သူနဲ့ ကိုကို နေ့ရက်တိုင်းကို အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေရင်းနဲ့ပင် ကံဆိုးမှုတွေက လက်ကမ်း မခေါ်ခဲ့ပါဘဲနဲ့ ရောက်လာခဲ့တယ်၊ သူတို့ ချစ်သူဖြစ်တာကို ကိုကို့ဖေဖေ သိသွားတဲ့နေ့က စလို့ ကိုကို့အတွက်ရော သူ့အတွက်ပါခက်ခဲတဲ့ နေ့ရက်တွေဖြစ်လာခဲ့တယ်၊
အခက်အခဲတွေကြားက ကိုကိုဟာ သူတို့ အတူတူနေဖို့ရာ အိမ်လေးဆီ သူ့ကိုခေါ်သွားခဲ့တယ်၊ အဲ့အချိန်ကစပြီး သူတို့ဘဝတွေ ပျော်ရွှင်နိုင်ပြီလို့ သူထင်ခဲ့မိတာ၊
" ကလေးလေး ကိုကို အိမ်ကို ခဏသွားဦးမယ် ပြီးရင် ကိုကိုပြန်လာမယ် အဲ့ကျရင် ကိုကိုတို့ အတူတူ ကလေးလေးရဲ့ မေမေဆီ ခွင့်တောင်းရင်း သွားကြတာပေါ့ နော် "
သူ ကိုကို့စကားကို ယုံခဲ့တယ်၊ ဒီလိုတွေ ဖြစ်လာမယ်မှန်းသိရင် အဲ့နေ့က သူကိုကို့ကို မသွားဖို့ရာ တားခဲ့မိမှာ၊
" ဒေါ်ကြီး ကလေးလေးကို ကျွန်တော် ပြန်မလာခင်အထိ ကောင်းကောင်း စောင့်ရှောက်ပေးပါ ကျွန်တော် အပ်ခဲ့မယ်နော် "
" ဟုတ်ကဲ့ပါ သခင်လေး "
" ဟို ... ဒေါ်ဒေါ် သေချာ ကြည့်ထားပေးပါ့မယ် သားလေး Ji Woong ရယ် "
" ဒေါ်ကြီး ကျွန်တော့်ကားနားကို ခဏလိုက်ခဲ့ဦး "
" ကိုယ့်ကလေးလေး လိမ်လိမ်မာမာနေခဲ့နော် ကိုကိုပြန်လာခဲ့မယ် "
" ဟုတ်ကဲ့ပါ ကိုကို "
" ဒေါ်ကြီး ဒီစာလေးကို ကျွန်တော်အပ်ထားခဲ့မယ်၊ တကယ်လို့ ကျွန်တော် ဖေဖေတို့ဆီက ပြန်လာလို့ မရတော့ရင် ကလေးလေးကို ဒီစာသေချာပေါက် ပေးပေးပါ နော် ကျွန်တော်တောင်းဆိုတာပါ "
" ဟုတ်ကဲ့ပါ သခင်လေး တအားလည်း စိတ်မပူပါနဲ့ ဥက္ကဌကြီးက ခွင့်ပြုပေးလောက်မှာပါ "
" အဲ့လိုပဲ မျှော်လင့်ရတာပါပဲ ဒေါ်ကြီးလည်း သိရဲ့သားနဲ့ ဖေဖေအကြောင်းကို၊ ကျွန်တော် မလွန်ဆန်နိုင်မှာ ကြောက်တယ်၊ ကလေးလေးနဲ့လည်း မခွဲချင်ဘူး "
" စိတ်ဖြောင့်ဖြောင့်သာ သွားပါ သခင်လေးရယ်၊ ကျွန်မသေချာစောင့်ရှောက်ပေးထားပါ့မယ် "
" ဒါဆို ကျွန်တော်သွားပြီ နော် ဒေါ်ကြီး "
ကိုကိုကားလေးဟာ ဒီခြံကြီးထဲကနေ ထွက်သွားပြီ၊ ခဏတာ ခွဲခွာခြင်းလို့ ထင်ခဲ့ပေမယ့် တကယ်တမ်း သူထင်သလို မဟုတ်ခဲ့ဘူးဆိုတာကို အချိန်တွေကြာမှ သိလာခဲ့ရသည်။
_____________________________________________
2023// | AT 8:00 PM |
" HELLO ဒေါ်ကြီး "
" ဟုတ် ပြောပါ သခင်လေး "
" ထွေထွေထူးထူးတော့ မရှိပါဘူး ဒီအတိုင်း သတိ ရလို့ လှမ်းဆက်လိုက်တာ သူနေရောကောင်း ရဲ့လား ဒေါ်ကြီး၊ ကလေးလေးကို အစားအချိန်မှန် စားခိုင်းပါနော် ကျန်းမာရေးလဲ ဂရုစိုက်ပေးပါဦး နဂိုကတည်းက ချူချာတဲ့ ကလေးမို့ "
