ဖက်လူက သူတို့ရဲ့ အပြုအမူကို အထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ။

“ဂိုဏ်းချုပ်တို့က ကီလိုမီတာ ထောင်ချီ ခရီးနှင်ပြီး ဒီကို လာခဲ့ကြရတာပဲ။ ဒါကြောင့် ကျွန်တော် ကိုယ်တိုင် ထွက်မကြိုမိခဲ့တဲ့အတွက် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်”
ပိုင်ရီလည်း ရှေ့ကို တက်လှမ်းလာပြီး ပုံမှန်မျက်နှာထားတဲ့ ကြိုဆိုလိုက်ပါပြီ။

အခုလို စကားမျိုး ပြောနေပေမဲ့လည်း ဒီလူတွေကို ကြိုဆိုနေတယ်လို့ ပိုင်ရီ မခံစားမိခဲ့ပါဘူး။ သူ့အမြင်အရ ဒီလူတွေ အားလုံးက ကောင်းသောလာခြင်းနဲ့ လာကြတာ မဟုတ်ဘူးမလား။

“မင်းက ပိုင်ရီလား။ ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့”

ဓားဂိုဏ်းချုပ်ရဲ့ အကြည့်ဟာ မိုးကြိုးအလားပဲ ပိုင်ရီတစ်ကိုယ်လုံးကို လွှမ်းခြုံဖြတ်သန်းသွားခဲ့ပါပြီ။

တိုက်ခိုက်မှု စွမ်းရည်မှာတော့ မဟာဂိုဏ်းချုပ်ကြီး ၃ ဦးထဲမှာ ဓားဂိုဏ်းချုပ်က အစွမ်းအထက်ဆုံးပါ။

အထူးသဖြင့် ဓားဂိုဏ်းချုပ် ဆွန်းရီဟာ ဓားသိုင်းပညာအရာနဲ့ ပတ်သက်လာရင် တောင်ပိုင်းနယ်မြေကြီးမှာ ပြိုင်ဘက်ကင်းသူဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ အလွန် အစွမ်းထက်တဲ့ ဓားစိတ်ဆန္ဒ ဖြာထွက်နေပြီး သူ့ကို မြင်လိုက်ရသူ အားလုံးကို နားကျင်မှု ဝေဒနာ ခံစားစေရပါတယ်။

“အမှန်ပါပဲ”

“ဟား ဟား ဟား.. ကောင်းတယ်။ ကောင်းတယ်။ တကယ်ကို နာမည်ကြီး ပုဂ္ဂိုလ် ဖြစ်ထိုက်ပါပေတယ်”

ဆွန်းဟီလည်း မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး အားရပါးရ ရယ်မောလိုက်ပါပြီ။

ပိုင်ရီ
“???”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ပိုင်ရီပေါ် ဖြတ်ပျံသွား။

ငါ ပိုင်ရီ ဘယ်တုန်းက နာမည်ကြီးသွားတာလဲ။

ပိုင်ရီက မြှောက်ပင့်ပြောတာတွေကို သဘောကျပေမဲ့လည်း လိမ်ညာပြောနေရင်တော့ မကြိုက်ပါဘူး။

ပြီးတော့ ဒီလူနဲ့လည်း ပိုင်ရီက ရင်းနှီးခင်မင်ခြင်း မရှိသေးပါဘူး။

ပိုင်ရီတစ်ယောက် နားမလည်နိုင်ပဲ အူကြောင်ကြောင် ဖြစ်နေခဲ့ပါတယ်။ ဘာဖြစ်လို့ ဆွန်းဟီက အစောပိုင်းနဲ့မတူပဲ ဒီလို ပြောင်းလဲသွားခဲ့တာလဲ။

“ဂိုဏ်းချုပ်ကြီးပိုင်…”

ရီချင်းနဲ့ ရှုရှောင်တို့ နှစ်ဦးလည်း တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြပါပြီ။

သူတို့ နှစ်ဦးက ဆွန်းဟီလိုမျိုး လူတစ်ဦးကို ကြည့်ပြီး အကဲဖြတ်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။

“အဲ.. ကျေးဇူးပြုပြီး ဒီဘက်ကို ကြွကြပါ”

ပိုင်ရီလည်း အခုမှ သတိပြန်ဝင်လာခဲ့ပြီး လမ်းပြလိုက်ပါပြီ။

“ကျေးဇူးပါပဲ”

ပိုင်ရီ ဦးဆောင်ခေါ်သွားတဲ့နောက် ရီချင်းနဲ့ ကျန်ူလတွေ လိုက်သွားခဲ့ကြပါပြီ။ ဒီလိုနဲ့ ခြံဝန်းထဲ သူတို့ ရောက်ရှိလာပါတော့တယ်။ ဒါပေမဲ့ မုဇီချီ မရောက်လာသေးပါဘူး။ ဒါကြောင့် ရွှမ်းရီတောင်တန်းဂိုဏ်းက မြေကမ္ဘာ သူတော်စင်ဟာ တခြားလူတွေ ပြောကြသလိုပဲ အမျိုးသမီး တစ်ဦးကော ဟုတ်ရဲ့လားလို့ တန်ခိုးရှင်တချို့ သံသယ ဝင်နေကြဆဲပါပဲ။

ဒါပေမဲ့ ဘယ်သူကမှတော့ ဝိညာဉ်အာရုံကို ဖြန့်ကျက်ပြီး မစစ်ဆေးဝံ့ပါဘူး။ ဘာဖြစ်လို့ သေမင်းကို သွားပြီး ရန်စနေမှာလဲ။

ပြောရရင် ပိုင်ရီအနေနဲ့ကလည်း မုဇီချီကို ရှေ့မထွက်လာစေချင်ပါဘူး။

လာနောက်နေတာလား.. ဟမ်။ မုဇီချီက အရမ်းချောမောလှပတယ်လေ။ တကယ်လို့ တစ်ယောက်ယောက်က သူမကို မကောင်းကြံလာခဲ့ရင်…။ (ပိုင်ရီရဲ့ အတွေးပါ။)

“ဂိုဏ်းချုပ်ကြီးပိုင်… မြေကမ္ဘာ သူတော်စင် အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဒါကတော့ အာခက်လျှို့ဝှက်ဂိုဏ်းက ဂုဏ်ပြုလက်ဆောင်ပါပဲ”

ရီချင်းလည်း လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး ပိုင်ရီကို အပြုံးဖျော့ဖျော့ပြုံးရင်း ပေးအပ်လိုက်ပါပြီ။

ဒါကို တွေ့လိုက်ရတော့ ပိုင်ရီ ချက်ချင်း လက်ခံယူလိုက်ပါတော့တယ်။

ရီချင်းဟာ အာခက်လျှို့ဝှက်ဂိုဏ်းက ဂိုဏ်းချုပ်ကြီး ပီသပါပေတယ်။ သူပေးအပ်လာတဲ့ သာမန်လက်ဆောင်ဟာ အလွန်ကို ရက်ရောတယ်လို့ ဆိုနိုင်နေပါပြီ။ သူဘယ်လောက်တောင် ကြွယ်၀ချမ်းသာမလဲ ဆိုတာ ခန့်မှန်းကြည့်ပါ။ ဒါကြောင့်လည်း အာခက်လျှို့ဝှက်ဂိုဏ်းဟာ တောင်ပိုင်းနယ်မြေကြီးရဲ့ ထိပ်ဆုံးအဆင့်မှာ ရပ်တည်နေတဲ့ မဟာဂိုဏ်းကြီးတစ်ခု ဖြစ်နေခဲ့တာပါပဲ။

ဒါပေမဲ့ ချင်းကျူက ကောက်ယူလာခဲ့တဲ့ သယံဇာတ ရတနာတွေကို ပိုင်ရီလက်ထဲ ပေးအပ်လိုက်ပြီးချိန်ကစလို့ ပိုင်ရီတစ်ယောက် သယံဇာတတွေအတွက် နည်းနည်လေးမှ စိတ်မပူမိတော့ပါဘူး။ ဒါကြောင့် အခုပေးအပ်လာတဲ့ လက်ဆောင်တွေဟာ သူ့မျက်လုံးထဲ ဘာမှ အရေးမကြီးတော့ပါဘူး။

ရှုရှောင်နဲ့ ဆွန်းဟီတို့လည်း ဂုဏ်ပြုလက်ဆောင်တွေ ထုတ်ယူပြီး ပေးအပ်လိုက်ကြပါပြီ။ ပြီးတော့ သူတို့ တွေးတွေးဆဆ မေးမြန်းလိုက်ကြပါတော့တယ်။

“ဂိုဏ်းချုပ်ကြီးပိုင်.. မင်းရဲ့ ဂိုဏ်းက ဘယ်တန်ခိုးရှင် မြေကမ္ဘာ သူတော်စင်အဆင့်ကို တက်လှမ်းသွားတာလဲ မသိဘူး။ ဂိုဏ်းချုပ်ကြီးအနေနဲ့…”

စကားမဆုံးခင်မှာပဲ ပိုင်ရီက လက်ကို ယမ်းလိုက်ပြီး စကားဖြတ်လိုက်ပါပြီ။

“စိတ်မကောင်းပါဘူး။ ငါ့ရဲ့ ဇနီးက အဆင့်တက်တာ သိပ်မကြာသေးလို့ သူမ အဆင့်တည်ငြိမ်အောင် လေ့ကျင့်ဖို့ အချိန်ယူရပါဦးမယ်။ ဒါကြောင့် အခုအချိန် သူမ ထွက်လာဖို့ မသင့်တော်သေးပါဘူး”

ရှုရှောင်
“…”

ဆွန်းဟီ
“…”

လာနောက်နေတာလား။ တစ်ခုခုများ မှားနေလို့လား။ စောနတုန်းက အော်ရာအရှိန်အဝါက မတည်ငြိမ်သေးတဲ့ အဆင့် မဟုတ်တော့ဘူးလေ။

ဒါပေမဲ့လည်း ဒီစကားလုံးတွေထဲက အရေးကြီးတဲ့ အချက်အလက်တွေကို သူတို့ ရရှိခဲ့ပါတယ်။ အခု အဆင့်တက်သွားသူက ဂိုဏ်းချုပ်ကြီးပိုင်ရဲ့ ဇနီးပဲ မဟုတ်လား။

ဒါပေမဲ့ ပိုင်ရီကျတော့ မူလတာအို သူတော်စင် အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ဟုတ်တယ်ဟုတ်။

ဘယ်လိုလုပ်ပြီး မြေကမ္ဘာ သူတော်စင်တစ်ဦးကို သူလက်ထပ်နိုင်သွားတာလဲ။

သူတို့ နှစ်ဦးလည်း စိတ်မသက်မသာနဲ့ သက်ပြင်းချလိုက်ကြပါပြီ။ ပိုင်ရီဟာ သူတို့ မျိုးဆက်အတွက် တကယ့်ကို စံပြပုဂ္ဂိုလ်လို့ သတ်မှတ်သင့်ပါပေတယ်။ ဒီလို ဇနီးမျိုးရထားမှတော့ နှစ်ရာပေါင်းများစွာ မပင်မပန်း နေနိုင်ပြီပေ့ါ။ မဟုတ်လား။

မုဇီချီ မထွက်လာခဲ့တာကြောင့် အားလုံးပဲ တဖြည်းဖြည်း စိတ်ဝင်စားမှု လျော့ကျလာခဲ့ပါပြီ။ လက်ဆောင်တွေ ပေးအပ်ပြီးတာနဲ့ အချင်းချင်း စကားစမြည် ခဏလောက် ပြောဆိုပြီး ပြန်ဖို့ ပြင်ဆင်လိုက်ကြပါတော့တယ်။

ဒီပွဲတော်ကို အလွယ်တကူ ပြီးဆုံးသွားလိမ့်မယ်လို့ ပိုင်ရီ ထင်မထားမိခဲ့ပါဘူး။ ဘာပြဿနာမှာလည်း မဖြစ်ပွားလာတဲ့ အပြင် မဟာဂိုဏ်းကြီး ၃ ခုကလည်း ထင်ထားသလို မမောက်မာပဲ အေးအေးဆေးဆေး ဆက်ဆံခဲ့ကြပါတယ်။

ကြည့်ရတာ သူကပဲ စိုးရိမ်လွန်နေတာ ဖြစ်မှာပါ။

ပိုင်ရီလည်း သက်ပြင်းချလိုက်မိပါပြီ။

တစ်ဖက်မှာတော့ ချင်းကျူလည်း အချိန်တော်တော်ကြာ မတွေ့ရတဲ့ မိတ်ဆွေတစ်ဦးကို ကြိုဆိုဖြစ်ခဲ့ပါတယ်။

ချင်းကျူက သူ့ကိုမိတ်ဆွေလို့ ပြောတာ နည်းနည်း လွန်နေပေမဲ့လည်း ရွှမ်းရီတောင်တန်းဂိုဏ်း အပြင်ဘက်မှာတော့ သူဟာ ချင်းကျူရဲ့ အစွမ်းအစကို ပထမဆုံး သိရှိခဲ့သူပါ။ သူကတော့ ရှမ်းကျီးဝမ်ပါပဲ။

“ဆရာကြီး”

ရှမ်းကျီးဝမ်လည်း  မသက်မသာနဲ့ အဝေးမှာ ရပ်နေခဲ့ပါတယ်။ သူ့လက်ထဲမှာ နှစ်တစ်ရာ ဝိညာဉ်အရက်အိုး နှစ်အိုးကို ကိုင်ထားခဲ့ပါသေးတယ်။ သူ့အနေနဲ့ ရယ်ရခက် ငိုရခက်အသွင် ဖြစ်နေတာကြောင့် အလွန်ကို ကာတွန်းဆန်ပြီး ရယ်ဖို့ ကောင်းတယ် ဆိုရမှာပါ။

ချင်းကျူလည်း ကျောက်တုံးပြာလေးကို မှီပြီးထုင်နေရင်း လက်ကို ဝှေ့ယမ်းလိုက်ပါပြီ။

ရှန်းကျီးဝမ်လည်း မျက်လုံးအရောင် တောက်ပသွားပြီး အပြေး ချည်းကပ်လာပါတော့တယ်။

“ဆရာကြီး.. ဆရာကြီးအတွက် ကျွန်တော် လက်ဆောင်ယူလာခဲ့ပါတယ်”

အရင်တုန်းကသာဆိုရင် ချင်းကျူတစ်ယောက် အလွန်ကို ဝမ်းသာမိမှာပါ။ ဒါပေမဲ့ အခုတော့ နှစ်ပေါင်းတစ်ရာ ဝိညာဉ်အရက်အိုးတွေဟာ သူ့မျက်စိထဲ ဘာမှ မဟုတ်တော့ပါဘူး။

“မင်းရဲ့ ဆရာနဲ့အတူတူ ရောက်လာတာလား”

“ဟုတ်ကဲ့”

ရှမ်းကျီး၀မလည်း ဝိညာဉ်အရက်အိုး နှစ်အိုးကို အောက်ချလိုက်ပြီး မြန်မြန် ရှင်းပြလိုက်ပါပြီ။

“ဆရာက ရွှမ်းရီတောင်တန်းဂိုဏ်းကို လာပြီးတော့ ဂုဏ်ပြုစကား လာပြောတာပါ။ ဒါကြောင့် ဆရာနဲ့အတူ လိုက်လာပြီး ဆရာကြီးဆီ လာလည်ဖြစ်သွားတာပါခင်ဗျာ”

၀ူကျိလျှို့ဝှက်လောကကနေ ပြန်ရောက်ပြီး မကြာခင်မှာပဲ ရှမ်းကျီးဝမ်ဟာ မူလတာအို သူတော်စင် အဆင့်ကို ခြေချနိုင်ခဲ့ပြီး တောင်ပိုင်းနယ်မြေကြီးက မျိုးဆက်သစ် ခေါင်းဆောင်တစ်ဦး ဖြစ်လာပါတော့တယ်။ ဆုယန်တစ်ယောက် မူလတာအို သူတော်စင်အဆင့်ကို တက်လှမ်းလိုက်တော့မှ သူနဲ့ ယှဉ်ပြိုင်နိုင်သူတစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့တာပါ။

ဒါပေမဲ အခုအချိန်မှာတော့ ချင်းကျူအရှေ့မှာ ရပ်နေရင်း ရှမ်းကျီးဝမ်တစ်ယောက် စာဖွဲ့လို့မရတဲ့ ခံစားမှုတစ်ခုကို ခံစားမိလာခဲ့ပါတော့တယ်။ သူပိုပြီး အစွမ်းထက်လာလေလေ ချင်းကျူအရှေ့မှာ ပိုပြီး သေးငယ်လာလေလေ ဆိုတဲ့ ခံစားချက်မျိုးပါ။ ချင်းကျူအရှေ့မှာတော့ သူဟာ အပြောကြယ်လှတဲ့ ကြယ်တာရာစုံ ကောင်းကင်ယံအထက်က သဲပွင့်လေး တစ်ပွင့်လို ဘာဆိုဘာမှ မဟုတ်တော့ပါဘူး။

“အော်.. ဒါနဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းကို စတုတ္ထမြောက် မဟာဂိုဏ်းကြီးအဖြစ် ပထမဆုံး အသိအမှတ်ပြုတာက ရွှမ်းဟွမ်စွတ်ဂိုဏ်းပဲ မဟုတ်လား”
ချင်းကျူလည်း သတိရသွားပြီး ပြောလိုက်ပါပြီ။

