တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

Af Azure5549

51.8K 4K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... Mere

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

96 - 100

823 82 3
Af Azure5549


#အပူအပင်မဲ့အင်မော်တယ်
Chapter 96
ဂိုဏ်းတူအစ်ကိုကြီး.. အစ်ကိုကြီးက နှလုံးသား ကင်းမဲ့လွန်းပါတယ်။ ဒါကြောင့် ကျွန်တော့်ကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့တော့။

“ထူးဆန်းတယ်။ တစ်ခုခုကို ငါမေ့သွားသလိုပဲ”

“ငါကောပဲ”

“မနေ့တုန်းက အိမ်သာတက်တော့ ဖင်ဆေးဖို့ ငါမေ့သွားတာများလား။ မဟုတ်သေးပါဘူး။ ငါအိမ်သာမတက်တာတောင် နှစ်တော်တော်ကြာပြီ မဟုတ်ဘူးလား”

“ဟူး.. ငါအသက်ရလာပြီ ထင်တယ်။ ဘာမှ မမှတ်မိတော့ဘူး”

“…”

အကြီးအကဲ ခြောက်ဦး ခံစားချက် အပြည့်နဲ့ ခေါင်းကိုခါယမ်းရင်း သက်ပြင်းချလိုက်ကြပါတော့တယ်။ အခုဆို သူတို့အတွက် ချင်းကျူဟာ မှော်ဆေးဝါး ပညာရှင် မဟုတ်တော့ပါဘူး။ ဒါကြောင့် ချင်းကျူကို သူတို့ အရေးမလုပ်ကြတော့ပါဘူး။

“အကြီးအကဲဟူ… ငါတို့ နောက်မှ ထပ်ဆုံတွေ့ကြတာပေါ့”

“အကြီးအကဲဝမ်.. ဒါက အကြီးအကဲအတွက် လက်ဆောင်ပါ”

“အကြီးအကဲရင်”

မကြာခင်မှာတော့ တခြားခေါင်းဆောင် အများအပြားပဲ အကြီးအကဲ ခြောက်ဦးအနား ဝိုင်းအုံလာခဲ့ကြပါပြီ။

သူတို့ ခြောက်ဦးဟာ မဟာကလန်ကြီး ခြောက်ခုရဲ့ အနာဂတ် ခေါင်းဆောင်ကြီးတွေပါ။ ပြီးတော့ တောက်ပသော မြို့တော်ကို ကာကွယ်ပေးနေကြသူလို့လည်း ဆိုနိုင်ပါတယ်။ သူတို့တွေဟာ အလွန်အစွမ်းထက်ကြရုံတင်မကပဲ အလွန်လည်း ဂုဏ်သိက္ခာ ကြီးမားကြပါတယ်။ သူတို့ စကားတစ်ခွန်းဟာ အဖွဲ့အစည်းတစ်ခုရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးသွားမှာပါ။ ဒါကြောင့်လည်း ဂိုဏ်းချုပ်အသီးသီးဟာ ကြိုတင်ပြီးတော့ မိတ်ဆွေဖွဲ့ထားဖို့ ကြိုးစားခဲ့ကြတာပါပဲ။

ဒါကို တွေ့လိုက်ရတော့ ချင်းကျူလည်း စိတ်သက်သာရာ ရပြီး သက်ပြင်းချလိုက်မိပါပြီ။ အနည်းဆုံးတော့ သူ့ကို လာနှောင့်ယှက်မှာ စိတ်ပူဖို့ မလိုတော့ဘူး မဟုတ်လား။

ချင်းကျူ အနေနဲ့ အစွမ်းထက်ကြောင်း လူသိမှာကို မစိုးရိမ်ပါဘူး။ ဒါပေမဲ့လည်း လူတွေ အများကြီး လာရှုပ်နေမှာကိုတော့ မလိုလားခဲ့ပါဘူး။

ချင်းကျူ အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး အသားကင်တစ်ခုကို ပါးစပ်ထဲ သွပ်ထည့်လိုက်ပါပြီ။

ဒီအသားကင်ဟာ မနက်တုန်းက စားသောက်ခဲ့တဲ့ ငါးကင်ထက် ပိုပြီး အဆီအနှစ် ပြည့်၀နေခဲ့ပါတယ်။ ဒီအသားက သာမန် အသားမဟုတ်ပဲ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ အသားဖြစ်မှာပါ။

“ဆရာဦးလေးချင်း.. ဘာအရက်ကို သောက်နေတာလဲ မသိဘူး။ အနံ့က အရမ်းမွှေးတာပဲ”

မုရှောင်ယုလည်း သွားရည်တမြားမြားနဲ့ ပြောလိုက်ပါပြီ။

ချင်းကျူက မှော်ဆေးဝါး ဖော်စပ်ခြင်း မှတ်ဉာဏ်ကိုသာ ဖျက်ဆီးထားခဲ့တာကြောင့် မိန်းကလေးက သူ့ကို မှတ်မိနေပါသေးတယ်။

“တစ်ငုံလောက် သောက်ကြည့်ချင်လား”
ချင်းကျူလည်း ပြန်မေးလိုက်ပါပြီ။

မုရှောင်ယုလည်း မလှမ်းမကမ်းမှာ ရှိနေတဲ့ လျှိုပင်းကို လှမ်းကြည့်လိုက်ပြီး တီးတိုးပြောလိုက်ပါပြီ။
“ကျွန်မရဲ့ ဂိုဏ်းတူအစ်မတော်က ကျွန်မ အရက်သောက်တာကို သဘောမကျဘူးလေ”

“အဲဒီလိုလား။ ဒါဆိုလည်း မသောက်နဲ့တော့”
ချင်းကျူလည်း ပုခုံးတွန့်လိုက်ပါပြီ။

သူက နှစ်ထောင်ချီ သက်တမ်းရှိ ဝိညာဉ်အရက်ကို သောက်နေတာပါ။ မိန်းကလေးက အခုမှ ဟိုတျန် အထွတ်အထိပ် အဆင့်ကိုသာ ရောက်ပါသေးတယ်။ ဒါကြောင့် သူမ ခံနိုင်ရည် ရှိမှာ မဟုတ်ပါဘူး။

“…”

ဒါပေမဲ့ မုရှောင်ယုကတော့ ဒီအကြောင်းတွေကို မသိထားခဲ့ပါဘူး။ ဆူဆောင့်ပြီး တစ်ဖက်ကို လှည့်သွားခဲ့ပါပြီ။

ချင်းကျူရဲ့ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့ကို အစောကြီးကတည်းက ဂရုမစိုက်တော့ပဲ သူမ ပစ်ထားလိုက်မိမှာပါ။

“အဲ.. မောင်လေးက ပိုင်ရီရဲ့ ဂိုဏ်းတူညီလေး မဟုတ်လား”

ဒီအချိန်မှာပဲ ဝတ်စုံနက် ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစ်ဦး ချင်းကျူကို စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်ပြီး လျှောက်လှမ်းလာနေပါပြီ။

“အဲ.. ဟုတ်ပါတယ်”

ချင်းကျူ မှင်သက်သွားခဲ့ပါတယ်။ ဒီတစ်ယောက်က ဘာအဓိပ္ပာယ်နဲ့ ပြောနေတာလဲ ဆိုတာကို သူနားမလည်ခဲ့ပါဘူး။

ဝတ်စုံနက်ဝတ် အမျိုးသမီးရဲ့ အော်ရာအရှိန်အဝါဟာ ကျစ်လျစ်မှုရှိပြီး လွင့်ဖြာနေခြင်း မရှိခဲ့ပါဘူး။ သူမဟာ ဝမ်ရှင်းသူတော်စင် တစ်ဦး ဖြစ်နေတာတော့ သေချာပါတယ်။ ပြောရရင် အဖွဲ့အစည်း တစ်ခုခုရဲ့ ဂိုဏ်းချုပ်လည်း ဖြစ်ကောင်း ဖြစ်နေဦးမှာပါ။ ချင်းကျူကတော့ သူမနဲ့ ဆုံဖူးတယ်လို့ မထင်မိပါဘူး။

ပြီးတော့ ဒီဝတ်စုံနက်ဝတ် အမျိုးသမီးဆီကနေ စာဖွဲ့လို့မရနိုင်တဲ့ အမွှေးနံ့တစ်မျိုး ရရှိနေခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူမဟာ ပိုပြီးတော့ ဆွဲဆောင်မှု ရှိနေခဲ့ပါပြီ။

သူမက သူ့ကို ပိုင်ရီရဲ့ ဂိုဏ်းတူညီလေးလားလို့ မေးလာခဲ့တယ် ဆိုတော့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ တစ်ခုခုများ ပတ်သက်မှု ရှိနေသလား။

“ကောင်းတာပေါ့”

ဝတ်စုံနက်ဝတ် အမျိုးသမီးလည်း ဝမ်းသာစွာ ပြုံးလိုက်ပါပြီ။

“မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး ပိုင်ရီကော… သူဘာလို့ မပါလာတာလဲ”

ဝတ်စုံနက်ဝတ် အမျိုးသမီးလည်း စိတ်မရှည်နိုင်စွာ မေးမြန်းလိုက်ပါတော့တယ်။

“ကျွန်တော့် ဂိုဏ်းတူအစ်ကိုကြီးက မူလတာအို အဆင့်ကို တက်ဖို့ တရားကျင့်နေလို့ပါ”

ချင်းကျူ မျက်နှာသုန်မှုန်နေပါပြီ။ ဒီအမျိုးသမီးက တကယ်ပဲ ဂိုဏ်းတူအစ်ကိုကြီးနဲ့ ပတ်သက်မှု ရှိနေခဲ့တယ် မဟုတ်လား။ ဒါကြောင့်လည်း အဲဒီအဘိုးကြီးက သူ့ကို ဆေးကုပေးမယ်ဆိုတာကို လက်မခံခဲ့တာကိုး။

“တကယ်ကြီးလား”

ထင်မှတ်ထားသလို အမျိုးသမီးက စိတ်ပျက်သွားခြင်းမရှိပဲ ပိုပြီးတောင် အံ့ဩဝမ်းသာသွားပုံ ရခဲ့ပါတယ်။

“???”

ချင်းကျူ ဘာမှ ထပ်မပြောနိုင်ခင်မှာပဲ ဝတ်စုံနက်ဝတ် အမျိုးသမီးက ဆံပင်မှာ ထိုးထားတဲ့ ကျောက်စိမ်းဖြူ ဆံထိုးကို လှမ်းဖြုတ်လိုက်ပြီး ချင်းကျူလက်ထဲ ထည့်ပေးလိုက်ပါပြီ။

“ဒီဆံထိုးကို မောင်လေးရဲ့ ဂိုဏ်းတူအစ်ကိုကြီးဆီ ပို့ပေးပါ။ ကူညီပေးနော်။ ရန်စီးက သူ့ကို ထာ၀ရ စောင့်နေပါတယ်လို့လည်း ပြောပေးပါ”

ပိုင်ရီက မူလတာအို အဆင့်ကို တက်ပြီးချိန်ကျ လာရှာမယ်လို့ ကတိပေးခဲ့တာကို ဝတ်စုံနက်ဝတ် အမျိုးသမီး ပြန်လည်အမှတ်ရနေခဲ့ပါတယ်။

ချင်းကျူ
“…”

ကြည့်ရတာ ဂိုဏ်းတူအစ်ကိုကြီးက ရည်းစားနှစ်ယောက် ပြိုင်ထားခဲ့ပုံပဲ။

“အဲ… နင်က မိစ္ဆာပန်းပွင့်ဂိုဏ်းက ဂိုဏ်းချုပ်ရန်စီး မဟုတ်လား။ ဘာဖြစ်လို့ ဒီနေရာကို ရောက်လာတာလဲ”
ရုတ်တရက် ဆိုသလိုပဲ အထင်သေးစွာ ခနဲ့တဲ့တဲ့ ပြောလိုက်တဲ့ စကားသံ ပေါ်ထွက်လာခဲ့ပါပြီ။

ရီရောင်အပြင် ဘယ်သူများ ဖြစ်နိုင်ပါလိမ့်မလဲ။

ချင်းကျူ
“…”

“ဟီး ဟီး.. ရီရောင်… နင့်ကိုယ်နင် အရမ်းစပ်စုလွန်းတယ်လို့ မထင်မိဘူးလား”

ဝတ်စုံနက်ဝတ် အမျိုးသမီးလည်း ရီရောင်ကို ပြန်ပြောလိုက်ပါပြီ။

“ငါ့ရဲ့ ဂိုဏ်းတူမောင်လေးနဲ့ ဝေးဝေးမှာ နေဖို့တော့ ငါသတိပေးရလိမ့်မယ်”

ရီရောင်လည်း မျက်မှောင်ကြုတ်လိုက်ပါပြီ။ သူမဆီကနေ ရက်စက်တဲ့ လူသတ်ငွေ့တွေ ဖြာထွက်လာပါတော့တယ်။ သူမဟာ ပိုင်ရီသိထားတဲ့ ရီရောင်မဟုတ်တော့ပါဘူး။

“ဂိုဏ်းတူမောင်လေး.. ဟုတ်လား။ ဂိုဏ်းချုပ်ရီ… မရှိခြင်းကနေ ရှိခြင်းဖြစ်လာအောင် ၀မရှိပဲ ဝိလုပ်တတ်လာတဲ့ ဖန်တီးတတ်တဲ့ အစွမ်းကို နင်ဘယ်ကနေ တတ်မြောက်လာတာလဲဟင်”

ရန်စီး နှာခေါင်းရှုံ့လိုက်ပါပြီ။

“ပိုင်ရီက နင့်ကို နည်းနည်းလေးမှ သဘောမကျဘူးလေ။ နင်လည်း သူ့ကို ဆက်ပြီး မနှောင့်ယှက်သင့်တော့ပါဘူး”
ရီရောင်လည်း အံကို တင်းတင်းကြိတ်လိုက်ပြီး တည့်တိုးပဲ ပြောချလိုက်ပါပြီ။

“ဟမ့်.. နင့်အကြောင်း နင်ပြန်ပြောနေတာလား မသိဘူး”

သူတို့ နှစ်ဦး တစ်ဦးကို တစ်ဦး ပက်ပက်စက်စက် အပြစ်တင်နေကြပါပြီ။ တကယ်လို့ ဒီနေရာဟာ စားသောက်ပွဲတော်ကြီး မဟုတ်ဘူးဆိုရင် တကယ်ကို ထချကြပါတော့မယ်။

ချင်းကျူ
“…”

မြို့ပြအချစ်ဇာတ်လမ်းတစ်ခုကို ကြည့်နေရသလို ချင်းကျူ ခံစားနေရပါပြီ။ တကယ်လို့ ပိုင်ရီသာ ဒီကို ရောက်နေခဲ့မယ်ဆိုရင် ပိုပြီးတောင် စိတ်ဝင်စားဖို့ ကောင်းသွားမှာပါ။

ဒါကို တွေးမိသွားချိန်မှာ ချင်းကျူတစ်ယောက် အလေးအနက်ထား ပြောလိုက်ပါပြီ။

“အစ်မတော်တို့… ဒီနေရာမှာ ရန်ဖြစ်နေလို့လည်း အသုံးမဝင်ပါဘူး။ ဒီလို လုပ်ပါလား။ စားသောက်ပွဲ ပြီးဆုံးသွားချိန်ကျ အစ်မတော်တို့ နှစ်ယောက်ကို ရွှမ်းရီတောင်တန်းဂိုဏ်း ခေါ်သွားပေးမယ်လေ။ အဲဒီတော့မှ ဂိုဏ်းတူအစ်ကိုကြီးကို ရွေးချယ်ခိုင်းလိုက်တာပေါ့။ ဘယ်လိုလဲ မသိဘူး”

ဂိုဏ်းတူအစ်ကိုကြီး.. အစ်ကိုကြီးက နှလုံးသား ကင်းမဲ့လွန်းပါတယ်။ ဒါကြောင့် ကျွန်တော့်ကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့တော့။

ဒါကို ကြားလိုက်ရတော့ ဂိုဏ်းချုပ်နှစ်ယောက် မျက်လုံးတွေ ဝင်းလက်သွားခဲ့ပါပြီ။ အမှန်ပါပဲ။ ဒီကိစ္စကို သူတို့ ဘာဖြစ်လို့ မတွေးမိကြတာလဲ။ ဒါ့အပြင်ကို ပိုင်ရီရဲ့ ဂိုဏ်းတူညီလေး ချင်းကျူက လမ်းပြခေါ်သွားမယ်ဆိုတော့ ပိုပြီးတော့တောင် သင့်မြတ်သွားပြီ မဟုတ်လား။

“ကောင်းပြီလေ”

“အဲဒီလိုပဲ ဆုံးဖြတ်တာပေါ့”

“ပိုင်ရီက ငါ့ကိုပဲ ရွေးမှာ။ သူ့ကို လိုက်ပြီး မနှောင့်ယှက်ပါနဲ့တော့”

“နင့်ကို ရွေးရမယ်လား။ နင့်ရဲ့ ရင်ဘတ်က ငါထက်ကြီးလို့လား”

“…”

“…”

ဒီနောက်ပိုင်းမှာတော့ ချင်းကျူလည်း ပန်းချီကားလိပ်နဲ့ ကျောက်စိမ်းဆံထိုးတို့ကို ရီရောင်နဲ့ ရန်စီးတို့ဆီ ပြန်ပေးအပ်လိုက်ပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရွှမ်းရီတောင်တန်းကို သူတို့ အတူတူ ရောက်လာမှာပဲ မဟုတ်လား။ သူက တဆင့် ပြန်ပေးနေစရာ မလိုတော့ပါဘူး။

“အော်.. ဆရာမက ရှင့်ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို သဘောကျနေတာကိုး။ အခုမှပဲ ကျွန်မ စိတ်ချမ်းသာသွားတော့တယ်”
မုရှောင်ယုလည်း အခုမှ စိတ်သက်သာရာ ရပြီး သက်ပြင်းချလိုက်ပါပြီ။

ချင်းကျူ
“…”

ဆေးဝါးဖော်စပ်ခဲ့တဲ့ မှတ်ဉာဏ်ကို ဖျက်ဆီးထားခဲ့ပြီး ဖြစ်တာကြောင့် မုရှောင်ယုနဲ့ လျှိုပင်းတို့ နှစ်ယောက်လုံးက ချင်းကျူကို အစွန်ဆုံးအခန်းမှာသာ အမြဲနေခဲ့တယ်ဆိုပြီးသာ မှတ်မိခဲ့ကြပါတယ်။ ကျန်လူတွေကတော့ သူ့ကို သတိမထားမိသလောက်ပါပဲ။

စားသောက်ပွဲကြီးဟာ လေးနာရီကျော်လောက်ကြာမြင့်သွားခဲ့ပါတယ်။ ဒီအတောအတွင်း မဟာကလန်ကြီး ခြောက်ခုက အကြီးအကဲတွေဟာ ဘလာ ဘလာတွေကို တစ်ချိန်လုံး မရပ်မနား ပြောဆိုနေခဲ့ကြပါတယ်။

ဒါပေမဲ့ ချင်းကျူတစ်ယောက် ဘာကိုမှ ရင်ထဲထည့်မစဉ်းစားခဲ့ပါဘူး။ ဗိုက်၀အောင် စားသောက်ပြီးချိန်မှာ အခန်းထဲ ပြန်ဝင်အိပ်လိုက်ပါပြီ။ မနက်ဖြန်ကျရင် ရွှမ်းရီတောင်တန်းဂိုဏ်းကို ပြန်ရဦးမယ် မဟုတ်လား။

အခုအချိန်မှာတော့ တန်ရှောင်နဲ့ မာဟွာတန်တို့ နှစ်ဦးဟာ အူကြောင်ကြောင် အနိုင်ဆုံး ဖြစ်နေခဲ့ကြပါတယ်။ သူတို့ရဲ့ မှတ်ဉာဏ်တချို့ မရှိတော့တဲ့အတွက် သူတို့ သိုလှောင်ခန်း လက်စွပ်ထဲ သိမ်းဆည်းထားတဲ့ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးလုံးတွေဟာ ဘယ်ကရောက်လာခဲ့မှန်း မသိကြတော့ပါဘူး။

အထူးသဖြင့် တန်ရှောင်ပါ။ သူ့ရဲ့ အဆင့်ငါး ဝိညာဉ်ဆေးပင် ဘယ်ရောက်သွားသလဲ ဆိုတာကို စဉ်းစားမရ ဖြစ်နေခဲ့ပါတယ်။

သူအူကြောင်ကြောင် ဖြစ်နေပေမဲ့လည်း ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးတစ်လုံး ရှိနေတဲ့အတွက်တော့ ကျေနပ်မိခဲ့ပါတယ်။

မာဟွာတန်ကတော့ လဲလှယ်မှု အကြောင်း မေ့လျော့သွားပြီ ဖြစ်ပေမဲ့လည်း ချင်းကျူ အကြံပေးချက်ကိုတော့ သတိရနေပါသေးတယ်။ ဒါကြောင့် သူ့ရဲ့ အနာဂတ် အစီအစဉ်ဟာ မပြောင်းလဲသွားခဲ့ပါဘူး။

နောက်တစ်ရက် ချင်းကျူ အိပ်ရာက နိုးနိုးချင်းမှာ ရီရောင်နဲ့ ရန်စီးတို့ နှစ်ယောက် အခန်းအပြင်ဘက်မှာ တပည့်တွေနဲ့ ကြိုတင်စောင့်စားနေကြပါပြီ။

သူတို့ တစ်ဦးကို တစ်ဦး မျက်စောင်းထိုးပြီး မကျေမနပ် ကြည့်ကြည့်နေကြပါသေးတယ်။

ချင်းကျူလည်း ဘာပြောလို့ ပြောရမှန်း မသိခဲ့ပါဘူး။ မိန်းမသုံးယောက်နဲ့ဆို ဇာတ်လမ်းတွဲ ရိုက်လို့ရတယ်မဟုတ်လား။ အခု သူတို့ နှစ်ယောက်နဲ့ဆိုရင် ဇာတ်လမ်းတွဲ ဆယ်ခန်းလောက် အလွယ်ကလေး ရိုက်လို့ ရနေပါပြီ။

“ဂိုဏ်းတူမောင်လေး ချင်းကျူ.. အစ်မရဲ့ မှော်ရတနာယာဉ်ပျံဆီ လာခဲ့ပါ။ အဲဒါ ပိုမြန်ပါတယ်”

ချင်းကျူ အပြင်ကို ထွက်လာတာ တွေ့လိုက်ရတဲ့ အခါမှာတော့ ရီရောင်က ဖိတ်ခေါ်လိုက်ပါပြီ။

“ဂိုဏ်းတူမောင်လေး ချင်းကျူ.. အစ်မရဲ့ မှော်ရတနာ ယာဉ်ပျံက ပိုပြီး ဇိမ်ရှိတာပေါ့။ အထဲ ဝင်လာခဲ့ပါ”

ရန်စီးလည်း ချင်းကျူကို ဖိတ်ခေါ်ခဲ့ပါတယ်။

“..”

အချိန်တော်တော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးနောက် ချင်းကျူ ပြောလိုက်ပါပြီ။
“နေပါ။ ကျွန်တော်ဖာသာပဲ ပျံသန်းခဲ့ပါမယ်”

စကား ဆုံးသွားတာနဲ့ ချင်းကျူရဲ့ ခြေထောက်အောက်မှာ ဝိညာဉ်စွမ်းအင်တွေဟာ မြင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး တမ်နဲ့ သူ့ကို သယ်ဆောင်ပျံသန်းသွားခဲ့ပါပြီ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 97
မူလတာအို သူတော်စင်အဆင့်

အပြောကျယ်လှတဲ့ ကောင်းကင်ပြင်မှာ အသက်ဝင်လှတဲ့ မြင်းကြီးတစ်ကောင်ဟာ အံ့မခန်း အမြန်နှုန်းနဲ့ ပျံသန်းနေခဲ့ပါတယ်။

ချင်းကျူဟာ မြင်းကြီးပေါ်မှာ လဲလျောင်းပြီး ဝိညာဉ်အရက်ကို သောက်နေသလို တမ်ကလည်း သူ့အနောက်မှာ ရပ်ရင်း ပတ်ဝန်းကျင်ကို စိတ်ဝင်တစား အကဲခတ်နေခဲ့ပါတယ်။

ဒီမြင်းကြီးက ချင်းကျူရဲ့ ဝိညာဉ်စွမ်းအင်နဲ့ တည်ဆောက်ထားခဲ့တာပါ။ မြင်းကြီးရဲ့ ခန္ဓာကိုယ်အရွယ်အစားဟာ သင်္ဘောကြီး တစ်စီးစာလောက်ကို ကြီးမားပြီး အမြန်နှုန်းကိုလည်း စိတ်ကြိုက် ပြောင်းလဲလို့ ရပါသေးတယ်။

ဘိုးဘေးသူတော်စင်တောင်မှ မြင်းကြီးရဲ့ အမြန်ဆုံးနှုန်းကို လိုက်မှီမှာ မဟုတ်ဘူးလို့ ဆိုရရင်လည်း လွန်လိမ့်မယ် မထင်မိပါဘူး။

မြင်းကြီးရဲ့ တစ်ဖက်တစ်ချက်မှာတော့ ထူးခြားတဲ့ မှော်ရတနာ ယာဉ်ပျံ တစ်စီးစီ လိုက်ပါလာခဲ့ပါတယ်။ တစ်ခုကနေ သာယာချိုမြိန်နဲ့ သဘာ၀လွန် အသံလှိုင်းတွေ ထွက်ပေါ်လာနေပြီး ကြားလိုက်ရတဲ့ လူတိုင်းကို စိတ်အေးချမ်းမှု ရရှိစေတာကိုလည်း တွေ့ရမှာပါ။

နောက်တစ်ခုကတော့ လေနဲ့ အတူ တဖျတ်ဖျတ် လွင့်နေတဲ့ ပွင့်ချပ်များစွာ ပါဝင်နေပြီး သင်းပျံ့တဲ့ မွှေးရနံ့က အလွန်ကို စိတ်ချမ်းမြေ့စေခဲ့ပါတယ်။

ဒီမှော်ရတနာ ယာဉ်ပျံကြီး နှစ်ခုဟာ ကောင်းကင်ဘုံ မှတ်စုဂိုဏ်းနဲ့ မိစ္ဆာပန်းပွင့် ဂိုဏ်းတို့က ယာဉ်ပျံကြီးတွေပါ။ ရီရောင်နဲ့ ရန်စီးတို့ရဲ့ မှော်ရတနာ ယာဉ်ပျံကြီးတွေပါပဲ။

ပြောရရင် ဒီဂိုဏ်းနှစ်ခုအကြောင်း ချင်းကျူ တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ ဒါကြောင့် ပိုင်ရီက ဒီအမျိုးသမီး နှစ်ယောက်ကို ဘယ်လို အကွက်တွေ သုံးခဲ့တယ်ဆိုတာ ချင်းကျူ နားမလည်နိုင်အောင် ဖြစ်နေမိခဲ့ပါတယ်။ အမျိုးသမီး နှစ်ယောက်က ဘာဖြစ်လို့များ ပိုင်ရီကို တမ်းတမ်းစွဲ ဖြစ်နေခဲ့ကြတာပါလိမ့်။

ဒါပေမဲ့ သူတို့ နှစ်ယောက်နဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့အခါ ပိုင်ရီတစ်ယောက် ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို ချင်းကျူ တွေးယောင်ရင်း ပြုံးနေမိခဲ့ပါတယ်။

ရီရောင်နဲ့ ရန်စီးတို့ကို ရွှမ်းရီတောင်တန်းဂိုဏ်းဆီ ခေါ်သွားရတာ ဖြစ်လို့ စကြ၀ဠာ ခုန်ကျော်ခြင်း နတ်ဘုရားသိုင်းပညာကို ချင်းကျူ အသုံးမပြုတော့ပါဘူး။ အခု အမြန်နှုန်းနဲ့ဆိုရင် ရွှမ်းရီတောင်တန်းဂိုဏ်းကို တစ်ရက်အတွင်း ရောက်ရှိမှာပါ။

တကယ်လို့ ပိုင်ရီတစ်ယောက် တ့ခါးပိတ် တရားကျင့်နေတယ် ဆိုရင်တော့ ဒီကပ်ဘေးကို ရှောင်တိမ်းကောင်း ရှောင်တိမ်းနိုင်ပါလိမ့်မယ်။ မဟုတ်ဘူး ဆိုရင်တော့ဖြင့်…

ဟီး ဟီး ဟီး ဟီး

“ဆရာဦးလေးချင်းက အရမ်းအစွမ်းထက်တယ်။ ဒီလောက်အကြာကြီးကို ပျံသန်းနိုင်သေးတာပဲ”

မုရှောင်ယုလည်း မှော်ရတနာယာဉ်ပျံအထက် မတ်တတ်ရပ်ရင်း ချင်းကျူကို အားကျစွာ ကြည့်နေမိခဲ့ပါတယ်။

