"ရေ ကအေး နေလား"
"မအေးပါဘူး...မောင်"
ချမ်းက ပြောပြီးရေဖလားလေးနဲ့ အုတ်ကန်ထဲက ရေကျူံးကာ လောင်းချိူးသည်။ညမီး ရောင် ဖြူဖြူအောက်မှာ ချမ်း ကိုယ်လေးဖွေးဖွေးလေးက ဖြူနုအုနေသည်။ရေစိုပုဆိုးက ကိုယ်မှာကပ်သွားသဖြင့် ချမ်း တင်လုံးလုံးလေးက ထင်းခနဲ။နေ သူ့ကိုနောက်ကျောပေးကာ ဆပ်ပြာလိမ်းနေသော ချမ်း ကိုကြည့်ရင်း ရင်ခုန်သံတွေမြန်ဆန်လာရသည်။ချမ်း တစ်ကိုယ်လုံးက ဝေ့ဝဲကြည့်နေရင်း အောက်ပိုင်းက တင်းခနဲဖြစ်လာသည်မို့ နေ မျက်နှာလွှဲကာ ရေသာတဗွမ်းဗွမ်းချိူးလိုက်ရသည်။
"ဘေဘီ"
"ဟင်"
နေ ခေါ်လိုက်သည်မို့ နေ့ကိုနောက်ကျောပေးနေသော ချမ်းက နေ့ဘက်လှည့်ကြည့်လာသည်။
"ကိုယ့်ကို ဆပ်ပြာလိမ်းပေး"
နေ့ စကားကြောင့် ချမ်း မျက်နှာလေးပန်းရောင်သမ်းသွားသည်ကိုမြင်ရသည်။ထို့နောက် ဘာမှမဆိုပဲ ဆပ်ပြာရည်ဘူးကို လက်ဖဝါးလေးထဲ ညှစ်ထည့်သည်။ မျက်လွှာလေးချကာနေ့ ရင်ဘတ်ကိုဖွဖွပွတ်သပ်လာသည်။နူးညံ့အိစက်သည့် လက်ဖဝါးနုနုလေးက နေ့ကိုယ်ပေါ်ပြေးလွှားပွတ်သပ်နေသည်။
နေ ရင်ခုန်သံတွေမြန်ဆန်လာရကာ ချမ်း ခါးလေးကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ရင်ခွင်နား တိုးကပ်စေသည်။
"မောင်!"
ရုတ်တရက် ပူးကပ်သွားရသည့်အခြေအနေကြောင့် ချမ်း နေ့ကိုမော့ကြည့်လာကာ တားမြစ်သလိုခေါ်သည်။
"မွှေးနေတာပဲ"
နေ က သင်းပျံ့နေသည့် ဆပ်ပြာရည်နံ့ကိုရှုရှိုက်ရင်းပြောသည်။ထိုရနံ့လေးက ချမ်း ထံမှရနေကျကိုယ်သင်းနံ့လေးအတိုင်းပင်ဖြစ်သည်။ချမ်း က နေ့ရင်ဘတ်ပေါ်လက်လေးတင်ကာ နေ့ကို မော့ကြည့်နေသည်။
နေက အဝတ်မပါသည့် ချမ်း ခါးလေးကိုပွတ်သပ်နေရင်းမှ ချမ်း တင်လုံးလုံးလေးကိုပွတ်သပ်ဆုပ်ကိုင်လာသည်။
"မောင်...ဖယ်..ဖယ်ပါ"
သန်မာသည့် နေ့ လက်အစုံကြောင့် ချမ်း မနေတတ်ဖြစ်ကာ နေ့လက်ကိုအသာတွန်းဖယ်လာသည်။နေက မဖယ်သည့်အပြင်လက်ကိုအားထည့်ရင်း ချမ်း နှုတ်ခမ်းလေးကို ထိကပ်နမ်းရှိုက်ရန်ပြင်သည်။
"မောင်နော်..ဖယ်လို့"
"ဟင့်အင်း"
"ပြွတ်စ်!!"
နေက ခေါင်းရမ်းကာချမ်း နှုတ်ခမ်းလေးကိုပြွတ်ခနဲတစ်ချက်နမ်းသည်။ပြီးနောက် ချမ်းပါးပြင်လေးကို ပွတ်တိုက်နမ်းရှိုက်သည်။
"ဟင်းးး"
အဝတ်အစားကင်းမဲ့နေ့သည့် ခန်ဓာကိုယ်ချင်းပူးကပ်ထိတွေ့နေရသည်မို့ နှစ်ယောက်စလုံးအသက်ရှုသံတွေမြန်လာသည်။နေက ချမ်း အပေါ်နှုတ်ခမ်းလွှာလေးကို စုပ်ယူသည်။ချမ်း ငြင်းဆန်ရန်မေ့ကာ နေ့အနမ်းတွေကိုတုန့်ပြန်လာသည်။
နေ့လက်အစုံက ချမ်း ကျောပြင်ဖွေးဖွေးလေးနဲ့တင်လုံးလုံးလေးအပေါ်မှာ စုန်ချီဆန်ချီ။ချမ်း ကလည်းနေ့လည်တိုင်ကိုသိုင်းဖက်လာကာ နေ့နှုတ်ခမ်းတွေပြန်လည်စုပ်ယူသည်။ရေစိုနေသည့် ခန်ဓာကိုယ်နှစ်ခုက ပူးကပ်ကာ အနမ်းတွေရှည်ကြာသည်။မီးရောင် အောက်မှာထင်ဟပ်နေသည့်အရိပ်နှစ်ခုက ပူးကပ်နေသည်။
"ဟင့်!"
နှုတ်ခမ်းတွေကွဲကွာသွားချိန်မှာတော့ ချမ်း ပါးစပ်လေးဟကာ အသက်ပြင်းပြင်းရှုသည်။
"ဆောရီး....ဘေဘီ ချမ်းနေတော့မှာပဲ...မြန်မြန်ရေချိူးရအောင်"
"ဟုတ်"
နှစ်ယောက်သား ရေစိုကြီးနဲ့အတော်ကြာသွားသည်မို့ အေးနေပြီဖြစ်သည်။ရေအမြန်ချိူးပြီး အိမ်လေးပေါ်တက်လာကြသည်။
"ဟပ်ချိူး"
ချမ်း နှာချေနေပြီဖြစ်သည်။နေက တီရှပ်ကောက်စွပ်ပြီး ချမ်း နှာချေသံကြောင့် ချမ်း ဘက်လှည့်ကြည့်လာသည်။
"အအေးမိသွားတာလား"
"ဟင့်အင်း"
ချမ်းက ခေါင်းလေးယမ်းကာ အသင့်ခင်းထားသည့်အိပ်ယာ ပေါ်ထိုင်သည်။hoddieထူထူလေးဝတ်ထားပြီး ချမ်း ကိုယ်လုံးလေးအင်ကျီထဲမြုပ်နေသည်။နေက တဘက်တစ်ထည်ယူကာ ချမ်းရှေ့မှာထိုင်ပြီး ရေစိုနေသည့် ချမ်း ဆံပင်ဖျားလေးတွေကိုသုတ်ပေးသည်။
"မောင်...ချမ်း အိပ်ချင်ပြီ..ဟပ်ချိူး"
စကားပြောရင်း ချမ်းက နှာထပ်ချေသည်။
"ဆောရီးကွာ မောင့်ကြောင့်..... နှာတောင်ချေနေပြီ...ထမင်းစာ ဆေးသောက်ပြီးမှ အိပ်ရအောင်နော် ဘေဘီ"
နေ က ချမ်း ခေါင်းကိုရေသုတ်ပေးနေရင်းချော့ပြောသည်။
"ဟင့်အင်း...အိပ်ချင်ပြီ"
ချမ်း တစ်ကိုယ်လုံးနုံးခွေ့ကာ ချမ်းစိမ့်စိမ့်ဖြစ်နေသည်မို့ စောင်ပုံထဲကွေးချင်နေပြီဖြစ်သည်။
"ခဏလေးလေနော်...ထမင်းစားတာဘယ်လောက်မှမကြာပါဘူး..အဲတာပြီးရင်အိပ်...ဒါမှမဟုတ် ထမင်းမစားချင်ဘူးဆို မောင် တစ်ခုခုသွားဝယ်ပေးရမလား"
"မဝယ်နဲ့..မောင်..ချမ်း ထမင်းပဲစားတော့မယ်"
မောင်က စိတ်ပူစွာပြောလာသည်မို့ ချမ်း မငြင်းတော့ပဲ ထမင်းစားဖို့ပါလာသည်။နေက ချမ်း လက်လေးကိုဆုပ်ကိုင်ကာ အရှေ့အိမ်ပေါ်တက်လာသည်။
"လာကြ..လာကြ..ထမင်းပွဲပြင်ပြီးပြီနေ ရေ"
မနော်က ထမင်းပွဲနား ယပ်တောင်လေးကိုင်ကာ ယပ်ခတ်နေရင်းမှ နေတို့လာတာမြင်တော့ အော်ခေါ်သည်။
"အစ်ကို!..နေ တို့ရောက်လာပြီလေ...ထမင်းစားရအောင်"