“ဟုတ်ကဲ့။ ကျွန်တော်ကပဲ ဆရာ့ကို လက်ခံပေးဖို့ တိုက်တွန်းခဲ့တာပါ”

ခဏလောက် စဉ်းစားလိုက်ပြီး ချင်းကျူ နားလည်မှု လွဲသွားမှာ စိုးရိမ်မိတာကြောင့် ရှမ်းကျီးဝမ် စကားထပ်ဖြည့်ပြောလိုက်ပါပြီ။

“ဆရာကြီး ခင်ဗျာ။ စိတ်မပူပါနဲ့။ ဆရာကြီးအကြောင်းကို ဘယ်သူ့ကိုမှ ကျွန်တော် မပြောပြထားပါဘူး ခင်ဗျာ”

“ဟား ဟား.. မင်းဆရာကို ငတုံးလို့ ထင်နေတာလား”
ချင်းကျူ နှာခေါင်းရှုံ့လိုက်ပါပြီ။

ရှမ်းကျီးဝမ်တစ်ယောက် မှင်သက်သွားပါတော့တယ်။ ချင်းကျူ ပြောလိုက်တဲ့ စကားရဲ့ ဆိုလိုရင်းကို သူနားမလည်နိုင်ခဲ့ပါဘူး။

“မဟုတ်ပါဘူးခင်ဗျာ”

“သူက ငတုံးမဟုတ်ဘူးဆိုမှတော့ ရွှမ်းရီတောင်တန်းဂိုဏ်းအကြောင်းကို ဘာအကြောင်းပြချက်မှ မရှိပဲ မင်းက ပြောလာတော့ သူက သံသယ မဝင်ပဲ နေမလား”

ဒါကို ကြားလိုက်ရတော့ ရှမ်းကျီးဝမ် မှင်သက်သွားခဲ့ပါပြီ။ ဟုတ်သားပဲ။ သူဘာဖြစ်လို့ ဒီအချက်ကို မတွေးမိခဲ့တာလဲ။

ချင်းကျူလည်း ရှမ်းကျီးဝမ်ကို ကြည့်ပြီး ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့ပါတယ်။ လောင်ကျန်းသာ တောင်ပိုင်းနယ်မြေကြီးက အဖွဲ့အစည်းတိုင်းကို သတိပေးစကား မပြောထားခဲ့ဘူးဆိုရင် ချင်းကျူအနေနဲ့ ရှမ်းကျီးဝမ်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးလိုက်ပြီး ငတုံးဖြစ်အောင် ပြောင်းလဲပစ်ရတော့မှာပါ။ ဒါပေမဲ့လည်း ရွှမ်းရီတောင်တန်းဂိုဏ်းဟာ ဘယ်သူမှ အပြစ်မပြုဝံ့တော့တဲ့ အလွန်အစွမ်းထက်တဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်လာပြီ ဖြစ်တာကြောင့် ဒီကိစ္စကလည်း မလိုအပ်တော့ပါဘူးလေ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 16
Chapter 10
သူမကို လွှတ်လိုက်

ပြောရရင် ရှမ်းကျီးဝမ်ကို ချင်းကျူ သဘောတော့ကျမိပါတယ်။

ဒီလို အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ယူတဲ့ ကမ္ဘာမှ ရှန်းကျီးဝမ်က ခေါင်းမာစွာနဲ့ အားနည်းသူတွေကို ကာကွယ်ပေးနေနိုင်ခြင်းဟာ လေးစားစရာပါပဲ။

ဒီအတွက်ကြောင့်လည်း ရှမ်းကျီးဝမ်ကို ချင်းကျူ ဘာမှ မလုပ်ခဲ့တာပါ။ မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက ရှန်းကျီးဝမ်ကို ငတုံးဖြစ်အောင် ချင်းကျူ ပြောင်းလဲပြီးသွားလောက်ပါပြီ။

ရှမ်းကျီးဝမ်တစ်ယောက် အူကြောင်ကြောင် ဖြစ်နေတဲ့ မျက်နှာထားကို တွေ့လိုက်ရတော့ ဒီလို အတွေးမျိုး မတွေးမိမှန်း ချင်းကျူ နားလည်ခဲ့ပါတယ်။

တစ်ခါတလေတော့လည်း ရိုးသားလွန်းခြင်းကြောင့် အရူးလို့ ထင်ခံရနိုင်တာပဲ မဟုတ်လား။

ဒါပေမဲ့ ရှမ်းဟွမ်စွတ်ဂိုဏ်းချုပ်ကြီးက နှစ်ပေါင်းရာချီ ရှင်သန်ခဲ့ပြီး ဖြစ်တာကြောင့် သတိမထားမိစရာ အကြောင်းမရှိပါဘူး။ ပြောရရင် ရှမ်းဟွမ်စွတ်ဂိုဏ်းနဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းဟာ တစ်ခါမှ ပတ်သတ်မိခဲ့တာမျိုး မရှိဘူး မဟုတ်လား။ ရှမ်းကျီးဝမ်က ရွှမ်းရီတောင်တန်းအတွက် ပြောလာခဲ့တယ် ဆိုမှတော့ အကြောင်းကိစ္စ တစ်ခုခု ရှိနိုင်ကြောင်းကို သူအလွယ်တကူ ခန့်မှန်းမိမှာပါ။

မကြာခင်တုန်းက တန်ခိုးရှင်တွေကို လောင်ကျန်း စေလွှတ်ပြီး သတိပေးခဲ့တဲ့ ကိစ္စနဲ့ တွက်လိုက်မယ်ဆိုရင် ဂိုဏ်းချုပ်ရဲ့ စိတ်ထဲ ဘာတွေ စဉ်းစားမိသွားပြီ ဆိုတာကို သိနိုင်ပါလိမ့်မယ်။

“တောင်းပန်ပါတယ် ဆရာကြီး”

ရှမ်းကျီးဝမ်လည်း ပြဿနာရဲ့ နက်ရှိုင်းမှုကို နားလည်သွားခဲ့ပြီး အားနာစွာ ပြောလိုက်ပါပြီ။

“ထားလိုက်ပါတော့။ နောက်ကျ ပိုပြီး သတိထားပေါ့ကွာ”

ချင်းကျူလည်း ကူကယ်ရာမဲ့စွာနဲ့ လက်ကို ယမ်းလိုက်ပါတော့တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လောင်ကျန်း သတိပေးလိုက်စဉ်ကတည်းက ရွှမ်းရီတောင်တန်းဂိုဏ်းဟာ အရင်တုန်းကလို ဝေးလံခေါင်သီတဲ့ အရပ်က အဖွဲ့အစည်းလေး တစ်ခုအဖြစ် ဆက်ပြီး နေလို့မရတော့ပါဘူး။

ဒါ့အပြင် မုဇီချီကလည်း မြေကမ္ဘာ သူတော်စင် အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်တာကြောင့် ရွှမ်းရီတောင်တန်းဂိုဏ်းအနေနဲ့ ဖုံးကွယ်စရာ အကြောင်းလည်း မရှိတော့ဘူး မဟုတ်လား။

ချင်းကျူက အစွမ်းမပြလိုပေမဲ့လည်း ရွှမ်းရီတောင်တန်းဂိုဏ်း တဖြည်းဖြည်း အစွမ်းထက်လာတာကိုတော့ တားဆီးလိုစိတ် မဖြစ်ခဲ့ပါဘူး။

ချင်းကျူက ဒီလို စဉ်းစားနေပေမဲ့လည်း ရှမ်းကျီးဝမ်ကတော့ အမှားတစ်ခု ကျူးလွန်မိသွားခဲ့ပြီလို့ ခံစားနေရဆဲပါ။ သူနေရာမှာ မလှုပ်မယှက် ရပ်နေပြီး စကားထပ်မပြောဝံ့တော့ပါဘူး။

ဒီအချိန်မှာပဲ လောင်ဝေဝေတစ်ယောက် တရားကျင့်ရာကနေ မျက်လုံးကို ဖွင့်လိုက်ပါပြီ။ ရှမ်းကျီးဝမ်ကို နံဘေးမှာ မြင်လိုက်ရတော့ သူမ နည်းနည်း အံ့ဩသွားပါတော့တယ်။

ဒါပေမဲ့ ချင်းကျူက လူထူးဆန်းတွေကို ခေါ်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လောင်ဝေဝေတစ်ယောက် ရင်းနှီးနေပါပြီ။ ဒါကြောင့် သူမ မေးခွန်းတွေ ထပ်မမေးတော့ပါဘူး။ အဲဒီအစား ကျောက်တုံးပြာလေးပေါ်ကနေ ခုန်ချလိုက်ပြီး သိုင်းပညာကို လေ့ကျင့်လိုက်ပါတော့တယ်။

လောင်ဝေဝေရဲ့ လက်ရှိ ပါရမီစွမ်းနဲ့ဆိုရင် မကြာခင်မှာပဲ သူမ အဆင့်တက်တော့မှာပါ။ မတော်တဆ ဖြစ်ရပ်တွေ မရှိခဲ့ဘူးဆိုရင် သူမဟာ ချင်းကျူပြီးရင် ဇီဖူအဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်သူ ဖြစ်လာပါလိမ့်မယ်။

“ဟင်”

ရုတ်တရက်ဆိုသလိုပဲ ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်ပါပြီ။

“ဘာဖြစ်လို့လဲ”

ရှမ်းကျီးဝမ်လည်း အလိုအလျောက် မေးမိသွားပါတော့တယ်။

“အော်ရာအရှိန်အဝါတချို့ ချည်းကပ်လာနေပြီ”
ချင်းကျူ အလေးအနက်ထား ပြောလိုက်ပါပြီ။

သူ့စကား မဆုံးခင်မှာပဲ ထူးဆန်းတဲ့ မှော်ရတနာ သင်္ဘောပျံကြီးတစ်စင်း မြင်ကွင်းအဆုံးမှာ ပေါ်ထွက်လာပါတော့တယ်။ ဒီသင်္ဘောဟာ အလွန်ကို မြန်ဆန်လွန်းပါတယ်။ လွန်ခဲ့တဲ့တစ်စက္ကန့်အတွင်း အဝေးမှာ ရှိနေပေမဲ့ နောက်တစ်စက္ကန့် အကြာမှာတော့ ရွှမ်းရီတောင်တန်းဂိုဏ်းအထက်ကို ရောက်ရှိလာခဲ့ပါပြီ။

“အဲဒါက ဘာလဲ”

တစ်ချိန်တည်းမှာပဲ ဂိုဏ်းအသီးသီးက ခေါင်းဆောင်တွေဟာလည်း မှော်ရတနာ သင်္ဘောပျံကို သတိထားမိသွားခဲ့ကြပါတော့တယ်။

မဟာဂိုဏ်းကြီးက ၃ ခုက ဂိုဏ်းချုပ်ကြီးတွေက ရောက်နေပြီ မဟုတ်လား။ တောင်ပိုင်းနယ်မြေကြီးထဲမှာ ဒီကို မရောက်လာသေးတဲ့ ဂိုဏ်းချုပ်တစ်ဦးဦး ကျန်နေသေးလို့လား ချင်းကျူ တွေးနေမိခဲ့ပါတယ်။

“တော်တော်ကို အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းပဲ”

“တစ်၊ နှစ်၊ သုံး.. ဘုရားရေ.. မြေကမ္ဘာ သူတော်စင် ငါးဦးတောင် ရှိနေတာပဲ”

“ဘာတွေဖြစ်နေတာလဲ မသိဘူး”

မဟာဂိုဏ်းချုပ်ကြီး ၃ ဦးလည်း တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်မိကြပါပြီ။ သူတို့ မျက်လုံးတွေအထက် တုန်လှုပ်မှုတွေကို မြင်တွေ့ရပါလိမ့်မယ်။

တောင်ပိုင်းနယ်မြေကြီးမှာ မြေကမ္ဘာ သူတော်စင် ငါးဦးကို တပြိုင်တည်း စေလွှတ်နိုင်တဲ့ အဖွဲ့အစည်း မရှိသေးပါဘူး။ မဟာဂိုဏ်းကြီး ၃ ခုတောင်မှ ပူးပေါင်းလိုက်မှသာ ဒီလို အင်အားကို ထုတ်သုံးနိုင်မှပြါ။

ဒါဆို ဒီအဖွဲ့အစည်းက ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ နောက်ကွယ်က အဖွဲ့အစည်းလား။

သူတို့ သုံးဦး ကောက်ချက်မချနိုင်ခင်မှာပဲ မှော်ရတနာ သင်္ဘောပျံကြီးပေါ်ကနေ လူပေါင်းဒါဇင်ချီပြီး ပျံသန်းပေါ်ထွက်လာခဲ့ကြပါပြီ။

သူတို့ ခန့်မှန်းထားသလိုပဲ ဦးဆောင်လာသူ ငါးဦးက မြေကမ္ဘာ သူတော်စင်တွေပါ။ သူတို့ဆီကနေ သိပ်သည်းလှတဲ့ သန့်စင်သောယန် စွမ်းအင်တွေ ဖြာထွက်နေတာကြောင့် ကောင်းကင်ယံအထက်မှာ ပူလောင်တောက်ပတဲ့ နေမင်း ငါးစင်းလို ဖြစ်နေပါပြီ။ မျက်စိကျိန်းမတတ် ဖြစ်နေတာကြောင့် သူတို့ကို တည့်တည့်ကြည့်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

အရေးအကြီးဆုံးကတော့ ဒီငါးဦးလုံးက မြေကမ္ဘာ သူတော်စင် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့ကြတာပါ။ ဒီလို အင်အားမျိုးဟာ တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံးကို သိမ်းပိုက်လိုက်ဖို့ လုံလောက်နေပါပြီ။

တခြား တန်ခိုးရှင်တွေကတော့ မူလတာအို သူတော်စင်တွေပါ။ အားလုံးရဲ့ ဝိညာဉ်စွမ်းအင်ဟာ အလွန်ကို ပူပြင်းလှပါတယ်။ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေဟာ ရွှမ်းရီတောင်တန်းဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံပိတ်ဆို့ပြီးသွားခဲ့ပါပြီ။

ပြန်ကြဖို့ ဟန်ပြင်နေကြတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေလည်း မတတ်သာပဲ ခဏနေပြီး စောင့်ကြည့်ရုံသာ တတ်နိုင်ပါတော့တယ်။

“ဒီနေရာက ဝိညာဉ်တက်ဘလက်မှာ ပြထားတဲ့ တည်နေရာ မဟုတ်လား”
လောင်ဖန်းယန်လည်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ပုံမှန်လေသံနဲ့ ပြောလိုက်ပါပြီ။

“အမှန်ပဲ”

“ကောင်းပြီလေ။ အောက်ဆင်းကြည့်ကြတာပေါ့”
လောင်ဖန်းယန်ရဲ့ မျက်နှာထားဟာ အေးစက်နေခဲ့ပါတယ်။

သူ့စကား ဆုံးသွားတာနဲ့ မြေကမ္ဘာ သူတော်စင် ငါဦးဟာ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ပါပြီ။ သူတို့ရဲ့ အော်ရာအရှိန်အဝါတွေကို ရုတ်သိမ်းဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ သူတို့ ဘယ်လောက် အစွမ်းထက်ကြောင်း လူတိုင်းကို သိစေချင်သလိုပါပဲ။

“ဒီနေရာရဲ့ ပိုင်ရှင်က ဘယ်သူလဲ”

လောင်ဖန်းယန် မေးလိုက်ပါပြီ။

“ငါပါ”

ခဏအကြာမှာတော့ ပိုင်ရီတစ်ယောက် ရှေ့တိုးလာပြီး ပြောလိုက်ပါတော့တယ်။

“မင်းတို့တွေက ဘာကိစ္စကြောင့် ရောက်လာကြတယ်ဆိုတာကို ငါသိခွင့်ရှိမလား”

“သူမကို ငါ့လက်ထဲ အပ်”

လောင်ဖန်းယန် အေးစက်စွာ ပြောလိုက်ပါပြီ။

ဒါကို ကြားလိုက်ရတော့ ပိုင်ရီ မှင်သက်သွားပါတော့တယ်။

“ဘယ်သူ့ကို”

“မင်းက ခေါင်းမာနေတာလား။ ငါတို့တွေ လက်လွှန်သွားမှ အဆိုးမဆိုးနဲ့နော်”

စကားဆုံးသွားတာနဲ့ လောင်ဖန်းယန်လည်း လက်ဝါးနဲ့ ရိုက်ချလိုက်ပါပြီ။ အလွန်ဩဇာအာဏာ ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းဟာ ပိုင်ရီဆီ ဦးတည်ဝင်ရောက်လာပါတော့တယ်။

မြေကမ္ဘာ သူတော်စင်တစ်ဦးရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာတော့ ပိုင်ရီတစ်ယောက် လှုပ်ရှားဖို့ အချိန်မရခဲ့ပါဘူး။ သူ့အနေနဲ့ ကူကယ်ရာမဲစွာကြည့်နေရုံသာ တတ်နိုင်ခဲ့ပါတယ်။

ဟူး

ဝိညာဉ်စွမ်းအင်လှိုင်းက ပိုင်ရီကို ထိမှန်လုလု အချိန်မှာပဲ နောက်ထပ်ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုဟာ အနောက်ကနေ ပေါ်ထွက်လာခဲ့ပြီး အကာအကွယ် အလွှာအဖြစ် တိုက်ခိုက်မှုကို ခုခံလိုက်ပါပြီ။

၀ုန်း

ကြောက်မက်ဖွယ်ကောင်းလှတဲ့ ပေါက်ကွဲမှုနဲ့အတူ စွမ်းအင်လှိုင်းတွေ အရပ်မျက်နှာ အဘက်ဘက်ဖြာထွက်လာပါတော့တယ်။ ဒါပေမဲ့ ပိုင်ရီကို ကာကွယ်ပေးထားတဲ့ ဝိညာဉ်စွမ်းအင် အကာအကွယ်ဟာ ကျောက်တောင်တစ်ခုအလား လှုပ်ရှားခြင်း မရှိခဲ့ပါဘူး။

မုဇီချီတစ်ယောက် ပိုင်ရီ နံဘေး တိတ်ဆိတ်စွာ ပေါ်ထွက်လာခဲ့ပါပြီ။ သူမ မျက်နှာထား သုန်မှုန်ခက်ထန်နေပါတော့တယ်။

စွမ်းအင်လှိုင်းတွေ လွင့်ပြယ်သွားချိန်မှာတော့ ဝိညာဉ်စွမ်းအင်အကာအကွယ်ဟာ ၀ုန်းခနဲ့ မြည်သံနဲ့အတူ အလင်းမှုန်လေးတွေအဖြစ် လွင့်ပြယ်ပျောက်ကွယ်သွားခဲ့ပါပြီ။

“အိုး.. စိတ်ဝင်စားစရာပဲ။ အဆင့်တက်ခါစ မြေကမ္ဘာ သူတော်စင်တစ်ဦးက ငါ့တိုက်ခိုက်မှုကို ခုခံနိုင်တယ်လား”

လောင်ဖန်းယန် အနည်းငယ် အံ့အားသင့်သွားခဲ့ပါပြီ။

ဒါကို တွေ့လိုက်ရတော့ တခြား တန်ခိုးရှင်တွေလည်း တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြပါတော့တယ်။ အဖြစ်အပျက်ကို သူတို့ နားမလည်နိုင်ကြသေးပါဘူး။ ပြောရရင် မဟာဂိုဏ်းချုပ်ကြီး ၃ ဦးလည်း အမြင်မှားနေတာလားလို့ စဉ်းစားရကျပ်နေခဲ့ကြပါတယ်။

ဒီတန်ခိုးရှင်တွေက ရွှမ်းရီတောင်တန်းကို ကျောထောက်နောက်ခံ ပြုထားပေးတဲ့ အဖွဲ့အစည်း မဟုတ်ဘူးလား။ ဘာဖြစ်လို့ အချင်းချင်း တိုက်ခိုက်နေကြတာလဲ။

သူတို့ ခန့်မှန်းချက်တွေ မှားနေတာလား။

“ရှင်တို့က ဘယ်သူတွေလဲ”
မုဇီချီ မျက်မှောင်ကြုတ်ပြီး အေးစက်စွာ မေးမြန်းလိုက်ပါပြီ။

“ဒါကြောင့်လည်း မင်းက ဒီလောက် မောက်မာဝံ့နေတာကိုး။ မဆန်းပါဘူးလေ”

ပိုင်ရီ
“…”

ဒီကောင်က ဘာတွေ လာပြောနေတာလဲ။

ဒီကောင် ခေါင်းမကောင်းတော့တာလား။ သူက လူစုလူဝေးကို သဘောမကျလို့ လာပြီး လက်စားချေတဲ့ လူစားမျိုးလား။

“ငါနောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်။ သူမကို ထုတ်ပေးပါ။ မဟုတ်ဘူးဆိုရင် ဒီနေ့ ဒီနေရာကနေ ဘယ်သူမှ ထွက်သွားဖို့ မစဉ်းစားနဲ့”
လောင်ဖန်းယန် ထပ်ပြောလိုက်ပါပြီ။

ဒီစကားကို ကြားလိုက်ရတော့ အားလုံး တုန်လှုပ်သွားကြပါတော့တယ်။ သူက ရွှမ်းရီတောင်တန်းဂိုဏ်းကိုပဲ ပြဿနာ လာရှာတာဆိုရင် ကျန်ဧည့်သည်တော်တွေအနေနဲ့ ဘာမှ ဝင်ပြောစရာ အကြောင်းမရှိပါဘူး။

ဒါပေမဲ့ ဘာဖြစ်လို့ ရောက်လာကြတဲ့ ဧည့်သည်တော်တွေကပါ ဒုက္ခဝင်ခံပေးရမှာလဲ။

ပြီးတော့ သူတို့က မြေကမ္ဘာ သူတော်စင် ငါးဦးတောင် ဖြစ်နေတယ် မဟုတ်လား။

အဖွဲ့အစည်းတစ်ခုက ခေါင်းဆောင်တစ်ဦးဟာ မြန်မြန်ပဲ ရှေ့ထွက်ပြီး ပြောလိုက်ပါပြီ။

“ဂိုဏ်းချုပ်ကြီးပိုင်… မင်းဘာတွေ လျှောက်လုပ်ထားတာလဲ။ မြန်မြန်ပဲ သူမကို ထုတ်ပေးလိုက်တော့လေ”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

ပိုင်ရီလည်း အသံကြားရာ အရပ်ကို လှည့်ကြည့်လိုက်ပါပြီ။ ဒီတစ်ယောက်ဟာ စောနကတုန်းက သူ့ကို အလွန်လေးစား ရိုသေနေခဲ့ပြီး ဖခင်တစ်ဦးလို ကိုးကွယ်ဖို့အထိ ဆက်ဆံနေခဲ့တယ် မဟုတ်ဘူးလား။ အခု အဲဒီလူက အရင်ဆုံး ရှေ့တက်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

ဒါပေမဲ့လည်းပိုင်ရီ စိတ်မဆိုးခဲ့ပါဘူး။ သေရေးရှင်ရေး အချိန်မှာ ဘယ်သူကမှ စဉ်းစားဖို့ အချိန်မရှိတော့ဘူးလေ။

ဒါပေမဲ့ သူ့အနေနဲ့ နောင်အချိန် ရွှမ်းရီတောင်တန်းဂိုဏ်းကို မှီခိုလို့တော့ ရမှာ မဟုတ်တော့ပါဘူး။

“အမှန်ပဲ။ ဂိုဏ်းချုပ်ကြီးပိုင်။ သူပြောတဲ့လူကို မြန်မြန် ထုတ်ပေးလိုက်ပါ”
မကြာခင်မှာတော့ တစ်ဦးက ဝင်ရောက်ထောက်ခံလိုက်ပါပြီ။

“ရွှမ်းရီတောင်တန်းဂိုဏ်းအနေနဲ့ ဒီလို အချိန်တိုလေးအတွင်း ဒီလောက်ကြီး အစွမ်းထက်လာခဲ့တာ သူတို့တွေက ရှက်ဖို့ကောင်းတဲ့ မကောင်းမှု တစ်ခုခုကို ကျူးလွန်ထားကြလို့ပဲ ဖြစ်မယ်”

“ဟမ့်.. အစောကြီးကတည်းက ငါထင်မိခဲ့တာပေါ့”

“…”

“…”

ပကျူး ပကျူး ပကျူး
ကျီးကန်း ဆယ်ကောင် ဖြတ်ပျံသွား။
(ပိုင်ရီအတွက် သင်ခန်းစာ - သူများတွေထက် သာလွန်ပြီး အရမ်းကြီး အောင်မြင်အောင် မကြိုးစားပါနက်။ မျက်စိစပါးမွှေး စူးတတ်သည်။)
ပိုင်ရီ ပြန်ပြောခြင်း - ငါဘာများ ကြိုးစားမိခဲ့လို့လဲ စာရေးဆရာ။ မျက်ရည်နှစ်စက်။
ဂိုဏ်းချုပ်ခြောက်ဦး အတွေး - မိန်းမအားကိုးနဲ့ ဘ၀မြင့်နေတဲ့ ပိုင်ရီ။ ဟမ်း။ မှတ်ပလား။

မျက်စိတမှိတ် အချိန်အတွင်း အားလုံးရဲ့ အပြုအမူတွေ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။ သူတို့အားလုံး ပိုင်ရီကို အပြစ်၀ိုင်းတင်လာကြပါတော့တယ်။ ဘယ်သူကမှ အစောပိုင်းတုန်းကလို ဂုဏ်ပြုစကား ပြောခြင်း မရှိတော့ပါဘူး။

ပိုင်ရီတစ်ယောက်ကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါ။

ဝိညာဉ်ဗဟိုကမ္ဘာရဲ့ အစွမ်းအထက်ဆုံး တန်ခိုးရှင်ဟာ ရွှမ်းရီတောင်တန်းဂိုဏ်းမှာပဲ ရှိနေကြောင်းကို ပိုင်ရီတစ်ဦး သေချာသိထားခဲ့ပါတယ်။ ဒါကြောင့် ဒီလူတွေက ဘယ်ကနေပဲ ရောက်လာခဲ့ကြပါစေ အနှေးနဲ့အမြန်ပဲ တန်ရာတန်ကြေး ပေးဆပ်ကြရမှာ မဟုတ်လား။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 16
Chapter 11
မြင့်မြတ်သော ကုန်းမြေရဲ့ တမန်တော်

အရင်တုန်းကသာဆိုရင်တော့ ပိုင်ရီတစ်ယောက် စိတ်ပူကောင်း စိတ်ပူနိုင်ပါတယ်။ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်လောကနဲ့ အဇူရာ လောကတို့မှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို ချင်းကျူက စိတ်အာရုံနဲ့ ပြသပြီးချိန်မှာတော့ ပိုင်ရီတစ်ယောက် ကိစ္စတစ်ခုကို နားလည်သဘောပေါက်သွားခဲ့ပါပြီ။

ဝိညာဉ်ဗဟိုကမ္ဘာ တစ်ခုလုံးက တန်ခိုးရှင်အားလုံး ပူးပေါင်းတိုက်ခိုက်ရင်တောင်မှ ချင်းကျူရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး ဆိုတာပါပဲ။ ချင်းကျူဟာ လက်တစ်ဖက်တည်းနဲ့ အားလုံးကို အမှုန့်ချေနိုင်စွမ်း ရှိနေပါပြီ။

ဒါကြောင့် ပိုင်ရီဟာ လောင်ဖန်းယန်ရဲ့ ခြိမ်းခြောက်ပြောဆိုခြင်းကို နည်းနည်းလေးမှ မကြောက်ရွံ့မိတာပါ။

မတတ်နိုင်ဘူးလေ။ အလွန်အစွမ်းထက်တဲ့ ဂိုဏ်းတူညီလေးတစ်ယောက်ကို ရထားတာပဲ မဟုတ်လား။

“ဂိုဏ်းချုပ်ပိုင်… သူလိုချင်တဲ့လူကို မြန်မြန် ထုတ်ပေးလိုက်ပါ။ ငါတို့အားလုံးကိုပါ အတူတူ အသေခံဖို့ ဆွဲခေါ်နေတာလား”
နောက်ဆုံးတော့ ဝမ်ကလန် ဂိုဏ်းချုပ်ကြီးက စိတ်မသက်မသာနဲ့ လှမ်းပြောလာခဲ့ပါပြီ။

သူက ဦးဆောင်သူဖြစ်သွားတဲ့အတွက် တခြား မဟာကလန်ကြီး ငါးခုက တန်ခိုးရှင်ကြီးတွေကလည်း ဝိုင်းပြီး ထောက်ခံလိုက်ကြပါပြီ။ သူတို့ အားလုံး ပိုင်ရီကို အပြင်းအထန် အပြစ်တင်လိုက်ကြပါတော့တယ်။

သူတို့ကို ကြည့်ရတာ ကိုယ်တိုင်ကိုယ်ကျ ပိုင်ရီကို ဝင်ဖမ်းပြီးတော့ လောင်ဖန်းယန် လိုချင်တဲ့လူကို အဓမ္မ တောင်းယူပေးတော့မယ့် ပုံစံမျိုးပေါက်လာနေပါပြီ။

ဝမ်ကလန် ဂိုဏ်းချုပ်ကြီးနဲ့ ကျန်လူတွေရဲ့ မျက်လုံးထဲမှာတော့ ရွှမ်းရီတောင်တန်းဂိုဏ်းကို ကျောထောက်နောက်ခံ ပြုထားပေးတယ်ဆိုတဲ့ အဖွဲ့အစည်းရှိတယ်ဆိုတာ ယုံမှားသံသယ မရှိခဲ့ပါဘူး။

ဒါပေမဲ့ အခုအချိန်မှာတော့ အလွန်အစွမ်းထက်တဲ့ အဖွဲ့အစည်းတစ်ခုကို ရွှမ်းရီတောင်တန်းဂိုဏ်းကိုယ်တိုင်က အပြစ်ပြုမိထားပြီးပြီ မဟုတ်လား။ မဟုတ်ဘူးဆိုရင် မြေကမ္ဘာ သူတော်စင် ငါးဦးက ကိုယ်တိုင်ကိုယ်ကျ ရောက်လာစရာ အကြောင်းမရှိပါဘူး။

ဒါပေမဲ့ လောင်ဖန်းက ဘယ်သူ့ကို ထုတ်ခိုင်းနေတယ်ဆိုတာ အခုအချိန်အထိ ပိုင်ရီတစ်ယောက် နားမလည်နိုင်သေးပါဘူး။ ဒီတလော ရွှမ်းရီတောင်တန်းဂိုဏ်းမှာပဲ နေထိုင်ဖြစ်ပြီး ဘယ်ကိုမှ မသွားဖြစ်ဘူး မဟုတ်လား။ ဒါကြောင့် သူပြောတဲ့ အဓိပ္ပာယ်ကို ပိုင်ရီ လုံး၀ နားမလည်နိုင်ခဲ့ပါဘူး။

ရီချင်းနဲ့ တခြားလူတွေကတော့ နံဘေးမှာ ရပ်ရင်း တိတ်ဆိတ်စွာသာ ကြည့်နေခဲ့ကြပါတယ်။

မဟာကလန်ကြီး ခြောက်ခုက ဂိုဏ်းချုပ်ကြီးတွေနဲ့ မတူတာကတော့ ဒီကို မလာခင်မှာ သူတို့ ဆွေးနွေးပြီးသွားခဲ့ပါပြီ။ ရွှမ်းရီတောင်တန်းဂိုဏ်း နောက်ကွယ်မှာ ရပ်နေတဲ့ အဖွဲ့အစည်းဟာ ထင်သလောက် ရိုးရှင်းတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်တာ သေချာပါတယ်။ ဒါကြောင့် အခြေအနေက အဆုံးစွန်အထိ မရောက်မချင်း သူတို့တွေ ဘယ်ဘက်ကိုမှ ရပ်တည်ဖြစ်မှာ မဟုတ်ပါဘူး။ (စာကြွင်း - …… UN လုပ်မယ်လေ )

ရွှမ်းရီတောင်တန်းဂိုဏ်း နောက်ကွယ်မှာ ရှိနေတဲ့ အဖွဲ့အစည်းက ရုတ်တရက်ကြီး ပေါ်ထွက်လာပြီး လောင်ဖန်းယန်ကို ချက်ချင်း သတ်ပစ်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မတုန်း။

ဒီအတွက်ကြောင့်လည်း သူတို့တွေဟာ မဟာဂိုဏ်းကြီတွေရဲ့ ဂိုဏ်းချုပ်ကြီးတွေ ဖြစ်နေခဲ့ကြတာပါပဲ။ အစွမ်းအစ အရာမှာ ဖြစ်စေ ဝေးကွာလှတဲ့ ရှေ့ရေးကို မြင်နိုင်စွမ်းမှာ ဖြစ်စေ သူတို့တွေဟာ ရှိနေကြသူတွေ အားလုံးထက် အများကြီး သာလွန်ခဲ့ကြပါတယ်။

“ဘာလဲ.. အခုထက်ထိ သူမကို မထုတ်ပေးချင်သေးဘူးလား”

လောင်ဖန်းယန်လည်း မျက်မှောင်ကြုတ်လိုက်ပါပြီ။ သူ့မျက်လုံးတွေထဲ လူသတ်ငွေ့တွေ ပြည့်လာပါတော့တယ်။

ပိုင်ရီ
“…”

ပိုင်ရီက အဲဒီလူကို မထုတ်ပေးချင်တာ မဟုတ်ပါဘူး။ တစ်ဖက်က ဘယ်သူ့ကို တောင်းဆိုနေမှန်းကို မသိသေးတာပါ။

“ကြည့်ရတာ မင်းက ခက်ခဲတဲ့ လမ်းကိုပဲ ရွေးချင်ပုံ ရတယ်”

လောင်ဖန်းယန် လက်ကို ဝှေ့ယမ်းလိုက်ပါပြီ။

“ဒီနေရာကို ဖျက်ဆီးလိုက်တော့”

“အမိန့်အတိုင်းပါ”

ဒါကို ကြားလိုက်ရတော့ တခြား မြေကမ္ဘာ သူတော်စင် လေးဦးလည်း ချက်ချင်းပဲ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စီးဆင်းစေပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ပါပြီ။

“မလုပ်ပါနဲ့”

ဝမ်ကလန် ဂိုဏ်းချုပ်ကြီး ထိတ်လန့်သွားပါတော့တယ်။

“ဂိုဏ်းချုပ်ကြီးပိုင်.. သူတောင်းတဲ့လူကို မြန်မြန် ထုတ်ပေးလိုက်ပါ”

ပိုင်ရီကတော့ ပုံမှန်မျက်နှာထားအတိုင်း ရှိနေခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ ဝမ်ကလန် ဂိုဏ်းချုပ်ကြီးရဲ့ စကားကို ကြားပုံ မရပါဘူး။ သူအသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဝှက်ဖဲကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်ပါပြီ။

“ဂိုဏ်းတူညီလေး .. ငါ့ကို ကယ်..”

