Recommended song - 'Listen to the Radio' by Don Williams
Unicode~
နေညိုညိုနေရီရီ လေသာသော အချိန်။ တိမ်ကင်းစင်သော ကောင်းကင်ပြာပြာပေါ် သင်းကွဲငှက်တို့ အိမ်ပြန်သည်ကို တွေ့ရသည်။
ဝရန်တာမှ ထွက်ကြည့်လျှင် မြင်ရတွေ့ရသော ကြည်လဲ့လဲ့ရေကန်ပြင်ကလည်း လေနုနုအေးအေးကို သယ်ဆောင်လာပေးသည်။ ခါးတစ်ဝိုက်ကို ရစ်ပတ်သွယ်ဝိုက်လာသော တက်တူးအပြည့်နှင့်လက်ဖျံတောင့်တောင့်တင်းတင်းရယ်ကြောင့် အပြုံးတစ်ပွင့်က နှုတ်ခမ်းထက်မှာ ချိတ်ဆွဲထားပြီးလျက်သား။
"ဘယ်လိုလဲ အော်စတင်က။ ပျော်ဖို့ကောင်းရဲ့လား"
"အင်း.. အေးချမ်းနေတာပဲ မြို့လေးက။ အထူးသဖြင့် မောင်သွားဖူးတဲ့နေရာတွေဆို ပိုသဘောကျတယ်"
"ခြောက်နှစ်တောင်ဆိုမှတော့ မသွားဖူးတဲ့နေရာက မရှိသလောက်ပါပဲ။ မျက်ခြယ်တော့ နေရာတိုင်းကို သဘောကျရတော့မှာ"
အော်စတင်မှာနေရသည့် လေးငါးရက်အတွင်း နေရာအတော်နံ့သွားသည်ဟူဆိုရမည်။ ပူနွေးစိုစွတ်သော ရာသီဥတုက ညခင်းမှာ ရွာကျလာလေ့ရှိသော မိုးစက်များနှင့် သင့်တော်လိုက်ဖက်လှသည်။ အင်မတန်လည်းနေချင်စဖွယ်ကောင်းသည့်မြို့လေး။
"ဒရိုက်ဘာကြီးရော ပြန်သွားပြီလား"
"အင်း.. မနက်ဖြန်ပြန်တော့မှာဆိုတော့ ဒီနေ့တည်းက ကားခရှင်းထားလိုက်တာ။ ဒါတောင်သူက ငြင်းနေသေးတာ။ ရောက်တုန်းရောက်ခိုက်ပို့ပေးရတာ သူ့အတွက်အပန်းမကြီးပါဘူးတဲ့"
"ဒါပေမဲ့ ဘယ်ကောင်းပါ့မလဲ။ နေရာစုံကိုနေ့တိုင်းပို့ရတာ လွယ်တာမှမဟုတ်"
"အင်းလေ အဲဒါကြောင့် အတင်းထိုးပေးခဲ့တယ်"
မောင့်ဒရိုက်ဘာကြီးက ရင်းနှီးဖွယ်ကောင်းပြီး စိတ်လည်းရှည်သည်။ ဘယ်နေရာသွားချင်တယ်ဆိုဆို နီးနီးဝေးဝေး မငြိုမငြင်ပို့ပေးရှာသည်။ ရောက်တုန်းရောက်ခိုက် သူ့မိသားစုနှင့်လည်း မိတ်ဆက်ပေးခဲ့သေးသည်။ ကိုယ်ထင်ထားသလိုပင် မိသားစုဝင်ဦးရေက ခပ်များများ၊ အိမ်မှာဆူညံပွက်လောရိုက်နေပြီး ကလေးတွေကလည်းအရွယ်စုံဆိုဒ်စုံ။
သို့သော် တစ်မိသားစုလုံးက ဖော်ရွေတတ်ကြပြီး Taehyungတို့ကို နွေးထွေးစွာ ဧည့်ဝတ်ပျူငှာရှာသည်။ ဒရိုက်ဘာကြီး၏သမီးအငယ်ကပင် အနှီးထုပ်ထဲက ကလေးကို ပွေ့ပိုက်ရင်း အိမ်မှုကိစ္စများကို ဂျင်ဂျင်လည်လုပ်နေတတ်သူ။ ဒါတောင်သူ့မှာ အလုပ်ကိုရော ကလေးကိုပါ တာဝန်ပေါ့သွားခြင်းမရှိ။ သည်လိုအမျိုးသမီးတွေက သိပ်လေးစားစရာကောင်းပြီး သူ့အား အမေ့ကိုသတိမရရအောင် လုပ်နေလျက်။
"သူတို့က မိသားစုအများကြီးနဲ့ ပျော်စရာကြီးနော်.. မောင်"
"အင်း.. မိသားစုများတဲ့အိမ်တွေကတော့ ဒီလိုပါပဲ။ မောင်တို့ငယ်ငယ်ကလည်း ဒီလိုပဲ"
"ကျွန်တော်လည်း မိသားစုအများကြီးရှိချင်လိုက်တာ။ တစ်ခါတလေ မြင်ရင်း အားကျမိတယ်။ ကျွန်တော့်မှာတော့ မောင်နှမ,မပြောနဲ့၊ မိဘတွေတောင်မရှိတော့ဘူး"
လည်တိုင်နံဘေးဆီ ဖိကပ်ရှိုက်နမ်းလာသည်အား သတိပြုမိသည်။ သည်အနမ်းဟာ သူ့ကိုနှစ်သိမ့်လိုခြင်းသက်သက်သာဖြစ်ကြောင်းလည်း သိနှင့်ပြီးလျက်သား။ အရောင်စုံမခြယ်သထားသော အဖြူရောင်အနမ်းထဲ စိတ်ဓါတ်ခွန်အားအပြင် ထွေးပွေ့ယုယခြင်းပါအဆစ်ပါနေ၏။
"အဲဒီလောက်တောင် မိသားစုလိုချင်တာလား။ မျက်ခြယ်ဆန္ဒရှိရင် မောင်တို့ ကလေးမွေးစားကြမလား"
"မောင်.."
အံ့ဩတသအသံနှင့် လွှတ်ခနဲခေါ်မိသည်က သည်စကားမောင့်ဆီကထွက်လာတယ်ဆိုတာကို မယုံနိုင်လွန်းလို့။ မောင်က ကလေးတစ်ယောက်ကို သူနှင့်အတူ ပြုစုပျိုးထောင်ဖို့ရာ ဆန္ဒရှိသတဲ့လား။ ကလေးသူငယ်တစ်ယောက်ကို နှစ်ကိုယ်တူဘဝထဲ ခေါ်သွင်းဖို့ရယ်က ရေရှည်ဆန်လွန်းသည်။ မောင့်အာရုံထဲမှာ သူနှင့်ပတ်သက်ပြီး ရေရှည်အစီအစဥ်တွေရှိနေသတဲ့လေ။
"ကလေးတစ်ယောက်ကို အတူပျိုးထောင်ဖို့ မောင်ကယုံကြည်ချက်ရှိနေတာလား"
"မျက်ခြယ်နဲ့သာဆို မလုပ်နိုင်တာမရှိလောက်ဘူး။ အဲဒီလောက်ထိ မောင်ကယုံထားတယ်"
"ဖအေနှစ်ယောက်က ကလေးတစ်ယောက်လိုအပ်သမျှ စိတ်ပိုင်းဆိုင်ရာထောက်ခံမှုရော ရုပ်ပိုင်းဆိုင်ရာထောင်ပံ့မှုရော ပေးနိုင်ပါ့မလားဆိုတာ တွေးကြောက်နေမိတယ်"
"မောင့်ကိုယ်မောင်ထက် မျက်ခြယ်ကိုယုံတယ်။ မျက်ခြယ်သာဆို မောင်တို့ကလေးကို ဖခင်လိုရောမိခင်လိုရော ချစ်ပေးနိုင်မှာ သေချာတယ်"
မိသားစုအသိုက်အမြုံလေးတစ်ခု.. ဖခင်နှစ်ယောက်နှင့် ကလေးငိုသံတသဲ့သဲ့ညံမည့် မိသားစုဆိုသည့်အခြင်းအရာ။ တစ်ဘဝလုံးမက်မောခဲ့ဖူးသည်။ ကိုယ်တိုင်မရဖူးသည့် မိဘမေတ္တာကို သူစိမ်းကလေးတစ်ယောက်ဆီပေးပြီး ပျိုးထောင်နိုင်ဖို့က လွယ်မည်မထင်။ သို့ရာတွင် သူ့မှာ မောင်ဆိုသည့်ထောက်တိုင်ရှိနေပြီမဟုတ်လား။ မောင်ရှိနေလျှင် သူမလုပ်နိုင်ဘဲနေမည်မထင်။ သူသည်လည်း သူ့ကိုယ်သူထက် မောင့်ကိုယုံမိနေတာပါပင်။
"မောင့်အမေက မျိုးဆက်အကြောင်း စကားစတုန်းက မောင်တွေးမိတယ်။ မျက်ခြယ်နဲ့သာဆို ကိုယ့်အသွေးအသားကနေမွေးဖွားလာတဲ့ကလေးမဟုတ်ရင်တောင် နှလုံးသားနဲ့တော့မွေးဖွားပေးနိုင်မယ်လို့ မောင်ယုံခဲ့တာ။ ဒီလိုတွေးတာက မောင်တို့အိမ်မျိုးဆက်အတွက်မဟုတ်ဘူး။ မျက်ခြယ်မိသားစုတစ်ခုလိုချင်မှန်းသိနေလို့"
သည်လူဘယ်လောက်ထိချစ်တတ်လိုက်သလဲ။ ဘယ်သူက မောင့်ကို အချစ်အရာမှာယှဥ်သာလိမ့်မလဲ။ သူ့အတွက်တော့ မောင်ဟာ ပြိုင်စံရှားစွာ အချစ်ကြီးလေသူ။
အချစ်ကအပူဓါတ်ပါသည်ဟု ပြောစမှတ်ရှိကြသော်လည်း မောင်နှင့်တွေ့သောအခါမှ ထိုရှေးလူကြီးစကားကို ရဲရဲကြီးဆန့်ကျင်မိတော့သည်။ မောင့်ချစ်ပုံက အများနှင့်မတူ။ သူနှင့်လိုက်လျောညီထွေစွာ အေးလိုကအေး၊ နွေးလိုကနွေး၍ နှလုံးသားရပ်ဝန်းလေးကို သာယာစေသည်။ မောင့်အချစ်က မေတ္တာဓါတ်ဖြင့် ထုံးဖွဲ့လေတော့ သူ့ကမ္ဘာလေးက နာကျင်မောဟိုက်ရခြင်း ကင်းလို့နေ၏။
