ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လ...

By White_Daisy85

129K 8.3K 434

Myanmar Boyslove Own Creation Village Unicode & Zawgyi More

အပိုင်း[၁]
အပိုင်း[၂]
အပိုင်း[၃]
အပိုင်း[၄]
အပိုင်း[၅]
အပိုင်း[၆]
အပိုင်း[၇]
အပိုင်း [၈]
အပိုင်း [၉]
အပိုင်း [၁၀]
အပိုင်း [၁၁]
အပိုင်း [၁၂]
အပိုင်း [၁၃]
အပိုင်း [၁၄]
အပိုင်း [၁၅]
အပိုင်း [၁၆]
အပိုင်း [၁၇]
အပိုင်း [၁၈]
အပိုင်း [၁၉]
အပိုင်း [၂၀]
အပိုင်း [၂၁]
အပိုင်း [၂၂]
အပိုင်း [၂၃]
အပိုင်း [၂၄]
အပိုင်း [၂၅]
အပိုင်း [၂၆]
အပိုင်း [၂၇]
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Hello!
Extra 1
Extra 3
Extra (4)
Extra 5
Extra 6
Extra 7

Extra 2

2.5K 174 3
By White_Daisy85

''ကိုကို့လက်ဖယ်...တူနဲ့မတော်တဆထုမိမှာစိုးလို့"

အဝေးမှတိုင်အားထိန်းထားသောရှင်းမြတ်ထံ
စိုးရိမ်စကားဆိုပြီးအနီးနားမှာထိန်းပေးထားသော
သူ့အားအဖက်မလုပ်သောမတော်ရသေးတဲ့
ရွှေယောက်ဖကြီးကို ရောင်နီအမြင်မကြည်ချင်တော့။
ဆိုပေမဲ့လည်း ကိုယ်ဟာပျော်ရွှင့်ဆီက
အ​ဖြေမရသေးတာမို့ ကျိတ်မှိတ်သည်းခံပြီးတော့သာ
ဒီနှစ်ယောက်သူ့ရှေ့လာရိုပြနေတာကို ကြည့်နေရသည်။

အလှူရက်နီးပြီမို့ တစ်ရွာလုံးစုရုံးကာ
ဝိုင်းကူလုပ်နေကြခြင်းသာ။အချို့သော
ယောက်ျားသားအများစုက ကျယ်ဝန်းသည့်
ကျောင်းဝင်းဘောလုံးကွင်းထဲ ဇာတ်သဘင်ခင်းကျင်းပြသမည့် မဏ္ဍပ်ကျယ်ကြီး
သွားဆောက်ကြသည်။
ချမ်းမြေ့တို့သုံးယောက်အပါအဝင် ယောက်ျားသား အနည်းအကျဥ်းသာ
အလှူအိမ်မှာမဏ္ဍပ်ဆောက်ရန် ကျန်နေရစ်သည်။

''ဆရာလေးတို့ ခဏလာနားကြပါအုံးလား"

အသက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က
ရှင်းမြတ်တို့ကိုလှမ်းခေါ်လာသည်။
မနက်ကတည်းကစုပေါင်းလုပ်နေကြပေမဲ့
နေမွန်းတည့်ချိန်အထိ မပြီးမြောက်နိုင်ကြသေး။
အလှူအိမ်အောက်မှစားပွဲခုံထံလှမ်းကြည့်တော့
ရှင်းမြတ်ရဲ့မိဘနှစ်ယောက်လုံးရှိနေ၏။
ဦးဒီပါက သားဖြစ်သူကိုပြုံးပြလာပေမဲ့ ဒေါ်မြတ်ဌေးကတော့
ယခုအချိန်ထိခပ်တန်းတန်းသာ။
လင်းထက်ကတော့ ခုနကဟင်းချက်တဲ့နေရာမှာကူနေတာ
ရှင်းမြတ်လှမ်းမြင်သည်။

''ကိုကို ရေသောက်လိုက်အုံး"

ဘယ်အချိန်ကရေသွားခပ်လိုက်မှန်းရှင်းမြတ်မသိလိုက်။
မျက်နှာရှေ့ရေခွက်ပြရင်း ကမ်းနေသောချမ်းမြေ့ကို
မြင်မှသာ သွားဖြဲပြရင်းရေခွက်ကိုလှမ်းယူလိုက်သည်။
ခုလေးတင်မှ တွင်းထဲကခပ်ခဲ့သည့်ဟန်
ရေအေးအေးက ရှင်းမြတ်ရင်ကိုပါအေးမြစေသည်။

''ငါ့အတွက်ရော"

နဖူးမှချွေးစေးတွေကိုသုတ်ရင်း ရောင်နီအနားလာရပ်ရင်းမေးလိုက်တော့

''ကိုယ့်ဘာသာခပ်သောက်ပါလား ကိုရောင်နီ"

''အမ်"

ချမ်းမြေ့ရဲ့ပုံစံကိုကြည့်ကာ ရှင်းမြတ်ကရယ်မောပေမဲ့
ရောင်နီ့မှာတော့မရယ်နိုင်။

သူက ဒီလိုခွဲခြားခံရမှဖြစ်မှာလား~~

..............................

''မမပျော်ရွှင်...အသွယ့်ကိုတစ်ခုလောက်ကူညီပါအုံး"

အနားရောက်လာကာဆိုလာတဲ့ အလှူရှင်သမီး
ဆုမြတ်သွယ်ကြောင့်လက်ထဲမှငါးခြောက်ကိုချကာ
ပျော်ရွှင်စောင်းငဲ့ကြည့်မိသည်။
အသွယ့်နံဘေးမှာလည်း မနေ့ကကားလမ်းထိသွားကြိုရတဲ့
သူငယ်ချင်းမလေးပါရပ်နေ၏။
ဆံနွယ်တွေကိုရိုးရိုးရှင်းရှင်းသာထုံးဖွဲ့ထားပြီး
သနပ်ခါးခပ်ပါးပါးသာလိမ်းခြယ်ထားသည့်ပျော်ရွှင်က
ယဥ်ယဥ်လေးလှနေ၏။ထို့ကြောင့်လည်း
ကိုရောင်နီ့မှာ ဆေးစွဲသလိုစွဲနေတာပေါ့။

''ဘာလဲ ညီမလေး"

''အသွယ့်ကအပြင်သွားစရာရှိလို့
ဒီလက်ဖက်ပန်းကန်လေးကို လူငယ်ဝိုင်းကိုသွားချပေးပါလားဟင်"

''ဘယ်လို"

အသွယ့်စကားကြောင့် ပျော်ရွှင့်နံဘေးမှရွှင်လန်းအပြင်
အခြားဝိုင်းကူလုပ်နေကြတဲ့မိန်းမကြီးတွေပါ
လှည့်ကြည့်လာကြ၏။လူငယ်ဝိုင်းက
အိမ်ရှေ့မှာမို့ ခဏတွင်းချင်းပင်သွားချပေးလို့ရသည်။
ဆိုပေမဲ့ အသွယ့်ကဘာကြောင့်ပျော်ရွှင့်ကို
တကူးတကအကူအညီလာတောင်းလဲမသိချေ။

''မမပျော်ရွှင်ကူညီပါနော်"

နှုတ်ဖျားထက်မှအငြင်းစကားတွေက အသွယ့်ရဲ့
မျက်နှာငယ်နဲ့တောင်းဆိုမှုကြောင့်ပျော်ရွှင့်မှာ
ကျိတ်မှိတ်ပြီးခေါင်းငြိမ့်လိုက်ရသည်။

''မမ နင်သွားပို့ပေးမလား"

အသွယ့်တို့နှစ်ယောက် ခပ်ဝေးဝေးရောက်သွားမှ
ပျော်ရွှင်ကရွှင်လန်းထံလှမ်းပြောတော့
အစ်မဖြစ်သူက ခေါင်းယမ်းပြလာသည်။

''သွားပါ...လူငယ်ဝိုင်းမှာချမ်းမြေ့လည်းရှိနေတာပဲဟာ"

''အဲ့ဒါဆို ခဏသွားလိုက်ဦးမယ်နော်"

''အေး...အေး"

လက်ဖက်ပန်းကန်ကိုကိုင်ရင်း ထိုင်ရာမှထကာ
အိမ်နောက်ဖေးမှအိမ်ရှေ့သို့ခြေလှမ်းရသည်။
လူကြီးဝိုင်းမှာ လူများလှပြီးရောက်ရာပေါက်ရာ
ပြောနေကြပေမဲ့လူငယ်ဝိုင်းမှာတော့
သုံးယောက်သာလျှင်ထိုင်နေ၏။
ချမ်းမြေ့၊ကိုရှင်းမြတ်နှင့် ကျန်တစ်ယောက်က~~
ရောင်နီ့ကိုမြင်လိုက်ရတော့ ပျော်ရွှင့်မျက်နှာက
ခပ်တန်းတန်းဖြစ်သွား၏။

''ချမ်းမြေ့ ရော့"

လက်ဖက်ပန်းကန်ကိုချမ်းမြေ့ဘက်သို့ချပေးတော့
ခုမှသူမကိုသတိထားမိသွားဟန် တစ်ယောက်သောသူက
ခေါင်းထောင်ကြည့်လာသည်။

''အစ်မ...ဒီကိုဘာလာလုပ်တာလဲ"

''နင်တို့ဆီ လက်ဖက်ပန်းကန်လာပေးတာလေ"

''ချမ်းမြေ့...ငါအပေါ့သွားချင်လို့လိုက်ခဲ့ပေး"

ပျော်ရွှင်ရောက်လာကတည်းက မျက်တောင်တစ်ချက်မခတ်သောရောင်နီနှင့်
ရောင်နီ့ဘက်တစ်ချက်လှည့်မကြည့်သော ပျော်ရွှင့်ကို
ကြည့်ကာ အခြေအနေကိုရှင်းမြတ်ရိပ်စားမိသည်။

''လာပါဆို...ချမ်းမြေ့ကလည်း"

အတင်းပေကပ်ထိုင်နေသောချမ်းမြေ့လက်ကိုဆွဲကာ
နောက်ဖေးသို့ခေါ်ရသည်။ဒါတောင် အစ်မချစ်ကြီး
ချမ်းမြေ့ကသူ့အစ်မကို ရောင်နီဆွဲစားမှာစိုးသည့်အလား
စိတ်မချဟန်လှည့်တကြည့်ကြည့်။

''ပျော်ရွှင်"

ရောင်နီ့ရဲ့အသံတိုးဖွဖွ​ကြောင့် ပျော်ရွှင်က
တစ်ဖက်သို့မျက်နှာလှည့်၏။လူငယ်ဝိုင်းက
အနည်းငယ်ချောင်ကျသည့်အပြင် လူတွေဟာလည်း
သူတို့အာရုံနဲ့သူတို့ ရောင်နီတို့နှစ်ယောက်ကို
စိတ်မဝင်စားအားကြပေ။

''ကိုယ့်ကိုစိတ်ဆိုးနေတာလား"

''အို...စိတ်ဆိုးရအောင် ကိုရောင်နီနဲ့ကျွန်မက
ဘယ်လိုပတ်သက်လို့လဲ"

ပျော်ရွှင့်ရဲ့ရွဲ့တဲ့တဲ့စကားကြောင့်
ရောင်နီ့မှာတစ်ဖက်သို့မျက်နှာလှည့်ကာ မသိမသာရယ်၏။
စိတ်မဆိုးပါဘူးဆိုသည့်ပျော်ရွှင့်မျက်နှာအမူအရာက
စိတ်ဆိုးနေမှန်းသိသာ၏။

''ကိုယ်..."

''ဘယ်ကကိုယ်တွေခေါင်းတွေကိုမှစိတ်မဝင်စားဘူး၊
ကိုရောင်နီ့ကိုစိတ်လည်းမဆိုးနေတာမို့ နေသာသလိုသာနေပါ"

သူပြောချင်တာပြောပြီးသည်နှင့်အနားမှ
အမြန်ထွက်သွားသောပျော်ရွှင့်ကိုရောင်နီမတားလိုက်နိုင်။
ခဏအကြာငေးကြောင်ကြည့်နေပြီးမှ
အသိဝင်လာပြီး တသောသောရယ်မိသည်။

ပျော်ရွှင်စိတ်ဆိုး၊စိတ်ကောက်နေတာလေးက
သိပ်ချစ်ဖို့ကောင်းတာပဲ~~

............................

''ကိုကို႔လက္ဖယ္...တူနဲ႕မေတာ္တဆထုမိမွာစိုးလို႔"

အေဝးမွတိုင္အားထိန္းထားေသာရွင္းျမတ္ထံ
စိုးရိမ္စကားဆိုၿပီးအနီးနားမွာထိန္းေပးထားေသာ
သူ႕အားအဖက္မလုပ္ေသာမေတာ္ရေသးတဲ့
ေ႐ႊေယာက္ဖႀကီးကို ေရာင္နီအျမင္မၾကည္ခ်င္ေတာ့။
ဆိုေပမဲ့လည္း ကိုယ္ဟာေပ်ာ္႐ႊင့္ဆီက
အေျဖမရေသးတာမို႔ က်ိတ္မွိတ္သည္းခံၿပီးေတာ့သာ
ဒီႏွစ္ေယာက္သူ႕ေရွ႕လာရိုျပေနတာကို ၾကည့္ေနရသည္။

အလႉရက္နီးၿပီမို႔ တစ္႐ြာလုံးစု႐ုံးကာ
ဝိုင္းကူလုပ္ေနၾကျခင္းသာ။အခ်ိဳ႕ေသာ
ေယာက္်ားသားအမ်ားစုက က်ယ္ဝန္းသည့္
ေက်ာင္းဝင္းေဘာလုံးကြင္းထဲ ဇာတ္သဘင္ခင္းက်င္းျပသမည့္ မ႑ပ္က်ယ္ႀကီး
သြားေဆာက္ၾကသည္။
ခ်မ္းေျမ့တို႔သုံးေယာက္အပါအဝင္ ေယာက္်ားသား အနည္းအက်ဥ္းသာ
အလႉအိမ္မွာမ႑ပ္ေဆာက္ရန္ က်န္ေနရစ္သည္။

''ဆရာေလးတို႔ ခဏလာနားၾကပါအုံးလား"

အသက္လတ္ပိုင္းအ႐ြယ္လူႀကီးတစ္ေယာက္က
ရွင္းျမတ္တို႔ကိုလွမ္းေခၚလာသည္။
မနက္ကတည္းကစုေပါင္းလုပ္ေနၾကေပမဲ့
ေနမြန္းတည့္ခ်ိန္အထိ မၿပီးေျမာက္နိုင္ၾကေသး။
အလႉအိမ္ေအာက္မွစားပြဲခုံထံလွမ္းၾကည့္ေတာ့
ရွင္းျမတ္ရဲ႕မိဘႏွစ္ေယာက္လုံးရွိေန၏။
ဦးဒီပါက သားျဖစ္သူကိုၿပဳံးျပလာေပမဲ့ ေဒၚျမတ္ေဌးကေတာ့
ယခုအခ်ိန္ထိခပ္တန္းတန္းသာ။
လင္းထက္ကေတာ့ ခုနကဟင္းခ်က္တဲ့ေနရာမွာကူေနတာ
ရွင္းျမတ္လွမ္းျမင္သည္။

''ကိုကို ေရေသာက္လိုက္အုံး"

ဘယ္အခ်ိန္ကေရသြားခပ္လိုက္မွန္းရွင္းျမတ္မသိလိုက္။
မ်က္ႏွာေရွ႕ေရခြက္ျပရင္း ကမ္းေနေသာခ်မ္းေျမ့ကို
ျမင္မွသာ သြားၿဖဲျပရင္းေရခြက္ကိုလွမ္းယူလိုက္သည္။
ခုေလးတင္မွ တြင္းထဲကခပ္ခဲ့သည့္ဟန္
ေရေအးေအးက ရွင္းျမတ္ရင္ကိုပါေအးျမေစသည္။

''ငါ့အတြက္ေရာ"

နဖူးမွေခြၽးေစးေတြကိုသုတ္ရင္း ေရာင္နီအနားလာရပ္ရင္းေမးလိုက္ေတာ့

''ကိုယ့္ဘာသာခပ္ေသာက္ပါလား ကိုေရာင္နီ"

''အမ္"

ခ်မ္းေျမ့ရဲ႕ပုံစံကိုၾကည့္ကာ ရွင္းျမတ္ကရယ္ေမာေပမဲ့
ေရာင္နီ႕မွာေတာ့မရယ္နိုင္။

သူက ဒီလိုခြဲျခားခံရမွျဖစ္မွာလား~~

..............................

''မမေပ်ာ္႐ႊင္...အသြယ့္ကိုတစ္ခုေလာက္ကူညီပါအုံး"

အနားေရာက္လာကာဆိုလာတဲ့ အလႉရွင္သမီး
ဆုျမတ္သြယ္ေၾကာင့္လက္ထဲမွငါးေျခာက္ကိုခ်ကာ
ေပ်ာ္႐ႊင္ေစာင္းငဲ့ၾကည့္မိသည္။
အသြယ့္နံေဘးမွာလည္း မေန႕ကကားလမ္းထိသြားႀကိဳရတဲ့
သူငယ္ခ်င္းမေလးပါရပ္ေန၏။
ဆံႏြယ္ေတြကိုရိုးရိုးရွင္းရွင္းသာထုံးဖြဲ႕ထားၿပီး
သနပ္ခါးခပ္ပါးပါးသာလိမ္းျခယ္ထားသည့္ေပ်ာ္႐ႊင္က
ယဥ္ယဥ္ေလးလွေန၏။ထို႔ေၾကာင့္လည္း
ကိုေရာင္နီ႕မွာ ေဆးစြဲသလိုစြဲေနတာေပါ့။

''ဘာလဲ ညီမေလး"

''အသြယ့္ကအျပင္သြားစရာရွိလို႔
ဒီလက္ဖက္ပန္းကန္ေလးကို လူငယ္ဝိုင္းကိုသြားခ်ေပးပါလားဟင္"

''ဘယ္လို"

အသြယ့္စကားေၾကာင့္ ေပ်ာ္႐ႊင့္နံေဘးမွ႐ႊင္လန္းအျပင္
အျခားဝိုင္းကူလုပ္ေနၾကတဲ့မိန္းမႀကီးေတြပါ
လွည့္ၾကည့္လာၾက၏။လူငယ္ဝိုင္းက
အိမ္ေရွ႕မွာမို႔ ခဏတြင္းခ်င္းပင္သြားခ်ေပးလို႔ရသည္။
ဆိုေပမဲ့ အသြယ့္ကဘာေၾကာင့္ေပ်ာ္႐ႊင့္ကို
တကူးတကအကူအညီလာေတာင္းလဲမသိေခ်။

''မမေပ်ာ္႐ႊင္ကူညီပါေနာ္"

ႏႈတ္ဖ်ားထက္မွအျငင္းစကားေတြက အသြယ့္ရဲ႕
မ်က္ႏွာငယ္နဲ႕ေတာင္းဆိုမႈေၾကာင့္ေပ်ာ္႐ႊင့္မွာ
က်ိတ္မွိတ္ၿပီးေခါင္းၿငိမ့္လိုက္ရသည္။

''မမ နင္သြားပို႔ေပးမလား"

အသြယ့္တို႔ႏွစ္ေယာက္ ခပ္ေဝးေဝးေရာက္သြားမွ
ေပ်ာ္႐ႊင္က႐ႊင္လန္းထံလွမ္းေျပာေတာ့
အစ္မျဖစ္သူက ေခါင္းယမ္းျပလာသည္။

''သြားပါ...လူငယ္ဝိုင္းမွာခ်မ္းေျမ့လည္းရွိေနတာပဲဟာ"

''အဲ့ဒါဆို ခဏသြားလိုက္ဦးမယ္ေနာ္"

''ေအး...ေအး"

လက္ဖက္ပန္းကန္ကိုကိုင္ရင္း ထိုင္ရာမွထကာ
အိမ္ေနာက္ေဖးမွအိမ္ေရွ႕သို႔ေျခလွမ္းရသည္။
လူႀကီးဝိုင္းမွာ လူမ်ားလွၿပီးေရာက္ရာေပါက္ရာ
ေျပာေနၾကေပမဲ့လူငယ္ဝိုင္းမွာေတာ့
သုံးေယာက္သာလွ်င္ထိုင္ေန၏။
ခ်မ္းေျမ့၊ကိုရွင္းျမတ္ႏွင့္ က်န္တစ္ေယာက္က~~
ေရာင္နီ႕ကိုျမင္လိုက္ရေတာ့ ေပ်ာ္႐ႊင့္မ်က္ႏွာက
ခပ္တန္းတန္းျဖစ္သြား၏။

''ခ်မ္းေျမ့ ေရာ့"

လက္ဖက္ပန္းကန္ကိုခ်မ္းေျမ့ဘက္သို႔ခ်ေပးေတာ့
ခုမွသူမကိုသတိထားမိသြားဟန္ တစ္ေယာက္ေသာသူက
ေခါင္းေထာင္ၾကည့္လာသည္။

''အစ္မ...ဒီကိုဘာလာလုပ္တာလဲ"

''နင္တို႔ဆီ လက္ဖက္ပန္းကန္လာေပးတာေလ"

''ခ်မ္းေျမ့...ငါအေပါ့သြားခ်င္လို႔လိုက္ခဲ့ေပး"

ေပ်ာ္႐ႊင္ေရာက္လာကတည္းက မ်က္ေတာင္တစ္ခ်က္မခတ္ေသာေရာင္နီႏွင့္
ေရာင္နီ႕ဘက္တစ္ခ်က္လွည့္မၾကည့္ေသာ ေပ်ာ္႐ႊင့္ကို
ၾကည့္ကာ အေျခအေနကိုရွင္းျမတ္ရိပ္စားမိသည္။

''လာပါဆို...ခ်မ္းေျမ့ကလည္း"

အတင္းေပကပ္ထိုင္ေနေသာခ်မ္းေျမ့လက္ကိုဆြဲကာ
ေနာက္ေဖးသို႔ေခၚရသည္။ဒါေတာင္ အစ္မခ်စ္ႀကီး
ခ်မ္းေျမ့ကသူ႕အစ္မကို ေရာင္နီဆြဲစားမွာစိုးသည့္အလား
စိတ္မခ်ဟန္လွည့္တၾကည့္ၾကည့္။

''ေပ်ာ္႐ႊင္"

ေရာင္နီ႕ရဲ႕အသံတိုးဖြဖြေၾကာင့္ ေပ်ာ္႐ႊင္က
တစ္ဖက္သို႔မ်က္ႏွာလွည့္၏။လူငယ္ဝိုင္းက
အနည္းငယ္ေခ်ာင္က်သည့္အျပင္ လူေတြဟာလည္း
သူတို႔အာ႐ုံနဲ႕သူတို႔ ေရာင္နီတို႔ႏွစ္ေယာက္ကို
စိတ္မဝင္စားအားၾကေပ။

''ကိုယ့္ကိုစိတ္ဆိုးေနတာလား"

''အို...စိတ္ဆိုးရေအာင္ ကိုေရာင္နီနဲ႕ကြၽန္မက
ဘယ္လိုပတ္သက္လို႔လဲ"

ေပ်ာ္႐ႊင့္ရဲ႕႐ြဲ႕တဲ့တဲ့စကားေၾကာင့္
ေရာင္နီ႕မွာတစ္ဖက္သို႔မ်က္ႏွာလွည့္ကာ မသိမသာရယ္၏။
စိတ္မဆိုးပါဘူးဆိုသည့္ေပ်ာ္႐ႊင့္မ်က္ႏွာအမူအရာက
စိတ္ဆိုးေနမွန္းသိသာ၏။

''ကိုယ္..."

''ဘယ္ကကိုယ္ေတြေခါင္းေတြကိုမွစိတ္မဝင္စားဘူး၊
ကိုေရာင္နီ႕ကိုစိတ္လည္းမဆိုးေနတာမို႔ ေနသာသလိုသာေနပါ"

သူေျပာခ်င္တာေျပာၿပီးသည္ႏွင့္အနားမွ
အျမန္ထြက္သြားေသာေပ်ာ္႐ႊင့္ကိုေရာင္နီမတားလိုက္နိုင္။
ခဏအၾကာေငးေၾကာင္ၾကည့္ေနၿပီးမွ
အသိဝင္လာၿပီး တေသာေသာရယ္မိသည္။

ေပ်ာ္႐ႊင္စိတ္ဆိုး၊စိတ္ေကာက္ေနတာေလးက
သိပ္ခ်စ္ဖို႔ေကာင္းတာပဲ~~

............................

Continue Reading

You'll Also Like

122K 15.7K 97
ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှ...
2.2M 79K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
1.1M 26K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."