တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

51.8K 4K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

66 - 70

795 69 0
By Azure5549

#အပူအပင်မဲ့အင်မော်တယ်
Chapter 66

အခုရောက်လာသူကတော့ ရှမ်းဟွမ်စွတ်ဂိုဏ်းက နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး ရှန်းကျီးဝမ်ပါပဲ။

“ဆရာ.. ဆရာကြီး.. ချင်းကျူ”

ရှန်းကျီးဝမ်လည်း အစ်ကိုကြီးလို့ မှားခေါ်လုဆဲဆဲ ဖြစ်သွားခဲ့ပါတယ်။ ချင်းကျူဟာ မြေကမ္ဘာ သူတော်စင်တွေကို သတ်ဖြတ်ခဲ့တဲ့ပုဂ္ဂိုလ်ကြီး ဖြစ်နေတာကြောင့် အသင့်တော်ဆုံးဖြစ်တဲ့ ဆရာကြီးလို့သာ သုံးနှုန်းဖို့ နောက်ဆုံးမှာ ဆုံးဖြတ်လိုက်ပါပြီ။

ပြောရမယ်ဆိုရင် ရှန်းကျီးဝမ်ရဲ့ ကျင့်စဉ်အဆင့်နဲ့ ဒီနေရာကို တစ်ခါတည်း ပျံသန်းလာလို့ရပါတယ်။ ဒါပေမဲ့ ဆရာကြီး ချင်းကျူ ဒေါသထွက်သွားမှာ စိုးရိမ်တာကြောင့် အရှေ့တံခါးကနေသာ တဆင့် ဝင်လာခဲ့တာပါ။

ဒါကို ကြားလိုက်ရတော့ ချင်းကျူလည်း တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ပါပြီ။ ဒီတစ်ယောက်က သူ့ကို ဆရာကြီးလို့ ခေါ်လိုက်တယ်လား။ ဒါဆို တစ်ခုခုကို သူသိသွားတာလား။

ချက်ချင်းဆိုသလိုပဲ စစ်မြေပြင်မှာ တစ်ဖက်လှည့်ပြန်ဖို့ အော်ပြောလိုက်သံ ကြားလိုက်တာကို ချင်းကျူ မှတ်မိသွားခဲ့ပါပြီ။

“အဟမ်း”
ချင်းကျူလည်း ချောင်းကို နှစ်ကြိမ်ဟန့်လိုက်ပါတော့တယ်။

ဒါကို မြင်လိုက်ရတော့ ကျန်းဂျိချန်လည်း ချက်ချင်း ရိုရိုသေသေ နောက်ဆုတ်သွားခဲ့ပါပြီ။

ချင်းကျူလည်း အတားအဆီး တစ်ခုကို ချလိုက်ပါတော့တယ်။ မိန်းကလေး တရားကျင့်တာ အနှောင့်အယှက် မဖြစ်စေဖို့ပါ။ ပြီးတာနဲ့ အပြုံးဖျော့ဖျော့ ပြုံးလိုက်ပြီး
“ကျူးကျော်သူတွေကို သတ်ဖို့ မင်းခရီးနှင်နေတာ မဟုတ်ဘူးလား”

“…”

“အဲ.. အာ.. ဆရာကြီး ခင်ဗျာ.. နောက်နေပြန်ပြီ။ ကျွန်တော့် အစွမ်းနဲ့ဆိုရင် ရပ်ကြည့်နေရုံပဲ တတ်နိုင်မှာပါ”
ရှန်းကျီးဝမ်လည်း အူကြောင်ကြောင်နိုင်စွာ ပြန်ဖြေလိုက်ပါတော့တယ်။

“ဒါနဲ့ ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ”
ချင်းကျူလည်း အရက်တစ်ကြိုက်ကို မော့သောက်လိုက်ပါပြီ။

“ကျေးဇူးအများကြီး တင်ပါတယ် ဆရာကြီးခင်ဗျာ။ တောင်ပိုင်းနယ်မြေကြီးကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးအများကြီး တင်ပါတယ်”

“အိုး.. ငါဆိုတာကို မင်းဘယ်လိုလုပ် သိသွားတာလဲ”
ချင်းကျူ အနေနဲ့ ငြင်းဖို့ ကြိုးစားမနေခဲ့ပါဘူး။ ငြင်းစရာလည်း အကြောင်းမှ မရှိတာ။

ရှန်းကျီးဝမ်လည်း သက်ပြင်းတစ်ချက် ချလိုက်ပါပြီ။ သူ့ခန့်မှန်းချက် မှန်ကန်သွားပြီ မဟုတ်လား။

“အဲဒီနေ့က ဒီနေရာကို ကျွန်တော် ပြုတ်ကျလာတော့ ရင်ဘတ်က ဒဏ်ရာပါ ပျောက်ကွယ်သွားတာ တွေ့ခဲ့ရတယ်။ ပြီးတော့ ဆရာကြီးက မဟာစကြ၀ဠာနဂါးကြီးကို သတ်နေတုန်းက နောက်မှာ ကျွန်တော် ရပ်နေခဲ့တာပါ”
ခဏလောက် စဉ်းစားလိုက်ပြီး ရှန်းကျီးဝမ် ပြောလိုက်ပါပြီ။

“အော်.. ဟုတ်ပြီ”
ချင်းကျူ စဉ်းစားနေခဲ့ပါတယ်။ ရှန်းကျီးဝမ်ရဲ့ ဒဏ်ရာတွေကို သူကုသပေးလိုက်စဉ်တုန်းက အရင်တုန်းက ဒဏ်ရာတွေ ရှိနေတာကို မသိလိုက်ပါဘူး။ ဒါ့အပြင်ကို ရှန်းကျီးဝမ်က ချင်းကျူရဲ့ ကျောကုန်းကို စစ်မြေပြင်မှာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း ရှန်းကျီးဝမ် သံသယ မဝင်ခဲ့ဘူးဆိုရင် အူကြောင်ကြောင် တော်တော်လေး နိုင်နေမှာပါ။

“တခြားလူတွေကို ဒီကိစ္စ ကျွန်တော် မပြောပြထားပါဘူး။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပြထားပါဘူး ခင်ဗျာ။ ဆရာကြီး စိတ်မပူပါနဲ့”
ရှန်းကျီးဝမ်လည်း စကားဖြည့်စွက်ပြောလိုက်ပါပြီ။

“ဟား ဟား.. မင်းကို ငါကျေးဇူးတင်ရမယ်”

“အဲ…”

“ဒီအကြောင်း ပြောပြဖို့ ဒီကို ရောက်လာတာတော့ မဟုတ်ဘူးထင်တယ်။ ဟုတ်တယ် မလား”
ချင်းကျူလည်း လေကုန်မခံတော့ပဲ တည့်တိုးပြောလိုက်ပါပြီ။

“ကျွန်တော်..”
အချိန်တော်တော်ကြာ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ ရှန်းကျီးဝမ် အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်ပါပြီ။
“ဆရာကြီး ခင်ဗျာ.. ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ”

ချင်းကျူက မဟာစကြ၀ဠာ နဂါးကြီးကို တစ်ချက်တည်း သေအောင် သတ်နိုင်ခဲ့တာကြောင့် သူဟာ မြေကမ္ဘာ သူတော်စင်ထက် သာလွန်တဲ့ ကောင်းကင်သူတော်စင် အဆင့်တော့ အနည်းဆုံး ရောက်နေလောက်ပါပြီ။ ချင်းကျူသာ သူ့ဆရာ ဖြစ်လာမယ်ဆိုရင် သူ့တိုးတက်နှုန်း အများကြီး မြန်ဆန်လာနိုင်ပါတယ်။

“…”

ဒီလိုပဲ ဖြစ်လာမှာလို့တော့ တွေးမိသား။

ဒီတစ်ယောက်က ဒဏ္ဍာရီလာ တန်ခိုးရှင် ဖြစ်ချင်နေတာလား။

“မင်းမှာ ဆရာရှိပြီးပြီ မဟုတ်ဘူးလား”
ချင်းကျူလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်ပါပြီ။

“ကျွန်တော့် ဆရာက တစ်ဦးအနေနဲ့ ဆရာအများကြီး ရှိသင့်တယ်လို့ ပြောထားပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာအားလုံးကို လေးစားနေရင် ပြဿနာ မရှိပါဘူးတဲ့”
ရှန်းကျီးဝမ် အလေးအနက်ထား ပြောလိုက်ပါပြီ။

“…”

ရှန်းကျီးဝမ်ရဲ့ ဆရာက တော်တော်လေး သဘောထားကြီးတာပဲ။

“ဒီစစ်ပွဲ ပြီးဆုံးသွားချိန်မှာ ကျွန်တော် အရမ်းပဲ ပျော့ညံ့ပြီး အသုံးမကျကြောင်း ခံစားခဲ့ရပါတယ်။ ကျွန်တော့် မိတ်ဆွေတွေ သေဆုံးတာကို ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါတယ်။ ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ကျွန်တော် ဒီထက် ပိုပြီး အစွမ်းထက်ချင်ပါတယ်”

ရှန်းကျီးဝမ်ရဲ့ စကားတွေဟာ ပြတ်သားခိုင်မာခဲ့ပါတယ်။ ဒီစစ်ပွဲမှာ အရှိန်အဝါကြီးမားတဲ့ အော်ရာအရှိန်အဝါကို ပိုင်ဆိုင်ထားခဲ့သလိုပါပဲ။

“..”

ချင်းကျူု ဘာပြောရမှန်း မသိဖြစ်သွားခဲ့ပါပြီ။ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ။

“ငါက တပည့်မလက်မခံဘူး။ မင်းပြန်လို့ ရပြီ”
ချင်းကျူလည်း တုံးတိတိ ပြန်ဖြေလိုက်ပါပြီ။

ရှန်းကျီးဝမ် စကားပြန်ပြောတာကို စောင့်မနေပဲ ချင်းကျူ စကားဆက်လိုက်ပါတော့တယ်။

“မင်းဆရာ ပြောတာ မှန်တယ်။ ဆရာတွေ အများကြီး လက်ခံလို့ရတယ်။ ဒါပေမဲ့ ပိုပြီး အစွမ်းထက်ချင်တယ် ဆိုရင် ကိုယ့်ကိုကိုယ်ပဲ အားကိုးရမယ်လို့ မင်းရဲ့ ဆရာက မပြောလိုက်ဘူးလား”

ရှန်းကျီးဝမ်လည်း တုန်လှုပ်မှင်သက်သွားခဲ့ပါပြီ။

“မင်းကို ငါ့တပည့်အဖြစ် လက်ခံလိုက်တယ် ဆိုရင်တောင်မှ ချက်ချင်း အနှိုင်းမဲ့ အစွမ်းထက်သူ ဖြစ်သွားမယ် ထင်သလား။ တကယ်လို့  ဒီလို ဖြစ်ရပ်မျိုး ထပ်ဖြစ်လာမယ်ဆိုရင် မင်းအနေနဲ့ မိတ်ဆွေရောင်းရင်းတွေ သေဆုံးသွားတာကိုပဲ ရပ်ကြည့်နိုင်သူ ဖြစ်နေလိမ့်ဦးမယ်”

ဒီစကားတွေကြောင့် ရှန်းကျီးဝမ် ပိုပြီး မှင်သက်သွားခဲ့ပါပြီ။ အမှန်ပါပဲ။ ချင်းကျူ သူ့ကို တပည့်အဖြစ် လက်ခံလိုက်တော့ကော ဘာတွေဖြစ်သွားမှာမို့လဲ။ ဝမ်ရှင်းသူတော်စင်အဆင့်ကနေ မူလတာအို သူတော်စင် အဆင့်ကို တက် ပြီးရင် ဝိညာဉ်ဗဟို ကမ္ဘာမှာ အစွမ်းအထက်ဆုံးလူ ဖြစ်လာမှာမို့လား။

ဆိုရိုးစကား တစ်ခွန်းလိုပါပဲ။ ဆရာက လမ်းပြနေချိန်မှာ တပည့်အနေနဲ့ ကိုယ့်ကိုကိုယ် အားကိုးရမယ်။ တန်ခိုးရှင် လမ်းစဉ်ဟာ ကိုယ်တိုင်ဖောက်တဲ့ လမ်းစဉ်ပဲ။ ဆရာဖောက်ပေးရမဲ့ လမ်းမဟုတ်ဘူး။ ရှန်းကျီးဝမ် အနေနဲ့ ဆရာတစ်ဦး ထပ်ရရင်တောင်မှ အခြေအနေက ပြောင်းလဲမှာ မဟုတ်ဘူး။ အများဆုံးတော့ သူ့ရဲ့ ကျင့်စဉ်ပဲ ပြောင်းလဲသွားလိမ့်မယ်။

ချင်းကျူလည်း ပွင့်ပွင့်လင်းလင်း ဆက်ပြောလိုက်ပါပြီ။
“ဆိုရိုးစကား တစ်ခုလိုပဲ။ လူသုံးဦးပါတဲ့ အဖွဲ့တစ်ဖွဲ့မှာ ဆရာတစ်ဦးတော့ အမြဲတမ်း ရှိတယ်။ အဓိပ္ပာယ်ကတော့ ပတ်ဝန်းကျင်မှာ ရှိသမျှ လူတိုင်းဟာ မင်းကို တစ်ခုမဟုတ် တစ်ခုတော့ သင်ကြားပေးနိုင်ကြသူတွေချည်းပဲ။ ဒါပေမဲ့ အစွမ်းထက်သူကို တွေ့တိုင်း ဆရာတင်ရမယ်လို့တော့ အဓိပ္ပာယ် မဟုတ်ဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင် လမ်းကြောင်းမှာ မားမားမတ်မတ် လျှောက်လှမ်းမှသာ တကယ်အစွမ်းထက်သူ တစ်ဦးဖြစ်လာလိမ့်မယ်”

“ဆိုရိုးစကား တစ်ခုလိုပဲ။ လူသုံးဦးပါတဲ့ အဖွဲ့တစ်ဖွဲ့မှာ ဆရာတစ်ဦးတော့ အမြဲတမ်း ရှိတယ်။… ကိုယ့်ရဲ့ ကိုယ်ပိုင် လမ်းကြောင်းမှာ မားမားမတ်မတ် လျှောက်လှမ်းမှသာ တကယ်အစွမ်းထက်သူ တစ်ဦးဖြစ်လာလိမ့်မယ်”
ရှန်းကျီး၀မ်လည်း ဒီစကားကို တစ်တွတ်တွတ် ရေရွတ်ရင်း နက်ရှိုင်းစွာ စဉ်းစားသုံးသပ်နေခဲ့ပါတယ်။

ဆရာဖြစ်သူရဲ့ လွှမ်းမိုးမှုကြောင့် ရှန်းကျီးဝမ်ဟာ အမြဲတမ်း ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ ဆရာဖြစ်သူလို အစွမ်းထက်ချင်သလို တောင်ပိုင်းနယ်မြေကြီးကို ကာကွယ်ပေးနိုင်သူလည်း ဖြစ်ချင်ခဲ့ပါတယ်။ ပြောရမယ် ဆိုရင် ပိုပြီး အစွမ်းထက်လာဖို့အတွက် ရှမ်းဟွမ်စွတ်ဂိုဏ်းနဲ့ များပြားလှတဲ့ မှော်ရတနာတွေကို စွန့်လွှတ်ခဲ့ပြီး အပြင်မှာ လေ့ကျင့်နေခဲ့တာပါ။

ဒါပေမဲ့ အခုတော့ ဉာဏ်အလင်းတစ်ခု သူရရှိသွားခဲ့ပါပြီ။

ဆရာဖြစ်သူ သင်ကြားပေးလိုက်တဲ့ ကျင့်စဉ်ဟာ သူ့အတွက် အသင့်တော်ဆုံး ကျင့်စဉ်ဆိုတာ ယုံမှားစရာ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့များ ဆရာအသစ်ကို သူရှာဖွေနေရတာလဲ။

တကယ်တော့ ချင်းကျူဟာ အများကြီး စဉ်းစားမနေပဲ ပြောလိုက်တာပါ။ သူ့အနေနဲ့ ရှန်းကျီးဝမ်ကို တပည့်အဖြစ် လက်မခံဖို့ အကြောင်းပြချက် ရှာဖွေနေရုံပါပဲ။ ရှန်းကျီးဝမ် တစ်ယောက် ဒီလောက်ကြီး အလေးအနက် စဉ်းစားနေလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

ဒါကလည်း သူ့ရဲ့ ကျက်သရေပဲ ဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ ဘယ်ကမ္ဘာကို ရောက်ရောက် အတွေးအခေါ်ကောင်းတွေ ပိုင်ဆိုင်ထားတာမျိုးပေါ့။

အချိန် ဘယ်လောက် ကုန်ဆုံးသွားပြီလဲ မသိတော့ပါဘူး။ ရှန်းကျီးဝမ်တစ်ယောက် ရုတ်တရက် မျက်လုံးကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်လိုက်ပါပြီ။ သူ့မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်မှာတော့ အမြင်အားလုံး ရှင်းလင်းသွားပါတော့တယ်။

“လမ်းညွှန်ပြသမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ် ဆရာကြီးခင်ဗျာ”

ရှန်းကျီးဝမ်လည်း လက်သီးနှစ်ဖက်ယှက် ဦးညွတ်အရိုအသေ ပြုလိုက်ပါပြီ။

“..”

မင်းက ဘာတွေ နားလည်သွားရတာလဲ။

“ဆရာကြီးက အလွန်အစွမ်းထက်နေခဲ့တာကလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်လမ်းစဉ်းပေါ်မှာ ဇွဲနဲ့ လျှောက်လှမ်းခဲ့လို့ပါ။ ပျင်းဖို့ကောင်းတဲ့ ကျင့်ကြံခြင်းနဲ့ ခက်ခဲမှု အားလုံးကို တစ်ကိုယ်တည်း ကျော်ဖြတ်ခဲ့ရတယ် မဟုတ်လား။ ကျွန်တော့် အနေနဲ့ ဆရာကြီးဆီကနေ ကြိုးစားမှုတွေကို သင်ယူပြီးတော့ ပြိုင်ဘက်ကင်း တန်ခိုးရှင်တစ်ဦး ဖြစ်လာသည်အထိ ကြိုးစားလေ့ကျင့်ပါ့မယ်”

“…”

ချင်းကျူ အူကြောင်ကြောင် ဖြစ်သွားခဲ့ပါပြီ။ ရှန်းကျီးဝမ် တစ်ယောက် ဉာဏ်အလင်း ဒီလောက် ပွင့်သွားမယ်လို့ ထင်မထားမိခဲ့ပါဘူး။

“ကောင်းပြီလေ။ မင်းနားလည်တယ်ဆိုတော့ ကောင်းပါတယ်”
ချင်းကျူလည်း စိတ်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး လေးနက်ချင်ယောင် ဟန်ဆောင်လိုက်ပါပြီ။
“အဲဒီလိုဆိုတော့ ကောင်းကောင်း တရားဆက်ကျင့်ပါ။ ပြီးတော့ ငါ့ကို ထပ်ပြီး လာမရှာနဲ့တော့။ မဟုတ်ဘူးဆိုရင် မင်းရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပြီး ငတုံးတစ်ကောင် ဖြစ်အောင် လုပ်ပစ်လိုက်မယ်”

ရှန်းကျီးဝမ်လည်း ဒီစကားကြောင့် သွေးပျက်တုန်လှုပ်သွားပါတော့တယ်။ သူမြန်မြန် ပြောလိုက်ပါပြီ။
“ဆရာကြီးခင်ဗျာ။ စိတ်မပူပါနဲ့။ ကိစ္စကြီး မဖြစ်သရွေ့ ဆရာကြီးကို လာပြီး ဒုက္ခမပေးတော့ပါဘူး ခင်ဗျာ”

“ကိစ္စကြီး ဖြစ်လာရင်လည်း မလာနဲ့”
ချင်းကျူလည်း အေးစက်စွာ ပြောလိုက်ပါတော့တယ်။

ဒီတစ်ကောင်က နည်းနည်း စိတ်ဝင်စားဖို့ ကောင်းနေတာကြောင့် မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက ငတုံးတစ်ကောင်ဖြစ်အောင် လုပ်ပစ်မိလောက်ပါပြီ။

“ဟုတ်ကဲ့ ခင်ဗျ”

ရှန်းကျီးဝမ်လည်း မငြင်းဆန်ဝံ့ခဲ့ပါဘူး။ ချက်ချင်း ခေါင်းငြိမ့်လိုက်ပြီး အပြေး ထွက်ခွာသွားခဲ့ပါပြီ။ ချင်းကျူက ရုတ်တရက်စိတ်ပြောင်းပြီး သူ့ကို ငတုံးဖြစ်အောင် လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

ရှန်းကျီးဝမ်ဟာ အလွန်ဖြောင့်မတ်သူ ဖြစ်ပေမဲ့လည်း ငတုံးတစ်ကောင်တော့ မဟုတ်ခဲ့ပါဘူး။ ချင်းကျူရဲ့ စကားတွေကို သူနားလည်တာပေါ့။ ဒါကြောင့်လည်း ဒီနေရာကို ဘယ်တော့မှ ပြန်မလာဖို့ ဆုံးဖြတ်လိုက်ပါပြီ။

“…”

ရှန်းကျီးဝမ် ထွက်ခွာသွားချိန်မှာ တောင်ထိပ်နေရာ ပြန်လည် ငြိမ်သက်အေးချမ်းသွားပါတော့တယ်။ ချင်းကျူလည်း အကာအကွယ် အလွှာကို ရုတ်သိမ်းပြီး မြက်ခင်းပြင်ထက် လဲလျောင်းလိုက်ပါပြီ။ သူရေရွတ်နေခဲ့ပါတယ်။
“ရှမ်းဟွမ်စွတ် ဂိုဏ်းသားတစ်ယောက်ကြောင့် ငါ့အကြောင်း လူသိသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ အသုံးမကျတဲ့ကောင်ပဲ”

ချင်းကျူအနေနဲ့ သူအစွမ်းထက်ကြောင်း လူသိမှာကို စိတ်မပူပါဘူး။ မဟုတ်ဘူးဆိုရင် တျန်းဂျိဇီတို့ ရှေ့မှောက်မှာ မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင် ဝိညာဉ်တို့ရဲ့ မြေကမ္ဘာ သူတော်စင်တွေကို သတ်စရာ အကြောင်းမှ မရှိတာ။

သူ့အနေနဲ့ အပြင်လူတွေ လာနှောင့်ယှက်နေတာမျိုးကို မကြိုက်ရုံပါ။ ရှန်းကျီးဝမ်လည်း သူ့ကို လာပြီး မနှောင့်ယှက်သရွေ့ သူလည်း ရှန်းကျီးဝမ်ကို ဘာမှ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 67

“ခရမ်းရောင် ဝိညာဉ်မျိုးနွယ် ပျက်စီးသွားပြီ။ မိစ္ဆာသားရဲတွေလည်း အကျအဆုံး အရမ်းများခဲ့တယ်။ ဒါကြောင့် နှစ်ပေါင်း တစ်ရာအတွင်း တောင်ပိုင်းနယ်မြေကြီးမှာ ကပ်ဘေးထပ်ပြီး ကျဆင်းလာစရာ အကြောင်းမရှိတော့ဘူးလို့ ပညာရှင်တွေက ခန့်မှန်းနေကြပြီ”

“အာခက် လျှို့ဝှက်ဂိုဏ်းက ပွဲတော်ကြီးကို ကျင်းပနေတယ်။ အဆင့်မြင့် တန်ခိုးရှင် အားလုံး အဲဒီပွဲတော်ကြီးကို တက်ရောက်ကြမှာ။ ပွဲတော်ကြီးက အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ကြီး တစ်ခုပဲ”

“မိုးကြိုးလေပြည်ဂိုဏ်းကတော့ ဆုံးရှုံးမှု အရမ်းများသွားခဲ့တယ်။ ကြည့်ရတာ မဟာဂိုဏ်းကြီး လေးခုထဲ စာရင်းမဝင်နိုင်တော့ဘူး ထင်တယ်”

“…”

လဝက်ကျော် ကုန်ဆုံးသွားပြီ ဖြစ်ပေမဲ့လည်း ဒီစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေ ရှိနေဆဲပါ။ စစ်ပွဲဟာ လွင်ပြင်ဒေသမှာ ဖြစ်ပွားလို့သာ တော်ပါသေးတယ်။ မဟုတ်ဘူးဆိုရင် ထိခိုက်ဆုံးရှုံးမှု ဒီထက် ပိုများသွားမှာပါ။

ခန့်မှန်းထားသလိုပဲ မိုးကြိုးလေပြည်ဂိုဏ်းဟာ မဟာဂိုဏ်းကြီး လေးဂိုဏ်းထဲ စာရင်း မဝင်တော့ပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ်  မိုးကြိုးလေပြည်ဂိုဏ်းဟာ မဟာကလန်ကြီး ခြောက်ခုထက် သာလွန်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်တော့ ရပ်တည်နိုင်နေဆဲပါ။ တခြား မဟာဂိုဏ်းကြီး ၃ ခုက မိုးကြိုးလေပြည်ဂိုဏ်းကို မတိုက်ခိုက်သရွေ့ တခြားလူတွေကလည်း လာပြီး စော်ကားဝံ့မှာ မဟုတ်ပါဘူး။

မဟာဂိုဏ်းကြီး ၃ ဂိုဏ်းက သူတို့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖွင့်ပြောပြီးပါပြီ။ မိုးကြိုးလေပြည်ဂိုဏ်းကို တိုက်ခိုက်တဲ့ ဘယ်သူ့ကို မဆို သူတို့ရဲ့ ရန်သူအဖြစ် သတ်မှတ်မှတ် မဟုတ်လား။

ဒါ့အပြင်ကို မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးဟာ တောင်ပိုင်း နယ်မြေကို ကာကွယ်ပေးဖို့အတွက် အသက်စွန့်သွားခဲ့ပါတယ်။ ဒီလို အခြေအနေကို အခွင့်ကောင်းယူချင်တဲ့ လူတွေဟာ သေလမ်းကိုပဲ လျှောက်ရမှာပါ။

မဟာဂိုဏ်းကြီး လေးဂိုဏ်းက မကူညီဘူး ဆိုရင်တောင်မှ တောင်ပိုင်း နယ်မြေက ထောင်ပေါင်းများစွာသော တန်ခိုးရှင်တွေဟာ လာရောက်တိုက်ခိုက်သူကို ခြေမှုန်းကြပါလိမ့်မယ်။

ချင်းကျူ ဒီကိစ္စတွေကို စိတ်မဝင်စားခဲ့ပါဘူး။ ပြောရမယ် ဆိုရင် သူနဲ့လည်း မဆိုင်ပါဘူး။ အခုအချိန် သူစိတ်ပူနေတာက ရှိနေတဲ့ ဝိညာဉ်အရက်တွေ ကုန်သွားတော့မဲ့ ကိစ္စပါ။

“ဟူး… ငါ့သိုလှောင်ခန်း လက်စွပ်ထဲမှာ အရက်များများစားစား မရှိတော့ဘူးပဲ”
ချင်းကျူလည်း သက်ပြင်းချရင်း ခေါင်းကိုက်လာခဲ့ပါပြီ။

ပိုင်ရီရဲ့ အရက်ခန်းကို သူအကြိမ်တော်တော်များများ ဓားပြတိုက်ခဲ့ပြီးပါပြီ။ အခု အရည်အသွေးကောင်းလှတဲ့ အရက် တချို့ကလွဲရင် တခြားအရက်တစ်ပုလင်းတောင် မကျန်တော့ပါဘူး။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ချင်းကျူ အရက်စွဲနေတာ ပြတ်သွားနိုင်ပါတယ်။

“ဂိုဏ်းကြီးတွေဆီသွားပြီး အရက်တောင်းလိုက်ရင် မကောင်းဘူးလား”
ချင်းကျူလည်း ဒီအကြံကို ချက်ချင်း ရသွားခဲ့ပါပြီ။

သူ့ရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် ဂိုဏ်းကြီးတွေက အရက်တွေကို လူမသိ သူမသိအောင် ယူဖို့ဆိုတာ လွယ်လွယ်ကလေးပါ။

“ဒီလိုပဲ ဆုံးဖြတ်လိုက်တာပေါ့”

ချင်းကျူလည်း ဆုံးဖြတ်ပြီးတာနဲ့ ဝိညာဉ်တက်ဘလက်ကို ထုတ်ယူလိုက်ပြီး အာခက်လျှို့ဝှက်ဂိုဏ်းကို ရှာဖွေလိုက်ပါပြီ။ ချက်ချင်းဆိုသလို သတင်းတစ်ခု တက်လာပါတော့တယ်။

