ရင်မှာ ဒီလောက်ချစ်ပါသည်

By JeonKoo9703

193K 13.8K 1.6K

ငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင် More

Intro
❣️Part-1❣️
❣️ Part-2 ❣️
❣️ Part-3 ❣️
❣️ Part-4 ❣️
❣️ Part-5 ❣️
❣️ Part-6 ❣️
❣️ Part-7 ❣️
❣️ Part-8 ❣️
❣️Part-9❣️
❣️Part-10❣️
❣️ Part-11 ❣️
❣️ Part-12 ❣️
❣️ Part-13 ❣️
❣️ Part-14❣️
❣️ Part-15❣️
❣️ Part-16 ❣️
❣️ Part-17 ❣️
❣️ Part-18 ❣️
❣️ Part-19 ❣️
❣️ Part-20 ❣️
❣️ Part-21 ❣️
❣️ Part-22 ❣️
❣️ Part-23 ❣️
❣️ Part-24 ❣️
❣️ Part-25 ❣️
❣️ Part-26 ❣️
❣️ Part-27 ❣️
❣️ Part-28 ❣️
❣️ Part-29 ❣️
❣️ Part-30 ❣️
❣️ Part-31 ❣️
❣️ Part-32 ❣️
❣️ Part-33 ❣️
❣️ Part-34 ❣️
❣️ Part-35 ❣️
❣️ Part-36 ❣️
❣️ Part-38 ❣️
❣️ Part-39 ❣️
❣️ Part-40 ❣️
❣️ Part-41 ❣️
❣️ Part-42 ❣️
❣️ Part-43 ❣️
❣️ Part-44 ❣️
❣️ Part-45 ❣️
❣️ Part-46❣️
❣️ Part-47 ❣️
❣️ Part-48 ❣️
❣️ Part-49 ❣️
❣️50 (Final-1)❣️
❣️ 50(Final -2)❣️
Happy birthday မောင့် jimin 🎁
Happy birthday မောင့် jimin (pt-2)
Happy New Year 🕛

❣️ Part-37 ❣️

2.6K 212 24
By JeonKoo9703

နံရံဆီ jimin ကိုယ်ကို ကပ်ပစ်လိုက်ပြီး
ပိုကြမ်းတမ်းသော အနမ်းများ ပေးအပ်နေသော
မောင်သည် ထိန်းချုပ်စည်းကို ဖျောက်ဖျက်ပစ်လိုက်ပြီထင်ပါသည်။jiminခန္ဓာကိုယ်ထက်
ပြေးလွှားနေသော မောင့်လက်များကြောင့်
ကိုယ်တွင်း အပူချိန်များလည်း မြင့်တက်လာချေပြီ။

မျက်နှာအနှံ့ နှုတ်ခမ်းပါးနဲ့ ပွတ်ဆွဲကာ
နမ်းရှိုက်သွားခြင်း‌သည် jiminကိုပင်
တောင့်တလာစေသည်အထိပင်။

ဆွဲချွတ်ခြင်းခံလိုက်ရသော
အဝတ်အစားများနောက် လှပလွန်းသော ခန္ဓာကိုယ်ငယ်လေးသည် ရေစက်များကြား
ပန်းရောင်ပြေပြေလေး သန်းနေကာ ကောက်ကြောင်းလှလှလေးပင်။ရှက်စိတ်ကြောင့်ပန်းရောင် သန်းနေသော ကိုယ်ငယ်လေးကို
Jungkook ကြည့်ရင်း သိမ်းပိုက်ချင်စိတ်၊တစ်စတစ်စ၊တစ်ဆင့်ပြီးတစ်ဆင့်၊နူးနူးညံ့ညံ့မှသည် ကြမ်းကြမ်းတမ်းတမ်းဘက်ကို ဆင့်ခေါ်ပစ်ချင်သည်။

ကိုယ်ငယ်လေး၏ အပေါ်ပိုင်းတစ်ခုလုံး
အမှတ်အသားများ ပေးပြီးသည်နှင့်
ရပ်ဝန်းငယ်ဆီ တိုးရန် မိမိခါးထက်က တဘတ်ကို
Jungkook ဆွဲချွတ်လိုက်သည်။

ထိတွေ့ခဲ့ခြင်းများသည် မရိုးနိုင်။
ရယူခဲ့ခြင်းများသည် အသစ်အဆန်းလိုပင်။
သိမ်းပိုက်ခဲ့ခြင်းများသည် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့မြဲပင်။
ပြီးမြောက်ခဲ့သော ဆန္ဒများသည်လည်း
မရေတွက်နိုင်။

.............................................................................

နေရောင်ခြည်ဖျဖျလေး အခန်းတွင်း တိုးဝင်လာခဲ့သော်လည်း jimin မထသေးပေ။သူ့တစ်ကိုယ်လုံးအား သိမ်းကျုံးဖက်ထားသော မောင့်ရင်ခွင်ထဲ
နေမြဲအတိုင်း နေ နေလိုက်သည်။ညက မောင်နဲ့
အတူ အချစ်ခရီးလမ်း လျှောက်ခဲ့ခြင်းသည်
အချိန်အတော်ကြာမြင့်ခဲ့ပါသည်။ခရီးအဆုံးတွင်တော့ နှစ်ယောက်သား ရေချိုးသန့်စင်ကာ
မွေ့ယာထက် တစ်ဦးကို တစ်ဦးထွေးပွေ့ကာ အနားယူခဲ့ကြသည်။

အခုလည်း နွေးထွေးသော မောင့်ရင်ခွင်ထဲမှာ
နေရင်း မောင့်မျက်နှာချောချောကို မော့ကြည့်နေမိသည်။

မောင့်ရဲ့ မျက်တောင်လေးများ စတင်လှုပ်ရှားလာသည်။ထို့နောက် သူမြတ်နိုးရပါသော
မျက်လုံးဝိုင်းဝိုင်းကြည်ကြည်လေးများနဲ့
သူ့အား မျက်လုံးများ မှေးစင်းကာ ကြည့်လာသည်။

"မောင် ...နိုးပြီလား?"

"အင်း "

"ထတော့မှာလား?"

"မထချင်သေးဘူး !"

"အင်း..ငါလည်း မောင့်ရင်ခွင်ထဲ နေချင်သေးတယ်"

ထိုသို့ ပြောကာ မောင့်ရင်ခွင်ထဲ ပိုတိုးဝင်ကာ
မောင့်ခါးထက်ဆီ လက်တင်ထားလိုက်သည်။
မောင်ကလည်း ပိုတင်းကြပ်စွာ ဖက်ထားပေးသည်။

"မောင် !"

"ဗျာ......."

အိပ်ယာထကာစ အက်ရှရှအသံနှင့်
သံရှည်ဆွဲထူးလာခြင်းသည် မနက်ခင်းအစမှာတင် ရူးဖို့ လုံလောက်သည်။

"ငါ မေးစရာရှိလို့ "

"အင်း "

"ဟို ငါ့ကိုလေ ..မောင် ဘယ်တုန်းက စချစ်ခဲ့တာလဲ?"

မောင်သည် သူ့ရဲ့ မေးခွန်းကြောင့်
ခေတ္တတော့ တွေးဆဆပုံဖြစ်သွားသည်။jiminလည်း မောင့်မျက်နှာကိုသာ ကြည့်ရင်း
မောင့်ဆီက အဖြေကို မျှော်လင့်နေမိသည်။

"မောင် ...မင်းကို ဘယ်ချိန်က စစိတ်ဝင်စားမိလဲ
မသိပေမယ့် မောင်သိတာ တစ်ခုက မင်း
မောင်ကလွဲပြီး တခြားသူတွေနဲ့ ရင်းရင်းနှီးနှီးနေနေတာကို မကြိုက်ဘူး။တခြားသူတွေနဲ့ ယှဉ်ရင် မောင့်ကိုပဲ ပိုအလေးပေးစေချင်ခဲ့တာ။အဲ့လို ခံစားချက်တွေ စဖြစ်တဲ့ အချိန်ဆို မောင် အလယ်တန်းလောက်ကတည်းက ထင်တယ် ။
ပြီးတော့ မောင် ကိုယ့်ကိုကိုယ် သတိထားမိလာတယ်။မင်း အပေါ် ခံစားချက်တွေက မူမမှန်တော့ဘူးဆိုတာ။အ့ကြောင့် ကိုယ့်ကိုကိုယ် ဆန်းစစ်တဲ့အနေနဲ့ မောင် မိန်းကလေးတွေနဲ့ တွဲခဲ့တယ်။
မောင့်ရဲ့ စိတ်က မပြောင်းလဲခဲ့ပါဘူး။မင်းကို တခြားသူတွေနဲ့ မြင်တိုင်း ဒေါသထွက်နေရတုန်းပဲ။နောက်ပိုင်း min Yoongi က မင်းကို
ကိုယ့်ရှေ့မှာတင် ချစ်ရေးဆိုတာတွေ့တာ ကိုယ် မနေနိုင်တော့ဘူး။မင်းကို ကိုယ်ကလွဲပြီး ဘယ်သူ့အနားမှ မရှိစေချင်နေတာ။ဒါပါပဲ အဲ့အချိန်တွေကတည်းက ခံစားချက်တွေက မင်းအပေါ် ချစ်မိနေတာလို့ ပြောလာရင် မောင် ဝန်ခံပါတယ်။အဲ့ကတည်းက မောင် မင်းအပေါ်ချစ်မိနေတာဖြစ်မယ် "

"........."

မောင့်ရဲ့ စကားသံအဆုံး jimin အသံပင်ထွက်မလာသေး။အရင်ချိန်တွေတုန်းက မောင့်ကို
သူ့ဘက်ကပဲ ကြိတ်ချစ်နေရတယ် ထင်ခဲ့ပေမယ့်
အခု ပြောပုံအရဆို မောင်လည်း သူ့ကို စိတ်ဝင်စားနေခဲ့တာမလား?မောင် သူ့ရှေ့မှာ
မိန်းကလေးများနဲ့ အထည်လဲတွဲသွားတာမြင်တိုင်း နာကျင်ခဲ့ရသည့် အတိတ်က နေ့ရက်များတွင်လည်း မောင်လည်း သူ့နည်းတူ ခံစားခဲ့ရသည်လား?သေချာတာကတော့ သူတစ်ယောက်ထဲ ခံစားခဲ့ရသည် မဟုတ်ပေ။

"Jimin!"

မောင့်ခေါ်သံ ကြားသည်မို့ အတွေးလွန်‌နေရာမှ
မောင့်မျက်နှာကို ကြည့်လိုက်သည်။

"အရင်အချိန်တွေတုန်းက မောင့်လုပ်ရပ်တွေက
မင်းကို နာကျင်စေခဲ့ရင် မောင် တောင်းပန်ပါတယ်။မင်းကို ရည်ရွယ်ပြီး လုပ်ခဲ့ခြင်း တစ်ခုမှ မပါခဲ့ပါဘူး "

".........."

"ပြီးတော့ အခုချိန်မှာ မောင့်ရဲ့ စိတ်ရော၊ကိုယ်ရော နှစ်ပြီး ချစ်တာ မင်းတစ်ယောက်ထဲဆိုတာကို ယုံပေးစေချင်တယ်။မောင် မင်းကို
သိပ်ချစ်တာ..."

"အင်း ...ငါ ယုံတယ် !"

"မင်းရော ..မောင့်ကို ဘယ်ချိန်တုန်းက ချစ်ခဲ့တာလဲ?"

"လူမှန်းသိတတ်စ အရွယ်ကတည်းက
မောင့်မျက်နှာကိုပဲ ကြည့်ပြီး၊မောင့်ကိုပဲ
သံယောဇဉ်တွေ ပိုခဲ့မိတဲ့ ငါက
အချစ်ကို စခံစားမိတဲ့ အချိန်မှာပဲ
မောင့်ကိုပဲ ရင်ခုန်ခဲ့သလို ၊မောင့်ကိုပဲ ပထမဆုံး
ချစ်ခဲ့မိခြင်းပါ"

Jungkookသိပါသည်။jimin သူ့အပေါ်ထားတဲ့
အချစ်က ဘယ်အရွယ်ကစလဲဆိုတာ
ရိပ်မိခဲ့ပေမယ့် မဖြစ်သင့်ဘူးဆိုတဲ့ အတွေးနဲ့
သူငယ်ချင်းတွေဆိုသည့် စည်းကြောင့်
မသိချင်ယောင်ဆောင်ခဲ့ခြင်းပင်။နောက်ပိုင်း
Min Yoongi လက်ထဲ ပါသွားမည်ကို
စိုးထင့်သောစိတ်ကြောင့် jiminကို ဖွင့်ပြောခဲ့ခြင်းပင်။

"မောင်က ပထမဆုံးလား?"

Jungkook သိသော်လည်း ရင်ခွင်ထဲက
အကောင်ပေါက်လေးအား စချင်‌သည်ကြောင့်
တမင် ထပ်မေးလိုက်ခြင်းပင်။

"အင်းလေ။မောင်က ပထမဆုံးပဲ "

"ဟုတ်လို့လား?မောင့်ထက် အရင်က ရင်ခုန်ဖူးခဲ့တဲ့သူ မရှိဘူးပေါ့ "

မျက်မှုန်လေးကုပ်ကာ မကျေမချမ်းလေး
ကြည့်လာသည်က အသည်းယားစရာ။

"မောင်နော်!မောင့်ကိုပဲ စချစ်ခဲ့တာပါဆို
ဘာလို့ လျှောက်မေးနေတာလဲ?"

