Godly Sword System
Chapter 736 မုဆိုးဘုရင်ရဲ့တူကို ရရှိခြင်း
Translated by Thura
စပါးကြီးမြွေသားရဲက သူ့ဆီကို ပြေးဝင်လာတဲ့ ယန်ချီကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်
“ကြည့်ရတာ တကယ်ကို သေချင်နေတာပဲ”
ချက်ချင်းပင် စပါးကြီးမြွေသားရဲ က ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်တယ်။
ဒါပေမယ့် ယန်ချီက မည်သည့်ခုခံမှုမှ မလုပ်ထားဘူးလို့ စပါးကြီးမြွေသားရဲ အနေနဲ့ မထင်မိလိုက်ပါဘူး။
ဒီလိုဆိုရင် ယန်ချီက စပါးကြီးမြွေသားရဲ ရဲ့ ဝါးမြိုခြင်းကို ခံရတော့မှာပါ။
“ဟား ဟား ဟား ”
စပါးကြီးမြွေသားရဲ က ယန်ချီကို ဝါးမြိုပြီးနောက် အားပါးတရ ရယ်မောလိုက်တယ်။
ဒါပေမယ့် ချက်ချင်းပင် စပါးကြီးမြွေသားရဲ က မရယ်နိုင်တော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲက နာကျင်မှုကို ခံစားလိုက်ရတာကြောင့်ပါ။
“အား . . .”
စပါးကြီးမြွေသားရဲ က နာကျင်စွာနဲ့ ခြောက်ခြားစွာ အော်မြည်နေခဲ့တယ်။
ဒီလို ခြောက်ခြားဖွယ်အော်မြည်သံက တကယ်ကို တုန်လှုပ်ဖို့ ကောင်းပါတယ်။
အဲ့ဒီနောက်တော့ စပါးကြီးမြွေသားရဲ ရဲ့ ဦးခေါင်းထိပ်မှာ အပေါက်ကြီးတစ်ခု ပေါ်လာခဲ့တယ်။
အဲ့ဒီအပေါက်ကနေ လူတစ်ယောက် ခုန်ထွက်လာခဲ့တယ်။
အဲ့ဒီလူကတော့ အခြားသူ မဟုတ်ပဲ ယန်ချီပါ။
စပါးကြီးမြွေသားရဲ ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းက သူ့ရဲ့ ဓါးချက်ကြောင့် စုတ်ပြတ်ကုန်ပါပြီ။
စပါးကြီးမြွေသားရဲ ကြီး ကြမ်းပြင်ပေါ်လဲကျသွားပြီးနောက် ယန်ချီက နဂါးနတ်ဘုရားရေကန်အောက်ခြေကို ပြန်ရောက်လာခဲ့တယ်။
“ဒင် ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူကို ရှာတွေ့ပါတယ်။ သခင်က ပေါင်းစည်းချင်ပါသလား”
စနစ်ရဲ့ အသံကို ကြားပြီးနောက် ယန်ချီရဲ့ မျက်နှာထက်မှာ စိတ်လှုပ်ရှားတဲ့ အမူအယာ ပေါ်လာခဲ့တယ်။
“ပေါင်းစည်းမယ်”
“ပေါင်းစည်းမှု စတင်ပါပြီ”
“အောင်မြင်စွာ ပေါင်းစည်းနိုင်ပါပြီ”
နောက်ဆုံးမှာတော့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူက အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့တယ်။
“နောက်ထပ် ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် တစ်ခုပဲ .. . .”
ယန်ချီက သူ့မှာ ကောင်းမွန်တဲ့ စနစ်တစ်ခုရှိတဲ့အတွက် သိပ်မဆိုးဘူးလို့ တွေးလိုက်တယ်။
ဒီလောကကို ရောက်လာတုန်းက သူက အလုပ်လုပ်မှာ စားရတဲ့ အလုပ်သမားတစ်ယောက်ပါ။ ကံကောင်းထောက်မစွာနဲ့ သူက စနစ်တစ်ခုကို ရရှိခဲ့တယ်။ အဲ့ဒီလိုမှသာ မဟုတ်ခဲ့ရင် သူက နတ်ဆိုးသားရဲတွေရဲ့ အစာ ဖြစ်သွားလောက်ပါပြီ။
နဂါးနတ်ဘုရားရေကန်ရ့ ကမ်းစပ်မှာတော့ နဂါးဘုရားကျောင်း သခင်၊ အကြီးအကဲတွေနဲ့ မုရွှယ်အာတို့ တွေက ရှိနေဆဲပါ။
ဒါပေမယ့် သူတို့တွေရဲ့ မျက်နှာထက်မှာတော့ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ဒီနေ့မှာတော့ သူတို့တွေက ဒီလို အမူအယာ ဖြစ်နေတာ အံ့အားသင့်စရာ မရှိပါဘူး။
ဘာကြောင့် လဲဆိုတော့ သူတို့တွေက ပါရမီရှင်တွေထဲက ပါရမီရှင် တစ်ယောက်အတွက် ခံစားနေခဲ့ရလို့ပါ။
သူတို့အားလုံးက ယန်ချီကို နဂါးနတ်ဘုရားရေကန်ထဲ မဆင်းဖို့ ပြောဆိုပေမယ့်လည်း ယန်ချီက သူတို့ရဲ့စကားကို နားမထောင်တဲ့အတွက် ဘာမှ မတက်နိုင်ပါဘူး။
တရားဓမ္မတွေကို တစ္ဆေသရဲတွေ နားမခံနိုင်တဲ့ စကားလဲ ရှိပါတယ်။ ဒီစကားက ခေတ်နောက်ကျနေပေမယ့်လည်း ထာဝရ မှန်ကန်တဲ့ အမှန်တရား တစ်ခုပါ။
“ယန်ချီ ရှင် ဘာကြောင့် ကျွန်မ စကားကို နားမထောင်တာလဲ”
မုရွှယ်အာက အံကြိတ်ပြီး ပြောလိုက်တယ်။ သူမရဲ့ ဖြူလွှလွှ မျက်နှာထက်မှာလည်း ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
“ကြည့်စမ်း အဲ့ဒါ ဘာလဲ”
ရုတ်တရက် အထိတ်တလန့် အော်လိုက်သံကို လူတိုင်း ကြားလိုက်ရတယ်။
နဂါးဘုရားကျောင်းသခင်၊ အကြိးအကဲတွေနဲ့ မုရွှယ်အာတို့အားလုံး အသံထွက်ပေါ်လာတာကြောင့် လှမ်းကြည့်လိုက်ကြတယ်။
သူတို့တွေ မကြည့်မိဘူးဆိုရင် ပုံမှန်အတိုင်း ဖြစ်နေပေမယ့်လည်း ကြည့်မိလိုက်တဲ့အခါမှာတော့ မိုးကြိုးအပစ်ခံလိုက်ရသလို ထိတ်လန့်သွားကြတယ်။
ဘာကြောင့်လဲဆိုတော့ နဂါးနတ်ဘုရားရေကန်ထဲကနေ ယန်ချီ ထွက်ပေါ်လာတာကြောင့်ပါ။
ချက်ချင်းပင် သူတို့တွေက အမြင်များ မှားသလားဆိုပြီး မျက်လုံးကို ပွတ်သပ်ကြည့်လိုက်ကြတယ်။
ဒါပေမယ့်လည်း သူတို့တွေက ဘယ်လောက်ပဲ ပွတ်သပ်ပါစေ ရလဒ်ကတော့ အတူတူပါပဲ။
ယန်ချီက တကယ်ကို ရေကန်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။
“ယန်ချီ မင်း .. မင်း တကယ် မသေဘူးလား”
မုရွှယ်အာတစ်ယောက် အံ့သြထိတ်လန့်သွားခဲ့တယ်။
သူက ယန်ချီ သေတာကို မမြင်ချင်ပေမယ့်လည်း နဂါးနတ်ဘုရားရေကန်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကလည်းေ ပြာဖို့ မလိုပါဘူး။
ယန်ချီအနေနဲ့ ဒီနဂါးနတ်ဘုရားရေကန်ကနေ အသက်ရှင် မလွှတ်မြောက်နိုင်ဘူးလို့ အားလုံးက တွေ့လိုက်တယ်။
ဒါပေမယ့် အခုတော့ နဂါးနတ်ဘုရားရေကန် စပ်မှာ ရှိနေတဲ့ လူတိုင်းက သူတို့ရဲ့ အထင်မှားကြောင်း သိလိုက်ကြတယ်။
သူတို့အားလုံးက ယန်ချီတစ်ယောက် နဂါးနတ်ဘုရားရေကန်ထဲကို ဝင်ရောက်ပြီးနောက် အသက်ရှင်လျက် ထွက်လာနိုင်လိမ့်မယ်လို့ မထင်မိကြပါဘူး။
အဲ့ဒီနောက်တော့ ယန်ချီက ရေကန်စပ်ကို ခုန်တက်လာခဲ့တယ်။
“ကျွန်တော် ပြန်လာပြီ”
ယန်ချီက အားလုံးကို မြင်တော့ ပြောလိုက်တယ်။
“ယန်ချီ မင်း. . မင်း အဆင်ပြေရဲ့လား”
နဂါးဘုရားကျောင်း သခင်က ယန်ချီကို ကြည့်ပြီး စကားဆုံးအောင် မပြောလိုက်ပေမယ့်လည်း နောက်ဆက်လာမယ့် စကားတွေက မတွေးပဲ သိနိုင်ပါတယ်။
“စီနီယာတို့အားလုံးက ထိတ်လန့်သွားကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ယန်ချီက အရူးတစ်ယောက်တော့ မဟုတ်ဘူးဆိုတာ ကျွန်တော် ပြောချင်တယ်။ နဂါးနတ်ဘုရားရေကန်က ကြောက်စရာ ကောင်းတဲ့ နေရာတစ်ခုဆိုတာ ကျွန်တော် သိပါတယ်။ တကယ်တော့ ကျွန်တော် ရေကန်ထဲ မဆင်းခင်မှာ ဒီပြဿနာကို ဖြေရှင်းနိ်ုင်တဲ့ နည်းလမ်း ရသွားလို့ပါ”
ယန်ချီက လူတိုင်းကို ပုံမှန်အတိုင်း ပြောလိုက်တယ်။
❄️❄️❄️❄️❄️
Godly Sword System
Chapter 737 တန်လုံ တောင်ကုန်း စမ်းသပ်မှု
Translated by Thura
နဂါးဘုရားကျောင်း သခင်၊ အကြီးအကဲတွေနဲ့ မုရွှယ်အာတို့အားလုံးက ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်နေကြတယ်။
သူတို့တွေက ဒီမတိုင်ခင်မှာ ဘယ်လိုရတနာပစ္စည်းမျိုးက နဂါးနတ်ဘုရားရေကန်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို ဖြေရှင်းနိုင်လဲဆိုတာ မတွေးမိပါဘူး။
သူတို့တွေက တကယ်ကို မထင်မိလိုက်ကြပါဘူး။
“ယန်ချီ မုဆိုးဘုရင်ရဲ့တူက. . . . ”
နဂါးဘုရားကျောင်း သခင်က ယန်ချီကို ကြည့်ပြီး သိချင်စိတ်နဲ့ မေးလိုက်တယ်။
“ဖမ်းယူခဲ့ပြီးပြီလေ”
ယန်ချီက တည်ငြိမ်တဲ့ အမူအယာနဲ့ ပုံမှန်အတိုင်း ပြောလိုက်တယ်။
ရှိနေတဲ့ လူတိုင်းက ဒီစကားကို ကြားတော့ အံ့အားသင့်သွားခဲ့တယ်။
ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူကို တကယ် ဖမ်းယူနိုင်ခဲ့တာလား။
“ဒါက တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပါလား”
အချိန်အတော်ကြာပြီးနောက် သူတို့တွေက သတိပြန်ဝင်လာခဲ့တယ်။
“ယန်ချီ မင်းက နဂါးဘုရားကျောင်းကို ရောက်လာပြီဆိုတော့ မင်းက နဂါးဘုရားကျောင်းရဲ့ တပည့်တစ်ယောက် ဖြစ်လာပြီပေါ့ မဟုတ်လား”
နဂါးဘုရားကျောင်း သခင်က ယန်ချီကို ကြည့်ပြီး ပြောလိုက်တယ်။
“စီနီယာ သဘောအတိုင်းပါ”
ယန်ချီက ပုံမှန်အတိုင်းပြောလိုက်တယ်။
ယန်ချီ သဘောတူလိုက်တာကို မြင်တော့ နဂါးဘုရားကျောင်းသခင်က သက်ပြင်းတစ်ချက် ရှိုက်မိလိုက်တယ်။
ဒါပေမယ့် သူက ဘာစကားမှ မပြောခဲ့ပါဘူ။
အဲ့ဒီနောက်တော့ ယန်ချီတို့ အဖွဲ့က နဂါးဘုရားကျောင်း ရင်ပြင်ကို ရောက်လာခဲ့တယ်။
“ယန်ချီ ရှင် သိလား” မုရွှယ်အာက ယန်ချီကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “ကျွန်မ မျက်ဝါးထင်ထင်မြင်သာ မဟုတ်ခဲ့ရင် ရှင့်ကို ဒီလောကမှာ အစွမ်းအထက်ဆုံးဆိုတာ ယုံကြည်မှာ မဟုတ်ပါဘူး”
ဒါပေမယ့်လည်း ယန်ချီရဲ့ အမူအယာတော့ တည်ငြိမ်နေဆဲပါ။
ဘာကြောင့်လဲဆိုတော့ သူက ဒီခရီးလမ်းကို လျှောက်နေစဉ်ကာလအတွင်းမှာ ဒီစကားကို ကြိမ်ဖန်များစွာ ကြားဖူးတာကြောင့်ပါ။
“ဒါနဲ့ စကားမစပ် ယန်ချီ နက်ဖြန်ကျရင် ကျွန်မ ညီမတွေနဲ့ ကျွန်မက တန်လုံတောင်ကို စမ်းသပ်မှုအတွက် သွားကြမှာ။ ရှင်ရော လိုက်မှာလား”
မုရွှယ်အာက ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။
“မင်းသဘော အတိုင်းပဲလေ”
ယန်ချီက မုရွှယ်အာစကားကို လက်ခံလိုက်တယ်။
ယန်ချီ သဘောတူလိုက်တာကို မြင်တော့ မုရွှယ်အာရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ ပျော်ရွှင်မှုတွေ ပြည့်နှက်သွားခဲ့တယ်။
“သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ် သန်းထောင်ပေါင်းများစွာဆွဲထုတ်ခြင်း နဝမအဆင့် ဓါးအကြိမ် သန်း နှစ်ထောင် ဆွဲထုတ်ခြင်း ပွင့်ပါပြီ”
ရုတ်တရက် ယန်ချီရဲ့ စိတ်ထဲမှာ စနစ်ရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။
စနစ်ရဲ့ အသံကို ကြားပြီးနောက် ယန်ချီရဲ့ မျက်နှာထက်မှာ ပျောရွှင်တဲ့ အမူအယာ ပြည့်နှက်သွားခဲ့တယ်။
နောက်ဆုံးတော့ နဝမအဆင့်က ပွင့်သွားပြီလို့ တွေးမိလိုက်တယ်။
နောက်တနေ့ နေရောင် လင်းလက်လာတော့ ယန်ချီ၊ မုရွှယ်အာနဲ့ နဂါးဘုရားကျောင်းက မိန်းကလေး တပည့်များစွာ ထွက်လာခဲ့ကြတယ်။
သူတို့တွေရဲ့ ဦးတည်ရာကတော့ တန်လုံတောင်ကုန်းပါ။
ယန်ချီက တန်လုံတောင်ကုန်းအကြောင်းကို မကြားဖူးပေမယ့်လည်း အဲ့ဒီနေရာက ကြောက်မက်ဖွယ်ရာ နေရာတစ်ခု မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်တယ်။
ရက်အနည်းငယ် ကြာလွန်ပြီးနောက် ယန်ချီတို့အဖွဲ့က တန်လုံတောင်ကုန်းဆီကို ရောက်လာခဲ့တယ်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ”
မုရွှယ်အာနဲ့ မိန်းကလေးတပည့်တွေရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အပြုံးကိုယ်စီ ပေါ်လာခဲ့တယ်။
သူတို့တွေက ယန်ချီကို ကြည့်လိုက်တော့ ယန်ချီရဲ့ မျက်နှာက အလွန်တည်ငြိမ်နေတောကို မြင်လိုက်ရတယ်။
မကြာခင်မှာပဲ သူတို့တွေက တန်လုံတောင်ကုန်းပေါ်ကို တက်လာခဲ့တယ်။
သူတို့တွေ တန်လုံတောင်ကုန်းပေါ် တက်တက်ချင်းမှာပဲ ကံကောင်းထောက်မစွာနဲ့ နတ်ဆိုးသားရဲတအုပ်ကို မြင်လိုက်ရတယ်။
အဲ့ဒီ နတ်ဆိုးသားရဲတွေအားလုံးက အဆင့်နိမ့် နတ်ဆိုးသားရဲတွေပါ။ သူတို့တွေ သိပ်ပြီး အာရုံစိုက်ဖို့ မလိုပါဘူ။
ဒါကြောင့် မုရွှယ်အာနဲ့ နဂါးဘုရားကျောင်း မိန်းကလေး တပည့်တွေက ဝင်ရောက်တိုက်ခိုက်လိုက်ပြီး သိပ်မကြာခင်မှာပဲ သူမတို့တွေက ဝိုင်းရံထားတဲ့ နတ်ဆိုးသားရဲတွေအားလုံး သတ်ဖြတ် ရှင်းလင်းခံလိုက်ရတယ်။
ယန်ချီရဲ့ အမူအယာကတော့ ပျင်းရိနေပုံပါ။
ရိုးရိုးသားသားပြောရမယ်ဆိုရင် သူက ဒီလို နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ဖို့အတွက် ဘယ်လိုမှ စိတ်မဝင်စားခဲ့ပါဘူး။
“တစ်ယောက် ယောက် လာနေတယ်”
ရုတ်တရက် မုရွှယ်အာက ပြောလိုက်တယ်။
သူမရဲ့စကားကြောင့် နဂါးဘုရားကျောင်း မိန်းကလေးတပည့်တွေအားလုံး သတိအနေအထားဖြစ်သွားခဲ့တယ်။
“အား . .. ”
ဒါပေမယ့်လည်း ခြောက်ခြားဖွယ် အော်မြည်သံတွေ တရစပ် ထွက်ပေါ်လာလိမ့်မယ်လို့ သူမတို့တွေ မထင်မိပါဘူး။
“ကူညီပါဦး ကူညီပါဦး”
သူတို့တွေက လှမ်းကြည့်လိုက်တော့ စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်လောက်က အရူးအမူ ပြေးလွှားနေခဲ့ကြပြီး သူတို့အနောက်မှာလဲ အစွမ်းထက် နတ်ဆိုးသားရဲတွေ ပြေးလိုက်နေခဲ့တယ်။
အဲ့ဒီ အစွမ်းထက် နတ်ဆိုးသားရဲတွေရဲ့ အလျင်က အလွန် မြန်ဆန်ပါတယ်။ သူတို့တွေက အရှေကနေ ပြေးနေတဲ့ စိတ်ဝိဉာဉ်ပညာရှင်တွေကို ချက်ချင်း ဖမ်းမိသွားခဲ့တယ်။
ပြေးလွှားနေတဲ့ စိတ်ဝိဉာဉ်ပညာရှင်တွေက အဖမ်းခံလိုက်တော့ နတ်ဆိုးသားရဲ့တွေရဲ့ လက်ချက်ကြောင့် အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားပုံက မြင်ရသူတိုင်းကို ထိတ်လန့်စေမှာပါ။
မုရွှယ်အာနဲ့ နဂါးဘုရားကျောင်း မိန်းကလေးတပည့်တွေကတော့ အဲ့ဒီ အစွမ်းထက် နတ်ဆိုးသားရဲတွေကို ကြည့်ပြီး သူမတို့ မျက်နှာထက်မှာ ကြောက်လန့်မှုတွေ ထွက်ပေါ်လာခဲ့တယ်။
“အဆင့် ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာပါလား”
“ဘာဆက်လုပ်ကြမလဲ။ တန်လုံတောင်ကုန်းမှာ အဆင့်ခုနှစ် နတ်ဆိုးသားရဲ ဘာကြောင့် ရှိနေတာလဲ”
သူမတို့အားလုံး ထိတ်လန့်နေခဲ့ကြတယ်။
❄️❄️❄️❄️❄️
Godly Sword System
Chapter 738 အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ
Translated by Thura
မုရွှယ်အာနဲ့ နဂါးဘုရားကျောင်းက မိန်းကလေး တပည့်တွေကတော့ တန်လုံတောင်တန်းမှာ အဆင့်ခုနှစ် နတ်ဆိုးသားရဲ တစ်ကောင် ရှိလိမ့်မယ်လို့ လုံးဝကိုမထင်ထားကြပါဘူး။
သူမတို့တွေက ယန်ချီကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ပေမယ့်လည်း ယန်ချီရဲ့ မျက်နှာ တည်ငြိမ်နေတာကို တွေ့လိုက်ရတယ်။
ဒီလို အခြေအနေကြောင့် သူမတို့တွေ စိတ်သက်သာရာ ရသွားခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ သူမတို့တွေက ယန်ချီရဲ့ မျက်နှာအမူအယာကြောင့် ဒီ အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီရဲ့ ပြိုင်ဖက် မဖြစ်နိုင်ကြောင်း သိလိုက်တဲံအတွက်ပါ။
“ဝေါင်း”
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီတို့ အဖွဲ့အရှေ့ကို ရောက်လာခဲ့တယ်။ သူက ရပ်တန့်လိုက်ပြီးနောက် ယန်ချီတို့ကို ဒေါသထွက်နေတဲ့ အကြည့်နဲ့ ခက်ထန်စွာ ကြည့်နေခဲ့တယ်။
“လူသားတွေ မင်းတို့တွေက ဘာကြောင့် မပြေးကြတာလဲ”
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ရဲ့ အမြင်မှာတော့ ဒီလို အချိန်မျိုးမှာ ယန်ချီတို့တွေ ထွက်ပြေးသင့်တယ်လို့ မြင်ထားတာပါ။
“ပြေးရမှာလား”
ယန်ချီက ပြုံးလိုက်တယ်။ ဒီသနားစရာ ကောင်းတဲ့ အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာက ဘာကြောင့် ဒီလိုစကားမျိုး ပြောရဲတာလဲဆိုပြီး သူ တကယ်ကို နားမလည်နိုင်ဖြစ်နေခဲ့တယ်။
“မင်းကိုယ်မင်းပဲ စိတ်ပူစမ်းပါ အဆင့်ခုနှစ် နတ်ဆိုးသားရဲလေး”
ယန်ချီက အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ကို မထီတရီ အမူအယာနဲ့ ကြည့်လိုက်တယ်။
ဒီစကားကို ကြားတော့ အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ကတော့ ဒေါသတွေ အကြီးအကျယ် ထွက်နေခဲ့တယ်။
သူ့အရှေ့မှာရှိတဲ့ လူသားတွေက ထွက်မပြေးရုံမက ဒီလိုစကားကို ပြောလိမ့်မယ်လို့ သူ လုံးဝကို ထင်မထားပါဘူး။
“လူသား မင်း သေချင်နေတာပဲ”
တောရိုင်းဂေါ်ဇီလာကြီးက ယန်ချီကို ဟိန်းဟောက်ပြီး ပြောလိုက်တယ်။
ဒီစကားကို ကြားပေမယ့်လည်း ယန်ချီရဲ့ အမူအယာကတော့ တည်ငြိမ်နေဆဲပါ။ သူက အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာကို မျက်လုံးမှေးကာ ကြည့်လိုက်ပြီး ပြောလိုက်တယ်။၏
“လာခဲ့လေ။ ငါ မင်းကို သတ်ပေးမယ်။ တွန့်ဆုတ်မနေနဲ့ ။ မစောင့်ရစေနဲ့”
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ လည်း ယန်ချီရဲ့ စကားကို ကြားတော့ ယန်ချီရဲ့ မောက်မာမှုတွေကို ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။
“သေစမ်း ”
စကားသံ ဆုံးသွားပြီးနောက် အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီဆီကို ရုတ်တရက် ပြေးဝင်လာခဲ့တယ်။
ယန်ချီက ဒီမြင်ကွင်းကြောင့် တိတ်တဆိတ်ရယ်လိုက်မိတယ်။
ဒီ တောရိုင်းဂေါ်ဇီလာက ဘာကြောင့် အခြေအနေမှန်းကို နားမလည်တာလဲဆိုပြီး အံ့အားသင့်နေခဲ့တယ်။
ချက်ချင်းပင် အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီအရှေ့ကို ရောက်လာခဲ့တယ်။
တောရိုင်းဂေါ်ဇီလာက သူ့ရဲ့ လက်သီးကို မြောက်လိုက်ပြီး ယန်ချီရဲ့ ဦးခေါင်းထက်ကို ထုချလိုက်တယ်။
သာမန် စိတ်ဝိဉာဉ်ပညာရှင်သာဆိုရင် ဒီလို တောရိုင်းဂေါ်ဇီလာနဲ့ ရင်ဆိုင်ရပါက ဘယ်လိုမှ အသက်ရှင် လွှတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း သနားစရာ ကောင်းတာကတော့ တောရိုင်းဂေါ်ဇီလာ ရင်ဆိုင်နေရတာက ယန်ချီပါ။
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ရဲ့ လက်သီးက ယန်ချီရဲ့ ဦးခေါင်းကို ထိတော့မယ့် အချိန်မှာပဲ ယန်ချီက အရင်နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။
“ဘာ. . . ဘာ. . . ”
ဒီမြင်ကွင်းကြောင့် အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ကတော့ ထိတ်လန့်သွားခဲ့ရတယ်။
သူ့ကိုယ်တိုင်က ယန်ချီကို နေရာကနေ ပျောက်ကွယ်သွာလိမ့်မယ်လို့ ထင်မထားပါဘူး။
“ဘယ်လောက်တောင် မြန်ဆန်လိုက်တာလဲ”
ချက်ချင်းပင် အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီရဲ့ ပုံရိပ်အစစ်ကို လျင်မြန်စွာ ရှာဖွေလိုက်တယ်။
ဒါပေမယ့်လည်း အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က မျက်လုံးကန်းနေသလို ယန်ချီကို ဘယ်နေရာမှ ရှာမတွေ့ခဲ့ပါဘူး။
“မင်းရဲ့ အမြန်နှုန်းလောက်နဲ့ ငါ့ကို သတ်ချင်တယ်ဆိုရင် ပိုပြီး ကြိုးစားဖို့ လိုမယ်”
ရုတ်တရက် ယန်ချီရဲ့ အသံကို တောရိုင်း ဂေါ်ဇီလာ ကြားလိုက်ရတယ်။
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ဒီအသံကို ကြားတော့ အသံထွက်ပေါ်ရာဆီကို လျင်မြန်စွာ လှည့်ကြည်လိုက်တယ်။
အဲ့ဒီအခါမှာတော့ယန်ချီကို သူ့ရဲ့ ဘယ်ဖက်ရောက်နေတာ မြင်လိုက်ရတယ်။
“လူသား မင်း. . . မင်းရဲ့ အလျင်က ဘာလို့ ဒီလောက် မြန်နေရတာလဲ”
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီကို အထိတ်တလန့်မေးလိုက်တယ်။
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီကို သတိအပြည့်နဲ့ ခက်ထန်စွာ ကြည့်နေခဲ့တယ်။ ယန်ချီရဲ့ အလျင်က ဒီလောက် မြန်ဆန်လိမ့်မယ်လို့ သူ မမျှော်လင့်ထားမိပါဘူး။
“လူသား မင်းရဲ့ အလျင်က မြန်ဆန်တယ်ဆိုတိုင်း ငါ့ကို တိုက်ခိုက်နိုင်ပြီ ထင်နေတာလား”
တောရိုင်းဂေါ်ဇီလာက ယန်ချီကို အေးစက်စစ် မေးလိုက်တယ်။
“မင်းကို တိုက်ခိုက်မယ်လို့ ဘယ်သူက ပြောလဲ”
“မင်း ဘာပြောလိုက်တာလဲ”
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီကို ဒေါသတကြီး စူးစိုက်ကြည့်ကာ မေးလိုက်တယ်။
❄️❄️❄️❄️❄️
Godly Sword System
Chapter 739 ဟွေ့လုံဘုရားကျောင်း
Translated by Thura
ယန်ချီက အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ရဲ့ စကားတွေကို ကြားတဲ့အခါ မထူးခြားသလို ကြည့်လိုက်တယ်။
“ငါ မင်းကိုအနိုင်ယူချင်တာ မဟုတ်ဘူး။ ငါက မင်းကို သတ်ချင်တာ”
ဒီစကားကို ကြားတော့ အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာက ဒေါသတွေ အကြီးအကျယ် ထွက်သွားခဲ့တယ်။
“လူသား ငါမင်းကို အစွမ်း ပြရသေးတာပေါ့”
စကားသံ ဆုံးသွားတဲ့အခါ အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီဆီကို ပြေးဝင်တိုက်ခိုက်လိုက်တယ်။
ယန်ချီက ဒီ တောရိုင်းဂေါ်ဇီလာက ဘာကြောင့် အခြေအနေကို နားမလည်တာလဲလို့ တွေးမိပြီး ခေါင်းခါလိုက်မိတယ်။
သူ့လက်ကနေ နောက်ကျောမှာ လွယ်ထားတဲ့ ဓါးလက်ကိုင်ရိုးပေါ် ရောက်သွားခဲ့တယ်။
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ က ယန်ချီအရှေ့ကို ရောက်တဲ့အခါ ယန်ချီက ဓါးအိမ်ထဲကနေ ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။
“ဝှစ်”
ဓါးဆွဲထုတ်သံနဲ့အတူ ကြောက်မက်ဖွယ်ရာ ဓါးအလင်း ထွက်ပေါ်လာခဲ့တယ်။
မုရွှယ်အာက ယန်ချီရဲ့ လက်ထဲက ဓါးကို မြင်ဖူးပေမယ့်လည်း နဂါးဘုရားကျောင်း မိန်းကလေး တပည့်တွေရဲ့ မျက်နှာထက်မှာတော့ ထိတ်လန့်တဲ့ အမူအယာ အပြည့် ဖြစ်သွားခဲ့တယ်။
သူမတို့အားလုံးက ယန်ချီရဲ့ ဆက်နွယ်မှု လက်နက်က ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက် ဖြစ်လိမ့်မယ်လို့ တကယ်ကို မထင်ထားပါဘူး။
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာလည်း ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ရဲ့ အစွမ်းကို ကောင်းစွာ သိတာကြောင့် အဆောတလျင် ရပ်တန့်လိုက်တယ်။
“လူသား မင်း. . .”
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာလည်း ယန်ချီကို ကြောက်လန့်တကြား ကြည့်လိုက်တယ်။
ယန်ချီရဲ့ အမူအယာကတော့ တည်ငြိမ်နေခဲ့တယ်။ သူက အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ကို ကြည့်ပြီး လက်ညိုးညွှန်ပြကာ ပုံမှန်အတိုင်း ပြောလိုက်တယ်။
“လာခဲ့လေ ငါ မင်းကို သတ်ပေးမယ်”
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာကတော့ အရူးတစ်ယောက် မဟုတ်တဲ့အတွက် အနည်းငယ် ကြောက်လန့်သွားခဲ့တယ်။
သူ့အနေနဲ့ သူ့အရှေ့မှာရှိတဲ့ လူသားက ဖြတ်ကျော်ဖို့ ခက်ခဲတဲ့ စစ်မြေပြင်တစ်ခုနဲ့ ဆင်တူနေတယ်လို့ ခံစားခဲ့ရတယ်။
“လူသား ကြည့်ရတာတော့ မင်းရဲ့ စွမ်းအားက သိပ်မဆိုးပုံရတယ်”
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာက ယန်ချီကို အေးစက်စက် ကြည့်ပြီး ပြောလိုက်တယ်။
ယန်ချီက သူ့ရဲ့ စကားတွေကို ကြားတော့ သက်ပြင်းချမိလိုက်တယ်။ ဒီ အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ အနေနဲ့ အဓိပ္ပါယ်မရှိတာတွေ ဘာကြောင့် ဆက်ပြောနေလဲဆိုတာ နားမလည်ခဲ့ပါဘူး။
“မင်းမှာ ဘယ်လိုလုပ်ပြီး အဓိပ္ပါယ်မရှိတာတွေ အရမ်းများတာလဲ”
ယန်ချီက အရှေ့မှာ ရှိတဲ့ အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ကို ကြည့်ပြီး ပြောလိုက်တယ်။
စကားသံ ဆုံသွားတဲ့အခါ ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို ကိုင်ပြီး အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ဆီကို အလွန်တရာ မြန်ဆန်တဲ့ အလျင်နဲ့ ပြေးဝင်သွားခဲ့တယ်။
ဒီမြင်ကွင်းကို မြင်တော့ အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ လည်း အလွန် ကြောက်လန့်သွားခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ အလျင်ကြောင့် ဘယ်ပုံရိပ်က ယန်ချီရဲ့ ပုံရိပ်အစစ်မှန်း မသိနိုင်တာကြောင့်ပါ။
ယန်ချီက အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ အရှေ့ကို ရောက်တဲ့အခါမှ တောရိုင်းဂေါ်ဇီလာလည်း သတိပြန်ဝင်လာခဲ့တယ်။
ဒါပေမယ့်လည်း နောက်ကျနေခဲ့ပါပြီ။
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာဆီကနေ ခြောက်ခြားဖွယ်အော်မြည်သံ ထွက်ပေါ်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးက သူ့ကို ပိုင်းဖြတ်ထားတာကြောင့်ပါ။
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာအနေနဲ့ ဓါးသွားတစ်ထောင်မှော်ဓါးက သူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားတဲအချိန်မျာ သူ့အနေနဲ့ အသက်ရှင်မလွှတ်မြောက်နိုင်မှန်း သိသွားခဲ့တယ်။
အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာက ဒီတိုက်ခိုက်မှုကနေ ဘယ်လိုနည်းနဲ့မှ မခုခံနိုင်မှန်း သိနေခဲ့တယ်။
ဓါးသွားတစ်ထောင်မှော်ဓါးက အဆင့်ခုနှစ် နတ်ဆိုးသားရဲ တောရိုင်းဂေါ်ဇီလာ ရဲ့ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားပြီးနောက် တောရိုင်းဂေါ်ဇီလာလည်း သေဆုံးသွားခဲ့တယ်။
မုရွှယ်အာနဲ့ နဂါးဘုရားကျောင်းက မိန်းကလေးတပည့်တွေကတော့ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကို မြင်လိုက်ရသလို နေရာမှာတင် ကျောက်ရုပ်အလား ဖြစ်သွားခဲ့ရတယ်။
သူမတို့ အမြင်မှာတော့ ယန်ချီက တကယ်ကို အစွမ်းထက်လွန်းပါတယ်။
“စီနီယာ ရှင်က အရမ်း အစွမ်းထက်တာပဲ”
တန်လုံတောင်မှာ ရက်အနည်းငယ်လောက် အတွေ့အကြုံရှာပြီးနောက် နဂါးဘုရားကျောင်း ဆီကို ပြန်လာခဲ့တယ်။
အခုဆိုရင် သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း နဝမအဆင့် ဓါးအကြိမ် သန်းနှစ်ထောင် ဆွဲထုတ်ခြင်းက ပွင့်နေခဲ့ပါပြီ။ ဒီအတွက် အချိန်ရသရွေ့ အကြိမ်များများ ပြီးဆောင် ဆွဲထုတ်ရတော့မှာပါ။
❄️❄️❄️❄️❄️
Godly Sword System
Chapter 740 ဓါး စတင် ဆွဲထုတ်ခြင်း
Translated by Thura
ယန်ချီလည်း ဓါးဆွဲထုတ်ဖို့အတွက် နဂါးဘုရားကျောင်း ရင်ပြင်ကို ရောက်လာခဲ့တယ်။
ရင်ပြင်မှာ ရှိနေတဲ့ တပည့်အားလုံးက ယန်ချီကို ကြည့်နေခဲ့ကြတယ်။
ဒီနေ့မှာတော့ သူတို့တွေအားလုံးက ယန်ချီကို ပြိုင်ဖက်ကင်းပါရမီရှင်မှန်း သိနေခဲ့ပါပြီ။
သူတို့အားလုံးက ယန်ချီတစ်ယောက် နောက်ကျောမှာ လွယ်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်တာ မြင်လိုက်ရတယ်။
“ဟူး. . .”
ရုတ်တရက် ရင်ပြင်မှာ ရှိတဲ့ တပည့်အားလုံးက မြင်ရလိုက်တဲ့ မြင်ကွင်းကြောင့် ပင့်သက်ရှိုက်မိလိုက်တယ်။
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူတို့ရဲ့ မျက်လုံးအစုံက အပြူးကျယ်ဆုံး ဖြစ်နေခဲ့ပြီး ပါးစပ်တွေကလည်း ယင် ဝင်ဥရလောက်တဲ့အထိ အဟောင့်သား ဖြစ်နေခဲ့တယ်။
သူတို့တွေအနေနဲ့ သူတို့ရဲ့ တသက်တာမှာ အံ့အားသင့်စရာ အကောင်းဆုံး မြင်ကွင်းဆိုတာ ကျိန်ဆိုရဲပါတယ်။
ဘာကြောင့်လဲဆိုတော့ ဓါးသွားတစ်ထောင်မှော်ဓါးပေါ်မှာ အနီရောင်သုံးကွင်းကို မြင်လိုက်ရတဲ့အတွက်ပါ။
သူတို့တွေအားလုံးက ယန်ချီရဲ့ ဆက်နွယ်မှု လက်နက်အပေါ်မှာ ပါတဲ့ အနီရောင်သုံးကွင်းဆိုတာ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်မှန်း သိပါတယ်။
တကယ်တမ်းတော့ သူတို့အားလုံးကယန်ချီရဲ့ ဆက်နွယ်မှု လက်နက်ကို ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု ဖြစ်နေလိမ့်မယ်လို့ မထင်မိပါဘူး။
သူတို့တွေ အံ့အားသင့်သွားတာ တခဏပါပဲ။
ဘာကြောင့်လဲဆိုတော့ နောက်ပိုင်း မြင်လိုက်ရတဲ့ မြင်ကွင်းက သူတို့ကို ပိုပြီး အံ့အားသင့်သွားစေခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို ပြန်ထည့်ပြီး ဆွဲထုတ်နေခဲ့လို့ပါ။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ရင်ပြင်မှာ ရှိနေကြတဲ့ နဂါးဘုရားကျောင်း တပည့်အားလုံးကတော့ အထိတ်တလန့် ရေရွတ်မိလိုက်တယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ့ ဓါးဆွဲထုတ်နှုန်းက အလွန်တရာ မြန်ဆန်ပြီး သာမန်မျက်စီနဲ့ မမြင်နိုင်တဲ့အတွက်ပါ။၏
