* ငှက်လေးတွေက သီချင်းသီဆိုကြသလို လေပြေလေညင်းလေးတွေက ဂီတကိုဆောင်ယူကြတယ်... ဒါတွေကို အသက်ဝင်စေတာ စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်လေးမှာ ကလေးလေးနှစ်ယောက်ရဲ့ ချစ်စရာရယ်သံလေးတွေကပြီးပြည့်စုံစေတယ်... *
renjun - jiji ငယ်.... မိရင် hyung ဖမ်းစားပစ်မှာနော်
jisung - ဟားဟားးး ကိုကို မှီအောင်အရင်လိုက်လေ....
* သူစကားလှည့်ပြောတုန်းအငိုက်မိကာ ခြေခုပ်လှဲသွားတော့ renjun ကအပြေးလေးရောက်လာကာ ခြေထောက်သေးသေးလေးကိုစစ်ဆေးလေရဲ့ *
renjun - ခြေထောက်ပြကြည့် ကိုကို့ကို.. ဘယ်နားနာသွားသေးလဲ
jisung - ဘာမှမဖြစ်ဘူးကိုကို ပြေးလို့ရသေးတယ် ဟီးးးး လာလေ ပြန်ကစားမယ်
renjun - ကျိုးသွားရမှာ
jisung - ဗျာ?
* jisung သူ့နားကိုသူမယုံနိုင်စွာ လှမ်းနေတဲ့ခြေလှမ်းတွေကတုန်ရီစွာရပ်တန့်သွားမိသည် ... အနောက်ကိုလှည့်ကြည့်မိတော့ ကိုကို့ရဲ့မျက်လုံးတွေဟာနီရဲနေပြီး အောက်ပိုင်းမှာလဲသွေးတွေရွဲနစ်နေတဲ့ပုံစံကြောင့် jisung တူန်လှုပ်ခြောက်ခြားစွာရပ်ကြည့်လျက်... ဒါကို hyung ကရပ်နေရာကနေ သူ့စီကိုခြေလှမ်းကျဲတွေနဲ့လျောက်လာကာ သူ့အင်ကျီကော်လာကိုဆောင့်ဆွဲလာပြီး ဒေါသတကြီးအော်ပြောလေရဲ့ *
renjun - ဒီခြေထောက်ဒီမှာတစ်ခါတည်းကျိုးသွားရမှာ အဲ့လိုဆိုရင် အခုချိန်ငါလည်းအရှက်တကွဲမဖြစ်နေရဘူး လူမဆန်တဲ့အကောင်ရဲ့
jisung - ကိုကို.....
* jisung အိပ်ရာမှာလန့်နိုးလာခဲ့တော့သည်.. ဘေးပတ်ပတ်လည်ကို အတည်ပြုပြီးမှ jisung ခေါင်းစိုက်ငိုက်ကျသွားသည်... နဖူးနဲ့ ဆံပင် လည်ပင်း ခန္ဓာကိုယ်တခုလုံးမှာလည်းချွေးတွေချွဲနေခဲ့တာ အိပ်ယာမှာစိုရွဲစွာနဲ့...
jisung တွေးရင်းနဲ့ ခြောက်ကပ်ကပ်ရယ်လိုက်သည် *
jisung - ကိုကိုရယ်... ငယ်တုန်းက ကိုကိုဂရုစိုက်ခဲ့တဲ့ ဖြူစင်တဲ့အမှတ်တရလေးတွေက ကျွန်တော့်ကိုအိပ်မက်ဆိုးဖြစ်နေစေခဲ့ပြီ
* အခုတော့ ငှက်တွေလည်းမပျံဝဲနေသလို လေစိမ်းတွေတိုက်လာတာကြောင့် ခြုံထားစဲစောင်လေးကိုပုခုံးထိဆွဲယူပြီးမှ သူ့အလုပ်တစ်ခုကိုသတိရကာ
အခန်းကထွက်ပြီး မျက်နှာချင်းအခန်းထဲဝင်ကြည့်မိတော့ သက်ပြင်းသာချရင်းပြန်ထွက်လာခဲ့သည်... ဒီနေ့နဲ့ဆို ကိုကို့ကိုသူမမြင်ရတာ ၃ရက်ရှိနေပြီ... *
ဒုန်း! ဒုန်း! ဒုန်း!
* jisung အသံကြားသည်နှင့်အောက်ကိုအမြန်ပြေးဆင်းလာချိန် ခေါင်းပေါ်မိုးကြိုးပစ်ချပြီ... သူသဘောပေါက်လိုက်သည်... တံခါးခေါက်သံက ဒီအဖြစ်အပျက်ကို သူ့ကိုပြချင်လို့သာ... ခါတိုင်းလို သူ့ကိုအနိုင်ကျင့်ချင်သလိုသာ အနိုင်ကျင့်နေပါတော့လား... ဒါက ဘယ်လိုစိတ်ဒုက္ခပေးနည်းမျိုးလဲ
ကိုကိုက အခုဧည့်ခန်းမှာ သူမဟုတ်တဲ့အခြားသူတစ်ယောက်နဲ့ မဟုတ်... ယောက်ျားလေး!! မိန်းကလေးမဟုတ်ပဲ ယောက်ျားလေး! ဒါဆိုသူကကော... *
jisung - ကိုကို!
* သူ့အသံကြားတာကိုမကြားချင်ယောင်ဆောင်ကာ ဆိုဖာဘက်ကိုနမ်းလျက် လျောက်လာပြီး နှစ်ယောက်ထပ်ပြီးပြုတ်ကျသွားချိန် jisung အမြန်ပြေးဆင်းကာ သူ့က်ိုကိုအပေါ်မှာရှိနေတဲ့ ထိုလူကို အင်ကျီကော်လာမှဆွဲခေါ်ကာ အားကုန်သုံးကာထိုးလိူက်တော့ ဆိုဖာထောင့်မှာခွေခနဲသာ.. မျက်စိကွယ်ရာမှာတော့ ဘာမှမဖြစ်ပေမဲ့ မျက်စိအရှေ့မှာတော့ jisung ဘယ်သူပဲ့ဖြစ်ဖြစ်ထိုးမှာ... ဒါမဲ့ ကိုကိုတော့မပါဘူး ကိုကိုလုပ်တာအကုန်မှန်တယ်...*
jisung - မင်းကဘာကောင်မို့လို့ ငါ့ယောက်ျားကိုနမ်းရတာလဲ
" မင်း! ''
* renjun ကတော့ဆိုဖာပေါ်မှာလှဲလျက်သား သူတိူ့ကိုကြည့်နေ၏... jisung ထိုးလိုက်တာကိုဒေါသထွက်ကာ သူ့ကိုထိုးဖို့ထလာတော့ ထိူလူရဲ့ခပ်ထွားထွားကိုယ်ထည်ကြောင့် သူမနိုင်နိုင်တာကိုသိလိုက်ချိန် jisung မျက်လုံးစုံမှိတ်လိုက်သည် *
renjun - သွားလို့ရပြီ ...
* ရုတ်တရက်ကိိုကို့အသံကြောင့် ထိုလူကိုရပ်တန့်သွားပေမဲ့ သူ့ကိုသာ ဒေါသတကြီးကြည့်နေစဲ *
" ငါ့နှုတ်ခမ်းပေါက်သွားပြီ.. hwan renjun! ငါဘယ်လောက်အဖိုးတန်လဲ မင်းသိတယ်နော် ''
renjun - အကြွေးမှတ်ထား... အဲ့အကြွေးကို သူပြန်ဆပ်လိမ့်မယ်
* ကိုကိုပြောလိုက်တာကို ထိုလူသဘောပေါက်သွားသည်ထင်တယ်... သူ့ကိုစားမတတ်ဝါးမတတ်သာကြည့်သွားသည်... ဒါပေါ့ ကိုကို့ရဲ့အကြွေးဆို သူ့အကြွေးပဲ့ပေါ့.. သူ့ရဲ့အလုပ်ပိုင်းဆိုင်ရာကိုတော့ ကိုကို့ကိုအသိမပေးသေးဘူး... ဘာပဲ့ဖြစ်ဖြစ် နောက်ပိုင်းဆိုရင် ကိုကို့အပိုင်ပဲ့ဖြစ်မှာ အခုချိန်မှာတော့ ကိုကိုထင်သလို အလုပ်မရှိအကိုင်မရှိခိုကပ်စားကောင်ပဲ့ပေါ့... *
jisung - ကိုကို အဝတ်သွားလဲလိုက်လေ ကျွန်တော် မနက်စာပြင်ထားမယ်
* သူ့ကို ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါပဲအပေါ်ကိုသာတက်သွားတော့ သူမျက်စိတဆုံးလိုက်ကြည့်ကာ ပြုံးလိုက်မိသည်.. ဒီလောက်ရူးရတာတော်ရောပေါ့.. ကိုကိုသူ့ကို အရေးတယူလေးဆဲရေး ရိုက်နက်ရင်တောင်ပျော်တာ အခုလိုလုပ်တော့ ကျွန်တော်မတွေးဝံ့တာတွေ တွေးရဲကုန်ပြီ...
ကိုကိုဒီနေ့စိတ်ကောင်းဝင်နေတယ်လို့ထင်မိပြီ.. သူ့ကိုလည်းမအော်သလို အနိုင်လည်းမကျင့်သေးဘူး... မနက်တိုင်း အနိုင်ကျင့်ခံရနေကြ သူကတော့ ဒါကျင့်သားမရသေးပုံ.. မမျော်လင့်ရဲသေးဘူး ကိုကိုသူ့ကိုကောင်းကောင်းဆက်ဆံပေးဖို့.. ...သူကခွင့်လွှတ်ဖို့မထိုက်တန်သူလေ...
jisung မနက်စာပြင်ဆင်ပြီးတာနဲ့ ကိုကိုကလည်းဆင်းလာတာနဲ့ ကွက်တိဖြစ်တော့ သူကျေနပ်သွား၏...*
jisung - ကိုကို မနက်စာပြီးပြီ
renjun - မစားတော့ဘူး
jisung - နည်းနည်းပဲ့ဖြစ်ဖြစ်စားသွားပါ.. အလုပ်မှာဗိုက်ဆာနေလိမ့်မယ်
* မီးဖိုခန်းထဲကအမြဲပြေးထွက်လာကာ ကိုကို့အရှေ့မှာပိတ်ရပ်ပြီးပြောတော့ မျက်စောင်းထိုးကာအထဲဝင်သွားလေရဲ့... jisung မျက်ပြုံးဖြီးနေပါပြီ... ကိုကိုတကယ်ကို စိတ်ကောင်းဝင်နေတာမဟုတ်ဘူးလားလို့... သူလည်းအနောက်ကပြေးလိုက်ကာ ပြင်ဆင်ထားတာကိုချပေးလေသည် *
renjun - coffee ထည့်
အား!
* ကိုကိုအရှေ့ကခွက်ထဲ coffee ထည့်နေတုန်း သူ့လက်ကောက်ဝတ်ကိုကိုင်ပြီး ထည့်နေတဲ့ ခွက်ကနေဆွဲကာ သူ့ခြေထောက်ပေါ်လောင်းချလိုက်သည်... jisung မှာပူလွန်းတာကြောင့်လက်ထဲက coffee ကျိုက်ပါသူ့ခြေထောက်ပေါ်ပြုတ်ကျလာတော့ နာလွန်းတာကြောင့် စောင့်ကြောင့်ထိုင်ကာ ခြေထောက်ကိုလေမှုတ်နေရသည်... *
renjun - ငါမစားဘူးလို့ပြောတယ်မလား! မင်းရဲ့ရွံစရာလက်နဲ့ထိတာ ဘာမှမစားဘူးလို့ပြောထားတယ်မလား ဟမ်! စောက်မှတ်သည်းခြေမရှိဘူးလား
ခွမ်း!!
* ထပ်ဆင့်ပြီး သောက်တဲ့ခွက်ကိုပါခွဲလာတော့ ခြေထောက်မှာအကွဲစ လွင့်လာကာပြတ်သွား၏..
ဆောင့်ကြောင့်လေးထိုင်နေတဲ့ jisung ကို လည်ပင်းအင်ကျီစမှဆွဲယူကာထစေပြီး *
renjun - မမှတ်မိတော့ရင် သေချာခေါင်းထဲပြန်ရိုက်ထည့်ထား.. မင်းပြောစကားနားထောင်ပြီး မင်းအပေါ်ကောင်းလာဖို့ သေတဲ့အထိ တစ်စက္ကန့်တောင်မစဥ်းစားနဲ့... ရွံစရာအကောင် မင်းရဲ့သွေးတွေအကုန်သန့်ရှင်းထား ငါ့အိမ်ကိုမညစ်ပတ်စေနဲ့
* သူ့ကိုဆောင့်တွန်းလှဲကာ ဖန်ကွဲစတွေကို ရှောင်ကွင်းပြီး ထွက်သွားတဲ့ ကိုကို့ကိုကြည့်ရင်း jisung ပြုံးလိုက်မိသည်.. ကိုကိုဒေါသထွက်တဲ့အချိန်ကို jisung အကြောက်ဆုံးပဲ့
စကားပင်မပြောနိုင်တော့ပါ... သူ့ကိုဒေါသမထွက်တဲ့အချိန်တော့မရှိပေမဲ့ *
jisung - ဒါမှ ကိုကိုပေါ့.. ဟက် မင်းကိုလျစ်လျူရှုထားလို့စကားမပြောပဲနေတာကို မင်းကဘာကိုမာန်တက်ပြီး မင်းစကားနားထောင်တယ်တွေးလိုက်ရတာလဲ တကယ်ပဲ့ရှက်စရာကောင်းလိုက်တာ Hwang jisung ရယ်...
* အောက်မှာကျနေတဲ့ဖန်ကွဲစတွေကို တစစီကောက်နေတုန်း အိမ်ရှေ့ကပစ္စည်းပြုတ်ကျသံကြောင့် အသံလာရာဘက်ကိုကြည့်တော့ jisung လန့်ကာ လက်တင်းလိုက်မိသည်... ဆုတ်ကိုင်ထားတဲ့ဖန်ကွဲ စ ကသူ့လက်သန်းကြွယ်မှာ ရှကနဲ...အကြောင်းကတော့ ကိိုကို့ထက် hyung ကိုပိုကြောက်လို့ *
အ့!
jeno - ya! park jisung !
* သူ့အနားဘယ်လိုရောက်လာလဲမသိပေမဲ့ ပြတ်ထားတဲ့လက်ကနွေးကနဲ... jisung အံ့သြကာမျက်လုံးများကျယ်ကုန်၏.. ပါးကနေ နားရွက်ဖျားတွေပါ အဆက် နီရဲကုန်ကြသည်.. *
တောက်စ်!