တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

51.2K 4K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

8 - 14

607 45 0
By Azure5549


#အပူအပင်မဲ့အင်မော်တယ်
Book 15
Chapter 8
မြင့်မြတ်သော အဇူရာတောင်ကြီး

ချင်းကျူ အမြင်အရဆိုရင်တော့ အဇူရာ ကမ္ဘာဟာ အလွန်ကို ဆိုးရွားပြင်းထန်တဲ့ ရာသီဥတု အခြေအနေကိုပိုင်ဆိုင်ထားတဲ့ နယ်မြေတစ်ခု ဖြစ်ရမှာပါ။

အဇူရာ ကမ္ဘာမှာ ဝိညာဉ်ကီတွေ ခမ်းခြောက်သွားခဲ့တာ နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားခဲ့ပြီ ဖြစ်သလို တန်ခိုးရှင်မဲ့ ခေတ်ကာလ အခြေအနေကို ဆိုက်ရောက်နေခဲ့ပြီ မဟုတ်လား။

ဒါပေမဲ့ ချင်းကျူ အရှေ့မှာ မြင်တွေ့နေရတာကတော့ အလွန်ကို ခမ်းနားကြီးကျယ်တဲ့ သာယာစိုပြည်တဲ့ မြင်ကွင်းမျိုး ဖြစ်နေခဲ့ပါတယ်။ ဒီနေရာဟာ ဝိညာဉ်ဗဟိုကမ္ဘာထက်တောင်မှ ပိုပြီး လှပနေပါသေးတယ်။

အခုလို ဖြစ်နေရတဲ့ အကြောင်းကတော့ အဇူရာ ကမ္ဘာရဲ့ တန်ခိုးရှင်တွေဟာ လုယူခဲ့တဲ့ သယံဇာတတွေကို အသုံးပြုပြီး ဒီနေရာကို ပံ့ပိုးပေးထားခဲ့တာကြောင့်ပါ။ ဒီအတွက်ကြောင့် ဝိညာဉ်ကီတွေ ပြန်လည်ပြည့်၀လာခဲ့ပြီး မူလ အခြေအနေကို ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာပါတော့တယ်။

ဘာကြောင့် သူတို့ ဒီလို လုပ်ရသလဲ ဆိုတာကတော့ မွေးရပ်မြေကို အလွန်ချစ်ခင်တာကြောင့်ပါ။ လျှိုကျီးရဲ့ မှတ်ဉာဏ်တွေကို ချင်းကျူ စစ်ဆေးပြီး ဖြစ်တာကြောင့် ဒီကိစ္စကို သေချာ သိထားခဲ့ပါတယ်။ ဒါကြောင့် တခြား ကမ္ဘာတွေရဲ့ သယံဇာတတွေ ဘယ်လောက်ပဲ ကြွယ်၀ပေါများနေပါစေ လုယူစွန့်ပစ်ခြင်း ခံခဲ့ရစမြဲပါ။

မဟုတ်ဘူးဆိုရင် အဇူရာ ကမ္ဘာက တန်ခိုးရှင်တွေရဲ့လက်ရှိ အစွမ်းနဲ့ သူတို့ စိတ်ကြိုက် နေရာတစ်ခုမှာ သွားရောက် နေထိုင်နိုင်နေပြီ မဟုတ်လား။

“ဝိုး.. ဒီနေရာက လေထုက တော်တော်ကို သန့်စင်ပြီး ကီစွမ်းအင် ကြွယ်၀တာပဲ”

ချင်းကျူလည်း အညောင်းဆန့်လိုက်ပြီး ကောင်းကင်ကိုဖြည်းဖြည်းချင်း ပျံတက်လာရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုနေခဲ့ပါတယ်။

အခု ချင်းကျူ လက်ရှိ ရောက်နေရာ နေရာကတော့ အဇူရာ ကမ္ဘာရဲ့ ဗဟိုနေရာပါ။ အဇူရာ ကမ္ဘာက အစွမ်းထက်တဲ့ တန်ခိုးရှင် အားလုံးနီးပါးနဲ့ အစွမ်းအထက်ဆုံး ဂိုဏ်းချုပ်ကြီးလည်း ဒီနေရာမှာ ရှိနေခဲ့ပါတယ်။ ဒီအတွက်ကြောင့် ချင်းကျူအနေနဲ့ သူတို့ကို သတ်ဖြတ်ဖို့ တော်တော်လေး လွယ်ကူသွားခဲ့ပါပြီ။

ဒီအချိန်မှာတော့ အဇူရာ ကမ္ဘာက တန်ခိုးရှင်တချို့ဟာ တခြား ကမ္ဘာတွေကို ကျူးကျော်ရင်း အလုပ်များနေကြပါတယ်။ ဒါကလည်း ကိစ္စတော့ မရှိလှပါဘူး။ ချင်းကျူမှာ အချိန်အများကြီး ရှိနေတယ် မဟုတ်လား။

အစောပိုင်းတုန်းက သူနည်းနည်း စိုးရိမ်နေတာက ဝိညာဉ်ဗဟို ကမ္ဘာရဲ့ တည်နေရာကို အတိအကျ မသိတာကြောင့်ပါ။

ဒါပေမဲ့ အဇူရာ မျိုးနွယ် ဂိုဏ်းချုပ်ကြီးကို ဖမ်းဆီးပြီးသွားရင်တော့ ဝိညာဉ်ဗဟို ကမ္ဘာရဲ့ တည်နေရာ အတိအကျကို သိဖို့ လွယ်ကူသွားပါပြီ။ ဒီအတွက်ကြောင့် ချင်းကျူ စိတ်လက်ပေါ့ပါးသွားခဲ့တာပါ။

တကယ်လို့ တခြား ကမ္ဘာတွေဆီ ကျူးကျော်နေကြသူတွေက ပြန်မလာကြဘူး ဆိုရင်တောင်မှ သူတို့ကို သတ်ဖို့အတွက် ချင်းကျူမှာ နည်းလမ်း ရှိပါသေးတယ်။

သာမန် အခြေအနေ မျိုးမှာတော့ ချင်းကျူအနေနဲ့ တခြား ကမ္ဘာက သက်ရှိတွေကို အလွယ်တကူ မတိုက်ခိုက်ပါဘူး။

ဒါပေမဲ့ အဇူရာ ကမ္ဘာကတော့ ခြွင်းချက်ပါ။ သူတို့တွေက နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့တဲ့ အချိန်အတွင်း ကမ္ဘာများစွာကို ကျူးကျော်ပြီးသွားခဲ့ပါပြီ။ ချင်းကျူသာ လျှို့ဝှက်ဆန်းကြယ် လောကဆီ မတော်တဆ ရောက်ရှိသွားခြင်း မရှိဘူးဆိုရင် လျှို့ဝှက်ဆန်းကြယ် လောကလည်း ပျက်စီးသွားတော့မှာပါ။

ဒါ့အပြင် အဇူရာ ကမ္ဘာဟာ ဝိညာဉ်ဗဟိုကမ္ဘာဆီကို အချိန်မရွေး ကျူးကျော်လာနိုင်ပါသေးတယ်။ ချင်းကျူအနေနဲ့ ဒီလိုမျိုး အန္တရာယ် ပေးနိုင်မဲ့ ရန်သူကို လွှတ်မထားနိုင်ပါဘူး။

အဇူရာ ကမ္ဘာက တန်ခိုးရှင်တွေက ဝိညာဉ်ဗဟိုကမ္ဘာကို ဝင်ရောက်တိုက်ခိုက်လာကြမယ် ဆိုရင်လည်း သူကိုယ်တိုင်ပဲ ဝင်ဖြေရှင်းပေးရမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုတစ်ခါတည်း ရှင်းလိုက်တာ အကောင်းဆုံးပဲ မဟုတ်လား။

မြင့်မြတ်သော အဇူရာ တောင်ကြီးဆီ ချင်းကျူ ထွက်သွားဖို့ ပြင်ဆင်လိုက်ချိန်မှာပဲ စကားသံတစ်ခုကို အောက်ကနေ ကြားလိုက်ရပါပြီ။

“ရပ်စမ်း။ မင်းက ဘယ်သူလဲ”

“…”

ဒီမေးခွန်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ချင်းကျူ ကြားဖူးခဲ့ပါတယ်။

ချင်းကျူလည်း အသံလာရာ အရပ်ကို လှမ်းကြည့်လိုက်တော့ မူလတာအို သူတော်စင် ဆယ်ဦးကျော်လောက်က လက်နက်ကိုယ်စီ ကိုင်ထားရင်း သူ့ကို ရန်သူကြီးတစ်ဦးလို စူးစိုက်ကြည့်နေကြတာကို တွေ့လိုက်ရပါပြီ။ သူတို့တွေက သူလှုပ်ရှားတာနဲ့ တိုက်ခိုက်ကြတော့မလိုပါပဲ။

ချင်းကျူ ပြန်မဖြေတာကို တွေ့လိုက်ရတဲ့အတွက် အဇူရာ ကမ္ဘာက တန်ခိုးရှင်လည်း ထပ်မေးလိုက်ပါပြီ။

“မင်းက ဘယ်သူလဲ။ မင်းဘာမှ မဖြေဘူး ဆိုရင် ငါ့ကို ယဉ်ကျေးမှု မရှိဘူးလို့ အဆိုးမဆိုနဲ့”

အဇူရာ ကမ္ဘာရဲ့ သမိုင်းကြောင်းမှာ အပြင်လူတွေဟာ စကြ၀ဠာ လမ်းကြောင်းကို ဖြတ်သန်းပြီး ရောက်ရှိလာကြဖူးပါတယ်။ ဒါကြောင့် အဇူရာ ကမ္ဘာက တန်ခိုးရှင်တွေဟာ တော်တော်လေးကို အေးအေးလူလူ ရှိနေခဲ့ကြတာပါ။

ချင်းကျူ
“…”

တိတ်ဆိတ်မှု ကြီးစိုးသွားခဲ့ပါပြီ။

ဒီအဇူရာ ကမ္ဘာက တန်ခိုးရှင်က ဘာများလုပ်နိုင်မလဲလို့ သူကြည့်ချင်ခဲ့ပါတယ်။

အချိန်တော်တော်ကြာတဲ့ အခါမှာတော့ မူလတာအို အထွတ်အထိပ်အဆင့် ကပ္ပတိန် ဖြစ်နိုင်တဲ့ စစ်သူရဲက သည်းမခံနိုင်တော့ပဲ ပြောလိုက်ပါပြီ။

“ဒီတစ်ယောက်က တခြား ကမ္ဘာက ဝင်ရောက်လာတဲ့ ရန်သူဖြစ်နိုင်တယ်။ အကြီးအကဲတွေကို မြန်မြန် သတင်းပို့ပါ။ ဒီမှာတော့ ငါ့ကို ခဏ ချန်ထားရစ်ခဲ့”

“ကပ္ပတိန်”

တခြား စစ်သူရဲတွေ မျက်နှာအနည်းငယ် ပျက်သွားခဲ့ကြပြီး တုန့်ဆိုင်းတုံ့ဆိုင်း ဖြစ်နေကြပါတော့တယ်။

“စိတ်မပူပါနဲ့။ သူဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. ငါ့ကို ချက်ချင်းတော့ သေအောင် မသတ်နိုင်ပါဘူး”

ဒီစကား ပြောပြီးတာနဲ့ ကပ္ပတိန်ဟာ မြေကြီးကို ခြေဖျားထောက်လိုက်ပြီး ချင်းကျူဆီကို အမြှောက်ဆံတစ်လုံးလိုမျိုး အံ့မခန်း အမြန်နှုန်းနဲ့ ပျံတက်လာပါတော့တယ်။

“ကပ္ပတိန်က သူနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေပြီ”

“တကယ်ကို ကပ္ပတိန် ပီသပါပေတယ်”

အားလုံး ခံစားချက် အပြည့်နဲ့ ကြည့်နေခဲ့ကြပါတယ်။

၀ုန်း

စကားမဆုံးခင်မှာပဲ ချင်းကျူက လက်ဖျောက်တီးလိုက်ပါပြီ။ ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ရာအရှိန်အဝါတွေ ဖြာထွက်နေတဲ့ ကပ္ပတိန်ဆိုသူရဲ့ ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့ပြီး သွေးမှုန်တွေ မြေပြင်ပေါ် ကျဆင်းလာပါတော့တယ်။

“…”

???

စစ်သူရဲတွေလည်း ခဏလောက် မှင်သက်တွေဝေသွားခဲ့ကြပါပြီ။ သူတို့ ကပ္ပတိန် ဘယ်ရောက်သွားတာလဲ။

“ပြေးကြဟ”

ဒီအချိန်မှာပဲ ဘယ်သူမှန်းမသိ အော်ပြောလိုက်ပါတော့တယ်။ စစ်သူရဲတွေလည်း ချက်ချင်းပဲ ဖနှောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားကြပါပြီ။ ကပ္ပတိန်တောင်မှ တစ်ချက်တည်း သေဆုံးသွားတယ် ဆိုမှတော့ သူတို့တွေ ဆက်နေလို့လည်း အပိုပဲ မဟုတ်လား။

ဒါပေမဲ့လည်း အားလုံးက အလွန်နောက်ကျသွားခဲ့ပါပြီ။

ချင်းကျူဟာ ဝိညာဉ်စွမ်းအင် တော်တော်များများကို ပစ်လွှတ်လိုက်ပါတော့တယ်။ စစ်သူရဲတွေ အားလုံး မီတာတစ်ထောင်ရောက်အောင် မပြေးနိုင်ခင်မှာပဲ သေဆုံးသွားကြပါပြီ။ သူတို့ရဲ့ အမြုတေ စိတ်ဝိညာဉ်တွေလည်း ပျက်စီးသွားကြပါတော့တယ်။

အဇူရာ ကမ္ဘာဟာ အရင်ကတည်းက တခြား ကမ္ဘာတွေရဲ့ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို သတ်ဖြတ်ခဲ့ပြီးပါပြီ။ ချင်းကျူ အနေနဲ့ သူတို့ကို မတွေ့ရသေးရင် ဘာမှ မဖြစ်သေးပါဘူး။ အခုလို တွေ့နေရပြီ ဆိုတဲ့ အချိန်မှာတော့ ခွင့်လွှတ်စရာလည်း အကြောင်းမရှိတော့ပါဘူး။

တစ်ချိန်တည်းမှာပဲ ဆူဆူညံညံ ကိစ္စတွေကြောင့် တခြား အဇူရာ ကမ္ဘာက တန်ခိုးရှင်တွေ အာရုံစိုက်လာခဲ့ကြပါပြီ။ သူတို့ အားလုံး အရပ်မျက်နှာ အဘက်ဘက်ကနေ ပြေးလာနေကြပါတော့တယ်။ အခု ရောက်လာကြသူတွေက လူပေါင်းတစ်ရာကျော်လောက် ရှိပြီး ချင်းကျူနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေကြပါပြီ။ သူတို့ဆီကနေ သိပ်သည်းလှတဲ့ လူသတ်ငွေ့တွေ ဖြာထွက်နေပါတော့တယ်။

“မင်း”

အဇူရာ ကမ္ဘာက တန်ခိုးရှင်တစ်ဦးက စကားပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ချင်းကျူက လက်သီးနဲ့ ထိုးချလိုက်ပါပြီ။ ဒီလို ပျင်းစရာကောင်းတဲ့ စကားတွေကို ထပ်ပြီး မကြားချင်တော့ပါဘူး။

ဟူး

ချက်ချင်းဆိုသလိုပဲ လေပြင်း တိုက်ခတ်လာခဲ့ပြီး ရွှေရောင်မြစ်ကြီးတစ်ခု လှိုင်းတွေထန်ရင်း ပေါ်ထွက်လာခဲ့ပါပြီ။ ရာချီတဲ့ အဇူရာ ကမ္ဘာက တန်ခိုးရှင်တွေဟာ လှုပ်ရှားဖို့တောင် အချိန်မရခဲ့ပဲ ရွှေရောင်မြစ်ကြီးထဲမှာ နစ်မွန်းသွားပါတော့တယ်။ ဘာဆိုဘာမှ မကျန်ရစ်ခဲ့ပါဘူး။

ချင်းကျူ အနေနဲ့ နောက်ဘာဆက်ဖြစ်မယ်ဆိုတာကို စောင့်ကြည့်မနေတော့ပါဘူး။ သူ့ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားသွားခဲ့ပြီး မူလ ရှိနေရာ နေရာကနေ ရုတ်ချည်း ပျောက်ကွယ်သွားပါတော့တယ်။

အဇူရာ ကမ္ဘာဟာ အတိုင်းအဆမဲ့လောက်အောင် ကျယ်ပြောပါတယ်။ သူ့ပိုင်နက်နယ်မြေဟာ အလွန်ကို ကြီးမားလှပြီး လျှို့ဝှက်နယ်မြေတွေကို ထည့်မတွက်ဘူးဆိုရင် သုံးပုံတစ်ပုံ အရွယ်အစားဟာ ဝိညာဉ်ဗဟိုကမ္ဘာနီးပါးလောက်ကို ရှိနေပါပြီ။

ဒီအတွက်ကြောင့်လည်း အဇူရာ ကမ္ဘာဟာ အစွမ်းထက်တဲ့ တန်ခိုးရှင် အများအပြား မွေးထုတ်နိုင်ခဲ့ပြီး တခြား ကမ္ဘာတွေကို ကျူးကျော်နိုင်ခဲ့တာပါ။

တစ်ခုပဲ ပြောဖို့ ရှိတာကတော့ အဇူရာ ကမ္ဘာနဲ့ ငရဲကမ္ဘာနှစ်ခုလုံးရဲ့ တူညီတဲ့ အချက်ကတော့ တစ်လောကလုံး အဖွဲ့အစည်းတစ်ခုအောက် ပေါင်းစည်းနေခဲ့တာပါပဲ။ ထာ၀ရ ညအင်ပါယာဟာ သူ့ရဲ့ နောက်လိုက်နှစ်ဦးနဲ့ ငရဲကမ္ဘာကို ထိန်းချုပ်ပြီး ထာ၀ရ ညအင်ပါယာကို ထူထောင်ခဲ့တယ် မဟုတ်လား။

အဇူရာ ကမ္ဘာကတော့ မျိုးနွယ်စု တစ်ခုတည်း ဖြစ်ပြီး မျိုးနွယ်စု နာမည်က အဇူရာပါ။

ပြောရရင် ကြာမြင့်လှပြီ ဖြစ်တဲ့ အချိန်တုန်းက အဇူရာ ကမ္ဘာမှာလည်း ထောင်နဲ့ချီတဲ့ ကလန်ကြီးတွေ အဖွဲ့ကြီးတွေနဲ့ မျိုးနွယ်များစွာ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ သယံဇာတတွေ တဖြည်းဖြည်း ရှားပါးလာတာနဲ့ အမျှ တခြား မျိုးနွယ်တွေဟာလည်း ဖြည်းဖြည်းချင်း ရှင်းလင်းခံရပြီး ပျောက်ကွယ်သွားကြပါပြီ။ နောက်ဆုံးတော့ အဇူရာ မျိုးနွယ်ပဲ ကျန်ရစ်တော့တာပါ။

အဇူရာ မျိုးနွယ်ဟာ အမြဲတမ်း သွေးဆာပြီး စစ်ပွဲတိုက်ခိုက်ရတာကို သဘောကျတဲ့ မျိုးနွယ်ပါပဲ။ သူတို့တွေဟာ ရန်လိုမှုတွေနဲ့ ပြည့်နေပါတယ်။ ပြီးတော့ သယံဇာတတွေကို သူတို့ အမြဲတမ်း လိုအပ်နေခဲ့ကြပါတယ်။ ဒါကြောင့်လည်း တခြား ကမ္ဘာတွေကို သူတို့ ကျူးကျော်ခဲ့ကြတာပါ။

အခုအချိန်မှာတော့ အဇူရာ ကမ္ဘာအတွက် သယံဇာတတွေ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ ဒီအတွက်ကြောင့် ဒိုင်မန်းရှင်း စစ်ပွဲတွေ ဆင်နွှဲတာကို မရပ်တန့်ခဲ့ပဲ အမြဲတမ်း အင်အားအပြည့်ဖြစ်အောင် ဖြည့်ဆည်းနေခဲ့ပါတယ်။

ဒါက သူတို့ရဲ့ သဘာ၀ပါပဲ။

ဒီနေရာကို အမြန်ဆုံး ဖြတ်ကျော်ပြီးချိန်မှတော့ ချင်းကျူတစ်ယောက် မြင့်မြတ်သော အဇူရာတောင်ကြီးဆီ ရောက်လာခဲ့ပါပြီ။

အနားကို မရောက်ခင်မှာပဲ သာမန်တန်ခိုးရှင်တွေကို ရင်တုန်ပြီး ရပ်တန့် သွားစေနိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ အော်ရာအရှိန်အဝါတစ်ခု ရှိနေတာကို ချင်းကျူ ခံစားမိလိုက်ပါတော့တယ်။

လျှိုကျီးရဲ့ မှတ်ဉာဏ်အရဆိုရင်တော့ မြင့်မြတ်သော အဇူရာတောင်ကြီးဟာ အဇူရာ ကမ္ဘာထဲမှာ ဝိညာဉ်ကီ အသိပ်သည်းဆုံး နယ်မြေပါ။ ပြီးတော့ လျှို့ဝှက်ချက်တွေလည်း အများအပြား ရှိနေခဲ့ပါတယ်။