“ဒီလို အမြန်မျိုးကို အလင်းရဲ့ အလျင်လို့ ခေါ်တာလား”
ရင်ပြင်မှာ ရှိနေကြတဲ့ နဂါးဘုရားကျောင်း တပည့်တွေကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။
သူတို့အားလုံးက ယန်ချီအနေနဲ့ ဘာကြောင့် ဒီလိုလုပ်နေလဲဆိုတာကို မသိပေမယ့်လည်း မြင်လိုက်ရတဲ့ မြင်ကွင်းက သူတို့တွေကို မယုံနိုင်အောင် ထိတ်လန့်စေမိပါတယ်။
“အဲ့ဒါ ယန်ချီလား”
နဂါးဘုရားကျောင်းရဲ့ တပည့်တစ်ယောက်က ယန်ချီ ဓါးဆွဲထုတ်တာကို ကြည့်ပြီး တံတွေးမြိုချကာ လိုက်မိတယ်။
သူနဲ့ ယန်ချီသာ နှိုင်းယှဉ်မယ်ဆိုရင် ကောင်းကင်နဲ့ မြေပြင်အောက် အလွန်တရာကို ကွာဟနေပါတယ်။
ယန်ချီတစ်ယောက် နဂါးဘုရားကျောင်း ရင်ပြင်မှာ ဓါးဆွဲထုတ်နေတဲ့ သတင်းက နဂါးဘုရားကျောင်းအတွင်း ပျံ့နှံ့သွားခဲ့တယ်။
ဒီသတင်းကို ကြားတော့ နဂါးဘုရားကျောင်း သခင်နဲ့ အကြီးအကဲတွေက ရင်ပြင်ဆီကို ရောက်လာပြီး ယန်ချီဓါးဆွဲထုတ်တာကို ကြည့်ရှုခဲ့ကြတယ်။
သူတို့တွေက မကြည့်မိရင် ဒီလောက် ထိတ်လန့်မိမှာ မဟုတ်ပေမယ့်လည်း ကြည့်မိလိုက်တဲ့အခါမှာတော့ . . . .. ။
ဘာကြောင့်လဲဆိုတော့ ယန်ချီက ဓါးဆွဲထုတ်နေရင်းနဲ့ သူ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေ တိုးလာတာကိုပါ မြင်လိုက်ရတယ်။
“ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်နေရတာလဲ”
ဒီမြင်ကွင်းကို ကြည့်ပြီး နဂါးဘုရားကျောင်း သခင်နဲ့ အကြီးအကဲတွေအားလုံး ထိတ်လန့်သွားခဲ့ကြတယ်။
သူတို့အားလုံးရဲ့ အမြင်မှာတော့ ဒီကိစ္စက လုံးဝကို မဖြစ်နိုင်ဘူးလေ။
“ဘုရားကျောင်းသခင် . .. ဘယ်လို ထင်မိသေးလဲ”
နဂါးဘုရားကျောင်း မဟာအကြီးအကဲက နဂါးဘုရားကျောင်း သခင်ကို ကြည့်ပြီး မေးလိုက်တယ်။
“ကောင်းကင်ကို အန်တုလောက်တဲ့ပါရမီရှင် . .။ စစ်မှန်တဲ့ ကောင်းကင်ကို အန်တုလောက်တဲ့ ပါရမီရှင်ပဲ”
နဂါးဘုရားကျောင်းသခင်လည်း သက်ပြင်းချပြီး ပြောလိုက်တယ်။
ယန်ချီကတော့ ရင်ပြင်မှာ ရှိတဲ့ လူအားလုံးကို လျစ်လျူရှုပြီး သူ့ဓါးကိုသာ အရူးအမူး ဆွဲထုတ်နေခဲ့တယ်။
ဒါပေမယ့်လည်း .. သာလွန်ကောင်းကင်အဆင့် ဓါးအကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း နဝမအဆင့် ဓါးအကြိမ် သန်းနှစ်ထောင် ပြည့်မီဖို့က အလှမ်းကွာလွန်းပါတယ်။
ယန်ချီက ကြိုးစားပမ်းစား ဓါးဆွဲထုတ်မယ်ဆိုရင်တောင် နဝမအဆင့် ဓါးအကြိမ် သန်းနှစ်ထောင် ပြည့်ဖို့က အချိန်များစွာ လိုဦးမှာပါ။
ယန်ချီက တလလုံးလုံး အနားမယူပဲ ဓါးကို အဆက်မပြတ် ဆွဲထုတ်နေခဲ့တယ်။
တလခန့် ကြာလွန်ပြီးနောက် ဓါးဆွဲထုတ်တာကို ရပ်တန့်လိုက်ပြီး အနားယူဖို့ စဉ်းစားလိုက်တယ်။
မကြာခင်မှာပဲ ယန်ချီက သူ့အခန်းကို ပြန်လာခဲ့ပြီး ရေမိုးချိုးသန့်စင်လိုက်တယ်။
တလဆက်တိုက် ဓါးဆွဲထုတ်ခဲ့တဲ့အတွက် သူ့ရဲ့ အဆင့်လည်း မြင့်တက်သွားခဲ့တယ်။
သူ့ရဲ့ ဓါးဆွဲထုတ်မှတ်တွေ များပြားလာသလို သူ့ရဲ့ ကျင့်စဉ်အဆင့်ကလည်း အဆင့် ၈၁ ကနေ အဆင့် ၈၂ ကို ရောက်လာခဲ့တယ်။
“စီနီယာ”
ယန်ချီ အဝတ်အစားလဲပြီးပြီးချင်းမှာပဲ မုရွှယ်အာရဲ့ အသံကို ကြားလိုက်ရတယ်။
သူက မုရွှယ်အာရဲ့ အသံကို ကြားတော့ တံခါးဖွင့်လိုက်တော့ မုရွှယ်အာကို မြင်လိုက်ရတယ်။
“ဘာကိစ္စများ ရှိလို့လဲ”
ယန်ချီက မုရွှယ်အာကို မေးလိုက်တယ်။
“စီနီယာ ကျွန်မတို့ ဇောင်လုံမြို့ကို သွားမလို့”
မုရွှယ်အာက ယန်ချီကို ပြောလိုက်တယ်။
“ဇောင်လုံမြို့လား”
“စီနီယာ ဇောင်လုံမြို့က ဒီလောကမှာ အကြီးဆုံးမြို့တစ်မြို့ပဲ။ လောကတခွင် ပါရမီများ နှီးနှောဖလှယ်ပွဲက အဲ့ဒီမြို့မှာပဲ ကျင်းပတာ”
မုရွှယ်အာက ပြောလိုက်တယ်။