မြန်မာပြည်ပြန်မယ်လို့ပြောလိုက်တာက
ခွန်းခက်ပိုင် ကိုပေးသည့်အပြစ်ပေလား။
"မြန်မာပြည်ပြန်မယ်လို့"
"အကြောင်းရင်းက....."
"မမခင်မေမြင့်နဲ့ ဒေလီယာတို့ မဂ်လာဆောင်ကျင်းပမှာ အဲ့တာသွားမလို့ ပြီးတော့ ထိုင်းမှာလဲ ကျင်းပအုန်းမှာတဲ့ အဲ့တာကြောင့် သွားရမယ်
အဲ့တာထက်လေ ဒေလီယာက မမကို ဘွဲ့ယူတဲ့နေမှာ လက်ထပ်ခွင့်တောင်းမှာရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ"
ထိုအကြောင်း
"တစ်လဆိုရသင့်ပြီမထင်ဘူးလား ကလေး"
"သုံးလဘဲ ကျွန်တော်ပြင်ဆင်စရာနဲ့ လုပ်စရာရှိသေးတယ်"
"ဘာများလဲ"
"ကျွန်တော့်ကိစ္စပါ"
"ကိုယ် ခွင့်မပြုရင်ရော"
"ခွင့်ပြုချက်တောင်းခံနေတာမဟုတ်ဘူး
အသိပေးနေတာ ကျွန်တော်သွားမယ့်အကြောင်းကို ဘွဲ့ယူပြီးနောက်နေ့သွားမှာ"
"ကိုယ်က မင်းအတွက်အရေးရောပါသေးရဲ့လား စိုင်းမင်းခ"
"ပါတယ်လေ ပါလို့ပြောပြနေတာပေါ့"
"အဲ့တာဆိုကိုယ်ကရော"
ခွန်းခက်ပိုင်က ရွဲ့စောင်းစောင်းလေးပြောတော့ စိုင်းမင်းခက ဒေါသမပါသည့်အသံဖြင့် ပြန်ပြောသည်။
"ခင်ဗျားလဲလိုက်ရမှာပေါ့ မလိုက်လို့ ခင်ဗျားကဒီမှာ ကျန်ခဲ့ချင်လို့လား ခင်ဗျားနဲ့တွဲနေတဲ့ကိစ္စအိမ်ကိုလူတွေကို အသိမပေးရသေးဘူး အမားကတော့ သဘောတူမယ်မထင်ဘူး သူ့သားကိုမူးလဲအောင်လုပ်ထားတဲ့ သူတစ်ယောက်ကို"
"မူးလဲတယ်"
"ထားလိုက်ပါတော့ ဇာတ်ကားကြည့်ပြီး အနားယူတော့မယ်"
"အင်း... အဟွတ်²"
စိုင်းမင်းခ အထဲဝင်ဖို့လုပ်လိုက်တော့ ရုတ်တရက်ချောင်းဆိုးတဲ့သူကြောင့် တစ်ဖက်လှည့်ကြည့်လိုက်တော့သည်။အဆင်ပြေလားဆိုသည့်သဘော။ခွန်းခက်ပိုင်က ပြုံးပြကာ ခေါင်းငြိမ့်တော့မှ စိတ်အေးသွားသည့်ပုံစံဖြင့် အထဲဝင်သွားတော့သည်။
ခွန်းခက်ပိုင်ကတော့ လက်မှ သွေးစအနည်းငယ်ကို ကြည့်ကာ သက်ပြင်းချလိုက်တော့သည်။
"ဆေးတွေလဲ အမြဲသောက်နေတာကိုကွာ"
ခွန်းခက်ပိုင် လက်ကိုသေချာဆေးလိုက်ပြီး
အခန်းထဲဝင်တော့ အိပ်မောကျနေတဲ့ ကောင်လေး။
"မိုးတောင်မချုပ်သေးဘူး အိပ်နေပြီဘဲ
ဘယ်လောက်တောင်ပင်ပန်းနေလို့လဲ ကလေးငယ် ကိုယ်တော့ ဘယ်အချိန်ထိ ကလေးနားမှာ ရှိနေပေးနိုင်မလဲမသိဘူး"
"ကိုကို ကျွန်တော် တောင်းပန်ပါတယ်"
စိုင်းမင်းခ နိုးသွားသည်အထင်နဲ့ ခွန်းခက်ပိုင်
အနည်းငယ်အံသြမိပေမယ့် ထိုကောင်လေးက ထိုစကားသာပြောပြီး တစ်ဖက်လှည့်ကာ အိပ်သွားတော့သည်။
ခွန်းခက်ပိုင် နဂိုအတိုင်း စိုင်းမင်းခ နဖူးလေးထက် အနမ်းလေးပေးရင်း လုပ်ရမယ့်ကိစ္စတွေကို လုပ်လိုက်တော့သည်။
!တီ တီ!