စကားမဆုံးခင်မှာပဲ ဝိညာဉ်စွမ်းအင် အလုံးတစ်ခုက သူ့ပါးစပ်ကို ပိတ်လိုက်ပါပြီ။ ချင်းကျူရဲ့ စိတ်မရှည်တဲ့ စကားသံကို သူကြားလိုက်ရပါတော့တယ်။

“ရပြီ။ အော်မနေနဲ့တော့”

အဝေးမှာတော့ ချင်းကျူတစ်ယောက် လက်ထဲမှာ အရက်တစ်အိုးကို ကိုင်ထားခဲ့ပါတယ်။ သူ့ရဲ့ အဖြူရောင်ဝတ်စုံဟာ လေနဲ့အတူ တဖျတ်ဖျတ် လွင့်နေသလို သူလမ်းလျှောက်လာပုံကလည်း ကောင်းကင်ထက်က ဆင်းသက်လာတဲ့ အင်မော်တယ်တစ်ဦးလိုပါပဲ။ သူ့အသွင်ဟာ အလွန်ကို တည်ကြည်ခန့်ညားပြီး ကြည့်ကောင်းပါတယ်။ ယောက်ျား အချင်းချင်းတောင်မှ သူ့ကို ခဏလောက် ကြည့်နေမိမှာပါ။

ဒါကို တွေ့လိုက်ရတော့ ပိုင်ရီလည်း လက်နှစ်ဖက်ကို အူကြောင်ကြောင် နိုင်စွာ ပွတ်သပ်လိုက်ပြီးနောက် လောင်ဖန်းယန်ကို လက်ညှိုးညွှန်လိုက်ပါပြီ။

“ဂိုဏ်းတူညီလေး.. ဒီလူတွေ ဘယ်က လာတယ်ဆိုတာ ငါလည်း မသိဘူး။ ဒါပေမဲ့ သူတို့တွေက ငါ့ကို လူတစ်ယောက် ထုတ်ပေးခိုင်းနေတယ်။ ပြီးတော့ တိုက်လည်း တိုက်ခိုက်လာကြသေးတယ်။ ဘာတွေ ဖြစ်နေမှန်းကို ငါနားမလည်နိုင်သေးဘူး”

ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

ချင်းကျူ
“…”

အခု ဘယ်သူက ဂိုဏ်းတူအစ်ကိုကြီးတုန်း။

ဘာဖြစ်လို့ ဂိုဏ်းတူအစ်ကိုကြီးက မိဘတွေကို တိုင်နေတဲ့ ကလေးတစ်ယောက် ပုံစံ ပေါက်နေတာလဲ။

အဲ… ဒါပေမဲ့လည်း အခုလို ဖြစ်တာမျိုးက ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ။

...

“သူပဲ”

ချင်းကျူကို မြင်လိုက်ရတော့ ရီချင်းလည်း ခဏလောက် မှင်သက်သွားခဲ့ပြီး မျက်စိမျက်နှာပျက်သွားပါတော့တယ်။

ရီချင်းသာမက ရှုရှောင်နဲ့ ဆွန်းဟီတို့လည်း တုန်လှုပ်သွားခဲ့ကြပါပြီ။

ဘာဖြစ်လို့လည်းဆိုတော့ ချင်းကျူကို အရင်တုန်းက သူတို့ မြင်ဖူးခဲ့တာကြောင့်ပါ။

ပြောရရင် လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက လွင်ပြင်ဒေသ စစ်ပွဲကြီးမှာပဲ မဟုတ်လား။

အဲဒီအချိန်တုန်းက ချင်းကျူဟာ သေမျိုးကမ္ဘာကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလိုပါပဲ။ မြေကမ္ဘာ သူတော်စင် အဆင့် တန်ခိုးရှင်တွေကို လက်သီးတစ်ချက်တည်းနဲ့ သူသတ်ဖြတ်ခဲ့ပါတယ်။ မဟာစကြ၀ဠာ နဂါးကြီးတောင်မှ ချက်ချင်း သေဆုံးသွားခဲ့တယ် မဟုတ်လား။

နောက်ဆုံးတော့ စစ်ပွဲ အခြေအနေကို ပြောင်းလဲပစ်ပြီး တောင်ပိုင်းနယ်မြေကြီးကို သူကယ်တင်ပေးသွားခဲ့ပါတယ်။

ချင်းကျူက တမင်ရုပ်ဖျက်ထားခြင်း မရှိတဲ့အတွက် သူတို့ သုံးဦးလုံးဟာ ချင်းကျူရဲ့ အသွင်ကို နက်ရှိုင်းစွာ မှတ်မိနေခဲ့တာပါ။

“ဒီနေရာမှာ သူရှိနေလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး”

ရီချင်းလည်း ရွှမ်းရီတောင်တန်းဂိုဏ်း ဘာကြောင့် ဒီလောက်မြန်မြန် အစွမ်းထက်လာခဲ့တာလဲဆိုတာကို နားလည်သွားခဲ့ပါပြီ။ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ တန်ခိုးရှင်တစ်ဦးက နောက်ကွယ်မှာ ရှိနေခဲ့တာကြောင့် သူတို့မှ ဒီလောက် မတိုးတက်ရင် ဘယ်သူက တိုးတက်ဦးမှာလဲ။

လွင်ပြင်ဒေသ စစ်ပွဲမှာ ချင်းကျူ အစွမ်းပြသခဲ့သလိုပဲ ၀ူကျိလျှို့ဝှက်လောကမှာလည်း ၀ူကျိ သူတော်စင်ကို သူအလွယ်တကူ သတ်ဖြတ်ခဲ့ပါသေးတယ်။ ဒီအချက်တွေကနေ ကောက်ချက် ချရရင် သူဟာ ကောင်းကင်သူတော်စင်တစ်ဦးဖြစ်ဖို့ များနေပါပြီ။

ကောင်းကင်သူတော်စင် တစ်ဦးအတွက်ကတော့ ကောင်းကင်သူတော်စင်အဆင့်အောက်က တန်ခိုးရှင်တိုင်းဟာ ပုရွက်ဆိတ်လေးတွေပါပဲ။

ချင်းကျူသာ ကောင်းကင်သူတော်စင် တစ်ဦး ဖြစ်နေမယ်ဆိုရင် ဗဟိုကုန်းမြေတိုက်ကြီးမှာတောင်မှ သူ့ကို လျှော့တွက်လို့မရတော့ပါဘူး။ တောင်ပိုင်းနယ်မြေကြီးမှာဆိုရင်တော့ စာဖွဲ့စရာ မလိုအပ်တော့ပါဘူး။

ဒါကြောင့်လည်း အစကတည်းက ပိုင်ရီဟာ အကြောက်အလန့် ကင်းမဲ့နေခဲ့တာပါပဲ။

စဉ်းစားရင်း ရီချင်းတို့တွေ အားလုံး ခံစားချက်မျိုးစုံနဲ့ သက်ပြင်းချလိုက်မိကြပါပြီ။

အစတုန်းကတော့ ပိုင်ရီတစ်ယောက် မြေကမ္ဘာ သူတော်စင်ဇနီးတစ်ဦးကို ပိုင်ဆိုင်ထားတာ အလွန်ကို ကံကောင်းနေပြီလို့ ထင်မိခဲ့ပါတယ်။ သူ့အတွက် နှစ်ပေါင်းရာချီ ကြိုးစားရမဲ့ ကိစ္စတွေကနေ ကင်းလွတ်သွားခဲ့ပြီ မဟုတ်လား။

ဒါပေမဲ့လည်း ဂိုဏ်းတူညီလေးဟာ ကောင်းကင်သူတော်စင်တစ်ဦး ဖြစ်နေပြီး သူ့ကို နှစ်ပေါင်းထောင်ချီ ကြိုးစားရမယ့် ဘေးကနေ ကင်းလွတ်စေခဲ့လိမ့်မယ်လို့ သူတို့ ထင်မထားမိခဲ့ပါဘူး။

“မင်းက ဘယ်သူလဲ”

လောင်ဖန်းယန် မျက်မှောင်ကြုတ်လိုက်ပါပြီ။

ဘာကြောင့်မှန်းမသိ ချင်းကျူရဲ့ တန်ခိုးကျင့်စဉ် အခြေခံကို သူမမြင်တွေ့ရပါဘူး။

“အဲ.. ငါက မင်းကို မေးရမှာ မဟုတ်ဘူးလား”

ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး မူးယစ်ရီဝေစွာ ပြန်မေးလိုက်ပါပြီ။

“…”

“ထားလိုက်တော့။ မင်းက ဘယ်ကဆိုတာ ငါသိပြီးပါပြီ”

ချင်းကျူ စကားဆက်လိုက်ပါတော့တယ်။

“သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေက တန်ခိုးရှင်တွေ ဒီလောက်မြန်မြန် ရောက်လာကြလိမ့်မယ်လို့ ငါထင်မထားမိခဲ့ဘူး”

“သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေကို မင်းသိတယ်လား”

လောင်ဖန်းရဲ့ မျက်နှာထား သိသိသာသာ ပျက်သွားပါတော့တယ်။

“သိတယ်လေ”

ချင်းကျူ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါပြီ။

“ငါတို့ ရွှမ်းရီတောင်တန်းဂိုဏ်းက သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေကို အပြစ်မပြုမိသေးဘူး ထင်တယ်။ ဟုတ်တယ်နော်”

သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေအကြောင်း ချင်းကျူ အများကြီး သိထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ လေ့ကျင့်တဲ့ ကျင့်စဉ်တွေက အလွန်ကို ထူးခြားနေခဲ့ပါတယ်။ ဒါကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ ချင်းကျူ သိနေခဲ့တာပါ။

သန့်စင်သောယန် မြင့်မြတ်သော ဘိုးဘေးကြီးကနေ လောင်ဝေဝေအထိ အားလုံးကို ကြည့်တာနဲ့ အလွယ်တကူ ခန့်မှန်းလို့ ရပါတယ်။

“ငါတို့ ဘယ်သူတွေလဲဆိုတာ မင်းသိပြီးပြီဆိုတော့ သူမကို ထုတ်ပေးတော့လေ”
လောင်ဖန်းယန် ပြောလိုက်ပါပြီ။

“သူမကို လိုချင်တယ်ဆိုရင် မင်းရဲ့ ဆရာကို ကိုယ်တိုင် လာခေါ်ခိုင်းလိုက်လေ”

ချင်းကျူလည်း ပုခုံးကို တွန့်လိုက်ပါတော့တယ်။

“သတ္တိကောင်းလှချည်လား”

လောင်ဖန်းယန် ဒေါသူပုန်ထသွားခဲ့ပါပြီ။

“မင်းမှာ အစွမ်းနည်းနည်း ရှိနေလို့ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား”

“အမှန်ပဲ။ ငါက ပြိုင်ဘက်ကင်းတယ်လေ။ မင်းဘယ်လိုလုပ် သိသွားတာလဲ”

ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား

“…”
(ငါ.. ငါ ရွဲ့ပြောလိုက်တာ မဟုတ်ဘူးလား။)

လောင်ဖန်းယန်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်နေမိခဲ့ပါတယ်။ ဘာပြောလို့ ပြောရမှန်းမသိ တဒင်္ဂလောက် ဆွံ့အသွားခဲ့ပါပြီ။

“မင်းက သေချင်နေတာပဲ”
လောင်ဖန်းယန် နောက်မှာ ရှိနေတဲ့ မြေကမ္ဘာ သူတော်စင်တစ်ဦးက အေးစက်စွာ ပြောလိုက်ပါတော့တယ်။ သူ့ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားသွားပြီး နေရာကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။

နောက်တဒင်္ဂမှာတော့ မြေကမ္ဘာ သူတော်စင်ဟာ ချင်းကျူအနောက်မှာ ပြန်ပေါ်လာခဲ့ပြီး လက်သီးနဲ့ ထိုးချလိုက်ပါတော့တယ်။

ဒီအရှက်မရှိတဲ့ လူငယ်လေးကို အကြောင်းသိအောင် ပြရမယ် မဟုတ်လား။

“ဂိုဏ်းတူမောင်လေးချင်း.. သတိထားပါ”
မုဇီချီလည်း အလန့်တကြား အော်ပြောလိုက်ပါပြီ။

၀ုန်း

ကျယ်လောင်တဲ့ မြည်ဟည်းသံနဲ့အတူ အရိုးကျိုးသံသဲ့သဲ့ ပေါ်ထွက်လာပါတော့တယ်။ မြေကမ္ဘာ သူတော်စင်ဟာ အရုပ်ကြိုးပြတ် ပြုတ်ကျသွားခဲ့ပါပြီ။ သူ့ရဲ့ ဒွာရပေါက်တွေကနေ သွေးတွေ စီးကျနေခဲ့ပါတယ်။ သူလုံး၀ သတိလစ်သွားခဲ့ပါပြီ။

မုဇီချီ
“…”

လောင်ဖန်းယန်
“…”

အားလုံး
“…”

အကြွင်းမဲ့ တိတ်ဆိတ်ခြင်းက ကြီးစိုးသွားပါတော့တယ်။

အားလုံး နားမလည်နိုင်အောင် ဖြစ်နေကြပါပြီ။

ချင်းကျူက လှုပ်ရှားလိုက်တာကို မမြင်လိုက်ကြတဲ့အတွက် မြေကမ္ဘာသူတော်စင်က ဘယ်လိုလုပ်ပြီး ဒဏ်ရာရသွားတယ်ဆိုတာကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြပါတော့တယ်။

“မင်းတို့က ဘာဖြစ်လို့ ဒီလောက်မြန်မြန် သေချင်နေကြတာလဲ”

ချင်းကျူ နားမလည်နိုင်စွာ မေးလိုက်ပါပြီ။

“…”

“လောင်ကုကို မင်းဘာလုပ်လိုက်တာလဲ”

မကြာခင်မှာတော့ လောင်ဖန်းယန် တစ်ယောက် အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်ပါတော့တယ်။

“စိတ်မပူပါနဲ့။ မင်းအလှည့်လာမှာပါ”

ချင်းကျူလည်း ပြုံးလိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်ပါပြီ။

၀ုန်း

လေထု ပေါက်ကွဲသွားပြီး ဝိညာဉ်စွမ်းအင်လှိုင်းတွေဟာ စက်ဝိုင်းခြမ်းပုံစံအတိုင်း မီတာတစ်ထောင်ကျောအထိ ပျံ့နှံ့သွားပါတော့တယ်။ ဒီထဲမှာ လောင်ဖန်းလည်း နစ်မြုပ်သွားခဲ့ပါပြီ။

၀ုန်း ၀ုန်း

သနားစရာကောင်းတဲ့ လောင်ဖန်းယန်တစ်ယောက် ဘာဖြစ်သွားတယ် ဆိုတာကို သဘောမပေါက်ခင်မှာပဲ သွေးမှုန်အဖြစ် ပေါက်ကွဲသွားခဲ့ပြီး လေနဲ့အတူ လွင့်သွားပါတော့တယ်။ သူဟာ သေခြင်းအလွန်သေခြင်းဘ၀ ရောက်ရှိသွားရှာပါပြီ။

လောင်ဖန်းယန်တစ်ယောက် ပိုင်ရီကို တိုက်ခိုက်စဉ်တုန်းကလည်း စာနာထောက်ထားမှု မပြခဲ့ပါဘူး။ ဒါကြောင့် ချင်းကျူအနေနဲ့လည်း အခုအချိန် သဘောထားကြီးပြစရာ အကြောင်းမရှိဘူး မဟုတ်လား။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 16
Chapter 12
သွားစမ်း

လေထုတစ်ခုလုံး ရပ်တန့်သွားခဲ့ပြီး ရွှမ်းရီတောင်တန်းဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါပြီ။

တစ်ချက်တည်းနဲ့ မြေကမ္ဘာ သူတော်စင် အထွတ်အထိပ်အဆင့် တန်ခိုးရှင်ဟာ သေဆုံးသွားခဲ့ပြီလား။

အားလုံးတစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ကြပြီး လက်မခံနိုင်အောင် ဖြစ်နေခဲ့ကြပါတယ်။

အထူးသဖြင့် မဟာကလန်ကြီး ခြောက်ခုက ဂိုဏ်းချုပ်ကြီးတွေပါ။ သူတို့တွေဟာ အလွန်ကို တုန်လှုပ်ကြောက်ရွံ့နေတာကြောင့် မြေပြင်ပေါ် လဲကျမတတ်ဖြစ်နေကြပါပြီ။ သူတို့ မျက်နှာတွေဟာ စက္ကူဖြူအလားဖြူရော်နေပါတော့တယ်။

လွင်ပြင်ဒေသ စစ်ပွဲကြီးကို တိုက်ခိုက်စဉ်တုန်းက သူတို့တွေဟာ ထိပ်တန်းအဆင့် အင်အားစုတွေ မဟုတ်တဲ့အတွက် ချင်းကျူအကြောင်း မသိခဲ့ကြပါဘူး။