အဇူရာ မျိုးနွယ်ရဲ့ ဂိုဏ်းချုပ်ကော အကြီးအကဲတွေကော အားလုံး ဒီနေရာမှာ နေထိုင်ကြတာပါ။

အပြင်က ကြည့်မယ်ဆိုရင် အဇူရာ တောင်ကြီးဟာ မိုးထိအောင် ထိုးထွက်နေတဲ့ တောင်မြင့်ကြီးဖြစ်ပြီး အဆုံးမရှိကို မြင့်မားနေခဲ့ပါတယ်။ တိမ်တိုက်တွေထဲအထိ ဝင်ရောက်သွားတဲ့ ကျောက်လှေခါးတစ်ခုသာ တောင်ဘေးမှာ ရှိနေတာကို တွေ့ရမှာပါ။ ဒီကျောက်လှေခါး ဘယ်လောက်မြင့်မြင့်အထိ ရှိသလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။

ချင်းကျူကတော့ အဇူရာတောင်ကြီးရဲ့ အပြင်စည်းကို ကာကွယ်ထားတဲ့ ၀င်္ကပါကို အလွယ်တကူ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပါတယ်။ ပြီးတာနဲ့ ကျောက်လှေခါးအထက် ချင်းကျူ ပေါ့ပါးစွာ ဆင်းသက်လာခဲ့ပါပြီ။

ဒီလိုမျိုး အပူအပင်မဲ့ လွတ်လပ်တဲ့ လှုပ်ရှားမှုကို အဇူရာ ကမ္ဘာက တည်ရှိမှုကြီးတွေက အာရုံခံမိခဲ့ကြပါတယ်။

“ဘယ်သူလဲ။ မြင့်မြတ်သော တောင်ကြီးထဲ ကျူးကျော်ဝင်လာဝံ့ရအောင် သတ္တိသိပ်ကောင်းနေသလား”

ပထမဆုံး ခုန်ထွက်လာတာကတော့ ဝတ်စုံဖြူဝတ် တန်ခိုးရှင် နှစ်ဦးပါ။ သူတို့တွေဟာ မြေကမ္ဘာ သူတော်စင် အဆင့်မှာ အံ့မခန်းကို ကြောက်စရာကောင်းနေကြသူတွေပါပဲ။ သူတို့တွေက ဒီတောင်ကြီးရဲ့ အစောင့်တွေ ဖြစ်ပါလိမ့်မယ်။

ချင်းကျူလည်း သူတို့ကို လျစ်လျူရှုလိုက်ပြီး တောင်ထိပ်ကို တစ်လှမ်းချင်း တက်သွားခဲ့ပါပြီ။ သူ့ကို ကြည့်ရတာ ရှုခင်းကြည့်ဖို့ ရောက်လာသူတစ်ဦးလိုပါပဲ။

“ရပ်စမ်း”

လျစ်လျူရှုခြင်း ခံရတာကြောင့် ဝတ်စုံဖြူဝတ် တန်ခိုးရှင်နှစ်ဦး ဒေါသူပုန် ထသွားကြပါပြီ။ သူတို့ လက်နက်တွေကို ထုတ်ယူလိုက်ပြီး ချင်းကျူကို ဟန့်တားလိုက်ပါတော့တယ်။

ဒီအချိန်မှာတော့ ချင်းကျူရဲ့ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတွေ လက်ဖြာလာခဲ့ပြီး ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားခဲ့ပါပြီ။

“အား”

ဝတ်စုံဖြူဝတ် တန်ခိုးရှင် နှစ်ဦး နေရာမှာ မှင်သက်စွာ ရပ်နေကြပါတယ်။ သူတို့လက်နက်တွေဟာ တစ်လက်မစီ ပဲ့ကြွေလာပါပြီ။ နောက်ဆုံး သူတို့ခန္ဓာကိုယ်အထိပါ တစ်လက်မဆီ ပေါက်ကွဲလာခဲ့ပြီး ဘာဆိုဘာမှ မကျန်ရှိတော့ပါဘူး။

ချင်းကျူကတော့ လက်ကို နောက်ပစ်ထားရင်း တောင်ထိပ်ကို ဆက်လက် တက်သွားခဲ့ပါတယ်။ ဘာဆိုဘာမှ မဖြစ်ခဲ့သလိုပါပဲ။ သူဟာ ဒီလောကထဲမှာ မထင်မရှားပုရွက်ဆိတ်လေး တစ်ကောင်လို စူးစမ်းနေတဲ့ အသွင်ပါပဲ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 15
Chapter 9

အဇူရာ ကမ္ဘာမှာတော့ အကြီးအကဲ တချို့ရဲ့ လူယုံတော် အစောင့်တွေကလွဲရင် မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တွေသာ မြင့်မြတ်သော အဇူရာတောင်ထိပ်ကို ခြေချခွင့် ရှိကြပါတယ်။ ဒီနေရာမှာ ဘုံခုနစ်ဆင့် ရှိပြီးတော့ တန်ခိုးကျင့်စဉ် အခြေခံအပေါ် မူတည်ပြီး အဆင့်တွေ ခွဲခြားသတ်မှတ်ထားတာကို တွေ့ရမှာပါ။

ချင်းကျူ အထက်ကို ရောက်လာလေလေ ဝိညာဉ်ကီတွေ ပိုမို သိပ်သည်းလာသလို ဖိအားကလည်း ပိုပြီး ပြင်းထန်လာလေလေပါပဲ။

ကျောက်လှေခါးထစ်တွေဟာ သာမန်အမြင်မှာတော့ ရိုးရှင်းပေမဲ့လည်း အဆုံးအစမဲ့ ဖိအားတွေ ကန့်သတ်မှုတွေ ပါဝင်နေခဲ့ပါတယ်။ အစွမ်းမရှိပဲနဲ့ အထက်ကို တက်လှမ်းဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ပထမ အဆင့်ရဲ့ အောက်ဆုံး လှေခါးထစ်မှာသာ အစောင့်တွေ ရှိနေခဲ့ပါတယ်။

လျှိုကျီးကတော့ မဟာစကြ၀ဠာ ဒုတိယအဆင့်ကို ရောက်နေပြီ ဖြစ်တာကြောင့် ဒုတိယ အထပ်မှာ နေထိုင်ခွင့် ရရှိခဲ့ပါတယ်။

ထိပ်ဆုံးအထပ်မှာ လူတစ်ဦးတည်းသာ နေထိုင်ခွင့် ရှိခဲ့ပါတယ်။ သူကတော့ အခုလက်ရှိ အဇူရာ မျိုးနွယ်စုရဲ့ ဂိုဏ်းချုပ်ကြီးပါပဲ။

ပြောရရင် နှစ်သောင်းပေါင်းများစွာအတွင်းမှာ ချင်းကျူဟာ မြင့်မြတ်သော အဇူရာ တောင်ကြီးဆီ ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ ပထမဆုံး တန်ခိုးရှင်ပါပဲ။

မြေကမ္ဘာ သူတော်စင် အဆင့် တန်ခိုးရှင် နှစ်ဦးကတော့ သေဆုံးသွားခဲ့ပါပြီ။ နောက်ထပ် အစောင့်တွေ ခုန်ဝင်လာတာကြောင့် လေတိုးသံတွေ ထပ်မံ ပေါ်ထွက်လာပါတော့တယ်။

မြင့်မြတ်သော အဇူရာ တောင်ကြီးထဲ ဝင်ရောက်ခွင့်ရတဲ့ အစောင့်အကြပ်တွေဟာ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ လူယုံတွေ အကြီးအကဲတွေရဲ့ မျိုးဆက်တွေပါ။

များသောအားဖြင့် အဇူရာ ကမ္ဘာမှာ သူတို့ကို အပြစ်ပြုဝံ့သူ မရှိသလောက်ပါပဲ။ ဒါကြောင့် သူတို့တွေဟာ အလွန်ကို မောက်မာရိုင်းစိုင်းနေခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ချင်းကျူကို တားဆီးခဲ့တဲ့ အစောင့်တွေ တစ်ယောက်ပြီး တစ်ယောက် ပြောခဲ့ကြတဲ့ စကားကတော့..
“မြင့်မြတ်သော အဇူရာ တောင်ကြီးကို ကျူးကျော်ဝင်ရောက်လာသူ မှန်သမျှ သေရမယ်”

ချင်းကျူလည်း ခေါင်းမော့လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပါပြီ။ စုစုပေါင်း လူ ၁၃ ဦး ရှိနေခဲ့ပါတယ်။ ဒီထဲမှာ ၉ ဦးက ကောင်းကင်သူတော်စင်တွေပါ။ ၃ ဦးကတော့ မဟာသူတော်စင်တွေ ဖြစ်ကြပြီး ၁ ဦးကတော့ ဘိုးဘေးသူတော်စင်ကြီးပါ။

ဒီလို အင်အားမျိုးဟာ ဝိညာဉ်ဗဟိုကမ္ဘာမှာသာဆိုရင် မြင့်မြတ်သော ကုန်းမြေကြီတစ်ခုနဲ့ ယှဉ်နိုင်နေပါပြီ။

“အားလုံး စုံပြီလား”

ချင်းကျူလည်း ဝိညာဉ်အာရုံကို ဖြန့်ကျက် ကြည့်ရှုလိုက်ပါပြီ။ ဝိညာဉ်စွမ်းအင် အများအပြား အနီးဝန်းကျင်မှာ ရှိနေသေးတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အားလုံးက မြေကမ္ဘာ သူတော်စင် အဆင့်တွေပါ။

အစောင့်နှစ်ဦးကို ချင်းကျူ ချက်ချင်း သတ်ဖြတ်လိုက်တာကို တွေ့လိုက်ရတဲ့ အတွက်ကြောင့် မြေကမ္ဘာ သူတော်စင်တွေ ရှေ့မတက်လာဝံ့တော့တာ ဖြစ်နိုင်ပါတယ်။

“ဟမ့်.. သေလိုက်ကြတော့”

ချင်းကျူရဲ့ မထုံတတ်သေး အပြုအမူကို တွေ့လိုက်ရတော့ ကောင်းကင်သူတော်စင် အစောင့်တစ်ဦးက စော်ကားနေတယ်လို့ ခံစားလိုက်ရပါပြီ။ ချင်းကျူရဲ့ ရင်ဘတ်ကို သူလက်သီးနဲ့ ထိုးချလိုက်ပါတော့တယ်။ မုန်တိုင်းတစ်ခု ထန်လာခဲ့ပါပြီ။

အံ့အားသင့်ဖို့ ကောင်းတာကတော့ ချင်းကျူဟာ ရှောင်တိမ်းခြင်း မပြုပဲ နေရာမှာပဲ သာမန်မျက်နှာထားနဲ့ ရပ်တန်နေခဲ့တာပါပဲ။ ဒီတိုက်ခိုက်မှုကိုတောင် သတိထားမိပုံ မရပါဘူး။

“မင်းက သေချင်နေတာပဲ”
ရန်သူဟာ ချင်းကျူကို ခွင့်မလွှတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါပြီ။

အကြီးအကဲတစ်ဦးရဲ့ သားတော်ဖြစ်တာကြောင့် လျှိုလော်တစ်ယောက် ဒီလို အထင်သေးစွာ လျစ်လျူရှုထားခြင်းကို သည်းခံနိုင်စွမ်း မရှိခဲ့ပါဘူး။

ဒါကြောင့် ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စီးဆင်းစေပြီး ချင်းကျူကို သိုင်းကွက်တစ်ကွက်အတွင်း သေအောင်သတ်ဖို့ သစ္စာဆိုလိုက်ပါပြီ။

၀ုန်း

လျှိုလော်ရဲ့ လက်သီးချက် ချင်းကျူကိုယ်ပေါ် ကျဆင်းလာပါတော့တယ်။ သူပြုံးလိုက်ပါပြီ။

ငါ့ကို အထင်သေးမိတိုင်း ဒီလိုပဲ ကြုံတွေ့ရတတ်တယ်လေ။

ချင်းကျူ ပေါက်ကွဲပြီး သွေးမှုန်တွေ အဖြစ် လွင့်ပြယ်သွားတာကို မြင်ရမယ်လို့ သူထင်မိခဲ့ပါတယ်။

ဒါပေမဲ့ နောက်တဒင်္ဂမှာတော့ သူ့မျက်နှာအထက်က အပြုံးပျောက်ကွယ်သွားခဲ့ပြီး ရှုံ့မဲ့မှု အစားထိုး ဝင်ရောက်လာခဲ့ပါပြီ။ သူ့မျက်နှာအထက် မယုံကြည်နိုင်မှု၊ တုန်လှုပ်မှုတွေ ပြည့်လာခဲ့ပြီး နောက်ဆုံးတော့ အကြောက်တရားတွေပါ ပြည့်လာပါတော့တယ်။

၀ုန်း

ကျယ်လောင်တဲ့ မြည်ဟီးသံကြီးနဲ့ အတူ လျှိုလော်တစ်ယောက် သွေးမြူခိုးအဖြစ် ပေါက်ကွဲသွားခဲ့ပါပြီ။ သွေးမှုန်တွေ လွင့်ပျံ့နေတဲ့ မြင်ကွင်းဟာ အလွ်န်ကို လှပနေပြီး သွေးစတွေဟာ အနောက်မှာ ရှိနေတဲ့ အစောင့်တွေရဲ့ ကိုယ်တွေပေါ် ကျဆင်းလာပါတော့တယ်။

ချင်းကျူတစ်ဦးတည်းရဲ့ အဝတ်အစားတွေသာ ပုံမှန်အတိုင်း နှင်းဖြူလို ဆွတ်ဆွတ်ဖြူနေခဲ့ပါတယ်။ သူ့ကိုယ်ပေါ်မှာ သွေးစ တစ်စတောင် မရှိနေခဲ့ပါဘူး။

“…”

ကျန်နေတဲ့ အစောင့် ၁၂ ယောက်လည်း တစ်ဦးမျက်နှာကို တစ်ဦး နားမလည်နိုင်စွာ လှမ်းကြည့်လိုက်ကြပါပြီ။ သူတို့ ကိုယ်ပေါ်က သွေးမှုန်တွေကို စိတ်မဝင်စားအားသေးပါဘူး။

လျှိုလော် သေသွားပြီလား။

သူဘယ်လိုလုပ်ပြီး သေဆုံးသွားတာလဲ။

ချင်းကျူက အစကနေ အဆုံးအထိ ဘာမှ လုပ်ခဲ့ပုံလည်း မရပါဘူး။

ပြောရရင် ချင်းကျူအနေနဲ့ ဝိညာဉ်စွမ်းအင်ကိုလည်း အသုံးမပြုခဲ့ပါဘူး။ ဒီနေရာမှာပဲ ရပ်မြဲ ရပ်နေခဲ့တာပါ။

သူ့ရဲ့ ဝိညာဉ်စွမ်းအင် ဖိအားကလည်း ဒီလောက်ကြီး ကြောက်မက်ဖွယ် ကောင်းမနေဘူးလေ။ ဟုတ်တယ်မလား။

ဒါ့အပြင် ဘာဝိညာဉ်စွမ်းအင်လှိုင်းကိုမှ မမြင်ခဲ့ကြရပါဘူး။

“ဒါ.. ဒါက တန်ပြန် အင်အားကြောင့်လား”

အချိန်တော်တော်ကြာ တိတ်ဆိတ်မှု ကြီးစိုးနေခဲ့ပြီးနောက်မှာ တစ်ယောက်ယောက်က စကားစပြောလိုက်ပါပြီ။

“??”

တန်ပြန်အင်အား။ လာနောက်နေတာလား။

မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တောင်မှ ဒီလောက် ပြင်းထန်တဲ့ တန်ပြန်အင်အားမျိုး မပိုင်ဆိုင်သေးဘူး မဟုတ်လား။

ချင်းကျူကတော့ အစောင့်တွေရဲ့ အတွေးတွေကို စိတ်မဝင်စားပါဘူး။ သူဖြည်းဖြည်းချင်း လက်ကို မြှောက်ုလိက်ပါပြီ။ ရွှေရောင်အလင်းတွေ သူ့လက်ဝါးထက်ကနေ ဖြာထွက်လာခဲ့ပြီး အရပ်မျက်နှာ အဘက်ဘက် ပျံသန်းသွားခဲ့ပါပြီ။

“သူဘာလုပ်နေတာလဲ”

အားလုံးပဲ မသိစိတ်ကြောင့် အလိုလို နောက်ဆုတ်လိုက်ကြပါတော့တယ်။ လျှိုလော်လို နေရာမှာတင် ပေါက်ကွဲသေဆုံးသွားမှာကို စိတ်ပူနေကြပါပြီ။

ပြောရရင် အခု ကြုံတွေ့လိုက်ရတဲ့ အဖြစ်က အလွန်ကို ထူးခြားနေခဲ့တယ် မဟုတ်လား။

ချင်းကျူက လျှိုလော်ကို သိုင်းကွက်အသုံးပြုပြီး ချက်ချင်း သတ်ဖြတ်နိုင်တယ် ဆိုရင်တော့ ထူးခြားတယ်လို့လည်း မဆိုနိုင်ပါဘူး။ ပြောရရင် မဟာသူတော်စင် တစ်ဦးအနေနဲ့ ဒီလိုမျိုး စွမ်းဆောင်နိုင်နေပါပြီ။

ဒါပေမဲ့ ချင်းကျူက တစ်ချက်တောင် မလှုပ်ရှားပဲ လျှိုလော်ကို သတ်ခဲ့တာပါ။ ဒီလို တည်ရှိမှုမျိုးကိုတော့ အားလုံး ကြောက်ရွံ့မိခဲ့ကြပါတယ်။

“အဆင့်နိမ့် အစောင့်တွေကို သူသတ်လိုက်ပြီ”

“ဘာ”

အားလုံး တုန်လှုပ်သွားကြပါပြီ။ အမှန်ပါပဲ။ အမှောင်ထဲ ပုန်းအောင်းနေကြတဲ့ မြေကမ္ဘာ သူတော်စင် အားလုံး သေဆုံးသွားတာကို အခုမှ သတိထားမိသွားခဲ့ကြပြီ မဟုတ်လား။

သူတို့တွေဟာ သာမန် အစောင့်တွေ မဟုတ်တာကိုတော့ အားလုံးသိထားကြပြီးဖြစ်ပါလိမ့်မယ်။

တချို့တွေက အကြီးအကဲတချို့ရဲ့ မျိုးဆက်တွေ ဖြစ်တာကလွဲလို့ တော်တော်များများက အဇူရာမျိုးနွယ်ရဲ့ အနာဂတ် မျှော်လင့်ချက်အဖြစ် သတ်မှတ်လို့ရတဲ့ ထိပ်တန်း ပါရမီရှင်တွေပါ။ ချင်းကျူက နည်းနည်းလေးမှ ခွင့်မလွှတ်ပဲ သူတို့ အားလုံးကို သတ်ဖြတ်လိုက်ပါပြီ။

“မင်း.. မင်း.. မင်း…”

ဘိုးဘေးသူတော်စင် ခေါင်းဆောင်လည်း ချင်းကျူကို အချိန်တော်တော်ကြာ လက်ညှိုးနဲ့ ထိုးထားခဲ့ပါတယ်။ သူ့ဒေါသတွေ တလိပ်လိပ် ထွက်လာနေပါပြီ။ ဒါပေမဲ့ သူအရှေ့မတိုးဝံ့သေးပါဘူး။ ဒီအတွက်ကြောင့် အခုအခြေအနေဟာ တော်တော်ကို ရီစရာ ကောင်းနေခဲ့ပါတယ်။

“အခု မင်းတို့ အလှည့်”

ချင်းကျူ ပြုံးလိုက်ပါပြီ။

တဒင်္ဂ အတွင်း အားလုံး မျက်စိမျက်နှာ ပျက်သွားကြပါတော့တယ်။ သူတို့တွေအားလုံး ရေခဲချောက်နက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားလိုက်ကြရပါပြီ။

ဟူး

ချင်းကျူလည်း ခြေတစ်လှမ်း ရှေ့တိုးလာပါတော့တယ်။ ဒီအခါမှာတော့ အစောင့် ၁၂ဦးကို ဖြတ်ကျော်ပြီးသားဖြစ်သလို ချင်းကျူ ရှေ့ဆက်တက်သွားခဲ့ပါပြီ။

“သူ.. သူက ငါတို့ကို သွားခွင့်ပြုလိုက်တာလား”

ကောင်းကင်သူတော်စင်တစ်ဦးလည်း အခုမှ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ပါတော့တယ်။

ဒါပေမဲ့ သူ့ရောင်းရင်းတွေကို လှည့်ကြည့်လိုက်တော့ သူ့အထင် မှားသွားခဲ့ပြီ ဆိုတာကို နားလည်သွားခဲ့ပါပြီ။

“မင်းတို့ရဲ့ ခန္ဓာကိုယ်တွေ”

ခန္ဓာကိုယ်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားနေတာကို အားလုံးပဲ သတိထားမိသွားကြပါတော့တယ်။

“အား… မလုပ်ပါနဲ့”

ဘိုးဘေူးသူတော်စင် တန်ခိုးရှင်ကြီးဟာ ချောက်ချားတုန်လှုပ်စွာ အော်ဟစ်ရင်း ကမ္ဘာလောကကနေ သူပျောက်ကွယ်သွားတာကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရပါပြီ။

တောင်ခြေမှာ အစောင့်တွေကို ရှင်းပြီး ဖြစ်တာကြောင့် ချင်းကျူလည်း ပထမ အဆင့်ကို အမြန်ဆုံး ရောက်ရှိလာပါတော့တယ်။

ခြံဝန်းများစွာကို ဒီနေရာမှာ မြင်ရသလို နှစ်ဖက်စလုံးမှာလည်း လှေခါးထစ်တွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ရှိနေကြသူ စုစုပေါင်းမှာ လေးဦးသာ ရှိနေခဲ့ပါတယ်။

ဒီအဆင့်မှာ နေထိုင်ကြသူ အများစုက တပ်မဟာကြီးတွေကို ခေါင်းဆောင်ပြီး တခြား လောကတွေကို ကျူးကျော်ရင်း အလုပ်များနေကြပုံပါပဲ။

သူတို့ လေးဦးက တံခါးပိတ် တရားကျင့်နေကြတာကြောင့် ချင်းကျူကို သတိမထားမိခဲ့ကြပါဘူး။

အဲဒီလိုဆိုတော့ ရှိနေကြသူတွေကို အရင်ဆုံးသတ်လိုက်ဖို့ ချင်းကျူ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။

စဉ်းစားရင်း ချင်းကျူ လက်ကို ဝှေ့ယမ်းလိုက်ပါတော့တယ်။ ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပါပြီ။ ရွှေရောင်အလင်း ဖြတ်သန်းသွားရာ နေရာတိုင်း စကြ၀ဠာတည်ရှိမှု ပြိုကျပျက်စီးသွားပါတော့တယ်။ ကိုယ်ပိုင်ခြံဝန်းတွေထဲ ရှိနေကြတဲ့ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်လေးဦးကိုလည်း ရွှေရောင်အလင်းက ဝါးမျိုသွားခဲ့ပါပြီ။

သူတို့ သေဆုံးသွားချိန်အထိ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်လေးဦးအနေနဲ့ ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိခဲ့ရှာပါဘူး။

ထူးဆန်းတာကတော့ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်လေးဦးကို ဝါးမျိုပြီးချိန်မှာ ရွှေရောင်အလင်းဟာ ချင်းကျူရဲ့ လက်ဝါးပြင်အထက် ပြန်လည်ဆင်းသက်လာပါတော့တယ်။

မကြာခင်မှာတော့ ရွှေရောင်အလင်းလုံးကို စိတ်ပျက်စွာနဲ့ ချင်းကျူ အမှုန့်ချေလိုက်ပါပြီ။ ဒီမဟာစကြ၀ဠာ အဆင့် တန်ခိုးရှင် လေးဦးရဲ့ မှတ်ဉာဏ်ထဲမှာ ဝိညာဉ်ဗဟိုကမ္ဘာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မရှိတဲ့အတွက် ချင်းကျူ တစ်ယောက် တော်တော်ကို စိတ်ပျက်သွားခဲ့တာပါ။

ချင်းကျူလည်း ခေါင်းကို ခါယမ်းလိုက်ပါပြီ။ အခုအချိန်မှာတော့ လက်ကိုနောက်ပစ်လိုက်ပြီး လှေခါးထစ်အတိုင်း အထက်ကို ဆက်လက်တက်လှမ်းသွားပါတော့တယ်။

ဒုတိယ အဆင့်မှာတော့ လျှိုကျီး နေထိုင်ခဲ့တဲ့ ခြံဝန်းကို ချင်းကျူ တွေ့လိုက်ရပါပြီ။ ဒီနေရာဟာ အလွန်ကို တိတ်ဆိတ်ပါတယ်။  ဒီနေရာမှာ ရှိနေတဲ့ ဝိညာဉ်ကီတွေနဲ့ မြူခိုးတွေဟာ ပထမ အဆင့်မှာထက် ပိုပြီး သိပ်သည်းနေပါပြီ။

ဒီအထပ်မှာ လူပိုနည်းပါတယ်။ အခုအချိန်မှာတော့ တန်ခိုးရှင်တစ်ဦးသာ ရှိနေပါတော့တယ်။ ခြံဝန်းအရေအတွက်အရဆိုရင်တော့ အဇူရာ ကမ္ဘာမှာ အနည်းဆုံး မဟာစကြ၀ဠာ ဒုတိယအဆင့် တန်ခိုးရှင် ဆယ်ဦးလောက် ရှိနေပါပြီ။

ဒါကြောင့်လည်း အဇူရာ ကမ္ဘာဟာ နှစ်သောင်းပေါင်းများစွာအတွင်း ကမ္ဘာများစွာကို ကျူးကျော်နိုင်ခဲ့ပြီး စစ်ပွဲတစ်ပွဲကိုမှ ရှုံးနိမ့်ခြင်း မရှိခဲ့တာပါပဲ။ ဒီလို အင်အားမျိုးနဲ့ သူတို့တွေ ဘယ်လိုလုပ် ရှုံးနိမ့်နိုင်ပါ့မလဲ။

ဒါပေမဲ့ ချင်းကျူကို အပြစ်ပြုမိသွားခဲ့တာကြောင့် သူတို့ရဲ့ အောင်မြင်မှုဟာ ကြာရှည်မခံတော့ပါဘူး။

ဒါပေမဲ့ အခုအဆင့်မှာ ရှိနေတဲ့ မဟာစကြ၀ဠာအဆင့် တန်ခိုးရှင်ဆီမှာလည်း ဝိညာဉ်ဗဟိုကမ္ဘာရဲ့ မှတ်ဉာဏ်မရှိတဲ့အတွက် စိတ်ပျက်စွာနဲ့ ချင်းကျူ သတ်ပစ်လိုက်ပါပြီ။

တတိယ အထပ်မှာတော့ လူအရေအတွက် ပိုများလာပါတော့တယ်။ ချင်းကျူ ကြည့်လိုက်တော့ ငါးဦး ရှိနေတာကို တွေ့လိုက်ရပါပြီ။

အခုလို အရေအတွက် များလာခဲ့တာကတော့ ဒီအဆင့်တန်ခိုးရှင်တွေ အနေနဲ့ တပ်မဟာကြီးတွေကို ခေါင်းဆောင်ပြီး ကိုယ်တိုင် တိုက်ခိုက်စရာ မလိုအပ်တော့တဲ့ အတွက်ကြောင့်ပါ။ ဒီအတွက်ကြောင့် သူတို့ ချန်ရစ်နေခဲ့ကြတာပါ။

“အင်း.. မင်းက ဘယ်သူလဲ။ ဘာဖြစ်လို့ မင်းကို တစ်ခါမှ မမြင်ဖူးရတာလဲ”

အခုအချိန်မှာတော့ ဆံပင်ရှည်ရှည်နဲ့ မျက်နှာ ခက်ထန်ကြမ်းတမ်းနဲ့ အဘိုးအို တစ်ဦးဟာ ခြံဝန်းအပြင်ဘက် ထွက်လာပြီး ချင်းကျူကို လှမ်းကြည့်လိုက်ပါတော့တယ်။

နောက်ဆုံးတော့ တံခါးပိတ် တရားကျင့်နေသူ မဟုတ်တဲ့တစ်ယောက်ကို တွေ့လိုက်ရပါပြီ။

“အဲ.. ငါလား။ မင်းကို သတ်ဖို့ ရောက်လာတာလေ..”

ချင်းကျူ ပြုံးလိုက်ပြီး အေးစက်စွာ ပြောလိုက်ပါတော့တယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 15
Chapter 10

“အဲ.. ငါလား။ မင်းကို သတ်ဖို့ ရောက်လာတာလေ..”

ချင်းကျူ ပြုံးလိုက်ပြီး အေးစက်စွာ ပြောလိုက်ပါတော့တယ်။

မြင့်မြတ်သော အဇူရာ တောင်ကြီးရဲ့ အဆင့်တိုင်းမှာ အထူး၀င်္ကပါတွေ အကာအကွယ်တွေ ရှိနေတာကြောင့် ဘာစွမ်းအင်လှိုင်းမှ မဖြစ်ပေါ်စေပဲ ကျူးကျော်ဝင်ရောက်လာဖို့ မဖြစ်နိုင်ဘူးလို့ အဇူရာမျိုးနွယ်စုရဲ့ တန်ခိုးရှင်ကြီးတွေ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ချင်းကျူက လမ်းတစ်လျှောက် အလွယ်တကူနဲ့ တိတ်ဆိတ်စွာ သတ်ဖြတ်ခဲ့တာကြောင့် အောက်မှာဖြစ်ပျက်နေမှုတွေကို သူတို့ သတိမထားမိခဲ့ကြပါဘူး။

“သတ္တိကောင်းလှချည်လား”

လျှိုယန်လည်း ဒေါသူပုန် ထသွားခဲ့ပါပြီ။ အဆုံးအစမဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေဟာ သူ့ကို ဗဟိုပြုပြီး ဖြာထွက်လာပါတော့တယ်။ နယ်မြေတန်ခိုးစွမ်းအင်ဟာ ချင်းကျူကိုပါ လွှမ်းခြုံသွားခဲ့ပါပြီ။

နောက်တဒင်္ဂမှာတော့ သွေးဆာနေတဲ့ မိစ္ဆာတွေနဲ့ ဆင်တူတဲ့ ပုံရိပ်ယောင် များစွာ သူ့နယ်မြေထဲ ပေါ်ထွက်လာပါတော့တယ်။ သာမန်လူသာဆိုရင်တော့ ဒီမြင်ကွင်းကို ကြည့်ပြီး သွေးပျက်သွားကြမှာပါ။

“ဟမ့်…  မင်းဘယ်သူပဲ ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မင်းက ဒီလိုမျိုး မပြောသင့်တဲ့ စကားကို ပြောခဲ့တယ်ဆိုတော့ သေလိုက်ပေတော့”

စကားဆုံးသွားတာနဲ့ လျှိုယန်လည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး နယ်မြေကြီးကို ထိန်းချုပ်ရင်း ချင်းကျူကို ဖိအားပေးလိုက်ပါပြီ။

မဟာစကြ၀ဠာ အဆင့်ကို ရောက်တဲ့ အချိန်မှာတော့ အဆင့်တစ်ခုနဲ့ တစ်ခု ကွာခြားမှုဟာ မိုးနဲ့မြေလို ဖြစ်သွားခဲ့ပါပြီ။ လောင်ကျန်းလို အစွမ်းထက်သူတောင်မှ အဆင့်ပိုမြင့်သူကို ရင်ဆိုင်ဖို့ မလွယ်ကူတော့တာကြောင့် တခြားလူဆိုရင် ဆိုဖွယ်ရာ မရှိတော့ပါဘူး။

ဒါကြောင့် မဟာစကြ၀ဠာ ဒုတိယ အဆင့် တန်ခိုးရှင်ဆတွေဟာ တတိယ အဆင့်တန်ခိုးရှင်တွေရဲ့ နယ်မြေတန်ခိုး ဖိအားကို ရင်ဆိုင်နိုင်စွမ်း မရှိကြတော့ဘူးလို့ ဆိုနိုင်ပါတယ်။

ခလွမ် ခလွမ် ခလွမ်

မျက်စိတမှိတ် အချိန်အတွင်း ချင်းကျူကို လွှမ်းမိုးထားတဲ့ နယ်မြေတန်ခိုးစွမ်းအင်တွေကနေ ကွဲကြေသံတွေ ပေါ်ထွက်လာခဲ့ပါပြီ။

ဒီလို ကျိုးပဲ့ကွဲကြေသွားတာက ချင်းကျူမဟုတ်ခဲ့ပဲ နယ်မြေကြီးကိုယ်တိုင်ပါ။

လျှိုယန်တစ်ယောက် အစတုန်းက မျက်နှာထားပုံမှန် ဖြစ်ပေမဲ့လည်း အခုတော့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ။ သူပဲ အာရုံတွေ ဝေဝါးနေတာလား။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

လျှိုယန် မလှုပ်ရှားနိုင်ခင်မှာပဲ ပြင်းထန်လှတဲ့ တန်ပြန်အင်အားဟာ နယ်မြေအစွမ်းကို ဖြတ်သန်းပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာပါတော့တယ်။

ခလွမ် ခလွမ် ခလွမ်

ဒီတစ်ကြိမ် ကျိုးပဲ့သံပေါ်ထွက်လာတာကတော့ နယ်မြေကြီးဆီကနေ မဟုတ်တော့ပါဘူး။ လျှိုယန်ရဲ့ အရိုးတွေဆီကနေပါ။

“ဝေါ့”

လျှိုယန်တစ်ယောက် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး မြေပြင်ပေါ် လဲကျသွားခဲ့ပါပြီ။

သူ့နှာခေါင်း၊ မျက်လုံး၊ နားရွက်နဲ့ ဒွာရပေါက်တွေကနေ သွေးတွေ စီးကျလာပါတော့တယ်။ သူ့ကို ကြည့်ရတာ တော်တော်ကို ဘ၀ပျက်နေပါပြီ။

တစ်ရက်မှာတော့ နယ်မြေတန်ခိုးစွမ်းအင်ကြောင့်ပဲ တန်ပြန် အင်အားကို ရင်ဆိုင်ခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရရှိလိမ့်မယ်လို့ သူထင်မထားမိခဲ့ပါဘူး။

တစ်ဖက်မှာတော့ ချင်းကျူ မျက်မှောင်ကြုတ်ရင်း စဉ်းစားနေခဲ့ပါတယ်။ လျှိုယန်ရဲ့ ဘ၀ပျက်နေတဲ့ အခြေအနေကို နည်းနည်းလေးမှ သတိမထားမိခဲ့ပါဘူး။

“ထူးဆန်းတယ်။ သူ့ကို တစ်နေရာရာမှာ မြင်ဖူးတယ်ဆိုပြီး ဘာဖြစ်လို့ ခံစားမိနေတာလဲ”

ချင်းကျူ အလေးအနက်ထား စဉ်းစားနေခဲ့ပါတယ်။

အချိန်တော်တော် ကြာတဲ့ အခါမှာတော့ ချင်းကျူ နဖူးကို လက်ဝါးနဲ့ ရိုက်လိုက်ပါပြီ။ အခု သူ့ကို ဘယ်မှာ မြင်ဖူးတယ်ဆိုတာကို အမှတ်ရသွားပြီ မဟုတ်လား။

သူ့ကို လက်သီးနဲ့ ထိုးလိုက်ပြီးတော့ ပေါက်ကွဲသေဆုံးသွားတဲ့ လူငယ်လေးဟာ အခု အရှေ့မှာ ရှိနေတဲ့ အဘိုးအိုနဲ့ ချွတ်စွပ်တူနေခဲ့တာပါ။

“အင်း..  အဲ.. သူဘယ်ရောက်သွားတာလဲ”

ချင်းကျူလည်း ဟိုဒီ ကြည့်လိုက်ပါပြီ။ လျှိုယန်တစ်ယောက် မြေပြင်အထက် လဲကျနေတာကို တွေ့လိုက်ရပါတော့တယ်။ သူ့ရဲ့ ဒွာရ ခုနစ်ပေါက်ကနေ သွေးတွေ စီးကျနေသလို သတိလစ် မေ့မျောနေပါပြီ။

ချင်းကျူ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း မိသားစုတွေက အတူတူတော့ ရှိနေသင့်တာပဲ မဟုတ်လား။

စဉ်းစားရင်း ချင်းကျူ လက်ဝါးကို မြှောက်လိုက်ပြီး လျှိုယန်ကို နောက်ဆုံး အဖြစ် နှုတ်ဆက်ဖို့ ပြင်ဆင်လိုက်ပါတော့တယ်။

ဒီအချိန်မှာပဲ စကားသံတစ်ခုက ချင်းကျူကို ဟန့်တားလိုက်ပါပြီ။

“ရပ်စမ်း.. လျှိုယန်ကို ရှင်ဘာလုပ်လိုက်တာလဲ”

အလွန်ကျက်သရေရှိတဲ့ ချောမောလှပတဲ့ မြင့်မြတ်သော အမျိုးသမီးတစ်ဦး ချင်းကျူအရှေ့ ပေါ်ထွက်လာခဲ့ပါပြီ။  သူမက ဝိညာဉ်စွမ်းအင်နဲ့ လျှိုယန်ကို ကာကွယ်ပေးပြီး အသင့်ပြင်ထားခဲ့ပါတယ်။

ချင်းကျူလည်း အမျိုးသမီးကို ခေါင်းအစ ခြေအဆုံးအကဲခတ်ကြည့်လိုက်ပါပြီ။ သူမဟာ လျှိုလော်နဲ့ တော်တော်ကို ဆင်တူနေခဲ့ပါတယ်။ သူတို့ နှစ်ဦးက လျှိုလော်ရဲ့ မိဘတွေပဲလား။

ဒီတစ်ခေါက်တော့ သူတို့ မိသားစု တစ်စုတစ်စည်း ပြန်လည်ဆုံတွေ့ရတော့မှာ သေချာသွားခဲ့ပါပြီ။

ဒါပေမဲ့ လျှိုလော်နဲ့ လျှိုယန်တို့နဲ့ ယှဉ်လိုက်ရင် သူ့အရှေ့မှာ ရှိနေတဲ့ အမျိုးသမီးဟာ ပိုပြီး သတိကြီးခဲ့ပါတယ်။ သူမက ချက်ချင်း တိုက်ခိုက်ခြင်း မပြုပဲ ဝိညာဉ်စွမ်းအင် အသံလှိုင်းနဲ့ တခြား တန်ခိုးရှင်တွေကို သတင်းပို့လိုက်ပါပြီ။ ပြီးတာနဲ့ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စီးဆင်းစေပြီး ချင်းကျူရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ အသင့်ပြင်ဆင်ထားခဲ့ပါတယ်။

မကြာခင်မှာတော့ ဒီအဆင့်မှာ နေထိုင်ကြတဲ့ အဇူရာ ကမ္ဘာက တန်ခိုးရှင် ၃ ဦး ခြံဝန်းထဲ ပျံသန်းရောက်ရှိလာခဲ့ပြီး ချင်းကျူကို ဝိုင်းရံထားလိုက်ကြပါပြီ။

သူတို့ အဆင့်မှာတော့ ဘာအစောင့်စစ်သည်မှ မလိုအပ်တော့ပါဘူး။ ပြီးတော့ တံခါးပိတ်တရားကျင့်တာလည်း သိပ်မရှိတော့ပါဘူး။ မဟုတ်ဘူးဆိုရင် ဒီအမျိုးသမီး အနေနဲ့ ကျန်တန်ခိုးရှင်တွေကို အလွယ်တကူ ဆင့်ခေါ်နိုင်စရာ အကြောင်းမရှိဘူး မဟုတ်လား။

ဒါပေမဲ့ အဇူရာ ကမ္ဘာက တန်ခိုးရှင်တွေကတော့ ဝိညာဉ်စွမ်းအင် အသံလှိုင်းကို ချင်းကျူ ကြားနိုင်ကြောင်း မသိခဲ့ကြပါဘူး။ ဒါကြောင့် အခြေအနေ အားလုံးကို ချင်းကျူ သဘောပေါက်နေခဲ့ပြီး အံ့အားသင့်ခြင်းလည်း မရှိခဲ့တာပါ။

“ယန်အဘိုးကြီး အဆင်ပြေရဲ့လား”
အကြီးအကဲတစ်ဦး လှမ်းမေးလိုက်ပါပြီ။

“သူ့ရဲ့ သွေးကြောတွေ အားလုံး ပျက်စီးသွားပြီ။ သူ့အရိုးတွေလည်း ကျိုးနေပြီ”
အမျိုးသမီး တည်ကြည်လေးနက်စွာ ပြောလိုက်ပါတော့တယ်။

“ဘာ… ဒီလောက်တောင် ဆိုးတယ်လား”

သူတို့ အမြဲတမ်း သတိထားနေခဲ့ကြပေမဲ့လည်း လျှိုယန်တစ်ယောက် ဒီလောက်အထိ ဒဏ်ရာအပြင်းအထန် ရသွားမယ်လို့ ထင်မထားမိခဲ့ကြပါဘူး။

ဒီတစ်ယောက်က ဘယ်သူလဲ။

ရှိနေကြသူ အားလုံး ဒီလိုအတွေးမျိုးကို တွေးမိခဲ့ကြပါတယ်။

“မင်းတို့ ဖျက်ဆီးခဲ့တဲ့ ကမ္ဘာတွေအတွက် ငါလက်စားလာချေတာပဲ”

အားလုံးရဲ့ အတွေးကို ဖတ်နိုင်တဲ့အလား ချင်းကျူတစ်ယောက် ထူးမခြားနား လေသံနဲ့ ပြောလိုက်ပါတော့တယ်။

“မင်းက အပြင်လောကကလား”

ဒါကို ကြားလိုက်ရတော့ အားလုံး တုန်လှုပ်သွားကြပါပြီ။

ချင်းကျူကတော့ အဖက်လုပ်မနေပါဘူး။ လက်ကို မြှောက်လိုက်ပြီး လက်သီးနဲ့ ထိုးချလိုက်ပါတော့တယ်။

၀ုန်း

အဇူရာတောင်ကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ပါပြီ။ လျှိုယန်နဲ့ အမျိုးသမီးတို့ ရပ်နေရာ နေရာမှာ လက်သီးရာကြီး တစ်ခုသာ ထင်ကျန်ရစ်ပါတော့တယ်။ လက်သီးချက်ဟာ မြင့်မြတ်သော အဇူရာတောင်ကြီးကို ဖြတ်သန်းသွားတာကြောင့် အဆုံးအစကို မမြင်ရတော့ပါဘူး။