ထိုအချိန်ဝင်လာတဲ့ ဖုန်းကြောင့် ခွန်းခက်ပိုင် အမြန်ပိတ်လိုက်ပြီး ဝရံတာဘက် ထွက်လာလိုက်တော့သည်။
"Hello မာမား"
"သားခွန်း မာမားတို့ခုရှမ်းပြည်ရောက်နေတာ
အခု စိုင်းငယ်လေးရဲ့ အဖေနဲ့တွေ့နေတာ"
"ဗျာ "
ဒေါ်ခွန်းမေစကားအဆုံး ခွန်းခက်ပိုင်က ဗျာတစ်ခွန်းသာ။
"အင်း သူ့အမေကလဲ သားခွန်းကိုနေကောင်းလားမေးနေတယ် အဲ့တုန်းက ကိစ္စကိုမာမားတို့ အကုန်ရှင်းပြထားပြီ စိုင်းသဘောပါတဲ့ သူ့အမေက
စိုင်းလဲအရွယ်ရောက်ပြီဆိုတော့ လက်ထပ်ပွဲလုပ်ချင်ရင်လဲ ခွင့်ပြုပါမယ်တဲ့ သား Suprise တေွဘာတွေနဲ့ သားစိုင်းလေး ဘွဲ့ယူတဲ့နေကြရင် လက်ထပ်ခွင့်တောင်းမလား"
"ကျွန်တော်....."
"မင်း Daddy အကုန်တာဝန်ယူမယ်တဲ့"
"ကျွန်တော်တို့ တိုင်ပင်လိုက်ပါအုန်းမယ်"
"အေး အေး အဲ့တာဆိုလဲ အေးဆေးဆုံးဖြတ်ကြ"
မာမားစကားကြားတော့ ခွန်းခက်ပိုင် ပျော်မိသည်။ဒါပေမယ့်လဲ ဝမ်းနည်းမှူကနောက်ဆက်တွဲ ပါလာပြန်သည်။
အခန်းထဲမှာ အိပ်နေတဲ့ ကလေးငယ်ကို ကြည့်ရင်း ပိုမိုဝမ်းနည်းမိသည်။
"မသေချာမရေရာတဲ့ ကိုယ့်အသက်နဲ့ ဘယ်ချိန်ဘာဖြစ်မလဲ မသိတဲ့ အချိန်မှာ လက်ထပ်တယ်ဆိုတဲ့ နှောင်ကြိုးနဲ့ ကိုယ့်ကလေးကို မရစ်နှောင်ချည်ဘူး ကလေးငယ်"
စိုင်းမင်းခ သာ ထိုစကားကြားရင် ထိုနှောင်ကြိုးကို အသေချာပိုချည်မှာလို့ ဖြေမည်မှာ အသေချာပင်။
ဝရံတာဘက်ကို ငေးရင်း အခုတလော သောက်ဖြစ်တဲ့ Vape လေးကိုသောက်မိသည်။ရောဂါအခြေနေကြောင့် အနံ့ပင်မခံနိုင်ပေမယ့်
စိုင်းမင်းခသောက်နေကျ တံဆိပ်နဲ့ Vape ကိုအမြဲလိုလိုသောက်ဖြစ်သည်။သောက်နေရင်းနဲ့ပင် မျက်နှာပေါ်တိုက်ခတ်လာသော လေ ငွေ့နဲ့အတူ
မျက်ရည်လေးတွေကျဆင်းမိသည်။
"မသေခင်တော့ Vape ဆိုတဲ့ အရသာကို ခံစားဖူးခဲ့ပြီ ကလေးငယ် ဆေးလိပ်ဆိုတဲ့အရာကို ကိုယ်ထပ်စမ်းသပ်ကြည့်သင့်သလား "
ခွန်းခက်ပိုင်က သိပ်ကိုသရုပ်ဆောင်ကောင်းလှသည်။Vape သောက်သည်။အခုထိမည်သူမှမသိပေ။မင်းဝေအပါဝင်ပေါ့။သူထိုလုပ်ရပ်ကို လုပ်နေတာ စိုင်းမင်းခသာ သိခဲ့ရင် အဲ့နေ့က သူသောက်ဖို့ ပြောခဲ့သည်ကို သူ့ကိုယ်သူအပြစ်တင်နေမိတော့မည်ကို ခွန်းခက်ပိုင် တွေးခဲ့မိပါလေသလား။
****************
"ဘဲကြီး ထတော့ ထတော့လို့"
ထိုနေ့က ဖြစ်ပျက်ပြီးတည်းက စိုင်းမင်းခက
ခွန်းခက်ပိုင်ကို ကိုကို လို့မခေါ်တော့ပေ။အခုထိ
ဘာကိုစိတ်ဆိုးမှန်းမသိသေးတဲ့သူကို ခွင့်လွှတ်ပေးဖို့ မသင့်ပေ။ပြစ်ဒဏ်ပေးသည့်အနေ
ဖြင့် တစ်ပတ်တိတ်ဘဲကြီးလို့ ခေါ်သည်။
"ဘဲကြီး"
"ဒီနေ့က တစ်ပတ်ပြည့်ပြီမလား
ကိုကိုလို့ခေါ်သင့်ပြီကလေး"
မျက်လုံးဖွင့်ဖွင့်ချင်းပြောတဲ့သူက ကိုကို လို့ခေါ်ဖို့အကြောင်းရာတဲ့လေ။
"ကိုကိုရေ ထတော့ ဟုတ်ပြီလား
ကျွန်တော် ဘွဲ့သွားယူရမှာ မြန်မြန်ပြင်ဆင်တော့ ကိုကို"
"ထပါပြီ ကလေးရာ"
"အဲ့တာဆို ကျွန်တော် ရေသွားချိူးတော့မယ်နော်"
"အင်း ကလေး မြန်မြန်ချိုး အဟွတ်²"
မနက်အစော ဆိုးချင်လာတဲ့ ချောင်းကို တကယ်ဒေါသထွက်မိပါသည်။စိုင်းမင်းခက လှည့်ကြည့်တော့ ပြုံးပြလိုက်တော့သည်။ စိုင်းမင်းခ ရေချိူးခန်းထဲ ဝင်တာနဲ့ တစ်ဖက်က ရေချိုးခန်းဆီသွားကာ ချောင်းဆိုးသည်။သွေးက တစ်နေ့ထက်တစ်နေ့ပါလာတာပိုများသည်။ပါလာတဲ့ သွေးတွေကို သေချာဆေးကြောပြီးတာနဲ့ အဲ့အခန်းမှာဘဲ မျက်နှာသစ် ရေချိူးသည်။
အခန်းထဲပြန်ဝင်တော့ စိုင်းမင်းခက ခေါင်းကို Dryer မှုတ်နေတာကြောင့် Dryer ကိုယူရင်း မှုတ်ပေးသည်။
"ပေး ကိုယ်လုပ်ပေးမယ်"
"ကိုကို နေမကောင်းဘူးလားဟင်"
ဆံပင်အခြောက်ခံနေရင်း စိုင်းမင်းခက လှမ်းမေးသည်။
"ကောင်းပါတယ် ကလေးရဲ့ ဘာလို့လဲ"
"ဒီရက်ပိုင်း မျက်လုံးထဲ ပိန်သွားလားလို့"
"၃၀ ကျော်ဆိုတော့ အဲ့လိုပါဘဲ ကလေးရာ
လူကြီးရောဂါလေ ဟား....ဟား...."
