ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပ...

By MelMoRii

130K 19.7K 510

စာရေးသူ : အားချင်အားချင် အမျိုးအစား : romance,yaoi,Amnesia,possessive,M preg I own nothing. This is belongs t... More

Description
Chapter 1: Part 1
Chapter 1 : Part 2
Chapter 1 : Part 3
Chapter 2 : Part 1
Chapter 2 : Part 2
Chapter 2 : Part 3
Chapter 3 : Part 1
Chapter 3 : Part 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10 : Part 1
Chapter 10 : Part 2
Chapter 11
Chapter 12.1
Chapter 12.2
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 19
Chapter 20
Chapter 21
Chapter 22 + 23
Chapter 24.1
Chapter 24.2
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35

Chapter 18

2.1K 448 10
By MelMoRii

Unicode

လမ်းတစ်လျှေက် စူးယိရန်ဟာ ခိုးကြောင်ခိုးဝှက်ဖြင့် သကြားလုံးများစွာစား​ခဲ့သည်။

အလွန်ပျော်စရာကောင်းလှ၏။

နှစ်ယောက်အိမ်ပြန်ရောက်ပြီးနောက်မှာတော့ မီးဖိုချောင်တွင် ညစာအတူပြုလုပ်လေသည်။

ယနေ့ညစာကို ခရမ်းသီးကြော်နှပ်၊ ငါးပေါင်း၊ ငရုတ်သီးကြက်ဥကြော် နှင့် ငါးခေါင်းဟင်းရည် လုပ်မည်ဟု စီစဥ်ထားသည်။

စူးယိရန်က ခရမ်းသီးကိုအိုးတွင်းသို့ဦးစွာထည့်လိုက်သည်။ ကြွပ်အောင်ကြော်၍အိုးထဲမှဆယ်ထုတ်ပြီးအသင့်ပြင်ထားသည်။ ပြီးနောက် နုတ်နုတ်စင်းထားသောအသားကိုကြော်သည်။ တစ်ဖန် အိုးပူထဲသို့ဆီထည့်၍ ဂျင်း၊ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို အမွေးနံ့ထွက်လာသည့်အထိကြော်ဖို့ဟန်ပြင်လိုက်သည်။

ကြက်သွန်မြိတ်မှာရေအနည်းငယ်စိုနေသေးသည်ဖြစ်၍ ဆီနှင့်ထိသောအခါ ရှဲခနဲအသံတွေထွက်လာပြီး ဆီစက်တွေက ပေါက်လာကာ စူးယိရန် လက်ဖမိုးပေါ်သို့စင်လေတော့သည်။သူ နာကျင်မှုကြောင့် "အာ့ ခနဲအော်လိုက်ရင်း လက်ကိုအမြန်ပြန်ရုတ်၍ နောက်ဆုတ်လိုက်သည်။

ကုယွမ်းထင်က လက်ထဲရှိလှီးနေသောငရုတ်သီးကိုချက်ချင်းချ၍ မျက်မှောင်ကြုတ်ကာ စူးယိရန်၏လက်ကိုကြည့်လေသည်။

"ဘယ်လိုနေလဲ"

"ကိစ္စမရှိပါဘူး"

စူးယိရန်က ကုယွမ်းထင်၏လက်ကိုရှောင်ကာ ယောင်းမကိုအလျင်အမြန်ပြန်ကိုင်လိုက်ရင်း အော်လိုက်၏။

"တူးကုန်တော့မယ် တူးကုန်တော့မယ်"

ကုယွမ်းထင်မှာ ဤသည်ကိုမြင်သော် ယောင်းမကိုလုယူ၍ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်အရောတို့ကို လျင်မြန်စွာမွှေလိုက်သည်။ ဆီသည်ဆက်၍ ပေါက်နေဆဲပင်။ ကုယွမ်းထင်၏လက်ပေါ်သို့လည်း ဆီစင်လေသည်။ သို့သော်သူ ဂရုမစိုက်။ ဂျင်းကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကိုသာဆက်၍ မွှေကြော်နေလိုက်သည်။

စူးယိရန်က ဘေးတွင်ထား,ထားသောအသားကိုအလျင်အမြန်ထည့်လိုက်ရာမှ ဆီပေါက်တာ ရပ်သွားသည်။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် အသားတို့ရော၍ မွှေကြော်ထားသောရနံ့သည် မွှေးကြိုင်၍လူကို သားရေယိုလာစေပေသည်။

ယောက်ယပ်ခပ်စွာဖြင့် ခရမ်းသီးကြော်နှပ်ချက်ပြီးနောက် ကုယွမ်းထင်က ယောင်းမကိုချက်ချင်းချကာ စူးယိရန်၏လက်ကိုကိုင်ကြည့်လိုက်သည်။ သူ စိတ်မကောင်းစွာဖြင့်စူးယိရန်ဆီပေါက်ခံရသောနေရာကို လက်ဖြင့် ညင်သာစွာပွတ်လိုက်၏။

"နာလား"

စူးယိရန်ကပြုံး၍

" ကျွန်တော်အဲ့လောက်မနုပါဘူး။ မနာပါဘူး"

ထင်ကောလည်း စောနက ဆီပေါက်ခံရသည်ကို တွေးမိတော့ သူ ထင်ကောလက်ကိုပြန်ကိုင်ကြည့်၍ စိတ်မကောင်းစွာဖြင့် လက်ဖမိုးကိုနမ်းလိုက်သည်။

"နာသွားလား"

ကုယွမ်းထင်၏နှလုံးသားမှာ စူးယိရန်၏အနမ်းကြောင့် နူးညံ့သွားကာ စူးယိရန်၏လက်ကိုပြန်နမ်းလိုက်သည်။

"မနာပါဘူး"သူ မထိန်းချုပ်နိုင်စွာဖြင့် နောက်နှစ်ချက်မျှထပ်နမ်းလိုက်၏။

နှစ်ယောက်သားဟာ အချင်းချင်းသူ့ကနမ်းလိုက်၊ ကိုယ်ကနမ်းလိုက်ဖြင့် ကလေးဆော့နေသကဲ့သို့ပင်ဖြစ်နေကာ နောက်ဆုံးအချင်းချင်းကြည့်၍ ရယ်မိကြတော့သည်။

လေထုသည်ကား အချိုဓာတ်များပြည့်ဝနေသည့်နှယ်။

ကုယွမ်းထင်သည် စူးယိရန်ကိုကြည့်ရင်း ထပ်နမ်းချင်စိတ်ပေါက်လာပြန်သည်။

စူးယိရန်မှာမူ အိုးထဲရှိခရမ်းသီးကိုပန်းကန်ထဲခပ်ထည့်၍ မအေးသွားအောင်နောက်ပန်းကန်တစ်ချပ်ဖြင့်ဖုံးထားလိုက်ရင်း

"ဟင်းမြန်မြန်ချက်ရအောင် ခရမ်းသီးတွေအေးကုန်လိမ့်မယ်"

ကုယွမ်းထင်သည် ငရုတ်သီးဆက်လှီးပြီးနောက် ကြက်ဥ ၊ ဆား၊ ရေတို့ကိုပန်းကန်ထဲထည့်၍ ကြက်ဥခေါက်သည်။ တူနှင့်ပန်းကန်ထိ၍ "တင်းတင်းတုန်းတုန်း" နှင့်အသံမြည်နေလေသည်။

စူးယိရန်က ငါးပေါင်းနှင့် ငါးခေါင်းဟင်းရည်တို့ကိုစတင်ပြုလုပ်လိုက်သည်။

ခဏတာဗြောင်းဆန်သွားသောမီးဖိုချောင်သည် နွေးထွေးငြိမ်သက်မှုများဖြင့် ပြန်လည်ပြည့်ဝသွားချေသည်။

ထမင်းစားပြီးနောက်  စားပွဲသိမ်းသူကသိမ်း ပန်းကန်ဆေးသူကဆေးလေသည်။ စူးယိရန်သည် ထင်ကော သတိမထားမိချိန်တွင် နို့သကြားလုံးလေးငါးလုံးမျှ တိတ်တိတ်ကလေးစားလိုက်သေးသည်။

ထမင်းစားပြီး စားရသည့်အချိုပွဲကား အရသာရှိပေစွ။

ကုယွမ်းထင်သည် မီးဖိုချောင်တွင်ပန်းကန်ဆေးပြီးနောက် လက်သုတ်၍ ထွက်လာရာ အချိန်ကိုက်ပင် စူးယိရန်တစ်ယောက် ဆိုဖာပေါ်တွင်ထိုင်ရင်း TVကြည့်ကာ ပါးစပ်ထဲသို့ သကြားလုံးထည့်နေသည်ကိုတွေ့သွားလေသည်။

ကုယွမ်းထင် မျက်မှောင်အနည်းငယ်ကြုတ်သွား၏။

သူစားတာအရမ်းများလွန်းမနေဘူးလား။

စူးယိရန် ခေါင်းကိုလှည့်လိုက်၍ ကုယွမ်းထင်ကိုမြင်လိုက်ရချိန် သကြားလုံးစားနေသော သူ့လှုပ်ရှားမှုတွေက အေးခဲသွားတော့သည်။

သွားပြီ သွားပြီ ထင်ကောတွေ့သွားပြီပဲ ဖြစ်ရမယ်။

သူ လျှာဖြင့်သကြားလုံးကိုထိုးကာ အမြန်ပျော်သွားအောင်လုပ်လိုက်ရင်း အမူအရာတစ်ချက်မပျက် သကြားလုံးကိုအမြန်မျိုချလိုက်သည်။ထို့နောက်မှ စိတ်အေးလက်အေးဖြင့် ဘာမှမဖြစ်ဟန်ဆောင်ကာ

"ထင်ကော TVလာကြည့်လေး" သူက နံဘေးကဆိုဖာကိုပုတ်ရင်းပြောလိုက်၏။

ကုယွမ်းထင်ကပြောလိုက်သည်။

" ဒီနေ့သကြားလုံးစားတာအရမ်းများနေပြီထင်တယ်နော်"

စူးယိရန်:"......."

သွားပြီ။

စူးယိရန်သည် စိတ်ထဲကနေ စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။ သူ သည်နေ့တော်တော်သတိစိတ်လွတ်နေခဲ့မိသည်ပင်။

သူ လက်ကိုဒူးပေါ်တွင်လိမ်လိမ်မာမာတင်ရင်း စိတ်လှုပ်ရှားစွာဖြင့် ကုယွမ်းထင်ကိုကြည့်လိုက်သည်။ ထင်ကော သူ့ကိုအပြစ်ပေးမည်ကိုကြောက်လှသဖြင့် ကြိုကာပြောထားလိုက်သည်။

"ကြိုက်လို့တကယ် နည်းနည်းလေး...နည်းနည်းလေးပဲစားတာပါ"

ကုယွမ်းထင်သည် သူ့အား သနားစဖွယ်ကြည့်နေသောစူးယိရန်ကိုမြင်လိုက်ရတော့ နှလုံးသားက ရုတ်ချည်းနူးညံ့သွားကာ အနားသွား၍ စူးယိရန်အား သူ့ပေါင်ပေါ်တင်ကာ ဖက်ထားရင်း နဖူးပေါ်သိူ့ နူးညံ့သိမ်မွေ့စွာ နမ်းကြူလိုက်သည်။

"ကြိုက်ရင်များများစား"

ထင်ကော အမြင်ကျယ်သွားပြီပဲ။

စူးယိရန် ပျော်ပျော်ကြီးပြုံးကာ ထင်ကော၏လည်ပင်းကိုဖက်၍ မျက်နှာကိုနမ်းလိုက်ရင်း

"ခင်ဗျားက အရမ်းကောင်းတာပဲ"

ကုယွမ်းထင်မှာ သူ့အပြုအမူကြောင့် ပြုံးမိသွားကာ စိတ်အခြေအနေကလည်း ကောင်းမွန်သွားသည်။

စူးယိရန်က မဝှက်ထားတော့ပဲ အိတ်ကပ်ထဲရှိသကြားလုံးကို ထုတ်လိုက်သည်။ ကုယွမ်းထင်၏ပွေ့ဖက်ထားသည့်ကြားကနေ ကျန်ရှိနေသေးသောသကြားလုံးအားလုံးကို စားလိုက်သည်။ကုယွမ်းထင်ကိုလည်း အနည်းငယ်ကျွေးလိုက်သေး၏။

TV Showတစ်ပိုဒ်ကြည့်ပြီးနောက် ထမင်းစားပြီးအနားယူမှုပြီးဆုံးလေသည်။ ကုယွမ်းထင်သည် အလုပ်ခန်းတွင်းသို့ဝင်၍ လုပ်ရန်ကျန်သောအလုပ်အနည်းငယ်ကိုလုပ်သည်။ စူးယိရန်လည်း ဆိုင်၏ ဝီချတ်ပေ့ချ်နှင့်ဝေးပေါ်တို့ရှိ အလုပ်အနည်းငယ်ကို ကိုင်တွယ်ပြီးနောက် ရေချိုးသည်။နောက် မီးပိတ်၍အိပ်တော့သည်။

ညသန်းခေါင်တွင်ဖြစ်သည်။

ကုယွမ်းထင်တစ်ယောက် စူးယိရန်ကိုဖက်၍အိပ်နေစဥ်  စူးယိရန်ဆီကနေအသံအနည်းငယ်ထွက်၍ ညည်းတွားလာသည်ကိုကြားလိုက်ရသည်။ 

သူ မျက်လုံးဖွင့်ကာ စူးယိရန်၏မျက်နှာကို အလိုအလျောက်ကိုင်ကြည့်လိုက်တော့ နားထင်နားတွင် ချွေးအနည်းငယ်ထွက်နေတာကို ခံစားလိုက်ရသည်။

ယနေ့ရာသီဥတု ကအေးသည်။ ဘာကြောင့်များ ချွေးထွက်နေပါသလဲလေ။

ကုယွမ်းထင် လက်လှမ်းကာ ခေါင်းရင်းရှိ ညအိပ်မီးကိုဖွင့်လိုက်တော့ စူးယိရန်ဟာ အိပ်ရာထဲတွင် မျက်နှာအပ်ထားရင်း မျက်မှောင်ကြုတ်ကာ နဖူးပေါ်တွင်ချွေးထွက်နေတာကို တွေ့လိုက်ရသည်။အတော်ကြီး မသက်မသာပုံပေါက်နေကာ ညည်းသံအနည်းငယ်ထွက်နေချေလေသည်။

ကုယွမ်းထင်၏ နှလုံးသားမှာ တင်းကြပ်သွားရင်း တိုးတိုးလေးခေါ်ကြည့်လိုက်သည်။

"ရန်ရန်"

စူးယိရန် မထူးချေ။ ကုယွမ်းထင်မှာ သူဘာဖြစ်နေမှန်းမသိ၍ ရင်ခွင်ကြားမှာသာဖက်ထားကာ ကျောသပ်၍ မျက်နှာကိုကိုင်ကာ ကြုတ်နေသောမျက်မှောင်များကိုပြန့်အောင်ဖြန့်ရန်ကြိုးစားပေးနေမိသည်။

ထိုကဲ့သို့ခေတ္တမျှလုပ်ပေးသော်လည်း စူးယိရန်မှာ သက်သာမလာခဲ့။ ပို၍ ပို၍သာ နာကျင်လာတာကြောင့် မျက်မှောင်က ပိုပိုကြုတ်လာကာ မျက်နှာကို ရင်ခွင်ကြားမှာအပ်ရင်း မသက်မသာဖြင့် ပွတ်တိုက်ကာ တအင်းအင်းညည်းနေသံက ငိုသံပါလာတော့သည်။

ကုယွမ်းထင်သည် စူးယိရန်၏ ငိုသံကိုကြားတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်လာကာ ကျောပြင်ကိုအဆက်မပြတ်ပွတ်သပ်ပေးရင်း နဖူးပြင်လေးကိုနမ်း၍ လှုပ်နှိုးလိုက်သည်။

"ရန်ရန် ရန်ရန်"

စူးယိရန်မှာ နာလွန်း၍နိုးလာ၏။

ဘယ်ဘက်ရှိသွားကြောသည် "ထုတ်ထုတ်ထုတ်ထုတ်" နှင့်ခုန်နေသည်။ မနိုးလျှင်တော်သေးသည်။ နိုးလာသောအခါ နာကျင်မှုသည်ပို၍သိသာသည်။ သွားဖုံးထဲသို့ အပ်ထိုးနေသကဲ့သို့ နာသည် ၊ ကျင်သည်၊ သေမတတ်ပင်ဖြစ်သည်။

စူးယိရန် နာကျင်လွန်း၍ နဖူးကနေချွေးများထွက်လာသည်။ သူ လက်ဆန့်ကာ ဘယ်ဘက်ပါးကိုကိုင်ဖို့ဟန်ပြင်လိုက်သည်။ သို့သော်ထိလိုက်သည်နှင့်နာ၍ ထိချင်သော်လည်းမထိရဲဘဲ ဖြစ်လေသည်။သူ ငိုသံပါနေသောအသံဖြင့်သာ ညည်းနေရသည်။ တကယ့်ကိုနာကျင်လွန်း၍ ငိုချမတတက်ပင်။

ကုယွမ်းထင်မှာ နှလုံးသားထဲက စူးအောင့်လာရရင်း စူးယိရန်၏လက်ကို အမြန်ဖယ်၍ သူ၏ဘယ်ဘက်မျက်နှာကိုကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ မျက်နှာနာတာလား" 

စူးယိရန်သည် သူ၏ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံးပေါ်က နာကျင်က ပို၍ ဆိုးရွားလာသလို ခံစားရသည်။ နားထင်ကလည်း တဒိတ်ဒိတ်ဖြစ်နေကာ မျက်စိတွင်းတွင်လည်း မျက်ရည်များဝဲလာ၍ မျက်တောင်တွေက စွတ်စိုလာသည်။ သူနာလွန်း၍ ဘာမှမလုပ်နိုင်တော့သလို ဦးနှောက်တွင်းတွင်လည်းဘာမျှမစဥ်းစားနိုင်တော့။ ကုယွမ်းထင်ကိုသာ မျက်ရည်အဝဲသားဖြင့် ကြည့်နေလေတော့သည်။

သူ့ပုံစံကိုမြင်ရတော့ ကုယွမ်းထင်ရင်ကွဲမတတ်ဖြစ်လေသည်။ နောက်ဆုံးတွင်မှသဘောပေါက်သွားကာ လက်ဆန့်ထုတ်၍ ပါးစပ်တွင်းသို့ အမြန်ထည့်ကာ စစ်ဆေးကြည့်ဖို့ လုပ်လိုက်သည်။

"သွားနာတာလား ပြကြည့်"

သွားကိုပင်မထိရသေး စူးယိရန်သည် အနောက်သို့ တမင်တကာ ယိမ်းကာ ရှောင်လိုက်သည်။နာလွန်း၍ သူ အထိမခံနိုင်ချေ။

ကုယွမ်းထင် အိပ်ရာထဲက ထကာ စာကြည့်ခန်းထဲသွား၍ ဆေးဘူးသွားရှာတော့သည်။

သူ ပိုးသတ်ဆေးနှင့် အကိုက်အခဲပျောက်ဆေးတို့ကိုယူ၍ ရေနွေးတစ်ခွက်နှင့် အခန်းတွင်းသို့ပြန်ဝင်လာကာ စူးယိရန်ကိုဆေးတိုက်လိုက်၏။

"ဘယ်လိုနေလဲ"

စူးယိရန်က နာကျင်မှုကို အောင့်ထားကာ ဆေးကိုမြိုချလိုက်သည်။ခဏမျှစောင့်ပြီးနောက် သူ အားပျော့စွာဖြင့် လက်ဝေ့ယမ်းပြလိုက်၏။ မျက်နှာတစ်ခြမ်းလုံးကနာလွန်း၍ ထုံသွားသလိုပင် ခံစားရသည်။နားထင်နှစ်ဖက်က တဒိတ်ဒိတ်နှင့်ထိုးကိုက်နေသော နာကျင်မှုကလည်း ဦးနှောက်ဆီရောက်လာသည်။ခေါင်းကမူးဝေပြီး တစ်ကိုယ်လုံးက နာသည်။ ဘာမျှ မလုပ်နိုင်တော့သလို ဘာမျှလည်း မစဥ်းစားနိုင်တော့။

ကုယွမ်းထင်မှာ စိတ်ပူလွန်း၍ စူးယိရန်အား လေကာအင်္ကျီတစ်ထည်ဝတ်ပေးကာ ကြယ်သီးတပ်ပေးရင်း ပြောလိုက်တော့သည်။

"ဆေးရုံသွားမယ်"

သူကိုယ်တိုင်ကမူရှိရာအင်္ကျီတစ်ထည်စွတ်လိုက်သည်။ ယခုမှာညသန်းခေါင်ဖြစ်၍ မိုးဖွဲဖွဲလည်း ရွာနေသေးတာကြောင့် စူးယိရန်အေးလောက်မည်ဟုတွေးကာ ခြုံထည်တစ်ထပ်ခြုံပေးလိုက်သည်။ ပြီးနောက် စူးယိရန်ကိုပွေ့ချီလိုက်၍ အိမ်မှထွက်လာခဲ့လိုက်လေတော့သည်။

ကုယွမ်းထင် ကားမောင်း၍ဆေးရုံသို့အမြန်သွားသည်။ လမ်းရောက်မှ ကုယွမ်းထင်၏ဦးနှောက်က အနည်းငယ် ပြန်လည်နိုးထအလုပ်လုပ်သည်။ စူးယိရန်သွားနာရခြင်းအကြောင်းကိုလည်းစဥ်းစား၍ရသွားပေသည်။ သူနောင်တရမိသည်။  သူ စူးယိရန်ကိုသကြားလုံးများစွာ စားခွင့်မပြုခဲ့သင့်သလို စောင့်လည်းကြည့်နေခဲ့သင့်၏။

သူ ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့။

သူ နောက်ကြည့်မှန်ကနေ သနားဖွယ်ကောင်းစွာနုံးခွေအီနေသောစူးယိရန်ကိုကြည့်လိုက်သည်။ တစ်ကိုယ်လုံးက မူးဝေကာ နာလွန်း၍ ခွေခွေလေးဖြစ်နေရှာသည်။

ကုယွမ်းထင်၏ နှလုံးသားကနာကျင်လာသည်။

သူ့ကိုယ်သူ ဘယ်တုန်းကမှ ဒီလောက်ထိ ဒီလိုမျိုး အပြစ်မတင်ခဲ့ဖူးချေ။

_______________

Zawgyi

လမ္းတစ္ေလွ်က္ စူးယိရန္ဟာ ခိုးေၾကာင္ခိုးဝွက္ျဖင့္ သၾကားလုံးမ်ားစြာစား​ခဲ့သည္။

အလြန္ေပ်ာ္စရာေကာင္းလွ၏။

ႏွစ္ေယာက္အိမ္ျပန္ေရာက္ၿပီးေနာက္မွာေတာ့ မီးဖိုေခ်ာင္တြင္ ညစာအတူျပဳလုပ္ေလသည္။

ယေန႔ညစာကို ခရမ္းသီးေၾကာ္ႏွပ္၊ ငါးေပါင္း၊ င႐ုတ္သီးၾကက္ဥေၾကာ္ ႏွင့္ ငါးေခါင္းဟင္းရည္ လုပ္မည္ဟု စီစဥ္ထားသည္။

စူးယိရန္က ခရမ္းသီးကိုအိုးတြင္းသို႔ဦးစြာထည့္လိုက္သည္။ ႂကြပ္ေအာင္ေၾကာ္၍အိုးထဲမွဆယ္ထုတ္ၿပီးအသင့္ျပင္ထားသည္။ ၿပီးေနာက္ ႏုတ္ႏုတ္စင္းထားေသာအသားကိုေၾကာ္သည္။ တစ္ဖန္ အိုးပူထဲသို႔ဆီထည့္၍ ဂ်င္း၊ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္ၿမိတ္တို႔ကို အေမြးနံ႔ထြက္လာသည့္အထိေၾကာ္ဖို႔ဟန္ျပင္လိုက္သည္။

ၾကက္သြန္ၿမိတ္မွာေရအနည္းငယ္စိုေနေသးသည္ျဖစ္၍ ဆီႏွင့္ထိေသာအခါ ရွဲခနဲအသံေတြထြက္လာၿပီး ဆီစက္ေတြက ေပါက္လာကာ စူးယိရန္ လက္ဖမိုးေပၚသို႔စင္ေလေတာ့သည္။သူ နာက်င္မႈေၾကာင့္ "အာ့ ခနဲေအာ္လိုက္ရင္း လက္ကိုအျမန္ျပန္႐ုတ္၍ ေနာက္ဆုတ္လိုက္သည္။

ကုယြမ္းထင္က လက္ထဲရွိလွီးေနေသာင႐ုတ္သီးကိုခ်က္ခ်င္းခ်၍ မ်က္ေမွာင္ၾကဳတ္ကာ စူးယိရန္၏လက္ကိုၾကည့္ေလသည္။

"ဘယ္လိုေနလဲ"

"ကိစၥမရွိပါဘူး"

စူးယိရန္က ကုယြမ္းထင္၏လက္ကိုေရွာင္ကာ ေယာင္းမကိုအလ်င္အျမန္ျပန္ကိုင္လိုက္ရင္း ေအာ္လိုက္၏။

"တူးကုန္ေတာ့မယ္ တူးကုန္ေတာ့မယ္"

ကုယြမ္းထင္မွာ ဤသည္ကိုျမင္ေသာ္ ေယာင္းမကိုလုယူ၍ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ၿမိတ္အေရာတို႔ကို လ်င္ျမန္စြာေမႊလိုက္သည္။ ဆီသည္ဆက္၍ ေပါက္ေနဆဲပင္။ ကုယြမ္းထင္၏လက္ေပၚသို႔လည္း ဆီစင္ေလသည္။ သို႔ေသာ္သူ ဂ႐ုမစိုက္။ ဂ်င္းၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္ၿမိတ္တို႔ကိုသာဆက္၍ ေမႊေၾကာ္ေနလိုက္သည္။

စူးယိရန္က ေဘးတြင္ထား,ထားေသာအသားကိုအလ်င္အျမန္ထည့္လိုက္ရာမွ ဆီေပါက္တာ ရပ္သြားသည္။ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ၿမိတ္ႏွင့္ အသားတို႔ေရာ၍ ေမႊေၾကာ္ထားေသာရနံ႔သည္ ေမႊးႀကိဳင္၍လူကို သားေရယိုလာေစေပသည္။

ေယာက္ယပ္ခပ္စြာျဖင့္ ခရမ္းသီးေၾကာ္ႏွပ္ခ်က္ၿပီးေနာက္ ကုယြမ္းထင္က ေယာင္းမကိုခ်က္ခ်င္းခ်ကာ စူးယိရန္၏လက္ကိုကိုင္ၾကည့္လိုက္သည္။ သူ စိတ္မေကာင္းစြာျဖင့္စူးယိရန္ဆီေပါက္ခံရေသာေနရာကို လက္ျဖင့္ ညင္သာစြာပြတ္လိုက္၏။

"နာလား"

စူးယိရန္ကၿပဳံး၍

" ကြၽန္ေတာ္အဲ့ေလာက္မႏုပါဘူး။ မနာပါဘူး"

ထင္ေကာလည္း ေစာနက ဆီေပါက္ခံရသည္ကို ေတြးမိေတာ့ သူ ထင္ေကာလက္ကိုျပန္ကိုင္ၾကည့္၍ စိတ္မေကာင္းစြာျဖင့္ လက္ဖမိုးကိုနမ္းလိုက္သည္။

"နာသြားလား"

ကုယြမ္းထင္၏ႏွလုံးသားမွာ စူးယိရန္၏အနမ္းေၾကာင့္ ႏူးညံ့သြားကာ စူးယိရန္၏လက္ကိုျပန္နမ္းလိုက္သည္။

"မနာပါဘူး"သူ မထိန္းခ်ဳပ္ႏိုင္စြာျဖင့္ ေနာက္ႏွစ္ခ်က္မွ်ထပ္နမ္းလိုက္၏။

ႏွစ္ေယာက္သားဟာ အခ်င္းခ်င္းသူ႔ကနမ္းလိုက္၊ ကိုယ္ကနမ္းလိုက္ျဖင့္ ကေလးေဆာ့ေနသကဲ့သို႔ပင္ျဖစ္ေနကာ ေနာက္ဆုံးအခ်င္းခ်င္းၾကည့္၍ ရယ္မိၾကေတာ့သည္။

ေလထုသည္ကား အခ်ိဳဓာတ္မ်ားျပည့္ဝေနသည့္ႏွယ္။

ကုယြမ္းထင္သည္ စူးယိရန္ကိုၾကည့္ရင္း ထပ္နမ္းခ်င္စိတ္ေပါက္လာျပန္သည္။

စူးယိရန္မွာမူ အိုးထဲရွိခရမ္းသီးကိုပန္းကန္ထဲခပ္ထည့္၍ မေအးသြားေအာင္ေနာက္ပန္းကန္တစ္ခ်ပ္ျဖင့္ဖုံးထားလိုက္ရင္း

"ဟင္းျမန္ျမန္ခ်က္ရေအာင္ ခရမ္းသီးေတြေအးကုန္လိမ့္မယ္"

ကုယြမ္းထင္သည္ င႐ုတ္သီးဆက္လွီးၿပီးေနာက္ ၾကက္ဥ ၊ ဆား၊ ေရတို႔ကိုပန္းကန္ထဲထည့္၍ ၾကက္ဥေခါက္သည္။ တူႏွင့္ပန္းကန္ထိ၍ "တင္းတင္းတုန္းတုန္း" ႏွင့္အသံျမည္ေနေလသည္။

စူးယိရန္က ငါးေပါင္းႏွင့္ ငါးေခါင္းဟင္းရည္တို႔ကိုစတင္ျပဳလုပ္လိုက္သည္။

ခဏတာေျဗာင္းဆန္သြားေသာမီးဖိုေခ်ာင္သည္ ေႏြးေထြးၿငိမ္သက္မႈမ်ားျဖင့္ ျပန္လည္ျပည့္ဝသြားေခ်သည္။

ထမင္းစားၿပီးေနာက္  စားပြဲသိမ္းသူကသိမ္း ပန္းကန္ေဆးသူကေဆးေလသည္။ စူးယိရန္သည္ ထင္ေကာ သတိမထားမိခ်ိန္တြင္ ႏို႔သၾကားလုံးေလးငါးလုံးမွ် တိတ္တိတ္ကေလးစားလိုက္ေသးသည္။

ထမင္းစားၿပီး စားရသည့္အခ်ိဳပြဲကား အရသာရွိေပစြ။

ကုယြမ္းထင္သည္ မီးဖိုေခ်ာင္တြင္ပန္းကန္ေဆးၿပီးေနာက္ လက္သုတ္၍ ထြက္လာရာ အခ်ိန္ကိုက္ပင္ စူးယိရန္တစ္ေယာက္ ဆိုဖာေပၚတြင္ထိုင္ရင္း TVၾကည့္ကာ ပါးစပ္ထဲသို႔ သၾကားလုံးထည့္ေနသည္ကိုေတြ႕သြားေလသည္။

ကုယြမ္းထင္ မ်က္ေမွာင္အနည္းငယ္ၾကဳတ္သြား၏။

သူစားတာအရမ္းမ်ားလြန္းမေနဘူးလား။

စူးယိရန္ ေခါင္းကိုလွည့္လိုက္၍ ကုယြမ္းထင္ကိုျမင္လိုက္ရခ်ိန္ သၾကားလုံးစားေနေသာ သူ႔လႈပ္ရွားမႈေတြက ေအးခဲသြားေတာ့သည္။

သြားၿပီ သြားၿပီ ထင္ေကာေတြ႕သြားၿပီပဲ ျဖစ္ရမယ္။

သူ လွ်ာျဖင့္သၾကားလုံးကိုထိုးကာ အျမန္ေပ်ာ္သြားေအာင္လုပ္လိုက္ရင္း အမူအရာတစ္ခ်က္မပ်က္ သၾကားလုံးကိုအျမန္မ်ိဳခ်လိုက္သည္။ထို႔ေနာက္မွ စိတ္ေအးလက္ေအးျဖင့္ ဘာမွမျဖစ္ဟန္ေဆာင္ကာ

"ထင္ေကာ TVလာၾကည့္ေလး" သူက နံေဘးကဆိုဖာကိုပုတ္ရင္းေျပာလိုက္၏။

ကုယြမ္းထင္ကေျပာလိုက္သည္။

" ဒီေန႔သၾကားလုံးစားတာအရမ္းမ်ားေနၿပီထင္တယ္ေနာ္"

စူးယိရန္:"......."

သြားၿပီ။

စူးယိရန္သည္ စိတ္ထဲကေန စိတ္ပ်က္လက္ပ်က္ျဖစ္သြားမိသည္။ သူ သည္ေန႔ေတာ္ေတာ္သတိစိတ္လြတ္ေနခဲ့မိသည္ပင္။

သူ လက္ကိုဒူးေပၚတြင္လိမ္လိမ္မာမာတင္ရင္း စိတ္လႈပ္ရွားစြာျဖင့္ ကုယြမ္းထင္ကိုၾကည့္လိုက္သည္။ ထင္ေကာ သူ႔ကိုအျပစ္ေပးမည္ကိုေၾကာက္လွသျဖင့္ ႀကိဳကာေျပာထားလိုက္သည္။

"ႀကိဳက္လို႔တကယ္ နည္းနည္းေလး...နည္းနည္းေလးပဲစားတာပါ"

ကုယြမ္းထင္သည္ သူ႔အား သနားစဖြယ္ၾကည့္ေနေသာစူးယိရန္ကိုျမင္လိုက္ရေတာ့ ႏွလုံးသားက ႐ုတ္ခ်ည္းႏူးညံ့သြားကာ အနားသြား၍ စူးယိရန္အား သူ႔ေပါင္ေပၚတင္ကာ ဖက္ထားရင္း နဖူးေပၚသိူ႔ ႏူးညံ့သိမ္ေမြ႕စြာ နမ္းၾကဴလိုက္သည္။

"ႀကိဳက္ရင္မ်ားမ်ားစား"

ထင္ေကာ အျမင္က်ယ္သြားၿပီပဲ။

စူးယိရန္ ေပ်ာ္ေပ်ာ္ႀကီးၿပဳံးကာ ထင္ေကာ၏လည္ပင္းကိုဖက္၍ မ်က္ႏွာကိုနမ္းလိုက္ရင္း

"ခင္ဗ်ားက အရမ္းေကာင္းတာပဲ"

ကုယြမ္းထင္မွာ သူ႔အျပဳအမူေၾကာင့္ ၿပဳံးမိသြားကာ စိတ္အေျခအေနကလည္း ေကာင္းမြန္သြားသည္။

စူးယိရန္က မဝွက္ထားေတာ့ပဲ အိတ္ကပ္ထဲရွိသၾကားလုံးကို ထုတ္လိုက္သည္။ ကုယြမ္းထင္၏ေပြ႕ဖက္ထားသည့္ၾကားကေန က်န္ရွိေနေသးေသာသၾကားလုံးအားလုံးကို စားလိုက္သည္။ကုယြမ္းထင္ကိုလည္း အနည္းငယ္ေကြၽးလိုက္ေသး၏။

TV Showတစ္ပိုဒ္ၾကည့္ၿပီးေနာက္ ထမင္းစားၿပီးအနားယူမႈၿပီးဆုံးေလသည္။ ကုယြမ္းထင္သည္ အလုပ္ခန္းတြင္းသို႔ဝင္၍ လုပ္ရန္က်န္ေသာအလုပ္အနည္းငယ္ကိုလုပ္သည္။ စူးယိရန္လည္း ဆိုင္၏ ဝီခ်တ္ေပ့ခ်္ႏွင့္ေဝးေပၚတို႔ရွိ အလုပ္အနည္းငယ္ကို ကိုင္တြယ္ၿပီးေနာက္ ေရခ်ိဳးသည္။ေနာက္ မီးပိတ္၍အိပ္ေတာ့သည္။

ညသန္းေခါင္တြင္ျဖစ္သည္။

ကုယြမ္းထင္တစ္ေယာက္ စူးယိရန္ကိုဖက္၍အိပ္ေနစဥ္  စူးယိရန္ဆီကေနအသံအနည္းငယ္ထြက္၍ ညည္းတြားလာသည္ကိုၾကားလိုက္ရသည္။ 

သူ မ်က္လုံးဖြင့္ကာ စူးယိရန္၏မ်က္ႏွာကို အလိုအေလ်ာက္ကိုင္ၾကည့္လိုက္ေတာ့ နားထင္နားတြင္ ေခြၽးအနည္းငယ္ထြက္ေနတာကို ခံစားလိုက္ရသည္။

ယေန႔ရာသီဥတု ကေအးသည္။ ဘာေၾကာင့္မ်ား ေခြၽးထြက္ေနပါသလဲေလ။

ကုယြမ္းထင္ လက္လွမ္းကာ ေခါင္းရင္းရွိ ညအိပ္မီးကိုဖြင့္လိုက္ေတာ့ စူးယိရန္ဟာ အိပ္ရာထဲတြင္ မ်က္ႏွာအပ္ထားရင္း မ်က္ေမွာင္ၾကဳတ္ကာ နဖူးေပၚတြင္ေခြၽးထြက္ေနတာကို ေတြ႕လိုက္ရသည္။အေတာ္ႀကီး မသက္မသာပုံေပါက္ေနကာ ညည္းသံအနည္းငယ္ထြက္ေနေခ်ေလသည္။

ကုယြမ္းထင္၏ ႏွလုံးသားမွာ တင္းၾကပ္သြားရင္း တိုးတိုးေလးေခၚၾကည့္လိုက္သည္။

"ရန္ရန္"

စူးယိရန္ မထူးေခ်။ ကုယြမ္းထင္မွာ သူဘာျဖစ္ေနမွန္းမသိ၍ ရင္ခြင္ၾကားမွာသာဖက္ထားကာ ေက်ာသပ္၍ မ်က္ႏွာကိုကိုင္ကာ ၾကဳတ္ေနေသာမ်က္ေမွာင္မ်ားကိုျပန္႔ေအာင္ျဖန္႔ရန္ႀကိဳးစားေပးေနမိသည္။

ထိုကဲ့သို႔ေခတၱမွ်လုပ္ေပးေသာ္လည္း စူးယိရန္မွာ သက္သာမလာခဲ့။ ပို၍ ပို၍သာ နာက်င္လာတာေၾကာင့္ မ်က္ေမွာင္က ပိုပိုၾကဳတ္လာကာ မ်က္ႏွာကို ရင္ခြင္ၾကားမွာအပ္ရင္း မသက္မသာျဖင့္ ပြတ္တိုက္ကာ တအင္းအင္းညည္းေနသံက ငိုသံပါလာေတာ့သည္။

ကုယြမ္းထင္သည္ စူးယိရန္၏ ငိုသံကိုၾကားေတာ့ ေျခမကိုင္မိလက္မကိုင္မိျဖစ္လာကာ ေက်ာျပင္ကိုအဆက္မျပတ္ပြတ္သပ္ေပးရင္း နဖူးျပင္ေလးကိုနမ္း၍ လႈပ္ႏႈိးလိုက္သည္။

"ရန္ရန္ ရန္ရန္"

စူးယိရန္မွာ နာလြန္း၍ႏိုးလာ၏။

ဘယ္ဘက္ရွိသြားေၾကာသည္ "ထုတ္ထုတ္ထုတ္ထုတ္" ႏွင့္ခုန္ေနသည္။ မႏိုးလွ်င္ေတာ္ေသးသည္။ ႏိုးလာေသာအခါ နာက်င္မႈသည္ပို၍သိသာသည္။ သြားဖုံးထဲသို႔ အပ္ထိုးေနသကဲ့သို႔ နာသည္ ၊ က်င္သည္၊ ေသမတတ္ပင္ျဖစ္သည္။

စူးယိရန္ နာက်င္လြန္း၍ နဖူးကေနေခြၽးမ်ားထြက္လာသည္။ သူ လက္ဆန္႔ကာ ဘယ္ဘက္ပါးကိုကိုင္ဖို႔ဟန္ျပင္လိုက္သည္။ သို႔ေသာ္ထိလိုက္သည္ႏွင့္နာ၍ ထိခ်င္ေသာ္လည္းမထိရဲဘဲ ျဖစ္ေလသည္။သူ ငိုသံပါေနေသာအသံျဖင့္သာ ညည္းေနရသည္။ တကယ့္ကိုနာက်င္လြန္း၍ ငိုခ်မတတက္ပင္။

ကုယြမ္းထင္မွာ ႏွလုံးသားထဲက စူးေအာင့္လာရရင္း စူးယိရန္၏လက္ကို အျမန္ဖယ္၍ သူ၏ဘယ္ဘက္မ်က္ႏွာကိုၾကည့္လိုက္သည္။

"ဘာျဖစ္လို႔လဲ မ်က္ႏွာနာတာလား" 

စူးယိရန္သည္ သူ၏ဘယ္ဘက္မ်က္ႏွာတစ္ျခမ္းလုံးေပၚက နာက်င္က ပို၍ ဆိုး႐ြားလာသလို ခံစားရသည္။ နားထင္ကလည္း တဒိတ္ဒိတ္ျဖစ္ေနကာ မ်က္စိတြင္းတြင္လည္း မ်က္ရည္မ်ားဝဲလာ၍ မ်က္ေတာင္ေတြက စြတ္စိုလာသည္။ သူနာလြန္း၍ ဘာမွမလုပ္ႏိုင္ေတာ့သလို ဦးေႏွာက္တြင္းတြင္လည္းဘာမွ်မစဥ္းစားႏိုင္ေတာ့။ ကုယြမ္းထင္ကိုသာ မ်က္ရည္အဝဲသားျဖင့္ ၾကည့္ေနေလေတာ့သည္။

သူ႔ပုံစံကိုျမင္ရေတာ့ ကုယြမ္းထင္ရင္ကြဲမတတ္ျဖစ္ေလသည္။ ေနာက္ဆုံးတြင္မွသေဘာေပါက္သြားကာ လက္ဆန္႔ထုတ္၍ ပါးစပ္တြင္းသို႔ အျမန္ထည့္ကာ စစ္ေဆးၾကည့္ဖို႔ လုပ္လိုက္သည္။

"သြားနာတာလား ျပၾကည့္"

သြားကိုပင္မထိရေသး စူးယိရန္သည္ အေနာက္သို႔ တမင္တကာ ယိမ္းကာ ေရွာင္လိုက္သည္။နာလြန္း၍ သူ အထိမခံႏိုင္ေခ်။

ကုယြမ္းထင္ အိပ္ရာထဲက ထကာ စာၾကည့္ခန္းထဲသြား၍ ေဆးဘူးသြားရွာေတာ့သည္။

သူ ပိုးသတ္ေဆးႏွင့္ အကိုက္အခဲေပ်ာက္ေဆးတို႔ကိုယူ၍ ေရေႏြးတစ္ခြက္ႏွင့္ အခန္းတြင္းသို႔ျပန္ဝင္လာကာ စူးယိရန္ကိုေဆးတိုက္လိုက္၏။

"ဘယ္လိုေနလဲ"

စူးယိရန္က နာက်င္မႈကို ေအာင့္ထားကာ ေဆးကိုၿမိဳခ်လိုက္သည္။ခဏမွ်ေစာင့္ၿပီးေနာက္ သူ အားေပ်ာ့စြာျဖင့္ လက္ေဝ့ယမ္းျပလိုက္၏။ မ်က္ႏွာတစ္ျခမ္းလုံးကနာလြန္း၍ ထုံသြားသလိုပင္ ခံစားရသည္။နားထင္ႏွစ္ဖက္က တဒိတ္ဒိတ္ႏွင့္ထိုးကိုက္ေနေသာ နာက်င္မႈကလည္း ဦးေႏွာက္ဆီေရာက္လာသည္။ေခါင္းကမူးေဝၿပီး တစ္ကိုယ္လုံးက နာသည္။ ဘာမွ် မလုပ္ႏိုင္ေတာ့သလို ဘာမွ်လည္း မစဥ္းစားႏိုင္ေတာ့။

ကုယြမ္းထင္မွာ စိတ္ပူလြန္း၍ စူးယိရန္အား ေလကာအက်ႌတစ္ထည္ဝတ္ေပးကာ ၾကယ္သီးတပ္ေပးရင္း ေျပာလိုက္ေတာ့သည္။

"ေဆး႐ုံသြားမယ္"

သူကိုယ္တိုင္ကမူရွိရာအက်ႌတစ္ထည္စြတ္လိုက္သည္။ ယခုမွာညသန္းေခါင္ျဖစ္၍ မိုးဖြဲဖြဲလည္း ႐ြာေနေသးတာေၾကာင့္ စူးယိရန္ေအးေလာက္မည္ဟုေတြးကာ ၿခဳံထည္တစ္ထပ္ၿခဳံေပးလိုက္သည္။ ၿပီးေနာက္ စူးယိရန္ကိုေပြ႕ခ်ီလိုက္၍ အိမ္မွထြက္လာခဲ့လိုက္ေလေတာ့သည္။

ကုယြမ္းထင္ ကားေမာင္း၍ေဆး႐ုံသို႔အျမန္သြားသည္။ လမ္းေရာက္မွ ကုယြမ္းထင္၏ဦးေႏွာက္က အနည္းငယ္ ျပန္လည္ႏိုးထအလုပ္လုပ္သည္။ စူးယိရန္သြားနာရျခင္းအေၾကာင္းကိုလည္းစဥ္းစား၍ရသြားေပသည္။ သူေနာင္တရမိသည္။  သူ စူးယိရန္ကိုသၾကားလုံးမ်ားစြာ စားခြင့္မျပဳခဲ့သင့္သလို ေစာင့္လည္းၾကည့္ေနခဲ့သင့္၏။

သူ ေကာင္းေကာင္း မေစာင့္ေရွာက္ႏိုင္ခဲ့။

သူ ေနာက္ၾကည့္မွန္ကေန သနားဖြယ္ေကာင္းစြာႏုံးေခြအီေနေသာစူးယိရန္ကိုၾကည့္လိုက္သည္။ တစ္ကိုယ္လုံးက မူးေဝကာ နာလြန္း၍ ေခြေခြေလးျဖစ္ေနရွာသည္။

ကုယြမ္းထင္၏ ႏွလုံးသားကနာက်င္လာသည္။

သူ႔ကိုယ္သူ ဘယ္တုန္းကမွ ဒီေလာက္ထိ ဒီလိုမ်ိဳး အျပစ္မတင္ခဲ့ဖူးေခ်။

Continue Reading

You'll Also Like

6.6M 114K 13
Melissa Crawford thinks she's just a regular teenage girl. She goes to school. She has friends, boy problems, homework...you know, the typical teenag...
1M 24.2K 43
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
1.1M 73.4K 34
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...