မနော်က ခင်ပွန်းဖြစ်သူကိုအသံပြုသည်။
"အေး....လာပြီကွ!ဒီမှာ တို့စားရွက်သွားခူးနေလို့"
ကိုမျိူးက အိမ်ပေါ်တက်လာရင်းပြန်အော်ပြောသည်။
"ပေး..ပေး အရွက်တွေ သွားဆေးအုံးမယ်"
မနော်က ပြောပြီးကိုမျိူးလက်ထဲမှတို့စားရွက်တွေယူကာ မီးဖိုချောင်ထဲပြန်ဝင်သွားသည်။
"ဟင်းတွေက..စုံ နေတာပဲဗျာ"
စားပွဲဝိုင်းတစ်ဝိုင်းလုံးပြည့်လုနီးပါး ဟင်းတွေကြောင့် နေက ချမ်း လက်ဆွဲကာ စားပွဲဘေးဝင်ထိုင်ရင်းပြောသည်။
"စုံရမှပေါ့ကွ...မင်းက တစ်ခါတစ်လေမှ ရောက်လာတတ်တာ"
ကိုမျိူးက လက်ဆေးကာ ထမင်းပန်းကန်ကိုင်သည်။နေ လည်း လက်ဆေးပန်းကန်ထဲ လက်ဆေးသည်။ချမ်း က နေ လက်ဆေးသည့်အတိုင်း လက်ဆေးဖို့ပြင်တော့ နေ ချမ်းလက်လေးကိုကမန်းကတန်းဆွဲသည်။
"ဘေဘီ..ရေထပ်မထိနဲ့တော့လေ...ဇွန်းနဲ့စားရအောင်နော်"
ပြောပြီး အသင့်ရှိသည့်ဇွန်းခက်ရင်းကိုယူကာ ချမ်း ထမင်းပန်းကန်ထဲ ထည့်ပေးသည်။ချမ်းက ခေါင်းလေးငြိမ့်ကာ နေ့ ဘေးနားဝင်ထိုင်သည်။
"ငခန့် မမြင်ပါ့လား"
"မင်းတူက စားသောက်ပြီး စက်တော်ခေါ်နေပြီ နေ ရေ....ရော့!..ဒီမှာ ငါးပိငရုတ်သီးချက်လေးနဲ့တို့စားကြ"
မနော်က ပန်းကန်တစ်ချပ်ထဲ တို့စားရွက်တွေ ထည့်ယူလာကာ ထမင်းပွဲတွင်ဝင်ထိုင်ရင်းပြောသည်။
"မောင်လေး...အားမနာနဲ့နော်..ဟင်းတွေကြိုက်တာ ထည့်စား"
ထမင်းလေးတို့တိတို့တိစားနေသော ချမ်း ထံလှည့်ကာ ပြောသည်။
"ဟုတ်..ကျေးဇူးပါ အစ်မ"
"ကျေးဇူး ဆိုတဲ့စကား ခဏ ခဏမပြောကြပါနဲ့အေ..ကြားရတာ နားထောက်တယ်"
"ဟုတ်ပါပြီဗျာ"
မနော် စကားကြောင့် နေက သဘောကျစွာခေါင်းငြိမ့်သည်။သဘောကောင်းလွန်းသော အိမ်ရှင်တွေကြောင့် ချမ်း ကျေးဇူးတင်ရပါသည်။
"ကြက်မြစ်ကြက်သည်းစားမလား ဘေဘီ"
"ဟင့်အင်း..တော်ပြီ"
"ဒါဆို မုန်းညင်ရွက်ကြော်စားမလား"
ချမ်းက ခေါင်းလေးငြိမ့်တော့ နေက ချမ်း ပန်းကန်ထဲ အရွက်ကြော်တွေ ခပ်ထည့်ပေးသည်။ပြီးနောက် ချမ်း ထမင်းပန်းကန်ဘေးက ဖန်ခွက်လေးထဲ ရေထပ်ဖြည့်ပေးသည်။
လိုလေသေးမရှိဂရုတစိုက်လုပ်ပေး နေ သည့် နေ့ကြောင့် ကိုမျိူးတို့လင်မယားနှစ်ယောက် မျက်လုံးချင်းဆုံသည်။ဒီကောင် သူ့မိန်းမလေးကိုတော်တော်ချစ်ရှာသား။မနော်က ထမင်းကိုတိတ်တဆိတ်စားကာ ချမ်း ကိုမသိမသာအကဲခတ်နေသည်။ဖြူနုအုနေသော အသားအရည်က ထိရက်စရာပင်မရှိ။မျက်နှာလေး လှချက်ကလည်းမှုံနေသည်။ဒီလောက်ချောလှနေမှတော့ နေမင်းတာရာတို့ သည်းသည်းလှုပ်ဖြစ်နေတာ အဆန်းမဟုတ်။
"ဒါနဲ့...ညီလေး နာမည်က......."
ကိုမျိူးက ထမင်းလုတ်ကိုပါးစပ်ထဲထည့်ရင်း ချမ်းကိုဦးတည်မေးသည်။
"ချမ်းမြေ့ရောင် လို့ခေါ်တယ်...ကိုမျိူး"
နေက အစားဝင်ဖြေပေးသည်။
"အော်...အင်း..အသက်ကလည်း နေနဲ့ရွယ်တူပဲထင်တယ်"
ကိုမျိူးက ထပ်မေးသည်။အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုသည့် နေ့ကို ကိုမျိူးနှမြောတော့နှမြောမိသည်။ဒီကောင် နေက အသက်နှစ်ဆယ်တောင်မပြည့်သေးဘူးထင်သည်။
"ကျွန်တော်က နှစ်ဆယ်ထဲရောက်နေပြီ....ချမ်းက နှစ်ဆယ့်နှစ်"
နေက အစားမပျက်ပြန်ဖြေသည်။
"ငယ်ကြသေးတာပဲ"
ကိုမျိူးက အစားမြန်သည်မို့ပြီးစီးသွားကာ လက်ဆေးရင်းပြန်ပြောသည်။မနော်က ခင်ပွန်းဖြစ်သူပန်းကန်ဆေးပေးရန် လှမ်းယူသည်။ကိုမျိူးကအလုပ်ကြိုးစားသည့်အပြင် မိန်းမနဲ့သား အပေါ်ချစ်ခင်ညှာတာသည်မို့ မနော်က ယော်ကျားအပေါ် ချစ်ခင်လေးစားမှုရှိသည်။
"အိမ်ထောင်သည် ဘဝကအစစအရာရာတော့ အဆင်ပြေမချော့မွေ့ဘူးပေါ့ကွာ...နှစ်ဦးသား စိတ်သဘောထားကွဲလွဲမှုတွေရှိမယ်..စီးပွားရေး၊လူမှုရေး ကိစ်စအဝဝတွေကိုယ်တိုင်ဖြေရှင်းလုပ်ကိုင်ရတာတွေရှိမယ်....မိဘအိမ်မှာ နေရတာနဲ့တော့ ဘယ်တူမလဲ....ဒီလိုပဲ နှစ်ဦးသားညှိုနှိုင်းတိုင်ပင်ပြီးနေကြပေါ့...ဒီမှာတော့ မင်းတို့အဆင်ပြေတဲ့အချိန်အထိ အေးဆေးနေလို့ရတယ်"
"ဟုတ်ကဲ့"
ကိုမျိူးပြောစကားကို ချမ်းတို့နှစ်ဦးလုံး ခေါင်းငြိမ့်နားထောင်သည်။
"ဟို..ကျွန်တော်တို့ ဒီမှာ တစ်ပတ်နှစ်ပတ်လောက်နေဖြစ်အုံးမှာဆိုတော့...အခန်းငှားခကျသလောက်ရှင်းပါ့မယ်"
ချမ်းက အားနာစွာဝင်ပြောသည်။နေစရာ၊စားစရာအလကားပေးနေခိုင်းသည်ကတော့ သဘောကောင်းလွန်းရာရောက်ပါသည်။
"မဟုတ်တာ..ဘယ်နှယ့်ပေးရမလဲ....ဘာမှပေးစရာမလိုဘူး အေးဆေးနေကြ"
မနော်က ချမ်းစကားကိုအလျင်အမြန်ဝင်ငြင်းသည်။
"ဒါနဲ့...ဒီကမောင်လေး...နေမကောင်းဖြစ်နေတာလား..မျက်နှာလေးနွမ်းနေတာပဲ"
နှာဖျားလေးအနည်းငယ်ရဲနေကာ နွမ်းနယ်နေသည့် ချမ်း မျက်နှာလေးကိုကြည့်ကာ မနော်ကပြောလာသည်။
"ဟုတ်တယ်...မနော်..ရေနွေးရမလား..ချမ်း ဆေးသောက်မလို့"
နေက စားသောက်ခြင်းကိုလက်စသပ်ကာ ဝင်မေးသည်။