ခွန်းခက်ပိုင်က နောက်ပြောင်ကာပြောတော့
စိုင်းမင်းခက ရယ်သည်။
"ကျွန်တော် အရင်သွားနှင့်မယ်နော်ကိုကို
ကျွန်တော်ကအမှတ်စဥ်ပထမအနေနဲ့ ဘွဲ့ယူရမှာ ဘွဲ့ယူပြီးတာနဲ့ ဟိုဘက်က အနုပညာတက္ကသိုလ်ကိုပြေးရမှာ ဒေလီယာက မမခင်မေမြင့်ကို လက်ထပ်ခွင့်တောင်းမှာလေ အဲ့တာသွားကူညီရမှာ ကိုကိုရေ ဆရာတွေကိုတောင်အကျိုးကြောင်းပြောပြီးပြီ"
"ဟုတ်ပြီ အဲ့တာဆို ကိုယ်နောက်မှ လိုက်လာမယ်နော်"
"ဟုတ်ကဲ့ကိုကို
ကိုကိုလာရင် အဲ့အနုပညာတက္ကသိုလ်ကိုဘဲ
လာလိုက်တော့နော် လာရင်းနဲ့ ကျွန်တော့်တွက် အဝတ်စားလေးပါ ယူလာပေး"
"ဟုတ်ပြီ ကလေး"
ပြောပြီးတာနဲ့ စိုင်းမင်းခက အကျီ်အမြန်ဝတ်ကာ အနမ်းပေးပြီးထွက်ဖို့ပြင်သည်။
"ကျွန်တော့်ကိုအနမ်းလေးပေးပါအုန်း"
စိုင်းမင်းခပြောတော့ ခွန်းခက်ပိုင်ပ နဖူးလေးကိုအနမ်းပေးသည်။စိုင်းမင်းခက ခေါင်းခါရင်း ပြန်ပြောသည်။
"ဟင့်အင်း နှုတ်ခမ်းကို...."
"ကဲ နောက်ကြတော့မယ် ကလေး သွားသင့်ပြီ"
"ဟွန့်.....ဘွဲ့ယူရမယ့်နေ့မှာတောင် အခွင့်ရေးမပေးဘူး သွားတော့မယ်"
"ဂရုစိုက်သွား ကလေးငယ်
ပြီးတော့ ကိုယ်က ကလေးကို ချစ်တယ်"
"ကျွန်တော်လဲချစ်တယ်"
စိုင်းမင်းခ ထွက်သွားတာနဲ့ အောင့်တက်လာတဲ့ ရင်ဘတ်ကို ခွန်းခက်ပိုင် ဖိမိပါသည်။ပိုမိုယားလာတဲ့ လည်ချောင်းကြောင့် ချောင်းလဲဆိုးမိသည်။ဖုန်းကိုယူလိုက်ပြီး မင်းဝေဆီလှမ်းဆက်လိုက်တော့သည်။
"Hello မင်းဝေ အဟွတ်²"
"ဆရာ...."
ခွန်းခက်ပိုင် တစ်ဖက်ကလူကို ဖုန်းခေါ်ရုံမျှသာ။ပြန်မဖြေနိုင်တော့ပေ တင်းကျပ်လာတဲ့ ရင်ဘတ်က တကယ်အဆင်မပြေ။
မင်းဝေ အောက်မှာစောင့်နေရင်းကနေ အပေါ်ကိုအမြန်တက်လာတော့သည်။အခန်းတံခါးဖွင့်တော့ ကြမ်းပြင်ထက် လဲလျောင်းနေတဲ့ သူ့ဆရာ။Private Doctor ကိုဖုန်းအမြန်လှမ်းဆက်လိုက်တော့သည်။ဆေးရုံကာနဲ့အတူပါလာမယ်ပြောတာနဲ့ နေရိပ်လိပ်စာကိုပြောလိုက်ပြီး ဖုန်းချကာ
ခွန်းခက်ပိုင်ကို ကုတင်ပေါ်တင်ပေးဖို့လုပ်သည်။
"မင်းဝေ ငါ့ကြောင့် ညစ်ပတ်သွားတဲ့ နေရာတွေကို သန့်ရှင်းရေးလုပ်လိုက်ပါ ပြီးတော့ ဗီရိုထဲမှာ ငါဝယ်ထားတဲ့အထုတ်ကို ၁၀ နာရီလောက်နေရင် ဒေလီယာတို့တက်တဲ့ကျောင်းကို သွားပေးပေးပါ အဟွတ်"''....."
"ဆရာ ဆက်မပြောနဲ့တော့
ကျွန်တော်ဆေးရုံကားခေါ်ထားပြီ"
"ငါဘယ်လောက်ကြာကြာ မေ့မလဲဆိုတာကို မသိဘူးမင်းဝေ ခွဲစိတ်ရင်အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာကိုလဲ ငါမသိဘူး ဒါပေမယ့် ငါမသေချင်သေးဘူး မင်းဝေ အဟွတ်...."
"ဆရာ..."
"မင်းဝေ စိုင်းကိုပြောပေးပါ ငါ နယ်ဘက်ကိုခရီးသွားရလိမ့်မယ်လို့ မြန်မာပြည်ကိုပြန်မယ်ပြောထားတာ ငါမကြာခင်လိုက်လာပါမယ်လို့ ငါ့ကိုတော့ စိုင်းစိတ်ဆိုးအုန်းမယ်ထင်တယ်"
ထို့နောက်မှာတော့ ခွန်းခက်ပိုင်ရဲ့ မျက်ဝန်းတွေက အမှောင်ထုလွှမ်းကာ မှေးမှိန်သွားတော့သည်။
မင်းဝေ ဆေးရုံကားစောင့်ရင်း နေရာကိုသန့်ရှင်းရေးလုပ်သည်။မကြာခင်ရောက်လာတဲ့ ဆေးရုံကားကြောင့် စိတ်ပူနေတာတွေလျော့သွားသည်။
Pv Dr ဖြစ်တာကြောင့် အချိန်မှီနဲ့ အမြန်ရောက်လာကာ လက်မတင်လေးပင် ကယ်တင်လိုက်နိုင်သည်။
ဆေးရုံကားထဲမှာ ခွန်းခက်ပိုင်ရဲ့ နှလုံးခုန်နှုန်းက
ပုံသေဖြစ်မနေခဲ့ပေ။
********************
စိုင်းမင်းခ အိမ်ကနေထွက်ကာ Taxi ငှားပြီးတော့သာ လာလိုက်တော့သည်။ မီးပွိုင့်တွေအမိ ရုတ်တရက် လျင်မြန်စွာ ဦးတည်နေတဲ့ ဆေးရုံကားသံသဲ့သဲ့က နှလုံးသားကို လှုပ်ခတ်မိသည်။
ဘယ်ကမှန်းမသိတဲ့ ဝမ်းနည်းမှုကြောင့် စိုင်းမင်းခ မျက်ဝန်း မျက်ရည်လေးဝဲမိသည်။
"တစ်နေ့တစ်နေ့ ဆေးရုံကားသံတွေကအမြဲကြားနေရတာဘဲ ဂျပန်က မြန်မာထက်ပိုဆိုးတယ်
လူတိုင်းအဆင်ပြေကြပါစေ"
ထိုအချိန်မှာသာ ထိုဆေးရုံကားလေး သွားခေါ်
မယ့်လူက သူမြတ်နိုးရတဲ့ လူမှန်းသာသိရင်
စိုင်းမင်းခ တစ်ယောက် Taxi ဖြင့်ဦးတည်ရာကို
သွားနေပါ့အုန်းမလား။
__________________________
23.05.2023(Tues)(9:30P.M& 7:00P.M)
#hosy
နောက်အပတ်ထဲ ဇာတ်သိမ်းမှာပါနော်။
35 ပိုင်းမှာပါ။
Zaw Gyi
"အကြောင်းရင်းက....."
ထိုအကြောင်း
"ဘာများလဲ"
"ကျွန်တော့်ကိစ္စပါ"
"အဲ့တာဆိုကိုယ်ကရော"
"မူးလဲတယ်"
"အင်း... အဟွတ်²"
!တီ တီ!
"Hello မာမား"
"ဗျာ "
စိုင်းလဲအရွယ်ရောက်ပြီဆိုတော့ လက်ထပ်ပွဲလုပ်ချင်ရင်လဲ ခွင့်ပြုပါမယ်တဲ့ သား Suprise တွေဘာတွေနဲ့ သားစိုင်းလေး ဘွဲ့ယူတဲ့နေကြရင် လက်ထပ်ခွင့်တောင်းမလား"
"ကျွန်တော်....."
****************
"ဘဲကြီး"
"ထပါပြီ ကလေးရာ"
"အဲ့တာဆို ကျွန်တော် ရေသွားချိုးတော့မယ်နော်"
"ပေး ကိုယ်လုပ်ပေးမယ်"
လူကြီးရောဂါလေ ဟား....ဟား...."
စိုင်းမင်းခက ရယ်သည်။
"ဟုတ်ကဲ့ကိုကို
"ဟုတ်ပြီ ကလေး"
"ဂရုစိုက်သွား ကလေးငယ်
"ကျွန်တော်လဲချစ်တယ်"
"Hello မင်းဝေ အဟွတ်²"
"ဆရာ...."
"ဆရာ ဆက်မပြောနဲ့တော့
"ဆရာ..."
ပုံသေဖြစ်မနေခဲ့ပေ။
********************
သွားနေပါ့အုန်းမလား။
__________________________
#hosy
35 ပိုင်းမှာပါ။