Di Huang Shu (Legend of Anle...

Oleh LeoLight-13

6.2K 287 4

"ဧကရာဇ်များမှတ်တမ်းစာအုပ်" ရေးသားသူ: ရှင်းလင် (Xing Ling) Translator - My Novel VIP member fee- 3000kyats မူပ... Lebih Banyak

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂) လူမိသွားတဲ့ အရှင့်သား
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)

အပိုင်း (၃၀)

71 4 0
Oleh LeoLight-13

An Le Zhuan- Di Huang shu
အပိုင်း (၃၀)

ထိုက်ဟော်ခန်းမဆောင်၏ဂုဏ်ပြုစားပွဲဟာ ဘုရင်မင်းမြတ်ကျားနင် ရောက်ရှိလာတဲ့အချိန်ကျမှ နောက်ဆုံးတော့ စတင်သွားခဲ့သည်။ ညစာစားပွဲမှာ ဘုရင်မင်းမြတ်၏ချီးမွှမ်းသံတွေပဲ ထွက်လာခဲ့တယ်။ လွန်ခဲ့တဲ့၂ရက်လုံး မရွှင်မပျဖြစ်ခဲ့တဲ့ဘုရင်မင်းမြတ် နောက်ဆုံးတော့ ပျော်ရွှင်သွားပြီမှန်း အမတ်မင်းတွေ တွေ့မြင်နိုင်ကြ၏။ အံ့အားသင့်သွားခဲ့တာကလွဲလို့၊ အိမ်ရှေ့မင်းသားနဲ့ ရန်အန်းလဲ့တို့ အချိန်မီပြန်ရောက်လာတဲ့အတွက် သူ အရမ်းဝမ်းသာခဲ့တယ်၊ ဒါကြောင့် သူ စားပွဲပေါ်ကဂုဏ်ပြုဝိုင်တွေကို သက်တောင့်သက်သာ သောက်သုံးခဲ့တယ်။

ရန်အန်းလဲ့တစ်ယောက် ခုနက ဟန်ရဲ့ကို ဘာတစ်ခုမှမမေးခဲ့သလိုမျိုး အမူအယာဟာ အမြဲတည်ငြိမ်ပြီး၊ အပြုံးဟာ သင့်တင့်လျောက်ပတ်ကာ အနေအထားမှန်နေခဲ့သည်။

သူမရဲ့ရည်ရွယ်ချက်တွေကို ဟန်ရဲ့ တကယ်ပဲ မတွေးနိုင်တော့ဘူး၊ ဒါကြောင့် သူ ဆက်ပြီးမတွေးတော့ဘဲ ဝိုင်ကိုသာသောက်လိုက်တော့သည်။

"အမတ်မင်းတို့" ချင်တေးသံလေး တဖြည်းဖြည်းချင်း ရပ်တန့်လို့သွားပြီး၊ ကချေသည်တွေ ခန်းမဆောင်မှ ဆုတ်ခွာသွားတော့ ဘုရင်မင်းမြတ်ကျားနင် ဂုဏ်ယူဝင့်ကြွားတဲ့အသံနဲ့အတူ ဝိုင်ခွက်ကိုပင့်မြှောက်ပစ်လိုက်သည်၊ "ကျန်းနန်ကအမှုထမ်းတွေရဲ့လာဘ်စားမှု ရှင်းလင်းသွားခဲ့ပြီ၊ ပြည်သူတွေလည်း အေးချမ်းသာယာသွားပြီ"

ဝိုင်ခွက်တွေကိုဆုပ်ကိုင်လျက်၊ အားလုံး မတ်တပ်ထရပ်ပြီး ရိုသေလေးစားစွာဆိုကြသည်၊ "အရှင်မင်းကြီးရဲ့ကျေးဇူးတော် ကြီးမားလှပါတယ်၊ ကျင့်တိုင်းပြည်ကို မိုးကောင်းကင်က ကောင်းချီးပေးမှာပါ!"

ဘုရင်မင်းမြတ်ကျားနင် ကျယ်လောင်စွာရယ်မောလိုက်တော့သည်၊ သူ့ရဲ့အမူအယာက ပိုမိုရွှင်မြူးလာခဲ့တယ်။ အားလုံး ထိုင်ခုံစီ ပြန်ထိုင်ပြီးတဲ့နောက် သူ ဟန်ရဲ့နဲ့ ရန်အန်းလဲ့တို့ဆီ လှမ်းကြည့်လိုက်တယ်၊ "ကျန်းနန်ရဲ့အေးချမ်းမှုအတွက် ငါကိုယ်တော် နာမည်ကောင်းယူဖို့ မထိုက်တန်ပါဘူး၊ ငါကိုယ်တော့်မှာ အရမ်းတော်တဲ့သားတော်နဲ့ အမတ်မင်းရှိလို့ပါပဲ"

"ခမည်းတော်ရဲ့စကားလုံးတွေက ပြင်းထန်လွန်းပါတယ်၊ သားတော်နဲ့ အမတ်မင်း မခံယူဝံ့ရဲပါဘူး"

"အရှင်မင်းကြီးရဲ့စကားလုံးတွေက ပြင်းထန်လွန်းပါတယ်၊ ကျွန်တော်မျိုးမ မခံယူဝံ့ရဲပါဘူး"

အိမ်ရှေ့မင်းသားနဲ့ ရန်အန်းလဲ့တို့ တစ်ပြိုင်နက်တည်းနီးပါး အတူထပြီးပြောလာခဲ့တယ်၊ လှုပ်ရှားမှုနဲ့ မျက်နှာအမူအယာတွေဟာလည်း တစ်ပုံစံတည်းနီးပါးဖြစ်၏။ ဒါက သာမာန်ကျေးဇူးတင်မှုလေးဖြစ်ပေမဲ့ ထိုက်ဟော်ခန်းမဆောင်ကြီးတစ်ခုလုံးဟာ သူမတို့နှစ်ယောက်၏သေသပ်တဲ့လှုပ်ရှားမှုလေးကြောင့် ထူးဆန်းစွာတိတ်ဆိတ်သွားခဲ့သည်။

အမတ်မင်းတွေ၏အကြည့်တွေ ဘယ်လောက်ပဲကောက်ကျစ်စဉ်းလဲပါစေ၊ ရန်အန်းလဲ့နဲ့ အိမ်ရှေ့မင်းသားတို့က မျက်လွှာချထားကြပြီး တည်ငြိမ်နေကြသည်။

"သားတော်နဲ့ စစ်သူကြီးရန်တို့ အားနာနေစရာမလိုပါဘူး၊ ဒီတစ်ခေါက် မင်းတို့ ရုံးတော်အပေါ် စွမ်းဆောင်မှုကြီးပြုခဲ့တယ်" ဘုရင်မင်းမြတ်ကျားနင် ဝိုင်ခွက်ကိုအောက်ချပြီး၊ အပြုံးလေးနဲ့အတူ ရုတ်ချည်း ဆိုလိုက်သည်၊ "စစ်သူကြီးရန်၊ ငါကိုယ်တော်... မင်းရဲ့ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမယ်ဆိုရင်ရော၊ မင်း ဘယ်လိုမြင်လဲ?"

"အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်းပြောပြပေးလို့ရမလား?" ရန်အန်းလဲ့ လက်တွေကိုစုဝေး၍ အနည်းငယ်ကြုတ်သွားတဲ့မျက်ခုံးတွေကြားမှ လင်းလက်သွားတဲ့သံသယလေးနဲ့အတူ ဂါရဝပြုလိုက်တယ်။

အောက်ခြေမှာ တည်ငြိမ်စွာထိုင်နေတဲ့ ဘယ်လက်ရုံးအမတ်ချုပ်ကြီး၏အမူအယာ ပြောင်းလဲသွားပြီး၊ ဝိုင်ခွက်ကိုဆုပ်ကိုင်ထားတဲ့လက်လေးဟာ မသိလိုက်မသိဘာသာ ကျစ်ဆုပ်သွားကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ဘုရင်မင်းမြတ်ကျားနင်ဟာ ခုလေးတင်ရာထူးတိုးမြှင့်ခံရတဲ့စစ်သူကြီးကို အလွန်အမင်း အားရကျေနပ်နေသလိုမျိုး ကြည့်နေတာကို အမတ်မင်းတွေ တွေ့မြင်လိုက်ကြရတယ်။ ခန်းမဆောင်ပေါ်မှာ မတ်မတ်ရပ်နေကြတဲ့ ကျောက်စိမ်းစုံတွဲကိုလှမ်းကြည့်ရင်း၊ သူ့ရဲ့နှလုံးသားလေး တုန်ခါသွားကာ သူ ရုတ်တရက် ရယ်မောဖွယ်ကောင်းတဲ့အတွေးလေး တွေးမိသွား၏...

အိမ်ရှေ့မင်းသားမှာ ကိုယ်လုပ်တော်မိဖုရားတစ်ပါးမှမရှိဘူး။ နာမည်ကျော်ကြားလှတဲ့ ဒီအမျိုးသမီးစစ်သူကြီးကို ဘုရင်မင်းမြတ် အရှေ့နန်းတော်ဆီ ပို့ချင်နေတာများလား?

"ငါကိုယ်တော် အသက်ကြီးလာပြီ၊ နောက်ပြီး အခုချိန်ထိ အရှေ့နန်းတော်ရဲ့မြေးရတနာလေးတွေကို မတွေ့ရသေးဘူး၊ ငါကိုယ်တော် အရမ်းနောင်တရမိတယ်၊ စစ်သူကြီးရန်မှာ ပွင့်လင်းတဲ့စရိုက်ရှိတယ်၊ စစ်သူကြီးနဲ့ သားတော်တို့က တကယ့်ကိုလိုက်ဖက်တဲ့စုံတွဲတွေလို့ ငါကိုယ်တော် ထင်တယ်၊ ငါကိုယ်တော် မင်းကို အရှေ့နန်းတော်ရဲ့ကိုယ်လုပ်တော်ရာထူး ပေးအပ်ချင်တယ်၊ မင်း လက်ခံချင်ရဲ့လား?"

ဘုရင်မင်းမြတ်ကျားနင် ပါးစပ်ကိုအသာအယာဖွင့်လိုက်တယ်၊ သူ မေးရုံသာ မေးလိုက်ပေမဲ့ အကျပ်ရိုက်မှုကြီးဟာ ထိုက်ဟော်ခန်းမဆောင်တစ်ခုလုံးဆီ ရုတ်ချည်း ပျံ့နှံ့သွားခဲ့သည်။

သူမက သာမာန်မိန်းမပျိုလေးတစ်ယောက်သာဆိုရင်၊ သူ ထိမ်းမြားလက်ထပ်ဖို့ အမိန့်ချမှတ်ရုံနဲ့ လုံလောက်၏၊ သို့သော် လွန်ခဲ့တဲ့နှစ်ဝက်ခန့်က အရှေ့နန်းတော်ဆီဝင်ရောက်ခွင့်ပြုဖို့အတွက် ရန်အန်းလဲ့၏တောင်းဆိုချက်ကို သူကိုယ်တိုင် ငြင်းပယ်ခဲ့တယ်။ ဒါကြောင့် ဆန္ဒရှိတဲ့အတိုင်း မလုပ်ဆောင်နိုင်တော့ဘူး။ သို့သော်... အများပြည်သူတွေရှေ့မှာ သူကိုယ်တိုင် ထိမ်းမြားလက်ထပ်ဖို့တောင်းဆိုခဲ့တယ်။ ဒီလိုမျက်နှာသာပေးမှုကြီးက သူမကို ဖြေသာစေလိမ့်မယ်။

ဘုရင်မင်းမြတ်ကျားနင်ပြောတာက "ရွှီ"အဆင့် ကိုယ်လုပ်တော်ရာထူးမှန်း ဘယ်လက်ရုံးအမတ်ချုပ်ကြီး ကြားသိလိုက်တော့၊ သူ့ရဲ့အမူအယာ ပျော့ပြောင်းသွားပြီး၊ ခပ်တည်တည်မျက်နှာထားနဲ့ ထိုင်မြဲထိုင်နေလိုက်ပေမဲ့ ညာလက်ရုံးအမတ်ချုပ်ကြီးကတော့ အမြဲတစေပြုံး၍ အမူအယာပြောင်းလဲသွားတာမျိုး မရှိခဲ့ဘူး။

အမတ်မင်းတွေဟာ အသက်ကိုအောင့်၍ ရန်အန်းလဲ့နဲ့ အိမ်ရှေ့မင်းသားတို့ကို လှမ်းကြည့်ကြတော့သည်။ သူတို့ မပြောရဲကြပေမဲ့ ရန်အန်းလဲ့၏ကံကောင်းမှုကို တိတ်တခိုး အားကျနေမိ၏။ စစ်သူကြီးဟာ မြင့်မြတ်လှပေမဲ့ အိမ်ရှေ့မင်းသားဟာ ထီးနန်းအမွေဆက်ခံမယ့်သူ- ကျင့်တိုင်းပြည်၏အနာဂတ်ဘုရင်မင်းမြတ်ဖြစ်တယ်။ ရန်အန်းလဲ့ အရှေ့နန်းတော်ဆီဝင်ဖို့ သဘောတူလက်ခံမယ်ဆိုရင် အနာဂတ်မှာ သူမက အနည်းဆုံးတော့ တော်ဝင်မိဖုရားဖြစ်လိမ့်မယ်၊ ဒါက တကယ့်ကိုအဖိုးထိုက်တန်တဲ့နေရာပဲ။

တိုင်းပြည်၏ဂုဏ်ပြုညစာစားပွဲဟာ တော်ဝင်မင်္ဂလာပွဲအခမ်းအနားအဖြစ် ပြောင်းလဲသွားတာကိုကြည့်ရင်း၊ အားလုံး၏စိတ်ထဲမှာ စကားလုံးတွေဆူညံသွားကြပြီး၊ အားလုံးဟာ ရန်အန်းလဲ့၏အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ..." ရန်အန်းလဲ့ မျက်လွှာချပြီး ပြောမလို့ပြင်လိုက်တယ်။

"ခမည်းတော်"

မမျှော်လင့်ဘဲ၊ တစ်ချိန်လုံး တစ်စက်မှမလှုပ်တဲ့အိမ်ရှေ့မင်းသားဟာ ထိုင်ခုံနေရာမှ ရုတ်ချည်း ထထွက်ပြီး၊ အားလုံး၏အကြည့်အောက်က ပင်မခန်းမဆောင်ရှေ့မှာ ဒူးထောက်ကာ တည်ငြိမ်လေးနက်တဲ့အမူအယာနဲ့ ဖြည်းညှင်းစွာဆိုလာခဲ့သည်၊ "ခမည်းတော်၊ ကျေးဇူးပြုပြီး အမိန့်တော်ကို ရုပ်သိမ်းပေးပါ"

ထိုက်ဟော်ခန်းမဆောင်ထဲကအခြေအနေဟာ ရုတ်ချည်းအေးစက်သွားခဲ့တယ်။ ခန်းမဆောင်အလယ်မှာ ဒူးထောက်နေတဲ့ အိမ်ရှေ့မင်းသားကိုလှမ်းကြည့်ရင်း၊ အမတ်တွေအားလုံးဟာ မယုံကြည်နိုင်စွာ အချင်းချင်း လှည့်ကြည့်ကြတော့သည်။ ရန်အန်းလဲ့ဟာ သာမာန်အမျိုးသမီးဓါးပြတစ်ယောက်လို့ တွေးမိခဲ့တဲ့အချိန်တုန်းက၊ အိမ်ရှေ့မင်းသားဟာ သူမကို အရှေ့နန်းတော်ထဲသွင်းဖို့ စိတ်မကွက်ခဲ့ဘူး။ ယခုချိန်မှာ ရန်အန်းလဲ့ဟာ အလွန်အမင်းချောမောလှပပြီး၊ ဘုရင်မင်းမြတ်ကျားနင်၏တန်ဖိုးထားမှုကိုခံနေရမှန်း သိလျက်နဲ့၊ အရှင့်သား ဘာကြောင့် သူမကိုအရှေ့နန်းတော်ထဲမသွင်းဘဲ အမိန့်တော်ကို ပွင့်ပွင့်လင်းလင်း ငြင်းဆန်ရဲရတာလဲ?