"ရှိတယ်..ရှိတယ်...မင်းတို့ ရေချိူးတာက အကြာကြီးကိုကွဲ့....အအေးမိသွားတာနေမယ်...ဗမာဆေးပူလေးနဲ့ရေနွေးပူပူလေးသောက်ပြီး စောင်ခြုံနေလိုက်...ချွေးတွေထွက်ပြီးသက်သာလာလိမ့်မယ်....နေအုံး..နေအုံး ဆေးရည်သွားဖျော်အုံးမယ်"
မနော်က ပြောပြောဆိုဆို ဘုရားစင်နားက ဆေးပုလင်းလေးယူကာ မီးဖိုခန်းထဲဝင်သွားသည်။ပြန်ထွက်လာတော့ ဆေးပူဖျော်ထားသည့် ပန်းကန်လုံးလေးကိုင်လျက်။ချမ်းကို ကမ်းပေးလာသည်မို့ ချမ်း လှမ်းယူကာသောက်လိုက်သည်။
"ကျေးဇူးပါနော်..အစ်မ"
ချမ်းက မနေတတ်စွာကျေးဇူးတင်စကားဆိုသည်။
"ရတယ်..ရတယ်"
စားသောက်ပြီးစီးတော့ နေနဲ့ချမ်း အရှေ့အိမ်လေးမှ ဆင်းကာ အနောက်အိမ်လေးပေါ်တက်လာကြသည်။အိမ်လေးပေါ်မှ ပရိဘောဂပစ်စည်းများများစားစားတော့မရှိ။ခုတင်ခပ်လတ်လတ်လေးတစ်လုံးပေါ်မှာ မွေ့ယာပါးပါးလေးခင်းထားသည်။လျှပ်စစ်မီးသီးချောင်း လေးက သေးပေးမဲ့ အလင်းရောင်အပြည့်အဝ ပေးစွမ်းနေသည်။
"ဘေဘီ..အိပ်မှာဆိုအိပ်တော့လေ"
"အင်း...မောင်ရော"
"မောင်..ဟိုကောင်တွေကို ဖုန်းဆက်လိုက်အုံးမယ်"
"လင်းမြတ်တို့ကိုလား"
"ဟုတ်တယ် ဘေဘီ...လာ..အိပ်ရာထဲလှဲတော့"
နေ က ချမ်းကို မွေ့ယာပေါ်လှဲစေသည်။စောင်၊ခေါင်းအုံး အိပ်ယာခင်းတွေက အစ အသစ်စက်စက်တွေဖြစ်ဟန်တူသည်။နေ ကိုမျိူးကို ကျေးဇူးတင်ရသည်။သူတို့အတွက် လိုလေသေးမရှိအကုန်စီစဉ်ပေးထားသည်။
စောင်ကို ချမ်း ရင်ဘတ်လေးနားအထိ ခြုံပေးကာ ချမ်း နဖူးလေးပေါ်လက်ဖဝါးအုပ်ကာ အပူချိန်စမ်းသည်။ကိုယ်လေး နွေးနေသည်မို့ နေ ကိုယ့်ကိုယ်သာအပြစ်တင်မိသည်။ရေချိူးနေတုန်း သူမထိန်းနိုင်နမ်းလိုက်မိသည်မလား။ရေစိုကြီးနဲ့ အချိန်ကြာသွားသည်မို့ ချမ်း နေမကောင်းဖြစ်သွားသည်ထင်သည်။
"နေရတာ အဆင်ပြေတယ်မလား..ဘေဘီ ခေါင်းရောကိုက်နေလား"
"ဟင့်အင်း မကိုက်ဘူး မောင်...ဒီအတိုင်းနည်းနည်းလေး ချမ်းနေရုံပဲ"
"အင်း..ခဏလေး မောင် ဖုန်းပြောပြီးတာနဲ့ လာအိပ်မယ်နော်..ဘေဘီ အိပ်နှင့်"
"ဟုတ်"
"ရွှတ်!!"
နေက ချမ်း ပါးမို့မို့လေးကိုရွှတ်ခနဲတစ်ချက်နမ်းပြီးမှ အသင့်ထောင်ထားသည့် ခြင်ထောင်လေးကို ချပေးပြီးထွက်သွားသည်။ချမ်း မျက်လုံးလေးတွေမှိတ်ကာအိပ်ဖို့ကြိုးစားသည်။
နေ ခေါင်းငုံ့ကာ အိမ်ပေါက်ဝမှထွက်လာပြီးနောက် သုံးလေးဆင့်သာရှိသည့် လှေကားထစ်လေးတွင် ထိုင်လိုက်သည်။နေ လင်းမြတ်ကိုဖုန်းခေါ်ရန်ပြင်နေစဉ် အချိန်ကိုက်ဝင်လာသည့် ဖုန်းကြောင့် နေ ခဏ ငြိမ်သွားရသည်။contact nameမှာ အဘွား ဆိုသည့်နာမ်စားတစ်ခုက နေရာယူနေလျက်။ဒီအချိန်သူ ချမ်းနဲ့ခိုးပြေးသည်မှန်းသိသွားရင် ဘွား သေချာပေါက် သူ့ကိုစိတ်ဆိုးမှာဖြစ်သည်။လောလောဆယ် သူအသိပေးလိုက်ရင် ချမ်းနဲ့သူ့ကို လိုက်ခွဲမလားတောင်မပြောတတ်။
သို့ပေမဲ့ ဘွားတို့စိတ်ပူနေမှာစိုး၍ နေ ဖုန်းကိုင်လိုက်သည်။
"Hello"
"မြေး...ဘယ်ရောက်နေတာလဲ....အခုဘယ်မှာလဲ"
ဖုန်းထဲမှ ကြည်လင်ပီသသော အဘွားအသံကထွက်ပေါ်လာသည်။ညရှစ်နာရီခွဲခန့်သာ ရှိသေးသည်မို့ အဘွားအိပ်သေးပုံမပေါ်။
"ကျွန်တော် နယ်ဘက်ခဏရောက်နေတာအဘွား....ရက်ပိုင်းလောက်ပြန်လာဖြစ်မှာမဟုတ်သေးဘူး"
"နယ်ဘက်!?...မြေးက ဘာကိစ်စနဲ့ မပြောမဆို နယ်ရောက်သွားရတာလဲ"
တစ်ဖက်မှ ဒေါ်ဝါဝါညွှန့်မျက်ခုံးအစုံကျူံ့သွားရင်းမေးသည်။
"ကိစ်စလေးရှိလို့..ဘွား စိတ်မပူနဲ့နော်...အမေ့ကိုလည်း ပြောပေးပါအုံး..ဘာမှစိတ်မပူနဲ့လို့"
"စိတ်မပူလို့ရမလား နေမင်းတာရာ..တကယ်လုပ်ချင်လုပ်တတ်တဲ့ အကျင့်ကတော့ မင်းအဖေအတိုင်းပဲ...အခု ဘယ်မှာလဲ နေရာအတိအကျပြောလေ!"
"ပြောလို့မရသေးဘူး အဘွား..ကျွန်တော်တို့ခဏလောက် လွတ်လွတ်လပ်လပ်နေပါရစေ"
"ကျွန်တော်တို့!?..ဟုတ်လား မင်းနဲ့အတူဘယ်သူပါသေးလို့လဲ"
မေးလာသည့်အဘွားစကားကြောင့် နေ ကိုယ့်လျှာကိုကိုက်ပစ်ချင်သွားသည်။အဘွားရှေ့မှာမှ စကားမှားပြောမိရတယ်လို့။
"ဒါပဲနော်အဘွား..ကျွန်တော်ဖုန်းချတော့မယ်....ကျွန်တော့်ကိုလိုက်မရှာနဲ့နော်"
နေက ပြောပြီးတစ်ဖက်ကဘာမှ တုန့်မပြန်ခင်ဖုန်းအမြန်ချလိုက်သည်။ဟူးး။နေ လေပူတောင်မှုတ်ထုတ်မိသွားသည်။နှစ်ဖက်မိဘတွေကို သူရင်ဆိုင်ရမှာပေါ့ပေါ့သေးသေးတော့မဟုတ်။
နေ အဘွားဖုန်းနံပါတ်ကို ခဏblockထားလိုက်သည်။အဲဒါမှ အဘွား နောက်ထပ်သူ့ကိုဖုန်းဆက်မရမှာဖြစ်သည်။
လင်းမြတ်ဖုန်းကို ခေါ်လိုက်တော့ တစ်ဖက်မှချက်ချင်းကိုင်လာသည်။
"Hey!..သားကြီး ဘာကိစ်စမှ မရှိရင်ဖုန်းချလိုက်စမ်း.....ငါ ဒီမှာဂိမ်းဆော့နေတယ်"
တစ်ဖက်မှ လင်းမြတ်အသံအော်ကျယ်အော်ကျယ်က ထွက်ပေါ်လာသည်။
"ဟုတ်လား..ဘာကိစ်စမှတော့မရှိပါဘူးကွာ...ငါတို့ ခိုးပြေးသွားပြီဆိုတဲ့အကြောင်း..မင်းတို့ကို လှမ်းအသိပေးတာ"
"ဘာ!!"
