အချိန်တစ်လလောက်ကြာသောအခါ........
"မဟာ....ဒီနေ့ထမင်းချိုင့်မပါဘူးလား"ဟု သူ့ပြည့်အမေးကို
"အေး....ဖေကြီးနဲ့မေကြီးပွဲတက်ရလို့ ငါလည်းလိုက်သွားတာမို့ချိုင့်မပါလာဘူး"
ထိုစဥ် သဲနုငယ်က "ငါတို့နဲ့မျှစားလေ ငါတို့မှာဟင်းတွေအပိုပါတယ် ငါ့အမေလက်ရာကအရမ်းကောင်းတာ"ဟုဆိုတော့ သူမျှစားဖို့ပဲသဘောတူလိုက်တော့တယ်.......
"ဒါနဲ့ စကားမစပ် မင်းတို့ လာဗင်ဒါရေမွှေးသုံးလား ငါသတိထားမိနေတာကြာပြီ လာဗင်ဒါအနံ့ကမွှေးနေတယ်အတန်းထဲမှာ"
သူ့စကားကြောင့် သူ့ပြည့်နဲ့သဲနုငယ်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပြုံးလိုက်ကြသည်......
"အေး...ငါ့ဆီကတော့မဟုတ်ဘူး ငယ်ငယ်ဆီက သူ့အမေက လာဗင်ဒါအရမ်းကြိုက်တော့ သူ့ရေချိုးဆပ်ပြာ ပေါင်ဒါ လိုးရှင်းအကုန်လာဗင်ဒါပဲ အဲ့တာကြောင့်" "အင်း ဟုတ်တယ် ကလေးကနေစွဲသုံးတာဆိုတော့ ငါကအမြဲလာဗင်ဒါအနံ့ထွက်နေတာ မဟာ...မင်းနဲ့အဆင်မပြေလို့လား"ဟု သဲနုငယ်ကတိုးတိုးလေးမေးပြန်တော့သည်......
"မဟုတ်ပါဘူးကွာ ငါသတိထားမိလို့ဒီတိုင်းပဲမေးကြည့်တာပါ ရှိသေးတယ် နောက်သိချင်တာတစ်ခု သဲနုငယ် မင်းကဆံပင်ရှည်ဘာလို့ထားတာလဲ ကျောင်းကထားခွင့်ပေးတယ်လား"
"တမင်ထားတာမဟုတ်ပါဘူး ငါကဆံပင်တိုညှပ်ရင် နေမကောင်းဖြစ်တတ်လို့ အရမ်းရှည်လာရင်တော့ အဖျားလေးတွေတိပေးတယ် လုံးဝအတိုညှပ်ပလိုက်ရင် ငါအသဲအသန်ဖျားရောပဲ" ငါကထူးဆန်းနေတယ်မလားဆိုပြီး ပါးတွေချိုင့်အောင်ရယ်ပြီးမေးပြန်တော့ သူအမှတ်တမဲ့ငေးမိပြန်တယ် ပြောလို့ပြောတာမဟုတ်ဘူး သဲနုငယ်မှာ လှတာတွေကောင်းတာတွေတော်တော်များတယ် ရှေးဘဝဆုတောင်းကောင်းတယ်ပြောရမှာပေ့ဟုစိတ်ထဲတွေးမိနေတော့သည်........
ဖေကြီးကဆေးရုံအုပ်မို့ ရန်ကုန်ကိုပြောင်းရမယ်ဆိုတော့ သူနဲ့အဆင်မပြေဖြစ်သေးတယ်လူစိမ်းဆိုသိပ်မရောတတ်တဲ့သူ့အကျင့်ကြောင့် သူငယ်ချင်းအသစ်တွေနဲ့အဆင်ပြေပ့မလားလို့တွေးပြီး စိတ်ရှုပ်ခဲ့ရသေးတယ် ကံကောင်းတာပါပဲ သဲနုငယ်တို့လိုအေးဆေးပြီး တည်ငြိမ်တဲ့သူတွေနဲ့ခင်မိသေးလို့ ပြီးရင်သူက ဂေးဆိုတဲ့အရာကိုလက်မခံတဲ့သူ တကယ်လို့ပတ်ဝန်းကျင်မှာဂေးတစ်ယောက်သာတွေ့မိခဲ့ရင် စိတ်အလိုလိုတိုပြီး ဒေါသထွက်မိပြန်ရော တွေးကြည့်အူးလေ ဘယ်နယ့်သဘာဝကိုလွန်ဆန်ပြီး မျိုးတူယောက်ျားချင်းချင်း ချစ်ကြသတဲ့ သူ့မှာဂေးအလာဂျစ်ရှိသလိုဖြစ်သွားတဲ့ဖြစ်ရပ်ကိုတွေးပြီး ကျောရိုးကပါစိမ့်သလိုခံစားမိတော့ ပခုံးတွန့်မိသေးတယ်........