ဘုရင်မင်းမြတ်ကျားနင်၏မျက်နှာလေး ပျက်သွားတော့သည်။ သူ နဂါးထိုင်ခုံပေါ် လက်ထောက်၍ မင်းသားကိုစူးစိုက်ကြည့်ကာ ညည်းတွားလိုက်သည်၊ "အို? သားတော်က ခမည်းတော်ရဲ့အမိန့်တော်ကို ရုပ်သိမ်းခိုင်းတာလား၊ ဖြစ်နိုင်တာက စစ်သူကြီးက မင်းနဲ့ မထိုက်တန်လို့များလား?"

"ခမည်းတော်၊ သားတော် စိုးရွံ့မိပေမဲ့ အဲ့လိုအကြောင်းကြောင့် မဟုတ်ပါဘူး" ဟန်ရဲ့၏မျက်လုံးတွေ ပင့်တက်သွားပြီး၊ ဘုရင်မင်းမြတ်ကျားနင်ကို လှမ်းကြည့်လိုက်တယ်၊ "သားတော် စစ်သူကြီးကို အရှေ့နန်းတော်ထဲဝင်ဖို့ မကြိုဆိုနိုင်တဲ့အကြောင်းအရင်းတစ်ခုရှိပါတယ်"

နံဘေးမှာရပ်နေတဲ့ ရန်အန်းလဲ့တစ်ယောက် တစ်ချက်ငေးစိုက်ကြည့်လိုက်ပေမဲ့ သူ့ရဲ့တည်ငြိမ်လှတဲ့မျက်လုံးတွေထဲက ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။

"ငါကိုယ်တော့်ကိုပြောပြစမ်းပါဦး" ဘုရင်မင်းမြတ်ကျားနင် ဒေါသကိုချုပ်တည်းပြီး ဆိုလိုက်တယ်။

"စစ်သူကြီးရန်က အရပ်ဘက်ဆိုင်ရာနဲ့ စစ်ဘက်ပိုင်းဆိုင်ရာနှစ်ခုလုံးမှာ အရည်အချင်းရှိတဲ့သူပါ၊ သူမက အရည်အချင်းရှိတဲ့ထောက်တိုင်တစ်ခုလည်း ဖြစ်တယ်၊ သူမ အရှေ့နန်းတော်ထဲ ဝင်ရောက်မယ်ဆိုရင်၊ ခမည်းတော် သစ္စာရှိတဲ့အမှုထမ်းတစ်ယောက် ဆုံးရှုံးရလိမ့်မယ်၊ ကျင့်တိုင်းပြည်ရဲ့ရုံးတော်က တိုက်ခိုက်ရေးကောင်းမွန်တဲ့စစ်သူကြီးကောင်းတစ်ယောက်ကို ဆုံးရှုံးရလိမ့်မယ်၊ ပြည်သူလူထုက သူတို့အတွက် အသနားခံပေးတဲ့လူကြီးမင်းတစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်၊ ကျင့်တိုင်းပြည်ရဲ့အမွေဆက်ခံသူဖြစ်တဲ့ သားတော် အဲ့ဒီအတွက် စိုးရွံ့မိလို့ပါ"

ဟန်ရဲ့တစ်ယောက် လေးနက်တဲ့အသံဖြင့်ဆိုလိုက်သည်၊ အသံ ထွက်ပေါ်လာတဲ့အချိန်မှာ သူ့ရဲ့ပုံရိပ်လေးဟာ ထင်းရှုးပင်လေးလို ဖြောင့်မတ်ပြီး ကြမ်းတမ်းနေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း၊ ရန်အန်းလဲ့ ဒူးထောက်နေတဲ့လူငယ်လေးကို တိတ်တဆိတ် ခေါင်းမော့ကြည့်ကာ သူမ၏နှုတ်ခမ်းသားထောင့်လေးတွေ အနည်းငယ်တင်းစိသွားခဲ့သည်။

အိမ်ရှေ့မင်းသား၏စကားလုံးတွေက ထိတ်လန့်စရာကောင်းလှ၏။ မင်းသားဟာ ငယ်စဉ်တည်းက အိမ်ရှေ့စံအဖြစ် ခန့်အပ်ခြင်းခံရမှန်း အားလုံး သိကြ၏။ သူ အမြဲဖြောင့်မတ်မှန်ကန်စွာ နေထိုင်နေခဲ့တယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင်၊ သူ အမှုထမ်းတစ်ယောက်ကို ဖြောင့်မတ်မှန်ကန်စွာ ချီးကျူးတာမျိုးကို ရုံးတော်တစ်ခုလုံး တစ်ခါမှမမြင်ဖူးခဲ့ကြဘူး၊ နောက်ပြီး ထိုသူ့ကို ရုံးတော်ထဲမှာနေစေဖို့အတွက် ဘုရင်မင်းမြတ်၏အမိန့်တော်ကိုတောင်မှ ပွင့်ပွင့်လင်းလင်း ငြင်းဆန်ခဲ့တယ်။

သို့သော် ထိုမှတ်ချက်က အရမ်းကိုကျယ်လောင်ပြီး၊ ဘာတစ်ခုမှ မှားယွင်းမနေခဲ့ဘူး။ ဒါကြောင့် အမတ်မင်းတွေအားလုံး သဘောတူထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်သွားကြတယ်၊ ဘုရင်မင်းမြတ်ကျားနင်၏အမူအယာလေးလည်း အတော်ပျော့ပြောင်းသွားခဲ့သည်။

အမတ်မင်းတွေအားလုံး ထိုအကြောင်းကိုတွေးနေကြစဉ်၊ ရန်အန်းလဲ့ နောက်ဆုံးတော့ လှုပ်ရှားမှုလေး စပြုလိုက်တယ်။ သူမ အင်္ကျီလက်စကို ပုံမှန်အတိုင်းမ,တင်လိုက်ပေမဲ့ အမြဲတည်ငြိမ်နေတဲ့ အမတ်မင်းတွေ၏မျက်လုံးတွေဟာ သူမအပေါ် တကယ်ရောက်ရှိနေခဲ့သည်။ အမျိုးသမီးစစ်သူကြီး တစ်ချိန်လုံး အင်္ကျီလက်စကိုလှန်လျောနေတာကို ကြည့်ရင်း၊ ဒေါသထွက်သွားကြတဲ့စစ်သူကြီးတစ်ချို့ဟာ မုတ်ဆိတ်တွေကိုပွတ်ပြီး စူးစိုက်ကြည့်ကြတော့သည်။

ကောင်မလေး၊ ရုံးတော်ထဲကအမှုထမ်းတွေ မင်းရဲ့မင်္ဂလာပွဲအတွက် စိုးရိမ်နေကြတာကိုမသိဘူးလား၊ မင်း အရှင့်သားရဲ့ကိုယ်လုပ်တော်ရာထူးကို မဆုံးရှုံးချင်ဘူးဆိုရင်၊ မြန်မြန်ထပြီး တောင်းဆိုသင့်တယ်၊ ဘာလို့ နှောင့်နှေးနေတာလဲ!

ဧည့်ပိရိသတ်တွေ၏အကြည့်ကို အာရုံစိုက်မိပုံမပေါ်သည့် ရန်အန်းလဲ့တစ်ယောက် အင်္ကျီလက်စကို အပြီးသတ်မ,တင်ပြီး လက်တွေကိုစုဝေး၍ ဘယ်ဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ အိမ်ရှေ့မင်းသားနဲ့ တစ်နေရာတည်းမှာ ဒူးထောက်၍ ဘုရင်မင်းမြတ်ကျားနင်ကိုလှမ်းကြည့်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်၊ "ကျွန်တော်မျိုးမ လက်မခံချင်ပါဘူး၊ အရှင်မင်းကြီး အမိန့်တော်ကို ပြန်ရုပ်သိမ်းဖို့ ကျွန်တော်မျိုးမ တောင်းဆိုပါတယ်"

အိမ်ရှေ့မင်းသား အခုလေးတင် အမိန့်တော်ကိုငြင်းဆန်သွားတဲ့အချိန်တုန်းက အားလုံး အံ့အားသင့်ရုံသင့်သွားကြပေမဲ့ ယခု ရန်အန်းလဲ့တစ်ယောက် ယုံကြည်ချက်ရှိရှိ "လက်မခံချင်ဘူး"လို့ ပြောဆိုလာတဲ့အချိန်မှာတော့ ထိုက်ဟော်ခန်းမဆောင်ကြီးတစ်ခုလုံး ရှုပ်ထွေးသွားခဲ့သည်!

အရင်တုန်းက ထိမ်းမြားလက်ထပ်ဖို့သဝဏ်လွှာပေးပို့ခဲ့တာ မင်း မဟုတ်ဘူးလား? ကျင့်တိုင်းပြည်ရဲ့ရတနာလို အဖိုးထိုက်တန်တဲ့အိမ်ရှေ့မင်းသားကို ခိုးယူချင်တဲ့အမျိုးသမီးဓါးပြက မင်း မဟုတ်ဘူးလား? ယနေ့ ဘုရင်မင်းမြတ်က ပေးအပ်တဲ့မင်္ဂလာပွဲကို မင်း ကျေးဇူးမတင်ဘူးဆိုရင်လည်း မတင်နဲ့လေ၊ ဒါပေမဲ့ အများပြည်သူတွေရဲ့ရှေ့မှာ မင်း ဒီလိုမငြင်းဆန်သင့်ဘူးမလား?

ဘုရင်မင်းမြတ်ကျားနင် မျက်မှောင်ကြုတ်သွားပြီး၊ နှုတ်ခမ်းသားလေးတွေပေါ်မှာ ရက်စက်တဲ့အပြုံးလေးနဲ့အတူ ရန်အန်းလဲ့ကို စူးစိုက်ကြည့်လိုက်သည်၊ "အို? ရန်အမတ်မင်း၊ ငါကိုယ်တော့်ကို အမှုထမ်းကောင်းတစ်ယောက် မဆုံးရှုံးစေချင်ဘူး၊ နောက်ပြီး ရုံးတော်ကို စစ်သူကြီးကောင်းတစ်ယောက် မဆုံးရှုံးစေချင်ဘူးလို့ အိမ်ရှေ့မင်းသား ပြောလာတယ်၊ မင်းကရော ဘာကြောင့်လက်မခံချင်တာလဲ?"

ရန်အန်းလဲ့၏မျက်လုံးတွေဟာ မထီမဲ့မြင်ပြုတဲ့အမူအယာမျိုးနဲ့အတူ ပင့်တက်သွားခဲ့သည်၊ ပြုံးနေတဲ့မျက်ခုံးတွေကြားမှာ ဖော်ပြမရနိုင်တဲ့စိတ်ကူးယဉ်မှုလေး ရှိနေခဲ့သည်၊ "အရှင်မင်းကြီး၊ လွန်ခဲ့နှစ်ဝက်ပိုင်းတုန်းက မြို့တော်ဆီပေးပို့တဲ့ထိမ်းမြားလက်ထပ်ဖို့သဝဏ်လွှာမှာ အန်းလဲ့ရဲ့စိတ်သဘောထားကို ရေးသားထားခဲ့ပါတယ်၊ မင်္ဂလာပွဲအတွက်ရေးသားခဲ့တဲ့ စကားလုံးတိုင်းက ယခုချိန်ထိ တစ်ပုံစံတည်းပါပဲ၊ ဒါကြောင့် အရှင်မင်းကြီးရဲ့အမိန့်တော်ကို မလိုက်နာနိုင်တာပါ၊ အရှေ့နန်းတော်ဆီဝင်ရောက်ဖို့အတွက် အရှင်မင်းကြီးရဲ့မျက်နှာသာပေးမှုကိုရရှိခဲ့မှန်း ကျွန်တော်မျိုးမ သိပေမဲ့လည်း ကျေးဇူးပြု၍ ပြန်လည်ပြင်ဆင်ပေးပါ၊ အရှင်မင်းကြီး၊ အမိန့်တော်ကို ရုပ်သိမ်းပေးပါ"

ဟန်ရဲ့ ရန်အန်းလဲ့ကို ခေါင်းလေးလှည့်ပြီးကြည့်လိုက်တယ်၊ ရန်အန်းလဲ့၏ငယ်ရွယ်လှပတဲ့ရုပ်ရည်လေးက သူ့ရဲ့မျက်လုံးတွေထဲ ရောင်ပြန်ဟပ်လို့နေပြီး၊ သူ ခဏတာမျှမှင်သက်သွားခဲ့သည်။

လွန်ခဲ့တဲ့နှစ်ဝက်ပိုင်းတုန်းက ထိမ်းမြားလက်ထပ်ဖို့ ပေးပို့ခဲ့တဲ့သဝဏ်လွှာလား? ရန်အန်းလဲ့ငြင်းဆန်တဲ့အကြောင်းပြချက်ကို အမှုထမ်းတွေတော်တော်များများ ချက်ချင်း သိလို့သွားပြီး၊ သူမကိုလှမ်းကြည့်နေတဲ့ သူတို့ရဲ့မျက်လုံးတွေဟာ ယခင်ကထက်ပိုမိုပွင့်လင်းလာကာ အနည်းငယ်နားလည်သွားတော့သည်။

ရန်အန်းလဲ့ အစတည်းကလိုချင်တဲ့အရာက အိမ်ရှေ့စံမိဖုရားလောင်းရာထူးဖြစ်ပြီး သူမ တောင်ပိုင်းရဲ့အမျိုးသမီးဓါးပြပဲဖြစ်ဖြစ်၊ ကျင့်တိုင်းပြည်ရဲ့စစ်သူကြီးပဲဖြစ်ဖြစ်၊ ထိုအချက်ဟာ ဘယ်တော့မှ ပြောင်းလဲမသွားဘူးလို့ ဘုရင်မင်းမြတ်ကျားနင်ကို သူမ ပြောဆိုနေတာဖြစ်သည်။

ဘုရင်မင်းမြတ်ကျားနင် အသံမထွက်တော့ဘူး၊ ခန်းမဆောင်ထဲမှာ ဒူးထောက်နေပေမဲ့ အရပ်ဘက်ဆိုင်ရာအမတ်တွေနဲ့ စစ်ဘက်ဆိုင်ရာအမတ်တွေအားလုံးကို ယုံကြည်လက်ခံစေတဲ့အမျိုးသမီးကို မျက်မှောင်ကြုတ်၍ ပုံမှန်အတိုင်း လှမ်းကြည့်လိုက်တယ်။ ဒီလိုဇွဲကောင်းမှုမျိုးနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုတို့က သူ့ရဲ့ဘဝမှာ လူတစ်ယောက်တည်းဆီမှာပဲ တွေ့ခဲ့ဖူးတယ်။ အရမ်းကိုဆင်လွန်းတယ်၊ ဒီလိုဆင်တူမှုမျိုးက ပူလောင်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းလာခဲ့သည်။

ထိုက်ဟော်ခန်းမဆောင်ထဲမှာ တိုင်းပြည်ရဲ့အရှင်သခင်-သူချီးမြှင့်တဲ့မင်္ဂလာပွဲဖြစ်ရင်တောင်မှ "သူမရဲ့စိတ်နှလုံးသား ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး"လို့ ဒီကမ္ဘာပေါ်ကဘယ်သူမှ ပြောနိုင်ကြမှာမဟုတ်ဘူး၊ အရှေ့နန်းတော်နဲ့ လက်ဆက်ပြီး ဖီးနစ်ဖြစ်ခွင့်ကို ငြင်းဆန်နိုင်တဲ့အမျိုးသမီးဆိုတာလည်း မရှိဘူး။ သို့သော် ရန်အန်းလဲ့ကတော့ ငြင်းဆန်ခဲ့တယ်။

အန်းလဲ့ရွာက ဘယ်လိုနေရာမျိုးလဲ၊ နောက်ပြီး ရန်အန်းလဲ့လိုအမျိုးသမီးမျိုးကို ဘယ်လိုများ မွေးထုတ်ပေးနိုင်တာလဲလို့ ဘုရင်မင်းမြတ်ကျားနင် ရုတ်ချည်းသိချင်စိတ်ပြင်းပြလာခဲ့သည်။

မြေပြင်ပေါ်မှာဒူးထောက်နေတဲ့ လူနှစ်ယောက်ကိုကြည့်ရင်း၊ ဘုရင်မင်းမြတ်ကျားနင်တစ်ယောက် လွန်ခဲ့တဲ့နှစ်၂၀တုန်းက လူနှစ်ယောက်ကို ရုတ်ချည်းပြန်မြင်ယောင်သွားကာ၊ လက်တွေကိုဝှေ့ယမ်းပြီး ဆိုလိုက်တယ်၊ "သားတော်ရဲ့စကားလုံးတွေက ဖြောင့်မတ်မှန်ကန်တယ်၊ အမတ်မင်းရန်က အရည်အချင်းရှိတယ်၊ ရုံးတော်ထဲမှာ အမတ်မင်းရန်လိုလူမျိုးရှိတဲ့အတွက် ကျင့်တိုင်းပြည် ကံကောင်းလွန်းတယ်၊ ငါကိုယ်တော် သေသေချာချာ မတွေးခဲ့မိဘူး၊ ဒါကြောင့် ဒီကိစ္စကို ဒီအတိုင်းထားလိုက်တော့မယ်၊ မင်းတို့အားလုံး ထကြတော့"

ဘုရင်မင်းမြတ်ကျားနင် ဒီကိစ္စကို ဒီအတိုင်းထားလိုက်တော့မယ်ဆိုမှတော့၊ အားလုံးလည်း စကားလမ်းကြောင်းကို အလျင်အမြန်ပြောင်းလိုက်ကြတယ်။

ဒါက အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပေမဲ့ ဘုရင်မင်းမြတ် တစ်စက်လေးမှ ဒေါသမထွက်ခဲ့ဘူး၊ အိမ်ရှေ့မင်းသားနဲ့ ရန်အန်းလဲ့တို့၏ခွန်အားအကြောင်းတွေးမိရင်း အမတ်တွေအားလုံး ချုပ်တည်းမရနိုင်ဘဲ လေးလေးနက်နက် ခံစားမိခဲ့ကြသည်။

ဂုဏ်ပြုစားပွဲကြီး ပြန်လည်စည်ကားလာပေမဲ့ အဆုံးသတ်တော့ အရင်အတိုင်းဖြစ်မသွားခဲ့ဘူး၊ ဒါကြောင့် ဘုရင်မင်းမြတ်ကျားနင် စားပွဲမှထွက်ခွာသွားပြီးတဲ့နောက် အားလုံးဟာလည်း ခဏမျှသာနေပြီး လူစုကွဲသွားကြသည်။

အစကနေ အဆုံးအထိ စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့လူတွေကတော့ မင်္ဂလာပွဲချီးမြှင့်မှု တစ်ခါမှမဖြစ်ပျက်ခဲ့သလိုမျိုး အိမ်ရှေ့မင်းသားနဲ့ ရန်အန်းလဲ့တို့၏အမူအယာ အမြဲတည်ငြိမ်နေတာကို လှမ်းမြင်နိုင်ကြ၏။

နန်းတွင်းထဲကထွက်ပြီး ရန်အိမ်တော်ဆီပြန်တဲ့လမ်းတစ်လျှောက်လုံး ရန်အန်းလဲ့ စကားတစ်ခွန်းမှ မဆိုခဲ့ဘူး။ နန်းတော်အပြင်ဘက်မှာ ပြောဆိုနေကြတဲ့လူတွေဆီကနေ ယွမ့်ချင် ကြားသိခဲ့ပြီးပြီမို့၊ သူမ ရေချိုးခန်းထဲမှာ ရန်အန်းလဲ့၏အင်္ကျီကိုကူချွတ်ပေးရင်း မနေနိုင်တော့ဘဲ အန်းလဲ့ကိုနှစ်သိမ့်ပေးလိုက်သည်၊ "သခင်မလေး၊ မင်္ဂလာပွဲကို အရှင့်သားက အရင်ဆုံးငြင်းဆန်ခဲ့ပေမဲ့ ဘာပဲဖြစ်ဖြစ်၊ သူ သခင်မလေးအတွက် စကားကောင်းတွေအများကြီး ပြောပေးခဲ့တယ်၊ ဒါကြောင့် စိတ်ထဲမှတ်မထားနဲ့တော့"

ရန်အန်းလဲ့ အသိပြန်ကပ်လာပြီး၊ စိုးရိမ်ပူပန်နေတဲ့အမူအယာနဲ့အတူ ယွမ့်ချင်၏မျက်လုံးပြူးကြီးကို တွေ့လိုက်ရပြီး၊ အပြုံးလေးနဲ့ဆိုလိုက်သည်၊ "မင်း ဘာတွေတွေးနေတာလဲ၊ ကိုယ်လုပ်တော်ရာထူးက မင်းသခင်မလေး-ငါ့အတွက် အရမ်းရှားပါးနေလို့လား?"

ရန်အန်းလဲ့ တစ်စက်လေးမှစိတ်မပျက်သွားဘဲ စိတ်ဓာတ်တက်ကြွနေသေးတာကိုမြင်တော့၊ ယွမ့်ချင် စိတ်သက်သာရာရသွားပြီး၊ ချက်ချင်းပြောင်းလဲသွားကာ ညည်းတွားတော့သည်၊ "ဘုရင်မင်းမြတ်ကလည်း ကျွန်မတို့ကို အမြဲအနိုင်ကျင့်နေတာ၊ ကျွန်မတို့ အိမ်ရှေ့စံမိဖုရားလောင်းဖြစ်ဖို့ မြို့တော်ဆီရောက်လာတာမှန်း သိလျက်နဲ့၊ သခင်မလေးကို ကိုယ်လုပ်တော်ရာထူးပေးတာက တကယ့်ကိုရိုင်းပျလွန်းတာပဲ! သခင်မလေး၊ စိတ်မပူနဲ့၊ မနက်ဖြန် ချန်ချင်းနဲ့ ကျွန်မ သခင်မလေးအတွက် မြို့တော်ထဲကခင်ပွန်းကောင်းတစ်ယောက် ရှာပေးမယ်..."

ရန်အန်းလဲ့ မျက်ခုံးတွေကိုပွတ်ပြီး ရေချိုးကန်ထဲဝင်လိုက်တယ်။ သူမ ယွမ့်ချင်ရဲ့ဆူပူသံကို တကယ့်ကိုမကြိုက်ဘူး၊ ဒါကြောင့် သူမ ယွမ့်ချင်ကို ခဏထွက်သွားဖို့တောင်းဆိုလိုက်တယ်။

"သခင်မလေး၊ အရှင့်သားက မင်္ဂလာပွဲကိုငြင်းဆန်မှာမှန်း အစောကြီးတည်းက သိထားပြီးသားမဟုတ်ဘူးလား?" ယွမ့်ချင် အမွှေးတိုင်ကိုထွန်းညှိရင်း အသံလေးက နူးညံ့ပျော့ပြောင်းနေခဲ့သည်။

ရန်အန်းလဲ့ မျက်လုံးတွေကို မှိတ်ပစ်လိုက်တယ်၊ ရေတွေက သူမရဲ့လည်ပင်းပေါ် စင်လို့လာ၏၊ သူမ နှုတ်ခမ်းသားတွေကို တင်းစိလိုက်တယ်၊ "ဟန်ရဲ့က တကယ့်ကိုထက်မြက်လွန်းတယ်၊ ငါ့ရဲ့စွမ်းဆောင်မှုတွေကို ဘုရင်မင်းမြတ်ကျားနင်ဆီ လျှောက်တင်ဖို့ ရှစ်ကျိန့်ရန်ကို စေခိုင်းတဲ့အချိန်တည်းက ဘုရင်မင်းမြတ်ကျားနင် မင်္ဂလာပွဲချီးမြှင့်မှာမှန်း သူ ခန့်မှန်းထားပြီးသား၊ ဒါကြောင့် သူ ဒီလိုလုပ်ခဲ့တာပဲ၊ ချန်းတောင်ထိပ်မှာ ဒီလိုစကားလုံးတွေကိုပြောပြီး ငါ့ကိုနောက်ဆုတ်အောင် လုပ်ခဲ့တယ်၊ ဒါကြောင့် ငါ နောက်ဆုတ်လိုက်တာ"

"သခင်မလေး၊ ကျွန်မ နားမလည်တော့ဘူး၊ ဘုရင်မင်းမြတ်က အရွယ်ကောင်းပဲရှိသေးတာ၊ အခု သခင်မလေးက မြို့တော်ကိုစောင့်ကြပ်ခွင့်အာဏာရပြီ၊ သူ သခင်မလေးကို အရှေ့နန်းတော်ဆီ ယုံကြည်ချက်ရှိရှိ လက်ထပ်ခွင့် ဘယ်ပြုနိုင်မှာလဲ? သခင်မလေးနဲ့ အိမ်ရှေ့မင်းသားတို့ ပူးပေါင်းသွားရင် အချုပ်အချာအာဏာ မတည်ငြိမ်ဖြစ်သွားမှာ သေချာပေါက်ပဲ"

"ယွမ့်ချင်၊ ဒီလထဲ မြို့တော်ထဲကကောလဟာလတွေအကြောင်း ပြန်တွေးကြည့်ပါလား?"

ယွမ့်ချင် ခဏမျှတွေးတောကြည့်ပြီး တဖြည်းဖြည်းချင်း သဘောပေါက်သွားခဲ့တယ်၊ "သခင်မလေး၊ ဘုရင်မင်းမြတ်က မင်းသမီးအန်းနင်နဲ့ စစ်သူကြီးရှစ်ကို မြို့တော်ဆီပြန်ခေါ်ပြီး၊ စစ်ရေးအာဏာထိန်းချုပ်ဖို့အတွက် မင်းသား၉ကို အနောက်မြောက်ပိုင်းဆီ ပို့ဖို့ရည်ရွယ်ထားတယ်၊ ဒီနေ့ ဘုရင်မင်းမြတ် မင်္ဂလာပွဲကိုချီးမြှင့်တာက မင်းသားကိုနှစ်သိမ့်ပေးဖို့များ ဖြစ်မလား?"

"ဟုတ်တယ်၊ မုဝမ် ကျဆုံးသွားပြီ၊ မင်းသား၅ကလည်း ဗုဒ္ဓစာပေမှာ မွေ့ပျော်နေတယ်၊ အခု မင်းသားတွေရဲ့အာဏာကိုမျှဝေဖို့အတွက် သူ မင်းသား၉ကိုပဲ ထောက်ပံ့နိုင်တော့တယ်" ရန်အန်းလဲ့ ခေါင်းညိတ်ပြလိုက်တယ်၊ "ဒါက ဟန်ရဲ့နဲ့ ငါနှစ်ယောက်လုံး တပြိုင်နက်တည်း ငြင်းဆန်ကြလိမ့်မယ်လို့ သူ ထင်မထားခဲ့တာ၊ အခု မင်္ဂလာပွဲက မဖြစ်နိုင်တော့ဘူး၊ ဘုရင်မင်းမြတ် ဝမ်းနည်းသွားတော့မယ်၊ စွမ်းဆောင်မှုကြီးပြုခဲ့တဲ့အိမ်ရှေ့မင်းသားကိုချွေးသိပ်ဖို့က သိပ်မလွယ်ဘူး"

"တော်ဝင်မိသားစုတွေရဲ့အာဏာက ပြဿနာအများဆုံးပဲ၊ သူတို့ပြဿနာ သူတို့ပဲရှင်းပါစေ"

ယွမ့်ချင် ညည်းတွားလိုက်တော့သည်၊ ခန်းဆီးအပြင်ဘက်မှ ယွမ့်ဆူး၏အသံလေး ထွက်ပေါ်လာခဲ့သည်၊ "သခင်မလေး၊ ဦးလေးချင် တောင်ပိုင်းကနေ ကျင်းယန့်ပန်းနှစ်ပွင့် ပို့လိုက်တယ်လို့ ချန်ချင်းပြောတယ်"

ယွမ့်ချင်၏အမူအယာ အနည်းငယ်ပြောင်းလဲသွားပြီး သူမ ကျယ်လောင်စွာ ဆိုလိုက်တယ်၊ "ယွမ့်ဆူး၊ ခြံဝင်းထဲကို အရင်ဆုံးယူခဲ့"

ယွမ့်ဆူး တီးတိုးဆိုတော့သည်၊ "အမြဲ ငါ့ကိုပဲအမိန့်ပေးနေတာ" ထို့နောက် ခြေရာလက်ရာမကျန်ဘဲ အဝေးသို့ ထွက်ပြေးလိုက်သည်။

ယွမ့်ချင်တစ်ယောက် ရန်အန်းလဲ့၏ဆံနွယ်ရှည်ကြီးကို သေသေချာချာ ဖြေပေးလိုက်တယ်၊ "သခင်မလေး၊ ကျင်းယန့်ပန်းဝတ်မှုန် ကုန်ခါနီးပြီ၊ ဦးလေးချင် အချိန်မီ ပို့ပေးတာပဲ"

ရန်အန်းလဲ့ "အင်း"လို့သာပြောပြီး တစ်ခြားဘာတစ်ခုမှ မပြောတော့ဘူး။

သူမ မျက်မှောင်အနည်းငယ်ကြုတ်သွားတာကိုမြင်တော့၊ သူမ မပျော်ရွှင်မှန်း ယွမ့်ချင်သိပြီး၊ သက်ပြင်းချလိုက်တယ်၊ "ဘာပဲဖြစ်ဖြစ် သာမာန်ဆေးရောင်တွေနဲ့လုပ်တဲ့ မျက်နှာဖုံးက အရမ်းကြမ်းတယ်၊ တကယ်လို့ အတွင်းအားကောင်းတဲ့သူတစ်ယောက်နဲ့ ကြုံမယ်ဆိုရင်၊ သဲလွန်စတွေကို မြင်နိုင်လိမ့်မယ်၊ ကျွန်မ မြောက်ပိုင်းချင်ရဲ့နန်းတွင်းကနေ ကျင်းယန့်ပန်းတစ်ချို့ ခိုးလာခဲ့တယ်၊ သခင်မလေး၊ သခင်မလေး မျက်နှာဖုံးမဝတ်ချင်မှန်း သိပေမဲ့..."

ဒီကမ္ဘာပေါ်မှာ ကျင်းယန့်ပန်းဝတ်မှုန်နဲ့ပြုလုပ်တဲ့မျက်နှာဖုံးသည်သာ အပြစ်အနာအဆာ မရှိတာဖြစ်ပြီး၊ လူအစစ်၏အရေပြားနဲ့ တစ်ပုံစံတည်းဖြစ်ပေမဲ့ ၃လတိုင်း လဲလှယ်ဖို့လိုအပ်၏။ သူမတို့အမှားလုပ်မိမှာစိုးရိမ်လို့ ဦးလေးချင်ဟာ ထူးခြားဆန်းပြားတဲ့ကျင်းယန့်ပန်းကို မြို့တော်ဆီ ပို့ပေးခဲ့တာဖြစ်သည်။

"ယွမ့်ချင်၊ မင်း ငါ့အတွက် ဘယ်လောက်များများ လုပ်ပေးခဲ့တာမှန်း ငါသိတယ်" ရန်အန်းလဲ့ မျက်လွှာချပြီး၊ ရေစလုံထဲက ဆေးရောင်ခြယ်မျက်နှာကိုလှမ်းကြည့်လိုက်တယ်။ ဒါက သာမာန်ပဲဖြစ်ပြီး သူမ ဒီမျက်နှာကို ၁၀နှစ်ကြာအောင် မြင်တွေ့လာခဲ့တာဖြစ်သည်။

"လွန်ခဲ့တဲ့၁၀နှစ်တည်းက တိကျစ်ယွမ် သေသွားပြီ၊ အခု ငါက ရန်အန်းလဲ့သက်သက်ပဲ"

"မျက်နှာဖုံးလုပ်ဖို့ ကျွန်မ ပန်းဝတ်မှုန်တွေ သွားဖယ်လိုက်မယ်" ယွမ့်ချင်၏မျက်လုံးလေးတွေဟာ အနည်းငယ်စူးရှသွားပြီး၊ သူမ ခေါင်းလေးကိုလှည့်ကာ အဝေးထွက်သွားလိုက်သည်။

ရန်အန်းလဲ့ မျက်လုံးတွေကိုမှိတ်ပြီး သက်ပြင်းရှည်ကြီးချကာ ရေချိုးကန်ထဲသို့ နစ်ဝင်လိုက်သည်။

နာရီဝက်မျှကြာပြီးနောက် ယွမ့်ချင် အခန်းတံခါးကိုခေါက်ပြီး အတွင်းသို့ဝင်လိုက်တယ်။ ရေချိုးခန်းထဲကမြင်ကွင်းကို ကြည့်ရင်း၊ သူမ နေရာမှာတင် ကြောင်သွားခဲ့တယ်။

လိုက်ကာပေါ်မှာတင်ထားတဲ့ အဝတ်အစားတွေမရှိတော့ဘူး၊ ရေပြင်ပေါ်မှာ ပါးလွှာတဲ့မျက်နှာဖုံးလေး ပေါလောမျောနေခဲ့တယ်၊ ရေချိုးကန်ထဲမှာလည်း လူတစ်ယောက်မှမရှိတော့ဘူး။

ယုံနင်လမ်းမကြီးဟာ နန်းမြို့တော်၏စည်ကားသိုက်မြိုက်ဆုံးနေရာမှာ တည်ရှိတာဖြစ်ပေမဲ့ ၁၀နှစ်ကျော်ကြာတဲ့အထိ ဒီနေရာရဲ့နာမည်ကို ဘယ်သူမှ မခေါ်ရဲခဲ့ကြဘူး၊ ယခုချိန်မှာ ဒီနေရာကနေ ဖြတ်သန်းသွားကြတဲ့လူအနည်းသာ ရှိတော့သည်။

လမ်းမကြီး၏အဆုံးသတ်မှာ၊ အိမ်ဟောင်းကြီးတစ်လုံးရှိတယ်။ အိမ်ကြီးဟာ အဘိုးအိုကြီးတစ်ယောက်လို အိုဟောင်းနေပေမဲ့ အိမ်တော်၏ရှေ့မှာ ချိတ်ဆွဲထားတဲ့ ကျင့်အန်းစစ်သူကြီးချုပ်အိမ်တော်ဆိုတဲ့ဘုတ်ပြားဟာ ယခင်အတိုင်း ခိုင်မြဲနေခဲ့သည်။

ထိုနေ့ညမှာပဲ၊ နန်းတွင်းမှထွက်ရှိလာတဲ့မြင်းလှည်းတစ်စီးဟာ လမ်းမကြီး၏အဆုံးတစ်ဖက် အိုဟောင်းနေတဲ့ဂိတ်တံခါးရှေ့မှာ ရပ်တန့်သွားခဲ့သည်။ ဟန်ရဲ့ ဝိုင်အိုးလေးကိုပိုက်လျက် မြင်းလှည်းထဲမှ ထွက်လိုက်တယ်။ သူ အစောင့်တွေကိုထွက်သွားခိုင်းပြီး ကျောက်တုံးလှေကားထစ်တွေဆီ လျှောက်လှမ်းကာ တံခါးကိုတစ်ယောက်တည်း တွန်းဖွင့်လိုက်တော့ "ကျွီ"ခနဲ အသံလေးထွက်ပေါ်လာပြီး၊ သူ့ရဲ့နှုတ်ခမ်းသားလေးတွေ စိသွားကာ သူ တစ်လှမ်းချင်း လှမ်းဝင်လိုက်သည်။

၁၀နှစ်အကြာက ခမ်းနားကြီးကျယ်ခဲ့တဲ့စစ်သူကြီးချုပ်အိမ်တော်ထဲမှာ ရေညှိတွေတက်နေတဲ့ကျောက်တုံးလှေကားထစ်တွေ၊ သစ်ပင်အိုကြီးတွေ၊ ဖရိုဖရဲဖြစ်နေတဲ့ခန်းမဆောင်နဲ့ ညှိုးနွမ်းခြောက်သွေ့နေတဲ့ ဥယျာဉ်တော်သာ ကျန်ရှိတော့သည်။ ရှေ့သို့တစ်လှမ်းတိုးသွားတဲ့အချိန်တိုင်း ဟန်ရဲ့၏မျက်လုံးတွေ မည်းနက်သွားခဲ့သည်။

သူ ကျင့်အန်းစစ်သူကြီးချုပ်အိမ်တော်ဆီ မရောက်ဖြစ်တာ နှစ်ပေါင်းအတော်ကြာပြီ၊ သူ အရာဝတ္ထုတွေကို မြင်လိုက်တာနဲ့ လူတွေအကြောင်းတွေးမိခဲ့တယ်။ ထိုက်ဇူမင်းချီးမြှင့်ထားတဲ့ ဒီအိမ်တော်ဟာ တိမိသားစု၏ဂုဏ်ကျက်သရေကို သယ်ဆောင်ထားပြီး၊ တိမိသားစု၏ကျဆုံးမှုကိုပြသတဲ့ သက်သေတစ်ခုလည်း ဖြစ်သည်။

အဆောင်တစ်ခုရှေ့မှာ ဟန်ရဲ့ ရပ်တန့်သွားခဲ့သည်၊ တံခါးရဲ့ရှေ့မှာ အဝါရောင်စာရွက်တစ်ခု ကပ်လို့ထားပြီး၊ ထိုစာရွက်ပေါ်မှာ "ကွေးယွမ်အိမ်တော်"လို့ ရေးသားထားတယ်။ စကားလုံးတွေက မသေသပ်သေးသော်ငြားလည်း အရေးအသားက စူးရှထက်မြက်လွန်း၏။ သူ ခဏမျှရပ်နားပြီး ဖြည်းဖြည်းချင်း လှမ်းလျှောက်ကာ စင်္ကြရှေ့ကကျောက်တုံးလှေကားထစ်တွေပေါ် ထိုင်လိုက်တယ်၊ သူ့ရဲ့အဝတ်အစားတွေ စွန်းထင်းသွားမှာကိုလည်း စိတ်မပူခဲ့ဘူး။

ဒါက တိအိမ်တော်၏အဆောင်တစ်ခုပဲ။ သူ လွမ်းဆွတ်တမ်းတတဲ့အမူအယာနဲ့အတူ ကွေးယွမ်အိမ်တော်ကို လှမ်းကြည့်လိုက်တယ်။ အရင်တုန်းက ခမည်းတော်ဟာ ကျင့်အန်းစစ်သူကြီးချုပ်နဲ့အတူ ကျားကစားဖို့ သာမာန်အရပ်ဝတ်နဲ့ မကြာခဏလာရောက်ခဲ့တယ်၊ ဒါကြောင့် သူလည်း သက်တူရွယ်တူနီးပါးဖြစ်တဲ့ တိကျစ်ယွမ်နဲ့ ပြေးလွှားဆော့ကစားနိုင်ခဲ့တယ်။

"တိမိသားစုရဲ့ကောင်မလေး၊ မင်းတို့အိမ်တော်က အရမ်းနုံချာတာပဲ၊ အိမ်တော်မှာ နာမည်တစ်ခုတောင် မရှိဘူး" အဲ့ဒီအချိန်တုန်းက ဘုရင်မင်းမြတ်ကျားနင်ဟာ တိကျစ်ယွမ်ကို မျက်နှာသာပေးပြီး၊ ဖြူဖွေး၍နူးညံ့လှတဲ့ ကောင်မလေးကို မနောက်ပြောင်ဘဲမနေနိုင်ဖြစ်ခဲ့သည်။

၇နှစ်ပဲရှိသေးသည့်တိကျစ်ယွမ်ဟာ လက်ထဲမှာပစ္စည်းတစ်ခုနဲ့အတူ စင်္ကြပေါ်မှာထိုင်နေတာကို သူ ရှင်းရှင်းလင်းလင်းကြီး မှတ်မိ၏။ သူမ မျက်လုံးတွေတောင် မော့ကြည့်မလာခဲ့ဘူး။ ခြေတံတိုလေးနဲ့ အခန်းထဲကစာရွက်ကို ထုတ်ယူပြီး၊ "ကွေးယွမ်အဆောင်"လို့ ရေးသားကာ၊ တံခါးပေါ်ကပ်ဖို့လုပ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူမက အရမ်းကိုအရပ်ပုတာကြောင့် သူ မနေနိုင်တော့ဘဲ အခန်းထဲပြေးဝင်ပြီး ခြေတင်ခုံကို ရွှေ့ပေးလိုက်တယ်။

သူ ဘေးမှာရပ်ပြီး စိတ်ဝင်တစား စောင့်ကြည့်နေပေမဲ့ သူ မျက်လုံးလေးတွေမှိတ်လိုက်တဲ့ခဏမှာပဲ ကောင်မလေး ခြေတင်ခုံပေါ်ကနေ ပြုတ်ကျပြီး၊ ခြေထောက်လေးခွင်သွားကာ ခြေကျင်းဝတ်မှာလည်း အစင်းရာကြီး ဖြစ်ပေါ်သွားခဲ့တယ်၊ သွေးတွေစီးကျလာတာမို့ မြင်ရတဲ့သူတောင် စိတ်မကောင်းဖြစ်မိ၏။ သူ ကောင်မလေးကို ရင်ခွင်ထဲမှာထွေးပွေ့ပြီးနှစ်သိမ့်ပေးချင်ပေမဲ့ သူ့ရဲ့မျက်လုံးတွေကိုပင့်ကြည့်လိုက်တော့ သူမ၏ပါးစပ်ဟာ တင်းစိလို့နေပြီး မျက်ရည်တွေလိမ့်ဆင်းလာပေမဲ့ သူမ ဟစ်အော်ငိုကြွေးဖို့ ငြင်းဆန်နေတာကို တွေ့လိုက်ရတယ်။

"မင်းက အရမ်းခေါင်းမာလွန်းတယ်၊ ကလေးတစ်ယောက်ပဲရှိသေးတာ၊ မင်း ငိုတော့ရော ဘာဖြစ်သွားမှာမို့လဲ?" ဟန်ရဲ့ ဝိုင်အိုးပေါ်ကချိတ်စည်းကိုဆွဲဖြဲပြီး တစ်ငုံသောက်ကာ စာရွက်ဝါလေးပေါ်ကလက်ရေးကိုလှမ်းကြည့်ရင်း အသံတိုးတိုးနဲ့ အပြစ်တင်မိ၏။

အသံတွေ ရပ်တန့်သွားတော့ ဟန်ရဲ့ ခြောက်ခြောက်ကပ်ကပ်ပြုံးလိုက်တယ်၊ သူမ ခေါင်းမာမှန်း သူ မသိဘဲဘယ်နေလိမ့်မလဲ၊ သူမသာ ခေါင်းမမာခဲ့ဘူးဆိုရင်၊ တိမိသားစု မတော်တဆဖြစ်ပြီးတဲ့နောက်မှာ သူမ တိပေမြို့မှာ ဒီလိုဒဏ်ရာရခဲ့မှာမဟုတ်ဘူး၊ နောက်ပြီး သူ့ရဲ့ကုသပေးမှုကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့မှာ မဟုတ်ဘူး၊ တိမိသားစုရဲ့ဘိုးဘေးခန်းမဆောင်ရှေ့မှာ ဒူးထောက်ပြီး ထွက်သွားဖို့ ငြင်းဆန်ခဲ့မှာမဟုတ်ဘူး။

ညဉ့်လေပြည်လေးတိုက်ခတ်လာပြီး ရွက်ဟောင်းတွေ မြေပြင်ပေါ် ကြွေကျလာခဲ့တယ်။ ဟန်ရဲ့ နှုတ်ခမ်းသားလေးတွေကို အနည်းငယ်လှုပ်ခတ်ရင်း ကွေးယွမ်အဆောင်ကို လှမ်းကြည့်လိုက်တယ်။

"ကျစ်ယွမ်၊ ငါကိုယ်တော် တောင်းပန်တယ်၊ ငါကိုယ်တော် တစ်ခြားတစ်ယောက်ကို ချစ်မိသွားခဲ့ပြီ၊ ငါကိုယ်တော် တောင်းပန်တယ်၊ ငါကိုယ်တော် တောင်းပန်ပါတယ်..."

သူ လက်ရန်းပေါ်မှီပြီး မျက်လုံးလေးတွေမှိတ်လိုက်တယ်။ သူ့ရဲ့ဆံနွယ်ရှည်ကြီးဟာ ကွေးတက်လို့သွားပြီး၊ အလွန်အမင်းတိုးလျတဲ့သူ့ရဲ့အသံလေးဟာ လေပြည်ထဲမှာ ပြန့်ကြဲသွားကာ မကြားနိုင်ဖြစ်သွားခဲ့သည်။

နန်းတွင်းရှိ ချန်ယွမ်နန်းဆောင်၌ ဘုရင်မင်းမြတ်ကျားနင် အဝတ်အစားတွေချွတ်ပြီး အိပ်ရာဝင်ဖို့ ပြင်လိုက်တယ်။ ကျောက်ဖူ အလောတကြီးဝင်လာတာကိုမြင်တော့ သူ ပုံမှန်အတိုင်း မေးလိုက်သည်၊ "သားတော် အရှေ့နန်းတော်ဆီ ပြန်သွားပြီလား?"

ကျောက်ဖူ နှုတ်ဆိတ်သွားပြီး၊ ခဏကြာတော့ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်၊ "အရှင်မင်းကြီး၊ အိမ်ရှေ့မင်းသား... သူ ဝိုင်တစ်အိုးယူပြီး ကျင့်အန်းစစ်သူကြီးချုပ်အိမ်တော်ဆီ ထွက်သွားပါတယ်"

ဘုရင်မင်းမြတ်ကျားနင် အဝတ်အစားတွေချွတ်နေရင်း ရပ်တန့်သွား၏၊ ထို့နောက် ပြတင်းပေါက်ဆီ လျှောက်သွားလိုက်တယ်။ အခန်းတစ်ခုလုံးဟာ ထိန်လင်းနေခဲ့တော့သည်၊ အချိန်အတော်ကြာသွားတဲ့နောက် အိပ်ခန်းဆောင်ဆီကနေ သက်ပြင်းရှည်ကြီး ထွက်ပေါ်လာခဲ့သည်။

Lanjutkan Membaca

Kamu Akan Menyukai Ini

6.7M 515K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...
10.1K 999 44
Due to lan wangji anger, he made a mistake due to which he regretted it all his life
Baveen Oleh جيمي

Fiksi Sejarah

19K 2.8K 16
__ ايتها الفتاة المنسيه التي لا يعلم عنها احد ، هذه البلاد تسير بالقانون لا بالاستثنائات __ مكانكَ هذا محرم عليه دخول الاناث وانا هنا ، الا يعد هذا...
14.9K 331 107
In the heart of the opulent imperial palace, amidst the glitz and glamour, we find Zhao Heng, a lowly laundry maid with dreams of escaping the palace...