ဒါပေမဲ့လည်း သူတို့ရှေ့မှာ ဖြစ်ခဲ့တဲ့ မြင်ကွင်းအရ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ဘယ်လိုကြောက်စရာကောင်းတဲ့ တည်ရှိမှု တစ်ခု ပုန်းအောင်းနေတယ်ဆိုတာကို သိနေရပါပြီ။

မူလတာအို သူတော်စင်တွေ ဖြစ်ကြတာကြောင့် မြေကမ္ဘာ သူတော်စင်တွေဟာ ဘယ်လောက် ကြောက်စရာကောင်းကြောင်းကို သူတို့ ကောင်းကောင်း နားလည်ထားပြီးသားပါ။ သူတို့ရဲ့ ပါရမီနဲ့ဆို ဒီဘ၀မှာ ဒီအဆင့်ကို ဘယ်တော့မှ ရောက်ရှိမှာ မဟုတ်ပါဘူး။

မဟုတ်ဘူးဆိုရင် မဟာဂိုဏ်းကြီး လေးခုအနေနဲ့ တောင်ပိုင်းနယ်မြေကြီးကို နှစ်ပေါင်းထောင်ချီ အုပ်စိုးထားနိုင်မှာ မဟုတ်ပါဘူး။

သူတို့ထဲမှာ မိုးကြိုးလေပြည်ဂိုဏ်းဟာလည်း မြေကမ္ဘာ သူတော်စင်တစ်ဦး ဆုံးရှုံးလိုက်ရပြီးချိန်မှာ အဆင့်လျှောကျသွားပါသေးတယ်။

ဒါကြောင့် မြေကမ္ဘာသူတော်စင်တစ်ဦးဖြစ်လာဖို့ ဘယ်လောက် ခက်ခဲကြောင်း သိနိုင်နေပါပြီ။

ဒါပေမဲ့ သူတို့အရှေ့မှာ ရှိနေတဲ့ လူငယ်လေးက မြေကမ္ဘာ သူတော်စင်တစ်ဦးကို တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်လား။

သူတို့ အိပ်မက် မက်နေတာလား။

ဂိုဏ်းချုပ်ခြောက်ဦး တစ်ဦးမျက်နှာတစ်ဦးကြည့်ပြီး သွေးပျက် တုန်လှုပ်နေကြပါပြီ။

အခုပဲ သူတို့ ပြောခဲ့တဲ့ စကားတွေကို ပြန်လည်ကြားယောင်လာပါတော့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးပိုင်ရီက သူတို့ကို ဖိအားပေးလာရင် ဘယ်လိုလုပ်မတုန်း။

လောင်ဖန်းယန်လိုပဲ သူတို့ ဘ၀ ဆုံးသွားရတော့မလား။

မဟာကလန်ကြီးတွေရဲ့ ဂိုဏ်းချုပ်ကြီး ခြောက်ဦးတောင်မှ ဒီလိုဖြစ်နေပြီဆိုတော့ လောင်ဖန်းယန်နဲ့အတူ လိုက်ပါလာတဲ့ သန့်စင်သောယန် ဂိုဏ်းက တန်ခိုးရှင်တွေဆို ဆိုဖွယ်ရာ မရှိတော့ပါဘူး။ သူတို့ အားလုံး နေရာမှာ မလှုပ်မယှက် မှင်သက်ရပ်တန့်နေကြပါတော့တယ်။

ဒီတစ်ခေါက် မစ်ရှင်က တောင်ပိုင်းနယ်မြေဖြစ်တာကြောင့် မြေကမ္ဘာ သူတော်စင် ငါးဦးတည်းသာ ထွက်လာခဲ့တာပါ။

မျက်စိတမှိတ် အချိန်အတွင်း တစ်ဦးသေဆုံးသွားပြီး တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပါပြီ။ တစ်ဖက် ရန်သူက လက်ဖျောက်တစ်ချက်သာ တီးရပါသေးတယ်။

ဒီလို ပုဂ္ဂိုလ်မျိုးကို သူတို့ ဘယ်လို တိုက်ခိုက်ရမလဲ။

ချင်းကျူသာ နောက်ထပ် လက်ဖျောက်နည်းနည်းထပ်တီးလိုက်မယ်ဆိုရင် သူတို့ အားလုံး ဒီမှာ သေရတော့မှာ မဟုတ်လား။

ဒီလို ကြောက်စရာကောင်းလှတဲ့ တန်ခိုးရှင်တစ်ဦး တောင်ပိုင်းနယ်မြေကြီးမှာ ဘာကြောင့် ရှိနေတာလဲ။

ဟူး

ဒီအချိန်မှာတော့ လောင်ဖန်းယန်ရဲ့ သွေးစတွေဟာ လေနဲ့အတူ မျောလွင့်နေရာကနေ ရုတ်တရက်ဆိုသလို ပြန်လည်စုဝေးလာခဲ့ပြီး ခန္ဓာကိုယ်တစ်ခု ပြန်လည် တည်ဆောက်လာပါတော့တယ်။ ဒါပေမဲ့ သူ့အော်ရာအရှိန်အဝါဟာ မြေကမ္ဘာသူတော်စင်အဆင့် မဟုတ်တော့ပဲ အများကြီး ကျဆင်းသွားခဲ့ပါပြီ။

“မင်းက ငါ့ကို သတ်ဝံ့တယ်ပေါ့လေ”
လောင်ဖန်းယန်ရဲ့ မျက်နှာထား သုန်မှုန်ခက်ထန်နေခဲ့ပါတယ်။ ဒါ့အပြင် သူ့မျက်နှာအထက် မယုံကြည်နိုင်မှုတွေလည်း ပြည့်နေတာ တွေ့ရမှာပါ။

အသွေးအသားတွေကို ပြန်လည်စုဆောင်းတဲ့ အထူးလျှို့ဝှက်ကျင့်စဉ်ကိုသာ သူတတ်မြောက်ထားတာကြောင့် မဟုတ်ဘူးဆိုရင် ချင်းကျူ တိုက်ခိုက်မှုကြောင့် ဒီလောကကနေ လုံး၀ ပျောက်ကွယ်သွားမှာပါ။

“အဲ.. မင်းက မသေသေးဘူးလား”

ချင်းကျူ နည်းနည်း တွေဝေသွားခဲ့ပါပြီ။

လောင်ဖန်းယန်
“…”

ချင်းကျူက သူပြောတဲ့ စကားကိုကော ကြားလိုက်ရဲ့လားလို့ လောင်ဖန်းယန် တွေးနေမိခဲ့ပါတယ်။

“ဟမ့်…  မင်းက ကောင်းကင်သူတော်စင်တစ်ဦး ဖြစ်နေရင်တောင်မှ ငါ့ကို သတ်လိုက်မယ်ဆိုရင် သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေက မင်းကို ခွင့်လွှတ်ပေးလိမ့်မယ် မဟုတ်ဘူး”

လောင်ဖန်းယန် အံကို တင်းတင်းကြိတ်လိုက်ပါပြီ။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် သူဟာ မြေကမ္ဘာ သူတော်စင် အထွတ်အထိပ် အဆင့် တန်ခိုးရှင်တစ်ဦး ဖြစ်နေဆဲပါ။ ချင်းကျူက သူ့ကို ချက်ချင်း သတ်နိုင်နေပြီ ဆိုကတည်းက သူဟာ မြေကမ္ဘာ သူတော်စင် အဆင့်ကို ကျော်လွန်ပြီး ကောင်းကင်သူတော်စင် အဆင့်ကို ရောက်ရှိနေတာ သေချာသွားပါပြီ။

ဒါပေမဲ့ တခြား အဖွဲ့အစည်းတွေ အတွက်ကတော့ ကောင်းကင် သူတော်စင် တစ်ဦးဟာ ကြီးကျယ်မြင့်မြတ်လှတဲ့ အဆင့်ဖြစ်ပေမဲ့လည်း မြင့်မြတ်သော မဟာကုန်းမြေကြီး ရှစ်ခုအတွက်ကတော့ ဘာမှ မဟုတ်ခဲ့ပါဘူး။

ကောင်းကင်သူတော်စင်တစ်ဦး မဆိုထားနဲ့ မဟာသူတော်စင် တစ်ဦးတောင်မှ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေက တစ်ယောက်ယောက်ကို သတ်မိသွားခဲ့မယ်ဆိုရင် တန်ရာတန်ကြေး ပေးဆပ်ရပါလိမ့်မယ်။

တစ်ချိန်တုန်းက သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေက မူလတာအို သူတော်စင် တစ်ဦးကို တိတ်တဆိတ် သတ်ဖြတ်ခဲ့တဲ့ မဟာသူတော်စင်တစ်ဦး ရှိခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီကိစ္စကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါ မဟာသူတော်စင်ကို ဝိညာဉ်ဗဟိုကမ္ဘာရဲ့ အဆုံးအထိ လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။ သူ့ကို သတ်ပြီးတာနဲ့ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေ အပြင်ဘက်မှာ ကြိုးနဲ့ချည်ပြီး ချိတ်ဆွဲပြသခဲ့ပါတယ်။

ဒါကို ကြည့်ရင် သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေက အဖွဲ့ဝင်တွေကို ဘယ်လောက်အထိ ကာကွယ်ပေးထားလည်းဆိုတာ သိရမှာပါ။

ပြီးတော့ လောင်ဖန်းယန်ရဲ့ ပါရမီဟာ အလွန်ကို ထူးခြားပါတယ်။ သူဟာ အနာဂတ်မှာ ကောင်းကင်သူတော်စင် အဆင့်ကို တက်လှမ်းနိုင်ဖို့ ရှိနေပါပြီ။ သူအသတ်ခံလိုက်ရပြီ ဆိုရင် သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေက ဒီကိစ္စကို မေ့လျော့ထားလိုက်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ချင်းကျူကိုတော့ သူအပြစ် မပြုသင့်ပါဘူး။

“အိုး.. အဲတော့ ဘာဖြစ်လဲ”

ချင်းကျူရဲ့ မျက်နှာထား အေးအေးဆေးဆေးပဲ ရှိနေခဲ့ပါတယ်။ တုန်လှုပ်မှု တစွန်းတစ မထင်ခဲ့ပါဘူး။

“…”

လောင်ဖန်းယန်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။

အရင်တုန်းကသာဆိုရင် သေရေးရှင်ရေး ကိစ္စကို ကြုံတွေ့ရတာကြောင့် မဟုတ်ဘူးဆိုရင် သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောလိုက်တာနဲ့ တစ်ဖက်က အပြုအမူတွေဟာ ၁၈၀ ဒီဂရီ ပြောင်းလဲသွားမှာပါ။

အခုတော့ ပုံမှန်မျက်နှာထားနဲ့ပဲ ရှိနေခဲ့တဲ့ ချင်းကျူကို ပထမဆုံးအကြိမ်အဖြစ် လောင်ဖန်း ရင်ဆိုင်ခဲ့နေရပါပြီ။

အချိန်တော်တော်ကြာ တိတ်ဆိတ်နေပြီးနောက်မှာ လောင်ဖန်းယန်တစ်ယောက် ကြိုးစားအားတင်းလိုက်ပြီး ပြောလိုက်ပါတော့တယ်။

“မင်းက အရမ်းကို မောက်မာလွန်းတာပဲ”

“အဲဒီလိုလား”

ချင်းကျူရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ လှောင်ပြုံးတစ်ခု ထင်ဟပ်လာခဲ့ပါပြီ။

“မင်းကိုယ်မင်း အလွန်အစွမ်းထက်လှပါပြီ ထင်လို့ အစကတည်းက တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလား”

“…”

လောင်ဖန်းယန် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါတယ်။ ပြန်မပြောနိုင်တော့ပါဘူး။

မှန်ပါတယ်။ ရွှမ်းရီတောင်တန်းဂိုဏ်းကို သူရောက်ရှိလာချိန်မကစလို့ တစ်ချိန်လုံး မောက်မာရိုင်းပြစွာ ပြုမူနေခဲ့တာပါ။ ဒီနေရာမှာ သူ့ထက်ပိုပြီး အစွမ်းထက်သူ မရှိနိုင်ဘူးလို့ ထင်နေမိခဲ့ပါတယ်။

ဒီနေရာတစ်ခုလုံးကို မြေပြန့်ဖြစ်သွားအောင် သူလုပ်ဖို့အတွက်က အလွန်ကို လွယ်ကူလွန်းနေခဲ့တယ် မဟုတ်လား။

ဒါပေမဲ့လည်း အဲဒါက ချင်းကျူ မရောက်လာခင် အချိန်အထိပါပဲ။

“ကောင်းပြီလေ။ လောင်ကုကို ဒဏ်ရာအပြင်းအထန် ရအောင် တိုက်ခိုက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါခွင့်လွှတ်ပေးမယ်။ ငါတို့လိုချင်တဲ့လူကို ထုတ်ပေးမယ်ဆိုရင် ငါတို့ ချက်ချင်း ထွက်သွားမှာပါ”
လောင်ဖန်းယန်တစ်ယောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ညှိနှိုင်းလိုက်ပါတော့တယ်။

ဒါကို ကြားလိုက်ရတော့ ချင်းကျူ ဘာပြောရမှန်းမသိအောင် ဖြစ်သွားခဲ့ပါပြီ။ ဒီတစ်ယောက်က အခြေအနေကို နားမလည်ဘူးလား။

“မင်းရဲ့ ဆရာကို ကိုယ်တိုင်လိုက်လာဖို့ ငါပြောပြီးပြီလေ”

ချင်းကျူလည်းဟ သာမန် မျက်နှာထားနဲ့ ပြောလိုက်ပါတော့တယ်။

“ပြီးတော့ မင်းပြန်သွားဖို့လည်း မလိုအပ်တော့ဘူး”

စကားဆုံးသွားတာနဲ့ ချင်းကျူ လက်ညှိုးညွှန်လိုက်ပါပြီ။

“မလုပ်ပါနဲ့”

တစ်ခုခုကို နားလည်သွားပြီးတဲ့နောက်မှာ လောင်ဖန်းယန်တစ်ယောက် မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ။ သူ့မျက်နှာအထက် တုန်လှုပ်ချောက်ချားမှုတွေ ပြည့်နေပါတော့တယ်။

၀ုန်း

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ လောင်ဖန်းယန်တစ်ယောက် သွေးမှုန်တွေအဖြစ် ထပ်မံ ပေါက်ကွဲသွားခဲ့ပါပြီ။

သွေးမှုန်တွေ ထပ်မံ စုဝေးလာတာကို မစောင့်တော့ပဲ ရွှေရောင်အလင်းတစ်ခု ဖြာထွက်လာခဲ့ပြီး သွေးမှုန်အားလုံးကို ဝါးမျိုသွားပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ လောင်ဖန်းယန်တစ်ယောက် ပြန်လည်မရှင်သန်နိုင်တော့ပါဘူး။

ဒီလို လူစားမျိုးတွေကို ချင်းကျူ ဘယ်လိုမှ သဘောထား မကြီးနိုင်ပါဘူးလေ။

လောင်ဖန်းယန်ကို ရင်ဆိုင်ပြီးတာနဲ့ ချင်းကျူလည်း ကျန်မြေကမ္ဘာ သူတော်စင် ၃ဦးကို လှမ်းကြည့်လိုက်ပါပြီ။

“မင်းတို့ ဆက်ချင်ကြသေးလား”

သူတို့  ၃ဦး တုန်လှုပ်စွာနဲ့ ချက်ချင်း ခေါင်းခါယမ်းလိုက်ကြပါတော့တယ်။

“အဲဒါဆို သွားကြတော့”

ချင်းကျူရဲ့ စကားသံဟာ မိုးခြိမ်းသံအလား ပေါ်ထွက်လာခဲ့ပါပြီ။ ဒီစကားသံဟာ ရွှေတုံးနဲ့ ကျောက်တုံးတွေကိုပါ ဖောက်ထွင်းသွားနိုင်စွမ်း ရှိနေခဲ့ပါတယ်။ (ဗန်းစကားပါ) ဒီစကားသံကြောင့်ပဲ ရှိနေကြတဲ့ တန်ခိုးရှင် အားလုံး မူးဝေသွားကြပြီး တချို့ဆို မေ့မျောလုမတတ် ဖြစ်သွားခဲ့ကြပါပြီ။

“ဟမ့်.. အကြီးအကဲလောင် ရောက်လာချိန်ကျရင် မင်းဘယ်လို အသက်ထွက်သွားတယ်ဆိုတာကို သိလိုက်ရမှာတောင် မဟုတ်ဘူး”
မြေကမ္ဘာ သူတော်စင်တစ်ဦးက မကျေနပ်မှု နာကျည်းမှုတွေ ပြည့်နေတဲ့ လေသံနဲ့ တိုးညင်းစွာ ရေရွတ်လိုက်ပါပြီ။

၀ုန်း

နောက်ထပ် ပေါက်ကွဲသံကြီး ပေါ်ထွက်လာခဲ့ပြီး စကားပြောလိုက်သူ မြေကမ္ဘာ သူတော်စင်လည်း သွေးမှုန်တွေအဖြစ် ပေါက်ကွဲသွားပါတော့တယ်။

ရှိနေကြသူ အားလုံး
“…”

စကားနည်းနည်းလောက် ပြောလိုက်လို့ အသတ်ခံလိုက်ရတာ ရက်စက်ရာ မကျလွန်းဘူးလား။ အရမ်းကို ကြောက်ဖို့ ကောင်းတာပဲ။

ဒါကို တွေ့လိုက်ရတော့ ကျန်နှစ်ဦးလည်း ဘာမှ မပြောဝံ့ကြတော့ပါဘူး။

ချက်ချင်းပဲ တန်ပြန်အင်အားကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ လောင်ကုကို ခေါ်ဆောင်ပြီး မှော်ရတနာ သင်္ဘောပျံကြီးဆီကို ပျံသန်းသွားခဲ့ကြပါပြီ။ ပြီးတာနဲ့ ကျန်မူလတာအို သူတော်စင်တချို့ကို ခေါ်ဆောင်ပြီး အသည်းအသန် ထွက်ပြေးသွားကြပါတော့တယ်။

မှော်ရတနာ သင်္ဘောပျံကြီး မိုးကုတ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားတော့မှ အားလုံး အသိစိတ် ပြန်ဝင်လာခဲ့ကြပါပြီ။ အခြေအနေတွေကို အစအဆုံး မြင်တွေ့လိုက်တာကြောင့် သူတို့ ရင်ထဲ တုန်လှုပ်မှုတွေ ပြည့်နေဆဲပါ။

တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံးကို ခြေမှုန်းလိုက်နိုင်တဲ့ အင်အားစုကြီးက ဒီလိုနဲ့ ထွက်ပြေးသွားခဲ့ပြီလား။

“ဂိုဏ်းတူညီလေးက အရမ်းအစွမ်းထက်တာပဲ”
ပိုင်ရီလည်း ဝမ်းသာစွာ အော်ဟစ်ရင်း အပြေးရောက်လာခဲ့ပါပြီ။

“နှမြောဖို့ကောင်းတယ်။ အဲဒီနှစ်ယောက်မှာ ဘာပစ္စည်းကောင်းမှ မပါလာဘူး။ ဟူး”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ချင်းကျူခေါင်းပေါ် ဖြတ်ပျံသွား။

ချင်းကျူ
“…”

“ဒါနဲ့… သူတို့က ငါတို့ဆီကနေ ဘာကို လိုချင်နေကြတာလဲ မသိဘူး”
ပိုင်ရီလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ချိန်လုံး နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ သူတို့တွေက ဘယ်သူ့ကို ထုတ်ပေးဖို့ ပြောနေတာကြလဲ။

“ဟား ဟား.. သူတို့တွေက ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော ကုန်းမြေကြီး ရှစ်ခုက တန်ခိုးရှင်တွေပဲ။ ဒီမှာ တစ်ယောက်ယောက်ကို လာရှာကြတာလေ”

“သူတို့က ဘယ်သူ့ကို ရှာနေကြတာလဲ”
ပိုင်ရီ လှမ်းမေးလိုက်ပါပြီ။

“မင်းသိပါတယ်။ တောင်ဂိတ်ပြိုင်ပွဲက ချန်ပီယံလေ”

ပြောရရင် လောင်ဖန်းယန်တို့ ပေါ်လာစဉ်ကတည်းက အခြေအနေကို ချင်းကျူ နားလည်သွားခဲ့ပါတယ်။

မကြာခင်တုန်းကမှ လောင်ဝေဝေတစ်ယောက် ခံစားနေရတဲ့ ထူးခြားတဲ့ ခံစားမှုတွေအရ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေဟာ အထူးနည်းလမ်း တစ်ခုခုနဲ့ သူမရဲ့ သွေးမျိုးဆက်ကို အာရုံခံမိသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း စုံစမ်းစစ်ဆေးဖို့အတွက် တန်ခိုးရှင်တွေကို သူတို့ စေလွှတ်လိုက်တာပါ။

လောင်ဖန်းယန်ကို စေလွှတ်လိုက်သူဟာ သန့်စင်သောယန် သူတော်စင်ဖြစ်တဲ့ သူမရဲ့ ဖခင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။

မဟုတ်ဘူးဆိုရင် ချင်းကျူအနေနဲ့ သူတို့ဆရာကို ကိုယ်တိုင်လာခဲ့ဖို့ မှာလိုက်စရာ အကြောင်းမရှိပါဘူး။

ပြောရရင် လောင်ဖန်းယန်တို့ရဲ့ အစွမ်းအစနဲ့ တောင်ပိုင်းနယ်မြေကြီးတစ်ခုလုံးကို ခြေမှုန်းနိုင်ဖို့က လုံလောက်နေတာ သေချာပါတယ်။

ဒါပေမဲ့ နှစ်ပေါင်း တစ်သန်းအတွင်းမှာပဲ လောင်ဖန်းယန်အနေနဲ့ ချင်းကျူကို ရင်ဆိုင်မိပြီး အသက်ဆုံးရှုံးရလိမ့်မယ်လို့ တွေးမိလိမ့်မယ် မဟုတ်ပါဘူး။

“အဲဒီ မိန်းကလေးလား”

ပိုင်ရီလည်း ခဏလောက် မှင်သက်သွားခဲ့ပြီး ရေရွတ်လိုက်ပါတော့တယ်။

“ဖြစ်နိုင်တယ်။ သူမက ငါတို့ ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ ကျင့်စဉ်ကို လေ့ကျင့်ထားတာ မဟုတ်ဘူး။ ပြီးတော့ သူမရဲ့ အော်ရာအရှိန်အဝါက အခု ရောက်လာတဲ့လူတွေနဲ့ တော်တော်လေးကို ဆင်တူနေတယ်”

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 16
Chapter 13

လျှိုဖန်းရဲ့ သေဆုံးခြင်းနဲ့အတူ သန့်စင်သောယန် ကုန်းမြေက တန်ခိုးရှင်တွေလည်း ပြန်သွားကြပြီ ဖြစ်တာကြောင့် ဒီကိစ္စက ပြီးဆုံးသွားပြီလို့ ဆိုရပါလိမ့်မယ်။

သန့်စင်သောယန် ကုန်းမြေက နောက်ထပ် တန်ခိုးရှင်တွေ စေလွှတ်ခြင်း မစေလွှတ်ခြင်းကတော့ သတ်သတ် ကိစ္စ ဖြစ်သွားပါပြီ။

ရီချင်းနဲ့ ကျန်ဂိုဏ်းချုပ် နှစ်ဦးတို့ တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ပါတော့တယ်။ သူတို့တွေ စိတ်ရှည်ရှည်ထား စောင့်ကြည့်ပြီး ဘက်မရွေးဖြစ်ခဲ့လို့သာ တော်သေးတယ် မဟုတ်လား။ မဟုတ်ဘူးဆိုရင် အခု သူတို့ပါ ကျဉ်းထဲကျပ်ထဲ ကျရောက်သွားလောက်ပါပြီ။

ဒါပေမဲ့ မဟာကလန်ကြီး ခြောက်ခုက ဂိုဏ်းချုပ်ကြီးတွေကတော့ ကံမကောင်းခဲ့ကြရှာပါဘူး။ အခုအချိန်မှာတော့ သူတို့တွေ အားလုံး တုန်လှုပ်စွာနဲ့ စကားမပြောဝံ့တော့ပဲ ခေါင်းငုံ့နေနေကြပါပြီ။ ချင်းကျူက သူတို့ဘက်ကို လှည့်ပြီး လက်သီးနဲ့ ထိုးလိုက်ရင် ဘယ်လိုလုပ်မတုန်း။

အဲ..ဒါလည်း မဟုတ်သေးဘူး။ မုဇီချီတောင်မှ သူတို့ကို အလွယ်တကူ သတ်နိုင်နေပြီ မဟုတ်လား။

မဟာကလန်ကြီး ခြောက်ခုက ဂိုဏ်းချုပ်ကြီးတွေတောင် ဒီလို ဖြစ်နေကြပြီ ဆိုတော့ တခြား သာမန်အဖွဲ့အစည်းတွေဆိုရင် စာဖွဲ့စရာ မလိုအပ်တော့ပါဘူး။ အထူးသဖြင့် အလွန်ကို ရန်လိုခဲ့ကြတဲ့ အဖွဲ့အစည်းတွေ အတွက်ပါ။ သူတို့မျက်နှာတွေဟာ စက္ကူဖြူလို ဖြူရော်နေကြပြီ ဖြစ်သလို ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိကြတော့ပါဘူး။

ဒီလို ပုဂ္ဂိုလ်မျိုးကို အပြစ်ပြုမိသွားပြီ ဆိုတော့ သူတို့အနေနဲ့ တောင်ပိုင်းနယ်မြေကြီးမှာ နောင်အချိန် ဆက်လက်ရပ်တည်လို့ ရပါဦးမလား။ ဒီနေရာကနေ သူတို့ အကောင်းပကတိ ထွက်ခွာသွားဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဒီအချိန်မှာပဲ ရီချင်းတစ်ယောက် ရှေ့တိုးလိုက်ပြီး ပြောလိုက်ပါတော့တယ်။

“ဆရာကြီးခင်ဗျာ.. ဒီအဖွဲ့အစည်းတွေက လွင်ပြင်ဒေသ စစ်ပွဲမှာ အများကြီး စွမ်းဆောင်ပေးခဲ့ကြပါတယ်။ သူတို့ အခုပြောလိုက်တဲ့ စကားလုံးတွေက တစ်ကိုယ်ကောင်းဆန်နေပေမဲ့လည်း အမှားအယွင်းလေးတစ်ခုထက် မပိုပါဘူး။ ဒါကြောင့် ဆရာကြီးအနေနဲ့ သူတို့ကို ခွင့်လွှတ်ပေးလိုက်ပါလား ခင်ဗျာ”

ဒီအချိန်မှာတော့ ရီချင်းတစ်ယောက် လက်သီးနှစ်ဖက်ကို ပူးကပ်ပြီး လေးစားရိုကျိုးစွာ ပြောပြီးသွားခဲ့ပါပြီ။

ဒီစကားကို ကြားလိုက်ရတော့ မျက်နှာဖြူရော်နေကြတဲ့ အဖွဲ့ခေါင်းဆောင်တွေဟာ ရီချင်းကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်ကြပါတော့တယ်။

အခုအချိန်မှာ ရီချင်းတစ်ယောက် သူတို့အတွက် အရှေ့ထွက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေတာပဲ မဟုတ်လား။ သူတို့တွေ ကျေးဇူးအရမ်းတင်မိကြတာပေါ့။

ဒီမြင်ကွင်းကို ကြည့်ပြီး ရှုရှောင်နဲ့ ဆွန်းဟီတို့ ရင်ထဲကနေ ကြိတ်ပြီး ကျိန်ဆဲမိလိုက်ကြပါပြီ။ ရီချင်းက သူ့ရဲ့ ဂုဏ်သရေ ကြီးမြင့်လာဖို့အတွက် ဒီလိုမျိုး ပြုမူဆောင်ရွက်နေတယ်ဆိုတာကို သူတို့ မသိပဲ ဘယ်နေပါ့မလဲ။

ဒီအဖွဲ့အစည်းလေးတွေရဲ့ ခေါင်းဆောင်တွေသာ ဒီနေ့အချိန် ရွှမ်းရီတောင်တန်းဂိုဏ်းကနေ အသက်ရှင်လျက် ထွက်ခွာသွားနိုင်ခဲ့မယ်ဆိုရင် ရီချင်းကို သေချာပေါက် ကျေးဇူးတင်နေမိကြမှာပါ။ အဲဒီအချိန်ကျရင် အာခက်လျှို့ဝှက်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာဟာလည်း ပိုပြီး တိုးတက်မြင့်မား လာပါလိမ့်မယ်။

ချင်းကျူက ရက်ရက်စက်စက်ပဲ ဒီခေါင်းဆောင်တွေကို သတ်ဖြတ်လိုက်မယ် ဆိုရင်တောင်မှ ရီချင်းအတွက် အရှုံးမရှိသေးပါဘူး။ အခုလုပ်ဆောင်ချက်ဟာ အကျိုးကျေးဇူးသာ ရှိပြီး စတေးမှု မရှိတဲ့ အကွက်ပါပဲ။

ရှုရှောင်နဲ့ ဆွန်းဟီတို့လည်း ဒီလိုဆောင်ရွက်ဖို့ စဉ်းစားမိခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့တွေ နည်းနည်းလောက် ချီတုံချတုံ ဖြစ်သွားခဲ့တာကြောင့် ရီချင်းက ကျော်တက်သွားခဲ့တာပါ။

“အမှန်ပါပဲ ဆရာကြီး။ ဒီအဖွဲ့အစည်းလေးတွေ အားလုံးက လွင်ပြင်ဒေသ စစ်ပွဲမှာ အများကြီး စတေးပေးခဲ့ကြပါတယ်။ ဒါကြောင့် ဆရာကြီး သဘောထားကြီးပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ် ခင်ဗျာ”

ရှုရှောင်လည်း အံကို တင်းတင်းကြိတ်ပြီး ထောက်ခံစကား ပြောလိုက်ပါပြီ။

သူ့အနေနဲ့ အစဦးဆုံး ပြောခွင့် မရခဲ့ပေမဲ့လည်း ရီချင်းတစ်ယောက်ပဲ အကျိုးအမြတ် ထုတ်ယူသွားမှာကိုတော့ မလိုလားခဲ့ပါဘူး။

ဒါကို တွေ့လိုက်ရတော့ ဆွန်းဟီလည်း မြန်မြန်ပဲ နောက်ကနေ လိုက်လာခဲ့ပြီး
“အမှန်ပါပဲ ဆရာကြီး။ ကျေးဇူးပြုပြီး သဘောထားကြီးပေးပါဦး”

အားလုံး ဝမ်းသာသွားခဲ့ကြပါပြီ။ မဟာဂိုဏ်းကြီး ၃ ခုရဲ့ ဂိုဏ်းချုပ်ကြီးတွေက သူတို့အတွက် တစ်ချိန်တည်းမှာပဲ ရှေ့ထွက်ပြီး စကားပြောပေးခဲ့ကြတယ် မဟုတ်လား။ ချင်းကျူက သူတို့ကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးတော့မှာလား။

“အိုး.. မင်းတို့က ငါ့ကို ဘယ်လိုလုပ်ပါဆိုပြီး ပြောနေကြတာလား”

ချင်းကျူ ပြုံးလိုက်ပါပြီ။

ဒီစကားကို ကြားလိုက်ရတော့ ဂိုဏ်းချုပ် ၃ ဦးလည်း တုန်လှုပ်သွားခဲ့ပြီး မြန်မြန်ပဲ ခေါင်းခါယမ်းလိုက်ကြပါတော့တယ်။

“ကျွန်တော်တို့ သတ္တိမရှိပါဘူး ခင်ဗျာ”

ဒီလူတွေအတွက် သူတို့ သုံးဦးပါ သေပေးရရင် မတန်တော့ဘူးလေ။

“အဲဒီလိုလား”

ဒီဂိုဏ်းချုပ် ၃ ဦးရဲ့ အတွေးကို ချင်းကျူု မမြင်ပဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ အဖွဲ့အစည်းငယ်တွေက ခေါင်းဆောင်တွေကိုတော့ ဘာအကြောင်းပြချက်မှ မရှိပဲ ချင်းကျူ သတ်ချင်စိတ် မရှိခဲ့ပါဘူး။

တန်ခိုးရှင် လောကမှာ အင်အားကြီးမားသူကို အမြဲတမ်း ကြောက်ရွံ့ကြရပါတယ်။ ဒီအဖွဲ့အစည်းငယ်လေးတွေရဲ့ ခေါင်းဆောင်တွေအပေါ် ရွှမ်းရီတောင်တန်းရဲ့ ဘာကျေးဇူးကြွေးမှ မရှိသေးပါဘူး။ ဒါကြောင့် အခုလိုမျိုး သူတို့ ပြုမူတာကလည်း မှားတယ် မဆိုသာပါဘူး။

တကယ်လို့ ချင်းကျူသာ ဒီတစ်ကြိမ် မပေါ်ထွက်လာဘူးဆိုရင် ရီချင်းသုံးဦးလည်း ချက်ချင်းပဲ လောင်ဖန်းယန်ဘက်ကို ပြောင်းလဲ ရပ်တည်ကြမှာ သေချာပါတယ်။

ပြောရရင် သူတို့အတွက် မရင်းနှီးတဲ့ အဖွဲ့အစည်းတစ်ခုခုအတွက် အသက်စွန့်ဖို့ မလိုအပ်ဘူး မဟုတ်လား။

ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကတော့ နောင်အချိန်မှာ ရွှမ်းရီတောင်တန်းဂိုဏ်းနဲ့ မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်တော့ပါဘူး။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ရွှမ်းရီတောင်တန်းဂိုဏ်းအနေနဲ့လည်း သူတို့အပေါ် ကောင်းပြနေဖို့ မလိုအပ်တော့ပါဘူး။ ဒီတော့ ရွှမ်းရီတောင်တန်းဂိုဏ်းအနေနဲ့ အေးအေးဆေးဆေး တိုးတက်ထွန်းကားလို့ ရသွားခဲ့ပါပြီ။

“ထားလိုက်ပါ။ ဒီကိစ္စကို ငါဆက်မပြောချင်တော့ဘူး”
ချင်းကျူလည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး သာမန်ပဲ ပြောလိုက်ပါတော့တယ်။

“ဟင်”

ရီချင်းတို့တွေ မှင်သက်သွားခဲ့ပါပြီ။

“ဘာလဲ.. ဒီကိစ္စကို ဆက်ပြီး ပြောစေချင်တာလား”
ချင်းကျူလည်း မျက်မှောင်ကြုတ်လိုက်ပြီး ပြုံးလိုက်ပါတော့တယ်။

“မင်းတို့ မကြားကြဘူးလား။ မြန်မြန် ထွက်သွားကြတော့”

မှင်သက်နေရာကနေ ရီချင်းလည်း အသိပြန်ဝင်လာခဲ့ပြီး ဒေါသတကြီး အော်ပြောလိုက်ပါပြီ။

“ဟုတ်ကဲ့။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျွန်တော်တို့ အသက်ကို ချမ်းသာပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး ခင်ဗျာ”

ဒီစကားကို ပြောဆိုပြီးတာနဲ့ အားလုံးပဲ ကပ်ဘေးကြီးကို ရှောင်ရှားခွင့် ရသွားခဲ့တဲ့ သားရဲကြီးတွေ ငှက်တွေလို လူစုခွဲလိုက်ကြပါပြီ။ သူတို့ အားလုံး မှော်ရတနာ စီးတော်ယာဉ် ကိုယ်စီပေါ် တက်ခွာပြီး မြန်နိုင်သမျှ အမြန်ဆုံး ဝေးရာဆီကို ထွက်ခွာ ပျံသန်းသွားကြပါတော့တယ်။

“ကျေးဇူးပါပဲ ဆရာကြီး”

ပြောရရင် ရီချင်းအနေနဲ့ ဂုဏ်သိက္ခာတိုးတက်လာစေဖို့ တမင်သက်သက် ရှေ့ထွက်ရပ်ပေးခဲ့တာ မဟုတ်ပါဘူး။

အခုအချိန်မှာ ရွှမ်းရီတောင်တန်းဂိုဏ်းအတွင်း တောင်ပိုင်းနယ်မြေကြီးက အဆင့်မြင့် တန်ခိုးရှင် တစ်ဝက်ကျော်လောက် ရောက်ရှိနေပါပြီ။ တကယ်လို့ သူတို့အားလုံး ဒီနေရာမှာ သေဆုံးသွားကြမယ် ဆိုရင် ဆူပူအုံကြွမှုတွေ ဖြစ်လာမဖြစ်လာ ဘယ်သူက ပြောနိုင်မှာလဲ။ ဒါကြောင့်လည်း အခြေအနေအားလုံး တည်ငြိမ်မှုရှိစေဖို့အတွက် ရီချင်း ရှေ့ထွက်လာခဲ့တာပါ။

“မင်းတို့ကကော”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပါပြီ။

“ညစာစားဖို့ နေကြဦးမလို့လား”

“အဲ.. မဟုတ်ပါဘူး”

ရီချင်း စကားနည်းနည်း ထပ်ပြောချင်နေခဲ့ပါတယ်။ ဒါပေမဲ့ ချင်းကျူရဲ့ စိတ်မရှည်တဲ့ အသွင်ကို တွေ့လိုက်ရတော့ ကြိုးစားအားတင်းလိုက်ပြီး ရှုရှောင်နဲ့ ဆွန်းဟီတို့ကို ခေါ်ဆောင်ရင်း ထွက်ခွာသွားခဲ့ပါပြီ။

ချင်းကျူက သူတို့ကို ထွက်ခွာသွားဖို့ ပြောနေပြီ ဆိုမှတော့ သူတို့ မထွက်သွားသေးဘူးဆိုရင် ရိုင်းရာကျသွားနိုင်ပါတယ်။

ဒါပေမဲ့ ဒီနေ့အချိန်ကစပြီး ရွှမ်းရီတောင်တန်းဂိုဏ်းဟာ တောင်ပိုင်းနယ်မြေကြီးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှု ဖြစ်သွားပြီ ဆိုတာကိုတော့ သူတို့ သုံးဦးလုံး နားလည်ခဲ့ကြပါတယ်။ မဟာဂိုဏ်းကြီး ၃ခု အတူတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တောင်မှ ယှဉ်နိုင်စရာ အကြောင်းမရှိတော့ပါဘူး။

အခမ်းအနားဟာ နေ့ဝက်လောက် ကြာပြီးသွားချိန်မှာတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ရွှမ်းရီတောင်တန်းဂိုဏ်းအတွင်း အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်လာပါတော့တယ်။

ချင်းကျူလည်း ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး တောင်ကြားဒေသကို ပြန်ရောက်လာခဲ့ပါပြီ။ ပိုင်ရီက ကျန်တဲ့ ကိစ္စတွေကို ကိုင်တွယ်ပေးနိုင်တာကြောင့် သူ့အနေနဲ့ ထပ်ပြီး စိတ်ပူစရာ အကြောင်းမရှိတော့ပါဘူး။

“ဆရာဦးလေး.. အခု ဘာတွေ ဖြစ်သွားတာလဲ မသိဘူး”
လောင်ဝေဝေတစ်ယောက် နားမလည်နိုင်စွာ လှမ်းမေးလိုက်ပါပြီ။

လောင်ဝေဝေဟာ ဇင်တျန်အဆင့်ကိုသာ ရောက်သေးပေမဲ့လည်း အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေကို ခံစားမိခဲ့ပါတယ်။

သူ့နံဘေးမှာတော့ ရှမ်းကျီးဝမ်လည်း စပ်စုတဲ့အကြည့်နဲ့ လှမ်းကြည့်နေပါပြီ။ အစတုန်းကတော့ သူထွက်ကြည့်ချင်ပေမဲ့လည်း ရှုရှောင်က သူ့ကို ရှာတွေ့သွားမှာ စိုးရိမ်မိခဲ့ပါတယ်။ ဒါကြောင့် အပြင်မထွက်ပဲ သူချန်ရစ်နေခဲ့တာပါ။

“အော်.. တစ်ယောက်ယောက်က မင်းအတွက် ရောက်လာတာပါ။ သူတို့ကို ငါမောင်းထုတ်လိုက်ပါပြီ”

ချင်းကျူလည်း လောင်ဝေဝေကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး။ ပြီးတော့ သူမကိုလည်း ပြောပြဖို့ အချိန်တန်ပြီ မဟုတ်လား။

“ကျွန်မကို လာရှာတာလား”

လောင်ဝေဝေတစ်ယောက် နားမလည်နိုင်အောင် ဖြစ်သွားပါတော့တယ်။ ဒီကမ္ဘာမှာ သူမရဲ့ သွေးချင်းဆွေမျိုးဆိုလို့ မိခင်တစ်ဦးတည်းသာ ရှိတာ မဟုတ်ဘူးလား။ မိခင်ကလည်း အခု ကွယ်လွန်သွားခဲ့ပါပြီ။ သူမ မိခင်အပြင်ကို ဘယ်သူက သူမကို လာရှာမှာမို့လဲ။

လောင်ဝေဝေတစ်ယောက် စကားပြန်ပြောတာကို မစောင့်ပဲ ချင်းကျူ လှမ်းမေးလိုက်ပါတော့တယ်။

“မင်းရဲ့ အဖေက ဘယ်လိုပုံစံရှိတယ်ဆိုတာကို မှတ်မိသေးလား”

“ကျွန်မ အဖေလား”

လောင်ဝေဝေတစ်ယောက် ခေါင်းကို ခါယမ်းလိုက်ပါပြီ။ သူမ ပိုပြီး နားမလည်နိုင်အောင် ဖြစ်လာပါတော့တယ်။

“ကျွန်မ သိတတ်စ အရွယ်ကစလို့ အဖေ့ကို တစ်ခါမှ မမြင်ဖူးပါဘူး”

မိန်းကလေးအတွက်ကတော့ ဖခင်ဆိုတဲ့ စကားလုံးဟာ မရင်းနှီးတဲ့ စကားလုံး တစ်ခုပါပဲ။ မိခင်ဖြစ်သူကလည်း ဖခင်အကြောင်း တစ်ခါမှ မပြောဖူးခဲ့တာကြောင့် ချင်းကျူက ဖခင်ဆိုတဲ့ စကားကို ပြောလာချိန်မှာ လောင်ဝေဝေ ပိုပြီး စိတ်ရှုပ်ထွေးသွားခဲ့ပါပြီ။

“အော်… ဒါဆို မင်းအမေက သန့်စင်သောယန် အစစ်အမှန် ကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်ကိုကော ပြောပြခဲ့လား”
ချင်းကျူ အဓိပ္ပာယ်ပါပါ မေးမြန်းလိုက်ပါတော့တယ်။

“သန့်စင်သောယန် အစစ်အမှန်ကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်လား”
လောင်ဝေဝေ ရေရွတ်လိုက်မိပါပြီ။

လွန်ခဲ့တဲ့ နှစ်ဝက်အချိန် ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ရှိစဉ်တုန်းက သန့်စင်သောယန် အစစ်အမှန် ကျင့်စဉ်ဟာ ကောင်းကင်သူတော်စင်အဆင့် ကျင့်စဉ်ဖြစ်ကြောင်း သူမ သိရှိခဲ့ပါတယ်။

ဒီအချက်ကလွဲရင် တခြားလျှို့ဝှက်ချက်ကို မသိတာကြောင့် လောင်ဝေဝေ နားမလည်နိုင်အောင် ဖြစ်နေပါပြီ။ သူမရဲ့ မိခင်က သာမန် အမျိုးသမီးတစ်ဦးပါ။ သူမဆီမှာ ဘယ်လိုလုပ်ပြီး သန့်စင်သောယန် အစစ်အမှန် ကျင့်စဉ် ရှိနေခဲ့တာလဲ။

လောင်ဝေဝေတစ်ယောက် နားမလည်နိုင်သေးတာကို တွေ့လိုက်ရတော့ ချင်းကျူလည်း အဓိက အချက်ကိုပဲ ပြောပြလိုက်ပါပြီ။

“တကယ်တော့ သန့်စင်သောယန် သူတော်စင်က မင်းရဲ့ အဖေပါပဲ”

“ဘာ”

လောင်ဝေဝေရဲ့ မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားပါတော့တယ်။ သူမ နားကြားများ လွဲသွားတာလား။

“သန့်စင်သောယန် သူတော်စင်က မင်းရဲ့ အဖေပါ”
ချင်းကျူ ထပ်ပြောလိုက်ပါပြီ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

လောင်ဝေဝေ အတွက် မယုံကြည်နိုင်စရာ ဖြစ်နေခဲ့ပါတယ်။ သူမရဲ့ ဖခင်က ကောင်းကင်သူတော်စင်တစ်ဦးတဲ့လား။

လာနောက်နေတာလား။

အဲဒီလိုဆိုရင် သူမရဲ့ မိခင်က ဘာဖြစ်လို့ ဖျားနာပြီး သေဆုံးသွားခဲ့တာလဲ။

ပြီးတော့ အဲဒီလိုသာ ဖြစ်မယ်ဆိုရင် အခုဘ၀ သူမ လျှောက်လှမ်းနေတဲ့ လမ်းစဉ်ကိုလည်း လျှောက်လှမ်းမိလိမ့်မယ် မဟုတ်ပါဘူး။ အပြင်မှာ အနိုင်ကျင့်ခံရတာကြောင့် ပိုပြီး အစွမ်းထက်လာစေဖို့အတွက် လောင်ဝေဝေဟာ စွန့်စားပြီး ရွှမ်းရီတောင်တန်းဂိုဏ်းထဲ ဝင်ရောက်ခဲ့တာပါ။

“မဖြစ်နိုင်ဘူးလို့ ထင်နေတာ မလား”
ချင်းကျူ ထပ်မေးလိုက်ပါပြီ။

“ကျွန်.. ကျွန်မ.. မသိတော့ဘူး”

ခဏလောက် နှုတ်ဆိတ်သွားပြီးချိန်မှာတော့ လောင်ဝေဝေရဲ့ မျက်နှာအထက် တွေဝေမှုတွေ ပြည့်လာပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 16
Chapter 14

ရိုးရိုးသားသား ပြောရရင်တော့ လောင်ဝေဝေတစ်ယောက် ဖခင်ကို မလိုချင်လို့ မဟုတ်ပါဘူး။

ဒါပေမဲ့ သူမရဲ့ ဖခင်ကို အမြဲတမ်းလိုလို လူဆိုးတစ်ဦးအဖြစ် မြင်နေခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် ဇနီးနဲ့ သမီးဖြစ်သူကို စွန့်ပစ်ခဲ့တဲ့ ကိစ္စကို ဘယ်လို ရှင်းပြရမှာလဲ။

ပြီးတော့ မိခင်ကလည်း ဒီကိစ္စကို ဘယ်တော့မှ မပြောပြပဲ ဘာမှ မဖြစ်သလိုသာ အမြဲနေခဲ့ပါတယ်။

ဒါကြောင့် လောင်ဝေဝေတစ်ယောက် ဖခင်ဆိုတဲ့ စကားလုံးနဲ့ မရင်းနှီးခဲ့တာပါ။ သူ့ကို မမုန်းတီးမိဘူးဆိုရင်တောင် နည်းနည်းလေးမှ ခံစားချက် မရှိနေခဲ့ပါဘူး။

အခုကျတော့ ဖခင်ဖြစ်သူဟာ ကောင်းကင်သူတော်စင်တစ်ဦး ဖြစ်တယ်လို့ ချင်းကျူက ရုတ်တရက် ပြောပြလာခဲ့ပါပြီ။ ဒီအချက်ကို သူမ လက်ခံရခက်ခဲနေခဲ့ပါတယ်။

ဒါပေမဲ့ ချင်းကျူ ပြောစကားတွေက အမှန်ဖြစ်မယ် ဆိုရင် သူမရဲ့ မိခင်ဆီမှာ သန့်စင်သောယန် အစစ်အမှန် ကျင့်စဉ် ရှိနေတဲ့အချက်အတွက် အဖြေရသွားပါပြီ။

လောင်ဝေဝေတစ်ယောက် တွေးနေမိခဲ့ပါတယ်။ သူမရဲ့ ဖခင်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ သန့်စင်သောယန် သူတော်စင်ပဲလား။

ဒါပေမဲ့ နောက်ဆုံးတော့ လောင်ဝေဝေအတွက် ယုံရခက်ခက် ဖြစ်နေဆဲပါပဲ။

သူမရဲ့ ဖခင်သာ သန့်စင်သောယန် သူတော်စင် ဖြစ်မယ်ဆိုရင် ဘာဖြစ်လို့ သူမတို့ နှစ်ဦးကို စွန့်ပစ်သွားမှာလဲ။ မိခင်ဖြစ်သူ ဖျားနာချိန်တုန်းက အလွန်အမင်းနာကျင်မှုကို ခံစားခဲ့ရတာကို သူမ အမှတ်ရနေဆဲပါ။

“ဟူး”

မိန်းကလေးရဲ့ စိတ်အတွေးကို မြင်နေရတဲ့အလား ချင်းကျူလည်း သက်ပြင်းချလိုက်ပြီး
“ပြောရရင် မင်းရဲ့ ဖခင်က သန့်စင်သောယန် သူတော်စင် ဖြစ်နေရုံတင် မကပါဘူး”

“ဘာအဓိပ်ပာယျလဲ မသိဘူး”

လောင်ဝေဝေ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“ငါပြောပြခဲ့တဲ့ ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေကြီး ရှစ်ခုအကြောင်းကို မင်းမှတ်မိသေးလား”

“ကျွန်မ မှတ်မိပါတယ်”

မိန်းကလေး ခေါင်းညိတ်လိုက်ပါပြီ။

ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော ကုန်းမြေကြီး ရှစ်ခုဟာ ဝိညာဉ်ဗဟိုကမ္ဘာမှာ အစွမ်းအထက်ဆုံးလို့ ဆိုနိုင်တဲ့ သိုင်းတာအို အဖွဲ့အစည်းကြီးတွေပါ။ သူတို့ထဲက တစ်ခုဆီဟာ တောင်ပိုင်းနယ်မြေကြီးတစ်ခုလုံးကို အမှုန့်ချေပစ်နိုင်စွမ်း ပိုင်ဆိုင်ထားခဲ့ကြပါတယ်။

“မင်းရဲ့ ဖခင်က မြင့်မြတ်သော ကုန်းမြေကြီး ရှစ်ခုထဲက သန့်စင်သောယန် မြင့်မြတ်သောကုန်းမြေကြီးဆီကပဲ”

ချင်းကျူ တိုးညင်းစွာ ပြောလိုက်ပါပြီ။

“???”

