တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

51.4K 4K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

56 - 60

761 82 0
By Azure5549

#အပူအပင်မဲ့အင်မော်တယ်
Chapter 56
အဆင့်ရှစ် မွေးရာပါ ဝေဒနာနှင့် လူငယ်လေး

မီတာထောင်ချီ မြင့်မားတဲ့ တောင်အောက်မှာတော့ အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီအက်ကြောင်းကြီးရဲ့ အလယ်မှာတော့ ဆယ်မီတာလောက် နက်ရှိုင်းတဲ့ လူသားပုံ ကျင်းတစ်ခု ရှိနေခဲ့ပါတယ်။

ဝတ်စုံနက်ဝတ် လူငယ်လေးဟာ ဒီကျင်းနက်ထဲ လဲကျနေပါပြီ။ သူ့ရဲ့ ဒွာရ ခုနစ်ပေါက်ကနေ သွေးတွေ စီးကျပြီး သတိလစ် မေ့မျောနေပါတော့တယ်။ သူ့ခန္ဓာကိုယ် တော်တော်လေး မာကျောနေတဲ့ အတွက်ကြောင့်သာ ပွဲချင်းပြီး မသေဆုံးခဲ့တာပါ။ ဒါတောင်မှ ဒဏ်ရာအပြင်းအထန် ရရှိပြီး အရိုးတော်တော်များများ ကျိုးကြေသွားခဲ့ပါပြီ။

ဒီမြင်ကွင်းကို ကြည့်ပြီး ချင်းကျူ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပါတယ်။ ဒီကောင်က ငတုံးလား။ ပြဿနာကို ဘာဖြစ်လို့ မမြင်ရတာလဲ။

ချင်းကျူလည်း ခေါင်းကို ခါယမ်းလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ပါပြီ။ မမြင်တွေ့ရတဲ့ လက်ကြီးတစ်ဖက်က ကျင်းထဲ လဲကျနေတဲ့ လူငယ်လေးကို တောင်ထိပ်ဆီ ဆွဲခေါ်လာပါတော့တယ်။

အခု ဒီလူငယ်လေးက သူ့ကြောင့် တစ်ချိန်လုံး ထိခိုက်သွားခဲ့ရပြီ မဟုတ်လား။ ဒါကြောင့် ချင်းကျူ အေးအေးလူလူ မနေနိုင်တော့ပါဘူး။

စဉ်းစားရင်း ချင်းကျူရဲ့ လက်ဝါးပြင်အထက် ရွှေရောင်အလင်းတွေ ဖြာထွက်လာပါတော့တယ်။ ဒီရွှေရောင်အလင်းဟာ ဆက်လက် ကြီးမားဖြာထွက်လာခဲ့ပြီး ဝတ်စုံနက်ဝတ် လူငယ်လေးနဲ့ ချင်းကျူကိုပါ ဖုံးလွှမ်းသွားခဲ့ပါပြီ။

ရွှေရောင်အလင်းအောက်မှာတော့ ဝတ်စုံနက်ဝတ် လူငယ်လေးရဲ့ ဒဏ်ရာတွေ လျှင်မြန်စွာ ပြန်ကောင်းမွန်လာပါတော့တယ်။ သူ့ရဲ ကျိုးနေတဲ့ အရိုးတွေတောင် ပုံမှန်အတိုင်း ဖြစ်သွားခဲ့ပါပြီ။ နှစ်မိနစ်ဆိုတဲ့ အချိန်တိုလေး အတွင်း ဝတ်စုံနက်ဝတ် လူငယ်လေးဟာ ဘာမှ မဖြစ်တော့တဲ့အလား မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ပါတော့တယ်။ သူမှင်သက်အံ့ဩသွားခဲ့ပါပြီ။ ရွှေရောင်အလင်းတွေလည်း လွင့်ပြယ်သွားပါတော့တယ်။

“ငါက ဘယ်သူလဲ။ ဘယ်ကို ရောက်နေတာလဲ။ ငါဘာတွေ လုပ်နေတာလဲ”

ဝတ်စုံနက်ဝတ် လူငယ်လေး အူကြောင်ကြောင်နိုင်စွာ ပြောလိုက်ပါတော့တယ်။ အချိန်တော်တော်ကြာတဲ့ အခါမှာတော့ လူငယ်လေး သတိပြန်လည်လာခဲ့ပါပြီ။
“အင်း.. ဟုတ်သားပဲ။ တောင်အောက်ကို ငါခုန်ဆင်းလိုက်တာ မဟုတ်ဘူးလား။ ငါအိပ်မက် မက်နေတာများလား”

တောင်စွန်းကနေ ခုန်ချသွားတာကိုပဲ ဝတ်စုံနက်ဝတ် လူငယ်လေး မှတ်မိလာခဲ့ပါပြီ။ ပြီးတော့ သူသတိလစ် မေ့မျောသွားခဲ့ပါတယ်။ နောက်ပိုင်း ဘာဖြစ်သွားလဲ ဆိုတာကို မသိတော့ပါဘူး။

သူ့အနေနဲ့ ဒဏ်ရာအပြင်းအထန်ရပြီး သေလုမျောပါး ဖြစ်နေရမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ပွန်းပဲ့ရာ တစ်ချက်လေးတောင် မရှိတာလဲ။

သူ့ခန္ဓာကိုယ်ကို အရင်တုန်းက လေ့ကျင့်ထားပေမဲ့လည်း ဒီလောက် အမြင့်ကနေ ပြုတ်ကျလာပြီး ဘာမှ မဖြစ်ဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။

“မင်းနာမည် ဘယ်လိုခေါ်လဲ”
ချင်းကျူလည်း အရက်တစ်ကြိုက်သောက်ပြီး မေးမြန်းလိုက်ပါပြီ။

ကြယ်တာရာဂိတ်ဂိုဏ်း ဖျက်သိမ်းသွားချိန်ကစလို့ ချင်းကျူ၊ ပိုင်ရီနဲ့ ပထမအကြီးအကဲတို့သာ ဒီနယ်မြေအတွင်း အစွမ်းထက်တဲ့ တန်ခိုးရှင်တွေအဖြစ် ကျန်ရစ်ခဲ့ပါတော့တယ်။ ဒီဝတ်စုံနက်ဝတ် လူငယ်လေးဟာ ဝမ်ရှင်းသူတော်စင်အဆင့် တန်ခိုးရှင် တစ်ဦး ဖြစ်နေတာကြောင့် ဒီဒေသက မဖြစ်နိုင်တော့ပါဘူး။

“ဟင်.. ငါ..”

ဝတ်စုံနက်ဝတ် လူငယ်လေး အံ့အားသင့်သွားခဲ့ပါပြီ။ အခုတော့မှ သူ့နံဘေးမှာ လူတစ်ဦး ရှိနေသေးကြောင်း သိလိုက်ပါတော့တယ်။ သူချက်ချင်း ပြန်ဖြေလိုက်ပါပြီ။
“ငါ့နာမည်က ရှန်းကျီးဝမ်ပါ”

ခဏလောက် ရပ်တန့်လိုက်ပြီး သူစကားဆက်လိုက်ပါပြီ။
“စိတ်မကောင်းပါဘူး။ ငါက ဖြတ်သန်းသွားရုံ သက်သက်ပါ။ ဒါပေမဲ့ ကောင်းကင်ပေါ်ကနေ ဘာကြောင့် ပြုတ်ကျလာလဲတော့ ငါလည်း မသိပါဘူး”

ချင်းကျူ
“..”

ဒီတစ်ယောက်က ဝမ်ရှင်းသူတော်စင် တစ်ဦး ဖြစ်နေတယ် ဆိုတာကတော့ ယုံရခက်ခက်ပါပဲ။ တကယ်လို့ လောင်ဝေဝေ ဒါမှမဟုတ် ရီလင်းချန်တို့သာ ဆိုရင် ချင်းကျူကိုတောင် အရေးစိုက်ကြတော့မှာ မဟုတ်ပါဘူး။ ပြောရရင် ချင်းကျူဟာ သူ့ရဲ့ အော်ရာအရှိန်အဝါတွေကို တမင်ဖုံးကွယ်ထားခဲ့တဲ့အတွက် သူ့ခန္ဓာကိုယ်ကနေ ဝိညာဉ်စွမ်းအင်တွေ ဖြာထွက်ခြင်း မရှိတော့ပါဘူး။

“ငါက ရှန်းဟွမ်စွတ်ဂိုဏ်းကပါ။ ခရမ်းရောင်ဝိညာဉ်မျိုးနွယ်တွေကို ဂိုဏ်းကနေ စစ်ကြေညာလိုက်ပြီလို့ သတင်းကြားလိုက်ရတာကြောင့် ကူညီပေးဖို့ ဆုံးဖြတ်ပြီး ခရီးနှင်နေခဲ့တာပါ”

ဝတ်စုံနက် ဝတ်ဆင်ထားတဲ့ လူငယ်လေး နာမည်က ရှန့်ကျီးဝမ်ပါ။ သူ့အကြောင်း လူသိသွားမှာလည်း စိတ်ပူပုံ မရခဲ့ပါဘူး။ ဒါကြောင့် ဘာမှ စဉ်းစားမနေပဲ ချက်ချင်း ပြောပြလိုက်ပါတော့တယ်။

ချင်းကျူလည်း ဒီလူငယ်လေးက မဟာဂိုဏ်းကြီး လေးခုထဲက တစ်ခုရဲ့ ဂိုဏ်းသားတစ်ဦး ဖြစ်ကြောင်း သိသွားခဲ့ပါပြီ။ သူ့ရဲ့ တန်ခိုးအဆင့်ဟာ ဝမ်ရှင်းသူတော်စင် အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ ဖြစ်ပြီး မူလတာအို အဆင့်ကို ရောက်ဖို့ ခြေလှမ်းတစ်ဝက်သာ ကျန်ပါတော့တယ်။ ဒါကြောင့် ဒီလူငယ်လေးဟာ အဆင့်တက်ဖို့ အတွေ့အကြုံ ရှာနေသူ တစ်ဦး ဖြစ်မှာ သေချာသွားပါပြီ။

ဒီတစ်ကြိမ်မှာ ခရမ်းရောင် ဝိညာဉ်တွေ ပြန်ရောက်လာခဲ့ကြပါတယ်။ မဟာဂိုဏ်းကြီး လေးခုဟာ နှစ်ပေါင်း ၃၀၀ နောက်ပိုင်းမှာ နောက်တစ်ကြိမ် ပူးပေါင်းပြီး တောင်ပိုင်းနယ်မြေကြီးကို တပ်လှန့်လိုက်ပါပြီ။ ရှန်းကျီးဝမ်လည်း သတင်းကို ကြားလိုက်ရတာကြောင့် ကူညီပေးဖို့ ခရီးနှင်လာခဲ့ပါတယ်။ တကယ်လို့ ကံကောင်းမယ်ဆိုရင် ဒီစစ်ပွဲမှာပဲ အဆင့်တက်ဖို့ အတွေ့အကြုံတွေ ရရှိမှာပါ။

ဒါပေမဲ့ အရှေ့ဘက် နယ်မြေကြီးနဲ့ နီးကပ်တဲ့ အရပ်မှာ လေ့ကျင့်နေခဲ့တာကြောင့် အဲဒီကို ရောက်ဖို့ အချိန်တော်တော်ကြာ လိုအပ်ခဲ့ပါတယ်။ ဒီတစ်ခေါက် ပျံသန်းလာရင်းနဲ့ ရွှမ်းရီတောင်တန်းဒေသကို ရောက်လာခဲ့ပြီး ချင်းကျူချထားတဲ့ အကာအကွယ် အလွှာကို ဖြတ်သန်းမိသွားတဲ့ အချိန်မှာတော့ အခု ဖြစ်ရပ်တွေ ဖြစ်လာခဲ့တာပါပဲ။

“အားနည်းသူတွေကို ကာကွယ်ပေးဖို့ အားကြီးသူတွေရဲ့ သွေးမြေကျသင့်လည်း ကျရမယ်လို့ ဆရာက ပြောခဲ့တယ်။ တောင်ပိုင်းနယ်မြေကြီးကို ကာကွယ်ပေးဖို့က ငါတို့ တန်ခိုးရှင်တွေရဲ့ တာဝန်ပဲလေ။ ငါအသက်ရှင်လျက် ရှိနေသရွေ့ ခရမ်းရောင် ဝိညာဉ်တွေ တောင်ပိုင်းနယ်မြေကို သိမ်းပိုက်လို့ မရစေရဘူး”

ရှန်းကျီးဝမ်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အားနဲ့မာန်နဲ့ ပြောလိုက်ပါပြီ။ သူ့ရဲ့ အရှိန်အဝါဟာ ရန်သူတစ်သောင်းလာလည်း မမှုလောက်အောင်ကို အင်အားကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတာက ခရမ်းရောင် ဝိညာဉ်တွေ မဟုတ်ပဲ ချင်းကျူပါ။

“…”

အားနည်းသူတွေကို ကာကွယ်ပေးဖို့ အားကြီးသူတွေရဲ့ သွေးမြေကျသင့်လည်း ကျရမယ် ဆိုတာ တကယ်ကြီးလား။

ချင်းကျူ စဉ်းစားနေခဲ့ပါတယ်။ ဒီအတွေးကို ချင်းကျူ သဘောမတူပေမဲ့လည်း လေးစားမိခဲ့ပါတယ်။

ချင်းကျူအရှေ့မှာ ရှိနေတဲ့ လူငယ်လေးဟာ ချင်းကျူရဲ့ အရင်ဘ၀တုန်းက တိုးတက်တဲ့ နိုင်ငံကြီးတွေက စစ်သားတွေလိုပါပဲ။ သူတို့တွေဟာ တာဝန်ကြီးတွေကို ထမ်းဆောင်ရင်း အားနည်းသူတွေကို ကာကွယ်ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနေရာက ကမ္ဘာမဟုတ်ပါဘူး။ ဒီနေရာမှာ သေချာ ဖွဲ့စည်းတည်ထောင်ထားတဲ့ နိုင်ငံတော်တွေလည်း မရှိပါဘူး။ ဒါကြောင့် ချင်းကျူအနေနဲ့ တော်ဝင်စစ်သည်တော် တစ်ဦး ဖြစ်စရာ အကြောင်းမရှိခဲ့ပါဘူး။ ဒါ့အပြင်ကို ရွှမ်းရီတောင်တန်းဂိုဏ်းဖြစ်တဲ့ အိမ်ထဲကနေ အိမ်ပြင်မထွက်ပဲ နေခဲ့သူပါ။ မဟာဂိုဏ်းကြီး လေးဂိုဏ်းက ခရမ်းရောင် ဝိညာဉ်တွေကို စစ်ရှုံးသွားရင်တော့ ချင်းကျူအနေနဲ့ ပါဝင်ကောင်း ပါဝင်ပါလိမ့်မယ်။

“ဒါနဲ့.. မင်းနာမည်ကကော”
ရှန်းကျီးဝမ်လည်း ချင်းကျူရဲ့ နာမည်ကို မသိသေးကြောင်း သတိရသွားခဲ့ပါပြီ။

“ချင်းကျူပါ”
ချင်းကျူလည်း အမှန်အတိုင်း ဖြေလိုက်ပါတော့တယ်။

“အော်.. ညီလေး ချင်းကျူပေါ့”
ရှန်းကျီးဝမ်လည်း ရင်းနှီးဖော်ရွေစွာ ပြောလိုက်ပါတော့တယ်။
“အဲ… ဒါနဲ့ စောနတုန်းက ဒီနေရာကနေ ငါခုန်ချလိုက်တာကို တွေ့လိုက်သေးလား”