အာခက်လျှို့ဝှက်ဂိုဏ်းရဲ့ official page မှာ သူတို့ တည်နေရာကို ပြသထားပါတယ်။ သူတို့တွေဟာ တောင်ပိုင်းနယ်မြေကြီးရဲ့ ဗဟိုကောင်းကင်တိမ်တိုက် တောင်တန်းကြီးမှာ အခြေစိုက်ထားခဲ့တာပါ။

ချင်းကျူလည်း အာခက်လျှို့ဝှက်ဂိုဏ်း ပေ့ချ်ရဲ့ တစ်ဖက်က အွန်လိုင်းရှော့ကို ရှာဖွေကြည့်လိုက်ပါပြီ။ ဒီနေရာမှာ ဝိညာဉ်အရက် အမျိုးအစား အမျိုးမျိုး ရှိနေတာကို တွေ့လိုက်ရပါတော့တယ်။ အာခက်လျှို့ဝှက်ဂိုဏ်းလို ထိပ်တန်း အဖွဲ့အစည်းကြီးတွေဟာ ကိုယ်ပိုင် အော်ဖစ်ရှစ် အကောင့်တွေကို ဖွင့်ထားကြပြီး အွန်လိုင်းရှော့တွေမှာလည်း ပစ္စည်းတွေ ရောင်းချကြပါတယ်။ သူတို့တွေရဲ့ အခြေခံ အုတ်မြစ်ဟာ နက်ရှိုင်းခိုင်မာလွန်းတာကြောင့် ပစ္စည်းတွေကို အာမခံချက် အပြည့်အ၀ ပေးထားခဲ့ပါတယ်။ ဒါကြောင့် သူတို့ရောင်းချတဲ့ ပစ္စည်းတွေဟာ အလွန်ကို စျေးကြီးလှပါတယ်။

ချင်းကျူလည်း စာမျက်နှာကို လှန်လှောကြည့်လိုက်ပါပြီ။ ဝိညာဉ်အရက်အများစုကို အမျိုးမျိုးသော ကောင်းကင်ဘုံ ရတနာတွေနဲ့ ချက်လုပ်ထားခဲ့တာပါ။ ဒီထဲမှာ နှစ်ရာပေါင်းများစွာ သက်တမ်းရှိတဲ့ ရတနာတွေနဲ့ ချက်လုပ်ထားတဲ့ အရက်တွေလည်း ရှိနေပါသေးတယ်။ သူတို့ကို ကြည့်ရင်း ချင်းကျူ သွားရေကျလာခဲ့ပါပြီ။

ဝိညာဉ်တက်ဘလက်ကို ချင်းကျူ ပိတ်လိုက်ပြီး အရပ်မျက်နှာ ခန့်မှန်းတွက်ချက်လိုက်ပါပြီ။ ပြီးတာနဲ့ နေရာကနေ ချင်းကျူ ပျောက်ကွယ်သွားပါတော့တယ်။

ကီလိုမီတာ သောင်းပေါင်းများစွာ အကွာမှာ ချင်းကျူ ရုတ်ချည်း ပြန်ပေါ်လာခဲ့ပါပြီ။

“ငါ ဒီလိုလုပ်တာ မှားများ မှားနေလား”
ချင်းကျူ မျက်မှောင်ကြုတ်နေခဲ့ပါတယ်။
“ငါက ဥပဒေအတိုင်း နေထိုင်တဲ့ ပြည်သူ တစ်ဦးပဲ။ ဘာဖြစ်လို့ သူတပါး ပစ္စည်းကို ခိုးယူနေရတာလဲ”

“မဟုတ်သေးဘူး။ ငါ့အနေနဲ့ သူတို့နဲ့ လဲလှယ်နိုင်မဲ့ နည်းလမ်းတစ်ခုကို ရှာဖွေသင့်တယ်”
ချင်းကျူလည်း စဉ်းစားရင်း သူ့ရဲ့ ဝိညာဉ်အာရုံကို အဆက်မပြတ် ဖြန့်ထုတ်လိုက်ပါပြီ။ သိပ်မကြာခင်မှာတော့ ပတ်ဝန်းကျင် ကီလိုမီတာ ၅၀၀၀ ကို သူသေချာ ရင်းနှီးကျွမ်းဝင်မှု ရှိလာပါတော့တယ်။

တဒင်္ဂ အချိန်အတွင်း ချင်းကျူ ထပ်မံပျောက်ဆုံးသွားခဲ့ပါပြီ။ ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာက တောအုပ်အထက် ချင်းကျူ ပြန်ပေါ်လာပါတော့တယ်။

“အနက်ရောင် တောအုပ်ထဲမှာ ရှိနေမယ်လို့ ထင်မထားမိခဲ့ဘူး”
ချင်းကျူ စကားမဆုံးခင်မှာပဲ အနက်ရောင် အရိပ်တစ်ခုဟာ တောအုပ်ထဲကနေ တဟုန်ထိုး ပြေးထွက်လာခဲ့ပါပြီ။

၀ုန်း

ဒီအရိပ်ဟာ ချင်းကျူအနား မချည်းကပ်နိုင်ခင်မှာပဲ ခန္ဓာကိုယ်ပေါက်ကွဲ သေဆုံးသစွားပါတော့တယ်။

အဝေး နေရာမှာ အံ့မခန်း အော်ရာအရှိန်အဝါ တချို့ ဖြာထွက်လာတာကို ချင်းကျူ ဂရုမစိုက်အားပါဘူး။ အောက်မှာ ရှိနေတဲ့ ပစ္စည်းကို လက်နဲ့ သူလှမ်းယူလိုက်ပါပြီ။

ကလစ် ကလစ် ကလစ်

မြေပြင်ဟာ ပြင်းထန်တဲ့ အင်အားကြောင့် မြေပြင်တစ်ခုလုံး နှစ်ခြမ်းကွဲသွားပါတော့တယ်။

“ဂရား”

ဒီနေရာမှာ ၀ုန်းဒိုင်းကျဲနေမှုကြောင့် အစွမ်းထက်တဲ့ မိစ္ဆာသားရဲတွေဟာ ကောင်းကင်ကို မော့ကြည့်ပြီး မာန်ဖီလိုက်ကြပါပြီ။ ဒါက ချင်းကျူကို သတိပေးလိုက်တာပါ။

မဟာစကြ၀ဠာ နဂါးကြီးနဲ့ မြေကမ္ဘာ သူတော်စင် သားရဲကြီး ၃ ကောင်ကို လူသားတွေ သတ်ဖြတ်လိုက်တာကြောင့် ဒီမိစ္ဆာသားရဲတွေဟာ အလောတကြီး မလှုပ်ရှားဝံ့ကြတော့ပါဘူး။ သူတို့ အဝေးကနေသာ ကြည့်နေခဲ့ကြပါတယ်။

ချင်းကျူကတော့ မိစ္ဆာသားရဲတွေရဲ့ သတိပေးမှုကို မကြားတဲ့အလား ပိုပြီး နက်ရှိုင်းတဲ့ နေရာအထိ ဆက်လက် ရှာဖွေနေဆဲပါ။

“လူသား.. မင်းဘာလာလုပ်တာလဲ”

နောက်ဆုံးတော့ ဝမ်ရှင်းသူတော်စင် အဆင့် မိစ္ဆာသားရဲ တစ်ကောင် ရပ်ကြည့်မနေနိုင်တော့ပဲ တောအုပ်အပြင်ဘက် ပျံသန်းလာပြီး မာန်ဖီလိုက်ပါပြီ။

ချင်းကျူ သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပါတော့တယ်။ ဒီမိစ္ဆာသားရဲဟာ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်လှတဲ့ မျောက်ကြီးတစ်ကောင်ပါ။

“လူသား.. မင်းဘာလာလုပ်တာလဲ”

လူသားက သူ့ကို လျစ်လျူရှုထားတဲ့အတွက် မျောက်ကြီးလည်း ထပ်ပြီး မေးမြန်းလိုက်ပါပြီ။ ဒီလူသားက အရမ်းအန္တရာယ်များကြောင်းကို သူ့ရဲ့ မသိစိတ်က အသိပေးနေခဲ့ပါတယ်။

ဒီအချိန်မှာပဲ အလင်းမှုန်လေးတစ်ခုဟာ အက်ကွဲနေတဲ့ မြေကြီးထဲကနေ ထွက်ပေါ်လာခဲ့ပါပြီ။ သိပ်သည်းလှတဲ့ ဝိညာဉ်စွမ်းအင်တွေလည်း ဖြာထွက်လာပါတော့တယ်။

“ထွက်လာခဲ့တော့”

ကောင်းကင်တစ်ခွင်လုံး ဖုန်မှုန့်တွေ မီးခိုးတွေ ဖုံးလွှမ်းသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ အလွန်ကြည်လင် သန့်စင်တဲ့ ဝိညာဉ်ကျောက်တုံးဟာ မြေပြင်ထဲကနေ ချင်းကျူဆီ ပျံသန်းလာပါတော့တယ်။

“ဒီလောက်ဆို လုံလောက်ပါပြီ။ ဟုတ်တယ်မလား”

ချင်းကျူလည်း တောင်အရွယ်လောက်ရှိတဲ့ ဝိညာဉ်ကျောက်တုံးလေးကို ကြည့်ပြီး စဉ်းစားရင်း ရေရွတ်လိုက်ပါတော့တယ်။

ဒီလောက်ကြီးတဲ့ ဝိညာဉ်ကျောက်တုံးနဲ့ဆိုရင် သာမန်တန်ခိုးရှင် တစ်ဦးအနေနဲ့ ဟိုတျန်အဆင့်ကနေ ဝမ်ရှင်းသူတော်စင် အဆင့်ကို ရောက်အောင် တက်လှမ်းနိုင်နေပါပြီ။ ဒီထက်တောင် ကချင်မှ ကမှာပါ။

ဒီဝိညာဉ်ကျောက်တုံးဟာ အရွယ်အစား ကြီးမားရုံတင် မကပါဘူး။ အနက်ရောင် တောအုပ်အောက်ခြေမှာ ဖြစ်ပေါ်လာခဲ့တာကြောင့် အလွန်သန့်စင်တဲ့ သန့်စင်သောယန်နဲ့ယင် စွမ်းအင်တွေ ပါဝင်နေပါသေးတယ်။ ဒါက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးထက် အများကြီး သာလွန်နေပါပြီ။ ဝမ်ရှင်းသူတော်စင် တစ်ဦးအနေနဲ့ မူလတာအို အဆင့်ကို တက်ဖို့အတွက်တောင် အသုံးပြုကောင်း အသုံးပြုနိုင်မှာပါ။ သူတို့ ကံကောင်းခဲ့မယ် ဆိုရင် ယင်ယန် စွမ်းအင်ကိုပါ အသုံးပြု လေ့ကျင့်နိုင်ပါလိမ့်မယ်။

“ဝိညာဉ်ကျောက်တုံး”

မျောက်ကြီးလည်း အံ့အားသင့်သွားခဲ့ပါပြီ။ ဒီနေရာမှာ သူနှစ်ပေါင်း တစ်ရာကျော် နေထိုင်ခဲ့ပေမဲ့လည်း ဒီလောက် အရွယ်အစား ကြီးမားတဲ့ ဝိညာဉ်ကျောက်တုံး တစ်တုံး တိမ်မြုပ်နေလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ ဒါ့အပြင်ကို ဒီဝိညာဉ်ကျောက်တုံးမှာ သန့်စင်သော ယင်နဲ့ယန် စွမ်းအင်တွေ ပါဝင်နေပါသေးတယ်။

“ငါ့ကို ပေးစမ်း”
မျောက်ကြီးလည်း ဝမ်းသာအားရ အော်ပြောလိုက်ပါပြီ။ ဒီဝိညာဉ်ကျောက်တုံးနဲ့ဆိုရင် ဝမ်ရှင်းသူတော်စင်ကနေ မူလတာအို သူတော်စင်အဆင့်ကို သူတက်လို့ ရသွားပြီ မဟုတ်လား။ ဒါ့အပြင် လူသားအသွင်လည်း ပြောင်းလဲနိုင်တော့မှာပါ။

“ဂရား”

ဒါကို မြင်လိုက်ရတဲ့ တခြား သားရဲတွေလည်း တောအုပ်ထဲကနေ ပျံသန်းထွက်ပေါ်လာခဲ့ကြပြီး ချင်းကျူကို ၀ိုင်းထားလိုက်ကြပါပြီ။ ဝိညာဉ်ကျောက်တုံးကို သူတို့ သွားရေတမြားမြားနဲ့ ကြည့်နေခဲ့ကြပါတော့တယ်။

“လူသား.. ငါတို့ကို ဒီဝိညာဉ်ကျောက်တုံး ပေးလိုက်။ မင်းကို အသက်ချမ်းသာပေးမယ်”
အစွမ်းအထက်ဆုံး အော်ရာအရှိန်အဝါ ပိုင်ဆိုင်ထားတဲ့ မိစ္ဆာသားရဲ တစ်ကောင်က အော်ပြောလိုက်ပါပြီ။ သူ့ရဲ့ အသွင်ဟာ ကျွဲတစ်ကောင်နဲ့ ဆင်တူပြီး ခေါင်းနှစ်လုံး ရှိနေပါတယ်။ အကြေးခွံ အလွှာတွေဟာ သူ့ကျောကို ဖုံးလွှမ်းထားတာကြောင့် ကြည့်ရတာ တော်တော်လေး ကြောက်စရာ ကောင်းလွန်းပါတယ်။

ချင်းကျူ တစ်ချက် မျက်ခုံးပင့်ကြည့်လိုက်ပါပြီ။ ဒီပစ္စည်းနဲ့ အရက်ကို လဲလှယ်ဖို့ သူစီစဉ်ထားတာ မဟုတ်လား။ ပေးစရာလား။

ဝှစ်

ချက်ချင်းဆိုသလိုပဲ ရွှေရောင် အလင်းတွေ ဖြာထွက်တောက်ပလာခဲ့ပြီး တောအုပ်တစ်ခုလုံး ရွှေရောင်လွှမ်းသွားခဲ့ပါပြီ။ ရွှေရောင်အလင်းတွေ ပျောက်ကွယ်သွားချိန်မှာတော့ ချင်းကျူကော ဝိညာဉ်ကျောက်တုံးကော မရှိတော့ပါဘူး။ ဝမ်ရှင်းသူတော်စင်အဆင့် မိစ္ဆာသားရဲတွေလည်း မရှိကြတော့ပါဘူး။

တောင်ပိုင်းနယ်မြေကြီး။ ဗဟိုကုန်းမြေ၊ ကောင်းကင်ဘုံ တိမ်တိုက် တောင်တန်း၊ အာခက်လျှို့ဝှက်ဂိုဏ်း။

