Di Huang Shu (Legend of Anle...

By LeoLight-13

6K 286 4

"ဧကရာဇ်များမှတ်တမ်းစာအုပ်" ရေးသားသူ: ရှင်းလင် (Xing Ling) Translator - My Novel VIP member fee- 3000kyats မူပ... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂) လူမိသွားတဲ့ အရှင့်သား
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)

အပိုင်း (၂၉)

65 1 0
By LeoLight-13

An Le Zhuan-Di Huang Shu
အပိုင်း (၂၉) ကျင့်နင်စစ်သူကြီးချုပ်

မြို့တော်ဟာ မလှမ်းမကမ်းမှာဖြစ်ပြီး၊ ၂ရက်လုံးခရီးနှင်လာရတဲ့မြင်းတွေဟာ မြို့တော်နဲ့ကီလိုမီတာ အနည်းငယ်အကွာမှာ အရှိန်နှေးသွားကြတော့သည်။

“ကျိန့်ရန် ငါတို့ကို မြို့တော်ရဲ့ဂိတ်တံခါးမှာ စောင့်နေတယ်၊ ယွမ့်ဆူးနဲ့ ယွမ့်ချင်တို့လည်း သူနဲ့အတူ ရှိတယ်၊ မင်း စိတ်ပူစရာမလိုဘူး”

ရန်အန်းလဲ့ ဒီ၂ရက်လုံး တစ်မူထူးခြားစွာနှုတ်ဆိတ်နေတာကို ဟန်ရဲ့ ခံစားသိမိ၏။ မြို့တော်၏ဂိတ်တံခါးဆီ ချဉ်းကပ်သွားရင်း ဟန်ရဲ့ ဇက်ကြိုးတွေကိုခပ်တင်းတင်းဆွဲကာ၊ သူ့ရဲ့နံဘေးမှာ မျက်မှောင်ကြုတ်လျက် လိုက်ပါလာတဲ့ရန်အန်းလဲ့ကို လှမ်းကြည့်ပြီး နှစ်သိမ့်ပေးလိုက်သည်။

ရန်အန်းလဲ့ ပြန်မဖြေဘဲ မျက်ခုံးတွေကိုပင့်၍ ဟန်ရဲ့ကိုလှမ်းကြည့်လိုက်တယ်၊ ထို့နောက် ရုတ်ချည်း ပြုံးကာ ဆိုလိုက်တော့သည်၊ “ကျွန်မ အရှင့်သားကို မေးချင်တာတစ်ခုရှိတယ်”

“ပြောပါ” ဟန်ရဲ့တစ်ယောက် စိတ်ပျက်သွားတဲ့အမူအယာလေးနဲ့အတူ အနောက်သို့လှမ်းကြည့်လိုက်သည်။

“ချန်းတောင်ထိပ်မှာ အရှင့်သားက အကွက်ရွှေ့တော်တယ်လို့ ကွေရှီးပြောခဲ့တယ်၊ အခု ကျွန်မ စဉ်းစားကြည့်လိုက်တော့၊ အရှင့်သားရဲ့လက်ထဲမှာ သူတင် နယ်ရုပ်ဖြစ်ခဲ့တာမဟုတ်ဘဲ ကျွန်မပါ နယ်ရုပ်ဖြစ်ခဲ့တာပဲ၊ အရှင့်သား ကျွန်မကို ချန်းတောင်ဆီ ကိုယ်တိုင်ခေါ်သွားပြီး၊ သူ စိတ်အေးအောင် လုပ်ခဲ့တယ်၊ အရှင့်သား သံသယ အဝင်ခံရမှာစိုးရိမ်လို့မဟုတ်လား?”

ဟန်ရဲ့ သူမကို ခဏမျှလှမ်းကြည့်ပြီးနောက် နောက်ပြန်လှည့်ကာ တည်ငြိမ်တဲ့အသံဖြင့် ဆိုလိုက်သည်၊ “အန်းလဲ့က အရမ်းတော်တယ်၊ ငါကိုယ်တော် ဘာမှပြောစရာမရှိတော့ဘူး”

ရန်အန်းလဲ့ ခေါင်းခါပြလိုက်တယ်၊ “အရှင့်သားက နိမ့်ချလွန်းနေပါပြီ၊ တော်ဝင်မိသားစုကလူတိုင်းက ဒီလိုမျိုးချည်းပဲ” သူမ ခဏမျှရပ်တန့်ပြီး သက်ပြင်းချလိုက်တယ်၊ “ကြီးမြတ်တဲ့အရှင်ရဲ့ရှေ့မှာ စိတ်ရင်းမှန်ကိုရှာတွေ့ဖို့ ခက်ခဲတယ်၊ အနာဂတ်မှာ ဘယ်သူချွင်းချက်ဖြစ်မလဲဆိုတာ ကျွန်မ မသိဘူး”

စကားပြောတာပြီးဆုံးသွားတဲ့နောက်၊ ရန်အန်းလဲ့ ကြာပွတ်ကိုယမ်းပြီး မြို့တော်ဂိတ်တံခါးဆီသို့ အပြေးသွားလိုက်တယ်။ သူမရဲ့အနောက်ဘက်မှ ဟန်ရဲ့တစ်ယောက် သူမ,ထွက်ခွာသွားတဲ့နောက်ကျောပုံရိပ်လေးကို စောင့်ကြည့်ရင်း သက်ပြင်းရှည်ကြီးချလိုက်သည်။

“ရန်အန်းလဲ့၊ ကောင်းကင်ဘုံ၉ဘုံဆီ ပျံသန်းမယ့်မင်းရဲ့တောင်ပံတွေ ငါကိုယ်တော်ရဲ့လက်ထဲမှာ မကျိုးပဲ့သင့်ဘူး”

အသံဟာ အရမ်းနူးညံ့လွန်းပြီး၊ ပျံ့လွင့်နေတဲ့ဖုန်မှုန်တွေနဲ့အတူ လွှင့်မျောသွားကာ တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

ခဏမျှကြာပြီးနောက်တွင် နှစ်ဦးသား မြို့တော်ဂိတ်တံခါးဆီသို့ ချဉ်းကပ်လာခဲ့ပြီး၊ မီတာ၁၀၀အကွာက မြင်ကွင်းကို လှမ်းမြင်နိုင်ကြ၏။ နှစ်ဦးသား ဇက်ကြိုးတွေကိုတင်းအောင်ဆွဲပြီး၊ မျက်လုံးတွေ လှုပ်ရှားသွားကြသည်။

မြို့တော်ဂိတ်တံခါး၌ သက်တော်စောင့်ပေါင်းရာချီဟာ ဘေးနှစ်ဖက်မှာ ဆန့်တန်းရပ်လို့နေကြပြီး၊ ချပ်ဝတ်တွေကိုဝတ်ဆင်ထားကာ လှံရှည်ကြီးတွေကို ကောင်းကင်ယံသို့ချိန်ရွယ်ထားကြသည်။ ဒီလိုခွန်အားမျိုးက မြို့တော်ကို ခိုင်ခံ့ပြီး ထည်ဝါနေသယောင် ဖြစ်စေခဲ့တယ်။