"မောင့်ကို ကျွန်တော့်ဘဝထဲရောက်လာပေးလို့ ကျေးဇူးတင်မိတယ်။ မွေးစားဖို့ကိစ္စကိုလည်း ကျွန်တော်အလေးအနက်စဥ်းစားလိုက်ပါမယ်"
____
"ခရီးမှာပျော်ခဲ့ရဲ့လား Mr. Kim"
"ဟုတ်ကဲ့.. အော်စတင်မြို့က တကယ်ချစ်စရာလေးပါပဲ။ လည်ပတ်စရာမကုန်သေးဘဲ ပြန်လာရတော့ နှမြောတောင်နှမြောမိတယ်"
"နှစ်ပတ်လောက်ခွင့်ယူလိုက်ရမှာကို..။ အလုပ်ကို အစားဝင်ထားပေးကြမှာပဲဟာ"
"မရဘူး အစ်မရေ။ တနင်္လာနေ့အစီအစဥ်က ကိစ္စမရှိပေမဲ့ သောကြာနေ့ကျတော့ ကျွန်တော်ကိုယ်တိုင်ပဲ တင်ဆက်ချင်လို့"
Taehyung လက်ထဲက ဇာတ်ညွှန်းစာရွက်ကို ခေါက်တုံ့ခေါက်ပြန် ပြန်ဖတ်ကြည့်နေလျက်။ သူ့အစီအစဥ်လေးက သူများတကာ၏ နှလုံးသားရေး မေတ္တာရေးနှင့် တိုက်ရိုက်ပတ်သက်နေတော့ ချစ်သဝဏ်လွှာအတော်များများကို ဖတ်ဖူးပါ၏။ လူငယ်တို့၏ ချစ်ခြင်းကိုဖွဲ့သီသော ဝေါဟာရတော်တော်များများကိုလည်း သူမှတ်သားမိသည်။ တစ်ခါတလေ အလွန့်အလွန်ချစ်စရာကောင်းသောစာလုံးလေးများကို တွေ့ရတတ်သေးတာ။
သို့သော် ဘယ်စာသဝဏ်လွှာပိုင်ရှင်မှ မောင့်လောက်ထိမဖွဲ့နွဲ့တတ်တာကိုတော့ ဂုဏ်ယူစွာဖြင့်ပင် ဝန်ခံရပေမည်။ မောင်နှင့်ပတ်သက်လျှင် အာရုံခံစားမှုအားကောင်းလွန်းနေသော နှလုံးသားနယ်ပယ်က မောင့်နှုတ်ဖျားမှ မောင့်လက်ဖြင့်ရေးထားသောစာလွှာမှ ဝေါဟာရတစ်လုံးချင်းစီကို အဓိပ္ပါယ်ကောက်၍ လှိုက်ဖိုရှိုက်ခုန်တတ်ခဲ့သည်။
လူတစ်ယောက်လုံးရထားလေတော့ မောင့်ဆီက စာတွေကို မဖတ်ရတာကြာလှရောပေါ့။ သို့သော်လည်း တမြတ်တနိုးသိမ်းဆည်းထားမိသော စာလွှာဟောင်းများကို ဖွင့်ဖတ်မိလေတိုင်း ခံစားချက်တို့က အသစ်ဖြစ်နေဆဲ။ သူ့အရာရာကို မောင်ဘယ်လိုနည်းဘယ်လိုအစွမ်းနှင့်များ သည်လောက်ထိ ညှို့ငင်လိုက်လေသလဲ။
"စတူဒီယိုသွားလို့ရပြီတဲ့ Mr. Kim"
"ဟုတ်ကဲ့ ဒါဆို သွားလိုက်ပါဦးမယ်နော်"
စတူဒီယိုကပြန်လျှင် ရုံးခန်းပြန်ဝင်ဖြစ်တော့မှာမဟုတ်သည့်အတွက် Taehyungမှာ စားပွဲပေါ်က စာရွက်များကို သေသေသပ်သပ်သိမ်းဆည်းလိုက်ပြီး အိမ်ယူရမည်တို့ကိုလည်း အလုပ်အိတ်ထဲအကျအနထည့်လိုက်သည်။
ရှစ်ပေအကျယ်ရှိသော ဂြိုဟ်တုရုပ်သံဖမ်းစက်ကြီးကို လွန်လာလျှင်ရှိသော စတူဒီယိုခန်းက ရုံးခန်းနှင့်ဆို တောင်နှင့်မြောက်တခြားစီ။ သည်နေရာမှာ သည်အလုပ်လုပ်လာရတာပင် နှစ်ချီနေရောပေါ့။ ဝါသနာပါလွန်းလို့မဟုတ်လျှင်တောင် မောင်နှင့်ဆုံစည်းခွင့်ပေးသော ရေဒီယိုအသံလှိုင်းလေးများကို သူမြတ်နိုးတတ်လာတာအမှန်ပင်။
"မင်္ဂလာပါခင်ဗျာ။ Melomaniac FMရဲ့ 'နှလုံးသားတေးသံသာ'အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်ကတော့ ရေဒီယိုအစီအစဉ်တင်ဆက်သူ Taehyung Kimဖြစ်ပါတယ်.."
တစ်ခါတစ်ရံ စာလွှာလေးတွေဖတ်နေရင်း ပြုံးရသည်။ ကြေကွဲဖွယ်ဇာတ်လမ်းလေးတွေ တွေ့ပြန်တော့လည်း မျက်ရည်လည်ရပြန်ရော။ ခံစားမှုအရပြောင်းလဲသွားမည့် သူ့အသံနေအသံထားကို ရေဒီယိုတစ်ဖက်ခြမ်းက မောင်က ကြားသိနေလိမ့်မည်။
ရေဒီယိုလေးနားဆင်လိုက်ရုံနှင့် ကိုယ့်စိတ်ကို အနက်ရှိုင်းဆုံးအထိ မြင်နိုင်သော လူသားတစ်ယောက် တစ်သက်တာ ရှိလာခဲ့ပြီ..။ ထူးခြားဖြစ်စဥ်တစ်ခုကဲ့သို့ မောင်ဟာ သူ့နှလုံးသားကို အပိုင်သိမ်းပြီးနေလေ၏။
ရေဒီယိုအစီအစဥ်လေး အဆုံးသတ်ပြီး အိတ်ကလေးဆွဲကာ အပြင်ထွက်လာသော်လည်း လာကြိုနေကျဖြစ်သော မောင့်ကားလေးကို မတွေ့ရ။ ထစ်ချုန်းမိုးစွေတတ်သော မုတ်သုံကာလရယ်ကြောင့် စင်္ကြန်ပေါ်ရပ်နေသည်က စိတ်မချရပါ။
ဟော.. ပြောလို့ဆိုလို့ပင်မဆုံးသေး မိုးသားတိမ်လိပ်တို့က တက်လာပြန်လေပြီ။ လေပြင်းသည်ဟုမဆိုသာသော လေညှင်းရယ်က သစ်ရွက်တို့လှုပ်ခတ်ရုံမျှ တိုက်ခတ်စပြု၏။ ထီးမပါကာမှ ဒုက္ခလှလှတော့ တွေ့ချေပြီ။ မတတ်နိုင်.. ရုံးထဲပြန်မဝင်ချင်သော်ငြား ဝင်ရတော့မည်။ မိုးစက်များကလည်း ကျစပြုလာပြီမဟုတ်လား။ အတွေးနှင့်အတူ ပြန်လှည့်လာစဥ်မှာပင်..
"အီး ဟီး.. မေမေ.. ကြောက်တယ်"
ကလေးတစ်ယောက်၏ အော်ငိုသံက နားထဲတန်းလို့ဝင်လာသည်။ ငိုသံက ကျယ်သည့်အပြင် အနားတစ်ဝိုက်မှာလည်း သူ့တစ်ယောက်တည်းရှိတာ။
"ဟေ့ ကလေးလေး။ ဘာဖြစ်တာလဲ မေမေ့ကိုရှာမတွေ့လို့လား"
"မေမေက.. ဟင့်.. ဟိုနားမှာ ဈေးဝယ်နေတာ.."
ကလေးပြောသည့်ဟိုနားသည်နားဆိုသည့်နေရာအား သူဘယ်လိုသိနိုင်မည်နည်း။ မိုးခြိမ်းသံကလည်း မတိုးမတိတ်အရှိန်ပြင်းတော့ ကလေးက တသိမ့်သိမ့်တုန်ပြီး လန့်နေရှာတာ။ ကလေးအမေလာရင်လာ၊ မလာရင် သည်ကလေးတော့ အအေးမိတော့မည်။
"ဦးဘယ်လိုလုပ်ပေးရမလဲ။ မိုးမိတော့မယ်.. ရုံးထဲဝင်နေမလား"
"မေမေက မသိတဲ့လူနဲ့ မလိုက်ရဘူးတဲ့"
သည်ကလေး တယ်တတ်ပါလား။ ကလေးချစ်တတ်တဲ့ဉာဥ်ကလေးက အလိုလိုပေါ်လာတော့ ထိုကလေး၏ ပါးဖောင်းဖောင်းကို ဖွဖွလေးဆွဲညစ်မိလိုက်သည်။ သည်ကလေး ချစ်စရာတော့ ကောင်းရှာသား။
Taehyung အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်ပြီး ထိုကလေးခေါင်းပေါ် မိုးထားပေးလိုက်သည်။ ထိုကလေးမှာ တုန်ယင်စွာ ရှိုက်သံလေးများထွက်နေဆဲ။
သူငယ်ငယ်ကလည်း မိုးခြိမ်းသံကြားလျှင် အမေ့ကိုတ၍ ကြောက်ခဲ့ဖူးသည်။ အဖေ့ကိုလည်း တခဲ့ဖူးလိမ့်မည်။ သည်ကလေးတောင် ခဏလေးနှင့် ကြောက်နေတာမဟုတ်လား။ သူလည်း ကြောက်နေခဲ့မှာပဲ။ အကြာကြီးကြောက်နေရတဲ့ကလေးတွေ ဘယ်လောက်တောင် များလိမ့်မလဲ။
"သား.. သားလေး။ ဘယ်ပျောက်နေတာလဲရှာလိုက်ရတာကွယ်"
"မေမေ.."
