{Unicode}
.. ပိုင်ဆိုင်လိုခြင်းရဲ့ အဓိပ္ပာယ်
မင်း မသိဘူး... မုဒယစကား၀ါ...
***
နံနက်ပိုင်း...
ဒီနေ့ စနေနေ့....
ကျောင်းပိတ်သည်မို့ အနည်းငယ် ကျွန်တော် စိတ်သက်သာရာ ရနေသည်။ ဘွားကတော့ ဒီနေ့ ဘာလို့မှန်းမသိ လာပြီး မနိူးသေးပါလေ။ ကျွန်တော်လည်း အိပ်ကောင်းကောင်းနဲ့ အိပ်နေမိတော့ မကြာမီပင် မမဆီမှ VC ခေါ်နေပြီ။ ကျွန်တော်လည်း အိပ်ရာမှ လူးလဲ ထကာ VCကို ကိုင်လိုက်မိသည်...။
"ဘယ်လိုလဲ? အခုထိ အိပ်ရာက မထ သေးဘူးလား အိပ်ပုတ်လေး...။ ၀က်ဖြစ်လာလိမ့်မယ် ထ တော့..."
မမပုံစံက တက်ကြွလန်းဆန်းနေပြီး အသံတစ်ချို့နှင့် ဆူညံနေတာမို့ ...
"မမ ဘယ်ရောက်နေတာလဲ?"
မမဘက်ကတော့ လေတိုးသံများလား? စကားပြောသံလား? မိုးသံလား ? သေချာမသိသည့် အရာများက Vcကိုတောင် အနှောက်အယှက် ဖြစ်စေလျက်..။ မှန်ပြင်ပေါ် ပေါ် နေသည့် မမ ပုံစံကတော့ ကြည်လင်နေသည်...။
"မမ ဒီနေ့ ကျောင်းပိတ်လို့... ကလေး မိဘအိမ်တွေက ဖိတ်လို့ အလည်သွားနေတာ...။ ဒီမှာ ဘာတွေလဲ ကြည့်စမ်း..."
မမကတော့ ပန်းကန်တစ်လုံးကို ကိုင်လာပြီး ကျွန်တော့်မြင်အောင် ထိုးပြလာသည်...။
"ဆာပူသီး..."
"ဟုတ်တယ်... ကောင်းနေရောပဲ... အသားတွေနဲ့...။ ပြီးတော့ ဒီမှာ မမအတွက် ဆတ်သားခြောက်ဖုတ်တွေလည်း ပေးတယ်။ ပြီးတော့ မမလေ မောင်လေးဖို့ သစ်ခွပင်တွေရော တောင်းထားတယ်..."
အသွားတုန်းကတော့ သိပ်ပြီး တက်ကြွမှု မရှိသည့် မမက အခုတစ်ခါမှာတော့ အဲ့ဒီရွာမှာ တာ၀န်ကျတာ တစ်ပတ်လောက်ပင် ရှိသေးသည် ပျော်နေပြီ ဖြစ်သည်။
"စကား၀ါ... အခုတစ်ခါ ကျောင်းရက်ရှည်ပိတ်ရင် မမလာခေါ်မယ်နော်...။ မမတို့ ခေါ်နူးသုမ်း... ဘုံတလာ ရေတံခွန်ကို ရောက်အောင် သွားမယ်နော်...။ ပြီးတော့ မမတို့လည်း ဒီက လူတွေနဲ့ အမဲလိုက်တတ်အောင် ကျင့်ရမယ်..."
"ဘာလဲ မမ... မမက ချင်းတောင်သူ လုပ်တော့မလို့လား? အဘွား စေ့စပ်ပေးတုန်းကကျ လက်မခံဘဲ..."
ထိုအချိန်မှာတော့ တဟားဟား ရယ်သွမ်းလာပြီး...
"အင်း... အဲ့လို စဥ်းစားထားတယ်...။ တောင်ပေါ်သားတွေက စကားမတတ်သလို ၊ လိမ်လည်း မပြောတတ်ဘူးတဲ့...။"
"မမကနော် ရောက်တာ တစ်ပတ်ပဲ ရှိသေးတယ်... ဇွတ်အတင်းကို ညွှန်းနေပါပြီ...။ မမ စားတာကို ခံရမယ့် တောင်ပေါ်သားလေးတွေကိုတော့ တကယ်သနားပါဘိ..."
"အောင်မယ်... ကိုယ့်မမကို ကြည့်စမ်း...။ ကျောင်းပတ်ရက်ကျ အလည်လာခဲ့ဦး လာခေါ်မလို့...။ ဒီက တောင်ဇလပ်၀ိုင်နဲ့ ခေါင်ရည်ကို မသောက်ဖူးသေးဘူး မလား?"
"မမကတော့... ဘွားကို ပြောလိုက်မှာနော်။ ဘွား သိရင်တော့ ဆူတော့မယ်..."
"သြော်... ဒါနဲ့... ခေါင်းဆောင်လေ..."
ခေါင်းဆောင်ဆိုတာနဲ့ ခန္ဓာကိုယ်မှ ကြက်သီးမွှေးညှင်းများသာမက ဆံပင်များပါ ထောင် ထသွားလေပြီ...။ မမကတော့ ကျွန်တော့်အခြေအနေကို တစ်ချက်ကြည့်လာပြီး....
"ခေါင်းဆောင်က ဒီမှာ သိပ်မရှိတတ်ဘူး.. ။ ဒီရက်ပိုင်း အလုပ်ကိစ္စတွေ ရှိလို့ဆိုလား? တစ်နေရာဆီ သွားသွားနေတတ်တာ...။ သြော် ဒါနဲ့ ဒီမှာ ရှေ့တစ်ပတ်ဆိုရင် တံတားဖွင့်ပွဲ ရှိတယ်... လာခဲ့ပါလား? ခေါင်းဆောင်က အဲ့လိုပွဲတွေဆိုရင် ရိုးရာ၀တ်စုံကို ၀တ်တာတဲ့...."
မမစကားလုံးတွေထဲ ခေါင်းဆောင်က မပါမဖြစ် ... ကျွန်တော်လည်း မမကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ပြီး...
"မမ ခေါင်းဆောင်ကိုများ ကြိုက်နေသလား?"
"အမလေး... ကြိုက်ချင်စရာကြီး ဆိုပေမယ့် မကြိုက်ရဲပါဘူးဟယ်...။ ဒီမှာ ရောက်တာ တစ်ပတ်ရှိတာတောင်... ခေါင်းဆောင်နဲ့ စကားပြောဖူးသေးတာ မဟုတ်ဘူး...။ ဒါနဲ့ ခေါင်းဆောင်က နိုင်ငံခြားသားတွေနဲ့ အရေးတကြီး အစည်းအေ၀းရှိတိုင်း Suit ၀တ်ထားတတ်တာ။ မမလေ... သူ့သူ့ကို suitနဲ့ တစ်ခါမြင်ဖူးတယ်... လုံး၀ကို နိုင်ငံခြားသားကြီးလိုပဲ...။ အသက်၃၀ဆိုတဲ့ အနေအထားနဲ့ နိုင်ငံခြားကားတွေထဲကလို Daddy typeကြီး...။ သူ့ရည်းစားတော့ ဘယ်လိုနေမလဲ မသိဘူး...."
"အင်း...."
မမက သူ့ရည်းစားလို့ ပြောသည့် အချိန်မှာတော့ ကျွန်တော် မမနှင့်အကြည့်ချင်းမဆုံးမိအောင် ထိန်းနေမိသည်။ မမကတော့ ကျွန်တော့်ကို ကြည့်လာပြီး...
"သေချာတယ်... အဲ့ဒီtypeကြီးတွေက... ချစ်ရင် အသေချစ်သလို... အလှလေးတွေနဲ့ပဲ ရတတ်တာ...။ သူ့မိန်းမကတော့ အသေချစ်ခံရမှာဟေး..."
"မမ ဒါဆို မုဒယ ဖုန်းချလိုက်တော့မယ်နော်။ မုဒယကို ဘွား ခေါ်နေလို့... နောက်မှ ပြန်ခေါ်လိုက်မယ်..."
မမဆီက စကားများက တဖြည်းဖြည်းနဲ့ သူ့အကြောင်း ပါလာပြီး ကြာလာတောပ နေမထိ ထိုင်မသာပါ ဖြစ်လာသည်မို့ မမ ဘာကိုမှ မရိပ်မိခင် ကျွန်တော် ဖုန်းချမိလိုက်သည်။ ထို့နောက် မမဆီက စာများ ထပ်ပြီး မပို့လာအောင် လိုင်းပေါ်က ဆင်းမိသည်။
သူ...
ဒီနက်စွေးဆိုသည့် သူက...
အရင်တစ်ခါ အဲ့ဒီနေ့...
"ငါနဲ့ တစ်ခါတည်း လိုက်ခဲ့မလား?"
"..ခေါင်းဆောင်..."
"... ငါ့မိန်းမ ငယ်ငယ်လေး ဖြစ်ပြီး ငါ့ကလေးတွေ မမွေးပေးချင်ဘူးလား...?"
အဟင်း..
စကားတွေကို နားမလည်ဟန် အနည်းငယ် ရှက်ရွံ့ဟန်ဖြင့်ပင် ဖြစ်ချိန်မှာတော့ မျက်လုံးအ၀ိုင်းသားဖြင့် လူကို ကြည့်လာသည်။ ဒါကြောင်မို့ ဒီီလိုလေးကြောင့်မို့ ဒါလေးကို စတွေ့ကတည်းက သဘောကျမိခဲ့တာပင်...။
"ငါ့ဘေးမှာ တစ်သက်လုံး ရှိမနေချင်ဘူးလား? ငါ့မိန်းမ အဖြစ်နဲ့...။ ဒီအရွယ်လေးကတည်းကနေပေါ့... အိုသွားတဲ့ အထိ...။"
ကျွန်တော့်ကို ကြည့်သည့် သူ့အကြည့် သြရှရှ အသံများက ကျွန်တော့်၀ိညာဥ်ပင် လွှင့်ပျောက် သွားမတတ်ပင်...။ ရှပ်အင်္ကျီအနက်ကို လက်ကို တံတောင်ဆစ်အထိ ခေါက်ကာ ၀တ်ထားသည်။ အင်္ကျီအောက်ဖျားများအား ဘောင်းဘီထဲ ထိုးထည့်ထားသည်။ ရှပ်အင်္ကျီ ရင်ဘတ်ပိုင်းမှ ကြယ်သီးနှစ်လုံး ဖြုတ်ထားသည်မို့ သူ့ရင်အုပ်ပိုင်း၏ ကျစ်လစ်မှုကို မြင်နေရသည်။
Steering ကို ကိုင်ထားသည့် သူ့လက်များက အကြောပြိုင်းပြိုင်းဖြင့် သန်မာမှုကို ပြနေသည်။ ကျွန်တော့်မှာတော့ သူ့ကို ကြောက်လာပြီး ဘယ်လိုလုပ်ရမှန်း မသိတော့... ပတ်၀န်းကျင် အခြေအနေကို ကြည့်မိတော့လည်း ကျောင်းသားများက သိပ်ပြီး မရှိတော့...။ ထို့အပြင် သူ့ဘက်မှ မှန်ကို လော့ချထားသည်... သူ့နံဘေးမှာတော့ သေနတ်တစ်လက်က ရှိနေသည်...။ မင်္သကာ ကျွန်တော့်ကို ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ?
ခန္ဓာကိုယ်ပေါ်မှ ၀တ်ထားသည့် ကျောင်းအဖြူအင်္ကျီ ကပ်ငြိသည်အထိ ချွေးစတို့က ကြောက်ရွံ့မှုကြောင့် အနည်းငယ် ထွက်လာသည်။
"ဘယ်လိုလဲ? အခုပဲ ငါနဲ့ ယူမှာလား? ငါ့မိန်းမ ဖြစ်ပေးမှာလား?"
ချက်ချင်းဆိုသလို သူက သူ့အပေါ်ထည် coatထဲမှ တစ်စုံတစ်ရာကို ထုတ်လာသည်။ ထိုအရာက NRC cardလား မသိတော့...။
"ကျောင်းသား မှတ်ပုံတင် ရှိတယ်မလား? သွားရအောင်..."
"ဘယ်သွားဖို့လဲ? မုဒယ အသက်မပြည့်သေးဘူး...။ မုဒယ ၁၅နှစ်ပဲ ရှိသေးတာပါ..."
ထိုအချိန်မှာတော့ သူက သူ့မျက်နှာကို လက်ဖြင့်အုပ်ကာ အံကြိတ်သံဖြင့် ရယ်မောလာပြီး....
"It's only illegal...
if I get caught...
မင်းကို ငါ့မိန်းမအဖြစ် သိမ်းလိုက်ရင်...
တရားမ၀င်ဘူးတဲ့လား?"
တဖြည်းဖြည်းနဲ့ ခေါင်းဆောင်ရယ်သံက ကြောက်စရာ ကောင်းလာသည်မို့...
"... မုဒယကို ပြန်ခွင့်ပြုပါ။ မုဒယ... အိမ်ကို ပြန်ချင်တယ်။ မုဒယ အသက်မပြည့်သေးလို့... ကျေးဇူးပြုပြီး... မေ့ဖို့..."
"... Forget?
Fuck that...."
ထိုအချိန်မှာတော့ သူက ကျွန်တော့်ကို ပွေ့ချီလိုက်ပြီး ကျွန်တော့်ပါးပြင်ပေါ်မှ သနပ်ခါး အကြွင်းအကျန်များအား ပွတ်သပ် ဖျက်လေသည်...။
ထို့နောက် ကျွန်တော့်လက်များကို ဆုပ်ထွေးကိုင်လာသည်။ သူ့လက်ဖ၀ါးကြီးကြီးထဲမှ ကျွန်တော့်လက်များကတော့ တိုး၀င်ပျောက်ကွယ်လျက်...။ သူက ခဏ အကြာမှာတော့ ထိုလက်ဖြင့်ပင် သူ့ပါးပြင်သို့ ထပ်အုပ်ဆုပ်ကိုင်ပြီး....
"ပြောစမ်းပါ...
ဒီလူကြီးကိုပဲ ယူပါမယ်လို့...။
ကတိပေးစမ်းပါ... ငါ့မိန်းမပဲ ဖြစ်ပေးပါ့မယ်လို့..."
Russetရောင် ညှို့မျက်၀န်းများထဲမှာ ကျွန်တော် နစ်မျောသွားပေမယ့် ခဏတာပင် ဖြစ်သည်။ သူမျက်နှာပေါ်မှ ကျွန်တော့်လက်ကို ဆွဲထုတ်မိသည်....။
"မုဒယ... ကျောင်းတက်ချင်သေးတယ်... မုဒယ အိမ်ထောင်မပြုချင်သေးဘူး...။ မုဒယက အသက်မပြည့်သေးပါဘူး...."
"မလိုဘူး...
အခုချိန်က စ ပြီး ငါ့မိန်းမဖြစ်ပြီး ငါ့ကို ထိန်းနိုင်ရင် ရပြီ...။"
"ဟင့်အင်း... မုဒယ ပြန်ချင်တယ်...။ အိမ်ထောင်မပြုချင်သေးဘူး..."
" မင်း အသက်မပြည့်ပေမယ့် ဒီလူက မင်း ထိန်းသိမ်းမှုကို လိုအပ်နေတာ..."
"မုဒယကို သနားပါ...။
မုဒယ အိမ်ထောင်မပြုချင်သေးဘူး....။ အဲ့ဒီအရာထဲ မ၀င်ချင်သေးဘူး..."
"မုဒယ..."
"...ခေါင်းဆောင် မလုပ်ပါနဲ့... မုဒယ... မ လို ချင်သေးဘူး..."
ခေါင်းဆောင်ကတော့ ကျွန်တော့်မျက်နှာကို သူ့လက်ဖြင့် ဖျစ်ညှစ်လာသည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို လှုပ်ရမ်းပြီး...
"ဘာလို့လဲ? ဘာလို့ ငါ့ကို မယူနိုင်တာလဲ?"
သူ့လှုပ်ရှားမှုအောက် လူက ယိုင်ထိုးပြီး ခေါင်းတောင် မူးချင်လာသလိုပင်...။
"မဟုတ်ဘူး... မုဒယကလေ... ခေါင်းဆောင်ကို မလိုချင်လို့ မဟုတ်ပါဘူး...။ မုဒယ အသက်မပြည့်သေးလို့..."
ကျွန်တော်က သူ့ဒေါသကို ပြေစိမ့်သောငှာ ပြောလိုက်ပေမယ့် ထိုစကားက ထိရောက်သွားပြီး သူ့လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။ ထို့နောက် ကျွန်တော့်ကို သေချာကြည့်လာပြီး....
"ငါက မင်းကို အသက်ပြည့်အောင် မစောင့်နိုင်ဘူး ဆိုရင်ရော...."
"....."
ကျွန်တော် ဘာမှမပြောဘဲ ခေါင်းဆောင်ကို ငေးကြည့်မိတော့...
"ကောင်းပြီ... ၁၈နှစ်ကို တစ်ရက်မစွန်းစေရဘူး...။ ဒါပေမယ့် ဒီကြားထဲမှာ အဆင်မပြေရင်တော့..."
"မုဒယ ဘာမှမလုပ်ပါဘူး...။ "
"ဒါဆို အဲ့ဒီ လိုက်ပြောတဲ့ ကောင်တွေထဲမှာ မင်း သဘောကျတဲ့သူ ရှိလား?"
"မရှိ... မရှိသေးပါဘူး..."
"ရှိလို့လည်း မရဘူး...။ ပြီးတော့ ငါ့ကို ရှောင်လို့ မရဘူး..."
"ဟုတ်... ဟုတ်ကဲ့..."
"ဘယ်သွားစရာ ရှိသေးလဲ? မရှိသေးရင် လိုက်ခဲ့မလား?"
"ရတယ်... မုဒယ အိမ်ပြန်ပြီး နားချင်တာမို့ပါ...။"
"... မုဒယစကား၀ါ ငါ့ကို ကြည့်စမ်း..."
သူက ကျွန်တော့်ခေါင်းကို သူ့လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျွန်တော့်ကို သူနှင့် မျက်နှာချင်းဆိုင်စေသည်....။
"တစ်ခု မှတ်ထားဖို့က...
မင်းက ငါ ခုရရင် ခုယူမယ့်သူပဲ..."
ထို့နောက် သူက ဘာမှမပြောဘဲ ကျွန်တော့်ကို အိမ်ပြန်ပို့ခဲ့ပါသည်။ အဲ့ဒီနေ့နောက်ပိုင်း ကျွန်တော့်ဆီ အမြဲတမ်း အချိန်မှန် လာတွေ့တတ်ပါသည်။ ထင်သည်တော့ ကျွန်တော့်ကို လာတွေ့ရင်း ကျွန်တော့်အနားက ပတ်၀န်းကျင်ကို အနည်းငယ် လေ့လာတာမျိုးလည်း ဖြစ်နိုင်ပါသည်။
တစ်ခါတစ်ရံ လာကြိုသည့် သူ့ကားကို မစီးဘဲ Taxi ငှားဖို့ ပြင်မိတာနဲ့.... ကျွန်တော့်ကို ခြိမ်းခြောက်တာ နှစ်နည်းရှိသည်။ တစ်နည်းကတော့ ကျွန်တော် taxiပေါ် ရောက်နေရင် ထိုကားကို အနည်းငယ် ၀င်တိုက်တာမျိုး၊ ဘီးဖောက်တာမျိုး လုပ်တတ်သည်။ တစ်ခါတစ်ရံ... ထိုသို့ မလုပ်လျှင်.... ကျွန်တော့်ကို warning ပေးသည့် အကြည့်ဖြင့် ကြည့်တတ်သည်။ကျွန်တော့်ဘာသာ ဆင်းမလား သူ လုပ်ရမလား ပေါ့...။
ကြာတော့ ကျွန်တော် သူ့ကို ဂလန်ကဆန် မလုပ်ရဲတော့...။ သူ့သဘောကျ နေဖို့ပဲ ပြင်လိုက်မိတော့သည်။
ဒီနေ့ မမဆီက ဖုန်းချပြီးသည်နှင့် မျက်နှာသစ် ရေချိုးလိုက်မိသည်။ ထို့နောက် မနက်စာ စားဖို့ ပြင်နေတုန်း ရှိသေးသည်... ဖုန်း call ၀င်လာတာမို့ အလျင်အမြန် ပြေးကိုင်လိုက်မိသည်...။
📱~~
"Hello..."
"အိမ်ရှေ့ရောက်နေပြီ လာခဲ့တော့..."
ကျွန်တော့်မှာ ကျောင်းပိတ်ရက်တော့ သူ့ကို မမြင်ရဘဲ လွတ်လပ်ခဲ့ပြီ ထင်သော်ငြား သူကတော့ဖြင့် ကျောင်းပိတ်ရက်တောင် ကျွန်တော့်ကို အလွတ်မပေးပါလေ...။
ကျွန်တော်လည်း အဘွားကို အပြင်ခဏ မုန့်သွားစားဖို့ လိမ်ခဲ့လိုက်ပြီး ထွက်လာခဲ့မိသည်။ အပြင်မှာ မိုးနည်းနည်း အေးနေသည်မို့ ဆွယ်တာလေး ၀တ်လာမိသည်။ အပြင်ရောက်တော့ အိမ်ရှေ့ တံခါးတစ်ဖက်မှာ စောင့်နေသည့် သူ့ကားကို တွေ့လိုက်ရသည်။ ကျွန်တော်လာသည်နှင့် သူက ကားတံခါးကို ဖွင့်ပေးလာသည်...။
ကျွန်တော်လည်း ထီးကို ပိတ်ကာ သူဖွင့်ပေးလာသည့် ကားတံခါးမှ အထဲသို့ ၀င်လိုက်သည်။ အထဲကို ရောက်စဥ်မှာတော့ သူက... ကျွန်တော့်ကို သူ့နံဘေးသို့ ထိုင်စေသည်။ အခုတစ်ခါမှာတော့ အရင်တစ်ခေါက်ပါလာသည့် တစ်ယောက်က ပါမလာခဲ့ပါ...။
ကျွန်တော်လည်း ထီးကို ပိတ်ကာ နံဘေးသို့ ၀င်ထိုင်လိုက်မိတော့သည်...။
"ကိုယ် တစ်နေရာ သွားစရာရှိတယ်... မင်းကိုတော့ ခေါ်သွားချင်တယ် ...။ ဒါပေမယ့် အခြေအနေမဟန်လောက်ဘူး ထင်လို့... မသွားခင် ခဏလာတွေ့တာ...။ ဒီနေ့ ဘယ်သွားစရာ ရှိလဲ?"
"ဟင့်အင်း မရှိဘူး... မုဒယ အိမ်မှာပဲ နေဖြစ်မှာပါ... မုဒယ အပြင်ကို သိပ်ပြီး ထွက်လေ့မရှိပါဘူး...။"
"အင်း... မထွက်နဲ့...။ မထွက်တာ ကောင်းတယ်..."
"ဒါပေမယ့် မနက်ဖြန်တော့ ကျောင်းမှာ အစည်းအေ၀းလေး ရှိလို့ ခဏသွားရဦးမယ်..."
"အင်း... ဂရုစိုက်နေ ဟုတ်ပြီလား?"
သူက ကျွန်တော့်ခေါင်းကို ပွတ်လာကာ ခဏ ခဏ ဂရုစိုက်ဖို့ မှာကြားနေသည်။ သူကတော့ ဒီနေ့မှ ဘာလို့ မျက်နှာမကောင်းဘဲ ငြိမ်နေသလဲ မသိတော့...။ ခဏအကြာမှာတော့ သူက ကျွန်တော့်ကို ကြည့်လာပြီး...
"... အခုရက်ပိုင်း အပြင်ထွက်ရင် ဂရုစိုက်ပါ...။ တစ်ခုခုဆို ကိုယ့်ကို ဖုန်းဆက်ပါ..."
"ဟုတ်... ဟုတ်ကဲ့..."
"... ငါ သနားလို့ ချမ်းသာနေတဲ့ ငါ့မယားလေး..."
အံကို ဖိကြိတ်ကာ မိမိ ပုခုံးအား ဖိညှစ်ပြီး ပြောလေတော့ ကျွန်တော့်မှာ သူ့စကားလုံးများအောက် အသက်ပျောက်သွားသလို ခဲ၍။
အမြဲတမ်း confident ရှိရှိ တည်ငြိမ်နေသည့် သူက ဘာလို့ ဒီနေ့မှ တစ်ခုခုကို စိုးရိမ်နေသလို ဖြစ်နေသည်လဲ... ကျွန်တော့်ကို အသေအချာ မှာနေသည်...။ သူ့ကို ကြောက်ပေမယ့် သူ ဒီလိုဖြစ်နေတော့လည်း ကျွန်တော့်စိတ်ထဲ တစ်မျိုးတမည်ပင် ဖြစ်သည်။
ခဏအကြာမှာတော့ သူက ကျွန်တော့်အတွက် သစ်ခွပန်းနှင့်အတူ တောင်ပေါ်မှ စားစရာတစ်ချို့အား အသေအချာလေး ထုတ်ပိုးလာပြီး ပေးလာသည်။ ထို့နောက် ကျွန်တော့်ကို သေချာကြည့်ပြီးသည့်နောက် ထိုကားကတော့ဖြင့် ခြံရှေ့မှ တဖြည်းဖြည်း ေ၀းေ၀း ပျောက်ကွယ်သွားလေပြီ...။
ကျွန်တော်ကတော့ သူ့ပေးခဲ့သည့် အရာများကို ကြည့်ပြီး စိတ်ထဲမှာ လေးလံနေမိသည်။
ဘာတွေ ဖြစ်ဖို့လဲ ခေါင်းဆောင်ရယ်...။
ပြောပုံကြီးက ဘာလို့ နူတ်ဆက်တဲ့ အသွင်ကြီး ဖြစ်နေသည်လဲ?
ကျွန်တော်လည်း ထိုအရာများနှင့်အတူ အိမ်ထဲ၀င်သွားတော့ ဘွားက...
"ဘာတွေလဲ မြေး..."
"သြော်... ချင်းတောင်ဘက်က လူတစ်ယောက်က လူကြုံလာပေးသွားတာပါ။ မမ ပို့ခိုင်းလိုက်လို့ ထင်ပါတယ်..."
"သြော် ဟုတ်လား? ဘာတွေလဲ ပြပါဦး..."
ဘွားကတော့ ကျွန်တော့်လက်ထဲမှ အရာများကို ကြည့်ဖို့တောင်းဆို လာချိန်မှာတော့ ကျွန်တော်လည်း ဘွားအနားသို့သာ...
နေ့လည်ပိုင်း...
📱~~~
ဘယ်သူမှန်းမသိ... ဖုန်းနံပါတ်အစိမ်းက တဒူဒူ ခေါ်လာသည်မို့ ကျွန်တော် ကောက်ကိုင်လိုက်မိသည်။ ထိုအချိန်မှာတော့ တစ်ဖက်က...
"မုဒယစကား၀ါလား?"
"ဟုတ်ကဲ့... ဘယ်သူလဲ မသိဘူးနော်..."
"ကျုပ်... ဖိုးစောမြတ်ပါ...။ ဒီမှာ ခေါင်းဆောင်ကို ဖုန်းဆက်သွယ်လို့ မရလို့...။ ခေါင်းဆောင် အဲ့ဒီကိုများ ရောက်နေသလား...?"
"ဟုတ်ကဲ့ ဒီကိုတော့ မနက်ပိုင်းက နူတ်ဆက်သွားပါတယ်... ။ ဘာဖြစ်လို့လဲ မသိဘူး..."
"ဒါဆိုရင်တော့ ကျုပ် သဘောပေါက်ပြီ... ။ ဒါဆိုရင် ဒါပဲနော် ... ကျုပ် ဖုန်းချပြီ..."
ဖုန်းက အမှန်တကယ်ပင် ဘာကိုမှ အထွန့်မတက်နိုင်ခင်မှာပင် ဖုန်းက ကျသွားလေပြီ။ ကျွန်တော်လည်း ကျသွားသည့် ဖုန်းကို ကိုင်ကာ အတော်လေး စဥ်းစားနေမိသည်။ ဘယ်လိုတွေ ဖြစ်နေတာလဲ?
ကျွန်တော့်အတွေးထဲ အထပ်ထပ် အခါခါ ရောက်နေမိသည်။ ခေါင်းဆောင်က ဘာတွေ ဖြစ်နေလဲ မသိတော့။ ဒီရက်ပိုင်း ကျွန်တော့်အနားမှာ ရှိနေသည့် သူမို့ ကျွန်တော် ပိုပြီး စိတ်ထဲမှာ ရှိနေမိသည်...။
မနက် ၁နာရီ...
"ခေါင်းဆောင်... အဆင်ပြေရဲ့လား? ကျုပ်က စိတ်ပူသွားတာ...။ အစည်းအေ၀းသွားတယ် ဆိုလည်း ကျုပ်ကို ခေါ်မသွားဘူး။ နောက်တစ်ခါ ၁၅နှစ်လေး သွားတွေ့ရင်တောင် ကျုပ် အဲ့ဒီရောက်မှ ရှောင်ပေးမယ်..."
နယ်စပ်ဂိတ်ကို မနက်တစ်နာရီမှ ရောက်လာသည်။ ဘယ်လောက် ခရီးေ၀းေ၀းကို သွားခဲ့လို့လည်း မသိ... ခေါင်းဆောင် ပင်ပန်းနေသည်။ ခေါင်းဆောင်က ကားတံခါးကို ဖွင့်ကာ... သူ့အပေါ်ရုံ coatကို ကျုပ်ကို ပေးလာသည်။ ခေါင်းဆောင်ကတော့ ဘာတစ်ခုမှ မပြောလာသေးဘဲ နယ်စပ်ဂိတ်ကိုသာ ဦးဆောင်သွားလေပြီ....။
ကျွန်တော်လည်း ဘာမှမပြောလဲ နောက်ကနေ လိုက်၍....
ခေါင်းဆောင်ကတော့ ဂိတ်ကို ရောက်သည်နှင့် သူ့အိတ်ကပ်ထဲမှ ဆေးလိပ်ဗူးထဲမှ ဆေးလိပ်ကို ထုတ်ကာ သူ့နူတ်ခမ်းမှာ ညှပ်လိုက်သည်။ ထို့နောက်...
"မနက်ဖြန်... ဆူရ်ဘုန်လေဆိပ်ကို ခဏ သွားရမယ်... ဟိုက ဧည့်သည်တွေ ခဏ လာမယ်တဲ့..."
"ဟုတ်ကဲ့ ခေါင်းဆောင်..."
"......"
ခေါင်းဆောင်က ဘာမှမပြောလာပေမယ့် သူ့ဖုန်းကို ခဏ ခဏ ဖွင့်ကြည့်နေသည်။ ဒီနာရီလောက်မှ ရောက်လာသည့် ခေါင်းဆောင်ရဲ့ ဦးတည်ချက်က ဘာမှန်းလည်း မသိပါ...။ ခဏအကြာမှာတော့ ခေါင်းဆောင်က သူ့နူတ်ခမ်းမှ ဆေးလိပ်ကို ဖယ်ခွာလိုက်ပြီး... မှုတ်ထုတ်လိုက်သည့် စီးကရက်အငွေ့များနှင့်အတူ ပြောလာသည်က...
"ငါ.... ဟိုဟာလေးကို တွေ့လို့ မ၀ သေးရင်... တစ်ခါတည်း ထမ်းခေါ်ခဲ့ရမလားလို့..."
"ဘယ်... ဘယ်လို ခေါင်းဆောင်... ၁၅နှစ်ကလေးကိုလား?"
"... အင်း..."
တစ်ရက် လွန်မြောက်လေသော်...
တနင်္လာနေ့...
မနေ့ကတည်းက သူ့ဆီက ဖုန်းမလာသလို ဒီနေ့လည်း ကျောင်းလိုက်ပို့ဖို့ ရောက်မလာတာမို့ ကျွန်တော် Taxi ငှားပြီးသာ ကျောင်းကို လာမိတော့သည်။ သူမရှိတာ အမှန်အတိုင်း ၀န်ခံရရင် လွတ်မြောက်သလို ခံစားရပါသည်။
..အ!
ကျောင်းအ၀င်၀၌ တစ်စုံတစ်ယောက်က အလောတကြီး ၀င်လာဟန် ရှိတာမို့ ၀င်တိုက်မိသည်။ ကျွန်တော့်လက်ထဲမှ စာအုပ်များက ကျောင်းအ၀င် တံခါး၀၌ ဖရိုဖရဲ ပြန့်ကျဲလျက်....။
"အာ... sorry... sorryပါဗျ... နောက်က သူငယ်ချင်းတွေ တိုးလိုက်လို့ပါ..."
ကျွန်တော့်ဘေးနားသို့ ထိုင်ချလာကာ ကျွန်တော့်စာအုပ်တွေကို ကပျာကယာ သိမ်းကောက်နေသည့် တစ်စုံတစ်ယောက်...။
"ရတယ်... ဘာမှမဖြစ်ပါဘူး..."
သူကတော့ သွက်သွက်လက်လက်လားပင် မသိတော့... သူ့လက်ထဲမှ စာအုပ်များကို စီရီထပ်လာပြီး ကျွန်တော်ဆီသို့ မပေးလာသေးဘဲ မတ်တပ်ရပ်သည်။
"မြတ်ထွဋ်ခေါင်မင်းဦး...ပါ... ။ Grade 10- Aက..."
"ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်..."
ထို့နောက် သူ့လက်ထဲမှ စာအုပ်များကို ဆွဲယူပြီး သွားဖို့ ပြင်ပေမယ့် သူက လွှတ်မပေးလာတာမို့... သူ့ကို ကြည့်လိုက်မိသည်...။
"နာမည်...
သြော် ... မုဒယစကား၀ါ တဲ့လား?"
"......."
သူ့ရေရွတ်သံအဆုံးမှာတော့ ဘာစကားမှ မပြောဘဲ သူ့လက်ထဲက စာအုပ်များကို ဇွတ်အတင်း လုယူပွေ့ပိုက်လိုက်သည်။ ထို့နောက်... ဒီနေ့ Assembly ရှိသည်မို့.... အခန်းထဲ လွယ်အိတ်ထားပြီး အလံတိုင်ရှေ့ အရောက်သွားနိုင်ဖို့...။
ညနေ
ကျောင်းဆင်းချိန်...
ကျွန်တော်နှင့် မလှမ်းမကမ်းမှ ထိုလူက လိုက်ပါနေပြီး ကျွန်တော့်ကို ပြုံးပြနေသည်။ မကြာမီပင် ကျွန်တော့်နောက်သို့ ထပ်ကြပ်ကွာ လိုက်ပါလာပြီး ကျွန်တော့်ခေါင်းပေါ်သို့ ထီးက အုပ်မိုးကာ ကျလာသည်....။
"မိုးရွာမယ်... ထင်တယ်... ထီးယူသွားမလား?"
"ရတယ်... taxiငှားပြီး ပြန်မှာပါ..."
"Taxiခ သက်သာအောင် ငါတို့ ကျောင်းကားနဲ့ပဲ လိုက်ခဲ့ပါလား?"
"နေပါစေ..."
"မုဒယ... Eco အခန်းထဲက မလား? နောက်နေ့ လာတွေ့မယ်နော်..."
"......"
"သြော... စကားတောင် မပြောတော့ဘူးလား? သူငယ်ချင်းတွေ ဖြစ်လို့ ရတာကို..."
"......."
လူကို အလေးမထားဟန်ဖြင့် ထွက်သွားသည့် အရပ်ကလေးကို ကြည့်ပြီး သဘောကျမိစွာ ပြုံးမိသည်။ ဒီ ကလေးမြို့မှာ ဒီလောက်လှတဲ့ အလှကလေးကလေးသာ ရှိမှန်း အစောကြီးကတည်းက သိရင်...
ကုန်လွန်သွားသည့် အချိန်များကို အရမ်းနှမြောမိသည်။ လမ်းမပေါ်မှာ ကျန်ရစ်သည့် အရိပ်ငယ်လေးကို လည်ပြန်အောင် ငေးကြည့်မိရင်းမှ ပြုံးမိသည်။
...အစွာကလေးမှာ... သက်ဆိုင်သူ မရှိပါစေနဲ့... ဟု...။
Sunday:11:June:0:29AM:2023
{Zawgyi}
... ပိုင္ဆိုင္လိုျခင္းရဲ့ အဓိပၸာယ္
မင္း မသိဘူး... မုဒယစကားဝါ...
***
နံနက္ပိုင္း...
ဒီေန့ စေနေန့....
ေက်ာင္းပိတ္သည္မို႔ အနည္းငယ္ ကြၽန္ေတာ္ စိတ္သက္သာရာ ရေနသည္။ ဘြားကေတာ့ ဒီေန့ ဘာလို႔မွန္းမသိ လာၿပီး မႏိူးေသးပါေလ။ ကြၽန္ေတာ္လည္း အိပ္ေကာင္းေကာင္းနဲ႔ အိပ္ေနမိေတာ့ မၾကာမီပင္ မမဆီမွ VC ေခၚေနၿပီ။ ကြၽန္ေတာ္လည္း အိပ္ရာမွ လူးလဲ ထကာ VCကို ကိုင္လိုက္မိသည္...။
"ဘယ္လိုလဲ? အခုထိ အိပ္ရာက မထ ေသးဘူးလား အိပ္ပုတ္ေလး...။ ၀က္ျဖစ္လာလိမ့္မယ္ ထ ေတာ့..."
မမပံုစံက တက္ႂကြလန္းဆန္းေနၿပီး အသံတစ္ခ်ိဳ႕ႏွင့္ ဆူညံေနတာမို႔ ...
"မမ ဘယ္ေရာက္ေနတာလဲ?"
မမဘက္ကေတာ့ ေလတိုးသံမ်ားလား? စကားေျပာသံလား? မိုးသံလား ? ေသခ်ာမသိသည့္ အရာမ်ားက Vcကိုေတာင္ အေနွာက္အယွက္ ျဖစ္ေစလ်က္..။ မွန္ျပင္ေပၚ ေပၚ ေနသည့္ မမ ပံုစံကေတာ့ ၾကည္လင္ေနသည္...။
"မမ ဒီေန့ ေက်ာင္းပိတ္လို႔... ကေလး မိဘအိမ္ေတြက ဖိတ္လို႔ အလည္သြားေနတာ...။ ဒီမွာ ဘာေတြလဲ ၾကည့္စမ္း..."
မမကေတာ့ ပန္းကန္တစ္လံုးကို ကိုင္လာၿပီး ကြၽန္ေတာ့္ျမင္ေအာင္ ထိုးျပလာသည္...။
"ဆာပူသီး..."
"ဟုတ္တယ္... ေကာင္းေနေရာပဲ... အသားေတြနဲ႔...။ ၿပီးေတာ့ ဒီမွာ မမအတြက္ ဆတ္သားေျခာက္ဖုတ္ေတြလည္း ေပးတယ္။ ၿပီးေတာ့ မမေလ ေမာင္ေလးဖို႔ သစ္ခြပင္ေတြေရာ ေတာင္းထားတယ္..."
အသြားတုန္းကေတာ့ သိပ္ၿပီး တက္ႂကြမႈ မရိွသည့္ မမက အခုတစ္ခါမွာေတာ့ အဲ့ဒီရြာမွာ တာ၀န္က်တာ တစ္ပတ္ေလာက္ပင္ ရိွေသးသည္ ေပ်ာ္ေနၿပီ ျဖစ္သည္။
"စကားဝါ... အခုတစ္ခါ ေက်ာင္းရက္ရွည္ပိတ္ရင္ မမလာေခၚမယ္ေနာ္...။ မမတို႔ ေခၚႏူးသုမ္း... ဘံုတလာ ေရတံခြန္ကို ေရာက္ေအာင္ သြားမယ္ေနာ္...။ ၿပီးေတာ့ မမတို႔လည္း ဒီက လူေတြနဲ႔ အမဲလိုက္တတ္ေအာင္ က်င့္ရမယ္..."
"ဘာလဲ မမ... မမက ခ်င္းေတာင္သူ လုပ္ေတာ့မလို႔လား? အဘြား ေစ့စပ္ေပးတုန္းကက် လက္မခံဘဲ..."
ထိုအခ်ိန္မွာေတာ့ တဟားဟား ရယ္သြမ္းလာၿပီး...
"အင္း... အဲ့လို စဥ္းစားထားတယ္...။ ေတာင္ေပၚသားေတြက စကားမတတ္သလို ၊ လိမ္လည္း မေျပာတတ္ဘူးတဲ့...။"
"မမကေနာ္ ေရာက္တာ တစ္ပတ္ပဲ ရိွေသးတယ္... ဇြတ္အတင္းကို ၫႊန္းေနပါၿပီ...။ မမ စားတာကို ခံရမယ့္ ေတာင္ေပၚသားေလးေတြကိုေတာ့ တကယ္သနားပါဘိ..."
"ေအာင္မယ္... ကိုယ့္မမကို ၾကည့္စမ္း...။ ေက်ာင္းပတ္ရက္က် အလည္လာခဲ့ၪီး လာေခၚမလို႔...။ ဒီက ေတာင္ဇလပ္ဝိုင္နဲ႔ ေခါင္ရည္ကို မေသာက္ဖူးေသးဘူး မလား?"
"မမကေတာ့... ဘြားကို ေျပာလိုက္မွာေနာ္။ ဘြား သိရင္ေတာ့ ဆူေတာ့မယ္..."
"ေၾသာ္... ဒါနဲ႔... ေခါင္းေဆာင္ေလ..."
ေခါင္းေဆာင္ဆိုတာနဲ႔ ခႏၶာကိုယ္မွ ၾကက္သီးေမႊးၫွင္းမ်ားသာမက ဆံပင္မ်ားပါ ေထာင္ ထသြားေလၿပီ...။ မမကေတာ့ ကြၽန္ေတာ့္အေျခအေနကို တစ္ခ်က္ၾကည့္လာၿပီး....
"ေခါင္းေဆာင္က ဒီမွာ သိပ္မရိွတတ္ဘူး.. ။ ဒီရက္ပိုင္း အလုပ္ကိစၥေတြ ရိွလို႔ဆိုလား? တစ္ေနရာဆီ သြားသြားေနတတ္တာ...။ ေၾသာ္ ဒါနဲ႔ ဒီမွာ ေရ႔ွတစ္ပတ္ဆိုရင္ တံတားဖြင့္ပြဲ ရိွတယ္... လာခဲ့ပါလား? ေခါင္းေဆာင္က အဲ့လိုပြဲေတြဆိုရင္ ရိုးရာ၀တ္စံုကို ၀တ္တာတဲ့...."
မမစကားလံုးေတြထဲ ေခါင္းေဆာင္က မပါမျဖစ္ ... ကြၽန္ေတာ္လည္း မမကို မ်က္ေမွာင္က်ံဳ႔ကာ ၾကည့္လိုက္ၿပီး...
"မမ ေခါင္းေဆာင္ကိုမ်ား ႀကိဳက္ေနသလား?"
"အမေလး... ႀကိဳက္ခ်င္စရာႀကီး ဆိုေပမယ့္ မႀကိဳက္ရဲပါဘူးဟယ္...။ ဒီမွာ ေရာက္တာ တစ္ပတ္ရိွတာေတာင္... ေခါင္းေဆာင္နဲ႔ စကားေျပာဖူးေသးတာ မဟုတ္ဘူး...။ ဒါနဲ႔ ေခါင္းေဆာင္က ႏိုင္ငံျခားသားေတြနဲ႔ အေရးတႀကီး အစည္းအေဝးရိွတိုင္း Suit ၀တ္ထားတတ္တာ။ မမေလ... သူ႔သူ႔ကို suitနဲ႔ တစ္ခါျမင္ဖူးတယ္... လံုး၀ကို ႏိုင္ငံျခားသားႀကီးလိုပဲ...။ အသက္၃၀ဆိုတဲ့ အေနအထားနဲ႔ ႏိုင္ငံျခားကားေတြထဲကလို Daddy typeႀကီး...။ သူ႔ရည္းစားေတာ့ ဘယ္လိုေနမလဲ မသိဘူး...."
"အင္း...."
မမက သူ႔ရည္းစားလို႔ ေျပာသည့္ အခ်ိန္မွာေတာ့ ကြၽန္ေတာ္ မမႏွင့္အၾကည့္ခ်င္းမဆံုးမိေအာင္ ထိန္းေနမိသည္။ မမကေတာ့ ကြၽန္ေတာ့္ကို ၾကည့္လာၿပီး...
"ေသခ်ာတယ္... အဲ့ဒီtypeႀကီးေတြက... ခ်စ္ရင္ အေသခ်စ္သလို... အလွေလးေတြနဲ႔ပဲ ရတတ္တာ...။ သူ႔မိန္းမကေတာ့ အေသခ်စ္ခံရမွာေဟး..."
"မမ ဒါဆို မုဒယ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္။ မုဒယကို ဘြား ေခၚေနလို႔... ေနာက္မွ ျပန္ေခၚလိုက္မယ္..."
မမဆီက စကားမ်ားက တျဖည္းျဖည္းနဲ႔ သူ႔အေၾကာင္း ပါလာၿပီး ၾကာလာေတာပ ေနမထိ ထိုင္မသာပါ ျဖစ္လာသည္မို႔ မမ ဘာကိုမွ မရိပ္မိခင္ ကြၽန္ေတာ္ ဖုန္းခ်မိလိုက္သည္။ ထို႔ေနာက္ မမဆီက စာမ်ား ထပ္ၿပီး မပို႔လာေအာင္ လိုင္းေပၚက ဆင္းမိသည္။
သူ...
ဒီနက္ေစြးဆိုသည့္ သူက...
အရင္တစ္ခါ အဲ့ဒီေန့...
"ငါနဲ႔ တစ္ခါတည္း လိုက္ခဲ့မလား?"
"..ေခါင္းေဆာင္..."
"... ငါ့မိန္းမ ငယ္ငယ္ေလး ျဖစ္ၿပီး ငါ့ကေလးေတြ မေမြးေပးခ်င္ဘူးလား...?"
အဟင္း..
စကားေတြကို နားမလည္ဟန္ အနည္းငယ္ ရွက္ရြံ႔ဟန္ျဖင့္ပင္ ျဖစ္ခ်ိန္မွာေတာ့ မ်က္လံုးအဝိုင္းသားျဖင့္ လူကို ၾကည့္လာသည္။ ဒါေၾကာင္မို႔ ဒီလိုေလးေၾကာင့္မို႔ ဒါေလးကို စေတြ့ကတည္းက သေဘာက်မိခဲ့တာပင္...။
"ငါ့ေဘးမွာ တစ္သက္လံုး ရိွမေနခ်င္ဘူးလား? ငါ့မိန္းမ အျဖစ္နဲ႔...။ ဒီအရြယ္ေလးကတည္းကေနေပါ့... အိုသြားတဲ့ အထိ...။"
ကြၽန္ေတာ့္ကို ၾကည့္သည့္ သူ႔အၾကည့္ ၾသရွရွ အသံမ်ားက ကြၽန္ေတာ့္ဝိညာဥ္ပင္ လႊင့္ေပ်ာက္ သြားမတတ္ပင္...။ ရွပ္အက်ႌအနက္ကို လက္ကို တံေတာင္ဆစ္အထိ ေခါက္ကာ ၀တ္ထားသည္။ အက်ႌေအာက္ဖ်ားမ်ားအား ေဘာင္းဘီထဲ ထိုးထည့္ထားသည္။ ရွပ္အက်ႌ ရင္ဘတ္ပိုင္းမွ ၾကယ္သီးႏွစ္လံုး ျဖဳတ္ထားသည္မို႔ သူ႔ရင္အုပ္ပိုင္း၏ က်စ္လစ္မႈကို ျမင္ေနရသည္။
Steering ကို ကိုင္ထားသည့္ သူ႔လက္မ်ားက အေၾကာၿပိဳင္းၿပိဳင္းျဖင့္ သန္မာမႈကို ျပေနသည္။ ကြၽန္ေတာ့္မွာေတာ့ သူ႔ကို ေၾကာက္လာၿပီး ဘယ္လိုလုပ္ရမွန္း မသိေတာ့... ပတ္၀န္းက်င္ အေျခအေနကို ၾကည့္မိေတာ့လည္း ေက်ာင္းသားမ်ားက သိပ္ၿပီး မရိွေတာ့...။ ထို႔အျပင္ သူ႔ဘက္မွ မွန္ကို ေလာ့ခ်ထားသည္... သူ႔နံေဘးမွာေတာ့ ေသနတ္တစ္လက္က ရိွေနသည္...။ မသၤကာ ကြၽန္ေတာ့္ကို ပစ္လိုက္ရင္ ဘယ္လိုလုပ္မလဲ?
ခႏၶာကိုယ္ေပၚမွ ၀တ္ထားသည့္ ေက်ာင္းအျဖဴအက်ႌ ကပ္ၿငိသည္အထိ ေခြၽးစတို႔က ေၾကာက္ရြံ႔မႈေၾကာင့္ အနည္းငယ္ ထြက္လာသည္။
"ဘယ္လိုလဲ? အခုပဲ ငါနဲ႔ ယူမွာလား? ငါ့မိန္းမ ျဖစ္ေပးမွာလား?"
ခ်က္ခ်င္းဆိုသလို သူက သူ႔အေပၚထည္ coatထဲမွ တစ္စံုတစ္ရာကို ထုတ္လာသည္။ ထိုအရာက NRC cardလား မသိေတာ့...။
"ေက်ာင္းသား မွတ္ပံုတင္ ရိွတယ္မလား? သြားရေအာင္..."
"ဘယ္သြားဖို႔လဲ? မုဒယ အသက္မျပည့္ေသးဘူး...။ မုဒယ ၁၅ႏွစ္ပဲ ရိွေသးတာပါ..."
ထိုအခ်ိန္မွာေတာ့ သူက သူ႔မ်က္ႏွာကို လက္ျဖင့္အုပ္ကာ အံႀကိတ္သံျဖင့္ ရယ္ေမာလာၿပီး....
"It's only illegal...
if I get caught...
မင္းကို ငါ့မိန္းမအျဖစ္ သိမ္းလိုက္ရင္...
တရားမ၀င္ဘူးတဲ့လား?"
တျဖည္းျဖည္းနဲ႔ ေခါင္းေဆာင္ရယ္သံက ေၾကာက္စရာ ေကာင္းလာသည္မို႔...
"... မုဒယကို ျပန္ခြင့္ျပဳပါ။ မုဒယ... အိမ္ကို ျပန္ခ်င္တယ္။ မုဒယ အသက္မျပည့္ေသးလို႔... ေက်းဇူးျပဳျပီး... ေမ့ဖို႔..."
"... Forget?
Fuck that...."
ထိုအခ်ိန္မွာေတာ့ သူက ကြၽန္ေတာ့္ကို ေပြ့ခ်ီလိုက္ၿပီး ကြၽန္ေတာ့္ပါးျပင္ေပၚမွ သနပ္ခါး အႂကြင္းအက်န္မ်ားအား ပြတ္သပ္ ဖ်က္ေလသည္...။
ထို႔ေနာက္ ကြၽန္ေတာ့္လက္မ်ားကို ဆုပ္ေထြးကိုင္လာသည္။ သူ႔လက္ဖဝါးႀကီးႀကီးထဲမွ ကြၽန္ေတာ့္လက္မ်ားကေတာ့ တိုး၀င္ေပ်ာက္ကြယ္လ်က္...။ သူက ခဏ အၾကာမွာေတာ့ ထိုလက္ျဖင့္ပင္ သူ႔ပါးျပင္သို႔ ထပ္အုပ္ဆုပ္ကိုင္ၿပီး....
"ေျပာစမ္းပါ...
ဒီလူႀကီးကိုပဲ ယူပါမယ္လို႔...။
ကတိေပးစမ္းပါ... ငါ့မိန္းမပဲ ျဖစ္ေပးပါ့မယ္လို႔..."
Russetေရာင္ ၫွို႔မ်က္၀န္းမ်ားထဲမွာ ကြၽန္ေတာ္ နစ္ေမ်ာသြားေပမယ့္ ခဏတာပင္ ျဖစ္သည္။ သူမ်က္ႏွာေပၚမွ ကြၽန္ေတာ့္လက္ကို ဆြဲထုတ္မိသည္....။
"မုဒယ... ေက်ာင္းတက္ခ်င္ေသးတယ္... မုဒယ အိမ္ေထာင္မျပဳခ်င္ေသးဘူး...။ မုဒယက အသက္မျပည့္ေသးပါဘူး...."
"မလိုဘူး...
အခုခ်ိန္က စ ၿပီး ငါ့မိန္းမျဖစ္ၿပီး ငါ့ကို ထိန္းႏိုင္ရင္ ရၿပီ...။"
"ဟင့္အင္း... မုဒယ ျပန္ခ်င္တယ္...။ အိမ္ေထာင္မျပဳခ်င္ေသးဘူး..."
" မင္း အသက္မျပည့္ေပမယ့္ ဒီလူက မင္း ထိန္းသိမ္းမႈကို လိုအပ္ေနတာ..."
"မုဒယကို သနားပါ...။
မုဒယ အိမ္ေထာင္မျပဳခ်င္ေသးဘူး....။ အဲ့ဒီအရာထဲ မ၀င္ခ်င္ေသးဘူး..."
"မုဒယ..."
"...ေခါင္းေဆာင္ မလုပ္ပါနဲ႔... မုဒယ... မ လို ခ်င္ေသးဘူး..."
ေခါင္းေဆာင္ကေတာ့ ကြၽန္ေတာ့္မ်က္ႏွာကို သူ႔လက္ျဖင့္ ဖ်စ္ၫွစ္လာသည္။ ထို႔ေနာက္ သူ႔လက္ႏွစ္ဖက္ကို လႈပ္ရမ္းၿပီး...
"ဘာလို႔လဲ? ဘာလို႔ ငါ့ကို မယူႏိုင္တာလဲ?"
သူ႔လႈပ္ရွားမႈေအာက္ လူက ယိုင္ထိုးၿပီး ေခါင္းေတာင္ မူးခ်င္လာသလိုပင္...။
"မဟုတ္ဘူး... မုဒယကေလ... ေခါင္းေဆာင္ကို မလိုခ်င္လို႔ မဟုတ္ပါဘူး...။ မုဒယ အသက္မျပည့္ေသးလို႔..."
ကြၽန္ေတာ္က သူ႔ေဒါသကို ေျပစိမ့္ေသာငွာ ေျပာလိုက္ေပမယ့္ ထိုစကားက ထိေရာက္သြားၿပီး သူ႔လႈပ္ရွားမႈတို႔ ရပ္တန္႔သြားသည္။ ထို႔ေနာက္ ကြၽန္ေတာ့္ကို ေသခ်ာၾကည့္လာၿပီး....
"ငါက မင္းကို အသက္ျပည့္ေအာင္ မေစာင့္ႏိုင္ဘူး ဆိုရင္ေရာ...."
"....."
ကြၽန္ေတာ္ ဘာမွမေျပာဘဲ ေခါင္းေဆာင္ကို ေငးၾကည့္မိေတာ့...
"ေကာင္းၿပီ... ၁၈ႏွစ္ကို တစ္ရက္မစြန္းေစရဘူး...။ ဒါေပမယ့္ ဒီၾကားထဲမွာ အဆင္မေျပရင္ေတာ့..."
"မုဒယ ဘာမွမလုပ္ပါဘူး...။ "
"ဒါဆို အဲ့ဒီ လိုက္ေျပာတဲ့ ေကာင္ေတြထဲမွာ မင္း သေဘာက်တဲ့သူ ရိွလား?"
"မရိွ... မရိွေသးပါဘူး..."
"ရိွလို႔လည္း မရဘူး...။ ၿပီးေတာ့ ငါ့ကို ေရွာင္လို႔ မရဘူး..."
"ဟုတ္... ဟုတ္ကဲ့..."
"ဘယ္သြားစရာ ရိွေသးလဲ? မရိွေသးရင္ လိုက္ခဲ့မလား?"
"ရတယ္... မုဒယ အိမ္ျပန္ၿပီး နားခ်င္တာမို႔ပါ...။"
"... မုဒယစကားဝါ ငါ့ကို ၾကည့္စမ္း..."
သူက ကြၽန္ေတာ့္ေခါင္းကို သူ႔လက္ႏွစ္ဖက္ျဖင့္ ကိုင္ကာ ကြၽန္ေတာ့္ကို သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ေစသည္....။
"တစ္ခု မွတ္ထားဖို႔က...
မင္းက ငါ ခုရရင္ ခုယူမယ့္သူပဲ..."
ထို႔ေနာက္ သူက ဘာမွမေျပာဘဲ ကြၽန္ေတာ့္ကို အိမ္ျပန္ပို႔ခဲ့ပါသည္။ အဲ့ဒီေန့ေနာက္ပိုင္း ကြၽန္ေတာ့္ဆီ အၿမဲတမ္း အခ်ိန္မွန္ လာေတြ့တတ္ပါသည္။ ထင္သည္ေတာ့ ကြၽန္ေတာ့္ကို လာေတြ့ရင္း ကြၽန္ေတာ့္အနားက ပတ္၀န္းက်င္ကို အနည္းငယ္ ေလ့လာတာမ်ိဳးလည္း ျဖစ္ႏိုင္ပါသည္။
တစ္ခါတစ္ရံ လာႀကိဳသည့္ သူ႔ကားကို မစီးဘဲ Taxi ငွားဖို႔ ျပင္မိတာနဲ႔.... ကြၽန္ေတာ့္ကို ၿခိမ္းေျခာက္တာ ႏွစ္နည္းရိွသည္။ တစ္နည္းကေတာ့ ကြၽန္ေတာ္ taxiေပၚ ေရာက္ေနရင္ ထိုကားကို အနည္းငယ္ ၀င္တိုက္တာမ်ိဳး၊ ဘီးေဖာက္တာမ်ိဳး လုပ္တတ္သည္။ တစ္ခါတစ္ရံ... ထိုသို႔ မလုပ္လ်ွင္.... ကြၽန္ေတာ့္ကို warning ေပးသည့္ အၾကည့္ျဖင့္ ၾကည့္တတ္သည္။ကြၽန္ေတာ့္ဘာသာ ဆင္းမလား သူ လုပ္ရမလား ေပါ့...။
ၾကာေတာ့ ကြၽန္ေတာ္ သူ႔ကို ဂလန္ကဆန္ မလုပ္ရဲေတာ့...။ သူ႔သေဘာက် ေနဖို႔ပဲ ျပင္လိုက္မိေတာ့သည္။
ဒီေန့ မမဆီက ဖုန္းခ်ၿပီးသည္ႏွင့္ မ်က္ႏွာသစ္ ေရခ်ိဳးလိုက္မိသည္။ ထို႔ေနာက္ မနက္စာ စားဖို႔ ျပင္ေနတုန္း ရိွေသးသည္... ဖုန္း call ၀င္လာတာမို႔ အလ်င္အျမန္ ေျပးကိုင္လိုက္မိသည္...။
📱~~
"Hello..."
"အိမ္ေရ႔ွေရာက္ေနၿပီ လာခဲ့ေတာ့..."
ကြၽန္ေတာ့္မွာ ေက်ာင္းပိတ္ရက္ေတာ့ သူ႔ကို မျမင္ရဘဲ လြတ္လပ္ခဲ့ၿပီ ထင္ေသာ္ျငား သူကေတာ့ျဖင့္ ေက်ာင္းပိတ္ရက္ေတာင္ ကြၽန္ေတာ့္ကို အလြတ္မေပးပါေလ...။
ကြၽန္ေတာ္လည္း အဘြားကို အျပင္ခဏ မုန္႔သြားစားဖို႔ လိမ္ခဲ့လိုက္ၿပီး ထြက္လာခဲ့မိသည္။ အျပင္မွာ မိုးနည္းနည္း ေအးေနသည္မို႔ ဆြယ္တာေလး ၀တ္လာမိသည္။ အျပင္ေရာက္ေတာ့ အိမ္ေရ႔ွ တံခါးတစ္ဖက္မွာ ေစာင့္ေနသည့္ သူ႔ကားကို ေတြ့လိုက္ရသည္။ ကြၽန္ေတာ္လာသည္ႏွင့္ သူက ကားတံခါးကို ဖြင့္ေပးလာသည္...။
ကြၽန္ေတာ္လည္း ထီးကို ပိတ္ကာ သူဖြင့္ေပးလာသည့္ ကားတံခါးမွ အထဲသို႔ ၀င္လိုက္သည္။ အထဲကို ေရာက္စဥ္မွာေတာ့ သူက... ကြၽန္ေတာ့္ကို သူ႔နံေဘးသို႔ ထိုင္ေစသည္။ အခုတစ္ခါမွာေတာ့ အရင္တစ္ေခါက္ပါလာသည့္ တစ္ေယာက္က ပါမလာခဲ့ပါ...။
ကြၽန္ေတာ္လည္း ထီးကို ပိတ္ကာ နံေဘးသို႔ ၀င္ထိုင္လိုက္မိေတာ့သည္...။
"ကိုယ္ တစ္ေနရာ သြားစရာရိွတယ္... မင္းကိုေတာ့ ေခၚသြားခ်င္တယ္ ...။ ဒါေပမယ့္ အေျခအေနမဟန္ေလာက္ဘူး ထင္လို႔... မသြားခင္ ခဏလာေတြ့တာ...။ ဒီေန့ ဘယ္သြားစရာ ရိွလဲ?"
"ဟင့္အင္း မရိွဘူး... မုဒယ အိမ္မွာပဲ ေနျဖစ္မွာပါ... မုဒယ အျပင္ကို သိပ္ၿပီး ထြက္ေလ့မရိွပါဘူး...။"
"အင္း... မထြက္နဲ႔...။ မထြက္တာ ေကာင္းတယ္..."
"ဒါေပမယ့္ မနက္ျဖန္ေတာ့ ေက်ာင္းမွာ အစည္းအေဝးေလး ရိွလို႔ ခဏသြားရၪီးမယ္..."
"အင္း... ဂရုစိုက္ေန ဟုတ္ၿပီလား?"
သူက ကြၽန္ေတာ့္ေခါင္းကို ပြတ္လာကာ ခဏ ခဏ ဂရုစိုက္ဖို႔ မွာၾကားေနသည္။ သူကေတာ့ ဒီေန့မွ ဘာလို႔ မ်က္ႏွာမေကာင္းဘဲ ၿငိမ္ေနသလဲ မသိေတာ့...။ ခဏအၾကာမွာေတာ့ သူက ကြၽန္ေတာ့္ကို ၾကည့္လာၿပီး...
"... အခုရက္ပိုင္း အျပင္ထြက္ရင္ ဂရုစိုက္ပါ...။ တစ္ခုခုဆို ကိုယ့္ကို ဖုန္းဆက္ပါ..."
"ဟုတ္... ဟုတ္ကဲ့..."
"... ငါ သနားလို႔ ခ်မ္းသာေနတဲ့ ငါ့မယားေလး..."
အံကို ဖိႀကိတ္ကာ မိမိ ပုခံုးအား ဖိၫွစ္ၿပီး ေျပာေလေတာ့ ကြၽန္ေတာ့္မွာ သူ႔စကားလံုးမ်ားေအာက္ အသက္ေပ်ာက္သြားသလို ခဲ၍။
အၿမဲတမ္း confident ရိွရိွ တည္ၿငိမ္ေနသည့္ သူက ဘာလို႔ ဒီေန့မွ တစ္ခုခုကို စိုးရိမ္ေနသလို ျဖစ္ေနသည္လဲ... ကြၽန္ေတာ့္ကို အေသအခ်ာ မွာေနသည္...။ သူ႔ကို ေၾကာက္ေပမယ့္ သူ ဒီလိုျဖစ္ေနေတာ့လည္း ကြၽန္ေတာ့္စိတ္ထဲ တစ္မ်ိဳးတမည္ပင္ ျဖစ္သည္။
ခဏအၾကာမွာေတာ့ သူက ကြၽန္ေတာ့္အတြက္ သစ္ခြပန္းႏွင့္အတူ ေတာင္ေပၚမွ စားစရာတစ္ခ်ိဳ႕အား အေသအခ်ာေလး ထုတ္ပိုးလာၿပီး ေပးလာသည္။ ထို႔ေနာက္ ကြၽန္ေတာ့္ကို ေသခ်ာၾကည့္ၿပီးသည့္ေနာက္ ထိုကားကေတာ့ျဖင့္ ၿခံေရ႔ွမွ တျဖည္းျဖည္း ေဝးေဝး ေပ်ာက္ကြယ္သြားေလၿပီ...။
ကြၽန္ေတာ္ကေတာ့ သူ႔ေပးခဲ့သည့္ အရာမ်ားကို ၾကည့္ၿပီး စိတ္ထဲမွာ ေလးလံေနမိသည္။
ဘာေတြ ျဖစ္ဖို႔လဲ ေခါင္းေဆာင္ရယ္...။
ေျပာပံုႀကီးက ဘာလို႔ ႏူတ္ဆက္တဲ့ အသြင္ႀကီး ျဖစ္ေနသည္လဲ?
ကြၽန္ေတာ္လည္း ထိုအရာမ်ားႏွင့္အတူ အိမ္ထဲ၀င္သြားေတာ့ ဘြားက...
"ဘာေတြလဲ ေျမး..."
"ေၾသာ္... ခ်င္းေတာင္ဘက္က လူတစ္ေယာက္က လူႀကံဳလာေပးသြားတာပါ။ မမ ပို႔ခိုင္းလိုက္လို႔ ထင္ပါတယ္..."
"ေၾသာ္ ဟုတ္လား? ဘာေတြလဲ ျပပါၪီး..."
ဘြားကေတာ့ ကြၽန္ေတာ့္လက္ထဲမွ အရာမ်ားကို ၾကည့္ဖို႔ေတာင္းဆို လာခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ဘြားအနားသို႔သာ...
ေန့လည္ပိုင္း...
📱~~~
ဘယ္သူမွန္းမသိ... ဖုန္းနံပါတ္အစိမ္းက တဒူဒူ ေခၚလာသည္မို႔ ကြၽန္ေတာ္ ေကာက္ကိုင္လိုက္မိသည္။ ထိုအခ်ိန္မွာေတာ့ တစ္ဖက္က...
"မုဒယစကားဝါလား?"
"ဟုတ္ကဲ့... ဘယ္သူလဲ မသိဘူးေနာ္..."
"က်ဳပ္... ဖိုးေစာျမတ္ပါ...။ ဒီမွာ ေခါင္းေဆာင္ကို ဖုန္းဆက္သြယ္လို႔ မရလို႔...။ ေခါင္းေဆာင္ အဲ့ဒီကိုမ်ား ေရာက္ေနသလား...?"
"ဟုတ္ကဲ့ ဒီကိုေတာ့ မနက္ပိုင္းက ႏူတ္ဆက္သြားပါတယ္... ။ ဘာျဖစ္လို႔လဲ မသိဘူး..."
"ဒါဆိုရင္ေတာ့ က်ဳပ္ သေဘာေပါက္ၿပီ... ။ ဒါဆိုရင္ ဒါပဲေနာ္ ... က်ဳပ္ ဖုန္းခ်ၿပီ..."
ဖုန္းက အမွန္တကယ္ပင္ ဘာကိုမွ အထြန္႔မတက္ႏိုင္ခင္မွာပင္ ဖုန္းက က်သြားေလၿပီ။ ကြၽန္ေတာ္လည္း က်သြားသည့္ ဖုန္းကို ကိုင္ကာ အေတာ္ေလး စဥ္းစားေနမိသည္။ ဘယ္လိုေတြ ျဖစ္ေနတာလဲ?
ကြၽန္ေတာ့္အေတြးထဲ အထပ္ထပ္ အခါခါ ေရာက္ေနမိသည္။ ေခါင္းေဆာင္က ဘာေတြ ျဖစ္ေနလဲ မသိေတာ့။ ဒီရက္ပိုင္း ကြၽန္ေတာ့္အနားမွာ ရိွေနသည့္ သူမို႔ ကြၽန္ေတာ္ ပိုၿပီး စိတ္ထဲမွာ ရိွေနမိသည္...။
မနက္ ၁နာရီ...
"ေခါင္းေဆာင္... အဆင္ေျပရဲ့လား? က်ဳပ္က စိတ္ပူသြားတာ...။ အစည္းအေဝးသြားတယ္ ဆိုလည္း က်ဳပ္ကို ေခၚမသြားဘူး။ ေနာက္တစ္ခါ ၁၅ႏွစ္ေလး သြားေတြ့ရင္ေတာင္ က်ဳပ္ အဲ့ဒီေရာက္မွ ေရွာင္ေပးမယ္..."
နယ္စပ္ဂိတ္ကို မနက္တစ္နာရီမွ ေရာက္လာသည္။ ဘယ္ေလာက္ ခရီးေဝးေဝးကို သြားခဲ့လို႔လည္း မသိ... ေခါင္းေဆာင္ ပင္ပန္းေနသည္။ ေခါင္းေဆာင္က ကားတံခါးကို ဖြင့္ကာ... သူ႔အေပၚရံု coatကို က်ဳပ္ကို ေပးလာသည္။ ေခါင္းေဆာင္ကေတာ့ ဘာတစ္ခုမွ မေျပာလာေသးဘဲ နယ္စပ္ဂိတ္ကိုသာ ၪီးေဆာင္သြားေလၿပီ....။
ကြၽန္ေတာ္လည္း ဘာမွမေျပာလဲ ေနာက္ကေန လိုက္၍....
ေခါင္းေဆာင္ကေတာ့ ဂိတ္ကို ေရာက္သည္ႏွင့္ သူ႔အိတ္ကပ္ထဲမွ ေဆးလိပ္ဗူးထဲမွ ေဆးလိပ္ကို ထုတ္ကာ သူ႔ႏူတ္ခမ္းမွာ ၫွပ္လိုက္သည္။ ထို႔ေနာက္...
"မနက္ျဖန္... ဆူရ္ဘုန္ေလဆိပ္ကို ခဏ သြားရမယ္... ဟိုက ဧည့္သည္ေတြ ခဏ လာမယ္တဲ့..."
"ဟုတ္ကဲ့ ေခါင္းေဆာင္..."
"......"
ေခါင္းေဆာင္က ဘာမွမေျပာလာေပမယ့္ သူ႔ဖုန္းကို ခဏ ခဏ ဖြင့္ၾကည့္ေနသည္။ ဒီနာရီေလာက္မွ ေရာက္လာသည့္ ေခါင္းေဆာင္ရဲ့ ၪီးတည္ခ်က္က ဘာမွန္းလည္း မသိပါ...။ ခဏအၾကာမွာေတာ့ ေခါင္းေဆာင္က သူ႔ႏူတ္ခမ္းမွ ေဆးလိပ္ကို ဖယ္ခြာလိုက္ၿပီး... မႈတ္ထုတ္လိုက္သည့္ စီးကရက္အေငြ့မ်ားႏွင့္အတူ ေျပာလာသည္က...
"ငါ.... ဟိုဟာေလးကို ေတြ့လို႔ မ၀ ေသးရင္... တစ္ခါတည္း ထမ္းေခၚခဲ့ရမလားလို႔..."
"ဘယ္... ဘယ္လို ေခါင္းေဆာင္... ၁၅ႏွစ္ကေလးကိုလား?"
"... အင္း..."
တစ္ရက္ လြန္ေျမာက္ေလေသာ္...
တနလၤာေန့...
မေန့ကတည္းက သူ႔ဆီက ဖုန္းမလာသလို ဒီေန့လည္း ေက်ာင္းလိုက္ပို႔ဖို႔ ေရာက္မလာတာမို႔ ကြၽန္ေတာ္ Taxi ငွားၿပီးသာ ေက်ာင္းကို လာမိေတာ့သည္။ သူမရိွတာ အမွန္အတိုင္း ၀န္ခံရရင္ လြတ္ေျမာက္သလို ခံစားရပါသည္။
..အ!
ေက်ာင္းအ၀င္၀၌ တစ္စံုတစ္ေယာက္က အေလာတႀကီး ၀င္လာဟန္ ရိွတာမို႔ ၀င္တိုက္မိသည္။ ကြၽန္ေတာ့္လက္ထဲမွ စာအုပ္မ်ားက ေက်ာင္းအ၀င္ တံခါး၀၌ ဖရိုဖရဲ ျပန္႔က်ဲလ်က္....။
"အာ... sorry... sorryပါဗ်... ေနာက္က သူငယ္ခ်င္းေတြ တိုးလိုက္လို႔ပါ..."
ကြၽန္ေတာ့္ေဘးနားသို႔ ထိုင္ခ်လာကာ ကြၽန္ေတာ့္စာအုပ္ေတြကို ကပ်ာကယာ သိမ္းေကာက္ေနသည့္ တစ္စံုတစ္ေယာက္...။
"ရတယ္... ဘာမွမျဖစ္ပါဘူး..."
သူကေတာ့ သြက္သြက္လက္လက္လားပင္ မသိေတာ့... သူ႔လက္ထဲမွ စာအုပ္မ်ားကို စီရီထပ္လာၿပီး ကြၽန္ေတာ္ဆီသို႔ မေပးလာေသးဘဲ မတ္တပ္ရပ္သည္။
"ျမတ္ထြဋ္ေခါင္မင္းၪီး...ပါ... ။ Grade 10- Aက..."
"ဟုတ္ကဲ့ ေတြ့ရတာ ၀မ္းသာပါတယ္..."
ထို႔ေနာက္ သူ႔လက္ထဲမွ စာအုပ္မ်ားကို ဆြဲယူၿပီး သြားဖို႔ ျပင္ေပမယ့္ သူက လႊတ္မေပးလာတာမို႔... သူ႔ကို ၾကည့္လိုက္မိသည္...။
"နာမည္...
ေၾသာ္ ... မုဒယစကားဝါ တဲ့လား?"
"......."
သူ႔ေရရြတ္သံအဆံုးမွာေတာ့ ဘာစကားမွ မေျပာဘဲ သူ႔လက္ထဲက စာအုပ္မ်ားကို ဇြတ္အတင္း လုယူေပြ့ပိုက္လိုက္သည္။ ထို႔ေနာက္... ဒီေန့ Assembly ရိွသည္မို႔.... အခန္းထဲ လြယ္အိတ္ထားၿပီး အလံတိုင္ေရ႔ွ အေရာက္သြားႏိုင္ဖို႔...။
ညေန
ေက်ာင္းဆင္းခ်ိန္...
ကြၽန္ေတာ္ႏွင့္ မလွမ္းမကမ္းမွ ထိုလူက လိုက္ပါေနၿပီး ကြၽန္ေတာ့္ကို ၿပံဳးျပေနသည္။ မၾကာမီပင္ ကြၽန္ေတာ့္ေနာက္သို႔ ထပ္ၾကပ္ကြာ လိုက္ပါလာၿပီး ကြၽန္ေတာ့္ေခါင္းေပၚသို႔ ထီးက အုပ္မိုးကာ က်လာသည္....။
"မိုးရြာမယ္... ထင္တယ္... ထီးယူသြားမလား?"
"ရတယ္... taxiငွားၿပီး ျပန္မွာပါ..."
"Taxiခ သက္သာေအာင္ ငါတို႔ ေက်ာင္းကားနဲ႔ပဲ လိုက္ခဲ့ပါလား?"
"ေနပါေစ..."
"မုဒယ... Eco အခန္းထဲက မလား? ေနာက္ေန့ လာေတြ့မယ္ေနာ္..."
"......"
"ေၾသာ... စကားေတာင္ မေျပာေတာ့ဘူးလား? သူငယ္ခ်င္းေတြ ျဖစ္လို႔ ရတာကို..."
"......."
လူကို အေလးမထားဟန္ျဖင့္ ထြက္သြားသည့္ အရပ္ကေလးကို ၾကည့္ၿပီး သေဘာက်မိစြာ ၿပံဳးမိသည္။ ဒီ ကေလးၿမိဳ႔မွာ ဒီေလာက္လွတဲ့ အလွကေလးကေလးသာ ရိွမွန္း အေစာႀကီးကတည္းက သိရင္...
ကုန္လြန္သြားသည့္ အခ်ိန္မ်ားကို အရမ္းႏွေျမာမိသည္။ လမ္းမေပၚမွာ က်န္ရစ္သည့္ အရိပ္ငယ္ေလးကို လည္ျပန္ေအာင္ ေငးၾကည့္မိရင္းမွ ၿပံဳးမိသည္။
...အစြာကေလးမွာ... သက္ဆိုင္သူ မရိွပါေစနဲ႔... ဟု...။
Sunday:11:June:0:29AM:2023