မိန်းကလေး စကားပြောလာတာကို မစောင့်ပဲ ချင်းကျူ စကားဆက်လိုက်ပါတော့တယ်။

“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက မင်းရဲ့ ဖခင်က သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေကနေ ထွက်ခွာပြီး တောင်ပိုင်းနယ်မြေကြီးဆီကို ရောက်လာခဲ့တယ်။ သူက တန်ခိုးရှင်အားလုံးကို အနိုင်ယူပြီး မဟာဂိုဏ်းကြီး လေးခုထက် သာလွန်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့တယ်”

“ဒါပေမဲ့ သိပ်မကြာခင်မှာတော့ ထူးဆန်းစွာ သူပျောက်ကွယ်သွားခဲ့တယ်။ အဲဒီအချိန်မှာ မင်းရဲ့ မိခင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်မယ်လို့ ငါထင်တယ်”

“ဒါပေမဲ့.. ကျွန်မအမေက သာမန် လူတစ်ဦးပဲလေ”
လောင်ဝေဝေ ခါးသီးစွာ ပြောလိုက်ပါပြီ။

“အဲဒီအတွက်ကြောင့်ပဲ သူက ဇာတ်မြှုပ်နေထိုင်ဖို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာ ဖြစ်နိုင်တယ်”

ချင်းကျူ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါပြီ။

“ဒါကလည်း သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေက တန်ခိုးရှင်တွေကို ရှောင်ရှားဖို့အတွက် ဖြစ်နိုင်တယ်”

“အားလုံးကတော့ ငါ့ရဲ့ ခန့်မှန်းချက်တွေပါပဲ။ အမှန်တရားကိုတော့ မင်းရဲ့ အဖေပဲ သိနိုင်လိမ့်မယ်”

ဘ၀ကူးပြောင်းလာသူ တစ်ဦးဖြစ်တာကြောင့် ချင်းကျူဟာ ဒီလို ဇာတ်ညွှန်းမျိုးတွေ အများအပြားကို မြင်ဖူးခဲ့ပြီးပါပြီ။ အခု ဇာတ်ညွှန်းအရဆိုရင်လည်း အရင်ဘ၀တုန်းက ဖတ်ရှုခဲ့တဲ့ ဩဇာအာဏာ ကြီးမားလှတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ တော်တော်လေး ဆင်တူနေခဲ့ပါတယ်။

ဒီ၀တ္ထုတွေထဲမှာက များသောအားဖြင့် အလွန်အစွမ်းထက်လှပါတယ်ဆိုတဲ့ မျိုးဆက်ဟာ သာမန် အမျိုးသမီးတွေနဲ့ ချစ်ကျွမ်းဝင်သွားတတ်ကြပါတယ်။ နောက်ဆုံးတော့လည်း မိသားစုတွေက သဘောမတူနိုင်တာကြောင့် အမျိုးသားဇာတ်ကောင်က မိသားစုကို ဆန့်ကျင်ပြီး အိမ်ကို စွန့်ပစ်ထွက်ခွာသွားကြပါတယ်။

ဒါပေမဲ့ နောက်ဆုံးတော့လည်း အဲဒီ လင်မယားကိုပဲ အမျိုးသားရဲ့ မိသားစုက ပြန်လည်ရှာတွေ့သွားပြီး အဓမ္မခွဲခွာခိုင်းလိုက်ကြပြန်ပါတယ်။ ဒီလိုနဲ့ ခါးသီးမှုတွေ ရင်ထဲ အပြည့်လွယ်ထားရတဲ့ မိခင်နဲ့ သမီးတို့ ကျန်ရစ်ခဲ့ကြတာပါ။

ဒီလို ၀တ္ထုမျိုးထဲက တစ်အုပ်ဟာ တီဗီဇာတ်လမ်းတွဲအဖြစ် ထုတ်လွှင့်ပြသဖူးပါသေးတယ်။ (တရုတ်ပြည်မှာပါ။) အဲဒီဇာတ်လမ်းတွဲက အနည်းဆုံး အခန်း ၈၀ လောက် ပါဝင်နေခဲ့ပါတယ်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

လောင်ဝေဝေတစ်ယောက် မအောင့်နိုင်တော့ပဲ မေးမြန်းလိုက်ပါတော့တယ်။

“ဒါ.. ဒါဆို… အခု အဖေက ကျွန်မကို လာရှာတာပေါ့နော်”

“မဟုတ်ဘူး”

ချင်းကျူက အမှန်အတိုင်းပဲ ဖြေလိုက်ပါပြီ။

“ဒါပေမဲ့ ရက်အနည်းငယ် အကြာမှာ သူကိုယ်တိုင် ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် သူ့ကိုပဲ မေးလိုက်ပါ”
စကားဆုံးသွားတာနဲ့ ချင်းကျူ ဘာမှ ထပ်မပြောတော့ပါဘူး။

ဒီကိစ္စဟာ မိန်းကလေးအတွက် အလွန်ကို တုန်လှုပ်ဖို့ ကောင်းနေခဲ့ပါတယ်။ အချိန်တိုလေးအတွင်း သူမ လက်ခံနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် သူမကို တွေးတောဖို့ အချိန်ပေးထားသင့်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရှမ်းကျီးဝမ်ရဲ့ မျက်လုံးထောင့်နေရာက မျက်ခုံးလှုပ်သွားခဲ့ပါပြီ။ ဒီမိန်းကလေးက သန့်စင်သောယန် သူတော်စင်ရဲ့ သမီးတော်ဆိုတာ တကယ်ကြီးလား။

ဒါကြောင့်လည်း ဇင်တျန်အထွတ်အထိပ်အဆင့်ကို ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ တက်လှမ်းနိုင်ခဲ့တာပေါ့။ ဒါက သူမရဲ့ သွေးမျိုးဆက်ရဲ့ အကျိုးသက်ရောက်မှုပဲလား။

ပြီးတော့ မြင့်မြတ်သော မဟာကုန်းမြေကြီး ရှစ်ခုအကြောင်းကိုလည်း ရှမ်းကျီးဝမ် ကြားဖူးထားခဲ့ပါတယ်။

မြင့်မြတ်သော မဟာကုန်းမြေကြီး ရှစ်ခုရှေ့မှောက်မှာ ရှမ်းဟွမ်စွတ်ဂိုဏ်းဟာ ပုရွက်ဆိတ်လေးတစ်ကောင်ထက် မပိုဘူးဆိုတာ အမှန်ပါပဲ။ မဟုတ်သေးဘူး။ တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံးဟာ မြင့်မြတ်သော မဟာကုန်းမြေကြီး တစ်ခုစီရှေ့မှောက်မှာကို ပုရွက်ဆိတ်ကလေး တစ်ကောင်လို ဖြစ်နေပါပြီ။

ပြီးတော့ သန့်စင်သောယန် သူတော်စင်ဟာ ဒီမြင့်မြတ်သော ကုန်းမြေကြီးတွေထဲက တစ်ခုဖြစ်တဲ့ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေကြီးကနေ ရောက်လာခဲ့တာပေါ့။

အဲ…ပြောရရင် သူ့နာမည်မှာကိုက သန့်စင်သောယန်သူတော်စင် ဖြစ်နေတော့ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေကြီးနဲ့ ပတ်သက်မှုပဲ ရှိနေတာ သေချာနေပါပြီ။

ရှမ်းကျီးဝမ် တုန်လှုပ်နေစဉ်မှာပဲ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ဝိညာဉ်ကွန်ရက်မှာ ပျံ့နှံ့သွားပြီး တလောကလုံးကို ပွက်လောရိုက်သွားစေခဲ့ပါပြီ။

“ဘာဖြစ်လို့ ထူးဆန်းတဲ့ မြေကမ္ဘာ သူတော်စင် ငါးဦး ရုတ်ချည်းပေါ်ထွက်လာခဲ့ပြီး ရွှမ်းရီတောင်တန်းဂိုဏ်းကို ဖျက်ဆီးဖို့အထိ ခြိမ်းခြောက်ပြောဆိုလာကြတာလဲ”

“သတင်းထူး။ သတင်းထူးဟေ့။ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ကောင်းကင်သူတော်စင်တစ်ဦး ဇာတ်မြှုပ်နေထိုင်နေတယ်တဲ့ဟ”

“မျက်မြင်တွေ့လိုက်ရတဲ့ တန်ခိုးရှင်တွေရဲ့ ပြောစကား အရဆိုရင် မြေကမ္ဘာ သူတော်စင်တစ်ဦး သေဆုံးသွားပြီး တစ်ဦးက ဒဏ်ရာအပြင်းအထန် ရသွားတယ်တဲ့။ သူတို့ အခြေအနေ တော်တော်လေး ဆိုးရွားသွားတယ်…”

“အရမ်းကို တုန်လှုပ်ဖို့ကောင်းတယ်။ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ကောင်းကင်သူတော်စင်တစ်ဦး ရှိနေတယ်လို့ ယန်ကလန်ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ထုတ်ပြောလိုက်ပြီတဲ့”

“အရမ်းကို တုန်လှုပ်ဖို့ကောင်းတဲ့ အတွင်းသတင်း။ ရွှမ်းရီတောင်တန်းဂိုဏ်းမှာလေ…”

“မဟာဂိုဏ်းချုပ်ကြီး ၃ ဦးကလေ…”

“…”

ချက်ချင်းဆိုသလိုပဲ ရွှမ်းရီတောင်တန်းဂိုဏ်းနဲ့ ပတ်သက်တဲ့ မရေမတွက်နိုင်တဲ့ သတင်းတွေ တက်လာခဲ့ပါပြီ။ ဒီသတင်းအားလုံး ခေါင်းစည်းနေရာကို ယူထားခဲ့ကြပါတယ်။ အခု ဖြစ်ရပ်ဟာ လွင်ပြင်ဒေသ စစ်ပွဲကြီး ဖြစ်ပွားတုန်းက အခြေအနေထက် ပိုပြီး သတင်းပေါက်ကွဲမှု ပြင်းထန်နေပါပြီ။

သန့်စင်သောယန် သူတော်စင် ပျောက်ကွယ်သွားတဲ့ အချိန်ကစလို့ တောင်ပိုင်းနယ်မြေကြီး အတွင်းမှာ နောက်ထပ် ကောင်းကင်သူတော်စင်တစ်ဦး ထပ်မံ ပေါ်ထွက်လာခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အခု အားလုံးပဲ အဓိပ္ပာယ်ကို နားလည်သွားခဲ့ကြပါပြီ။

“တကယ်ကြီးလား။ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ကောင်းကင်သူတော်စင်တစ်ဦး ဇာတ်မြှုပ်နေတယ်ဆိုတာ တကယ်ကြီးလား။ ငါ့ကို လာနောက်နေတာလား”

“အမှန်ပဲ။ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတာပါ။ သူက မြေကမ္ဘာ သူတော်စင် တစ်ဦးကို လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ သေအောင် သတ်ပစ်နိုင်ခဲ့တယ်လေ”

“ကျွန်တော်လည်း အဲဒီမြင်ကွင်းကို မြင်ခဲ့ရပါတယ်။ ကျွန်တော် သက်သေ လုပ်ပေးနိုင်ပါတယ်”

“ဘာတွေ ဖြစ်နေတာလဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကမှ မြေကမ္ဘာ သူတော်စင်တစ်ဦး ပေါ်ထွက်လာခဲ့တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကောင်းကင်သူတော်စင်တစ်ဦးပါ ရှိနေတာလဲ”

“ဟား ဟား.. စဉ်းစားကြည့်လိုက်ရင်လည်း.. မြေကမ္ဘာသူတော်စင်တစ်ဦးက ဘယ်လိုလုပ်ပြီး ရွှမ်းရီတောင်တန်းဂိုဏ်းလို နေရာမှာ ရုတ်တရက်ပေါ်ထွက်လာနိုင်ပါ့မလဲ။ သူတို့ကို နောက်ကွယ်ကနေ ထောက်ပံ့ပေးထားတဲ့ အဖွဲ့အစည်းကြီး တစ်ခုခု ရှိနေနိုင်တယ်”

“…”

“…”

တန်ခိုးရှင် အများအပြားပဲ ဝိညာဉ်ကွန်ရက်အထက်မှာ အပြင်းအထန် ဆွေးနွေးနေကြပါပြီ။ တချို့တွေက မယုံကြည်ကြသေးပါဘူး။ တချို့တွေကတော့ ရွှမ်းရီတောင်တန်းဂိုဏ်း နောက်ကွယ်မှာ အင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီး ရှိနိုင်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ နှစ်ဝက်အတွင်း ဖြစ်ပွားခဲ့တဲ့ အံ့မခန်း ပြောင်းလဲမှုကြီးတွေကို ဒီအချက်ကပဲ ဖြေရှင်းနိုင်မယ် မဟုတ်လား။

လောင်ဖန်းယန်ကို လက်ဖျောက်တစ်ချက်တီးပြီး သတ်ခဲ့တဲ့ ကိစ္စကို မျက်မြင်မြင်ခဲ့ကြရတဲ့ ခေါင်းဆောင်တွေကတော့ ချင်းကျူကို အနှိုင်းမဲ့ နတ်ဘုရားအဖြစ် တိုက်ရိုက်တင်စား သတ်မှတ်လိုက်ကြပါပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်ကြာလာတာနဲ့ အမျှ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ကောင်းကင်သူတော်စင်တစ်ဦး ရှိနေတဲ့ သတင်းကို အားလုံး တဖြည်းဖြည်းချင်း အတည်ပြုလိုက်ကြပါတော့တယ်။

ပြောရရင် အဲဒီနေ့တုန်းက ရွှမ်းရီတောင်တန်းဂိုဏ်းမှာ တောင်ပိုင်းနယ်မြေကြီးက အစွမ်းအထက်ဆုံး တန်ခိုးရှင် တစ်ဝက်ကျော်လောက် ရောက်ရှိနေခဲ့တယ် မဟုတ်လား။ လူအများအပြား မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ပြီးနောက်မှာတော့ ဒီကိစ္စက ကောလဟလ မဖြစ်နိုင်တော့ပါဘူး။

တစ်နည်းဆိုရရင်တော့ ဒီနေ့အချိန်ကစပြီး ရွှမ်းရီတောင်တန်းဂိုဏ်းဟာ တောင်ပိုင်းနယ်မြေကြီးမှာ မဟာဂိုဏ်းကြီး ၃ ခုထက် ကျော်လွန်တဲ့ အင်အားကြီး အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

နောက်တစ်နေ့ မနက်ခင်း အာရုံလာချိန်…

ချင်းကျူတစ်ယောက် မျက်လုံးကို ဖွင့်လိုက်ပါပြီ။ ကျောက်တုံးပြာလေး အထက်မှာပဲ ဘယ်တုန်းကမှန်းမသိ အိပ်ပျော်သွားတာ ဖြစ်ကြောင်း ချင်းကျူ သိလိုက်ရပါတော့တယ်။ ရှမ်းကျီးဝမ်လည်း ပြန်သွားခဲ့ပြီ ဖြစ်သလို လောင်ဝေဝေလည်း သူမ အဆောင်ကို ပြန်ရောက်သွားခဲ့ပါပြီ။ ဟက်စကီကြီးနဲ့ ယန့်ရှီတို့သာ မလှမ်းမကမ်းမှာ တရားကျင့်နေခဲ့ကြပါတယ်။

“အင်း..”

ချင်းကျူလည်း ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်ပါပြီ။ သူ့တစ်ကိုယ်လုံးကနေ တကျွတ်ကျွတ်မြည်သံတွေ ပေါ်ထွက်လာပါတော့တယ်။

“သန့်စင်သောယန် သူတော်စင်က ရောက်လာဦးမလား မသိဘူး”

ချင်းကျူလည်း နည်းနည်းလောက် အညောင်းဆန့်ပြီးတာနဲ့ စဉ်းစားခန်းဝင်နေမိပါတော့တယ်။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် လောင်ဝေဝေကို နှစ်ဝက်လောက် သိကျွမ်းခဲ့တယ် မဟုတ်လား။ သူတို့ရဲ့ ဝါစဉ်ကွာခြားချက်က ကြီးမားပေမဲ့လည်း သူငယ်ချင်းတွေလို့ သတ်မှတ်နိုင်ပါသေးတယ်။

ချင်းကျူ တွက်ထားသလောက်ဆိုရင် သန့်စင်သောယန် ကုန်းမြေဟာ လောင်ဝေဝေရဲ့ သွေးမျိုးဆက် နှိုးထလာမှုကို အာရုံခံမိသွားတာ ဖြစ်မှာပါ။ ဒါကြောင့် စုံစမ်းစစ်ဆေးဖို့ လူတွေ စေလွှတ်လိုက်တာပါပဲ။ ဒါပေမဲ့ သန့်စင်သောယန် သူတော်စင်ကိုယ်တိုင် ဘာကြောင့် မလိုက်လာခဲ့တာလဲ ဆိုတာကိုတော့ ချင်းကျူ သေချာမပြောနိုင်သေးပါဘူး။

ဒါကြောင့်လည်း မနေ့တုန်းက သန့်စင်သောယန် ကုန်းမြေက တန်ခိုးရှင်တွေ ရောက်လာတော့ လောင်ဝေဝေကို မထည့်ပေးပဲ ငြင်းလွှတ်လိုက်တာပါ။ သူတို့ကို သန့်စင်သောယန် သူတော်စင်က စေလွှတ်လိုက်တာ မဟုတ်ပဲ တခြား အကြံအစည်တစ်ခုခု ရှိနေဦးမယ်ဆိုရင် ဘယ်လိုလုပ်မတုန်း။

ပါရမီရှင် တစ်ဦးကို ငယ်ရွယ်စဉ်မှာ သူ့ရဲ့ ကလန်သားတွေက အနိုင်ကျင့်ကြတဲ့ ဇာတ်ညွှန်းမျိုးကိုလည်း ချင်းကျူ အမှတ်ရနေမိပါသေးတယ်။

လောင်ဝေဝေရဲ့ ပါရမီနဲ့ဆိုရင် ဒီလို ဖြစ်ရပ်မျိုးတွေ ကြုံတွေ့ရလာနိုင်ပါတယ်။

“ထားလိုက်ပါလေ။ လောလောဆယ် တစ်ခုခု စားလိုက်ဦးမယ်”

ချင်းကျူလည်း ဒီကိစ္စကို နောက်မှသာ ရှင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အဲဒီအချိန်ကျရင်တော့ လိုက်သွားဖို့ မလိုက်သွားဖို့အတွက် လောင်ဝေဝေ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရတော့မှာ မဟုတ်လား။

Continue Reading

You'll Also Like

96.8K 13.1K 68
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
570K 91.9K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
41.6K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...
65.3K 5.8K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး