ဘာသာပြန်သူ Yuuki
အပိုင်း (၇၉) ခြေရာခံခြင်း (၄)
သည်ကလေးသည် လက်ရှိ သူမ၏အသွေးအသားအရိုးတို့ဖြင့် ဖန်တီးထားသော သူမ၏ သားအရင်းဖြစ်သည်။
သူမ၏မျက်ဝန်းများမှာ စိုစွတ်လာပြီး ညင်ညင်သာသာပြောလိုက်လေတော့သည်။
“ ပေါင်ပေ့က မာမားဒဏ်ရာကို မှုတ်ပေးလိုက်တော့ လုံးဝမနာတော့ဘူး သိလား”
ပိုးတုံးလုံးလေးသည် ထိုစကားကိုကြားလိုက်သောအခါ ရွှင်လန်းတက်ကြွသွားတော့သည်။ သူလေး၏ နက်မှောင်ပြီး ဖန်သားကဲ့သို့ ကြည်လင်နေသောမျက်လုံးများတွင် ယုံကြည်ချက်အပြည့် ဖြစ်သွားလေသည်။
“ လော့လော့ မာမားကို ကူညီနိုင်သွားပြီ”
“အွန်း”
ချောင်မော့ယွီ အလေးအနက်ထားပြောလိုက်၏။
“လော့လော့ သားလေးက မာမားကို အများကြီးကူညီခဲ့တာပဲ”
နေ့လယ်စာစားပြီးချိန်တွင် ရာသီဥတု ကောင်းသဖြင့် ချောင်မော့ယွီသည် လော့လော့ကို ခေါ်ကာ အိမ်ရာဝင်းအတွင်း ပေးကစားရန်ထွက်လာသည်။ သူမသည် သူအစာကြေသွားလျှင် နေ့လယ်တရေးအိပ်ရန် အိမ်ပြန်ခေါ်သွားမည်ဟု စဥ်းစားထားလိုက်သည်။
ပိုးတုံးလေးသည် လျှောစီးရသည်ကို အလွန်သဘောကျနေသည်။ သူလေးသည် နှစ်နှစ်သာရှိသေးသော်လည်း ကလေးကြီးများလိုဖြစ်ချင်ပြီး လျှောပေါ်တက်စီးကြည့်နေသည်။ ရလဒ်အနေဖြင့် လျှောဆင်းသောအခါ လက်လှမ်းမမှီသဖြင့် ချောင်မော့ယွီက အကြိမ်တိုင်း သူ့ဖင်တုံးလေးကို ကိုင်ထားပေးရတော့သည်။ မော့ယွီက သူလေးကို ရယ်လိုက်ရာ သူလေးကလဲ သူမနှင့်အတူ လိုက်ရယ်နေတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူလေးက ဒန်းစီးနေပြီး ချောင်မော့ယွီသည် သူ့ကိုပုံမှန်အတိုင်း ကိုင်ပေးထားလိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ၏ဆဲလ်ဖုန်း မြည်လာသည်။
သူမ ဖုန်းပြန်ဖြေလိုက်၏။
“ ဟယ်လို ဒါရိုက်တာ ဝမ်”
ဒါရိုက်တာဝမ်သည် ထိပ်ဆုံးသို့ရောက်လာသည်။ လေတိုးသံသည် ဖုန်းထဲကသူ့အသံကို ထပ်နေစေသည်။
“ ဆရာကြီး”
ချောင်မော့ယွီသည် သူ့ကို ကူညီလိုက်ပြီးသည့်အချိန်မှစ၍ သူ့လုပ်ငန်းမှာ တိုးတက်လာခဲ့သည်။ ထိုကြောင့် သူသည် သူမ၏ ‘ ဂုဏ်ကျက်သရေ’အတွက် ချောင်မော့ယွီအပေါ် အမြဲကျေးဇူးတင်နေသည်။
ယနေ့တွင် သူနှင့် သူ့သူငယ်ချင်းသည် ရှားရှားပါးပါး အားလပ်ချိန်တစ်ခု ရသောကြောင့် သဘာဝကို ခံစားရန် လမ်းလျှောက်ထွက်လာကြသည်။ မြောက်ဘက်မြို့စွန်ရှိ တောင်များတွင် လွတ်နေသော ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်။ ထိုဘုန်းကြီးကျောင်းသည် ဒါရိုက်တာကို လာမေးကြသည့်သူတိုင်းကို ‘ဆရာကြီး’နှင့်တွေ့နိင်သည့်နေရာဟု ပြောလိုက်သည့် ဘုန်းကြီးကျောင်းနှင့် ဆင်တူနေသည်။
ဒါရိုက်တာသည် ထိုပျက်စီးနေသောဘုန်းကြီးကျောင်းသို့ ရှေ့ရက်က ရောက်သွားသောအခါ ထိုနေရာသည် ရှင်းလင်းနေသည်ကို တွေ့လိုက်ရသည်။ စားပွဲပေါ်တွင် စာအိတ်များ သပ်သပ်ရပ်ရပ် တင်ထားပြီး စာအိတ်ပေါ်တွင် ‘မြင့်မြတ်တဲ့ဆရာကြီး ကျေးဇူးပြုပြီး အလင်းဖွင့်ပေးပါ’ဟူသည့် လှပသော လက်ရေးစာလုံးများရေးထားလေသည်။
ဖုန်းထဲမှတဆင့် ဒါရိုက်တာက ပြောလိုက်၏။
“ ဆရာကြီး ဒီလိုပါ၊ ကျွန်တော် ဒီနေ့မနက်စောစောတုန်းက မြောက်ဘက်မြို့စွန်ကို သွားခဲ့သေးတယ်၊ အဲမှာ ဆရာကြီးဆီ ရေးထားတဲ့ စာတွေတော်တော်များကို တွေ့ခဲ့ရလို့ပါ”
ချောင်မော့ယွီသည် အစောကတည်းက သည်ပိတ်ရက်တွင် တောင်ပေါ်သို့သွားပြီး လေကောင်းလေသန့်နှင့် ရှုခင်းများကိုပြရန် လော့လော့ကိုခေါ်သွားမည်ဟု စီစဥ်ထား၏။ ဒါရိုက်တာ ဝမ်က အရင်လာပြောလိမ့်မည်ဟု မည်သူက သိပါမည်နည်း။ သူမသည် ခဏလောက် စဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် အဲဒီစာထဲမှာ ဘာအကြောင်းတွေပါလဲ ဒါရိုက်တာဝမ်က ငါ့ကို ပြောပြပါလား”
သို့နှင့် ဒါရိုက်တာဝမ်သည် စာများကို တစ်စောင်ချင်းဖွင့်ကာ တစ်လုံးချင်းစီ ဖတ်ပြလေသည်။
ချောင်မော့ယွီသည် အသံသွင်းခလုတ်ကိုနှိပ်လိုက်ပြီး တစ်ယောက်စီ၏တောင်းဆိုချက်နှင့် ဆက်သွယ်ရမည့် လိပ်စာကို အသံသွင်းထားလိုက်သည်။ ထို့နောက် သူမသည် ဒါရိုက်တာဝမ်ကို ကျေးဇူးတင်စကားပြောလိုက်ပြီး ဖုန်းချလိုက်လေသည်။
သူမသည် မည်သည့်စာကိုမျှ စိတ်ထဲတွင်မရှိသော်လည်း ဒါရိုက်တာဝမ် ပြောလိုက်သည့် လူများထဲမှ တစ်ယောက်ကို အတန်ငယ်စိတ်ဝင်စားသွားသည်။
သီချင်းရေးရသည်ကို စွဲလမ်းနေသော်လည်း လွန်ခဲ့သည့် ငါးနှစ်လောက်ကတည်းက ဆေးစွဲနေသည့် ဂီတပညာရှင် တစ်ယောက်ထံသို့ ရည်ညွှန်းစာတစ်ခုဖြစ်သည်။ သူသည် လက်ရှိတွင် ဘဝသစ်ကို စတင်နေသော်လည်း အရင်ကလုပ်ခဲ့သလို အဆင်မပြေချေ။
မနက်ဖြန်သည် တေးသံသွင်းစတူဒီယို ဖွင့်ပွဲနေ့ဖြစ်သော်လည်း ဖျော်ဖြေရေးလောက၏ ရေစီးကြောင်းမှာ အမြဲတစေ လျင်မြန်စွာ ပြောင်းလဲနေသည်။ သည်လူသည် လက်ရှိတွင် လူများနှင့် မထိတွေ့သည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်သည်။
ချောင်မော့ယွီ သူ့ကို သတိထားမိသည့်အကြောင်းအရင်းမှာ သည်ဂီတပညာရှင်သည် မူရင်းဝတ္ထုတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသူအဖြစ် ဖော်ပြထားသောကြောင့် ဖြစ်လေသည်။ စာသားထဲတွင် ဤကဲ့သို့ရေးထားလေသည်။
“ချောင်မော့ယွီက ပြီးခဲ့တစ်နှစ်လောက်က နာမည်ကြီးဂီတပါရမီရှင် လုပေ့ကဲ ခုန်ချခဲ့တဲ့ မြို့တော်ရဲ့ နာမည်ကျော် အဆုံးစီရင်ခြင်းရဲ့ မြင့်မြတ်တဲ့မြေမှာ သေဆုံးဖို့ ရွေးချယ်ခဲ့တယ်တဲ့..”
ချောင်မော့ယွီသည် ထိုစာကို ပထမအကြိမ်ဖတ်မိလိုက်သောအခါ ရှေ့ပိုင်းအခန်းများကို အထူးတလည် ပြန်စစ်ကြည့်မိလိုက်ပြီး ထိုလုပေ့ကဲ သည် ဆေးသုံးခြင်းလုံးဝမဟုတ်ဘဲ တစ်စုံတစ်ယောက်က ထိုအရှုပ်တော်ပုံကို လုပ်ကြံထားခြင်းဖြစ်ကြောင်း တွေ့ခဲ့ရသည်။
ဤပါရမီရှင် ဖန်တီးလိုက်သော သီချင်းသည် အမှန်ပင် အလွန်နှလုံးသားမွေ့လျော်ရာဖြစ်လေသည်။ သို့သော် လောကကြီးသည် အလွန်ရက်စက်လေသည်။ သူသည် ခက်ထန်သော၊စစ်မှန်မှုမရှိသော၊ တဖက်လူ၏စိတ်ဝင်စားမှုကို မလေးစားတတ်သော သူအဖြစ် ဖယ်ကျဥ်ခံထားခဲ့ရသည်။ ထို့ကြောင့် သူသည် ပြန်လည်ထူထူထောင်ထောင်ရှိလာသော်လည်း စိတ်ဓာတ်ကျခြင်း နွံတွင်နစ်နေဆဲဖြစ်ပြီး နောက်ဆုံးတွင် သူ့ငယ်ရွယ်သည့်ဘဝကို အရှုံးပေးလိုက်ကာ ခုန်ချရန် ရွေးချယ်သွားသည်အထိ ဖြစ်ရလေတော့သည်။
...
ဒါလေး paid gp ရှိပါတယ်
အစအဆုံးကို 3000 (kpay,wave)
4000( Ph bill)
အခု gp မှာ အစအဆုံးပြီးသွားပါပြီ
Zawgyi
ဘာသာျပန္သူ Yuuki
အပိုင္း (၇၉) ေျခရာခံျခင္း (၄)
သည္ကေလးသည္ လက္ရွိ သူမ၏အေသြးအသားအရိုးတို႔ျဖင့္ ဖန္တီးထားေသာ သူမ၏ သားအရင္းျဖစ္သည္။
သူမ၏မ်က္ဝန္းမ်ားမွာ စိုစြတ္လာၿပီး ညင္ညင္သာသာေျပာလိုက္ေလေတာ့သည္။
“ ေပါင္ေပ့က မာမားဒဏ္ရာကို မႈတ္ေပးလိုက္ေတာ့ လုံးဝမနာေတာ့ဘူး သိလား”
ပိုးတုံးလုံးေလးသည္ ထိုစကားကိုၾကားလိုက္ေသာအခါ ႐ႊင္လန္းတက္ႂကြသြားေတာ့သည္။ သူေလး၏ နက္ေမွာင္ၿပီး ဖန္သားကဲ့သို႔ ၾကည္လင္ေနေသာမ်က္လုံးမ်ားတြင္ ယုံၾကည္ခ်က္အျပည့္ ျဖစ္သြားေလသည္။
“ ေလာ့ေလာ့ မာမားကို ကူညီနိုင္သြားၿပီ”
“အြန္း”
ေခ်ာင္ေမာ့ယြီ အေလးအနက္ထားေျပာလိုက္၏။
“ေလာ့ေလာ့ သားေလးက မာမားကို အမ်ားႀကီးကူညီခဲ့တာပဲ”
ေန႕လယ္စာစားၿပီးခ်ိန္တြင္ ရာသီဥတု ေကာင္းသျဖင့္ ေခ်ာင္ေမာ့ယြီသည္ ေလာ့ေလာ့ကို ေခၚကာ အိမ္ရာဝင္းအတြင္း ေပးကစားရန္ထြက္လာသည္။ သူမသည္ သူအစာေၾကသြားလွ်င္ ေန႕လယ္တေရးအိပ္ရန္ အိမ္ျပန္ေခၚသြားမည္ဟု စဥ္းစားထားလိုက္သည္။
ပိုးတုံးေလးသည္ ေလွ်ာစီးရသည္ကို အလြန္သေဘာက်ေနသည္။ သူေလးသည္ ႏွစ္ႏွစ္သာရွိေသးေသာ္လည္း ကေလးႀကီးမ်ားလိုျဖစ္ခ်င္ၿပီး ေလွ်ာေပၚတက္စီးၾကည့္ေနသည္။ ရလဒ္အေနျဖင့္ ေလွ်ာဆင္းေသာအခါ လက္လွမ္းမမွီသျဖင့္ ေခ်ာင္ေမာ့ယြီက အႀကိမ္တိုင္း သူ႕ဖင္တုံးေလးကို ကိုင္ထားေပးရေတာ့သည္။ ေမာ့ယြီက သူေလးကို ရယ္လိုက္ရာ သူေလးကလဲ သူမႏွင့္အတူ လိုက္ရယ္ေနေတာ့သည္။
အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္ သူေလးက ဒန္းစီးေနၿပီး ေခ်ာင္ေမာ့ယြီသည္ သူ႕ကိုပုံမွန္အတိုင္း ကိုင္ေပးထားလိုက္သည္။
ထိုအခိုက္အတန့္တြင္ သူမ၏ဆဲလ္ဖုန္း ျမည္လာသည္။
သူမ ဖုန္းျပန္ေျဖလိုက္၏။
“ ဟယ္လို ဒါရိုက္တာ ဝမ္”
ဒါရိုက္တာဝမ္သည္ ထိပ္ဆုံးသို႔ေရာက္လာသည္။ ေလတိုးသံသည္ ဖုန္းထဲကသူ႕အသံကို ထပ္ေနေစသည္။
“ ဆရာႀကီး”
ေခ်ာင္ေမာ့ယြီသည္ သူ႕ကို ကူညီလိုက္ၿပီးသည့္အခ်ိန္မွစ၍ သူ႕လုပ္ငန္းမွာ တိုးတက္လာခဲ့သည္။ ထိုေၾကာင့္ သူသည္ သူမ၏ ‘ ဂုဏ္က်က္သေရ’အတြက္ ေခ်ာင္ေမာ့ယြီအေပၚ အၿမဲေက်းဇူးတင္ေနသည္။
ယေန႕တြင္ သူႏွင့္ သူ႕သူငယ္ခ်င္းသည္ ရွားရွားပါးပါး အားလပ္ခ်ိန္တစ္ခု ရေသာေၾကာင့္ သဘာဝကို ခံစားရန္ လမ္းေလွ်ာက္ထြက္လာၾကသည္။ ေျမာက္ဘက္ၿမိဳ႕စြန္ရွိ ေတာင္မ်ားတြင္ လြတ္ေနေသာ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းရွိသည္။ ထိုဘုန္းႀကီးေက်ာင္းသည္ ဒါရိုက္တာကို လာေမးၾကသည့္သူတိုင္းကို ‘ဆရာႀကီး’ႏွင့္ေတြ႕နိင္သည့္ေနရာဟု ေျပာလိုက္သည့္ ဘုန္းႀကီးေက်ာင္းႏွင့္ ဆင္တူေနသည္။
ဒါရိုက္တာသည္ ထိုပ်က္စီးေနေသာဘုန္းႀကီးေက်ာင္းသို႔ ေရွ႕ရက္က ေရာက္သြားေသာအခါ ထိုေနရာသည္ ရွင္းလင္းေနသည္ကို ေတြ႕လိုက္ရသည္။ စားပြဲေပၚတြင္ စာအိတ္မ်ား သပ္သပ္ရပ္ရပ္ တင္ထားၿပီး စာအိတ္ေပၚတြင္ ‘ျမင့္ျမတ္တဲ့ဆရာႀကီး ေက်းဇူးျပဳၿပီး အလင္းဖြင့္ေပးပါ’ဟူသည့္ လွပေသာ လက္ေရးစာလုံးမ်ားေရးထားေလသည္။
ဖုန္းထဲမွတဆင့္ ဒါရိုက္တာက ေျပာလိုက္၏။
“ ဆရာႀကီး ဒီလိုပါ၊ ကြၽန္ေတာ္ ဒီေန႕မနက္ေစာေစာတုန္းက ေျမာက္ဘက္ၿမိဳ႕စြန္ကို သြားခဲ့ေသးတယ္၊ အဲမွာ ဆရာႀကီးဆီ ေရးထားတဲ့ စာေတြေတာ္ေတာ္မ်ားကို ေတြ႕ခဲ့ရလို႔ပါ”
ေခ်ာင္ေမာ့ယြီသည္ အေစာကတည္းက သည္ပိတ္ရက္တြင္ ေတာင္ေပၚသို႔သြားၿပီး ေလေကာင္းေလသန့္ႏွင့္ ရႈခင္းမ်ားကိုျပရန္ ေလာ့ေလာ့ကိုေခၚသြားမည္ဟု စီစဥ္ထား၏။ ဒါရိုက္တာ ဝမ္က အရင္လာေျပာလိမ့္မည္ဟု မည္သူက သိပါမည္နည္း။ သူမသည္ ခဏေလာက္ စဥ္းစားလိုက္ၿပီး ျပန္ေျဖလိုက္သည္။
“ဒါဆိုရင္ အဲဒီစာထဲမွာ ဘာအေၾကာင္းေတြပါလဲ ဒါရိုက္တာဝမ္က ငါ့ကို ေျပာျပပါလား”
သို႔ႏွင့္ ဒါရိုက္တာဝမ္သည္ စာမ်ားကို တစ္ေစာင္ခ်င္းဖြင့္ကာ တစ္လုံးခ်င္းစီ ဖတ္ျပေလသည္။
ေခ်ာင္ေမာ့ယြီသည္ အသံသြင္းခလုတ္ကိုႏွိပ္လိုက္ၿပီး တစ္ေယာက္စီ၏ေတာင္းဆိုခ်က္ႏွင့္ ဆက္သြယ္ရမည့္ လိပ္စာကို အသံသြင္းထားလိုက္သည္။ ထို႔ေနာက္ သူမသည္ ဒါရိုက္တာဝမ္ကို ေက်းဇူးတင္စကားေျပာလိုက္ၿပီး ဖုန္းခ်လိဳက္ေလသည္။
သူမသည္ မည္သည့္စာကိုမွ် စိတ္ထဲတြင္မရွိေသာ္လည္း ဒါရိုက္တာဝမ္ ေျပာလိုက္သည့္ လူမ်ားထဲမွ တစ္ေယာက္ကို အတန္ငယ္စိတ္ဝင္စားသြားသည္။
သီခ်င္းေရးရသည္ကို စြဲလမ္းေနေသာ္လည္း လြန္ခဲ့သည့္ ငါးႏွစ္ေလာက္ကတည္းက ေဆးစြဲေနသည့္ ဂီတပညာရွင္ တစ္ေယာက္ထံသို႔ ရည္ၫႊန္းစာတစ္ခုျဖစ္သည္။ သူသည္ လက္ရွိတြင္ ဘဝသစ္ကို စတင္ေနေသာ္လည္း အရင္ကလုပ္ခဲ့သလို အဆင္မေျပေခ်။
မနက္ျဖန္သည္ ေတးသံသြင္းစတူဒီယို ဖြင့္ပြဲေန႕ျဖစ္ေသာ္လည္း ေဖ်ာ္ေျဖေရးေလာက၏ ေရစီးေၾကာင္းမွာ အၿမဲတေစ လ်င္ျမန္စြာ ေျပာင္းလဲေနသည္။ သည္လူသည္ လက္ရွိတြင္ လူမ်ားႏွင့္ မထိေတြ႕သည္မွာ ငါးႏွစ္ခန့္ရွိၿပီျဖစ္သည္။
ေခ်ာင္ေမာ့ယြီ သူ႕ကို သတိထားမိသည့္အေၾကာင္းအရင္းမွာ သည္ဂီတပညာရွင္သည္ မူရင္းဝတၳဳတြင္ ကိုယ့္ကိုယ္ကို အဆုံးစီရင္သြားသူအျဖစ္ ေဖာ္ျပထားေသာေၾကာင့္ ျဖစ္ေလသည္။ စာသားထဲတြင္ ဤကဲ့သို႔ေရးထားေလသည္။
“ေခ်ာင္ေမာ့ယြီက ၿပီးခဲ့တစ္ႏွစ္ေလာက္က နာမည္ႀကီးဂီတပါရမီရွင္ လုေပ့ကဲ ခုန္ခ်ခဲ့တဲ့ ၿမိဳ႕ေတာ္ရဲ႕ နာမည္ေက်ာ္ အဆုံးစီရင္ျခင္းရဲ႕ ျမင့္ျမတ္တဲ့ေျမမွာ ေသဆုံးဖို႔ ေ႐ြးခ်ယ္ခဲ့တယ္တဲ့..”
ေခ်ာင္ေမာ့ယြီသည္ ထိုစာကို ပထမအႀကိမ္ဖတ္မိလိုက္ေသာအခါ ေရွ႕ပိုင္းအခန္းမ်ားကို အထူးတလည္ ျပန္စစ္ၾကည့္မိလိုက္ၿပီး ထိုလုေပ့ကဲ သည္ ေဆးသုံးျခင္းလုံးဝမဟုတ္ဘဲ တစ္စုံတစ္ေယာက္က ထိုအရႈပ္ေတာ္ပုံကို လုပ္ႀကံထားျခင္းျဖစ္ေၾကာင္း ေတြ႕ခဲ့ရသည္။
ဤပါရမီရွင္ ဖန္တီးလိုက္ေသာ သီခ်င္းသည္ အမွန္ပင္ အလြန္ႏွလုံးသားေမြ႕ေလ်ာ္ရာျဖစ္ေလသည္။ သို႔ေသာ္ ေလာကႀကီးသည္ အလြန္ရက္စက္ေလသည္။ သူသည္ ခက္ထန္ေသာ၊စစ္မွန္မႈမရွိေသာ၊ တဖက္လူ၏စိတ္ဝင္စားမႈကို မေလးစားတတ္ေသာ သူအျဖစ္ ဖယ္က်ဥ္ခံထားခဲ့ရသည္။ ထို႔ေၾကာင့္ သူသည္ ျပန္လည္ထူထူေထာင္ေထာင္ရွိလာေသာ္လည္း စိတ္ဓာတ္က်ျခင္း ႏြံတြင္နစ္ေနဆဲျဖစ္ၿပီး ေနာက္ဆုံးတြင္ သူ႕ငယ္႐ြယ္သည့္ဘဝကို အရႈံးေပးလိုက္ကာ ခုန္ခ်ရန္ ေ႐ြးခ်ယ္သြားသည္အထိ ျဖစ္ရေလေတာ့သည္။
...
ဒါေလး paid gp ရွိပါတယ္
အစအဆုံးကို 3000 (kpay,wave)
4000( Ph bill)
အခု gp မွာ အစအဆုံးၿပီးသြားပါၿပီ