“မတွေ့ပါဘူး”
ချင်းကျူလည်း ခေါင်းကို ခါယမ်းလိုက်ပါတော့တယ်။ ရှန်းကျီးဝမ်ကို အမှန်အတိုင်း မပြောပြဖို့ ဆုံးဖြတ်လိုက်ပါပြီ။

“တကယ်ကြီးလား”
ရှန်းကျီးဝမ်လည်း အံ့အားသင့်သွားပါတော့တယ်။ သူတကယ်ပဲ စိတ်ထွေပြားသွားခဲ့တာလား။

“တကယ်ပေါ့”

“ထူးဆန်းတယ်။ ငါခုန်ချလိုက်တာကို မှတ်မိနေတုန်းပဲ”
ရှမ်းကျီးဝမ်လည်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါပြီ။

“မင်း အမှတ်မှားနေတာပါ။ မင်းပြုတ်ကျသွားမယ်ဆိုရင် မေ့မြောသွားမှာပေါ့။ ဒါပေမဲ့ မင်းက အခုမှ နှိုးလာတာလေ။ ပြီးတော့ ဘာမှလည်း လုပ်မနေပါဘူး”
ချင်းကျူလည်း ဘာမှ မဖြစ်သယောင် ပုံမှန်လေသံနဲ့ ပြောလိုက်ပါပြီ။

“အမှန်ပဲ။ တကယ်လို့ အောက်ကို ငါခုန်ချလိုက်ရင် သေလုမျောပါး ဖြစ်သွားလောက်ပြီ။ အခုလိုမျိုး အကောင်းအတိုင်း ဘယ်ရှိနိုင်ပါ့မလဲ”
အချိန်တော်တော်ကြာ စဉ်းစားလိုက်ပြီးနောက်မှာ ရှန်းကျိဝမ်လည်း အဖြစ်မှန် ဆိုတာကို လက်ခံလိုက်ပါတော့တယ်။

“နေ့ရောညပါ မအိပ်ပဲ ရက်တော်တော်ကြာ ခရီးနှင်လာခဲ့လို့ ထင်တယ်။ ဒါကြောင့် ငါ့ရဲ့ ဝိညာဉ်စွမ်းအင် တော်တော်လေး ကုန်ခမ်းသွားပြီး စိတ်တွေ ထွေပြားသွားပဲ ဖြစ်မှာပါ”

ချင်းကျူ
“…”

ခဏလောက် စဉ်းစားပြီးချိန်မှာ ရှန်းကျီးဝမ် တောင်းပန်စကား ဆိုလိုက်ပါပြီ။
“ညီလေးချင်းကျူ… ဒီနေရာမှာ ခဏလောက် အနားယူလို့ ရမလား”

“ရပါတယ်”
ချင်းကျူလည်း ပုခုံးတွန့်ပြီး ထူးမခြားနား လေသံနဲ့ ဖြေလိုက်ပါပြီ။

“ကျေးဇူးတင်ပါတယ်”
ရှန်းကျီးဝမ် ဝမ်းသာသွားပါတော့တယ်။ သူချက်ချင်း တင်ပလ္လင်ခွေထိုင်ပြီး တရားစတင်ကျင့်လိုက်ပါပြီ။

ချင်းကျူ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီတစ်ယောက်က ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ တပည့်ကော ဟုတ်ရဲ့လား။ အရမ်း သတိမပေါ့လွန်းဘူးလား။

ရှန်းကျီးဝမ် တရားကျင့်နေချိန်မှာ မိုးနဲ့မြေရဲ့ ဝိညာဉ်စွမ်းအင်တွေဟာ သူ့ခန္ဓာကိုယ်ထဲ စီးဆင်းလာခဲ့ပါပြီ။ သူ့ဦးခေါင်းအထက်မှာ ဝိညာဉ်စွမ်းအင် ဝဲကတော့လေး ဖြစ်ပေါ်လာပါတော့တယ်။

မကြာခင်မှာတော့ ရှန်းကျီးဝမ် တရားကျင့်လို့ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် မတ်တတ်ထရပ်လိုက်ပါပြီ။ သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင် တစ်ဝက်ကျော်လောက် ပြန်အားပြည့်သွားပြီ ဖြစ်တာကြောင့် သူ့စိတ်တွေ ပြန်လည်လန်းဆန်းသွားခဲ့ပါပြီ။

“ကျေးဇူးပဲ ညီလေး ချင်းကျူ။ ငါ့ဆရာက ပြောဖူးတယ်။ ရေတစ်စက်ရဲ့ ကျေးဇူးကြွေးကို ရေတံခွန်ကြီးနဲ့ ပြန်ဆပ်ရမယ်တဲ့။ ဒီကျင့်စဉ်က ငါလေ့ကျင့်နေချိန်တုန်းက ရခဲ့တဲ့ ကျင့်စဉ်ပဲ။ မင်းကို လက်ဆောင်ပေးမယ်။ ညီလေးချင်းကျူလည်း မကြာခင် တန်ခိုးရှင်တစ်ဦးဖြစ်လာမှာပါ”

ပြောဆိုပြီးတာနဲ့ ရှန်းကျီးဝမ်ညလ်း ချင်းကျူကို စာအုပ်လေး တစ်အုပ် ကမ်းပေးလိုက်ပါပြီ။

ချင်းကျူ
“…”
ဘာတွေ ဖြစ်ကုန်တာလဲ။

ငါလည်း ဘာမှ မလုပ်လိုက်ရပါဘူး။

ချင်းကျူက ရှန်းကျီးဝမ် အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရှန်းကျီးဝမ် ဒီအကြောင်းကို မသိခဲ့ပါဘူး။ ချင်းကျူက ဒီမှာ အနားယူခွင့် ပေးလိုက်တာကြောင့် ဒီစာအုပ်ကို လက်ဆောင်ပြန်ပေးတာလား။

“ရေစက်ဆုံရင်တော့ ညီလေးချင်းကျူနဲ့ ပြန်ဆုံမှာပါ။ အခုတော့ ခရမ်းရောင် ဝိညာဉ်တွေကို သုတ်သင်ပြီး တောင်ပိုင်းနယ်မြေကြီးကို ကယ်တင်လိုက်ပါဦးမယ်”

ပြောဆိုပြီးတာနဲ့ ရှန်းကျီးဝမ် တစ်ယောက် ကောင်းကင်ယံထက် ပျံတက်သွားခဲ့ပါပြီ။ ချင်းကျူက ရေပက်မဝင် အတားအဆီးကို ဖယ်ရှားပြီး ဖြစ်တာကြောင့် ရှန်းကျီးဝမ် အလွယ်တကူ ပျံသန်းလို့ ရသွားခဲ့ပါတော့တယ်။

ချင်းကျူ
“…”

အခု ဖြစ်ရပ်က နည်းနည်းတော့ ထူးဆန်းနေပေမဲ့လည်း ဒီတစ်ယောက် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ချင်းကျူ ခံစားမိခဲ့ပါတယ်။  ပြောရမယ်ဆိုရင် သူက အဆင့်ရှစ် မွေးရာပါ ဝေဒနာကို နည်းနည်းလောက် ခံစားနေရပုံ ပေါက်တယ် မဟုတ်လား။ (အဆင့်ရှစ် မွေးရာပါ ဝေဒနာ ဆိုတာကတော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကိုယ့်ကိုကိုယ် စူပါဟီးရိုး တစ်ဦးလို ခံစားနေရတဲ့ လူစားမျိုးပါ။)

“အင်း… စစ်ပွဲ မပြီးဆုံးခင် ငါရောက်နိုင်ပါ့မလား”
ကောင်းကင်ယံအထက် ရှန်းကျီးဝမ် တစ်ယောက် သက်ပြင်းချလိုက်ပါပြီ။ သူနည်းနည်းတော့ စိတ်ပူနေခဲ့ပါတယ်။

ဒီတလော ရှေ့တန်းက ရောက်လာတဲ့ သတင်းတွေအရ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေ အကြီးအကျယ် စစ်ရှုံးနေပါပြီ။ သူ့ရဲ့ လက်ရှိအမြန်နှုန်းနဲ့ ဆိုရင်တော့ ဒီစစ်ပွဲက သူမရောက်သွားခင်မှာပဲ ပြီးဆုံးသွားမှာပါ။

ရှန်းကျီးဝမ် တစ်ယောက် အမြန်နှုန်းကို မြှင့်တင်လိုက်ချိန်မှာပဲ တစ်ခုခု မှားယွင်းနေကြောင်း သိသွားခဲ့ပါပြီ။

“အင်း.. ငါ့ရဲ့ ဒဏ်ရာဟောင်းတွေ ဘာဖြစ်သွားတာလဲ”

ရှန်းကျီးဝမ် အံ့အားသင့်သွားပါတော့တယ်။ သူ့ရဲ့ ရင်ဘတ်ကို စမ်းလိုက်တဲ့အခါမှာတော့ အမာရွတ်ကြီး မရှိတော့ကြောင်း တွေ့လိုက်ရပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက လေ့ကျင့်ရင်း သူဒဏ်ရာ ရရှိသွားခဲ့ပြီး ရင်ဘတ်မှာ အမာရွတ်ကြီး ထင်ကျန်ရစ်ခဲ့ပါတယ်။ ဒီဒဏ်ရာဟာ မပျောက်ကင်းနိုင်ခဲ့ပါဘူး။ သူ့ဝိညာဉ်စွမ်းအင်တွေကို လှည့်ပတ်စီးဆင်းစေလိုက်တိုင်း ဒီနေရာမှာ နာကျင်မှုကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ဝေဒနာတွေ ပျောက်ကင်းသွားခဲ့ပါပြီ။ အမာရွတ်လည်း မရှိတော့ပါဘူး။

“ဒါက..”
ရှန်းကျီးဝမ်လည်း အနောက်ကို လှည့်ကြည့်လိုက်ပြီး မျက်နှာ ပျက်သွားခဲ့ပါပြီ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 57
မြေကမ္ဘာ သူတော်စင်အဆင့် တန်ခိုးရှင် တစ်ဦး သေဆုံးမှု

အေးမြတဲ့ လေပြည် ဖြတ်သန်းတိုက်ခတ်သွားတာကြောင့် မြက်ပင်လေးတွေ ယိမ်းယိုင်ကခုန်သွားခဲ့ကြပါပြီ။ ယန့်ရှီလည်း ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီး ပတ်ဝန်းကျင်က ဝိညာဉ်ကီစွမ်းအင်တွေကို စုပ်ယူလိုက်ပါတော့တယ်။ ဒီနေ့ ရာသီဥတုက တော်တော်လေး သာယာပေမဲ့လည်း ဒီမိန်းကလေး ထပ်ရောက်လာတဲ့ အတွက် သူမ စိတ်မသက်မသာ ဖြစ်သွားခဲ့ပါပြီ။

“ဒီတလော စကားပြောတဲ့ ဖားပြုတ်တစ်ကောင် လျှောက်ပြေးနေတယ်လေ။ အဲဒီဖားပြုတ်ကြောင့် အကြီးအကဲတွေနဲ့ ဆရာတွေ တော်တော်လေး ဒေါသူပုန် ထနေကြတယ်။ ဟီး ဟီး”
မိန်းကလေးဟာ ကျောက်တုံးပြာလေးအထက် ထိုင်ရင်း ပြုံးလိုက်ပါပြီ။
“ဒါနဲ့.. အဲဒီဖားပြုတ်ကို ဂိုဏ်းချုပ်ကြီးက ဖန်တီးလိုက်တာလို့လည်း ပြောနေကြသေးတယ်။ ဒါနဲ့ ဂိုဏ်းက အကြီးအကဲတွေက ဂိုဏ်းချုပ်ကို သေအောင်ရိုက်သတ်ပစ်ချင်နေကြပြီလေ”

တစ်ဖက်မှာ ရှိနေတဲ့ ချင်းကျူလည်း ကျောက်တုံးပြာလေးကို မှီပြီး ထိုင်နေရင်း
“အဲဒီနေ့ကိုတော့ နောက်ဆုံး ရောက်လာမှာပါပဲလေ”

ပိုင်ရီ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် သူ့အနေနဲ့ ဂိုဏ်းချုပ်သာ ဖြစ်မနေဘူးဆိုရင် အစောကြီးကတည်းက ရိုက်သတ်ခံလိုက်ရလောက်မှာပါ။

“ဆရာဦးလေ.. ဘာဖြစ်လို့ အရက်တွေ အများကြီး သောက်နေရတာလဲ”
မိန်းကလေးလည်း စကားလမ်းကြောင်း လွှဲလိုက်ပြီး စိတ်ဝင်တစား မေးမြန်းလိုက်ပါပြီ။

ချင်းကျူကို စတွေ့ကတည်းက နေ့စဉ်လိုလို အရက်သောက်နေတာ တွေ့ခဲ့ရပါတယ်။ ပြီးတော့ နေ့ကောညပါ သောက်နေခဲ့တာပါ။

ချင်းကျူ နှုတ်ဆိတ်နေခဲ့ပါတယ်။ ဘာဖြစ်လို့လည်းတော့ သူသေချာ မပြောတတ်ပါဘူး။ အရင်ဘ၀တုန်းက သူအရက်သမား ဖြစ်ခဲ့လို့ပဲလား။ အဲဒီအချက်က မှန်ရဲ့လား။

အချိန်တော်တော်ကြာသွားတဲ့ အခါမှာတော့ ချင်းကျူ ပြန်ဖြေလိုက်ပါပြီ။
“ဒီခံစားချက်ကို ငါသဘောကျလို့ပါ”
အမှန်ပါပဲ။ ဒီခံစားချက်ကို ချင်းကျူ သဘောကျနေခဲ့ပါတယ်။

ပြောရမယ်ဆိုရင် ချင်းကျူရဲ့ တန်ခိုးကျင့်စဉ် အဆင့်နဲ့ အရက်ဟာ သူ့အပေါ် အကျိုးသက်ရောက်မှု သိပ်ပြီး မရှိလှတော့ပါဘူး။ ဒါပေမဲ့ ဒီလို ခံစားချက်ကို သူသဘောကျပါတယ်။ ဒါကြောင့် အရက်သောက်တိုင်း ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အရက်ရဲ့ အာနိသင်တွေကို တားဆီးခြင်း မပြုခဲ့ပါဘူး။ ဒါကြောင့် အပြင်လူတွေရဲ့ အမြင်မှာ သူဟာ အရက်သမားလုံးလုံး ဖြစ်နေခဲ့တာပါ။ ဝေလောင်တောက်ကို အားလုံးရှေ့မှာသာ မသတ်ခဲ့ဘူးဆိုရင် ပထမအကြီးအကဲတောင်မှ သူ့ကို အသုံးမကျတဲ့ အရက်သမား တစ်ဦးအဖြစ် ဆက်ပြီးမြင်နေပါလိမ့်ဦးမယ်။

“ကောင်းပါတယ်”
မိန်းကလေးလည်း နည်းနည်း စိတ်ပျက်သွားခဲ့ပါတယ်။ ဒါက သူမ လိုချင်နေတဲ့ အဖြေမဟုတ်ခဲ့ပါဘူး။

“မင်းက ဘာသိချင်လို့လဲ”
မိန်းကလေးရဲ့ အတွင်းစိတ်ကို မြင်လိုက်တဲ့အလား ချင်းကျူ ပြုံးလိုက်ပါပြီ။

“ဘာ.. ဘာမှမသိချင်ပါဘူး”
မိန်းကလေးလည်း မျက်နှာ နီရဲစွာနဲ့ ခေါင်းကို ခါယမ်းလိုက်ပါပြီ။