"အနမ်းရောပေါ့?"

"အင်း!မောင့်ကိုပဲ ပထမဆုံး နမ်းဖူးတာ "

"ဒါဆို hoseokကို
ကမ်းခြေမှာတုန်းက နမ်းတာကရော "‌

Jimin ဆွံ့အသွားသည်။သူတောင် သတိမရတော့သည့် ကိစ္စကို မောင်က ခုထိ မှတ်မိနေတုန်းပင်။

"အဲ့တာက ဂိမ်းကြောင့်လေ။ပြီးတော့ ပါးပဲ နမ်းတာလေ။နှုတ်ခမ်းကို နမ်းတာကတော့
မောင်က ပထမဆုံးဖြစ်ခဲ့တာပါ "

"အင်း မင်းနှာခေါင်းလုံးလုံးလေးနဲ့ နမ်းခဲ့တဲ့
ပါးက ကိုယ့်ပါး မဟုတ်တာတော့ ရင်နာတာပေါ့ "

"အခု ပြန်နမ်းပေးမယ်လေ...ရွှတ်"

မောင့်လက်မောင်းပေါ် အိပ်နေရင်း
မောင့်ပါးပြင်တစ်ဖက်အား မော့ကာနမ်းလိုက်တော့ မောင့်မျက်နှာသည် ပြုံးရိပ်သန်းသွားသည်။

"နေပါဦး...မောင့်ရဲ့ ပထမဆုံး အနမ်းကလည်း
ငါမဟုတ်ခဲ့ဘူးလေ"

"ဟင်!"

Jiminရဲ့ ပြန်ချေပလာသော စကားကြောင့်
Jungkook ဘာပြန်ပြောရမည်မသိ။
ကိုယ့်အတတ်၊ကိုယ်စူးတာ ဒါမျိုး။

"ဟင်မနေနဲ့။ကျောင်းတုန်းက ကောင်မလေးတွေနဲ့
နမ်းခဲ့တယ်လေ။အဲ့ကျ ငါ မဟုတ်တော့ဘူးလေ "

နှုတ်ခမ်းလေး စူထားရင်း မကျေမနပ်ပြောလာသူလေးသည် စိတ်ကောက်တော်မူသွားသည်မို့
Jungkook ချော့ရတော့မည်။

"အဲ့တုန်းက မောင် စိတ်ပါလို့ နမ်းခဲ့တာ
မဟုတ်ပါဘူး။ဒီတိုင်း..."

"ဘယ်တိုင်းလဲ?"

ကပ်သီးကပ်သပ်မေးလာသူလေးသည်
ဖြေရှင်းချက် မပေးလျှင် မရတော့သည်မို့

"အဲ့တုန်းက သူတို့ကလည်း တောင်းဆိုတာနဲ့
မောင်ကလည်း မင်းအပေါ်ထားတဲ့
မရိုးမသားစိတ်တွေများ ပျောက်သွားမလားလို့
နမ်းကြည့်ခဲ့တာ "

"ဪ!အဲ့လိုရကြေးလား?
အ့ဆို ငါလည်း ခုချိန် တခြားယောင်္ကျားလေးတစ်ယောက်ကို နမ်းမယ်ဆိုရင်ရော"

"မရပါဘူး!မောင့် စိတ်ကို လာမဆွနဲ့ jimin "

"ဘာလို့မရတာလဲ?မောင် ကျတော့ ရပြီး "

"အဲ့တာ အရင်တုန်းကလေကွာ။မောင်နဲ့ မင်းနဲ့
မဆိုင်ခင်၊မပိုင်ခင် အချိန်တုန်းကလေ။အခုက မင်းကို မောင်ပိုင်တယ်လေ။အဲ့တော့
မောင် မကြိုက်တာတွေ မလုပ်ရဘူး "

"Jimin"

အသံတိတ်သွားသူလေးကို မေးဖျားလေးမှ
ဆွဲမော့ကာ အကြည့်ချင်းဆုံစေလိုက်သည်။

"မင်းနဲ့ မသက်ဆိုင်ခင် အချိန်တုန်းက
မင်းကို နာကျင်စေခဲ့တာလည်း မောင်က တောင်းပန်ပါတယ်။ပြီးတော့ အနမ်းဆိုတာ
အပေါ်ယံ အထိအတွေ့ သက်သက်ပဲလေ။
မောင့်ရဲ့ အတွင်းအစိတ်အပိုင်းထဲက လာတဲ့
အချစ်တွေနဲ့ အသွေးအသားတွေကိုတော့
မောင်ချစ်တဲ့ မင်းကိုပဲ ပထမဆုံးပေးခဲ့တာ"

"အဲ့ကိစ္စတွေ ထည့်မပြောနဲ့လေ !"

ရှက်သွားသူလေးသည် မျက်တောင်လေးတွေ
တဖျပ်ဖျပ်ခပ်ရင်း ပါးလေးတွေရဲကာ
အကြည့်လွှဲသွားတော့သည်။

"ဘာလေးလဲကွာ!စောစောစီးစီး မောင့်ကို
အူယားအောင် "

မျက်နှာ ပြန်မမော့လာသော jiminအား
လက်နှစ်ဖက်ဖြင့် ပိုတိုးဖက်ထားလိုက်သည်။

"မင်းနဲ့ စပတ်သက်မိကတည်းက
တခြားသူတွေဆိုတာ မောင့်အတွေးထဲတောင်
အဝင်မခံတာမို့ မင်း မောင့်ကို ယုံကြည်ပါ။ပြီးတော့ မောင့်ကို ပိုတိုးချစ်ပေး။မင်းမရှိရင် မောင် မဖြစ်ဘူးထင်တယ် "

"ငါရောပဲ...."

"အင်း ..မောင့်ကို ဖက်ထား"

ချစ်ရသူကို ရင်ခွင်ထဲ ဖက်ထားရင်း
မျက်လုံးများ ခေတ္တ မှေးထားလိုက်သည်။
ဒီအချိန်လေးကို ရပ်တန့်ထားချင်မိသည်။

"မောင် "

"အင်း "

ရင်ခွင်ထဲက သူလေးအား
ငုံ့ကြည့်ကာ စကားပြန်လိုက်တော့
မျက်လုံးကျဉ်းကျဉ်းလေးများက
သူ့ကို ကြည့်နေသည်။

"ငါ ....နမ်းချင်တယ် "

"ဘယ်လိုမျိုးနမ်းချင်လဲ ?"

"ဟင်!ဘာကို ?"

သူပြောသည်ကို အူကြောင်ကြောင်လေးနဲ့
ပြန်မေးလာသည့် jiminကို ကြည့်ကာ
Jungkookရီမိသည်။

"အဟင်း!နမ်းနည်းတွေက အမျိုးမျိုးရှိတယ်
မောင့် အသည်းရဲ့။ခုတော့ နှုတ်ခမ်းပဲ အရင်နမ်းကြတာပေါ့။နောက်မှ နမ်းနည်းတွေကို
မောင့်အသည်းသိအောင် မောင် ပြောပြမယ်။
မဟုတ်ဘူး ။လက်တွေ့လုပ်ပြမယ် "

"ဘယ်လို..အွန့် !"

ခေါင်းငုံ့ကျလာပြီး jiminနှုတ်ခမ်းဆီ ဖိကပ်လာတော့သည်။အပေါ်နှုတ်ခမ်းလေးကို စုပ်ယူလိုက်၊
အောက်နှုတ်ခမ်းလေးကို စုပ်ယူလိုက်နှင့် မောင့်နှုတ်ခမ်းပါးများသည် အလုပ်ရှုပ်နေတော့သည်။
လျှာဖျားပါ ဝင်လာသည်မို့ jimin ကိုယ်လေး တွန့်သွားမိသည်။အနမ်းသည် ရှည်ကြာဦးမည်။

အနမ်းပေးဖို့ တောင်းဆိုခဲ့သူလေးသည်
ရပ်ပေးဖို့ သူကိုယ်တိုင် ပြန်တောင်းဆိုခဲ့ရသည်။

........................................................................

တီ တီ တီ

Practice room ထဲ ရှိနေချိန် ဖုန်းမြည်သံကြောင့်
စားပွဲပေါ်က တင်ထားသော ဖုန်းအား
ကောက်ကိုင်လိုက်သည်။ဖုန်းနံပါတ် အစိမ်းမို့
အစတော့ တွေးနေမိပေမယ့် ဘယ်သူလဲ သိရအောင် ဖုန်းကို လက်ခံလိုက်သည်။

"Hello "

"Jeon လားဟင် ?"

Jungkook ဖုန်းကို နားနဲ့ ခနခွာလိုက်ကာ
စဉ်းစားမိသည်။ဘယ်သူပါလိမ့်။

"ဟို Angelaပါ။မမှတ်မိဘူးလားဟင် "

နောက်ဆက်တွဲ ကြားရမှ
မည်သူဆိုတာ သိတော့သည်။jungkook တကယ်ပင် Angelaအသံကို မမှတ်မိပါ။ဖုန်းနံပါတ်ပေးထားသည်ကိုတောင် ယခု ဖုန်းဆက်မှ သတိရတော့သည်။

"Sorry ဗျ!ရုတ်တရက်ဆိုတော့ ဘယ်သူလဲ မသိလိုက်ဘူး "

"နေပါစေ။အခု သိပြီပဲဟာ "

"ဟုတ်ကဲ့။ကျွန်တော့်ဆီ ဖုန်းဆက်တာ
ကိစ္စရှိလို့လား ?"

"ဟို ထွေထွေထူးထူးတော့ မရှိပါဘူး။
ဒီတိုင်း jeon အသံရောကြားချင်လို့ "

"ကျွန်တော့်အသံ ကြားချင်တယ်ဆိုရင်တော့
ကျွန်တော်ဆိုထားတဲ့ သီချင်းကို နားထောင်တာ
ပိုကောင်းမယ်ထင်တယ်။Angelaစိတ်ကို လန်းဆန်းစေမှာပါ "

"Jeonက Angelaနဲ့ မပြောချင်လို့လား?"

"အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်က ပိုထိရောက်တဲ့ နည်းကို ပြပေးတာပါ။Angelaက စိတ်အတက်အကျများတယ်ဆိုလို့ Angelaစိတ်ကို
relaxဖြစ်စေမယ့် သီချင်းတွေကို နားထောင်ပေးရအောင်လို့ပါ "

"အင်းပါ ။Angelaနောက်ကျ ‌နားထောင် လိုက်ပါ့မယ် ။အခုလေ jeonကို အကူအညီ တောင်းစရာလေးရှိလို့"

"ဘာများလဲ?"

"ဟို...Angelaက ခု Entertainment ကို
ရောက်နေတာပါ။အဲ့တာ အိမ်ကို ပြန်ချင်တာလေ။ပါးပါးကလည်း အလုပ်ရှုပ်နေတော့ လိုက်ပို့လို့ အဆင်မပြေဘူး။Angelaကိုယ်တိုင် မောင်းဖို့ကလည်း မနေ့က ရေချိုးခန်းထဲ ချော်လဲထားတော့ လက်ကောက်ဝတ်နဲ့ ထောက်မိပြီး နာနေတော့ ကားမမောင်းနိုင်လောက်ဘူး။အဲ့တာ
Jeonများ အဆင်ပြေရင် လိုက်ပို့ပေးပါလား?"

"အဲ့တာက အခု ကျွန်တော့်ရဲ့ practice အချိန်ဖြစ်နေတယ်။ပြီးတော့ entertainment က ခွင့်မပြုဘဲ
ကျွန်တော်တို့ ဒီအချိန် အပြင်ထွက်လို့မရဘူး "

"Angela ပါးပါးကို ပြောပေးမယ်လေ "

"ဟို ..."

"ခနနော်။ပါးပါးကို ပြောလိုက်မယ် "

ဖုန်းချသွားသူသည် အလျင်အမြန်ပင်။
Jungkook သက်ပြင်းချမိလိုက်သည်။

မကြာ သူ့ဆီ ဖုန်းဝင်လာသည်က အန်ကယ်လီမင်ဂျယ်ဆီကပင်။

"Hello အန်ကယ် "

"အေးကွာ။ဒီမှာ အန်ကယ့် သမီးက အိမ် ပြန်ချင်နေတယ်။အန်ကယ်ကလည်း အလုပ်နဲ့ဆိုတော့ မဖြစ်ဘူး။တခြားသူနဲ့ကျတော့လည်း သူက
ကားတူတူ မစီးချင်ဘူးတဲ့ကွာ။အဲ့တော့ သမီးနဲ့
ရင်းနှီးတဲ့ jungkookက ကူညီပေးပါလား ?"

"......."

"Jungkook အဆင်မပြေလို့လား?
အ့ဆိုလည်း အန်ကယ် တခြားတစ်ယောက်ကို
လိုက်ပို့ခိုင်းလိုက်ပါ့မယ် "

အစပိုင်း စဉ်းစားနေမိသော်လည်း
အန်ကယ်က တောင်းဆိုတာကြောင့်ရော
Fan တစ်ယောက်အနေနဲ့ရောမို့ Jungkook လက်ခံလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်။လိုက်ပို့လိုကိပါ့မယ် "

"ကျေးဇူးပါကွာ!အန်ကယ့်သမီးက နည်းနည်းတော့ ဆိုးတယ်။မင်းကပဲ သည်းခံပေးပါဦး "

"ဟုတ်ကဲ့။ဒါဆို ကျွန်တော် ကားပါကင်က စောင့်လိုက်ပါ့မယ် "

အန်ကယ်နဲ့ ပြောပြီးသည်နှင့်
Member များအား နှုတ်ဆက်ကာ အောက်ထပ်က ကားပါကင်ကိုသာ ထွက်ခဲ့လိုက်သည်။

"Jeon !"

သူ့နာမည်အား ခေါ်ကာ အနားသို့
လှမ်းလာသော Angelaသည် သွက်လက်သော
မိန်းကလေးဖြစ်သည်။သူမရဲ့ မျက်နှာလှလှလေးနဲ့ နေဗီပြာရောင် ဆံနွယ်တွေက လူအများကို
ဆွဲဆောင်နေတဲ့ အဓိကအချက်ပင်။jungkookအတွက်ကတော့ ထိုအလှတရားကို
ရင်ခုန်ခြင်းမရှိပါ။

"စောင့်ရတာ ကြာသွားလားဟင်?"

"မကြာသေးပါဘူး "

"ဟုတ် အ့ဆို သွားကြမလား ?"

"အင်း "

Angela ဆီက ကားသော့ယူကာ
Jungkook မောင်းသူ နေရာတွင် ဝင်ထိုင်လိုက်သည်။မကြာ သူ့ဘေးက ခုံတွင် လာထိုင်သော
Angelaကို တစ်ချက် ကြည့်ပြီးနောက် စက်ဖွင့်ကာ Entertainment မှ မောင်းထွက်ခဲ့တော့သည်။

"လိပ်စာလေး ပြောပါဦး "

"အာ Angela  location ချိတ်ပေးထားမယ် "

ဖုန်းကို ဖွင့်ကာ ကား dash board ပေါ်က
နေရာလေးတွင် location ပြထားလိုက်သည်။သူမအနေနဲ့ jungkookနဲ့  မြို့အနှံ့လျှောက်လည်ချင်ပေမယ့် ခုမှ စရင်းနှီးခါစ အခြေအနေမို့
သူမ ထိုမျှလောက်ထိ မရဲတင်းသေးပေ။
ခုလိုလေ အိမ်ပြန်လိုက်ပို့ပေးတာနဲ့တင်
ဒီနေ့အဖို့ ကျေနပ်လိုက်တော့မည်။

ရှေ့ကိုပဲ တည့်တည့်ရှု့ကာ အာရုံစိုက်ပြီး
မောင်းနေသော jeonသည် သူမ ဘက်ကို
တစ်ချက်မျှ လှည့်ကြည့်မလာပါ။ဒါ သူမကို
ချေနေတာမလား ?ဘယ်လိုလုပ်မလဲ?
Angela၏ အကျင့်သည်လည်း အလွယ်တကူမရတဲ့ အရာမျိုးကိုဆို ပိုသဘောကျတတ်သည်။ယခုလို ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေသော
Jeon Jungkook လို ယောင်္ကျားမျိုးဆို
ပိုမက်မောသည်။

ကားစတီယာတိုင်ကို လက်တစ်ဖက်နှင့်ထိန်းကာ
မောင်းနေသည့် ပုံစံသည် ကြည့်ကောင်းလှသည်။
ထိန်းကိုင်ထားသည့် လက်မှာလည်း အသားဖြူလွန်းသည်ကြောင့် သွေးကြောစိမ်းလေးများပင်မြင်နေရပြီး အကြောများက ယောင်္ကျားဆန်စွာ
အရေပြားပေါ်တွင် သိသိသာသာ ကြွတက်နေတော့သည်။

ဘေးတိုက်ကနေ မြင်နေရသည့်
မျက်နှာသည် တစ်မျိုးဆွဲဆောင်မှုရှိနေပြန်သည်။
ထင်ရှားတဲ့ jaw lineက jeon မျက်နှာရဲ့
ဆွဲဆောင်မှုတစ်ခုဟုလည်း ပြောလို့ရသည်။
သူမ ထိုမေးရိုးလေးကို နမ်းကြည့်ချင်သည်။
နိုင်ငံခြားမှာ ဘဲတစ်ပွေနဲ့ အီခဲ့သော်လည်း
သူမ စိတ်ထဲ ဝင်ရောက်နိုင်တဲ့သူ မရှိခဲ့။သူမကို
လာချဉ်းကပ်သည့် သူများကလည်း
တော်ရုံတန်ရုံထဲက မဟုတ်။အကောင်ခပ်ကြီးကြီးများဖြစ်သည်။သို့သော် jeonနဲ့ တွေ့မှ ပြောင်းလဲ
သွားသည့် စိတ်သည် တကယ်ပင် အံ့ဩဖို့ ကောင်းသည်။စစတွေ့ချင်းမှာပဲ မျက်လုံးထဲ
စွဲနေအောင် ပြုစားနိုင်ခဲ့သည်။ခုတော့ ရင်ဘတ်ထဲထိ ရောက်ရှိနေပြီဖြစ်သည်။သူမဘဝတွင်
ပထမဆုံး ယောင်္ကျားတစ်ယောက်ကို
မက်မောမိခြင်းမို့ ပိုင်ဆိုင်ရဖို့ ဘာမဆို လုပ်မိမည်ထင်သည်။

"ရောက်ပြီ "

သူမငေးကြည့်နေမိသည်မှာ
Jungkook အသံကြားမှ အိမ်ရောက်မှန်းသိတော့သည်။ကားပေါ်ကနေ jungkook အရင်ဆင်းသွားသည်မို့ သူမလည်း လိုက်ဆင်းရတော့သည်။

"ကျေးဇူးပါ jeon "

"ရပါတယ် ။ကျွန်တော့်ကို ခွင့်ပြုပါဦး "

"Driver ကို လိုက်ပို့ခိုင်းပါ့မယ်"

"နေပါ။ကျွန်တော် taxiပဲ ငှားလိုက်ပါ့မယ် "

သူမနဲ့ Jungkook စကားပြောနေတုန်း
‌ရောက်ချလာသော ကားတစ်စီးသည်
သူမတို့ခြံရှေ့မှာပဲ ဖြစ်သည်။

ဘယ်သူ၊ဘယ်ဝါကြည့်‌ နေတုန်းမှာပဲ               ကားပေါ်က ဆင်းလာသူကြောင့် Angelaမျက်နှာ
ပျက်သွားကာ ဒေါသတို့ထွက်လာရပြန်သည်။

"Angela!"

သူမနာမည်အား ခေါ်ကာ အနားရောက်ချလာသော Liam ၏ မျက်လုံးများသည်
ဘေးနားက jungkookကို မသိမသာ အကဲခတ်ကြည့်နေသည်။

"သူက ဘယ်သူလဲ?"

Jungkookကို ရည်ညွှန်းကာ မေးလာသည်ကြောင့်

"ရှင်နဲ့ ဘာဆိုင်လဲ?"

"ဘာလဲ?မင်းရဲ့ ဇယားအသစ်လား?
ဒီကောင့်အတွက်နဲ့ ငါ့ကို ခွေးလို၊နွားလို
ပစ်ချခဲ့တာပေါ့လေ!"

"Liam!!မဟုတ်တာတွေ လျှောက်မပြောနဲ့ "

Angela စိတ်ကို အတတ်နိုင်ဆုံးထိန်းနေရသည်။
သူ့စိတ်အတိုင်းဆို အစွန်းကုန်ပေါက်ကွဲပစ်လိုက်ချင်ပေမယ့် jungkookရှေ့မို့ ဆင်ခြင်နေရသည်။
Jungkook သူမကို အထင်သေးသွားမည်ကို
အရမ်းကြောက်သည်။

"ဒီမှာခင်ဗျ။ကျွန်တော်နဲ့ Angela ကို
အထင်လွဲနေပြီထင်တယ်။ကျွန်တော်တို့နှစ်ယောက်ဘာမှ မပတ်သက်ပါဘူး "

"........."

"ပြီးတော့ နှစ်ယောက်ဖြစ်တဲ့ ကိစ္စကို အေးဆေးရှင်းကြပါ။ကျွန်တော့်ကို ခွင့်ပြုပါဦး "

"Jeon !"

ထွက်ခွာသွားသော jungkookကျောပြင်ကို
ကြည့်ကာ Angela နှမြောတသဖြစ်ရင်း
ဒေါသထွက်ကာ Liamအား ပုံချမိတော့သည်။

ဖြန်းးးး

"ဘာကိစ္စလဲ?ဟမ်!ဘာလို့ လာလာပြီး
ရှုပ်နေရတာလဲ!!"

"ကျေနပ်လား?ထပ်ရိုက်ချင်သေးလား?
ရိုက်လိုက် Angela"

Angelaလက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း
သူ့ရဲ့ ပါးကို ထပ်ရိုက်စေခိုင်းသော်လည်း
သူ့လက်ထဲဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကိုသာ အတင်းရုန်းတော့သည်။

"ဖယ်!မထိနဲ့!!"

"မင်း ဘာလို့ အဲ့လောက်တောင် ရက်စက်ရတာလဲ
Angela?ငါက ဘယ်နေရာတွေများ ချို့ယွင်းနေလို့လဲ?"

"ရှင်ကပြည့်စုံပါတယ်။ကျွန်မကိုက ရှင့်ကို မချစ်နိုင်တာ "

"ဘာလို့လဲ?နိုင်ငံခြားမှာတုန်းက အတူတူပျော်ခဲ့ဖူးတဲ့ အချိန်တွေက ကိုယ့်ကို ချစ်လို့မဟုတ်ဘူးလား?"

"မဟုတ်ဘူး။ဟုတ်ခဲ့လည်း အခုချိန်မှာ ရှင့်ကို
ကျွန်မ အလိုမရှိဘူး "

"ဘာလဲ?ခနက ကောင်ကြောင့်လား?"

"မဆိုင်တဲ့လူကို ဆွဲမထည့်နဲ့!"

"ငါချစ်တဲ့ မင်းနဲ့ သက်ဆိုင်နေတော့
ငါနဲ့လည်း ဆိုင်သွားပြီလေ "

"ရှင်!!"

"မမေ့နဲ့ Angela!ကိုယ် ဒီနိုင်ငံထိ လိုက်လာတာ
မင်းကိုပါ အပါခေါ်ဖို့ဆိုတာ "

"ရူးနေလိုက် အဲ့မှာ!!"

Liam ကိုယ်ကို တွန်းဖယ်ကာ
ခြံတံခါးဖွင့်ရင်း အိမ်ထဲသို့ ဝင်ခဲ့တော့သည်။
စိတ်ထဲလည်း တနုံ့နုံ့နှင့်ပင်။

Liamသည် သူမလိုမျိုး ကိုရီးယားလူမျိုးစစ်ဖြစ်ပေမယ့် မိဘများနဲ့အတူ နိုင်ငံခြားတွင် အခြေချနေထိုင်သူဖြစ်သည်။အသိုင်းအဝိုင်းကောင်း၊ဆွေကြီးမျိုးကြီးထဲက ဖြစ်ပြီး လုပ်ငန်းစုတော်တော်များများလည်း ပိုင်ဆိုင်ထားသည်။
Liamသည် မျက်နှာသွယ်သွယ်၊မေးရိုးထင်းထင်းနဲ့ နှာတံခပ်မြင့်မြင့်နဲ့ဖြစ်သည်။ထူထဲသော
မျက်ခုံးများက သူ့ရဲ့ ဖြူဖွေးသော အသားအရေကြောင့် ပိုထင်ပေါ်နေသည်။မျက်လုံးအိမ်သွယ်သွယ်လေးနဲ့ နှုတ်ခမ်းမထူမပါးလေးရှိသည်။အကုန်ခြုံကြည့်လိုက်ရင်တော့ Liamသည်
ချောမောလွန်းသော ယောင်္ကျားထဲတွင်ပါသည်။
ပညာအရည်အချင်းမှာလည်း ပြည့်စုံထားခြင်းဖြစ်ပြီး သူ့မိဘများရဲ့ လုပ်ငန်းစုတစ်ချို့ကိုပါ
ဦးစီးနေခြင်းဖြစ်သည်။

အလုပ်နဲ့ တာဝန်ဝတ္တရားတွေနဲ့သာ လည်ပတ်နေတဲ့ သူ့ဘဝထဲ Angela ဆိုသည့် အမျိုးသမီးဝင်ရောက်လာချိန်တွင်တော့ ပြောင်းလဲကုန်သည်။
သူမကတော့ အီစီကလီအနေနဲ့သာ ပတ်သက်ခဲ့ပေမယ့် တကယ်ချစ်မိသွားတဲ့ Liamသည်
သူမမျက်နှာကိုသာ ကိုးကွယ်ခဲ့သည်။သူမ ဆန္ဒများကို အကုန်ဖြည့်စည်းပေးသည်။သူမအနားမှာ
အချိန်ကြာကြာ နေနိုင်ဖို့ အစွမ်းကုန် ဖြည့်စည်းရင်း ကြိုးစားခဲ့သည်။သို့သော် ရုတ်တရက် သူမ
ကိုရီးယားကို ပြန်သွားတယ်ဆိုတဲ့ သတင်းကြားကြားချင်း အရူးလို အထုတ်ဆွဲ လိုက်ခဲ့မိသည်။
ဇာတိမြေ ဖြစ်သော်လည်း နိုင်ငံခြားမှာပဲ
အနေများခဲ့သည့် Liam အတွက် အနည်းနဲ့အများတော့ ခက်ခဲခဲ့သည်။Angelaရှိသည့် လိပ်စာတွေကို သူ့နည်းသူ့ဟန်နှင့် စုံစမ်းခဲ့ရသည်။သိသည့်အခါ အရူးလို ပျော်ပြီး လိုက်သွားခဲ့မိပေမယ့်
သူမကတော့ သူ့အား ပါးပြင်ကို ခပ်ပြင်းပြင်းရိုက်ခြင်းဖြင့် ကြိုဆိုခဲ့သည်။ရင်ဘတ်ထဲက နာသည်။
သို့သော် ချစ်နေသည့်အတွက် သူမကို မစွန့်လွှတ်နိုင်ပါ။တစ်ချို့ အကြောင်းအရင်းလေးတွေလည်း ရှိနေသေးသည်မို့ သူမကို သူပိုင်ဆိုင်ရမှ ဖြစ်မည်။

............................................................................

"Jimin VVIP room no.3ကို ဒါလေးသွားပို့ပေးပါဦး "

"ဟုတ်ကဲ့ "

Customer မှာထားသော drinkနဲ့ စားစရာအချို့ကို ဗန်းလေးနဲ့ သယ်ကာပို့ရမည့်အခန်းကို လာလိုက်သည်။

တစ်လ။ဒီတစ်လပြီးရင် အန်ကယ်လီမင်ဂျယ်ကို
သွင်းရမည့် ငွေက ပြည့်ပြီမို့ သူ clubတွင် လုပ်စရာမလိုတော့ပေ။ကော်ဖီဆိုင်က လစာထက်
Clubတွင် အချိန်ပိုင်းလုပ်သည့် လစာသည် ပိုများသောကြောင့် အန်ကယ်လီမင်ဂျယ် အပေါ်တင်နေသော ငွေများမြန်မြန်ဆပ်နိုင်ဖို့အတွက် ဒီအလုပ်ကို လုပ်ခဲ့ခြင်းပင်။ဒီအလုပ်ကို ဆက်လုပ်၍ ရသော်လည်း မောင်က ခွင့်ပြုမယ်မထင်သောကြောင့် သူ ဒီတစ်လပြီးရင်တော့ နားဖို့ ဆုံးဖြတ်ထားသည် ။ကော်ဖီဆိုင်လေးကိုတော့
ဆက်လုပ်မည်ဖြစ်သည်။

ဒေါက် ဒေါက်

ပို့ရမည့် အခန်း‌ရှေ့ရောက်သည်နှင့်
တံခါးခေါက်ကာ အသိပေးလိုက်သည်။

"ဝင်ခဲ့ပါ "

Customer ၏ ဖြေသံကြားမှ တံခါးဖွင့်ကာ
ဝင်သွားလိုက်သည်။မီးရောင်သည် သိပ်မလင်းမထင်းမို့ customer ၏ မျက်နှာကိုတော့ ကောင်းကောင်းမြင်ရသေးသည်။စားပွဲပေါ်ကို
Drinkနဲ့ စားစရာများ ချပြီးနောက်
Customer ၏ မျက်နှာအား jimin မော့ကြည့်လိုက်စဉ်

"Li....Liam shi"

"အာ ....jimin  တူပါတယ်မှတ်လို့ သေချာကြည့်နေတာ။ဟုတ်နေတာပဲ။ဒီမှာ အလုပ်ဆင်းနေတာလား?"

"ဟုတ်ကဲ့ ။part time jobပါ "

"ဪ..အဆင်ပြေရင် ကျွန်တော်နဲ့ ထိုင်ပေးလို့ရမလား?ဟိုတစ်ခါ jimin ကျွန်တော့်ကို ကူညီထားတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ပါ ။ကျွန်တော်တိုက်ပါ့မယ် "

"ဟို....အားနာပေမယ့် ကျွန်တော် မသောက်တတ်ဘူးဗျ"

"အ့ဆိုလည်း juiceတစ်ခုခုဖြစ်ဖြစ် မှာလိုက်ပါ။
ကျွန်တော်တို့ မိတ်ဖြစ်၊ဆွေဖြစ်ပေါ့ "

ဆက်ငြင်းရမည်ကိုလည်း အားနာသည်မို့
သူ သောက်လို့ရသည့် lemon juice ကိုသာ
မှာလိုက်သည်။

Customer နဲ့ ထိုင်မည့် အကြောင်းကိုလည်း
မန်နေဂျာ ဖြစ်သည့် eunwoo ကို အသိပေးထားပြီဖြစ်သည်။

"Liamက ဒီနိုင်ငံကို အလည်လာတာလား?"

Liamနဲ့ မျက်နှာချင်းဆိုင်က ဆိုဖာခုံတွင်
ထိုင်ရင်း စကားစမည်ပြောကြသည်။

"မဟုတ်ပါဘူး။ကျွန်တော့်ချစ်သူကို
ပြန်လာခေါ်တာ "

"ချစ်သူ?"

Jimin သံယောင်လိုက်ကာ မေးတော့
Liamက ခေါင်းငြိမ့်ပြသည်။

"အာ ...သိပြီ။ဟို CUB entertainment တုန်းက
Liamနဲ့ စကားပြောတဲ့ တစ်ယောက်လား?နေဗီပြာရောင် ဆံနွယ်တွေနဲ့လေ "

"အင်း ..ဟုတ်တယ် "

"Liam ချစ်သူက မိန်းမလှလေးပါ "

"ဟုတ်တယ်။သူမက လှတယ်
ဒါပေမယ့် သူမရဲ့ အချစ်က ရက်စက်တယ် "

"ဟင်!"

Jimin နားမလည်သလို တုံ့ပြန်မိတော့
Liamက drinkတစ်ခုကို သောက်ပြီး
စကားဆက်ဆိုသည်။

"ကျွန်တော်နဲ့ သူမရဲ့ ဇာတ်လမ်းက
ကျွန်တော့်ဘက်ကသာ ချစ်သူအဆင့်ထိ သတ်မှတ်ခဲ့တာ။ဘဝလက်တွဲဖော်အထိ ရည်ရွယ်ခဲ့တာ။သူမအတွက် ကျွန်တော်က ခန အပျင်းပြေ
ကစားခဲ့ရုံပဲ "

"ဘယ်လိုများ..."

Jimin အံ့ဩမိပါသည်။ယောင်္ကျားလေးတစ်ယောက် ပွေရှုပ်သည်ဆိုတာ နာမည်ပျက်ရုံအပြင်
ဘာမှ နစ်နာမှုကြီးကြီးမားမားမရှိပေမယ့်
မိန်းကလေးဖြစ်တဲ့ဘက်ကတော့ နစ်နာမှုရှိသည်မလား?ပွေတယ်၊ရှုပ်တယ်ဆိုတဲ့ နာမည်ပျက်အပြင်
နောင်တစ်ချိန် ကိုယ့်ဘဝလက်တွဲဖော်ရဲ့
အထင်အမြင်သေးခြင်းကိုလည်း ခံရမည်မလား?
သူဘာကြီးပဲဖြစ်နေနေ ချစ်မှာပဲ ဆိုတဲ့
ယောင်္ကျားများရှိသလို၊ထိုသို့ နောက်ကြောင်းတွေ
သိသွားခဲ့ရင်လည်း အိမ်ထောင်ရေးမှာ
အဖုအထစ်တွေ ရှိသွားနိုင်သည်မလား?

"သူမက လှလှလေးနဲ့ ရက်စက်တတ်တာလေ ။
ကျွန်တော်ကတော့ သူရက်စက်လည်း
မမုန်းနိုင်ခဲ့ဘူး။အဆုံးထိ ဆွဲထားဦးမှာ "

"တစ်နေ့ Liam အချစ်တွေကို သူနားလည်လာမှာပါ "

Liamသည် ဖွဖွလေး ပြုံးသည်။သူချစ်တဲ့သူအကြောင်း ပြောပြနေရင်း မျက်ရည်များ ဝဲနေသည့် Liam မျက်ဝန်းများသည် သနားစရာအလွန်ကောင်းသည်။ဘယ်လောက်ခံစားနေရမလဲ?

"ကျွန်တော့်ကြောင့် jiminပါ စိတ်ညစ်ရပြီ "

"မဟုတ်တာ။ကျွန်တော် အဆင်ပြေပါတယ်
Liam ရင်ဖွင့်ချင်တဲ့ချိန်တိုင်း ကျွန်တော်ရှိနေပေးပါ့မယ် "

"ကျေးဇူးပါ။jimin အလုပ်ချိန် ပျက်နေပါလိမ့်မယ်။လုပ်စရာရှိတာ သွားလုပ်ပါ "

"ဟုတ်ကဲ့။အ့ဆို ကျွန်တော့်ကို ခွင့်ပြုပါဦး
နောက်မှ ထပ်တွေ့ပါမယ်"

"ဟုတ်ပြီဗျ "

ထွက်ခွာ သွားသော ကျောပြင်လေးအား
ကြည့်ကာ Liamရင်ထဲ အေးမြမှုကို ခံစားရသည်။
သူခံစားနေရတာတွေကို ဖွင့်ဟပစ်လိုက်ရတော့
ပေါ့ပါးသွားသလိုပင်။သူ့ရဲ့ စိတ်ကို အေးချမ်းအောင် လုပ်ပေးသည့် jiminကိုလည်း ကျေးဇူးတင်မိပါသည်။ခုမှ တွေ့ဆုံခြင်းက နှစ်ခါပင်ရှိသေးသော်လည်း jimin ကို သူ ခင်တွယ်မိပါသည်။jiminလို အကိုမျိုးရှိရင် သိပ်ကောင်းမည်ဟုလည်း တွေးမိသည်။

Jimin အကြောင်းတွေးနေရင်းမှ
သူမ အကြောင်း တွေးမိတော့ ရင်ဘတ်ထဲက နာရပြန်သည်။သူ သူမအပေါ် ဘယ်လောက် ချစ်ပေးခဲ့လဲ?ဘယ်လောက် အောက်ကျခံပေးခဲ့သလဲ?
သူမ မျက်နှာကိုပဲ ကြည့်ပြီး သဘောမတူတဲ့
မိဘတွေကိုတောင် ပြန်အာခံ ပြောပေးခဲ့ရဖူးသည်။သူငယ်ချင်းတွေ ဝိုင်းတားသည့်ကြားမှ
Angelaဆိုသည့် သူမက အဆိပ်တစ်ခုဖြစ်တာကို
သိခဲ့တာတောင် သူ ဆက်သောက်ခဲ့သည်က ချစ်လို့ပင်။

မင်းရက်စက်နိုင်ပေမယ့် ကိုယ် မရက်စက်နိုင်ဘူး
Angela ရယ်။

......................................................................

TBC

Love you all my readers 💜🤟😚

Mentလေးတွေ မန့်ပေးကြပါ။ရေးရတာ အားရှိအောင်<33


Zawgyi

နံရံဆီ jimin ကိုယ္ကို ကပ္ပစ္လိုက္ၿပီး
ပိုၾကမ္းတမ္းေသာ အနမ္းမ်ား ေပးအပ္ေနေသာ
ေမာင္သည္ ထိန္းခ်ဳပ္စည္းကို ေဖ်ာက္ဖ်က္ပစ္လိုက္ၿပီထင္ပါသည္။jiminခႏၶာကိုယ္ထက္
ေျပးလႊားေနေသာ ေမာင့္လက္မ်ားေၾကာင့္
ကိုယ္တြင္း အပူခ်ိန္မ်ားလည္း ျမင့္တက္လာေခ်ၿပီ။

မ်က္ႏွာအႏွံ႕ ႏႈတ္ခမ္းပါးနဲ႕ ပြတ္ဆြဲကာ
နမ္းရွိုက္သြားျခင္း‌သည္ jiminကိုပင္
ေတာင့္တလာေစသည္အထိပင္။

ဆြဲခြၽတ္ျခင္းခံလိုက္ရေသာ
အဝတ္အစားမ်ားေနာက္ လွပလြန္းေသာ ခႏၶာကိုယ္ငယ္ေလးသည္ ေရစက္မ်ားၾကား
ပန္းေရာင္ေျပေျပေလး သန္းေနကာ ေကာက္ေၾကာင္းလွလွေလးပင္။ရွက္စိတ္ေၾကာင့္ပန္းေရာင္ သန္းေနေသာ ကိုယ္ငယ္ေလးကို
Jungkook ၾကည့္ရင္း သိမ္းပိုက္ခ်င္စိတ္၊တစ္စတစ္စ၊တစ္ဆင့္ၿပီးတစ္ဆင့္၊ႏူးႏူးညံ့ညံ့မွသည္ ၾကမ္းၾကမ္းတမ္းတမ္းဘက္ကို ဆင့္ေခၚပစ္ခ်င္သည္။

ကိုယ္ငယ္ေလး၏ အေပၚပိုင္းတစ္ခုလုံး
အမွတ္အသားမ်ား ေပးၿပီးသည္ႏွင့္
ရပ္ဝန္းငယ္ဆီ တိုးရန္ မိမိခါးထက္က တဘတ္ကို
Jungkook ဆြဲခြၽတ္လိုက္သည္။

ထိေတြ႕ခဲ့ျခင္းမ်ားသည္ မရိုးနိုင္။
ရယူခဲ့ျခင္းမ်ားသည္ အသစ္အဆန္းလိုပင္။
သိမ္းပိုက္ခဲ့ျခင္းမ်ားသည္ အထြဋ္အထိပ္သို႔ ေရာက္ရွိခဲ့ၿမဲပင္။
ၿပီးေျမာက္ခဲ့ေသာ ဆႏၵမ်ားသည္လည္း
မေရတြက္နိုင္။

.............................................................................

ေနေရာင္ျခည္ဖ်ဖ်ေလး အခန္းတြင္း တိုးဝင္လာခဲ့ေသာ္လည္း jimin မထေသးေပ။သူ႕တစ္ကိုယ္လုံးအား သိမ္းက်ဳံးဖက္ထားေသာ ေမာင့္ရင္ခြင္ထဲ
ေနၿမဲအတိုင္း ေန ေနလိုက္သည္။ညက ေမာင္နဲ႕
အတူ အခ်စ္ခရီးလမ္း ေလွ်ာက္ခဲ့ျခင္းသည္
အခ်ိန္အေတာ္ၾကာျမင့္ခဲ့ပါသည္။ခရီးအဆုံးတြင္ေတာ့ ႏွစ္ေယာက္သား ေရခ်ိဳးသန႔္စင္ကာ
ေမြ႕ယာထက္ တစ္ဦးကို တစ္ဦးေထြးေပြ႕ကာ အနားယူခဲ့ၾကသည္။

အခုလည္း ေႏြးေထြးေသာ ေမာင့္ရင္ခြင္ထဲမွာ
ေနရင္း ေမာင့္မ်က္ႏွာေခ်ာေခ်ာကို ေမာ့ၾကည့္ေနမိသည္။

ေမာင့္ရဲ႕ မ်က္ေတာင္ေလးမ်ား စတင္လႈပ္ရွားလာသည္။ထို႔ေနာက္ သူျမတ္နိုးရပါေသာ
မ်က္လုံးဝိုင္းဝိုင္းၾကည္ၾကည္ေလးမ်ားနဲ႕
သူ႕အား မ်က္လုံးမ်ား ေမွးစင္းကာ ၾကည့္လာသည္။

"ေမာင္ ...နိုးၿပီလား?"

"အင္း "

"ထေတာ့မွာလား?"

"မထခ်င္ေသးဘူး !"

"အင္း..ငါလည္း ေမာင့္ရင္ခြင္ထဲ ေနခ်င္ေသးတယ္"

ထိုသို႔ ေျပာကာ ေမာင့္ရင္ခြင္ထဲ ပိုတိုးဝင္ကာ
ေမာင့္ခါးထက္ဆီ လက္တင္ထားလိုက္သည္။
ေမာင္ကလည္း ပိုတင္းၾကပ္စြာ ဖက္ထားေပးသည္။

"ေမာင္ !"

"ဗ်ာ......."

အိပ္ယာထကာစ အက္ရွရွအသံႏွင့္
သံရွည္ဆြဲထူးလာျခင္းသည္ မနက္ခင္းအစမွာတင္ ႐ူးဖို႔ လုံေလာက္သည္။

"ငါ ေမးစရာရွိလို႔ "

"အင္း "

"ဟို ငါ့ကိုေလ ..ေမာင္ ဘယ္တုန္းက စခ်စ္ခဲ့တာလဲ?"

ေမာင္သည္ သူ႕ရဲ႕ ေမးခြန္းေၾကာင့္
ေခတၱေတာ့ ေတြးဆဆပုံျဖစ္သြားသည္။jiminလည္း ေမာင့္မ်က္ႏွာကိုသာ ၾကည့္ရင္း
ေမာင့္ဆီက အေျဖကို ေမွ်ာ္လင့္ေနမိသည္။

"ေမာင္ ...မင္းကို ဘယ္ခ်ိန္က စစိတ္ဝင္စားမိလဲ
မသိေပမယ့္ ေမာင္သိတာ တစ္ခုက မင္း
ေမာင္ကလြဲၿပီး တျခားသူေတြနဲ႕ ရင္းရင္းႏွီးႏွီးေနေနတာကို မႀကိဳက္ဘူး။တျခားသူေတြနဲ႕ ယွဥ္ရင္ ေမာင့္ကိုပဲ ပိုအေလးေပးေစခ်င္ခဲ့တာ။အဲ့လို ခံစားခ်က္ေတြ စျဖစ္တဲ့ အခ်ိန္ဆို ေမာင္ အလယ္တန္းေလာက္ကတည္းက ထင္တယ္ ။
ၿပီးေတာ့ ေမာင္ ကိုယ့္ကိုကိုယ္ သတိထားမိလာတယ္။မင္း အေပၚ ခံစားခ်က္ေတြက မူမမွန္ေတာ့ဘူးဆိုတာ။အ့ေၾကာင့္ ကိုယ့္ကိုကိုယ္ ဆန္းစစ္တဲ့အေနနဲ႕ ေမာင္ မိန္းကေလးေတြနဲ႕ တြဲခဲ့တယ္။
ေမာင့္ရဲ႕ စိတ္က မေျပာင္းလဲခဲ့ပါဘူး။မင္းကို တျခားသူေတြနဲ႕ ျမင္တိုင္း ေဒါသထြက္ေနရတုန္းပဲ။ေနာက္ပိုင္း min Yoongi က မင္းကို
ကိုယ့္ေရွ႕မွာတင္ ခ်စ္ေရးဆိုတာေတြ႕တာ ကိုယ္ မေနနိုင္ေတာ့ဘူး။မင္းကို ကိုယ္ကလြဲၿပီး ဘယ္သူ႕အနားမွ မရွိေစခ်င္ေနတာ။ဒါပါပဲ အဲ့အခ်ိန္ေတြကတည္းက ခံစားခ်က္ေတြက မင္းအေပၚ ခ်စ္မိေနတာလို႔ ေျပာလာရင္ ေမာင္ ဝန္ခံပါတယ္။အဲ့ကတည္းက ေမာင္ မင္းအေပၚခ်စ္မိေနတာျဖစ္မယ္ "

"........."

ေမာင့္ရဲ႕ စကားသံအဆုံး jimin အသံပင္ထြက္မလာေသး။အရင္ခ်ိန္ေတြတုန္းက ေမာင့္ကို
သူ႕ဘက္ကပဲ ႀကိတ္ခ်စ္ေနရတယ္ ထင္ခဲ့ေပမယ့္
အခု ေျပာပုံအရဆို ေမာင္လည္း သူ႕ကို စိတ္ဝင္စားေနခဲ့တာမလား?ေမာင္ သူ႕ေရွ႕မွာ
မိန္းကေလးမ်ားနဲ႕ အထည္လဲတြဲသြားတာျမင္တိုင္း နာက်င္ခဲ့ရသည့္ အတိတ္က ေန႕ရက္မ်ားတြင္လည္း ေမာင္လည္း သူ႕နည္းတူ ခံစားခဲ့ရသည္လား?ေသခ်ာတာကေတာ့ သူတစ္ေယာက္ထဲ ခံစားခဲ့ရသည္ မဟုတ္ေပ။

"Jimin!"

ေမာင့္ေခၚသံ ၾကားသည္မို႔ အေတြးလြန္‌ေနရာမွ
ေမာင့္မ်က္ႏွာကို ၾကည့္လိုက္သည္။

"အရင္အခ်ိန္ေတြတုန္းက ေမာင့္လုပ္ရပ္ေတြက
မင္းကို နာက်င္ေစခဲ့ရင္ ေမာင္ ေတာင္းပန္ပါတယ္။မင္းကို ရည္႐ြယ္ၿပီး လုပ္ခဲ့ျခင္း တစ္ခုမွ မပါခဲ့ပါဘူး "

".........."

"ၿပီးေတာ့ အခုခ်ိန္မွာ ေမာင့္ရဲ႕ စိတ္ေရာ၊ကိုယ္ေရာ ႏွစ္ၿပီး ခ်စ္တာ မင္းတစ္ေယာက္ထဲဆိုတာကို ယုံေပးေစခ်င္တယ္။ေမာင္ မင္းကို
သိပ္ခ်စ္တာ..."

"အင္း ...ငါ ယုံတယ္ !"

"မင္းေရာ ..ေမာင့္ကို ဘယ္ခ်ိန္တုန္းက ခ်စ္ခဲ့တာလဲ?"

"လူမွန္းသိတတ္စ အ႐ြယ္ကတည္းက
ေမာင့္မ်က္ႏွာကိုပဲ ၾကည့္ၿပီး၊ေမာင့္ကိုပဲ
သံေယာဇဥ္ေတြ ပိုခဲ့မိတဲ့ ငါက
အခ်စ္ကို စခံစားမိတဲ့ အခ်ိန္မွာပဲ
ေမာင့္ကိုပဲ ရင္ခုန္ခဲ့သလို ၊ေမာင့္ကိုပဲ ပထမဆုံး
ခ်စ္ခဲ့မိျခင္းပါ"

Jungkookသိပါသည္။jimin သူ႕အေပၚထားတဲ့
အခ်စ္က ဘယ္အ႐ြယ္ကစလဲဆိုတာ
ရိပ္မိခဲ့ေပမယ့္ မျဖစ္သင့္ဘူးဆိုတဲ့ အေတြးနဲ႕
သူငယ္ခ်င္းေတြဆိုသည့္ စည္းေၾကာင့္
မသိခ်င္ေယာင္ေဆာင္ခဲ့ျခင္းပင္။ေနာက္ပိုင္း
Min Yoongi လက္ထဲ ပါသြားမည္ကို
စိုးထင့္ေသာစိတ္ေၾကာင့္ jiminကို ဖြင့္ေျပာခဲ့ျခင္းပင္။

"ေမာင္က ပထမဆုံးလား?"

Jungkook သိေသာ္လည္း ရင္ခြင္ထဲက
အေကာင္ေပါက္ေလးအား စခ်င္‌သည္ေၾကာင့္
တမင္ ထပ္ေမးလိုက္ျခင္းပင္။

"အင္းေလ။ေမာင္က ပထမဆုံးပဲ "

"ဟုတ္လို႔လား?ေမာင့္ထက္ အရင္က ရင္ခုန္ဖူးခဲ့တဲ့သူ မရွိဘူးေပါ့ "

မ်က္မႈန္ေလးကုပ္ကာ မေက်မခ်မ္းေလး
ၾကည့္လာသည္က အသည္းယားစရာ။

"ေမာင္ေနာ္!ေမာင့္ကိုပဲ စခ်စ္ခဲ့တာပါဆို
ဘာလို႔ ေလွ်ာက္ေမးေနတာလဲ?"

"အနမ္းေရာေပါ့?"

"အင္း!ေမာင့္ကိုပဲ ပထမဆုံး နမ္းဖူးတာ "

"ဒါဆို hoseokကို
ကမ္းေျခမွာတုန္းက နမ္းတာကေရာ "‌

Jimin ဆြံ႕အသြားသည္။သူေတာင္ သတိမရေတာ့သည့္ ကိစၥကို ေမာင္က ခုထိ မွတ္မိေနတုန္းပင္။

"အဲ့တာက ဂိမ္းေၾကာင့္ေလ။ၿပီးေတာ့ ပါးပဲ နမ္းတာေလ။ႏႈတ္ခမ္းကို နမ္းတာကေတာ့
ေမာင္က ပထမဆုံးျဖစ္ခဲ့တာပါ "

"အင္း မင္းႏွာေခါင္းလုံးလုံးေလးနဲ႕ နမ္းခဲ့တဲ့
ပါးက ကိုယ့္ပါး မဟုတ္တာေတာ့ ရင္နာတာေပါ့ "

"အခု ျပန္နမ္းေပးမယ္ေလ...႐ႊတ္"

ေမာင့္လက္ေမာင္းေပၚ အိပ္ေနရင္း
ေမာင့္ပါးျပင္တစ္ဖက္အား ေမာ့ကာနမ္းလိုက္ေတာ့ ေမာင့္မ်က္ႏွာသည္ ၿပဳံးရိပ္သန္းသြားသည္။

"ေနပါဦး...ေမာင့္ရဲ႕ ပထမဆုံး အနမ္းကလည္း
ငါမဟုတ္ခဲ့ဘူးေလ"

"ဟင္!"

Jiminရဲ႕ ျပန္ေခ်ပလာေသာ စကားေၾကာင့္
Jungkook ဘာျပန္ေျပာရမည္မသိ။
ကိုယ့္အတတ္၊ကိုယ္စူးတာ ဒါမ်ိဳး။

"ဟင္မေနနဲ႕။ေက်ာင္းတုန္းက ေကာင္မေလးေတြနဲ႕
နမ္းခဲ့တယ္ေလ။အဲ့က် ငါ မဟုတ္ေတာ့ဘူးေလ "

ႏႈတ္ခမ္းေလး စူထားရင္း မေက်မနပ္ေျပာလာသူေလးသည္ စိတ္ေကာက္ေတာ္မူသြားသည္မို႔
Jungkook ေခ်ာ့ရေတာ့မည္။

"အဲ့တုန္းက ေမာင္ စိတ္ပါလို႔ နမ္းခဲ့တာ
မဟုတ္ပါဘူး။ဒီတိုင္း..."

"ဘယ္တိုင္းလဲ?"

ကပ္သီးကပ္သပ္ေမးလာသူေလးသည္
ေျဖရွင္းခ်က္ မေပးလွ်င္ မရေတာ့သည္မို႔

"အဲ့တုန္းက သူတို႔ကလည္း ေတာင္းဆိုတာနဲ႕
ေမာင္ကလည္း မင္းအေပၚထားတဲ့
မရိုးမသားစိတ္ေတြမ်ား ေပ်ာက္သြားမလားလို႔
နမ္းၾကည့္ခဲ့တာ "

"ဪ!အဲ့လိုရေၾကးလား?
အ့ဆို ငါလည္း ခုခ်ိန္ တျခားေယာကၤ်ားေလးတစ္ေယာက္ကို နမ္းမယ္ဆိုရင္ေရာ"

"မရပါဘူး!ေမာင့္ စိတ္ကို လာမဆြနဲ႕ jimin "

"ဘာလို႔မရတာလဲ?ေမာင္ က်ေတာ့ ရၿပီး "

"အဲ့တာ အရင္တုန္းကေလကြာ။ေမာင္နဲ႕ မင္းနဲ႕
မဆိုင္ခင္၊မပိုင္ခင္ အခ်ိန္တုန္းကေလ။အခုက မင္းကို ေမာင္ပိုင္တယ္ေလ။အဲ့ေတာ့
ေမာင္ မႀကိဳက္တာေတြ မလုပ္ရဘူး "

"Jimin"

အသံတိတ္သြားသူေလးကို ေမးဖ်ားေလးမွ
ဆြဲေမာ့ကာ အၾကည့္ခ်င္းဆုံေစလိုက္သည္။

"မင္းနဲ႕ မသက္ဆိုင္ခင္ အခ်ိန္တုန္းက
မင္းကို နာက်င္ေစခဲ့တာလည္း ေမာင္က ေတာင္းပန္ပါတယ္။ၿပီးေတာ့ အနမ္းဆိုတာ
အေပၚယံ အထိအေတြ႕ သက္သက္ပဲေလ။
ေမာင့္ရဲ႕ အတြင္းအစိတ္အပိုင္းထဲက လာတဲ့
အခ်စ္ေတြနဲ႕ အေသြးအသားေတြကိုေတာ့
ေမာင္ခ်စ္တဲ့ မင္းကိုပဲ ပထမဆုံးေပးခဲ့တာ"

"အဲ့ကိစၥေတြ ထည့္မေျပာနဲ႕ေလ !"

ရွက္သြားသူေလးသည္ မ်က္ေတာင္ေလးေတြ
တဖ်ပ္ဖ်ပ္ခပ္ရင္း ပါးေလးေတြရဲကာ
အၾကည့္လႊဲသြားေတာ့သည္။

"ဘာေလးလဲကြာ!ေစာေစာစီးစီး ေမာင့္ကို
အူယားေအာင္ "

မ်က္ႏွာ ျပန္မေမာ့လာေသာ jiminအား
လက္ႏွစ္ဖက္ျဖင့္ ပိုတိုးဖက္ထားလိုက္သည္။

"မင္းနဲ႕ စပတ္သက္မိကတည္းက
တျခားသူေတြဆိုတာ ေမာင့္အေတြးထဲေတာင္
အဝင္မခံတာမို႔ မင္း ေမာင့္ကို ယုံၾကည္ပါ။ၿပီးေတာ့ ေမာင့္ကို ပိုတိုးခ်စ္ေပး။မင္းမရွိရင္ ေမာင္ မျဖစ္ဘူးထင္တယ္ "

"ငါေရာပဲ...."

"အင္း ..ေမာင့္ကို ဖက္ထား"

ခ်စ္ရသူကို ရင္ခြင္ထဲ ဖက္ထားရင္း
မ်က္လုံးမ်ား ေခတၱ ေမွးထားလိုက္သည္။
ဒီအခ်ိန္ေလးကို ရပ္တန႔္ထားခ်င္မိသည္။

"ေမာင္ "

"အင္း "

ရင္ခြင္ထဲက သူေလးအား
ငုံ႕ၾကည့္ကာ စကားျပန္လိုက္ေတာ့
မ်က္လုံးက်ဥ္းက်ဥ္းေလးမ်ားက
သူ႕ကို ၾကည့္ေနသည္။

"ငါ ....နမ္းခ်င္တယ္ "

"ဘယ္လိုမ်ိဳးနမ္းခ်င္လဲ ?"

"ဟင္!ဘာကို ?"

သူေျပာသည္ကို အူေၾကာင္ေၾကာင္ေလးနဲ႕
ျပန္ေမးလာသည့္ jiminကို ၾကည့္ကာ
Jungkookရီမိသည္။

"အဟင္း!နမ္းနည္းေတြက အမ်ိဳးမ်ိဳးရွိတယ္
ေမာင့္ အသည္းရဲ႕။ခုေတာ့ ႏႈတ္ခမ္းပဲ အရင္နမ္းၾကတာေပါ့။ေနာက္မွ နမ္းနည္းေတြကို
ေမာင့္အသည္းသိေအာင္ ေမာင္ ေျပာျပမယ္။
မဟုတ္ဘူး ။လက္ေတြ႕လုပ္ျပမယ္ "

"ဘယ္လို..အြန႔္ !"

ေခါင္းငုံ႕က်လာၿပီး jiminႏႈတ္ခမ္းဆီ ဖိကပ္လာေတာ့သည္။အေပၚႏႈတ္ခမ္းေလးကို စုပ္ယူလိုက္၊
ေအာက္ႏႈတ္ခမ္းေလးကို စုပ္ယူလိုက္ႏွင့္ ေမာင့္ႏႈတ္ခမ္းပါးမ်ားသည္ အလုပ္ရႈပ္ေနေတာ့သည္။
လွ်ာဖ်ားပါ ဝင္လာသည္မို႔ jimin ကိုယ္ေလး တြန႔္သြားမိသည္။အနမ္းသည္ ရွည္ၾကာဦးမည္။

အနမ္းေပးဖို႔ ေတာင္းဆိုခဲ့သူေလးသည္
ရပ္ေပးဖို႔ သူကိုယ္တိုင္ ျပန္ေတာင္းဆိုခဲ့ရသည္။

........................................................................

တီ တီ တီ

Practice room ထဲ ရွိေနခ်ိန္ ဖုန္းျမည္သံေၾကာင့္
စားပြဲေပၚက တင္ထားေသာ ဖုန္းအား
ေကာက္ကိုင္လိုက္သည္။ဖုန္းနံပါတ္ အစိမ္းမို႔
အစေတာ့ ေတြးေနမိေပမယ့္ ဘယ္သူလဲ သိရေအာင္ ဖုန္းကို လက္ခံလိုက္သည္။

"Hello "

"Jeon လားဟင္ ?"

Jungkook ဖုန္းကို နားနဲ႕ ခနခြာလိုက္ကာ
စဥ္းစားမိသည္။ဘယ္သူပါလိမ့္။

"ဟို Angelaပါ။မမွတ္မိဘူးလားဟင္ "

ေနာက္ဆက္တြဲ ၾကားရမွ
မည္သူဆိုတာ သိေတာ့သည္။jungkook တကယ္ပင္ Angelaအသံကို မမွတ္မိပါ။ဖုန္းနံပါတ္ေပးထားသည္ကိုေတာင္ ယခု ဖုန္းဆက္မွ သတိရေတာ့သည္။

"Sorry ဗ်!႐ုတ္တရက္ဆိုေတာ့ ဘယ္သူလဲ မသိလိုက္ဘူး "

"ေနပါေစ။အခု သိၿပီပဲဟာ "

"ဟုတ္ကဲ့။ကြၽန္ေတာ့္ဆီ ဖုန္းဆက္တာ
ကိစၥရွိလို႔လား ?"

"ဟို ေထြေထြထူးထူးေတာ့ မရွိပါဘူး။
ဒီတိုင္း jeon အသံေရာၾကားခ်င္လို႔ "

"ကြၽန္ေတာ့္အသံ ၾကားခ်င္တယ္ဆိုရင္ေတာ့
ကြၽန္ေတာ္ဆိုထားတဲ့ သီခ်င္းကို နားေထာင္တာ
ပိုေကာင္းမယ္ထင္တယ္။Angelaစိတ္ကို လန္းဆန္းေစမွာပါ "

"Jeonက Angelaနဲ႕ မေျပာခ်င္လို႔လား?"

"အဲ့လိုမဟုတ္ပါဘူး။ကြၽန္ေတာ္က ပိုထိေရာက္တဲ့ နည္းကို ျပေပးတာပါ။Angelaက စိတ္အတက္အက်မ်ားတယ္ဆိုလို႔ Angelaစိတ္ကို
relaxျဖစ္ေစမယ့္ သီခ်င္းေတြကို နားေထာင္ေပးရေအာင္လို႔ပါ "

"အင္းပါ ။Angelaေနာက္က် ‌နားေထာင္ လိုက္ပါ့မယ္ ။အခုေလ jeonကို အကူအညီ ေတာင္းစရာေလးရွိလို႔"

"ဘာမ်ားလဲ?"

"ဟို...Angelaက ခု Entertainment ကို
ေရာက္ေနတာပါ။အဲ့တာ အိမ္ကို ျပန္ခ်င္တာေလ။ပါးပါးကလည္း အလုပ္ရႈပ္ေနေတာ့ လိုက္ပို႔လို႔ အဆင္မေျပဘူး။Angelaကိုယ္တိုင္ ေမာင္းဖို႔ကလည္း မေန႕က ေရခ်ိဳးခန္းထဲ ေခ်ာ္လဲထားေတာ့ လက္ေကာက္ဝတ္နဲ႕ ေထာက္မိၿပီး နာေနေတာ့ ကားမေမာင္းနိုင္ေလာက္ဘူး။အဲ့တာ
Jeonမ်ား အဆင္ေျပရင္ လိုက္ပို႔ေပးပါလား?"

"အဲ့တာက အခု ကြၽန္ေတာ့္ရဲ႕ practice အခ်ိန္ျဖစ္ေနတယ္။ၿပီးေတာ့ entertainment က ခြင့္မျပဳဘဲ
ကြၽန္ေတာ္တို႔ ဒီအခ်ိန္ အျပင္ထြက္လို႔မရဘူး "

"Angela ပါးပါးကို ေျပာေပးမယ္ေလ "

"ဟို ..."

"ခနေနာ္။ပါးပါးကို ေျပာလိုက္မယ္ "

ဖုန္းခ်သြားသူသည္ အလ်င္အျမန္ပင္။
Jungkook သက္ျပင္းခ်မိလိုက္သည္။

မၾကာ သူ႕ဆီ ဖုန္းဝင္လာသည္က အန္ကယ္လီမင္ဂ်ယ္ဆီကပင္။

"Hello အန္ကယ္ "

"ေအးကြာ။ဒီမွာ အန္ကယ့္ သမီးက အိမ္ ျပန္ခ်င္ေနတယ္။အန္ကယ္ကလည္း အလုပ္နဲ႕ဆိုေတာ့ မျဖစ္ဘူး။တျခားသူနဲ႕က်ေတာ့လည္း သူက
ကားတူတူ မစီးခ်င္ဘူးတဲ့ကြာ။အဲ့ေတာ့ သမီးနဲ႕
ရင္းႏွီးတဲ့ jungkookက ကူညီေပးပါလား ?"

"......."

"Jungkook အဆင္မေျပလို႔လား?
အ့ဆိုလည္း အန္ကယ္ တျခားတစ္ေယာက္ကို
လိုက္ပို႔ခိုင္းလိုက္ပါ့မယ္ "

အစပိုင္း စဥ္းစားေနမိေသာ္လည္း
အန္ကယ္က ေတာင္းဆိုတာေၾကာင့္ေရာ
Fan တစ္ေယာက္အေနနဲ႕ေရာမို႔ Jungkook လက္ခံလိုက္သည္။

"ကြၽန္ေတာ္ အဆင္ေျပပါတယ္။လိုက္ပို႔လိုကိပါ့မယ္ "

"ေက်းဇူးပါကြာ!အန္ကယ့္သမီးက နည္းနည္းေတာ့ ဆိုးတယ္။မင္းကပဲ သည္းခံေပးပါဦး "

"ဟုတ္ကဲ့။ဒါဆို ကြၽန္ေတာ္ ကားပါကင္က ေစာင့္လိုက္ပါ့မယ္ "

အန္ကယ္နဲ႕ ေျပာၿပီးသည္ႏွင့္
Member မ်ားအား ႏႈတ္ဆက္ကာ ေအာက္ထပ္က ကားပါကင္ကိုသာ ထြက္ခဲ့လိုက္သည္။

"Jeon !"

သူ႕နာမည္အား ေခၚကာ အနားသို႔
လွမ္းလာေသာ Angelaသည္ သြက္လက္ေသာ
မိန္းကေလးျဖစ္သည္။သူမရဲ႕ မ်က္ႏွာလွလွေလးနဲ႕ ေနဗီျပာေရာင္ ဆံႏြယ္ေတြက လူအမ်ားကို
ဆြဲေဆာင္ေနတဲ့ အဓိကအခ်က္ပင္။jungkookအတြက္ကေတာ့ ထိုအလွတရားကို
ရင္ခုန္ျခင္းမရွိပါ။

"ေစာင့္ရတာ ၾကာသြားလားဟင္?"

"မၾကာေသးပါဘူး "

"ဟုတ္ အ့ဆို သြားၾကမလား ?"

"အင္း "

Angela ဆီက ကားေသာ့ယူကာ
Jungkook ေမာင္းသူ ေနရာတြင္ ဝင္ထိုင္လိုက္သည္။မၾကာ သူ႕ေဘးက ခုံတြင္ လာထိုင္ေသာ
Angelaကို တစ္ခ်က္ ၾကည့္ၿပီးေနာက္ စက္ဖြင့္ကာ Entertainment မွ ေမာင္းထြက္ခဲ့ေတာ့သည္။

"လိပ္စာေလး ေျပာပါဦး "

"အာ Angela  location ခ်ိတ္ေပးထားမယ္ "

ဖုန္းကို ဖြင့္ကာ ကား dash board ေပၚက
ေနရာေလးတြင္ location ျပထားလိုက္သည္။သူမအေနနဲ႕ jungkookနဲ႕  ၿမိဳ႕အႏွံ႕ေလွ်ာက္လည္ခ်င္ေပမယ့္ ခုမွ စရင္းႏွီးခါစ အေျခအေနမို႔
သူမ ထိုမွ်ေလာက္ထိ မရဲတင္းေသးေပ။
ခုလိုေလ အိမ္ျပန္လိုက္ပို႔ေပးတာနဲ႕တင္
ဒီေန႕အဖို႔ ေက်နပ္လိုက္ေတာ့မည္။

ေရွ႕ကိုပဲ တည့္တည့္ရႈ႕ကာ အာ႐ုံစိုက္ၿပီး
ေမာင္းေနေသာ jeonသည္ သူမ ဘက္ကို
တစ္ခ်က္မွ် လွည့္ၾကည့္မလာပါ။ဒါ သူမကို
ေခ်ေနတာမလား ?ဘယ္လိုလုပ္မလဲ?
Angela၏ အက်င့္သည္လည္း အလြယ္တကူမရတဲ့ အရာမ်ိဳးကိုဆို ပိုသေဘာက်တတ္သည္။ယခုလို ေကာင္းျခင္းအျဖာျဖာနဲ႕ ျပည့္စုံေနေသာ
Jeon Jungkook လို ေယာကၤ်ားမ်ိဳးဆို
ပိုမက္ေမာသည္။

ကားစတီယာတိုင္ကို လက္တစ္ဖက္ႏွင့္ထိန္းကာ
ေမာင္းေနသည့္ ပုံစံသည္ ၾကည့္ေကာင္းလွသည္။
ထိန္းကိုင္ထားသည့္ လက္မွာလည္း အသားျဖဴလြန္းသည္ေၾကာင့္ ေသြးေၾကာစိမ္းေလးမ်ားပင္ျမင္ေနရၿပီး အေၾကာမ်ားက ေယာကၤ်ားဆန္စြာ
အေရျပားေပၚတြင္ သိသိသာသာ ႂကြတက္ေနေတာ့သည္။

ေဘးတိုက္ကေန ျမင္ေနရသည့္
မ်က္ႏွာသည္ တစ္မ်ိဳးဆြဲေဆာင္မႈရွိေနျပန္သည္။
ထင္ရွားတဲ့ jaw lineက jeon မ်က္ႏွာရဲ႕
ဆြဲေဆာင္မႈတစ္ခုဟုလည္း ေျပာလို႔ရသည္။
သူမ ထိုေမးရိုးေလးကို နမ္းၾကည့္ခ်င္သည္။
နိုင္ငံျခားမွာ ဘဲတစ္ေပြနဲ႕ အီခဲ့ေသာ္လည္း
သူမ စိတ္ထဲ ဝင္ေရာက္နိုင္တဲ့သူ မရွိခဲ့။သူမကို
လာခ်ဥ္းကပ္သည့္ သူမ်ားကလည္း
ေတာ္႐ုံတန္႐ုံထဲက မဟုတ္။အေကာင္ခပ္ႀကီးႀကီးမ်ားျဖစ္သည္။သို႔ေသာ္ jeonနဲ႕ ေတြ႕မွ ေျပာင္းလဲ
သြားသည့္ စိတ္သည္ တကယ္ပင္ အံ့ဩဖို႔ ေကာင္းသည္။စစေတြ႕ခ်င္းမွာပဲ မ်က္လုံးထဲ
စြဲေနေအာင္ ျပဳစားနိုင္ခဲ့သည္။ခုေတာ့ ရင္ဘတ္ထဲထိ ေရာက္ရွိေနၿပီျဖစ္သည္။သူမဘဝတြင္
ပထမဆုံး ေယာကၤ်ားတစ္ေယာက္ကို
မက္ေမာမိျခင္းမို႔ ပိုင္ဆိုင္ရဖို႔ ဘာမဆို လုပ္မိမည္ထင္သည္။

"ေရာက္ၿပီ "

သူမေငးၾကည့္ေနမိသည္မွာ
Jungkook အသံၾကားမွ အိမ္ေရာက္မွန္းသိေတာ့သည္။ကားေပၚကေန jungkook အရင္ဆင္းသြားသည္မို႔ သူမလည္း လိုက္ဆင္းရေတာ့သည္။

"ေက်းဇူးပါ jeon "

"ရပါတယ္ ။ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး "

"Driver ကို လိုက္ပို႔ခိုင္းပါ့မယ္"

"ေနပါ။ကြၽန္ေတာ္ taxiပဲ ငွားလိုက္ပါ့မယ္ "

သူမနဲ႕ Jungkook စကားေျပာေနတုန္း
‌ေရာက္ခ်လာေသာ ကားတစ္စီးသည္
သူမတို႔ၿခံေရွ႕မွာပဲ ျဖစ္သည္။

ဘယ္သူ၊ဘယ္ဝါၾကည့္‌ ေနတုန္းမွာပဲ               ကားေပၚက ဆင္းလာသူေၾကာင့္ Angelaမ်က္ႏွာ
ပ်က္သြားကာ ေဒါသတို႔ထြက္လာရျပန္သည္။

"Angela!"

သူမနာမည္အား ေခၚကာ အနားေရာက္ခ်လာေသာ Liam ၏ မ်က္လုံးမ်ားသည္
ေဘးနားက jungkookကို မသိမသာ အကဲခတ္ၾကည့္ေနသည္။

"သူက ဘယ္သူလဲ?"

Jungkookကို ရည္ၫႊန္းကာ ေမးလာသည္ေၾကာင့္

"ရွင္နဲ႕ ဘာဆိုင္လဲ?"

"ဘာလဲ?မင္းရဲ႕ ဇယားအသစ္လား?
ဒီေကာင့္အတြက္နဲ႕ ငါ့ကို ေခြးလို၊ႏြားလို
ပစ္ခ်ခဲ့တာေပါ့ေလ!"

"Liam!!မဟုတ္တာေတြ ေလွ်ာက္မေျပာနဲ႕ "

Angela စိတ္ကို အတတ္နိုင္ဆုံးထိန္းေနရသည္။
သူ႕စိတ္အတိုင္းဆို အစြန္းကုန္ေပါက္ကြဲပစ္လိုက္ခ်င္ေပမယ့္ jungkookေရွ႕မို႔ ဆင္ျခင္ေနရသည္။
Jungkook သူမကို အထင္ေသးသြားမည္ကို
အရမ္းေၾကာက္သည္။

"ဒီမွာခင္ဗ်။ကြၽန္ေတာ္နဲ႕ Angela ကို
အထင္လြဲေနၿပီထင္တယ္။ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဘာမွ မပတ္သက္ပါဘူး "

"........."

"ၿပီးေတာ့ ႏွစ္ေယာက္ျဖစ္တဲ့ ကိစၥကို ေအးေဆးရွင္းၾကပါ။ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး "

"Jeon !"

ထြက္ခြာသြားေသာ jungkookေက်ာျပင္ကို
ၾကည့္ကာ Angela ႏွေျမာတသျဖစ္ရင္း
ေဒါသထြက္ကာ Liamအား ပုံခ်မိေတာ့သည္။

ျဖန္းးးး

"ဘာကိစၥလဲ?ဟမ္!ဘာလို႔ လာလာၿပီး
ရႈပ္ေနရတာလဲ!!"

"ေက်နပ္လား?ထပ္ရိုက္ခ်င္ေသးလား?
ရိုက္လိုက္ Angela"

Angelaလက္ႏွစ္ဖက္ကို ဆုပ္ကိုင္ရင္း
သူ႕ရဲ႕ ပါးကို ထပ္ရိုက္ေစခိုင္းေသာ္လည္း
သူ႕လက္ထဲဆုပ္ကိုင္ထားေသာ လက္ႏွစ္ဖက္ကိုသာ အတင္း႐ုန္းေတာ့သည္။

"ဖယ္!မထိနဲ႕!!"

"မင္း ဘာလို႔ အဲ့ေလာက္ေတာင္ ရက္စက္ရတာလဲ
Angela?ငါက ဘယ္ေနရာေတြမ်ား ခ်ိဳ႕ယြင္းေနလို႔လဲ?"

"ရွင္ကျပည့္စုံပါတယ္။ကြၽန္မကိုက ရွင့္ကို မခ်စ္နိုင္တာ "

"ဘာလို႔လဲ?နိုင္ငံျခားမွာတုန္းက အတူတူေပ်ာ္ခဲ့ဖူးတဲ့ အခ်ိန္ေတြက ကိုယ့္ကို ခ်စ္လို႔မဟုတ္ဘူးလား?"

"မဟုတ္ဘူး။ဟုတ္ခဲ့လည္း အခုခ်ိန္မွာ ရွင့္ကို
ကြၽန္မ အလိုမရွိဘူး "

"ဘာလဲ?ခနက ေကာင္ေၾကာင့္လား?"

"မဆိုင္တဲ့လူကို ဆြဲမထည့္နဲ႕!"

"ငါခ်စ္တဲ့ မင္းနဲ႕ သက္ဆိုင္ေနေတာ့
ငါနဲ႕လည္း ဆိုင္သြားၿပီေလ "

"ရွင္!!"

"မေမ့နဲ႕ Angela!ကိုယ္ ဒီနိုင္ငံထိ လိုက္လာတာ
မင္းကိုပါ အပါေခၚဖို႔ဆိုတာ "

"႐ူးေနလိုက္ အဲ့မွာ!!"

Liam ကိုယ္ကို တြန္းဖယ္ကာ
ၿခံတံခါးဖြင့္ရင္း အိမ္ထဲသို႔ ဝင္ခဲ့ေတာ့သည္။
စိတ္ထဲလည္း တႏုံ႕ႏုံ႕ႏွင့္ပင္။

Liamသည္ သူမလိုမ်ိဳး ကိုရီးယားလူမ်ိဳးစစ္ျဖစ္ေပမယ့္ မိဘမ်ားနဲ႕အတူ နိုင္ငံျခားတြင္ အေျခခ်ေနထိုင္သူျဖစ္သည္။အသိုင္းအဝိုင္းေကာင္း၊ေဆြႀကီးမ်ိဳးႀကီးထဲက ျဖစ္ၿပီး လုပ္ငန္းစုေတာ္ေတာ္မ်ားမ်ားလည္း ပိုင္ဆိုင္ထားသည္။
Liamသည္ မ်က္ႏွာသြယ္သြယ္၊ေမးရိုးထင္းထင္းနဲ႕ ႏွာတံခပ္ျမင့္ျမင့္နဲ႕ျဖစ္သည္။ထူထဲေသာ
မ်က္ခုံးမ်ားက သူ႕ရဲ႕ ျဖဴေဖြးေသာ အသားအေရေၾကာင့္ ပိုထင္ေပၚေနသည္။မ်က္လုံးအိမ္သြယ္သြယ္ေလးနဲ႕ ႏႈတ္ခမ္းမထူမပါးေလးရွိသည္။အကုန္ၿခဳံၾကည့္လိုက္ရင္ေတာ့ Liamသည္
ေခ်ာေမာလြန္းေသာ ေယာကၤ်ားထဲတြင္ပါသည္။
ပညာအရည္အခ်င္းမွာလည္း ျပည့္စုံထားျခင္းျဖစ္ၿပီး သူ႕မိဘမ်ားရဲ႕ လုပ္ငန္းစုတစ္ခ်ိဳ႕ကိုပါ
ဦးစီးေနျခင္းျဖစ္သည္။

အလုပ္နဲ႕ တာဝန္ဝတၱရားေတြနဲ႕သာ လည္ပတ္ေနတဲ့ သူ႕ဘဝထဲ Angela ဆိုသည့္ အမ်ိဳးသမီးဝင္ေရာက္လာခ်ိန္တြင္ေတာ့ ေျပာင္းလဲကုန္သည္။
သူမကေတာ့ အီစီကလီအေနနဲ႕သာ ပတ္သက္ခဲ့ေပမယ့္ တကယ္ခ်စ္မိသြားတဲ့ Liamသည္
သူမမ်က္ႏွာကိုသာ ကိုးကြယ္ခဲ့သည္။သူမ ဆႏၵမ်ားကို အကုန္ျဖည့္စည္းေပးသည္။သူမအနားမွာ
အခ်ိန္ၾကာၾကာ ေနနိုင္ဖို႔ အစြမ္းကုန္ ျဖည့္စည္းရင္း ႀကိဳးစားခဲ့သည္။သို႔ေသာ္ ႐ုတ္တရက္ သူမ
ကိုရီးယားကို ျပန္သြားတယ္ဆိုတဲ့ သတင္းၾကားၾကားခ်င္း အ႐ူးလို အထုတ္ဆြဲ လိုက္ခဲ့မိသည္။
ဇာတိေျမ ျဖစ္ေသာ္လည္း နိုင္ငံျခားမွာပဲ
အေနမ်ားခဲ့သည့္ Liam အတြက္ အနည္းနဲ႕အမ်ားေတာ့ ခက္ခဲခဲ့သည္။Angelaရွိသည့္ လိပ္စာေတြကို သူ႕နည္းသူ႕ဟန္ႏွင့္ စုံစမ္းခဲ့ရသည္။သိသည့္အခါ အ႐ူးလို ေပ်ာ္ၿပီး လိုက္သြားခဲ့မိေပမယ့္
သူမကေတာ့ သူ႕အား ပါးျပင္ကို ခပ္ျပင္းျပင္းရိုက္ျခင္းျဖင့္ ႀကိဳဆိုခဲ့သည္။ရင္ဘတ္ထဲက နာသည္။
သို႔ေသာ္ ခ်စ္ေနသည့္အတြက္ သူမကို မစြန႔္လႊတ္နိုင္ပါ။တစ္ခ်ိဳ႕ အေၾကာင္းအရင္းေလးေတြလည္း ရွိေနေသးသည္မို႔ သူမကို သူပိုင္ဆိုင္ရမွ ျဖစ္မည္။

............................................................................

"Jimin VVIP room no.3ကို ဒါေလးသြားပို႔ေပးပါဦး "

"ဟုတ္ကဲ့ "

Customer မွာထားေသာ drinkနဲ႕ စားစရာအခ်ိဳ႕ကို ဗန္းေလးနဲ႕ သယ္ကာပို႔ရမည့္အခန္းကို လာလိုက္သည္။

တစ္လ။ဒီတစ္လၿပီးရင္ အန္ကယ္လီမင္ဂ်ယ္ကို
သြင္းရမည့္ ေငြက ျပည့္ၿပီမို႔ သူ clubတြင္ လုပ္စရာမလိုေတာ့ေပ။ေကာ္ဖီဆိုင္က လစာထက္
Clubတြင္ အခ်ိန္ပိုင္းလုပ္သည့္ လစာသည္ ပိုမ်ားေသာေၾကာင့္ အန္ကယ္လီမင္ဂ်ယ္ အေပၚတင္ေနေသာ ေငြမ်ားျမန္ျမန္ဆပ္နိုင္ဖို႔အတြက္ ဒီအလုပ္ကို လုပ္ခဲ့ျခင္းပင္။ဒီအလုပ္ကို ဆက္လုပ္၍ ရေသာ္လည္း ေမာင္က ခြင့္ျပဳမယ္မထင္ေသာေၾကာင့္ သူ ဒီတစ္လၿပီးရင္ေတာ့ နားဖို႔ ဆုံးျဖတ္ထားသည္ ။ေကာ္ဖီဆိုင္ေလးကိုေတာ့
ဆက္လုပ္မည္ျဖစ္သည္။

ေဒါက္ ေဒါက္

ပို႔ရမည့္ အခန္း‌ေရွ႕ေရာက္သည္ႏွင့္
တံခါးေခါက္ကာ အသိေပးလိုက္သည္။

"ဝင္ခဲ့ပါ "

Customer ၏ ေျဖသံၾကားမွ တံခါးဖြင့္ကာ
ဝင္သြားလိုက္သည္။မီးေရာင္သည္ သိပ္မလင္းမထင္းမို႔ customer ၏ မ်က္ႏွာကိုေတာ့ ေကာင္းေကာင္းျမင္ရေသးသည္။စားပြဲေပၚကို
Drinkနဲ႕ စားစရာမ်ား ခ်ၿပီးေနာက္
Customer ၏ မ်က္ႏွာအား jimin ေမာ့ၾကည့္လိုက္စဥ္

"Li....Liam shi"

"အာ ....jimin  တူပါတယ္မွတ္လို႔ ေသခ်ာၾကည့္ေနတာ။ဟုတ္ေနတာပဲ။ဒီမွာ အလုပ္ဆင္းေနတာလား?"

"ဟုတ္ကဲ့ ။part time jobပါ "

"ဪ..အဆင္ေျပရင္ ကြၽန္ေတာ္နဲ႕ ထိုင္ေပးလို႔ရမလား?ဟိုတစ္ခါ jimin ကြၽန္ေတာ့္ကို ကူညီထားေတာ့ ေက်းဇူးဆပ္တဲ့အေနနဲ႕ပါ ။ကြၽန္ေတာ္တိုက္ပါ့မယ္ "

"ဟို....အားနာေပမယ့္ ကြၽန္ေတာ္ မေသာက္တတ္ဘူးဗ်"

"အ့ဆိုလည္း juiceတစ္ခုခုျဖစ္ျဖစ္ မွာလိုက္ပါ။
ကြၽန္ေတာ္တို႔ မိတ္ျဖစ္၊ေဆြျဖစ္ေပါ့ "

ဆက္ျငင္းရမည္ကိုလည္း အားနာသည္မို႔
သူ ေသာက္လို႔ရသည့္ lemon juice ကိုသာ
မွာလိုက္သည္။

Customer နဲ႕ ထိုင္မည့္ အေၾကာင္းကိုလည္း
မန္ေနဂ်ာ ျဖစ္သည့္ eunwoo ကို အသိေပးထားၿပီျဖစ္သည္။

"Liamက ဒီနိုင္ငံကို အလည္လာတာလား?"

Liamနဲ႕ မ်က္ႏွာခ်င္းဆိုင္က ဆိုဖာခုံတြင္
ထိုင္ရင္း စကားစမည္ေျပာၾကသည္။

"မဟုတ္ပါဘူး။ကြၽန္ေတာ့္ခ်စ္သူကို
ျပန္လာေခၚတာ "

"ခ်စ္သူ?"

Jimin သံေယာင္လိုက္ကာ ေမးေတာ့
Liamက ေခါင္းၿငိမ့္ျပသည္။

"အာ ...သိၿပီ။ဟို CUB entertainment တုန္းက
Liamနဲ႕ စကားေျပာတဲ့ တစ္ေယာက္လား?ေနဗီျပာေရာင္ ဆံႏြယ္ေတြနဲ႕ေလ "

"အင္း ..ဟုတ္တယ္ "

"Liam ခ်စ္သူက မိန္းမလွေလးပါ "

"ဟုတ္တယ္။သူမက လွတယ္
ဒါေပမယ့္ သူမရဲ႕ အခ်စ္က ရက္စက္တယ္ "

"ဟင္!"

Jimin နားမလည္သလို တုံ႕ျပန္မိေတာ့
Liamက drinkတစ္ခုကို ေသာက္ၿပီး
စကားဆက္ဆိုသည္။

"ကြၽန္ေတာ္နဲ႕ သူမရဲ႕ ဇာတ္လမ္းက
ကြၽန္ေတာ့္ဘက္ကသာ ခ်စ္သူအဆင့္ထိ သတ္မွတ္ခဲ့တာ။ဘဝလက္တြဲေဖာ္အထိ ရည္႐ြယ္ခဲ့တာ။သူမအတြက္ ကြၽန္ေတာ္က ခန အပ်င္းေျပ
ကစားခဲ့႐ုံပဲ "

"ဘယ္လိုမ်ား..."

Jimin အံ့ဩမိပါသည္။ေယာကၤ်ားေလးတစ္ေယာက္ ေပြရႈပ္သည္ဆိုတာ နာမည္ပ်က္႐ုံအျပင္
ဘာမွ နစ္နာမႈႀကီးႀကီးမားမားမရွိေပမယ့္
မိန္းကေလးျဖစ္တဲ့ဘက္ကေတာ့ နစ္နာမႈရွိသည္မလား?ေပြတယ္၊ရႈပ္တယ္ဆိုတဲ့ နာမည္ပ်က္အျပင္
ေနာင္တစ္ခ်ိန္ ကိုယ့္ဘဝလက္တြဲေဖာ္ရဲ႕
အထင္အျမင္ေသးျခင္းကိုလည္း ခံရမည္မလား?
သူဘာႀကီးပဲျဖစ္ေနေန ခ်စ္မွာပဲ ဆိုတဲ့
ေယာကၤ်ားမ်ားရွိသလို၊ထိုသို႔ ေနာက္ေၾကာင္းေတြ
သိသြားခဲ့ရင္လည္း အိမ္ေထာင္ေရးမွာ
အဖုအထစ္ေတြ ရွိသြားနိုင္သည္မလား?

"သူမက လွလွေလးနဲ႕ ရက္စက္တတ္တာေလ ။
ကြၽန္ေတာ္ကေတာ့ သူရက္စက္လည္း
မမုန္းနိုင္ခဲ့ဘူး။အဆုံးထိ ဆြဲထားဦးမွာ "

"တစ္ေန႕ Liam အခ်စ္ေတြကို သူနားလည္လာမွာပါ "

Liamသည္ ဖြဖြေလး ၿပဳံးသည္။သူခ်စ္တဲ့သူအေၾကာင္း ေျပာျပေနရင္း မ်က္ရည္မ်ား ဝဲေနသည့္ Liam မ်က္ဝန္းမ်ားသည္ သနားစရာအလြန္ေကာင္းသည္။ဘယ္ေလာက္ခံစားေနရမလဲ?

"ကြၽန္ေတာ့္ေၾကာင့္ jiminပါ စိတ္ညစ္ရၿပီ "

"မဟုတ္တာ။ကြၽန္ေတာ္ အဆင္ေျပပါတယ္
Liam ရင္ဖြင့္ခ်င္တဲ့ခ်ိန္တိုင္း ကြၽန္ေတာ္ရွိေနေပးပါ့မယ္ "

"ေက်းဇူးပါ။jimin အလုပ္ခ်ိန္ ပ်က္ေနပါလိမ့္မယ္။လုပ္စရာရွိတာ သြားလုပ္ပါ "

"ဟုတ္ကဲ့။အ့ဆို ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး
ေနာက္မွ ထပ္ေတြ႕ပါမယ္"

"ဟုတ္ၿပီဗ် "

ထြက္ခြာ သြားေသာ ေက်ာျပင္ေလးအား
ၾကည့္ကာ Liamရင္ထဲ ေအးျမမႈကို ခံစားရသည္။
သူခံစားေနရတာေတြကို ဖြင့္ဟပစ္လိုက္ရေတာ့
ေပါ့ပါးသြားသလိုပင္။သူ႕ရဲ႕ စိတ္ကို ေအးခ်မ္းေအာင္ လုပ္ေပးသည့္ jiminကိုလည္း ေက်းဇူးတင္မိပါသည္။ခုမွ ေတြ႕ဆုံျခင္းက ႏွစ္ခါပင္ရွိေသးေသာ္လည္း jimin ကို သူ ခင္တြယ္မိပါသည္။jiminလို အကိုမ်ိဳးရွိရင္ သိပ္ေကာင္းမည္ဟုလည္း ေတြးမိသည္။

Jimin အေၾကာင္းေတြးေနရင္းမွ
သူမ အေၾကာင္း ေတြးမိေတာ့ ရင္ဘတ္ထဲက နာရျပန္သည္။သူ သူမအေပၚ ဘယ္ေလာက္ ခ်စ္ေပးခဲ့လဲ?ဘယ္ေလာက္ ေအာက္က်ခံေပးခဲ့သလဲ?
သူမ မ်က္ႏွာကိုပဲ ၾကည့္ၿပီး သေဘာမတူတဲ့
မိဘေတြကိုေတာင္ ျပန္အာခံ ေျပာေပးခဲ့ရဖူးသည္။သူငယ္ခ်င္းေတြ ဝိုင္းတားသည့္ၾကားမွ
Angelaဆိုသည့္ သူမက အဆိပ္တစ္ခုျဖစ္တာကို
သိခဲ့တာေတာင္ သူ ဆက္ေသာက္ခဲ့သည္က ခ်စ္လို႔ပင္။

မင္းရက္စက္နိုင္ေပမယ့္ ကိုယ္ မရက္စက္နိုင္ဘူး
Angela ရယ္။

......................................................................

TBC

Love you all my readers 💜🤟😚

Mentေလးေတြ မန႔္ေပးၾကပါ။ေရးရတာ အားရွိေအာင္<33


Continue Reading

You'll Also Like

815K 32.7K 38
On that fateful Halloween night, Lily and James survived while Voldemort apparently 'marked' Harry Potter as his equal. Aria Potter, twin sister of...
82.2K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...
124K 7.4K 91
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
152K 11K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...