အမျိုးသမီးနဲ့ လျှိုယန်တို့ကတော့ ဒီလောကကနေ ပျောက်ကွယ်သွားရှာပါပြီ။

“…”

ကျန် အဇူရာ ကမ္ဘာရဲ့ တန်ခိုးရှင် ၃ ဦးလည်း တံတွေးကို ဂလုခနဲ မျိုချလိုက်ပါတော့တယ်။ မတွေးဝံ့တဲ့ ကိစ္စတွေ ဖြစ်လာခဲ့ပြီ မဟုတ်လား။

အခုအဆင့်အထိ ရောက်အောင် ကျင့်ကြံအားထုတ်နိုင်ခဲ့တဲ့ တန်ခိုးရှင်တွေ အတွက် ဘယ်အရာကမှ မထူးဆန်းတော့ပါဘူး။ သူတို့ထဲက ဘယ်သူမဆို အလွယ်တကူပဲ လျှို့ဝှက်ဆန်းကြယ် လောကတစ်ခုလုံးကို သိမ်းပိုက်ပစ်နိုင်နေကြပြီ မဟုတ်လား။

ဒါပေမဲ့ အခုအချိန်မှာတော့ အဖြစ်အပျက်အားလုံးကို သူတို့ အိပ်မက်အဖြစ် ဖြစ်စေချင်နေကြပါပြီ။

တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်တဲ့ အခါမှာတော့ မျက်လုံးတွေထဲ သွေးပျက်ချောက်ချားမှုတွေ ပြည့်နေတာကို တွေ့လိုက်ကြရပါတော့တယ်။

နှစ်ပေါင်း ဘယ်လောက်တောင် ကြာမြင့်သွားပြီလဲ။

အကြောက်တရား ဆိုတာကို သူတို့ မေ့လုလု ဖြစ်နေခဲ့ပါပြီ။

ရွှစ်

ချက်ချင်းဆိုသလိုပဲ သူတို့ သုံးဦးလုံး နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားကြပါတော့တယ်။ ထွက်ပြေးဖို့ လမ်းစဉ်ကို သူတို့ ရွေးချယ်လိုက်ကြပါပြီ။

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် သူတို့အသက်ကတော့ အဖိုးတန်သေးတယ် မဟုတ်လား။

ဒါပေမဲ့ သူတို့ ဘယ်လိုနည်းလမ်းကိုပဲ အသုံးပြုပြီး ထွက်ပြေး ထွက်ပြေး မူလနေရာကိုသာပြန်ရောက်ရှိလာတာကို တွေ့လိုက်ရပါပြီ။ စကြ၀ဠာ တည်ရှိမှုကို စုတ်ဖြဲပြီး ထွက်ပြေးရင်တောင်မှ ပြေးလို့ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ အဖြစ်က အလွန်ကို ဆန်းကြယ်လွန်းနေခဲ့ပါတယ်။

“ကဲ.. မင်းတို့ ပြီးကြပြီလား”
ချင်းကျူလည်း နားဖာကလော်ရင်း ပုံမှန်လေသံနဲ့ လှမ်းမေးလိုက်ပါပြီ။

“…”

“ငါတို့ကို မင်းသတ်လို့ မရဘူး။ ဂိုဏ်းချုပ်ကြီးက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

သူတို့ ထွက်ပြေးလို့ မရတော့တာကို နားလည်သွားတဲ့အတွက် သုံးဦးသား ကြိုးစားအားတင်းပြီး ပြောလိုက်ပါပြီ။

“စိတ်မပူပါနဲ့။ သူကလည်း မကြာခင် မင်းတို့နဲ့ အဖော်လာပြုပေးမှာပါ”

ချင်းကျူ စကားမဆုံးခင်မှာပဲ ရွှေရောင်အလင်း တစ်ခု တောက်ပလာခဲ့ပြီး အဇူရာ ကမ္ဘာကရဲ့ တန်ခိုးရှင် သုံးဦးကို လွှမ်းခြုံသွားခဲ့ပါပြီ။ သူတို့ အားလုံး အလင်းတန်းတွေအဖြစ် ချင်းကျူ လက်ဝါးပြင်ပေါ် ကျဆင်းလာပါတော့တယ်။

အခုလည်း ချင်းကျူ စိတ်ပျက်ခဲ့ရပြန်ပါပြီ။ ဒီအကြီးအကဲ  ၃ ဦးလုံးမှာ ဝိညာဉ်ဗဟိုကမ္ဘာနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ် ရှိမနေပြန်ဘူး မဟုတ်လား။

ကြည့်ရတာ ဝိညာဉ်ဗဟိုကမ္ဘာကို ကျူးကျော်တဲ့ စစ်ဆင်ရေးဟာ အလွန်ကို အဆင့်မြင့်တဲ့ စစ်ဆင်ရေး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို သိရှိထားသူ များများစားစား မရှိတာ နေနိုင်မှာပါ။

ဒါပေမဲ့ ဘာကြောင့်မှန်း မသိတာက.. ဘာဖြစ်လို့ အဇူရာ ကမ္ဘာက ကျူးကျော်မှုကို ရပ်တန့်လိုက်ရတာလဲ ဆိုတာပါပဲ။

လောင်ကျန်းက အဓိက ဇာတ်ကောင်ရဲ့ ရောင်ခြည်ရောင်ဝါကို ပိုင်ဆိုင်ထားလို့လား။

ပြောရရင် အဇူရာ ကမ္ဘာက လက်မလျှော့ဘူး ဆိုရင် အစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်တဲ့ လောင်ကျန်းဟာ အရင်ဆုံး တိုက်ခိုက်မှုကို ရင်ဆိုင်ရမှာပါ။

နောက်တဒင်္ဂမှာတော့ ချင်းကျူတစ်ယောက် စတုတ္ထနဲ့ ပဉ္စမ အဆင့်တို့ကို အလွယ်တကူ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

မဟာစကြ၀ဠာ စတုတ္ထအဆင့်နဲ့ ပဉ္စမ အဆင့် တန်ခိုးရှင် အားလုံးကို ချင်းကျူ အလွယ်ကလေး သတ်ဖြတ်လိုက်ရုံပဲ မဟုတ်လား။

ဒီလိုနဲ့ အဇူရာ ကမ္ဘာက ထိပ်တန်းတန်ခိုးရှင် တစ်ဝက်ကျော်လောက် ချင်းကျူလက်အောက် သေဆုံးသွားခဲ့ပါပြီ။

နောက်ဆုံး ဆဌမ အဆင့်ကို ရောက်တဲ့ အခါမှာတော့ အလွန်နက်နဲတဲ့ အော်ရာအရှိန်အဝါ ပိုင်ဆိုင်ထားတဲ့ မျက်နှာနီနီ အဘိုးအို နှစ်ဦး ချင်းကျူအရှေ့ ပေါ်ထွက်လာပါတော့တယ်။ သူတို့တွေက ချင်းကျူကို အချိန်တော်တော်ကြာ စောင့်ဆိုင်းနေခဲ့ကြသလိုပါပဲ။

“ကဲ.. ဒီမှာ အဆုံးသတ်လိုက်ကြတာပေါ့”
ဘယ်ဘက်မှာ ရှိနေတဲ့ အဘိုးအိုက ပြောလိုက်ပါပြီ။

သူတို့ နှစ်ဦးထဲမှာ တစ်ဦးကတော့ အဇူရာမျိုးနွယ်စုရဲ့ ပထမ အကြီးအကဲ ဖြစ်ပြီး နောက်တစ်ဦးကတော့ ဒုတိယ အကြီးအကဲပါ။ သူတို့တွေက အဇူရာ မျိုးနွယ်စု ဂိုဏ်းချုပ်ကြီး ပြီးသွားရင် ဒုတိယအစွမ်းအထက်ဆုံး တည်ရှိမှုတွေပါပဲ။ ချင်းကျူရဲ့ တည်ရှိမှုကိုသူတို့ ကြိုတင်သိရှိနိုင်တာ သိပ်တော့ မဆန်းလှပါဘူး။

ဒါပေမဲ့ ချင်းကျူ ဘာပြောရမှန်း မသိဖြစ်သွားတဲ့ ကိစ္စကတော့ သူတို့တွေက သူ့ကို ကြိုတင်သိနိုင်နေတယ် ဆိုမှတော့ ဘာဖြစ်လို့များ ရောင်းရင်းတစ်ယောက်ကို အဖော်ခေါ်ပြီး သေဖို့ စောင့်နေတာလဲပေါ့။

သူတို့က အဖော်ကလေးနဲ့ သေချင်ကြတာလား။

အခုဖြစ်ရပ်ကတော့ အူကြောင်ကြောင် အဖွဲ့သား တစ်ဦး ရှိနေခြင်းဟာ နတ်ဘုရားလို ရန်သူကို ရင်ဆိုင်ရတာထက် ပိုပြီး ကြောက်စရာကောင်းတယ်ဆိုတာရဲ့ သက်သေသာဓက တစ်ခုပါပဲ။

“အစ်ကိုကြီး သူ့ကို ငါ့တာဝန်ထားလိုက်”

ညာဘက်က အဘိုးအိုက လက်သီးကို ပွတ်သပ်ရင်း ပြောလိုက်ပါပြီ။

“အေး.. သူ့ကို အရှင်မိအောင်ဖမ်းနော်။ သူဘယ်က လာသလဲ ဆိုတာကို ငါသိချင်သေးတယ်”

ပထမအကြီးအကဲ ခေါင်းညိတ်လိုက်ပါပြီ။ သူ့ရဲ့ ညီလေးကို အပြည့်အ၀ ယုံကြည်ထားတယ် မဟုတ်လား။

“ဟား ဟား.. စိတ်မပူပါနဲ့ အစ်ကိုကြီး… သူ့ရဲ့ အမြုတေ စိတ်ဝိညာဉ်ကို ကျွန်တော် မဖျက်ဆီးပါဘူး”

ဒုတိယ အကြီးအကဲ ပြုံးလိုက်ပါပြီ။

ချင်းကျူ
“…”

အခုပဲ မိသားစုဝင် သုံးဦးကို သူသတ်ခဲ့တာ မဟုတ်ဘူးလား။ အခု ညီအစ်ကို နှစ်ယောက်ကိုလည်း သူသတ်ရဦးမှာလား။

ဒါပေမဲ့ ဒီနှစ်ဦးက ဝိညာဉ်ဗဟို ကမ္ဘာအကြောင်းတော့ နည်းနည်းပါးပါး သိသင့်နေပါပြီ။ ဟုတ်တယ်နော်..

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 15
Chapter 11
ကြိုတင်သိရှိရသော ခံစားမှု

ရန်လိုတဲ့ ဒုတိယ အကြီးအကဲနဲ့ ရင်ဆိုင်ရပေမဲ့ ချင်းကျူကတော့ ပုံမှန်အတိုင်း ရှိနေခဲ့ပါတယ်။ ဝိညာဉ်အရက်အိုးကို သူထုတ်ယူလိုက်ပြီး ဖွင့်သောက်ုလိက်ပါပြီ။ သူ့ပုံစံကတော့ တစ်ဖက်ရန်သူကို နည်းနည်းလေးမှ ဂရုမစိုက်သလိုပါပဲ။

ဒီအဘိုးအို နှစ်ဦးသာ ဝိညာဉ်ဗဟိုကမ္ဘာအကြောင်း မသိဘူးဆိုရင် လူထူးဆန်း ဂိုဏ်းချုပ်ကြီး တစ်ဦးတည်းသာ သသိထားတော့မှာပါ။

ချင်းကျူက မျက်နှာတစ်ချက် မပျက်တာကို တွေ့လိုက်ရတော့ ဒုတိယ အကြီးအကဲလည်း နည်းနည်း အံ့အားသင့်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူဒေါသမထွက်ပါဘူး။ အဲဒီအစား ပြုံးလိုက်ပြီး
“ဉာဏ်တိမ်လှတဲ့ အပြင်က ကျူးကျော်လာသူ။ မကြာခင်မှာ မင်းရဲ့ မောက်မာမှုအတွက် ပေးဆပ်ရတော့မယ်”

ပြောဆိုပြီးတာနဲ့ ဒုတိယ အကြီးအကဲလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါပြီ။ မိုးနဲ့မြေက ဝိညာဉ်ကီစွမ်းအင်ဟာ အရူးအမူး စုဝေးလာပါတော့တယ်။ ချက်ချင်းဆိုသလိုပဲ မိုးကောင်းကင်ဟာ မှောင်မိုက်သွားခဲ့ပါပြီ။ စကြ၀ဠာ တည်ရှိမှု ပြောင်းပြန်ပြောင်းလဲသွားပါတော့တယ်။ အဆုံးအစမဲ့ ဝိညာဉ်ကီ စွမ်းအင်တွေဟာ ဒုတိယ အကြီးအကဲကိုယ်ပေါ် စီးဆင်းလာခဲ့ပါပြီ။

တစ်ချိန်တည်းမှာပဲ ဒုတိယ အကြီးအကဲရဲ့ အော်ရာအရှိန်အဝါဟာ အဆုံးအစမဲ့ ဆက်တိုက်ကို မြင့်မားလာပါတော့တယ်။ နောက်ဆုံးတော့ ကမ္ဘာတစ်ခုလုံး သူ့ထိန်းချုပ်မှုအောက် ရောက်ရှိသွားသလိုပါပဲ။

အားလုံးသိထားကြသလိုပဲ။ မဟာစကြ၀ဠာ အဆင့်ကြီး ဆယ်ဆင့်မှာ တစ်ဆင့်ချင်းဆီ ကွာခြားချက်ဟာ မိုးနဲ့မြေအောက်ကို ကြီးမားလွန်းတယ် ဆိုတာပါ။ အထူးသဖြင့် ဆဌမအဆင့်ကို ရောက်ရှိပြီး တန်ခိုးရှင်တွေအတွက်လို့ ပြောရပါလိမ့်မယ်။ ပဉ္စမ အဆင့်နဲ့ ဆဌမ အဆင့်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။

ပြောရရင် အထက်အဆင့်နဲ့ အောက်အဆင့် ကွာခြားသလိုပါပဲ။

ပထမ အဆင့်ငါးဆင့်ကို အောက်အဆင့်လို့ သတ်မှတ်နိုင်ပြီး နောက်ငါးဆင့်ကိုတော့ အထက်အဆင့်လို့ သတ်မှတ်ထားသလိုမျိုးပါ။

ထာ၀ရ ညအင်ပါယာတစ်ယောက် ပဉ္စမ အဆင့်ကနေ ဆဌမအဆင့်ကို တက်လှမ်းဖို့ အလွန်ခက်ခဲနေရတဲ့ အဓိက အကြောင်းအရင်းကတော့ သူ့ရဲ့ ပါရမီကြောင့်သာ မဟုတ်ပဲ အထက်အဆင့်နဲ့ အောက်အဆင့်ရဲ့ကွာခြားချက်က အလွန်ကို မြင့်မားလွန်းနေတာကြောင့်ပါ။ ဒါကြောင့် ငရဲကမ္ဘာတစ်ခုလုံးကို သူစတေးလိုက်လည်း အသုံးမဝင်ခဲ့ပါဘူး။

ဒီအတွက်ကြောင့်လည်း လောင်အော်တျန်းနဲ့ လောင်ကျန်းတို့ကို တွေ့လိုက်ရတော့ ပုံမှန်ထက်ပိုပြီး သူဝမ်းသာသွားခဲ့တာပါ။ လောင်အော်တျန်းနဲ့ လောင်ကျန်းတို့ကို ဝါးမျိုပြီးမှသာ သူအဆင့်တက်နိုင်လိမ့်မယ် မဟုတ်လား။

ပြောရရင်တော့ ဒုတိယ အကြီးအကဲဟာ ချင်းကျူ ရင်ဆိုင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံးလို့ ဆိုနိုင်ပါတယ်။ အဲ.. သူ့ဘေးမှာ ရှိနေတဲ့ ပထမအကြီးအကဲက ပိုပြီးအစွမ်းထက်တာကတော့ ငြင်းမရပါဘူး။

ဒါပေမဲ့လည်း အရေးမှမကြီးတော့တာ။ သူတို့တွေ မကြာခင် သေကြရတော့မှာပဲလေ။

“မင်းပြီးသွားပြီလား”
ချင်းကျူလည်း နှုတ်ခမ်းထောင့်စွန်းက အရက်တွေကို သုတ်လိုက်ပြီး ပုံမှန်လေသံနဲ့ မေးလိုက်ပါပြီ။

“ရပြီလေ။ လာခဲ့တော့”

အခုအချိန်မှာတော့ ဒုတိယ အကြီးအကဲရဲ့ အော်ရာအရှိန်အဝါဟာ အထွတ်အထိပ်အဆင့်အထိ ရောက်ရှိသွားခဲ့ပါပြီ။ သူ့မျက်လုံးတွေကနေ တောက်ပတဲ့ နတ်ဘုရားအလင်းတွေ ဖြာထွက်လာပါတော့တယ်။ သူ့ကို ကြည့်ရတာ အလွန်ကို ကြောက်မက်ဖွယ် ကောင်းနေပါပြီ။ ပတ်ဝန်းကျင်က စကြ၀ဠာ တည်ရှိမှုလည်း လိမ်တွန့်လာပါတော့တယ်။ ကမ္ဘာလောကဟာ သူ့ရဲ့ တည်ရှိမှုကို တောင့်ခံမထားနိုင်ပဲ ပြိုကျပျက်စီးတော့မလိုပါပဲ။

“ပျင်းစရာကြီးကွာ”

ချင်းကျူလည်း ရုတ်တရက်ဆိုသလို စိတ်ဝင်စားမှု ပျောက်ဆုံးသွားပါတော့တယ်။ သူခေါင်းမော့လိုက်ပြီး ဝိညာဉ်အရက်ကို တကြိုက် ထပ်မော့သောက်လိုက်ပါပြီ။ ပြီးတာနဲ့ အရက်အိုးကို လွှင့်ပစ်လိုက်ပါတော့တယ်။

“ဟား ဟား… ဘာလဲ။ မင်းက အရက်အိုးနဲ့ ငါ့ကို ဖိသတ်ဖို့လား”
ဒုတိယ အကြီးအကဲလည်း လှောင်ပြောင်လိုက်ပါတော့တယ်။ သူ့လက်နဲ့တောင် အရက်အိုးကို မဖယ်ရှားခဲ့ပါဘူး။

သူ့အမြင်မှာတော့ ချင်းကျူက တမင်သက်သက် ဒေါသလာစွနေတာထက် မပိုဘူး မဟုတ်လား။

၀ုန်း

နောက်တဒင်္ဂမှာတော့ အရက်အိုးဟာ ဒုတိယ အကြီးအကဲရဲ့ အကာအကွယ် ဝိညာဉ်စွမ်းအင် အလွှာကို ထိမှန်သွားခဲ့ပြီး မရေမတွက်နိုင်အောင် များပြားလှတဲ့ အစကလေးတွေအဖြစ် ကွဲကြေသွားခဲ့ပါပြီ။ ကြံ့ခိုင်တဲ့ ဝိညာဉ်စွမ်းအင် အကာအကွယ်ဟာ နည်းနည်းလေးတောင် လှိုင်းမထခဲ့ပါဘူး။

ဒုတိယ အကြီးအကဲလည်း ချင်းကျူကို ထပ်ပြီး လှောင်ပြောင်ဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ သူ့ခန္ဓာကိုယ် တုန်လှုပ်လာခဲ့ပါပြီ။ သူ့မျက်နှာအထက်မှာလည်း တုန်လှုပ်မှုတွေ ပြည့်လာပါတော့တယ်။

“မဖြစ်နိုင်ဘူး”

ဒုတိယ အကြီးအကဲ ပါးစပ်ကို ဟလိုက်ပါပြီ။ သူ့မျက်နှာအထက် ကြောက်လန့်မှုတွေ ပြည့်နေပါတော့တယ်။ မြေပြင်ပေါ် ပြင်းထန်စွာ သူလဲကျသွားခဲ့ပါပြီ။

“???”

“အစ်ကိုကြီး.. အဆင်ပြေရဲ့လား”

ပထမအကြီးအကဲလည်း မြန်မြန် ရှေ့တိုးလာပါတော့တယ်။ ဒုတိယ အကြီးအကဲ အသက်မရှိတော့တာကို တွေ့လိုက်ရပါပြီ။ သူ့ရဲ့ အမြုတေ စိတ်ဝိညာဉ်ပါ လုံး၀ ပျက်စီးသွားခဲ့ပြီး အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကြီးသာ ကျန်ရစ်ခဲ့တာပါ။

“မင်း”

ပထမအကြီးအကဲ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။ သူ့ညီလေး ဘယ်လောက် အစွမ်းထက်ကြောင်းကို သူသိထားပြီးသားပါ။

မဟာစကြ၀ဠာ ဆဌမ အဆင့် တန်ခိုးရှင်တွေအနေနဲ့ ပြိုင်ဘက်ရန်သူ အလွန်နည်းပါးပါတယ်။ အရင်တုန်းက အဇူရာကမ္ဘာဟာ အစွမ်းထက်တဲ့ ရန်သူတော်တွေကို ရင်ဆိုင်ခဲ့ရပေမဲ့လည်း ဒုတိယ အကြီးအကဲကိုယ်တိုင် ဝင်ရောက်ဖြေရှင်းလိုက်တိုင်း ကိစ္စအားလုံး ပြီးပြတ်သွားစမြဲပါ။

ဒါပေမဲ့.. အခုတော့… အရက်အိုးနဲ့ အပေါက်ခံရလို့ သူသေဆုံးသွားရပြီလား။

ပထမအကြီးအကဲအတွက် အခုကိစ္စက ဟာသလို ဖြစ်နေပါပြီ။ မှန်ပါတယ်။ ရယ်ဖို့ကောင်းနေတယ် မဟုတ်လား။

ပြောရရင် မဖြစ်နိုင်တဲ့ ကိစ္စကြီးကို။

ဟူး

ချင်းကျူ အချိန်မဖြုန်းတော့ပါဘူး။ အလုပ်ရှုပ်တယ်လေ။ ပထမအကြီးအကဲ မှင်သက်နေချိန်မှာပဲ ချင်းကျူက သူ့ဦးခေါင်းကို ဖမ်းကိုင်လိုက်ပြီး စိတ်ဝိညာဉ်ကို ရှာဖွေလိုက်ပါပြီ။

အချိန်တော်တော်ကြာတဲ့ အခါမှာတော့ ချင်းကျူလည်း လက်ကို လွှတ်ချလိုက်ပြီး အထက်ကို ဆက်တက်သွားပါတော့တယ်။

သူ့အနောက်မှာတော့ ပထမအကြီးအကဲ မြေပြင်ပေါ် လဲကျသေဆုံးနေပါပြီ။

သူသေဆုံးသွားချိန်အထိ အစွမ်းအထက်ဆုံး ကျင့်စဉ်ကို အသုံးပြုဖို့ အခွင့်မသာခဲ့ရှာပါဘူး။

ပထမ အကြီးအကဲနဲ့ ဒုတိယ အကြီးအကဲတို့လို အစွမ်းထက်လှသူတွေက ဝိညာဉ်ဗဟိုကမ္ဘာအကြောင်းကို မသိကြဘူး ဆိုတာ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။

ပြောရရင် သူတို့တွေက နှစ်ပေါင်း သောင်းချီ ရှင်သန်ခဲ့တဲ့ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တွေပါ။ လွန်ခဲ့တဲ့ နှစ်ထောင်ချီကြာမြင့်ချိန်တုန်းက ဖြစ်ရပ်တွေကို သူတို့ မသိနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ ဘာအချက်အလက်ကိုမှ ရှာမတွေ့ခဲ့တာလဲ။

“အခုတော့ တောင်ထိပ်က အဇူရာမျိုးနွယ်ရဲ့ ဂိုဏ်းချုပ်ကြီးပဲ ကျန်တော့တယ်”

ချင်းကျူ ရေရွတ်လိုက်ပါပြီ။

အဇူရာ ဂိုဏ်းချုပ်ကြီးပါ မသိဘူးဆိုရင်တော့ ချင်းကျူ အတွက် ပဟေဌိတစ်ခု ဖြစ်လာတော့မှာပါ။

အကြီးအကဲ အားလုံးနဲ့ ရင်ဆိုင်ပြီး ဖြစ်တာကြောင့် ချင်းကျူကို ဟန့်တားသူ တစ်ဦးမှ မရှိတော့ပါဘူး။ ဒီအတွက်ကြောင့် မကြာခင်မှာပဲ မြင့်မြတ်သော အဇူရာတောင်ထိပ်ကို ချင်းကျူ ရောက်ရှိလာပါတော့တယ်။

ထင်မှတ်မထားမိတာကတော့ မြင့်မြတ်သော အဇူရာတောင်ထိပ်ဟာ အလွန်ကို အေးချမ်းတည်ငြိမ်နေတာပါ။ မျက်စိတဆုံး မြင်သမျှ နေရာတိုင်းမှာ သင်းပျံ့တဲ့ မွှေးရနံ့ ပိုင်ဆိုင်ထားတဲ့ ပန်းပွင့်တွေ ပွင့်နေသလို မြစ်ချောင်းလေးတွေ စီးဆင်းနေခဲ့ပါတယ်။

ဒီနေရာမှာ လှပခမ်းနားတဲ့ နန်းတော်ကြီးတွေ မိစ္ဆာသားရဲကြီးတွေ ရှိမနေခဲ့ပါဘူး။ တစ်ဦးအနေနဲ့ အကြောင်းမသိဘူးဆိုရင် ဒီနေရာကို လောကနိဗ္ဗာန်တစ်ခုလို့ ထင်မိသွားနိုင်ပါတယ်။

ပတ်ဝန်းကျင်ကို ကြည့်ပြီး ချင်းကျူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေပါပြီ။ မြက်ခင်းပေါ် သူနင်းခဲ့ပြီး ပန်းခင်းတွေနဲ့ မြစ်တွေကို ဖြည်းဖြည်းချင်း ဖြတ်ကျော်နေခဲ့ပါတယ်။

နောက်ဆုံးတော့ ဝါးရုံတောအုပ်တစ်ခုထဲမှာ ပိန်ပိန်ပါးပါး ဆံပင်ဖြူ အဘိုးအိုတစ်ဦးကို တွေ့လိုက်ရပါပြီ။ သူဟာ လေထဲမှာ ကြာပန်းသဏ္ဌာန် ထိုင်နေခဲ့ပါတယ်။ သူ့ရဲ့ အော်ရာအရှိန်အဝါဟာ အလွန်ကို ခန့်မှန်းရခက်ပြီး လျှို့ဝှက်ဆန်းကြယ်နေခဲ့ပါတယ်။

ချင်းကျူ ရောက်လာကြောင်း အာရုံရတဲ့အတွက် အဘိုးအိုလည်း မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါပြီ။ သူ့အသွင်ဟာ သာမန်ပါပဲ။ သူ့ကို ဘယ်လိုပဲ ကြည့်ကြည့် သေခါနီး သာမန်လူတစ်ဦးထက် မပိုခဲ့ပါဘူး။ သူဟာ အဇူရာမျိုးနွယ်ရဲ့ ဂိုဏ်းချုပ်ကြီးဖြစ်တယ်ဆိုတာကတော့ ယုံရခက်ခက်ပါပဲ။ ပြီးတော့ မဟာစကြ၀ဠာ သတ္တမအဆင့် တန်ခိုးရှင်ကြီးဆိုတာကိုကော ဘယ်သူက လက်ခံနိုင်ပါ့မလဲ။

“မင်းရောက်လာပြီပဲ”
အဘိုးအိုရဲ့ ပါးစပ်ထဲမှာ သွားတွေ မရှိရှာတော့ပါဘူး။ ချင်းကျူ ရောက်လာမယ်ဆိုတာကို သူသိထားသလိုပါပဲ။

“ငါ့ကို မင်းသိလို့လား”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပါပြီ။

“မသိပါဘူး”
အဘိုးအို ခေါင်းကို ခါယမ်းလိုက်ပါတော့တယ်။

“ဒါပေမဲ့ ကြိုတင်နိမိတ်တွေကို ငါမြင်ခဲ့တယ်လေ”

“ကြိုတင်နိမိတ်တွေကို မြင်နိုင်မှတော့ ဘာဖြစ်လို့များ မထွက်ပြေးခဲ့တာလဲ”
ချင်းကျူအနေနဲ့ အလောတကြီး တိုက်ခိုက်ဖို့ မစဉ်းစားခဲ့ပါဘူး။ စိတ်ဝင်စားဖို့ ကောင်းနေတယ် မဟုတ်လား။

“ဟား ဟား.. ငါသာ ထွက်ပြေးလို့ လွတ်နိုင်တယ်ဆိုရင် အစောကြီးကတည်းက ထွက်ပြေးတော့မှာပေါ့”

အဘိုးအိုလည်း အားလျော့စွာ ပြောလိုက်ပါတော့တယ်။

“မဟာစကြ၀ဠာ အဆင့်ကို ငါတက်လှမ်းတဲ့ အချိန်မှာ ပထမဆုံး နှိုးထလာခဲ့တဲ့ အစွမ်းကတော့ အန္တရာယ်ကို ကြိုတင်နိမိတ်တွေနဲ့ သိရှိခြင်းပဲ။ ဒီအစွမ်းကြောင့် မရေမတွက်နိုင်အောင် များပြားတဲ့ သေလုဆဲဆဲ ကိစ္စတွေကနေ ငါလွတ်မြောက်ခဲ့တယ်။ ငါတို့ထက် အားနည်းတဲ့ ကမ္ဘာတွေကို ကျူးကျော်ဖို့အတွက် ငါ့ရဲ့ မျိုးနွယ်စုကို ဦးဆောင်နိုင်ခဲ့တယ်။ တရားကျင့်ဖို့ သယံဇာတတွေကို ငါလုယူပြီး ပိုပြီး အစွမ်းထက်သည်ထက် ထက်လာခဲ့တယ်”

အဘိုးအိုလည်း စကားကို ခဏ ရပ်တန့်လိုက်ပြီး မကြာခင် ပြန်ဆက်ပြောလိုက်ပါပြီ။

“ဒါပေမဲ့.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်တုန်းကပေါ့.. အဇူရာ ကမ္ဘာဟာ  ငါတို့ ကျူးကျော်ခဲ့တဲ့ ကမ္ဘာတစ်ခုရဲ့ လက်ထဲမှာ ပျက်စီးသွားရမယ်လို့ ရုတ်တရက်ဆိုသလို နိမိတ်လက္ခဏာတစ်ခု ကြိုမြင်ခဲ့ရတယ်”

“အဲဒီအချိန်ကစပြီး ကမ္ဘာတစ်ခုကို ငါတို့ ကျူးကျော်တိုင်းမှာ အသက်ရှင်ကျန်ရစ်သူ တစ်ဦးမှ မချန်ခဲ့ဘူး။ ဒီလို ဆောင်ရွက်မှုကြောင့် ကြိုတင်နိမိတ်တွေ ပျောက်ကွယ်သွားမယ်လို့ ထင်မိခဲ့တယ်။ ဒါပေမဲ့.. အချိန်ကြာလာတာနဲ့အမျှ ဒီကြိုတင်နိမိတ်တွေဟာ ပိုပြီး ထင်ရှားသည်ထက် ထင်ရှားလာခဲ့တယ်”

အခုအချိန်မှာတော့ အဘိုးအိုတစ်ယောက် အိပ်မက်ကနေ နိုးလာသလိုပါပဲ။

“မင်းက ဒီကို ရောက်လာပြီ ဆိုမှတော့ လျှိုဝေနဲ့ တခြားလူတွေလည်း သေသွားလောက်ပြီ ထင်ပါတယ်”

လျှိုဝေဆိုတာကတော့ ပထမအကြီးအကဲရဲ့ နာမည်ပါ။

“အမှန်ပါပဲ။ သူတို့အတွက် မင်းလက်စားချေဦးမလား”

ချင်းကျူလည်ူး ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်ပါပြီ။

“အေးပေါ့။ ငါက သူတို့ရဲ့ ဂိုဏ်းချုပ်ကြီးပဲလေ”
အဘိုးအိုလည်း ဂုဏ်ယူစွာ ပြောလိုက်ပါတော့တယ်။

“ဒါပေမဲ့ အဲဒီကိစ္စမတိုင်ခင် မင်းက ဘယ်ကမ္ဘာက လာခဲ့တယ်ဆိုတာကိုတော့ ငါသိချင်သေးတယ်”

“ဝိညာဉ်ဗဟိုကမ္ဘာ”

ဒါကို ကြားလိုက်ရတော့ အဘိုးအို မျက်မှောင်ကြုတ်လိုက်မိပါပြီ။

“အဲဒီကမ္ဘာက စကြ၀ဠာ လမ်းကြောင်း ရုတ်တရက် ပြိုကျပျက်စီးသွားတဲ့ ကမ္ဘာ မဟုတ်လား”

အဘိုးအိုရဲ့ မျက်နှာထားကို မြင်လိုက်ရတော့မှ ချင်းကျူလည်း သက်ပြင်းချနိုင်ခဲ့ပါတော့တယ်။ သူက ဝိညာဉ်ဗဟိုကမ္ဘာအကြောင်း သိထားတာ သေချာနေပါပြီ။

“ငါသတိအရမ်းပေါ့ခဲ့တယ်။ သတိအရမ်းပေါ့ခဲ့တာပဲ။ အဲဒီကမ္ဘာအကြောင်းကို ငါလုံး၀ မေ့သွားတာ ကြည့်စမ်း”

အဘိုးအိုအနေနဲ့ ဝိညာဉ်ဗဟိုကမ္ဘာအကြောင်းကို သိထားပြီးသားပါ။ သူကိုယ်တိုင်က အဲဒီကမ္ဘာကို ဆက်သွယ်ထားတဲ့ စကြ၀ဠာလမ်းကြောင်းကို ဖောက်လုပ်ပေးခဲ့တာ မဟုတ်ဘူးလား။

ဒါပေမဲ့ ဝေးကွာလှတဲ့ စကြ၀ဠာ လမ်းကြောင်းကို ပထမဆုံးအကြိမ် တည်ဆောက်ခဲ့တာ ဖြစ်တဲ့အတွက် လမ်းကြောင်းရဲ့ တည်ငြိမ်မှု သိပ်မကောင်းခဲ့ပါဘူး။

နောက်ဆုံးတော့ လောင်ကျန်းတစ်ယောက် အဆင့်တက်လိုက်ပြီး နိမိတ်လက္ခဏာတွေ ပြသလာတာကြောင့် စကြ၀ဠာ လမ်းကြောင်း ပြိုကျသွားပါတော့တယ်။

အစတုန်းကတော့ စကြ၀ဠာထဲမှာပဲ သူ့တပ်မဟာကြီး တစ်ခုလုံး ပျက်စီးသေဆုံးသွားပြီ ထင်မိခဲ့တာပါ။ ဒါကြောင့် ဒီကိစ္စကို အလေးမထားမိခဲ့ပါဘူး။

မဟုတ်ဘူးဆိုရင် ချင်းကျူ အနေနဲ့ သူ့ကို တံခါးလာခေါက်စရာ အကြောင်းမရှိပါဘူး။

ဒါပေမဲ့ ချင်းကျူဟာ လျှို့ဝှက်ဆန်းကြယ် လောကထဲ မတော်တဆ ရောက်ရှိသွားခဲ့ပြီး အဇူရာကမ္ဘာရဲ့ ကျူးကျော်မှုကို ရင်ဆိုင်ခဲ့ရတာကိုတော့ အဘိုးအို မသိခဲ့ရှာပါဘူး။ ဒီကနေမှ အဇူရာ ကမ္ဘာကို ချင်းကျူ စိတ်ဝင်စားသွားခဲ့တာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စကတော့ အဘိုးအို ကြိုတင် သိမြင်တဲ့ နိမိတ်လက္ခဏာတွေဟာ အလွန်ကို တိကျနေပြီ ဖြစ်တယ်ဆိုတာကိုတော့ သက်သေခံနေခဲ့ပါတယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 15
Chapter 12

“ဟူး.. ငါကိုက သတိပေါ့လျော့လွန်းတာပါ”

အဘိုးအို သက်ပြင်းချလိုက်ပါပြီ။

ဝိညာဉ်ဗဟိုကမ္ဘာအကြောင်းကို သိထားသူဆိုလို့ အဇူရာ ကမ္ဘာထဲမှာ သူတစ်ဦးတည်းသာ ရှိပါတော့တယ်။

စကြ၀ဠာ လမ်းကြောင်း ပြိုကျပျက်စီးသွားတဲ့အတွက် သူ့ရဲ့ တပ်မဟာကြီး လုံး၀ ပျက်စီးသွားပြီ ထင်မှတ်ခဲ့တာကြောင့် အရေးမစိုက်မိခဲ့ပါဘူး။

ပြီးတော့ ဝိညာဉ်ဗဟိုကမ္ဘာဟာ အလွန်ကို ဝေးကွာလွန်းနေခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း ကျူးကျော်ဖို့ ကိစ္စကို သူလက်လျှော့ခဲ့တာပါ။

အခုတော့ နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပါပြီ။ ချင်းကျူသာ ဒီကိစ္စကို မပြောခဲ့ဘူးဆိုရင် အဘိုးအိုအနေနဲ့ အမြဲတမ်း မေ့လျော့နေပါလိမ့်မယ်။

ပြန်စဉ်းစားလိုက် ကြည့်မယ် ဆိုရင်လည်း အဇူရာ ကမ္ဘာ ပျက်စီးသွားတဲ့ ကြိုတင်နိမိတ်ဟာ ဒီကျူးကျော်စစ် ပြီးဆုံးသွားချိန်မှာပဲ စတင် ရရှိလာခဲ့တာပါ။

အဘိုးအိုရဲ့ ရှင်းပြမှုကို နားထောင်ပြီးနောက်မှာ ချင်းကျူလည်း အံ့အားသင့်မိခဲ့ပါတယ်။ သူ့အနေနဲ့ ကမ္ဘာလောကမှာ ဒီလို အစွမ်းမျိုး ရှိလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ ဒီလို အစွမ်းမှာသာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် အနာဂတ်ကို ကြိုတင်မြင်နိုင်တော့မယ် မဟုတ်လား။

ဒါကြောင့်လည်း အဇူရာကမ္ဘာဟာ နှစ်ပေါင်းထောင်ချီကြာမြင့်အောင် ကမ္ဘာတွေကို စစ်ခင်းခဲ့ပေမဲ့လည်း တန်ပြန်တိုက်ခိုက်မှုကို ရင်မဆိုင်ခဲ့ရတာပါ။ သူတို့တွေက ပိုပြီး အစွမ်းထက်တဲ့ ကမ္ဘာတွေကို အမြဲတမ်း ရှောင်ရှားခဲ့ကြတာပဲ မဟုတ်လား။

“ထားလိုက်ပါ။ ထားလိုက်ပါ။ ငါလည်း ပြောင်းလဲလို့မှ မရတာ။ ဒီတော့ ရင်ဆိုင်ဖို့ပဲ ရှိတော့တာပေါ့”

အဘိုးအိုလည်း ခါးသီးစွာ ခေါင်းကို ခါယမ်းလိုက်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်ပါပြီ။

နောက်တဒင်္ဂမှာတော့ အဘိုးအိုရဲ့ အရိပ်ဟာ တဖြည်းဖြည်း ကြီးမားလာပါတော့တယ်။ သူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေ ရုတ်တရက်ပြည့်နှက်လာနေပါပြီ။ သူ့ခန္ဓာကိုယ်က အရိုးအားလုံးရဲ့ ကျိုးကြေသံ တကျွတ်ကျွတ် ပေါ်ထွက်လာပါတော့တယ်။ သူ့ရဲ့ ဆံပင်ဖြူတွေ မြေပြင်ပေါ် ကြွေကျသွားခဲ့ပါပြီ။ အခုတော့ သူ့ဦးခေါင်းအထက် နက်မှောင်တဲ့ ဆံပင်ရှည်တွေ အစားထိုး ဝင်ရောက်လာပါတော့တယ်။ သူ့ရဲ့ သွားတွေလည်း ပြန်ပေါက်လာကြပါပြီ။

မျက်စိတမှိတ် အချိန်အတွင်းမှာပဲ သေလုဆဲဆဲ အဘိုးအိုဟာ ရုတ်ရက်ဆိုသလို တည်ကြည်ခန့်ညားတဲ့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့ အရေပြားဟာ အရည်အသွေးမြင့် ကျောက်စိမ်းလို ကြည်လင်နေပြီး ဝေဝါးတဲ့ ရောင်ခြည်တွေ ဖြာထွက်နေပါပြီ။

အခုအချိန်မှာတော့ အဘိုးအိုက မူလခန္ဓာကိုယ်ကို ထုတ်ပြလိုက်တာပါ။

အခုလက်ရှိ အဘိုးအိုဟာ ပြိုင်ဘက်ကင်း မဟာစကြ၀ဠာ သတ္တမအဆင့် တန်ခိုးရှင် ဖြစ်နေပါပြီ။ သူ့နာမည်ကတော့ လျှိုချန်ပါ။ သူဟာ အဇူရာ ကမ္ဘာရဲ့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ တည်ရှိမှု တစ်ခုပါပဲ။

“မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး”
ချင်းကျူလည်း လက်ကို နောက်ပစ်ပြီး ထူးမခြားနား လေသံနဲ့ ပြောလိုက်ပါပြီ။

“ဟား ဟား.. ငါမစမ်းကြည့်ပဲနဲ့ ဘယ်သိနိုင်ပါ့မလဲ”

လျှိုချန် အကြောက်အလန့် ကင်းမဲ့နေခဲ့ပါတယ်။

“ငါ့ရဲ့ ကြိုတင်သိရှိတဲ့ နိမိတ်လက္ခဏာတွေက တိကျပေမဲ့လည်း ဒီတစ်ကြိမ်မှာ…”

“ငါ့ရဲ့ ကံကြမ္မာကို ငါ့ဖာသာပဲ ဆုံးဖြတ်တော့မယ်”

ပြောပြောဆိုဆိုနဲ့ လျှိုချန်တစ်ယောက် အဆင့်တက်သွားခဲ့ပါပြီ။ အခုဆို မဟာစကြ၀ဠာ အဌမ အဆင့်ကို ရောက်ရှိသွားခဲ့ပြီ မဟုတ်ပါလား။

“…”

ရိုးရိုးသားသား ပြောရရင်တော့ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီးတဲ့ ကြောက်မက်ဖွယ် ကောင်းလှတဲ့ မိစ္ဆာအိုကြီးကို ဒီလောက်အထိ တုံးအလိမ့်မယ်လို့ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။ သူ့ရဲ့ အော်ရာအရှိန်အဝါနဲ့ကို လူတွေက အဓိက ဇာတ်ကောင်ဆိုတာ မသိနိုင်ကြသေးဘူးလား။

ဒါပေမဲ့ ပြောရရင် လိုချန်ဟာလည်း အဇူရာ ကမ္ဘာရဲ့ အဓိက ဇာတ်ကောင်တစ်ကောင်ပါပဲ။ ဒါပေမဲ့ ချင်းကျူနဲ့ ရင်ဆိုင်ရတာကတော့ ကံဆိုးသွားရှာပါပြီ။

ချင်းကျူ အမြင်မှာတော့ သူ့ရန်သူက ဘယ်အဆင့်ကိုပဲ ရောက်နေပါစေ ဘာမှ မထူးခြားတော့ပါဘူး။

၀ုန်း

အခုအချိန်မှာတော့ အဇူရာ တောင်ကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ပါပြီ။ ချင်းကျူပတ်ဝန်းကျင်မှာ ကျောက်နံရံကြီး လေးခု ပေါ်ထွက်လာခဲ့ပြီး ကျောက်တုံးကြီးတွေလည်း အပေါ်ကနေ ပြုတ်ကျလာပါတော့တယ်။ အခုဆို ချင်းကျူရဲ့ ပြေးလမ်းအားလုံး ပိတ်ဆို့သွားခဲ့ပါပြီ။

“ဟား ဟား ဟား.. အဇူရာ တောင်ကြီးကို ကောင်းကင်ဘုံ ကျောက်တုံးနဲ့ တည်ဆောက်ထားတာပဲ။ ဖျက်ဆီးလို့ မရနိုင်ဘူး။ မင်းက မဟာစကြ၀ဠာ…”

စကားမဆုံးခင်မှာပဲ ကျောက်တံတိုင်းကြီးဟာ ပေါက်ကွဲသွားခဲ့ပြီး အမှုန်အဖြစ် လွင့်ပြယ်သွားခဲ့ပါပြီ။ ချင်းကျူတစ်ယောက် ပေါက်ကွဲမှု အကြားကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာပါတော့တယ်။

လျှိုချန်
“…”

“ဒါက မင်းရဲ့ ဝှက်ဖဲလား”

ချင်းကျူ တော်တော်လေးစိတ်ပျက်သွားခဲ့ရပါပြီ။

“မပြီးသေးဘူးကွ”

ဒီကျင့်စဉ်က အသုံးမဝင်တာကို တွေ့လိုက်ရတဲ့အတွက် လျှိုချန်လည်း မြန်မြန်ပဲ နောက်ကို ခုန်ဆုတ်လိုက်ပြီး မြေပြင်ကို လက်ဝါးနဲ့ ရိုက်ချလိုက်ပါတော့တယ်။

၀ုန်း

မြေပြင်အထက် အက်ကြောင်းတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။ ဝါးရုံတောတစ်ခုလုံး ပြိုကျသွားပါတော့တယ်။ ချင်းကျူ နားမလည်နိုင်ခင်မှာပဲ အလင်းတန်းတစ်ခုဟာ မြေပြင်ထဲကနေ ပျံသန်းပေါ်ထွက်လာခဲ့ပြီး လျှိုချန်လက်ဝါးပြင်ထဲ ဆင်းသက်လာခဲ့ပါပြီ။

ဒီအလင်းတန်းဟာ လွင့်ပြယ်သွားခဲ့ပြီးနောက်မှာ ဆန်းကြယ်လှတဲ့ ငွေလှံတစ်ချောင်းအသွင် ပေါ်ထွက်လာပါတော့တယ်။

ငွေလှံရှည်ဟာ နှစ်မီတာလောက် ရှည်လျားပြီး နဂါးနဲ့ ဇာမဏီတို့ကို ထွင်းထုထားခဲ့ပါတယ်။ ပြီးတော့ အလွန်လည်း ထက်မြိနေခဲ့ပါတယ်။ ငွေလှံဟာ မျက်စိကျိန်းမတတ်ကို တောက်ပနေခဲ့တာကြောင့် တည့်တည့်ကြည့်ဖို့ မလွယ်ကူလှပါဘူး။

ချင်းကျူအနေနဲ့ လက်နက်တွေအကြောင်း မသိပေမဲ့လည်း ဒီငွေလှံရှည်ဟာ မြင့်မြတ်သော မှော်ရတနာ အဆင့်ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သလို မှော်ရတနာ ဝိညာဉ်ကိုလည်း မွေးထုတ်ပြီးဖြစ်ကြောင်း နားလည်ခဲ့ပါတယ်။

“ကျင်းရီ… ငါတို့တွေ အတူတူ တိုက်ပွဲဝင်ရဦးမှာပေါ့”

လျှိုချန်လည်း ငွေလှံရှည်ကို ဆုပ်ကိုင်ပြီး ခံစားချက်အပြည့်နဲ့ ပြောလိုက်ပါပြီ။

“???”

ချင်းကျူ အိပ်မက် မက်နေတာတော့ မဟုတ်တာ သေချာပါတယ်။ လျှိုချန်ဟာ ငွေလှံရှည်ကို သူ့ရဲ့ ချစ်သူလိုမျိုးဆက်ဆံတဲ့အပြင် နမ်းတောင် နမ်းလိုက်ပါပြီ။

ဒါပေမဲ့ မကြာခင်မှာတော့ အဖြစ်အပျက်တွေကို ချင်းကျူ နားလည်သွားပါတော့တယ်။

“ဆရာ… ကျွန်မက ဆရာနဲ့အမြဲထာ၀ရ ရှိနေပါတယ်”

ငွေလှံရှည်ကနေ တိုးညင်းတဲ့ စကားသံ ပေါ်ထွက်လာခဲ့ပါပြီ။ တကယ်တော့ သူက အမျိုးသမီးပဲ မဟုတ်လား။

ချင်းကျူ
“???”

အရင်ဘ၀တုန်းက မြေခွေးတို့ မြွေတို့ သရဲတို့ကိုမှ ချစ်ခဲ့တဲ့ လူထူးဆန်းတွေကို ချင်းကျူ မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလိုမျိုး လှံရှည်ကို ချစ်သူလို သဘောထားတဲ့ လူကို အခုမှ ပထမဆုံးအကြိမ် ချင်းကျူ မြင်ဖူးခဲ့တာပါ။

မြင့်မြတ်သော မှော်ရတနာတွေဟာ လူသားအသွင် ပြောင်းလဲနိုင်ပြီ ဖြစ်ပေမဲ့လည်း လှံရှည်တစ်ချောင်းက ဒီလို ဖြစ်နေတာကိုတော့ ခံစားရခက်နေခဲ့ပါတယ်။

“ကောင်းပြီလေ။ အတူတူ တိုက်ခိုက်ကြတာပေါ့ကွယ်”

လျှိုချန်လည်း ခေါင်းမော့ပြီး အားရပါးရ ရယ်မောလိုက်ပါပြီ။ သူ့ရဲ့ ရယ်မောလိုက်သံဟာ ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ကမ္ဘာလောကကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ရွှစ်

အေးစက်တဲ့ အလင်းရောင်တစ်ခု လက်ဖြာလာခဲ့ပြီး စကြ၀ဠာ တည်ရှိမှုကို နှစ်ပိုင်း ဖြတ်တောက်ပစ်လိုက်ပါပြီ။ လျှိုချန်ဟာ လှံရှည်နဲ့ ထိုးချလိုက်တာပါ။ သူ့လှံရှည်ထိုးချက်ဟာ မီတာထောင်ပေါင်းများစွာကို ချက်ချင်း ဖြတ်ကျော်ပြီး ချင်းကျူအရှေ့ ပေါ်ထွက်လာပါတော့တယ်။

ဒီသိုင်းကွက်ဟာ မဟာစကြ၀ဠာ အဌမအဆင့် တန်ခိုးရှင်တစ်ဦးကိုတောင် ဒဏ်ရာအပြင်းအထန် ရသွားစေဖို့ လုံလောက်နေပါပြီ။

လှံရှည်ရဲ့ ထိပ်ဖျား ကျဆင်းလာတော့မယ့် အချိန်မှာပဲ ချင်းကျူ လက်ကို ဆန့်ထုတ်လိုက်ပါပြီ။ ငွေရောင်လှံရှည်ဟာ ရှေ့ဆက်မတိုးနိုင်တော့ပဲ နေရာမှာ ရပ်တန့်သွားပါတော့တယ်။

“ပေါက်ကွဲစေ”

လျှိုချန်လည်း ပြုံးလိုက်ပါပြီ။ ငွေလှံရှည်ဆီကနေ ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဝိညာဉ်စွမ်းအင် မုန်တိုင်းကြီး ဖြာထွက်လာပါတော့တယ်။ ကမ္ဘာဦးသားရဲကြီးဟာ ချင်းကျူကို ဝါးမျိုတော့မယ့် အတိုင်းပါပဲ။

ဒါပေမဲ့ ချင်းကျူက လက်ဖျောက်တစ်ချက် တီးလိုက်ချိန်မှာတော့ ဝိညာဉ်စွမ်းအင်မုန်တိုင်းကြီးဟာ ဖိအားပေးခြင်း ခံလိုက်ရပြီး လွင့်ပြယ်သွားခဲ့ပါပြီ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

လျှိုချန် မှင်သက်သွားပါတော့တယ်။ ချင်းကျူက အလွန်အစွမ်းထက်ကြောင်း သူသိပါတယ်။ မဟုတ်ဘူးဆိုရင် မြင့်မြတ်သော အဇူရာတောင်ထိပ်ကို ဘယ်တက်လာနိုင်ပါ့မလဲ။ ဒါပေမဲ့ ဒီလောက်ကြီးအစွမ်းထက်မယ်လို့တော့ ထင်မထားမိခဲ့ပါဘူး။

တစ်ဖက်လူက သူ့ရဲ့ လက်နက်ကို လက်နဲ့ ကာဆီးလိုက်တဲ့ အပြင်ကို ပေါက်ကွဲတဲ့ စွမ်းအင်ကိုပါ ဖိအားပေး ဖယ်ရှားလိုက်ပါသေးတယ်။

အခုအချိန်မှာတော့ ချင်းကျူကို အများကြီး လျှော့တွက်မိသွားပြီ ဖြစ်ကြောင်း လျှိုချန် နားလည်သွားခဲ့ပါပြီ။

ခလွမ်

ချင်းကျူ အချိန်မဖြုန်းတော့ပါဘူး။ အလုပ်ရှုပ်ပါတယ်။ လက်ကို မြှောက်ပြီး ရိုက်ချလိုက်ပါပြီ။ ငွေလှံရှည်ဟာ နှစ်ပိုင်းကျိုးသွားပါတော့တယ်။ မှော်ရတနာ ဝိညာဉ်ဆီကနေ နာကျင်စွာ အော်ဟစ်လိုက်သံ အသံသဲ့သဲ့ ပေါ်ထွက်လာခဲ့ပါပြီ။

လျှိုချန် လှုပ်ရှားတာကို မစောင့်ပဲ ချင်းကျူလည်း ငွေလှံရှည်အပိုင်းနှစ်ခုကို ဆွဲယူလိုက်ပြီး အစွန်းနှစ်ဖက်ကို အသာအယာ ဖိချလိုက်ပါပြီ။ မဟာစကြ၀ဠာ အဆင့်တန်ခိုးရှင်တစ်ဦးကို သတ်ဖြတ်နိုင်တဲ့ မှော်ရတနာဟာ ချင်းကျူလက်ထဲမှာတော့ သံတိုသံစ အသွင်နဲ့ မြေပြင်ပေါ် ပြုတ်ကျလာပါတော့တယ်။

“ကျင်းရီ….”

အချိန်တော်တော်ကြာသွားချိန်မှာတော့ လျှိုချန်တစ်ယောက် အသိစိတ် ပြန်ဝင်လာခဲ့ပါပြီ။ သံတိုသံစလို ဖြစ်နေတဲ့ ငွေလှံရှည်ကို သူကြည့်ပြီး မှင်သက်နေခဲ့ပါတယ်။

“မင်းကို ငါသတ်ပြီ”

လျှိုချန်တစ်ယောက် ဒေါသကို မမျိုသိပ်ထားနိုင်တော့ပါဘူး။ ချင်းကျူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါပြီ။

“အိုး.. မင်းက ဒေါသထွက်ဖို့ အရည်အချင်းတောင် ရှိလို့လား”
ချင်းကျူ နှာခေါင်းရှုံ့လိုက်ပါတော့တယ်။

“မင်းဖျက်ဆီးခဲ့တဲ့ ကမ္ဘာတွေက မသေဆုံးခင်မှာ ဘယ်လောက်အထိ ဒေါသထွက်ခဲ့သလဲ။ ခါးသီးခဲ့ရသလဲ။ မင်းစဉ်းစားကြည့်ခဲ့ရဲ့လား”

လမ်းတစ်လျှောက်မှာ အဇူရာ ကမ္ဘာက တန်ခိုးရှင်တွေရဲ့ စိတ်ဝိညာဉ်တွေကို ချင်းကျူ ရှာဖွေကြည့်ရှုခဲ့ပါတယ်။ အဇူရာ ကမ္ဘာဟာ ကမ္ဘာပေါင်းများစွာကို ဖျက်ဆီးခဲ့တဲ့ အကြောင်းကိုလည်း မြင်ခဲ့ရပါတယ်။

ဒါကြောင့်လည်း အဇူရာ ကမ္ဘာက တန်ခိုးရှင်တွေကို သတ်ဖြတ်ချိန်မှာ ချင်းကျူ သဘောထား မကြီးတော့တာပါ။ ဒါက သူတို့ ပြန်ပေးဆပ်ရမယ့် တန်ရာတန်ကြေးပဲ မဟုတ်လား။

“သေပေတော့”

လျှိုချန်ရဲ့ မျက်နှာအထက် ရက်စက်မှုတွေ ပြည့်လာခဲ့ပါပြီ။ သူအရှေ့ကို ခုန်ထွက်လာပါတော့တယ်။ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေဟာ ပွက်ပွက်ဆူလာခဲ့ပါပြီ။ ချင်းကျူနဲ့အတူ သေဆုံးဖို့ကို သူစဉ်းစားခဲ့ပြီး မဟုတ်လား။

ချင်းကျူကတော့ အများကြီး တွေးမနေပါဘူး။ လေထဲ လက်ညှိုးညွှန်လိုက်ပါပြီ။ လျှိုချန်တစ်ယောက် လေထဲမှာ တန့်ရပ်သွားပါတော့တယ်။ လှုပ်ရှားလို့လည်း မရတော့ပါဘူး။ သူ့ခန္ဓာကိုယ်ထဲကနေ ပေါ်ထွက်လာတော့မယ့် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်မုန်တိုင်းဟာ ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်သွားခဲ့ပါပြီ။

သူ့ရဲ့ စိတ်ဝိညာဉ်ကို မရှာဖွေရသေးဘူး မဟုတ်လား။ ဒီတော့ လျှိုချန်ကို အလွယ်တကူ သေဆုံးခွင့် မပြုနိုင်သေးပါဘူး။

“မလုပ်နဲ့။ မင်းဘာလုပ်တာလဲ”

တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို နားလည်သွားတဲ့အတွက် လျှိုချန်ရဲ့ မျက်နှာအထက် တုန်လှုပ်ချောက်ချားမှု တစ်စွန်းတစ ပေါ်ထွက်လာခဲ့ပါပြီ။

မဟာစကြ၀ဠာ အဆင့်ကို သူတက်ရောက်ခဲ့ချိန်ကစလို့ အကြောက်တရား ဆိုတာကို မသိရတော့ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့ ခြေဖျားလက်ဖျားတွေ အေးစက်နေပါပြီ။ သူ့ခန္ဓာကိုယ်လည်း တုန်လှုပ်နေပါတော့တယ်။

ချင်းကျူကတော့ အရေးလုပ်ပြီး ဖြေမနေပါဘူး။ ဝိညာဉ်အာရုံဟာ ဝိညာဉ်ဗဟိုကမ္ဘာအကြောင်း လျှိုချန်ရဲ့ အမြုတေ စိတ်ဝိညာဉ်ထဲမှာ ရှာဖွေစစ်ဆေးနေပါပြီ။

နှစ်မိနစ် အကြာမှာတော့ လျှိုချန်တစ်ယောက် မြေပြင်ပေါ် မျက်နှာရှုံ့မဲ့စွာနဲ့ လဲကျသွားပါတော့တယ်။ သူသတိမေ့လုလု ဖြစ်နေပါပြီ။ ချင်းကျူတစ်ယောက် လိုချင်တဲ့ အဖြေကို ရရှိသွားခဲ့ပြီ မဟုတ်လား။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 15
Chapter 13
ကျင့်စဉ်အားလုံးကို လျစ်လျူရှုခြင်း

မြင့်မြတ်သော အဇူရာ တောင်ကြီး…

လေပြည်အေး ဖြတ်သန်းတိုက်ခတ်နေပါပြီ။ ဝါးရုံတောအုပ်လေးကနေ ကြွေကျနေတဲ့ သစ်ရွက်လေးတွေဟာ လျှိုချန်အပေါ်ကို ကျဆင်းလာပါတော့တယ်။

အခုအချိန်မှာတော့ အဇူရာကမ္ဘာက ဒေသခံ တန်ခိုးရှင်တွေ အနေနဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေ အားလုံး ရှင်းလင်းခံလိုက်ရတဲ့ အကြောင်းကို မသိကြသေးပါဘူး။ အခုလောလောဆယ်တော့ သေလုမျောပါး ဖြစ်နေတဲ့ ဂိုဏ်းချုပ်ကြီးသာ ကျန်ပါတော့တယ်။

မကြာခင်မှာတော့ လျှိုချန်တစ်ယောက် ဒီကမ္ဘာလောကကနေ ပျောက်ကွယ်သွားတော့မှာပါ။

“ငါနားလည်ပြီ”

လျှိုချန်ရဲ့ မှတ်ဉာဏ်ကို ဖတ်ရှုပြီးချိန်မှာတော့ အဇူရာ ကမ္ဘာဟာ နှစ်ထောင်ပေါင်းများစွာ အကြာနောက်ပိုင်း ဘာဖြစ်လို့ ဝိညာဉ်ဗဟိုကမ္ဘာဆီ ကျူးကျော်ခြင်း မပြုခဲ့သလဲ ဆိုတာကို ချင်းကျူ နားလည်သွားခဲ့ပါပြီ။

ကမ္ဘာနှစ်ခုရဲ့ အကွာအဝေးဟာ အလွန်ကို ဝေးကွာနေတာကြောင့်ပါ။

ပြီးတော့ လျှိုချန်အနေနဲ့ ဝိညာဉ်ဗဟိုကမ္ဘာကို သိပ်ပြီး အလေးမထားခဲ့ပါဘူး။ ဒါကြောင့်လည်း ဝိညာဉ်ကလန်က ဒီလို စနစ်မကျလှတဲ့ နည်းလမ်းကို အသုံးပြုပြီး စကြ၀ဠာ ဂိတ်တံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့တာပါ။

“အင်း.. ငါပြန်လို့ ရပြီပဲ”

ဝိညာဉ်ဗဟိုကမ္ဘာရဲ့ တည်နေရာ အတိအကျကို သိလိုက်ရပြီ ဖြစ်တာကြောင့် အခက်ခဲဆုံး အပိုင်း ပြီးဆုံးသွားပြီလို့ ဆိုရပါလိမ့်မယ်။

ဒါပေမဲ့.. အခုအချိန်မှာတော့ အဇူရာ ကမ္ဘာကို သူအရင်ဆုံး ရှင်းဖို့ လိုအပ်နေပါပြီ။

တကယ်လို့သာ ဒိုင်မန်းရှင်း စစ်ပွဲတွေကို ဆက်ခင်းခွင့် ပြုလိုက်မယ်ဆိုရင် ကမ္ဘာဘယ်လောက် များများ ထပ်ပြီး ပျက်စီးသွားမယ်ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။

အရင်တုန်းကလည်း ဝိညာဉ်ကလန်တစ်ခုလုံးကို ချင်းကျူ ရှင်းလင်းခဲ့ပြီး ဖြစ်တာကြောင့် အခုအချိန် ဘာဖြစ်လို့ သဘောထား ကြီးနေဦးမှာလဲ။

“အဟွတ် အဟွတ် ဝေါ့”

အခုအချိန်မှာတော့ လျှိုချန်တစ်ယောက် သွေးနှစ်ပွက်ကို အန်ထုတ်လိုက်ပါပြီ။

ပြင်းထန်လှတဲ့ နာကျင်မှုကို ကြိတ်မှိုတ်မျိုသိပ်ရင်း မြေပြင်ပေါ် ဖြည်းဖြည်းချင်း ထရပ်လိုက်ပါတော့တယ်။

“မင်းက ဆက်ပြီး တိုက်ခိုက်ချင်သေးတာလား”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပါပြီ။

ဒါပေမဲ့ ထင်ထားသလို မဖြစ်လာပဲ လျှိုချန်တစ်ယောက် ဒူးထောက်ချလိုက်ပါတော့တယ်။

“…”