တစ်ဖက်မှအံ့ဩသင့်သံကြီးထွက်ပေါ်လာသည်။
"ထက် .ထက်ပိုင် မင်းကြားတယ်မလား"
လင်းမြတ်က ဂိမ်းထဲမှပင်ထွက်လိုက်ကာ ရှေ့ကထက်ပိုင်ကိုလှမ်းပြောသည်။ထက်ပိုင်နဲ့လင်းမြတ်က ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာ ဂိမ်းထိုင်ဆော့နေကြခြင်းဖြစ်သည်။နေ မပါတော့ သူတို့အဖွဲ့က တစ်ခုခုလိုနေသလိုပင်။ထက်ပိုင်က လင်းမြတ်ဆီမှ ဖုန်းကိုဆွဲယူလိုက်ရင်း....
"ဟေ့ကောင် မင်းတကယ်ပြောတာလား"
"အင်းလေ"
"ဟ!!တကယ်ကြီးလား"
နေ ကရည်းစားတွေထည်လဲတွဲပေမဲ့ စောစောစီးစီးအိမ်ထောင်ပြုဖို့တော့ စိတ်ကူးရှိခဲ့သည်ကောင်မဟုတ်။
"တကယ်ပါဆိုကွာ"
"မင်းတို့စောလွန်းတယ်မဟုတ်ဘူးလား..တွဲတာတောင်သိပ်မကြာသေးဘူး"
ထက်ပိုင်က တွေးတွေးဆဆပြောသည်။
"ဟုတ်သားပဲ...ဘယ်နှစ်လရှိသေးလို့တုန်း"
လင်းမြတ်က ဝင်ပြောလာသည်။သူ့တို့ဘော်ဒါကြီးကိုတော့ နှမြောမိသား။
"ရှစ်လ ရှိပြီလေ..အဲတာတွေက အရေးမကြီးပါဘူး..ငါ ချမ်းကိုမခွဲနိုင်အောင် ချစ်မိသွားလို့..ချမ်း မားသားကြီးက သဘောမတူတော့ ခိုးပြေးဖြစ်သွားတာကွာ"
"အေးပါ မယကကြီးရဲ့...ခုက ဘယ်မှာလဲ"
"ကိုမျိူးတို့အိမ်မှာ....အမေ မင်းတို့ကိုမေးလာရင် မသိဘူးပဲပြောနော် ဟေ့ကောင်တွေ....ငါတို့ ဒီမှာ နှစ်ပတ်သုံးပတ်လောက်တော့ အေးဆေးနေချင်တယ်"
"သိပါတယ်ကွ...မပြောပါဘူး ...ဟဲ..ဟဲ..ဒါနဲ့ မဂ်လာဦးညအတွေ့အကြုံလေး ပြန်ဝေမျှအုံးနော် သားကြီး"
လင်းမြတ်က တဟဲဟဲရယ်ကာပြောသေးသည်။
"ချီးပဲ!!မျှစရာလား ဒါပဲ ချပြီ"
နေက ပြောချင်ရာပြောပြီးတီခနဲချသွားတော့ တစ်ဖက်မှ လင်းမြတ်တို့နှစ်ကောင် နေ့ကိုမေတ်တာပို့ဆဲဆိုကျန်နေခဲ့သည်။
နေ အိမ်ထဲပြန်ဝင်လာတော့ ချမ်းက ဘေးတစောင်းလေးအိပ်ပျော်နေပြီဖြစ်သည်။နေ ဝတ်ထားသည့်တီရှပ်ကိုဆွဲချွတ်ကာ ဘောင်းဘီတစ်ထည်နဲ့ ခြင်ထောင်ထဲဝင်လာသည်။နေက ညအိပ်ရင်အင်ကျီချွတ်အိပ်နေကျဖြစ်သည်။
ချမ်း ခြုံထားသည့် စောင်ထဲတိုးဝင်လိုက်တော့ ချမ်းက လူးလွန်းလှုပ်ရှားလာသည်။
"မောင်"
နေ့ဘက်ကို ကိုယ်လေးလှည့်လာကာ ချမ်းကခေါ်သည်။
"အင်း...မောင် ရောက်နေပြီ ဘေဘီ"
နေက ချမ်းကိုယ်လုံးလေးကိုထွေးပွေ့ရင်းပြောသည်။ချမ်းက နေ့ရင်ခွင်ထဲပိုမိုတိုးဝင်လာကာ နေ့ ခါးကိုဖက်တွယ်လာသည်။ပူနွေးကာအိစက်နေသည့်ကိုယ်လုံးလေးက နေ့ရင်ခွင်နဲ့အံဝင်တကျ။
ချမ်း ခေါင်းလေးကိုသာ ငုံ့နမ်းလိုက်ပြီးနေ အိပ်စက်ရန်ကြိုးစားသည်။ချမ်း နေ မကောင်းဖြစ်နေသည်မို့ နေ ဒီညတော့ ဆန်ဒတွေကိုထိန်းချူပ်ထားလိုက်သည်။မဂ်လာဦးချင်ပေမဲ့ ချမ်း နေမကောင်းဖြစ်နေသည်မလား။
နေကောင်းမှ အတိုးချချစ်တာပေါ့ကွာ။ချမ်းကိုယ်လုံးလေးကိုသာ တင်းတင်းတိုးဖက်လိုက်ရင်း နေ ဖြည်သိမ့်ရသည်။နေ့ရင်ခွင်ထဲမှ ကောင်လေးကတော့ နေ့အတွေးတွေကိုမသိပဲ နွေးထွေးစွာအိပ်ပျော်နေပြီ။အိပ်စက်ေနသည့် ကောင်လေးကိုကြည့်ပြီး နေ့နှုတ်ခမ်း
ထက်တွင်ပြုံးရိပ်ထင်သည်။ချမ်း ကိုယ်လုံးလေးထွေးပွေ့ပြီးအိပ်စက်ရခြင်းက ကြည်နူးဖို့ကောင်းသည်။ပထမဦးစွာ အတူအိပ်စက်ရသည့် ချစ်သူနှစ်ဦးအဖို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တို့မရှိပေမဲ့ နွေးထွေးခြင်းတို့ကြီးစိုးပြီးကြည်နူးမှုတို့ကအတိုင်းအဆမဲ့။
3049words
updateကြာသွားတဲ့အတွက် ကိုယ်တောင်းပန်ပါတယ် ခုမှနေပြန်ကောင်းလို့ပါ
ခုကစပြီး ပုံမှန်upပါ့မယ်နော် တစ်ရက်တစ်ပိုင်းမupနိုင်ရင်တောင် နှစ်ရက်တစ်ပိုင်းတော့ သေချာupပါ့မယ်😁
"ေရ ကေအး ေနလား"
"မေအးပါဘူး...ေမာင္"
ခ်မ္းက ေျပာၿပီးေရဖလားေလးနဲ႔ အုတ္ကန္ထဲက ေရက်ဴံးကာ ေလာင္းခ်ိဴးသည္။ညမီး ေရာင္ ျဖဴျဖဴေအာက္မွာ ခ်မ္း ကိုယ္ေလးေဖြးေဖြးေလးက ျဖဴႏုအုေနသည္။ေရစိုပုဆိုးက ကိုယ္မွာကပ္သြားသျဖင့္ ခ်မ္း တင္လုံးလုံးေလးက ထင္းခနဲ။ေန သူ႔ကိုေနာက္ေက်ာေပးကာ ဆပ္ျပာလိမ္းေနေသာ ခ်မ္း ကိုၾကည့္ရင္း ရင္ခုန္သံေတြျမန္ဆန္လာရသည္။ခ်မ္း တစ္ကိုယ္လုံးက ေဝ့ဝဲၾကည့္ေနရင္း ေအာက္ပိုင္းက တင္းခနဲျဖစ္လာသည္မို႔ ေန မ်က္ႏွာလႊဲကာ ေရသာတဗြမ္းဗြမ္းခ်ိဴးလိုက္ရသည္။
"ေဘဘီ"
"ဟင္"
ေန ေခၚလိုက္သည္မို႔ ေန႔ကိုေနာက္ေက်ာေပးေနေသာ ခ်မ္းက ေန႔ဘက္လွည့္ၾကည့္လာသည္။
"ကိုယ့္ကို ဆပ္ျပာလိမ္းေပး"
ေန႔ စကားေၾကာင့္ ခ်မ္း မ်က္ႏွာေလးပန္းေရာင္သမ္းသြားသည္ကိုျမင္ရသည္။ထို႔ေနာက္ ဘာမွမဆိုပဲ ဆပ္ျပာရည္ဘူးကို လက္ဖဝါးေလးထဲ ညႇစ္ထည့္သည္။ မ်က္လႊာေလးခ်ကာေန႔ ရင္ဘတ္ကိုဖြဖြပြတ္သပ္လာသည္။ႏူးညံ့အိစက္သည့္ လက္ဖဝါးႏုႏုေလးက ေန႔ကိုယ္ေပၚေျပးလႊားပြတ္သပ္ေနသည္။
ေန ရင္ခုန္သံေတြျမန္ဆန္လာရကာ ခ်မ္း ခါးေလးကို လက္ႏွစ္ဖက္ျဖင့္ဆုပ္ကိုင္ကာ ရင္ခြင္နား တိုးကပ္ေစသည္။
"ေမာင္!"