"ကလေးမေမေထင်တယ်။ ကလေးကငိုနေလို့ ခေါ်ထားပေးတာ။ တွေ့ပြီဆိုတော့ ကျွန်တော်လည်း သွားတော့မယ်နော်"
ကလေးမိခင်က ကျေးဇူးတင်စကားကို ရေပက်မဝင်ပြောနေစဥ် တိုက်ဆိုင်စွာပင် မောင့်ကားလေးရောက်လာခဲ့သည်။ သူဝမ်းသာအားရပြေးဝင်သွားခဲ့ပြီးနောက် မောင်က စိုဖန့်ဖန့်ဖြစ်နေသော ဆံပင်များကို သုတ်ပေးနေလေရဲ့။ မောင့်ကားပေါ်မှာ အလိုလိုပါလာသော တဘက်တစ်ထည်ကိုတော့ သူနားမလည်နိုင်ပါ။
"မိုးရွာမယ်ဆိုတာကို ကားတွေကပိတ်တော့တာနဲ့ နောက်ကျသွားတယ်။ တော်ပါသေးတယ်.. မုတ်သုံစတာနဲ့ မောင်တဘက်ဆောင်ထားပေလို့"
"ပြောစရာရှိတယ် မောင်"
"အင်း.. မောင်နားထောင်နေတယ်"
"မွေးစားရအောင်.. ကလေးလေးတစ်ယောက်"
ရုတ်တရက်ဆန်ဆန် မျက်ခြယ်ဆီက အဖြေစကားကြားရတော့ ဝမ်းသာရမည်လား၊ မည်သို့တုံ့ပြန်ရမည်လဲ ဝေခွဲရခက်သွားသည်။ မျက်ခြယ်၏ ဆုံးဖြတ်ချက်ကိုတော့ သူမျက်ကွယ်မပြုနိုင်စွာ လေးစားဆဲ၊ လိုက်လျောချင်ဆဲ။
မိုးမိထားသည်ကြောင့် အေးစက်စိုစွတ်နေသော သွယ်လျလျလက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း နွေးထွေးစေသည်။ မျက်ခြယ်အလိုဆန္ဒထက် အလိုကျစေရမည်ဟု ခပ်တိုးတိုးကတိပြုသည်။
"မျက်ခြယ်ဆန္ဒပဲ။ ကိုယ်တို့အတူတူ ဖခင်ကောင်းတွေဖြစ်ပေးကြမယ်"
"အင်း.. မောင့်ကိုယုံတယ်"
မိုးစက်မိုးပေါက်များက ကားမှန်ထက်သို့ ရိုက်ခတ်ပြီး ဖြေးညှင်းစွာ စီးကျလေသည်။ လေက တစ်စထက်တစ်စပြင်းလာသည်၊ ထစ်ချုန်းမြည်ဟီးသော ကောင်းကင်ကြီးရယ်..။ ခံစားတတ်သူအဖို့ အလှတရားဖြစ်ကောင်းဖြစ်လိမ့်မည်။ အသည်းငယ်၍ ခိုလှုံရာရင်ခွင်မဲ့သော ကလေးတို့အဖို့ ထိတ်စရာဖြစ်နေဆဲ။ ထိုအထဲမှ ကလေးတစ်ယောက်ကိုပဲဖြစ်ဖြစ် သူကယ်တင်လိုက်ချင်သည်။
မိခင်ကဲ့သို့သောမေတ္တာစိမ့်စမ်းရေအေး၊ ဖခင်ကဲ့သို့သော နွေးထွေးလုံခြုံရာရင်ခွင်.. မောင်နှင့်သူသာဆို ဖန်တီးပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။ မောင့်မျက်ဝန်းများမှတစ်ဆင့် သိရသော သူ့အရည်အသွေးက မေတ္တာပဲဖြစ်ပါလိမ့်မည်။ သူနှင့်ဘဝတူကလေးတွေကို သူ့မေတ္တာက အေးမြစေပါလိမ့်မည်။
____
အိမ်အပြင်ဘက်ရာသီဥတုက မိုးတဖွဲဖွဲရယ်ကြောင့် ရေဒီယိုအသံလှိုင်းလေးမှာလည်း တဂျစ်ဂျစ်နှင့်။ ဒါကိုပဲ မောင်က မပိတ်ဘဲ မရမကဖွင့်နေသေးတာ။
"ရေဒီယိုပိတ်လိုက်ပါမောင်ရယ်။ လိုင်းကဖြင့်ကောင်းတာလည်း မဟုတ်ဘဲနဲ့"
"အင်း.. ကက်ဆက်တိပ်ခွေလေးပဲဖွင့်လိုက်မယ်။ မောင်အသစ်ရထားတဲ့တိပ်ခွေရှိတယ် သိလား"
"ဖွင့်ကြည့်ပါဦး"
ကုလားထိုင်ပေါ် ဇိမ်ယူနေသော JungKookက ထိုင်ရာမှ ထလိုက်ပြီး တိပ်ခွေတစ်ခွေထည့်ကာ အစမှရစ်ပြီးဖွင့်လေရဲ့။ ထို့နောက် မျက်ခြယ်ဆီတန်းတန်းမတ်မတ်လျှောက်လာပြီး ခါးသိမ်သိမ်ကို အိအိထွေးထွေးပွေ့ဖက်တော့ လန့်သွားသလိုအမူအရာလေးကြောင့် အလိုလိုနေရင်း အချစ်ဆပိုးတိုးရပါ၏။
"မောင်.. အလန့်တကြားနဲ့"
"ရှူး.. သေချာနားထောင်"
'သိပ်ချစ်ရတဲ့သူကို ခွင့်တောင်းပန်ဆင်ချင်လို့ပါခင်ဗျာ..။ မောင့်အတွက် ကျောက်မျက်တစ်ပါးပါပဲလို့ မကြာခဏပြောခဲ့သလိုပဲ..'
ပုလဲဥတို့ ကြွေဆင်းသွားသော မျက်ဝန်းတစ်စုံ။ ကြည်နူးလှိုက်လှဲရခြင်း စီကာစဥ်ကာ။ ရေဒီယိုကက်ဆက်လေးထဲမှ သူ့အသံသူပြန်ကြားနေရပြီး သူက မောင့်ထံမှ လက်ထပ်ခွင့်ပေးစာကို ဖတ်နေပါသတဲ့။ အိုကွယ်.. သည်တိပ်ခွေကို မောင်ဘယ်လိုရလာပြန်တာလဲ။
'မရှေးမနှောင်းမှာပဲ မောင်တို့ဖူးစာကြိုးကို ဂဟေဆက်ကြပါစို့နော်..။'
ထိုစကားသံကို ရေဒီယိုလေးမှကြားရသည့်အဆုံး သူ့ရင်ခွင်ထဲ မျက်နှာအပ်၍ ရှိုက်ငင်စွာ ငိုသည်းနေသော သူ့ကျောက်မျက်လေး။ ကြည်နူးရလို့ကျရသော မျက်ရည်က ပူဆွေးလို့ကျရသောမျက်ရည်နှင့် ပါဝင်ဖွဲ့စည်းပုံချင်းမတူ။ သူရှိနေသရွေ့တော့ မျက်ခြယ်၏ ပုလဲဥကြည်လဲ့လဲ့တို့က ကြည်နူးရွှင်သာမှုကြောင့်သာ ဖြစ်ပါစေတော့။
'တောင်းဆိုထားတဲ့သီချင်းက Don Williamsသီဆိုထားတဲ့ 'Listen to the Radio'ပါတဲ့ခင်ဗျာ'
"အို.. မောင်ရယ်"
'..But you'll understand if you'll take my hand
And then we can dance real slow
To something on the radio
Listen to the radio..'
သံစဥ်အလိုက် ယိမ်းနွဲ့သွားသော ခန္ဓါနှစ်ခုကြား အိုဘယ့်လေထုက ဖောက်ထွင်းနိုင်မတဲ့။ ရေဒီယိုလှိုင်းလေးနှင့်အတူ ဝှေ့ကာတိုးသော ချစ်ခြင်းရယ်က အကြင်လူသားနှစ်ယောက်၏ တစ်ပြိုင်နက်ခုန်သောနှလုံးသားများဆီ။
နှောင်ကြိုးအလီလီချည်နှောင်ရက်လေသော ဖူးစာကြိုးလေးက တစ်သက်စာသာမက သံသရာစက်ဝန်းတစ်ခုစာ ခိုင်မြဲလျက်။
____
'But you'll realize if you close your eyes
The feelings my words can't show
They're playin' on the radio..'
တိပ်ခွေဟောင်းလေးက ကက်ဆက်ထဲ ရစ်နေလေဆဲ။ ဒါနှင့်ဆို အခါခါအလီလီပွားကူးထားတာ ဘယ်နှခါမြောက်လဲ မရေတွက်နိုင်တော့။
သည်ရေဒီယိုသံလေးက နာ့ရှ်ဗီးလ်ကထိပ်ခိုးအိမ်လေးမှာ အသက်ဝင်နေဆဲပင်။
"အဖေက အခုထိ ဒီတိပ်ခွေကို ဖွင့်တုန်းပဲ။ ဒီခေတ်မှာ ကက်ဆက်ဖွင့်တာ ကျွန်တော်တို့အိမ်ပဲရှိမယ်ထင်တယ်"
"ပေါက်ကရမပြောစမ်းပါနဲ့ Austin. ဖွင့်တဲ့အိမ်ဖွင့်ကြတာပဲ"
Austinမှာ သည်ရေဒီယိုအသံဖမ်းထားသည့် ကက်ဆက်တိပ်ခွေကိစ္စနှင့် စပ်လျဥ်း၍ ဘယ်တုန်းကမှ အဖေ့ကိုပြောမနိုင်ခဲ့။ သူ့ဖခင်နှစ်ယောက်လုံးက ယခုထိတိုင် ညားခါစအရွယ်ကအတိုင်း မပြောင်းမလဲချစ်နိုင်ကြဆဲ။ အချစ်ကိုလည်းထုတ်ပြကြဆဲ။ ခေတ်လူငယ်ဖြစ်သော သူက အဖေ့လောက်ပင်ချစ်စကားမကြွယ်သလို ဖောဖောသီသီလည်းမချစ်တတ်သေးပြန်။
"မင်းအဖေကို ဘယ်တုန်းကနိုင်လို့လဲ သားရယ်။ အခုထိ အဲဒါကို မရိုးနိုင်သေးဘူး သူ့ခမျာ"
"အဖေ ဖေဖေလေးကို လက်ထပ်ခွင့်တောင်းခဲ့ပုံကြီးကိုလည်း ကျွန်တော့်မှာ တစ်သက်လုံးနားထောင်ခဲ့ရတာအလွတ်လည်းရနေပါပြီ။ အဖေ့လိုလူကတော့ ရှာမှရှားပဲ"
သားတော်မောင်Austin၏ အငေါတူးပုံက Taehyungပင် ရယ်မိသည်။ မောင်ကလည်းမောင်.. သည်အသက်သည်အရွယ်ပဲရောက်လို့နေပြီ။ သည်ဟာကို နားထောင်လို့မဝသေး။ ဒါတင်မက ရှိသမျှ သူတင်ဆက်ခဲ့သမျှရေဒီယိုအသံဖမ်းတိပ်ခွေအားလုံး မောင့်မှာရှိသည်။ ရေဒီယိုတင်ဆက်တာနားပြီး ရာထူးတက်သွားပေမဲ့ မောင့်မှာ တင်ဆက်သူKim Taehyungကို တသသဖြစ်ကျန်နေရှာတာ။
"သား အဆောင်ပြန်တော့မှာမလား။ ဘကြီးJimက ပို့ပေးလိမ့်မယ်နော်။ ဟိုမှာ.. စောင့်တောင်စောင့်နေပြီ"
"ဟုတ်.. သွားပြီ ဖေဖေလေး။ အဖေ.. ကျွန်တော်သွားပြီ"
ဆယ်ကျော်သက်အရွယ်ဖြစ်လာသော Jeon Austinဆိုသည့်သားတစ်ယောက်ကို နောက်ကျောမှကြည့်ရင်းကျန်ခဲ့သည်။ သားက သူ့သူငယ်ချင်းတွေနဲ့ စာလေ့လာချင်တယ်ဆိုလို့သာ အဆောင်လွတ်ထားရသည်၊ သူ့မှာ စိတ်ချလှသည်မဟုတ်။ တစ်မြို့တည်းကအဆောင်ဖြစ်ပြီး ညနေတိုင်းအိမ်လာနေတာတောင် ညအိပ်ချိန်တွေဆို စိတ်ပူရစမြဲ။
"သားက ဒီအရွယ်ရောက်နေပြီပဲ မျက်ခြယ်ရယ်။ အရမ်းလည်း စိတ်မပူရတော့ပါဘူး"
"ဒါတော့ ဒါပေါ့။ ဒီစာသင်နှစ်မှ အိမ်နဲ့ခွဲရတဲ့ကလေးဆိုတော့ လုံးလုံးကြီးစိတ်မချနိုင်သေးဘူး"
JungKook လေးတွဲ့စွာပင် ကုလားထိုင်မှထရသည်။ ဇရာကလည်း မညာတတ်လေတော့ ခက်သား။ မျက်ခြယ်ဆီလျှောက်သွားပြီး တသိမ့်သိမ့်တုန်နေသော ပုခုံးကျဥ်းကျဥ်းကို ဖမ်းဆုပ်ရင်း နှစ်သိမ့်ပေးမိသည်။
"မောင်ရှိပါတယ် မျက်ခြယ်ရယ်.. မငိုပါနဲ့။ သားက လိမ္မာတာ မျက်ခြယ်သိသားပဲ"
နှစ်နှစ်သားအရွယ်တည်းက Austinလေးကို သူတို့မွေးစားခဲ့ကြသည်။ ဝမ်းနဲ့လွယ်မမွေးရသော်လည်း မေတ္တာဖြင့်လွယ်မွေးထားသော Austinလေးက သန္ဓေကောင်းစွာ လိမ်လိမ်မာမာရိုရိုကျိုးကျိုးကြီးပြင်းလာခဲ့သည်။ သားအရင်းလေးလို ရင်ဝယ်ပိုက် ပျိုးထောင်လာရတဲ့Austinလေးကို သူတို့မှာ မျက်စိအောက်ကအပျောက်မခံနိုင်စတမ်း ချစ်ကြရပါသည်။
"မောင်တို့ သီချင်းလေး ဆက်နားထောင်ကြမလား။ ရာသီဥတုလေးကလည်း ကချင်စရာပဲ"
"မောင်နော်.. မကြီးမငယ်ဘာလို့ကရမှာလဲ"
"လာပါကွာ.. မျက်ခြယ်ကလည်း"
"ဟာ.. မောင်"
'..Let's spend the night together
Baby don't go
They sing it on the radio..'
တန်နက်ဆီရေဒီယိုလှိုင်းလေး Melomaniac FMမှာ မျက်ခြယ်အသံကိုမကြားရတော့လျှင်တောင် မောင်က ရှာကြံနားထောင်နေရမှ နေသာမိသူ။
နွဲ့ယိမ်းယိမ့်ကကြိုးတွေဟာ နှစ်လကြာရှည်သည့်တိုင် နုပျိုလတ်ဆတ်နေဆဲ။ ရေဒီယိုလှိုင်းလေးက သစ်လွင်စွာပျိုမျစ်ဆဲ။
မောင်နှင့်မျက်ခြယ်တို့ကြားက အချစ်အလင်္ကာများလည်း နည်းတူစွာ..။ မောင်ဟာ သောကြာနေ့များအတွက် မျက်ခြယ်ကို ကျေးဇူးတင်မိနေဆဲ။ လူမှာသာ ဇရာရှိရမည်၊ မေတ္တာကြိုးထုံးမှာ ဇရာမရှိ။ယခုထိတိုင် မောင်ဟာ မျက်ခြယ်ကိုချစ်ပြဖို့ ဝန်မလေးရသူပင်။
ဟိုးလွန်ခဲ့သည့်နှစ်များက အမည်မသိစာလွှာပေးခဲ့စဥ်ကကဲ့သို့ပင် မပြောင်းမလဲ မဟောင်းမနွမ်း ချစ်သည်းပိုမိပါသော မောင့်ကျောက်မျက်ရတနာလေးရယ်.. သည်တစ်ခါလည်း မောင့်နှလုံးအိမ်ကို စီခြယ်အလှဆင်ပေးလှည့်ပါ..။
"မျက်ခြယ်ကို မောင်သိပ်မြတ်နိုးတာပဲ.. ဟိုးအရင်ကအတိုင်း နည်းနည်းမှမပြောင်းလဲဘူး"
"ကျွန်တော်လည်း မပြောင်းမလဲ မောင့်ကိုမြတ်နိုးရပါတယ်"
ဆောင်သဉ္ဇာခန်းဆီးမကျစတမ်း၊ ချစ်မေတ္တာစမ်းကလည်း မခြောက်ခန်းစတမ်း။ တည်မြဲသော သံယောဇဥ်ကြိုးထုံးလေးမှာ အခါခါချည်ဖွဲ့လေသည်။
ကျောက်မျက်ရတနာစီခြယ်သော ချစ်သဝဏ်လွှာလေးမှာ ဖူးစားကြိုးက မြဲမြံစွာ ဂဟေဆက်၏။ ။
91.3 MHz let you captivate my soul on one fine evening.
'Listen to the Radio' and you will see how I found my own heart on you.
The End~
ချစ်ခြင်းမေတ္တာတနင့်တပိုးနဲ့ ရေးသားခဲ့တဲ့ ရေဒီယိုလှိုင်းလေးအဆုံးသတ်သွားတော့ ရင်ထဲဟာတာတာနဲ့ လွမ်းကျန်ခဲ့ရရောပါပဲ။
နောက်ထပ်တစ်ခါချိုမြမြလေးရေးဖို့ဆိုတာ ဘယ်နေမှန်းမသိသေးတော့ ကိုယ့်ရဲ့ရှားရှားပါးပါး Sweety Sugar ficတွေထဲက တစ်ပုဒ်ဖြစ်လာဦးမှာပါ။
ခါးသက်သက်ခံစားချက်တွေပွေ့ပိုက်ရင်း မွန်းကြပ်စေတဲ့Genreမျိုး ရေးနေကျ စာရေးသူက ဒီတစ်ခါတော့ စိတ်နှလုံးကိုအချိုသပ်ပြီး ဒါလေးကို ထိုင်ရေးနေဖြစ်ခဲ့ပါတယ်။ ပါဝင်တဲ့လေယူလေသိမ်း၊ ပြောဟန်ဆိုဟန်လေးတွေကအစ ၁၉၈၀ခုနစ်ဝန်းကျင်ကအတိုင်းဖြစ်အောင် အထပ်ထပ်စစ်ဆေးပြင်ဆင်မိတာ အမှတ်တရပဲပေါ့။
တိုက်တိုက်ဆိုင်ဆိုင် သောကြာနေ့မှစရေးပြီး သောကြာနေ့မှာ အဆုံးသတ်ရေးဖြစ်တဲ့ လက်ရာလေးလည်း ဖြစ်နေပါရော။
Taeလေးကို Radio DJအနေနဲ့တွေ့ပြီးတော့ ရေဒီယိုနဲ့ဆိုင်တာလေး ရေးချပြချင်ခဲ့တာ။ ကိုယ်သဘောကျတဲ့ခေတ်ကာလမှာ ချိုမြိန်မြိန်ရေဒီယိုဝတ္ထုလေးကို ဖန်တီးလိုက်ရတော့ ကျေနပ်ရပါပြီ။
ချစ်ပေး၊ သဘောကျပေးပြီး Review, Recommendation, Comment, RL, Voteလေးများအတွက် အထူးကျေးဇူးတင်ရပါတယ်။
နောက်လာမယ့်ဖန်တီးမှုလေးကိုလည်း စောင့်မျှော်သဘောကျပေးကြပါဦး သက်စောင့်ဓါတ်လေးတို့..။
တစ်လက်စတည်း မောင်နဲ့မျက်ခြယ်တို့အပေါ် ခံစားမိသမျှကိုလည်း ပြောပေးသွားကြပါဦးရှင်❤
Do vote⭐ me if you like it.
Love you and thank you Taekookers💜
26. 5. 2023 (Friday)
Recommended song - 'Listen to the Radio' by Don Williams
Zawgyi~
ေနညိဳညိဳေနရီရီ ေလသာေသာ အခ်ိန္။ တိမ္ကင္းစင္ေသာ ေကာင္းကင္ျပာျပာေပၚ သင္းကြဲငွက္တို႔ အိမ္ျပန္သည္ကို ေတြ႕ရသည္။
ဝရန္တာမွ ထြက္ၾကည့္လွ်င္ ျမင္ရေတြ႕ရေသာ ၾကည္လဲ့လဲ့ေရကန္ျပင္ကလည္း ေလႏုႏုေအးေအးကို သယ္ေဆာင္လာေပးသည္။ ခါးတစ္ဝိုက္ကို ရစ္ပတ္သြယ္ဝိုက္လာေသာ တက္တူးအျပည့္ႏွင့္လက္ဖ်ံေတာင့္ေတာင့္တင္းတင္းရယ္ေၾကာင့္ အၿပဳံးတစ္ပြင့္က ႏႈတ္ခမ္းထက္မွာ ခ်ိတ္ဆြဲထားၿပီးလ်က္သား။
"ဘယ္လိုလဲ ေအာ္စတင္က။ ေပ်ာ္ဖို႔ေကာင္းရဲ႕လား"
"အင္း.. ေအးခ်မ္းေနတာပဲ ၿမိဳ႕ေလးက။ အထူးသျဖင့္ ေမာင္သြားဖူးတဲ့ေနရာေတြဆို ပိုသေဘာက်တယ္"
"ေျခာက္ႏွစ္ေတာင္ဆိုမွေတာ့ မသြားဖူးတဲ့ေနရာက မရွိသေလာက္ပါပဲ။ မ်က္ျခယ္ေတာ့ ေနရာတိုင္းကို သေဘာက်ရေတာ့မွာ"
ေအာ္စတင္မွာေနရသည့္ ေလးငါးရက္အတြင္း ေနရာအေတာ္နံ႔သြားသည္ဟူဆိုရမည္။ ပူေႏြးစိုစြတ္ေသာ ရာသီဥတုက ညခင္းမွာ ႐ြာက်လာေလ့ရွိေသာ မိုးစက္မ်ားႏွင့္ သင့္ေတာ္လိုက္ဖက္လွသည္။ အင္မတန္လည္းေနခ်င္စဖြယ္ေကာင္းသည့္ၿမိဳ႕ေလး။
"ဒ႐ိုက္ဘာႀကီးေရာ ျပန္သြားၿပီလား"
"အင္း.. မနက္ျဖန္ျပန္ေတာ့မွာဆိုေတာ့ ဒီေန႔တည္းက ကားခရွင္းထားလိုက္တာ။ ဒါေတာင္သူက ျငင္းေနေသးတာ။ ေရာက္တုန္းေရာက္ခိုက္ပို႔ေပးရတာ သူ႔အတြက္အပန္းမႀကီးပါဘူးတဲ့"
"ဒါေပမဲ့ ဘယ္ေကာင္းပါ့မလဲ။ ေနရာစုံကိုေန႔တိုင္းပို႔ရတာ လြယ္တာမွမဟုတ္"
"အင္းေလ အဲဒါေၾကာင့္ အတင္းထိုးေပးခဲ့တယ္"
ေမာင့္ဒ႐ိုက္ဘာႀကီးက ရင္းႏွီးဖြယ္ေကာင္းၿပီး စိတ္လည္းရွည္သည္။ ဘယ္ေနရာသြားခ်င္တယ္ဆိုဆို နီးနီးေဝးေဝး မၿငိဳမျငင္ပို႔ေပးရွာသည္။ ေရာက္တုန္းေရာက္ခိုက္ သူ႔မိသားစုႏွင့္လည္း မိတ္ဆက္ေပးခဲ့ေသးသည္။ ကိုယ္ထင္ထားသလိုပင္ မိသားစုဝင္ဦးေရက ခပ္မ်ားမ်ား၊ အိမ္မွာဆူညံပြက္ေလာ႐ိုက္ေနၿပီး ကေလးေတြကလည္းအ႐ြယ္စုံဆိုဒ္စုံ။
သို႔ေသာ္ တစ္မိသားစုလုံးက ေဖာ္ေ႐ြတတ္ၾကၿပီး Taehyungတို႔ကို ေႏြးေထြးစြာ ဧည့္ဝတ္ပ်ဴငွာရွာသည္။ ဒ႐ိုက္ဘာႀကီး၏သမီးအငယ္ကပင္ အႏွီးထုပ္ထဲက ကေလးကို ေပြ႕ပိုက္ရင္း အိမ္မႈကိစၥမ်ားကို ဂ်င္ဂ်င္လည္လုပ္ေနတတ္သူ။ ဒါေတာင္သူ႔မွာ အလုပ္ကိုေရာ ကေလးကိုပါ တာဝန္ေပါ့သြားျခင္းမရွိ။ သည္လိုအမ်ိဳးသမီးေတြက သိပ္ေလးစားစရာေကာင္းၿပီး သူ႔အား အေမ့ကိုသတိမရရေအာင္ လုပ္ေနလ်က္။
"သူတို႔က မိသားစုအမ်ားႀကီးနဲ႔ ေပ်ာ္စရာႀကီးေနာ္.. ေမာင္"
"အင္း.. မိသားစုမ်ားတဲ့အိမ္ေတြကေတာ့ ဒီလိုပါပဲ။ ေမာင္တို႔ငယ္ငယ္ကလည္း ဒီလိုပဲ"
"ကြၽန္ေတာ္လည္း မိသားစုအမ်ားႀကီးရွိခ်င္လိုက္တာ။ တစ္ခါတေလ ျမင္ရင္း အားက်မိတယ္။ ကြၽန္ေတာ့္မွာေတာ့ ေမာင္ႏွမ,မေျပာနဲ႔၊ မိဘေတြေတာင္မရွိေတာ့ဘူး"
လည္တိုင္နံေဘးဆီ ဖိကပ္ရႈိက္နမ္းလာသည္အား သတိျပဳမိသည္။ သည္အနမ္းဟာ သူ႔ကိုႏွစ္သိမ့္လိုျခင္းသက္သက္သာျဖစ္ေၾကာင္းလည္း သိႏွင့္ၿပီးလ်က္သား။ အေရာင္စုံမျခယ္သထားေသာ အျဖဴေရာင္အနမ္းထဲ စိတ္ဓါတ္ခြန္အားအျပင္ ေထြးေပြ႕ယုယျခင္းပါအဆစ္ပါေန၏။
"အဲဒီေလာက္ေတာင္ မိသားစုလိုခ်င္တာလား။ မ်က္ျခယ္ဆႏၵရွိရင္ ေမာင္တို႔ ကေလးေမြးစားၾကမလား"
"ေမာင္.."
အံ့ဩတသအသံႏွင့္ လႊတ္ခနဲေခၚမိသည္က သည္စကားေမာင့္ဆီကထြက္လာတယ္ဆိုတာကို မယုံႏိုင္လြန္းလို႔။ ေမာင္က ကေလးတစ္ေယာက္ကို သူႏွင့္အတူ ျပဳစုပ်ိဳးေထာင္ဖို႔ရာ ဆႏၵရွိသတဲ့လား။ ကေလးသူငယ္တစ္ေယာက္ကို ႏွစ္ကိုယ္တူဘဝထဲ ေခၚသြင္းဖို႔ရယ္က ေရရွည္ဆန္လြန္းသည္။ ေမာင့္အာ႐ုံထဲမွာ သူႏွင့္ပတ္သက္ၿပီး ေရရွည္အစီအစဥ္ေတြရွိေနသတဲ့ေလ။
"ကေလးတစ္ေယာက္ကို အတူပ်ိဳးေထာင္ဖို႔ ေမာင္ကယုံၾကည္ခ်က္ရွိေနတာလား"
"မ်က္ျခယ္နဲ႔သာဆို မလုပ္ႏိုင္တာမရွိေလာက္ဘူး။ အဲဒီေလာက္ထိ ေမာင္ကယုံထားတယ္"
"ဖေအႏွစ္ေယာက္က ကေလးတစ္ေယာက္လိုအပ္သမွ် စိတ္ပိုင္းဆိုင္ရာေထာက္ခံမႈေရာ ႐ုပ္ပိုင္းဆိုင္ရာေထာင္ပံ့မႈေရာ ေပးႏိုင္ပါ့မလားဆိုတာ ေတြးေၾကာက္ေနမိတယ္"
"ေမာင့္ကိုယ္ေမာင္ထက္ မ်က္ျခယ္ကိုယုံတယ္။ မ်က္ျခယ္သာဆို ေမာင္တို႔ကေလးကို ဖခင္လိုေရာမိခင္လိုေရာ ခ်စ္ေပးႏိုင္မွာ ေသခ်ာတယ္"
မိသားစုအသိုက္အၿမဳံေလးတစ္ခု.. ဖခင္ႏွစ္ေယာက္ႏွင့္ ကေလးငိုသံတသဲ့သဲ့ညံမည့္ မိသားစုဆိုသည့္အျခင္းအရာ။ တစ္ဘဝလုံးမက္ေမာခဲ့ဖူးသည္။ ကိုယ္တိုင္မရဖူးသည့္ မိဘေမတၱာကို သူစိမ္းကေလးတစ္ေယာက္ဆီေပးၿပီး ပ်ိဳးေထာင္ႏိုင္ဖို႔က လြယ္မည္မထင္။ သို႔ရာတြင္ သူ႔မွာ ေမာင္ဆိုသည့္ေထာက္တိုင္ရွိေနၿပီမဟုတ္လား။ ေမာင္ရွိေနလွ်င္ သူမလုပ္ႏိုင္ဘဲေနမည္မထင္။ သူသည္လည္း သူ႔ကိုယ္သူထက္ ေမာင့္ကိုယုံမိေနတာပါပင္။
"ေမာင့္အေမက မ်ိဳးဆက္အေၾကာင္း စကားစတုန္းက ေမာင္ေတြးမိတယ္။ မ်က္ျခယ္နဲ႔သာဆို ကိုယ့္အေသြးအသားကေနေမြးဖြားလာတဲ့ကေလးမဟုတ္ရင္ေတာင္ ႏွလုံးသားနဲ႔ေတာ့ေမြးဖြားေပးႏိုင္မယ္လို႔ ေမာင္ယုံခဲ့တာ။ ဒီလိုေတြးတာက ေမာင္တို႔အိမ္မ်ိဳးဆက္အတြက္မဟုတ္ဘူး။ မ်က္ျခယ္မိသားစုတစ္ခုလိုခ်င္မွန္းသိေနလို႔"
သည္လူဘယ္ေလာက္ထိခ်စ္တတ္လိုက္သလဲ။ ဘယ္သူက ေမာင့္ကို အခ်စ္အရာမွာယွဥ္သာလိမ့္မလဲ။ သူ႔အတြက္ေတာ့ ေမာင္ဟာ ၿပိဳင္စံရွားစြာ အခ်စ္ႀကီးေလသူ။
အခ်စ္ကအပူဓါတ္ပါသည္ဟု ေျပာစမွတ္ရွိၾကေသာ္လည္း ေမာင္ႏွင့္ေတြ႕ေသာအခါမွ ထိုေရွးလူႀကီးစကားကို ရဲရဲႀကီးဆန္႔က်င္မိေတာ့သည္။ ေမာင့္ခ်စ္ပုံက အမ်ားႏွင့္မတူ။ သူႏွင့္လိုက္ေလ်ာညီေထြစြာ ေအးလိုကေအး၊ ေႏြးလိုကေႏြး၍ ႏွလုံးသားရပ္ဝန္းေလးကို သာယာေစသည္။ ေမာင့္အခ်စ္က ေမတၱာဓါတ္ျဖင့္ ထုံးဖြဲ႕ေလေတာ့ သူ႔ကမာၻေလးက နာက်င္ေမာဟိုက္ရျခင္း ကင္းလို႔ေန၏။
"ေမာင့္ကို ကြၽန္ေတာ့္ဘဝထဲေရာက္လာေပးလို႔ ေက်းဇူးတင္မိတယ္။ ေမြးစားဖို႔ကိစၥကိုလည္း ကြၽန္ေတာ္အေလးအနက္စဥ္းစားလိုက္ပါမယ္"
____
"ခရီးမွာေပ်ာ္ခဲ့ရဲ႕လား Mr. Kim"
"ဟုတ္ကဲ့.. ေအာ္စတင္ၿမိဳ႕က တကယ္ခ်စ္စရာေလးပါပဲ။ လည္ပတ္စရာမကုန္ေသးဘဲ ျပန္လာရေတာ့ ႏွေျမာေတာင္ႏွေျမာမိတယ္"
"ႏွစ္ပတ္ေလာက္ခြင့္ယူလိုက္ရမွာကို..။ အလုပ္ကို အစားဝင္ထားေပးၾကမွာပဲဟာ"
"မရဘူး အစ္မေရ။ တနလၤာေန႔အစီအစဥ္က ကိစၥမရွိေပမဲ့ ေသာၾကာေန႔က်ေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ပဲ တင္ဆက္ခ်င္လို႔"
Taehyung လက္ထဲက ဇာတ္ၫႊန္းစာ႐ြက္ကို ေခါက္တုံ႔ေခါက္ျပန္ ျပန္ဖတ္ၾကည့္ေနလ်က္။ သူ႔အစီအစဥ္ေလးက သူမ်ားတကာ၏ ႏွလုံးသားေရး ေမတၱာေရးႏွင့္ တိုက္႐ိုက္ပတ္သက္ေနေတာ့ ခ်စ္သဝဏ္လႊာအေတာ္မ်ားမ်ားကို ဖတ္ဖူးပါ၏။ လူငယ္တို႔၏ ခ်စ္ျခင္းကိုဖြဲ႕သီေသာ ေဝါဟာရေတာ္ေတာ္မ်ားမ်ားကိုလည္း သူမွတ္သားမိသည္။ တစ္ခါတေလ အလြန္႔အလြန္ခ်စ္စရာေကာင္းေသာစာလုံးေလးမ်ားကို ေတြ႕ရတတ္ေသးတာ။
သို႔ေသာ္ ဘယ္စာသဝဏ္လႊာပိုင္ရွင္မွ ေမာင့္ေလာက္ထိမဖြဲ႕ႏြဲ႕တတ္တာကိုေတာ့ ဂုဏ္ယူစြာျဖင့္ပင္ ဝန္ခံရေပမည္။ ေမာင္ႏွင့္ပတ္သက္လွ်င္ အာ႐ုံခံစားမႈအားေကာင္းလြန္းေနေသာ ႏွလုံးသားနယ္ပယ္က ေမာင့္ႏႈတ္ဖ်ားမွ ေမာင့္လက္ျဖင့္ေရးထားေသာစာလႊာမွ ေဝါဟာရတစ္လုံးခ်င္းစီကို အဓိပၸါယ္ေကာက္၍ လႈိက္ဖိုရႈိက္ခုန္တတ္ခဲ့သည္။
လူတစ္ေယာက္လုံးရထားေလေတာ့ ေမာင့္ဆီက စာေတြကို မဖတ္ရတာၾကာလွေရာေပါ့။ သို႔ေသာ္လည္း တျမတ္တႏိုးသိမ္းဆည္းထားမိေသာ စာလႊာေဟာင္းမ်ားကို ဖြင့္ဖတ္မိေလတိုင္း ခံစားခ်က္တို႔က အသစ္ျဖစ္ေနဆဲ။ သူ႔အရာရာကို ေမာင္ဘယ္လိုနည္းဘယ္လိုအစြမ္းႏွင့္မ်ား သည္ေလာက္ထိ ညႇိဳ႕ငင္လိုက္ေလသလဲ။
"စတူဒီယိုသြားလို႔ရၿပီတဲ့ Mr. Kim"
"ဟုတ္ကဲ့ ဒါဆို သြားလိုက္ပါဦးမယ္ေနာ္"
စတူဒီယိုကျပန္လွ်င္ ႐ုံးခန္းျပန္ဝင္ျဖစ္ေတာ့မွာမဟုတ္သည့္အတြက္ Taehyungမွာ စားပြဲေပၚက စာ႐ြက္မ်ားကို ေသေသသပ္သပ္သိမ္းဆည္းလိုက္ၿပီး အိမ္ယူရမည္တို႔ကိုလည္း အလုပ္အိတ္ထဲအက်အနထည့္လိုက္သည္။
ရွစ္ေပအက်ယ္ရွိေသာ ၿဂိဳဟ္တု႐ုပ္သံဖမ္းစက္ႀကီးကို လြန္လာလွ်င္ရွိေသာ စတူဒီယိုခန္းက ႐ုံးခန္းႏွင့္ဆို ေတာင္ႏွင့္ေျမာက္တျခားစီ။ သည္ေနရာမွာ သည္အလုပ္လုပ္လာရတာပင္ ႏွစ္ခ်ီေနေရာေပါ့။ ဝါသနာပါလြန္းလို႔မဟုတ္လွ်င္ေတာင္ ေမာင္ႏွင့္ဆုံစည္းခြင့္ေပးေသာ ေရဒီယိုအသံလႈိင္းေလးမ်ားကို သူျမတ္ႏိုးတတ္လာတာအမွန္ပင္။
"မဂၤလာပါခင္ဗ်ာ။ Melomaniac FMရဲ႕ 'ႏွလုံးသားေတးသံသာ'အစီအစဥ္ကေန ႀကိဳဆိုလိုက္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ေရဒီယိုအစီအစဥ္တင္ဆက္သူ Taehyung Kimျဖစ္ပါတယ္.."
တစ္ခါတစ္ရံ စာလႊာေလးေတြဖတ္ေနရင္း ၿပဳံးရသည္။ ေၾကကြဲဖြယ္ဇာတ္လမ္းေလးေတြ ေတြ႕ျပန္ေတာ့လည္း မ်က္ရည္လည္ရျပန္ေရာ။ ခံစားမႈအရေျပာင္းလဲသြားမည့္ သူ႔အသံေနအသံထားကို ေရဒီယိုတစ္ဖက္ျခမ္းက ေမာင္က ၾကားသိေနလိမ့္မည္။
ေရဒီယိုေလးနားဆင္လိုက္႐ုံႏွင့္ ကိုယ့္စိတ္ကို အနက္ရႈိင္းဆုံးအထိ ျမင္ႏိုင္ေသာ လူသားတစ္ေယာက္ တစ္သက္တာ ရွိလာခဲ့ၿပီ..။ ထူးျခားျဖစ္စဥ္တစ္ခုကဲ့သို႔ ေမာင္ဟာ သူ႔ႏွလုံးသားကို အပိုင္သိမ္းၿပီးေနေလ၏။
ေရဒီယိုအစီအစဥ္ေလး အဆုံးသတ္ၿပီး အိတ္ကေလးဆြဲကာ အျပင္ထြက္လာေသာ္လည္း လာႀကိဳေနက်ျဖစ္ေသာ ေမာင့္ကားေလးကို မေတြ႕ရ။ ထစ္ခ်ဳန္းမိုးေစြတတ္ေသာ မုတ္သုံကာလရယ္ေၾကာင့္ စၾကၤန္ေပၚရပ္ေနသည္က စိတ္မခ်ရပါ။
ေဟာ.. ေျပာလို႔ဆိုလို႔ပင္မဆုံးေသး မိုးသားတိမ္လိပ္တို႔က တက္လာျပန္ေလၿပီ။ ေလျပင္းသည္ဟုမဆိုသာေသာ ေလညႇင္းရယ္က သစ္႐ြက္တို႔လႈပ္ခတ္႐ုံမွ် တိုက္ခတ္စျပဳ၏။ ထီးမပါကာမွ ဒုကၡလွလွေတာ့ ေတြ႕ေခ်ၿပီ။ မတတ္ႏိုင္.. ႐ုံးထဲျပန္မဝင္ခ်င္ေသာ္ျငား ဝင္ရေတာ့မည္။ မိုးစက္မ်ားကလည္း က်စျပဳလာၿပီမဟုတ္လား။ အေတြးႏွင့္အတူ ျပန္လွည့္လာစဥ္မွာပင္..
"အီး ဟီး.. ေမေမ.. ေၾကာက္တယ္"
ကေလးတစ္ေယာက္၏ ေအာ္ငိုသံက နားထဲတန္းလို႔ဝင္လာသည္။ ငိုသံက က်ယ္သည့္အျပင္ အနားတစ္ဝိုက္မွာလည္း သူ႔တစ္ေယာက္တည္းရွိတာ။
"ေဟ့ ကေလးေလး။ ဘာျဖစ္တာလဲ ေမေမ့ကိုရွာမေတြ႕လို႔လား"
"ေမေမက.. ဟင့္.. ဟိုနားမွာ ေဈးဝယ္ေနတာ.."
ကေလးေျပာသည့္ဟိုနားသည္နားဆိုသည့္ေနရာအား သူဘယ္လိုသိႏိုင္မည္နည္း။ မိုးၿခိမ္းသံကလည္း မတိုးမတိတ္အရွိန္ျပင္းေတာ့ ကေလးက တသိမ့္သိမ့္တုန္ၿပီး လန္႔ေနရွာတာ။ ကေလးအေမလာရင္လာ၊ မလာရင္ သည္ကေလးေတာ့ အေအးမိေတာ့မည္။
"ဦးဘယ္လိုလုပ္ေပးရမလဲ။ မိုးမိေတာ့မယ္.. ႐ုံးထဲဝင္ေနမလား"
"ေမေမက မသိတဲ့လူနဲ႔ မလိုက္ရဘူးတဲ့"
သည္ကေလး တယ္တတ္ပါလား။ ကေလးခ်စ္တတ္တဲ့ဉာဥ္ကေလးက အလိုလိုေပၚလာေတာ့ ထိုကေလး၏ ပါးေဖာင္းေဖာင္းကို ဖြဖြေလးဆြဲညစ္မိလိုက္သည္။ သည္ကေလး ခ်စ္စရာေတာ့ ေကာင္းရွာသား။
Taehyung အေပၚထပ္အက်ႌကို ခြၽတ္လိုက္ၿပီး ထိုကေလးေခါင္းေပၚ မိုးထားေပးလိုက္သည္။ ထိုကေလးမွာ တုန္ယင္စြာ ရႈိက္သံေလးမ်ားထြက္ေနဆဲ။
သူငယ္ငယ္ကလည္း မိုးၿခိမ္းသံၾကားလွ်င္ အေမ့ကိုတ၍ ေၾကာက္ခဲ့ဖူးသည္။ အေဖ့ကိုလည္း တခဲ့ဖူးလိမ့္မည္။ သည္ကေလးေတာင္ ခဏေလးႏွင့္ ေၾကာက္ေနတာမဟုတ္လား။ သူလည္း ေၾကာက္ေနခဲ့မွာပဲ။ အၾကာႀကီးေၾကာက္ေနရတဲ့ကေလးေတြ ဘယ္ေလာက္ေတာင္ မ်ားလိမ့္မလဲ။
"သား.. သားေလး။ ဘယ္ေပ်ာက္ေနတာလဲရွာလိုက္ရတာကြယ္"
"ေမေမ.."
"ကေလးေမေမထင္တယ္။ ကေလးကငိုေနလို႔ ေခၚထားေပးတာ။ ေတြ႕ၿပီဆိုေတာ့ ကြၽန္ေတာ္လည္း သြားေတာ့မယ္ေနာ္"
ကေလးမိခင္က ေက်းဇူးတင္စကားကို ေရပက္မဝင္ေျပာေနစဥ္ တိုက္ဆိုင္စြာပင္ ေမာင့္ကားေလးေရာက္လာခဲ့သည္။ သူဝမ္းသာအားရေျပးဝင္သြားခဲ့ၿပီးေနာက္ ေမာင္က စိုဖန္႔ဖန္႔ျဖစ္ေနေသာ ဆံပင္မ်ားကို သုတ္ေပးေနေလရဲ႕။ ေမာင့္ကားေပၚမွာ အလိုလိုပါလာေသာ တဘက္တစ္ထည္ကိုေတာ့ သူနားမလည္ႏိုင္ပါ။
"မိုး႐ြာမယ္ဆိုတာကို ကားေတြကပိတ္ေတာ့တာနဲ႔ ေနာက္က်သြားတယ္။ ေတာ္ပါေသးတယ္.. မုတ္သုံစတာနဲ႔ ေမာင္တဘက္ေဆာင္ထားေပလို႔"
"ေျပာစရာရွိတယ္ ေမာင္"
"အင္း.. ေမာင္နားေထာင္ေနတယ္"
"ေမြးစားရေအာင္.. ကေလးေလးတစ္ေယာက္"
႐ုတ္တရက္ဆန္ဆန္ မ်က္ျခယ္ဆီက အေျဖစကားၾကားရေတာ့ ဝမ္းသာရမည္လား၊ မည္သို႔တုံ႔ျပန္ရမည္လဲ ေဝခြဲရခက္သြားသည္။ မ်က္ျခယ္၏ ဆုံးျဖတ္ခ်က္ကိုေတာ့ သူမ်က္ကြယ္မျပဳႏိုင္စြာ ေလးစားဆဲ၊ လိုက္ေလ်ာခ်င္ဆဲ။
မိုးမိထားသည္ေၾကာင့္ ေအးစက္စိုစြတ္ေနေသာ သြယ္လ်လ်လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ရင္း ေႏြးေထြးေစသည္။ မ်က္ျခယ္အလိုဆႏၵထက္ အလိုက်ေစရမည္ဟု ခပ္တိုးတိုးကတိျပဳသည္။
"မ်က္ျခယ္ဆႏၵပဲ။ ကိုယ္တို႔အတူတူ ဖခင္ေကာင္းေတြျဖစ္ေပးၾကမယ္"
"အင္း.. ေမာင့္ကိုယုံတယ္"
မိုးစက္မိုးေပါက္မ်ားက ကားမွန္ထက္သို႔ ႐ိုက္ခတ္ၿပီး ေျဖးညႇင္းစြာ စီးက်ေလသည္။ ေလက တစ္စထက္တစ္စျပင္းလာသည္၊ ထစ္ခ်ဳန္းျမည္ဟီးေသာ ေကာင္းကင္ႀကီးရယ္..။ ခံစားတတ္သူအဖို႔ အလွတရားျဖစ္ေကာင္းျဖစ္လိမ့္မည္။ အသည္းငယ္၍ ခိုလႈံရာရင္ခြင္မဲ့ေသာ ကေလးတို႔အဖို႔ ထိတ္စရာျဖစ္ေနဆဲ။ ထိုအထဲမွ ကေလးတစ္ေယာက္ကိုပဲျဖစ္ျဖစ္ သူကယ္တင္လိုက္ခ်င္သည္။
မိခင္ကဲ့သို႔ေသာေမတၱာစိမ့္စမ္းေရေအး၊ ဖခင္ကဲ့သို႔ေသာ ေႏြးေထြးလုံၿခဳံရာရင္ခြင္.. ေမာင္ႏွင့္သူသာဆို ဖန္တီးေပးႏိုင္လိမ့္မည္ဟု ယုံၾကည္သည္။ ေမာင့္မ်က္ဝန္းမ်ားမွတစ္ဆင့္ သိရေသာ သူ႔အရည္အေသြးက ေမတၱာပဲျဖစ္ပါလိမ့္မည္။ သူႏွင့္ဘဝတူကေလးေတြကို သူ႔ေမတၱာက ေအးျမေစပါလိမ့္မည္။
____
အိမ္အျပင္ဘက္ရာသီဥတုက မိုးတဖြဲဖြဲရယ္ေၾကာင့္ ေရဒီယိုအသံလႈိင္းေလးမွာလည္း တဂ်စ္ဂ်စ္ႏွင့္။ ဒါကိုပဲ ေမာင္က မပိတ္ဘဲ မရမကဖြင့္ေနေသးတာ။
"ေရဒီယိုပိတ္လိုက္ပါေမာင္ရယ္။ လိုင္းကျဖင့္ေကာင္းတာလည္း မဟုတ္ဘဲနဲ႔"
"အင္း.. ကက္ဆက္တိပ္ေခြေလးပဲဖြင့္လိုက္မယ္။ ေမာင္အသစ္ရထားတဲ့တိပ္ေခြရွိတယ္ သိလား"
"ဖြင့္ၾကည့္ပါဦး"
ကုလားထိုင္ေပၚ ဇိမ္ယူေနေသာ JungKookက ထိုင္ရာမွ ထလိုက္ၿပီး တိပ္ေခြတစ္ေခြထည့္ကာ အစမွရစ္ၿပီးဖြင့္ေလရဲ႕။ ထို႔ေနာက္ မ်က္ျခယ္ဆီတန္းတန္းမတ္မတ္ေလွ်ာက္လာၿပီး ခါးသိမ္သိမ္ကို အိအိေထြးေထြးေပြ႕ဖက္ေတာ့ လန္႔သြားသလိုအမူအရာေလးေၾကာင့္ အလိုလိုေနရင္း အခ်စ္ဆပိုးတိုးရပါ၏။
"ေမာင္.. အလန္႔တၾကားနဲ႔"
"ရႉး.. ေသခ်ာနားေထာင္"
'သိပ္ခ်စ္ရတဲ့သူကို ခြင့္ေတာင္းပန္ဆင္ခ်င္လို႔ပါခင္ဗ်ာ..။ ေမာင့္အတြက္ ေက်ာက္မ်က္တစ္ပါးပါပဲလို႔ မၾကာခဏေျပာခဲ့သလိုပဲ..'
ပုလဲဥတို႔ ေႂကြဆင္းသြားေသာ မ်က္ဝန္းတစ္စုံ။ ၾကည္ႏူးလႈိက္လွဲရျခင္း စီကာစဥ္ကာ။ ေရဒီယိုကက္ဆက္ေလးထဲမွ သူ႔အသံသူျပန္ၾကားေနရၿပီး သူက ေမာင့္ထံမွ လက္ထပ္ခြင့္ေပးစာကို ဖတ္ေနပါသတဲ့။ အိုကြယ္.. သည္တိပ္ေခြကို ေမာင္ဘယ္လိုရလာျပန္တာလဲ။
'မေရွးမေႏွာင္းမွာပဲ ေမာင္တို႔ဖူးစာႀကိဳးကို ဂေဟဆက္ၾကပါစို႔ေနာ္..။'
ထိုစကားသံကို ေရဒီယိုေလးမွၾကားရသည့္အဆုံး သူ႔ရင္ခြင္ထဲ မ်က္ႏွာအပ္၍ ရႈိက္ငင္စြာ ငိုသည္းေနေသာ သူ႔ေက်ာက္မ်က္ေလး။ ၾကည္ႏူးရလို႔က်ရေသာ မ်က္ရည္က ပူေဆြးလို႔က်ရေသာမ်က္ရည္ႏွင့္ ပါဝင္ဖြဲ႕စည္းပုံခ်င္းမတူ။ သူရွိေနသေ႐ြ႕ေတာ့ မ်က္ျခယ္၏ ပုလဲဥၾကည္လဲ့လဲ့တို႔က ၾကည္ႏူး႐ႊင္သာမႈေၾကာင့္သာ ျဖစ္ပါေစေတာ့။
'ေတာင္းဆိုထားတဲ့သီခ်င္းက Don Williamsသီဆိုထားတဲ့ 'Listen to the Radio'ပါတဲ့ခင္ဗ်ာ'
"အို.. ေမာင္ရယ္"
'..But you'll understand if you'll take my hand
And then we can dance real slow
To something on the radio
Listen to the radio..'
သံစဥ္အလိုက္ ယိမ္းႏြဲ႕သြားေသာ ခႏၶါႏွစ္ခုၾကား အိုဘယ့္ေလထုက ေဖာက္ထြင္းႏိုင္မတဲ့။ ေရဒီယိုလႈိင္းေလးႏွင့္အတူ ေဝွ႔ကာတိုးေသာ ခ်စ္ျခင္းရယ္က အၾကင္လူသားႏွစ္ေယာက္၏ တစ္ၿပိဳင္နက္ခုန္ေသာႏွလုံးသားမ်ားဆီ။
ေႏွာင္ႀကိဳးအလီလီခ်ည္ေႏွာင္ရက္ေလေသာ ဖူးစာႀကိဳးေလးက တစ္သက္စာသာမက သံသရာစက္ဝန္းတစ္ခုစာ ခိုင္ၿမဲလ်က္။
____
'But you'll realize if you close your eyes
The feelings my words can't show
They're playin' on the radio..'
တိပ္ေခြေဟာင္းေလးက ကက္ဆက္ထဲ ရစ္ေနေလဆဲ။ ဒါႏွင့္ဆို အခါခါအလီလီပြားကူးထားတာ ဘယ္ႏွခါေျမာက္လဲ မေရတြက္ႏိုင္ေတာ့။
သည္ေရဒီယိုသံေလးက နာ့ရွ္ဗီးလ္ကထိပ္ခိုးအိမ္ေလးမွာ အသက္ဝင္ေနဆဲပင္။
"အေဖက အခုထိ ဒီတိပ္ေခြကို ဖြင့္တုန္းပဲ။ ဒီေခတ္မွာ ကက္ဆက္ဖြင့္တာ ကြၽန္ေတာ္တို႔အိမ္ပဲရွိမယ္ထင္တယ္"
"ေပါက္ကရမေျပာစမ္းပါနဲ႔ Austin. ဖြင့္တဲ့အိမ္ဖြင့္ၾကတာပဲ"
Austinမွာ သည္ေရဒီယိုအသံဖမ္းထားသည့္ ကက္ဆက္တိပ္ေခြကိစၥႏွင့္ စပ္လ်ဥ္း၍ ဘယ္တုန္းကမွ အေဖ့ကိုေျပာမႏိုင္ခဲ့။ သူ႔ဖခင္ႏွစ္ေယာက္လုံးက ယခုထိတိုင္ ညားခါစအ႐ြယ္ကအတိုင္း မေျပာင္းမလဲခ်စ္ႏိုင္ၾကဆဲ။ အခ်စ္ကိုလည္းထုတ္ျပၾကဆဲ။ ေခတ္လူငယ္ျဖစ္ေသာ သူက အေဖ့ေလာက္ပင္ခ်စ္စကားမႂကြယ္သလို ေဖာေဖာသီသီလည္းမခ်စ္တတ္ေသးျပန္။
"မင္းအေဖကို ဘယ္တုန္းကႏိုင္လို႔လဲ သားရယ္။ အခုထိ အဲဒါကို မ႐ိုးႏိုင္ေသးဘူး သူ႔ခမ်ာ"
"အေဖ ေဖေဖေလးကို လက္ထပ္ခြင့္ေတာင္းခဲ့ပုံႀကီးကိုလည္း ကြၽန္ေတာ့္မွာ တစ္သက္လုံးနားေထာင္ခဲ့ရတာအလြတ္လည္းရေနပါၿပီ။ အေဖ့လိုလူကေတာ့ ရွာမွရွားပဲ"
သားေတာ္ေမာင္Austin၏ အေငါတူးပုံက Taehyungပင္ ရယ္မိသည္။ ေမာင္ကလည္းေမာင္.. သည္အသက္သည္အ႐ြယ္ပဲေရာက္လို႔ေနၿပီ။ သည္ဟာကို နားေထာင္လို႔မဝေသး။ ဒါတင္မက ရွိသမွ် သူတင္ဆက္ခဲ့သမွ်ေရဒီယိုအသံဖမ္းတိပ္ေခြအားလုံး ေမာင့္မွာရွိသည္။ ေရဒီယိုတင္ဆက္တာနားၿပီး ရာထူးတက္သြားေပမဲ့ ေမာင့္မွာ တင္ဆက္သူKim Taehyungကို တသသျဖစ္က်န္ေနရွာတာ။
"သား အေဆာင္ျပန္ေတာ့မွာမလား။ ဘႀကီးJimက ပို႔ေပးလိမ့္မယ္ေနာ္။ ဟိုမွာ.. ေစာင့္ေတာင္ေစာင့္ေနၿပီ"
"ဟုတ္.. သြားၿပီ ေဖေဖေလး။ အေဖ.. ကြၽန္ေတာ္သြားၿပီ"
ဆယ္ေက်ာ္သက္အ႐ြယ္ျဖစ္လာေသာ Jeon Austinဆိုသည့္သားတစ္ေယာက္ကို ေနာက္ေက်ာမွၾကည့္ရင္းက်န္ခဲ့သည္။ သားက သူ႔သူငယ္ခ်င္းေတြနဲ႔ စာေလ့လာခ်င္တယ္ဆိုလို႔သာ အေဆာင္လြတ္ထားရသည္၊ သူ႔မွာ စိတ္ခ်လွသည္မဟုတ္။ တစ္ၿမိဳ႕တည္းကအေဆာင္ျဖစ္ၿပီး ညေနတိုင္းအိမ္လာေနတာေတာင္ ညအိပ္ခ်ိန္ေတြဆို စိတ္ပူရစၿမဲ။
"သားက ဒီအ႐ြယ္ေရာက္ေနၿပီပဲ မ်က္ျခယ္ရယ္။ အရမ္းလည္း စိတ္မပူရေတာ့ပါဘူး"
"ဒါေတာ့ ဒါေပါ့။ ဒီစာသင္ႏွစ္မွ အိမ္နဲ႔ခြဲရတဲ့ကေလးဆိုေတာ့ လုံးလုံးႀကီးစိတ္မခ်ႏိုင္ေသးဘူး"
JungKook ေလးတြဲ႕စြာပင္ ကုလားထိုင္မွထရသည္။ ဇရာကလည္း မညာတတ္ေလေတာ့ ခက္သား။ မ်က္ျခယ္ဆီေလွ်ာက္သြားၿပီး တသိမ့္သိမ့္တုန္ေနေသာ ပုခုံးက်ဥ္းက်ဥ္းကို ဖမ္းဆုပ္ရင္း ႏွစ္သိမ့္ေပးမိသည္။
"ေမာင္ရွိပါတယ္ မ်က္ျခယ္ရယ္.. မငိုပါနဲ႔။ သားက လိမၼာတာ မ်က္ျခယ္သိသားပဲ"
ႏွစ္ႏွစ္သားအ႐ြယ္တည္းက Austinေလးကို သူတို႔ေမြးစားခဲ့ၾကသည္။ ဝမ္းနဲ႔လြယ္မေမြးရေသာ္လည္း ေမတၱာျဖင့္လြယ္ေမြးထားေသာ Austinေလးက သေႏၶေကာင္းစြာ လိမ္လိမ္မာမာ႐ို႐ိုက်ိဳးက်ိဳးႀကီးျပင္းလာခဲ့သည္။ သားအရင္းေလးလို ရင္ဝယ္ပိုက္ ပ်ိဳးေထာင္လာရတဲ့Austinေလးကို သူတို႔မွာ မ်က္စိေအာက္ကအေပ်ာက္မခံႏိုင္စတမ္း ခ်စ္ၾကရပါသည္။
"ေမာင္တို႔ သီခ်င္းေလး ဆက္နားေထာင္ၾကမလား။ ရာသီဥတုေလးကလည္း ကခ်င္စရာပဲ"
"ေမာင္ေနာ္.. မႀကီးမငယ္ဘာလို႔ကရမွာလဲ"
"လာပါကြာ.. မ်က္ျခယ္ကလည္း"
"ဟာ.. ေမာင္"
'..Let's spend the night together
Baby don't go
They sing it on the radio..'
တန္နက္ဆီေရဒီယိုလႈိင္းေလး Melomaniac FMမွာ မ်က္ျခယ္အသံကိုမၾကားရေတာ့လွ်င္ေတာင္ ေမာင္က ရွာႀကံနားေထာင္ေနရမွ ေနသာမိသူ။
ႏြဲ႕ယိမ္းယိမ့္ကႀကိဳးေတြဟာ ႏွစ္လၾကာရွည္သည့္တိုင္ ႏုပ်ိဳလတ္ဆတ္ေနဆဲ။ ေရဒီယိုလႈိင္းေလးက သစ္လြင္စြာပ်ိဳမ်စ္ဆဲ။
ေမာင္ႏွင့္မ်က္ျခယ္တို႔ၾကားက အခ်စ္အလကၤာမ်ားလည္း နည္းတူစြာ..။ ေမာင္ဟာ ေသာၾကာေန႔မ်ားအတြက္ မ်က္ျခယ္ကို ေက်းဇူးတင္မိေနဆဲ။ လူမွာသာ ဇရာရွိရမည္၊ ေမတၱာႀကိဳးထုံးမွာ ဇရာမရွိ။ယခုထိတိုင္ ေမာင္ဟာ မ်က္ျခယ္ကိုခ်စ္ျပဖို႔ ဝန္မေလးရသူပင္။
ဟိုးလြန္ခဲ့သည့္ႏွစ္မ်ားက အမည္မသိစာလႊာေပးခဲ့စဥ္ကကဲ့သို႔ပင္ မေျပာင္းမလဲ မေဟာင္းမႏြမ္း ခ်စ္သည္းပိုမိပါေသာ ေမာင့္ေက်ာက္မ်က္ရတနာေလးရယ္.. သည္တစ္ခါလည္း ေမာင့္ႏွလုံးအိမ္ကို စီျခယ္အလွဆင္ေပးလွည့္ပါ..။
"မ်က္ျခယ္ကို ေမာင္သိပ္ျမတ္ႏိုးတာပဲ.. ဟိုးအရင္ကအတိုင္း နည္းနည္းမွမေျပာင္းလဲဘူး"
"ကြၽန္ေတာ္လည္း မေျပာင္းမလဲ ေမာင့္ကိုျမတ္ႏိုးရပါတယ္"
ေဆာင္သၪၨာခန္းဆီးမက်စတမ္း၊ ခ်စ္ေမတၱာစမ္းကလည္း မေျခာက္ခန္းစတမ္း။ တည္ၿမဲေသာ သံေယာဇဥ္ႀကိဳးထုံးေလးမွာ အခါခါခ်ည္ဖြဲ႕ေလသည္။
ေက်ာက္မ်က္ရတနာစီျခယ္ေသာ ခ်စ္သဝဏ္လႊာေလးမွာ ဖူးစားႀကိဳးက ၿမဲၿမံစြာ ဂေဟဆက္၏။ ။
91.3 MHz let you captivate my soul on one fine evening.
'Listen to the Radio' and you will see how I found my own heart on you.
The End~
ခ်စ္ျခင္းေမတၱာတနင့္တပိုးနဲ႔ ေရးသားခဲ့တဲ့ ေရဒီယိုလႈိင္းေလးအဆုံးသတ္သြားေတာ့ ရင္ထဲဟာတာတာနဲ႔ လြမ္းက်န္ခဲ့ရေရာပါပဲ။
ေနာက္ထပ္တစ္ခါခ်ိဳျမျမေလးေရးဖို႔ဆိုတာ ဘယ္ေနမွန္းမသိေသးေတာ့ ကိုယ့္ရဲ႕ရွားရွားပါးပါး Sweety Sugar ficေတြထဲက တစ္ပုဒ္ျဖစ္လာဦးမွာပါ။
ခါးသက္သက္ခံစားခ်က္ေတြေပြ႕ပိုက္ရင္း မြန္းၾကပ္ေစတဲ့Genreမ်ိဳး ေရးေနက် စာေရးသူက ဒီတစ္ခါေတာ့ စိတ္ႏွလုံးကိုအခ်ိဳသပ္ၿပီး ဒါေလးကို ထိုင္ေရးေနျဖစ္ခဲ့ပါတယ္။ ပါဝင္တဲ့ေလယူေလသိမ္း၊ ေျပာဟန္ဆိုဟန္ေလးေတြကအစ ၁၉၈၀ခုနစ္ဝန္းက်င္ကအတိုင္းျဖစ္ေအာင္ အထပ္ထပ္စစ္ေဆးျပင္ဆင္မိတာ အမွတ္တရပဲေပါ့။
တိုက္တိုက္ဆိုင္ဆိုင္ ေသာၾကာေန႔မွစေရးၿပီး ေသာၾကာေန႔မွာ အဆုံးသတ္ေရးျဖစ္တဲ့ လက္ရာေလးလည္း ျဖစ္ေနပါေရာ။
Taeေလးကို Radio DJအေနနဲ႔ေတြ႕ၿပီးေတာ့ ေရဒီယိုနဲ႔ဆိုင္တာေလး ေရးခ်ျပခ်င္ခဲ့တာ။ ကိုယ္သေဘာက်တဲ့ေခတ္ကာလမွာ ခ်ိဳၿမိန္ၿမိန္ေရဒီယိုဝတၳဳေလးကို ဖန္တီးလိုက္ရေတာ့ ေက်နပ္ရပါၿပီ။
ခ်စ္ေပး၊ သေဘာက်ေပးၿပီး Review, Recommendation, Comment, RL, Voteေလးမ်ားအတြက္ အထူးေက်းဇူးတင္ရပါတယ္။
ေနာက္လာမယ့္ဖန္တီးမႈေလးကိုလည္း ေစာင့္ေမွ်ာ္သေဘာက်ေပးၾကပါဦး သက္ေစာင့္ဓါတ္ေလးတို႔..။
တစ္လက္စတည္း ေမာင္နဲ႔မ်က္ျခယ္တို႔အေပၚ ခံစားမိသမွ်ကိုလည္း ေျပာေပးသြားၾကပါဦးရွင္❤
Do vote⭐ me if you like it.
Love you and thank you Taekookers💜
26. 5. 2023 (Friday)