“မင်းက ဒူးထောက်တောင်းပန်ပေမဲ့လည်း ငါခွင့်မလွှတ်ပေးနိုင်ဘူး”
ချင်းကျူကတော့ ပုံမှန်လေသံနဲ့ ပြောလိုက်ပါပြီ။

“ငါသိပါတယ်”

အခုအချိန်မှာတော့ လျှိုချန်တစ်ယောက် အရင်တုန်းက အိုမင်းတဲ့အသွင်ကို ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။ သူ့မျက်လုံးတွေဟာ ဝေဝါးနေခဲ့ပါတယ်။ သူဟာ အချိန်မရွေး သေဆုံးတော့မယ့် လူတစ်ဦးလိုပါပဲ။

သူတို့ နှစ်ဦးအကြား ကွာခြားချက်က အလွန်ကြီးမားနေတာပဲ မဟုတ်လား။ လျှိုချန်း ဘယ်လိုလုပ်ပြီး နားမလည်ပဲ နေပါလိမ့်မလဲ။ ချင်းကျူအတွက် သူက ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။

“ငါ ထွက်ပြေးလို့လည်း မလွတ်နိုင်ဘူးလေ”

လျှိုချန် ခါးသီးစွာ ပြုံးလိုက်ပါပြီ။

အကြွင်းမဲ့ ခွန်အားကြီးမားတဲ့ ပြိုင်ဘက်ရှေ့မှောက်မှာတော့ သူ့အဆင့် တန်ခိုးရှင်တွေဟာ စာဖွဲ့စရာ မဟုတ်တော့ပါဘူး။ သူဟာ အလွယ်ကလေး သတ်လို့ရတဲ့ကလေးတစ်ဦးလိုပါပဲ။

အစကအနေ အဆုံးအထိ ချင်းကျူ အလေးအနက်ထားပြီး မတိုက်ခိုက်ခဲ့ပါဘူး။ ချင်းကျူတစ်ယောက် မဟာစကြ၀ဠာ အဆင့်တစ်ဆယ်ကို ရောက်ရှိနေပြီလို့တောင် လျှိုချန် ထင်မိခဲ့ပါတယ်။

လျှိုချန်လည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်ပါပြီ။

“ငါသေဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အဇူရာ ကမ္ဘာက တခြား သက်ရှိတွေကို ဆရာကြီး ခွင့်လွှတ်ပေးဖို့ပဲ မျှော်လင့်မိပါတယ်”

“တကယ်လို့ ငါက မရဘူးလို့ ပြောလိုက်ရင်ကော”

“ဆရာကြီးကို ကျွန်တော် ပြောပြဖို့ မေ့နေတာ ရှိပါတယ်.. အဟွတ်.. အဟွတ်”

လျှိုချန် သွေးနှစ်ပွက် ထပ်ပြီး အန်ထုတ်လိုက်ပါပြီ။ ခေါင်းအလွန် ကိုက်လာတာကြောင့် လဲကျလုလု ဖြစ်သွားပါသေးတယ်။

မကြာခင်မှာတော့ လျှိုချန် စကားဆက်လိုက်ပါပြီ။

“မဟာစကြ၀ဠာ အဌမ အဆင့်ကို ကျွန်တော် တက်လှမ်းတော့ အထူး စွမ်းရည်တစ်ခုကို ကျွန်တော် နှိုးထစေနိုင်ခဲ့ပါတယ်”

“မင်းပြောချင်တာက စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာလား”

ချင်းကျူ တွေးတွေးဆဆ ပြောလိုက်ပါပြီ။

“ဆရာကြီးက ဘယ်လိုလုပ် သိသွားတာလဲ”

လျှိုချန် မှင်သက်သွားပါတော့တယ်။ ဒါပေမဲ့ ပြန်တွေးလိုက်တော့လည်း ချင်းကျူက သူ့ရဲ့ အမြုတေ စိတ်ဝိညာဉ်ကို ရှာဖွေပြီး မဟုတ်လား။ ဒါကြောင့် စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာအကြောင်း သိထားတာ မဆန်တော့ပါဘူး။

စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာဟာ အလွန်ကို အစွမ်းထက်တဲ့ ကျိန်စာကျင့်စဉ်တစ်ခုပါ။ ဒီကျင့်စဉ်နဲ့ အနက်ရောင် အင်းကွက်ကို ဖန်တီးပြီး ရန်သူ့ ခန္ဓာကိုယ်မှာ ညိတွယ်စေလို့ရပါတယ်။ ဒီအခါမှာတော့ ရန်သူ့ရဲ့ အမြုတေ စိတ်ဝိညာဉ်ဟာ အဖတ်ပြန်ဆယ်လို့ မရတဲ့ အဆင့်အထိကို ဆွေးမြေ့ပျက်စီးသွားမှာပါ။

ဒါပေမဲ့ စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာကို တစ်ကြိမ်သာ အသုံးပြုလို့ ရပါတယ်။ အသုံးပြုလိုက်တာနဲ့ အသုံးပြုသူဟာ အသက်ကို စတေးရမှာပါ။

လျှိုချန် ယုံကြည်မိတာကတော့ ချင်းကျူဟာ မဟာစကြ၀ဠာ အဆင့်တစ်ဆယ်ကို ရောက်ရှိနေစေဦးတော့ သူ့အနေနဲ့ စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာ သင့်သွားတာနဲ့ ဖြည်းဖြည်းချင်း ဆွေးမြေ့ ပျက်စီးသေဆုံးသွားရမယ် ဆိုတာပါ။ ချင်းကျူ မသေဆုံးဘူး ဆိုရင်တောင်မှ ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပါတယ်။

“ဆရာကြီးက စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာ အကြောင်းကို သိထားပြီးပြီ ဆိုတော့ ဘယ်လိုအကျိုးသက်ရောက်မှု ရှိလဲဆိုတာကိုလည်း သိထားလောက်ပါပြီ”

သာမန် အခြေအနေမျိုးမှာတော့ ဘယ်သူကမှ ဒီလိုမျိုး မစတေးပါဘူး။ ဒါပေမဲ့ လျှိုချန်တစ်ယောက်ကတော့ ချင်းကျူကို အခုအချိန် ခြိမ်းခြောက်မှ ရပါတော့မယ်။

ဒါပေမဲ့ ချင်းကျူကလည်း သာမန်လူတစ်ဦးမှ မဟုတ်တာ။

“လုပ်လိုက်လေ။ အဲဒီ အစွမ်းက ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ငါလည်း သိချင်သား”

ချင်းကျူလည်း ပုခုံးကို တွန့်ပြလိုက်ပါပြီ။

လျှိုချန်..
“…”

ဘာဖြစ်လို့ ငါခန့်မှန်းထားသလိုတွေ မဖြစ်လာခဲ့တာလဲ။

တဒင်္ဂလောက် သူဘာပြောရမှန်းမသိ ဖြစ်နေခဲ့ပါတယ်။

“ကျွန်တော့်ကို အဓမ္မ ဖိအားမပေးပါနဲ့”
လျှိုချန်လည်း အံကိုတင်းတင်းကြိတ်လိုက်ပြီး ပြောလိုက်ပါပြီ။

“မင်းလုပ်ချင်တယ်ဆိုရင် လုပ်လိုက်လေ။ ဘာတွေ အချိန်ဖြုန်းနေတာလဲ”

ချင်းကျူ နားမလည်နိုင်အောင် ဖြစ်သွားပါတော့တယ်။

ဒါကို ကြားလိုက်ရတော့ ချင်းကျူဟာ သူ့ရဲ့ ခြိမ်းခြောက်မှုကို မကြောက်ဘူးဆိုတာ လျှိုချန် နားမလည်ပဲ ဘယ်နေပါ့မလဲ။ အဲဒီလို ဆိုတော့လည်း…

“စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာ အသက်ဝင်စေလော့”

ချက်ချင်းဆိုသလိုပဲ လျှိုချန်ရဲ့ ခန္ဓာကိုယ်က အသွေးအသားတွေ ချက်ချင်း ခမ်းခြောက်သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ကို တစ်ခုခုက စုပ်ယူသွားသလိုပါပဲ။ အရာအားလုံး လျှင်မြန်စွာ စုဝေးလာခဲ့ပြီး ပြင်းထန်တဲ့ လူသတ်ငွေ့တွေ ဖြာထွက်လာခဲ့ပါပြီ။

သူသေဆုံးသွားရရင်တောင်မှ အနည်းဆုံးတော့ ချင်းကျူကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သေးတယ် မဟုတ်လား။

အသက်အနည်းငယ် ရှူပြီးသွားချိန်မှာတော့ လျှိုချန်တစ်ယောက် အနက်ရောင်အလင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချင်းကျူဆီကို အံ့မခန်း အမြန်နှုန်းနဲ့ ပျံသန်းလာပါတော့တယ်။

နောက်ဆုံးတော့ လျှိုချန်တစ်ယောက် သူ့အသက်ကို စတေးပြီး စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာကို အသက်သွင်းလိုက်ပါပြီ။

ဒါပေမဲ့ ချင်းကျူရဲ့ ခန္ဓာကိုယ်ဟာ ကျင့်စဉ်အားလုံးကို လျစ်လျူရှုထားနိုင်ပါတယ်။ ဝိညာဉ်စွမ်းအင်နဲ့ ကျိန်စာ အားလုံးဟာ ချင်းကျူအတွက် အသုံးမဝင်ခဲ့ပါဘူး။ တစ်နည်းဆိုရရင်တော့ သူဟာ ဘယ်တိုက်ခိုက်မှုကိုမှ မှုစရာ မလိုအပ်ခဲ့တာပါ။ ဒါကြောင့် စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာဟာ သူ့ကို ဘယ်လိုလုပ်ပြီး ဒဏ်ရာရစေပါလိမ့်မလဲ။

ဒါကြောင့် အနက်ရောင်အလင်းတန်းဟာ ချင်းကျူအနား မချည်းကပ်နိုင်ခင်မှာပဲ တွန်းကန်အားကို ရင်ဆိုင်လိုက်ရပါပြီ။ အနက်ရောင်အလင်းဟာ လိမ်တွန့်သွားခဲ့ပြီး လေထဲမှာပဲ လူသားမျက်နှာတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။ ဒီမျက်နှာကတော့ လျှိုချန်ရဲ့ မျက်နှာပါ။

“မဖြစ်နိုင်ဘူး”

လျှိုချန် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို စတေးပြီးတော့ အကြွင်းအကျန် စိတ်ဝိညာဉ်အပိုင်းအစဟာ စိတ်ဝိညာဉ်ဝါးမျိုခြင်း သွေးကျိန်စာနဲ့ ပေါင်းစည်းခဲ့ပါတယ်။ ဒါပေမဲ့ ချင်းကျူအတွက် ဘာဆိုဘာမှ မဟုတ်ခဲ့ပါဘူး။

ချင်းကျူလည်း လေကုန်ခံ မရှင်းပြနေပါဘူး။ လက်ကို မြှောက်လိုက်ပြီး လက်သီးကို ဆုပ်လိုက်ပါပြီ။

ဝှစ်

အနက်ရောင် အလင်းပျောက်ကွယ်သွားပါတော့တယ်။ လျှိုချန်လည်း ဒီကမ္ဘာလောကကနေ လုံး၀ ပျောက်ကွယ်သွားခဲ့ပါပြီ။

အခုအချိန်မှာတော့ တခြား ကမ္ဘာတွေဆီ ကျူးကျော်နေကြတဲ့ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တွေကလွဲရင် အဇူရာ ကမ္ဘာက အဆင့်မြင့် တန်ခိုးရှင်အားလုံး သေဆုံးသွားခဲ့ကြပါပြီ။

ချင်းကျူလည်း လေထဲ ဖြည်းဖြည်းချင်း ပျံတက်လာခဲ့ပြီး လက်သီးနဲ့ ထိုးချလိုက်ပါတော့တယ်။

၀ုန်း

လက်သီးဖြတ်သန်းသွားရာ တစ်လျှောက် လေထု ပျက်စီးသွားခဲ့သလို မြင့်မြတ်သော အဇူရာတောင်ကြီးလည်း တစ်စစီ ဖြစ်သွားခဲ့ပါပြီ။ နောက်ဆုံးတော့ အဆုံးအစမဲ့ လက်သီးရာကြီးတစ်ခုသာကျန်ရစ်ခဲ့ပါတော့တယ်။

ဒီလို ဆောင်ရွက်ပြီးတာနဲ့ ချင်းကျူလည်း လက်စွပ်တချို့ကို ထုတ်ယူလိုက်ပြီး စစ်ပွဲမှာ ရရှိခဲ့တဲ့ ရတနာတွေကို ကြည့်ရှုလိုက်ပါပြီ။

သယံဇာတ ပစ္စည်းတွေကိုသူစိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ဝိညာဉ်အရက်တွေကိုတော့ စိတ်မဝင်စားဘူးလို့ မဆိုလိုဘူးလေ။

သူတို့တွေ အားလုံးဟာ နှစ်ပေါင်း သောင်းနဲ့ချီပြီး ရှင်သန်ခဲ့ကြတဲ့ မိစ္ဆာအိုကြီးတွေ မဟုတ်လား။ ဒီနေရာမှာ ရှိတဲ့ ဝိညာဉ်အရကင်တွေဟာ နှစ်ပေါင်း ထောင်ချီမက နှစ်ပေါင်း သောင်းချီ ကြာမြင့်နေလောက်ပါပြီ။

ထင်ထားသလိုပါပဲ။ ချင်းကျူအနေနဲ့ နှစ်တစ်ထောင် အရက်အိုး အများအပြားကို လက်စွပ်နှစ်ကွင်းထဲမှာ ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း တစ်သောင်းကျော် အရက်တစ်အိုးမှကို ရှာမတွေ့ခဲ့ပါဘူး။

“ကျန်တဲ့လူတွေအတွက် အလှည့်ပေါ့”
ချင်းကျူလည်း အဓိပ္ပာယ်ပါပါ ပြောလိုက်ပါပြီ။

အဇူရာ ကမ္ဘာရဲ့ စစ်ဆင်ရေး စနစ်အရဆိုရင် သူတို့တွေ လုံး၀ ပျက်စီးခြင်း မရှိသရွေ့ တန်ခိုးရှင်အသစ်တွေ ထပ်ပြီး ပေါ်ထွက်လာဦးမှာပါ။ နောင်ကျရင် ပြဿနာတွေ အများအပြား ထပ်ပြီးရှာလာနိုင်ပါတယ်။

ဒါကြောင့် ခဏလောက် တွေးလိုက်ပြီးနောက် ချင်းကျူလည်း အဇူရာ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီနည်းလမ်းက အရိုးရှင်းဆုံး နည်းလမ်းပဲ မဟုတ်လား။

ချင်းကျူလည်း ဆုံးဖြတ်ပြီးသွားတာနဲ့ ခန္ဓာကိုယ်ကနေ တောက်ပတဲ့ ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပါပြီ။ သူဟာ ကောင်းကင်အထက်က နေတစ်စင်းအလားပါပဲ။

မကြာခင်မှာတော့ ရွှေရောင်အလင်းတန်းတွေဟာ အနီးမှာ ရှိနေတဲ့ စကြ၀ဠာ လမ်းကြောင်းတွေထဲ ဝင်ရောက်သွားခဲ့ပြီး တခြား ကမ္ဘာတွေ ဆက်လက် ပျံသန်းသွားကြပါပြီ။ အဇူရာ ကမ္ဘာက မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်အားလုံးကို ရွှေရောင်အလင်းတွေက သတ်ဖြတ်လိုက်ပါတော့တယ်။

ရိုးရိုးသားသား ပြောရရင် ကမ္ဘာတစ်ခုလုံးကို ချင်းကျူ တစ်ခါမှ မဖျက်ဆီးဖူးသေးပါဘူး။

ဒီကိစ္စကြောင့် အရင်က ဖတ်ဖူးခဲ့တဲ့ ကောမစ်ထဲက ဗီလိန်တစ်ယောက်ရဲ့ ဇာတ်ညွှန်းကို ပြန်ပြီး သတိရမိခဲ့ပါတယ်။ နောက်ဆုံးတော့လည်း အဆင့်နိမ့်တန်ခိုးရှင် တစ်ဦးကို လွှတ်လိုက်မိတာကြောင့် ဗီလိန် သေဆုံးသွားရတယ် မဟုတ်လား။

ကွာခြားချက်ကတော့ အဲဒီဗီလိန်ဟာ တွန်းလှန်လာမှာကို စိုးရိမ်နေရသူပါ။ ချင်းကျူကတော့ ပြဿနာတွေ ထပ်မရှင်းချင်တာကြောင့် တစ်ခါတည်း ရှင်းလိုက်တာပါပဲ။

ဒါ့အပြင် အဇူရာ ကမ္ဘာက တန်ခိုးရှင်တွေဟာ ဒီဇာတ်ညွှန်းမှာ ဗီလိန် ဖြစ်နေကြပါပြီ။

အပြင်ဘက်မှာ ရှိနေတဲ့ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တွေကို သတ်ဖြတ်ပြီး နောက်မှာတော့ ချင်းကျူရဲ့ ခန္ဓာကိုယ်က ရွှေရောင်အလင်းတစ်ခုဟာ ကမ္ဘာမြေပြင်ပေါ် ကျဆင်းလာပါတော့တယ်။

၀ုန်း ၀ုန်း ၀ုန်း

တောက်ပတဲ့ မီးလျှံတွေနဲ့အတူ ဝိညာဉ်ကီတွေ လောင်ကျွမ်းနေပါပြီ။ အဇူရာ ကမ္ဘာကြီးတစ်ခုလုံး စတင်ပြီး ပြိုကျပျက်စီးလာပါတော့တယ်။

တစ်ချိန်တည်းမှာပဲ ချင်းကျူု ပြန်လှည့်မကြည့်ပဲ ထွက်ခွာသွားခဲ့ပါတော့တယ်။ ဒီစကြ၀ဠာတည်ရှိမှုကိုတော့ ချင်းကျူ ပိတ်ဆို့ထားလိုက်ပါပြီ။ ဘယ်သူမှလည်း ပြေးလို့ မလွတ်မြောက်နိုင်တော့ပါဘူး။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 15
Chapter 14

ချင်းကျူအတွက်ကတော့ လျှို့ဝှက်ဆန်းကြယ် လောကနဲ့ အဇူရာ ကမ္ဘာက ကိစ္စတို့ဟာ သိပ်ပြီးအရေးမကြီးခဲ့ပါဘူး။ ဒါကြောင့် ရင်ထဲလည်း မထည့်ထားခဲ့ပါဘူး။

ဝိညာဉ်ဗဟိုကမ္ဘာရဲ့ တည်နေရာ အတိအကျကို သူသိထားပြီး ဖြစ်တာကြောင့် အခုအချိန် ပြန်ဖို့ အချိန်တန်ပါပြီ။

အခုအချိန်မှာတော့ ကျယ်ပြောလှတဲ့ ကြယ်တာရာ ကောင်းကင်အထက် ချင်းကျူတစ်ယောက် ခန့်ညားစွာ ရပ်တန့်ရင်း အဝေးကို လှမ်းမျှော်ကြည့်လိုက်ပါပြီ။ သူ့အနောက်မှာရှိနေတဲ့ အဇူရာ ကမ္ဘာဟာ ဆက်လက်လောင်ကျွမ်းနေဆဲပါ။ မကြာခင်မှာတော့ ပြာကျသွားမယ် ဆိုတာကိုချင်းကျူ ယုံကြည်ထားပါတယ်။

ဒီမီးလျှံတွေက သာမန် မီးလျှံတွေ မဟုတ်ကြပါဘူး။ ချင်းကျူရဲ့ ဝိညာဉ်စွမ်းအင် မီးလျှံတွေပါ။ သူတို့တွေရဲ့ အဖျက်စွမ်းအင်ဟာ အလွန် ကြီးမားပါတယ်။ အားလုံး လောင်ကျွမ်းမသွားမချင်း မီးငြိမ်းသေသွားမှာ မဟုတ်ပါဘူး။ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တွေတောင်မှ သူတို့ကို ရင်ဆိုင်နိုင်စွမ်း မရှိပါဘူး။

ဒါ့အပြင် အဇူရာကမ္ဘာထဲမှာ မဟာစကြ၀ဠာ အဆင့် တန်ခိုးရှင်တစ်ဦးမှ မကျန်တော့ဘူး မဟုတ်လား။

ပြောစရာ တစ်ခုပဲ ရှိတာကတော့ အဇူရာ ကမ္ဘာဟာ ဒီစကြ၀ဠာထဲမှာ တစ်ခုတည်းသော ကမ္ဘာ မဟုတ်နေခဲ့ပါဘူး။ တခြား ကမ္ဘာတွေကတော့ အစောကြီးကတည်းက ပျက်စီးသွားခဲ့ပြီး ဘာမှ မကျန်ခဲ့ကြတော့တာပါ။

အဲဒီကမ္ဘာတွေကို အဇူရာ ကမ္ဘာကပဲ တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ချင်းကျူလည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ဘယ်သူမှ ပြေးမလွတ်ကြောင်း သေချာအောင် အတည်ပြုလိုက်ပါပြီ။ ပြီးတာနဲ့ ဝိညာဉ် အာရုံကို ဖြန့်ကျက်လိုက်ပြီး လျှိုချန်ရဲ့ မှတ်ဉာဏ်အတိုင်း အဆုံးအစမဲ့ စကြ၀ဠာထဲမှာ ဝိညာဉ်ဗဟိုကမ္ဘာရဲ့ အော်ရာအရှိန်အဝါကို ရှာဖွေလိုက်ပါတော့တယ်။

နောက်တဒင်္ဂမှာတော့ ချင်းကျူရဲ့ ခန္ဓာကိုယ်ဟာ အဆုံးအစမဲ့ ရှည်လျားလာခဲ့ပြီး မူလရှိနေရာ နေရာကနေ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပါပြီ။

ဝိညာဉ်ဗဟိုကမ္ဘာ၊ တောင်ပိုင်းနယ်မြေကြီး၊ ရွှမ်းရီတောင်တန်း။

“ထူးဆန်းတယ်။ ဒီရက်တွေထဲ ဂိုဏ်းတူညီလေး ဘယ်တွေ ရောက်နေလဲ မသိဘူး။ ဘာဖြစ်လို့ ဘယ်သွားတယ်ဆိုတာကို မပြောသွားတာပါလိမ့်။ သူက အခု အစအန ရှာမရအောင် ပျောက်သွားတာပဲ”

ပိုင်ရီလည်း မျက်မှောင်ကြုတ်ရင်း စိတ်ပူလာခဲ့ပါပြီ။

“စိတ်မပူပါနဲ့။ ဂိုဏ်းတူမောင်လေးရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် ဘာမှ မဖြစ်နိုင်ပါဘူး”

နံဘေးမှာ ရှိနေတဲ့ မုဇီချီလည်း ပိုင်ရီကို အားပေးစကား ပြောလိုက်ပါပြီ။

မုကလန်နဲ့ နောက်ဆုံးအကြိမ် ဖြစ်ခဲ့တဲ့ အဖြစ်အပျက် နောက်ပိုင်းမှာ ချင်းကျူဟာ မြင်နေရသလို ပေါ့သေးသေး မဟုတ်ကြောင်း မုဇီချီ နားလည်ခဲ့ပါတယ်။

ခေါင်းမာတဲ့ ပထမအကြီးအကဲ အလွယ်တကူ လက်လျှော့သွားတယ်ဆိုတော့ ချင်းကျူ အနည်းဆုံး ကောင်းကင်သူတော်စင် အဆင့် တန်ခိုးရှင်တစ်ဦး ဖြစ်ဖို့ သေချာနေပါပြီ။

ဒီလို တည်ရှိမှုမျိုးဟာ ဗဟိုကုန်းမြေတိုက်ကြီးရဲ့ မြင့်မြတ်သော နယ်မြေက ထိပ်တန်းအဖွဲ့အစည်းတွေကို အပြစ်မပြုသရွေ့ အန္တရာယ်မရှိပဲ အေးအေးချမ်းချမ်းနဲ့ နေထိုင်ရမှာပါ။

“ငါလည်း မျှော်လင့်ပါတယ်”

ပိုင်ရီလည်း ခါးသီးစွာ ပြောလိုက်ပါပြီ။

ချင်းကျူရဲ့ ဘေးကင်းလုံခြုံမှုကို ပိုင်ရီ စိတ်ပူနေတာ မဟုတ်ပါဘူး။ ချင်းကျူရဲ့ အစွမ်းနဲ့ ဝိညာဉ်ဗဟိုကမ္ဘာမှာ ပြိုင်ဘက်ကင်းနေပြီ ကိစ္စကို ဘာဖြစ်လို့များ အန္တရာယ်နဲ့ ရင်ဆိုင်ရဦးမှာလဲ။

ဒါပေမဲ့ အရင်တုန်းက ချင်းကျူဟာ ခရီးထွက်တိုင်း သူ့ကို ကြိုတင်အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ဘာမှကို မပြောခဲ့ပါဘူး။ ဒါကြောင့် ပိုင်ရီ စိတ်ပူနေခဲ့တာပါ။

ဆိုရိုးစကားလိုပါပဲ။ အကိုကြီးဆိုတာ အဖအရာ မဟုတ်လား။ ပိုင်ရီဟာ အားကိုးလို့မရတဲ့ ဂိုဏ်းတူအစ်ကိုကြီး ဖြစ်ပေမဲ့လည်း အစ်ကိုကြီးတစ်ဦးတော့ ဖြစ်နေဆဲပါ။

ဒါပေမဲ့ ဒီကမ္ဘာမှာတော့ ချင်းကျူကို သူဂရုအစိုက်ဆုံးလို့ ဆိုနိုင်ပါတယ်။ မဟုတ်ဘူးဆိုရင် ချင်းကျူ အနေနဲ့ ဘာကိုမှ ဂရုမစိုက်ပဲ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ ဆယ်နှစ်ကျော် နေထိုင်ပါ့မလား။

တစ်ချိန်တည်းမှာပဲ ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော အင်မော်တယ် ကုန်းမြေကြီးမှာ။

လောင်ကျန်းတစ်ယောက် ဝိညာဉ်ရေတံခွန်ရဲ့ နံဘေးမှာ ထိုင်ရင်း လက်ကို ဝှေ့ယမ်းပြီး ဝိညာဉ်အစားအစာတွေကို ဖြန့်ကျဲချလိုက်ပါပြီ။ ချက်ချင်းဆိုသလိုပဲ ငါးအများအပြား အစာလာလုကြပါတော့တယ်။

လောင်ကျန်းလည်း လက်ကို ခါယမ်းလိုက်ပြီး တိုးညင်းစွြ ပြောလိုက်ပါပြီ။

“ရွှမ်းရီတောင်တန်းဂိုဏ်းကော အခြေအနေ ဘယ်လိုရှိလဲ မသိဘူး”

“မြင့်မြတ်သော ဘိုးဘေးကြီး.. ကျွန်တော်တို့ရဲ့ သတိပေးမှုရရှိပြီးနောက်ပိုင်းမှာတော့ တောင်ပိုင်းနယ်မြေကြီးက ဘယ်အဖွဲ့အစည်းကမှ ရွှမ်းရီတောင်တန်းဂိုဏ်းကို အပြစ်မပြုဝံ့ကြတော့ပါဘူးခင်ဗျာ”
ဝတ်စုံနက်ဝတ် လူရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ဦးညွတ်လျှောက်တင်လိုက်ပါပြီ။

“အင်း.. ကောင်းတယ်။ မှတ်ထားချေ။ ရွှမ်းရီတောင်တန်းဂိုဏ်း ဘေးကင်းလုံခြုံရေးကို မင်းပဲ တာဝန်ယူရမယ်။ ဘာကိစ္စမှ ဖြစ်လာလို့ မရဘူး”
လောင်ကျန်း အလေးအနက်ထား ပြောလိုက်ပါပြီ။

“အမိန့်အတိုင်းပါ”

ဝတ်စုံနက်ဝတ် လူရိပ်ရဲ့ ခန္ဓာကိုယ်ဟာ လိမ်တွန့်သွားခဲ့ပြီး မူလ ရှိနေရာ နေရာကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။

“ဟူး.. ညီလေးချင်း… မင်းဘယ်ကို ရောက်နေလဲ မသိဘူး”

လောင်ကျန်းလည်း သက်ပြင်းချလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ရင်း စဉ်းစားနေခဲ့ပါတယ်။

ချင်းကျူတစ်ယောက် ငရဲကမ္ဘာရဲ့ ပေါက်ကွဲမှုကြီးထဲ ဝါးမျိုခြင်း ခံလိုက်ရချိန်ကစလို့ လောင်ကျန်းတစ်ယောက် အပြစ်ရှိသူလို ခံစားနေခဲ့ရပါတယ်။ သူ့ကြောင့်ပဲ ချင်းကျူ ထိခိုက်ခဲ့တာ မဟုတ်လား။

ဒါကြောင့် ရွှမ်းရီတောင်တန်းဂိုဏ်းကို လူလွှတ်ပြီး အန္တရာယ်တွေနဲ့ ရင်မဆိုင်ရအောင် ကာကွယ်ပေးထားခဲ့တာပါ။

ဒါပေမဲ့ ဘာကြောင့်မှန်းမသိပဲ ချင်းကျူ မသေဆုံးသေးဘူလို့ လောင်ကျန်း ခံစားမိနေခဲ့ပါတယ်။ ဒါကြောင့် ဝိညာဉ်ဗဟိုကမ္ဘာရဲ့ ပိုင်နက် စကြ၀ဠာထဲကို အာရုံဖြန့်ထားပြီး ချင်းကျူ ပြန်လာမဲ့ တစ်ရက်ကို စောင့်ဆိုင်းနေခဲ့တာပါ။

စဉ်းစားရင်း လောင်ကျန်းတစ်ယောက် ဝိညာဉ်အရက်အိုးကို ထုတ်ယူလိုက်ပြီး နံဘေးမှာ ရှိနေတဲ့ ဘုံနန်းလေးထဲ ဝင်သွားခဲ့ပါပြီ။ အရက်ခွက်ထဲကို အရက်ငှဲ့လိုက်ပါတော့တယ်။

ငရဲကမ္ဘာကို တစ်ခေါက်ရောက်ရှိသွားခဲ့တဲ့တာ သူ့အတွက် အကျိုးကျေးဇူး အများအပြား ရရှိခဲ့တယ် ဆိုနိုင်ပါတယ်။ သူဟာ အမှောင်ဝိညာဉ်စွမ်းအင်ကို ဆုပ်ကိုင်နိုင်ခဲ့ရုံတင်မက စွမ်းအင်နှစ်ခုကို ပူးပေါင်းနိုင်ခဲ့ပြီး အဆင့်တက်ဖို့ အလားအလာ ရှိလာခဲ့ပါပြီ။

အမှားအယွင်း မဖြစ်ခဲ့ဘူး ဆိုရင်တော့ သူ့အနေနဲ့ မဟာစကြ၀ဠာ ပဉ္စမ အဆင့်ကို နှစ်ဝက်အတွင်း တက်လှမ်းနိုင်မှာပါ။

အခုအချိန်မှာတော့ ထာ၀ရ ညအင်ပါယာ ပြန်လည်ရှင်သန်လာခဲ့မယ် ဆိုရင်တောင်မှ လောင်ကျန်းအနေနဲ့ အနိုင်တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်နေပါပြီ။

“ဒါပေမဲ့ ညီလေးချင်းနဲ့ ယှဉ်လိုက်ရင် ငါက အများကြီး လိုပါသေးတယ်”

ချင်းကျူဟာ ထာ၀ရ ညအင်ပါယာကို အလွယ်တကူ အနိုင်ယူခဲ့တဲ့ မြင်ကွင်းကို အမှတ်ရနေဆဲပါ။ ချင်းကျူအတွက်ကတော့ ပုရွက်ဆိတ်တစ်ကောင်ကို ထုထောင်းလိုက်ရသလိုပါပဲ။

“အင်း…”

ရုတ်တရက်ဆိုသလို လောင်ကျန်း မျက်မှောင်ကြုတ်လိုက်မိပါပြီ။ ဝိညာဉ်ဗဟိုကမ္ဘာရဲ့ စကြ၀ဠာ ပိုင်နက်အတွင်းမှာ စွမ်းအင်လှိုင်းတွေ ဖြာထွက်လတာာကို ခံစားမိလိုက်တယ် မဟုတ်လား။ တစ်ယောက်ယောက်က အဆုံးအစမဲ့ စကြ၀ဠာကို ဖြတ်သန်းပြီး ဒီနေရာကို ဆင်းသက်လာသလိုပါပဲ။

သူ့ရဲ့ဝိညာဉ်အာရုံနဲ့ ဝိညာဉ်ဗဟိုကမ္ဘာရဲ့ လောကစကြ၀ဠာကို မကြာမကြာ ကြည့်ရှုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် စကြ၀ဠာလှိုင်း ပေါ်ထွက်လာခဲ့တာနဲ့ သူချက်ချင်းပဲ တည်နေရာအတိအကျကို သိခဲ့တာပါ။

“ညီလေးချင်းများလား”

လောင်ကျန်းတစ်ယောက် ခဏလောက် မှင်သက်သွားပြီးနောက်မှာ ဝမ်းသာသွားခဲ့ပါပြီ။

စဉ်းစားမနေတော့ပဲ လောင်ကျန်း ခြေတစ်လှမ်း လှမ်းလိုက်ပါတော့တယ်။ စကြ၀ဠာ လှိုင်းစတင်လာရာ နေရာဆီမှာ လောင်ကျန်း ပြန်ပေါ်ထွက်လာခဲ့ပါပြီ။

အနောက်ဘက် ကုန်းမြေ၊ နေနက်မြို့တော်။

ပြောရရင်တော့ ဗဟိုကုန်းမြေတိုက်ကြီး ပြီးသွားရင် နံဘေးမှာ ရှိနေတဲ့ အနောက်ပိုင်းကုန်းမြေဟာ ဝိညာဉ်ဗဟိုကမ္ဘာမှာ အစွမ်းအထက်ဆုံး နယ်မြေကြီးလို့ ဆိုနိုင်ပါတယ်။ မဟုတ်ဘူးဆိုရင် ခရမ်းရောင် ဝိညာဉ်မျိုးနွယ်စုတွေ အနေနဲ့ ပတ်ဝန်းကျင် ပြင်းထန်ဆိုးရွားလှတဲ့ နယ်နိမိတ်မှာပဲ ပုန်းအောင်းနေကြမှာ မဟုတ်ပါဘူး။ အနောက်ဘက် ကုန်းမြေဆီကို ဆက်ပြီး ထွက်ပြေးသွားကြမှာပါ။

နေနက်မြို့တော်ကတော့ အနောက်ဘက် ကုန်းမြေကြီးက သာမန် မြို့လေးတစ်မြို့လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ အစွမ်းအထက်ဆုံး တန်ခိုးရှင်ကတော့ ဝမ်ရှင်းသူတော်စင်တစ်ဦးပါ။ ဒါပေမဲ့ ပတ်ဝန်းကျင် သယံဇာတ ကြွယ်၀လှတာကြောင့် မြို့တော်လေးဟာ အလွန်ကို စည်ကားတိုးတက်နေခဲ့ပါတယ်။

အခုအချိန်မှာတော့ နေနက်မြို့တော်ရဲ့ အထက်ကောင်းကင်ယံ စကြ၀ဠာ တည်ရှိမှု အက်ကွဲသွားခဲ့ပြီး ကီလိုမီတာ ၅၀ ဝန်းကျင်ကို ဖုံးလွှမ်းသွားတဲ့ လေဝဲကြီး ဖြစ်ပေါ်လာခဲ့ပါပြီ။ မိုးကြိုးတွေ ဆက်တိုက် ကျဆင်းလာပါတော့တယ်။ မိုးကောင်းကင်ဟာ ပြောင်းပြန်ဖြစ်သွားသလိုပဲ မြင်ကွင်းက ကြောက်စရာ ကောင်းလွန်းနေပါပြီ။

နေနက်မြို့တော်က တန်ခိုးရှင် အားလုံး စကြ၀ဠာ လေဝဲကြီးကို ကြည့်ပြီး သွေးပျက် သွားကြပါတော့တယ်။ ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိကြတော့ပါဘူး။

ပြောရရင် အခုလို အခြေအနေမျိုးကို သူတို တစ်ခါမှ မမြင်ဖူးကြပါဘူး။

“ဘာဖြစ်တာလဲ”

“ငါလည်း မသိဘူး။ ကြောက်ဖို့ ကောင်းလိုက်တာ”

“အဆင့်မြင့် တန်ခိုးရှင်တွေရဲ့ တိုက်ပွဲကြီးတစ်ခုများလား”

“…”

အားလုံး တီးတိုး ပြောဆိုနေကြပါပြီ။ သူတို့တွေ အားလုံး ကြောက်လန့်နေကြသလို စိတ်လည်း ဝင်စားနေခဲ့ကြပါတယ်။ ဒါပေမဲ့ အဖြစ်အပျက်ကို နားမလည်နိုင်သေးပါဘူး။

အခုအချိန်မှာတော့ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။ တစက္ကန့်အတွင်းမှာတော့ အဝေးကြီးမှာ ရှိနေပေမဲ့ နောက်တစ်စက္ကန့်အကြာမှာတော့ နေနက်မြို့တော်အထက်ကို ရောက်ရှိလာပါတော့တယ်။

လောင်ကျန်းကလွဲရင် ဘယ်သူများ ဖြစ်ပါလိမ့်မလဲ။

အစတုန်းက စိတ်လှုပ်ရှားနေတဲ့ လောင်ကျန်းလည်း အရှေ့မှာ ရှိနေတဲ့ စကြ၀ဠာ လေဝဲကို ကြည့်ပြီး တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို ချက်ချင်း နားလည်သွားခဲ့ပါပြီ။

“ဘာတွေဖြစ်နေတာလဲ။ ဒါက ညီလေးချင်းရဲ့ အော်ရာအရှိန်အဝါ မဟုတ်ဘူး”

သူ့စကား မဆုံးခင်မှာပဲ စကြ၀ဠာလေဝဲထဲကနေ အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပါတော့တယ်။ ဒီထဲပါဝင်နေတဲ့ စွမ်းအင်တွေဟာ နေနက်မြို့တော်တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေပါပြီ။

ဒါပေမဲ့ လောင်ကျန်း အချိန်မီ ရောက်လာခဲ့တာကြောင့်သာ တော်ပါသေးတယ်။ မဟုတ်ဘူးဆိုရင် နေနက်မြို့တော်ဟာ ထာ၀ရ ပျောက်ကွယ်သွားတော့မှာပါ။

လောင်ကျန်းလည်း လက်ကို ဆန့်ထုတ်လိုက်ပြီး စကြ၀ဠာ လေဝဲဆီ ပုံမှန်နှုန်းနဲ့ ချည်းကပ်သွားခဲ့ပါပြီ။ ဒီအခါမှာတော့ ဆယ်မီတာကျော် အချင်းဝက်ရှိတဲ့ အနက်ရောင်အလင်းတန်းဟာ စုပ်ယူခြင်း ခံလိုက်ရသလို လောင်ကျန်းဆီ ဦးတည်ပျံသန်းလာခဲ့ပြီး လျှင်မြန်စွာ ကျုံ့သွားခဲ့ပါပြီ။

အနက်ရောင်အလင်းရဲ့ အချင်းဝက်ဟာ ဆယ်မီတာကနေ ငါးမီတာ၊ ပြီးတော့ နှစ်မီတာ နောက်ဆုံး မီတာဝက်လောက်သာ ရှိပါတော့တယ်။ လောင်ကျန်းရဲ့ လက်ဝါးပြင်အထက် ဆင်းသက်လာချိန်မှာတော့ ကျောက်တုံးတစ်တုံးအရွယ်အစားသာ ကျန်တော့တာကို တွေ့လိုက်ရပါပြီ။

အောက်မှာ ရှိနေတဲ့ နေနက်မြို့တော်က တန်ခိုးရှင်တွေရဲ့ အမြင်မှာတော့ ဒီအဖြစ်ဟာ အလွန်ကို မြင့်မြတ်ကြီးကျယ်နေခဲ့ပါတယ်။ သူတို့ ဘယ်လိုမှ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ အရာပါပဲ။

“မင်းလာခဲ့တဲ့ နေရာကို ပြန်သွားချေ”

လောင်ကျန်းလည်း လက်ဖျောက်တီးလိုက်ပါပြီ။ ကျောက်တုံးလေးဟာ ချက်ချင်းပဲ ပိုပြီးမြန်ဆန်တဲ့ နှုန်းနဲ့ ပြန်လည်ပျံသန်းသွားပါတော့တယ်။

ချင်းကျူ မဟုတ်တဲ့အတွက် လောင်ကျန်းအနေနဲ့ ဘာမှ စိတ်ပူစရာ အကြောင်းမရှိပါဘူး။

၀ုန်း

ကြောက်မက်ဖွယ်ကောင်းလှတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့ပါပြီ။ စကြ၀ဠာ လေဝဲကြီးကို ဗဟိုပြုပြီး ပေါက်ကွဲမှု အလွှာကြီး တစ်ခုပြီးတစ်ခု ဆင့်ပွား ဖြစ်လာပါတော့တယ်။

ထူးဆန်းတာကတော့ စကြ၀ဠာ လေဝဲကြီးအပေါ် အကျိုးသက်ရောက်မှု ရှိမနေခဲ့တာပါ။ စကြ၀ဠာ လေဝဲကြီးဟာ အလွန်တည်ငြိမ်နေဆဲပါပဲ။ အခု မြင်ကွင်းဟာ တကယ်ကို ရင်သက်ရှုမောဖို့ ကောင်းလှပါတယ်။

မကြာခင်မှာတော့  လောင်ကျန်းတစ်ယောက် အဖြစ်အပျက်ကို နားလည်သွားခဲ့ပါပြီ။ ပေါက်ကွဲမှုကို အကာအကွယ်အလွှာတစ်ခုက တားဆီးထားလိုက်တာပဲ မဟုတ်လား။

တစ်ဖက်လူက ဘယ်သူဆိုကို နောက်ဆုံးတော့ လောင်ကျန်း မြင်တွေ့လိုက်ရပါတော့တယ်။

Continue Reading

You'll Also Like

28.4K 4K 34
Genres: Fantasy/ Horror/School life *Trigger Warning*
51.2K 4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
168K 22.3K 41
♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက...
547K 74.9K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...