ငယ်ငယ်က နယ်မှာကျောင်းတက်တုန်း သူနဲ့အနီးကပ်နေဖူးတဲ့ သူငယ်ချင်းက သူ့ကိုကြိုက်ပြီး ကျောင်းမှာမဟုတ်တမ်းတရားတွေလျောက်ပြောလို့ မန္တလေးကိုပြောင်းရတဲ့ဖြစ်ရပ်ကိုပြန်တွေးမိရင် ဒေါသကပိုထွက်လာမိရော....သူ့အဖေသိက္ခာ သူ့သိက္ခာ မိသားစုအရှက်တွေရှိတယ်မလား ဖေကြီးနဲ့မေကြီးက သူ့လောက်အဖြစ်မသည်းပေမဲ့ သူကအဲ့အချိန်ကနေလုံးဝလက်မခံနိုင်တာမျိုး....အဲ့တာကြောင့် ယောက်ျားလေးသီးသန့်ကျောင်းတောင်မတက်ပဲ မိန်းကလေးတွေပါရှိတဲ့အစိုးရကျောင်းလာတက်တာပေ့ ခုထိတော့အဆင်ပြေပါတယ်....သူနေသားလည်းကျနေပါပြီ စာကိုကြိုးစားပြီးဖေကြီးလို ဆရာဝန်ကောင်းဖြစ်ချင်တယ်ဆိုတဲ့ရည်မှန်းချက်လေးပဲထားပြီးနေတော့ အားလုံးအဆင်ပြေနေပါတယ်
အတွေးလွန်မိနေရင်း မုန့်စားဆင်းချိန်ခေါင်းလောင်းသံကြားရတော့သည်......
ထိုအချိန်မှ ရှေ့မှာ မျက်နှာပျက်ပြီးစကားတိုးတိုးပြောနေတဲ့ သူ့ပြည့်နဲ့သဲနုငယ်ကိုသတိထားမိပြီး
"ဘာဖြစ်နေတာလဲ ဘာအဆင်မပြေလို့လဲ"သူမေးမိတော့...
."မဟာ....ထမင်းစားမို့ခနလေးစောင့်ပေးနော် ငယ်ငယ်နဲ့ငါ သန့်စင်ခန်းသွားလိုက်အူးမယ်.....ရော့....ငယ်ငယ် ငါ့အပေါ်အကျီခါးမျာပတ်လိုက်"
"ဖြစ်ပ့မလားသူ့ပြည့် ပေကုန်ရင်အားနာစရာကြီး"ဟု စကားတွေကြားနေရသော်လည်း ဘာကိုဆိုလိုမှန်းသူနားမလည်ပါ
"ဘာအဆင်မပြေလို့လဲ ငါကူညီနိုင်တာရှိရင်ပြောလေ ငါကူညီပေးမယ် သဲနုငယ်ပုဆိုးဘာဖြစ်လို့လဲ"မေးတော့
"ဟိုလေ.....ဟို.....ဟို"ဆိုပြီးစကားထစ်နေတော့ သူ့ပြည့်က "ငယ်ငယ် အီးယိုမိလို့"ဆိုပြီးဖြေတော့ သူကြောင်ပြီးကြည့်နေမိသည် အထက်တန်းကျောင်းသားက အီးယိုတုန်းလာအတွေးအဆုံးမှာ နားရွက်တွေနီ မျက်နှာတွေနီပြီးထပြေးသွားတဲ့သဲနုငယ်ကိုကြည့်ပြီး အားရပါးရရီမိပြန်တော့သည်.............
ဖတ်တဲ့သူရှိလားဟင် viewက၃ယောက်မြင်တာမို့ ဒီနေ့ပဲ updateပေးလိုက်ပါတယ် plot ကြိုမချထားပါဘူး စိတ်ကူးရသလိုလေးဖတ်ကောင်းအောင်ရေးတာမို့ ဝေဖန်ပေးကြပါအူးနော်
ဆက်စီးမျောပေးပါအူး
အခ်ိန္တစ္လေလာက္ၾကာေသာအခါ........
"မဟာ....ဒီေန႕ထမင္းခ်ိဳင့္မပါဘူးလား"ဟု သူ႕ျပည့္အေမးကို "ေအး....ေဖႀကီးနဲ႕ေမႀကီးပြဲတက္ရလို႔ ငါလည္းလိုက္သြားတာမို႔ခ်ိဳင့္မပါလာဘူး"
ထိုစဥ္ သဲႏုငယ္က "ငါတို႔နဲ႕မွ်စားေလ ငါတို႔မွာဟင္းေတြအပိုပါတယ္ ငါ့အေမလက္ရာကအရမ္းေကာင္းတာ"ဟုဆိုေတာ့ သူမွ်စားဖို႔ပဲသေဘာတူလိုက္ေတာ့တယ္.......
"ဒါနဲ႕ စကားမစပ္ မင္းတို႔ လာဗင္ဒါေရေမႊးသုံးလား ငါသတိထားမိေနတာၾကာၿပီ လာဗင္ဒါအနံ႕ကေမႊးေနတယ္အတန္းထဲမွာ"
သူ႕စကားေၾကာင့္ သူ႕ျပည့္နဲ႕သဲႏုငယ္က တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီးၿပဳံးလိုက္ၾကသည္......
"ေအး...ငါ့ဆီကေတာ့မဟုတ္ဘူး ငယ္ငယ္ဆီက သူ႕အေမက လာဗင္ဒါအရမ္းႀကိဳက္ေတာ့ သူ႕ေရခ်ိဳးဆပ္ျပာ ေပါင္ဒါ လိုးရွင္းအကုန္လာဗင္ဒါပဲ အဲ့တာေၾကာင့္" "အင္း ဟုတ္တယ္ ကေလးကေနစြဲသုံးတာဆိုေတာ့ ငါကအၿမဲလာဗင္ဒါအနံ႕ထြက္ေနတာ မဟာ...မင္းနဲ႕အဆင္မေျပလို႔လား"ဟု သဲႏုငယ္ကတိုးတိုးေလးေမးျပန္ေတာ့သည္......
"မဟုတ္ပါဘူးကြာ ငါသတိထားမိလို႔ဒီတိုင္းပဲေမးၾကည့္တာပါ ရွိေသးတယ္ ေနာက္သိခ်င္တာတစ္ခု သဲႏုငယ္ မင္းကဆံပင္ရွည္ဘာလို႔ထားတာလဲ ေက်ာင္းကထားခြင့္ေပးတယ္လား"
"တမင္ထားတာမဟုတ္ပါဘူး ငါကဆံပင္တိုညွပ္ရင္ ေနမေကာင္းျဖစ္တတ္လို႔ အရမ္းရွည္လာရင္ေတာ့ အဖ်ားေလးေတြတိေပးတယ္ လုံးဝအတိုညွပ္ပလိုက္ရင္ ငါအသဲအသန္ဖ်ားေရာပဲ" ငါကထူးဆန္းေနတယ္မလားဆိုၿပီး ပါးေတြခ်ိဳင့္ေအာင္ရယ္ၿပီးေမးျပန္ေတာ့ သူအမွတ္တမဲ့ေငးမိျပန္တယ္ ေျပာလို႔ေျပာတာမဟုတ္ဘူး သဲႏုငယ္မွာ လွတာေတြေကာင္းတာေတြေတာ္ေတာ္မ်ားတယ္ ေရွးဘဝဆုေတာင္းေကာင္းတယ္ေျပာရမွာေပ့ဟုစိတ္ထဲေတြးမိေနေတာ့သည္........
ေဖႀကီးကေဆး႐ုံအုပ္မို႔ ရန္ကုန္ကိုေျပာင္းရမယ္ဆိုေတာ့ သူနဲ႕အဆင္မေျပျဖစ္ေသးတယ္လူစိမ္းဆိုသိပ္မေရာတတ္တဲ့သူ႕အက်င့္ေၾကာင့္ သူငယ္ခ်င္းအသစ္ေတြနဲ႕အဆင္ေျပပ့မလားလို႔ေတြးၿပီး စိတ္ရႈပ္ခဲ့ရေသးတယ္ ကံေကာင္းတာပါပဲ သဲႏုငယ္တို႔လိုေအးေဆးၿပီး တည္ၿငိမ္တဲ့သူေတြနဲ႕ခင္မိေသးလို႔ ၿပီးရင္သူက ေဂးဆိုတဲ့အရာကိုလက္မခံတဲ့သူ တကယ္လို႔ပတ္ဝန္းက်င္မွာေဂးတစ္ေယာက္သာေတြ႕မိခဲ့ရင္ စိတ္အလိုလိုတိုၿပီး ေဒါသထြက္မိျပန္ေရာ ေတြးၾကည့္အူးေလ ဘယ္နယ့္သဘာဝကိုလြန္ဆန္ၿပီး မ်ိဳးတူေယာက္်ားခ်င္းခ်င္း ခ်စ္ၾကသတဲ့ သူ႕မွာေဂးအလာဂ်စ္ရွိသလိုျဖစ္သြားတဲ့ျဖစ္ရပ္ကိုေတြးၿပီး ေက်ာရိုးကပါစိမ့္သလိုခံစားမိေတာ့ ပခုံးတြန့္မိေသးတယ္........
ငယ္ငယ္က နယ္မွာေက်ာင္းတက္တုန္း သူနဲ႕အနီးကပ္ေနဖူးတဲ့ သူငယ္ခ်င္းက သူ႕ကိုႀကိဳက္ၿပီး ေက်ာင္းမွာမဟုတ္တမ္းတရားေတြေလ်ာက္ေျပာလို႔ မႏၱေလးကိုေျပာင္းရတဲ့ျဖစ္ရပ္ကိုျပန္ေတြးမိရင္ ေဒါသကပိုထြက္လာမိေရာ....သူ႕အေဖသိကၡာ သူ႕သိကၡာ မိသားစုအရွက္ေတြရွိတယ္မလား ေဖႀကီးနဲ႕ေမႀကီးက သူ႕ေလာက္အျဖစ္မသည္းေပမဲ့ သူကအဲ့အခ်ိန္ကေနလုံးဝလက္မခံနိုင္တာမ်ိဳး....အဲ့တာေၾကာင့္ ေယာက္်ားေလးသီးသန့္ေက်ာင္းေတာင္မတက္ပဲ မိန္းကေလးေတြပါရွိတဲ့အစိုးရေက်ာင္းလာတက္တာေပ့ ခုထိေတာ့အဆင္ေျပပါတယ္....သူေနသားလည္းက်ေနပါၿပီ စာကိုႀကိဳးစားၿပီးေဖႀကီးလို ဆရာဝန္ေကာင္းျဖစ္ခ်င္တယ္ဆိုတဲ့ရည္မွန္းခ်က္ေလးပဲထားၿပီးေနေတာ့ အားလုံးအဆင္ေျပေနပါတယ္
အေတြးလြန္မိေနရင္း မုန့္စားဆင္းခ်ိန္ေခါင္းေလာင္းသံၾကားရေတာ့သည္......
ထိုအခ်ိန္မွ ေရွ႕မွာ မ်က္ႏွာပ်က္ၿပီးစကားတိုးတိုးေျပာေနတဲ့ သူ႕ျပည့္နဲ႕သဲႏုငယ္ကိုသတိထားမိၿပီး
"ဘာျဖစ္ေနတာလဲ ဘာအဆင္မေျပလို႔လဲ"သူေမးမိေတာ့...."မဟာ....ထမင္းစားမို႔ခနေလးေစာင့္ေပးေနာ္ ငယ္ငယ္နဲ႕ငါ သန့္စင္ခန္းသြားလိုက္အူးမယ္.....ေရာ့....ငယ္ငယ္ ငါ့အေပၚအက်ီခါးမ်ာပတ္လိုက္" "ျဖစ္ပ့မလားသူ႕ျပည့္ ေပကုန္ရင္အားနာစရာႀကီး"ဟု စကားေတြၾကားေနရေသာ္လည္း ဘာကိုဆိုလိုမွန္းသူနားမလည္ပါ
"ဘာအဆင္မေျပလို႔လဲ ငါကူညီနိုင္တာရွိရင္ေျပာေလ ငါကူညီေပးမယ္ သဲႏုငယ္ပုဆိုးဘာျဖစ္လို႔လဲ"ေမးေတာ့
"ဟိုေလ.....ဟို.....ဟို"ဆိုၿပီးစကားထစ္ေနေတာ့ သူ႕ျပည့္က "ငယ္ငယ္ အီးယိုမိလို႔"ဆိုၿပီးေျဖေတာ့ သူေၾကာင္ၿပီးၾကည့္ေနမိသည္ အထက္တန္းေက်ာင္းသားက အီးယိုတုန္းလာအေတြးအဆုံးမွာ နား႐ြက္ေတြနီ မ်က္ႏွာေတြနီၿပီးထေျပးသြားတဲ့သဲႏုငယ္ကိုၾကည့္ၿပီး အားရပါးရရီမိျပန္ေတာ့သည္.............
ဖတ္တဲ့သူရွိလားဟင္ viewက၃ေယာက္ျမင္တာမို႔ ဒီေန႕ပဲ updateေပးလိုက္ပါတယ္ plot ႀကိဳမခ်ထားပါဘူး စိတ္ကူးရသလိုေလးဖတ္ေကာင္းေအာင္ေရးတာမို႔ ေဝဖန္ေပးၾကပါအူးေနာ္
ဆက္စီးေမ်ာေပးပါအူး