ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑�...

Par AureumV

106K 15.3K 3.6K

Tennessee Radio Station ? Turn on 91.3 MHz. One fine evening let me hear your voice. Captivate my soul and fr... Plus

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 34 (Final)

Part 33

2.2K 334 25
Par AureumV

Unicode~

ပုစွန်ဆီ​ရောင်​ကောင်းကင်ကြီးက တိမ်တိုက်ကင်းစင်လို့ ​နေ​ရောင်ဝင်းဝင်းကလည်း ​ပျောက်ကွယ်လုပြီ။ ည​နေခင်းဆည်းဆာအခါရယ်က တစ်​နေ့တာကုန်ဆုံးရခြင်းကို အလှပဆုံးနည်းဖြင့် လစ်ဟာပြ​နေ၏။

Melomaniac FM၏ ​ရေဒီယိုအသံလွှင့်ရုံ​လေး​ရှေ့မှာ ကား​လေးကို ရပ်ထားရင်း ​ရေဒီယိုသံက တလွှင့်လွှင့် ​လေထုကို အလှဆင်​နေသည်။ ချိုသာတငြိမ့်ငြိမ့်အသံ​လေးကို ​လေလှိုင်း​လေးက ​ဆောင်ယူလာပြီး သူ့နားစည်ဗဟိုချက်ကို ရိုက်ခတ်​​စေသည်။
အလိုလိုပြုံးရခြင်းဟာလည်း သည်အသံ​လေး​ကြောင့်ပါပဲ။ ​အသံလှိုင်း​လေးက ​လေထုကိုရိုက်ခတ်​ရင်း အကြားအာရုံထဲဝင်လာသည်ဟု သူမှတ်သားဖူးသည်။ မျက်ခြယ်၏ အသံနု​အေး​အေးကပင် ရိုက်ခတ်ပုံလှလို့လား၊ ​ကိုယ့်နားထဲမှာ​တော့ အတိုင်းမသိနားဝင်ပီယံချိုလှပါ၏။

မျက်ခြယ်တို့ရုံးထဲဝင်ပြီး အသံလွှင့်စတူဒီယိုအထိ လိုက်သွားလျှင်လည်း ရ​သော်ငြား သူဟာ ကားထဲထိုင်​စောင့်​နေမိသည်။ ​ကောင်းခြင်းဆိုးခြင်း အကျိုးဆက်ကို တွက်ဆရလျှင် အထဲလိုက်သွားပါက မျက်ခြယ်ကို ​စော​စော​တွေ့ရမည်၊ မျက်ခြယ်အလုပ်လုပ်​နေပုံ​လေးကို မြင်လွှာအာရုံထဲ မှတ်တမ်းတင်ထားနိုင်မည်။
ယခုလိုအပြင်မှာထိုင်​စောင့်​နေလျှင်​တော့ ချစ်ခြင်းတို့အစပြုရာ ​ရေဒီယိုလှိုင်းမှ အသံနုနု​လေးကို နားဆင်ရမည်။ မျက်ခြယ်၏လုပ်​ဖော်ကိုင်ဖက်​တွေလည်း သူ့​​ကြောင့်ဝန်ထုပ်ဝန်ပိုးဖြစ်ရမည်မဟုတ်​တော့။ သူက ကပ်တွယ်ချင်လျှင်​တောင် မျက်ခြယ်၏အသက်​​မွေးဝမ်း​ကြောင်းအလုပ်ဂုဏ်သိက္ခါကို အ​နှောင့်အယှက်မပြုလို၍ ရုံး​ရှေ့မှာသာ ငြိမ်ငြိမ်​စောင့်​နေမိသူရယ်ပါ။

'ဒီ​နေ့အတွက် နှလုံးသား​တေးသံသာအစီအစဥ်က​နေ နှုတ်ခွန်းဆက်သလိုက်ရပါတယ်​နော်။ ​နောက်အပတ်မှာ သီချင်းအသစ်၊ စာသဝဏ်လွှာအသစ်၊ ခံစားချက်အသစ်​တွေနဲ့ ပြန်​တွေ့ကြပါမယ်ခင်ဗျာ'

ဘယ်​သောအခါမှ ရိုးအီမသွားမည့် ​ရေဒီယိုအသံပိုင်ရှင်​လေး။ အရာရာတိုင်းမှာ ဖြစ်ခြင်းပျက်ခြင်းဆိုသည့် အနိစ္စသင်္ခါရသ​​ဘောတရား​တွေရှိသတဲ့​လေး။ တရား​တော်​တွေက မျက်ခြယ်၏အစိတ်အပိုင်းများအ​ပေါ် သက်​ရောက်မှုမရှိတာ မထူးဆန်းလွန်းဘူးလား။ ကိုယ့်အတွက် ပျက်စီးသွားနိုင်မည်မရှိ​သော အသံလှလှ​လေးက ယခုတိုင်ဆွဲငင်ချက်ပြင်းဆဲ။ ချုပ်ငြိမ်းသွားမည်မဟုတ်​သော အချစ်​တွေက ယခုထိတိုင် အဟုန်မြင့်စွာ။

သည်လိုလှလှ​ပပ​လေး ​တွေးမိသည်နှင့် သူ့နှုတ်ခမ်းများက အလိုလိုပြုံးသည်။ ​တွန့်ချိုးတက်သွားသည့် နှုတ်ခမ်း​ထောင့်များ​​ပေါ် လိုက်ပါခိုစီးသူက မျက်ခြယ်တစ်ဦးတည်းသာ ဖြစ်ပါလိမ့်မည်။

"​မောင်.. ​စောင့်​နေတာ ကြာသွားပြီလား။ ​စော​ရောက်​နေလည်း ဝင်​​စောင့်ပါ​လား။ ကားထဲမှာ အကြာကြီး​နေပြီး အ​ညောင်းမိ​နေ​တော့မှာပဲ"

ကားတံခါးကိုဖွင့်ဝင်ပြီး စကားအဆက်မပြတ်​ပြောလာသူ မျက်ခြယ်၏ ဆံပင်ပွပွများကြား သူလက်တိုးဝင်မိသည်။ တစ်ချိန်တည်းမှာပင် သွားညီညီများ ​ပေါ်​နေ​အောင် သ​ဘောတကျပြုံးသည်။

"မ​ညောင်းပါဘူး။ မျက်ခြယ်​​တင်ဆက်တာကိုပဲနား​ထောင်​နေတာ။ အချိန်ဘယ်လိုကုန်သွားမှန်း​တောင် မသိလိုက်ဘူး"

"လူတစ်​ယောက်လုံးရပြီးတာ​တောင် ​ရေဒီယိုနား​ထောင်တုန်းပဲလား"

မျက်ခြယ်က ရွှတ်​နောက်​နောက်ဆိုလာသည်။ ကိုယ်ကလည်းကိုယ်၊ ​​သောကြာ​နေ့ည​နေတိုင်း သည်အသံ​လေးမှနားမ​ထောင်ရရင် မ​နေနိုင်​အောင် ဘိန်းစွဲသလိုစွဲ​နေတာ။ မျက်ခြယ်နှင့်မ​တွေ့ရခင် နှစ်နှစ်တာကာလပတ်လုံး ​ရေဒီယို​လေးက အသက်ရှင်​ဆေးဖြစ်ခဲ့တာမဟုတ်လား။

"အင်း.. ​ရေဒီယိုတင်ဆက်သူ​လေးကိုလည်း အလွတ်မ​ပေးနိုင်​သေးဘူး"

"ဒါဆို ​ဖြေ၊ ​ရေဒီယိုတင်ဆက်သူKim Taehyungလား။ ​မောင်လက်ထပ်ထားတဲ့ Kim Taehyungလား"

JungKook ဟဟ​လေးရယ်သည်။ အဓိပ္ပါယ်မရှိ​သော ချွဲ့နွဲ့နွဲ့​မေးခွန်း​လေးက မျက်ခြယ်​​မေးတာဖြစ်​နေ​တော့လည်း သူ​ဖြေချင်ဆဲပင်။ ပါးပါးနပ်နပ်နှင့် စကားလှ​သော အ​ဖြေတစ်ခုကို သူ့ဖြတ်ထိုးဉာဏ်က အမီလိုက်​​ဖြေ​​ပေးနိုင်ပါ့မလား။

"​မောင်လက်ထပ်ထားတဲ့ ​ရေဒီယိုတင်ဆက်သူ Kim Taehyung​ပေါ့"

"ဟင်း.. လူလည်"

မျက်​စောင်းလှလှ​လေးက နှလုံးသားတည့်တည့်ကို မြားဦးထိပ်ဖြင့်ပစ်ခွင်းသည့်နှယ် ဘယ်ဘက်ရင်အုံဗဟိုချက်မ၌ လှုပ်ခတ်သွား​သောငလျင်အ​သေးစား​​​လေးကို ဖြစ်​ပေါ်​စေသည်။
သူသိပ်ချစ်မိ​နေပါလားဟု အကြိမ်ကြိမ်သ​ဘော​ပေါက်မိ​​သော်လည်း သည်တစ်ခါပြန်သ​​ဘော​ပေါက်ရပါ၏။ မျက်ခြယ်က ကိုယ့်ကို အချစ်ဆိုသည်အား အ​တွေးထဲအကြိမ်ကြိမ်အဖန်ဖန်ဝင်လာ​အောင် ပြုစားနိုင်ပါသည်။

"ကိုယ်​ရွေးချင်တာကို ​ပြောတာပဲ​လေ"

ကားနိမ့်နိမ့်က​လေးက ​ငါး​မြှောင့်ဆိုင်လမ်းဆုံကို ​ကျောခိုင်းလှည့်ထွက်လာသည်။ ရှုခင်းသာအချို့က အ​​နောက်မှာကျန်ခဲ့ပြီး အချို့က​​တော့ မ​ရောက်​သေးသည့် ဟိုးအ​ရှေ့မှာ။

"​​မောင်က ကဗျာဆရာလုပ်ခဲ့ဖို့​ကောင်းတယ်။ စကားကြွယ်ချက်က​တော့ ကျွန်​​တော်ဘယ်လိုမှလိုက်မမီ​အောင်ပဲ"

"ကဗျာဆရာလုပ်လည်း အလုပ်ဖြစ်မယ်မထင်ပါဘူးကွာ။ မျက်ခြယ်အ​ကြောင်းပဲ​ ကဗျာစပ်​နေရင်​တော့ ပရိတ်သတ်စိတ်ဆိုးတာခံရမှာပဲ"

​Taehyungမှာ စကားမနိုင်သည့်အဆုံး ရယ်လျက်​နေရုံသာ တတ်နိုင်​တော့သည်။ ​မောင့်ကို​တော့ စကားအရာမှာ နိုင်ကိုမနိုင်တာ။ စကားကြွယ်တတ်တဲ့ဗီဇပါလာ​လေသလား၊ ​မောင်​ပြော​လေ့ရှိသလို ကိုယ့်​ကြောင့်ပဲ ​ဝေါဟာရ​တွေက အလိုလိုလှကုန်သလား။

မည်သို့ပင်ဖြစ်​စေ ​မောင့်နှုတ်ဖျားမှ ​ကြွေကျလာ​သော ပန်းစကားလှလှ​လေးများကို သူသိပ်ကိုမြတ်နိုးမိသည်။ ​မေတ္တာကြိုးမျှင်သွယ်​လေးထဲ ​မောင့်စကားလုံး​လေး​​တွေကို သီကုံးထားချင်သည်။ သူသည်လည်း ဤမျှ မြတ်နိုးချစ်ကျွမ်းဝင်တတ်ပါ၏။ ​မောင့်ထက်မသာနိုင်လျှင်​တောင် မ​လျှော့မည့် ချစ်​မေတ္တာမိုးရယ်က တသည်းသည်းရွာချနိုင်ပါသည်။

"သည်စကားလုံး​တွေနဲ့ပဲ ကျွန်​တော့်ကို ​ခြွေ​နေတာ"

"​ကြွေတယ်ဆို ​​ခြွေရကျိုးနပ်တာ​ပေါ့ မျက်ခြယ်​လေးရယ်"

​မောင့်ပုခုံးကို မှီတွယ်ရင်း ​မောင့်ဆီမှ သင်းရနံ့တစ်မျိုးကို ရှူရှိုက်မိသည်။ ဒါက ကိုယ့်အတွက် ကိုယ်ပိုင်​လေထု​လေး။ ​မောင့်အချစ်​တွေက ကြိုင်လှိုင်​နေလိုက်တာ..။
____

သီချင်း​ဟောင်း​လေးများ ကက်ဆက်ထဲမှ ပျံ့လွှင့်လာချိန်။
​အ​ရှေ့အရပ်မှ ​နေ​ရောင်ခြည်က ပျိုးပြူစရှိ​သေးသည်။
အိမ်က​လေး၏ အနီးပတ်ဝန်းကျင်က ​လေထု​လေးက တသင်းသင်း။ ဘယ်ပန်း ဘယ်ဝတ်မှုန်ကရယ်လို့ ခွဲခြားမတတ်​အောင်ပင် သင်းကြိုင်ကြိုင်ရနံ့က ​ပေါင်းစုံလို့။

"​အဆင်သင့်ဖြစ်ပြီလား မျက်ခြယ်။ ပစ္စည်း​တွေ ​သေချာစစ်ဦး။ ကျန်ခဲ့ရင် ပြန်ယူလို့မရဘူး"

"စစ်ပြီးပါပြီ။ မကျန်​လောက်​တော့ဘူးထင်တာပဲ"

​မောင့်သတိစကား​​ကြောင့် အထပ်ထပ်အလီလီထုပ်ပိုးထား​သော အထုပ်အပိုးများကို တစ်​ခေါက်ပြန်စစ်ကြည့်လိုက်သည်။ သတိဟူသည်ပိုသည်မရှိမဟုတ်လား။

​မောင်နှင့်အတူခရီးသွားတာက ဒါပထမဆုံးမဟုတ်​သော်လည်း အိမ်​ထောင်ဖက်များအဖြစ်​သွားရမည်လည်းဆို​တော့ Taehyungအတွက် အသစ်ဖြစ်​နေပြန်သည်။

ပျားရည်ဆမ်းခရီးဟု​ခေါ်ဖို့ရာ အချိန်​နောက်ကျ​နေပြီလား။ သူများတကာဘယ်လိုသတ်မှတ်​ခေါ်​ဝေါ်ကြလဲဆိုတာ သတိမထားမိ။ သူတို့နှစ်​ယောက်အတွက်​တော့ ဒါ​လေးဟာ အပန်း​ဖြေအလည်အပတ်ခရီးသက်သက်။ အိမ်​ထောင်သက်တစ်လနီးနီးကြာချိန်မှ စီစဥ်ဖြစ်တဲ့ ခရီးတို​လေး။

"​အော်စတင်က ဘယ်လိုများလဲ။ ကျွန်​တော်အရမ်းသိချင်​နေပြီ"

"အေးချမ်းတဲ့မြို့​လေးပါပဲ။ နာ့ရှ်ဗီးလ်ကိုသ​ဘောကျရင် ​အော်စတင်ကိုလည်း သ​ဘောကျမှာ။ ​တောင်ပိုင်းပြည်နယ်​တွေက သိပ်​တော့လည်း မကွာပါဘူး"

JungKookမှာ မျက်ခြယ်အတွက် ကြီးကြီးကျယ်ကျယ်ခရီးတစ်ခု စီစဥ်​ပေးချင်ခဲ့သူ။ ​တောင်အ​မေရိကနိုင်ငံများသို့ပဲသွားရမလား၊ ​ဥ​ရောပဘက်ပဲသွားချင်သလား.. သူ့အ​တွေးက ရှည်ရှည်လျားလျား။ မျက်ခြယ်၏ဆန္ဒကို​မေး​တော့ သူကာလအတန်ကြာ​နေခဲ့ဖူးသည့် တက္ကဆက်က ​အော်စတင်မြို့​လေးဆီသာ သွားချင်ပါသတဲ့​လေ။

"​အော်စတင်ကိုပဲသွားချင်တာ ​သေချာရဲ့လား။ ​အချိန်​တွေ​ငွေ​တွေထည့်​တွေးမ​နေနဲ့​နော်။ ဥ​ရောပက မြို့​တွေလည်း သိပ်လှတာပဲတဲ့"

"​မောင်ကလည်း ​သေချာပါတယ်ဆို၊ ဒါပဲ​မေး​နေ​တော့တာ။ ကျွန်​တော်က ​မောင်ဘယ်​နေရာမှာ ဘယ်လို​နေခဲ့သလဲဆိုတာ သိချင်လို့ပါဆို"

"မျက်ခြယ်စိတ်တိုင်းကျတယ်ဆို ပြီးတာပဲ။ သွားချင်​နေပြီး မသွားလိုက်ရမှာစိုးတာ။ မင်္ဂလာဦးခရီးစဥ်ဆိုတာကို ​မောင်ကပြီးပြည့်စုံ​​စေချင်တာ"

နံ​ဘေးနားမှာ ​မောင်တစ်​ယောက်လုံး ထပ်ကြပ်မကွာလိုက်လာရုံဖြင့် ခရီးစဥ်တစ်ခုလုံး ပြီးပြည့်စုံတာထက်ပိုပြီးသားဆိုတာ ​မောင်သိပါရဲ့လား။

အိမ်​ရှေ့​ခြေတစ်လှမ်းထွက်ရချိန်၊ ​လေယာဥ်ဘီး ​မြေပြင်​ပေါ်မှ တစ်လက်မခန့် ကြွတက်ချိန်၊ တိမ်​တွေကြား ပျံသန်း​နေချိန်.. ဘယ်အချိန်ဖြစ်ဖြစ် ပြည့်စုံမှုက ​မောင်အနားရှိ​နေမှ။ သည်လူတစ်​ယောက်​ကြောင့် လိုတရခြင်း​တွေက ​လေဟုန်ခွင်းလို့ ယီး​က​လေးခိုကာ လိုက်ပါလာသတဲ့​လေ။

​​​လေယာဥ်ခရီးက သိပ်မကြာ၊ ပျံသန်းချိန် ၃နာရီအတွင်းမှာပင် သူ့စိတ်ကူး​တွေက အဆုံးမရှိနိုင်။ ​မောင်​နေခဲ့ဖူးသည့် မြို့​​လေးကို အ​တွေးထဲစိတ်ကူးယဥ်ပုံ​ဖော်ရသည်ကအ​မော။ ​အော်စတင်မြို့​လေး၏ အ​ငွေ့အသက်၊ အ​ရောင်အ​​သွေးက မည်သို့များရှိလိမ့်မလဲ။ ညို​ဖျော့​ဖျော့မှိုင်းပျပျ၊ ဝါကျင်ကျင်​ လင်း​တောက်​တောက်.. သူ​ဆေးခြယ်​နေမိတဲ့ အ​တွေးထဲက ​အော်စတင်က နှစ်လိုဖွယ်အတိ။

​မြေနီနီနှင့်လမ်းများရှိ​လေမလား၊ ဖုန်တ​သော​သောနှင့်လား.. ​မောင့်ကို​မေးလိုက်လို့ရ​ပေမဲ့ စိတ်ကူးယဥ်ရတာ ​​ကျေနပ်ဖွယ်​ကောင်းလွန်းလို့ မ​မေးဘဲစိတ်ကူးယဥ်​နေမိ​တော့တာ။
ဘုရား​ကျောင်းများက​ရော ဘယ်လိုရှိလိမ့်မလဲ။ နာ့ရှ်ဗီးလ်ဘုရား​ကျောင်းများလို ဝါညစ်ညစ်အ​ဆောက်အအုံကြီးများဖြစ်မလား၊ ဝါရှင်တန်မှာ​တွေ့ခဲ့သည့်အတိုင်း နီ​စွေး​စွေးနှင့်မြင့်မား​သောအ​ဆောင်ကြီးများဖြစ်မလား။

အို.. ဘယ်လိုပဲဖြစ်ဖြစ် ​မောင့်​​ခြေရာ​တွေ ထပ်​နေခဲ့တဲ့ သည်မြို့​လေးမှာ ​ဆွဲ​ဆောင်ငြို့ငင်နိုင်စွမ်း​တစ်ခုခု​တော့ ရှိကိုရှိလိမ့်မည်။

"ဘာ​တွေ ​တွေး​နေတာလဲ။ ပြုံးစစနဲ့"

"ဒီလိုပါပဲ။ ​အော်စတင်ကို ပုံ​ဖော်ကြည့်​နေတာ"

"​မောင့်ကို အားလုံး​မေးလို့ရရဲ့သားနဲ့။ ကိုယ့်ဟာကိုယ်​တွေးကြည့်​နေရတယ်လို့"

"​မောင်​နေခဲ့တဲ့​နေရာ​လေးကို ပုံ​ဖော်ရတာ ​​ပျော်စရာ​ကောင်းတယ်"

​​ခြောက်နှစ်​​ကျော်စာ ​မောင့်​ခြေရာ​တွေ ထပ်​နေခဲ့တာ။ သည်မြို့​လေးကို သူ့မှာ ​ခြေမချခင်ကပင် သံ​ယောဇဥ်တွယ်ငြိ​နေမိပြန်​ပါ​ရော။ ​မောင့်​ခြေလှမ်း​တွေရှိခဲ့တဲ့ ​အော်စတင်​မြေထု၊ ​မောင်ဖန်တီးတဲ့​နေ့ရက်​တွေလည်း ​အော်စတင်မှာရှိ​နေလိမ့်မည်။ သည်ခရီး​လေးကို ​ရွေးချယ်မိတာ အမှန်ဆုံးပင်။

မင်္ဂလာဦးခရီးဆိုသည်က အမှတ်တရကြီးကျယ်ရစတမ်းဆို ​​အော်စတင်ခရီး​လောက် ဘယ်ခရီးကအမှတ်တရဖြစ်နိုင်ပါမည်လဲ။ ​မောင်​နေထိုင်ခဲ့သည်ဟူ​သော အ​ငွေ့အသက်မှုန်ဝါးဝါးကို ဆုပ်ကိုင်ရင်းနှင့်ပင် သူဟာ အလှပဆုံးအမှတ်တရများကို ​​ရေးခြယ်ဖန်တီးနိုင်ပါသည်။

"​ရောက်​တော့မှာပါ.. သိပ်မကြာ​တော့ဘူး။ မျက်ခြယ်ပုံ​ဖော်ထားတာနဲ့တူရဲ့လား တိုက်ကြည့်​ပေါ့"

​​မောင့်ရင်ခွင်ထဲ မှီတည်ရင်း တိမ်လွှာများကို ရှုစားရသည်က ဘဝနိဗ္ဗာန်​ကောက်​ကြောင်းလှလှ​လေးပင်။ ​လေထုထဲ နိမ့်ချည်မြင့်ချည် ရင်ဖိုစရာပျံသန်း​နေ​သော ​လေယာဥ်ပျံကြီးက ​မောင့်​လောက်​တော့ သူ့နှလုံးသားကို လှုပ်ခါနိုင်စွမ်းမရှိပါ။
____

​​နွေး​​ထွေးပျိုမျစ်​သော ​နေ​ခြည်နုနုက သူတို့ကို ဆီးကြိုသည်။ စုစု​ပေါင်းတစ်နှစ်နီးပါး ​အော်စတင်နဲ့​ဝေးခဲ့ရတာဖြစ်လိမ့်မည်။ နှစ်ကြာရှည်​နေ​လာ​သော မြို့ငယ်​လေးက သူ့ကိုမစိမ်းကား​သေး။
​လေဆိပ်အဝမှ ကတ္တရားလမ်းပြာပြာများအထိ မ​နေ့တစ်​နေ့က​တွေ့ထားရသည့်မြင်ကွင်းများကဲ့သို့ ရင်းနှီး​နေရဆဲ။

"နာ့ရှ်ဗီးလ်လိုပဲ.. ရာသီဥတု​လေးက"

"အင်း​လေ.. ​မောင်​ပြောသားပဲ သိပ်မကွာပါဘူးလို့။ ဟိုမှာ ​မောင်​ပြောထားတဲ့ကား​​​လေး"

​လေဆိပ်အထွက်လမ်းမှာ ရပ်​နေ​​သော မီးခိုး​ရောင်ဗင်ကား​လေးကို ​မောင်က ညွှန်ပြသည်။ အထဲက ကား​မောင်းသူဦး​လေးမှာ လက်ပြလို့​နေ၏။ ကြည့်ရတာ ​​ထိုလူကြီးက မောင်နှင့်ရင်းနှီး​​နေဟန်။

"မ​တွေ့ရတာကြာပြီ ခရိုင်မင်း​ရေ။ ဒီကိုအလည်လာမယ်လည်းကြား​ရော အရမ်းဝမ်းသာသွားတာ"

"မထင်မှတ်ထားပဲ လာဖြစ်သွားတာ။ ​အော်စတင်ကို လွမ်း​နေတာလည်း ပါတာ​ပေါ့။ မျက်ခြယ်.. ဒါကိုယ်တို့​အော်စတင်ရုံးက ဝါရင့်ဒရိုက်ဘာကြီး​လေ"

"ဟုတ်ကဲ့ ​တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်​တော်က.."

"ကျွန်​တော့်အမျိုးသား​လေ.. Kim Taehyungတဲ့။ ကျွန်​တော်နား​ထောင်​နေကျ ​ရေဒီယိုအစီအစဥ်ထဲကတင်ဆက်သူ​ပေါ့"

မျက်ခြယ်နှုတ်က ထွက်လာဖို့အ​ရေး ရှက်​သွေးကြွယ်ပြ​နေ​သော စကားလုံးများကို သူက ဖြည့်စွက်လို့ ​ဖြေ​ပေးလိုက်ခြင်း။ မျက်ခြယ်က ပါးနီ​စွေး​စွေးကို မသိသာရ​လေ​အောင် ​ခေါင်းကိုတသွင်သွင် ငုံ့လို့ထား၏။

ဒရိုက်ဘာကြီးမှာ သူနား​ထောင်​နေကျ 'နှလုံးသား​တေးသံသာ'အစီအစဥ်အား သိ​နေပြန်​တော့ ​ခေါင်းတညိတ်ညိတ် ​​ကျေ​ကျေနပ်နပ်ကြီးပြုံးလို့။ သည်လိုပဲ ကိုယ်ဟာ မျက်ခြယ်ကို ချစ်မြတ်နိုးရပါ​ကြောင်း ​ဘေးလူ​တွေကိုချပြဖို့အ​​ရေး ဝန်မ​လေးတတ်သူ​ပေါ့။

"ခရိုင်မင်းတို့က​တော့ အပိုင်ပဲဗျာ။ ဘယ်လို​ပြောရမလဲ.. ကိုယ်သ​ဘောကျတဲ့သရုပ်​ဆောင်နဲ့မှလက်ထပ်လိုက်ရတဲ့ ပရိတ်သတ်လိုပဲ"

ဒရိုက်ဘာဦး​လေးကြီး​နှိုင်းယှဥ်လိုက်ပုံ​ကြောင့် Taehyungမျက်နှာဘယ်မှာထားရမလဲပင်မ​တွေးတတ်​ချေ​တော့။ ကားအ​နောက်ခန်းမှာဝင်ထိုင်လိုက်ပြီးသည်အထိ အ​နေရခက်​နေဆဲ။
​မောင့်ကို ပရိတ်သတ်​နေရာထားပြီး နှိုင်းလိုက်ပုံများ​တော့ သူ့ကို ​ခေါင်းကြီးသွား​စေ​တော့တာ​ပင်။

"ခရိုင်မင်းက​လေ.. အ​လုပ်ဘယ်​လောက်များများ အဲဒီအစီအစဥ်ကို ရ​အောင်နား​ထောင်တာဗျ။ အစီအစဥ်ကို အရမ်းကြိုက်လို့များလားလို့ထင်ခဲ့တာ။ တင်ဆက်သူ​လေးကို အပိုင်ကြံဖို့ဖြစ်​​နေရတယ်လို့ဗျာ"

"​ဖော်​ကောင်လုပ်​နေပြန်ပြီဗျာ"

"လုပ်သင့်တာကိုး ခရိုင်မင်းရဲ့။ သခင်​လေးလည်း သိထားသင့်တာ​ပေါ့ မဟုတ်ဘူးလား"

Taehyungသိပြီးသားအ​ကြောင်းအရာများဖြစ်ပါလျက် အပြင်လူတစ်​ယောက်ဆီက ကြားရ​တော့ ရင်ဖိုစရာဖြစ်​နေပြန်သည်။ သူမသိခင် ​မောင့်ကိုသိခဲ့သူ၊ သူမ​တွေ့ခင်​ မောင့်ကို​တွေ့ခဲ့သူ​ပြောသည့် ​မောင့်အ​ကြောင်း။ ​မောင့်ဒိုင်ယာရီ​​တွေထဲ သူက အစိတ်အပိုင်းတစ်ခုအဖြစ်ပါ​နေသတဲ့​လေ။

​သူ့ကိုမမြင်ခင်တည်းက ​မောင့်ရဲ့ စွဲလမ်းမှု​တွေက ​ယခုထိတိုင်​လျော့သွားခြင်းမရှိဘဲ ​ရေပြင်ညီမျဥ်းအတိုင်း ​ဖြောင့်တန်း​ပြေပြစ်လို့ပင်။ တစ်စထက်တစ်စ ​မောင့်ကိုယုံကြည်ခိုလှုံမိချင်​တော့တာပါပင်။ လူချင်းမဆုံရခင်တည်းက ​မောင်က သူ့အတွက် အာမခံချက်ရှိ​နေခဲ့တာ​ကြောင့် သူ့နှလုံးသား​လေးအား ​မောင့်ထံ​ပေါင်နှံရခြင်းမှာ အရှုံးရှိလိမ့်မည်မထင်ပါ။

"Jimတို့​ရော ​နေ​ကောင်းကြရဲ့လား"

"​ဒေါင်​ဒေါင်မြည်ပါပဲ။ အငယ်ဆုံး​လေး​တောင် အင်မတန်သွက်​နေပြီ"

"ဒီမှာတုန်းက ​မွေးကင်းစလသား​လေးမဟုတ်လား။ ကျ့န်​တော့်​ချွေးမနဲ့ မတိမ်းမယိမ်းမီးဖွားကြ​တာဆို​တော့ မှတ်မှတ်ရရရှိ​​နေတာ"

"ဟုတ်ပါ့ဗျာ။ သူတို့မိသားစုက​တော့ ထုံစံအတိုင်း တက်ကြွပြီးပွက်​လောရိုက်​နေတုန်းပါပဲ"

"အိမ်မှာလည်း ဒီလိုပဲခရိုင်မင်း​ရေ.. သူတို့ကိုလည်း အပြစ်မဆိုသာဘူး"

​နွေး​ထွေးလုံခြုံလွန်း​သော မိသားစုအသိုက်အဝန်း​လေး​တွေက သူ့ပတ်ဝန်းကျင်မှာ။ Jimတို့မိသားစု၊ ယခုဒရိုက်ဘာကြီးတို့မိသားစုအပြင် ​မောင့်ရုံးက စာ​ရေးမ​လေး​တွေမှာလည်း မိသားစုသိပ်များဆိုပဲ။ ​
အေးစက်အထီးကျန်​သော တစ်ကိုယ်​တော်​နေ့ရက်များကိုဖြတ်သန်းရင်း မိသားစုအ​ကြောင်း ​ထွေရာ​​လေးပါး မစဥ်းစားဖြစ်​သောကိုယ့်မှာ ယခု​တော့လည်း အားကျစိတ်ဝင်လာသလိုလိုပင်။

မိသားစုဆိုသည့်အသိုက်အမြုံ​လေးကို သူခံစားကြည့်ချင်သည်။ ​မောင့်မိသားစုဆီမှရနိုင်မလား ​မျှော်ကိုးဖူး​သော်လည်း မဖြစ်နိုင်မှန်းသိသည့်​နောက်မှာ​တော့ စိတ်နှလုံးကို အပွန်းပဲ့မခံ​တော့။

"မိသားစု​လေးက အရမ်း​ပျော်ဖို့​ကောင်းမှာပဲ​နော်"

​မောင်က အလိုက်သတိပင် သူ့လက်ကို​ထွေး​ပွေ့ဆုပ်ကိုင်​ပေး၏။ ​မောင်နားလည်သည်ဆိုသည့်အကြည့်ဖြင့် ယုယစွာလွှမ်းခြုံ​ပေးသည်။

"​ပျော်ဖို့​ကောင်းမ​ကောင်း​တော့မသိဘူး သခင်​လေးရယ်။ တစ်​နေ့ထက်တစ်​နေ့ နားကွဲမတတ်နားငြီးလာတာ​တော့ အမှန်ပဲ။ ကြာ​တော့လည်း ဒီအဘိုးကြီးအဘွားကြီး​တွေက မခံနိုင်​တော့ဘူးဗျ"

နားငြီးတယ်သာ​ပြောသည်၊ မျက်နှာက​တော့ ပြုံးတုံ့တုံ့။ ဒရိုက်ဘာကြီးက သူ့မိသားစုဘယ်​လောက်ကြီးကြီး ပီတိစားအားရှိပြီး တာဝန်​​ကျေ​ပေးမည့် ​ယောကျ်ားကြီးတစ်​ယောက်အသွင်ကို​ဆောင်သည်။

ဖခင်တစ်​ယောက်ကို မြင်​​နေသလို ခံစားမိပါ၏။ သည်လိုကျပြန်​တော့ မျက်နှာ​လေး​တောင် ဝိုးတဝါးသာမှတ်မိ​သောအ​ဖေ့ကို လွမ်းမိသလိုလို။ လစ်လပ်​လေခဲ့​သော မိသားစုကွက်လပ်ကြီးတစ်ခုလုံးကို တမ်းတ​နေမိပြန်ပါ၏။

​မသိမသာတင်းကျပ်၍ လက်ကိုဆုပ်ကိုင်လာ​သော ​မောင့်အား ကြည့်​မိတော့ အား​ပေးနှစ်သိမ့်သည့်အပြုံး​တွေကို​တွေ့ရသည်။
ဪ.. သူမဖွင့်ရ​သေးခင် သ​ဘော​ပေါက်နားလည်ပြီး ကြိုတင်နှစ်သိမ့်​နေတဲ့ ​မောင်။
​မောင့်ဖြစ်တည်မှုအတွက် ​လှိုက်လှဲစွာ​ကျေးဇူးတင်ရပါ၏..။

TBC~

Feedback​တွေ နည်းသွားသလိုပဲ ㅠㅠ

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

ပုစြန္ဆီ​ေရာင္​ေကာင္းကင္ႀကီးက တိမ္တိုက္ကင္းစင္လို႔ ​ေန​ေရာင္ဝင္းဝင္းကလည္း ​ေပ်ာက္ကြယ္လုၿပီ။ ည​ေနခင္းဆည္းဆာအခါရယ္က တစ္​ေန႔တာကုန္ဆုံးရျခင္းကို အလွပဆုံးနည္းျဖင့္ လစ္ဟာျပ​ေန၏။

Melomaniac FM၏ ​ေရဒီယိုအသံလႊင့္႐ုံ​ေလး​ေရွ႕မွာ ကား​ေလးကို ရပ္ထားရင္း ​ေရဒီယိုသံက တလႊင့္လႊင့္ ​ေလထုကို အလွဆင္​ေနသည္။ ခ်ိဳသာတၿငိမ့္ၿငိမ့္အသံ​ေလးကို ​ေလလႈိင္း​ေလးက ​ေဆာင္ယူလာၿပီး သူ႔နားစည္ဗဟိုခ်က္ကို ႐ိုက္ခတ္​​ေစသည္။
အလိုလိုၿပဳံးရျခင္းဟာလည္း သည္အသံ​ေလး​ေၾကာင့္ပါပဲ။ ​အသံလႈိင္း​ေလးက ​ေလထုကို႐ိုက္ခတ္​ရင္း အၾကားအာ႐ုံထဲဝင္လာသည္ဟု သူမွတ္သားဖူးသည္။ မ်က္ျခယ္၏ အသံႏု​ေအး​ေအးကပင္ ႐ိုက္ခတ္ပုံလွလို႔လား၊ ​ကိုယ့္နားထဲမွာ​ေတာ့ အတိုင္းမသိနားဝင္ပီယံခ်ိဳလွပါ၏။

မ်က္ျခယ္တို႔႐ုံးထဲဝင္ၿပီး အသံလႊင့္စတူဒီယိုအထိ လိုက္သြားလွ်င္လည္း ရ​ေသာ္ျငား သူဟာ ကားထဲထိုင္​ေစာင့္​ေနမိသည္။ ​ေကာင္းျခင္းဆိုးျခင္း အက်ိဳးဆက္ကို တြက္ဆရလွ်င္ အထဲလိုက္သြားပါက မ်က္ျခယ္ကို ​ေစာ​ေစာ​ေတြ႕ရမည္၊ မ်က္ျခယ္အလုပ္လုပ္​ေနပုံ​ေလးကို ျမင္လႊာအာ႐ုံထဲ မွတ္တမ္းတင္ထားႏိုင္မည္။
ယခုလိုအျပင္မွာထိုင္​ေစာင့္​ေနလွ်င္​ေတာ့ ခ်စ္ျခင္းတို႔အစျပဳရာ ​ေရဒီယိုလႈိင္းမွ အသံႏုႏု​ေလးကို နားဆင္ရမည္။ မ်က္ျခယ္၏လုပ္​ေဖာ္ကိုင္ဖက္​ေတြလည္း သူ႔​​ေၾကာင့္ဝန္ထုပ္ဝန္ပိုးျဖစ္ရမည္မဟုတ္​ေတာ့။ သူက ကပ္တြယ္ခ်င္လွ်င္​ေတာင္ မ်က္ျခယ္၏အသက္​​ေမြးဝမ္း​ေၾကာင္းအလုပ္ဂုဏ္သိကၡါကို အ​ေႏွာင့္အယွက္မျပဳလို၍ ႐ုံး​ေရွ႕မွာသာ ၿငိမ္ၿငိမ္​ေစာင့္​ေနမိသူရယ္ပါ။

'ဒီ​ေန႔အတြက္ ႏွလုံးသား​ေတးသံသာအစီအစဥ္က​ေန ႏႈတ္ခြန္းဆက္သလိုက္ရပါတယ္​ေနာ္။ ​ေနာက္အပတ္မွာ သီခ်င္းအသစ္၊ စာသဝဏ္လႊာအသစ္၊ ခံစားခ်က္အသစ္​ေတြနဲ႔ ျပန္​ေတြ႕ၾကပါမယ္ခင္ဗ်ာ'

ဘယ္​ေသာအခါမွ ႐ိုးအီမသြားမည့္ ​ေရဒီယိုအသံပိုင္ရွင္​ေလး။ အရာရာတိုင္းမွာ ျဖစ္ျခင္းပ်က္ျခင္းဆိုသည့္ အနိစၥသခၤါရသ​​ေဘာတရား​ေတြရွိသတဲ့​ေလး။ တရား​ေတာ္​ေတြက မ်က္ျခယ္၏အစိတ္အပိုင္းမ်ားအ​ေပၚ သက္​ေရာက္မႈမရွိတာ မထူးဆန္းလြန္းဘူးလား။ ကိုယ့္အတြက္ ပ်က္စီးသြားႏိုင္မည္မရွိ​ေသာ အသံလွလွ​ေလးက ယခုတိုင္ဆြဲငင္ခ်က္ျပင္းဆဲ။ ခ်ဳပ္ၿငိမ္းသြားမည္မဟုတ္​ေသာ အခ်စ္​ေတြက ယခုထိတိုင္ အဟုန္ျမင့္စြာ။

သည္လိုလွလွ​ပပ​ေလး ​ေတြးမိသည္ႏွင့္ သူ႔ႏႈတ္ခမ္းမ်ားက အလိုလိုၿပဳံးသည္။ ​တြန္႔ခ်ိဳးတက္သြားသည့္ ႏႈတ္ခမ္း​ေထာင့္မ်ား​​ေပၚ လိုက္ပါခိုစီးသူက မ်က္ျခယ္တစ္ဦးတည္းသာ ျဖစ္ပါလိမ့္မည္။

"​ေမာင္.. ​ေစာင့္​ေနတာ ၾကာသြားၿပီလား။ ​ေစာ​ေရာက္​ေနလည္း ဝင္​​ေစာင့္ပါ​လား။ ကားထဲမွာ အၾကာႀကီး​ေနၿပီး အ​ေညာင္းမိ​ေန​ေတာ့မွာပဲ"

ကားတံခါးကိုဖြင့္ဝင္ၿပီး စကားအဆက္မျပတ္​ေျပာလာသူ မ်က္ျခယ္၏ ဆံပင္ပြပြမ်ားၾကား သူလက္တိုးဝင္မိသည္။ တစ္ခ်ိန္တည္းမွာပင္ သြားညီညီမ်ား ​ေပၚ​ေန​ေအာင္ သ​ေဘာတက်ၿပဳံးသည္။

"မ​ေညာင္းပါဘူး။ မ်က္ျခယ္​​တင္ဆက္တာကိုပဲနား​ေထာင္​ေနတာ။ အခ်ိန္ဘယ္လိုကုန္သြားမွန္း​ေတာင္ မသိလိုက္ဘူး"

"လူတစ္​ေယာက္လုံးရၿပီးတာ​ေတာင္ ​ေရဒီယိုနား​ေထာင္တုန္းပဲလား"

မ်က္ျခယ္က ႐ႊတ္​ေနာက္​ေနာက္ဆိုလာသည္။ ကိုယ္ကလည္းကိုယ္၊ ​​ေသာၾကာ​ေန႔ည​ေနတိုင္း သည္အသံ​ေလးမွနားမ​ေထာင္ရရင္ မ​ေနႏိုင္​ေအာင္ ဘိန္းစြဲသလိုစြဲ​ေနတာ။ မ်က္ျခယ္ႏွင့္မ​ေတြ႕ရခင္ ႏွစ္ႏွစ္တာကာလပတ္လုံး ​ေရဒီယို​ေလးက အသက္ရွင္​ေဆးျဖစ္ခဲ့တာမဟုတ္လား။

"အင္း.. ​ေရဒီယိုတင္ဆက္သူ​ေလးကိုလည္း အလြတ္မ​ေပးႏိုင္​ေသးဘူး"

"ဒါဆို ​ေျဖ၊ ​ေရဒီယိုတင္ဆက္သူKim Taehyungလား။ ​ေမာင္လက္ထပ္ထားတဲ့ Kim Taehyungလား"

JungKook ဟဟ​ေလးရယ္သည္။ အဓိပၸါယ္မရွိ​ေသာ ခြၽဲ႕ႏြဲ႕ႏြဲ႕​ေမးခြန္း​ေလးက မ်က္ျခယ္​​ေမးတာျဖစ္​ေန​ေတာ့လည္း သူ​ေျဖခ်င္ဆဲပင္။ ပါးပါးနပ္နပ္ႏွင့္ စကားလွ​ေသာ အ​ေျဖတစ္ခုကို သူ႔ျဖတ္ထိုးဉာဏ္က အမီလိုက္​​ေျဖ​​ေပးႏိုင္ပါ့မလား။

"​ေမာင္လက္ထပ္ထားတဲ့ ​ေရဒီယိုတင္ဆက္သူ Kim Taehyung​ေပါ့"

"ဟင္း.. လူလည္"

မ်က္​ေစာင္းလွလွ​ေလးက ႏွလုံးသားတည့္တည့္ကို ျမားဦးထိပ္ျဖင့္ပစ္ခြင္းသည့္ႏွယ္ ဘယ္ဘက္ရင္အုံဗဟိုခ်က္မ၌ လႈပ္ခတ္သြား​ေသာငလ်င္အ​ေသးစား​​​ေလးကို ျဖစ္​ေပၚ​ေစသည္။
သူသိပ္ခ်စ္မိ​ေနပါလားဟု အႀကိမ္ႀကိမ္သ​ေဘာ​ေပါက္မိ​​ေသာ္လည္း သည္တစ္ခါျပန္သ​​ေဘာ​ေပါက္ရပါ၏။ မ်က္ျခယ္က ကိုယ့္ကို အခ်စ္ဆိုသည္အား အ​ေတြးထဲအႀကိမ္ႀကိမ္အဖန္ဖန္ဝင္လာ​ေအာင္ ျပဳစားႏိုင္ပါသည္။

"ကိုယ္​ေ႐ြးခ်င္တာကို ​ေျပာတာပဲ​ေလ"

ကားနိမ့္နိမ့္က​ေလးက ​ငါး​ေျမႇာင့္ဆိုင္လမ္းဆုံကို ​ေက်ာခိုင္းလွည့္ထြက္လာသည္။ ရႈခင္းသာအခ်ိဳ႕က အ​​ေနာက္မွာက်န္ခဲ့ၿပီး အခ်ိဳ႕က​​ေတာ့ မ​ေရာက္​ေသးသည့္ ဟိုးအ​ေရွ႕မွာ။

"​​ေမာင္က ကဗ်ာဆရာလုပ္ခဲ့ဖို႔​ေကာင္းတယ္။ စကားႂကြယ္ခ်က္က​ေတာ့ ကြၽန္​​ေတာ္ဘယ္လိုမွလိုက္မမီ​ေအာင္ပဲ"

"ကဗ်ာဆရာလုပ္လည္း အလုပ္ျဖစ္မယ္မထင္ပါဘူးကြာ။ မ်က္ျခယ္အ​ေၾကာင္းပဲ​ ကဗ်ာစပ္​ေနရင္​ေတာ့ ပရိတ္သတ္စိတ္ဆိုးတာခံရမွာပဲ"

​Taehyungမွာ စကားမႏိုင္သည့္အဆုံး ရယ္လ်က္​ေန႐ုံသာ တတ္ႏိုင္​ေတာ့သည္။ ​ေမာင့္ကို​ေတာ့ စကားအရာမွာ ႏိုင္ကိုမႏိုင္တာ။ စကားႂကြယ္တတ္တဲ့ဗီဇပါလာ​ေလသလား၊ ​ေမာင္​ေျပာ​ေလ့ရွိသလို ကိုယ့္​ေၾကာင့္ပဲ ​ေဝါဟာရ​ေတြက အလိုလိုလွကုန္သလား။

မည္သို႔ပင္ျဖစ္​ေစ ​ေမာင့္ႏႈတ္ဖ်ားမွ ​ေႂကြက်လာ​ေသာ ပန္းစကားလွလွ​ေလးမ်ားကို သူသိပ္ကိုျမတ္ႏိုးမိသည္။ ​ေမတၱာႀကိဳးမွ်င္သြယ္​ေလးထဲ ​ေမာင့္စကားလုံး​ေလး​​ေတြကို သီကုံးထားခ်င္သည္။ သူသည္လည္း ဤမွ် ျမတ္ႏိုးခ်စ္ကြၽမ္းဝင္တတ္ပါ၏။ ​ေမာင့္ထက္မသာႏိုင္လွ်င္​ေတာင္ မ​ေလွ်ာ့မည့္ ခ်စ္​ေမတၱာမိုးရယ္က တသည္းသည္း႐ြာခ်ႏိုင္ပါသည္။

"သည္စကားလုံး​ေတြနဲ႔ပဲ ကြၽန္​ေတာ့္ကို ​ေႁခြ​ေနတာ"

"​ေႂကြတယ္ဆို ​​ေႁခြရက်ိဳးနပ္တာ​ေပါ့ မ်က္ျခယ္​ေလးရယ္"

​ေမာင့္ပုခုံးကို မွီတြယ္ရင္း ​ေမာင့္ဆီမွ သင္းရနံ႔တစ္မ်ိဳးကို ရႉရႈိက္မိသည္။ ဒါက ကိုယ့္အတြက္ ကိုယ္ပိုင္​ေလထု​ေလး။ ​ေမာင့္အခ်စ္​ေတြက ႀကိဳင္လႈိင္​ေနလိုက္တာ..။
____

သီခ်င္း​ေဟာင္း​ေလးမ်ား ကက္ဆက္ထဲမွ ပ်ံ႕လႊင့္လာခ်ိန္။
​အ​ေရွ႕အရပ္မွ ​ေန​ေရာင္ျခည္က ပ်ိဳးျပဴစရွိ​ေသးသည္။
အိမ္က​ေလး၏ အနီးပတ္ဝန္းက်င္က ​ေလထု​ေလးက တသင္းသင္း။ ဘယ္ပန္း ဘယ္ဝတ္မႈန္ကရယ္လို႔ ခြဲျခားမတတ္​ေအာင္ပင္ သင္းႀကိဳင္ႀကိဳင္ရနံ႔က ​ေပါင္းစုံလို႔။

"​အဆင္သင့္ျဖစ္ၿပီလား မ်က္ျခယ္။ ပစၥည္း​ေတြ ​ေသခ်ာစစ္ဦး။ က်န္ခဲ့ရင္ ျပန္ယူလို႔မရဘူး"

"စစ္ၿပီးပါၿပီ။ မက်န္​ေလာက္​ေတာ့ဘူးထင္တာပဲ"

​ေမာင့္သတိစကား​​ေၾကာင့္ အထပ္ထပ္အလီလီထုပ္ပိုးထား​ေသာ အထုပ္အပိုးမ်ားကို တစ္​ေခါက္ျပန္စစ္ၾကည့္လိုက္သည္။ သတိဟူသည္ပိုသည္မရွိမဟုတ္လား။

​ေမာင္ႏွင့္အတူခရီးသြားတာက ဒါပထမဆုံးမဟုတ္​ေသာ္လည္း အိမ္​ေထာင္ဖက္မ်ားအျဖစ္​သြားရမည္လည္းဆို​ေတာ့ Taehyungအတြက္ အသစ္ျဖစ္​ေနျပန္သည္။

ပ်ားရည္ဆမ္းခရီးဟု​ေခၚဖို႔ရာ အခ်ိန္​ေနာက္က်​ေနၿပီလား။ သူမ်ားတကာဘယ္လိုသတ္မွတ္​ေခၚ​ေဝၚၾကလဲဆိုတာ သတိမထားမိ။ သူတို႔ႏွစ္​ေယာက္အတြက္​ေတာ့ ဒါ​ေလးဟာ အပန္း​ေျဖအလည္အပတ္ခရီးသက္သက္။ အိမ္​ေထာင္သက္တစ္လနီးနီးၾကာခ်ိန္မွ စီစဥ္ျဖစ္တဲ့ ခရီးတို​ေလး။

"​ေအာ္စတင္က ဘယ္လိုမ်ားလဲ။ ကြၽန္​ေတာ္အရမ္းသိခ်င္​ေနၿပီ"

"ေအးခ်မ္းတဲ့ၿမိဳ႕​ေလးပါပဲ။ နာ့ရွ္ဗီးလ္ကိုသ​ေဘာက်ရင္ ​ေအာ္စတင္ကိုလည္း သ​ေဘာက်မွာ။ ​ေတာင္ပိုင္းျပည္နယ္​ေတြက သိပ္​ေတာ့လည္း မကြာပါဘူး"

JungKookမွာ မ်က္ျခယ္အတြက္ ႀကီးႀကီးက်ယ္က်ယ္ခရီးတစ္ခု စီစဥ္​ေပးခ်င္ခဲ့သူ။ ​ေတာင္အ​ေမရိကႏိုင္ငံမ်ားသို႔ပဲသြားရမလား၊ ​ဥ​ေရာပဘက္ပဲသြားခ်င္သလား.. သူ႔အ​ေတြးက ရွည္ရွည္လ်ားလ်ား။ မ်က္ျခယ္၏ဆႏၵကို​ေမး​ေတာ့ သူကာလအတန္ၾကာ​ေနခဲ့ဖူးသည့္ တကၠဆက္က ​ေအာ္စတင္ၿမိဳ႕​ေလးဆီသာ သြားခ်င္ပါသတဲ့​ေလ။

"​ေအာ္စတင္ကိုပဲသြားခ်င္တာ ​ေသခ်ာရဲ႕လား။ ​အခ်ိန္​ေတြ​ေငြ​ေတြထည့္​ေတြးမ​ေနနဲ႔​ေနာ္။ ဥ​ေရာပက ၿမိဳ႕​ေတြလည္း သိပ္လွတာပဲတဲ့"

"​ေမာင္ကလည္း ​ေသခ်ာပါတယ္ဆို၊ ဒါပဲ​ေမး​ေန​ေတာ့တာ။ ကြၽန္​ေတာ္က ​ေမာင္ဘယ္​ေနရာမွာ ဘယ္လို​ေနခဲ့သလဲဆိုတာ သိခ်င္လို႔ပါဆို"

"မ်က္ျခယ္စိတ္တိုင္းက်တယ္ဆို ၿပီးတာပဲ။ သြားခ်င္​ေနၿပီး မသြားလိုက္ရမွာစိုးတာ။ မဂၤလာဦးခရီးစဥ္ဆိုတာကို ​ေမာင္ကၿပီးျပည့္စုံ​​ေစခ်င္တာ"

နံ​ေဘးနားမွာ ​ေမာင္တစ္​ေယာက္လုံး ထပ္ၾကပ္မကြာလိုက္လာ႐ုံျဖင့္ ခရီးစဥ္တစ္ခုလုံး ၿပီးျပည့္စုံတာထက္ပိုၿပီးသားဆိုတာ ​ေမာင္သိပါရဲ႕လား။

အိမ္​ေရွ႕​ေျခတစ္လွမ္းထြက္ရခ်ိန္၊ ​ေလယာဥ္ဘီး ​ေျမျပင္​ေပၚမွ တစ္လက္မခန္႔ ႂကြတက္ခ်ိန္၊ တိမ္​ေတြၾကား ပ်ံသန္း​ေနခ်ိန္.. ဘယ္အခ်ိန္ျဖစ္ျဖစ္ ျပည့္စုံမႈက ​ေမာင္အနားရွိ​ေနမွ။ သည္လူတစ္​ေယာက္​ေၾကာင့္ လိုတရျခင္း​ေတြက ​ေလဟုန္ခြင္းလို႔ ယီး​က​ေလးခိုကာ လိုက္ပါလာသတဲ့​ေလ။

​​​ေလယာဥ္ခရီးက သိပ္မၾကာ၊ ပ်ံသန္းခ်ိန္ ၃နာရီအတြင္းမွာပင္ သူ႔စိတ္ကူး​ေတြက အဆုံးမရွိႏိုင္။ ​ေမာင္​ေနခဲ့ဖူးသည့္ ၿမိဳ႕​​ေလးကို အ​ေတြးထဲစိတ္ကူးယဥ္ပုံ​ေဖာ္ရသည္ကအ​ေမာ။ ​ေအာ္စတင္ၿမိဳ႕​ေလး၏ အ​ေငြ႕အသက္၊ အ​ေရာင္အ​​ေသြးက မည္သို႔မ်ားရွိလိမ့္မလဲ။ ညိဳ​ေဖ်ာ့​ေဖ်ာ့မႈိင္းပ်ပ်၊ ဝါက်င္က်င္​ လင္း​ေတာက္​ေတာက္.. သူ​ေဆးျခယ္​ေနမိတဲ့ အ​ေတြးထဲက ​ေအာ္စတင္က ႏွစ္လိုဖြယ္အတိ။

​ေျမနီနီႏွင့္လမ္းမ်ားရွိ​ေလမလား၊ ဖုန္တ​ေသာ​ေသာႏွင့္လား.. ​ေမာင့္ကို​ေမးလိုက္လို႔ရ​ေပမဲ့ စိတ္ကူးယဥ္ရတာ ​​ေက်နပ္ဖြယ္​ေကာင္းလြန္းလို႔ မ​ေမးဘဲစိတ္ကူးယဥ္​ေနမိ​ေတာ့တာ။
ဘုရား​ေက်ာင္းမ်ားက​ေရာ ဘယ္လိုရွိလိမ့္မလဲ။ နာ့ရွ္ဗီးလ္ဘုရား​ေက်ာင္းမ်ားလို ဝါညစ္ညစ္အ​ေဆာက္အအုံႀကီးမ်ားျဖစ္မလား၊ ဝါရွင္တန္မွာ​ေတြ႕ခဲ့သည့္အတိုင္း နီ​ေစြး​ေစြးႏွင့္ျမင့္မား​ေသာအ​ေဆာင္ႀကီးမ်ားျဖစ္မလား။

အို.. ဘယ္လိုပဲျဖစ္ျဖစ္ ​ေမာင့္​​ေျခရာ​ေတြ ထပ္​ေနခဲ့တဲ့ သည္ၿမိဳ႕​ေလးမွာ ​ဆြဲ​ေဆာင္ၿငိဳ႕ငင္ႏိုင္စြမ္း​တစ္ခုခု​ေတာ့ ရွိကိုရွိလိမ့္မည္။

"ဘာ​ေတြ ​ေတြး​ေနတာလဲ။ ၿပဳံးစစနဲ႔"

"ဒီလိုပါပဲ။ ​ေအာ္စတင္ကို ပုံ​ေဖာ္ၾကည့္​ေနတာ"

"​ေမာင့္ကို အားလုံး​ေမးလို႔ရရဲ႕သားနဲ႔။ ကိုယ့္ဟာကိုယ္​ေတြးၾကည့္​ေနရတယ္လို႔"

"​ေမာင္​ေနခဲ့တဲ့​ေနရာ​ေလးကို ပုံ​ေဖာ္ရတာ ​​ေပ်ာ္စရာ​ေကာင္းတယ္"

​​ေျခာက္ႏွစ္​​ေက်ာ္စာ ​ေမာင့္​ေျခရာ​ေတြ ထပ္​ေနခဲ့တာ။ သည္ၿမိဳ႕​ေလးကို သူ႔မွာ ​ေျခမခ်ခင္ကပင္ သံ​ေယာဇဥ္တြယ္ၿငိ​ေနမိျပန္​ပါ​ေရာ။ ​ေမာင့္​ေျခလွမ္း​ေတြရွိခဲ့တဲ့ ​ေအာ္စတင္​ေျမထု၊ ​ေမာင္ဖန္တီးတဲ့​ေန႔ရက္​ေတြလည္း ​ေအာ္စတင္မွာရွိ​ေနလိမ့္မည္။ သည္ခရီး​ေလးကို ​ေ႐ြးခ်ယ္မိတာ အမွန္ဆုံးပင္။

မဂၤလာဦးခရီးဆိုသည္က အမွတ္တရႀကီးက်ယ္ရစတမ္းဆို ​​ေအာ္စတင္ခရီး​ေလာက္ ဘယ္ခရီးကအမွတ္တရျဖစ္ႏိုင္ပါမည္လဲ။ ​ေမာင္​ေနထိုင္ခဲ့သည္ဟူ​ေသာ အ​ေငြ႕အသက္မႈန္ဝါးဝါးကို ဆုပ္ကိုင္ရင္းႏွင့္ပင္ သူဟာ အလွပဆုံးအမွတ္တရမ်ားကို ​​ေရးျခယ္ဖန္တီးႏိုင္ပါသည္။

"​ေရာက္​ေတာ့မွာပါ.. သိပ္မၾကာ​ေတာ့ဘူး။ မ်က္ျခယ္ပုံ​ေဖာ္ထားတာနဲ႔တူရဲ႕လား တိုက္ၾကည့္​ေပါ့"

​​ေမာင့္ရင္ခြင္ထဲ မွီတည္ရင္း တိမ္လႊာမ်ားကို ရႈစားရသည္က ဘဝနိဗၺာန္​ေကာက္​ေၾကာင္းလွလွ​ေလးပင္။ ​ေလထုထဲ နိမ့္ခ်ည္ျမင့္ခ်ည္ ရင္ဖိုစရာပ်ံသန္း​ေန​ေသာ ​ေလယာဥ္ပ်ံႀကီးက ​ေမာင့္​ေလာက္​ေတာ့ သူ႔ႏွလုံးသားကို လႈပ္ခါႏိုင္စြမ္းမရွိပါ။
____

​​ေႏြး​​ေထြးပ်ိဳမ်စ္​ေသာ ​ေန​ျခည္ႏုႏုက သူတို႔ကို ဆီးႀကိဳသည္။ စုစု​ေပါင္းတစ္ႏွစ္နီးပါး ​ေအာ္စတင္နဲ႔​ေဝးခဲ့ရတာျဖစ္လိမ့္မည္။ ႏွစ္ၾကာရွည္​ေန​လာ​ေသာ ၿမိဳ႕ငယ္​ေလးက သူ႔ကိုမစိမ္းကား​ေသး။
​ေလဆိပ္အဝမွ ကတၱရားလမ္းျပာျပာမ်ားအထိ မ​ေန႔တစ္​ေန႔က​ေတြ႕ထားရသည့္ျမင္ကြင္းမ်ားကဲ့သို႔ ရင္းႏွီး​ေနရဆဲ။

"နာ့ရွ္ဗီးလ္လိုပဲ.. ရာသီဥတု​ေလးက"

"အင္း​ေလ.. ​ေမာင္​ေျပာသားပဲ သိပ္မကြာပါဘူးလို႔။ ဟိုမွာ ​ေမာင္​ေျပာထားတဲ့ကား​​​ေလး"

​ေလဆိပ္အထြက္လမ္းမွာ ရပ္​ေန​​ေသာ မီးခိုး​ေရာင္ဗင္ကား​ေလးကို ​ေမာင္က ၫႊန္ျပသည္။ အထဲက ကား​ေမာင္းသူဦး​ေလးမွာ လက္ျပလို႔​ေန၏။ ၾကည့္ရတာ ​​ထိုလူႀကီးက ေမာင္ႏွင့္ရင္းႏွီး​​ေနဟန္။

"မ​ေတြ႕ရတာၾကာၿပီ ခ႐ိုင္မင္း​ေရ။ ဒီကိုအလည္လာမယ္လည္းၾကား​ေရာ အရမ္းဝမ္းသာသြားတာ"

"မထင္မွတ္ထားပဲ လာျဖစ္သြားတာ။ ​ေအာ္စတင္ကို လြမ္း​ေနတာလည္း ပါတာ​ေပါ့။ မ်က္ျခယ္.. ဒါကိုယ္တို႔​ေအာ္စတင္႐ုံးက ဝါရင့္ဒ႐ိုက္ဘာႀကီး​ေလ"

"ဟုတ္ကဲ့ ​ေတြ႕ရတာ ဝမ္းသာပါတယ္။ ကြၽန္​ေတာ္က.."

"ကြၽန္​ေတာ့္အမ်ိဳးသား​ေလ.. Kim Taehyungတဲ့။ ကြၽန္​ေတာ္နား​ေထာင္​ေနက် ​ေရဒီယိုအစီအစဥ္ထဲကတင္ဆက္သူ​ေပါ့"

မ်က္ျခယ္ႏႈတ္က ထြက္လာဖို႔အ​ေရး ရွက္​ေသြးႂကြယ္ျပ​ေန​ေသာ စကားလုံးမ်ားကို သူက ျဖည့္စြက္လို႔ ​ေျဖ​ေပးလိုက္ျခင္း။ မ်က္ျခယ္က ပါးနီ​ေစြး​ေစြးကို မသိသာရ​ေလ​ေအာင္ ​ေခါင္းကိုတသြင္သြင္ ငုံ႔လို႔ထား၏။

ဒ႐ိုက္ဘာႀကီးမွာ သူနား​ေထာင္​ေနက် 'ႏွလုံးသား​ေတးသံသာ'အစီအစဥ္အား သိ​ေနျပန္​ေတာ့ ​ေခါင္းတညိတ္ညိတ္ ​​ေက်​ေက်နပ္နပ္ႀကီးၿပဳံးလို႔။ သည္လိုပဲ ကိုယ္ဟာ မ်က္ျခယ္ကို ခ်စ္ျမတ္ႏိုးရပါ​ေၾကာင္း ​ေဘးလူ​ေတြကိုခ်ျပဖို႔အ​​ေရး ဝန္မ​ေလးတတ္သူ​ေပါ့။

"ခ႐ိုင္မင္းတို႔က​ေတာ့ အပိုင္ပဲဗ်ာ။ ဘယ္လို​ေျပာရမလဲ.. ကိုယ္သ​ေဘာက်တဲ့သ႐ုပ္​ေဆာင္နဲ႔မွလက္ထပ္လိုက္ရတဲ့ ပရိတ္သတ္လိုပဲ"

ဒ႐ိုက္ဘာဦး​ေလးႀကီး​ႏႈိင္းယွဥ္လိုက္ပုံ​ေၾကာင့္ Taehyungမ်က္ႏွာဘယ္မွာထားရမလဲပင္မ​ေတြးတတ္​ေခ်​ေတာ့။ ကားအ​ေနာက္ခန္းမွာဝင္ထိုင္လိုက္ၿပီးသည္အထိ အ​ေနရခက္​ေနဆဲ။
​ေမာင့္ကို ပရိတ္သတ္​ေနရာထားၿပီး ႏႈိင္းလိုက္ပုံမ်ား​ေတာ့ သူ႔ကို ​ေခါင္းႀကီးသြား​ေစ​ေတာ့တာ​ပင္။

"ခ႐ိုင္မင္းက​ေလ.. အ​လုပ္ဘယ္​ေလာက္မ်ားမ်ား အဲဒီအစီအစဥ္ကို ရ​ေအာင္နား​ေထာင္တာဗ်။ အစီအစဥ္ကို အရမ္းႀကိဳက္လို႔မ်ားလားလို႔ထင္ခဲ့တာ။ တင္ဆက္သူ​ေလးကို အပိုင္ႀကံဖို႔ျဖစ္​​ေနရတယ္လို႔ဗ်ာ"

"​ေဖာ္​ေကာင္လုပ္​ေနျပန္ၿပီဗ်ာ"

"လုပ္သင့္တာကိုး ခ႐ိုင္မင္းရဲ႕။ သခင္​ေလးလည္း သိထားသင့္တာ​ေပါ့ မဟုတ္ဘူးလား"

Taehyungသိၿပီးသားအ​ေၾကာင္းအရာမ်ားျဖစ္ပါလ်က္ အျပင္လူတစ္​ေယာက္ဆီက ၾကားရ​ေတာ့ ရင္ဖိုစရာျဖစ္​ေနျပန္သည္။ သူမသိခင္ ​ေမာင့္ကိုသိခဲ့သူ၊ သူမ​ေတြ႕ခင္​ ေမာင့္ကို​ေတြ႕ခဲ့သူ​ေျပာသည့္ ​ေမာင့္အ​ေၾကာင္း။ ​ေမာင့္ဒိုင္ယာရီ​​ေတြထဲ သူက အစိတ္အပိုင္းတစ္ခုအျဖစ္ပါ​ေနသတဲ့​ေလ။

​သူ႔ကိုမျမင္ခင္တည္းက ​ေမာင့္ရဲ႕ စြဲလမ္းမႈ​ေတြက ​ယခုထိတိုင္​ေလ်ာ့သြားျခင္းမရွိဘဲ ​ေရျပင္ညီမ်ဥ္းအတိုင္း ​ေျဖာင့္တန္း​ေျပျပစ္လို႔ပင္။ တစ္စထက္တစ္စ ​ေမာင့္ကိုယုံၾကည္ခိုလႈံမိခ်င္​ေတာ့တာပါပင္။ လူခ်င္းမဆုံရခင္တည္းက ​ေမာင္က သူ႔အတြက္ အာမခံခ်က္ရွိ​ေနခဲ့တာ​ေၾကာင့္ သူ႔ႏွလုံးသား​ေလးအား ​ေမာင့္ထံ​ေပါင္ႏွံရျခင္းမွာ အရႈံးရွိလိမ့္မည္မထင္ပါ။

"Jimတို႔​ေရာ ​ေန​ေကာင္းၾကရဲ႕လား"

"​ေဒါင္​ေဒါင္ျမည္ပါပဲ။ အငယ္ဆုံး​ေလး​ေတာင္ အင္မတန္သြက္​ေနၿပီ"

"ဒီမွာတုန္းက ​ေမြးကင္းစလသား​ေလးမဟုတ္လား။ က်႕န္​ေတာ့္​ေခြၽးမနဲ႔ မတိမ္းမယိမ္းမီးဖြားၾက​တာဆို​ေတာ့ မွတ္မွတ္ရရရွိ​​ေနတာ"

"ဟုတ္ပါ့ဗ်ာ။ သူတို႔မိသားစုက​ေတာ့ ထုံစံအတိုင္း တက္ႂကြၿပီးပြက္​ေလာ႐ိုက္​ေနတုန္းပါပဲ"

"အိမ္မွာလည္း ဒီလိုပဲခ႐ိုင္မင္း​ေရ.. သူတို႔ကိုလည္း အျပစ္မဆိုသာဘူး"

​ေႏြး​ေထြးလုံၿခဳံလြန္း​ေသာ မိသားစုအသိုက္အဝန္း​ေလး​ေတြက သူ႔ပတ္ဝန္းက်င္မွာ။ Jimတို႔မိသားစု၊ ယခုဒ႐ိုက္ဘာႀကီးတို႔မိသားစုအျပင္ ​ေမာင့္႐ုံးက စာ​ေရးမ​ေလး​ေတြမွာလည္း မိသားစုသိပ္မ်ားဆိုပဲ။ ​
ေအးစက္အထီးက်န္​ေသာ တစ္ကိုယ္​ေတာ္​ေန႔ရက္မ်ားကိုျဖတ္သန္းရင္း မိသားစုအ​ေၾကာင္း ​ေထြရာ​​ေလးပါး မစဥ္းစားျဖစ္​ေသာကိုယ့္မွာ ယခု​ေတာ့လည္း အားက်စိတ္ဝင္လာသလိုလိုပင္။

မိသားစုဆိုသည့္အသိုက္အၿမဳံ​ေလးကို သူခံစားၾကည့္ခ်င္သည္။ ​ေမာင့္မိသားစုဆီမွရႏိုင္မလား ​ေမွ်ာ္ကိုးဖူး​ေသာ္လည္း မျဖစ္ႏိုင္မွန္းသိသည့္​ေနာက္မွာ​ေတာ့ စိတ္ႏွလုံးကို အပြန္းပဲ့မခံ​ေတာ့။

"မိသားစု​ေလးက အရမ္း​ေပ်ာ္ဖို႔​ေကာင္းမွာပဲ​ေနာ္"

​ေမာင္က အလိုက္သတိပင္ သူ႔လက္ကို​ေထြး​ေပြ႕ဆုပ္ကိုင္​ေပး၏။ ​ေမာင္နားလည္သည္ဆိုသည့္အၾကည့္ျဖင့္ ယုယစြာလႊမ္းၿခဳံ​ေပးသည္။

"​ေပ်ာ္ဖို႔​ေကာင္းမ​ေကာင္း​ေတာ့မသိဘူး သခင္​ေလးရယ္။ တစ္​ေန႔ထက္တစ္​ေန႔ နားကြဲမတတ္နားၿငီးလာတာ​ေတာ့ အမွန္ပဲ။ ၾကာ​ေတာ့လည္း ဒီအဘိုးႀကီးအဘြားႀကီး​ေတြက မခံႏိုင္​ေတာ့ဘူးဗ်"

နားၿငီးတယ္သာ​ေျပာသည္၊ မ်က္ႏွာက​ေတာ့ ၿပဳံးတုံ႔တုံ႔။ ဒ႐ိုက္ဘာႀကီးက သူ႔မိသားစုဘယ္​ေလာက္ႀကီးႀကီး ပီတိစားအားရွိၿပီး တာဝန္​​ေက်​ေပးမည့္ ​ေယာက်္ားႀကီးတစ္​ေယာက္အသြင္ကို​ေဆာင္သည္။

ဖခင္တစ္​ေယာက္ကို ျမင္​​ေနသလို ခံစားမိပါ၏။ သည္လိုက်ျပန္​ေတာ့ မ်က္ႏွာ​ေလး​ေတာင္ ဝိုးတဝါးသာမွတ္မိ​ေသာအ​ေဖ့ကို လြမ္းမိသလိုလို။ လစ္လပ္​ေလခဲ့​ေသာ မိသားစုကြက္လပ္ႀကီးတစ္ခုလုံးကို တမ္းတ​ေနမိျပန္ပါ၏။

​မသိမသာတင္းက်ပ္၍ လက္ကိုဆုပ္ကိုင္လာ​ေသာ ​ေမာင့္အား ၾကည့္​မိေတာ့ အား​ေပးႏွစ္သိမ့္သည့္အၿပဳံး​ေတြကို​ေတြ႕ရသည္။
ဪ.. သူမဖြင့္ရ​ေသးခင္ သ​ေဘာ​ေပါက္နားလည္ၿပီး ႀကိဳတင္ႏွစ္သိမ့္​ေနတဲ့ ​ေမာင္။
​ေမာင့္ျဖစ္တည္မႈအတြက္ ​လႈိက္လွဲစြာ​ေက်းဇူးတင္ရပါ၏..။

TBC~

Feedbackေတြနည္းသြားသလိုပဲ ㅠㅠ

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continuer la Lecture

Vous Aimerez Aussi

45.7K 646 6
In the most popular game of 2088 "Requiem Online", a VRMMORPG that took the world by storm! With a wide variety of classes, one player chooses the cl...
3.4K 78 7
Lumine was all out of missions, and now that the secret of the broke archon (*cough* Zhongli *cough*) was uncovered, she hasn't met Childe in a while...
855K 52.6K 117
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.3M 51.6K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...