" ကျွန်မ သေချာ စောင့်ရှောက်ပေးထားပါတယ်၊ သခင်လေး ဒီစကားတွေကို ပြောနေတာ နှစ်တွေလည်း ချီနေပြီ ကျွန်မလည်း အလွတ်ရနေပါပြီ စိတ်ချထားပါ သခင်လေးရယ် "
" ကျွန်တော် သူနဲ့ ဖုန်းပြောလို့ရလား ဒေါ်ကြီး "
" ဒါတော့ ကျွန်မလုပ်ပေးလို့ မရပါဘူး၊ ဥက္ကကြီး သိသွားရင် သခင်လေး ကြိုးစားလာခဲ့တာတွေ အားလုံး အချည်းနှီးဖြစ်ကုန်မှာ ခဏလောက်တော့ သည်းခံပါဦး သခင်လေးရယ် သူလည်းအခု ကောင်းကောင်း ရှိနေပါတယ် "
Ji Woong ဒီလို တဆင့်စကားက ကလေးလေးအကြောင်းကို သိရတဲ့အချိန်တွေကို ကုန်စေချင်နေပြီ၊ သူတကယ် ကလေးလေးကို လွမ်းနေပါပြီသူတို့ရဲ့ အရင်နေ့ရက်တွေဆီကို ပြန်ရောက်နိုင်ဖို့ အချိန်တွေကို သူကျော်ပစ်ချင်မိတော့သည်၊
In Jay Chang's Home;
" Hyungချစ်သူနဲ့ အဆက်အသွယ်ရှိလားဒေါ်ကြီး ၊ သူ့ဖုန်းနံပါတ် ဒါမှမဟုတ် Email များ ရှိလား မသိဘူး ဒေါ်ကြီးဆီမှာလေ "
Jay သူသိချင်တာတွေကို စစ်ထုတ်မှရတော့မည်၊
" ဒေါ်ဒေါ်နဲ့က ဘယ်လိုလုပ် အဆက်အသွယ် ရှိမလဲ သားရယ် ဖုန်းနံပါတ်တို့ ဘာတို့လည်း မရှိပါဘူး ဘာလို့လဲ သား "
" ဟုတ်ပါပြီ ဒေါ်ကြီး ဒီအတိုင်းမေးကြည့်တာပါ "
ဒေါ်ကြီးရဲ့ အဖြေကို Jay သိပ်မယုံချင်၊ Jay ရှာကြည့်လို့ရတဲ့ KIM မိသားစု အချက်အလက်တွေထဲက ပုံတစ်ပုံမှာ ဒေါ်ကြီးကို သေသေချာချာ မြင်ခဲ့တာပင်၊ ဘာလို့များ လိမ်နေရတာလဲ တကယ်ရော အဆက်အသွယ် မရှိတာ ဖြစ်နိုင်ရဲ့လား
လောလောဆယ်တော့ သူဒီအကြောင်းတွေကို မစဉ်းစားချင်တော့ သူဒီနေ့ Hyung ဆီကိုသွားရဦးမည်၊ Hyung အတွက် သူဝယ်လာတဲ့ နှင်းဆီပန်းတွေကို သူပေးရဦးမည်ဖြစ်တာကြောင့်မို့
" Jongwoo Hyung ဘာလုပ်နေလဲ "
သူများအိမ်ပေါ်ကို ခွင့်မတောင်းဘဲ ရောက်လာပြန်တဲ့ ကောင်လေး၊ တကယ်ကို အတင့်ရဲလွန်းတယ်လို့ Jongwoo မြင်တာလည်း မမှား၊
" ဘာလာလုပ်တာလဲ Jay ခွင့်မတောင်းဘဲ ငါ့အခန်းထိရောက်လာတာက ယဉ်ကျေးမှုမရှိရာရောက်တယ်ဆိုတာ မင်းသိလား "
" Hyung ကလဲ ကျွန်တော် Hyung ကို ပြစရာရှိလို့၊ လာ ကျွန်တော်နဲ့ လိုက်ခဲ့ "
ခပ်တည်တည်နဲ့ သူကို လက်ဆွဲခေါ်သွားတဲ့ Jay၊ ဘယ်တုန်းကများ သူကိုင်ခွင့်ပေးလိုက်မိလို့လဲ၊
" ဒီမှာ ကြည့် Hyung အတွက် ကျွန်တော် ဝယ်လာတာ "
" နှင်းဆီပန်း အဖြူတွေ "