႐ုတ္တရက္ ပူးကပ္သြားရသည့္အေျခအေနေၾကာင့္ ခ်မ္း ေန႔ကိုေမာ့ၾကည့္လာကာ တားျမစ္သလိုေခၚသည္။
"ေမႊးေနတာပဲ"
ေန က သင္းပ်ံ႕ေနသည့္ ဆပ္ျပာရည္နံ႔ကိုရႈရႈိက္ရင္းေျပာသည္။ထိုရနံ႔ေလးက ခ်မ္း ထံမွရေနက်ကိုယ္သင္းနံ႔ေလးအတိုင္းပင္ျဖစ္သည္။ခ်မ္း က ေန႔ရင္ဘတ္ေပၚလက္ေလးတင္ကာ ေန႔ကို ေမာ့ၾကည့္ေနသည္။
ေနက အဝတ္မပါသည့္ ခ်မ္း ခါးေလးကိုပြတ္သပ္ေနရင္းမွ ခ်မ္း တင္လုံးလုံးေလးကိုပြတ္သပ္ဆုပ္ကိုင္လာသည္။
"ေမာင္...ဖယ္..ဖယ္ပါ"
သန္မာသည့္ ေန႔ လက္အစုံေၾကာင့္ ခ်မ္း မေနတတ္ျဖစ္ကာ ေန႔လက္ကိုအသာတြန္းဖယ္လာသည္။ေနက မဖယ္သည့္အျပင္လက္ကိုအားထည့္ရင္း ခ်မ္း ႏႈတ္ခမ္းေလးကို ထိကပ္နမ္းရႈိက္ရန္ျပင္သည္။
"ေမာင္ေနာ္..ဖယ္လို႔"
"ဟင့္အင္း"
"ႁပြတ္စ္!!"
ေနက ေခါင္းရမ္းကာခ်မ္း ႏႈတ္ခမ္းေလးကိုႁပြတ္ခနဲတစ္ခ်က္နမ္းသည္။ၿပီးေနာက္ ခ်မ္းပါးျပင္ေလးကို ပြတ္တိုက္နမ္းရႈိက္သည္။
"ဟင္းးး"
အဝတ္အစားကင္းမဲ့ေန႔သည့္ ခန္ဓာကိုယ္ခ်င္းပူးကပ္ထိေတြ႕ေနရသည္မို႔ ႏွစ္ေယာက္စလုံးအသက္ရႈသံေတြျမန္လာသည္။ေနက ခ်မ္း အေပၚႏႈတ္ခမ္းလႊာေလးကို စုပ္ယူသည္။ခ်မ္း ျငင္းဆန္ရန္ေမ့ကာ ေန႔အနမ္းေတြကိုတုန႔္ျပန္လာသည္။
ေန႔လက္အစုံက ခ်မ္း ေက်ာျပင္ေဖြးေဖြးေလးနဲ႔တင္လုံးလုံးေလးအေပၚမွာ စုန္ခ်ီဆန္ခ်ီ။ခ်မ္း ကလည္းေန႔လည္တိုင္ကိုသိုင္းဖက္လာကာ ေန႔ႏႈတ္ခမ္းေတြျပန္လည္စုပ္ယူသည္။ေရစိုေနသည့္ ခန္ဓာကိုယ္ႏွစ္ခုက ပူးကပ္ကာ အနမ္းေတြရွည္ၾကာသည္။မီးေရာင္ ေအာက္မွာထင္ဟပ္ေနသည့္အရိပ္ႏွစ္ခုက ပူးကပ္ေနသည္။
"ဟင့္!"
ႏႈတ္ခမ္းေတြကြဲကြာသြားခ်ိန္မွာေတာ့ ခ်မ္း ပါးစပ္ေလးဟကာ အသက္ျပင္းျပင္းရႈသည္။
"ေဆာရီး....ေဘဘီ ခ်မ္းေနေတာ့မွာပဲ...ျမန္ျမန္ေရခ်ိဴးရေအာင္"
"ဟုတ္"
ႏွစ္ေယာက္သား ေရစိုႀကီးနဲ႔အေတာ္ၾကာသြားသည္မို႔ ေအးေနၿပီျဖစ္သည္။ေရအျမန္ခ်ိဴးၿပီး အိမ္ေလးေပၚတက္လာၾကသည္။
"ဟပ္ခ်ိဴး"
ခ်မ္း ႏွာေခ်ေနၿပီျဖစ္သည္။ေနက တီရွပ္ေကာက္စြပ္ၿပီး ခ်မ္း ႏွာေခ်သံေၾကာင့္ ခ်မ္း ဘက္လွည့္ၾကည့္လာသည္။
"အေအးမိသြားတာလား"
"ဟင့္အင္း"
ခ်မ္းက ေခါင္းေလးယမ္းကာ အသင့္ခင္းထားသည့္အိပ္ယာ ေပၚထိုင္သည္။hoddieထူထူေလးဝတ္ထားၿပီး ခ်မ္း ကိုယ္လုံးေလးအင္က်ီထဲျမဳပ္ေနသည္။ေနက တဘက္တစ္ထည္ယူကာ ခ်မ္းေရွ႕မွာထိုင္ၿပီး ေရစိုေနသည့္ ခ်မ္း ဆံပင္ဖ်ားေလးေတြကိုသုတ္ေပးသည္။
"ေမာင္...ခ်မ္း အိပ္ခ်င္ၿပီ..ဟပ္ခ်ိဴး"
စကားေျပာရင္း ခ်မ္းက ႏွာထပ္ေခ်သည္။
"ေဆာရီးကြာ ေမာင့္ေၾကာင့္..... ႏွာေတာင္ေခ်ေနၿပီ...ထမင္းစာ ေဆးေသာက္ၿပီးမွ အိပ္ရေအာင္ေနာ္ ေဘဘီ"
ေန က ခ်မ္း ေခါင္းကိုေရသုတ္ေပးေနရင္းေခ်ာ့ေျပာသည္။
"ဟင့္အင္း...အိပ္ခ်င္ၿပီ"
ခ်မ္း တစ္ကိုယ္လုံးႏုံးေခြ႕ကာ ခ်မ္းစိမ့္စိမ့္ျဖစ္ေနသည္မို႔ ေစာင္ပုံထဲေကြးခ်င္ေနၿပီျဖစ္သည္။
"ခဏေလးေလေနာ္...ထမင္းစားတာဘယ္ေလာက္မွမၾကာပါဘူး..အဲတာၿပီးရင္အိပ္...ဒါမွမဟုတ္ ထမင္းမစားခ်င္ဘူးဆို ေမာင္ တစ္ခုခုသြားဝယ္ေပးရမလား"
"မဝယ္နဲ႔..ေမာင္..ခ်မ္း ထမင္းပဲစားေတာ့မယ္"
ေမာင္က စိတ္ပူစြာေျပာလာသည္မို႔ ခ်မ္း မျငင္းေတာ့ပဲ ထမင္းစားဖို႔ပါလာသည္။ေနက ခ်မ္း လက္ေလးကိုဆုပ္ကိုင္ကာ အေရွ႕အိမ္ေပၚတက္လာသည္။
"လာၾက..လာၾက..ထမင္းပြဲျပင္ၿပီးၿပီေန ေရ"
မေနာ္က ထမင္းပြဲနား ယပ္ေတာင္ေလးကိုင္ကာ ယပ္ခတ္ေနရင္းမွ ေနတို႔လာတာျမင္ေတာ့ ေအာ္ေခၚသည္။
"အစ္ကို!..ေန တို႔ေရာက္လာၿပီေလ...ထမင္းစားရေအာင္"
မေနာ္က ခင္ပြန္းျဖစ္သူကိုအသံျပဳသည္။
"ေအး....လာၿပီကြ!ဒီမွာ တို႔စား႐ြက္သြားခူးေနလို႔"
ကိုမ်ိဴးက အိမ္ေပၚတက္လာရင္းျပန္ေအာ္ေျပာသည္။
"ေပး..ေပး အ႐ြက္ေတြ သြားေဆးအုံးမယ္"
မေနာ္က ေျပာၿပီးကိုမ်ိဴးလက္ထဲမွတို႔စား႐ြက္ေတြယူကာ မီးဖိုေခ်ာင္ထဲျပန္ဝင္သြားသည္။
"ဟင္းေတြက..စုံ ေနတာပဲဗ်ာ"
စားပြဲဝိုင္းတစ္ဝိုင္းလုံးျပည့္လုနီးပါး ဟင္းေတြေၾကာင့္ ေနက ခ်မ္း လက္ဆြဲကာ စားပြဲေဘးဝင္ထိုင္ရင္းေျပာသည္။
"စုံရမွေပါ့ကြ...မင္းက တစ္ခါတစ္ေလမွ ေရာက္လာတတ္တာ"
ကိုမ်ိဴးက လက္ေဆးကာ ထမင္းပန္းကန္ကိုင္သည္။ေန လည္း လက္ေဆးပန္းကန္ထဲ လက္ေဆးသည္။ခ်မ္း က ေန လက္ေဆးသည့္အတိုင္း လက္ေဆးဖို႔ျပင္ေတာ့ ေန ခ်မ္းလက္ေလးကိုကမန္းကတန္းဆြဲသည္။
"ေဘဘီ..ေရထပ္မထိနဲ႔ေတာ့ေလ...ဇြန္းနဲ႔စားရေအာင္ေနာ္"
ေျပာၿပီး အသင့္ရွိသည့္ဇြန္းခက္ရင္းကိုယူကာ ခ်မ္း ထမင္းပန္းကန္ထဲ ထည့္ေပးသည္။ခ်မ္းက ေခါင္းေလးၿငိမ့္ကာ ေန႔ ေဘးနားဝင္ထိုင္သည္။
"ငခန႔္ မျမင္ပါ့လား"
"မင္းတူက စားေသာက္ၿပီး စက္ေတာ္ေခၚေနၿပီ ေန ေရ....ေရာ့!..ဒီမွာ ငါးပိင႐ုတ္သီးခ်က္ေလးနဲ႔တို႔စားၾက"
မေနာ္က ပန္းကန္တစ္ခ်ပ္ထဲ တို႔စား႐ြက္ေတြ ထည့္ယူလာကာ ထမင္းပြဲတြင္ဝင္ထိုင္ရင္းေျပာသည္။
"ေမာင္ေလး...အားမနာနဲ႔ေနာ္..ဟင္းေတြႀကိဳက္တာ ထည့္စား"
ထမင္းေလးတို႔တိတို႔တိစားေနေသာ ခ်မ္း ထံလွည့္ကာ ေျပာသည္။
"ဟုတ္..ေက်းဇူးပါ အစ္မ"
"ေက်းဇူး ဆိုတဲ့စကား ခဏ ခဏမေျပာၾကပါနဲ႔ေအ..ၾကားရတာ နားေထာက္တယ္"
"ဟုတ္ပါၿပီဗ်ာ"
မေနာ္ စကားေၾကာင့္ ေနက သေဘာက်စြာေခါင္းၿငိမ့္သည္။သေဘာေကာင္းလြန္းေသာ အိမ္ရွင္ေတြေၾကာင့္ ခ်မ္း ေက်းဇူးတင္ရပါသည္။
"ၾကက္ျမစ္ၾကက္သည္းစားမလား ေဘဘီ"
"ဟင့္အင္း..ေတာ္ၿပီ"
"ဒါဆို မုန္းညင္႐ြက္ေၾကာ္စားမလား"
ခ်မ္းက ေခါင္းေလးၿငိမ့္ေတာ့ ေနက ခ်မ္း ပန္းကန္ထဲ အ႐ြက္ေၾကာ္ေတြ ခပ္ထည့္ေပးသည္။ၿပီးေနာက္ ခ်မ္း ထမင္းပန္းကန္ေဘးက ဖန္ခြက္ေလးထဲ ေရထပ္ျဖည့္ေပးသည္။
လိုေလေသးမရွိဂ႐ုတစိုက္လုပ္ေပး ေန သည့္ ေန႔ေၾကာင့္ ကိုမ်ိဴးတို႔လင္မယားႏွစ္ေယာက္ မ်က္လုံးခ်င္းဆုံသည္။ဒီေကာင္ သူ႔မိန္းမေလးကိုေတာ္ေတာ္ခ်စ္ရွာသား။မေနာ္က ထမင္းကိုတိတ္တဆိတ္စားကာ ခ်မ္း ကိုမသိမသာအကဲခတ္ေနသည္။ျဖဴႏုအုေနေသာ အသားအရည္က ထိရက္စရာပင္မရွိ။မ်က္ႏွာေလး လွခ်က္ကလည္းမႈံေနသည္။ဒီေလာက္ေခ်ာလွေနမွေတာ့ ေနမင္းတာရာတို႔ သည္းသည္းလႈပ္ျဖစ္ေနတာ အဆန္းမဟုတ္။
"ဒါနဲ႔...ညီေလး နာမည္က......."
ကိုမ်ိဴးက ထမင္းလုတ္ကိုပါးစပ္ထဲထည့္ရင္း ခ်မ္းကိုဦးတည္ေမးသည္။
"ခ်မ္းေျမ့ေရာင္ လို႔ေခၚတယ္...ကိုမ်ိဴး"
ေနက အစားဝင္ေျဖေပးသည္။
"ေအာ္...အင္း..အသက္ကလည္း ေနနဲ႔႐ြယ္တူပဲထင္တယ္"
ကိုမ်ိဴးက ထပ္ေမးသည္။အသက္ငယ္ငယ္ေလးနဲ႔ အိမ္ေထာင္ျပဳသည့္ ေန႔ကို ကိုမ်ိဴးႏွေျမာေတာ့ႏွေျမာမိသည္။ဒီေကာင္ ေနက အသက္ႏွစ္ဆယ္ေတာင္မျပည့္ေသးဘူးထင္သည္။
"ကြၽန္ေတာ္က ႏွစ္ဆယ္ထဲေရာက္ေနၿပီ....ခ်မ္းက ႏွစ္ဆယ့္ႏွစ္"
ေနက အစားမပ်က္ျပန္ေျဖသည္။
"ငယ္ၾကေသးတာပဲ"
ကိုမ်ိဴးက အစားျမန္သည္မို႔ၿပီးစီးသြားကာ လက္ေဆးရင္းျပန္ေျပာသည္။မေနာ္က ခင္ပြန္းျဖစ္သူပန္းကန္ေဆးေပးရန္ လွမ္းယူသည္။ကိုမ်ိဴးကအလုပ္ႀကိဳးစားသည့္အျပင္ မိန္းမနဲ႔သား အေပၚခ်စ္ခင္ညႇာတာသည္မို႔ မေနာ္က ေယာ္က်ားအေပၚ ခ်စ္ခင္ေလးစားမႈရွိသည္။
"အိမ္ေထာင္သည္ ဘဝကအစစအရာရာေတာ့ အဆင္ေျပမေခ်ာ့ေမြ႕ဘူးေပါ့ကြာ...ႏွစ္ဦးသား စိတ္သေဘာထားကြဲလြဲမႈေတြရွိမယ္..စီးပြားေရး၊လူမႈေရး ကိစ္စအဝဝေတြကိုယ္တိုင္ေျဖရွင္းလုပ္ကိုင္ရတာေတြရွိမယ္....မိဘအိမ္မွာ ေနရတာနဲ႔ေတာ့ ဘယ္တူမလဲ....ဒီလိုပဲ ႏွစ္ဦးသားညႇိဳႏႈိင္းတိုင္ပင္ၿပီးေနၾကေပါ့...ဒီမွာေတာ့ မင္းတို႔အဆင္ေျပတဲ့အခ်ိန္အထိ ေအးေဆးေနလို႔ရတယ္"
"ဟုတ္ကဲ့"
ကိုမ်ိဴးေျပာစကားကို ခ်မ္းတို႔ႏွစ္ဦးလုံး ေခါင္းၿငိမ့္နားေထာင္သည္။
"ဟို..ကြၽန္ေတာ္တို႔ ဒီမွာ တစ္ပတ္ႏွစ္ပတ္ေလာက္ေနျဖစ္အုံးမွာဆိုေတာ့...အခန္းငွားခက်သေလာက္ရွင္းပါ့မယ္"
ခ်မ္းက အားနာစြာဝင္ေျပာသည္။ေနစရာ၊စားစရာအလကားေပးေနခိုင္းသည္ကေတာ့ သေဘာေကာင္းလြန္းရာေရာက္ပါသည္။
"မဟုတ္တာ..ဘယ္ႏွယ့္ေပးရမလဲ....ဘာမွေပးစရာမလိုဘူး ေအးေဆးေနၾက"
မေနာ္က ခ်မ္းစကားကိုအလ်င္အျမန္ဝင္ျငင္းသည္။