အစတုန်းကတော့ ချင်းကျူမှာ ဝမ်းနည်းဖို့ကောင်းတဲ့ အတိတ်တစ်ခု ရှိလိမ့်မယ် ထင်မိခဲ့ပါတယ်။ ဒါကြောင့်လည်း အရက်ကို အဖော်ပြုနေခဲ့ပုံပါ။ ဒါပေမဲ့ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။

“ဟား ဟား ဟား.. မင်းရဲ့ ကျင့်စဉ်ကိုပဲ အာရုံစိုက် လေ့ကျင့်စမ်းပါ။ ငါ့အတွက် စိတ်ပူမနေပါနဲ့”
ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး ရယ်မောလိုက်ပါပြီ။

တချို့ လူတွေက ဝမ်းနည်းပူဆွေးလို့ အရက်သောက်ကြတယ်။ တချို့ကျတော့ စိတ်ခံစားချက် မကောင်းလို့ သောက်ကြတယ်။ တချို့ကျတော့လည်း မူးယစ်ရီဝေချင်လို့ သောက်ကြတယ်။ ချင်းကျူကတော့ ဒီလိုမျိုး မဟုတ်ခဲ့ပါဘူး။ သူက ရိုးရိုးလေးပဲ အရက်သောက်ရတာကို သဘောကျလို့သာ သောက်ခြင်း ဖြစ်ပြီး ဒီကမ္ဘာမှာ သူတစ်ဦး ဒီလို ဖြစ်နေတာ မဟုတ်ဘူးလို့ ယုံကြည်ထားခဲ့ပါတယ်။

“ကောင်းပြီလေ”
မိန်းကလေးလည်း ခေါင်းညိတ်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်ပါပြီ။ သူမ ဈာန်ဝင်စားပြီး တရားကျင့်လိုက်ပါတော့တယ်။

အခုအချိန်က သန့်စင်သောယန် စွမ်းအင်တွေ အသိပ်သည်းဆုံး အချိန်ပါ။ ဒါကြောင့် မိန်းကလေး အနေနဲ့ ခွန်အားတစ်ဝက်လောက် ထုတ်လိုက်ရုံနဲ့ တိုးတက်နှုန်း နှစ်ဆ မြန်ခဲ့ပါတယ်။ ပြီးတော့ သူမက တောင်ဂိတ်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်လာခဲ့သူပါ။ သူမအနေနဲ့ ဇင်တျန်အဆင့်ကို တက်ရောက်တဲ့ အချိန်ကျရင် ဝိညာဉ်ချဉ်ဆီ ရေကန်ထဲ ဝင်ရောက်ခွင့် ရလာပါလိမ့်မယ်။ ဟိုတျန်အဆင့် တန်ခိုးရှင်တွေ အတွက်ကတော့ ဒီအခွင့်အရေးဟာ ဇင်တျန်အဆင့်တက် ဆေးလုံးကို သောက်သုံးခွင့် ရလိုက်တာနဲ့ အတူတူပါပဲ။

ချင်းကျူလည်း ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါပြီ။ ပြီးတာနဲ့ ဝိညာဉ်တက်ဘလက်ကို ထုတ်ယူပြီး သတင်းတွေကို ဖတ်ကြည့်လိုက်ပါတော့တယ်။

ရှန်းကျီးဝမ်တစ်ယောက် ဒီနေရာကို ပြုတ်ကျလာခဲ့တဲ့ ရက်ကနေ ရေတွက်မယ်ဆိုရင် ၃ ရက် ကြာမြင့်သွားခဲ့ပါပြီ။ သူ့အနေနဲ့ စစ်မြေပြင်ကို ရောက်သွားလား မရောက်သေးဘူးလားတော့ မသိပါဘူး။ ဒါပေမဲ့ မဟာဂိုဏ်းကြီး လေးဂိုဏ်း အောင်ပွဲခံနေတဲ့ သတင်းတွေကတော့ ပျံ့နှံ့လာနေပါပြီ။ အနှေးနဲ့ အမြန်ဆိုသလို ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေ ရှုံးနိမ့်တော့မှာပါ။

ဒါပေမဲ့ ချင်းကျူတစ်ယောက် search page မှာ ရှာဖွေဖို့ ဖွင့်လိုက်ချိန်မှာတော့ လန့်စရာ သတင်းတစ်ခုကို တွေ့လိုက်ရပါပြီ။

သတင်းခေါင်းစဉ်က - မြေကမ္ဘာ သူတော်စင်အဆင့် တန်ခိုးရှင်တစ်ဦး ကျဆုံးသွားခြင်း

ဒီသတင်းဟာ တက်ဘလက် သတင်းစာမျက်နှာမှာ တောမီးပမာ ပျံ့နှံ့လာပါတော့တယ်။ ကွန်မန့်တွေလည်း သန်းနဲ့ချီ ရှိနေပါပြီ။ ပြီးတော့ သတင်းအချက်အလက် တော်တော်များများကလည်း ဒီခေါင်းစီးနဲ့ ပတ်သက်နေခဲ့ပါတယ်။

ချင်းကျူလည်း မျက်မှောင်ကြုတ်ပြီး စာဖတ်ကြည့်လိုက်ပါပြီ။ အခြေအနေကို သူချက်ချင်း နားလည်သွားပါတော့တယ်။

မိုးကြိုးလေပြည်ဂိုဏ်းက ဂိုဏ်းချုပ်ကြီး သေဆုံးသွားခဲ့ပါပြီ။

အမှန်ပါပဲ။ ချင်းကျူ ဖတ်လိုက်တာ မမှားပါဘူး။ မိုးကြိုးလေပြည်ဂိုဏ်းက မြေကမ္ဘာ သူတော်စင်အဆင့် ဂိုဏ်းချုပ်ကြီး တကယ်သေဆုံးသွားခဲ့ပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်တုန်းက မြေကမ္ဘာ သူတော်စင်အဆင့်ကို သူတက်ရောက်ခဲ့ချိန်ကစလို့ မိုးကြိုးလေပြည်ဂိုဏ်းမှာ နောက်ထပ် မြေကမ္ဘာ သူတော်စင် ထပ်မံပေါ်ထွက်ခြင်း မရှိတော့ပါဘူး။ ဂိုဏ်းက တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တာကလည်း ဒီအချက်ကြောင့်ပါပဲ။

မိစ္ဆာသတ် ဆွေးနွေးပွဲကို ချင်းကျူ တက်ရောက်စဉ်တုန်းက မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးနဲ့ တစ်ကြိမ် ဆုံတွေ့ဖူးခဲ့ပါတယ်။ သူက တော်တော်လေး သဘောကောင်းတဲ့ အဘိုးအို တစ်ဦးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ တုန်းကတည်းက မိုးကြိုးလေပြည်ဂိုဏ်းဟာ မဟာဂိုဏ်းကြီး လေးခုစာရင်းကနေ လျှောမကျသွားခဲ့တာကလည်း ဒီအဘိုးအို ကျေးဇူးကြောင့်ပါပဲ။

မိုးကြိုးလေပြည်ဂိုဏ်းဟာ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေကို ရှေ့တန်းကနေ ပထမဆုံး ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်။ ဂိုဏ်းချုပ်ကြီး အနေနဲ့လည်း ခြွင်းချက် မရှိပဲ ဦးဆောင်ပေးခဲ့သူပါ။

သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ မိုးကြိုးလေပြည်ဂိုဏ်းဟာ ရန်သူတွေကို အောင်ပွဲခံခဲ့ပါတယ်။ ခရမ်းရောင် ဝိညာဉ်တွေကို ဆက်တိုက် နောက်ဆုတ်စေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် မြေကမ္ဘာ သူတော်စင်တစ်ဦး အဆင့်နဲ့ ဒီစစ်မြေပြင်မှာ သူကျဆုံးစရာ အကြောင်းတော့ မရှိလှပါဘူး။

ဒါပေမဲ့ ခရမ်းရောင် ဝိညာဉ်တွေဟာ မိစ္ဆာသားရဲတွေနဲ့ ပူးပေါင်းထားလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားမိခဲ့ပါဘူး။

ခရမ်းရောင် ဝိညာဉ်တပ်မဟာကြီးတစ်ခုကို လိုက်လံတိုက်ခိုက်စဉ်မှာ မိုးကြိုလေပြည်ဂိုဏ်းချုပ်ကြီးဟာ မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်ရဲ့ တန်ခိုးရှင်ကြီးတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျန်လူတွေ နောက်ဆုတ်နိုင်ဖို့အတွက် မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးဟာ သူ့ကိုယ်သူ စတေးဖို့ ရွေးချယ်ခဲ့တာပါ။

အဲဒီနေ့မှာပဲ မိုးကြိုးနဲ့ လေပြင်းတွေ တိုက်ခတ်လာတယ် ဆိုကြပါတယ်။ ဝိညာဉ်စွမ်းအင်တွေလည်း ကသောင်းကနင်း ဖြစ်သွားခဲ့ပါပြီ။ မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးရဲ့ အရိပ်ကို ကီလိုမီတာ ၅၀၀ အကွာအဝေးကနေတောင် မြင်ခဲ့ကြရပါတယ်။ သူသေဆုံးသွားချိန်မှာ ကောင်းကင်ယံဟာ မှောင်မိုက်သွားခဲ့ပြီး လေပြင်းမုန်တိုင်းကြီး တိုက်ခတ်လာခဲ့ပါပြီ။ မိုးနဲ့မြေဟာ သူသေဆုံးသွားတဲ့အတွက် ပူဆွေးစွာ ငိုကြွေးနေတဲ့ အလားပါပဲ။

“မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးအတွက် လက်စားချေကြစို့”

“တောက်။ မိစ္ဆာသားရဲတွေက ခရမ်းရောင် ဝိညာဉ်တွေနဲ့ ပူးပေါင်းလိုက်ကြတယ်။ သူတို့ အားလုံးကို ဒီတစ်ကြိမ်တော့ သေအောင် သတ်မှ ဖြစ်မယ်”

“သတ်ဟေ့”

“…”

ကွန်မန့် မန့်ကြသူတွေဟာ ရင်ထဲက ဒေါသတရားတွေ ပေါက်ကွဲလာခဲ့ကြပါပြီ။ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်နဲ့ မိစ္ဆာသားရဲတွေ အားလုံးကို တစ်စစီ ဖဲ့ခြွေချင်နေကြတဲ့ အလားပါပဲ။ ဒီအချိန်မှာတော့ မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီး ရုတ်ချည်း သေဆုံးသွားတဲ့ ဖြစ်ရပ်ကြောင့် တောင်ပိုင်းနယ်မြေကြီးမှာ ရှိသမျှ တန်ခိုးရှင်တွေအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါပြီ။

တခြား တန်ခိုးရှင်တွေနဲ့ ယှဉ်လိုက်ရင် မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီးဟာ တကယ့်ကို ဒဏ္ဍာရီလာ သူရဲကောင်းကြီး တစ်ဦးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်တုန်းက ခရမ်းရောင် ဝိညာဉ် မျိုးနွယ်တွေကို တောင်ပိုင်းနယ်မြေကနေ မောင်းထုတ်ဖို့အတွက် ကျန်မဟာဂိုဏ်းကြီး သုံးခုကို ပူးပေါင်းဖို့ ပထမဆုံး အကြံပေး စည်းရုံးခဲ့သူလို့ ဆိုနိုင်ပါတယ်။

အခုလက်ရှိခေတ်အချိန်မှာ ရှိနေတဲ့ မြေကမ္ဘာသူတော်စင်တွေ အကြားမှာတော့ မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီးဟာ ဝါစဉ်အကြီးဆုံးပုဂ္ဂိုလ်ကြီး ဆိုရင်လည်း မမှားပါဘူး။ တန်ခိုးရှင် အများအပြားပဲ သူ့ကို စံပြပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။

အာခက်လျှို့ဝှက်ဂိုဏ်း၊ ရှမ်းဟွမ်စွတ်ဂိုဏ်း၊ ဓားဂိုဏ်း ဖြစ်နေပါစေ အားလုံးဟာ ဒီတစ်ကြိမ်မှာတော့ ရှင်းရှင်းလင်းလင်း ရပ်တည်လိုက်ကြပါပြီ။ သူတို့ အားလုံး ဂိုဏ်းချုပ်ကြီး မိုးကြိုးလေပြည်အတွက် လက်စားချေနိုင်ဖို့ တန်ခိုးရှင်များစွာကို စစ်မြေပြင်ဆီ ထပ်မံ စေလွှတ်လိုက်ကြပါတော့တယ်။

ဒါကို မြင်လိုက်ရတော့ ချင်းကျူလည်း မျက်မှောင်ကြုတ်လိုက်မိပါပြီ။ ခရမ်းရောင် ဝိညာဉ်တွေက မိစ္ဆာသားရဲတွေနဲ့ ပူးပေါင်းလိုက်တယ်လား။ ဒီကိစ္စက ထင်သလို မရိုးရှင်းနိုင်တော့ပါဘူး။

ငါသွားကြည့်သင့်သလား။

ခဏလောက် စဉ်းစားပြီးချိန်မှာတော့ ချင်းကျူလည်း ရက်အနည်းငယ် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ သူ့အတွေးက ရိုးရှင်းပါတယ်။ မဟာဂိုဏ်းကြီး သုံးခု ရင်ဆိုင်နိုင်တယ် ဆိုရင် သူ့အနေနဲ့ မမြင်ချင်ယောင် ဆောင်နေလိုက်ရုံပါပဲ။ တကယ်လို့ သူတို့ ရင်ဆိုင်နိုင်ခြင်း မရှိဘူးဆိုရင်တော့ သူလှုပ်ရှားရမှာပါ။

ပြောရရင် သူ့စိတ်ဝိညာဉ်ဟာ ဒီကမ္ဘာက မဟုတ်ပါဘူး။ သူ့အနေနဲ့ မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီး အတွက် နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိပေမဲ့လည်း ဒီလောက်ကြီး သူ့အပေါ် အကျိုးသက်ရောက်မှု မရှိသေးပါဘူး။

မျက်စိတမှိတ် အချိန်အတွင်း ငါးရက် ကုန်ဆုံးသွားခဲ့ပါပြီ။ ချင်းကျူ သတင်းကို မဖတ်နိုင်သေးပါဘူး။ ပိုင်ရီက ချင်းကျူကို ခန်းမကြီးဆီ ဆင့်ခေါ်လိုက်ပါပြီ။

ဒီအချိန်မှာတော့ ပိုင်ရီရဲ့ မျက်နှာထား တည်ကြည်လေးနက်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ့မျက်လုံးတဝိုက်မှာ ရှိနေတဲ့ ယောင်ကိုင်းမှုတွေကတော့ တော်တော်လေး ရီဖို့ ကောင်းနေပါပြီ။

ဖားပြုတ်က မတော်တဆ ထုတ်ပြောခဲ့တဲ့ သူ့ရဲ့ လျှို့ဝှက်ချက်ကြောင့် အကြီးအကဲ အများအပြားပဲ ပိုင်ရီကို ဝိုင်းရိုက်ခဲ့ကြပါတယ်။ ပိုင်ရီလည်း အလွန်ရှက်ရွံ့အားနာနေတာကြောင့် ပြန်ပြီး မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဒီအခြေအနေကို ဆိုက်ရောက်သွားခဲ့တာပါ။

“ဂိုဏ်းတူအစ်ကိုကြီး.. ဘာကိစ္စလဲ”
ချင်းကျူလည်း ရယ်ချင်စိတ်ကို မျိုသိပ်ပြီး ပိုင်ရီနဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ပါပြီ။ ခဏလောက် စဉ်းစားလိုက်ပြီးချိန်မှာ ပိုင်ရီနဲ့ သူ့အကြား အကာအကွယ် အလွှာတစ်ခု ချထားလိုက်ပါတော့တယ်။

“…”

ပိုင်ရီလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်ပါပြီ။
“မဟာဂိုဏ်းကြီး လေးခုကနေ ဖိတ်ကြားမှုတွေကို ငါရလာခဲ့တယ်။ သူတို့တွေက ခရမ်းရောင်ဝိညာဉ်မျိုးနွယ်နဲ့ စစ်ပွဲမှာ ရွှမ်းရီတောင်တန်းဂိုဏ်းကိုပါ ဝင်တိုက်ခိုက်စေချင်တယ်လေ”

“ဘယ်လို”

ချင်းကျူ အံ့အားသင့်သွားခဲ့ပါပြီ။ မဟာဂိုဏ်းကြီး လေးခုက သူတို့လို သေးငယ်တဲ့ အင်အားစုလေး တစ်ခုကို ပါဝင်တိုက်ခိုက်ဖို့ ဖီတ်ခေါ်လိုက်တယ်တဲ့လား။

“ကြည့်ရတာ.. အင်း.. တောင်ပိုင်းနယ်မြေကြီးတော့ ဒီတစ်ခေါက် အန္တရာယ်အကြီးအကျယ်နဲ့ ရင်ဆိုင်နေရပြီ ထင်တယ်”
ပိုင်ရီ သက်ပြင်းချလိုက်ပါပြီ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 58

ဝိညာဉ်ဗဟိုကမ္ဘာဟာ အတိုင်းအဆမဲ့ ကျယ်ပြောပါတယ်။ တောင်ပိုင်းနယ်မြေကြီး တောင်မှ အရင်ဘ၀က ကမ္ဘာထက် ငါးဆ ခြောက်ဆလောက် ပိုပြီး ကျယ်ဝန်းနေခဲ့ပါတယ်။

မဟာဂိုဏ်းကြီး လေးခုဟာ တောင်ပိုင်းနယ်မြေကြီးမှာ အစွမ်းအထက်ဆုံး တာအိုဂိုဏ်းကြီး လေးခု ဖြစ်နေရတဲ့ အကြောင်းအရင်းက မြေကမ္ဘာ သူတော်စင်တွေ ရှိနေရုံကြောင့်ပဲ မဟုတ်ပါဘူး။ သူတို့ရဲ့ အခြေခံ အုတ်မြစ်ဟာ အလွန်နက်ရှိုင်းပြီး သိန်းနဲ့ချီတဲ့ တပည့်တွေ ရှိနေခဲ့ပါသေးတယ်။

ယှဉ်ပြောရမယ် ဆိုရင်တော့ ရွှမ်းရီတောင်တန်းဂိုဏ်းဟာ တောင်ပိုင်းနယ်မြေကြီးမှာ မထင်မရှား ဂိုဏ်းလေးတစ်ခုပါပဲ။ ချင်းကျူကြောင့်သာ မဟုတ်ဘူးဆိုရင် ဝေကလန် ဖျက်ဆီးမှုကြောင့် ပျက်စီးသွားလောက်ပါပြီ။

အခု မဟာဂိုဏ်းကြီး လေးခုက ရွှမ်းရီတောင်တန်းဂိုဏ်းကိုပါ စစ်ပွဲထဲ ပါဝင်တိုက်ခိုက်ပေးဖို့ ဖိတ်ခေါ်လာတယ်လား။ ဒါဆို အခြေအနေက တော်တော်လေး ဆိုးရွားနေတာ သေချာသွားပါပြီ။

“ဘာတွေ ဖြစ်နေပြီလဲ”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်မိပါတော့တယ်။ ဒီရက်ပိုင်းထဲ ဝိညာဉ်တက်ဘလက်မှာ သတင်းတွေကို မဖတ်ဖြစ်ခဲ့တာကြောင့် အခြေအနေကို သူမသိသေးပါဘူး။

အစတုန်းကတော့ မဟာဂိုဏ်းကြီး လေးခု အောင်ပွဲခံနိုင်မယ်လို့ ထင်မိခဲ့ပါတယ်။ အခုလို အခြေအနေမျိုး ဖြစ်လာမယ်လို့ ထင်မထားမိခဲ့ပါဘူး။

“ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေနဲ့ မိစ္ဆာသားရဲတွေက ပူးပေါင်းပြီး စစ်ဆင်ရေးကြီး ဆင်နွှဲလာပြီ။ မိုးကြိုးလေပြည်ဂိုဏ်း ရှုံးနိမ့်သွားပြီး မြေကမ္ဘာ တန်ခိုးရှင်တစ်ဦး ကျဆုံးသွားခဲ့တယ်။ မိုးကြိုးလေပြည်ဂိုဏ်း ရှုံးနိမ့်သွားတဲ့ အခါမှာတော့ မဟာဂိုဏ်းကြီး လေးခုလည်း တောင့်ခံထားဖို့ တော်တော်လေး ခဲယဉ်းသွားခဲ့ပြီ”
ပိုင်ရီလည်း ဖြည်းဖြည်းချင်း ရှင်းပြလိုက်ပါတော့တယ်။
“ဓားဂိုဏ်းက အရင်ဆုံး အရှေ့ကနေ ဝင်တိုက်ပေးတယ်။ ဒါပေမဲ့ အကျအဆုံး အရမ်းများသွားခဲ့တယ်။ အဲဒီတိုက်ပွဲမှာ မြေကမ္ဘာ သူတော်စင်နှစ်ဦး ပါဝင်ခဲ့တယ်။ နှစ်ဦးလုံး ဒဏ်ရရသွားခဲ့တယ်။ အဲဒီနောက်မှာတော့ ရှမ်းဟွမ်စွတ်ဂိုဏ်းနဲ့ အာခက်လျှို့ဝှက်ဂိုဏ်းတို့မှာပါ အကျအဆုံးများသွားခဲ့တယ်”

မိစ္ဆာသားရဲတွေ ပါဝင်လာတဲ့အတွက် စစ်ပွဲ အခြေအနေဟာ လုံး၀ ပြောင်းလဲသွားခဲ့ပါပြီ။ မဟာဂိုဏ်းကြီး လေးဂိုဏ်း အကြီးအကျယ် ထိခိုက်သွားခဲ့ပြီး မရေမတွက်နိုင်အောင် များပြားလှတဲ့ တန်ခိုးရှင်တွေ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် ရှေ့တန်းကနေ ဆုတ်ခွာဖို့ကို ရွေးချယ်လိုက်ရပါပြီ။

အခု အခြေအနေက ဒီအထိ ဖြစ်လာခဲ့ပြီ ဆိုတော့ မဟာဂိုဏ်းကြီး လေးဂိုဏ်းရဲ့ အင်အားနဲ့ ရန်သူတွေကို တားဆီးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် မဟာကလန်ကြီး ခြောက်ခုနဲ့ တခြားအဖွဲ့အစည်းတွေကိုပါ စစ်ကူခေါ်လိုက်ရတာပါ။ အခုဆို ရွှမ်းရီတောင်တန်းဂိုဏ်းလို လူသိပ်မသိတဲ့ဂိုဏ်းလေးတွေတောင် စစ်ပွဲမှာ ပါဝင်ဖို့အထိ ဖြစ်လာခဲ့ပါပြီ။

တကယ်တော့ မဟာဂိုဏ်းကြီး လေးခုသာ တားဆီးနိုင်ခြင်း မရှိဘူးဆိုရင် အခြေအနေက မျှော်လင့်ချက်မဲ့သွားပြီ ဖြစ်ကြောင်းကို အားလုံး သိထားကြပြီးသားပါ။ တန်ခိုးရှင်တွေ ဘယ်လောက်များများ စစ်ပွဲမှာ ပါဝင်လာပါစေ ရက်အနည်းငယ်လောက်သာ ပိုပြီး တောင့်ခံထားနိုင်ပါလိမ့်မယ်။

ဒီအတွက်ကြောင့် တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံး အန္တရာယ်နဲ့ရင်ဆိုင်နေရပြီလို့ ပိုင်ရီပြောခဲ့တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် မဟာဂိုဏ်းကြီး လေးဂိုဏ်းလုံး စစ်ပွဲကနေ ထွက်ခွာသွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ သူတို့ ထွက်ခွာလိုက်တာနဲ့ တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံး ကျဆုံးသွားပါလိမ့်မယ်။

“ဂိုဏ်းတူညီလေး.. ညီလေးက အလုပ်ရှုပ်တာကို မကြိုက်မှန်း အစ်ကိုကြီးသိပါတယ်။ ဒါကြောင့်လည်း ညီလေးဆီကနေ အကူအညီတွေကို မတောင်းဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ တောင်ပိုင်းနယ်မြေကြီးကို ညီလေး ကယ်တင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”

အခုအချိန်မှာတော့ ပိုင်ရီရဲ့ မျက်နှာအမူအရာ အလွန်တည်ကြည်လေးနက်နေပါပြီ။

ချင်းကျူဟာ တခြား ကမ္ဘာတစ်ခုကနေ ဒီကို ရောက်လာသူ ဖြစ်ပေမဲ့လည်း ပိုင်ရီကတော့ ဒီမှာပဲ မွေးဖွားကြီးပြင်းခဲ့သူပါ။ တောင်ပိုင်းနယ်မြေကြီးအပေါ်မှာ သူ့ခံစားချက် အလွန်ပြင်းထန်ပါတယ်။ ဒီအတွက်ကြောင့်သာ မဟုတ်ဘူးဆိုရင် ချင်းကျူကို သူအကူအညီတောင်းမိမှာ မဟုတ်ပါဘူး။

ဒါကို ကြားလိုက်ရတော့ ချင်းကျူ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့ပါပြီ။ ဒီကမ္ဘာက မဟာဂိုဏ်းကြီး လေးဂိုဏ်း မအောင်မြင်ဘူးဆိုရင် သူကိုယ်တိုင် ဝင်ပါဖို့ စဉ်းစားထားပြီးသားပါ။ အခုလို ပိုင်ရီကပါ သူ့ဆီ အကူအညီ တောင်းလာတဲ့ အခါမှာတော့ သူ့အနေနဲ့ မငြင်းနိုင်တော့ပါဘူး။

“စိတ်မပူပါနဲ့ ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော့် တာဝန်ထားလိုက်ပါ”
ချင်းကျူလည်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပါတော့တယ်။

“ဟီး ဟီး.. ဂိုဏ်းတူညီလေး မငြင်းဘူးဆိုတာကို အစ်ကိုကြီး သေချာပေါက် သိထားတာပေါ့”
ချင်းကျူ စကားဆုံးတာနဲ့ ပိုင်ရီလည်း ချက်ချင်းပဲ လှမ်းပွေ့ဖက်လိုက်ပါတော့တယ်။ ပိုင်ရီကို ကြည့်ရတာ ပျော်လွန်းလို့ ချင်းကျူကိုတောင် နမ်းပစ်ချင်နေပုံပါပဲ။

၀ုန်း

“အား”

အော်ဟစ်သံနဲ့အတူ ပိုင်ရီရဲ့ ခန္ဓာကိုယ်ဟာ အနောက်ဘက် နံရံထဲ မြုပ်ဝင်သွားခဲ့ပါပြီ။ သူ့မျက်နှာဟာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပါတော့တယ်။

“မင်းဘာလို့ ဒီလို လုပ်ရတာလဲ။ မင်းငယ်ငယ်တုန်းကလည်း ငါဖက်နေကျပဲလေ”
ပိုင်ရီလည်း မျက်နှာသုန်မှုန်စွာနဲ့ ဒေါသတကြီး အော်ဟစ်လိုက်ပါပြီ။

“…”
ချင်းကျူကတော့ ခံစားချက်မဲ့တဲ့ မျက်နှာထားနဲ့ လက်သီးကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပါတော့တယ်။

“နေ.. နေပါဦး.. နေပါဦး။ ငါမကောင်းတာပါ။ မင်းကို ငါထပ်ပြီး မဖက်တော့ပါဘူး”
ပိုင်ရီလည်း တုန်လှုပ်စွာနဲ့ အော်ဟစ်လိုက်ပါပြီ။

တစ်မိနစ်လောက် အကြာမှာတော့ ပိုင်ရီလည်း နံရံထဲကနေ တိုးထွက်လာပြီး ပြုံးလိုက်ပါပြီ။
“ဂိုဏ်းတူညီလေး.. ဘယ်တော့လောက် သွားမယ်လို့ စဉ်းစားထားလဲ”

“အခုပဲ”
အရင်တုန်းကဆိုရင်တော့ ချင်းကျူ ဝင်ပါလိုစိတ် မရှိတာကြောင့် ရပ်ပဲ ကြည့်နေမိမှာပါ။ အခုတော့ ကူညီပေးဖို့ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်တာကြောင့် နောက်ဆုတ်စရာ အကြောင်းမရှိတော့ပါဘူး။

“ဟင်”
ပိုင်ရီ အံ့အားသင့်သွားခဲ့ပါပြီ။ သူဘာမှ မလုပ်နိုင်ခင်မှာပဲ ချင်းကျူတစ်ယောက် ရပ်နေတဲ့နေရာကနေ ပျောက်ကွယ်သွားပါတော့တယ်။

တစ်ချိန်တည်းမှာပဲ ကီလိုမီတာ ၅သောင်း အကွာအဝေးက လွင်ပြင်တစ်ခုမှာ မဟာဂိုဏ်းကြီး လေးဂိုဏ်းနဲ့ ခရမ်းရောင်ဝိညာဉ်မျိုးနွယ်တို့ အင်အားအပြည့် စစ်ပွဲကြီးကို ဆင်နွှဲနေခဲ့ကြပါတယ်။ ဒီပတ်ဝန်းကျင်မှာ ကသောင်းကနင်း ဖြစ်နေတဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေကို ကီလိုမီတာ ၅၀၀၀ အကွာကနေတောင် ခံစားမိမှာပါ။ ဝိညာဉ်မှော်ရတနာ အမျိုးမျိုး လေထဲ ပျံသန်းနေသလို ကောင်းကင်ကြီး ပြိုကျတော့မဲ့အလား မိုးနဲ့မြေဟာ တုန်ခါနေပါပြီ။

မဟာဂိုဏ်းကြီး လေးဂိုဏ်းဟာ ခရမ်းရောင်ဝိညာဉ် မျိုးနွယ်တွေနဲ့ မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့သလို မြေကမ္ဘာ သူတော်စင် တန်ခိုးရှင် တော်တော်များများလည်း ဒဏ်ရာရသွားခဲ့ပါပြီ။ ဒါပေမဲ့ သူတို့တွေဟာ တောင်ပိုင်းနယ်မြေကြီးထဲမှာ အနက်ရှိုင်းဆုံး အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင်ထားတဲ့ တာအိုဂိုဏ်းကြီးတွေပါ။ နေရာအနှံ့အပြားက တန်ခိုးရှင်များစွာရဲ့ အကူအညီကြောင့်လည်း သူတို့ ရှုံးနိမ့်နေပေမဲ့လည်း အပြတ်အသတ်ကြီး ဆုတ်ခွာရလောက်အောင်တော့ မဖြစ်သေးပါဘူး။

ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေနဲ့ မိစ္ဆာသားရဲတွေ ဒီလောက်ကြီး ခေါင်းမာလိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မထားမိခဲ့ပါဘူး။ သူတို့တွေက လူသားတွေကို တစ်ချက်တည်း မျိုးဖြုတ်ဖို့ ကြိုးစားနေကြသလိုပါပဲ။

