ရှမ်းတောင်တန်းပေါ်မှာ မောင်နဲ...

Von Author_lemon

1.9K 82 36

ညာဏ်လင်းမြတ် + စိုင်းညာဏ်ခ Mehr

into
into (zg)
Part -1
Part -1 (zawgiy)
Part - 2
Part -2 (zawgiy)
Part - 3
Part - 3( zawgiy)
Part - 4 (zawgiy)
Part -5
Part -5 (zawgiy)
Part -6
Part -6 (zawgiy)
Part -7
Part -7 (zawgiy)
Part - 8
Part - 8(Zawgiy)
Part - 9
Part - 9 (Zawgiy)
Part - 10
Part - 10 (Zawgiy)
Part - 11
Part -11 (Zawgiy)

Part -4

91 6 3
Von Author_lemon

လင်းမြတ် နိုးလာ‌တော့ ညနေသို့ရောက်နေပြီ ရေချိုး ဝတ်စားလဲကာ ကိုမင်းမောင် ရှိရာအခန်းဘက်သို့ ကူးလာလိုက်သည်

"ကိုမင်းမောင် ကျွန်တော်ဝင်ခဲ့မယ်နော်"

" လာလာ ကိုလင်းမြတ် "

"ရွာထဲလိုက်ပြမယ်ဆိုလို့"

"ဟုတ်တယ်ဗျ ကျွန်တော်အခုဘဲလာခေါ်တော့မို့"

"အဲ့ဆို သွားရအောင်လေ"

"ရွာကတော့ ရှမ်း - ဗမာ ကပြားတွေနေတာများတယ် ဓနု ပအိုစ့်တို့လဲ ရှိတယ်  ရွာတောင်ပိုင်းက တောင်ပေါ်မှာ ရှမ်း ဘုန်းကြီးကျောင်းနဲ့ ဗမာဘုန်းကြီးကျောင်းရှိတယ်ဗျ အဲ့ကနေဆင်းလာတဲ့ လမ်းက အရမ်းလှတယ်ဗျ တစ်လမ်းလုံး ချယ်ရီပင်တွေနဲ့ ဝေဆာနေတာ လမ်းကလဲ မြေနီလမ်းဆိုတော့ "

"ရွာလေးကအေးချမ်းလိုက်တာ"

"ရွာကအေးချမ်းတာ ရှေးရိုးဆွဲအယူတွေ ရှိနေတော့ ခက်သားဗျ"

"ဒီလိုပါဘဲဗျာ အစွဲဆိုတာ ချွတ်မရတာကို"

"ကဲဗျာလာ ဆက်ပြမယ် ရွာမြောက်ပိုင်းမှာကြ ပြောင်း ကော် ရှမ်းဆန် ခရမ်းချဉ်သီး ပဲပုတ်တို့ စိုက်ပျိုးခင်းတွေရှိတယ်ဗျ ရွာက တစ်ချို့အိမ်သူတွေက မီးရှိသလို တစ်ချို့နေရာတွေကြ မီးမရှိဘူး "

"ကော်ဖီခြံရှိလား ဒီရွာမှာ"

ရုတ်တရက်ထမေးလိုက်သော ကိုလင်းမြတ်စကားကြောင့် မင်းမောင်ကြောင်သွားသည်

"အော်ရွာထိပ်မှာ ရှိတယ်ဗျ ခြံနာမည်က For in Love တဲ့ အဲ့တာ ခခတို့ပိုင်တာလေ "

" ဟိုနေ့လည်ကတွေ့လိုက်တဲ့ ကလေးမလေးပိုင်တာလား"

"ဟုတ်တယ်ဗျ သူ့ပါးပါးရဲ့ ဘိုးဘွားပိုင်ခြံလေ အဲ့တာ"

"ဒါဆို အဲ့ဘက်ကိုသွားရအောင် အဲ့ကနေ ကော်ဖီမှုန့်ဝယ်ချင်လို့ဗျ"

"ဆရာလေး ဆရာလေးရေ လုပ်ပါအုန်း ဟိုဘက်ရွာကကောင်တွေနဲ့ လမ်းလှိုင်တို့ ရန်ဖြစ်လာကြတာ ကွဲပြဲလို့ဗျ"

သာအေးက အော်ပြီးပြေးလာပြီး ပြေးလာပြောတာ သူခဗျ အသက်တောင်လုရူနေရတယ်

"သာအေးရာ အလောတကြီးပါလား လမ်းလှိုင်တို့က အမြဲဖြစ်နေကြကို ထူးဆန်းလုပ်လို့"

"စမ်းတယ်ဗျ လမ်းလှိုင်တို့ ရွာပြင်ကနတ်ကွန်း နားမှာရန်ဖြစ်ရင်း နတ်ကွန်းကိုထိတာ နတ်ကွန်းကျိုးကြသွားတယ် " ခဏအမောဖြေပြီး သာအေးကဆက်ပြောတယ်

"အဲ့တာလမ်းလှိုင်က ဟိုဘက်ရွာကကောင်ကို တွန်းချလိုက်တာ နတ်ကွန်း အကျိုးနဲ့ ခိုက်မိတာ ခုမြို့ကဆေးရုံးခေါ်သွား ခံရတယ် လမ်းလှိုင်ကိုလဲ ‌ရဲတွေက လိုက်ရှာနေကြတယ်"

"လမ်းလှိုင်ကခုဘယ်မှာလဲ"

"ကိုညာဏ်ခတို့ တောထဲဝင်ပြေးသွားတယ်"

"ဟာအဲ့တောထဲက  သင်းကျားကအရမ်းဆိုးတာ"

"ကိုမင်းမောင် သင်းကျားဆိုတာဘာလဲဗျ"

"အသင်းခွဲလာတဲ့ကျားလေ"

"အဲ့တော့ သူကြီးက ခါတိုင်းလိုဘဲ ယောင်္ကျားလေးတွေစုတဲ့လား"

"ဟုတ်တယ်ဗျ"

ဒါလေးပြောဖို့အရေး သတောင့်သားက ရစ်ရှည်နေတယ်ဟု မင်းမောင်စိတ်ထဲတွင်ပြောလိုက်သည်

"လူစုပြီး တောထဲဝင်ကမယ် မမှောင်ခင်"

"ညာဏ်အစားကကော"

"ခါတိုင်လိုဘဲ  ရန်လင်းအောင်လိုက်မှာ "

"အဲ့ဆိုသွားကြတာပေါ့ ကိုလင်းမြတ်ကတော့  ခုမှရွာရောက်တာဆိုတော့ မလိုက်နဲ့တော့ဗျ နောက်နေ့မှညာဏ်တို့ ခြံလိုက်ပို့မယ်"

"ရပါတယ် ကျွန်တော်သူကြီးတို့ အိမ်ကနေဘဲ သတင်းနားစွံ့တော့မယ်"

*အမ် ဇွတ်တင်းမလိုက်ဘူးလား ဒီဆရာဝန်က ညာဏ်နဲ့အမျိုးတော်မယ်ထင်တယ်*ဟု ခပ်ချည်ချည်တွေးလိုက်သည်

"မနက်ဖြန်က လပြည့်ဆိုတော့ သဘက်ခါကြမှ ပြင်လို့ရမှာ နတ်ကွန်းက"

လင်းမြတ်သူကြီးစီကို ထွက်လာလိုက်သည် တောလိုက်ရန်လဲ ဝါသနာမပါ တောထဲဝင်ပြေးသူက ထောင်ထက်တောထဲက ကျားကိုပိုခင်နေလို့ ဝင်ပြေးတာပေါ့ ဟုတ်တယ်မဟုတ်လား ဘယ်သူကဝင်ပြေးမှာလဲ အဲ့တာတွေထားပါ ခခကြောင်းကို သူကြီးစီမှာမေးကြည့်ကမယ်  ခခက သူနဲ့ရုပ်တူလွန်းနေတယ် ခခက သူသမီးမြန်းဖြစ်နေမှာလား မဟုတ်တာ သူတစ်ကြိမ်ဘဲမှားဖူးသည် အဲ့တာကလဲ ယောင်္ကျားလေးတစ်ယောက်နှင့်သာ ကိုစိုင်းညာဏ်ခကမြန်း မဖြစ်နိုင်တာဟူး

သူကြီးအိမ်ရှေ့ရောက်တော့ နတ်ဆရာမတစ်ယောက်ရယ် လူကြီးတစ်ချို့ကိုတွေ့သဖြင့် မဝင်တော့ဘဲ လှည့်ပြန်ဖို့အပြင် သူကြီးကလှမ်းခေါ်သဖြင့်  ဝင်လာလိုက်သည်

"လာလေ ဆရာလေး အပေါက်ဝကြီးမှာ"

"ဟုတ်ကဲ့ဗျသူကြီး"

"ကဲထိုင် အကြမ်းရေလေးသောက် တို့ဟူးကြော်လေးစား"

"ရပါတယ်ဗျ"

ကျွန်တော်ဝင်လာတာမြင်တော့ သူကြီးဘေးကလူတွေက နှုတ်ဆက်ကာပြန်သွားကြသည်

"သူကြီးလုပ်ရတာမလွယ်ဘူး ဆရာလေးရေ"

" ခုလဲ ရန်ဖြစ်ကြတယ်တဲ့ ဘယ်သူမှကောင်းကျိုးမရှိ နတ်ကွန်းတစ်ခုကျိုးပဲ့သွားတယ်"

သူကြီးပြောသမျှကို ခေါင်းညိမ့်ပြီး နားထောင်နေလိုက်သည်။

21 May 2023
_____________________
ရွာကစိတ်ကူးထဲကရွာပါနော် ရိုးရာများ စော်ကားမိသည့်ကြောင့်ရားများရှိရင် တောင်းပန်ပါတယ်ရှင့်  သင်းကျား သင်းခွဲလာတဲ့ကျားကိုဆိုလိုတာပါ။ vote လေးတွေရချင်တာအပြစ်လား  ကိုယ်အရေးသားမကောင်းတဲ့သိပါတယ် သည်းခံဖတ်ပေးတဲ့သူတွေကို ကျေးဇူးပါနော် Linkဖြန့်ပေးလဲစိတ်မဆိုးပါ

ဖတ်မဲ့သူမရှိလဲတင်တာ ဘယ်အာသာလဲ ငါလေငါ

Weiterlesen

Das wird dir gefallen

1.1K 71 5
Benny and Frida had a son together, Göran, who is a 43-year-old man, and who, after their divorce, was never given a Christmas with his family togeth...
676K 24.7K 100
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
497K 7.6K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
3.4K 109 34
" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြော...