Jeonghyeon..?

بواسطة luna_brisa

1.1K 152 10

Hi, Taerae!! I'm Jeonghyeon.. 안녕 태래!! 나 정현이야.. المزيد

Prologue
다섯
여섯
일곱
여덟

하나

187 20 0
بواسطة luna_brisa

အရှိန်နှင့် နင်းလာသည့် စက်ဘီးတစ်စီးသည် လမ်းအသွယ်သွယ်ကို ဖြတ်ရင်း တစ်နေရာသို့ ဦးတည်နေသည်။ စက်ဘီးထက်က ကောင်လေးသည်လည်း တစ်စုံတစ်ခုအား စိတ်လောနေသည့် ပုံရိပ်သည် မျက်နှာတွင် ထင်ဟပ်နေသည်။

"မင်္ဂလာပါ အဖွား မင်္ဂလာပါ ဒေါ်ကြီး"

သို့သော်သူသည် လမ်းသွားလမ်းလာများကိုတော့ အပြုံး ချိုချိုလေးဖြင့် နှုတ်ဆက်ရန် မမေ့လျော့ပေ။

"ဟဲ့ ထယ်ရယ်လေး စက်ဘီးကို ဖြေးဖြေးနင်းသွားလေ အော် ဒီကလေးနှယ် အလောတကြီးနဲ့ တစ်ခုခုဖြစ်ကုန်မှ"

နောက်က အဖွား၏ စိုးရိမ်တကြီး ပြောသံကိုလည်း ထယ်ရယ်ဆိုသည့် ကောင်လေးသည် မကြား။ သူ၏ အာရုံတို့သည် အိမ်သို့ မြန်မြန်ပြန်ရောက်ဖို့သာ။

အိမ်သို့ ရောက်တော့လည်း စက်ဘီးကို အမြန်ပစ်ချကာ အိမ်ပေါ်သို့ ဒုန်းဆိုင်းပြေးတက်သွားသည်။

"ကင်မ်ထယ်ရယ် အလောတကြီးနဲ့"

အမေဖြစ်သူက လှမ်းအော်သည်။

"ဒီနေ့ သူ့ရဲ့ အထက်တန်းဝင်ခွင့်စာ ထွက်မှာလေ မိန်းမရဲ့"

"အဲ့တာကို အလောတကြီးနဲ့"

အိမ်အပေါ်ထပ်က ထယ်ရယ်ကတော့ ကွန်ပျူတာကို ဖွင့်လိုက်ပြီး ကီးဘုတ်ခလုတ်ပေါ်တွင် တတောက်တောက်ဖြင့် အလျင်အမြန်ရိုက်နှိပ်နေသည်။

အားလုံးရိုက်ထည့်အပြီး Enterခလုပ်အား မျက်စိမှိတ်ကာ နှိပ်ချလိုက်ပြီး ထွက်ပေါ်လာသည့် အဖြေကို တဖြေးဖြေးချင်း ပြန်လည်ကြည့်လိုက်ချိန် မျှော်လင့်နေသည့် အဖြေက စောင့်ကြိုနေသည်။

"Congratulations TAERAE KIM.
You have been admitted to Seoul National University."

"ရေးးးးးးးးး"

"အမယ်လေး ဒီကောင်လေး ဘာဖြစ်ပြန်ပြီလဲ"

အိမ်အောက်ထပ်မှ ထယ်ရယ့် မေမေ၏ ရေရွတ်သံပင်။ ထိုအချိန် အနောက်မှ အသံတဆာဆာနှင့် အော်ရင်း ပြေးဆင်းလာပြန်သည့် ထယ်ရယ်။

"မား ကျွန်တော် ဆိုးလ်မှာ ကျောင်းသွားတက်ရတော့မယ်ဗျ"

ထိုမှသာ သူမသည် ဂယက်တစ်သိန်းဖြစ်နေသည့် ထယ်ရယ်အား နားလည်သွားရသည်။ သူမကို ပွေ့ဖက်ထားသည့် ထယ်ရယ်ကို ပြန်လည်ပွေ့ဖက်လိုက်ရင်း

"မားရဲ့ သားလေး ပင်ပန်းရကျိုးနပ်သွားပြီ"

ဟုတ်သည်။ ထယ်ရယ်က ထိုကဲ့သို့သော ဖြစ်ချင်တဋများကို အကုန်အားပေးသလို ရှုံးနိမ့်ရင်တောင် အားပေးသည့် မိဘများကို ပိုင်ဆိုင်ထားသည့် ကောင်လေး။

"ဒါမဲ့ မားတို့နဲ့ ခွဲရမှာ"

"အာဂူး သူပဲ ဆိုးလ်ကို တအားသွားချင်နေပြီးတော့"

"မားကလည်း"

ထိုကဲ့သို့ အကဲပိုနေသည့် သားအမိကို ဖခင်ဖြစ်သူကတော့ ပြုံးကာ ကြည့်နေခဲ့သည်။

ထယ်ရယ်အပေါ်ထပ်ရှိ သူ့အခန်းထဲ ပြန်လာပြီး ကုတင်ပေါ်တွင် လူးလိမ့်ကာ ပျော်နေဆဲ။ ဒီလိုဖြစ်အောင် ဘယ်လောက်ကြိုးစာရခဲ့ရသလဲ သူသေချာသိသည်လေ။

ထို့သို့ လူလိမ့်နေရင်း ထယ်ရယ်သည် တစ်ခုခုအား သတိရသွားဟန်ဖြင့် ထထိုင်လာကာ နှုတ်မှလည်း တစ်ခုခုရေရွတ်လိုက်သည်။

"ဂျောင်ဟျွန်း မင်းကိုတွေ့ဖို့ ငါလာပြီ"

ထိုစကားနောက် တွဲခိုလာသော အပြုံးလေးတွင် ပါးချိုင့်လေးတွေသည်လည်း တွဲကာပါလာခဲ့သည်။

ထယ်ရယ်သည် တစ်စုံတစ်ယောက်ထံသို့လည်း မမေ့မလျော့ စာပို့ဖို့ကို သတိရလိုက်ပါသေးသည်။

✧✧✧✧✧✧✧✧✧✧✧

"အဲ့လို လုပ်လို့ဖြစ်ပါ့မလား"

"မသိဘူးလေ"

"သခင်လေးကလည်း ခေါင်းကမာ ပြောရခက်နဲ့"

"သူဌေးသာသိရင် ဆူတော့မှာပဲ"

မီးဖို့ချောင်အတွင်းတွင် တန်းစီရပ်နေကာ ပန်းကန်များအား ဆေးကြောနေသည့် သူတို့၏ သခင်လေးအားကြည့်ရင်း ရေရွတ်နေကြသည့် အသံများပင်။

"ပန်းကန်တွေက ဒါအကုန်ပဲလား ဆေးဖို့ကျန်တာတွေ ရှိသေးလား"

ဆေးနေသည်များကို လက်စသတ်ပြီး အပြုံးလေး ဆင်မြန်းကာ မေးလာသည့် သူတို့၏ သခင်လေး။

ထိုလူအုပ်များထဲမှ ခေါင်းမာသူလေးကို နားချနိုင်လောက်မည့် သူတစ်ယောက် ထွက်လာကာ သခင်လေးကို တားသည်။

"တော်ပါတော့ ဂျောင်ဟျွန်းလေးရယ် သခင်မကြီးသိရင်လည်း ဦးလေးတို့ပဲ ဆူခံရမှာလေ"

"ဆူခံရမယ်မှန်းသိရင် အစကတည်းက မလုပ်ခိုင်းသင့်ဘူးလေ မန်နေဂျာ အင်မ်"

ဩဇာညောင်းလှသည့် အသံသည် နောက်တစ်နေရာမှ ထွက်ပေါ်လာပြီး အားလုံး၏ အကြည့်များသည်လည်း ထိုအမျိုးသမီးဆီသို့ ရောက်ကုန်ကြသည်။ ပြီးနောက် တစ်ပြိုင်နက်တည်း အရိုအသေပေးကုန်ကြသည်။

"သခင်မကြီး"

ထိုသခင်မကြီးကို အကြောက်အလန့်မရှိသလို မပြုံးမရယ် မျက်နှာသေနှင့်ကြည့်နေတာက ဂျောင်ဟျွန်းဆိုသည့် သခင်လေး။

"ဂျောင်ဟျွန်း မင်းစာကျက်နေရမှာကို အရေးမပါတာတွေ လာလုပ်နေတာပဲ"

"နောက်နေ့လည်း ထပ်လာခဲ့မယ်နော် ဦးလေး"

ဂျောင်ဟျွန်းကတော့ ဂရုမစိုက်ပဲ မန်နေဂျာကို စကားလှမ်းပြောရင်း ရာဘာလိက်အိတ်နှင့် အေပရွန်ကို ချွတ်လိုက်သည်။

"မင်းထပ်လာရင် ဒီလူတွေ အကုန်အလုပ်ပြုတ်ပြီလို့ မှတ်လိုက် ဂျောင်ဟျွန်း"

နောက်​ကျောပေးထားသော်လည်း ဒေါသတကြီးထွက်သွားသည်ကို ကြည့်ပြီး ဂျောင်ဟျွန်း မည်မျှ ဒေါသထွက်သွားသည်ကို သိနိုင်ပါသည်။

ဒီကောင်လေး ထပ်လုပ်ရဲတော့မှာ မဟုတ်ပါဘူး...

"အားလုံး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတော့"

ဂျောင်ဟျွန်း ညနေကတည်းက ခြေဦးတည့်ရာ လျှောက်သွားပြီး ညနက်မှသာ အိမ်သို့ ပြန်လာလိုက်သည်။

အိမ်ထဲသို့ဝင်လိုက်တော့ သူနှင့်ဆင်တူ ဖိနပ်လေးကို တွေ့လိုက်တော့ သူ၏ ချစ်လှစွာသော ညီလေး သူ့တိုက်ခန်းသို့ ရောက်နေပြီဆိုတာ သိလိုက်သည်။

အဲ့ကလေးက သူ့အိမ်မှာဆို ဂိမ်းမဆော့ရလို့ အမြဲ သူ့တိုက်ခန်းကိုပဲလာနေတာ။ လျစ်လျူရှုလိုက်ပြီး မီးဖိုခန်းကို သွားကာ ရေသောက်လိုက်ပြီး ဧည့်ခန်းရှေ့ ဆိုဖာတွင်ထိုင်ရင်း မျက်စိကို မှိတ်ကာ ခေါင်းကို မော့ထားလိုက်ရင်း အနားယူနေမိသည်။

ရုပ်သေးရုပ်သာသာဖြစ်နေသည့် ဘဝသည် တကယ် စိတ်ပင်ပန်းစရာကောင်းလှသည်။ စိတ်မဝင်စားသည့် coding တွေကို မလေ့လာတော့ပဲ လွတ်လွတ်လပ်လပ်နေချင်သည်။

"ဂျောင်ဟျွန်းဟျောင်း ပြန်ရောက်ပြီလား"

"ရားးးး မွန်းဂျောင် အိမ်လာရင်လည်း မဖွပဲနေပေးပါလား"

"ဟျောင်းကလည်း"

အဲ့ကလေးကို ခေါင်းတခါခါနဲ့ပဲ ကြည့်နေမိတယ်။

"အာ ဟျောင်း ကျွန်တော် ဂိမ်းဆော့နေတုန်းက စာတစ်စောင်ဝင်လာ~~"

မွန်းဂျောင်၏ စကားပင်မဆုံးသေး အခန်းထဲ ဝုန်းကနဲ ဝင်သွားသည့် အစ်ကိုဖြစ်သူကြောင့် အကြောင်သားလေး ကျန်ခဲ့ရသူမှာ မွန်းဂျောင်ပင်။

မွန်းဂျောင်၏ စကားကြောင့် ကွန်ပျူတာကို အမြန်ပင်ဖွင့်နေမိသည်။ အခုကျမှ ပုံမှန်ပွင့်နေသည့် ကွန်ပျူတာကပင် ကြာနေသလို။

ကွန်ပျူတာစခရင် လင်းလာသည်နှင့် ဝင်လာသည့် စာကို အမြန်ဝင်ဖတ်လိုက်ပြီး မျက်နှာတွင်လည်း အပြုံးပန်းတို့ ပွင့်လန်းလာသည်။

"ငါတို့ ထယ်ရယ်လေးက တကယ် လုပ်နိုင်ခဲ့တာပဲ"

✧✧✧✧✧✧✧✧✧✧

😙💗

واصل القراءة