တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

Azure5549 tarafından

51.1K 4K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... Daha Fazla

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

86 - 90

687 66 5
Azure5549 tarafından

#အပူအပင်မဲ့အင်မော်တယ်
Chapter 86
သူ့ကို လျှာနဲ့လျက်

“ဂိုဏ်းတူအစ်မတော်..ကြည့်ပါဦး.. ဒီတစ်ယောက်က အရမ်းခန့်ညားပြီး ကြည့်ကောင်းတာပဲ”
ကျစ်ဆံမြီး နှစ်ခုနဲ့ ကောင်မလေးလည်း ဝမ်းသာအားရ အော်ပြောလိုက်ပါပြီ။ သူမ မျက်လုံးတွေ အရောင်လဲ့နေခဲ့ပါတယ်။

“ရှောင်ယု.. မြင်မြင်ချင်း ချစ်မိပြန်ပြီလား”

အရပ်မြင့်မြင့် ဆံပင်ကို ပုခုံးကျော်အထိ ချထားတဲ့ မိန်းမချောလေး တစ်ဦးက အနောက်ကနေ ရှောင်ယုခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်ပါပြီ။ အပြစ်ကင်းစင်တဲ့ ကျစ်ဆံမြီး နှစ်ချောင်းနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးနဲ့ ယှဉ်လိုက်ရင် အနောက်က မိန်းမချောလေးရဲ့ ရုပ်ရည်နဲ့ အသွင်အပြင်ဟာ သိပ်ပြီးတော့ မှင်သက်စရာ အကြောင်းမရှိပေမဲ့လည်း စာဖွဲ့လို့ မရနိုင်တဲ့ ခံစားချက်တစ်ခုကိုတော့ ပေးစွမ်းနေခဲ့ပါတယ်။

အထူးသဖြင့် သူမရဲ့ သွယ်လျတဲ့ ခြေထောက်တွေ။ သူတို့တွေဟာ သွယ်လျပြီး အလွန်ကို ဆက်ဆီကျပါတယ်။

အစတုန်းကတော့ ဒီမိန်းမချောလေးက ရှောင်ယုကို ဆုံးမရုံသာ ဆုံးမခဲ့ပေမဲ့လည်း ချင်းကျူကို တွေ့လိုက်ရချိန်မှာတော့ သူမပါ မှင်သက်အံ့ဩသွားခဲ့ပါပြီ။
“အရမ်းကို ကြည့်ကောင်းတာပဲ”

အနောက်က မိန်းမချောလေး မှင်သက်သွားတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ ရှောင်ယုလည်း နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပြောလိုက်ပါပြီ။

“ဟမ့်.. ဂိုဏ်းတူအစ်မတော်ကော ဒီလိုပဲ ဖြစ်သွားတာ မဟုတ်ဘူးလား”

“…”

ဒီလို အဖြစ်မျိုးတွေနဲ့ ချင်းကျူ ကျင့်သားရနေပါပြီ။ ဒါကြောင့် စိတ်ထဲ မထည့်ထားခဲ့ပါဘူး။

ဒါပေမဲ့ ကျစ်ဆံမြီး နှစ်ချောင်းနဲ့ မိန်းကလေးက အပြေးလေး ရောက်လာပြီး
“အစ်ကိုတော်… ဘာဆေးတွေ သောက်ထားလို့ ဂလိုးနေတာလဲ။ ဘာဖြစ်လို့ ဒီလောက်တောင် ကြည့်ကောင်းနေတာလဲ”
(ပြင်ဖတ်ရန်)
“အစ်ကိုတော်.. ဘာတွေစားလို့ ဒီလောက်တောင်မှ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေတာလဲ။ ဘာဖြစ်လို့ အရမ်းတွေ ကြည့်ကောင်းနေတာလဲ မသိဘူး”

ဒီမိန်းကလေးရဲ့ စကားက ဘာဖြစ်လို့ ငါ့ကို လှောင်ပြောင်နေသလို ဖြစ်နေတာလဲ။

မလှမ်းမကမ်းမှာ ရှိနေတဲ့ မိန်းမချောလေးလည်း အသည်းအသန် အော်ပြောလိုက်ပါပြီ။
“မုရှောင်ယု…ငါတို့ အိမ်ပြန်ရောက်တဲ့ အခါကျရင် ဆရာ့ကို တိုင်ပြောပြီး မင်းကို တံခါးပိတ်ခိုင်းထားလိုက်မယ်နော်”

ဒါကို ကြားလိုက်ရတော့ မုရှောင်ယုလည်း ချက်ချင်း ရပ်တန့်လိုက်ပြီး မျက်နှာ စူပွစူပွ လုပ်လိုက်ပါပြီ။ သူမ အလွန်စိတ်ညစ်သွားပုံ ရပါတယ်။

“စိတ်မရှိပါနဲ့။ သူမကို ကျွန်မ ကောင်းကောင်း မသင်ထားမိလို့ပါ”

မိန်းမချောလေး အရှေ့လျှောက်လာပြီး ရှောင်ယုကို ဆွဲခေါ်ရင်း အူကြောင်ကြောင်နိုင်စွာ ပြောလိုက်ပါပြီ။

လျှိုပင်းတစ်ယောက် သူမရဲ့ ဂိုဏ်းတူညီမလေး ဒီလောက် ရဲတင်းပြီး လူစိမ်းဆီ ပြေးသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“ကိစ္စမရှိပါဘူး”
ချင်းကျူလည်း သာမန်ပဲ ခေါင်းကို ခါယမ်းလိုက်ပါပြီ။

“ဟီး ဟီး.. နောက်ထပ် ကောင်ချောလေး တစ်ယောက်ပါလား”

ဒီအချိန်မှာတော့ အထင်သေးစွာ ပြောလိုက်တဲ့ စကားသံတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။

“ကျန်းယန်.. ရှင်လည်း ရောက်လာတယ်လား”
လျှိုပင်း နည်းနည်း အံ့ဩသွားပါတော့တယ်။

အခုပြောလိုက်သူကတော့ ဆေးဖော်စပ်သူ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူတစ်ဦးပါ။ သူ့ဝတ်စုံအထက်မှာ ကြယ်တစ်ပွင့် ရေးထိုးထားတဲ့အတွက် သူဟာ အဆင့်တစ် ဆေးဝါးဖော်သူတစ်ဦးလို့ ပြောနိုင်ပါတယ်။

ကျန်းယန်ဆိုတဲ့ နာမည်ဟာ တရုတ်မှာ လူသိများတဲ့ နာမည်တစ်ခုပါ။ လူငယ်လေးဟာ နာမည်နဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ မျက်နှာမှာတော့ ကျန်းယန်ဆိုပြီး စာရေးထားခြင်း မရှိပါဘူး။

“ဒီစားသောက်ပွဲက အရမ်း အရေးကြီးတယ်လေ။ မဟာကလန်ကြီး ခြောက်ခုက တန်ခိုးရှင်တွေနဲ့လည်း မိတ်ဆွေဖွဲ့ရမယ်။ ဒါကြောင့်လည်း ဆရာက ငါ့ကို ခေါ်လာခဲ့တာပေါ့”

အားလုံး သိထားကြသလိုပဲ ဆေးဖော်စပ်သူတွေနဲ့ လက်နက် သွန်းလောင်းသူတွေဟာ ဝိညာဉ်ဗဟိုကမ္ဘာမှာ အလွန်ကို ကျော်ကြားတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေပါ။ အခုလို အသက်ငယ်ငယ်နဲ့ အဆင့်တစ် ဆေးဝါးဖော်စပ်သူ ဖြစ်နေတဲ့ လူငယ်လေးကို ပါရမီရှင်လို့ သတ်မှတ်လို့ ရပါတယ်။ ဒါကြောင့် သူစကားတွေထဲ မာနတွေ ပြည့်၀နေခဲ့တာပါ။

ဒါပေမဲ့ လူငယ်လေးက မုရှောင်ယုကို မြင်လိုက်ရချိန်မှာတော့ နူးညံ့စွာ ပြုံးလိုက်ပါပြီ။
“ရှောင်ယု.. မတွေ့တာ ကြာပြီ။ ငါ့ကို သတိရနေလား”

“ဖွ ဖွ ဖွ… ရှင့်လို ရုပ်ဆိုးဆိုးကို သတိမရပါဘူး။”

မုရှောင်ယုလည်း ချက်ချင်း မျက်နှာလွှဲလိုက်ပါပြီ။ လူငယ်လေးကို သူမ မမြင်ချင်ပုံပါပဲ။

ကျန်းယန်
“…”

တောက်.. ငါက ဘယ်လို ရုပ်ဆိုးရမှာလဲ။

ငါ့ကို ပိုးပန်းနေတဲ့ ကောင်မလေးတွေများ အများကြီး။

ဒါကို စဉ်းစားရင်း ကျန်းယန် ဒေါသတွေ တလိမ့်လိမ့် ထွက်လာခဲ့ပါပြီ။ ကိစ္စအားလုံးကို ချင်းကျူအပေါ် သူပုံချလိုက်ပါတော့တယ်။

“မင်း…”

သူ့စကား မဆုံးခင်မှာပဲ ချင်းကျူရဲ့ အသွင်အပြင်ကို ကျန်းယန် အပြည့်အ၀ မြင်လိုက်ရပါပြီ။

တောက်.. အရမ်းကို ကြည့်ကောင်းလွန်းနေပါလား။

ဒီအချိန်မှာတော့ ကျန်းယန်တစ်ယောက် ပြီးပြည့်စုံခြင်း ဆိုတာကို နားလည်သွားပါတော့တယ်။ သူ့မျက်လုံးထဲ ချင်းကျူဟာ ပန်းချီကားထဲက ထွက်လာခဲ့တဲ့ အင်မော်တယ်တစ်ဦးလိုပါပဲ။

မဖြစ်နိုင်ဘူး။ ဒီကမ္ဘာမှာ ငါ့ထက် ပိုကြည့်ကောင်းတဲ့ ယောက်ျား ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။

အတုအယောင်တွေ။ သူက ရုပ်ဖျက်ထားတာပဲ ဖြစ်မယ်။

ချင်းကျူ
“…”

ဒီလူက ဘာလဲ။ အရူးလား။ ဘာလို့ လက်ညှိုးထိုးပြီး ရပ်နေတာလဲ။

လက်ညှိုးထိုးရင်း အချိန်တော်တော်ကြာတော့မှ ကျန်းယန် စကားဆက်ပြောလိုက်ပါပြီ။
“ငါ့နာမည်က ကျန်းယန်ပဲ။ မြက်ဆေးပင်ဂိုဏ်းချုပ်ရဲ့ နောက်ဆုံးတပည့်ပါ”

မြက်ဆေးဝါးဂိုဏ်း…

ဒီဂိုဏ်းက ထူးဆန်းလိုက်တာ။ ဒါနဲ့ အဲဒါက ငါနဲ့ ဘာဆိုင်လို့တုန်း။

ချင်းကျူ ဘာပြောရမှန်း မသိဖြစ်နေခဲ့ပါတယ်။

ငပေါကောင်ကို ချင်းကျူ လျစ်လျူရှုလိုက်ပြီး အခန်းထဲ လမ်းလျှောက်ဝင်သွားခဲ့ပါပြီ။

ကျန်းယန် တစ်ယောက် လျစ်လျူရှုခံလိုက်ရလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ သူအရှက်ရသွားပြီး ဒေါသတကြီး အော်ပြောလိုက်ပါပြီ။

“ရပ်ဦး”

ပြောပြောဆိုဆိုနဲ့ ကျန်းယန်တစ်ယောက် ချင်းကျူကို လက်နဲ့ ဖမ်းဆွဲထားလိုက်ပါတော့တယ်။

လူတွေနဲ့ ချင်းကျူ ပတ်သက်လိုစိတ် မရှိပါဘူး။ ဒါပေမဲ့ ကျန်းယန်ဆိုတဲ့ တစ်ယောက်ကတော့ တော်တော်လေး လွန်သွားခဲ့ပါပြီ။ သူချက်ချင်း အမိန့်ပေးလိုက်ပါတော့တယ်။

“တမ်… သူ့ကို လျက်လိုက်”

အစတုန်းကတော့ ပိုင်ရီရဲ့ ဩဇာကြောင့် တမ်ဟာ လူတွေကို အလွယ်တကူ လျှာနဲ့ မလျက်ဝံ့တော့ပါဘူး။ ဒါပေမဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းက ထွက်လာခါနီးမှာ ပိုင်ရီက တမ်ကို ချင်းကျူစကား နားထောင်ဖို့ သေချာ ညွှန်ကြားထားခဲ့ပါတယ်။

ဒါကြောင့် ချင်းကျူ အမိန့် ကြားလိုက်ရတာနဲ့ တမ်တစ်ယောက် ချက်ချင်းပဲ လျှာကြီးကို ကျန်းယန်ဆီ ပစ်ထုတ်လိုက်ပါပြီ။

ကျန်းယန် ဘာမှ မလုပ်နိုင်ခင်မှာပဲ ကမ္ဘာလောက တစ်ခုလုံး ချာချာလည်သွားတယ်လို့ ခံစားလိုက်ရပါတော့တယ်။ သူ့ကိုယ်သူ ဟန်ချက် မထိန်းနိုင်တော့ပဲ တမ်ရဲ့ လျှာအောက် နစ်မွန်းသွားခဲ့ပါပြီ။

“အား”

“…”

ဒီမြင်ကွင်းကြောင့် လျှိုပင်းနဲ့ မူရှောင်ယုတို့ နှစ်ဦး တုန်လှုပ်မှင်သက်သွားကြပါတော့တယ်။

ဒီမိစ္ဆာသားရဲက ဘယ်လိုကြီးလဲ။ ဘာဖြစ်လို့ ဒီလို အကောင်မျိုးကို တစ်ခါမှ မမြင်ဖူးတာလဲ။ ပြီးတော့ ဘာဖြစ်လို့ ဒီလောက်တောင် အစွမ်းထက်နေတာလဲ။

ကျန်းယန်ဟာ အဆင့်တစ် ဆေးဝါးဖော်စပ်သူ အပြင်ကို ဇင်တျန်အစောပိုင်းအဆင့် တန်ခိုးရှင်တစ်ဦးပါ။ ဒါပေမဲ့ ဖားပြုတ်အရှေ့မှာတော့ သူ့မှာ ဘာအစွမ်းမှ မရှိတော့သလိုပါပဲ။

အနောက်မှာ အော်ဟစ်ပြီး ကျန်ရစ်ခဲ့တဲ့ ကျန်းယန်ကို လှည့်တောင်မကြည့်ပဲ ချင်းကျူတစ်ယောက် အခန်းတံခါးကို ဆွဲဖွင့်လိုက်ပါပြီ။

အခန်းဟာ အလွန်ကို ကျယ်ဝန်းပါတယ်။ ပြောရရင် လူ ၃ - ၄ ယောက်လောက် ချောင်ချောင်ချိချိ နေထိုင်နိုင်တဲ့ အရွယ်အစားပါ။ ကြည့်ရတာ မဟာကလန်ကြီး ခြောက်ခုက ဒီစားသောက်ပွဲတော်ကို တော်တော်လေး အလေးထားပုံပါပဲ။

“မိတ်ဆွေလေး… ဖားပြုတ်ကို ရပ်ဖို့ ပြောပေးပါဦးရှင်”
လျှိုပင်းလည်း စိတ်ပူစွာ ပြောလိုက်ပါပြီ။
“ကျန်းယန်ရဲ့ ဆရာက မြက်ဆေးပင်ဂိုဏ်းချုပ် ၀ူကျန်းကျင်းပါ။ သူ့ဆရာသာ ဒီကိစ္စ သိသွားရင် မိတ်ဆွေလေးကို ပြဿနာ လာရှာနိုင်ပါတယ်”

“ဟုတ်တယ်။ အဲဒီရုပ်ဆိုးဆိုး တစ်ယောက်က လူတွေကို ဩဇာသုံးပြီး အနိုင်ကျင့်ရတာ သဘောကျတယ်လေ”

မုရှောင်ယု အော်ပြောလိုက်ပါပြီ။

“…”

၀ူကျန်းကျင်း

ဘာဖြစ်လို့ ဒိလူတွေရဲ့ နာမည်တွေက ထူးဆန်းနေရတာလဲ။

ချင်းကျူလည်း မြက်ဆေးပင်ဂိုဏ်းလို့ ဘာဖြစ်လို့ နာမည်တွင်နေရကြောင်းကို နားလည်သွားခဲ့ပါပြီ။ အဲဒီမှာ အားလုံးက ပုံမှန်မဟုတ်ကြဘူးပဲ။ ဟုတ်တယ်မလား။

“သူ့ဆရာက လက်စားချေချင်တယ်ဆိုရင်လည်း လာခိုင်းလိုက်ပါ”

ချင်းကျူက ဝေကလန်ကိုတောင် ဖျက်ဆီးပစ်ခဲ့ပြီးပြီ မဟုတ်ဘူးလား။ မြက်ဆေးပင်ဂိုဏ်းဆိုတာ စာဖွဲ့စရာတောင် မလိုတော့ပါဘူး။

“ရှင်က ဘယ်အဖွဲ့အစည်းကလဲ။ ရှင့်ရဲ့ ဂိုဏ်းချုပ်ကော ပါလာလား မသိဘူး”

ချင်းကျူ အေးအေးဆေးဆေး ရှိနေတဲ့ အတွက် လျှိုပင်တစ်ယောက် ချင်းကျူနောက်ကွယ်မှာ ကျောထောက်နောက်ခံ ရှိနိုင်ကြောင်းကို နားလည်သွားခဲ့ပါပြီ။

“မပါပါဘူး။ ငါတစ်ယောက်.. အဲ.. ဟိုဖားပြုတ်နဲ့ပေါ့”

“ရှင်က တစ်ယောက်တည်းလား”

လျှိုပင်း ပါးစပ်အဟောင်းသား ဖြစ်သွားပါတော့တယ်။ ဖားပြုတ်ကိုတော့ သူမ လျစ်လျူရှုထားလိုက်ပါပြီ။

တောက်ပသော မြို့တော် စားပွဲတော်မှာ မဟာကလန်ကြီး ခြောက်ခုဟာ ကီလိုမီတာ ငါးထောင်အတွင်းက ခေါင်းဆောင်အားလုံးကို ဖိတ်ကြားထားခဲ့ပါတယ်။ အခု မိန်းကလေးတွေနဲ့ ကျန်းယန်တို့ဟာ ဂိုဏ်းချုပ်တွေနဲ့အတူတူ ရောက်လာခဲ့ကြတာပါ။

ချင်းကျူရဲ့ အသက်အရွယ်နဲ့ဆိုရင် ဂိုဏ်းချုပ်ဖြစ်နိုင်စရာ အကြောင်းမရှိသေးပါဘူး။

လျှိုပင်းရဲ့ အံ့အားသင့်နေမှုကို ချင်းကျူ စိတ်မဝင်စားပါဘူး။ အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး အသံမြှင့်ပြောလိုက်ပါပြီ။
“ရပြီ တမ်”

ဒါကို ကြားလိုက်ရတော့ တမ်လည်း လျှာကိုချက်ချင်း ရုတ်သိမ်းလိုက်ပါတော့တယ်။ ကျန်းယန်တစ်ယောက် မြေကြီးပေါ် ပြုတ်ကျသွားခဲ့ပါပြီ။

အခုအချိန်မှာတော့ လျှာနဲ့ တစ်ကိုယ်လုံး အလျက်ခံထားရတဲ့ ကျန်းယန်တစ်ယောက် သတိမေ့လုလု ဖြစ်နေခဲ့ပါတယ်။ သူခက်ခက်ခဲခဲ မြေပြင်ပေါ်က လူလှိမ့်ထရင်း ကြေကွဲနာကျင်စွာ အော်ပြောလိုက်ပါပြီ။
“မင်း.. မင်းစောင့်နေ။ စောင့်နေ။ ငါမင်းကို ခွေးမလွှတ်ဘူး (ခွင့်မလွှတ်ဘူး)”

“ဟီး ဟီး.. မင်းလျှာနဲ့ ဆက်လျက်လို့ရတယ်”
ချင်းကျူက အမူအရာ မဲ့စွာ ပြောလိုက်ပါပြီ။

“ဘာ”

ကျန်းယန် တုန်လှုပ်သွားပါတော့တယ်။ သူထွက်ပြေးဖို့ ကြိုးစားလိုက်ပေမဲ့လည်း လျှာကြီးက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့ပါပြီ။

“ကယ်… ကယ်ကြပါဥ.. ကျူမီငါး”

“…”

လျှိုပင်း
“…”

မုရှောင်ယု
“..”

သူမတို့ နှစ်ဦး တစ်ဦးမျက်နှာ တစ်ဦးကြည့်ရင်း ကျောချမ်းတုန်လှုပ်သွားကြပါပြီ။ ဒီဖားပြုတ်က အရမ်းကို ကြောက်စရာ ကောင်းလှပါတယ်။

ထာ၀ရလောက်ကို အချိန်ကြာအောင် လျက်ပြီးချိန်မှာ ကျန်းယန်ကို တမ်လွှတ်ချလိုက်ပါပြီ။ ကျန်းယန်တစ်ယောက် မျက်စိသူငယ်အိမ် လည်နေပါတော့တယ်။ သူမြေပြင်ပေါ်မှာ လဲကျနေသလို အကြောတွေတောင် ဆွဲနေပါပြီ။

ချင်းကျူလည်း ဘာမှ မဖြစ်တဲ့အလား အခန်းထဲ ဝင်သွားပါတော့တယ်။ အပြင်မှာတော့ တုန်လှုပ်နေတဲ့ လျှိုပင်နဲ့ မုရှောင်ယုတို့…

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 87

ဒီနေ့တော့ ၀ူကျန်းကျီးတစ်ယောက် စိတ်ရွှင်နေခဲ့ပါတယ်။ အဆင့်လေး ဆေးဝါးဖော်စပ်သူ တစ်ဦးဖြစ်တာကြောင့် လူအများအပြားရဲ့ အာရုံစိုက်ခြင်းခံနေရသလို လူတိုင်းကလည်း သူ့ကို အလွန်လေးစားစွာ ဆက်ဆံကြပါတယ်။ အခုအချိန်မှာတော့ ရင်ကလန် အကြီးအကဲတစ်ဦးက လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ထားတဲ့အတွက် လက်ဖက်ရည်သောက်နေပါပြီ။ အကြီးအကဲက သူ့ကို ရင်ကလန်ရဲ့ စည်းရုံးရေးမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းပြီး ဆုလာဘ်ကိုလည်း မက်လောက်စရာ ပေးခဲ့ပါတယ်။

ဒီအတွက်ကြောင့် ၀ူကျန်းကျီးရဲ့ အပျော်ကို စာဖွဲ့လို့တောင် မရတော့ပါဘူး။ ဒီအခွင့်အရေးကိုသာ လက်ခံလိုက်မယ်ဆိုရင် သူ့ရဲ့ မြက်ဆေးပင်ဂိုဏ်းဟာ တောက်ပသော မြို့တော်ထဲ တစ်ခါတည်း ခြေချခွင့် ရမှာ ဖြစ်ပြီး မဟာကလန်ကြီး ခြောက်ခုရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခု ချက်ချင်းဖြစ်ခွင့်ရမှာပါ။

အဆင့်လေး ဆေးဝါးဖော်စပ်သူ ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ၀ူကျန်းအနေနဲ့ လုံလောက်တဲ့ ကုန်ကြမ်းပစ္စည်းတွေသာ ရရှိမယ် ဆိုရင် မူလတာအို သူတော်စင် အဆင့်ကို တက်ဖို့ဆိုတာ မခဲယဉ်းတော့ပါဘူး။

မူလတာအို သူတော်စင် အဆင့်ကို သူရောက်သွားတဲ့ အချိန်ကျရင်တော့ ဆေးမြက်ပင်ဂိုဏ်းဟာ မဟာကလန်ကြီး ခြောက်ခုနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။

၀ူကျန်းကျီးရဲ့ ရည်ရွယ်ချက်က ကြီးမားလွန်းပါတယ်။ ဝေကလန် နေရာမှာ အစားထိုး ဝင်ရောက်မဲ့ အစီအစဉ်ကို သူဘယ်တော့မှ တခြားလူကို မပြောပြဖူးပါဘူး။

တောက်ပသော မြို့တော်ကို သူရောက်ရှိလာချိန်ကစလို့ ဒီအကြံအစည်ဟာ ပိုပြီးတော့ ရုပ်လုံးပေါ်သည်ထက် ပေါ်လာခဲ့ပါပြီ။  မဟာကလန်ကြီး ခြောက်ခုနဲ့ ပူးပေါင်းပြီးတော့ မူလတာအို အဆင့်ကို တက်လှမ်းဖို့နဲ့ ဘ၀ရဲ့ အထွတ်အထိပ် အဆင့်မှာ ရပ်တည်ဖို့အထိ စဉ်းစားခဲ့ပါတယ်။

တကယ်လို့ သူသာ ကံကောင်းမယ်ဆိုရင် သူ့ရဲ့ တပည့်ကို ကလန်ကြီး တစ်ခုခုက မိန်းမပျိုတွေက မျက်စိကျသွားနိုင်ပါတယ်။ တပည့်ကို သဘောကျတဲ့ မိန်းကလေးက အသက်အရမ်းကြီးနေရင်တောင်မှ လက်ထပ်လို့ ရတယ်ဆိုရင် ကိစ္စမရှိတော့ပါဘူး။

ဒီအတွေးနဲ့ ၀ူကျန်းကျီး တစ်ယောက် ခြံဝန်းထဲ လမ်းလျှောက်ရင်း တပည့်ဖြစ်သူရဲ့ စိတ်အခြေအနေကို အသင့်ပြင်ထားဖို့ ပြောမယ်လို့ စဉ်းစားနေခဲ့ပါတယ်။

ဒီအခါမှာတော့ မျက်ဖြူလန်နေတဲ့ တပည့်ဖြစ်သူ ကျန်းယန်တစ်ယောက်ကို သူတွေ့လိုက်ရပါပြီ။ သူ့တပည့်ရဲ့ ခန္ဓာကိုယ်ဟာ အဆက်မပြတ် အကြောဆွဲနေခဲ့ပါတယ်။

“ငါ့တပည့်လေး.. ငါ့တပည့်လေး။ ဘာဖြစ်သွားတာလဲ။ မင်းအဆင်ပြေရဲ့လား”

၀ူကျန်းကျီးလည်း တုန်လှုပ်စွာနဲ့ ချက်ချင်း ပြေးသွားပြီး မေးမြန်းလိုက်ပါပြီ။

“…”

ကျွန်တော် အဆင်ပြေတယ်လို့ ဆရာထင်လို့လား။

“ရွံဖို့ကောင်းလိုက်တာ။ ဘာတွေလဲဟ”

ကျန်းယန် ခန္ဓာကိုယ်အထက်က စေးကပ်ကပ် တံတွေးတွေကို တွေ့လိုက်ရတော့ ၀ူကျန်းကျီးတစ်ယောက် ရွံရှာစွာ ကြည့်ရင်း ပြောလိုက်ပါပြီ။

ကျန်းယန်
“…”

၀ူကျန်းကျီးက ဝမ်ရှင်းသူတော်စင် အဆင့်တန်ခိုးရှင်တစ်ဦးပါ။ သူ့ရဲ့ လက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဝိညာဉ်စွမ်းအင်တွေ ဖြာထွက်လာခဲ့ပါပြီ။ ကျန်းယန်ရဲ့ ခန္ဓာကိုယ်က တံတွေးတွေအားလုံး သန့်စင်သွားပါတော့တယ်။ သူမျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်ပါပြီ။
“ဘာဖြစ်သွားလို့လဲ”

ကျန်းယန်လည်း တုန်တုန်ချိချိနဲ့ မြေပြင်ပေါ်ကနေ လူးလဲထလိုက်ပြီး ချင်းကျူရဲ့ အခန်းကို လက်ညှိုးထိုးလိုက်ပါတော့တယ်။
“ဆရာ.. ကျွန်တော့်အတွက် လက်စားချေပေးပါ။ အဲဒီအခန်းထဲက လူက ဆရာ့ကို စော်ကားခဲ့တယ်။ ကျွန်တော်လည်း ဒေါသထွက်လို့ သူ့ကို တိုက်ခိုက်ခဲ့တာပါ။ ဒါပေမဲ့ သူ့မှာ အစွမ်းထက်လှတဲ့ မိစ္ဆသားရဲ တစ်ကောင် ပါလာလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ ကျွန်တော်က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပါဘူး”

“ခွေးမသား… ငါတို့ ဆေးမြက်ပင် ဂိုဏ်းသားကို ဘယ်သူ အနိုင်ကျင့်ဝံ့သလဲကွ”
၀ူကျန်းကျီးလည်း ဒေါသတကြီးနဲ့ ချင်းကျူအခန်းဆီ လျှောက်လှမ်းသွားခဲ့ပါပြီ။

“ဂိုဏ်းချုပ်၀ူ.. ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသထွက်နေတာလဲ”

အခုအချိန်မှာတော့ နံဘေးမှာ ရှိနေတဲ့ အခန်းတံခါး ပွင့်သွားပြီး အမျိုးသမီးတစ်ဦး ၀ူကျန်းကျီးအရှေ့ လျှောက်လှမ်းလာခဲ့ပါပြီ။

ဒီအမျိုးသမီးက သူမရဲ့ ဆံပင်ရှည်တွေကို သေချာ စည်းနှောင်ထားခဲ့ပါတယ်။ သူမဟာ အလွန်ကျက်သရေ ရှိသူပါ။ သူမရဲ့ အသွင်အပြင်ဟာ မြင့်မြတ်ပြီး သိမ်မွေ့လှသလို အရွယ်ရောက်ပြီး အမျိုးသမီးတို့ရဲ့ ပြည့်၀တဲ့ ဆွဲဆောင်မှုကိုလည်း ပိုင်ဆိုင်ထားတာကြောင့် သူမကို တွေ့လိုက်ရတဲ့ ပုထုဇဉ် အမျိုးကောင်းသားတို့ဟာ အတွေးရိုင်းတွေကို တွေးမိကြမှာ မလွဲပါဘူး။

“ရီရောင်”

၀ူကျန်းကျီး မျက်မှောင်ကြုတ်ရင်း ထိတ်လန့်သွားခဲ့ပါပြီ။
“မင်းရဲ့ ကောင်းကင်ဘုံ မှတ်တမ်းဂိုဏ်းက ငါ့ရဲ့ တပည့်ကို အနိုင်ကျင့်လိုက်တာလား”

ဒီမိန်းကလေးကို ၀ူကျန်းကျီး အလွန်ကြောက်ရွံ့ရပါတယ်။ သူမက ရှားရှားပါးပါး သံစဉ်တန်ခိုးရှင်တစ်ဦးပါ။

သံစဉ် တန်ခိုးရှင်တွေဟာ တေးသွားသံစဉ်ကို အသုံးပြုပြီး ရန်သူကို တိုက်ခိုက်ကြပါတယ်။ သူမရဲ့ သိုင်းကွက်တွေဟာ ပုံရိပ်ယောင် တိုက်ခိုက်မှုတွေလိုပဲ ရင်ဆိုင်ဖို့ ခဲယဉ်းသလို တချို့ ရှုထောင့်တွေမှာဆိုရင် ပုံရိပ်ယောင် ပညာရပ်တွေထက် ပိုပြီးတောင် ကြောက်စရာကောင်းနေခဲ့ပါတယ်။

ဒါကြောင့် တခြား ရွေးချယ်မှု ရှိနေသေးတယ်ဆိုရင်တော့ ၀ူကျန်းကျီး အနေနဲ့ ဒီမိန်းကလေးကို မတိုက်ခိုက်ချင်ပါဘူး။

“မဟုတ်ပါဘူး”

ရီရောင် ခေါင်းကို ခါယမ်းလိုက်ပါပြီ။

“ဒါဆို မင်းက ဘာသဘောလဲ”
၀ူကျန်းကျီး မျက်မှောင်ကြုတ်နေခဲ့ပါတယ်။

“ဂိုဏ်းချုပ်တစ်ဦးဖြစ်တဲ့ ဂိုဏ်းချုပ်ကြီး၀ူက လူငယ်လေးတစ်ယောက်ကိုတော့ မတိုက်ခိုက်ဘူး မဟုတ်လား”

ရီရောင်လည်း ပြုံးရွှင်စွာဖြင့်
“ပြီးတော့ ကျွန်မ သိထားသလိုဆိုရင် ရှင့်ရဲ့ တပည့်က အရင်ဆုံး တိုက်ခိုက်ခဲ့တာပဲ”

“အဲဒါကိုတော့ ကျွန်မ သက်သေလုပ်ပေးပါ့မယ်”

မုရှောင်ယုလည်း ရီရောင် အနောက်ကနေ အော်ပြောလိုက်ပါပြီ။

“ကျွန်မလည်း သက်သေလုပ်ပေးနိုင်ပါတယ်”
လျှိုပင်းလည်း ထပ်ပြီး ဖြည့်စွက်ပြောလိုက်ပါတော့တယ်။

ရီရောင်လည်း ဒီတပည့်မ နှစ်ဦးနဲ့ ပတ်သက်ပြီး ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ သူမတို့ တောင်းဆိုမှုကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီကိစ္စမှာ သူမ ဝင်ပါဖြစ်မှာ မဟုတ်တာ သေချာပါတယ်။

၀ူကျန်းကျီးက ဘယ်လိုပဲ ဖြစ်ဖြစ် အဆင့်လေး ဆေးဝါးဖော်စပ်သူပဲ မဟုတ်လား။

“ဆရာ.. သူတို့ ပေါက်ကရ လျှောက်ပြောတာတွေကို မယုံပါနဲ့”

ကျန်းယန်လည်း ကောင်းကင်ဘုံ မှတ်စုဂိုဏ်းချုပ်က ချင်းကျူအတွက် ဝင်ပြောလာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

ဒါပေမဲ့ သူ့စကား မဆုံးခင်မှာပဲ ၀ူကျန်းကျီးက သူ့ကို ပါးရိုက်လိုက်ပြီး
“ငါ့ကို ထပ်ပြီး မလိမ်နဲ့တော့”

ကျန်းယန် တစ်ယောက် ရှောင်ချိန်တောင် မရလိုက်ပဲ မြေပြင်ပေါ် ပုံလျက် လဲကျသွားခဲ့ပါပြီ။ သူအံကို တင်းတင်းကြိတ်လိုက်ထားလိုက်ပါတော့တယ်။ နောက်ထပ် မီးမမွှေးဝံ့တော့ပါဘူး။

“ဂိုဏ်းချုပ်ရီ… ငါ့ရဲ့ တပည့်ကို ငါဆုံးမပြီးသွားပြီ။ မင်းလမ်းဖယ်ပေးလို့ ရမလား”

ရီရောင် မှင်သက်သွားပါတော့တယ်။ ၀ူကျန်းကျီးတစ်ယောက် ဒီလို နည်းလမ်းမျိုး အသုံးပြုလာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ အခု သူမ ဝင်ပါချင်ရင်တောင်မှ ပါဖို့ မဖြစ်နိုင်တော့ဘူး မဟုတ်လား။

ရီရောင် စကားမပြောနိုင်ခင်မှာပဲ ထောင့်ဆုံးအခန်းတံခါး ရုတ်ချည်း ပွင့်သွားခဲ့ပါပြီ။ ချင်းကျူတစ်ယောက် အရက်အိုး ကိုင်ထားလျက်နဲ့ အခန်းအပြင်ကို ထွက်လာခဲ့ပါတော့တယ်။ သူက ၀ူကျန်းကျီးကို လှမ်းကြည့်လိုက်ပြီး
“မင်းက မြက်ဆေးပင်ဂိုဏ်းချုပ်လား”

“အမှန်ပဲ”
၀ူကျန်းကျီးလည်း ဂုဏ်ယူစွာ ပြောလိုက်ပါတော့တယ်။

မြက်ဆေးပင်ဂိုဏ်း တည်ထောင်ထားတာ နှစ်ပေါင်း ၁၀၀ တောင် မပြည့သေးပေမဲ့လည်း ဒီပတ်ဝန်းကျင် ကီလိုမီတာ ငါးထောင်အတွင်း တစ်ခုတည်းသော ဆေးဝါးဂိုဏ်းဖြစ်နေခဲ့ပါတယ်။ အဆင့်သုံး ဆေးဝါးဖော်စပ်သူ ဆယ်ဂဏန်းနဲ့ ၀ူကျန်းကျီးလို အဆင့်လေး ဆေးဝါး ဖော်စပ်သူ တစ်ဦးက ဂိုဏ်းထဲမှာ ရှိနေခဲ့တာကြောင့် ဘယ်သူကမှ သူ့ကို မစော်ကားဝံ့ခဲ့ပါဘူး။

“ဘာလဲ။ မင်းတပည့်အတွက် လက်စားချေဖို့လား”

ချင်းကျူလည်း စိတ်ဝင်တစား မေးမြန်းလိုက်ပါပြီ။

“ဟမ့်.. မင်းက ဘယ်ဂိုဏ်းကလဲ။ ငါတို့ ဆေးမြက်ပင်ဂိုဏ်းကို စော်ကားဝံ့တယ်ပေါ့လေ”

၀ူကျန်းကျီးလည်း ဝိညာဉ်စွမ်းအင်ကို ထုတ်လွှင့်ပြီး မေးခွန်း မေးမြန်းလိုက်ပါပြီ။

ချင်းကျူရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်လှိုင်း လုံး၀ မရှိနေတဲ့ ဖြစ်ရပ်မျိုး ကြုံတွေ့ရလိမ့်မယ်လို့ ၀ူကျန်းကျီး ထင်မထားမိခဲ့ပါဘူး။ အဲဒီအစား ဝမ်ရှင်းသူတော်စင် အစောပိုင်းအဆင့် မိစ္ဆာသားရဲတစ်ကောင် အခန်းထဲ ရှိနေတာကို တွေ့ရှိသွားပါတော့တယ်။

နေပါဦး.. ဒီမိစ္ဆာသားရဲက ဘာမျိုးနွယ်လဲ။

ဘာဖြစ်လို့ ဒီလို သားရဲကောင်မျိုး ငါတစ်ခါမှ မမြင်ဖူးရတာလဲ။

“ရွှမ်းရီတောင်တန်းဂိုဏ်းက ချင်းကျူ”
ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး အမှန်အတိုင်း ဖြေလိုက်ပါပြီ။

“ရွှမ်းရီတောင်တန်းဂိုဏ်း။ အဲဒါက ပိုင်ရီရဲ့ ဂိုဏ်းမဟုတ်လား”

မြက်ဆေးပင်ဂိုဏ်းနဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းတို့ တစ်ခါမှ အဆက်အဆံ မရှိခဲ့ပေမဲ့လည်း ပိုင်ရီရဲ့ နာမည်ကိုတော့ ၀ူကျန်းကျီး ကြားဖူးခဲ့ပါတယ်။ သူတို့ အားလုံးက ဝေကလန် ပိုင်နက်အတွင်းက အဖွဲ့အစည်းတွေပဲ မဟုတ်လား။

ချင်းကျူ အံ့ဩသွားခဲ့ပါပြီ။ သူ့ရဲ့ အားကိုးမရတဲ့ ဂိုဏ်းတူအစ်ကိုကြီးက လူသိများသူ ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“ဒါဆို မင်းက ပိုင်ရီရဲ့ တပည့်ပေါ့။ မင်းရဲ့ ဆရာနဲ့ ငါအကြိမ်တော်တော်များများ ဆုံဖူးတယ်လေ”

ရီရောင်ပြုံးလိုက်ပါပြီ။

“မဟုတ်ပါဘူး။ ငါက သူ့တပည့် မဟုတ်ဘူး”

ချင်းကျူ ခေါင်းကို ခါယမ်းလိုက်ပါပြီ။

“ဂိုဏ်းတူညီလေးပါ”

အားလုံး မှင်သက်သွားကြပါတော့တယ်။

ပိုင်ရီမှာ ဒီလောက် ငယ်ရွယ်တဲ့ ဂိုဏ်းတူညီလေး ရှိတယ်လား။

“ငါ့ ဂိုဏ်းတူအစ်ကိုကြီးက တံခါးပိတ် တရားကျင့်နေလို့ ရွှမ်းရီတောင်တန်းဂိုဏ်းကနေ မဆင်းလာနိုင်သေးဘူး။ ဒါကြောင့် စားသောက်ပွဲကို သူ့ကိုယ်စား ငါတက်ပေးတာပါ”

ချင်းကျူလည်း ပုခုံးတွန့်လိုက်ရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်ပါပြီ။

“မင်းက တကယ်ပဲ ပိုင်ရီရဲ့ ဂိုဏ်းတူညီလေးလား”

ရီရောင် မယုံကြည်နိုင်သေးပါဘူး။

“ဟား ဟား… ပိုင်ရီနဲ့ မင်းဘယ်လိုပဲ ပတ်သက် ပတ်သက် ငါ့ကိစ္စ မဟုတ်ဘူး။ မင်းက မြက်ဆေးပင် ဂိုဏ်းသားကို အနိုင်ကျင့်ခဲ့တယ် ဆိုတော့ တန်ရာတန်ကြေး ပြန်ပေးဆပ်ရမှာပေါ့”

၀ူကျန်းကျီး နှာခေါင်းရှုံ့လိုက်ပါပြီ။

ပိုင်ရီ ဒီနေရာမှာ မရှိတဲ့အတွက် ၀ူကျန်းကျီး ကြောက်နေစရာ မလိုတော့ပါဘူး။ ပိုင်ရီရဲ့ ဂိုဏ်းတူညီလေး ဖြစ်တော့ကော ဘာအရေးလဲ။ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက် စိတ်ထင်တိုင်းကျဲခွင့် ရှိလို့လား။

“ဂိုဏ်းချုပ်ကြီး၀ူ…  မြက်ဆေးပင် ဂိုဏ်းချုပ်ကြီးဖြစ်နေသလို အဆင့်လေး ဆေးဝါးဖော်စပ်သူ တစ်ဦးရဲ့ ဂုဏ်ပုဒ်ကြောင့် ရှင့်အနေနဲ့ ကိုယ့်ထက် အဆင့်နိမ့်တဲ့ ငယ်ရွယ်တဲ့ လူငယ်လေး တစ်ဦးကို အနိုင်ကျင့်ဖို့ မသင့်တော်ပေဘူး ထင်တယ်”
ရီရောင်လည်း ဝင်ဟန့်လိုက်ပါပြီ။

ချင်းကျူသာ သာမန် တပည့်ဖြစ်နေမယ်ဆိုရင် ရီရောင်အနေနဲ့ ဝင်ပါချင်မှ ဝင်ပါမှာပါ။ ဒါပေမဲ့ ပိုင်ရီရဲ့ ဂိုဏ်းတူညီလေး ဖြစ်နေတဲ့အတွက် ရပ်ကြည့်နေလို့ မသင့်တော်လှတော့ပါဘူး။

“လာနောက်နေတာလား။ သူက မိစ္ဆသားရဲနဲ့ ငါ့တပည့်ကို အနိုင်ကျင့်ခဲ့တယ်။ ငါက ဘာမှမဖြစ်သလို ဟန်ဆောင်နေရမှာလား”

၀ူကျန်းကျီး အမြင်မှာတော့ ကျန်းယန်တစ်ယောက် ဘ၀ပျက်ရခြင်းဟာ ဝမ်ရှင်းသူတော်စင်အဆင့် မိစ္ဆာသားရဲကြောင့်လို့ ထင်နေခဲ့ပါတယ်။

ဒါပေမဲ့ ၀ူကျန်းကျီး ဂရုမစိုက်ပါဘူး။ သူ့အနေနဲ့ ဝမ်ရှင်းသူတော်စင် အထွတ်အထိပ်အဆင့်ကို ရောက်နေတာ အချိန်ကြာသွားခဲ့ပါပြီ။ ဝမ်ရှင်းသူတော်စင် အစောပိုင်းအဆင့် မိစ္ဆာသားရဲကို ရင်ဆိုင်ဖို့က လွယ်လွယ်ကလေး မဟုတ်လား။

“ဒီတော့ ရှင်က ဘာဖြစ်ချင်တာလဲ”
ရီရောင်လည်း နောက်မဆုတ်ခဲ့ပါဘူး။

ဆူဆူညံညံ ဖြစ်နေမှုကြောင့် ခြံဝန်းထဲ ရှိနေကြတဲ့ တန်ခိုးရှင် အများအပြား အာရုံစိုက်လာခဲ့ကြပါပြီ။ ဝမ်ရှင်းသူတော်စင် နှစ်ဦး တိုက်ခိုက်တော့မဲ့ အခြေအနေကို မြင်လိုက်ရတဲ့အခါမှာတော့ အားလုံး စိတ်အားထက်သန်စွာ ပွဲကြည့်ပရိတ်သတ် လုပ်လိုက်ကြပါတော့တယ်။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 88
ဆေးဝါးဖော်စပ်ခြင်း ယှဉ်ပြိုင်မှု

“ရီရောင်.. ဒါက မင်းနဲ့ မဆိုင်ဘူး။ ဒါကြောင့် ရှောင်နေစမ်းပါ”

၀ူကျန်းကျီးလည်း မျက်မှောင်ကြုတ်လိုက်ပါပြီ။ သူ့မျက်လုံးတွေထဲကနေ အန္တရာယ်အငွေ့အသက်တွေ ဖြာထွက်လာပါတော့တယ်။

“ကျွန်မ ပါဝင်မယ် ဆိုရင်ကော”
ရီရောင် အေးစက်စွာ ပြောလိုက်ပါပြီ။

ချင်းကျူလည်း အူကြောင်ကြောင် ဖြစ်နေခဲ့ပါတယ်။ ဒီအမျိုးသမီးကို သူ မသိပါဘူး။ ဘာဖြစ်လို့များ သူ့ကို အသည်းအသန်တွေ ကာကွယ်ပေးနေတာလဲ။

သေချာ စဉ်းစားလိုက်တော့ ပိုင်ရီရဲ့ ဂိုဏ်းတူညီလေးလို့ သူပြောခဲ့ချိန်ကစလို့ ရီရောင်ရဲ့ အမူအရာတွေ နည်းနည်း ပြောင်းလဲသွားတာကိုတော့ သတိရခဲ့ပါတယ်။

သူ့ဂိုဏ်းတူအစ်ကိုကြီးနဲ့ ဒီအမျိုးသမီးအကြား ထူးခြားတဲ့ ပတ်သက်မှု တစ်ခုခု ရှိနေလို့လား။

“မင်း”

၀ူကျန်းကျီးလည်း ဒေါသူပုန် ထသွားခဲ့ပါပြီ။ ဒါပေမဲ့ သူလည်း မတတ်နိုင်ခဲ့ပါဘူး။

သူတို့ နှစ်ဦးက လက်ရည်ညီတဲ့ အဆင့်မှာပါ။ တကယ်လို့ တကယ်တိုက်ခိုက်ကြမယ် ဆိုရင် နှစ်ဦးစလုံး ထိခိုက်ကြရုံတင် မကပါဘူး သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အဖျက်စွမ်းအင်ဟာ တစ်ရပ်ကွက်လုံးကိုပါ ဖျက်ဆီးပစ်နိုင်ပါတယ်။ အဲဒီအချိန်ကျရင် မဟာဂိုဏ်းကြီး ခြောက်ဂိုဏ်းကလည်း ငြိမ်နေကြလိမ့်မယ် မဟုတ်တော့ပါဘူး။

ဒီလို အဖြစ်မျိုးကို ၀ူကျန်းကျီး တစ်ယောက် လုံး၀ မလိုလားခဲ့ပါ။

၀ူကျန်းကျီးလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အသံနက်ကြီးနဲ့ ပြောလိုက်ပါပြီ။
“ဂိုဏ်းချုပ်ကြီးရီက ဝင်ပါချင်တယ် ဆိုတော့လည်း ငါ့ရဲ့ တပည့်နဲ့ ဒီလူငယ်လေးကို ယှဉ်ပြိုင်ခိုင်းလိုက်မယ် ဆိုရင်ကော။ ဒါပေမဲ့ သူ့ရဲ့ မိစ္ဆာသားရဲကို အသုံးပြုခွင့် မရှိဘူး။ ရှုံးနိမ့်သွားတဲ့ ဘယ်သူမဆို ရှိခိုးတောင်းပန်ရမယ်”

ရီရောင်လည်း မျက်မှောင်ကြုတ်လိုက်ပြီး
“ဘာကို ယှဉ်ပြိုင်မှာလဲ”

“ဆေးဖော်စပ်တဲ့ ပညာရပ်”

“ဟား ဟား.. ဂိုဏ်းချုပ်ကြီး၀ူ.. လျှောက်ပြောမနေနဲ့။ ရှင်ရဲ့ မှော်ဆေးဝါးဂိုဏ်းရဲ့ တပည့်တစ်ဦးကို တခြား အပြင်လူတစ်ဦးနဲ့ ဆေးဖော်စပ်တဲ့ ပညာချင်း ပြိုင်ခိုင်းချင်တယ်လား။ ရှင်က တော်တော်ကို အရှက်မရှိတဲ့လူပဲ”
ရီရောင် နှာခေါင်းရှုံ့လိုက်ပါပြီ။

ရီရောင်ရဲ့ လှောင်ပြောင်မှုကို လျစ်လျူရှုပြီး ၀ူကျန်းကျီး တစ်ယောက် ချင်းကျူကို လှမ်းကြည့်လိုက်ပါပြီ။

အစတုန်းကတော့ ဒီမြက်ဆေးပင် ဂိုဏ်းချုပ်တစ်ကိုယ်လုံးကို လျှာနဲ့ နှိပ်နယ်ခိုင်းဖို့အတွက် တမ်ကို အမိန့်ပေးဖို့ ချင်းကျူ စဉ်းစားနေပေမဲ့လည်း ၀ူကျန်းကျီး ဆိုစကားကြောင့် ချင်းကျူ စိတ်ဝင်စားမိသွားခဲ့ပါပြီ။

အရင်တုန်းက တစ်ခါမှ သူဆေးဝါး မဖော်စပ်ဖူးပါဘူး။ အခု စမ်းကြည့်ရင်လည်း မဆိုးလှဘူး မဟုတ်လား။

“ကောင်းပြီလေ။ မင်းရဲ့ တောင်းဆိုချက်ကို ငါလက်ခံတယ်”
ချင်းကျူလည်း ခေါင်းညိတ်သဘောတူလိုက်ပါပြီ။

“ချင်းကျူ.. မင်း”

ရီရောင် စိုးရိမ်သွားပါတော့တယ်။

“စိတ်မပူပါနဲ့။ ငါမရှုံးပါဘူး”
ချင်းကျူ ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်ပါပြီ။

သူ့ရဲ့ ကျင့်စဉ် အဆင့်နဲ့ ဆေးဖော်စပ်ရာမှာ မအောင်မြင်ဘူး ဆိုရင်တောင်မှ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အရာ၀တ္ထုတစ်ခုခုကို ဖန်တီးနိုင်ပါသေးတယ်။ ဒါ့အပြင်ကို သူဖန်တီးတဲ့ အရာ၀တ္ထုဟာ အဆင့်နိမ့်စရာလည်း အကြောင်းမရှိပါဘူး။ ဒါကြောင့် ရှုံးနိမ့်မှာကိုလည်း စိတ်မပူမိခဲ့ပါဘူး။

“လူငယ်လေး… ကောင်းကင်ဘုံရဲ့ မြင့်မြတ်ခြင်း ကမ္ဘာမြေရဲ့ သိပ်သည်းမှုနဲ့ သမုဒ္ဒရာရဲ့ နက်ရှိုင်းမှုကို မင်းသဘောမပေါက်သေးဘူးပဲ”

၀ူကျန်းကျီးတစ်ယောက် နှာခေါင်းရှုံ့လိုက်ပါပြီ။

“ကျန်းယန်… ငါတို့ မြက်ဆေးပင်ဂိုဏ်း ဘယ်လောက် အစွမ်းထက်ကြောင်း သူ့ကို သက်သေပြလိုက်စမ်းပါ”

“ဟုတ်ကဲ့ ဆရာ”

ကျန်းယန်လည်း ခေါင်းမော့ရင်း ရင်ဘတ်ကို ပုတ်လိုက်ပါပြီ။ သူ့ဦးခေါင်းက မိုးကောင်းကင်ကို ၄၅ ဒီဂရီ မော့ကြည့်နေခဲ့ပါတယ်။ ချင်းကျူ သူ့အရှေ့ ဒူးထောက်ရှိခိုးနေတဲ့ မြင်ကွင်းကိုလည်း မြင်ယောင်လာမိပါပြီ။

အဆင့်တစ် ဆေးဝါး ဖော်စပ်သူ တစ်ဦးဖြစ်တဲ့ ကျန်းယန်ဟာ ယုံကြည်မှု အပြည့်အ၀ ရှိခဲ့ပါတယ်။

“ကောင်လေး… ဒူးထောက်တောင်းပန်ဖို့ပဲ စောင့်နေလိုက်စမ်းပါ”

ချင်းကျူကို တစ်ချက် မျက်စောင်းထိုးလိုက်ပြီး ကျန်းယန်တစ်ယောက် ဆေးပေါင်းအိုးကို သိုလှောင်ခန်း လက်စွပ်ထဲကနေ ထုတ်ယူလိုက်ပါပြီ။ ပြီးတာနဲ့ ဆေးပင်အများအပြားကို ထုတ်ယူလိုက်ပြီး လေသံမြှင့် ပြောဆိုလိုက်ပါတော့တယ်။

“ငါဖော်စပ်မဲ့ ဆေးဝါးကတော့ ပထမ အဆင့်မှာ အဆင့်မြင့် ဆေးဝါးတစ်မျိုးဖြစ်တဲ့ ပထမအဆင့် အမြုတေစွမ်းအင် အားဖြည့်ဆေးပဲ”

အခုအချိန်မှာတော့ ကျန်းယန်တစ်ယောက် အလွန်စိတ်ဓာတ်တက်ကြွနေပါပြီ။

တမ်ရဲ့ နှိပ်စက်မှု ခံခဲ့ရတဲ့ အဖြစ်ကိုတောင် ချက်ချင်း မေ့လျော့သွားပါတော့တယ်။

“အဲ.. ဂိုဏ်းချုပ်ရီ… မင်းမှာ ဆေးပေါင်းအိုး တစ်ခုလောက် ရှိမလား။ ငါ့ကို ခဏငှားပါလား”

ချင်းကျူလည်း အူကြောင်ကြောင်နိုင်စွာ ပြောလိုက်ပါတော့တယ်။

ရီရောင်
“???”

“ဟား ဟား ဟား… မင်းမှာ ဆေးပေါင်းအိုးတောင် မရှိဘူးလား။ ဆေးဖော်စပ်တာကိုကော တကယ် နားလည်လို့လား”
ကျန်းယန် ရယ်မောလိုက်ပါတော့တယ်။

၀ူကျန်းကျီးလည်း ပြုံးလိုက်မိပါပြီ။ လူငယ်လေးတွေက တကယ်ပဲ ကြံ့ခိုင်ချင်ယောင် ဟန်ဆောင်တတ်ကြတာကိုး။

“ငါ့မှာ ဆေးပေါင်းအိုး တစ်ခု ရှိပါတယ်။ ဒါပေမဲ့ ဆေးဖော်စပ်တဲ့ နည်းလမ်းကို မင်းတကယ်ကော သိထားရဲ့လား။ တကယ်လို့ မသိဘူးဆိုရင် မင်းအရှုံးပေးလိုက်ပါ။ မင်းဘေးကင်းလုံခြုံမှု ရှိစေဖို့ ငါအာမခံပါတယ်”
ရီရောင်လည်း စိတ်ပူစွာ ပြောလိုက်ပါပြီ။

လျှိုပင်းနဲ့ မူရှောင်ယုတို့ တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြပါတော့တယ်။ ဒါက သူများ ကိစ္စ ကြားဝင်မပါချင် မစပ်စုချင်တဲ့ သူမတို့ ဆရာမကော ဟုတ်သေးရဲ့လား။ သူမတို့ နှစ်ဦး အချိန်တော်တော်ကြာ တောင်းပန်မှသာ ဝင်ပါပေးခဲ့တာ မဟုတ်ဘူးလား။ အခု ဘယ်လိုလုပ်ပြီး ဒီလောက်အထိ လိုက်လျောကူညီပေးနေရတာလဲ။ ဆရာမက ဒီလူငယ်လေးကို သဘောများ ကျသွားလို့လား။

“ငါ့ကို ယုံလိုက်စမ်းပါ”

ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး အလေးအနက်ထား ပြောလိုက်ပါပြီ။

“ကောင်းပြီလေ”

ရီရောင်လည်း မတတ်သာတော့ပဲ အချိန်တော်တော်ကြာ အသုံးမပြုပဲ သိမ်းဆည်းထားတဲ့ ဆေးပေါင်းအိုး တစ်လုံးကို သိုလှောင်ခန်း လက်စွပ်ထဲက ထုတ်ယူပြီး ချင်းကျူကို ပေးလိုက်ပါပြီ။

သူမ အဆုံးစွန်အထိ စဉ်းစားထားခဲ့ပါတယ်။ တကယ်လို့ ရှုံးနိမ့်သွားချိန် ချင်းကျူက မရှိခိုးမကန်တော့ချင်ဘူးဆိုရင် ၀ူကျန်းကျီးနဲ့ သူမ မိတ်ပျက်ရရင်တောင်မှ ချင်းကျူကို အတတ်နိုင်ဆုံးကာကွယ်ပေးသွားမယ် ဆိုပြီးတော့ပါ။

“အဲ.. ဂိုဏ်းချုပ်ရီ.. တစ်ခုလိုသေးတယ်။ မင်းမှာ မှော်ဆေးဝါး ပညာရပ် ကျမ်းစာအုပ်တစ်အုပ်တစ်လေ ရှိမလား”

“???”

ရီရောင်တစ်ယော်တည်း မကပါဘူး။ ကျန်လူတိုင်းရဲ့ မျက်နှာတွေအထက် ကွက်ရှင်မတ်တွေ ပေါ်လာခဲ့ပါပြီ။

လာနောက်နေတာလား။ အခုမှပဲ မှော်ဆေးဝါးကျမ်းကို စဖတ်ဖို့လား။

ဒါဆို တစ်ခါမှ ဆေးမဖော်ဖူးဘူးပေါ့။

“ငါ့မှာ အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်းပဲ ရှိတယ်”

“ရတယ်။ ဆေးဝါးပညာရပ်နဲ့ သက်ဆိုင်ရင် ပြီးတာပဲ”

ချင်းကျူ ဝမ်းသာအားရ ပြောလိုက်ပါပြီ။ အခု သူ့အတွက် အလိုအပ်ဆုံးက အခြေခံ ဗဟုသုတပါ။ အခြေခံ ပိုကျလေလေ ကောင်းလေပဲ မဟုတ်လား။

အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်ကို လှမ်းယူလိုက်ပြီး ချင်းကျူ လှန်လှောဖတ်ရှုလိုက်ပါပြီ။ စာမျက်နှာ အနည်းငယ်ကို ဖတ်ပြီးချိန်မှာတော့ မှော်ဆေးဝါးဖော်စပ်နည်း ဗဟုသုတတွေပဲ ဆိုတာ သေချာသွားပါတော့တယ်။

“ကောင်လေး။ မင်းရှုံးမှာပဲလေ”

ကျန်းယန် တစ်ယောက် ချင်းကျူ တစ်ခါမှ ဆေးမဖော်ဖူးဘူးလို့ ထင်မထားမိခဲ့ပါဘူး။ သူ့ရင်ထဲမှာ ပိုပြီး ကျေနပ်အားရ ဖြစ်သွားခဲ့ပါပြီ။

မီးလျှံတွေ တည်ငြိမ်မှု ရှိလာချိန်မှာ ကျန်းယန်တစ်ယောက် ဆေးပင်တချို့ကို ပစ်ထည့်လိုက်ပြီး သန့်စင်လိုက်ပါပြီ။ တစ်ဖက်မှာတော့ ချင်းကျူတစ်ယောက် အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်းကို လေ့လာနေဆဲပါ။

ပတ်ဝန်းကျင်က ပွဲကြည့်ပရိတ်သတ်တွေလည်း တစ်ဦးပြီး တစ်ဦး ခေါင်းကို ခါယမ်းလိုက်ကြပါပြီ။ ချင်းကျူရဲ့ လုပ်ရပ်အတွက် သူတို့ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြရပါတယ်။

နောက်ပိုင်း ဘာဖြစ်မယ်ဆိုတာက တွေးစရာတောင် မလိုတော့ပါဘူး။ တစ်ခါမှ ဆေးမဖော်ဖူးသူ တစ်ဦး ပြီးတော့ ဆေးဖော်နည်း အခြေခံကိုတောင် မသိထားသူ တစ်ဦးက ဘယ်လိုလုပ်ပြီး ကျန်းယန်ကို အနိုင်ရနိုင်ပါလိမ့်မလဲ။

“ဟူး.. လူငယ်လေးတွေက အရမ်း လောကြီးကြတယ်။ သူက ဒီလို ပြိုင်ပွဲကိုတောင် သဘောတူလိုက်သေးတယ်။ ကျန်းယန်က အဆင့်တစ် ဆေးဝါးဖော်စပ်သူ ဖြစ်နေပြီလေ”

“သူအလောကြီးတယ်လို့တော့ မထင်မိပါဘူး။ သူက ငထုံဖြစ်နေတာပါ”

“တကယ်လို့ ငါသာဆိုရင် လုံး၀ သဘောတူလိုက်မှာ မဟုတ်ဘူး”

“…”

အားလုံး လေသံနဲ့ ဆွေးနွေးနေကြပါတယ်။ ရီရောင်အပါအဝင် ဘယ်သူကမှ ချင်းကျူ အနိုင်ရမယ်လို့ ထင်မထားကြပါဘူး။

ကျန်းယန် တစ်ယောက် မှော်ဆေးပင်တွေကို ခက်ခက်ခဲခဲ သန့်စင်ပြီး ဆေးဝါးအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်လိုက်ချိန်မှာပဲ ချင်းကျူတစ်ယောက် အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်းကို ဖတ်ရှုလို့ ပြီးဆုံးသွားခဲ့ပါပြီ။

“ငါနားလည်ပြီ။ မှော်ဆေးဝါး ဖော်စပ်နည်းက ဒီလောက် ရိုးရှင်းတာပေါ့”

အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်းကို ချင်းကျူ ပိတ်လိုက်ပြီး သာမန်ပဲ ပြောလိုက်ပါတော့တယ်။

“ဟီး ဟီး.. ငပေါ”

ကျန်းယန် နှာခေါင်းရှုံ့လိုက်ပါပြီ။

သာမန် အခြေအနေမျိုးမှာ လူတစ်ဦးအနေနဲ့ မှော်ဆေးဝါး ဖော်စပ်သူ ဖြစ်ချင်တယ်ဆိုရင် နှစ်တော်တော်ကြာကြာ အခြေခံကို ကြိုးကြိုးစားစား လေ့လာဖို့ လိုအပ်ပါတယ်။

သူ့အနေနဲ့ ပညာရှင် ဆရာသမားရဲ့ လမ်းညွှန်မှုကို အားကိုးပြီး အကြိမ် ထောင်ပေါင်းများစွာ သောကျဆုံးခြင်းတွေကို ကျော်ဖြတ်ပြီးတော့မှသာ အဆင့်တစ် မှော်ဆေးဝါး ပညာရှင်တစ်ဦး ဖြစ်လာခဲ့တာပါ။

အဲဒီတုန်းက ကျန်းယန်တစ်ယောက် အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်းကို ဖတ်ရှုပြီးချိန်မှာ ဆေးဖော်ရတာ အလွန်ရိုးရှင်းတယ်လို့ ထင်မိခဲ့ဖူးပါတယ်။ နောက်ဆုံးတော့ ကိုယ်တိုင် ဆေးဖော်စပ်မှု ခက်ခဲမှုကို နားလည်သဘောပေါက်ခဲ့တာပါ။

နှစ်လလောက် အချိန်ယူတော့မှသာ မီးအရှိန်ကို ထိန်းချုပ်ရုံ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ချင်းကျူက အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်းကို ငါးမိနစ်တောင် ပြည့်အောင် မဖတ်ရသေးပါဘူး။ သူက ပါရမီရှင် တစ်ဦး ဖြစ်နေရင်တောင်မှ ဆေးပေါင်းအိုး မပေါက်ကွဲသွားဖို့အတွက်ပဲ အာမခံနိုင်ပါလိမ့်မယ်။

စဉ်းစားရင်း ကျန်းယန်တစ်ယောက် ဖင်ကို မသိမသာ တွန်းရွှေ့လိုက်ပါပြီ။ ချင်းကျူရဲ့ ဆေးပေါင်းအိုး မတော်တဆ ပေါက်ကွဲသွားရင် သူ့ကို လာမစင်စေဖို့ အတွက်ပါ။

အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်းကို ဖတ်ရှုပြီးချိန်မှာ ဘာဆေးဝါးကို ဖော်စပ်ရမလဲလို့ ချင်းကျူ စဉ်းစားနေခဲ့ပါတယ်။ ပြောရရင် သူ့မှာ ဆေးဝါး ဖော်စပ်နည်း ဖော်မြူလာတွေ မရှိသေးပါဘူး။ ဒါကြောင့် လေထဲ တိုက်အိမ်ဆောက် စိတ်ကူးနေခဲ့တာပါ။

အချိန်တော်တော်ကြာသွားချိန်မှာ ချင်းကျူ နဖူးကို လက်ဝါးနဲ့ ရိုက်လိုက်ပြီး နှစ်တစ်ထောင် အရက်အိုး တစ်အိုးနဲ့ ဝိညာဉ်ဆေးပင် တချို့ကို သိုလှောင်ခန်း လက်စွပ်ထဲကနေ ထုတ်ယူလိုက်ပါပြီ။ ပြီးသွားတာနဲ့ ဆေးပေါင်းအိုးထဲ ရောမွှေထည့်လိုက်ပါတော့တယ်။

“ငါ.. ငါတွေ့နေရတာ တကယ်ကြီးလား။ အဲဒါ.. အဲဒါက သွေးဝိညာဉ် သစ်သီး မဟုတ်ဘူးလား”

“ပြီးတော့ ကျောက်စိမ်း အမြုတေ သစ်သီး၊ သော်တာလိမ္မော်သီး.. ဘုရားရေ… အဲဒီ ဝိညာဉ်သစ်သီးတွေက မျိုးသုန်းပျောက်ကွယ်သွားကြပြီ မဟုတ်ဘူးလား”

ချင်းကျူ ထုတ်ယူလိုက်တဲ့ ဝိညာဉ်သစ်သီးတွေကို ကြည့်ပြီး အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြပါပြီ။ တန်ခိုးရှင် အများအပြားပဲ ဒီရတနာတွေကို လုယူလိုစိတ် ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ အားလုံးရဲ့ မျက်လုံးတွေ မီးဝင်းဝင်း တောက်ပလာခဲ့ပါပြီ။

တစ်ဦးအနေနဲ့ ဒါတွေ အားလုံးက အဆင့်လေး ဝိညာဉ်သစ်သီးတွေဖြစ်ကြောင်း သိထားကြပြီးသားပါ။ သူတို့ အမြင်မှာတော့ ဆေးဖော်စပ်နည်းကိုတောင် မသိတဲ့ လူတစ်ဦးအတွက် ဒါက ဘုရားသခင် ပေးအပ်တဲ့ လက်ဆောင်ကို ဖြုန်းတီးခြင်းနဲ့ အတူတူ ဖြစ်နေခဲ့ပါတယ်။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 89
ဆေးရဲ့ သင်းရနံ့ ( #အမူးသမားနှလုံးသားဆေး )

ဒါက ချင်းကျူရဲ့ ပထမဆုံးအကြိမ် ဆေးဝါးဖော်စပ်ခြင်းပါပဲ။

ဒီမတိုင်ခင်တုန်းက ချင်းကျူတစ်ယောက် ဆေးဖော်ဖို့ မဆိုထားနဲ့ ဆေးဝါးကျမ်းစာအုပ်တွေကို ထိတောင် မထိတွေ့ဖူးခဲ့ပါဘူး။

ပိုင်ရီရဲ့ ဆေးဖော်စပ်နေပုံကိုတော့ မြင်ဖူးခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်ရီရဲ့ ဆေးဖော်စပ်တဲ့ ပညာစွမ်းဟာ ကျန်းယန်ကိုတောင် မမှီနိုင်သေးပါဘူး။

ဒါပေမဲ့ တခြားနေရာမှာတော့ ကျန်းယန်အနေနဲ့ ချင်းကျူကို ယှဉ်နိုင်လိမ့်မယ် မဟုတ်တာ သေချာပါတယ်။

ဝိညာဉ်အရက်နဲ့ ဝိညာဉ်သစ်သီးတွေကို ဆေးပေါင်းအိုးထဲ ပစ်ထည့်ပြီးချိန်မှာ ချင်းကျူတစ်ယောက် ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး တစ်ခါတည်း သန့်စင်လိုက်ပါပြီ။

အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်းထဲမှာ ညွှန်းထားသလို ဆိုရင်တော့ ဆေးပင်တွေကို သန့်စင်ဖို့ဆိုတာ ဆေးဝါးဖော်စပ်ရာမှာ အခက်ခဲဆုံး အဆင့်တစ်ခုပါ။ အရေးအကြီးဆုံး အဆင့်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဆေးပင်ရဲ့ အဆင့်မြင့်မားလေလေ သန့်စင်ဖို့ ပိုပြီး ခက်ခဲလေလေပါ။

ဝိညာဉ်ဗဟိုကမ္ဘာရဲ့ ထိပ်တန်းအဆင့် မှော်ဆေးဝါး ဖော်စပ်ကြသူတွေတောင်မှ အသုံးပြုရတဲ့ ဆေးပင်ကုန်ကြမ်းတွေကို အာနိသင် ၉၀% အထိသာ ရရှိအောင် သန့်စင်နိုင်စွမ်း ရှိခဲ့ကြပါတယ်။ ကျန်တဲ့ ဆေးအာနိသင် ၁၀% က လေထဲ ပျောက်ကွယ်သွားစမြဲပါ။

ကျန်းယန်လို အဆင့်တစ် မှော်ဆေးဝါး ဖော်စပ်သူ တစ်ဦးအနေနဲ့ ဖော်စပ်ထားတဲ့ မှော်ဆေးဝါးမှာ ဆေးစွမ်း အာနိသင် ၅၀% လောက် ရရှိဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ခဲယဉ်းပါတယ်။ ပြောရရင် အဆင့်မြင့် မှော်ဆေးဝါး ဖော်စပ်နည်းကို သူဆုပ်ကိုင်မိတဲ့ အချိန်မှာတောင် ဒီလို ဖြစ်နိုင်ဖို့ အလွန်ခက်ခဲနေခဲ့တာပါ။

ဆေးပေါင်းအိုးထဲမှာ ဆေးပင်များစွာရဲ့ ဆေးစွမ်းအာနိသင်တွေကို တစ်မျိုးချင်းဆီ သန့်စင်ထုတ်ယူဖို့ မဖြစ်နိုင်တဲ့ အတွက် ဆေးပင်မျိုးစုံ ရောနှောပြီးမှသာ သန့်စင်ထုတ်ယူလို့ ရခဲ့ပါတယ်။ ဒီနေရာမှာ မှော်ဆေးဝါး ဖော်စပ်သူရဲ့ အစွမ်းဟာ အလွန်အရေးကြီးသွားခဲ့ပါပြီ။

တကယ်လို့ အဖွဲ့အစည်း တစ်ခုခုမှာ အဆင့်မြင့် ဆေးဝါးဖော်စပ်သူ တစ်ဦးဦး နောက်ခံရှိနေမယ်ဆိုရင် အချိန်တိုအတွင်း သူတို့ အင်အားဟာ သိသိသာသာ တိုးတက်လာမှာပါ။ ဒါကြောင့်လည်း မဟာကလန်ကြီး ခြောက်ခုက ၀ူကျန်းကျီးကို အလေးထားခဲ့ကြတာပါပဲ။

ဒါပေမဲ့ အခုအချိန်မှာတော့ ချင်းကျူဟာ ဝိညာဉ်သစ်သီးတွေထဲက ဝိညာဉ်ကီကို အစအန မကျန်အောင် အပြည့်အ၀ သန့်စင်ပြီးသွားခဲ့ပါပြီ။ တကယ်လို့ တစ်ယောက်ယောက်သာ ဒီအဖြစ်ကို တွေ့လိုက်ရရင် ရင်ထဲအသည်းထဲကနေ တုန်လှုပ်ချောက်ချားသွားပါလိမ့်မယ်။

“မင်းက ဘာဆေးဖော်စပ်မှာလဲ”

ရီရောင်လည်း လှမ်းမေးလိုက်ပါပြီ။ သူမအနေနဲ့ ဝိညာဉ်အရက်နဲ့ ဝိညာဉ်သစ်သီး အသုံးပြု ဖော်စပ်သန့်စင်ထားတဲ့ ဆေးဝါးမျိုးကို မမြင်ဖူးသေးပါဘူး။

ခဏလောက် စဉ်းစားပြီးချိန်မှာ ချင်းကျူ သာမန်ပဲ ပြန်ဖြေလိုက်ပါပြီ။
“#အမူးသမားနှလုံးသားဆေး”

“#အမူးသမား နှလုံသားဆေး။ အဲဒါက ဘာဆေးဝါးမျိုးလဲ”
ရီရောင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါတော့တယ်။

“အင်း.. ငါကိုယ်တိုင် တီထွင်လိုက်တဲ့ ဆေးဝါးပဲ”

ပြောပြောဆိုဆိုနဲ့ ချင်းကျူ လက်ကို ဝှေ့ယမ်းလိုက်ပါပြီ။ မိုးနဲ့မြေအကြား ရှိနေတဲ့ ဝိညာဉ်စွမ်းအင်တွေဟာ အသည်းအသန် စုဝေးလာပါတော့တယ်။

“ဒါက”

ရီရောင် မှင်သက်သွားခဲ့ပါပြီ။ သူက အဆင့်လေး ဆေးဝါးကို ဖော်စပ်နေတယ် ဆိုရင်တောင်မှ ဒီလို ပတ်ဝန်းကျင် တစ်ခုလုံး အုတ်အော်သောင်းနင်း မဖြစ်သွားနိုင်ဘူး မဟုတ်လား။

“အရမ်းကို ကြောက်ဖို့ကောင်းတဲ့ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုပါလား”

ပတ်ဝန်းကျင်မှာ ရပ်ကြည့်နေကြတဲ့ ပရိတ်သတ်တွေလည်း မယုံကြည်နိုင်စွာ မှင်သက်အံ့ဩနေကြပါပြီ။ ဒီအပြင်ဘက် အနီးဝန်းကျင်မှာ ရှိနေကြတဲ့ တန်ခိုးရှင်တွေလည်း ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုကြီးကြောင့် ခေါင်းမော့ကြည့်လိုက်ကြပါတော့တယ်။

ဒီအချိန်မှာတော့ အတုန်လှုပ်ဆုံး တစ်ဦးက ဝမ်ကျန်းကျီးပါ။ သူက အဆင့်လေး ဆေးဝါးဖော်စပ်သူ တစ်ဦးဖြစ်တာကြောင့် ရပ်ကြည့်နေကြသူတွေထဲ ဆေးဝါးဖော်စပ်ခြင်းကို သူ့လောက်နားလည်သူ မရှိသလောက်ပါပဲ။

ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ပမာဏနဲ့ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုကြီးဟာ အဆင့်လေး အလယ်အဆင့် ဆေးဝါးကို သူဖော်စပ်ခဲ့စဉ်တုန်းကထက် ပိုပြီး ပြင်းထန်နေခဲ့ပါတယ်။ ဒါဆို ချင်းကျူက အဆင့်လေး အဆင့်မြင့် အဆင့် ဆေးဝါးကို ဖော်စပ်နေတာလား။

လာနောက်နေတာလား။ ကမ္ဘာလောကက စိတ်ရူးပေါက်နေလို့လား။

အရေးအကြီးဆုံးတော့ ဝိညာဉ်ကီစွမ်းအင်တွေဟာ အဆင့်မြင့် ဆေးဝါးဖော်စပ်မှု ပညာရပ်ကြောင့် လှုပ်ရှားထွက်ပေါ်လာခြင်း မဟုတ်ပဲ ကမ္ဘာလောကကနေ အဓမ္မ ဖိအားပေးထုတ်ယူထားခဲ့တာပါ။ ဒီလို ဖြစ်ရပ်မျိုးက စာဖွဲ့ဖို့တောင် မဖြစ်နိုင်တော့ပါဘူး။

၀ူကျန်းကျီးလည်း သူ့ရဲ့ ဝိညာဉ်အာရုံနဲ့ ချင်းကျူကို တစ်ချက် လှမ်းကြည့်လိုက်ပါပြီ။ ဒါပေမဲ့ ချင်းကျူဆီကနေ ဘာဝိညာဉ်စွမ်းအင်လှိုင်းကိုမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီအခါမှာတော့ ၀ူကျန်းကျီးရဲ့ နှလုံးသားထဲ ကြောက်စရာကောင်းတဲ့ အတွေးတစ်ခုကို ရုတ်ချည်း တွေးမိသွားခဲ့ပါပြီ။

ဒီလူငယ်လေးက အပြင်မှာ မြင်နေရသလို သာမန်လူတစ်ဦး မဖြစ်နိုင်တော့ဘူးလား။

ဒါပေမဲ့ ဝမ်ရှင်းသူတော်စင်တွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၀၀ အထိသာ ရှိခဲ့ပါတယ်။ သူ့အနေနဲ့ လူငယ်လေးရဲ့ တန်ခိုးကျင့်စဉ် အခြေခံကို မမြင်နိုင်ဘူး ဆိုတော့ လူငယ်လေးက မူလတာအို အဆင့် တန်ခိုးရှင်တစ်ဦးများ ဖြစ်နေမလား။

၀ူကျန်းကျီး ကောက်ချက် မချနိုင်ခင်မှာပဲ ခြံဝန်းတစ်ခုလုံး သုံးကြိမ်သုံးခါ တုန်လှုပ်သွားခဲ့ပါပြီ။ ရွှေရောင်အလင်းမှုန်တွေဟာ ကောင်းကင်အထက်က ကြယ်တာရာမြစ်ကြီးအလား ထင်ရှားစွာ ပေါ်ထွက်လာပါတော့တယ်။

“ဒါက… ဘာတွေလဲ”

ရွှေရောင်အလင်းတွေကို မြင်လိုက်ရချိန်မှာတော့ အားလုံးရဲ့ နှလုံးသားထဲ စာဖွဲ့မရနိုင်တဲ့ ခံစားချက်ကို ခံစားလိုက်ရပါပြီ။ အချိန်တခဏအထိ သူတို့ အသက်မရှူနိုင်အောင် ဖြစ်သွားကြပါတော့တယ်။

ရွှေရောင်အလင်းတွေ လွင့်ပြယ်မသွားခင်မှာပဲ ပိုပြီး ထူးခြားတဲ့ အချင်းအရာတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။ ချက်ချင်းဆိုသလိုပဲ အားလုံးရဲ့ အမြင်အောက်မှာ ခြံဝန်းလေးဟာ ကမ္ဘာငယ်လေး တစ်ခုအသွင် ပြောင်းလဲသွားသလိုပါပဲ။ ပတ်ဝန်းကျင် တည်ရှိနေမှုနဲ့ ရှုခင်း အားလုံးဟာ ပျက်စီးသွားခဲ့ပြီး ချင်းကျူရဲ့ ဆေးပေါင်းအိုးထဲ လှိုင်းလုံးကြီးအဖြစ် စီးဆင်းဝင်ရောက်သွားခဲ့ပါပြီ။

ဒီမှာတင် မရပ်တန့်ခဲ့ပါဘူး။ ဆေးပေါင်းအိုးကြီးထဲ အဖြစ်အပျက်တွေ စီးဆင်းဝင်ရောက်သွားချိန်မှာ သိပ်သည်းလှတဲ့ ဆေးရနံ့ဟာ ခြံဝန်းထဲ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လေနဲ့အတူ လွင့်ပြယ်သွားခဲ့ပါပြီ။ ဒီရနံ့ကြောင့် လူတိုင်းလူတိုင်း အလွန်တိတ်ဆိတ်ငြိမ်းချမ်းတဲ့ ခံစားချက်ကို ရရှိစေခဲ့ပါတယ်။

ဒါကို တွေ့လိုက်ရတဲ့ ချင်းကျူလည်း အူကြောင်ကြောင် ဖြစ်နေခဲ့ပါတယ်။ ဒီလို ဖြစ်လာလိမ့်မယ်လို့ သူထင်မထားမိခဲ့ပါဘူး။

အခြေခံ ဆေးဝါးဖော်စပ်နည်းကျမ်းထဲမှာ ဆေးဝါးဖော်စပ်မှု အခြေခံ အသိတွေကိုသာ ရှင်းပြထားခဲ့တာပါ။ ဒီလို ထူးဆန်းတဲ့ အချင်းအရာတွေ ဖြစ်ပေါ်လာမယ်လို့လည်း မရှင်းပြထားပါဘူး။

ကြည့်ရတာ မတော်တဆနဲ့ သူအရမ်းလွန်သွားပြီထင်ပါတယ်။

“ဒါ… ဒါက”

၀ူကျန်းကျီး မှင်သက်တွေဝေနေခဲ့ပါတယ်။ သူ့မျက်လုံးကိုတောင် မယုံကြည်နိုင်အောင် ဖြစ်နေပါပြီ။

“အံ့ဖွယ်ဘနန်း နိမိတ်လက္ခဏာတွေ တစ်ခုပြီး တစ်ခု ဖြစ်ပျက်လာခဲ့တယ်။ ဆေးရဲ့သင်းရနံ့ဟာ ငါးကီလိုမီတာ အကွာအဝေးအထိ ပျံ့နှံ့သွားခဲ့တယ်။ ဒါက ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်ချိန်မှသာ ပေါ်ထွက်လာနိုင်တဲ့ နိမိတ်လက္ခဏာ မဟုတ်ပေဘူးလား”

သူ့စကား မဆုံးခင်မှာပဲ ၀ုန်းဆိုတဲ့ ကျယ်လောင်တဲ့ အသံကြီး ဆပါ်ထွက်လာခဲ့ပါပြီ။ ဆေးဖော်စပ်နေတဲ့ ကျန်းယန်ရဲ့ ဆေးပေါင်းအိုး ရုတ်ချည်း ပေါက်ကွဲသွားခဲ့တာပါ။

“ဝေါ့”

ကျန်းယန်လည်း သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး အနောက်ကို လွင့်စဉ်သွားခဲ့ပါပြီ။ သူကိုယ်တိုင် အလျှင်အမြန် နောက်ဆုတ်နိုင်ခဲ့တာကြောင့်သာ မဟုတ်ဘူးဆိုရင် ပေါက်ကွဲမှု့ကြောင့် ဒီထက်ဆိုးရွားတဲ့ ဒဏ်ရာတွေ ရရှိသွားနိုင်ပါတယ်။

အခုတောင်မှ သူ့ဒဏ်ရာတွေက ပေါ့သေးသေး မဟုတ်ခဲ့ပါဘူး။ အနည်းဆုံး လဝက်လောက် အနားယူမှ ပြန်ကျန်းမာပါလိမ့်မယ်။

ကျန်းယန် တော်တော်လေး ကံဆိုးသွားခဲ့တာပါ။ ဆေးလုံးကို သူစုစည်းနိုင်လုလု အခြေအနေကို ရောက်တော့မှ ထူးဆန်းတဲ့ နိမိတ်လက္ခဏာတွေ ဆက်တိုက် ဖြစ်လာခဲ့ပြီး ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်အားလုံးကို ချင်းကျူရဲ့ ဆေးပေါင်းအိုးက စုပ်ယူသွားခဲ့ပါတယ်။ ကျန်းယန်လည်း ဆေးပေါင်းအိုးကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားပြီး နောက်ဆုံးမှာ ဆေးပေါင်းအိုး ပေါက်ကွဲသွားခဲ့တာပါ။

“ဆရာ”

ကျန်းယန်လည်း မြေပြင်မှာ လဲကျလျက်သား အော်လိုက်ပါပြီ။ ဒါပေမဲ့ ၀ူကျန်းကျီးက သူ့ကို တစ်ချက်လေးတောင် မကြည့်ခဲ့ပါဘူး။ ချင်းကျူရဲ့ ဆေးပေါင်းအိုးကို ရှားပါးရတနာ တစ်ပါးအလား သူစူးစူးစိုက်စိုက် ကြည့်နေခဲ့ပါတယ်။

ပြောရမယ်ဆိုရင် ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးဟာ တကယ့်ရှားပါး ရတနာ တစ်ပါးပါပဲ။

တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံးမှာ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်နိုင်သူဆိုလို့ လက်ချိုးရေတွက်ရင်တောင် လူငါးဦး မပြည့်သေးပါဘူး။ ပြီးတော့ သူတို့အားလုံးက မဟာဂိုဏ်းကြီး ၃ဂိုဏ်းနဲ့ ပတ်သက်နေကြသူတွေပါ။ တစ်ဦးအနေနဲ့ ၀ူကျန်းကျီးရဲ့ ခံစားချက်ကို အခု နားလည်သဘောပေါက်နိုင်ပါလိမ့်မယ်။

တချို့သော မှော်ဆေးဝါး ဖော်စပ်ကြသူတွေဟာ မူလတာအို အဆင့် မှော်ဆေးဝါးကို ဖော်စပ်နိုင်ကြပေမဲ့လည်း ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်နိုင်စွမ်း မရှိကြပါဘူး။

ဒီကိစ္စက ပညာရပ်အဆင့် ဘယ်လောက် မြင့်မားတာနဲ့ မဆိုင်တော့ပါဘူး။ တစ်ဦးအနေနဲ့ ပြီးပြည့်စုံတဲ့ ဆေးဝါးတစ်ခုကို ဖော်စပ်လိုတယ်ဆိုရင် ဆေးဝါးကုန်ကြမ်းတွေရဲ့ အာနိသင်ကို ၉၀% ကျော်လောက် သန့်စင်ထုတ်ယူဖို့ လိုအပ်ပါတယ်။ ဒါ့အပြင်ကို ကောင်းမွန် သင့်တော်တဲ့ ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးကို အသုံးချပြီးတော့မှသာ အောင်မြင်နိုင်တာပါ။

“ဘုရားရေ.. ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါး။ ဒါက ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးပဲ။ ပြီးတော့ မူလတာအို သူတော်စင်အဆင့် ဝိညာဉ်ဆေးလုံးဖြစ်ဖို့လည်း တော်တော်လေး နီးစပ်နေပြီ”

“သူက ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်နိုင်တယ်လား”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

မကြာခင်မှာတော့ တခြားတန်ခိုးရှင်တွေလည်း နိမိတ်လက္ခဏာတွေကို ရိပ်စားမိသွားပြီး အော်ပြောလိုက်ကြပါပြီ။

ဒါက သူပထမဆုံးအကြိမ် ဆေးဝါးဖော်စပ်ခြင်းကော ဟုတ်ရဲ့လား။

နိမိတ်လက္ခဏာတွေဟာ တစ်ခုပြီး တစ်ခု ပြသလာခဲ့ပြီး ဆေးရဲ့ သင်းရနံ့ဟာ လေထဲ ကြိုင်လှိုင်လာခဲ့ပါတယ်။

ဒိလို နိမိတ်လက္ခဏာမျိုးဟာ မူလတာအို အဆင့် ဝိညာဉ်ဆေးဝါး သန့်စင်ဖော်စပ်ချိန်မှာသာ ပေါ်ထွက်လာကြတာပါ။ ဒီလို နိမိတ်လက္ခဏာမျိုးကို သူတို့ မမြင်ဖူးကြပေမဲ့လည်း ကြားဖူးထားကြပါတယ်။

အခုတော့ သူတို့ အားလုံး ရှေ့မှောက်မှာ မျက်ဝါးထင်ထင် မြင်လိုက်ရပါပြီ။

အခုအချိန် ချင်းကျူတစ်ယောက် လက်ဝါးကို ဖြန့်လိုက်ပါတော့တယ်။ ဝိညာဉ်ကီကို စတင် စုစည်းလိုက်ပါပြီ။

“???”

“ဒါက ဘာဆေးဖော်စပ်နည်းလဲ”

ရှိနေကြသူ အားလုံး မှင်သက်အံ့အားသင့်သွားကြပါတော့တယ်။ သူတို့ အမြင် မမှားတာတော့ သေချာပါတယ်။ ချင်းကျူဟာ ဆေးပေါင်းအိုးထဲ လက်ထည့်လိုက်ပါပြီ။ ဆေးပေါင်းအိုးရဲ့ မြင့်မားလှတဲ့ အပူချိန်ကို သူလျစ်လျူရှုထားခဲ့ပါတယ်။ ပြီးတာနဲ့ ပေါက်စီကို ကိုင်လိုက်သလို စုစည်းထားတဲ့ ဝိညာဉ်ကီကို ကောက်ယူလိုက်ပြီး ဝိညာဉ်အရက်ထဲ လောင်းထည့်လိုက်ပါပြီ။

မျက်စိတမှိတ် အချိန်အတွင်းမှာပဲ ပုံစံကွဲ ဆေးလုံး ၁၂ လုံး အားလုံးအရှေ့ ပေါ်ထွက်လာပါတော့တယ်။ ဝိညာဉ်ကီစွမ်းအင်ဟာ ဆေးဝါးတွေ ဝန်းကျင် ဝေ့သန်းနေတာ မြင်နေရပုံ ထောက်ရရင်တော့ သာမန် ပစ္စည်းမဖြစ်နိုင်တော့ပါဘူး။

“ဒါက ဒဏ္ဍာရီလာ ပြီးပြည့်စုံတဲ့ ဆေးဝါးလား”

အားလုံး တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ကြပါတော့တယ်။ သူတို့တွေ အိပ်မက် မက်နေကြသလိုပါပဲ။

အားလုံး သိထားကြသလိုပဲ ဆေးဝါးအဆင့်မြင့်လေလေ သန့်စင်ဖော်စပ်ဖို့ ပိုပြီး ခက်ခဲလေလေပါ။ တကယ်လို့ အဆင့်လေး ဆေးဝါးဖော်စပ်သူသာ အဆင့်တစ် ဆေးဝါးကို ဖော်စပ်ရမယ်ဆိုရင်တော့ ဆေးပေါင်းအိုး တစ်ခုတည်းနဲ့ တစ်ချိန်တည်းမှာ ဒါဇင်နဲ့ချီတဲ့ ဆေးလုံးတွေကို အလွယ်တကူ ဖော်စပ်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ အဆင့်လေး ဆေးဝါး ဖြစ်နေမယ်ဆိုရင်တော့ အများဆုံးမှ ဆေးလုံးတစ်လုံးကိုသာ ဖော်စပ်ထုတ်လုပ်နိုင်မှာပါ။

ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကိုတော့ မူလတာအို သူတော်စင်အဆင့် ဆေးဝါးဖော်စပ်သူတောင်မှ အထူးအခြေအနေမျိုး ရရှိမှသာ ဆေးလုံးတစ်လုံးလောက်ကို ဖော်စပ်ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ချင်းကျူက အခု ဆေးလုံး ၁၂ လုံးတောင် ဖော်စပ်ထုတ်လုပ်လိုက်ပြီလား။

ဗဟိုကုန်းမြေတိုက်ကြီးက ဒဏ္ဍာရီလာ ဆေးဝါးဖော်စပ်သူတောင်မှ ဒီလိုမျိုး မစွမ်းဆောင်နိုင်လောက်ပါဘူး။ ဟုတ်တယ်မလား။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 90
သေမင်းလျှိုမြောင်

ပထမဆုံးအကြိမ် ဆေးဖော်စပ်ခြင်းကြောင့် ဒီလိုမျိုး အုတ်အော်သောင်းနင်း ဖြစ်ရပ် ဖြစ်လာမယ်လို့ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။

အစတုန်းကတော့ သူမအောင်မြင်ခဲ့ဘူး ဆိုရင်တောင်မှ ဝိညာဉ်စွမ်းအင် အသုံးပြုပြီး ဆေးလုံးဖြစ်အောင် စုစည်း ဖန်တီးမှာပါ။ အဲဒီဆေးဟာ အဆင့်တစ် ဆေးဝါးထက်တော့ ပိုပြီး အဆင့်မြင့်နိုင်ပါတယ်။

ဒါပေမဲ့လည်း နောက်ဆုံးတော့ သူ့ရဲ့ ဆေးဖော်စပ်မှု အောင်မြင်သွားတဲ့ အပြင်ကို ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကိုပါ ရရှိသွားတာ တွေ့လိုက်ရပါပြီ။

သာမန်အားဖြင့်တော့ အဆင့်လေး ဆေးဝါးဖော်စပ်သူတွေဟာ အဆင့်မြင့် အဆင့်လေး ဆေးဝါးအထိသာ ဖော်စပ်နိုင်ကြပါတယ်။ ဒီထက် ပိုမြင့်တဲ့ ဆေးဝါးဆို မူလတာအိုအဆင့် ဝိညာဉ်ဆေးဝါး ဖြစ်သွားပါပြီ။

ပြီးပြည့်စုံတဲ့ ဆေးဝါး ဖြစ်ဖို့ကတော့ ကံကောင်းမှုပေါ်သာ မူတည်ခဲ့ပါတယ်။

ပြီးပြည့်စုံတဲ့ အဆင့်တစ် ဆေးတစ်လုံးတောင်မှ သာမန် အဆင့်တစ် ဆေးတစ်လုံးထက် အဆပေါင်းများစွာ တန်ဖိုးကြီးမားခဲ့ပါတယ်။

ပြောရရင် ပြီးပြည့်စုံတဲ့ ဆေးဝါးတွေမှာ ကုန်ကြမ်းပစ္စည်းတွေရဲ့ အာနိသင် ၉၀% ကျော် ပါဝင်နေတာကြောင့်ပါ။ ဒါ့အပြင်ကို ဒီလို ဆေးဝါး ထွက်လာဖို့အတွက် အမျိုးမျိုးသော သင့်တော်တဲ့ ပတ်ဝန်းကျင် အခြေအနေ နိမိတ်တွေပါ လိုအပ်ခဲ့ပါတယ်။

ပြီးပြည့်စုံသော ဆေးဝါးများ ဖော်စပ်နိုင်ကြတဲ့ မှော်ဆေးဝါး ဖော်စပ်ကြသူတွေဟာ မှော်ဆေးဝါး လောကမှာတော့ အလွန် ဂုဏ်သိက္ခာကြီးမားကြသူတွေပါပဲ။

အရေးအကြီးဆုံးကတော့ ပြီးပြည့်စုံသော ဆေးဝါးတွေမှာ ဘေးထွက်ဆေးဆိုးကျိုး မရှိတော့ပါဘူး။

အားလုံး သိထားကြသလိုပဲ ဆေးဝါးတွေရဲ့ အဆင့်ဘယ်လိုပဲ ဖြစ်နေပါစေ အတိုင်းအတာ ပမာဏ တစ်ခုအထိ ဘေးထွက် ဆိုးကျိုး ပါဝင်စမြဲပါ။ သောက်သုံးလိုက်တဲ့ ဆေးပမာဏ များလာလေလေ ဒီဆေးဝါးဘေးထွက်ဆိုးကျိုးတွေဟာ တဖြည်းဖြည်း စုစည်းလာလေလေပါ။ နောက်ဆုံးအကြိမ်မှာတော့ ဒီဘေးထွက်ဆိုးကျိုးတွေဟာ ထိန်းမနိုင် သိမ်းမရ ဝေဒနာဖြစ်လာစေပါလိမ့်မယ်။

ဒါကြောင့်လည်း မကြာမကြာ ဆေးသောက်ကြတဲ့ တန်ခိုးရှင်တွေဟာ အမျိုးမျိုးသော ကောင်းကင်ဘုံ ရတနာတွေကို အသုံးပြုပြီး ခန္ဓာကိုယ်ထဲက ဆေးဝါး ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ အဆိပ်တွေကို ဖယ်ရှားကြရပါတယ်။

ပြီးပြည့်စုံသော ဆေးဝါးကို သောက်သုံးလိုက်ကြသူတွေကတော့ ဒီပြဿနာကို စိတ်ပူစရာ မလိုအပ်ပါတော့ပါဘူး။ ဒါကြောင့်လည်း ပြီးပြည့်စုံသော ဆေးဝါးတိုင်းဟာ တန်ဖိုးဖြတ်မရအောင်ကို အဖိုးတန်ခဲ့ကြတာပါ။

၀ူကျန်းကျီးဟာ အဆင့်လေး ဆေးဝါး ဖော်စပ်သူ ဖြစ်ပေမဲ့လည်း ပြီးပြည့်စုံသော အဆင့်လေး ဆေးဝါးကို မဖော်စပ်နိုင်သေးပါဘူး။

၀ူကျိ သူတော်စင်ရဲ့ အမြုတေ စိတ်ဝိညာဉ်ဆေးဝါးကလွဲရင် သာမန်ဆေးဝါးတစ်ခုကိုတောင် ကောင်းကောင်း ဖော်စပ်နိုင်ခြင်း မရှိသေးတဲ့ ဂိုဏ်းတူအစ်ကိုကြီးအကြောင်း စဉ်းစားမိလိုက်ချိန်မှာတော့ ချင်းကျူ ခေါင်းကို ခါယမ်းလိုက်ပါပြီ။ မတတ်နိုင်ဘူးလေ။ ပါရမီက ကွာခြားလွန်းနေတာကြောင့်ပဲ ဖြစ်မှာပေါ့။

အားလုံးက သူ့လက်ထဲ ရှိနေတဲ့ ဆေးလုံးတွေကို ကြည့်နေတာ တွေ့လိုက်ရတဲ့ အတွက် ချင်းကျူလည်း သိုလှောင်ခန်း လက်စွပ်ထဲ ဆေးလုံးတွေကို သိမ်းဆည်းလိုက်ပြီး ဝမ်းသာစွာ ပြောလိုက်ပါပြီ။
“ငါနိုင်သွားပြီ”

အဖြေက ဒီအချိန်မှာ ရှင်းရှင်းလင်းလင်း ဖြစ်နေပါပြီ။

ကျန်းယန်ရဲ့ ဆေးပေါင်းအိုး ပေါက်ကွဲသွားပြီ ဖြစ်တာကြောင့် ချင်းကျူ ဆေးက အသုံးမကျတဲ့ အမှိုက် ဖြစ်နေရင်တောင်မှ အနိုင်ရသွားပြီ ဆိုရမှာပါ။ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးလုံးပါ ရလာတယ်ဆိုတော့ကာ…

“ဆရာ.. ဆရာ… တကယ်လို့ သူသာ ပတ်ဝန်းကျင်က ဝိညာဉ်ကီတွေကို စုပ်ယူလိုက်ပြီး ကျွန်တော့် စိတ်အခြေအနေကို ပြောင်းလဲအောင် မလုပ်လိုက်ဘူးဆိုရင် ကျွန်တော့် ဆေးပေါင်းအိုး ပေါက်ကွဲသွားစရာကို မရှိပါဘူး။ ကျွန်တော့်အတွက် အမှန်တရား ရှာဖွေပေးပါ ဆရာ”

ကျန်းယန်ကတော့ အခြေအနေ ဘယ်လောက်ဆိုးရွားနေကြောင်းကို မရိပ်မိသေးပါဘူး။ ၀ူကျန်းကျီး နံဘေး သူပြေးလွှားသွားပြီး အကူအညီ တောင်းခံခဲ့ပါတယ်။

၀ူကျန်းကျီး
“..”

မင်းဆေးပေါင်းအိုးသာ မပေါက်ကွဲဘူးဆိုရင် အနိုင်ရမယ်လို့ ထင်နေတာလား။

“ဘာလဲ။ မင်းစကားကို ပြန်ရုပ်သိမ်းချင်နေပြီလား”
ချင်းကျူလည်း မျက်မှောင်ကြုတ်လိုက်ပါပြီ။

“ဆရာ..”

ဖြန်း

၀ူကျန်းကျီးလည်း ကျန်းယန်ကို ပါးချလိုက်ပြီး အေးစက်စွာ ပြောလိုက်ပါပြီ။

“အသုံးမကျတဲ့ကောင်။ အရှုံးကို ဝန်ခံလိုက်စမ်း။ ပြီးတော့ မြန်မြန် ရှိခိုးတောင်းပန်လိုက်ချေ”

ချင်းကျူတစ်ယောက် ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်နိုင်လိမ့်မယ်လို့ ၀ူကျန်းကျီး ထင်မထားမိခဲ့ပါဘူး။ သူ့အနေနဲ့ အရှက်မရှိ လုပ်ဆောင်ချင်ခဲ့ပေမဲ့လည်း လူအများကြီး ရှေ့မှောက်မှာတော့ ဒီလိုလုပ်လို့ မဖြစ်နိုင်သေးပါဘူး။ ဒီအတွက်ကြောင့် ကျန်းယန်ကို တောင်းပန်ခိုင်းလိုက်တာပါ။

“ဝေါ့”

ကျန်းယန်တစ်ယောက် ဒဏ်ရာ အပြင်းအထန် ရထားပြီးသားပါ။ သူချက်ချင်း သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး နောက်ဆုတ်လိုက်ပါပြီ။ သူ့မျက်နှာ ဖြူရော်နေခဲ့ပါတယ်။

“ဆရာ”

၀ူကျန်းကျီးရဲ့ အမူအရာမဲ့တဲ့ မျက်နှာကို တွေ့လိုက်ရတော့ ကျန်းယန်တစ်ယောက် ရွေးချယ်စရာမရှိတော့ကြောင်း နားလည်သွားပါတော့တယ်။ ချင်းကျူအရှေ့ သူဒူးထောက်ချလိုက်ပြီး
“တောင်းပန်ပါတယ်။ ကျွန်တော် မှားသွားတာပါ”

“သွား.. သွား”

ချင်းကျူလည်း စိတ်မရှည်စွာ လက်ကိုဝှေ့ယမ်းလိုက်ပါပြီ။

“…”

ဒီစကားကို ကြားလိုက်ရချိန်မှာတော့ ကျန်းယန်တစ်ယောက် စိတ်ဝိညာဉ်ပျောက်ဆုံးသွားသလို ခံစားလိုက်ရပါတော့တယ်။ မြေပြင်ပေါ်ကနေ အသက်မဲ့စွာ သူကုန်းရုန်းထလိုက်ပါပြီ။

၀ူကျန်းကျီးရဲ့ အဓိက တပည့်ကြီး ဖြစ်တဲ့ ကျန်းယန်ရဲ့ ဘ၀ဟာ ဒီနှစ်တွေထဲ အလွန်ချောမွေ့ အဆင်ပြေခဲ့ပါတယ်။ အထူးသဖြင့် အဆင့်တစ် ဆေးဝါးဖော်စပ်သူ ဖြစ်လာချိန်ကစလို့ ပတ်ဝန်းကျင်က လူတွေဟာ သူ့ကို အမြဲ မြှောက်ပင့်အမွှန်းတင်ခဲ့ကြပါတယ်။ တစ်ခါမှ ဒီလောက်အထိ ဘ၀မပျက်ဖူးခဲ့ပါဘူး။

ရှိနေကြတဲ့ တန်ခိုးရှင် အားလုံး ခေါင်းကို ခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်ပါပြီ။ တကယ်လို့ ကျန်းယန်သာ သူ့ရဲ့ ကျဆုံးမှုကို အဖတ်မဆယ်နိုင်ဘူးဆိုရင် နောင်ကျ အဆင့်ထပ်တက်ဖို့ဆိုတာ အလွန်ခက်ခဲသွားခဲ့ပါပြီ။

ဒီအတွက်ကြောင့် သူ့အတွင်းစိတ်ထဲ စိတ်မိစ္ဆာကို ဖြစ်ပေါ်လာစေပြီး တန်ခိုးရှင် လမ်းစဉ်ကို ပျက်ပြားသွားစေနိုင်ပါတယ်။

ကျန်းယန်ကြောင့် ၀ူကျန်းကျီး မျက်နှာပျက်သွားခဲ့ရပါပြီ။ ရီရောင်ကို သူအေးစက်စက်အကြည့်နဲ့ လှမ်းကြည့်လိုက်ပါတော့တယ်။ ဒီမိန်းမကြောင့်သာ မဟုတ်ဘူးဆိုရင် အခြေအနေက ဒီလောက်အထိ ဆိုးရွားလာစရာ အကြောင်းမရှိဘူး မဟုတ်လား။

“ဂိုဏ်းချုပ်၀ူ… ထပ်ပြီး လှုပ်ရှားချင်သေးလို့လား”

ရီရောင်လည်း ဒေါသထွက်ရမဲ့အစား ရယ်မောလိုက်မိပါပြီ။

ဆေးဖော်စပ်ရာမှာ ချင်းကျူ အနိုင်ရခဲ့ခြင်းက သူမ ထင်မြင်ချက်ထက် အများကြီး သာလွန်နေခဲ့ပါတယ်။ ဒါကြောင့် ၀ူကျန်းကျီး ဒေါသထွက်နေမှုကို သူမ အရေးမစိုက်နိုင်တော့ပါဘူး။ အခု သူမ အလွန်ပျော်ရွှင်နေပါပြီ။

“ဟမ့်”

၀ူကျန်းကျီးလည်း အင်္ကျီလက်ကို တစ်ချက်ရမ်းလိုက်ပြီး ဒေါသကို မျိုသိပ်ရင်း ထွက်ခွာသွားခဲ့ပါပြီ။

ရီရောင်က သူနဲ့ အဆင့်တူနေရုံတင်မက သံစဉ်တန်ခိုးရှင်တစ်ဦး ဖြစ်နေပါသေးတယ်။ ၀ူကျန်းကျီး အနေနဲ့ လောလောဆယ် အလောတကြီး မလှုပ်ရှားဝံ့သေးပါဘူး။ ပြီးတော့ ချင်းကျူဟာ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်နိုင်သူ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ချင်းကျူဟာ ဝမ်ရှင်းသူတော်စင် တစ်ဦးဖြစ်လိမ့်မယ်လို့ ၀ူကျန်းကျီး ကောက်ချက်ချလိုက်ပါပြီ။ သူ့အနေနဲ့ ရန်သူ နှစ်ဦးကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်စွမ်း မရှိသေးကြောင်းကို ၀ူကျန်းကျီး သဘောပေါက်ခဲ့ပါတယ်။

ဒါ့အပြင် ချင်းကျူဟာ အခု နာမည်ကြီးသူ ဖြစ်လာတော့မှာပါ။ သူ့ကို မိတ်ဆွေဖွဲ့ချင်သူတွေ ဘယ်လောက်တောင်များပြားနေပြီလဲ မသိနိုင်တော့ပါဘူး။ တကယ်လို့ ၀ူကျန်းကျီး အလောတကြီး လှုပ်ရှားလိုက်မယ်ဆိုရင် တန်ခိုးရှင်တွေက သူ့ကို တားဆီးလာနိုင်ပါတယ်။

“ဆရာ.. ဆရာ.. ကျွန်တော့်ကို စောင့်ပါဦး”

ကျန်းယန်လည်း ၀ူကျန်းကျီးအနောက်ကနေ အသက်မဲ့ မျက်လုံးတွေနဲ့ လိုက်ပါသွားခဲ့ပါပြီ။

ချင်းကျူလည်း ဆေးပေါင်းအိုးကို ရီရောင်ဆီ ပြန်အပ်ပြီး အခန်းထဲ ပြန်အိပ်ဖို့ ပြင်လိုက်ပါတော့တယ်။

“ဆရာ… ဆရာ အခု ဖော်စပ်လိုက်တဲ့ ဆေးနာမည်က ဘာလဲ မသိဘူး”

ပွဲကြည့်ပရိတ်သတ် တန်ခိုးရှင် တစ်ဦးက ခြေတစ်လှမ်းရှေ့တိုးပြီး ချင်းကျူကို ဆရာလို့ လှမ်းခေါ်လိုက်ပါပြီ။

“အရက်သမား နှလုံးသားဆေးဝါး”

ချင်းကျူလည်း သာမန်ပဲ ဖြေလိုက်ပါတော့တယ်။

“အရက်သမား နှလုံးသားဆေးဝါး။ ဒီဆေးနာမည်ကို ကျွန်တော် မကြားဖူးဘူး”

တန်ခိုးရှင်လည်း အူကြောင်ကြောင် ဖြစ်သွားပါတော့တယ်။

အေးပေါ့။ မင်းဘယ်ကြားဖူးပါ့မလဲ။

အရက်သမား နှလုံးသား ဆေးဝါးဆိုတာကတော့ အသည်းပုံ ချောကလက်ကို အသွင်ယူပြီး ချင်းကျူ ဖော်စပ်ထားတဲ့ ဆေးဝါးပါ။ ဒါကြောင့် သူတို့ ဘယ်လိုလုပ် ကြားဖူးပါလိမ့်မလဲ။

ပြောဖို့ ကျန်သေးတာ တစ်ခု ရှိပါသေးတယ်။ ဒီဆေးဝါးကို ဝိညာဉ်သစ်သီးတွေနဲ့ သန့်စင်ဖော်စပ်ထားတဲ့ အတွက် အရက်သမား နှလုံးသား ဆေးလုံး ၁၂ လုံးမှာ မတူညီတဲ့ အနံ့အရသာ များစွာ ပါဝင်နေခဲ့ပါတယ်။ ချင်းကျူအနေနဲ့ သူတို့ကို အပျင်းပြေ မုန့်အဖြစ် စားလို့ ရသွားခဲ့ပါပြီ။

“ဒါဆို… ဒီအရက်သမား နှလုံးသားဆေးဝါးမှာ ထူးခြားတဲ့ အာနိသင်များ ရှိသလား မသိဘူး”

အချိန်တော်တော်ကြာသွားတဲ့အခါ တန်ခိုးရှင်တစ်ဦး ထပ်ပြီး မေးမြန်းလိုက်ပါပြီ။

“အင်း… တန်ခိုးကျင့်စဉ် အခြေခံ တိုးတက်ဖို့အတွက်တော့ သုံးနိုင်လိမ့်မယ်”

ချင်းကျူလည်း မရေမရာ ဖြေလိုက်ပါတော့တယ်။ သူကိုယ်တိုင်လည်း ဒီဆေးဝါး အာနိသင်ကို မပြောတတ်သေးပါဘူး။

တန်ခိုးကျင့်စဉ် အခြေခံကို တိုးတက်စေမယ်ဆိုတဲ့ စကားကြားလိုက်ရတော့ တန်ခိုးရှင်ရဲ့ မျက်လုံးတွေ အရောင်လက်သွားခဲ့ပါပြီ။ သူမြန်မြန်ပဲ စကားဆက်လိုက်ပါတော့တယ်။

“ဆရာ… ကျွန်တော် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးနဲ့ အရက်သမား နှလုံးသား ဆေးတစ်လုံးကို ဝယ်ယူချင်ပါတယ် ခင်ဗျာ”

ဒီစကားဟာ ဗျောက်အိုးရဲ့ မီးစာကို ရှို့လိုက်သလိုပါပဲ။ တန်ခိုးရှင်တွေ တစ်ဦးပြီး တစ်ဦး အော်ဟစ်လိုက်ကြပါပြီ။
“ဆရာကြီး.. ကျွန်တော်လည်း အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးနဲ့ အရက်သမား နှလုံးသား ဆေးတစ်လုံးကို ဝယ်ယူချင်ပါတယ်ဗျ”

“ကျွန်တော်က အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး အတုံး ၂၀ ပေးပါမယ်”

“ကျွန်တော်က ၃၀ ပေးမယ်”

“၅၀”

“၈၀”

ချက်ချင်းဆိုသလိုပဲ တန်ခိုးရှင်များစွာ စျေးပြိုင်ပေးလာကြပါပြီ။ တစ်ဦးပြီး တစ်ဦး စျေးပြိုင်ပေးလာမှုကြောင့် ခြံဝန်းတစ်ခုလုံး လေလံပွဲကြီးလို ဖြစ်သွားပါတော့တယ်။

“စိတ်မကောင်းပါဘူး။ ငါမရောင်းသေးဘူး”

“ဟင်”

ရှိနေကြသူ အားလုံး မှင်သက်သွားကြပါတော့တယ်။ သူတို့ အားလုံး အရေးအကြီးဆုံး အချက်ကို မေ့လျော့နေခဲ့ကြတာပါ။ ချင်းကျူတစ်ယောက် အရက်သမား နှလုံးသားဆေးကို ရောင်းမယ်လို့ ဘယ်တုန်းကမှ ကတိမပေးထားခဲ့ဘူး မဟုတ်လား။

“ကျွန်တော် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၂၀၀ နဲ့ အရက်သမား နှလုံးသားဆေးတစ်လုံးကို ဝယ်ချင်ပါတယ်။ အဆင်ပြေလားခင်ဗျာ”

ဒီအချိန်မှာတော့ မျက်နှာအထက် အမာရွတ်ကြီးနဲ့ ဝတ်စုံနက်ဝတ် ဝမ်ရှင်းသူတော်စင်တစ်ဦးက အရှေ့ထွက်လာပြီး မေးမြန်းလိုက်ပါပြီ။

“သူက အနက်ရောင် သေမင်းလျှိုမြောင်ရဲ့ လျှိုမြောင်သခင်ပဲ။ တန်တျန်း မဟုတ်လား”

ရှိနေကြတဲ့ တန်ခိုးရှင်တွေလည်း ပါးစပ်အဟောင်းသားနဲ့ ဒီဝတ်စုံနက်ဝတ် လူကြီးနဲ့ ဝေးရာကို ရှဲသွားခဲ့ကြပါပြီ။

သေမင်းလျှိုမြောင်ဟာ လူသတ်သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ သိုင်းတာအိုအဖွဲ့အစည်း တစ်ခုပါ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် လူသတ်သမားတွေဟာ ကြောက်စရာအကောင်းဆုံး တည်ရှိမှုတွေပဲ မဟုတ်လား။

ဒါကြောင့်လည်း ဘယ်သူကမှ သေမင်းလျှိုမြောင်ကို မစော်ကားဝံ့ခဲ့ကြပါဘူး။ မဟုတ်ဘူးဆိုရင် ဘယ်လိုသေသွားသလဲတောင် သိလိုက်ရမှာ မဟုတ်တာ သေချာပါတယ်။

“တန်တျန်းရဲ့ နံဘေးမှာ ရပ်နေတဲ့ တစ်ယောက်က သူ့ရဲ့ တတိယမြောက်သားတော်ဖြစ်လိမ့်မယ်။ တန်တျန်းရဲ့ တတိယမြောက် သားတော်က ပါရမီထူးပြီး ဉာဏ်ကောင်းတယ်တဲ့။ ဒါ့အပြင်ကို လျှို့ဝှက်လက်နက် သွန်းလောင်းရာမှာလည်း ထူးချွန်သေးတယ်။ ပြီးတော့ သူ့ရဲ့ ဇင်တျန်အဆင့် စွမ်းရည်နဲ့ ဇီဖူအဆင့် တန်ခိုးရှင်တစ်ဦးကိုလည်း အောင်အောင်မြင်မြင် လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သေးတယ်လေ”

“အမှန်ပဲ။ အမှန်ပဲ။ သူနဲ့ ဝေးဝေးမှာ နေတာ အကောင်းဆုံးပဲ”

“…”

တန်တျန်းတစ်ယောက်ကတော့ ပတ်ဝန်းကျင်က ပြောဆိုနေမှုတွေကို ကြားပုံမရခဲ့ပါဘူး။ ချင်းကျူကို သူစူးစိုက်ကြည့်ပြီး အဖြေကို စောင့်စားနေခဲ့ပါတယ်။

“မရောင်းဘူး”

ချင်းကျူတော့ ဒီအဖြေကိုပဲ ဖြေခဲ့ပါတယ်။

Okumaya devam et

Bunları da Beğeneceksin

571K 91.9K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
22K 2.2K 38
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
99.8K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
86.7K 10.2K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...