"ဒါနဲ႔...ဒီကေမာင္ေလး...ေနမေကာင္းျဖစ္ေနတာလား..မ်က္ႏွာေလးႏြမ္းေနတာပဲ"
ႏွာဖ်ားေလးအနည္းငယ္ရဲေနကာ ႏြမ္းနယ္ေနသည့္ ခ်မ္း မ်က္ႏွာေလးကိုၾကည့္ကာ မေနာ္ကေျပာလာသည္။
"ဟုတ္တယ္...မေနာ္..ေရေႏြးရမလား..ခ်မ္း ေဆးေသာက္မလို႔"
ေနက စားေသာက္ျခင္းကိုလက္စသပ္ကာ ဝင္ေမးသည္။
"ရွိတယ္..ရွိတယ္...မင္းတို႔ ေရခ်ိဴးတာက အၾကာႀကီးကိုကြဲ႕....အေအးမိသြားတာေနမယ္...ဗမာေဆးပူေလးနဲ႔ေရေႏြးပူပူေလးေသာက္ၿပီး ေစာင္ၿခဳံေနလိုက္...ေခြၽးေတြထြက္ၿပီးသက္သာလာလိမ့္မယ္....ေနအုံး..ေနအုံး ေဆးရည္သြားေဖ်ာ္အုံးမယ္"
မေနာ္က ေျပာေျပာဆိုဆို ဘုရားစင္နားက ေဆးပုလင္းေလးယူကာ မီးဖိုခန္းထဲဝင္သြားသည္။ျပန္ထြက္လာေတာ့ ေဆးပူေဖ်ာ္ထားသည့္ ပန္းကန္လုံးေလးကိုင္လ်က္။ခ်မ္းကို ကမ္းေပးလာသည္မို႔ ခ်မ္း လွမ္းယူကာေသာက္လိုက္သည္။
"ေက်းဇူးပါေနာ္..အစ္မ"
ခ်မ္းက မေနတတ္စြာေက်းဇူးတင္စကားဆိုသည္။
"ရတယ္..ရတယ္"
စားေသာက္ၿပီးစီးေတာ့ ေနနဲ႔ခ်မ္း အေရွ႕အိမ္ေလးမွ ဆင္းကာ အေနာက္အိမ္ေလးေပၚတက္လာၾကသည္။အိမ္ေလးေပၚမွ ပရိေဘာဂပစ္စည္းမ်ားမ်ားစားစားေတာ့မရွိ။ခုတင္ခပ္လတ္လတ္ေလးတစ္လုံးေပၚမွာ ေမြ႕ယာပါးပါးေလးခင္းထားသည္။လွ်ပ္စစ္မီးသီးေခ်ာင္း ေလးက ေသးေပးမဲ့ အလင္းေရာင္အျပည့္အဝ ေပးစြမ္းေနသည္။
"ေဘဘီ..အိပ္မွာဆိုအိပ္ေတာ့ေလ"
"အင္း...ေမာင္ေရာ"
"ေမာင္..ဟိုေကာင္ေတြကို ဖုန္းဆက္လိုက္အုံးမယ္"
"လင္းျမတ္တို႔ကိုလား"
"ဟုတ္တယ္ ေဘဘီ...လာ..အိပ္ရာထဲလွဲေတာ့"
ေန က ခ်မ္းကို ေမြ႕ယာေပၚလွဲေစသည္။ေစာင္၊ေခါင္းအုံး အိပ္ယာခင္းေတြက အစ အသစ္စက္စက္ေတြျဖစ္ဟန္တူသည္။ေန ကိုမ်ိဴးကို ေက်းဇူးတင္ရသည္။သူတို႔အတြက္ လိုေလေသးမရွိအကုန္စီစဥ္ေပးထားသည္။
ေစာင္ကို ခ်မ္း ရင္ဘတ္ေလးနားအထိ ၿခဳံေပးကာ ခ်မ္း နဖူးေလးေပၚလက္ဖဝါးအုပ္ကာ အပူခ်ိန္စမ္းသည္။ကိုယ္ေလး ေႏြးေနသည္မို႔ ေန ကိုယ့္ကိုယ္သာအျပစ္တင္မိသည္။ေရခ်ိဴးေနတုန္း သူမထိန္းႏိုင္နမ္းလိုက္မိသည္မလား။ေရစိုႀကီးနဲ႔ အခ်ိန္ၾကာသြားသည္မို႔ ခ်မ္း ေနမေကာင္းျဖစ္သြားသည္ထင္သည္။
"ေနရတာ အဆင္ေျပတယ္မလား..ေဘဘီ ေခါင္းေရာကိုက္ေနလား"
"ဟင့္အင္း မကိုက္ဘူး ေမာင္...ဒီအတိုင္းနည္းနည္းေလး ခ်မ္းေန႐ုံပဲ"
"အင္း..ခဏေလး ေမာင္ ဖုန္းေျပာၿပီးတာနဲ႔ လာအိပ္မယ္ေနာ္..ေဘဘီ အိပ္ႏွင့္"
"ဟုတ္"
"႐ႊတ္!!"
ေနက ခ်မ္း ပါးမို႔မို႔ေလးကို႐ႊတ္ခနဲတစ္ခ်က္နမ္းၿပီးမွ အသင့္ေထာင္ထားသည့္ ျခင္ေထာင္ေလးကို ခ်ေပးၿပီးထြက္သြားသည္။ခ်မ္း မ်က္လုံးေလးေတြမွိတ္ကာအိပ္ဖို႔ႀကိဳးစားသည္။
ေန ေခါင္းငုံ႔ကာ အိမ္ေပါက္ဝမွထြက္လာၿပီးေနာက္ သုံးေလးဆင့္သာရွိသည့္ ေလွကားထစ္ေလးတြင္ ထိုင္လိုက္သည္။ေန လင္းျမတ္ကိုဖုန္းေခၚရန္ျပင္ေနစဥ္ အခ်ိန္ကိုက္ဝင္လာသည့္ ဖုန္းေၾကာင့္ ေန ခဏ ၿငိမ္သြားရသည္။contact nameမွာ အဘြား ဆိုသည့္နာမ္စားတစ္ခုက ေနရာယူေနလ်က္။ဒီအခ်ိန္သူ ခ်မ္းနဲ႔ခိုးေျပးသည္မွန္းသိသြားရင္ ဘြား ေသခ်ာေပါက္ သူ႔ကိုစိတ္ဆိုးမွာျဖစ္သည္။ေလာေလာဆယ္ သူအသိေပးလိုက္ရင္ ခ်မ္းနဲ႔သူ႔ကို လိုက္ခြဲမလားေတာင္မေျပာတတ္။
သို႔ေပမဲ့ ဘြားတို႔စိတ္ပူေနမွာစိုး၍ ေန ဖုန္းကိုင္လိုက္သည္။
"Hello"
"ေျမး...ဘယ္ေရာက္ေနတာလဲ....အခုဘယ္မွာလဲ"
ဖုန္းထဲမွ ၾကည္လင္ပီသေသာ အဘြားအသံကထြက္ေပၚလာသည္။ညရွစ္နာရီခြဲခန႔္သာ ရွိေသးသည္မို႔ အဘြားအိပ္ေသးပုံမေပၚ။
"ကြၽန္ေတာ္ နယ္ဘက္ခဏေရာက္ေနတာအဘြား....ရက္ပိုင္းေလာက္ျပန္လာျဖစ္မွာမဟုတ္ေသးဘူး"
"နယ္ဘက္!?...ေျမးက ဘာကိစ္စနဲ႔ မေျပာမဆို နယ္ေရာက္သြားရတာလဲ"
တစ္ဖက္မွ ေဒၚဝါဝါၫႊန႔္မ်က္ခုံးအစုံက်ဴံ႕သြားရင္းေမးသည္။
"ကိစ္စေလးရွိလို႔..ဘြား စိတ္မပူနဲ႔ေနာ္...အေမ့ကိုလည္း ေျပာေပးပါအုံး..ဘာမွစိတ္မပူနဲ႔လို႔"
"စိတ္မပူလို႔ရမလား ေနမင္းတာရာ..တကယ္လုပ္ခ်င္လုပ္တတ္တဲ့ အက်င့္ကေတာ့ မင္းအေဖအတိုင္းပဲ...အခု ဘယ္မွာလဲ ေနရာအတိအက်ေျပာေလ!"
