"ဘယ်လိုနေသေးလဲ အကို"
"အင်း သက်သာလာပြီ..."
ဆေးရုံကနေဂျင်နိုးတာတည်းက ဘေးတွင်မနားမနေပြုစုပေးနေသော ညီဖြစ်သူလေးကြောင့် ဂျင်လဲအားတွေနာရ၏။
ညီအစ်ကိုချင်းပဲဆိုအဆင်ပြေပေမဲ့ အခုကညီဖြစ်သူရဲ့သူငယ်ချင်းတွေကပါလာပြုစုနေရတာလေ။
"ခနနေ ဆရာဝန်လာအုံးမှာ။ အကိုနေမကောင်းသေးရင်ပြောနော်"
"အင်းပါ..mon...မင်းလဲပင်ပန်းနေပြီလေ"
"မဟုတ်ရပါဘူး...ကိုယ့်အကိုကိုကိုယ်ပြုစုရမှာပေါ့"
ထိုစဥ်အခန်းတံခါးဖွင့်လာပြီးအခန်းထဲသို့ ဖတ်စ်နှင့်ဘလ်ဝင်လာချေသည်။
"ဟေးးး chimon..ဒီမှာ ငါတို့မင်းအတွက်ရော အကိုကြီးအတွက်ပါ ညနေစာဝယ်လာတယ်"
ဖတ်စ်ဟာသူ့လက်ထဲက ညနေစာထုတ်အားမြှောက်ပြရင်းရီမောမောပြောလေတော့ မသိတဲ့သူတွေကြည့်ရင် လောလောလတ်လတ်အသဲကွဲထားသူဆိုတာယုံမည်မဟုတ်။
"အင်းး ကျေးဇူးပဲ ဖတ်စ်.."
"ပေး..ငါသွားထည့်လိုက်မယ်"
ဘလ်ဟာဖတ်စ်လက်ထဲက ညနေစာထုတ်ကိုလွဲယူလိုက်ပြီးနောက် ဖတ်စ်လည်း chimon နားယျှောက်သွားချေသည်။
"အကိုကြီး..နေကောင်းပြီလား"
"အင်းး ကောင်းပါပြီဗျာ ဂရုစိုက်ပေးကြတဲ့အတွက်ကျေးဇူးပါ"
ငယ်စဥ်တည်းက ဖတ်စ်ရော chimon ရောဟာ ဂျင်၏အုပ်ထိန်းမှုအောက်မှကြီးပြင်းလာသူတွေမို့ တရင်းတနှီးရှိကြသည်မှာမဆန်း။
"ဒါဆို အကိုကြီးဆေးရုံကဆင်းရင် မုန့်ဖိုးပေးရမယ်"
"အယ်..ဒါဆိုမင်းတို့ကမုန့်ဖိုးလိုချင်လို့ငါ့ကိုလာပြုစုနေကြတာပေါ့"
"ဒါပေါ့"
"ဒီကလေးကတော့"
ပြောရင်းဆိုရင်း ဖတ်စ်ခေါင်းအားအသာခေါက်လိုက်တော့ ဖတ်စ်မှာကျေနပ်စွာရီလေသည်။
ဖတ်စ်ရီသံကြောင့် ကျန်တဲ့သူတွေပါထရီကုန်တော့သူတို့အတွက်ဆေးရုံကတော့ပျော်ဖို့ကောင်းနေသလားထင်ရ၏။
"အဲ့...ငါဆေးစာရွက်သွားယူရအုံးမှာပဲ။မင်းတို့ခနစောင့်နှင့်။ ငါသွားယူပြီးပြန်လာခဲ့မယ်"
"အင်း..သွားလေ"
chimon ပြောပြီးတာနဲ့အခန်းထဲကထွက်လာလိုက်ပြီး ဆေးရုံအောက်ထပ်သို့ဆင်းလာ၏။
အခုတလောစိတ်ညစ်စရာတွေများနေပေမဲ့ အကို့ရှေ့မှာဒါတွေထုတ်ပြောလို့မဖြစ်ချေလေ။ အကိုရှေ့ဟန်ဆောင်ထားသမျှ အခန်းထဲကအပြင်ရောက်သွားသည်နှင့် အပြုံးတို့မှာပျောက်ကွယ်သွားရချေသည်။
ဝမ်းနည်းနေတဲ့စိတ်တွေဟာ ဦးတည်းချက်တစ်ခုတည်းတွင်သာရှိနေချေသည်။
"ဖယ်ကြ..! အရေးပေါ်လူနာ အရေးပေါ်လူနာ"
ရုတ်တရပ် အတွေးများနေသည့် chimon နားထဲမလုမ်းမကမ်းကသူနာပြုတစ်ယောကရ်ဲ့အသံဟာစူးလို့ဝင်လာသည်။
ဘာရယ်တော့မဟုတ်...အမှတ်တမဲ့ လူနာတင်ခုံပေါ်က သူအားလှမ်းကြည့်မိလိုက်တော့..၊
"perth?"