ရှစ်ကျိန့်ရန်လည်း ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားပြီး၊ ဝိမ်းရှော့၏နံဘေးမှာ ယှဉ်တွဲရပ်နေခဲ့တယ်။ နှစ်ဦးသားဟာ အလှမ်းဝေးဝေးသို့လှမ်းကြည့်နေကြပြီး၊ လမ်းမကြီး၏အဆုံးမှာ ဟန်ရဲ့နဲ့ ရန်အန်းလဲ့တို့ ထွက်ပေါ်လာတာကို တွေ့လိုက်ရတဲ့အချိန်ကျမှ နောက်ဆုံးတော့ သူတို့ရဲ့စိတ်ပူနေတဲ့အမူအယာတွေ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ၊ မြို့တော်ထဲမှ မိုးခြိမ်းသံလိုဗုံသံတွေ ထွက်ပေါ်လာခဲ့သည်။ စစ်သည်တွေဟာ ဦးခေါင်းတွေကိုငုံ့လျက်၊ လှံရှည်ကြီးကို မြေပြင်ပေါ်ဆောင့်ကာ ပြိုင်တူ ကြွေးကြော်ကြတော့သည်။

ရန်အန်းလဲ့၏မှိုင်တွေနေတဲ့အမူအယာကိုမြင်တော့ ဟန်ရဲ့ ခေါင်းလေးလှည့်ပြီး အပြုံးလေးနဲ့ဆိုလိုက်တယ်၊ “မုထျန်းစီရင်စုမှာ ဖြစ်ပျက်ခဲ့သမျှကို မြို့တော်ဆီသတင်းပို့ပြီးသွားပြီထင်တယ်” သူ အရမ်းလျင်မြန်စွာ ချဉ်းကပ်ပြီးနောက် လျင်မြန်စွာထွက်ခွာသွားခဲ့တယ်၊ ရန်အန်းလဲ့၏နားရွက်ထဲမှာ ပေါ့ပါးတဲ့စာသားလေးတစ်ကြောင်းသာ ကျန်ရစ်ခဲ့၏၊ “အန်းလဲ့၊ မြို့တော်ဆီ အောင်မြင်စွာ ပြန်ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်၊ တစ်ကမ္ဘာလုံးက မင်းရဲ့နာမည်ကို မှတ်သားထားလိမ့်မယ်”

ရန်အန်းလဲ့ ရုတ်ချည်း ခေါင်းမော့ကြည့်လိုက်တော့ ဟန်ရဲ့၏မျက်လုံးတွေထဲကအပြုံးကိုပဲ အချိန်မီလှမ်းမြင်လိုက်ရသည်။

“အိမ်ရှေ့စံအရှင့်သားနဲ့ လူကြီးမင်းရန်တို့ မြို့တော်ဆီပြန်ရောက်လာတာကို ကြိုဆိုပါတယ်”

သက်တော်စောင့်ပေါင်းရာချီ၏ကြွေးကြော်သံတွေဟာ ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ ဒုန်းခနဲ အသံနဲ့အတူ မြို့တော်ဂိတ်တံခါးကြီးဟာ ပွင့်လို့သွား၏။ မီတာပေါင်းရာချီဝေးကွာနေတာတောင်မှ လမ်းမကြီးပေါ်မှာ မြို့တော်ထဲကပြည်သူတွေ အပြည့်အနှက်ရောက်ရှိနေတာကို တွေ့မြင်နိုင်၏။

“အမိန့်တော် ရောက်ရှိလို့လာပြီ!”

“အမိန့်တော် ရောက်ရှိလို့လာပြီ!”

မြို့တော်ထဲမှ မြင်းပေါင်းများစွာ ထွက်ပေါ်လာပြီး၊ ခေါင်းဆောင်ဟာ ဘုရင်မင်းမြတ်ကျားနင်၏နံဘေးက အတွင်းနန်းဆောင်၏အိမ်တော်ထိန်း ကျောက်ဖူပဲဖြစ်သည်။ သူတို့ ဖြတ်သန်းသွားရာနေရာတိုင်းက ပြည်သူတွေအားလုံး ဒူးတွေထောက်ကုန်ကြသည်။

ဗုံသံတွေ ရပ်တန့်သွားပြီး၊ ဟန်ရဲ့နဲ့ ရန်အန်းလဲ့တို့နှစ်ယောက်ရှေ့မှာ ကျောက်ဖူ ရပ်တန့်လိုက်တယ်၊ နှစ်ဦးသား တစ်ဦးကိုတစ်ဦးလှမ်းကြည့်ပြီး မြင်းပေါ်မှခုန်ဆင်းကာ အမိန့်တော်ကို လက်ခံဖို့ ဒူးထောက်လိုက်ကြသည်။

“ကောင်းကင်ဘုံရဲ့ကောင်းချီးပေးမှုကြောင့် ဘုရင်မင်းမြတ် မိန့်တော်မူလိုက်တယ်၊ မင်းသားဟန်ရဲ့၊ မုထျန်းစီရင်စုရဲ့မြစ်တာရိုးရန်ပုံငွေကိစ္စကိုဖြေရှင်းပြီး ကျန်းနန်ကပြည်သူလူထုကိုနှစ်သိမ့်ပေးခဲ့တယ်၊ ငါကိုယ်တော် အရမ်းဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်၊ ဒါကြောင့် ရွှေသားတစ်ထောင်နဲ့အတူ၊ မင်းသားကို နန်းတွင်းထဲ ဆောင်တော်ဓါးနဲ့အတူ ဝင်ထွက်သွားလာခွင့်ပြုလိုက်တယ်”

မျက်လွှာချထားတဲ့သူ့ရဲ့မျက်လုံးတွေမှာ အံ့အားသင့်တဲ့အရိပ်အယောင်လေး ဖြတ်ခနဲလင်းလက်သွားခဲ့တယ်၊ ဟန်ရဲ့ ခေါင်းကိုမော့ပြီး ရိုသေလေးစားစွာ ပြန်ပြောလိုက်တယ်၊ “ခမည်းတော်ရဲ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”

ကျောက်ဖူ ဟန်ရဲ့ကိုခေါင်းညိတ်ပြပြီးနောက် မင်းသားရဲ့နံဘေးမှာ အေးချမ်းစွာရှိနေတဲ့အမျိုးသမီးကို လှမ်းကြည့်ကာ၊ စူးရှလှတဲ့သူ့ရဲ့အသံဟာ မြို့တော်ဂိတ်တံခါးတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။

“တလီစစ်ရဲ့အမတ်မင်း-ရန်အန်းလဲ့ ဒုက္ခသည်တွေကိုနှစ်သိမ့်ပေးပြီး၊ အုံကြွမှုကိုတားဆီးကာ ပြည်သူတွေအားလုံးရဲ့စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်၊ သူမရဲ့စစ်ရေးစွမ်းရည်ကလည်း ရှေ့တန်းအထိ ပျံ့နှံ့နေခဲ့တယ်၊ ဒီနေ့ ငါကိုယ်တော် သူမကို မြို့ကြီး၅မြို့ရဲ့စစ်သည်တွေနဲ့မြင်းတွေကိုစီမံအုပ်ချုပ်ရတဲ့ ပထမအဆင့်-ကျင့်နင်စစ်သူကြီးအဖြစ် ခန့်အပ်ပြီး ရွှေသားတစ်ထောင်ဆုချလိုက်တယ်၊ အမိန့်တော်ကို တစ်ကမ္ဘာလုံးအနှံ့ ကြေညာမောင်းခတ်လိုက်တယ်”

နန်းမြို့တော်တစ်ခုလုံး ခဏမျှတိတ်ဆိတ်သွား၏၊ အားလုံးဟာ မယုံသင်္ကာအမူအယာတွေနဲ့အတူ အမိန့်တော်လက်ခံဖို့ဒူးထောက်နေတဲ့ပုံရိပ်လေးကို လှမ်းကြည့်မိသွားကြ၏။

ပထမအဆင့်စစ်သူကြီး-ကျင့်နင်ဘွဲ့တော်နဲ့ မြို့တော်ကအစောင့်တပ်ကိုစီမံအုပ်ချုပ်ရမယ်။ ကျင့်တိုင်းပြည် ထူထောင်လာတည်းက ဒီလိုအလွန်အမင်းဂုဏ်ယူဝင့်ကြွားရတဲ့ အမျိုးသမီးစစ်သူကြီးဆိုတာ တစ်ခါမှမရှိခဲ့ဘူး။

သို့သော် အစောင့်၃၀၀တည်းနဲ့ မြို့ထဲကပြည်သူတွေရဲ့အုံကြွမှုကို တားဆီးနိုင်တဲ့အမျိုးသမီးဟာ ဒီလိုဂုဏ်ကျက်သရေမျိုးနဲ့ တကယ့်ကိုထိုက်တန်လွန်းတယ်။

“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

ရန်အန်းလဲ့ ဦးညွှတ်၍ ဟန်ရဲ့နဲ့အတူ တပြိုင်နက်တည်း မတ်တပ်ထရပ်လိုက်တယ်။ သူမ၏တည်ငြိမ်ပြီး ကြည်လင်လှတဲ့မျက်လုံးတွေကိုမြင်လိုက်ရတော့ ကျောက်ဖူ အနည်းငယ်အံ့အားသင့်သွားခဲ့တယ်။ ဘုရင်မင်းမြတ်ကျားနင်ကိုယ်တိုင် ဒီအမိန့်စာရေးသားနေတာကိုမြင်လိုက်ရတဲ့အချိန်မှာ သူ အရမ်းထိတ်လန့်သွားခဲ့တယ်၊ သို့သော် ရန်အန်းလဲ့ ဒီလိုတည်ငြိမ်နေလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး၊ သူမကို ဘုရင်မင်းမြတ်ကျားနင် တန်ဖိုးထားတာ မထူးဆန်းတော့ဘူး။

“အရှင့်သားနဲ့ စစ်သူကြီးရန်ကို ဂုဏ်ပြုပါတယ်” ကျောက်ဖူတစ်ယောက် ဟန်ရဲ့နဲ့ ရန်အန်းလဲ့တို့ဆီအမိန့်တော် လွှဲပြောင်းပေးအပ်ပြီး၊ အပြုံးလေးနဲ့ဆိုလိုက်သည်၊ “လွန်ခဲ့တဲ့၂ရက်အကြာက ကျင်းလွမ်ခန်းမဆောင်မှာ မုထျန်းစီရင်စုက အမှုအကြောင်းကို စစ်သူကြီးရှစ် အရှင်မင်းကြီးဆီ သတင်းပို့ခဲ့တယ်၊ အရှင်မင်းကြီး အရမ်းဝမ်းမြောက်နေတယ်၊ ထိုက်ဟော်ခန်းမဆောင်မှာ အရှင့်သားတို့နှစ်ယောက်အတွက် ဂုဏ်ပြုညစာစားပွဲတစ်ခု ကျင်းပပေးမယ်၊ အရှင့်သားနဲ့ စစ်သူကြီးတို့ အိမ်တော်ဆီအရင်ပြန်ပြီးနားနှင့်ပါ၊ ညနေခင်းကျရင် အရှင့်သားတို့နှစ်ဦးကို နန်းတွင်းထဲဝင်ဖို့ အစောင့်တွေ လာရောက်ခေါ်ဆောင်ကြပါလိမ့်မယ်”

ဟန်ရဲ့ ခေါင်းညိတ်ပြလိုက်သည်၊ “ကျောက်ကုန်းကုန်းကို ကျေးဇူးတင်ပါတယ်” ထို့နောက် သူ ရန်အန်းလဲ့ကို အပြုံးလေးနဲ့အတူ လှမ်းကြည့်လိုက်တယ်၊ “အန်းလဲ့၊ ငါကိုယ်တော်တို့ မြို့ထဲအတူဝင်ကြရအောင်”

မင်းသား၏အပြုံးဟာ မြို့တော်၏ကြယ်ပွင့်လေးလို့ မှတ်ယူလို့ရ၏၊ ကျောက်ဖူ မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး၊ မျက်တောင်နှစ်ချက်ပုတ်ခတ်ကာ နံဘေးသို့ဆုတ်ပေးပြီး မမြင်ချင်ယောင်ဆောင်၍ မြို့ထဲသို့ဝင်ဖို့ ဦးဆောင်လမ်းပြလိုက်တယ်။

နှစ်ဦးသား မြင်းတွေပေါ်ခုန်တက်ပြီး လိုက်ပါပို့ဆောင်ကြတဲ့သက်တော်စောင့်တွေ၊ ဗုံသံတွေနဲ့အတူ မြို့တော်ထဲသို့ ဖြည်းညှင်းစွာဝင်ရောက်ခဲ့ကြသည်။ အနောက်ကိုလှမ်းကြည့်လိုက်တော့ သူမတို့နှစ်ဦး၏နောက်မှာ ရွှေရောင်ဖျော့ဖျော့အရှိန်အဝါလေးရှိလို့နေပြီး၊ မျက်စိကျိန်းဖွယ်ဖြစ်ကာ အလွန်အမင်းခမ်းနားတင့်တယ်လွန်း၏။

သူမတို့ အရှေ့နန်းတော်ဆီနီးကပ်လာတာနဲ့တပြိုင်နက် စုဝေးနေကြတဲ့ပြည်သူတွေ တဖြည်းဖြည်းချင်း လူစုကွဲသွားကြသည်။ အရှေ့နန်းတော်၏ဂိတ်ပေါက်ဝမှာ ရပ်နေတဲ့ယွမ့်ဆူး၊ ယွမ့်ချင်နဲ့ ချန်ချင်းတို့ကို အလှမ်းဝေးဝေးမှ လှမ်းမြင်ရ၏။

မီတာ၁၀၀လောက်ပဲ ဝေးတော့တာမို့ သူမတို့နှစ်ဦး လမ်းခွဲကြရတော့မယ်။ ရန်အန်းလဲ့တစ်ယောက် အမြဲတစေခက်ထန်ပြီး စည်းကမ်းတင်းကျပ်တဲ့မင်းသားကို လှမ်းကြည့်ကာ ဆိုလိုက်တော့သည်၊ “မုဝမ်ပုန်ကန်တဲ့သက်သေကို ကျွန်မရှာတွေ့ခဲ့တာလို့ အရှင်မင်းကြီးဆီလျှောက်တင်ဖို့ စစ်သူကြီးရှစ်ကို အရှင့်သား စေခိုင်းလိုက်တာလား?”

ဟန်ရဲ့ ခေါင်းညိတ်ပြလိုက်တယ်၊ “အဲ့လိုမလုပ်ဘူးဆိုရင်၊ မုထျန်းစီရင်စုရဲ့စွမ်းဆောင်မှုကြီးနဲ့တောင်မှ မင်း ခမည်းတော်ရဲ့တန်ဖိုးထားမှုကို ရယူနိုင်မှာမဟုတ်လောက်ဘူး”

“အရှင့်သား ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ?” ရန်အန်းလဲ့ မျက်မှောင်ကြုတ်သွားတော့သည်။

ဇက်ကြိုးကိုဆုပ်ကိုင်ထားတဲ့လက်လေးဟာ အနည်းငယ်တန့်လို့သွားပြီး၊ အစိမ်းရောင်ဝတ်စုံနဲ့အမျိုးသားဟာ ရုတ်ချည်း ခေါင်းလေးလှည့်ကြည့်လာခဲ့သည်၊ “အန်းလဲ့၊ ငါကိုယ်တော် မင်းကို အရှေ့နန်းတော်ထဲဝင်ဖို့ ကြိုဆိုမှာမဟုတ်ပေမဲ့ မင်း တကယ်ရပ်တည်ချင်တဲ့နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးမယ်၊ ဒီနေ့ကစပြီး၊ မင်းက တောင်ပိုင်း- အန်းလဲ့ရွာရဲ့ခေါင်းဆောင်မဟုတ်တော့ဘဲ ကျင့်တိုင်းပြည်ရဲ့ပြည်သူတွေအားလုံး လေးစားအားကျရတဲ့ရာထူးအဆင့်၁ စစ်သူကြီးကျင့်နင်ပဲ၊ ဒါကြောင့်…” သူ့ရဲ့မျက်လုံးလေးတွေ ဝှေ့လို့သွားပြီး၊ ခဏမျှငြိမ်သက်သွားကာ သူ့ရဲ့အသံထဲမှာ ကူကယ်ရာမဲ့နေမှုလေးရှိနေခဲ့သည်၊ “အခုချိန်ကစပြီး၊ ခမည်းတော်နဲ့ ပြည်သူတွေရဲ့စိတ် အေးချမ်းစေဖို့အတွက် အရှေ့နန်းတော်ရဲ့အိမ်ရှေ့စံမိဖုရားလောင်းရာထူးကို မင်း အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးပြုစရာမလိုတော့ဘူး”

“တိုင်းပြည်နဲ့ ပြည်သူတွေအပေါ် သစ္စာရှိတဲ့စစ်သူကြီးက ကျင့်တိုင်းပြည်အတွက် ဘာခြိမ်းခြောက်မှုမှ ပြုမှာမဟုတ်ဘူး”

စကားလုံးတွေပြောဆိုပြီးတဲ့နောက် ဟန်ရဲ့ နန်းတော်ဂိတ်တံခါးဝသို့ လျှောက်လှမ်းသွားနှင့်ပြီ။ ဟန်ရဲ့ မြင်းပေါ်မှခုန်ဆင်းပြီး အရှေ့နန်းတော်ဆီတည့်တည့် လျှောက်ဝင်သွား၏။ သူ နောက်ပြန်လှည့်ကြည့်မလာတာမို့ ရန်အန်းလဲ့ သူ့ရဲ့မျက်နှာပေါ်ကအမူအယာကို လှမ်းကြည့်ချိန်မရလိုက်ဘူး။

သူက တကယ့်ကိုပဲ တစ်စက်လေးမှ အရှုံးမခံတဲ့အိမ်ရှေ့မင်းသားတစ်ပါးဆိုရင်၊ တစ်ကမ္ဘာလုံးက ပြည်သူတွေအားလုံးကို သူ့ရဲ့ကျားခုံပေါ်တင်ခဲ့တယ်လို့ သူမ ဆိုရမယ်၊ နောက်ပြီး ရုံးတော်အတွင်းတည်ငြိမ်အေးချမ်းစေဖို့အတွက် အကြောင်းပြချက်တစ်ခုအနေနဲ့ အရှေ့နန်းတော်တစ်ခုလုံးကို အသုံးမပြုဖို့ သူ သူမကို ပြောခဲ့တယ်။

ဒါက အမှားကြီးတစ်ခုတော့ မဟုတ်ဘူး၊ ရန်အန်းလဲ့ ပြုံး၍ ချန်ချင်းရှိရာ မြင်းလှည်းဆီသို့လျှောက်သွားကာ ရန်အိမ်တော်ဆီသို့ ဦးတည်ထွက်သွားလိုက်သည်။

ရေမိုးချိုးပြီး ကြက်သွေးရောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီးတဲ့နောက် ရန်အန်းလဲ့ ပြတင်းပေါက်ရှေ့မှာရပ်၍ လက်ဖက်ရည်ပူပူလေးကိုကိုင်ရင်း မေးမြန်းကြည့်လိုက်သည်၊ “ယွမ့်ချင်၊ ဒီရက်ပိုင်းအတွင်း မြို့တော်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြန်ပြောပြ”

ယွမ့်ချင် ပါးစပ်မဖွင့်နိုင်သေးခင်၊ ဖရဲစေ့ပုံကြီးနဲ့အတူ ညောင်စောင်းပေါ်မှာ ခြေထောက်လေးချိတ်ထိုင်ပြီးမှ စိတ်ပါဝင်စားစွာ ပြောဆိုလိုက်တော့သည်။

“သခင်မလေး၊ ဒီ၂ရက်လုံး အဝေးရောက်နေတာပဲ၊ မြို့တော်မှာ အရမ်းစည်ကားနေတာ၊ ကျွန်မတို့ စစ်သူကြီးရှစ်နဲ့အတူ မြို့တော်ဆီပြန်ရောက်တော့ သူ နန်းတွင်းထဲဝင်ပြီး မုထျန်းစီရင်စုအကြောင်း လျှောက်တင်တယ်၊ အဲ့ဒီနောက်…” ယွမ့်ချင် လည်ပင်းလေးကိုလိမ်၍ ခဏမျှတွေးတောကြည့်လိုက်သည်၊ “ညတွင်းချင်းပဲ၊ သခင်မလေးရဲ့ဂုဏ်သတင်းက မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားတာ၊ သခင်မလေး ဇန်နဝါရီလတုန်းက တောင်ပိုင်းမှာ ရွာ၁၈ရွာသိမ်းယူတဲ့အချိန်တုန်းကထက်တောင် ပိုပြီးနာမည်ကြီးသွားတယ်!”

“သခင်မလေး၊ မြို့တော်ထဲကတစ်ယောက်က ကျန်းနန်ကကျုံးလီဝမ်ရဲ့မကောင်းမှုတွေအားလုံးကို လူသိရှင်ကြားထုတ်ဖော်ပြီး ကျန်းနန်ကအခြေအနေကို ပြည်သူလူထုစိတ်ဝင်စားလာအောင် နှိုးဆော်ခဲ့တယ်၊ မုထျန်းစီရင်စုကပြည်သူတွေကို ကာကွယ်ပေးတဲ့ သခင်မလေးရဲ့လုပ်ရပ်ကို သူတို့သိရှိသွားကြပြီး၊ ပြည်သူလူထုရဲ့စိတ်ခံစားချက်ကို နှိုးဆွပေးခဲ့တယ်၊ ဒါ့အပြင် လွန်ခဲ့တဲ့လပိုင်းတုန်းက နန်းတွင်းစာမေးပွဲအတွင်း လိမ်လည်တဲ့အမှုနဲ့… အစပိုင်းတုန်းက မုထျန်းစီရင်စုရဲ့ကိစ္စတွေအများကြီးကို အရှင့်သား စီမံဆောင်ရွက်ခဲ့တာ ဆိုပေမဲ့ မုထျန်းစီရင်စုဆီသွားတဲ့ခရီးလမ်းကို သခင်မလေး ၁၉ကြိမ် စီမံချက်ချ ရေးဆွဲခဲ့တာလို့ ကောလဟာလတွေ ထွက်လာခဲ့တယ်၊ နောက်ပြီး သခင်မလေးကို ညတွင်းချင်း နာမည်ကြီးသွားစေခဲ့တယ်” ရန်အန်းလဲ့၏လက်ထဲမှာ အေးစက်နေပြီဖြစ်တဲ့လက်ဖက်ရည်ခွက်ကို ယွမ့်ချင် ပြောင်းလဲပေးလိုက်သည်။ လွန်ခဲ့တဲ့၂ရက်အတွင်း မြို့တော်ထဲကအခြေအနေကို လက်ဖက်ရည်သောက်ရင်း ပြောဆိုခဲ့ကြသည်။

“လွန်ခဲ့တဲ့၂ရက်အတွင်းမှာပဲ၊ တောင်ပိုင်းမှာ သခင်မလေးရဲ့စစ်ရေးစွမ်းရည်ထက်မြက်မှုအကြောင်းကို မြို့တော်တစ်ခုလုံး ချီးကျူးပြောဆိုလာခဲ့တယ်၊ ဒီနေ့ သခင်မလေးကိုကြိုဆိုဖို့ မြို့တော်ရဲ့ဂိတ်တံခါးမှာ ပြည်သူတွေစုဝေးနေမှာကို ကျွန်မ မျှော်မှန်းခဲ့မိပေမဲ့… ဘုရင်မင်းမြတ်က သခင်မလေးကို မြို့ကြီး၅မြို့ရဲ့စစ်သည်တွေ၊ မြင်းတွေကိုစီမံအုပ်ချုပ်ရတဲ့ ရာထူးအဆင့်၁ စစ်သူကြီးချုပ်အဖြစ် တိုးမြှင့်ခန့်အပ်လိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး” ယွမ့်ချင် မျက်မှောင်ကြုတ်ရင်း အနည်းငယ်ပဟေဠိဖြစ်နေမိ၏။

“မုဝမ်ကြောင့်ပဲ” ရန်အန်းလဲ့ အသာအယာဆိုလိုက်သည်၊ “မုဝမ်ပုန်ကန်တဲ့သက်သေကို ငါရှာတွေ့ခဲ့တာလို့ ဘုရင်မင်းမြတ်ကျားနင်ဆီလျှောက်တင်ဖို့ ဟန်ရဲ့က ရှစ်ကျိန့်ရန်ကို တောင်းဆိုခဲ့တာ၊ ဒါကြောင့် သူ ငါ့ကို ရက်ရက်ရောရော ချီးမြှင့်နေတာ၊ ဒီ၂ရက်အတွင်း မြို့တော်ထဲကကောလဟာလတွေကတော့၊ ဘုရင်မင်းမြတ်ကျားနင်ရဲ့ညွှန်ကြားချက်ကြောင့် ပျံ့နှံ့သွားတာပဲ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ်၊ မုထျန်းစီရင်စုမှာ ငါ့ရဲ့စွမ်းဆောင်နိုင်မှုကြီးက ငါ့ကို ရာထူးအဆင့်၁ စစ်သူကြီးချုပ်အဖြစ် တိုးမြှင့်ပေးဖို့ မလုံလောက်ဘူး”

“လွန်ခဲ့တဲ့ ၂ရက်ကပဲ မုဝမ် အသည်းအသန်ဖြစ်တယ်လို့ ကြားသိခဲ့ရတယ်၊ ဘုရင်မင်းမြတ်က သူ့ကို အနောက်ဘက်တောင်ပေါ်မှာ အနားယူဖို့ မိန့်မှာလိုက်တယ်၊ နောက်ပြီး သူ့ရောဂါ မသက်သာမချင်း မြို့တော်ဆီ ပြန်လာခွင့်မပြုဘူးတဲ့။ လတ်စသတ်တော့ ဒါကြောင့်ကိုး၊ မုဝမ်ရဲ့အောင်မြင်မှု အဆုံးသတ်သွားပြီပဲ” ယွမ့်ချင် သက်ပြင်းချလိုက်တော့သည်။

“ဘာသနားစရာကောင်းလို့လဲ၊ ကြီးမားတဲ့ပုန်ကန်မှုကြီးအတွက်အပြစ်ဒဏ်က အနောက်ဘက်တောင်ပေါ်မှာ အနားယူစေတာလား၊ သူ့နေရာမှာ တစ်ခြားသူသာဆိုရင် အသက်ရှင်ခွင့်ရနိုင်ပါ့မလား?”

ရန်အန်းလဲ့ မျက်လုံးလေးတွေ စွေစောင်းရင်း၊ အေးစက်စွာပြောလိုက်သည်။ အပိုတွေပြောမိသွားပြီမှန်း ယွမ့်ချင်သိတာမို့၊ ဘေးသို့အသာဆုတ်ကာ မျက်လွှာချပြီး နောက်ထပ် ထပ်မပြောတော့ဘူး။

“မြို့ကြီး၅မြို့ရဲ့စစ်သည်တွေနဲ့ မြင်းတွေကို အစပိုင်းတုန်းက မုဝမ်ရဲ့လူတွေ စီမံအုပ်ချုပ်ခဲ့တာ၊ လတ်တလော ရုံးတော်ထဲမှာ ဂနာမငြိမ်ဖြစ်နေမှာ သေချာပေါက်ပဲ၊ မုဝမ်ရဲ့အဖွဲ့ ကျဆုံးသွားပြီ၊ ကျန်အဖွဲ့နှစ်ဖွဲ့က အာဏာအတွက် တိုက်ခိုက်ကြတော့မယ်၊ ယွမ့်ချင်၊ ချန်ချင်းကိုပြောလိုက်၊ ဒီနေ့ကစပြီး ဘယ်ဧည့်သည်ကိုမှ လက်မခံဘူးလို့”

“ဟုတ်ပြီ” ယွမ့်ချင်တစ်ယောက် အေးတိအေးစက်ဖြစ်သွားတဲ့ရန်အန်းလဲ့ကို ခဏမျှလှမ်းကြည့်ပြီး၊ အမိန့်အတိုင်း လုပ်ဆောင်ဖို့ ထွက်ခွာသွားလိုက်သည်။

ခဏမျှကြာပြီးနောက်မှာ ရန်အန်းလဲ့ ပါးစပ်ကိုဖြည်းညှင်းစွာဖွင့်လိုက်တယ်၊ “ယွမ့်ချင်၊ လွန်ခဲ့တဲ့၈နှစ်အကြာက တောင်ပိုင်းကရှန်ရှီးတောင်ဆီ မင်းရောက်လာတဲ့နေ့ကို မှတ်မိသေးလား?”

“မှတ်မိပါတယ်၊ အဲ့ဒီနေ့ နှင်းတွေအရမ်းကျနေခဲ့တာ၊ တောင်ပေါ်မှာ အရမ်းအေးတယ်၊ သခင်မလေးကြောင့်သာ မဟုတ်ဘူးဆိုရင်၊ ကျွန်မ လွန်ခဲ့တဲ့၈နှစ်တည်းက ဓါးပြတွေရဲ့လက်ထဲမှာ သေသွားပြီ”

“မင်း အဲ့ဒီနေ့ကို ကောင်းကောင်းမှတ်ထားရမယ်၊ ဒီကမ္ဘာပေါ်က ဘယ်သူကမှ မင်းရဲ့အတိတ်ကို မှတ်မိကြမှာမဟုတ်ဘူး၊ အတိတ်ဆိုတာမရှိဘူးဆိုရင်၊ မင်း ဒီနေ့လိုယွမ့်ချင် ဖြစ်လာမှာမဟုတ်ဘူး”

ယွမ့်ချင် ခေါင်းညိတ်ပြပြီး မျက်လုံးတွေကိုပင့်ကာ အောက်မေ့တမ်းတတဲ့အမူအယာမျိုးနဲ့အတူ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။

လွန်ခဲ့တဲ့၈နှစ်အကြာ အဲ့ဒီနေ့လေးတုန်းက၊ သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေတဲ့တစ်ခုတည်းသောအရာက ဖြူဖွေးပြီးအေးစက်နေတဲ့နှင်းတွေ၊ သွေးနီတွေနဲ့… သူမကို နွေးထွေးစွာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပေးခဲ့တဲ့ လက်တွေ။

ဘယ်လက်ရုံးအမတ်ချုပ်ကြီး၏အိမ်တော်၌၊ လက်ဖက်ရည်ခွက်လေးဟာ မြေပြင်ပေါ် ရုတ်ချည်းပြုတ်ကျကာ တစ်စစီကွဲသွားခဲ့သည်၊ အိမ်တော်ထိန်းဟာ နံဘေးသို့ ကြောက်ကြောက်လန့်လန့်ဆုတ်ပြီး ဒေါသတကြီးထိုင်နေတဲ့အဘိုးအိုကို လှမ်းမကြည့်ရဲတော့ဘူး။

“မြို့ကြီး၅မြို့ရဲ့စစ်သည်တွေနဲ့ မြင်းတွေကိုစီမံအုပ်ချုပ်ခွင့်တဲ့လား၊ သိပ်ကိုတော်တဲ့ရန်အန်းလဲ့ပဲ!”

“လူကြီးမင်း၊ အဲ့ဒီရန်အန်းလဲ့က အမျိုးသမီးဓါးပြသက်သက်ပါ၊ မြို့တော်ရဲ့ကာကွယ်ရေးကို ဘုရင်မင်းမြတ်က သူမဆီ ဘယ်လိုများယုံကြည်အပ်နှံနိုင်ရတာလဲ?”

ဘယ်လက်ရုံးအမတ်ချုပ်ကြီး အင်္ကျီလက်စတွေကိုခါ၍ အေးစက်စွာဆိုလိုက်သည်၊ “မုဝမ်က အပြစ်ကြီးကို ကျူးလွန်ခဲ့တယ်၊ သူ ဒါကိုလျှို့ဝှက်ထားပေမဲ့၊ ပထမဆုံးတွေ့ရှိခဲ့တဲ့သူက ရန်အန်းလဲ့မှန်း အမတ်မင်းတွေအားလုံး သိကြတယ်၊ အခု မြို့တော်ထဲမှာ အဖွဲ့တွေများစွာ ကွဲပြီးရှုပ်ထွေးသွားပြီ၊ ဘုရင်မင်းမြတ်က အတိတ်ကနေ သင်ခန်းစာယူခဲ့တယ်၊ ဒါကြောင့် ဂုဏ်သတင်းကိုမဆိုနဲ့၊ သူ စစ်ရေးအာဏာကိုတောင် မြို့တော်နဲ့ ဘာတစ်ခုမှမပတ်သက်တဲ့ ရန်အန်းလဲ့ဆီ လွှဲပြောင်းပေးမှာပဲ… ဘုရင်မင်းမြတ်ရဲ့ရွှေ့ကွက်က ပြည်သူတွေရဲ့စိတ်နှလုံးကို ကျေနပ်မှုရရှိစေနိုင်တယ်”

“လူကြီးမင်း၊ ရန်အန်းလဲ့နဲ့ အိမ်ရှေ့မင်းသားတို့က အရမ်းရင်းနှီးနေကြတယ်၊ နောက်ပြီး ညာလက်ရုံးအမတ်ချုပ်ကြီးကလည်း ရန်အန်းလဲ့ကို မြင့်မြင့်မှန်းတယ်၊ ဒါကြောင့် သူမ ရုံးတော်ထဲမှာ နေရာယူတာကို ကျွန်တော်တို့ ဒီတိုင်းထိုင်ကြည့်ရတော့မှာလား?”

“သူမ ကြီးပြင်းလာပြီ၊ အစပိုင်းတုန်းက ငါတို့အားလုံး သူမကို အထင်သေးခဲ့မိကြတယ်၊ နှစ်ဝက်ပိုင်းအတွင်း သူမ အမြင့်ဆုံးရာထူးကို ရယူနိုင်လိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး၊ မုဝမ်ကို ဘုရင်မင်းမြတ်က အပြစ်ပေးလိုက်ပြီ၊ ငါလူအိုကြီးက မုဝမ်နဲ့ အမြဲကောင်းမွန်တဲ့ဆက်ဆံရေး ရှိခဲ့တယ်၊ ဒီရက်ပိုင်းအတွင်း ဘုရင်မင်းမြတ် ငါ့အပေါ် အေးတိအေးစက် ဆက်ဆံနေတယ်၊ နောက်ပြီး အဲ့ဒီအကြောင်းပြချက်ကြောင့်၊ ဘုရင်မင်းမြတ်ရဲ့ရှေ့မှာ ငါကိုယ်တိုင် ရန်အန်းလဲ့ကို ရာထူးလျော့ချဖို့ မပြောသင့်ဘူး…”

“လူကြီးမင်းက ဘာကိုဆိုလိုတာလဲ?”

“ထိုက်တောင်ဆီ စာပို့လိုက်၊ ငါ တတ်နိုင်သမျှအမြန်ဆုံး သူမ မြို့တော်ဆီဝင်ရောက်ဖို့ အခွင့်ရေးရှာမယ်လို့ အဲ့ဒီသူကိုပြောလိုက်၊ ဒါပေမဲ့ သူမ ရန်အန်းလဲ့ကို ရှင်းလင်းပေးရမယ်”

အိမ်တော်ထိန်း အံ့အားသင့်ပြီး တုန့်ဆိုင်းသွားခဲ့သည်၊ “လူကြီးမင်း၊ အဲ့ဒီသူက တိမိသားစုရဲ့မိဘမဲ့ ကလေးမလေးနော်၊ ကျွန်တော်တို့အိမ်တော်နဲ့ တိမိသားစုက…”

“ငါလူအိုကြီး တောင်ပိုင်းမှာ တိမိသားစုတစ်စုလုံးကို သတ်ဖြတ်ခဲ့တာလို့ မင်းဆိုလိုတာလား?” ဘယ်လက်ရုံးအမတ်ချုပ်ကြီး အေးစက်စွာမဲ့လိုက်တယ်၊ “သူမ-တိကျစ်ယွမ်ကိုယ်တိုင် ငါနဲ့ပူးပေါင်းဖို့ အစောကြီးတည်းက ကမ်းလှမ်းမလာခဲ့ဘူးဆိုရင်၊ ဂုဏ်သိက္ခာကြီးမားလှတဲ့တိမိသားစုရဲ့ မိဘမဲ့ကလေးမလေးက တိမိသားစုကိုပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ချက်မရှိတာကြာပြီလို့ ငါလူအိုကြီး ဘယ်သိပါမလဲ? သူမက အိမ်ရှေ့စံမိဖုရားအဖြစ် အရှေ့နန်းတော်နဲ့လက်ထပ်ချင်နေတာ၊ အဲ့လိုလူမျိုးဖြစ်တဲ့တိကျစ်ယွမ်က ငါ့ကို ဘယ်လိုခြိမ်းခြောက်မှုမျိုး ပြုနိုင်မှာလဲ!”

“လူကြီးမင်းပြောတာမှန်တယ်” အိမ်တော်ထိန်းဟာ ဂါရဝပြုပြီး ထွက်ခွာသွားချင်ပေမဲ့ ဘယ်လက်ရုံးအမတ်ချုပ်ကြီး အော်ခေါ်လာခဲ့တယ်။

“ကျန်းချန်၊ အဝတ်အစားတွေပြင်ထားဖို့ ပြောလိုက်၊ ဒီနေ့ည ထိုက်ဟော်ခန်းမဆောင်ရဲ့ဂုဏ်ပြုစားပွဲမှာ ကျင့်တိုင်းပြည်ထူထောင်လာတည်းက ရာထူးအဆင့်၁စစ်သူကြီးချုပ်ဖြစ်တဲ့ ပထမဆုံးအမျိုးသမီးစစ်သူကြီးက ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါမျက်လုံးတွေနဲ့ကိုယ်တိုင် သွားကြည့်ချင်တယ်!”

ညနေခင်း၌ နန်းမြို့တော်၏မီးရောင်တွေဟာ ထွန်းလင်းတောက်ပနေခဲ့သည်၊ ခမ်းနားကြီးကျယ်လှတဲ့ ဂုဏ်ပြုစားပွဲကြီးကို ထိုက်ဟော်ခန်းမဆောင်မှာ ကျင်းပခဲ့သည်။ မြို့တော်မှာ ကျော်ကြားနေတဲ့ ရန်အန်းလဲ့၏သွင်ပြင်ကို မြင်ရဖို့အတွက်၊ ရာထူးအဆင့်၃နှင့်အထက် အမတ်တွေဟာ နန်းတွင်းသို့ ခပ်စောစောရောက်လာခဲ့ကြသည်။

နှမြောစရာကောင်းတာက… ဂုဏ်ပြုစားပွဲ မစတင်ခင်အချိန်ထိ ရန်အန်းလဲ့နဲ့ အိမ်ရှေ့မင်းသားတို့ကို မမြင်ခဲ့ရဘူး။

ရန်အန်းလဲ့ နန်းတော်ဂိတ်တံခါးဆီ ရောက်ရှိလာတဲ့အချိန်မှာ ဂိတ်တံခါးမှာ နေရာအနည်းငယ်သာကျန်တော့သည်။ သူမ မြင်းလှည်းပေါ်က ဆင်းလိုက်တယ်၊ ယွမ့်ချင် သူမ၏ဝတ်စုံကို စီစဉ်ပေး၏။ ရုတ်တရက် သူမတို့နားသို့ ခမ်းနားကြီးကျယ်တဲ့မြင်းလေးကောင်နဲ့ ရထားလုံးတစ်လုံး ဖြတ်ကျော်သွားခဲ့သည်။

“သခင်မလေး၊ အိမ်ရှေ့စံအရှင့်သား ကြွလာပြီ”

မြင်းလှည်းဟာ ဖြည်းညှင်းစွာ ရပ်တန့်သွား၏၊ ဟန်ရဲ့တစ်ယောက် ခြေချောင်း၄ချောင်းနဲ့ ရွှေရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ခါးမှာ အဝါဖျော့ဖျော့ပိုးသားခါးပတ်လေးကို ဆင်မြန်းကာ နူးညံ့သိမ်မွေ့တဲ့မျက်နှာလေးနဲ့အတူ မလှမ်းမကမ်းမှာရပ်၍ သူမကိုလှမ်းကြည့်နေခဲ့သည်။

ဟန်ရဲ့၏မျက်လုံးတွေထဲမှာ ဖုံးကွယ်မထားတဲ့အံ့အားသင့်မှုလေးရှိပြီး၊ သူ ခေါင်းညိတ်၍ ပြောလာခဲ့သည်၊ “အန်းလဲ့၊ ဒီဝတ်စုံက မင်းနဲ့ အရမ်းလိုက်ဖက်တာပဲ”

ကြက်သွေးရောင်ဝတ်စုံလေးဟာ အတွန့်အခက်တွေနဲ့ အရမ်းကိုကြီးကျယ်ခမ်းနားပြီး လက်ဝကျယ်ကျယ်ဖြစ်ကာ၊ ခါးနဲ့ စကပ်ပေါ်က ရွှေရောင်ဖျော့ဖျော့ဝါးပုံစံချည်ထိုးလက်ရာလေးတွေဟာ ရန်အန်းလဲ့အား ပို၍မှင်သက်ပြီးချောမောလှပအောင် လုပ်နေတော့သည်။ သူမ ရှေ့သို့လျှောက်သွားပြီး၊ ဟန်ရဲ့နဲ့အတူ ပုခုံးချင်းယှဉ်တွဲရပ်ကာ အပြုံးလေးနဲ့ ဆိုလိုက်သည်၊ “အရှင့်သား ကျွန်မနဲ့အတူ ထိုက်ဟော်ခန်းမဆောင်ဆီ ဝင်ချင်လား?”

“ကောင်းပြီ” ဟန်ရဲ့ နောက်ပြန်လှည့်ပြီး ထိုက်ဟော်ခန်းမဆောင်ဆီ လျှောက်သွားလိုက်တယ်၊ “အမတ်မင်းတွေအားလုံး ငါကိုယ်တော်တို့နှစ်ယောက်ကို စောင့်မျှော်နေကြတာ၊ ငါကိုယ်တော်တို့ သူတို့အားလုံးကို ဘယ်စိတ်ပျက်စေလို့ဖြစ်မလဲ”

ရန်အန်းလဲ့ ခြောက်ခြောက်ကပ်ကပ်ပြုံးကာ ရှေ့သို့လိုက်သွားလိုက်သည်။ ဒီလိုဂုဏ်ပြုစားပွဲမျိုးမှာ သူမ အိမ်ရှေ့မင်းသားနဲ့အတူ ဝင်ရောက်ခဲ့မယ်ဆိုရင်၊ သူမနဲ့ အိမ်ရှေ့မင်းသားတို့မှာ ငြင်းမရနိုင်တဲ့ပတ်သက်မှုမျိုး ရှိတယ်လို့ အမတ်တွေကိုပြောလိုက်တာနဲ့ အတူတူပဲဖြစ်တယ်။

ထိုက်ဟော်ခန်းမဆောင်အတွင်း၌၊ အမတ်မင်းတွေဟာ တည်ငြိမ်အေးချမ်းစွာထိုင်ပြီး ဆွေးနွေးပြောဆိုနေခဲ့ကြသည်။ ရုတ်တရက် ခန်းမဆောင်အပြင်ဘက်မှ ခြေလှမ်းသံတွေထွက်ပေါ်လာခဲ့ပြီး၊ အားလုံးဟာ ချက်ချင်း စိတ်ဓာတ်တက်ကြွသွားကာ ခန်းမဆောင်အဝင်ဝသို့ လှမ်းကြည့်ရင်း ထိတ်လန့်သွားခဲ့ကြသည်။

ဝင်ရောက်လာတဲ့လူနှစ်ဦးတွင်၊ တစ်ဦးက ကျောက်စိမ်းလေးလို ခန့်ညားတင့်တယ်လှ၏၊ နောက်တစ်ဦးကတော့ အရှက်အကြောက်မရှိဘဲ ဆွဲဆောင်မှုအပြည့်ရှိ၏။ သူတို့နှစ်ဦးကို အလှမ်းဝေးဝေးမှလှမ်းကြည့်ရင်း၊ သူတို့နှစ်ဦး ယှဉ်တွဲလျှောက်လာကြတော့ တကယ့်ကျောက်စိမ်းစုံတွဲဖြစ်သွားသလို ခံစားလိုက်ကြရသည်။

လွန်ခဲ့တဲ့နှစ်ဝက်ပိုင်းက တောင်ပိုင်းကနေ မိုင်ထောင်ချီခရီးနှင်လာပြီး ညီလာခံခန်းမဆောင်ထဲမှာ ပဲ့တင်ထပ်သွားစေခဲ့တဲ့ ထိမ်းမြားလက်ထပ်မှုသဝဏ်လွှာကို အမတ်တစ်သိုက် ရုတ်ချည်းအမှတ်ရသွားကာ၊ တီးတိုးဆိုကြတော့သည်၊ “မိုးကောင်းကင်က သတ်မှတ်ထားတဲ့စုံတွဲလိုပဲ လိုက်ဖက်လွန်းတာ တကယ့်ကိုနှမြောစရာပဲ”

အသံဟာ မတိုးမကျယ်ဖြစ်ပေမဲ့ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေတဲ့ထိုက်ဟော်ခန်းမဆောင်ကြီးထဲမှာ အတိုင်းသားကြားနေရ၏။ ခဏမျှကြာတော့၊ အမတ်မင်းတွေ၏မျက်နှာပေါ်က အမူအယာတွေဟာ အလွန်အမင်းထူးဆန်းသွားပြီး၊ လှည့်ကွက်တွေများစွာ ရှိလာခဲ့သည်။ ထိမ်းမြားလက်ထပ်မှုသဝဏ်လွှာကို မြို့တော်ဆီပေးပို့လိုက်တဲ့အချိန်တုန်းက အမတ်တွေအားလုံးဟာ ထေ့ငေါ့ပြီး အထင်သေးခဲ့ကြတယ်၊ နောက်ပြီး ရန်အန်းလဲ့အတွက် ဘယ်သူမှ ဝင်မပြောပေးခဲ့ကြဘူး။ တောင်ပိုင်းရဲ့အမျိုးသမီးဓါးပြမှာ ဒီလိုထည်ဝါတဲ့သွင်ပြင်မျိုးရှိလိမ့်မယ်လို့ သူတို့ ဘယ်ထင်ထားမိနိုင်မှာလဲ။

သူမတို့နှစ်ဦး ပလ္လင်အောက်က ပထမဆုံးစားပွဲဆီလျှောက်သွားပြီး၊ နောက်ဆုံးတော့ အမတ်မင်းတွေ၏နောင်တရတဲ့မျက်လုံးတွေကနေ ခွာနိုင်ခဲ့သည်။

ရန်အန်းလဲ့ ဝိုင်ခွက်ကိုကောက်ယူပြီး၊ နံဘေးမှာရှိနေတဲ့ ဟန်ရဲ့ကိုလှမ်းကြည့်ကာ ရုတ်ချည်းဆိုလိုက်တယ်၊ “အရှင့်သား၊ အိမ်ရှေ့စံမိဖုရားလောင်းရာထူးက ညီလာခံရုံးတော်ထဲမှာ ခြေကုပ်ရဖို့အတွက် မဟုတ်ဘူးလို့ ကျွန်မပြောမယ်ဆိုရင်…” သူမ ဟန်ရဲ့ကို ပြင်းပြရီဝေတဲ့မျက်လုံးတွေနဲ့အတူ လှမ်းကြည့်လိုက်တယ်၊ “အရှင့်သားရဲ့စိတ်က ချန်းတောင်ထိပ်မှာတုန်းကအတိုင်း တစ်ပုံစံတည်း မပြောင်းလဲတော့ဘူးလား?”

ဟန်ရဲ့တစ်ယောက် နီးကပ်လာတဲ့မျက်လုံးနက်တွေကို လှမ်းကြည့်လိုက်တယ်၊ ခဏမျှကြာပြီးနောက်မှာ သူ ဖြည်းညှင်းစွာ ဖြေဆိုလိုက်တယ်၊ “ဒါပေါ့”

ရှန့်ဖန်ခန်းမဆောင်ကနေ ထိုက်ဟော်ခန်းမဆောင်သွားတဲ့လမ်းမပေါ်မှာ၊ ဘုရင်မင်းမြတ်ကျားနင် ရုတ်ချည်း ရပ်တန့်လိုက်တယ်။ ထိုအခြင်းအရာကိုမြင်တော့ ကျောက်ဖူ သတိဝီရိယဖြင့် မေးမြန်းလိုက်တော့သည်၊ “အရှင်မင်းကြီး၊ ဘာတွေစိုးရိမ်နေတာလဲ?”

ဘုရင်မင်းမြတ်ကျားနင် ထိုက်ဟော်ခန်းမဆောင်ဆီလှမ်းကြည့်ပြီး၊ ချီတုံချတုံ ပြုံးမိသွား၏၊ “ကျောက်ဖူ၊ ငါကိုယ်တော်ရဲ့ဂုဏ်သိက္ခာကိုဆယ်ပေးတဲ့ အိမ်ရှေ့မင်းသားနဲ့ စစ်သူကြီးကို ဘယ်လိုဆုလာဘ်မျိုး ပေးရမလဲဆိုတာ ငါကိုယ်တော် တွေးနေမိတာ”

Continue Reading

You'll Also Like

264K 17.6K 152
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...
Erica By Sam

Historical Fiction

2.9M 157K 88
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
161K 4.5K 196
The Gluttonous house's auction feast had an exceptionally good furnace in constitution of a little girl with sky-high price, everyone in looting. Su...
57.4K 7.6K 22
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...