“တောက်.. ဒီမိစ္ဆာသားရဲတွေက ဆက်တိုက်ကြီး ရောက်လာနေတယ်။ သူတို့အားလုံး ကုန်အောင် ဘယ်လိုမှ သတ်လို့မရနိုင်ဘူး”

ဓားဂိုဏ်းက တပည့်တစ်ဦးဟာ ဓားပျံကို ထိန်းချုပ်ပြီး မိစ္ဆာသားရဲတွေကို သတ်ဖြတ်နေခဲ့ပါတယ်။ ဒါပေမဲ့ မိစ္ဆာသားရဲတွေဟာ သေရမှာကို မကြောက်တဲ့အလားပါပဲ။ အရေအတွက် ဘယ်လောက်ပဲ သတ်ဖြတ်ခံရ ခံရ တခြားသားရဲကောင်တွေဟာ ဆက်လက်ချီတက်လာနေကြဆဲပါ။

“ခရမ်းရောင် ဝိညာဉ်ဂိုဏ်းက မိစ္ဆာသားရဲတွေနဲ့ ပူးပေါင်းခဲ့လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး”
ကျောင်းတျန်းကျူလည်း အံကိုကြိတ်ပြီး ဆဲဆိုလိုက်ပါပြီ။ ဝမ်အားရှီနဲ့ သူတို့ နှစ်ဦး ရက်အနည်းငယ် အကြာတုန်းက လွင်ပြင်တောင်တန်း ပျက်စီးမှုအောက်ကနေ လွတ်မြောက်လာခဲ့ပြီးချိန်ကစလို့ ဓားဂိုဏ်းကို ဒီအကြောင်း သတင်းပြန်ပို့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ သူတို့ကို အယုံအကြည် မရှိခဲ့ပါဘူး။ ခရမ်းရောင် ဝိညာဉ်တို့ရဲ့ တပ်မဟာကြီးက မြို့တော်ကြီး ၁၆ မြို့်ကို ဖျက်ဆီးပြီးတော့မှသာ မဟာဂိုဏ်းကြီး လေးဂိုဏ်းက စတင်လှုပ်ရှားလာခဲ့တာပါ။

အစတုန်းကတော့ မဟာဂိုဏ်းကြီး လေးဂိုဏ်းရဲ့ အင်အားနဲ့ အလွယ်တကူပဲ အနိုင်ရလိမ့်မယ်လို့ ကျောင်းတျန်းကျူ ထင်မိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ မိစ္ဆာသားရဲတွေက သူတို့ကို ဝိုင်းထားလိုက်ပါပြီ။ ကျောင်းတျန်ကျူ ဘယ်လောက် စိတ်ဓာတ်ကျနေမလဲ တွေးကြည့်လို့ ရပါတယ်။

သူ့ရဲ့ ဂိုဏ်းတူညီလေးနဲ့တောင် အလေးအနက် ဆွေးနွေးမှု မလုပ်ရသေးပါဘူး။ ဘာဖြစ်လို့ သူဒီမှာ သေရတော့မှာလဲ။

“ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် အနှေးနဲ့ အမြန်ဆိုသလိုပဲ ငါတို့ သေမှာ”

တစ်ကိုယ်လုံး သွေးတွေ ရွှဲနစ်နေတဲ့ အာခက်လျှို့ဝှက်ဂိုဏ်းက တပည့်တစ်ဦးက အော်ပြောလိုက်ပါပြီ။

မျက်စိတဆုံးအထိကို မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင်ဝိညာဉ်တွေဟာ ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ အရေအတွက်ဟာ စာဖွဲ့လို့တောင် မရတော့ပါဘူး။

မဟာဂိုဏ်းကြီး လေးဂိုဏ်းရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေကို မိစ္ဆာသားရဲကြီးတွေနဲ့ ခရမ်းရောင် ဝိညာဉ်တို့ရဲ့ အဆင့်မြင့် တန်ခိုးရှင်တွေက အပြင်းအထန် တိုက်ခိုက်နေတာကြောင့် သူတို့ကိုယ်တိုင်တောင် အသည်းအသန် ကာကွယ်နေခဲ့ရပါတယ်။ မကြာမကြာ ဆိုသလိုပဲ ကောင်းကင်ယံအထက်ကနေ လူရိပ်တချို့ ပြုတ်ကျလာပြီး သေဆုံးသွားခဲ့စမြဲပါ။

ဒီအချိန်မှာပဲ ခရမ်းရောင် အလင်းတန်း တစ်ခုဟာ အာခက်လျှို့ဝှက်ဂိုဏ်း တပည့်တစ်ဦးဆီ ပျံသန်းလာခဲ့ပါပြီ။

“မကောင်းတောဘူး”

အာခက်လျှို့ဝှက်ဂိုဏ်းသား ဒဏ်ရာအပြင်းအထန် ရတော့မှာကို တွေ့လိုက်ရတဲ့ အခါမှာတော့ အနက်ရောင် အလင်းတန်း တစ်ခုဟာ အဝေးကနေ ထွက်ပေါ်လာခဲ့ပြီး ခရမ်းရောင် အလင်းတန်းကို တားဆီးလိုက်ပါပြီ။

အာခက်လျှို့ဝှက်ဂိုဏ်းသားလည်း အခုမှ သက်ပြင်းချနိုင်ခဲ့ပါတယ်။

သူခေါင်းမော့ကြည့်လိုက်တဲ့ အခါမှာတော့ သူ့ကို ကူညီလိုက်သူဟာ တည်ကြည်ခန့်ညားတဲ့ ဝတ်စုံနက်ဝတ် လူငယ်လေး ဖြစ်နေတာကို တွေ့လိုက်ရပါပြီ။

“ကျေးဇူးပါပဲ ရှမ်းဟွမ်စွတ်ဂိုဏ်းက ဂိုဏ်းတူအစ်ကိုတော် ခင်ဗျာ”

အာခက်လျှို့ဝှက်ဂိုဏ်းသားလည်း ချက်ချင်း ကျေးဇူးတင်စကား ပြောလိုက်ပါတော့တယ်။

သူကျေးဇူးတင် စကားပြောလိုက်တဲ့ ရှမ်းဟွမ်စွတ်ဂိုဏ်းက ဂိုဏ်းတူအစ်ကိုတော်ဆိုသူကတော့ သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပါဘူး။ သူ့ရဲ့ လက်တွေ လှုပ်ရှားလာပြီး အရိပ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ သူ့အနားကို ချည်းကပ်လာတဲ့ မိစ္ဆသားရဲတွေနဲ့ ခရမ်းရောင်ဝိညာဉ် စစ်သူရဲတွေကို သတ်ပစ်လိုက်ရုံတင် မကပဲ တခြား တန်ခိုးရှင်တွေကိုပါ သူကူညီပေးခဲ့ပါတယ်။

သူကတော့ ရှန်းကျီးဝမ်ပါ။ အခုမှပဲ စစ်မြေပြင်ကို ရောက်လာခဲ့သူပါ။

“ဂိုဏ်းတူအစ်ကိုကြီး.. ဒီလို ဆက်ပြီး တိုက်ခိုက်ရင် ဝိညာဉ်စွမ်းအင်တွေ အများကြီး ကုန်ခမ်းသွားလိမ့်မယ်”

ရှမ်းဟွမ်စွတ်ဂိုဏ်းသားလည်း သူ့ကို လှမ်းသတိပေးလိုက်ပါပြီ။

အခုနေရာက စစ်မြေပြင်ပါ။ လေ့ကျင့်ရေး ဆင်းနေတာ မဟုတ်ပါဘူး။ ဝိညာဉ်စွမ်းအင် အများအပြား အသုံးပြုလိုက်ခြင်းကြောင့် သေခြင်းတရားကိုပဲ ရင်ဆိုင်ရမှာပါ။

“ငါ့ဆရာ ပြောခဲ့တယ်။ အားနည်းသူတွေကို ကာကွယ်ဖို့ အားကြီးသူတွေ သွေးမြေကျရမယ်တဲ့။ အားနည်းသူတွေကို ကာကွယ်ဖို့အတွက် မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့များ ဝိညာဉ်စွမ်းအင် အများကြီး သိုလှောင်ထားရမှာလဲ”
ရှန်းကျီးဝမ်လည်း အမူအရာမဲ့စွာ ပြောလိုက်ပါပြီ။

သူ့စကား မဆုံးခင်မှာပဲ တောက်ပတဲ့ မီးလျှံတစ်ခု ပေါ်ထွက်လာပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဝိညာဉ်စွမ်းအင် ဆိုင်ကလုန်း မုန်တိုင်းလှိုင်းတွေ ထွက်ပေါ်လာခဲ့ပြီး စကားသံတစ်ခုပါ ပေါ်ထွက်လာခဲ့ပါပြီ။
“ဂိုဏ်းတူအစ်မတော်.. အဆင်ပြေရဲ့လား”

ရှမ်းကျီးဝမ်လည်း မျက်ခုံးပင့်ပြီး အသံလာရာကို လှမ်းကြည့်လိုက်ပါတော့တယ်။ ဒီအခါမှာတော့ မိုးကြိုးလေပြည်ဂိုဏ်းသား တစ်ဦးက စကားပြောလိုက်တာ ဖြစ်ကြောင်း တွေ့လိုက်ရပါပြီ။ သူ့အရှေ့မှာတော့ အလွန်လှပတဲ့ မိန်းကလေး တစ်ဦး ရပ်နေခဲ့ပါတယ်။ သူမ ဒဏ်ရာအပြင်းအထန် ရထားပေမဲ့လည်း စိတ်ဓာတ်မကျခဲ့ပါဘူး။ ဒါ့အပြင်ကို သူမဟာ ပြိုင်စံရှားတဲ့ အလှဘုရင်မ တစ်ပါးလို့တောင် ဆိုနိုင်ပါတယ်။

“သူမက မိုးကြိုးလေပြည်ဂိုဏ်းက မြင့်မြတ်သော မိန်းမပျို စုရန်ပဲ”
ရှန်းကျီးဝမ်လည်း မိန်းကလေးကို မှတ်မိသွားခဲ့ပါပြီ။

မိုးကြိုးလေပြည်ဂိုဏ်းဟာ ဒီတိုက်ပွဲမှာ အကြီးအကျယ် ထိခိုက်ဆုံးရှုံးပြီးသွားခဲ့ပါပြီ။ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေကို လူသားတွေ အနိုင်ယူနိုင်ခဲ့တယ် ဆိုရင်တောင်မှ မိုးကြိုးလေပြည်ဂိုဏ်းဟာ မဟာဂိုဏ်းကြီး လေးဂိုဏ်းရဲ့ စာရင်းကနေ လျှောကျသွားမယ်လို့ သူယုံကြည်ခဲ့ပါတယ်။

ဒါ့အပြင်ကို မိုးကြိုးလေပြည် ဂိုဏ်းချုပ်ကြီး သေဆုံးသွားခဲ့ရတဲ့အတွက် မိုးကြိုးလေပြည် ဂိုဏ်းသားတွေဟာ ဂိုဏ်းချုပ်ကြီးအတွက် လက်စားချေဖို့ အကြောက်အရွံ့ကင်းစွာ စိတ်ကို ဒုန်းဒုန်းချပြီး ရှေ့တန်းကနေ အပြင်းအထန် တိုက်ခိုက်နေကြပါပြီ။

မြင့်မြတ်သော မိန်းမပျိုတောင် ခြွင်းချက်မရှိခဲ့ပါဘူး။ မိုးကြိုးလေပြည်ဂိုဏ်းက မရေမတွက်နိုင်တဲ့ တန်ခိုးရှင်တွေဟာ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပါပြီ။

၀ုန်း

ဒီအချိန်မှာတော့ အလှဘုရင်မဟာ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်ရဲ့ တန်ခိုးရှင်တစ်ဦးနဲ့ တိုက်ပွဲဝင်နေခဲ့ပါတယ်။ သူမ ဒဏ်ရာအပြင်းအထန် ရထားခဲ့တာကြောင့် သွေးအန်ထုတ်လိုက်ပြီး နောက်ဆုတ်လိုက်ရပါပြီ။ သူမရဲ့ မျက်နှာဟာ စက္ကူဖြူလိုပဲ ဖြူရော်နေပါတော့တယ်။

ဒါကို တွေ့လိုက်ရတော့ ရှန်းကျီးဝမ်လည်း ဘာမှ မစဉ်းစားတော့ပဲ အပြေးသွားခဲ့ပါပြီ။

ဟူး

သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှာ ခရမ်းရောင် ဝိညာဉ် မျိုးနွယ် စစ်သူရဲတွေ မိစ္ဆသားရဲတွေ အားလုံး လွင့်စဉ်သွားပါတော့တယ်။ သူ့ခန္ဓာကိုယ်ကနေ ဝေဝါးတဲ့ မြင့်မြတ်တဲ့ အော်ရာအရှိန်အဝါလည်း ဖြာထွက်လာခဲ့ပါပြီ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 59
အမြင့်မားဆုံး တောင်ကြီးတောင် ရေကြီးမှုကနေ မလွတ်မြောက်နိုင်ခဲ့ဘူး

၀ုန်း ၀ုန်း ၀ုန်း

ရှန်းကျီးဝမ်ရဲ့ ခန္ဓာကိုယ်ကနေ အနက်ရောင် အလင်းတွေ ဖြာထွက်တောက်ပလာခဲ့ပါပြီ။ ကမ္ဘာဦး သားရဲကြီး တစ်ကောင်အလား မိုးကြိုးလေပြည်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျိုဆီ တဟုန်ထိုး ပျံသန်းလာခဲ့ပါတော့တယ်။ မျက်စိတမှိတ် အချိန်အတွင်း မိန်းမပျိုရှေ့ကို သူရောက်ရှိသွားခဲ့ပါပြီ။

“မင်းအဆင်ပြေရဲ့လား”

ရှန်းကျီးဝမ်လည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး ခရမ်းရောင်ဝိညာဉ် တန်ခိုးရှင်တွေကို ရှင်းလင်းလိုက်ပါပြီ။

“ရှင်.. ရှင်က ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး ရှန်းကျီးဝမ်လား”
မိန်းကလေးလည်း ခဏလောက် မှင်သက်သွားခဲ့ရာကနေ သတိဝင်လာပြီး အံ့အားသင့်စွာ ပြောလိုက်ပါပြီ။

ရှမ်းဟွမ်စွတ်ဂိုဏ်းမှာ မြင့်မြတ်သော သားတော် သမီးတော်ဆိုတဲ့ သတ်မှတ်ချက် မရှိခဲ့ပါဘူး။ အဲဒီအစား နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီးသာ ရှိခဲ့ပါတယ်။ စုယန်ဟာ ဒီလူငယ်လေးကို တစ်ကြိမ် မြင်ဖူးခဲ့တာကြောင့် ချက်ချင်းမှတ်မိခဲ့တာပါ။

“ဟား ဟား.. ဟုတ်တယ်။ ဟုတ်တယ်”
ရှန်းကျီးဝမ်လည်း ရယ်မောလိုက်ပြီး ထပ်မံမေးမြန်းလိုက်ပါပြီ။
“မင်း အဆင်ပြေရဲ့လား”

“ကျွန်မ အဆင်ပြေပါတယ် ရှင်”
စုယန်လည်း ခေါင်းကို ခါယမ်းလိုက်ပါပြီ။ သူမရဲ့ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပါတော့တယ်။
“သတိထား..”

ရှန်းကျီးဝမ် လှည့်မကြည့်ခဲ့ပါဘူး။ သူ့လက်ဝါးကနေ တောက်ပတဲ့ အနက်ရောင် အလင်းတွေ ဖြာထွက်လာခဲ့ပြီး အနောက်မှာ ရှိနေတဲ့ မိစ္ဆာသားရဲကို ဝါးမျိုသွားခဲ့ပါပြီ။

ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ နံပါတ်တစ်ဂိုဏ်းတူအစ်ကိုကြီး ဖြစ်တဲ့ ရှမ်းကျီးဝမ်ဟာ မူလတာအို အဆင့်ကို ရောက်ဖို့ ခြေလှမ်းတစ်ဝက်သာ ကျန်ပါတော့တယ်။ ဒီပတ်ဝန်းကျင်အခြေအနေမှာ မူလတာအို သူတော်စင်တွေနဲ့ မြေကမ္ဘာ သူတော်စင် တစ်ဦးမှ ရှိမနေခဲ့ပါဘူး။ ဒါကြောင့် သူဟာ ဒီနေရာမှာ အစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်နေပါပြီ။

အခုလက်ရှိ အချိန်မှာတော့  မူလတာအို သူတော်စင်တွေနဲ့ မြေကမ္ဘာ သူတော်စင် အားလုံးဟာ တပ်မဟာကြီးတွေရဲ့ အထက်ကောင်းကင်မှာ တန်ခိုးစွမ်းအင်တွေ အသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်နေခဲ့ကြပါတယ်။

ပြောရမယ်ဆိုရင် စုယန်ကလည်း ရှန်းကျီးဝမ်နဲ့ အဆင့်တူနီးပါးပါပဲ။ ဒါပေမဲ့ သူမကို တိုက်ခိုက်နေတဲ့ ရန်သူ အရေအတွက်က အလွန်ကို များပြားလွန်းနေခဲ့ပါတယ်။ ရက်တော်တော်ကြာ တိုက်ပွဲဝင်ပြီးနောက်မှာ သူမ ဒဏ်ရာအပြင်းအထန် ရရှိထားပြီးပါပြီ။ ဒီအတွက်ကြောင့် ခရမ်းရောင်ဝိညာဉ် တန်ခိုးရှင်တွေကို အရေးနိမ့်လာခဲ့တာပါ။

“မင်းရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်းတယ်။ မင်းအရင်နောက်ဆုတ်သွားလိုက်တော့”
ရှမ်းကျီးဝမ် တည်ကြည်လေးနက်စွာ ပြောလိုက်ပါပြီ။

“မပြန်ဘူး။ ဂိုဏ်းချုပ်အတွက် ကျွန်မ လက်စားချေရမယ်”
စုယန် အံကိုတင်းတင်းကြိတ်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်ပါပြီ။

အခုတိုက်ပွဲအခြေအနေမှာတော့ နှစ်ဖက်စလုံးဟာ တစ်ဦးကို တစ်ဦး အသေသတ်ဖြတ်ဖို့ အပြင်းအထန် ကြိုးစားနေကြပါပြီ။ ဒီလို အခြေအနေမျိုးမှာပဲ မိုးကြိုးလေပြည်ဂိုဏ်းချုပ်ကြီး ကျဆုံးသွားခဲ့တာ မဟုတ်လား။ ဒါကြောင့် ဆုယန် ဘယ်လိုမှ နောက်မဆုတ်နိုင်ခဲ့ပါဘူး။

ဒီအချိန်မှာပဲ မိုးကြိုးလေပြည်ဂိုဏ်းသားတစ်ဦးဟာ မိစ္ဆာသားရဲ တပ်မဟာကြီးဆီ ပျံသန်းလာခဲ့ပါပြီ။ သူဟာ မီးတောက်ကြီးထဲ တိုးဝင်သွားတဲ့ ပိုးဖလံလေး တစ်ကောင်လိုပါပဲ။ ရန်သူတွေအကြား သူနစ်မြုပ်သွားချိန်မှာတော့ ရုတ်ချည်းဆိုသလို သူ့ခန္ဓာကိုယ်ကနေ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်လာခဲ့ပါပြီ။ ကြောက်မက်ဖွယ် ကောင်းလှတဲ့ ဝိညာဉ်စွမ်းအင် မုန်တိုင်းကြီးပါ ပေါ်ထွက်လာပါတော့တယ်။

ဒီတပည့်က နောက်ဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ ဖောက်ခွဲသတ်သေလိုက်တာပါ။

အခုဆို ကွင်းဆက် ဓာတ်ပြုမှုတွေ ဖြစ်ပေါ်လာတဲ့ အလား မိုးကြိုးလေပြည်ဂိုဏ်းသားတွေဟာ မိစ္ဆာသားရ တပ်မဟာကြီးထဲ ပျံသန်းဝင်ရောက်သွားကြပြီး တစ်ဦးပြီး တစ်ဦး ဖောက်ခွဲသတ်သေလိုက်ကြပါပြီ။

“ဟား ဟား ဟား.. သတောင်းစားတွေ။ သေစမ်း။ သေကြစမ်း”

“ငါဘယ်လောက်အစွမ်းထက်လဲဆိုတာ ကြည့်လိုက်”

“သေစမ်းကွာ။ သေကြစမ်း”

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ တခြားဂိုဏ်းတွေက ဂိုဏ်းသားတွေလည်း ကိုယ့်ကိုကိုယ် ဖောက်ခွဲသတ်သေလာခဲ့ကြပါပြီ။ ဒီလိုနဲ့ ဝိညာဉ်စွမ်းအင် မုန်တိုင်းကြီးဟာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး လူသားတန်ခိုးရှင် အများအပြားပဲ မိစ္ဆာသားရဲ တပ်မဟာကြီးနဲ့ ခရမ်းရောင် ဝိညာဉ်တို့ရဲ့ တပ်မဟာကြီးတွေထဲ ပျောက်ဆုံးသွားကြပါတော့တယ်။

“ရပ်လိုက်ကြစမ်း။ မင်းတို့ ဘာတွေ လုပ်နေကြတာလဲ”
ရှန်းကျီးဝမ်ရဲ့ မျက်လုံးကနေ မျက်ရည်တွေ စီးကျလာခဲ့ပါပြီ။ ဒီအဖြစ်အပျက်ကို သူတားဆီးရပ်တန့်ပစ်ချင်နေခဲ့ပါတယ်။

“နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး.. ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ အနာဂတ်ကို အစ်ကိုကြီးလက်ထဲ အပ်လိုက်ပြီ”

ရှမ်းဟွမ်စွတ်ဂိုဏ်းရဲ့ တပည့်တစ်ဦးဟာ ဒီစကားကို လှမ်းအော်ပြောပြီး ရှန်းကျီးဝမ်ကို ဖြတ်ကျော် ပျံသန်းသွားခဲ့ပါပြီ။ ဒီတပည့်ဟာ မိစ္ဆာသားရဲ တပ်မဟာထဲ ဝင်ရောက်သွားခဲ့ပြီး ဗုံးတစ်လုံးလို ပေါက်ကွဲသွားပါတော့တယ်။

“မလုပ်နဲ့”
ရှန်းကျီးဟွမ် မျက်နှာအထက် ရက်စက်တဲ့ အငွေ့အသက်တွေ ပြည့်လာခဲ့ပါပြီ။ သူ့ဆရာ တစ်ချိန်တုန်းက ရွတ်ဆိုခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကိုလည်း သတိရလာခဲ့ပါတော့တယ်။

“အမြင့်မားဆုံး တောင်ကြီးတောင် ရေကြီးမှုကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ အသွေးအသားတွေကို စုပြုံပြီးတော့ ရေကာတာ တည်ဆောက်တဲ့ နည်းလမ်းသာ ကျန်တော့တယ်။ ငါနောက်မဆုတ်ခဲ့ဘူး။ ကောင်းကင်ဘုံမှာ ငါ့စိတ်ဝိညာဉ် အနားယူပါရစေ…”

အရင်တုန်းကတော့ ရှန်းကျီးဝမ် တစ်ယောက် ဒီကဗျာရဲ့ အဓိပ္ပာယ်ကို နားလည်ခြင်း မရှိခဲ့ပါဘူး။ အခုတော့ သူနားလည်သွားခဲ့ပါပြီ။

ရှန်းကျီးဝမ် တစ်ယောက် ဝိညာဉ်စွမ်းအင် အားလုံးကို ထုတ်လွှင့်ပြီး မိစ္ဆာသားရဲ တပ်မဟာထဲ ဝင်ရောက်ဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ကောင်းကင်ယံ အထက်ကနေ ဩဇာအာဏာ ကြီးမားလှတဲ့ စကားသံကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။

“နောက်ဆုတ်ကြဟေ့”

စကားတစ်လုံးတည်းသာ ဆိုပေမဲ့လည်း ဒီစကားသံရဲ့ ပိုင်ရှင်ဟာ အာခက်လျှို့ဝှက်ဂိုဏ်းက ဂိုဏ်းချုပ်ကြီးဖြစ်ကြောင်း ရှန်းကျီးဝမ် သိခဲ့ပါတယ်။ သူဟာ တောင်ပိုင်းနယ်မြေကြီးမှာ အစွမ်းအထက်ဆုံး လူသားတန်ခိုးရှင် တစ်ဦးအဖြစ် အသိအမှတ် ပြုခံထားရသူပါ။

၀ုန်း

တဒင်္ဂအတွင်း ဝိညာဉ်စွမ်းအင် အလင်းတန်းကြီးတစ်ခု ကောင်းကင်အထက်ကနေ ကျဆင်းလာခဲ့ပါပြီ။ စကြ၀ဠာ တည်ရှိမှုတွေတောင် တုန်ခါလာပါတော့တယ်။ ဒီအလင်းတန်းကြီးဟာ ရန်သူရဲ့ တပ်စခန်းတွေကို အပါအဝင် မရေမတွက်နိုင်တဲ့ မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင် ဝိညာဉ်တွေကိုပါ ဝါးမျိုသွားခဲ့ပါပြီ။

မြေကမ္ဘာ သူတော်စင် အဆင့်အထက် တန်ခိုးရှင်တွေသာ ဒီလိုမျိုး အစွမ်းကို ပိုင်ဆိုင်ကြပါတယ်။

“ဆုတ်ခွာတော့ဟေ့”

ရှန်းကျီးဝမ် ဘာမှ မလှုပ်ရှားနိုင်ခင်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို ပုခုံးကနေ ဆွဲပြီး နောက်ဆုတ်ထွက်ပြေးသွားခဲ့ပါပြီ။

“ဆရာဦးလေး”
ရှန်းကျီးဝမ်လည်း သူ့ကို ဆွဲခေါ်သွားသူရဲ့ မျက်နှာကို တွေ့လိုက်ရတော့ တုန်လှုပ်သွားပါတော့တယ်။

“ဆရာဦးလေး.. ဘာတွေ ဖြစ်ကုန်လို့လဲ”

“ရှင်းပြဖို့ အချိန်မရတော့ဘူး။ ဒီကနေ မြန်မြန် ထွက်သွားမှ ရမယ်”
ဒီပုဂ္ဂိုလ်ဟာ သူ့ကို ခံစားချက်မဲ့စွာ ပြောလိုက်ပါပြီ။ ဒီပုဂ္ဂိုလ်ရဲ့ ပါးစပ်ထောင့်စွန်းကနေ သွေးစတချို့ စီးကျနေခဲ့ပါသေးတယ်။

“ဒါပေမဲ့.. မိုးကြိုးလေပြည်ဂိုဏ်းရဲ့ မြင့်မြတ်သော မိန်းမပျို ဒီနေရာမှာ ရှိနေသေးတယ်”
ရှန်းကျီးဝမ် ပြန်လှည့်ကြည့်လိုက်ပါပြီ။ဒါပေမဲ့ စုယန်ကို သူမမြင်ရတော့ပါဘူး။

“ဟား ဟား.. သူမက မိုးကြိုးလေပြည်ဂိုဏ်းရဲ့ အနာဂတ်ပဲ။ သူ့အတွက် မင်းစိတ်ပူမနေစမ်းပါနဲ့”
ဆရာဦးလေးဆိုသူ ပုဂ္ဂိုလ်ကြီးက အရှေ့ကို ညွှန်ပြလိုက်ပါပြီ။ အခုမှပဲ စုယန်ကို မိုးကြိုးလေပြည်ဂိုဏ်းက အဆင့်မြင့် ပုဂ္ဂိုလ်တွေ ကယ်တင်သွားပြီ ဖြစ်ကြောင်း ရှန်းကျီးဝမ် တွေ့လိုက်ရပါတော့တယ်။

တချို့ တန်ခိုးရှင်တွေဟာ နောက်ဆုတ်ဆိုတဲ့ စကားသံ ကြားလိုက်တာနဲ့ အမြန်ဆုံး လှုပ်ရှားနိုင်ခဲ့ကြပါတယ်။ သူတို့ နည်းနည်းလေးတောင် မတွေဝေခဲ့ပါဘူး။ နည်းနည်းလောက် တွေဝေနေခဲ့ကြသူတွေကိုလည်း ကျန်လူတွေက ချက်ချင်း သတိပေးပြီး ဆုတ်ခွာစေခဲ့ပါတယ်။

ဆုတ်ခွာကြဆိုတဲ့ စကားတစ်ခွန်းကြောင့် မူလတုန်းက ပြင်းထန်လွန်းလှတဲ့ စစ်ပွဲဟာ အခုတော့ တစ်ဖက်သတ် ဖြစ်သွားခဲ့ပါပြီ။ ဘယ်သူကမှ အာခက်လျှို့ဝှက်ဂိုဏ်းချုပ်ကြီး ဒီလို အမိန့်ပေးလာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေကတော့ ဒီအခွင့်အရေးကို လက်လွှတ်မခံပဲ ရန်သူနောက်ကနေ ဆက်လိုက်လာခဲ့ကြပါပြီ။ ဒါပေမဲ့ အစောပိုင်းတုန်းက ဖြာကျလာတဲ့ ဝိညာဉ်စွမ်းအင် အလင်းတန်းကြီးကြောင့် သူတို့ တပ်မဟာတွေ ခဏလောက် ကစဉ့်ကလျား ဖြစ်သွားခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တချို့ လူသား တန်ခိုးရှင်တွေကတော့ သူတို့ရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြပါပြီ။

“ဆရာဦးလေး.. ဒီလို ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့ အားလုံး သေရလိမ့်မယ်”
ဒီမြင်ကွင်းကို မြင်နေရတဲ့ ရှန်းကျီးဝမ်လည်း အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်ပါတော့တယ်။ သူတို့ ဘာဖြစ်လို့ နောက်ဆုတ်နေရတယ်ဆိုတာကို နားမလည်နိုင်သေးပါဘူး။ သူတို့ နောက်ဆုတ်လိုက်တာနဲ့ တောင်ပိုင်းနယ်မြေကြီး တစ်ခုလုံး ကျဆုံးသွားရမှာ မဟုတ်လား။

“ငါတို့ ဆက်နေမယ် ဆိုရင်လည်း အကုန်သေမှာပဲ”
ရှန်းကျီးဝမ်ရဲ့ ဆရာဦးလေးဟာ အရပ်မြင့်မြင့် သက်လတ်ပိုင်းအရွယ် လူကြီး တစ်ဦးပါ။ သူအသက်တော်တော် ကြီးနေပြီ ဖြစ်ပေမဲ့လည်း ငယ်စဉ်တုန်းက တော်တော်လေး ခန့်ညားချောမောသူ ဖြစ်ကြောင်း အရိပ်အယောင်တွေ ကျန်နေပါသေးတယ်။