"ေျပာလို႔မရေသးဘူး အဘြား..ကြၽန္ေတာ္တို႔ခဏေလာက္ လြတ္လြတ္လပ္လပ္ေနပါရေစ"
"ကြၽန္ေတာ္တို႔!?..ဟုတ္လား မင္းနဲ႔အတူဘယ္သူပါေသးလို႔လဲ"
ေမးလာသည့္အဘြားစကားေၾကာင့္ ေန ကိုယ့္လွ်ာကိုကိုက္ပစ္ခ်င္သြားသည္။အဘြားေရွ႕မွာမွ စကားမွားေျပာမိရတယ္လို႔။
"ဒါပဲေနာ္အဘြား..ကြၽန္ေတာ္ဖုန္းခ်ေတာ့မယ္....ကြၽန္ေတာ့္ကိုလိုက္မရွာနဲ႔ေနာ္"
ေနက ေျပာၿပီးတစ္ဖက္ကဘာမွ တုန႔္မျပန္ခင္ဖုန္းအျမန္ခ်လိုက္သည္။ဟူးး။ေန ေလပူေတာင္မႈတ္ထုတ္မိသြားသည္။ႏွစ္ဖက္မိဘေတြကို သူရင္ဆိုင္ရမွာေပါ့ေပါ့ေသးေသးေတာ့မဟုတ္။
ေန အဘြားဖုန္းနံပါတ္ကို ခဏblockထားလိုက္သည္။အဲဒါမွ အဘြား ေနာက္ထပ္သူ႔ကိုဖုန္းဆက္မရမွာျဖစ္သည္။
လင္းျမတ္ဖုန္းကို ေခၚလိုက္ေတာ့ တစ္ဖက္မွခ်က္ခ်င္းကိုင္လာသည္။
"Hey!..သားႀကီး ဘာကိစ္စမွ မရွိရင္ဖုန္းခ်လိုက္စမ္း.....ငါ ဒီမွာဂိမ္းေဆာ့ေနတယ္"
တစ္ဖက္မွ လင္းျမတ္အသံေအာ္က်ယ္ေအာ္က်ယ္က ထြက္ေပၚလာသည္။
"ဟုတ္လား..ဘာကိစ္စမွေတာ့မရွိပါဘူးကြာ...ငါတို႔ ခိုးေျပးသြားၿပီဆိုတဲ့အေၾကာင္း..မင္းတို႔ကို လွမ္းအသိေပးတာ"
"ဘာ!!"
တစ္ဖက္မွအံ့ဩသင့္သံႀကီးထြက္ေပၚလာသည္။
"ထက္ .ထက္ပိုင္ မင္းၾကားတယ္မလား"
လင္းျမတ္က ဂိမ္းထဲမွပင္ထြက္လိုက္ကာ ေရွ႕ကထက္ပိုင္ကိုလွမ္းေျပာသည္။ထက္ပိုင္နဲ႔လင္းျမတ္က ထိုင္ေနက် လက္ဖက္ရည္ဆိုင္မွာ ဂိမ္းထိုင္ေဆာ့ေနၾကျခင္းျဖစ္သည္။ေန မပါေတာ့ သူတို႔အဖြဲ႕က တစ္ခုခုလိုေနသလိုပင္။ထက္ပိုင္က လင္းျမတ္ဆီမွ ဖုန္းကိုဆြဲယူလိုက္ရင္း....
"ေဟ့ေကာင္ မင္းတကယ္ေျပာတာလား"
"အင္းေလ"
"ဟ!!တကယ္ႀကီးလား"
ေန ကရည္းစားေတြထည္လဲတြဲေပမဲ့ ေစာေစာစီးစီးအိမ္ေထာင္ျပဳဖို႔ေတာ့ စိတ္ကူးရွိခဲ့သည္ေကာင္မဟုတ္။
"တကယ္ပါဆိုကြာ"
"မင္းတို႔ေစာလြန္းတယ္မဟုတ္ဘူးလား..တြဲတာေတာင္သိပ္မၾကာေသးဘူး"
ထက္ပိုင္က ေတြးေတြးဆဆေျပာသည္။
"ဟုတ္သားပဲ...ဘယ္ႏွစ္လရွိေသးလို႔တုန္း"
လင္းျမတ္က ဝင္ေျပာလာသည္။သူ႔တို႔ေဘာ္ဒါႀကီးကိုေတာ့ ႏွေျမာမိသား။
"ရွစ္လ ရွိၿပီေလ..အဲတာေတြက အေရးမႀကီးပါဘူး..ငါ ခ်မ္းကိုမခြဲႏိုင္ေအာင္ ခ်စ္မိသြားလို႔..ခ်မ္း မားသားႀကီးက သေဘာမတူေတာ့ ခိုးေျပးျဖစ္သြားတာကြာ"
"ေအးပါ မယကႀကီးရဲ႕...ခုက ဘယ္မွာလဲ"
"ကိုမ်ိဴးတို႔အိမ္မွာ....အေမ မင္းတို႔ကိုေမးလာရင္ မသိဘူးပဲေျပာေနာ္ ေဟ့ေကာင္ေတြ....ငါတို႔ ဒီမွာ ႏွစ္ပတ္သုံးပတ္ေလာက္ေတာ့ ေအးေဆးေနခ်င္တယ္"
"သိပါတယ္ကြ...မေျပာပါဘူး ...ဟဲ..ဟဲ..ဒါနဲ႔ မဂ္လာဦးညအေတြ႕အႀကဳံေလး ျပန္ေဝမွ်အုံးေနာ္ သားႀကီး"
လင္းျမတ္က တဟဲဟဲရယ္ကာေျပာေသးသည္။
"ခ်ီးပဲ!!မွ်စရာလား ဒါပဲ ခ်ၿပီ"
ေနက ေျပာခ်င္ရာေျပာၿပီးတီခနဲခ်သြားေတာ့ တစ္ဖက္မွ လင္းျမတ္တို႔ႏွစ္ေကာင္ ေန႔ကိုေမတ္တာပို႔ဆဲဆိုက်န္ေနခဲ့သည္။
ေန အိမ္ထဲျပန္ဝင္လာေတာ့ ခ်မ္းက ေဘးတေစာင္းေလးအိပ္ေပ်ာ္ေနၿပီျဖစ္သည္။ေန ဝတ္ထားသည့္တီရွပ္ကိုဆြဲခြၽတ္ကာ ေဘာင္းဘီတစ္ထည္နဲ႔ ျခင္ေထာင္ထဲဝင္လာသည္။ေနက ညအိပ္ရင္အင္က်ီခြၽတ္အိပ္ေနက်ျဖစ္သည္။
ခ်မ္း ၿခဳံထားသည့္ ေစာင္ထဲတိုးဝင္လိုက္ေတာ့ ခ်မ္းက လူးလြန္းလႈပ္ရွားလာသည္။
"ေမာင္"
ေန႔ဘက္ကို ကိုယ္ေလးလွည့္လာကာ ခ်မ္းကေခၚသည္။
"အင္း...ေမာင္ ေရာက္ေနၿပီ ေဘဘီ"
ေနက ခ်မ္းကိုယ္လုံးေလးကိုေထြးေပြ႕ရင္းေျပာသည္။ခ်မ္းက ေန႔ရင္ခြင္ထဲပိုမိုတိုးဝင္လာကာ ေန႔ ခါးကိုဖက္တြယ္လာသည္။ပူေႏြးကာအိစက္ေနသည့္ကိုယ္လုံးေလးက ေန႔ရင္ခြင္နဲ႔အံဝင္တက်။
ခ်မ္း ေခါင္းေလးကိုသာ ငုံ႔နမ္းလိုက္ၿပီးေန အိပ္စက္ရန္ႀကိဳးစားသည္။ခ်မ္း ေန မေကာင္းျဖစ္ေနသည္မို႔ ေန ဒီညေတာ့ ဆန္ဒေတြကိုထိန္းခ်ဴပ္ထားလိုက္သည္။မဂ္လာဦးခ်င္ေပမဲ့ ခ်မ္း ေနမေကာင္းျဖစ္ေနသည္မလား။
ေနေကာင္းမွ အတိုးခ်ခ်စ္တာေပါ့ကြာ။ခ်မ္းကိုယ္လုံးေလးကိုသာ တင္းတင္းတိုးဖက္လိုက္ရင္း ေန ျဖည္သိမ့္ရသည္။ေန႔ရင္ခြင္ထဲမွ ေကာင္ေလးကေတာ့ ေန႔အေတြးေတြကိုမသိပဲ ေႏြးေထြးစြာအိပ္ေပ်ာ္ေနၿပီ။အိပ္စက္ေနသည့္ ေကာင္ေလးကိုၾကည့္ၿပီး ေန႔ႏႈတ္ခမ္း
ထက္တြင္ၿပဳံးရိပ္ထင္သည္။ခ်မ္း ကိုယ္လုံးေလးေထြးေပြ႕ၿပီးအိပ္စက္ရျခင္းက ၾကည္ႏူးဖို႔ေကာင္းသည္။ပထမဦးစြာ အတူအိပ္စက္ရသည့္ ခ်စ္သူႏွစ္ဦးအဖို႔ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ အခိုက္အတန႔္တို႔မရွိေပမဲ့ ေႏြးေထြးျခင္းတို႔ႀကီးစိုးၿပီးၾကည္ႏူးမႈတို႔ကအတိုင္းအဆမဲ့။
3049words
updateၾကာသြားတဲ့အတြက္ ကိုယ္ေတာင္းပန္ပါတယ္ ခုမွေနျပန္ေကာင္းလို႔ပါ
ခုကစၿပီး ပုံမွန္upပါ့မယ္ေနာ္ တစ္ရက္တစ္ပိုင္းမupႏိုင္ရင္ေတာင္ ႏွစ္ရက္တစ္ပိုင္းေတာ့ ေသခ်ာupပါ့မယ္😁