ကောင်းကင်ဘုံ တိမ်တိုက် တောင်တန်းဟာ ကီလိုမီတာ ငါးဆယ်ကျော် ရှည်လျားပြီး မြင့်မားတဲ့ တောင်ထွတ်အများအပြား ရှိနေခဲ့ပါတယ်။ ဒီနေရာမှာ ဝိညာဉ် နွယ်ပင်တွေ ရှင်သန် ပေါက်ရောက်နေကြပြီး ရှုခင်းဟာ ကောင်းကင်ဘုံ အလားပါပဲ။ ပြောရရင် ကောင်းကင်ဘုံအောက် အဆင့်မနိမ့်နိုင်တော့ပါဘူး။

မဟာဂိုဏ်းကြီး လေးခုရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် အာခက်လျှို့ဝှက်ဂိုဏ်းဟာ ဒီနှစ်ထဲမှာ အလျှင်အမြန် တိုးတက်လာခဲ့ပြီး အစွမ်းထက်တဲ့ တန်ခိုးရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ တန်ခိုးရှင်အများအပြားပဲ မကြာခင်တုန်းက စစ်ပွဲမှာ ကျဆုံးသွားပေမဲ့ သူတို့ရဲ့ အခြေခံ အုတ်မြစ်ကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒါ့အပြင်ကို တောင်ပိုင်းနယ်မြေက အစွမ်းအထက်ဆုံး တန်ခိုးရှင်ဟာ ဒီနေရာကို စောင့်ရှောက်ပေးထားတာကြောင့်လည်း ဘယ်သူကမှ အာခက်လျှို့ဝှက်ဂိုဏ်းကို တုန်လှုပ်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။

မိစ္ဆာသတ် အစည်းအဝေးကို တက်ရောက်ဖို့ ဒီနေရာကို ချင်းကျူ တစ်ခေါက် ရောက်လာဖူးပါတယ်။ ဒါကြောင့် ဒီနေရာကို သူတော်တော်လေး ရင်းနှီးကျွမ်းဝင်မှု ရှိနေခဲ့တာပါ။

တောင်တန်းကို ကာကွယ်ပေးထားတဲ့ အကာအကွယ် အလွှာကို ဖြတ်ကျော်ပြီးချိန်မှာတော့ အာခက်လျှို့ဝှက်ဂိုဏ်းရဲ့ အရက်သိုလှောင်ခန်းဆီ ချင်းကျူ ရောက်ရှိလာခဲ့ပါပြီ။ ဒီနေရာက သူ့အတွက်တော့ တကယ့် ကောင်းကင်ဘုံပါပဲ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 68

အာခက်လျှို့ဝှက်ဂိုဏ်းရဲ့ အရက်သိုလှောင်ခန်းက အရမ်းကိုကြီးမားခမ်းနားလွန်းပါတယ်။ ပြောရရင် ရွှမ်းရီတောင်တန်းဂိုဏ်း တစ်ဝက်နီးပါးလောက်ကို ကျယ်ဝန်းနေခဲ့တာပါ။ ဒါက ထိပ်တန်းအဆင့် အဖွဲ့အစည်းတွေနဲ့ အဆင့်နိမ့် အဖွဲ့အစည်းတွေအကြား ကွာခြားချက်ပဲ ဖြစ်ပါလိမ့်မယ်။

ထူးခြားတာ တစ်ခုကတော့ အရက်ခန်း အပြင်ဘက်မှာ ရှိနေတဲ့ ၀င်္ကပါပါ။ မူလတာအို သူတော်စင်တောင်မှ ဒီ၀င်္ကပါထဲ ပိတ်မိနေရင် လွတ်အောင် ထွက်ပြေးဖို့ မဖြစ်နိုင်သလောက်ပါပဲ။

“ကြည့်ရတာ အထဲမှာ ရှိနေတဲ့ ဝိညာဉ်အရက်တွေက တော်တော်လေး အဖိုးတန်နေပုံပဲ”
ချင်းကျူလည်း တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး ၀င်္ကပါထဲ ဝင်ရောက်သွားခဲ့ပါပြီ။

ဒီ ဒီ ၀ုန်း

၀င်္ကပါ အသက်မဝင်နိုင်ခင်မှာပဲ ရွှေရောင် အလင်းတွေဟာ မီတာ များစွာ အကွာအဝေးအထိ လွှမ်းခြုံသွားခဲ့ပါပြီ။ တောက်ပဖို့ ကြိုးစားလာတဲ့ ၀င်္ကပါလည်း မှေးမှိန်သွားပါတော့တယ်။ ချင်းကျူလည်း ၀င်္ကပါကို ဖြတ်သန်းပြီး အရက်သိုလှောင်ခန်းထဲ ဝင်ရောက်သွားခဲ့ပါပြီ။

“ဟူး”

ချင်းကျူလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မူးယစ်ရီဝေတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတော့တယ်။

“အနံ့လေးက မွှေးလိုက်တာ”

အရက်သိုလှောင်ခန်းကြီးထဲမှာ အရွယ်အစားနဲ့ ပုံစံ အမျိုးမျိုး အရက်အိုးတွေ ခွက်တွေ ရှိနေခဲ့ပါတယ်။ သင်းပျံ့တဲ့ အရက်နံ့မှာ ဝိညာဉ်စွမ်းအင်တွေ အလွန်ကြွယ်၀နေတာကိုလည်း တွေ့၇မှာပါ။

ချင်းကျူ အရင်တုန်းက သောက်ခဲ့တဲ့ ဝိညာဉ်အရက်တွေက အခု အရက်တွေနဲ့ ယှဉ်လိုက်ရင် မိုးနဲ့မြေလို ကွာခြားသွားခဲ့ပါပြီ။

ပိုင်ရီရဲ့ အရက်ဖော်စပ်တဲ့ ပညာက ညံ့နေလို့ မဟုတ်ပါဘူး။ ကုန်ကြမ်းပစ္စည်းတွေ အဆင့်ကွာခြားလွန်းတာကြောင့်ပါ။ အာခက်လျှို့ဝှက်ဂိုဏ်းဟာ ဝိညာဉ်ဆေးပင် အဆင့် ၃ အထက်က ပစ္စည်းတွေကိုသာ ကုန်ကြမ်းအဖြစ် အသုံးပြုထားခဲ့ပါတယ်။

ဒီကမ္ဘာကို သူရွှေ့ပြောင်းလာတဲ့ အချိန်ကစလို့ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အရက်သိုလှောင်ခန်းထဲကို ချင်းကျူ ပထမဆုံးအကြိမ် ရောက်ဖူးခဲ့တာပါ။ ပြောရမယ်ဆိုရင် ပိုင်ရီရဲ့ အရက်သိုလှောင်းခန်းထဲ အရက်မကုန်သေးဘူးဆိုရင် ဒီကို ရောက်လာမှာတောင် မဟုတ်ပါဘူး။

“ဆယ်နှစ် သက်တမ်း အရက်တွေ၊ ဟိုဟာက နှစ်နှစ်ဆယ်၊ ဒီဟာက နှစ် ၃၀…”

ချင်းကျူလည်း သက်တမ်းတွေကို လိုက်ကြည့်ဖြစ်ခဲ့ပါတယ်။ သက်တမ်းအကြာဆုံး အရက်ဟာ နှစ်ပေါင်း ၂၀၀ ကျော် ရှိနေပါပြီ။ ချက်ချင်းပဲ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိတဲ့ အရက်အိုးကို ချင်းကျူ ပျော်ရွှင်စွာ ကောက်ယူလိုက်ပြီး အဖုံးဖွင့်သောက်လိုက်ပါတော့တယ်။

ဝိညာဉ်အရက် ခံတွင်းထဲ ဝင်ရောက်လာချိန်မှာတော့ ဝိညာဉ်စွမ်းအင်လှိုင်းတွေဟာ သူ့အရိုးတွေ ခြေလက်တွေထဲအထိ စီးဆင်းလာခဲ့ပါပြီ။ ဒီလို ဝိညာဉ်စွမ်းအင် ပမာဏဟာ ချင်းကျူအတွက် စာမဖွဲ့လောက်တဲ့ ပမာဏပါ။ ဒါပေမဲ့ အရက်သောက်ရတဲ့ ဖီလင်ကတော့ အရမ်းကောင်းပါတယ်။

“ဟား ဟား ဟား.. ကောင်းတယ်။ ကောင်းတယ်”

ချင်းကျူ ရယ်မောလိုက်ပါပြီ။

အရက်တစ်အိုးလုံး ကုန်သွားချိန်မှာတော့ ချင်းကျူတစ်ယောက် ကျေနပ်စွာ ပါးစပ်ကို သုတ်လိုက်ပါတော့တယ်။

နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိတဲ့ ဝိညာဉ်အရက်ဟာ ထိပ်တန်း အရက်ကောင်းလို့ ဆိုနိုင်နေပါပြီ။ သူ့ရဲ့ အမွှေးနံ့ကော အရသာကော အလွန်ကြွယ်၀တယ် ဆိုရမှာပါ။ အရက်အမျိုးမျိုးကို ချင်းကျူ သောက်ဖူးပေမဲ့လည်း တကယ်ကို ရင်သပ်ရှုမောစရာ ဖြစ်နေခဲ့ပါတယ်။

“ဒီဝိညာဉ်ကျောက်တုံးက ဒီနေရာမှာ ရှိတဲ့ အရက်အိုး တစ်ဝက်နီးပါးကို ဝယ်ဖို့ လုံလောက်ပါတယ်။ ဟုတ်တယ်မလား”

ချင်းကျူလည်း ပြဿနာ မရှိနိုင်ဘူးလို့ သေချာတော့မှ လက်ကို ဝှေ့ယမ်းလိုက်ပြီး အရက်သိုလှောင်ခန်းထဲက အရက်ပုလင်း တစ်ဝက်ကျော်ကို သိုလှောင်ခန်း လက်စွပ်ထဲ သိမ်းဆည်းလိုက်ပါပြီ။ အထူးသဖြင့် သက်တမ်းရင့်  အရက်တွေကို ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ တောင်ကလေး တစ်လုံးအရွယ်လောက် ရှိတဲ့ ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး အရက်သိုလှောင်ခန်းထဲ ထည့်ထားပေးလိုက်ပါပြီ။

ဒီအရက်သိုလှောင်ခန်းထဲမှာ ဝိညာဉ်ကျောက်တုံး ဆံ့လို့ တော်ပါသေးတယ်။ မဟုတ်ဘူးဆိုရင် အခန်းတစ်ခုလုံး ပေါက်ကွဲသွားမှာပါ။

ချက်ချင်းဆိုသလို အရက်သိုလှောင်ခန်းထဲကနေ ချင်းကျူ ပျောက်ကွယ်သွားခဲ့ပါပြီ။

“ဂိုဏ်းတူအစ်ကိုကြီးလု.. ရောက်လာပြီလား”

“အေး… လူတချို့က နှစ်ပေါင်း သက်တမ်း ၅၀ ကျော် ရှိတဲ့ ဝိညာဉ်အရက်တွေကို အော်ဒါတင်လာလို့။ ငါလာယူတာလေ”

“ကောင်းပြီလေ”
ပြောဆိုလိုက်သူကတော့ မုတ်ဆိတ်ရှည်နဲ့ အဘိုးအို တစ်ဦးပါ။ သူဟာ ၃ ပေလောက်ပဲ အရပ်မြင့်ပါတယ်။ ဂိုဏ်းတူအစ်ကိုကြီးလုဆိုတာကတော့ လူငယ်လေး တစ်ဦးပါ။ ဒါပေမဲ့ သူ့အော်ရာအရှိန်အဝါဟာ မုတ်ဆိတ်ရှည်နဲ့ အဘိုးအိုထက် အများကြီး သာလွန်နေခဲ့ပါတယ်။

သူတို့ နှစ်ဦးအရက်သိုလှောင်ခန်း အပြင်ကို ရောက်လာခဲ့ပါပြီ။

“ပွင့်စေ”
မုတ်ဆိတ်နဲ့ အဘိုးအိုလည်း ဝိညာဉ်စွမ်းအင်လှိုင်းတွေနဲ့ ၀င်္ကပါထဲ ဖြည့်လိုက်ပါပြီ။

၀ုန်း

နှစ်မိနစ် အကြာမှာတော့ ၀င်္ကပါထဲ လျှောက်လမ်းတစ်ခု ပေါ်လာပါတော့တယ်။ အနောက်မှာ အရက်သိုလှောင်ခန်း တံခါးလည်း ပွင့်သွားခဲ့ပါပြီ။

“ထူးဆန်းတယ်။ ဒီတစ်ခေါက် ၀င်္ကပါက အသက်ဝင်ဖို့ အချိန်နည်းနည်း ကြာသွားတယ်နော်”
မုတ်ဆိတ်ရှည်နဲ့ အဘိုးအို နားမလည်နိုင်စွာ ရေရွတ်လိုက်ပါတော့တယ်။

သူ့စကား မဆုံးခင်မှာပဲ ဂိုဏ်းတူအစ်ကိုကြီးလု အရက်သိုလှောင်ခန်းထဲ ဝင်သွားခဲ့ပါပြီ။

“အား..”

“ဘာဖြစ်လို့လဲ ဂိုဏ်းတူအစ်ကိုကြီးလု”
မုတ်ဆိတ်ရှည်နဲ့ အဘိုးအိုလည်း ထိတ်လန့်တကြား လိုက်ဝင်လာပါတော့တယ်။

“အရက်အိုးတွေကော”

မုတ်ဆိတ်ရှည်နဲ့ အဘိုးအို တုန်လှုပ်သွားခဲ့ပါပြီ။ အခုမှပဲ အရက်သိုလှောင်ခန်းထဲက အရက်အိုးတွေ တော်တော်များများ မရှိတော့တာကို တွေ့လိုက်ရပါတော့တယ်။ ကျန်နေတဲ့ အရက်တွေက နှစ်ပေါင်း ၁၀-၂၀ သက်တမ်း ရှိတဲ့ အရက်တွေပါ။ နှစ်ပေါင်း  ၅၀ သက်တမ်း မပြောနဲ့ နှစ်ပေါင်း ၃၀ သက်တမ်းရှိ အရက်တွေတောင် မကျန်တော့ပါဘူး။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

မုတ်ဆိတ်ရှည်နဲ့ အဘိုးအို မှင်သက်အံ့ဩနေခဲ့ပါတယ်။ အရက်သိုလှောင်ခန်းကို သူပဲ အမြဲတမ်း တာဝန်ယူထားခဲ့တာပါ။ အခု ဘယ်လိုလုပ်ပြီး အရက်အိုးတွေ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားတာလဲ။ တကယ်လို့သာ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ဒီအကြောင်း သိသွားမယ် ဆိုရင် သူ့ကို ခွင့်လွှတ်ကြမှာ မဟုတ်တော့ပါဘူး။

“နင်းရှီ.. ဘာတွေ ဖြစ်နေတာလဲ။ မင်းရှင်းပြပေတော့”
ဂိုဏ်းတူအစ်ကိုကြီးလုလည်း အေးစက်စွာ ပြောလိုက်ပါပြီ။

ဒါကို ကြားလိုက်ရတော့ မုတ်ဆိတ်နဲ့ အဘိုးအို ငိုယိုလိုက်ပါတော့တယ်။ ဒါပေမဲ့ မျက်ရည်တော့ မကျလာခဲ့ပါဘူး။ မနက်ခင်းတုန်းက သိုလှောင်ခန်းထဲ သူဝင်ရောက်လာပြီး စစ်ဆေးကြည့်ပါသေးတယ်။ အဲဒီတုန်းက အားလုံး ပုံမှန်ပါပဲ။ ဘယ်လိုလုပ်ပြီး နေ့တစ်ဝက်အတွင်း အခြေအနေက ဒီလို ဖြစ်သွားရတာလဲ။

ပြီးတော့ သူနဲ့ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးတွေကလွဲရင် မူလတာအို သူတော်စင်တွေတောင်မှ မှော်၀င်္ကပါကို ဖြတ်သန်းဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုလုပ်ပြီး အရက်သိုလှောင်ခန်းရဲ့ မှော်၀င်္ကပါကို အလွယ်တကူ ဖြတ်သန်းသွားခဲ့တာလဲ။

မုတ်ဆိတ်နဲ့ အဘိုးအို လဲကျလုလု ဖြစ်ခါနီးမှာပဲ အခန်းတစ်ဖက်မှာ ရှိနေတဲ့ ဝိညာဉ်ကျောက်တုံးကြီးကို တွေ့လိုက်ရပါပြီ။ သူတုန်လှုပ်သွားပါတော့တယ်။

ဂိုဏ်းတူအစ်ကိုကြီးလုလည်း တစ်ခုခု မူမမှန်ဘူး ထင်တာကြောင့် အဘိုးအို ကြည့်ရာကို လှမ်းကြည့်လိုက်ပါပြီ။ ဒီအခါမှာ သူမှင်သက်သွားပါတော့တယ်။
“အဲဒါ..”

“အဲဒါက ဝိညာဉ်ကျောက်တုံးကြီးလို့ ထင်တာပဲ”

“အဲဒီလောက် ကြီးတယ်လား”

ဒါက ဝိညာဉ်ကျောက်တုံးမှန်း သိပေမဲ့လည်း ဂိုဏ်းတူအစ်ကိုကြီးလု မယုံနိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ဒီလောက် အရွယ်အစား ကြီးမားတဲ့ ဝိညာဉ်ကျောက်တုံးမျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ဒါ့အပြင်ကို ထူးခြားတဲ့ အော်ရာအရှိန်အဝါ နှစ်ခုကို ဒီဝိညာဉ်ကျောက်တုံးက ပိုင်ဆိုင်ထားပါသေးတယ်။ တစ်ခုကတော့ ယင်ဖြစ်ပြီး နောက်တစ်ခုက ယန်ပါ။

“ဒါ.. ဒါကို အရက်တွေ ခိုးသွားတဲ့ တစ်ယောက်က ချန်ရစ်ပေးခဲ့တာလား..။ မဟုတ်သေးဘူး။ အရက်တွေ ယူသွားတဲ့ တစ်ယောက်က”
မုတ်ဆိတ်နဲ့ အဘိုးအိုလည်း ချီတုံချတုံ ပြောလိုက်ပါပြီ။

ဒီစကားအဆုံးမှာ နှစ်ဦးလုံး နှုတ်ဆိတ်သွားကြပါတော့တယ်။ ဝိညာဉ်ကျောက်တုံးကို အဲဒီလူက ချန်ရစ်ခဲ့တာဆိုရင် ဒါက ရှုံးသွားတာလား မြတ်သွားတာလား။

သိပ်မကြာခင်မှာတော့ သူတို့ နှစ်ဦး တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီး ပြောလိုက်ကြပါပြီ။
“ဒီကိစ္စကို အဆင့်မြင့် ပုဂ္ဂိုလ်တွေဆီ အရင်သတင်းပို့လိုက်တာ မကောင်းဘူးလား”

ဒီကို ကျူးကျော်လာတဲ့ တစ်ယောက်က မှော်၀င်္ကပါကို မထိခိုက်စေပဲ ဖြတ်သန်းဝင်ရောက်ခဲ့ပြီး ဝိညာဉ်ကျောက်တုံးကြီးကို ချန်ရစ်ထားခဲ့ပေးတယ် ဆိုတော့ ဒီပုဂ္ဂိုလ်ဟာ ပေါ့သေးသေးပုဂ္ဂိုလ်တစ်ဦး မဖြစ်နိုင်တော့ပါဘူး။ ပြောရရင် မြေကမ္ဘာ သူတော်စင် အဆင့်ကို အနိမ့်ဆုံး ရောက်နေလောက်ပါပြီ။ သူတို့ နှစ်ဦး အဆင့်နဲ့ ဘာမှ တတ်နိုင်မှာ မဟုတ်တော့ပါဘူး။  ဒီအတွက်ကြောင့်လည်း အဆင့်မြင့် ပုဂ္ဂိုလ်တွေကို သတင်းပို့ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

“ဟား ဟား ဟား.. အရက်ကောင်းပဲ”
ချင်းကျူလည်း ကျောက်တုံးပြာလေးကို မှီပြီး ဝိညာဉ်အရက်ကို ပျော်ရွှင်စွာ သောက်နေခဲ့ပါတယ်။ သူ့မျက်နှာအထက် ကျေနပ်အားရမှု ပြည့်၀နေပါပြီ။

အာခက်လျှို့ဝှက်ဂိုဏ်းက ဖော်စပ်ထားတဲ့ ဝိညာဉ်အရက် ပီသပါပေတယ်။ ဆယ်စုနှစ်သာ သက်တမ်းရှိသေးတဲ့ အရက်တောင်မှ မိုးသောက်နှင်းရည်လို ခါးပြီးချိုမြိန်တယ်။ အရက်နံ့ကလည်း သင်းပျံ့လှတယ် မဟုတ်လား။ တကယ်လို့ သာမန် တန်ခိုးရှင်သာ တစ်ငုံလောက် သောက်လိုက်ရရင်ဖြင့် ဝိညာဉ်ကျင့်စဉ်ဆေးလုံး တစ်လုံး သောက်သုံးလိုက်တာနဲ့ မခြားလှတော့ပါဘူး။

ဂလု ဂလု ဂလု

ရုတ်တရက်ဆိုသလိုပဲ ယန့်ရှီတစ်ယောက် ချင်းကျူကို သစ်ရွက်လေးနဲ့ လှမ်းတို့လိုက်ပါပြီ။

“ဟင်.. ဘာဖြစ်လို့လဲ”
ချင်းကျူလည်း ငုံ့ကြည့်လိုက်ပါတော့တယ်။

ယန့်ရှီက သစ်ရွက်လေးနဲ့ ချင်းကျူလက်ထဲ ကိုင်ထားတဲ့ အရက်အိုးကို ညွှန်ပြလိုက်ပါပြီ။

“မင်းလည်း သောက်ချင်လို့လား”
ချင်းကျူ အံ့အားသင့်သွားခဲ့ပါတော့တယ်။

ယန့်ရှီ ချက်ချင်း ခေါင်းညိတ်လိုက်ပါပြီ။

“ကောင်းပြီလေ။ ငါလည်း ဒီနေ့ စိတ်ပျော်နေတယ် ဆိုတော့ မင်းကို ခြွင်းချက်အဖြစ် နည်းနည်းလောက် ထပ်ပေးမယ်”

ချင်းကျူ ရယ်မောလိုက်ပါတော့တယ်။ ယန့်ရှီလည်း ချက်ချင်း ကိုယ်လေးကို ယို့လိုက်ပြီး ဝိညာဉ်အရက်ကို စောင့်စားနေလိုက်ပါပြီ။

ဝိညာဉ်အရက်တွေ ကျဆင်းလာချိန်မှာတော့ ချင်းကျူ အရင်က သောက်နေကျ အရက်တွေထက် ဝိညာဉ်စွမ်းအင်ပိုပြီး သိပ်သည်းကြောင်း ယန့်ရှီ သတိထားမိသွားခဲ့ပါတော့တယ်။ ပြောရမယ်ဆိုရင် အာခက်လျှို့ဝှက်ဂိုဏ်းက ကောင်းကင်ဘုံ ရတနာတွေနဲ့ ဖော်စပ်ထားတဲ့ အရက်ဖြစ်တာကြောင့် သာမန်ဂိုဏ်းလေးတစ်ခုက ဖော်စပ်ထားတဲ့ အရက်တွေထက် အရည်အသွေး အများကြီး သာလွန်နေခဲ့တာပါ။ ရွှမ်းရီတောင်တန်းဂိုဏ်း အနေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်ပါလိမ့်မလဲ။

ဒါ့အပြင်ကို ဒီဝိညာဉ်စွမ်းအင်ဟာ စုပ်ယူရ လွယ်ကူပြီး အားဖြည့်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်လည်း အာခက်လျှို့ဝှက်ဂိုဏ်းက တင်ရောင်းတဲ့ စျေးက အရမ်းမြင့်မားနေခဲ့တာပါ။ ဒီအရက်ဟာ တစ်ချိန်လုံး ကိုယ်နဲ့မကွာ ဆောင်ထားနိုင်တဲ့ အရက်အမျိုးအစားပါပဲ။ တန်ခိုးရှင် တစ်ဦးအနေနဲ့ အရက်ကို မကြိုက်ရင်တောင်မှ အားဖြည့်ဆေးဝါးအနေနဲ့ မှီဝဲနိုင်ပါသေးတယ်။

ချင်းကျူတောင်မှ ဒီအရက်ကြောင့် ရင်သပ်ရှုမော ဖြစ်ခဲ့ရပါတယ်။ သူ့အနေနဲ့ ဒီဂိုဏ်းကြီးတွေဆီသာ စောစော ရောက်ခဲ့မယ်ဆိုရင် ပိုင်ရီဆီကနေ ဓားပြတိုက်စရာ မလိုတော့ပါဘူး။

ဒီအချိန်မှာတော့ ယန့်ရှီရဲ့ သစ်ရွက်လေးတွေနဲ့ ပင်စည်လေးမှာ ရွှေရောင်မျဉ်းလေးတွေ တော်တော်များများ ထွက်ပေါ်နေပါပြီ။ ဒီရွှေရောင်မျဉ်းလေးတွေဟာ ကြည့်ရတာ အလွန်လှပါပတယ်။ ဝိညာဉ်စွမ်းအင် အရက်ကို စုပ်ယူပြီးချိန်မှာတော့ ယန့်ရှီရဲ့ ခန္ဓာကိုယ် တဆတ်ဆတ် တုန်လှုပ်လာခဲ့ပြီး ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို အငမ်းမရ စုပ်ယူလိုက်ပါပြီ။ ဒါက အဆင့်တက်ဖို့ အရိပ်အယောင်ပါပဲ။

“လောင်ဝေဝေနဲ့အတူတူ မင်းအဆင့်တက်မှာလား”

မိန်းကလေးက ဒီနေ့ ဝိညာဉ်ချဉ်ဆီ ရေကန်မှာ အဆင့်တက်မှာ ဖြစ်တာကြောင့် ရောက်မလာခဲ့တာကို ချင်းကျူ အမှတ်ရသွားခဲ့ပါပြီ။ ယန့်ရှီလည်း သူမလိုပဲ တစ်ရက်ထဲမှာ အဆင့်တက်နိုင်လိမ့်မယ်လို့ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 69
မင်းထပ်ရောက်လာပြန်ပြီလား

တခြားဝိညာဉ်ဆေးပင်တွေနဲ့ မတူတာကတော့ ယန့်ရှီဟာ အသိစိတ် ရရှိပြီးမှ လူသားကျင့်စဉ်တစ်ခုဖြစ်တဲ့ သန့်စင်သော စကြ၀ဠာ ကျင့်စဉ်ကို လေ့ကျင့်ခဲ့တာပါ။ ဒါကြောင့်လည်း သူမ တိုးတက်နှုန်း မြန်ဆန်တာကို ချင်းကျူ မအံ့ဩမိခဲ့ပါဘူး။

လောင်ဝေဝေဟာ လတော်တော်ကြာအောင် လေ့ကျင့်ပြီးမှ ကံကောင်းစွာ ဝိညာဉ်စွမ်းအင် အားဖြည့်မှု ဆုလာဘ်ကို ရရှိခဲ့ပါတယ်။ အခုမှသာ ဇင်တျန်အဆင့်ကို စတင်တက်ရောက်ခဲ့တာပါ။ ပြောရရင်တော့ ချင်းကျူဆီကနေ ဝိညာဉ် အရက် အနည်းငယ်ကိုသာယန့်ရှီ နေ့စဉ် ရရှိခဲ့ပါတယ်။ တခြား အကူအညီ မရှိသလောက်ပါပဲ။

ဒါကြောင့် ယန့်ရှီရဲ့ ပါရမီဟာ လောင်ဝေဝေထက် ပိုပြီး မြင့်မားနေတာကတော့ ငြင်းမရပါဘူး။ ဒါကို နွယ်ပင်လေး တစ်ပင်က ဘယ်လိုလုပ်ပြီး စွမ်းဆောင်နိုင်ခဲ့တာလဲ။

ချင်းကျူ စဉ်းစားနေချိန်မှာပဲ ယန့်ရှီရဲ့ ခန္ဓာကိုယ်ကနေ အစိမ်းရောင် အလင်းတစ်ခု ဖြာထွက်လာခဲ့ပါပြီ။ ဒါကတော့ သန့်စင်သော စကြ၀ဠာ ကျင့်စဉ်ရဲ့ သင်္ကေတပါပဲ။ ယန့်ရှီရဲ့ အော်ရာအရှိန်အဝါဟာ လျှင်မြန်စွာ တိုးတက်လာနေပါပြီ။ သူမရဲ့ သစ်ရွက်တွေ အထက်က ရွှေရောင်မျဉ်းကြောင်းတွေဟာ ပိုပြီး တောက်ပသည်ထက် တောက်ပလာတာကြောင့် သူမကို ကြည့်ရတာ ပိုလို့တောင် လှပလာပါသေးတယ်။

အချိန်အတိုင်းအတာ တစ်ခုကို ရောက်တဲ့ အခါမှာတော့ ယန့်ရှီရဲ့ ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်အတွင်း တစ်ခုခု ကွဲကြေသွားသလိုပါပဲ။ သစ်ရွက်တွေ အထက်က ရွှေရောင် အမှတ်အသားတွေဟာ ရွှေအိုရောင် အဖြစ် ပြောင်းလဲလာခဲ့ပါပြီ။ အော်ရာအရှိန်အဝါဟာလည်း အဆများစွာ ထပ်မံ တိုးတက်လာပါတော့တယ်။ ဒီအချက်အလားကတော့ အဆင့်နှစ် ဝိညာဉ်ဆေးပင် အဖြစ် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီ ဆိုတဲ့ လက္ခဏာတွေပါပဲ။

“ဒါပဲလား”

ချင်းကျူ အံ့အားသင့်သွားခဲ့ပါပြီ။

သာမန် အခြေအနေမျိုးမှာ တစ်ဦးအနေနဲ့ တစ်ရက် တစ်ည တရားကျင့်ရမယ် မဟုတ်ဘူးလား။ အကြိမ်များစွာ ကျရှုံးပြီးမှ အဆင့်တက်နိုင်ခဲ့ကြတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ သာမန် တရားကျင့်စဉ်တွေနဲ့ မတူခဲ့တာလဲ။

ချင်းကျူဟာ တန်ခိုးရှင် လောကမှာ ပြိုင်ဘက်ကင်းပေမဲ့လည်း အဆင့်တက်ခြင်းနဲ့ပတ်သက်ပြီး အမြင်မရှိလှပါဘူး။ သူက အိပ်လိုက် စားလိုက်နဲ့ တဖြည်းဖြည်း အစွမ်းထက်လာသူပါ။ ဒါကြောင့် ဒီကိစ္စမှာ ပိုင်ရီ အဆင့်တက်ခဲ့သလောက်ပဲ သူ့မှာ အတွေ့အကြုံ ရှိပါသေးတယ်။

အဆင့်တက်ပြီးချိန်မှာ ယန့်ရှီတစ်ယောက် သစ်ရွက်လေးနဲ့ ချင်းကျူကို ညွှန်ပြလိုက်ပါပြီ။ အဓိပ္ပာယ်ကတော့ ကျွန်မ ထပ်လိုချင်သေးတယ် ဆိုတာပါပဲ။

“မရဘူး။ မင်းအခုမှ အဆင့်တက်လိုက်တာ။ မင်းရဲ့ အခြေခံကို ခိုင်မာအောင် အရင်လေ့ကျင့်ရမယ်”

ချင်းကျူလည်း ခေါင်းကို ချက်ချင်းခါယမ်းလိုက်ပါတော့တယ်။

ဒါကို ကြားလိုက်ရတော့ ယန့်ရှီလည်း မကျေမနပ်ဖြစ်သွားခဲ့ပါပြီ။ ချင်းကျူကို အဖက်မလုပ်တော့ပဲ တရားထိုင်ပြီး အခြေခံ ခိုင်မာအောင် လေ့ကျင့်လိုက်ပါတော့တယ်။

နောက်ရက်အနည်းငယ်ကို ချင်းကျူတစ်ယောက် ကျောက်တုံးပြာလေး နံဘေး အိပ်လိုက် မှီလိုက်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ နေရတာ အရမ်းကို ဇိမ်ရှိလွန်းတယ် မဟုတ်လား။

အာခက်လျှို့ဝှက်ဂိုဏ်းကနေ သူယူလာခဲ့တဲ့ ဝိညာဉ်အရက်တွေဟာ နှစ်ဝက်စာလောက် ဖူလုံနေပါပြီ။ ဒါကြောင့် အရက်အတွက် လောလောဆယ် စိတ်ပူစရာ အကြောင်းမရှိသေးပါဘူး။

ပြီးတော့ ချင်းကျူ တွေးနေတာ တစ်ခု ရှိပါသေးတယ်။ အာခက်လျှို့ဝှက်ဂိုဏ်းက အရက်တွေတောင် ဒီလောက် အရည်အသွေး မြင့်မားနေတယ် ဆိုရင် ဝိညာဉ်ဗဟိုကမ္ဘာရဲ့ ထိပ်ဆုံးမှာ ရပ်နေကြတဲ့ အင်အားစုတွေရဲ့ အရက်တွေက ဘယ်လိုတွေတောင် ဖြစ်နေမလဲ ဆိုတာပါပဲ။

ဒါကြောင့် ဝိညာဉ်အရက် အကုန်လုံးကို သောက်ပြီးသွားချိန်ကျရင် ဗဟိုကုန်းမြေ တိုက်ကြီးက မြင့်မြတ်သော နယ်မြေဆီ တစ်ခေါက်သွားကြည့်ဖို့ ချင်းကျူ ဆုံးဖြတ်လိုက်ပါပြီ။ သူ့အနေနဲ့ နှစ်တစ်ထောင် အရက်ကိုတောင် ရကောင်း ရလာနိုင်ပါသေးတယ်။ အဓိကကတော့ အရက်ဖိုးအတွက် ဝိညာဉ်ကျောက်တုံး တစ်တုံးလောက် ထပ်ရှာရုံပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝိညာဉ်ဗဟိုကမ္ဘာဟာ အလွန်ကျယ်ပြောပါတယ်။ ချင်းကျူသာ စိတ်ရှိမယ် ဆိုရင် ပိုပြီး ကြီးမားတဲ့ ဝိညာဉ်ကျောက်တုံး ဒါမှမဟုတ် တခြား ပစ္စည်းကောင်းတစ်ခုကို ရှာဖွေပြီး အရက်နဲ့ လဲလှယ်နိုင်မှာပါ။

ဒီနေ့မှာပဲ မနက်ခင်း အလင်းရောင်အောက်မှာ မိန်းကလေး လျှောက်လှမ်းလာနေပါပြီ။  သူမဟာ ဇင်တျန်အဆင့်ကို တက်လှမ်းပြီး ဖြစ်တာကြောင့် ပြန်လည် မွေးဖွားလာခဲ့သလိုပါပဲ။ သူမရဲ့ အသွင်အပြင်ဟာ ပိုပြီး လှပနေပါပြီ။

ဒီအချိန်မှာတော့ အတွင်းစည်း ဖြစ်ပါစေ အပြင်စည်း ဖြစ်နေပါစေ ဘယ်တပည့်ကမှ သူမရဲ့ ပြိုင်ဘက် မဟုတ်တော့ပါဘူး။ ရွှမ်းရီတောင်တန်းဂိုဏ်းက ဆရာတချို့တောင်မှ သူမကို အနိုင်ယူနိုင်စွမ်း မရှိတော့ဘူး ဆိုရပါလိမ့်မယ်။

ဒီတိုးတက်နှုန်းနဲ့ဆိုရင် နောင်သုံးနှစ်အတွင်း သူမဟာ ဝမ်ရှင်းသူတော်စင်အဆင့်ကို ရောက်ရှိလာမှာပါ။ ငါးနှစ်အကြာမှာ မြေကမ္ဘာ သူတော်စင် အဆင့်ကို ရောက်ရှိပြီး ဆယ်နှစ်အကြာမှာ ဘိုးဘေး သူတော်စင် အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ အဲဒီအချိန်ကျရင် ကမ္ဘာမှာ သူမဟာ ပြိုင်ဘက်ကင်းပြီး သတ်လို့ မသေနိုင်သူ တစ်ဦးဖြစ်သွားပါလိမ့်မယ်။

“ဆရာဦးလေး.. တောင်ခြေမှာ ဒီတလော တော်တော်လေး စည်ကားနေတယ်။ တန်ခိုးရှင်တွေ အများကြီးပဲ ဒီကို လာနေကြတယ်”

မိန်းကလေး သာမန်ပဲ ပြောလိုက်ပါပြီ။

သာမန် တာအိုဂိုဏ်းတွေဟာ အနီးဝန်းကျင်က မြို့လေးတွေကို မှီခိုကြရပါတယ်။ ရွှမ်းရီတောင်တန်းဂိုဏ်းလည်း အလားတူပါပဲ။ မြို့တော်ဟာ သိပ်ပြီးတော့ မကြီးမားလှပေမဲ့လည်း တော်တော်လေးတော့ ချမ်းသာကြွယ်၀တယ် ဆိုနိုင်ပါတယ်။ ဆရာတွေနဲ့ အကြီးအကဲ တချို့စာ စာသင်ကြားရတာ ပင်ပန်းတဲ့ အခါကျရင် တောင်ခြေမှာ ရှိတဲ့ မီးငှက်တစ်ထောင် နန်းဆောင်ကို မကြာမကြာ သွားရောက် အပန်းဖြေတတ်ကြပါတယ်။

ဒါပေမဲ့ ရွှမ်းရီတောင်တန်းဂိုဏ်းဟာ မထင်မရှား အဖွဲ့လေး တစ်ခု ဖြစ်တာကြောင့် တောင်ခြေမှာ ရှိနေတဲ့ လူတွေကလည်း သာမန် လူသားတွေပါပဲ။ ဒီလို မြို့တွေမှာ တန်ခိုးရှင် တစ်ဦးမှ မရှိတတ်ကြပါဘူး။ ထိပ်တန်းအဖွဲ့အစည်းတွေလို့ ဆိုနိုင်တဲ့ မဟာကလန်ကြီး ခြောက်ခုအနီးဝန်းကျင်က မြို့တွေ.. ဥပမာ အားဖြင့် တောက်ပသော မြို့တော်ကို ဝေကလန်က အုပ်ချုပ်ထားခဲ့တာကြောင့် မရေမတွက်နိုင်တဲ့ အဆင့်မြင့် တန်ခိုးရှင်တွေ အများအပြား မြို့တော်ထဲမှာ နေထိုင်နေခဲ့ကြပါတယ်။

ဒါကြောင့် လောင်ဝေဝေ ပြောလိုက်တဲ့ စကားကို နားထောင်ပြီး ချင်းကျူ ပထမဆုံး ပြေးမြင်လိုက်တာကတော့ သူ့ရဲ့ အကြောင်း လူသိသွားပြီ ဆိုတာပါပဲ။

ဒါပေမဲ့လည်း ဒီအချက်ကို ချင်းကျူ ချက်ချင်း ပယ်လိုက်ပါပြီ။ သူ့အကြောင်း လူသိသွားပြီ ဆိုရင် မဟာဂိုဏ်းကြီး လေးဂိုဏ်းက ဒီလို တည်တည်ငြိမ်ငြိမ် နေနိုင်ပါဦးမလား။ ပြောရရင် တျန်းဂျိဇီနဲ့ တခြားလူတွေ အားလုံး သူ့ရုပ်သွင်ကို သိကြပေမဲ့လည်း ဘယ်မှာ နေထိုင်ကြောင်းကို ဘယ်သူမှ မသိကြပါဘူး။

ဒါဆို သူ့အကြောင်း မသိကြသေးဘူးဆိုတော့.. နောက်ထပ် ဘာကိစ္စဖြစ်နိုင်မလဲ။

“ဒီတန်ခိုးရှင်တွေ ဘယ်ကနေ ရောက်လာသလဲ ဆိုတာ သိလား”

“ကျွန်မ မသိဘူး”

မိန်းကလေး ခေါင်းကို ခါယမ်းလိုက်ပါပြီ။ သူမ တောင်အောက် ဆင်းချိန်တုန်းက ကြုံကြိုက်လို့ သတိထားမိခဲ့တာပါ။ ဒါပေမဲ့ သေချာ မစုံစမ်းဖြစ်ခဲ့ပါဘူး။

“ကောင်းပြီလေ”
ချင်းကျူလည်း ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတော့တယ်။

၀တ္ထုတွေထဲ ဖတ်ဖူးတဲ့ အတွေ့အကြုံတွေအရ ထင်ရှားတဲ့ အစည်းအဝေးပွဲ တစ်ခုခု ကျင်းပတာကြောင့် ဖြစ်စေ ဒါမှမဟုတ် လျှို့ဝှက်ရတနာ တစ်ပါး မွေးဖွားလာတော့မဲ့ သတင်းကြောင့် ဖြစ်စေ တန်ခိုးရှင်တွေ ရောက်ရှိလာနိုင်တယ် ဆိုတာပါပဲ။

မကြာခင်မှာတုန်းကမှ မဟာဂိုဏ်းကြီး လေးဂိုဏ်းဟာ ခရမ်းရောင်ဝိညာဉ်မျိုးနွယ်နဲ့ မိစ္ဆာသားရဲတွေကို အပြင်းအထန် တိုက်ပွဲဆင်နွှဲထားခဲ့တာပါ။ သူတို့တွေ အားပြန်မပြည့်သေးပါဘူး။ ဒါကြောင့် အစည်းအဝေးတစ်ခုကို ကျင်းပစရာ အကြောင်းလည်း မရှိသေးပါဘူး။ ဒါ့အပြင်ကို သူတို့ အစည်းအဝေး ကျင်းပမယ် ဆိုရင်လည်း ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ တည်နေရာကို ဘာဖြစ်လို့ ရွေးချယ်ရမှာလဲ။

ချင်းကျူ စဉ်းစားနေချိန်မှာပဲ ကျန်းဂျိချန်တစ်ယောက် အပြေးတပိုင်း လျှောက်လာနေပါပြီ။ သူရဲ့ ရင်ဘတ်က အသားစိုင် နှစ်ခုဟာ နိမ့်ချည်မြင့်ချည် ခုန်နေခဲ့ပါတယ်။

“ဆရာဦးလေး.. အဲဒီလူ ဆရာဦးလေးကို လာရှာပြန်ပြီ”

ချင်းကျူလည်း ရှန်းကျီးဝမ် ပါလာတာကို တွေ့လိုက်ပါတော့တယ်။ ရှန်းကျီးဝမ်တစ်ယောက် အနားကို မကပ်ဝံ့ပဲ ဝေးရမှာသာ ရပ်နေခဲ့ပါတယ်။

“ငါ့ကို လာမရှာဖို့ ပြောထားတယ် မဟုတ်ဘူးလား”
ချင်းကျူ မျက်နှာ သုန်မှုန်သွားခဲ့ပါပြီ။ သူ့ကို မလေးမစား လာလုပ်ဝံ့တယ်လား။

ချင်းကျူ အကြည့်ကြောင့် ရှန်းကျီးဝမ် တစ်ယောက် တစ်ကိုယ်လုံး အေးစိမ့်မှု ခံစားလိုက်ရပါတော့တယ်။
“ဆရာကြီး.. ကျွန်တော်က ဖြတ်သွားရင်းနဲ့ ဆရာကြီးကို တွေ့ချင်လာတာကြောင့်ပါ။ ကျွန်တော့်မှာ လက်ဆောင်လည်း ပါလာပါသေးတယ်ခင်ဗျာ”

ပြောပြောဆိုဆိုနဲ့ ရှန်းကျီးဝမ်တစ်ယောက် လက်ကို မြှောက်လိုက်ပါပြီ။ သူ့လက်ထဲမှာ ဝိညာဉ်အရက်အိုး နှစ်အိုး ရှိနေခဲ့ပါတယ်။

အစတုန်းကတော့ ရှန်းကျီးဝမ်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးဖို့ ချင်းကျူ တွေးနေခဲ့တာပါ။ ဒါပေမဲ့ ရှန်းကျီးဝမ် လက်ထဲက အရက်နှစ်အိုးကို တွေ့လိုက်ရချိန်မှာတော့ သူ့စိတ် ချက်ချင်း ပြောင်းလဲသွားခဲ့ပါပြီ။

“ဒီကို လာခဲ့”

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အာခက်လျှို့ဝှက်ဂိုဏ်းရဲ့ အရက်သိုလှောင်ခန်းထဲက အရက်အိုးတွေကို ချင်းကျူ သိမ်းယူလာခဲ့ပေမဲ့လည်း ရှန်းကျီးဝမ် လက်ထဲ ကိုင်ထားတဲ့ အရက်နှစ်အိုးဟာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်း ရှိနေပါပြီ။ ဝိညာဉ်အရက်ကို သဘောကျ နှစ်သက်သူ ဖြစ်တဲ့ ချင်းကျူ တစ်ယောက် ဘယ်လိုမှ မငြင်းနိုင်ခဲ့ပါဘူး။

ဒါ့အပြင်ကို ရှန်းကျီးဝမ်ဟာ ရှမ်းဟွမ်စွတ်ဂိုဏ်းက တပည့်တစ်ဦးပါ။ သူတို့ ဂိုဏ်းက ချက်လုပ်တဲ့ အရက်တွေဟာ အာခက်လျှို့ဝှက်ဂိုဏ်းက အရက်တွေနဲ့ အရသာ မတူနိုင်ဘူး မဟုတ်လား။

“ဟုတ်ကဲ့.. ဟုတ်ကဲ့”

ချင်းကျူ လှမ်းခေါ်လိုက်တာကြောင့် ရှန်းကျီးဝမ် ပျော်ရွှင်စွာ ပြေးလွှားသွားပြီး
“ဆရာကြီးက အရက်သောက်ရတာကို သဘောကျကြောင်း တွေ့ခဲ့ရလို့ နှစ်ပေါင်း ၂၇၀ သက်တမ်းရှိတဲ့ ရတနာတွေကို ယူလာခဲ့ပေးတာပါ။ ဆရာကြီး သဘောကျမယ်လို့ ထင်မိပါတယ်”

ချင်းကျူလည်း သာမန် မျက်နှာထားတဲ့ အရက်နှစ်အိုးကို လက်ခံယူလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါပြီ။

အရမ်းမွှေးတာပဲ

“ဆရာကြီးကို ကျွန်တော် လာနှောင့်ယှက်တာ မဟုတ်ပါဘူး။ ကျွန်တော် ဒီနေရာကို လမ်းကြုံ ဖြတ်သွားရုံပါ။ ဒါကြောင့် ဆရာကြီးဆီ ဝင်လာခဲ့တာပါ”

“၀ူဂျိလျှို့ဝှက်လောက ပေါ်ထွက်လာတော့မယ် ဆိုတဲ့ သတင်းကြောင့် အဖွဲ့အစည်း တော်တော်များများ လှုပ်ရှားလာကြပါပြီ။ ဆရာကိုယ်တိုင်လည်း လေ့ကျင့်ဖို့ အတွက် အခွင့်အရေးကောင်း တစ်ခုလို့ ခံစားမိခဲ့တာကြောင့် ကျွန်တော့်ကို ဒီနေရာဆီ စေလွှတ်လိုက်တာပါ ခင်ဗျာ”

ရှန်းကျီးဝမ်လည်း အသေးစိတ် ရှင်းပြလိုက်ပါတော့တယ်။ မတော် ချင်းကျူက သူ့မှတ်ဉာဏ်တွေ ဖျက်ဆီးပစ်လိုက်ပြီး ငတုံးအဖြစ် ပြောင်းလဲပစ်ရင် ဘယ်လိုလုပ်မလဲ။

“၀ူဂျိလျှို့ဝှက်လောက”

အရက်အိုး ကိုင်ထားတဲ့ ချင်းကျူလည်း နည်းနည်း အံ့အားသင့်သွားခဲ့ပါပြီ။ သူနားမလည်သေးပါဘူး။

“ဘာလဲ။ ၀ူကျိလျှို့ဝှက်လောကဆိုတာ”

“ဆရာကြီး.. မသိသေးဘူးလား”

ရှန်းကျီး၀မ်လည်း အံ့အားသင့်သွားခဲ့ပါပြီ။

ချင်းကျူ တကယ်ကို ဘာမှ မသိသေးပါဘူး။ သူ့အနေနဲ့ ဝိညာဉ်တက်ဘလက်က သတင်းတွေကိုလည်း မဖတ်ဖြစ်သေးဘူး မဟုတ်လား။ အပြင်လောကမှာ ဖြစ်နေတဲ့ အကြောင်းတွေကို သူဘာမှ မသိသေးပါဘူး။ ရှန်းကျီးဝမ် ပြောသလို ဆိုရင် ၀ူကျိ လျှို့ဝှက်လောက ပေါ်ထွက်လာတဲ့ ကိစ္စဟာ တောင်ခြေမှာ တန်ခိုးရှင် အများအပြား ရောက်လာခြင်းနဲ့ ပတ်သက်ပုံ ရနေပါပြီ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 70
၀ူကျိ လျှို့ဝှက်လောက

ရှန်းကျီးလန် ရှင်းပြမှုကြောင့် ချင်းကျူ နားလည်သွားခဲ့ပါပြီ။

ကြာမြင့်လှပြီ ဖြစ်တဲ့ တချိန်တုန်းက တောင်ပိုင်းနယ်မြေကြီးမှာ ၀ူကျိလို့ ခေါ်တဲ့ ကောင်းကင်သူတော်စင်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ သူဟာ အလွန်အစွမ်းထက်ပြီး တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံးကို ပြားပြားဝပ်သွားစေခဲ့သူပါ။

၀ူကျိသူတော်စင်နဲ့ ရင်ဆိုင်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဆိုလို့ သန့်စင်သောယန် သူတော်စင်တစ်ဦးသာရှိပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်တုန်းက ရုတ်ချည်း ပေါ်ထွက်လာခဲ့ပြီး ရုတ်ချည်း ပြန်ပျောက်ကွယ်သွားခဲ့ပါတယ်။

သန့်စင်သောယန် သူတော်စင်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ၀ူကျိသူတော်စင်ဟာ ရုတ်ချည်း မပျောက်ကွယ်ခဲ့ပါဘူး။ သူဟာ အိုမင်းပြီးမှ သေဆုံးသွားခဲ့တာပါ။ သူမသေဆုံးခင်မှာ စကြ၀ဠာ နတ်ဘုရား သိုင်းပညာကို အသုံးပြုပြီး သူ့ရဲ့ ကြွယ်၀ချမ်းသာမှု အားလုံးကို တောင်ပိုင်းနယ်မြေကြီးရဲ့ ထောင့်တစ်နေရာမှာ ဝှက်ထားခဲ့တယ်လို့ ကောလဟလ ထွက်ပေါ်လာခဲ့ပါတယ်။ ရတနာတွေ ဘယ်နားရှိတယ် ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒါနဲ့ အဆိုပါ ရတနာသိုက်ဟာ ၀ူကျိလျှို့ဝှက်လောကလို့ နာမည်တွင်လာခဲ့ပါတော့တယ်။

လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းက သတင်းဟာ တောမီးပမာ ပျံ့နှံ့လာခဲ့ပါတယ်။ အင်းခတ်ထားခြင်းတွေ အားလျော့လာတာကြောင့် ၀ူကျိလောက ပေါ်ထွက်လာလုလု ဖြစ်လာပါပြီ။ ဒီလောကရဲ့ တည်နေရာကတော့ ရွှမ်းရီတောင်တန်းဂိုဏ်းနဲ့ သိပ်ပြီးမဝေးလှတဲ့ တောင်ထိပ်တစ်ခုမှာပါ။

နှစ်ရက်အတွင်း ဒီသတင်းဟာ တောင်ပိုင်းနယ်မြေကြီး တခွင် တောမီးပမာ ပျံ့နှံ့လာခဲ့ပြီး ထိပ်တန်းအဖွဲ့အစည်းတွေပါ လှုပ်ရှားလာခဲ့ကြပါပြီ။

ဒါက နားလည်လို့ ရပါတယ်။ ပြောရရင် ရတနာသိုက်ဟာ ကောင်းကင် သူတော်စင် အဆင့် တန်ခိုးရှင်ကြီး တစ်ဘ၀လုံး စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေပဲ မဟုတ်လား။

မြေကမ္ဘာ သူတော်စင်တွေအတွက်တောင် မက်မောလောက်စရာပါ။

ဒီသတင်း ပေါ်ထွကလာပြီး ၃ ရက်အကြာမှာတော့ မဟာဂိုဏ်းကြီး ၃ ခုက ဂိုဏ်းချုပ်ကြီးတွေဟာ အဲဒီတောင်တန်း ဝန်းကျင်ကို ရောက်လာခဲ့ကြပါတယ်။ သူတို့ စုံစမ်းစစ်ဆေးပြီးချိန်မှာတော့ ပြင်းထန်တဲ့ စကြ၀ဠာ လှိုင်းတွေ ရှိနေကြောင်း အတည်ပြုပေးလိုက်ကြပါပြီ။ ဒါ့အပြင်ကို ဒီစကြ၀ဠာလှိုင်းတွေအကြား ကမ္ဘာငယ်တစ်ခုကိုပါ သူတို့ တွေ့ခဲ့ရပါတယ်။

၀ူကျိလောကနဲ့ ပတ်သက်ပြီး တားမြစ်ချက်တွေ ရှိနေပါသေးတယ်။ အဲဒါကတော့ ဝမ်ရှင်းသူတော်စင်အထက် တန်ခိုးရှင်တွေ  ဒီလောကထဲ ဝင်ရောက်ခွင့် မရှိပါဘူး။ မြေကမ္ဘာ သူတော်စင်တွေတောင်မှ ဝင်လို့ မရခဲ့ကြပါဘူး။

နောက်ဆုံးတော့ မဟာဂိုဏ်းကြီး ၃ ခုက ဂိုဏ်းချုပ်ကြီးတွေဟာ အပြင်လောကကို ဒီအကြောင်း အသိပေးဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။ မူလတာအို အဆင့်အောက်မှာ ရှိတဲ့ တန်ခိုးရှင်မှန်သမျှ ဒီအခွင့်အရေးကို ရယူနိုင်ကြောင်း ပြောပြခဲ့ကြပါတယ်။ ဒါ့အပြင်ကို ဒီအခွင့်အရေးနဲ့ သူတို့ တပည့်တွေကိုပါ လေ့ကျင့်ပေးဖို့ စီစဉ်လိုက်ကြပါပြီ။

ဒီအတွက်ကြောင့်လည်း ရှန်းကျီးဝမ်တစ်ယောက် ရွှမ်းရီတောင်တန်းဂိုဏ်းကို လမ်းကြုံဖြတ်သန်းဖြစ်ခဲ့တာပါ။

“၀ူကျိလျှို့ဝှက်လောက”
ချင်းကျူ ရေရွတ်လိုက်ပါပြီ။ နောက်ဆုံးတော့ တန်ခိုးရှင်တွေ အများအပြား ရောက်လာခဲ့တဲ့ အကြောင်း သိရပြီ မဟုတ်လား။ ဒါပေမဲ့ ဒီတန်ခိုးရှင်တွေ အတွေးလွန်နေကြတာ မဟုတ်လား။ ဝမ်ရှင်းသူတော်စင် အဆင့်အထိတန်ခိုးရှင်အားလုံး ၀ူကျိလျှို့ဝှက်လောကထဲ ဝင်ရောက်နိုင်ပြီ ဆိုမှတော့ အခွင့်အရေးကို ရရှိနိုင်တဲ့ လူတွေဟာ မဟာဂိုဏ်းကြီးတွေကနေ ဆင်းသက်လာတဲ့ ရှန်းကျီးဝမ်တို့လို ပါရမီရှင်တွေသာ ဖြစ်နိုင်ပါလိမ့်မယ်။

ဝမ်ရှင်းသူတော်စင် အဆင့်အောက်က ဇီဖူ တန်ခိုးရှင်တွေ အနေနဲ့ အကျိုးကျေးဇူး အနည်းငယ် ရကောင်း ရနိုင်ပါတယ်။ ဒါပေမဲ့ တောင်အောက်ကို ခြေချလာခဲ့တဲ့ တန်ခိုးရှင် အားလုံးက ဟိုတျန်အဆင့်နဲ့ ဇင်တျန်အဆင့် တန်ခိုးရှင်တွေပါပဲ။ အများစုက ဘာမှကို ရမှာ မဟုတ်ပါဘူး။ ပြီးတော့ နည်းနည်းလောက် သတိပေါ့လျော့သွားမယ်ဆိုရင် အထဲမှာ သေဆုံးသွားနိုင်ပါတယ်။

“အာခက်လျှို့ဝှက်ဂိုဏ်း၊ ဓားဂိုဏ်းနဲ့ မိုးကြိုးလေပြည်ဂိုဏ်းက တပည့်တွေ ရောက်လာကြလိမ့်မယ်။ ပြီးတော့ မဟာကလန်ကြီး ခြောက်ခုက တပည့်တွေကောပဲ။ သူတို့တွေက ဒီအခွင့်အလမ်းကို လိုချင်နေကြတယ်။ အတိအကျပြောရရင်တော့ မျိုးဆက်သစ်တွေရဲ့ ပြိုင်ပွဲပဲပေါ့”
ရှန်းကျီးဝမ်လည်း ခါးသက်သက်ပြုံးပြီး ပြောလိုက်ပါပြီ။