အင်္ကျီနှင့်လက်ကောက်ဝတ်တို့မှာစိုရွဲနေသည့်သွေးတွေဟာဘာလုပ်လာသလဲမေးစရာမလိုအောင်သိသာနေသည်မဟုတ်လား။
ဖြူဖျော့နေသည့်ခန္ဓာကိုယ်ဟာမတွေ့တာကြာသော်လည်းအတော်လေးပြောင်းလဲနေတာမြင်ရုံနှင့်သိပါသည်။
နှလုံးအားလက်ဖြင့်ဖိကာ နှလုံးပြန်ခုန်လာစေရန်လုပ်နေသော ဆရာဝန်၏ကြိုးစားမှုဟာသွေးထွက်လွန်နေပြီဖြစ်သော perth အဖို့အရာမရောက်ချေ။
"လူနာကသွေးလွန်နေပြီ AB သွေးအမျိုးအစားကိုဆေးရုံမှာသွားရှာ!"
အနားကနေဖြတ်သွားချိန်ကြားလိုက်ရသည့်စကားကြောင့် chimon အမြန်ပင်ထိုလူနာတင်ခုံ နောက်ပြေးလိုက်သွားမိလေ၏။
"ဒေါက်တာ..ကျန်တော်က AB သွေးပါ။ ကျန်တော့စီကယူလိုက်ပါ"
"ဒါဆို သူနာပြု..သူ့ကိုသွေးထုတ်ဖို့ခေါ်သွားပေးပါ"
"ကျန်တော်တို့နဲ့လိုက်ခဲ့ပါ"
chimon ထိုသူနာပြုတွေခေါ်ရာသို့လိုက်လာခဲ့ပြီးနောက် မိမိသွေးအားလိုလိုလားလားထုတ်ဖို့သဘောတူခဲ့လေသည်။
ဘယ်လောက်ပဲပါးစပ်ကမုန်းပါတယ်ပြောပြော၊ ဘယ်လောက်ပဲမတွေ့ချင် မမြင်ချင်ပါဘူးပြောပြော၊ တွယ်တာမိခဲ့သည့် သံယောဇဥ်ဟာတော်ရုံမှမဟုတ်တာ။
အခုအချိန်မှာ သွေးထုတ်ဖို့ကြောက်ရမဲ့အစား သးဘာလို့ဒီလိုလုပ်ရတာလဲဆိုတာကိုသာပိုတွေးနေမိသည်။
ဒါမှမဟုတ်မင်းကို နာကျင်စေခဲ့သည်မှာ ငါများလား။
.
.
.
.
"chimon ကလည်းကြာလိုက်တာ"
ဘလ်စကားအားဖတ်စ်ဟာလည်းထောက်ခံသလိုဖြင့်ခေါင်းညိတ်ပြလေသည်။
"လမ်းများပျောက်နေတာလား"
"အာ..အကိုကြီးကလဲ လမ်းပျောက်ရအောင် chimon က ၄ နှစ်သားလေးမဟုတ်တော့ပါဘူး။ မိန်းမ၄ယောက်လောက်ယူလို့ရတဲ့အရွယ်ရောက်နေပြီ"
ဖတ်စ်စကားအား ဂျင်မှာသဘောတကျရီမိသည်လေ။ ဂျင်ဟာ chimon အားညီအရင်းတစ်ယောက်လိုချစ်သည်။
ငယ်စဥ်တည်းကကိုယ့်လက်ပေါ်ကြီးပြင်းလာတဲ့ကလေးလေးကအခုဆိုအရွယ်တောင်ကောက်လို့သူ့ကိုတောင်ပြန်ဂရုစိုက်နေရရှာပြီလေ။
သို့သော်သူ့မျက်လုံးထဲမှာ ညီဖြစ်သူလေးအား ကလေးတစ်ယောက် လိုသာမြင်သေး၏။ ထို့ကြောင့် chimon အားတခြားသူတစ်ယောက်၏လက်ထဲယုံယုံကြည်ကြည်နှင့်သူမအပ်နိုင်ပါ။
"အာ..ငါလိုက်သွားကြည့်ရင်ကောင်းမလား"
"အမ်..ဟုတ်တယ်။ ဖတ်စ်လိုက်သွားကြည့်ပါလား"
ပုံမှန်ဆိုမသွားဖို့တားမှာဖြစ်သော်လည်းချက်ချင်းသဘောတူလိုက်သည့် အကိုကြီးကြောင့်ဖတ်စ်နည်းနည်းတော့ကြောင်သွားမိသည်။
သို့သော်ညီကိုစိတ်ပူလို့ပဲဟုတွေးကာ chimon နောက်လိုက်လာ၏။
အခန်းထဲတွင်တော့ ဂျင်နှင့်ဘလ်သာကျန်ခဲ့ချေသည်။
"အာ..မင်းနမည်က ဘလ်နော်"
"အမ်..ဟုတ်..ဟုတ်ပါတယ်ဗျ"
ဘလ်တစ်ယောက် ဂျင့်အတွက်သစ်သီးလှီးနေတုန်း ဂျင်မေးလိုက်တာကြောင့် ပြန်ဖြေရ၏။
"အော်..မင်းက ဖတ်စ်တို့နဲ့ခင်တာကြာပြီလား"
"အာ...ဒီနှစ်မှခင်တာပါ"
"မကြာသေးဘူးပဲ။"
"ဟုတ်"
ဘလ်ကပြန်ဖြေရင်း လှီးထားတဲ့သစ်သီးတွေကို ဂျင်စီယူလာပေးသည်။
သို့သော်အနီးနားရောက်မှ ဟိုတကောင့်သားချသွားသည့်အမှိုက်ကိုတတ်နင်းမိပြီး အရှေ့သို့အရှိန်ကာ ဘလ်ပေါ်သို့ပြုတ်ကျသွား၏။
လက်ထဲကပန်းကန်ကတော့လွတ်ကျသွားပြီး သူလည်းတော်တော်တော့အီသွားလေသည်။
သို့သော်ပိုအီသွားသည်က ဂျင်ပင်။ ဒဏ်ရာရထားတဲ့လက်နှင့်လုမ်းဖမ်းပေးလိုက်တာကြောင့် ဂျင်တော်တော်နာသွားပုံရ၏။
"တောင်းး တောင်းပန်ပါတယ် အကို..ကျန်တော်.."
"ရပါတယ်..မင်းဘာဖြစ်သွားသေးလဲ"
"ကျန်တော်ဘာမှမဖြစ်ပါဘူးအကို...ဟိုဟာ..အကို့လက်ကဒဏ်ရာသွေးပြန်ထွက်လာပြီ"
"အာ..."
ဂျင်ကြည့်ရတာနာနေတဲ့ပုံပေါ်တော့ အပစ်မကင်းသလိုခံစားရသည့် ဘလ်လည်း အခန်းထဲကအရံသင့်ထားပေးထားသည့်အရက်ပျံနှင့် ဂွမ်းကိုယူကာ ဂျင်၏ဒတ်ရာရနေနသည့်လက်အားခပ်ဖွဖွယူလိုက်လေသည်။
မတ်အပြုအမှုကြောင့်ကြောင်သွားသော ဂျင်မှာတော့အတ်အားကြောင့းတောင်တောင်လေးငေးကြည့်လာ၏။
"အဆင်ပြေရဲ့လားအကို ကျန်တော်တောင်းပန်ပါတယ်နော်"
ဆေးထည့်ပေးရင်း စကားဆိုလာသည့် အတ်ဟာ ဂျင့်ကိုအားနာနေပုံရ၏။
ဒီလိုလေးအမြဲတမ်းငေးကြည့်နေခွင့်ရရင်ကောင်းမှာပဲ..။
"အကိုကြီးး!!"
.........
up တာကြာနေလို့ိတ်ဆိုးနေကြပြီထင်ပါတယ်။ အခုတလောရေးရမှာပြင်းနေလို့ မရေးဖြစ်တာပါနော်။
နောက်အပိုင်းနည်းနည်းဆိုဇာတ်သိမ်းပါပြီရှင်..
စောင့်ပေးကြတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်နော်
ဘယ်လိုနေသေးလဲ အကို"
"အင်း သက်သာလာပြီ..."
"အင်းး ကျေးဇူးပဲ ဖတ်စ်.."
"ဒါပေါ့"
"ဒီကလေးကတော့"
"အင်း..သွားလေ"
"perth?"
.
.
.
.
"အာ..မင်းနမည်က ဘလ်နော်"
"အမ်..ဟုတ်..ဟုတ်ပါတယ်ဗျ"
"အာ...ဒီနှစ်မှခင်တာပါ"
"မကြာသေးဘူးပဲ။"
"ဟုတ်"
"အာ..."
"အကိုကြီးး!!"
.........