“ဘာတွေ ဖြစ်ကုန်လို့လဲ မသိဘူး”
ရှန်းကျီးဝမ်လည်း မေးမြန်းလိုက်ပါပြီ။
“မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင် ဝိညာဉ် မျိုးနွယ်တွေဆီမှာ အဆင့်မြင့် တန်ခိုးရှင်တွေ အများကြီးပါလာတယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် အားလုံး သေသွားလိမ့်မယ်။ မြေကမ္ဘာ အဆင့် တန်ခိုးရှင်တွေသာ တိုက်ပွဲကို အချိန်မဆွဲပေးထားဘူးဆိုရင် ငါတို့တွေ ဘယ်သူမှ ပြေးလို့ လွတ်မှာ မဟုတ်တော့ဘူး”

သက်လတ်ပိုင်းအရွယ် လူကြီးလည်း နှုတ်ခမ်းထောင့်စွန်းက သွေးစတွေကို သုတ်လိုက်ပြီး သက်ပြင်းချလိုက်ပါပြီ။

“ဂရား”

ရုတ်တရက်ဆိုသလိုပဲ နားကွဲမတတ် မာန်ဖီသံကြီး ပေါ်ထွက်လာပါတော့တယ်။ ဝမ်ရှင်းသူတော်စင် အဆင့်အောက် တန်ခိုးရှင် အားလုံး မိုးကြိုးပစ်ချ ခံလိုက်ရသလို ခံစားလိုက်ရပါပြီ။ သူတို့ ခန္ဓာကိုယ်တွေကို ထိန်းချုပ်လို့ မရတော့ပဲ တုန်လှုပ်လာပါတော့တယ်။

တိမ်တိုက်တွေလည်း လွင့်ပြယ်သွားခဲ့ပါပြီ။ အလွန်ကြီးမားလှတဲ့ နဂါးကြီးတစ်ကောင်ဟာ ကောင်းကင်ထက်ကနေ အောက်ကို ပျံသန်းဆင်းသက်လာပါတော့တယ်။ နဂါးကြီးရဲ့ တောင်ပံတွေကို ဖြန့်လိုက်ချိန်မှာတော့ ကောင်းကင်တစ်ခုလုံး မဲမှောင်သွားပြီး လေပြင်းတွေပါ တိုက်ခတ်လာခဲ့ပါပြီ။

“ဒါက မဟာစကြ၀ဠာ နဂါးကြီးရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ”
ဒါကို မြင်လိုက်ရတော့ ရှန်းကျီးဝမ် တုန်လှုပ်သွားပါတော့တယ်။ နောက်ဆုံးတော့ အာခက်လျှို့ဝှက်ဂိုဏ်းချုပ် ဘာဖြစ်လို့ ဆုတ်ခွာဖို့ အမိန့်ပေးလိုက်ရတယ် ဆိုတာကို နားလည်သွားခဲ့ပါပြီ။

သူက နတ်ဘုရားသွေးမျိုးဆက်ကို ဆက်ခံထားတဲ့ စူပါ မိစ္ဆာသားရဲကြီးတစ်ကောင်ပါ။ မြေကမ္ဘာ အဆင့်မှာတောင်မှ သူ့ကို ရင်ဆိုင်နိုင်တဲ့ ရန်သူ တော်တော်လေး ရှားပါတယ်။ သူဟာ သေမင်းဝိညာဉ်ချိုင့်ဝှမ်းမှာ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ပြီးတော့ တောင်ပိုင်းနယ်မြေကြီးမှာ အစွမ်းအထက်ဆုံး မိစ္ဆာသားရဲကြီးလို့လည်း ပြောကြပါသေးတယ်။ သူ့ကို ဒီစစ်ပွဲထဲ ပါဝင်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“ဟူး”

မဟာစကြ၀ဠာနဂါးကြီးဟာ ပါးစပ်ကြီးကို ဟလိုက်ပါပြီ။ အကြွင်းမဲ့ နက်မှောင်နေတဲ့ မီးလျှံကြီးတွေဟာ လူသားတန်ခိုးရှင်တွေဆီ စီးဆင်းလာပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဝိညာဉ်စွမ်းအင် အလင်းတန်း တစ်ခုဟာ ကောင်းကင်ထက်ကနေ ကျဆင်းလာခဲ့ပြီး အကြွင်းမဲ့ အနက်ရောင် မီးလျှံကြီးတွေကို တားဆီးထားလိုက်ပါပြီ။ ဒီအလင်းတန်းကြီးကြောင့် လူသားတန်ခိုးရှင်တွေ အသေအပျောက် တော်တော်လေး လျော့နည်းသွားခဲ့ရပါတယ်။

“အဲဒါ.. မဟာစကြ၀ဠာ နဂါးကြီး။ ပြေးဟ”

အားလုံးပဲ မျက်နှာဖြူရော်သွားခဲ့ကြပါပြီ။ မြေကမ္ဘာ သူတော်စင်အဆင့် မိစ္ဆာသားရဲကြီးကို လူအရေအတွက် ဘယ်လောက်နဲ့ပဲ တိုက်ခိုက် တိုက်ခိုက် ကျောက်တောင်ကို ကြယ်ဥနဲ့ ပေါက်သလိုသာ ဖြစ်မှာပါ။ မြေကမ္ဘာ သူတော်စင်အဆင့် တန်ခိုးရှင်ကြီးတွေသာ ဒီမြေကမ္ဘာ သူတော်စင်အဆင့် မိစ္ဆာသားရဲကြီးကို ခုခံနိုင်စွမ်း ရှိပါလိမ့်မယ်။

“ဒီတစ်ခေါက်တော့ တောင်ပိုင်းနယ်မြေကြီး တကယ် ပျက်စီးရပြီလား”
ရှန်းကျီးဝမ် မျက်နှာအထက် မျှော်လင့်ချက်မဲ့မှုတွေ နေရာယူလာခဲ့ပါပြီ။ အခုပထမဆုံးအကြိမ်အဖြစ် ခွန်အားနည်းသူ တစ်ဦးလို ခံစားလာရပါတော့တယ်။

ရုတ်တရက်ဆိုသလိုပဲ လူအုပ်ကြီးနဲ့ ဆန့်ကျင်ဘက် ပျံသန်းလာနေတဲ့ လူရိပ်တစ်ခုကို ရှန်းကျီးဝမ် တွေ့လိုက်ရပါပြီ။

“ဘာလဲဟ”

ရှန်းကျီးဝမ် မျက်လုံးကို ပွတ်သပ်လိုက်ပါတော့တယ်။ သူ့အမြင် မမှားတာတော့ သေချာသွားခဲ့ပါပြီ။ မြေပြင်အထက် လွင်ပြင်မှာ ဝတ်စုံဖြူဝတ် ခပ်ပိန်ပိန် လူငယ်လေး တစ်ဦးဟာ ဖြည်းဖြည်းချင်းပဲ မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင် ဝိညာဉ်တို့ရဲ့ တပ်မဟာကြီးဆီ ဦးတည်လျှောက်လှမ်းသွားနေတာကို တွေ့နေခဲ့ရပါတယ်။ နောက်ဆုတ်ထွက်ပြေးလာနေတဲ့ လူသားတန်ခိုးရှင်တွေနဲ့လည်း မတိုက်မိအောင် သူရှောင်တိမ်းနေရပါသေးတယ်။

“ဟေး.. ပြေးတော့။ ပြေးတော့။ အဲဒီဘက်ကို မသွားနဲ့”
ရှန်းကျီးဝမ်လည်း အသံမြှင့်ပြီး အော်လိုက်ပါပြီ။ ဒါပေမဲ့ အောက်မှာ ရှိတဲ့ လူဟာ သူအော်လိုက်သံကို မကြားတဲ့အလား ရှေ့ကို ဆက်ပြီး တိုးသွားခဲ့ပါတယ်။

ရှန်းကျီးဝမ်လည်း ခဏ တွေဝေသွားခဲ့ပါပြီ။ ဒီပုဂ္ဂိုလ်ကို သူတစ်နေရာရာမှာ မြင်ခဲ့ဖူးတယ်လို့ ခံစားလာခဲ့ရတာကြောင့်ပါ။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 60

“ကျွတ်စ်၊ ကျွတ်စ်… မိစ္ဆာသားရဲတွေ အများကြီးပဲ။ ဒါကြောင့်လည်း မဟာဂိုဏ်းကြီး လေးဂိုဏ်း ရှုံးနိမ့်သွားခဲ့တာကိုး”
ချင်းကျူလည်း လျှာနဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး သက်ပြင်းချလိုက်ပါပြီ။
“ပြီးတော့ ဟိုနဂါးကြီး။ အဲဒီကောင်ကို တစ်ချက်ကြည့်လိုက်တာနဲ့ သာမန် သားရဲကြီး မဟုတ်မှန်း ငါသဘောပေါက်သွားခဲ့တယ်”

“ဟေး.. ပြေးတော့။ အဲဒီဘက် မသွားနဲ့”
ချင်းကျူ အော်လိုက်သံကို ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အရေးစိုက်မနေခဲ့ပါဘူး။ သူ့ရဲ့ ရည်ရွယ်ချက်က ဒီစစ်ပွဲကြီးကို အဆုံးသတ်ဖို့ မဟုတ်လား။ ဘာဖြစ်လို့များ ထွက်ပြေးရမှာလဲ။

ထောင်ပေါင်းများစွာသော လူသားတန်ခိုးရှင်တွေအကြား ရှိနေတဲ့ ချင်းကျူဟာ အမှုန်လေး တစ်မှုန်လိုပါပဲ။ ဘာမှ မထူခြားလှပါဘူး။ တန်ခိုးရှင်အားလုံး အသည်းအသန် ဆုတ်ခွာ ထွက်ပြေးနေကြပါပြီ။ ဒါကြောင့် ရှန်းကျီးဝမ် တစ်ယောက်ကလွဲရင် ဘယ်သူမှ သူ့ကို သတိမထားမိခဲ့ပါဘူး။

“နေပါဦး.. သူ့ကို ငါဘာကြောင့် ရင်းရင်းနှီးနှီး မြင်ဖူးနေတာလဲ”
ရုတ်တရက်ဆိုသလိုပဲ ရှန်းကျီးဝမ် တစ်ယောက်  ချင်းကျူကို တစ်နေရာရာမှာ မြင်ဖူးခဲ့တယ်လို့ ခံစားလိုက်ရပါပြီ။

ဒီအချိန်မှာတော့ ချင်းကျူဟာ တပ်မဟာ နှစ်ခုရဲ့ ကြားကွက်လပ် နေရာကို ရောက်ရှိလာပါတော့တယ်။ သူ့အရှေ့မှာတော့ ကမ္ဘာကြီးကို ဖျက်ဆီးမဲ့ မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင် ဝိညာဉ်မျိုးနွယ် တပ်မဟာကြီး။ သူ့အနောက်မှာတော့ ဆုတ်ခွာထွက်ပြေးနေတဲ့ မဟာဂိုဏ်းကြီး လေးဂိုဏ်း။ အဝေးကနေ ကြည့်မယ်ဆိုရင်တော့ အဖွဲ့နှစ်ခုအကြား နေရာလွတ်ရှိနေတာကို မြင်ရပါလိမ့်မယ်။

“သူက ဘယ်သူလဲ။ သေချင်နေတာလား”

“ဒီလို အချိန်မျိုးမှာ အစွမ်းထက်ချင်ယောင် ဟန်ဆောင်နေတုန်းပဲလား”

“သူ့ကို ကြည့်ရတာ လေလွင့်နေတဲ့ တန်ခိုးရှင် တစ်ဦးလိုပဲ။ အခြေအနေကို သိပုံမရသေးဘူး”

“အခုတော့ သူ့ကို ဘယ်သူမှ မကယ်တင်ပေးနိုင်တော့ဘူး”

“…”

မကြာခင်မှာတော့ တခြားလူတွေလည်း အခြေအနေကို သတိထားမိသွားခဲ့ပါပြီ။ အားလုံး ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။ အခုလက်ရှိ ချင်းကျူ ရောက်နေတဲ့ နေရာဟာ ထင်သာမြင်သာ ရှိလွန်းလှပါတယ်။ အကန်းမဟုတ်ဘူးဆိုရင် သေချာပေါက်ကို မြင်ကြမှာပါ။

အဝေးမှာတော့ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်တွေနဲ့ မိစ္ဆာသားရဲကြီးတွေ ပြေးလွှားလာနေကြပါပြီ။ အဆင့်နိမ့် မိစ္ဆာသားရဲတွေဟာ ချင်းကျူဆီကို မျက်စိတမှိတ် အချိန်အတွင်း ရောက်ရှိလာခဲ့ကြပြီး သူတို့ရဲ့ လက်သည်းကြီးတွေနဲ့ ကုတ်ချလိုက်ပါတော့တယ်။

မိစ္ဆာသားရဲကြီးတွေရဲ့ လက်သည်းကြီးတွေ ချင်းကျူရဲ့ ခန္ဓာကိုယ်ပေါ် ကျလုကျခင်မှာပဲ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်ချည်း ပေါ်ထွက်လာခဲ့ပါပြီ။ တဒင်္ဂအတွင်း ကမ္ဘာတခွင် ရွှေရောင်လွှမ်းသွားခဲ့ပြီး အလင်းရောင်ဟာ တဖြည်းဖြည်း ပြန့်ကားထွက်လာပါတော့တယ်။

ချက်ချင်းဆိုသလိုပဲ လူသားတွေ ဖြစ်ပါစေ၊ မိစ္ဆာသားရဲတွေ ခရမ်းရောင် ဝိညာဉ်တွေ ဖြစ်နေပါစေ အားလုံးပဲ အဆုံးအစမဲ့ ရွှေရောင်အလင်းတန်းကြောင့် မျက်စိကန်းသလို ဖြစ်သွားခဲ့ပါပြီ။

နောက်တဒင်္ဂအချိန်အတွင်းမှာပဲ ရွှေရောင်အလင်းတွေဟာ ရွှေရောင်လှိုင်းကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီလှိုင်းကြီးဟာ ချင်းကျူကို ဗဟိုပြုပြီး သူ့အရှေ့မှာ ရှိနေတဲ့ မိစ္ဆာသားရဲတွေနဲ့ တပ်မဟာကြီးဆီ ဖုံးလွှမ်းသွားခဲ့ပါပြီ။

၀ုန်း

လွင်ပြင်ဒေသတကြီး တစ်ခုလုံး တုန်လှုပ်သွားပါတော့တယ်။ ကမ္ဘာကြီး ပြိုကျပျက်စီးသွားတဲ့ အလားပါပဲ။ ကောင်းကင်အထက် တိုက်ခိုက်နေကြတဲ့ မြေကမ္ဘာ သူတော်စင်တွေတောင်မှာ ရင်ခုန်နှုန်း တစ်ချက်မြန်သွားခဲ့ရပါပြီ။

“ဘာတွေ ဖြစ်ကုန်တာလဲ”

ရွှေရောင်အလင်းတွေ တဖြည်းဖြည်း လွင့်ပြယ်လာတဲ့ အခါမှာတော့ ချင်းကျူအရှေ့မှာ လခြမ်းကွေးအသွင် ချိုင့်ဝှမ်းကြီး ဖြစ်ပေါ်လာပါတော့တယ်။ မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင်ဝိညာဉ်တပ်မဟာကြီးကို ဒီလခြမ်းကွေး ချိုင့်ဝှမ်းကြီးက နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့တာပါ။ ဒီလခြမ်းကွေး ချိုင့်ဝှမ်းကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ဘယ်လောက်အဆင့်မြင့်တဲ့ မိစ္ဆာသားရဲ ဖြစ်ပါစေ ခရမ်းရောင် ဝိညာဉ်တွေ ဖြစ်နေပါစေ ဘာဆိုဘာမှ မကျန်ရစ်ခဲ့ပါဘူး။

ဒါ့အပြင်ကို ဒီလခြမ်းကွေး ချိုင့်ဝှမ်းကြီးဟာ မျက်စိတဆုံးအထိ ရှည်လျားနေခဲ့ပါတယ်။ ဒီတစ်လျှောက် ရှိနေတဲ့တောင်ကြီးတစ်ချို့လည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒီအဖြစ်အပျက်က အလွန်ထူးခြားလွန်းလှပါတယ်။

လက်သီးတစ်ချက်တည်းနဲ့ မိစ္ဆသားရဲတွေနဲ့ ခရမ်းရောင် ဝိညာဉ်ပေါင်းသောင်းနဲ့ချီပြီး သေဆုံးပျောက်ကွယ်သွားခဲ့ကြပါပြီ။ ဒီထဲမှာ တချို့တွေက ဝမ်ရှင်းသူတော်စင်အဆင့်တွေပါ။

အကြွင်းမဲ့ တိတ်ဆိတ်မှု။

လူသားတန်ခိုးရှင်တွေ ဖြစ်နေပါစေ၊ မိစ္ဆာသားရဲတွေ ခရမ်းရောင် ဝိညာဉ်တွေ ဖြစ်နေကြပါစေ အားလုံးဟာ အခုတော့ အသက်မရှူဝံ့အောင်ကို ဖြစ်သွားခဲ့ကြပါပြီ။ သူတို့အားလုံး ပါးစပ်အဟောင်းသားနဲ့ တိတ်ဆိတ်စွာ ရပ်ကြည့်နေမိခဲ့ကြပါတယ်။

ဒီအဖျက်စွမ်းအင်က ဘယ်လိုပြောရမလဲ။

မြေကမ္ဘာ သူတော်စင်လား။

မဟုတ်ဘူး။ မြေကမ္ဘာ သူတော်စင်တောင်မှ ဒီလိုမျိုး မလုပ်နိုင်သေးဘူး မဟုတ်လား။

ဒါဆို… ဒါက ကောင်းကင်သူတော်စင် အဆင့်လား။

အားလုံးရဲ့ မသိစိတ်တွေက စဉ်းစားနေကြပါတော့တယ်။

“ဒါ.. ဒါဆို သူက တမင် ဟန်ဆောင်နေတာ မဟုတ်ဘူးပေါ့”
လူသားတန်ခိုးရှင် တစ်ဦးလည်း တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး တုန်လှုပ်စွာ ပြောလိုက်ပါပြီ။

“သူက ဘယ်သူလဲ။ ဘာဖြစ်လို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ”
ရှန်းကျီးဝမ်ရဲ့ ဆရာဦးလေးတောင်မှ တုန်လှုပ်စွာ ပြောလိုက်ပါတော့တယ်။

“ဒါက…”

ဒီပုဂ္ဂိုလ်ရဲ့ မျက်နှာကို သူသေချာ မတွေ့ရပေမဲ့လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူကောင်းကင်က ပြုတ်ကျလာချိန် ဆုံတွေ့ခဲ့တဲ့ လူငယ်လေး ဖြစ်လိမ့်မယ်လို့ ရုတ်တရက်ဆိုသလို ရှန်းကျီးဝမ် အမှတ်ရသွားခဲ့ပါပြီ။

အစတုန်းကတော့ ဒီလူငယ်လေးကို တန်ခိုးရှင် တစ်ဦးမဟုတ်ပဲ သာမန်လူတစ်ဦး ဖြစ်မယ်လို့ ထင်မိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရင်ဘတ်မှာ ရှိနေတဲ့ အမာရွတ်ပျောက်ကွယ်သွားချိန်ကစလို့ အခြေအနေက ပုံမှန်မဟုတ်တော့ကြောင်း သူနားလည်သွားခဲ့ပါပြီ။ ဒါပေမဲ့ စစ်မြေပြင်မှာ ကူညီပေးဖို့ လောနေတာကြောင့် ရှန်းကျီးဝမ်အနေနဲ့ သူ့ခန့်မှန်းချက် မှန်မမှန် သိအောင် ပြန်ကြည့်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

“ဂရား”

အကြွင်းမဲ့ တိတ်ဆိတ်နေချိန်မှာပဲ မဟာစကြ၀ဠာ နဂါးကြီး မာန်ဖီလိုက်ပါပြီ။ ဒီမာန်ဖီလိုက်သံဟာ ကီလိုမီတာ ရာပေါင်းများစွာအထိ ပဲ့တင်သံထပ် ပေါ်ထွက်လာခဲ့ပြီး ရွှေနဲ့ ကျောက်တုံးတွေကိုပါ ကွဲကြေသွားစေခဲ့ပါတယ်။

“လူသား.. မင်းသေနေ့စေ့ပြီ”

မဟာစကြ၀ဠာ နဂါးကြီးဟာ လူသားဘာသာစကားကို ပြောလိုက်ပါပြီ။ သူဟာ အလွန်ကြီးကျယ် ခမ်းနားပြီး အနှိုင်းမဲ့အောင်ကို ဩဇာအာဏာ ကြီးမားလှပါတယ်။

နတ်ဘုရားသွေးမျိုးဆက် စူပါ မိစ္ဆာသားရဲကြီး တစ်ကောင် ဖြစ်တဲ့ မဟာစကြ၀ဠာ နဂါးကြီးဟာ မြေကမ္ဘာ သူတော်စင် နှစ်ဦးကို တစ်ပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပါပြီ။ ဒီအတွက်ကြောင့်လည်း အခု စစ်မြေပြင်ကို သူရောက်လာခဲ့တာပါ။ သူ့ကို တိုက်ခိုက်နေတဲ့ မြေကမ္ဘာ သူတော်စင် နှစ်ဦးဟာ ဒဏ်ရာအပြင်းအထန် ရထားပြီးပါပြီ။ သူတို့အနေနဲ့ အချိန်ကြာကြာ ဆက်ပြီး မတိုက်ခိုက်နိုင်တော့ပါဘူး။ မဟုတ်ဘူးဆိုရင် တျန်းဂျိဇီလည်း ဆုတ်ခွာဖို့ အမိန့်ပေးမှာ မဟုတ်ပါဘူး။

“အကောင်အကြီးကြီးပဲ”
ချင်းကျူလည်း လျှာကို တစ်ချက် သပ်လိုက်ပါပြီ။
“ဒါပေမဲ့လည်း မိချောင်းနဲ့ ရုပ်ချင်းတူနေတာတော့ ကြည့်ရဆိုးလှတယ်”

အနောက်တိုင်းက နဂါးနက်ကြီးတွေထက်စာရင် အရှေ့တိုင်းက နဂါးတွေဟာ ပိုပြီး ကြီးကျယ်မြင့်မြတ်ပုံရတယ်လို့ ချင်းကျူ ထင်မြင်ခဲ့ပါတယ်။ သူ့အရှေ့မှာ ရှိနေတဲ့ နဂါးကတော့ တောင်ပံပေါက်နေတဲ့ မိချောင်းတစ်ကောင်လိုပါပဲ။

“ဟူး”
မဟာစကြ၀ဠာ နဂါးကြီးလည်း ပါးစပ်ကြီးကို ဖွင့်လိုက်ပြီး အနက်ရောင်မီးလျှံတွေ မှုတ်ထုတ်လိုက်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဝိညာဉ်စွမ်းအင်အလင်းတန်းကြီးတွေ ကောင်းကင်အထက်ကနေ မကျဆင်းလာတော့ပါဘူး။ ဒါကို ကြည့်မယ်ဆိုရင် မြေကမ္ဘာ သူတော်စင်တွေ ဒုက္ခရောက်နေကြပြီလို့ ခန့်မှန်းမိနိုင်ပါလိမ့်မယ်။

ချင်းကျူ အနေနဲ့လည်း မဟာဂိုဏ်းကြီး လေးခုက မြေကမ္ဘာ သူတော်စင် အဆင့် တန်ခိုးရှင်တွေ ဒုက္ခရောက်နေတာကို မလိုလားပါဘူး။ သူဖြည်းဖြည်းချင်း လက်မြှောက်လိုက်ပြီး လက်သီးနဲ့ ထိုးချလိုက်ပါပြီ။

ဒီလက်သီးချက်ကြောင့် ဘာပြောင်းလဲမှုမှ မဖြစ်ပေါ်လာခဲ့ပါဘူး။ အရှေ့မှာလို တောက်ပတဲ့ ရွှေရောင်အလင်းလည်း မပေါ်ထွက်လာခဲ့ပါဘူး။ ဒါပေမဲ့ လက်သီးထိုးချလိုက်ချိန်မှာ အားလုံးရဲ့ အကြည့်ဟာ လက်သီးချက်ပေါ်မှာသာ ရှိနေခဲ့ပါတယ်။

၀ုန်း

မမြင်တွေ့နိုင်တဲ့ လက်သီးချက်ဟာ အနက်ရောင်မီးလျှံကြီးကို ဖောက်ထွင်းသွားပြီး မဟာစကြ၀ဠာ နဂါးကြီးဆီ ရပ်တန့်ခြင်း မရှိပဲ ပျံသန်းဝင်ရောက်သွားခဲ့ပါပြီ။

ချင်းကျူရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းလို့ မရနိုင်ဘူးလို့ သိချင်ရုံပါ။

၀ုန်း

မဟာစကြ၀ဠာ နဂါးကြီးရဲ့ အကြည့်အောက်မှာပဲ လက်သီးချက်ဟာ သူ့ပါးစပ်ထဲ ဝင်ရောက်သွားခဲ့ပါပြီ။ နဂါးကြီးရဲ့ သွားတွေ ကျိုးသွားပြီး ဦးခေါင်းကိုပါ လက်သီးချက်က ဆက်လက် ဖောက်ထွင်းသွားပါတော့တယ်။ လက်သီးချက်ဟာ ဦးခေါင်းကို ဖောက်ထွင်းပြီးချိန် ကောင်းကင်ထက် ဆက်လက် ပျံတက်သွားခဲ့ပါပြီ။

တဒင်္ဂအတွင်း ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာအဝေးက တိမ်တိုက်တွေပါ လွင့်စဉ်သွားပြီး ကမ္ဘာတစ်ခုလုံး ပြန်လည်လင်းထိန်လာပါတော့တယ်။

တစ်ချိန်တည်းမှာပဲ မဟာစကြ၀ဠာနဂါးကြီးရဲ့ ဦးခေါင်းကနေ သွေးတွေ ပန်းထွက်လာခဲ့ပြီး မြေပြင်ပေါ် သွေးမိုး ရွာလာခဲ့ပါပြီ။ ဒါပေမဲ့ ဒီသွေးတွေဟာ အက်ဆစ်ဓာတ် အလွန်မြင့်မားပြီး အလွန်ကို ပူလောင်လွန်းလှပါတယ်။

၀ုန်း

မဟာစကြ၀ဠာ နဂါးကြီးရဲ့ ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်ကို ပြင်းထန်စွာ ပြုတ်ကျလာခဲ့ပါပြီ။ ကံဆိုးတဲ့ မိစ္ဆာသားရဲတွေနဲ့ ခရမ်းရောင် မိစ္ဆာတချို့ နဂါးကြီးရဲ့ ခန္ဓာကိုယ်အောက် ပိပြီး သေဆုံးသွားကြပါတော့တယ်။

“…”

ရှိနေကြသူ အားလုံး တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြပါပြီ။ ဘာပြောလို့ ပြောရမှန်းလည်း မသိတော့ပါဘူး။

နတ်ဘုရားသွေးမျိုးဆက် မြေကမ္ဘာ သူတော်စင် နှစ်ဦးကို ရင်ဆိုင်နိုင်စွမ်း ရှိနေတဲ့ မဟာစကြ၀ဠာ နဂါးကြီးဟာ ဒီလိုနဲ့ လက်သီးတစ်ချက်ကြောင့် သေဆုံးသွားရပြီလား။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ခရမ်းရောင် ဝိညာဉ်မျိုးနွယ် တန်ခိုးရှင်တစ်ဦး အာခြောက်ပြီး ရေငတ်လာခဲ့ပါပြီ။ သူ့မျက်နှာအထက် တုန်လှုပ်ချောက်ချားမှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ သူရေရွတ်လိုက်ပါပြီ။

အသိဉာဏ် ရရှိထားပြီဖြစ်တဲ့ မိစ္ဆာသားရဲတွေရဲ့ ခြေထောက်တွေ တဆတ်ဆတ် တုန်လာပါတော့တယ်။ သူတို့အားလုံး ထွက်ပြေးသွားခဲ့ကြပါပြီ။ လူသားတွေနဲ့ မတူတာကတော့ မဟာစကြ၀ဠာ နဂါးကြီးဟာ မိစ္ဆာသားရဲတွေအတွက် နတ်ဘုရား တစ်ပါးပါပဲ။ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုတစ်ခုပါပဲ။ ဒါပေမဲ့ အခုတော့ လက်သီးတစ်ချက်ကြောင့် သေဆုံးသွားခဲ့ပါပြီ။ သူတို့ ဘယ်လောက်တောင် တုန်လှုပ်ချောက်ချားနေမလဲ တွေးဆကြည့်နိုင်ပါတယ်။

“မင်းက ဘယ်သူလဲ”

မဟာစကြ၀ဠာ နဂါးကြီးဟာ မြေကမ္ဘာ သူတော်စင်အဆင့် မိစ္ဆာသားရဲကြီးပါ။ သူ့ခန္ဓာကိုယ်မှာ အသက်ဓာတ် မရှိတော့ပေမဲ့လည်း အမြုတေ စိတ်ဝိညာဉ် မပျက်စီးသေးပါဘူး။ အရပ်သုံးမီတာလောက် မြင့်မားတဲ့ လူသားအသွင် အမြုတေ စိတ်ဝိညာဉ်ဟာ မဟာစကြ၀ဠာ နဂါးကြီးရဲ့ အလောင်းထဲကနေ တွားသွားထွက်လာပြီး တုန်လှုပ်မှု ဒေါသထွက်မှုတို့ ရောပြွန်းနေတဲ့ လေသံနဲ့ မေးမြန်းလိုက်ပါပြီ။

မူလတာအို သူတော်စင် အဆင့်အထက် မိစ္ဆာသားရဲကြီးတွေဟာ လူသားအသွင် ပြောင်းလဲနိုင်ကြပါတယ်။ မဟာစကြ၀ဠာ နဂါးကြီးလည်း ဒီလိုပါပဲ။ မြေကမ္ဘာ သူတော်စင်အဆင့် တန်ခိုးရှင် နှစ်ဦးကို တိုက်ခိုက်လို့သာ သူ့ရဲ့ မူလ ခန္ဓာကိုယ်ကို အသုံးပြုခဲ့တာပါ။ ဒီလို ကြောက်စရာကောင်းတဲ့ တန်ခိုးရှင်တစ်ဦး လူသားတွေအကြား ရှိနေလိမ့်မယ်လို့ သူထင်မထားမိခဲ့ပါဘူး။

ချင်းကျူအနေနဲ့ ဒီမိချောင်းကို ရှင်းပြဖို့ အချိန်မရှိသေးပါဘူး။ သူ့လက်သီးချက်ကြောင့် အသက်မသေသေးဘူးဆိုတော့ နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးမှ ဖြစ်ပါတော့မယ်။

Continue Reading

You'll Also Like

2.3M 316K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
547K 74.9K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
41.7K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...
127K 11.8K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...