ဇီဖူအဆင့် တန်ခိုးရှင်တွေ မိုးပျံလို့ ရပြီ ဆိုပေမဲ့လည်း အချိန်အကန့်အသတ်တော့ ရှိပါသေးတယ်။ ဝမ်ရှင်းသူတော်စင်အဆင့်ကို ရောက်တော့မှသာ သူတို့တွေ အချိန်တော်တော်ကြာ ပျံသန်းနိုင်ကြတာပါ။

ချင်းကျူက ဝိညာဉ်စွမ်းအင်နဲ့ ကြီးမားလှတဲ့ မြင်းကြီးကို ဖန်ဆင်းပြီး ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာအဝေးကို အနားမယူပဲ ပျံသန်းနေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဝိညာဉ်စွမ်းအင် ပမာဏ ဘယ်လောက်တောင် များပြားနေလဲဆိုတာကို ခန့်မှန်းလို့ မရနိုင်တော့ပါဘူး။

အခု ရှုထောင့်က မုရှောင်ယု အမြင်ပါ။ ရီရောင်နဲ့ ရန်စီးတို့ အမြင်မှာတော့ ချင်းကျူဟာ အလွန်ကြောက်စရာကောင်းသူ တစ်ဦး ဖြစ်နေပါပြီ။

သူတို့တွေက ဝမ်ရှင်းသူတော်စင်အဆင့် မှော်ရတနာ ယာဉ်ပျံတွေကို စီးနင်းနေကြတာပါ။ ဒီယာဉ်ပျံတွေရဲ့ အမြင့်ဆုံး အမြန်နှုန်းမှာဆိုရင် ဝမ်ရှင်းသူတော်စင် တစ်ဦးအနေနဲ့ မိုးပျံပြီးလိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ချင်းကျူကတော့ သူတို့ရဲ့ အမြန်နှုန်းအတိုင်း လိုက်ပါပျံသန်းနိုင်တဲ့အပြင်ကို တစ်ချက်လေးတောင် အနားမယူခဲ့ပါဘူး။ တကယ်ကို အံ့မခန်းအစွမ်းလို့ ဆိုရပါလိမ့်မယ်။

“ပိုင်ရီရဲ့ ဂိုဏ်းတူညီလေး ပီသပါပေတယ်”
သူတို့ နှစ်ဦး သက်ပြင်းချလိုက်ကြပါပြီ။

အခုလို ချင်းကျူ အစွမ်းထက်နေရတာက ပိုင်ရီနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေတာကြောင့်လို့ သူတို့ နှစ်ဦး မြင်နေခဲ့ပါတယ်။

“…”

မျက်စိတမှိတ် အချိန်အတွင်း တစ်ရက်အချိန်ကုန်ဆုံးသွားခဲ့ပါပြီ။ အားလုံးပဲ ကီလိုမီတာ ထောင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး ရွှမ်းရီတောင်တန်းဂိုဏ်းကို ရောက်လာခဲ့ပါတော့တယ်။ မှော်ရတနာယာဉ်ပျံတွေ အရှိန်ကို လျှော့ချလိုက်ကြပါပြီ။

ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ အသွင်သဏ္ဍာန်ကို သူတို့တွေ အဝေးကနေ မြင်တွေ့နေရပါပြီ။ ရီရောင်နဲ့ ရန်စီးတို့ နှစ်ဦး မျက်နှာတွေ ဝင်းလက်ပျော်ရွှင်မှု ပြည့်နေခဲ့ပါတယ်။ တပည့်တွေ ရှိနေတာကြောင့်သာ မဟုတ်ဘူးဆိုရင် သူတို့နှစ်ဦး ဟန်ကိုယ့်နေမှာ မဟုတ်ပဲ ချက်ချင်း အပြေးသွားမိကြမှာပါ။

၀ုန်း

ဒီအချိန်မှာပဲ ရွှမ်းရီတောင်တန်းကြီးရဲ့ ပတ်ဝန်းကျင် တခွင်ဟာ ရုတ်ချည်းဆိုသလို အမှောင်ထုအောက် ကျဆင်းသွားခဲ့ပါပြီ။ ကြည်လင်တဲ့ ကောင်းကင်တစ်ခုလုံး မဲမှောင်သွားပြီး မိုးကြိုးတွေ ကျဆင်းလာပါတော့တယ်။ ကောင်းကင်ကြီးဟာ ပြောင်းပြန်ဖြစ်သွားပြီး မိုးနဲ့မြေ တုန်လှုပ်သွားခဲ့ပါပြီ။

“ဘာတွေ ဖြစ်ကုန်တာလဲ”

အားလုံး တုန်လှုပ်သွားကြပါတော့တယ်။

တဒင်္ဂ အချိန်အတွင်းမှာပဲ ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ အလယ်ကနေ အစိမ်းရောင် အလင်းတန်းတစ်ခု ကောင်းကင်အထက် ဖြာတက်လာခဲ့ပါပြီ။

အစပိုင်းမှာတော့ ဒီအစိမ်းရောင် အလင်းတန်းဟာ လက်သီး တစ်ဆုပ်စာလောက်သာ အရွယ်အစားရှိပြီး တောက်ပခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ အစိမ်းရောင် အလင်းတန်းဟာ ပိုပြီး ထူထဲသည်ထက် ထူထဲလာခဲ့ပါပြီ။ ထူးဆန်းတဲ့ ပုံရိပ်များစွာကိုပါ ဒီအစိမ်းရောင်အလင်းထဲမှာ မြင်တွေ့လာရပါတော့တယ်။

ဒါက သန့်စင်သော စကြ၀ဠာ ကျင့်စဉ်ကို အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပြီးချိန် ရရှိလာတဲ့ နိမိတ်လက္ခဏာတွေပါ။

တစ်ချိန်တည်းမှာပဲ အစွမ်းထက်တဲ့ အော်ရာအရှိန်အဝါတစ်ခုဟာ ဖြည်းဖြည်းချင်း နိုးထလာခဲ့ပါပြီ။ ကီလိုမီတာ ၅၀ ဝန်းကျင်အတွင်းက သက်ရှိမှန်သမျှ အသက်ရှူရ ကျပ်လာပါတော့တယ်။

“ဒါ… ဒါက.. တစ်ယောက်ယောက် မူလတာအို အဆင့်ကို တက်သွားတဲ့ လက္ခဏာပဲ”
ရီရောင်လည်း မျက်လုံးအပြူးသားနဲ့ အော်ပြောလိုက်ပါပြီ။

ချင်းကျူ ပြောခဲ့သလို ဆိုရင် မူလတာအို အဆင့်ကို တက်သွားသူက…

“ဒီလောက်စောစောကြီး အဆင့်တက်လိုက်သလား”

ချင်းကျူလည်း အံ့အားသင့်နေခဲ့ပါတယ်။ တောက်ပသော မြို့တော်ကို သူသွားနေတာ  ၃ရက်သာ ကြာမြင့်ပါသေးတယ်။ ပိုင်ရီက မူလတာအို အဆင့်ကို တက်ဖို့ ကြိုးစားနေပါပြီ။

အခြေအနေ အရဆိုရင် သူ့အနေနဲ့ ဒီအချိန်မှာ သတိလစ်နေသင့်တယ် မဟုတ်လား။

ပြောရမယ်ဆိုရင် ပိုင်ရီက ဝမ်ရှင်းသူတော်စင် အထွတ်အထိပ် အဆင့်ကို ရောက်ချိန် အဆင့်မတက်ပဲ နှစ်ပေါင်းများစွာ နေခဲ့သူပါ။ သူ့တစ်ကိုယ်လုံးဟာ အပြင်ကော အတွင်းပါ ရွှေရောင်ဖြစ်နေပြီ ဆိုရပါလိမ့်မယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ဒဏ်ရာတွေကို ကုစားပြီး အဆင့်တက်လိုက်ပါပြီ။ ဒါကြောင့် အောင်မြင်မှုက မြေကြီးလက်ခတ် မလွဲပါပဲ။

သိပ်မကြာခင်မှာတော့ မိုးနဲ့မြေကို ဆက်သွယ်ထားတဲ့ အစိမ်းရောင် အလင်းဟာ အရပ်မျက်နှာပြောင်းလဲသွားခဲ့ပြီး ရွှမ်းရီတောင်တန်းထိပ် ဆင်းသက်သွားခဲ့ပါပြီ။ လူရိပ်တစ်ခုဟာ မိုးကောင်းကင်ဆီကို အစိမ်းရောင် အလင်းတန်း အတိုင်း ဆန်တက်ပျံသန်းပြီး ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို အငမ်းမရ စုပ်ယူလိုက်ပါပြီ။ သာမန်မျက်စိနဲ့ပါ မြင်တွေ့နိုင်တဲ့ အစွမ်းအင်လှိုင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီလူရိပ်ဟာ မိုးနဲ့မြေကို ကိုယ်စားပြုနေတဲ့ အလားပါပဲ။

ခလွမ် ခလွမ်

ဒီအချိန်မှာ တစ်ခုခု ကွဲကြေသွားတဲ့ အသံထွက်ပေါ်လာခဲ့ပါပြီ။ အစတုန်းက မှောင်မိုက်နေတဲ့ ကောင်းကင်ယံဟာ တိမ်ကင်းစင်သွားခဲ့ပြီး အစွမ်းထက်တဲ့ အော်ရာအရှိန်အဝါဟာ ဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့ပါပြီ။

ပိုင်ရီတစ်ယောက် မူလတာအို အဆင့်ကို တက်လို့ အောင်မြင်သွားပြီပေါ့။

ဒီမြင်ကွင်းကို တွေ့မြင်နေခဲ့ရတဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းက တန်ခိုးရှင်အားလုံး သံပြိုင်ဟစ်ကြွေးလိုက်ကြပါပြီ။
“ဂိုဏ်းချုပ်ကြီးရဲ့ နတ်ဘုရား သိုင်းပညာဟာ ကမ္ဘာမှာ ပြိုင်ဘက်ကင်းပါပေတယ်”

“ဂိုဏ်းချုပ်ကြီးရဲ့ နတ်ဘုရား သိုင်းပညာဟာ ကမ္ဘာမှာ ပြိုင်ဘက်ကင်းပါပေတယ်”

“ဂိုဏ်းချုပ်ကြီးရဲ့ နတ်ဘုရား သိုင်းပညာဟာ ကမ္ဘာမှာ ပြိုင်ဘက်ကင်းပါပေတယ်”

“…”

အရင်တုန်းက ပိုင်ရီတစ်ယောက် မူလတာအို သူတော်စင်အဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်သာ ကျန်တော့ပေမဲ့လည်း ဝမ်ရှင်းသူတော်စင်လို့သာ ဆိုနိုင်ပါသေးတယ်။ သူ့မှာ မူလတာအို မှော်ရတနာ နှစ်ခု ရှိနေခဲ့ပေမဲ့လည်း တကယ့် မူလတာအို တန်ခိုးရှင်တစ်ဦးနဲ့ အများကြီး ကွာခြားနေဆဲပါ။

အခုတော့ ပိုင်ရီတစ်ယောက် မူလတာအို အဆင့်ကို တကယ်ပဲ ရောက်ရှိသွားခဲ့ပါပြီ။ မဟာကလန်ကြီး ခြောက်ခုတောင်မှ သူ့ကို လေးစားမှု ပြသရတော့မှာပါ။

ပိုင်ရီ ဘာမှမလုပ်ခဲ့ဘူး ဆိုရင်တောင်မှ မူလတာအို အဆင့်ကို သူတက်လှမ်းခဲ့တဲ့ သတင်းဟာ လျှင်မြန်စွာ ပျံ့နှံ့သွားမှာ ဖြစ်ပြီး ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာဟာလည်း ပိုမိုတိုးတက်လာပါလိမ့်မယ်။

ဘယ်သူကမှ မူလတာအို သူတော်စင်တစ်ဦးကို လျစ်လျူမရှုထားနိုင်ခဲ့ပါဘူး။

“ဟင်း ဟင်း.. ဒါက မူလတာအို အဆင့်ပေါ့”

ပိုင်ရီလည်း လက်သီးကို ဆုပ်ထားရင်း ကမ္ဘာလောက တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ခံစားချက်ကို ခံစားကြည်နူးနေခဲ့ပါတယ်။ ဒါကြောင့်လည်း တောင်ပိုင်းနယ်မြေကြီးထဲမှာ မူလတာအို အဆင့်ကို တက်လှမ်းပြီးသူတွေကိုမှ တကယ် အစွမ်းထက်သူတွေအဖြစ် သတ်မှတ်ခဲ့ကြတာကိုး။

ဒီအချိန်မှာတော့ ပိုင်ရီတစ်ယောက် အရင်တုန်းကလို ဆံပင်ဖြူဖွေးနေတဲ့ အသွင်မျိုး မရှိတော့ပါဘူး။ သူ့ရဲ့ ခေါင်းတစ်ခုလုံးမှာ ဆံပင်နက်တွေသာ အပြည့် ဖုံးလွှမ်းနေခဲ့ပါတယ်။ သူ့ရဲ့ မျက်ခုံးဟာ ထူထဲပြီး မျက်လုံးတွေကလည်း တောက်ပနေသလို ခန့်ညားလွန်းတယ် ဆိုရမှာပါ။ အထူးသဖြင့် သူ့ရဲ့ လေးနက်မှုတွေ ပြည့်နေတဲ့ မျက်လုံးဟာ တခြားလူတွေကို နစ်မွန်းသွားစေနိုင်စွမ်း ပိုင်ထားခဲ့ပါတယ်။

တစ်ဖက်မှာတော့ ချင်းကျူ အူကြောင်ကြောင် ဖြစ်သွားခဲ့ပါပြီ။ ဒါက သူသိထားခဲ့တဲ့ ဂိုဏ်းတူအစ်ကိုကြီးကော ဟုတ်လို့လား

“အဟမ်း”

တစ်ခုခုကို အာရုံရလိုက်တာကြောင့် ပိုင်ရီတစ်ယောက် ချင်းကျူကို ငုံ့ကြည့်လိုက်ပါပြီ။

ချင်းကျူ နံဘေး တစ်ဖက်တစ်ချက်မှာ ဝိညာဉ်မှော်ရတနာ ယာဉ်ပျံ တစ်စီးဆီ ရှိနေတာကို တွေ့လိုက်ရတဲ့ အခါ… ရီရောင်နဲ့ ရန်စီးတို့ ယာဉ်ပျံအထက် ရပ်နေတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ ပိုင်ရီမှင်သက်သွားပါတော့တယ်။

“မူလတာအို အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဂိုဏ်းတူအစ်ကိုကြီး”

ချင်းကျူလည်း အရှေ့ကို ပျံသန်းလာပြီး ပြုံးလိုက်ပါပြီ။

“…”

ပိုင်ရီရဲ့ မျက်ခုံးတွေ နည်းနည်းလှုပ်သွားပါတော့တယ်။ ချင်းကျူကို အနိုင်မတိုက်ခိုက်နိုင်တာကြောင့်သာ မဟုတ်ဘူးဆိုရင် အခုဆို ချင်းကျူကို တကယ်ပဲ ရိုက်နှက်ပစ်ချင်နေပါပြီ။

“ဒီအမျိုးသမီး နှစ်ယောက်ကို မင်း ခေါ်လာတာလား”
ပိုင်ရီလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အသံလှိုင်းနဲ့ ဆက်သွယ်လိုက်ပါပြီ။

“သေချာတာပေါ့”

ချင်းကျူလည်း ပုခုံးတွန့်လိုက်ပြီး
“သူတို့ နှစ်ယောက်က အချင်းချင်း ရန်ဖြစ်နေကြတယ်လေ။ ကျွန်တော်လည်း မကြည့်ရတာနဲ့ အစ်ကိုကြီးကို ကိုယ်တိုင် လာတွေ့ဖို့ အကြံပေးလိုက်တာပါ”

“…”

“ပိုင်ရီ မတွေ့တာတောင် ကြာပြီပဲ”

ရီရောင်လည်း ပျံသန်းလာပြီး ရှက်ရွံ့အားနာစွာ နှုတ်ဆက်လိုက်ပါပြီ။

“ပိုင်ရီ.. ရှင်ပြောခဲ့တဲ့ ကတိစကားကို မှတ်မိပါသေးတယ်နော်”
ရန်စီးလည်း မကျေမနပ် ဖြစ်နေတဲ့ ဇနီးမယား တစ်ယောက်လို ပြောလိုက်ပါတော့တယ်။

ပတ်ဝန်းကျင် လေထုဟာ တော်တော်လေး အူကြောင်ကြောင် ဖြစ်နေပါပြီ။

“ဂိုဏ်းတူညီလေး.. ဒီတစ်ခေါက်တော့ မင်းငါ့ကို ကောင်းကောင်း ဒုက္ခပေးလိုက်ပြီ”

ပိုင်ရီ အံကို တင်းတင်းကြိတ်လိုက်ပါပြီ။

ချင်းကျူကတော့ အရေးလုပ်မနေပါဘူး။ ဒါက တောက်ပသော မြို့တော်ရဲ့ စားသောက်ပွဲကို သူ့ကိုယ်စား တက်ရောက်ခိုင်းလို့ ပေဆပ်ရတဲ့ တန်ရာတန်ကြေးပဲလေ။

“အစ်မတော်တို့.. ဂိုဏ်းတူအစ်ကိုကြီးကို အစ်မတော်တို့ လက်ထဲ အပ်ခဲ့ပြီနော်”

ချင်းကျူလည်း စကားပြောပြီးတာနဲ့ တောင်စွန်းနေရာကို လှည့်ထွက်သွားပါတော့တယ်။ ရင်ထဲမှာတော့ ပိုင်ရီအတွက် ချင်းကျူ ကြိတ်ငိုပေးခဲ့ပါသေးတယ်။

ပိုင်ရီရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် ရီရောင်နဲ့ ရန်စီးတို့ရဲ့ အမဲဖျက်မှုကိုတော့ မှုစရာ မလိုတော့ဘူး မဟုတ်လား။ ဒါကြောင့် ချင်းကျူအနေနဲ့ စိတ်ပူစရာတော့ သိပ်မရှိလှပါဘူးလေ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 98
ရပ်ကြ

“ငယ်စဉ်တုန်းကတော့ အိမ်နီးချင်းရဲ့ အလင်းရောင်အောက်မှာ ငါစာကြည့်ခဲ့ရတယ်။ မှန်ကန်စွာ ဆောင်ရွက်နိုင်ဖို့ ငါဆယ်နှစ်ကျော် အချိန်ကုန်ခဲ့…”

“အခုတော့ စိတ်ပူစရာမရှိပဲ ငါစာဖတ်နိုင်ခဲ့ပြီ။ ဒါပေမဲ့… ”

ချင်းကျူတစ်ယောက် တောင်စွန်းမှာ ရပ်ရင်း ဝိညာဉ်တက်ဘလက်ကို ပွတ်ဆွဲပြီး သီချင်းညည်းနေခဲ့ပါတယ်။

ရွှမ်းရီတောင်တန်းဂိုဏ်းကို သူပြန်ရောက်တာ ငါးရက်မြောက်နေ့ ရောက်နေပါပြီ။ အရာအားလုံး ဘာမှ မဖြစ်ခဲ့သလို ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေခဲ့ပါတယ်။

တစ်ခုပဲ ပြောစရာကတော့ ပိုင်ရီတစ်ယောက် မူလတာအို အဆင့်ကို တက်ရောက်သွားတဲ့အတွက် ကီလိုမီတာ ၅၀၀၀ အတွင်းက အင်အားစု အားလုံးဟာ လာရောက်ဂုဏ်ပြုစကား ပြောခဲ့ကြပါတယ်။ မဟာကလန်ကြီး ခြောက်ခုပါ အပါအဝင်ပါပဲ။

ပိုင်ရီက အခုမှ အဆင့်တက်လိုက်ပေမဲ့လည်း တကယ့်မူလတာအို အဆင့်ကို ရောက်နေပါပြီ။ ဒါကြောင့် ဘယ်သူမှ သူ့ကို အထင်မသေးဝံ့တော့ပါဘူး။

အထူးသဖြင့် လွင်ပြင်ဒေသ စစ်ပွဲကြီးကို ဆင်နွှဲခဲ့ရတဲ့ မဟာကလန်ကြီး ခြောက်ခုဟာ အကြီးအကျယ် ဆုံးရှုံးမှုကို ရင်ဆိုင်ထားရပါတယ်။ ဘယ်သူမှ အကြောင်းပြချက် မရှိပဲ ရန်သူမရှာဖွေနေပါဘူး။

ပိုင်ရီကလည်း တောက်ပသော မြို့တော်က သယံဇာတဝေစုကို မလိုချင်ခဲ့ပါဘူး။ ဒီအတွက်ကြောင့် မဟာကလန်ကြီး ခြောက်ခု စိတ်သက်သာရာ ရခဲ့ပါတယ်။ သူတို့ရဲ့ အကျိုးစီးပွား မထိခိုက်သရွေ့တော့ မိတ်ဆွေကောင်းတွေ ဆက်ဖြစ်နေဦးမှာပါ။

ပြောရမယ် ဆိုရင် ပိုင်ရီတစ်ယောက် တောက်ပသော မြို့တော်က ဝေစုကို လိုချင်တယ်ဆိုရင်လည်း မဟာကလန်ကြီး ခြောက်ခုအနေနဲ့ သူတို့ ရရှိထားတဲ့ ဝေစုထဲက နည်းနည်းလောက် ခွဲဝေပေးဖို့ကို စဉ်းစားထားပြီးသားပါ။

ရွှမ်းရီတောင်တန်းဂိုဏ်းဟာ တောက်ပသောမြို့တော်နဲ့ အနီးဆုံးမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ပိုင်ရီသာ ဝင်ရောက်သိမ်းပိုက်လိုက်မယ်ဆိုရင် သယံဇာတတွေ လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းနိုင်မဲ့ နည်းလမ်းကိုပါ ရွေးချယ်ထားခဲ့ကြတာပါ။

ချင်းကျူကတော့ ဒီအချိန်အတောအတွင်း ဝိညာဉ်ဗဟိုကမ္ဘာရဲ့ စာအုပ်တွေနဲ့ အင်းကွက်တွေ ပုံတွေကို ဖတ်ရှုနေခဲ့ပါတယ်။ သူ့အနေနဲ့ မကြာခင် တောင်ပိုင်းနယ်မြေကြီးက ထွက်ခွာပြီး တခြားနေရာတွေကို ကြည့်ရှုလိုစိတ် ဖြစ်နေပေါ်နေခဲ့တဲ့ အတွက်ပါ။

အစောကြီးကတည်းက ချင်းကျူ ဒီအကြံကို စဉ်းစားထားခဲ့ပါတယ်။ ဒါပေမဲ့ အပျင်းကြီးနေခဲ့တာကြောင့် တကယ် ဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး။

တောက်ပသော မြို့တော်ကို တစ်ခေါက် ထပ်ရောက်ပြီးတဲ့ အချိန်မှာတော့ ဒီအကြံဟာ ပိုပြီး ရုပ်လုံးပေါ်လာခဲ့ပါပြီ။ ဒါကြောင့် ချင်းကျူလည်း ဘယ်လိုပဲ ဖြစ်ဖြစ် ခရီးထွက်မယ်လို့ ဆုံးဖြတ်ဖြစ်သွားခဲ့ပါတော့တယ်။

တခြားသော တန်ခိုးရှင် ကမ္ဘာတွေလိုပဲ ဝိညာဉ်ဗဟိုကမ္ဘာမှာ နယ်မြေကြီး ငါးခု ရှိပါတယ်။ အရှေ့ပိုင်းကုန်းမြေ၊ အနောက်ပိုင်းကုန်းမြေကြီး၊ တောင်ပိုင်းနယ်မြေ၊ မြောက်ပိုင်းနယ်မြေနဲ့ ဗဟိုကုန်းမြေတိုက်ကြီးရဲ့ မြင့်မြတ်သော နယ်မြေတို့ပါ။

စာအုပ်တွေ အရဆိုရင်တော့ တောင်ပိုင်းနယ်မြေကြီးဟာ အရင်တုန်းက အလွန်ကို ကြွယ်၀ချမ်းသာခဲ့ပါတယ်။ ပြောရရင် ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေပြီးရင် ဒုတိယ အကြွယ်၀ဆုံးအထိ ဖြစ်ခဲ့တာပါ။ ပြီးတော့ ကောင်းကင်သူတော်စင် အများအပြားလည်း တောင်ပိုင်းနယ်မြေကြီးမှာ ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်လောက်တုန်းက တောင်ပိုင်းနယ်မြေကြီးမှာ ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီကပ်ဘေးကြီးကြောင့် ထိပ်တန်းအဖွဲ့အစည်းအားလုံး ပျက်စီးသွားခဲ့ပြီး မရေမတွက်နိုင်တဲ့ အမွေအနှစ်တွေ ဆုံးရှုံးသွားခဲ့ရပါတယ်။

မကြာခင်မှာတော့ မဟာဂိုဏ်းကြီး လေးခုဟာ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာပါတော့တယ်။ ဒါပေမဲ့ ကောင်းကင်သူတော်စင်ကတော့ အရင်ကလောက် အရေအတွက် မများတော့ပဲ အနည်းငယ်လောက် ပေါ်ထွက်လာပါတော့တယ်။

ဒါကြောင့် အခုလက်ရှိ တောင်ပိုင်းနယ်မြေကြီးဟာ နယ်မြေကြီး ငါခုထဲမှာ အင်အားအချိနဲ့ဆုံး နယ်မြေကြီးတစ်ခု ဖြစ်နေပါပြီ။

“ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေ”

ချင်းကျူလည်း ရေရွတ်ပြီး အတွေးတွေထဲ စီးမျောနေခဲ့ပါတယ်။

ဗဟိုကုန်းမြေတိုက်ကြီးရဲ့ မြင့်မြတ်သော နယ်မြေဟာ ဝိညာဉ်ဗဟိုကမ္ဘာမှာ အကြွယ်၀ဆုံး နေရာဖြစ်မယ် ဆိုတာကတော့ ယုံမှားသံသယ ရှိစရာ အကြောင်းမရှိပါဘူး။ အဲဒီမှာ လူသားမျိုးနွယ်တင်မက တခြားသော သက်ရှိမျိုးနွယ်တွေပါ မှီတင်းနေထိုင်ကြပါတယ်။ ပြောရရင် မြေကမ္ဘာ သူတော်စင်တွေကိုတောင်မှ အဲဒီမှာ သာမန်အဆင့်လောက်သာ သတ်မှတ်ထားခဲ့ကြတာပါ။

ဝိညာဉ်တက်ဘလက်ဟာ ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေကြီးနဲ့ မချိတ်ဆက်နိုင်ပေမဲ့လည်း အဲဒီနေရာရဲ့ သတင်းအချက်အလက်တွေကိုတော့ ရှာဖွေနိုင်ပါသေးတယ်။ ဒီသတင်းတွေထဲမှ key woard အနည်းငယ်လောက် ရှိနေခဲ့ပါတယ်။ မဟာ မြင့်မြတ်သော နယ်မြေကြီး ရှစ်ခုနဲ့ မြင့်မြတ်သော ကလန်ကြီး ဆယ့်နှစ်ခု။

“ငါဆုံးဖြတ်လိုက်ပြီ။ ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေဆီကို ရောက်အောင်သွားရမယ်”

ချင်းကျူလည်း ခဏလောက် စဉ်းစားပြီးချိန် ဆုံးဖြတ်ချက် ဒုံးဒုံးချလိုက်ပါပြီ။

ရွှမ်းရီတောင်တန်းဂိုဏ်းမှာ သူဆယ်နှစ်ကျော် နေထိုင်ခဲ့ပြီးပါပြီ။ အခုတစ်ခေါက်ကို အပျော်ခရီးထွက်သလို သဘောထားခဲ့ပါတယ်။

ဒါ့အပြင် ပိုင်ရီက မူလတာအို အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်နိုင်သွားသလို မူလတာအို ဝိညာဉ်မှော်ရတနာ နှစ်ခုကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ သူထွက်သွားရင်တောင်မှ ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုအပ်တော့ပါဘူး။

အခုအချိန်မှာတော့ ယန့်ရှီတစ်ယောက် သစ်ရွက်လေးနဲ့ ချင်းကျူကို ထိုးလိုက်ပြီး သူ့ကိုယ်သူလည်း ပြန်ညွှန်ပြလိုက်ပါပြီ။

ဒါကို တွေ့လိုက်ရတော့ ချင်းကျူ နည်းနည်း အံ့အားသင့်သွားခဲ့ပါတော့တယ်။ သူတစ်ခုခုကို နားလည်သွားခဲ့ပြီး
“မင်းကို ငါနဲ့အတူ ခေါ်သွားစေချင်တာလား”

ယန့်ရှီ ချက်ချင်းခေါင်းညိတ်လိုက်ပါတော့တယ်။

အဆင့်နှစ် ဝိညာဉ်ဆေးပင် ဖြစ်လာပြီး နောက်မှာတော့ ယန့်ရှီဟာ ဝိညာဉ်ကီနဲ့ အားဖြည့်နိုင်စွမ်း ရှိနေပါပြီ။ သူမအနေနဲ့ မြေကြီးနဲ့ အချိန်တော်တော်ကြာ ကင်းကွာနေရင်တောင်မှ သွေ့ခြောက်သွားမှာ မဟုတ်တော့ပါဘူး။

“အဲ.. မင်းသေချာရဲ့လား”

ချင်းကျူလည်း ရယ်ရမလား ငိုရမလား မသိတော့ပါဘူး။

ယန့်ရှီလည်း ခေါင်းညိတ်လိုက်ပြီး ဆုံးဖြတ်ချက် ချပြီးကြောင်း ထပ်ပြောလိုက်ပါပြီ။

“ကောင်းပြီလေ။ မင်းကို ငါခေါ်သွားပေးမယ်။ ဒါပေမဲ့ အဲဒီနေရာတွေက ရွှမ်းရီတောင်တန်းဂီုဏ်းလိုမျိုးတော့ မဟုတ်ဘူး။ မင်းအနေနဲ့ ဟိုဟိုဒီဒီ လျှောက်သွားလို့တော့ မရဘူးနော်”

ချင်းကျူ အလေးအနက်ထား ပြောလိုက်ပါပြီ။

ဟိုင်း

ယန့်ရှီလည်း ချက်ချင်း မြေပြင်အပေါ် ခုန်တက်လာပြီး ချင်းကျူကို ဝမ်းသာစွာ ပွေ့ဖက်လိုက်ပါပြီ။ သူမရဲ့ အပြုအမူက ထင်မထားရလောက်အောင်ကို ချစ်စရာ ကောင်းလှပါတယ်။

“…”

ချင်းကျူလည်း ဘာပြောရမှန်း မသိတော့ပါဘူး။

ယန့်ရှီဟာ သူမကိုယ်သူမ အဆင့်နှစ်ဝိညာဉ်ဆေးပင် ဖြစ်နေကြောင်းကို မေ့လျော့သွားပုံ ရပါတယ်။ တကယ်လို့သာ သာမန်လူသားတစ်ဦးက သူမ ပွေ့ဖက်မှုကို ခံလိုက်ရမယ်ဆိုရင် သေဆုံးသွားနိုင်နေပါပြီ။

၀ုန်း

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ရွှမ်းရီတောင်တန်းကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပါတော့တယ်။

ပိုင်ရီကြောင့် နောက်ထပ်ဆေးပေါင်းအိုးတစ်အိုး ကွဲသွားတာပဲ ဖြစ်မှာပါ။

ဒါပေမဲ့ ချင်းကျူ လှည့်ကြည့်လိုက်ချိန်မှာတော့ မြင်နေကျ မီးခိုးလုံးကြီးတွေကို မမြင်တွေ့ရပါဘူး။ ဒါပေမဲ့ ဝိညာဉ်စွမ်းအင် နှစ်မျိုး အားပြိုင်နေမှုကိုတော့ တွေ့မြင်ခဲ့ရပါတယ်။

ဝိညာဉ်စွမ်းအင် နှစ်မျိုးဟာ တစ်ခုနဲ့ တစ်ခု ရစ်ပတ်လိမ်ဖွဲ့ပြီး ပြင်းထန်စွာ ရင်ဆိုင်နေတာကြောင့် လေပြင်းတွေကို တိုက်ခတ်လာစေပါပြီ။ ဒါကြောင့် မျက်စိဖွင့်ကြည့်ဖို့တောင် မလွယ်လှတော့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ထူးဆန်းတဲ့ သံစဉ်တွေနဲ့ ပန်းပွင့်ရဲ့ မွှေးရနံ့တွေဟာ လေနဲ့အတူ လွင့်ပျံ့လာပါတော့တယ်။

ရီရောင်နဲ့ ရန်စီးတို့ တိုက်ခိုက်နေကြတာပါပဲ။

သူမတို့ နှစ်ဦးဟာ ဝမ်ရှင်းသူတော်စင် အထွတ်အထိပ်အဆင့် တန်ခိုးရှင်တွေပါ။ ဒါကြောင့် လက်ရည်ညီသလောက် ဖြစ်နေခဲ့ကြပါတယ်။ အချိန်တိုလေးအတွင်း ဘယ်သူအနိုင်ရမယ်ဆိုတာ ပြောဖို့ မလွယ်ကူပါဘူး။

“ရပ်ကြ။ ရပ်ကြ။ မတိုက်ခိုက်ကြပါနဲ့တော့”

ပိုင်ရီလည်း စိတ်ပူစွာ အော်ပြောလိုက်ပါပြီ။ ဒါပေမဲ့ အမျိုးသမီး နှစ်ယောက်ကတော့ သူ့စကားသံကို ကြားကြပုံ မရပါဘူး။ သူတို့တွေက ရပ်မဲ့ပုံလည်း မရှိပါဘူး။

“ရန်စီး…မြေခွေးလို မိန်းမ။ နောက်ကျ ပိုင်ရီအနားကပ်ဖို့ မစဉ်းစားနဲ့”

“ဖွီ.. ရှင်ကမှ မြေခွေးလို မိန်းမ”

“…”

“ဂိုဏ်းတူအစ်ကိုကြီး ဘာတွေဖြစ်နေတာလဲ”
ချင်းကျူလည်း ပိုင်ရီနံဘေး ပြန်ပေါ်ထွက်လာခဲ့ပါပြီ။ အခြေအနေကို ချင်းကျူ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

“ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ”
ပိုင်ရီလည်း စိတ်ဆိုးဆိုးနဲ့ ချင်းကျူကို လှမ်းကြည့်လိုက်ပါပြီ။

“ဒါဆို ဂိုဏ်းတူအစ်ကိုကြီးက သူတို့တွေကို ဘယ်လိုအကွက်သုံးပြီး လှည့်စားခဲ့တာလဲ”
ချင်းကျူ မေးမြန်းလိုက်ပါတော့တယ်။

“ပေါက်ကရတွေ။ ဒါကို အကွက်သုံးပြီး လှည့်စားတယ်လို့ ခေါ်စရာလားကွ။ ဒါက ငါ့ရဲ့ ဆွဲဆောင်မှုကြောင့်ကွ။ ဆွဲဆောင်မှုကြောင့်”

ခဏလောက် ရပ်တန့်လိုက်ပြီး ပိုင်ရီ စကားဆက်လိုက်ပါပြီ။

“အဲဒီ မုန်တိုင်းထန်တဲ့ ညတုန်းကပေါ့…”

စကားမဆုံးခင်မှာပဲ ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ပိုင်ရီဦးခေါင်းကို ထိမှန်သွားခဲ့ပါပြီ။

“…”

“ဂိုဏ်းတူအစ်ကိုကြီး.. အဆင်ပြေရဲ့လား”

ဒီအချိန်မှာတော့ ပိုင်ရီတစ်ယောက် နတ်မိုးကြိုးပစ်ချခံလိုက်ရသလိုပါပဲ။ သူ့ဦးခေါင်းက ဆံပင်တွေ ဖွာလွန်ကျဲသွားခဲ့ပါပြီ။ သူ့ခေါင်းအထက်မှာ ထီးအကြီးကြီးတစ်ချောင်း မိုးပေးထားသလို ဖြစ်သွားပါတော့တယ်။

“ဟိုင်းယား”

ပိုင်ရီလည်း အဖြူရောင်မြူခိုးတွေကို ရုတ်တရက် အန်ချလိုက်ပြီး အမူအရာမဲ့စွာ ပြောလိုက်ပါပြီ။
“ငါက ဘာမှ မဖြစ်ပါဘူး။ အခုဆို မူလတာအို အဆင့်ကို ရောက်နေပြီပဲ။ ဒီလို ဝိညာဉ်စွမ်းအင်လောက်နဲ့ ဒဏ်ရာရစရာလားကွ”

“ဂိုဏ်းတူအစ်ကိုကြီးကို မေးစရာရှိတယ်”

“ဘာများလဲ”

“သူတို့တွေပဲလား”

“ဟင်.. မင်းဘာပြောတာလဲ”
ပိုင်ရီလည်း နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“ငါပြောတာက သူတို့ နှစ်ယောက်ပဲလားလို့”

ချင်းကျူ ထပ်ပြောလိုက်ပါပြီ။

“ဟဲ့… ငါ့ရဲ့ နုပျိုတဲ့ နေ့ရက်တွေတုန်းက ကျူးလွန်ခဲ့မိတဲ့ အပြစ်တွေပေါ့ကွယ်”

ပိုင်ရီလည်း သက်ပြင်းချလိုက်ပြီး လေသံနဲ့ ပြောလိုက်ပါပြီ။
“အဲဒီတုန်းက ငါ့ဆရာနောက် လိုက်ပါပြီး အဖွဲ့အစည်း အမျိုးမျိုးကို သွားရောက်လည်ပတ်ခဲ့တယ်။ ငါက အရမ်းကို တည်ကြည်ခန့်ညားလွန်းတော့ ညီမတော်လေးတွေ အစ်မတော်တွေ အများအပြား ငါ့ဆွဲဆောင်မှုအောက် ရောက်ခဲ့ကြတာပါပဲ။ အဲဒီတုန်းက ငါအရမ်းငယ်လွန်းတော့.. မတော်တဆ နည်းနည်းလေးမှား.. အဲ… အမှားပိစိလေး ဆယ်ခုကျော်လောက်ပေါ့…”

“အဲဒီမှာပဲ အရမ်းကို တည်ကြည်ခန့်ညားလွန်းတော့လည်း ပြဿနာပဲ ဆိုတာကို ငါနားလည်သွားခဲ့တယ်။ ဒါကြောင့် ငါ့ရုပ်ကို ဖျက်လိုက်ရပြီး အဘိုးကြီးလို ဟန်ဆောင်နေခဲ့ရတာပါပဲ”

ချင်းကျူ
“..”

အမှားပိစိလေး ဆယ်ခုကျော်…

မြင်သမျှ ကောင်မလေးတိုင်းကို ကြိုက်ခဲ့တယ်ပဲ ပြောလိုက်ပါလား။

ကံကောင်းချင်တော့လည်း နှစ်ယောက်နဲ့သာ ချင်းကျူဆုံတွေ့ခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် ဒီနေရာမှာ တိုက်ခိုက်နေတာ နှစ်ယောက်မဟုတ်တော့ပဲ ဆယ်ယောက်ကျော် ဖြစ်သွားတော့မှာပါ။

“ပြီးတော့… မူလတာအို အဆင့်ကို ငါတက်ပြီးချိန်မှာ လာရှာပါမယ်လို့လည်း ကတိပေးခဲ့သေးတယ်လေ”

“…”

နောက်ဆုံးတော့ ပိုင်ရီတစ်ယောက် အဆင့်မတက်ပဲ ဝမ်ရှင်းသူတော်စင် အဆင့်မှာ အမြဲနေရတဲ့ အကြောင်းကို ချင်းကျူ နားလည်သွားခဲ့ပါပြီ။ ပြီးပြည့်စုံခြင်းကို ရည်ရွယ်ထားတယ်ဆိုတာ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာပေါ့။

နပေါဦး။

အခု ပိုင်ရီတစ်ယောက် မူလတာအို အဆင့်ကို တက်သွားပြီ ဆိုတဲ့ သတင်းက တောင်ပိုင်းနယ်မြေကြီး တစ်ဝက်ကျော်လောက်အထိ ပျံ့နှံ့သွားပြီ မဟုတ်လား။ ဒါဆို ပိုင်ရီ ရောက်လာတာကို မစောင့်နိုင်တဲ့ အမျိုးသမီးတွေက… သူတို့က ဒီကို တံခါးလာခေါက်ကြတော့မှာပေါ့။

ချင်းကျူတောင်မှ ဒီလို စဉ်းစားမိသွားတယ်ဆိုတော့ ပိုင်ရီတစ်ယောက် မစဉ်းစားမိပဲ ဘယ်နေပါလိမ့်မလဲ။

ကြည့်ရတာတော့ ပိုင်ရီဟာ မူလတာအို အဆင့်ကို တက်လိုက်ရလို့ မပျော်နိုင်တဲ့ ပထမဆုံးတန်ခိုးရှင်တစ်ဦး ဖြစ်သွားခဲ့ရရှာပါပြီ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 99
ခေါင်းနှစ်လုံး ရေနဂါး

နောက်ဆုံးတော့ ရီရောင်နဲ့ ရန်စီးတို့ရဲ့ တိုက်ပွဲကို ပိုင်ရီဝင်ရောက်တားဆီးလိုက်ရပါပြီ။

မဟုတ်ဘူးဆိုရင် ဒီတိုက်ပွဲကြောင့် ရွှမ်းရီတောင်တန်းဂိုဏ်းကြီးတစ်ခုလုံး ပျက်စီးသွားပါလိမ့်မယ်။

ဒါပေမဲ့ ရီရောင်နဲ့ ရန်စီးတို့ကတော့ ဘယ်လိုမှ မကြေအေးနိုင်ခဲ့ပါဘူး။ သူတို့ တစ်ယောက်ကို တစ်ယောက် ရန်စောင်နေပါသေးတယ်။ ပိုင်ရီ ဆုံးဖြတ်ချက် မချမချင်း ထွက်သွားမဲ့ပုံလည်း မရပါဘူး။

တကယ်တော့ ပိုင်ရီသာ အရမ်းအစွမ်းထက်နေတာကြောင့် မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက ပိုင်ရီကို နှစ်ပိုင်းပိုင်းပြီး အိမ်ပြန်သယ်သွားကြလောက်ပါပြီ။

အခုမှ သူမတို့ နှစ်ယောက်တည်းသာ ရှိပါသေးတယ်။ နောက်ရက်အနည်းငယ်လောက် အကြာမှာ ပိုပြီးဆိုးရွားလာနိုင်သေးတယ်မဟုတ်လား။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ချင်းကျူလည်း ပိုင်ရီအတွက် ရင်ထဲကနေသာ ကြိတ်ငိုပေးရုံ တတ်နိုင်ခဲ့ပါတယ်။  နောက်နှစ်ရက်အကြာမှာ ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေဆီ ခရီးထွက်ဖို့ ရှိတယ်ဆိုတာကိုလည်း ပိုင်ရီကို အသိပေးပြီးပါပြီ။ ဒီမှာ ဖြစ်ပျက်နေတာတွေကတော့ သူနဲ့ ဘာမှ မပတ်သက်တော့ပါဘူး။

“ဟင်… ဆရာဦးလေးက ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေကြီးဆီ ခရီးထွက်မယ်လား”

လောင်ဝေဝေလည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါတယ်။

“အမှန်ပဲ။ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ နေနေတာ အချိန်တော်တော်ကြာသွားပြီ။ အပြင်ကို ထွက်ကြည့်ချင်သေးတယ်”

ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး အေးအေးလူလူ ပြောလိုက်ပါပြီ။
“အများဆုံး နှစ်လလောက် နေရင်တော့ ပြန်ရောက်မှာပါ။ မင်းလိုချင်တာ ရှိလား။ ငါပြန်လာရင် ဝယ်လာခဲ့ပေးမယ်လေ”

တန်ခိုးရှင်တွေ အတွက်ကတော့ နှစ်လဆိုတာ မျက်စိတမှိတ်လောက်ပါပဲ။ တန်ခိုးရှင် အများအပြားပဲ တစ်နှစ် ဒါမှမဟုတ် နှစ်ဝက်လောက်ကြာအောင် မကြာမကြာ တံခါးပိတ် တရားကျင့်ကြပါတယ်။ ဥပမာ ပြောရရင် ကျန်းဂျိချန်ဆို တရားကျင့်ရာက ပြန်မထွက်လာသေးပါဘူး။

ဒါကို ကြားလိုက်ရတော့ မိန်းကလေးလည်း ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်ပါပြီ။
“မလိုပါဘူး”

သူမရဲ့ ဆန္ဒကတော့ ကြိုးကြိုးစားစား တရားကျင့်ပြီးပိုပြီး အစွမ်းထက်လာဖို့ပါ။ သူမအနေနဲ့ တခြားဘာကိုမှ စိတ်မဝင်စားနိုင်သေးပါဘူး။

“ကောင်းပြီလေ”

ချင်းကျူလည်း ကူကယ်ရာမဲ့စွာ ပြောလိုက်ပါပြီ။
“တရားကျင့်တဲ့ အချိန် သန့်စင်သောယန် စွမ်းအင် မလုံလောက်ဘူးလို့ ခံစားမိရင် ဒီမှာ စိုက်ထားတဲ့ ဝိညာဉ်သစ်သီးတွေကို စိတ်ကြိုက်စားနိုင်ပါတယ်”

“ကျေးဇူးပါပဲ ဆရာဦးလေးရှင့်”

ပြောရမယ်ဆိုရင် ချင်းကျူ အတွေးလွန်နေတာပါ။ မိန်းကလေးရဲ့ လက်ရှိ ကျင့်စဉ်အဆင့်နဲ့ဆိုရင် သွေးဝိညာဉ်သစ်သီးတစ်လုံးကို တစ်လအတွင်း စုပ်ယူနိုင်ဖို့ဆိုတာ အလွန်ခက်ခဲနေပါသေးတယ်။ အမြဲတမ်း စားသောက်နေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

သွေးဝိညာဉ်သစ်သီးဟာ အဆင့်လေး သစ်သီးပင် မဟုတ်လား။

“ဆရာဦးလေးက ဘယ်တော့လောက် ခရီးစထွက်မလဲ မသိဘူး”
မိန်းကလေးလည်း စဉ်းစဉ်းစားစား မေးမြန်းလိုက်ပါပြီ။

“အင်း.. မနက်ဖြန်လောက်ပေါ့”

ချင်းကျူလည်း စဉ်းစားလိုက်ပြီး စကားထပ်ဖြည့်လိုက်ပါတော့တယ်။
“ဒါနဲ့.. ယန့်ရှီကိုလည်း ငါနဲ့အတူ ခေါ်သွားမှာလေ”

“ယန့်ရှီလည်း လိုက်မှာလား”

မိန်းကလေး မှင်သက်သွားခဲ့ပါပြီ။

“ဘာဖြစ်လို့လဲ”

မိန်းကလေးရဲ့ အမူအရာတွေက ဒီလောက်အထိ ပြောင်းလဲသွားမယ်လို့ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။

“ဘာ.. ဘာမှ မဟုတ်ပါဘူး”

မိန်းကလေးလည်း ခေါင်းကို ခါယမ်းလိုက်ပါတော့တယ်။

သူမ ရှက်ရွံ့နေတာကို တွေ့လိုက်ရတဲ့အတွက် ချင်းကျူလည်း နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။ ဘာတွေ ဖြစ်နေတာလဲ။

“ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော ကုန်းမြေမှာ တန်ခိုးရှင် အများကြီး ရှိတယ်တဲ့။ အရမ်းလည်း အန္တရာယ်များတယ် ကြားတယ်။ ဆရာဦးလေး ဂရုစိုက်ဦးနော်”

အူကြောင်ကြောင်နိုင်တဲ့ အခြေအနေကို ပြောင်းလဲဖို့ မိန်းကလေးလည်း စကားလမ်းကြောင်း လွှဲလိုက်ပါပြီ။

ချင်းကျူက အလွန်အစွမ်းထက်ကြောင်းကို သူမ သိထားပေမဲ့လည်း ဘယ်လောက် အစွမ်းထက်ကြောင်းကိုတော့ မသိခဲ့ပါဘူး။ ဒါကြောင့်လည်း ဂရုစိုက်ဖို့ မှာကြားနေခဲ့တာပါ။

“အေး အေး.. စိတ်မပူပါနဲ့”

ချင်းကျူလည်း လက်ကို ဝှေ့ယမ်းလိုက်ပါပြီ။ သူသိပ်ပြီး အလေးမထားဖြစ်ခဲ့ပါဘူး။

နေ့ရက်တွေ လျှင်မြန်စွာ ကုန်ဆုံးသွားပါတော့တယ်။ နောက်တစ်ရက် မနက်ခင်း ချင်းကျူတစ်ယောက် နေ့စဉ်လိုအပ်တာတွေ စီစဉ်ပြီး ယန့်ရှီနဲ့အတူ ထွက်သွားဖို့ ပြင်ဆင်လိုက်ပါပြီ။

ပိုင်ရီနဲ့ လောင်ဝေဝေတို့ကလွဲရင် ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။ ဒါကြောင့် ဘယ်သူမှ ချင်းကျူကို လာမနှုတ်ဆက်ခဲ့ကြပါဘူး။

ဒီခရီးစဉ်မှာ ချင်းကျူတစ်ယောက် စကြ၀ဠာ ခုန်ကျော်ခြင်းကို အသုံးပြုဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ ဒီလိုမှသာ လမ်းတလျှောက် ရှုခင်းတွေကို ကြည့်သွားနိုင်မယ် မဟုတ်လား။

ယန့်ရှီတစ်ယောက် ချင်းကျူရဲ့ ပုခုံးထက် မှီရင်း တင်းကြပ်စွာ ဖက်ထားခဲ့ပါတယ်။ မတော်တဆ ပြုတ်ကျသွားမှာကို သူမ စိုးရိမ်နေသလိုပါပဲ။

“နေဦး.. ဂိုဏ်းတူညီလေး”

ချင်းကျူ ပျံသန်းသွားတော့မယ့် အချိန်မှာပဲ ပိုင်ရီရဲ့ စကားသံ ရုတ်တရက်ပေါ်ထွက်လာခဲ့ပါပြီ။

“ဘာဖြစ်လို့လဲ ဂိုဏ်းတူအစ်ကိုကြီး”
ချင်းကျူလည်း ပိုင်ရီ ပျံသန်းလာတာကို ကြည့်ပြီး မှင်သက်နေခဲ့ပါတယ်။

“ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေဆီ ခရီးထွက်ဖို့ မဟုတ်လား။ ငါ့ကို ခေါ်သွားပါလားကွာ”
ပိုင်ရီလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်ပါပြီ။

ချင်းကျူ
“…”

ဘာလဲဟ။

ချင်းကျူ ပြန်မဖြေနိုင်ခင်မှာပဲ ရီရောင်နဲ့ ရန်စီးတို့ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပျံသန်း ရောက်ရှိလာခဲ့ကြပါပြီ။

“ပိုင်ရီ.. ရှင်ဘယ်သွားမလို့လဲ”

“ပိုင်ရီ… ရှင့်ဆုံးဖြတ်ချက်ကို မပြောပြရသေးဘူး”

သူတို့ နှစ်ဦး ပြောပြောဆိုဆိုနဲ့ ပိုင်ရီကို ဆွဲထားလိုက်ကြပါတော့တယ်။ ပိုင်ရီကို သူတို့တွေ မလွှတ်ပေးလိုတဲ့ ပုံပါပဲ။

“အဟွတ်.. အဟု အဟု… ဂိုဏ်းတူအစ်ကိုကြီး… ကံဇာတာတက်ဖို့ပဲ ဆုတောင်းလိုက်ပါတော့”

ချင်းကျူလည်း ဘာမှ မမြင်လိုက်သယောင် ဟန်ဆောင်လိုက်ပြီး ချက်ချင်း မိုးကုတ်စက်ဝိုင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါပြီ။

“ဂိုဏ်းတူညီလေး.. ညီလေး…  မလုပ်ပါနဲ့။ ကယ်ပါဦး”

အဝေးကနေ ပိုင်ရီရဲ့ ဘ၀ပျက်စွာ အော်ဟစ်လိုက်တဲ့ အသံကို ချင်းကျူကြားနေခဲ့ရပါတယ်။

အင်းလေ.. ဒါက ရည်းစားများများ ထားသူတွေ ရင်ဆိုင်နေကျ ပြဿနာပဲ နေမှာပေါ့။

“..”

နောက်နှစ်ရက် အကြာမှာတော့ ချင်းကျူတစ်ယောက် တောင်ပိုင်းနယ်မြေကြီးနဲ့ ဗဟိုကုန်းမြေတိုက်ကြီးရဲ့ နယ်နိမိတ်ကို ရောက်ရှိလာခဲ့ပါပြီ။ သူ့အဝတ်အစားတွေဟာ နှင်းလို ဖြူဖွေးနေဆဲပါ။ ဖုန်တစ်မှုန်တောင် ကပ်ညိခြင်း မရှိခဲ့ပါဘူး။

လမ်းတစ်လျှောက်မှာ ချင်းကျူတစ်ယောက် မျဉ်းဖြောင့်ပုံ ခရီးနှင်လာခဲ့တာ မဟုတ်ပါဘူး။ တောင်ပိုင်းနယ်မြေကြီး အနှံ့ကို သူလှည့်ပတ် ပျံသန်းနေခဲ့ပါတယ်။ မဟာကလန်ကြီး ခြောက်ခု တည်ရှိရာ မြို့တော်ကြီးတွေကိုလည်း ရောက်ရှိခဲ့ပါသေးတယ်။

ဒီအတောအတွင်း ပစ္စည်းများစွာ  သူဝယ်ယူဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အားလုံးက ထူးထူးဆန်းဆန်း တိုတိုထွာထွာ ပစ္စည်းလေးတွေပါ။

“အဲဒါက သေမင်းဝိညာဉ်လျှိုမြောင်မဟုတ်လား”

မျက်စိတဆုံးအထိကို ကျယ်ပြောရှည်လျားတဲ့ လျှိုမြောင်ချိုင့်ဝှမ်းကြီး တစ်ခုကို ချင်းကျူ တွေ့လိုက်ရပါပြီ။

လျှိုမြောင် နံဘေးမှာတော့ နက်ရှိုင်းလှတဲ့ တောအုပ်ကြီးတစ်ခု။ ဒီတောအုပ်ကြီးကိုလည်း မျက်စိအဆုံးအထိ မြင်တွေ့နေခဲ့ရပါတယ်။ လေထုဟာ သန့်စင်လွန်းတာကြောင့် စိတ်ကိုလည်း တက်ကြွစေပါသေးတယ်။

ဒီနေရာဟာ အလွန်အေးချမ်းပုံ ရပေမဲ့လည်း ဒီနေရာကို ကျွမ်းဝင်မှု ရှိကြသူတွေ အတွက်ကတော့ သေမင်းဝိညာဉ်လျှိုမြောင်လို့ခေါ်တဲ့ တားမြစ်နယ်မြေလို့ သိထားခဲ့ကြပါတယ်။

တောင်ပိုင်းနယ်မြေကြီးမှာ ကြောက်စရာ အကောင်းဆုံး နေရာကတော့ အနက်ရောင် တောအုပ်ကြီး မဟုတ်ပါဘူး။ အဲဒီမှာ အစွမ်းအထက်ဆုံး မိစ္ဆာသားရဲက ဝမ်ရှင်းသူတော်စင် အဆင့်ကိုသာ ရောက်ပါသေးတယ်။

ဒါပေမဲ့ သေမင်းဝိညာဉ်လျှိုမြောင်ကြီးကတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ဒီနေရာမှာ ဝမ်ရှင်းသူတော်စင် အဆင့်ထက် ကျော်လွန်တဲ့ မိစ္ဆာသားရဲကြီးတွေ ရှိနေပါပြီ။

မြေကမ္ဘာ သူတော်စင်အဆင့် မိစ္ဆာသားရဲကြီးဖြစ်တဲ့ မဟာစကြ၀ဠာ နဂါးကြီးနဲ့ လွင်ပြင်ဒေသမှာ ချင်းကျူ တိုက်ခိုက်ဖူးခဲ့ပါတယ်။ အဲဒီနဂါးကြီးက သေမင်းဝိညာဉ်လျှိုမြောင်က သားရဲကြီးပါပဲ။

မဟာစကြ၀ဠာ နဂါးကြီးနဲ့ မြေကမ္ဘာ သူတော်စင် သားရဲကြီး ၃ ကောင် သေဆုံးသွားပြီးချိန်မှာ သေမင်းဝိညာဉ်လျှိုမြောင်ဟာ အရင်ကလောက်တော့ ကြောက်စရာ မကောင်းလှတော့ပါဘူး။ ဒါပေမဲ့ မူလတာအို သူတော်စင် အဆင့် မိစ္ဆာသားရဲများစွာ ရှိနေကြပါသေးတယ်။ ဒါကြောင့် သာမန် တန်ခိုးရှင်တွေ အနားမကပ်ဝံ့ကြသေးပါဘူး။

ချင်းကျူက သေမင်းဝိညာဉ်လျှိုမြောင် အပေါ်ကနေ ဖြတ်ပျံသန်းသွားဖို့ စဉ်းစားထားပေမဲ့လည်း မလှမ်းမကမ်းက လှုပ်ရှားမှုကြောင့် စိတ်ဝင်စားမိသွားခဲ့ပါပြီ။

“ဒီဝိညာဉ်စွမ်းအင်ကို ငါတော်တော်လေး ရင်းနှီးနေပါလား”

ချင်းကျူလည်း မျက်မှောင်ကြုတ်ပြီး ပျံသန်းသွားပါတော့တယ်။

၀ုန်း

ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်မုန်တိုင်းကြီး ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီမုန်တိုင်းကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် သစ်ပင်တွေ ကျိုးကြေသွားသလို ကျောက်တုံးတွေလည်း တစ်စစီ ဖြစ်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကြောက်မက်ဖွယ်ကောင်းလှတဲ့ နက်ရှိုင်းလှတဲ့ ချိုင့်ဝှမ်းကြီး ဖြစ်ပေါ်လာခဲ့ပါပြီ။

“လူသား.. မင်းသေချင်လို့လား”

လေထဲမှာ မိစ္ဆာသားရဲကြီးတစ်ကောင် မတ်တတ်ရပ်ရင်း မိစ္ဆာဆန်တဲ့ အကြည့်နဲ့ တစ်ဖက်လူကို ကြည့်ပြီး ပြောလိုက်ပါပြီ။

“အမှန်ပဲ လူသား။ မင်းသေနေ့စေ့ပြီ”

နောက်ထပ် မာန်ဖီလိုက်သံကြီး ပေါ်ထွက်လာခဲ့ပါပြီ။

သူကတော့ ခေါင်းနှစ်လုံး ရေနဂါးကြီးပါ။ သူ့ရဲ့  ခန္ဓာကိုယ်ဟာ မီးခိုးဖြူရောင်ဖြစ်ပြီး တောင်ပံကြီးတွေလည်း ရှိနေခဲ့ပါတယ်။ သူ့မျက်လုံးတွေဟာ မျက်နှာချင်းဆိုင်က လူသားကို စားတော့ဝါးတော့ မတတ်ကြည့်နေနတာ တွေ့ရမှာပါ။

ချင်းကျူလည်း တစ်ဖက်လူက မိုးကြိုးလေပြည်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျို ဆုယန်ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားပါတော့တယ်။

သူမ ဘာဖြစ်လို့ ဒီနေရာကို ရောက်နေတာလဲ။

ဒီအချိန်မှာတော့ ဆုယန်ဟာ တည်တည်ငြိမ်ငြိမ် ရှိနေပေမဲ့လည်း အော်ရာအရှိန်အဝါ အလွန်အားနည်းနေပါပြီ။ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ သွေးစတွေ စီးကျနေခဲ့ပါတယ်။ သူမ ဒဏ်ရာရရှိထားတာ သေချာသွားခဲ့ပါပြီ။

တစ်ဖက်မှာတော့ ဓားလည်း မဟုတ် ဆေဘာဓားလည်း မဟုတ်တဲ့ အသွားရှစ်ခုဟာ ဆုယန်ရဲ့ ခန္ဓာကိုယ်ကို လှည့်ပတ်ပျံသန်းနေကြပါတယ်။ သူတို့တွေဆီကနေ လူသတ်ငွေ့တွေ ဖြာထွက်နေတာကို တွေ့ရမှာပါ။

ဒီဓားသွားတွေကတော့ ၀ူကျိလျှို့ဝှက်လောကကနေ သူမ ရရှိခဲ့တဲ့ ဝိညာဉ်မှော်ရတနာတွေပါပဲ။

သူမရဲ့ အခုလက်ရှိ ဒဏ်ရာနဲ့ဆိုရင် မူလတာအို အဆင့် ဝိညာဉ်မှော်ရတနာကြောင့်သာ မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက ခေါင်းနှစ်လုံး ရေနဂါးကြီးကြောင့် သေဆုံးသွားမှာပါ။

၀ူကျိလျှို့ဝှက်လောကကနေ ထွက်ခွာလာပြီးချိန်မှာ ဆုယန်တစ်ယောက် မိုးကြိုးလေပြည်ဂိုဏ်းကို မပြန်ပဲ သေမင်းဝိညာဉ်လျှို့မြောင်မှာ လာရောက်လေ့ကျင့်ပြီး အဆင့်တက်ဖို့ အခွင့်အရေးကို ရှာဖွေဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ချောချောမွေ့မွေ့နဲ့ အန္တရာယ်လည်း မများခဲ့ပါဘူး။

ဒါပေမဲ့ မနေ့တုန်းကမှ ရုတ်တရက်ဆိုသလို ပျိုမြစ်ငယ်ရွယ်တဲ့ ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ကို သတ်ပြီးနောက်မှာတော့ မူလတာအို အဆင့် ခေါင်းနှ်စလုံး ရေနဂါးကြီး ရောက်ရှိလာခဲ့တာပါ။

ဆုယန်ဟာ တိုက်ခိုက်ရင်း နောက်ဆုတ်ခဲ့ပေမဲ့လည်း ခေါင်းနှစ်လုံး ရေနဂါးကြီးက လက်မလျှောပဲ သူမကို ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ အခုအခြေအနေကို ရောက်ရှိသွားခဲ့တာပါ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 100
မင်းပဲ

“ဟီး ဟီး ဟီး… သူမရဲ့ နှလုံးသားကို ငါစားလိုက်မယ်။ ဝမ်ရှင်းသူတော်စင် အဆင့် လူသားတန်ခိုးရှင်ရဲ့ နှလုံးသားက အရမ်းအရသာ ရှိတယ် မဟုတ်လား”

ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ ဘယ်ဘက်ဦးခေါင်းက ရယ်မောလိုက်ပါပြီ။

“ဟား ဟား.. နှလုံးသားက င့ါအတွက်ကွ။ စဉ်းစားမနေနဲ့”
ညာဘက်ဦးခေါင်းက ပြန်ပြောလိုက်ပါတော့တယ်။

“အိုး.. ဘာကို မူတည်ပြီး တွက်လိုက်တာတုန်း”

“ဘာလဲ။ မင်းရန်ဖြစ်ချင်နေတာလား”

“ကောင်းပြီလေ။ ချမယ်။ ငါလည်း မင်းကို ကြောက်နေတာမှ မဟုတ်တာ”

ဆုယန်ရဲ့ အံ့အားသင့်နေတဲ့ အကြည့်အောက်မှာပဲ ခေါင်းနှစ်လုံး ရေနဂါးကြီးဟာ သူမရဲ့ နှလုံးသားအတွက် အချင်းချင်း ထိုးနှက် ကုန်ကြပါပြီ။

အဲ.. သူတို့မှာ လက်သီးမှ မရှိတာ။

ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ ဦးခေါင်းနှစ်လုံးဟာ ခန္ဓာကိုယ် တစ်ခုတည်းသာ ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ ဦးနှောက်တစ်ခုတည်းက ထိန်းချုပ်ထားခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် မကြာမကြာဆိုသလို ဒီအခြေအနေမျိုး ကြုံတွေ့ရတတ်ပါတယ်။

ဆုယန်လည်း ဘာမှ စဉ်းစားမနေတော့ပဲ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စီးဆင်းစေလိုက်ပြီး  အမြန်ဆုံး ထွက်ပြေးလိုက်ပါပြီ။

“အိုး… သူမ ထွက်ပြေးသွားပြီ”

“တောက်.. အားလုံး မင်းကြောင့်ပဲ။ အရူးကောင်ရ”

“မင်းကမှ အရူးကောင်”

ဆုယန်ရဲ့ အပြုအမူကို အာရုံခံမိသွားတဲ့ ခေါင်းနှစ်လုံး ရေနဂါးကြီးဟာ အချင်းချင်း တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ပြီး ဆုယန်နောက်ကနေ ပြေးလိုက်သွားခဲ့ပါပြီ။

“လူသား. မင်းပြေးလို့ မလွတ်ဘူးကွ”

ခေါင်းနှစ်လုံး ရေနဂါးကြီးလည်း ဒေါသတကြီး မာန်ဖီလိုက်ပါတော့တယ်။ ဦးခေါင်းတစ်လုံးက အဖြူရောင်မီးလျှံတွေ မှုတ်ထုတ်လိုက်ပြီး ဆုယန်ကို တားဆီးလိုက်ပါပြီ။

ဒါကို မြင်လိုက်ရတဲ့ ဆုယန်လည်း အံကိုတင်းတင်းကြိတ်လိုက်ပြီး ဆေးတစ်လုံးကို သောက်လိုက်ပါတော့တယ်။ သူမရဲ့ အော်ရာအရှိန်အဝါ ရုတ်ချည်း အင်အားပြည့်၀သွားခဲ့ပါပြီ။ သူမ ခန္ဓာကိုယ်ဝန်းကျင်မှာ ဓားသွားရှစ်ခုဟာ လျှင်မြန်စွာ လည်ပတ်လာပါတော့တယ်။ မီးလျှံတွေအကြားကနေ သူမ ကြိုးစား ရုန်းထွက်လိုက်ပါပြီ။

“သူမကို ပြေးခွင့်မပေးသင့်ဘူး”

စားသောက်စရာ လွတ်မြောက်သွားတော့မှာကို တွေ့လိုက်ရတဲ့ ခေါင်းနှစ်လုံး ရေနဂါးကြီးဟာ အသည်းအသန် တောင်ပံကို ခတ်လိုက်ပါပြီ။ လေပြင်းတွေ တိုက်ခတ်လာပါတော့တယ်။

ရွှစ်

ခေါင်းနှစ်လုံး ရေနဂါးကြီးဟာ မူလတာအိုအဆင့် မိစ္ဆာသားရဲကြီး ပီသပါပေတယ်။ သူ့အမြန်နှုန်းဟာ ဆုယန်ထက် အဆများစွာ ပိုမို သာလွန်နေခဲ့ပါတယ်။ သူ့ရဲ့ အော်ရာအရှိန်အဝါ နယ်မြေနဲ့ ဆုယန်ရဲ့ ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံကနေ ဖိအားပေးလိုက်ပါပြီ။

အားလုံး သိထားကြသလိုပဲ မူလတာအို အဆင့်ကို တက်ပြီးနောက်မှာ လူသားတန်ခိုးရှင် ဒါမှမဟုတ် မိစ္ဆာသားရဲတွေ ဖြစ်နေပါစေ ဝိညာဉ်စွမ်းအင်ကို စုစည်းပြီး နယ်မြေစွမ်းအင်အဖြစ် ပြောင်းလဲနိုင်ကြပါပြီ။

နယ်မြေအတွင်းမှာ တစ်ဖက်ရန်သူက မူလတာအို အဆင့်ကို မရောက်ရှိသေးဘူးဆိုရင် ဘက်ပေါင်းစုံက ဖိအားတွေကို ရင်ဆိုင်ရမှာပါ။ ပြောရမယ်ဆိုရင် ဝမ်ရှင်းသူတော်စင်အဆင့်အောက် တန်ခိုးရှင်တွေ အနေနဲ့ ဘယ်လိုမှ လှုပ်ရှားလို့ မရနိုင်တော့ပါဘူး။

ဆုယန်ဟာ ဝမ်ရှင်းသူတော်စင် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်ပြီး မူလတာအို သူတော်စင်အဆင့်ကို ရောက်ဖို့ ခြေလှမ်းတစ်ဝက်သာ လိုပါတော့တယ်။ ဒါကြောင့် ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ နယ်မြေထမြှာ သူမ လှုပ်ရှားနိုင်သေးပေမဲ့လည်း မူလတုန်းကလောက် မမြန်ဆန်နိုင်တော့ပါဘူး။

ဒါပေမဲ့ တိုက်ပွဲထဲမှာ စက္ကန့်တိုင်းဟာ တိုက်ပွဲ အခြေအနေကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင်ကို ခေါင်းနှစ်လုံး ရေနဂါးကြီးဟာ သူမထက် အဆများစွာ ပိုပြီး အစွမ်းထက်နေပါသေးတယ်။

တင်္ဂအတွင်း ခေါင်းနှစ်လုံး ရေနဂါးကြီးဟာ အမြီးကြီးကို ဝှီခနဲ ဝှေ့ယမ်းရိုက်ချလိုက်ပါပြီ။ အမြီးကြီး အနားကို မရောက်လာခင်ကတည်းက ဆုယန်ရဲ့ အင်္ကျီအဝတ်အစားတွေ လေနဲ့အတူ တဖျတ်ဖျတ် လွင့်လာပါတော့တယ်။

တကယ်လို့ သူမကိုသာ ဒီအမြီးရိုက်ချက် ထိမှန်သွားမယ်ဆိုရင် သေချာပေါက်ကို သေဆုံးရမှာပါ။

ဆုယန်ဟာ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စီးဆင်းစေလိုက်ပါပြီ။ သူမရဲ့ ဓားသွားရှစ်လက် အထက် ရွှေရောင်မှော်သေင်္ကတတွေ တောက်ပလာပါတော့တယ်။

ရွှေ၊ သစ်သား၊ ရေ၊ မီးလျှံ၊ မြေ၊ လေ၊ မိုးကြိုး၊ ရေခဲ။

ချက်ချင်းဆိုသလိုပဲ ဓာတ်ကြီးရှစ်ပါး ဝိညာဉ်စွမ်းအင်တွေဟာ ဓားသွားတွေကနေ ဖြာထွက်လာခဲ့ပြီး တစ်ခုနဲ့ တစ်ခု ယှက်နွယ်သွားခဲ့ပါပြီ။ ဒီဝိညာဉ်စွမ်းအင်တွေဟာ ခေါင်းနှစ်လုံး ရေနဂါးကြီးကို ထိမှန်သွားပါတော့တယ်။

၀ုန်း

ဝိညာဉ်စွမ်းအင် အလွှာလွှာ ဖြာထွက်လာခဲ့ပါပြီ။ စကြ၀ဠာ တည်ရှိမှုတောင်မှ လိမ်တွန့်သွားပါတော့တယ်။ ဝိညာဉ်စွမ်းအင်လှိုင်းဟာ အောက်မှာ ရှိနေတဲ့ တောအုပ်ကြီးမှာ အက်ကြောင်းကြီးကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ပြင်းထန်တဲ့ အင်အားကြောင့် ဆုယန် အနောက်ကို လွင့်စဉ်သွားခဲ့ပါပြီ။ ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ နယ်မြေဖိအားအောက်ကနေ သူမ လွတ်မြောက်သွားခဲ့တာကြောင့် ချက်ချင်းပဲ ဦးတည်ချက်ပြောင်းပြီး ထွက်ပြေးလိုက်ပါတော့တယ်။

သူမလည်း မတတ်နိုင်တော့ပါဘူး။ ခေါင်းနှစ်လုံး ရေနဂါးကြီးဟာ အလွန်ကို အစွမ်းထက်တာကြောင့် ဒီလိုသာ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် သူမ ပြေးလွတ်တော့မှာ မဟုတ်တာ သေချာပါတယ်။

“ဟင်”

ဆုယန် အဝေးကြီးရောက်အောင် မပြေးနိုင်ခဲ့ပါဘူး။ သူမ မျက်လုံးတွေကို ပွတ်သပ်လိုက်မိပါပြီ။ သူမ စိတ်တွေ ထွေပြားဝေဝါးသွားပြီလား။

သူမ အရှေ့မှာ လူတစ်ဦး လေထဲ မျောလွင့်နေတာကို တွေ့လိုက်ရတာကြောင့်ပါ။

“…”

အစတုန်းကတော့ ချင်းကျူတစ်ယောက် ခဏစောင့်ကြည့်ဖို့ စဉ်းစားထားခဲ့ပါတယ်။ ဒါပေမဲ့ ဆုယန်က သူ့ဆီကိုမှ တည့်တည့်ပြေးလာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“ပြေးတော့.. မူလတာအို သူတော်စင် အဆင့် ခေါင်းနှစ်လုံး ရေနဂါးကြီး အနောက်မှာ”
ဆုယန်လည်း စိတ်ပူစွာ အော်ပြောလိုက်ပါပြီ။

ချင်းကျူက ၀ူကျိလျှိုဝှက်လောကမှာရှိစဉ် ရုပ်ဖျက်ထားတဲ့အတွက် ဆုယန် မမှတ်မိခဲ့ပါဘူး။

“ဟူး”

ချင်းကျူလည်း သက်ပြင်းချလိုက်ပြီး လက်သီးကို မြှောက်လိုက်ပါပြီ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ဆုယန်နဲ့သူ ရင်းနှီးဖူးတယ် ဆိုရမှာပါ။ သူ့အနေနဲ့ ရပ်ကြည့်နေလို့ မသင့်တော်လှပါဘူး။

“လူသား.. မင်းဘယ်ကို ထွက်ပြေးချင်တာလဲ”

အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကြောင့် ခေါင်းနှစ်လုံး ရေနဂါးကြီးဟာ ဓာတ်ကြီးရှစ်ပါး ဝိညာဉ်စွမ်းအင်ကို မမှုခဲ့ပဲ ဆုယန်နောက်ကနေ ဆက်ပြီး လိုက်ပါလာခဲ့ပါပြီ။ ဆုယန်ကို သေအောင် မသတ်နိုင်မချင်း ရပ်တန့်မဲ့ပုံ မပေါ်ပါဘူး။

“ရှင်ဘာကို စောင့်နေတာလဲ။ ပြေးတော့လေ”

ချင်းကျူက မလှုပ်မယှက် ရပ်မြဲ ရပ်နေတဲ့အတွက် ဆုယန် ထပ်အော်ပြောလိုက်ပါပြီ။

ချင်းကျူလည်း တိတ်ဆိတ်စွာပဲ လက်သီးတစ်ချက်ကို ထိုးချလိုက်ပါတော့တယ်။

ဟူး

လက်သီးချက်ရဲ့ လေပြင်းက သူမရဲ့ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကြောင်း ဆုယန် ခံစားလိုက်မိပါပြီ။ လက်သီးချက်ဟာ အံ့မခန်းကို မြန်ဆန်လွန်းနေခဲ့ပါတယ်။ သူမ မလှုပ်ရှားနိုင်ခင်မှာပဲ လက်သီးချက်ဟာ ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ ဘယ်ဘက် ဦးခေါင်းကို ထိမှန်သွားခဲ့ပါပြီ။

၀ုန်း

ထင်ထားသလိုပဲ ခေါင်းနှစ်လုံး ရေနဂါးကြီး ဦးခေါင်းတစ်လုံး ပေါက်ကွဲသွားပြီး အပြာရောင်သွေးတွေ ဖွာခနဲ ထွက်လာပါတော့တယ်။

ဆုယန် မှင်သက်အံ့ဩသွားခဲ့ပါပြီ။ ဘာတွေ ဖြစ်ကုန်တာလဲ။

၀ုန်း

နောက်ထပ် လက်သီးလေပြင်း ထပ်မံပေါ်ထွက်လာခဲ့ပြီး ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ ဦးခေါင်းနောက်တစ်ခုလည်း သွေးမှုန်တွေအဖြစ် ပေါက်ကွဲသွားခဲ့ပါပြီ။ အမြုတေ စိတ်ဝိညာဉ်ပါ တစ်စစီ ကွဲကြေသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့အချိန်အထိ ခေါင်းနှစ်လုံး နဂါးကြီး အနေနဲ့ ဘာတွေ ဖြစ်သွားတယ်ဆိုတာကို နားမလည်နိုင်ခဲ့ပါဘူး။

“ဒါက”
ဆုယန်လည်း မယုံကြည်နိုင်စွာ မျက်လုံးကို ထပ်ပြီး ပွတ်သပ်လိုက်မိပါပြီ။ အဖြစ်အပျက်တွေက တကယ်ကော ဟုတ်ရဲ့လား။

မူလတာအို သူတော်စင်အဆင့် မိစ္ဆာသားရဲကြီး ဖြစ်တဲ့ ခန္ဓာကိုယ်မာကျောလှပါတဲ့ ခေါင်းနှစ်လုံး ရေနဂါးကြီးဟာ ဒီလိုနဲ့ သေဆုံးသွားပြီလား။

လာနောက်နေတာလား။

မြေကမ္ဘာ သူတော်စင်တောင်မှ ဒီလိုမျိုး မစွမ်းဆောင်နိုင်သေးဘူး မဟုတ်လား။

“မင်းအဆင်ပြေရဲ့လား”
ချင်းကျူလည်း သာမန်ပဲ မေးမြန်းလိုက်ပါတော့တယ်။

“ကျွန်.. ကျွန်မ.. အဆင်ပြေပါတယ်”

ဆုယန် ခါးသီးစွာ ပြောလိုက်ပါပြီ။

ဆုယန် ဘာတွေ စဉ်းစားနေလဲဆိုတာ ချင်းကျူအရေးမစိုက်ပါဘူး။ ခေါင်းနှစ်လုံး ရေနဂါးကြီး အလောင်း နံဘေးကို သူဆင်းသက်သွားခဲ့ပါပြီ။

အစတုန်းကတော့ ချင်းကျူတစ်ယောက် ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ မိစ္ဆာပုံဆောင်ခဲကို ထုတ်ယူမယ်လို့ ဆုယန် ထင်မိခဲ့ပါတယ်။ ပြောရရင် မူလတာအိုအဆင့် မိစ္ဆာသားရဲကြီးရဲ့ မိစ္ဆာ အမြုတေဟာ သာမန် အဆင့်ငါး ဝိညာဉ်ဆေးပင်လိုပဲ အဖိုးတန်တာကြောင့်ပါ။

ဒါပေမဲ့ ချင်းကျူက ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ အကြေးခွံကို နွှာလိုက်ပြီး အသားစတစ်ခုကို ဖြတ်တောက်လိုက်ပါပြီ။ ပြီးတာနဲ့ မီးနဲ့ ကင်လိုက်ပါတော့တယ်။

“…”

ခဏလောက် တွေဝေနေခဲ့တဲ့ ဆုယန်တစ်ယောက် အောက်ကို ချီတုံချတုံ ပျံသန်းဆင်းသက်လာခဲ့ပါပြီ။

“မင်းစားချင်ရင် ကင်စားလိုက်လေ”

မိန်းကလေးကို ကြည့်ပြီး ချင်းကျူ ထူးမခြားနား အသွင်နဲ့ ပြောလိုက်ပါပြီ။

ဒီနှစ်ရက်မှာ သူကောင်းကောင်း မစားသောက်ခဲ့ရပါဘူး။ အခု ခေါင်းနှစ်လုံး ရေနဂါးကြီး အသားရှိနေပြီ ဆိုတော့ ချင်းကျူ ဗိုက်ဆာလာပါတော့တယ်။

ဆုယန်
“…”

ဒီတစ်ယောက်က ခေါင်းနှစ်လုံး ရေနဂါးကြီးကို လက်သီးနှစ်ချက်နဲ့ သတ်လိုက်တဲ့လူကော ဟုတ်လို့လား။

လူတိုင်းသိထားကြသလိုပဲ ဇီဖူအဆင့်နဲ့ အထက်ကို ရောက်တဲ့အခါကျရင် ဝိညာဉ်စွမ်းအင်နဲ့ ခန္ဓာကိုယ်ရဲ့ metabolism ကို ထိန်းချုပ်လို့ ရနေပါပြီ။ စားသောက်ဖို့ မလိုအပ်တော့ဘူး ဆိုနိုင်ပါတယ်။ ပြီးတော့ ချင်းကျူဟာ ဇီဖူအဆင့်အောက် တန်ခိုရှင်တစ်ဦး ဖြစ်စရာလည်း အကြောင်းမရှိပါဘူး။

ဘာကြောင့်မှန်း မသိပဲ တောင်နက်မြို့လေးက ရှန်းကျီးဝမ်ရဲ့ မိတ်ဆွေဖြစ်သူကို ဆုယန် ပြန်ပြီး သတိရသွားခဲ့ပါတယ်။

သူတို့နှစ်ဦးက တော်တော်လေး ဆင်တူနေတယ် မဟုတ်လား။ နှစ်ယောက်လုံးက ပုံမှန်မဟုတ် တည်ကြည်ခန့်ညား ချောမောသလို အစားအသောက်ကိုလည်း စိတ်ဝင်စားနေခဲ့ပါတ်ယ။

ဒါကို စဉ်းစားရင်း ဆုယန် စပ်စုလိုက်ပါပြီ။
“ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာကြီးရှင့်။ ဒါနဲ့ ဆရာကြီးရဲ့ နာမည်ကို သိခွင့်ရှိမလား မသိဘူး”

“ချင်းကျူ”

“ရှင်ပဲပေါ့”

ဆုယန် ရေရွတ်လိုက်ပါပြီ။

ဒါကို ကြားလိုက်ရတော့ ချင်းကျူ အံ့ဩသွားပါတော့တယ်။
“ဘာကိုလဲ”

“ရှင်က ရှန်းကျီးဝမ်ရဲ့ မိတ်ဆွေမဟုတ်လား”
ဆုယန်လည်း ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်ပါပြီ။ တုန်လှုပ်ဖို့ ကောင်းလှတဲ့ လျှို့ဝှက်ချက်ကြီးကို သူမ ရှာဖွေတွေ့ရှိသွားပြီ မဟုတ်လား။

“…!!”

တောက်.. ငါဘယ်လိုလုပ်ပြီး မေ့သွားတာလဲ။

ချင်းကျူဟာ ၀ူကျိလျှို့ဝှက်လောကထဲ ဝင်ရောက်စဉ်တုန်းက ရုပ်ဖျက်ထားပေမဲ့ နာမည်မပြောင်းမိခဲ့ပါဘူး။ အခု မိန်းကလေးက ဒီအတွက်ကြောင့် သူဘယ်သူလဲဆိုတာကို ခန့်မှန်းမိသွားခဲ့ပါပြီ။

ချင်းကျူ နှုတ်ဆိတ်နေတာကို တွေ့လိုက်ရတဲ့အတွက် ဆုယန်တစ်ယောက် သူမ ခန့်မှန်းချက် မှန်သွားပြီဖြစ်ကြောင်း နားလည်သွားခဲ့ပါပြီ။ ၀ူကျိသူတော်စင်ကို သတ်ဖြတ်နိုင်ခဲ့တဲ့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီးကို သူမ ထပ်ပြီး ဆုံတွေ့ခွင့်ရခဲ့ပြီ မဟုတ်လား။

“ဒါဆို.. ဆရာကြီးက လွင်ပြင်ဒေသ စစ်ပွဲမှာလည်း ကူညီပေးခဲ့တာပေါ့နော်”

“အေး”
ချင်းကျူလည်း နှုတ်ဆိတ်မနေတော့ပဲ ခေါင်းညိတ်လိုက်ပါပြီ။ ပြောရမယ်ဆိုရင် အစွမ်းထက်ကြောင်း လူသိမှာကို သူစိတ်မပူပါဘူး။ အပြင်လူတွေ လာပြီးနှောင့်ယှက်မှာကိုပဲ စိတ်ပူတာပါ။

“ကျေးဇူးတင်ပါတယ် ဆရာကြီးရှင့်။ ကျွန်မ အသက်ကို ၃ ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဆုယန်လည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးတည်ကြည်လေးနက်စွာ ပြောလိုက်ပါပြီ။

ပြောရမယ်ဆိုရင် ဆုယန်အသက်ကို ချင်းကျူ ၃ ကြိမ် ကယ်တင်ပေးခဲ့တာပါပဲ။ ပထမ တစ်ကြိမ်ကတော့ လွင်ပြင်ဒေသ စစ်ပွဲကြီးမှာ။ ဒုတိယ အကြိမ်ကတော့ ၀ူကျိလျှို့ဝှက်လောက စစ်ပွဲမှာ။ တတိယအကြိမ်ကတော့ ဒီနေရာမှာပါ။

ဆုယန်တစ်ယောက် အသက်အန္တရာယ် ရင်ဆိုင်ရချိန်တိုင်း ချင်းကျူနဲ့ ဆုံတွေ့နေရတဲ့အတွက် ကံကောင်းသလား ကံဆိုးသလားတောင် မပြောတတ်တော့ပါဘူး။


🌤️🌤️🌤️🌤️🌤️

ဒီ Azure လေးမှာ ပြောစရာရှိပါတယ်။အစက တစ်နေ့ ၅ပိုင်းပဲတင်မယ်ဆုံးဖြတ်ထားပေမဲ့ မထင်မှတ်ပဲ ဒီစာစဥ်လေးတင်ပြီးပြီးချင်း အားပေးကြမ်းတဲ့ရှင်လေးတို့အတွက် တစ်နေ့ကို ၅ပိုင်းမဟုတ်တော့ဘဲ အဆင်ပြေရင်ပြေသလို အပိုင်းအများကြီးတင်ပေးသွားပါ့မယ်။

ကျိုးဝေ့ချင်းလေးရယ်   ချင်းကျူရယ်ကို နှစ်ပတ်အတွင်း အရင်ဖြတ်ပါ့မယ်။ဘာလို့ဆို ဒီစာစဥ်နှစ်ခုက အဆုံးထိပြီးပြီးသားဖြစ်နေလို့ပါ။ကျန်တဲ့ ရီမို နဲ့ လင်းဟန်ကိုက ဒါလေးနှစ်ခုပြီးမှ up မြန်မြန်နဲ့ ongoing မှီအောင်လိုက်ပေးပါ့မယ်။

ongoing မှီပြီးသားဖြစ်တဲ့ ချင်နန်တို့တစ်တွေကတော့ ၅ပိုင်းပြည့်တာနဲ့ ဒါမှမဟုတ် ၁၀ပိုင်းပြည့်မှ ချက်ချင်းလာဖြည့်တင်ပေးပါ့မယ်။ဖတ်ရှုသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ရှင့်။

Fortsæt med at læse

You'll Also Like

127K 11.8K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
51.8K 4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
18K 2.7K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...