သူ့အတွက်ဆိုတဲ့ နှင်းဆီပန်းအဖြူရောင်တွေ၊ ဒါတွေကို ဘာလို့ ဝယ်ပေးရတာလဲ ပုံမှန်ထက်ပိုတဲ့ ရင်နှီးမှုမျိုးကို Jongwoo မကြိုက်ပါ၊ မလိုအပ်ဘဲနဲ့ ရတဲ့ ဂရုစိုက်မှုမျိုးကိုလည်း သူမနှစ်သက်၊ ဒါတွေက သိပ်ကို အန္တရာယ်များလွန်းပါသည်၊
" ဒါတွေကို ဘာလုပ်ဖို့လဲ "
" စိုက်ဖို့ပေါ့ Hyung ကလဲ၊ Hyung ရဲ့ ပန်းခြံလေး ထဲမှာ စိုက်ဖို့ ကျွန်တော်ဝယ်လာတာ "
" မလိုဘူး ငါမစိုက်ချင်ဘူး "
" Hyung မစိုက်ချင်ရင် ကျွန်တော်စိုက်မယ်လေ "
" ဘယ်သူမှစိုက်ဖို့မလိုဘူး "
" ကျွန်တော်ဝယ်ပေးတာကို ဘာလို့ ငြင်းရတာလဲ "
" မလိုအပ်လို့ "
" Hyung "
" မင်းနဲ့ ငါနဲ့ ရင်းနှီးတာလည်း မဟုတ်ဘူး "
Jay တကယ် စိတ်မကောင်းဖြစ်ရပါသည်၊ သူဝယ်လာပေးတာကို Hyung က လက်မခံချင် ဘာကြောင့်လဲဆိုတာ Jay တကယ် နားမလည်၊
" ဒါဆိုလည်း ကျွန်တော် လွှင့်ပစ်လိုက်တော့မယ် "
" မင်းသဘော "
ပြောပြီးပြီးချင်း Jongwoo Hyungက သူ့အိမ်ပေါ်ကို ပြန်တက်သွားခဲ့တယ်၊ တကယ်ပဲ ရက်စက်လိုက်တာ ဘယ်လိုတောင် အသည်းနှလုံး မရှိတဲ့သူလဲ၊
စိတ်ပေါက်ပေါက်နဲ့ လွှင့်ပစ်မယ်ပြောလိုက်ပေမယ့် တကယ်တော့ Jay မလုပ်နိုင်ပါ၊ ဒီလောက်လှတဲ့ နှင်းဆီပန်းတွေကို နှလုံးသား မရှိတဲ့ သူမို့ မလိုချင်တာ၊ သူအိမ်ရှေ့မှာပဲ သူစိုက်ဖို့စဉ်းစားလိုက်တော့သည်၊
Jongwoo သူ့ဘာသာလုပ်လိုက်ပြီးမှ နည်းနည်းလွန်သွားသလား တွေးနေမိသည်၊ ဒါပမယ့် သူဒီထက်ပိုပြီး မရင်းနှီးတာပဲကောင်းမယ် ထင်တယ်၊
ဒါက သူတို့အတွက် အကောင်းဆုံး နည်းလမ်းပဲ၊
တစ်ခါတစ်လေကျလည်း တားမြစ်နေရင်းနဲ့ လုပ်လိုက်မိတာမျိုးလည်း ရှိတတ်စမြဲပါပဲ၊ မနေ့က ငြင်းလိုက်မိပေမယ့် ဒီနေ့လိုမျိုး Jay အပင်စိုက်နေတဲ့နားကို သူ့အလိုလို ရောက်သွားမိတာမျိုးပေါ့
" ဘာလုပ်မလို့လဲ Hyung ကိုယ်တိုင် လွှင့်ပစ်ချင်လို့ ရောက်လာတာလား "
လာလာချင်း သူကို အကန်တွေပြောလာတဲ့ Jay ကြည့်ရတာ သူ့ကို စိတ်ဆိုးနေတယ်ထင်သည်၊
" မင်းကိုကူညီမလို့လာတာ မလိုတော့ရင်လည်း ငါပြန်မယ် "
စိတ်က တကယ် လက်တစ်ဆစ်ရဲ့တဝက်လောက်သာရှိသော Yoon Jongwoo ရယ်ပါ၊
" Hyung ကလဲ ကျွန်တော်က စတာပါ ကူညီပေးလေနော် "
စိတ်ဆိုးချင်ယောင်ဆောင်နေပေမယ့် တကယ် စိတ်မဆိုးတဲ့ ကောင်လေး၊
ရာသီဥတု သာယာတဲ့ ရက်ကလေးဖြစ်မယ်ထင်တယ်၊ မရတာ ကြာတဲ့ ဒီခံစားချက််ကို ဒီနေ့မှသူ ရခဲ့သည်၊ အပင်စိုက်ခြင်းရဲ့ အကျိုးဖြစ်မလား တနေ့တာအတွက် လူကို အေးချမ်းစေခြင်းကလေ ဒါမှမဟုတ် ဘေးအိမ်က ကောင်လေးရဲ့ အပြုံးဖြစ်နိုင်မလား သူသေသေချာချာ မသိပေမယ့် သူ့ရဲ့ တနေ့တာက အေးချမ်းခဲ့တာတော့ အသေအချာ၊