အစတုန်းကတော့ ချင်းကျူ လမ်းပြပေးမှုနဲ့ သူ့မှာ အဆင့်တက်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါပြီ။ မူလတာအို အဆင့်ကို သူတက်လိုက်ပြီ ဆိုရင် တောင်ပိုင်းနယ်မြေရဲ့ မျိုးဆက်သစ်တွေထဲမှာ သူဟာ အစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်လာတော့မှာပါ။

ဒါပေမဲ့ ၀ူကျိလောကပေါ်ထွက်လာခဲ့တာကြောင့် သူ့အနေနဲ့ အခုလက်ရှိ အဆင့်တက်ဖို့ကို လက်လျှော့ဖို့ ရွေးချယ်လိုက်ရပါပြီ။ ချင်းကျူက ဒီကိစ္စတွေကို ဂရုမစိုက်အားပါဘူး။ ၀ူကျိလောကကိုလည်း စိတ်မဝင်စားခဲ့ပါဘူး။

“အော် .. ဟုတ်သားပဲ။ ရှေးဟောင်းကျမ်းတစ်စောင်ကို ကျွန်တော် ဖတ်ဖူးတယ်။ ၀ူကျိသူတော်စင်က အရက်သောက်တာကို အရမ်းသဘောကျတယ်တဲ့။ ဆရာကြီး အတိုင်းပဲ။ သူ့ဆီမှာ နှစ်တစ်ထောင် ဝိညာဉ်အရက်အိုးတွေ အများကြီး စုဆောင်းထားတယ်လို့လည်း ပြောကြတယ်။ အခုတော့ အားလုံး ၀ူကျိလောကထဲ ရောက်နေပြီပေါ့”
ရှန်းကျီးဝမ်လည်း ကိစ္စတစ်ခုကို သတိရသွားပြီး ပုံမှန်အတိုင်း ရှင်းပြလိုက်ပါပြီ။

“ဘာ..  မင်းဘာပြောလိုက်တာလဲ။ နှစ်တစ်ထောင် ဝိညာဉ် အရက်အိုးတွေလား”
ချင်းကျူရဲ့ မျက်လုံးတွေ အရောင်တောက်ပသွားပါတော့တယ်။
“သေချာတယ်နော်”

ရှန်းကျီးဝမ် မှင်သက်သွားခဲ့ပါပြီ။ ချင်းကျူ ဒီလိုမျိုး တုန့်ပြန်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ သူချီတုံချတုံ ပြန်ဖြေလိုက်ရပါပြီ။
“ကျွန်တော် အာမမခံရဲဘူး။ ဒါပေမဲ့ ရှေးဟောင်းကျမ်းထဲမှာတော့ အဲဒီလို ရေးထားတာ ဖတ်ဖူးခဲ့တယ်”

“၀ူကျိ လောကပေါ်မှာ ဘယ်နားမှာလဲ”
ချင်းကျူ ချက်ချင်း မေးမြန်းလိုက်ပါတော့တယ်။

ဒီသတင်းက မှားမှားမှန်မှန် နှစ်တစ်ထောင် ဝိညာဉ်အရက်အိုးတွေ ပါဝင်လာပြီ ဆိုမှတော့ သူကိုယ်တိုင် သွားကြည့်သင့်နေပြီ မဟုတ်လား။

“အဲ…  ဒီကနေ ကီလိုမီတာ ရာအနည်းငယ်လောက် ဝေးတဲ့ တောင်တစ်လုံးမှာပါ”

“ငါ့ကို အဲဒီခေါ်သွားစမ်း”

“ဟင်”
ရှန်းကျီးဝမ်လည်း ခဏလောက် မှင်သက်တွေဝေသွားခဲ့ပါပြီ။

“ငါ့ကို ခေါ်သွားပေးလို့ ပြောနေတယ်လေ”
ချင်းကျူ ထပ်ပြောလိုက်ပါတော့တယ်။

“ဒါ.. ဒါပေမဲ့.. ၀ူကျိလောကက မူလတာအို သူတော်စင် အဆင့်အောက် တန်ခိုးရှင်တွေကိုပဲ ဝင်.. ဝင်ခွင့်ပေး”

စကား မဆုံးခင်မှာ ရှန်းကျီးဝမ် ရပ်တန့်လိုက်ပါပြီ။ ချင်းကျူဟာ မဟာစကြ၀ဠာ နဂါးကြီးကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း သူမေ့လုလု ဖြစ်သွားခဲ့တယ် မဟုတ်လား။ သူဟာ အနည်းဆုံးတော့ ကောင်းကင်သူတော်စင်အဆင့်ကို ရောက်နေလောက်ပါပြီ။ ဒါကြောင့် ၀ူကျိလောကထဲ သူဝင်ရောက်ဖို့တာ မခက်ခဲနိုင်တော့ပါဘူး။

“ကောင်းပါပြီ ခင်ဗျာ”
ရှန်းကျီး၀မ်လည်း ခေါင်းညိတ်လိုက်ပြီး
“ကျွန်တော်တို့ ဘယ်တော့လောက် သွားကြမလဲ”
ချင်းကျူနဲ့ အချိန်တော်တော်ကြာ တွေ့ဆုံခွင့် ရမဲ့ အခွင့်အရေးကို ရှန်းကျီးဝမ် လက်လွှတ်မခံနိုင်ပါဘူး။ ဘာဖြစ်လို့များ ငြင်းနေဦးမှာလဲ။

“အခုပဲ”

ရှန်းကျီးဝမ်
“…”

“…”

ရှန်းကျီးဝမ်ဟာ ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး ဖြစ်ဖို့ ထိုက်တန်ပါတယ်။ သူဟာ အရည်အသွေးမြင့် ဝမ်ရှင်းသူတော်စင်အဆင့် ဝိညာဉ်မှော်ရတနာကို စီးနင်းနိုင်နေပါပြီ။ သူ့ရဲ့ အမြန်နှုန်းဟာ ဝေကလန်ရဲ့ တိမ်ခွဲဝိညာဉ်သင်္ဘောထက် အများကြီးပိုမြန်ဆန်ပါတယ်။ ပြီးတော့ ပိုပြီးလည်း ခမ်းနားကြီးကျယ်ပါတယ်။ ဒါ့အပြင်ကို သင်္ဘောအထက်မှာ ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ တံဆိပ် ခတ်နှိပ်ထားတာကြောင့် သာမန် တန်ခိုးရှင်တွေလည်း အနားမကပ်ဝံ့ကြတော့ပါဘူး။

တစ်ခု ပြောစရာကတော့ ရွှမ်းရီတောင်တန်းဂိုဏ်းကနေ မထွက်လာခင်မှာ ဂိုဏ်းတစ်ခုလုံးအတွက် အကာအကွယ် ၀င်္ကပါတစ်ခုကို ချင်းကျူ ချခဲ့ပါတယ်။ ဒါက ၀ူကျိလျှို့ဝှက်လောကနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဒါပေမဲ့ ပိုပြီး အစွမ်းထက်နေခဲ့ပါတယ်။ ဝမ်ရှင်းသူတော်စင် အဆင့်နဲ့ အထက် တန်ခိုးရှင်တွေ အနေနဲ့ ဒီနေရာကို ဘယ်လိုမှ ဝင်ရောက်နိုင်မှာ မဟုတ်တော့ပါဘူး။

ပြောရရင် ၀ူကျိလျှို့ဝှက်လောက ကိစ္စကြောင့် ကီလိုမီတာ တစ်ထောင် ပတ်ဝန်းကျင်အတွင်း တန်ခိုးရှင် အများအပြား ရောက်ရှိနေကြပါပြီ။ ဒါကြောင့် သူခရီးသွားနေချိန် လုံခြုံမှု ရှိနေဖို့ အရေးကြီးပါတယ်။

ဒါ့အပြင်ကို ရှန်းကျီးဝမ်ကြောင့် ချင်းကျူဟာ သူ့ကိုယ်သူ ရုပ်ပြောင်းရုပ်လွှဲ ပညာ အသုံးပြုလိုက်ပါပြီ။ ဒါမှ တခြားလူတွေ တပည့်ခံဖို့အတွက် သူ့ဆီထပ်မရောက်လာမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရုပ်သွင်ကတော့ တည်ကြည်ခန့်ညားပြီး ကြည့်ကောင်းနေဆဲ။

“နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး”

“နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး”

“နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး။ ဘယ်သွားမလို့လဲ”
ဝိညာဉ်မှော်ရတနာပေါ်က ရှမ်းဟွမ်စွတ်ဂိုဏ်းသား တချို့ နှုတ်ဆက်လိုက်ကြပါပြီ။

“အဲ.. သူက ဘယ်သူလဲ မသိဘူး”
မကြာခင်မှာတော့ ရှန်းကျီးဝမ် နံဘေး ရှိနေတဲ့ ချင်းကျူကို သတိထားမိသွားပါတော့တယ်။

“သူက ဆ… ငါ့ရဲ့ မိတ်ဆွေပါ။ ၀ူကျိလျှို့ဝှက်လောကထဲကို ငါတို့နဲ့အတူ ဝင်မှာလေ”

ရှန်းကျီး၀မလည်း ဆရာကြီးလို့ ခေါ်မိမလို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ သသယမဝင်စေဖို့အတွက် မိတ်ဆွေအဖြစ် ပြောင်းလဲအသုံးပြုလိုက်ပါပြီ။

“ဒါဆို ရှင်က နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီးရဲ့ သူငယ်ချင်းပေါ့”

“ဒါဆို ရှင်က ကျွန်မတို့ရဲ့ မိတ်ဆွေဖြစ်သွားပြီ”

“အစ်ကိုကြီးရဲ့ သူငယ်ချင်း နာမည်က ဘယ်လိုခေါ်လဲ မသိဘူး”

“…”

အားလုံးပဲ ကျေနပ်ပိတိဖြစ်စွာ ပြောဆိုလာကြပါပြီ။ အထူးသဖြင့် မိန်းကလေး ဂိုဏ်းသား နှစ်ဦးဟာ ချင်းကျူကို ပြေးပြီး ဖက်ပစ်ချင်စိတ် ပေါက်လာခဲ့ပါတော့တယ်။

ဟူး

အရမ်းချောမော ကြည့်ကောင်းနေတော့လည်း ပြဿနာပဲ မဟုတ်လား။ သူ့အနေနဲ့ ဖြစ်စေချင်သလို လူမသိအောင် နေဖို့ မဖြစ်နိုင်တော့ပါဘူး။

ချင်းကျူလည်း အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဝေ့ကြည့်လိုက်ပါပြီ။ အားလုံးက ဝမ်ရှင်းသူတော်စင် အဆင့်မှာပါ။ ဒါက သာမန် အဖွဲ့အစည်းလေး တစ်ခုနဲ့ ထိပ်တန်းအဖွဲ့အစည်းတို့ ကွာခြားချက်ပဲ ဖြစ်ပါလိမ့်မယ်။ တကယ်လို့သာ တခြား နေရာမှာဆိုရင် ဒီအင်အားနဲ့ ဂိုဏ်းလေးတစ်ခုကို တည်ထောင်နိုင်နေပါပြီ။ ဒါပေမဲ့ ရှမ်းဟွမ်စွတ်ဂိုဏ်းမှာတော့ သူတို့တွေက တပည့်တွေအဆင့်ပဲ ရှိပါသေးတယ်။

“ကဲ ကဲ.. သွားကြမယ်”

ရှန်းကျီးဝမ်လည်း သူတို့ အားလုံးကို နှင်လွှတ်လိုက်ပါတော့တယ်။ မတော်တဆ ချင်းကျူ ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ။

“တောင်းပန်ပါတယ် ဆရာကြီး။ သူတို့တွေက ကျွန်တော်တို့ ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ အဓိက တပည့်တွေပါ။ အားလုံးက ကျွန်တော်နဲ့ အတူတူ လိုက်လာခဲ့ပေးတာ ဆိုတော့ သူတို့ကြောင့် အနှောင့်အယှက် ဖြစ်သွားရင်လည်း ဆရာကြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်”

“ရပါတယ်”
ချင်းကျူလည်း သာမန်ပဲ ညိတ်လိုက်ပါပြီ။

ပထမတန်းစား သင်္ဘောကြောင့် အားလုံးပဲ ရှန်းကျီးဝမ် ပြောခဲ့တဲ့ တောအုပ်ကို အမြန်ဆုံး ရောက်ရှိလာခဲ့ပါပြီ။ အဝေးမှာတော့ လုံး၀ နက်မှောင်နေတဲ့ တောင်ကြီးတစ်လုံးဟာ မိုးကောင်းကင်ကို ထောက်ထားတဲ့ ကျောက်တိုင်ကြီး တစ်တိုင်လိုပါပဲ။

တောင်ထိပ် တစ်ဖက်မှာ မြို့ကလေး တစ်မြို့ကို တွေ့ရမှာပါ။ အခုအချိန်မှာတော့ ဝိညာဉ်မှော်ရတနာ သင်္ဘောမျိုးစုံဟာ မြို့ကလေး ဝန်းကျင်မှာ ကျောက်ချ ရပ်နားနေကြပါပြီ။ အံ့မခန်း အော်ရာအရှိန်အဝါ မျိုးစုံဟာ ဖုံးကွယ်ထားခြင်း မရှိပဲ ဖြာထွက်နေပါတော့တယ်။ သူတို့ထက် ဦးပြီး ရောက်နေကြသူတွေ အများအပြား ရှိနေတာ သေချာသွားခဲ့ပါပြီ။

ရှန်းကျီးဝမ်လည်း ဝိညာဉ်မှော်ရတနာ သင်္ဘောကို ထိန်းချုပ်ပြီး မြို့ကလေး အပြင်ဘက်မှာ ရပ်နားလိုက်ပါပြီ။ အသံလှိုင်းနဲ့ သူဆက်သွယ်လိုက်ပါတော့တယ်။
“ဆရာကြီး.. အထဲဝင်ပြီး ကြည့်ကြည့်ရအောင်”

ဒီလိုနဲ့ ရှန်းကျီးဝမ် ခေါင်းဆောင်ပြီး အားလုံးအတူတူ မြို့လေးထဲ ဝင်သွားကြပါတော့တယ်။

Continue Reading

You'll Also Like

394K 59.5K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
23K 2.3K 38
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
164K 23.5K 93
💞Complete💞 system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနေ...
66.2K 5.9K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး