The Past (A Tate 'အတိတ္')

By Sweetie_Milk_Pudding

2K 193 35

Zawgyi ပစၥဳပၸန္ ႏွင့္ အနာဂတ္ သို႔ သယ္္ေဆာင္မလာခ်င္ေသာ အတိတ္။ ပတ္သတ္ခဲ့ဖူးသည့္ အတိတ္ကလူတစ္ေယာက္ ႏွင့္ ပစၥဳပၸန... More

The Past (1)
The Past (2)
The Past (3)
The Past(4)
The Past (5)
The Past (6)
The Past (7)
The Past (8)
The Past (9)
The Past (10)
The Past (11)
The Past (12)
The Past (13)
The Past (15)
The Past (16)
The Past (17)

The Past (14)

45 4 2
By Sweetie_Milk_Pudding

ယနေ့ စာသင်နေချိန် ဦးဥက္ကာယံ မှ အလုပ်ပေါ်လာ၍ သူနှင့် ယံယံ အား ထားခဲ့ကာ ထွက်သွားသည်။ မကြာခင် ဧည့်ခန်းထဲမှ ဖုန်းမြည်လာ၍ ယံယံ က ပြေးကာသွားကိုင်သည်။

''Hello. မေမေ။ ဟုတ်ကဲ့ ဖေဖေ မရှိဘူး။ တကယ်လား။ ယံယံ စောင့်နေမယ်နော်။''

''ယံယံ။ ဘယ်သူဆက်တာလဲ။''

''မေမေ ပါ။ ယံယံ ဆရာ့ ကို မေမေ နဲ့ တွေ့စေချင်တယ်။''

ညွှန်း အိမ်ကြီးထဲတွင် သူစိမ်းအမျိုးသမီးတစ်ယောက်နှင့် ရှိရမည်မှာ အဆင်မပြေလှသော်လည်း၊ ယံယံ ၏ တောက်တောက်ပပ မျက်ဝန်းလေးများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ၊ အမေဖြစ်သူအား စောင့်နေမိ၏။

နာရီဝက်မျှ ကြာပြီးနောက် အိမ်ရှေ့ခြံတံခါးပွင့်သွားကာ အမျိုးသမီးတစ်ယောက်ဝင်လာသည်။ ယံယံ မှ ''မေမေ" ဟုခေါ်ကာ ထိုအမျိုးသမီးဆီပြေးသွားသည်။

"မေမေ့ သားလေး။ မေမေ အရမ်းလွမ်းနေတာ။ ဘာတွေလုပ်နေတာလဲ သားလေးက။"

"ယံယံ ဆရာ နဲ့ စာသင်နေတာ။''

ညွှန်း က ယံယံ အနောက်ဘက်တွင်ရပ်နေသည်။ သူမ က ယံယံ ခေါင်းမှ ဆံပင်လေးများအား ပွတ်သတ်ဖွလိုက်ကာ ညွှန်း အား မော့ကြည့်လာသည်။ ထို မျက်ဝန်း တစ်စုံအား တိုက်ရိုက် အကြည့်ချင်း ဆုံသွားသည့်အခါ ညွှန်း ရင်ဘတ် အတွင်းပိုင်းတစ်နေရာမှ စူးရှစွာ နာကျင်လာကာ ကြောက်စိတ်တို့ဖြင့် တုန်လှုပ်လာသည်။

အသက်ရှူကြပ်သည့် ခံစားချက်တို့ဖြင့် မျက်စိများဝေဝါးကာ ပုံရိပ်ယောင်တစ်ချို့ပေါ်လာသည်။ ‌ယိမ်းယိုင်လာသည့် ခြေထောက်တို့ကြောင့် မတ်မတ်ရပ်နိုင်ခြင်းမရှိတော့။

"ညွှန်း။"

ဦးဥက္ကာယံ ကားပေါ်မှ ပြေးဆင်းလာကာ ညွှန်း ပုခုံးအားကိုင်ပြီး လဲကျတော့မည်မှ ကာကွယ်ပေးလိုက်သည်။

"ညွှန်း အဆင်ပြေရဲ့လား။"

"ဟုတ် ရ ရပါတယ်။ ကျတော် ပြန်တော့မယ်။"

"ကိုယ် လိုက်ပို့ပေးမယ်။"

ညွှန်း က သူ့ပုခုံးများအား ဆုတ်ကိုင်ပေးထားသည့် ဦးဥက္ကာယံ လက်များအား ညင်သာစွာ တွန်းထုတ်လိုက်ကာ ငြင်းလိုက်သည်။ သို့သော်လည်း ထိုခနမှာတင် သူ့ ခြေထောက်များ ပြန်လည်ပျော့ခွေကျသွားသည်။

ဦးဥက္ကာယံ က ညွှန်း ပြောသည်ကို ဂရုမစိုက်တော့ဘဲ ပွေ့ချီကာ ခြံတံခါးရှေ့တွင် ရပ်ထားသည့် ကားပေါ်တင်လိုက်သည်။ သူ ညွှန်း အိမ်မှ မပြန်ခင် ညစာကျွေးချင်သည်မို့ အလုပ်မှ အမြန်ပြန်ပြေးလာသော်လည်း ခြံရှေ့တံခါးပွင့်နေခဲ့သည်။ မသင်္ကာသည်ကြောင့် အပြေးဝင်လာသော် ယခုမြင်ကွင်းအား မြင်ရခြင်းဖြစ်သည်။

ဦးဥက္ကာယံ ဘေးခုံတွင်ထိုင်နေသည့် ညွှန်း အား ကားမောင်းရင်းလှမ်းကြည့်မိတော့ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ကြောက်လန့်စရာဖြစ်ရပ်တစ်ခုအား မြင်တွေ့လိုက်ရသည့်ပုံမျိုးပင်။ ဦးဥက္ကာယံ ဒေါသမီးတို့တောက်သွားရသည်။

(စံပယ် ဒီ မိန်းမတော့ကွာ။တောက်။)

ကားရပ်လိုက်ကာ အိမ်ရှေ့ရောက်လာပြီမို့ တံခါးဖွင့်ကာ ညွှန်း ကားပေါ်မှ ဆင်းလိုက်သည့်အခါ ခွေခေါက်လဲကျသွားသည်။ ခြံထဲရှိ သနပ်ခါးပန်းပင်များအား ရေလောင်းနေသည့် ဦးလွိုင် အရှေ့မှကားသံကြောင့် ထွက်ကြည့်လိုက်သည့်အခါ။

"ညွှန်း။"

လျင်မြန်စွာပြေးသွားလိုက်သော်လည်း ဦးဥက္ကာယံမှ လက်ဦးသွားကာ ညွှန်း ရဲ့ ပျော့ခွေနေသော ကိုယ်လေးမှာ သူ့လက်‌တွင်းသို့ ဆင်းသက်သွားသည်။

"မင်း။ ညွှန်း ကို မထိနဲ့။"

ဦးလွိုင် က ညွှန်း အား ဦးဥက္ကာယံ လက်တွင်းဆီမှ ပွေ့ချီကာ ယူလိုက်သည်။ ခြံရှေ့ ရုတ်ရုတ်သဲသဲ အသံတွေကြောင့် ဦးဘွဲ့လင်း နဲ့ ဒေါ်မှူးစန္ဒာ တို့ ပြေးထွက်လာကြသည်။ သတိလစ်နေသော ညွှန်း အား အလယ်တွင်ထားကာ မျက်လုံးတိုက်ပွဲ ဖြစ်နေကြသည့် အမျိုးသားနှစ်ယောက်ကြားဝင်ကာ ညွှန်း အား ဆွဲယူလိုက်သည်။

"မိန်းမ...‌ဆရာဝန်ကို ဖုန်းဆက်လိုက်။"

ဒေါ်မှူးစန္ဒာ က အိမ်ထဲ အမြန်ပြေးသွားကာ ဧည့်ခန်းထဲရှိ အိမ်ဖုန်းအား အလျင်အမြန်ဖြင့် နံပါတ်တစ်ခုဆီသို့ ခေါ်လိုက်သည်။ ဦးဘွဲ့လင်း သည်လည်း ညွှန်း အား ကျောပေါ်တွင် တင်ကာ အိမ်ထဲဝင်သွားသည်။

ဦးလွိုင် လည်း နောက်မှ လိုက်ကာ ဦးဘွဲ့လင်း‌ ကျောပေါ်မှ ညွှန်း အား ပွေ့ချီယူလိုက်သည်။ ဦးလွိုင် မှာ ဦးဥက္ကာယံ မဝင်နိုင်စေရန် ခြံရှေ့တံခါး ပိတ်ဖို့လည်း မမေ့ခဲ့ပေ။

အချိန်မကြာခင်မှာပင် ဆရာဝန်ရောက်လာကာ ညွှန်း အားစစ်ဆေးပေးသည်။

"ထိတ်လန့်စရာ တစ်စုံတစ်ခုကို ကြုံလိုက်ရလို့ သွေးပျက်ပြီး အားနည်းသွားတာပါ။ အားဆေးသွင်းပေးထားတာမို့၊ ခနနေနိုးလာမှာပါ။ အဲ့အခါ အာဟာရရှိမယ့် ဟာလေးတစ်ခုကျွေးလိုက်ပါ။ ဒါဆို ကျတော့်ကို ခွင့်ပြုပါအုံးဗျ။"

ညွှန်း ရဲ့ ကိုယ်လေးက အနည်းငယ်အေးစက်နေကာ တုန်ယင်နေသည်။ ဦးလွိုင် က သူ့လက်လေးအား လက်နှစ်ဖက်ဖြင့် နွေးထွေးစွာ ဆုတ်ကိုင်လိုက်သည်။

"ညွှန်း ရယ်။ ဘာတွေဖြစ်နေရတာလဲ။"
....

အသက်ရှူကြပ်တယ်။...

လည်ပင်းတွင် စွပ်လျက်နေသော ကြိုးကွင်းအား ဆုတ်ကိုင်ထားမိသည်။ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာကာ ရှင်သန်မှုကြိုးမျှင်လေးအား ဆက်လက်ဆွဲကိုင်ထားချင်မိသည်။

သူ မသေချင်သေးဘူး။...

ဆုံးဖြတ်လိုက်သည့်အရာတစ်ခုက လုပ်ပြီးခါမှ မှားနေမှန်း သိလိုက်ရသည်။

ရုန်းကန်နေမိသည်။ လာကယ်မည့်သူအား မျှော်လင့်မိသည်။

ကျွီ ဆိုသည့် အသံနှင့်အတူ အခန်းတံခါးပွင့်ဟ သွားခဲ့သည်။ အနည်းငယ် လန့်သွားသည့် ထိုအမျိုးသမီးအား ကြည့်ကာ အကူအညီတောင်းမိသည်။

ကယ်ပါ။...

စကားသံတော့ ထွက်မလာပေ။ မျက်ဝန်းတို့က အကူအညီတောင်းခံနေသည်။ ထို အမျိုးသမီး သည် ခေတ္တမျှ တုံ့ဆိုင်းနေကာ တံခါးအား ဖြည်းညင်းစွာ ပြန်ပိတ်လိုက်သည်။

သူနောက်ဆုံးမြင်လိုက်ရသည်က ထိုအမျိုးသမီး၏ လှောင်ပြုံးဟန် ကပ်ညိနေသော အေးစက်စက် မျက်ဝန်းတစ်စုံ။
....

ညွှန်း အသက်ကို လုရှူကာ ချွေးစေးတို့ပျံလျက် လန့်နိုးလာသည်။

"ညွှန်း။"

ဘေးတွင် သူ့ အား စိုးရိမ်စွာကြည့်နေသည့် ဦးလွိုင်။

"ညွှန်း အိမ်မက်ဆိုးတွေ မက်နေတာလား။"

အသက်ပင်လုရှူနေရသည့်အတွက် ဦးလွိုင် အား အဖြေမပြုနိုင်ပေ။

ဦးလွိုင် က ကြောက်လန့်နေသည့် ညွှန်း အား နှစ်သိမ့်ပေးရန် အလို့ငှာ မတ်တပ်ရပ်လျက် ညွှန်း ခေါင်းလေးအား ရင်ခွင်ထဲထည့်ကာ ပွေ့ဖက် ထားလိုက်သည်။ ဆံနွယ်လေလးများအား ပွတ်သတ်ပေးရင်း ခပ်ငြိမ်ငြိမ်သံစဉ်တစ်ခုအား ညီးလျက်ရှိသည်။

ညွှန်း.. ဦးလွိုင် ရဲ့ အင်္ကျီစ ကို ဆုတ်ကိုင်ထားမိသည်။ သူ သည် ညွှန်း ယောင်ဆောင်ထားသည့် သူတစ်ယောက်သာဖြစ်သည်။ သူ့ ညစ်ညမ်းလွန်းသည့် သရုပ်မှန်အား ဦးလွိုင် သိသွားပါက လက်ခံပေးနိုင်မည်လား။ သို့မဟုတ် သူ ချစ်ခင်နှစ်သက်သည့် ညွှန်း ကိုယ်ထဲတွင် ဝင်ရောက် နေထိုင်နေခြင်းကြောင့် မုန်းတီးသွားမည်လား။

အတိတ်အား ပြန်လည်မှတ်မိသွားခြင်းကို နောင်တရမိသော်ငြားလည်း ရှောင်လွှဲ၍ရသော အရာတစ်ခုတော့ မဟုတ်ပေ။

သူသည် နွယ်နီ ဟုခေါ်သည့် ယောက်ျားပျက်တစ်ယောက်သာဖြစ်သည်။
....

ဦးဥက္ကာယံ အိမ်မပြန်ပေ။ ညွှန်း အိမ်ရှေ့တွင် ကားရပ်ကာ ညွှန်း အခန်းလေးအား မော့ကြည့်ကာ စောင့်နေမိသည်။ သေသောသူပြန်ရှင်ရိုး ထုံးစံ မရှိသော်လည်း ထိုလူငယ်အား ညီ ဟု စိတ်ထဲမှ ရိုးရှင်းစွာ သိနေသည်။

ညီ အား တင်ရှိနေသော အပြစ်ကြွေးများအား ထိုလူငယ်လေးဆီတွင်  ပေးဆပ်ချင်မိသည်။ အပြစ်ရှိစိတ်ကြောင့် ဖြစ်နိုင်သလို၊ မိမိကိုယ်ကိုယ် စိတ်သက်သာရာရစေချင်သောကြောင့်လည်းဖြစ်နိုင်သည်။ အတ္တကြီးသော စိတ်တို့ကြောင့် ညီ ဟု ယူဆမိသော ထိုလူငယ်အား ထပ်မံပိုင်ဆိုင်ချင်မိသည်။
.....

Zawgyi

ယေန႕ စာသင္ေနခ်ိန္ ဦးဥကၠာယံ မွ အလုပ္ေပၚလာ၍ သူႏွင့္ ယံယံ အား ထားခဲ့ကာ ထြက္သြားသည္။ မၾကာခင္ ဧည့္ခန္းထဲမွ ဖုန္းျမည္လာ၍ ယံယံ က ေျပးကာသြားကိုင္သည္။

''Hello. ေမေမ။ ဟုတ္ကဲ့ ေဖေဖ မရွိဘူး။ တကယ္လား။ ယံယံ ေစာင့္ေနမယ္ေနာ္။''

''ယံယံ။ ဘယ္သူဆက္တာလဲ။''

''ေမေမ ပါ။ ယံယံ ဆရာ့ ကို ေမေမ နဲ႕ ေတြ႕ေစခ်င္တယ္။''

ၫႊန္း အိမ္ႀကီးထဲတြင္ သူစိမ္းအမ်ိဳးသမီးတစ္ေယာက္ႏွင့္ ရွိရမည္မွာ အဆင္မေျပလွေသာ္လည္း၊ ယံယံ ၏ ေတာက္ေတာက္ပပ မ်က္ဝန္းေလးမ်ားႏွင့္ ရင္ဆိုင္လိုက္ရသည့္အခါ၊ အေမျဖစ္သူအား ေစာင့္ေနမိ၏။

နာရီဝက္မွ် ၾကာၿပီးေနာက္ အိမ္ေရွ႕ၿခံတံခါးပြင့္သြားကာ အမ်ိဳးသမီးတစ္ေယာက္ဝင္လာသည္။ ယံယံ မွ ''ေမေမ" ဟုေခၚကာ ထိုအမ်ိဳးသမီးဆီေျပးသြားသည္။

"ေမေမ့ သားေလး။ ေမေမ အရမ္းလြမ္းေနတာ။ ဘာေတြလုပ္ေနတာလဲ သားေလးက။"

"ယံယံ ဆရာ နဲ႕ စာသင္ေနတာ။''

ၫႊန္း က ယံယံ အေနာက္ဘက္တြင္ရပ္ေနသည္။ သူမ က ယံယံ ေခါင္းမွ ဆံပင္ေလးမ်ားအား ပြတ္သတ္ဖြလိုက္ကာ ၫႊန္း အား ေမာ့ၾကည့္လာသည္။ ထို မ်က္ဝန္း တစ္စုံအား တိုက္ရိုက္ အၾကည့္ခ်င္း ဆုံသြားသည့္အခါ ၫႊန္း ရင္ဘတ္ အတြင္းပိုင္းတစ္ေနရာမွ စူးရွစြာ နာက်င္လာကာ ေၾကာက္စိတ္တို႔ျဖင့္ တုန္လႈပ္လာသည္။

အသက္ရႉၾကပ္သည့္ ခံစားခ်က္တို႔ျဖင့္ မ်က္စိမ်ားေဝဝါးကာ ပုံရိပ္ေယာင္တစ္ခ်ိဳ႕ေပၚလာသည္။ ‌ယိမ္းယိုင္လာသည့္ ေျခေထာက္တို႔ေၾကာင့္ မတ္မတ္ရပ္နိုင္ျခင္းမရွိေတာ့။

"ၫႊန္း။"

ဦးဥကၠာယံ ကားေပၚမွ ေျပးဆင္းလာကာ ၫႊန္း ပုခုံးအားကိုင္ၿပီး လဲက်ေတာ့မည္မွ ကာကြယ္ေပးလိုက္သည္။

"ၫႊန္း အဆင္ေျပရဲ႕လား။"

"ဟုတ္ ရ ရပါတယ္။ က်ေတာ္ ျပန္ေတာ့မယ္။"

"ကိုယ္ လိုက္ပို႔ေပးမယ္။"

ၫႊန္း က သူ႕ပုခုံးမ်ားအား ဆုတ္ကိုင္ေပးထားသည့္ ဦးဥကၠာယံ လက္မ်ားအား ညင္သာစြာ တြန္းထုတ္လိုက္ကာ ျငင္းလိုက္သည္။ သို႔ေသာ္လည္း ထိုခနမွာတင္ သူ႕ ေျခေထာက္မ်ား ျပန္လည္ေပ်ာ့ေခြက်သြားသည္။

ဦးဥကၠာယံ က ၫႊန္း ေျပာသည္ကို ဂ႐ုမစိုက္ေတာ့ဘဲ ေပြ႕ခ်ီကာ ၿခံတံခါးေရွ႕တြင္ ရပ္ထားသည့္ ကားေပၚတင္လိုက္သည္။ သူ ၫႊန္း အိမ္မွ မျပန္ခင္ ညစာေကြၽးခ်င္သည္မို႔ အလုပ္မွ အျမန္ျပန္ေျပးလာေသာ္လည္း ၿခံေရွ႕တံခါးပြင့္ေနခဲ့သည္။ မသကၤာသည္ေၾကာင့္ အေျပးဝင္လာေသာ္ ယခုျမင္ကြင္းအား ျမင္ရျခင္းျဖစ္သည္။

ဦးဥကၠာယံ ေဘးခုံတြင္ထိုင္ေနသည့္ ၫႊန္း အား ကားေမာင္းရင္းလွမ္းၾကည့္မိေတာ့ တစ္ကိုယ္လုံး တုန္ယင္ေနသည္။ ေၾကာက္လန႔္စရာျဖစ္ရပ္တစ္ခုအား ျမင္ေတြ႕လိုက္ရသည့္ပုံမ်ိဳးပင္။ ဦးဥကၠာယံ ေဒါသမီးတို႔ေတာက္သြားရသည္။

(စံပယ္ ဒီ မိန္းမေတာ့ကြာ။ေတာက္။)

ကားရပ္လိုက္ကာ အိမ္ေရွ႕ေရာက္လာၿပီမို႔ တံခါးဖြင့္ကာ ၫႊန္း ကားေပၚမွ ဆင္းလိုက္သည့္အခါ ေခြေခါက္လဲက်သြားသည္။ ၿခံထဲရွိ သနပ္ခါးပန္းပင္မ်ားအား ေရေလာင္းေနသည့္ ဦးလြိုင္ အေရွ႕မွကားသံေၾကာင့္ ထြက္ၾကည့္လိုက္သည့္အခါ။

"ၫႊန္း။"

လ်င္ျမန္စြာေျပးသြားလိုက္ေသာ္လည္း ဦးဥကၠာယံမွ လက္ဦးသြားကာ ၫႊန္း ရဲ႕ ေပ်ာ့ေခြေနေသာ ကိုယ္ေလးမွာ သူ႕လက္‌တြင္းသို႔ ဆင္းသက္သြားသည္။

"မင္း။ ၫႊန္း ကို မထိနဲ႕။"

ဦးလြိုင္ က ၫႊန္း အား ဦးဥကၠာယံ လက္တြင္းဆီမွ ေပြ႕ခ်ီကာ ယူလိုက္သည္။ ၿခံေရွ႕ ႐ုတ္႐ုတ္သဲသဲ အသံေတြေၾကာင့္ ဦးဘြဲ႕လင္း နဲ႕ ေဒၚမႉးစႏၵာ တို႔ ေျပးထြက္လာၾကသည္။ သတိလစ္ေနေသာ ၫႊန္း အား အလယ္တြင္ထားကာ မ်က္လုံးတိုက္ပြဲ ျဖစ္ေနၾကသည့္ အမ်ိဳးသားႏွစ္ေယာက္ၾကားဝင္ကာ ၫႊန္း အား ဆြဲယူလိုက္သည္။

"မိန္းမ...‌ဆရာဝန္ကို ဖုန္းဆက္လိုက္။"

ေဒၚမႉးစႏၵာ က အိမ္ထဲ အျမန္ေျပးသြားကာ ဧည့္ခန္းထဲရွိ အိမ္ဖုန္းအား အလ်င္အျမန္ျဖင့္ နံပါတ္တစ္ခုဆီသို႔ ေခၚလိုက္သည္။ ဦးဘြဲ႕လင္း သည္လည္း ၫႊန္း အား ေက်ာေပၚတြင္ တင္ကာ အိမ္ထဲဝင္သြားသည္။

ဦးလြိုင္ လည္း ေနာက္မွ လိုက္ကာ ဦးဘြဲ႕လင္း‌ ေက်ာေပၚမွ ၫႊန္း အား ေပြ႕ခ်ီယူလိုက္သည္။ ဦးလြိုင္ မွာ ဦးဥကၠာယံ မဝင္နိုင္ေစရန္ ၿခံေရွ႕တံခါး ပိတ္ဖို႔လည္း မေမ့ခဲ့ေပ။

အခ်ိန္မၾကာခင္မွာပင္ ဆရာဝန္ေရာက္လာကာ ၫႊန္း အားစစ္ေဆးေပးသည္။

"ထိတ္လန႔္စရာ တစ္စုံတစ္ခုကို ႀကဳံလိုက္ရလို႔ ေသြးပ်က္ၿပီး အားနည္းသြားတာပါ။ အားေဆးသြင္းေပးထားတာမို႔၊ ခနေနနိုးလာမွာပါ။ အဲ့အခါ အာဟာရရွိမယ့္ ဟာေလးတစ္ခုေကြၽးလိုက္ပါ။ ဒါဆို က်ေတာ့္ကို ခြင့္ျပဳပါအုံးဗ်။"

ၫႊန္း ရဲ႕ ကိုယ္ေလးက အနည္းငယ္ေအးစက္ေနကာ တုန္ယင္ေနသည္။ ဦးလြိုင္ က သူ႕လက္ေလးအား လက္ႏွစ္ဖက္ျဖင့္ ႏြေးေထြးစြာ ဆုတ္ကိုင္လိုက္သည္။

"ၫႊန္း ရယ္။ ဘာေတြျဖစ္ေနရတာလဲ။"
....

အသက္ရႉၾကပ္တယ္။...

လည္ပင္းတြင္ စြပ္လ်က္ေနေသာ ႀကိဳးကြင္းအား ဆုတ္ကိုင္ထားမိသည္။ မ်က္ရည္မ်ား ပိုးပိုးေပါက္ေပါက္က်လာကာ ရွင္သန္မႈႀကိဳးမွ်င္ေလးအား ဆက္လက္ဆြဲကိုင္ထားခ်င္မိသည္။

သူ မေသခ်င္ေသးဘူး။...

ဆုံးျဖတ္လိုက္သည့္အရာတစ္ခုက လုပ္ၿပီးခါမွ မွားေနမွန္း သိလိုက္ရသည္။

႐ုန္းကန္ေနမိသည္။ လာကယ္မည့္သူအား ေမွ်ာ္လင့္မိသည္။

ကြၽီ ဆိုသည့္ အသံႏွင့္အတူ အခန္းတံခါးပြင့္ဟ သြားခဲ့သည္။ အနည္းငယ္ လန႔္သြားသည့္ ထိုအမ်ိဳးသမီးအား ၾကည့္ကာ အကူအညီေတာင္းမိသည္။

ကယ္ပါ။...

စကားသံေတာ့ ထြက္မလာေပ။ မ်က္ဝန္းတို႔က အကူအညီေတာင္းခံေနသည္။ ထို အမ်ိဳးသမီး သည္ ေခတၱမွ် တုံ႕ဆိုင္းေနကာ တံခါးအား ျဖည္းညင္းစြာ ျပန္ပိတ္လိုက္သည္။

သူေနာက္ဆုံးျမင္လိုက္ရသည္က ထိုအမ်ိဳးသမီး၏ ေလွာင္ၿပဳံးဟန္ ကပ္ညိေနေသာ ေအးစက္စက္ မ်က္ဝန္းတစ္စုံ။
....

ၫႊန္း အသက္ကို လုရႉကာ ေခြၽးေစးတို႔ပ်ံလ်က္ လန႔္နိုးလာသည္။

"ၫႊန္း။"

ေဘးတြင္ သူ႕ အား စိုးရိမ္စြာၾကည့္ေနသည့္ ဦးလြိုင္။

"ၫႊန္း အိမ္မက္ဆိုးေတြ မက္ေနတာလား။"

အသက္ပင္လုရႉေနရသည့္အတြက္ ဦးလြိုင္ အား အေျဖမျပဳနိုင္ေပ။

ဦးလြိုင္ က ေၾကာက္လန႔္ေနသည့္ ၫႊန္း အား ႏွစ္သိမ့္ေပးရန္ အလို႔ငွာ မတ္တပ္ရပ္လ်က္ ၫႊန္း ေခါင္းေလးအား ရင္ခြင္ထဲထည့္ကာ ေပြ႕ဖက္ ထားလိုက္သည္။ ဆံႏြယ္ေလလးမ်ားအား ပြတ္သတ္ေပးရင္း ခပ္ၿငိမ္ၿငိမ္သံစဥ္တစ္ခုအား ညီးလ်က္ရွိသည္။

ၫႊန္း.. ဦးလြိုင္ ရဲ႕ အကၤ်ီစ ကို ဆုတ္ကိုင္ထားမိသည္။ သူ သည္ ၫႊန္း ေယာင္ေဆာင္ထားသည့္ သူတစ္ေယာက္သာျဖစ္သည္။ သူ႕ ညစ္ညမ္းလြန္းသည့္ သ႐ုပ္မွန္အား ဦးလြိုင္ သိသြားပါက လက္ခံေပးနိုင္မည္လား။ သို႔မဟုတ္ သူ ခ်စ္ခင္ႏွစ္သက္သည့္ ၫႊန္း ကိုယ္ထဲတြင္ ဝင္ေရာက္ ေနထိုင္ေနျခင္းေၾကာင့္ မုန္းတီးသြားမည္လား။

အတိတ္အား ျပန္လည္မွတ္မိသြားျခင္းကို ေနာင္တရမိေသာ္ျငားလည္း ေရွာင္လႊဲ၍ရေသာ အရာတစ္ခုေတာ့ မဟုတ္ေပ။

သူသည္ ႏြယ္နီ ဟုေခၚသည့္ ေယာက္်ားပ်က္တစ္ေယာက္သာျဖစ္သည္။
....

ဦးဥကၠာယံ အိမ္မျပန္ေပ။ ၫႊန္း အိမ္ေရွ႕တြင္ ကားရပ္ကာ ၫႊန္း အခန္းေလးအား ေမာ့ၾကည့္ကာ ေစာင့္ေနမိသည္။ ေသေသာသူျပန္ရွင္ရိုး ထုံးစံ မရွိေသာ္လည္း ထိုလူငယ္အား ညီ ဟု စိတ္ထဲမွ ရိုးရွင္းစြာ သိေနသည္။

ညီ အား တင္ရွိေနေသာ အျပစ္ေႂကြးမ်ားအား ထိုလူငယ္ေလးဆီတြင္  ေပးဆပ္ခ်င္မိသည္။ အျပစ္ရွိစိတ္ေၾကာင့္ ျဖစ္နိုင္သလို၊ မိမိကိုယ္ကိုယ္ စိတ္သက္သာရာရေစခ်င္ေသာေၾကာင့္လည္းျဖစ္နိုင္သည္။ အတၱႀကီးေသာ စိတ္တို႔ေၾကာင့္ ညီ ဟု ယူဆမိေသာ ထိုလူငယ္အား ထပ္မံပိုင္ဆိုင္ခ်င္မိသည္။
.....




Continue Reading

You'll Also Like

463K 16.6K 192
Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of an idol...
427K 26.8K 39
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
70.6K 3.7K 28
Hooked onto drugs, no family, no guidance or sanity until she met HIM. Cover Creds: @Triceynexttdoor ❤️ -BLICKY.
232K 14.1K 45
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...