MIDNIGHT

By KommyRam

3.2K 717 72

အချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေ... More

EPISODE 0
PERMISSION
CHARACTER INTRODUCE
EPISODE 1
EPISODE 2
EPISODE 3
EPISODE 4
EPISODE 5
EPISODE 7
EPISODE 8
EPISODE 9
EPISODE 10
EPISODE 11
EPISODE 12
EPISODE 13
EPISODE 14
EPISODE 15
EPISODE 16
EXPLAIN
EPISODE 17
EPISODE 18
EPISODE 19
EPISODE 20
DAWN : 21

EPISODE 6

110 31 0
By KommyRam

အိမ်ရှေ့က ကားဟွန်းတီးသံ ကြားတာနဲ့ မျှော်နေတဲ့ သူများ ဖြစ်မလားဆိုတဲ့ အထင်နဲ့ Jongwoo ပြေးထွက်သွားမိတယ်၊ တကယ်လည်း ဟုတ်ပါတယ် ဘေးအိမ်က ကောင်လေး Hee Choi ပြန်လာပြီ

သူ့ကို မြင်တာနဲ့ အပြုံးတွေနဲ့ ကြိုဆိုနေတဲ့ ကောင်လေး၊ မြင်ရတာ အေးချမ်းလွန်းတယ် မဟုတ်လား၊ ကောင်လေး သူ့ရှေ့ကို ရောက်တာနဲ့ Jongwoo ဖက်ထားလိုက်မိတယ် အခုပဲ လွတ်ထွက်သွားတော့မယ့် ပူဖောင်းလိုမျိုး သူ Hee Choi ကို၊ မဟုတ်ဘူး Choi Hee Chang ဆိုတဲ့ ဘေးအိမ်က ကောင်လေးကို

ဒါပေမယ့် သူရဲ့ လက်ကျန်အားတွေက အဲ့အချိန်မှာပဲ ကုန်သွားပြီထင်ပါရဲ့၊ သူချက်ချင်း အမှောင်ထုထဲကို ရောက်သွားတော့သည်

-

သူ့ကို မြင်တာနဲ့ အပြေးလာဖက်တဲ့ Hyung ကြောင့် Jay တကယ်ကို အံ့အားသင့်သွားရပါတယ်၊

" ဘယ်လိုလုပ် Hyung က သူ့ကို "

ဒါပေမယ့် Hyungက ချက်ချင်းမေ့လဲ ကျသွားတာကြောင့် စိုးရိမ်စိတ်က ထိုးတက်လာခဲ့သည်၊

" Hyung Hyung ကျွန်တော် ခေါ်နေတာကြားလား သတိထားပါဦး Hyung Jongwoo Hyung "

Jay အချိန်ဆွဲမနေဘဲ Hyung ကို အိမ်ထဲမြန်မြန် ပွေ့ခေါ်သွားလိုက်တယ်၊ Hyung ကို အိပ်ယာပေါ် အသာချလိုက်ပြီး ဒေါ်ကြီးကိုအမြန်သွားခေါ်လိုက်သည်

" ဒေါ်ဒေါ် Jongwoo Hyung မေ့လဲသွားတယ်၊ ဒီအနီး အနားမှာ ဆေးခန်းရှိလား ကျွန်တော်‌တို့ Doctor အမြန်ခေါ်မှ ဖြစ်မယ် "

" ဒီနားလေးတင်ပဲ ဒေါ်ဒေါ်သွားခေါ်လိုက်မယ် သား Jongwoo လေးနားမှာ ခဏနေနေပေး "

ပြောပြီးတာနဲ့ ခပ်သွက်သွက် ထွက်သွားသော အဒေါ်ကြီး၊ Jay လည်း Hyung နားမှာပဲ နေရင်း အဒေါ်ကြီး အလာကို စောင့်နေလိုက်တော့သည်၊

Hyung က ဒီနေ့ လက်တို အင်္ကျီဝတ်ထားတာကို သူအခုမှသတိထားမိသည်၊ Hyungရဲ့ လက်မှာ သူတစ်ခါမှမမြင်ဖူးတဲ့ Tattoo ရှ်ိနေပါသည်၊တကယ်ကို လက်ရာမြောက်ပြီးလှတဲ့ တက်တူး မဟုတ်လား၊ ဒါကို သူဘာလို့အရင်ကမမြင်မိတာပါလိမ့်၊ သေချာတာကတော့ အင်္ကျီလက်ရှည် အမြဲဝတ်ထားတတ်တဲ့ Hyung ကြောင့်ပေါ့

လက်တစ်ဖက်က တက်တူးလှလှလေးကို ကြည့်ရင်း နောက်တစ်ဖက်မှာရော ရှိနေဦးမလားဆိုပြီး Jay ကြည့်လိုက်တဲ့ အချိန် မြင်လိုက်ရတဲ့ အကြည်းတန်တဲ့ ပြတ်ရှရာတွေ၊ အမာရွတ်‌တွေ

" ဒီအရာတွေက ဘယ်လိုလုပ် ဘယ်လိုလုပ်ပြီး Hyung ဆီမှာ ရှိနေရတာလဲ "

Jay တကယ် တုန်လှုပ်သွားရပါသည်၊ ဘာလို့ Hyung က ဒီအခြေအနေတွေထိ၊ ဒီဖြစ်ရပ်တွေရဲ့ တရားခံက တာဝန် အပြည့်အဝရှိနေတဲ့သူက

" Hyung ကကျ ဒီလိုမျိုးနေနေရပြီး သူကရော
အဲ့ဒီလူကျ ဘာလို့ ဘာလို့လဲ "

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လှပပြီး သာယာတဲ့ တောင်ပေါ်တစ်ခုကို ရောက်နေတဲ့ Jay နဲ့ သူ၊ လက်ထဲမှာ Camera ကို ကိုင်ထားပြီး သူ့ကို လိုက်ရိုက်နေတဲ့ Jay

" Hyung ဒီကို ကြည့် ရိုက်တော့မယ်နော် 1 2 3 "

" ဝိုးး ပုံလှလှလေးပဲ နောက်တစ်ပုံ နောက်တစ်ပုံ "

သူ့ကို ပြောရင်းနဲ့ Jayကအနောက်ကို တ‌ဖြေးဖြေး ဆုတ်နေတယ်၊ နောက်ပြန်လှမ်းလျှောက်ပြီးသူ့ကို ဓာတ်ပုံလိုက်ရိုက်နေတဲ့ Jay တောင်အစွန်းနားကို ရောက်နေတာကို မသိ

တ‌ဖြေး‌ဖြေး ခြေလှမ်းတွေကို နောက်ဆုတ်နေတဲ့
Jay၊ ခြေလှမ်း အရေအတွက် တစ်လှမ်း .... နှစ်လှမ်း ..... သုံးလှမ်း မြောက်မှာ

" Jay ထပ်မတိုးနဲ့တော့ အနောက်မှာ "

" Jay ရပ်လိုက်တော့ မြန်မြန်ခြေလှမ်းတွေကို ဆက်တိုးနဲ့တော့ "

Jongwoo သတိပေးဖို့ရာအားယူနေပေမယ့် သူအသားကုန်အော်ဟစ်ပြီးပြောဖို့ရာ ကြိုးစားနေပေမယ့် အသံကလုံးဝထွက်မလာ

" သူ့မျက်စိရှေ့တင်ပဲ Jay က တောင်အောက်ကို "

Jongwoo အသားကုန်အော်လိုက်မိတဲ့အခါမှ သူ့အသံထွက်လာပါသည်၊

" Jay "

ရုတ်တရက် သူ့နာမည်ကိုအော်ပြီး နိုးလာတဲ့ Hyung

" Hyung Hyung ရရဲ့လား၊ အဆင်ပြေရဲ့လား ဘာမှမဖြစ်ဘူးနော် ရေအရင်သောက်လိုက်ဦး "

‌ကမ်းပေးတဲ့ ရေခွက်ကိုမယူဘဲ သူ့ကိုဖက်တွယ်လာသည့် Hyung၊ ပါးစပ်ကလည်း တတွတ်တွတ်ပြောနေပါသေးသည်၊

" ဘာမှ မဖြစ်ဘူးမလား Jay မင်းဘာမှ မဖြစ်လို့ တော်ပါသေးတယ် "

Jongwoo ညကအိပ်မက်ကိုပဲထပ်မက်နေမိပြန် သည်၊ ဘာလို့ ဒီအိပ်မက်ကိုမှ ထပ်မက်နေရတာလဲ စိတ်တွေ မွန်းကြပ်လိုက်တာ၊ တကယ်ကြီး ကြုံနေရသလိုမျိုး သူတကယ်ကြီး ဆုံးရှူံးလိုက်ရသလိုမျိုး သူခံစားနေရသည်၊

" ကျွန်တော်ဘာမှမဖြစ်ပါဘူး Hyung ရဲ့၊ ရေအရင်သောက်လိုက်ဦး ကြည့်ပါဦး ချွေးတွေလဲ အရမ်းထွက်နေတယ်၊ Hyung အိပ်မက်ဆိုးတွေ မက်လို့လား "

" Hyung သတိရလာလို့ တော်သေးတာပေါ့ Dr. က ဘာမှမဖြစ်ဘူးပြောပေမယ့် ကျွန်တော်က စိတ်ပူနေတာ Hyung ညဘက်တွေ အိပ်ရေးပျက်လို့ ခုလို မူးလဲသွားတာတဲ့၊ Hyung ကောင်းကောင်း အိပ်မပျော်ဘူးလားဟင် "

" ဟင် ...အင်း မပျော်တဲ့ညတွေလည်း ရှိတာပေါ့ "

" ကျွန်တော် Hyung ရဲ့ စန္ဒရားကို တီးခွင့်ရှိမလား "

အဆက်အစပ်မရှိဘဲ စန္ဒရားအကြောင်း ရုတ်တ ရက် ထပြောလာတဲ့ Jay

" မရဘူး "

Jong Woo နှစ်ခါ စဉ်းစားစရာ မလိုဘဲကို တန်းငြင်းလိုက်မိတယ်၊

" ဘာလို့လဲ "

သူ့ အမေးကို Jongwoo Hyung ပြန်မဖြေ စန္ဒရားကိုပဲ ခပ်တွေတွေ ကြည့်နေတယ်၊

သူစန္ဒရားနားကို လျှောက်သွားလိုက်ပြီး

" ကျွန်တော် Hyung ကို သီချင်းတစ်ပုဒ်ဆိုပြမယ်၊ Hyung အတွက်လား Hyung ချစ်တဲ့သူအတွက်ရယ်လား သေသေချာချာ မသိပေမယ့် ကျွန်တော်ဆိုပြချင်တယ် Hyung နားထောင်မယ်မလား "

Jay ထပ်ပြီး ခွင့်ပြုချက်တောင်းလိုက်တော့ Hyung က ခေါင်းငြိတ်ပြလာသည်

ခွင့်ပြုချက်ရတာနဲ့ Jay စန္ဒရားပေါ် သူ့လက်တွေကို အသာတင်လိုက်ပြီး သံစဉ်အတိုင်း စီးမျောရင်း သူ့ရဲ့ချိုသာတဲ့အသံနဲ့ စတင်သီဆိုလိုက်သည်၊

There goes my heart beating
ကိုယ့်နှလုံးသားလေး ခုန်နေတယ်

cause you are the reason
မင်းလေးကြောင့်မို့ပေါ့

I'm losing my sleep
ကိုယ်အိပ်မရတဲ့တွေလည်း များနေပြီ

please come back now
ကျေးဇူးပြုကိုယ့်ဆီ ပြန်လာပေးပါ

and there goes my mind racing
ကိုယ့်ရဲ့အတွေးတွေလည်း ဗြောင်းဆန်နေပြီ

And you are my reason
ပြီးတော့ အကြောင်းပြချက်က မင်းလေးမို့ပါ

that i'm still breathing
ကိုယ် အသက်ရှင်နေရခြင်းရဲ့ပေါ့

I'm hopeless now
အခု‌တော့ ကိုယ် မျှော်လင့်ချက်တွေ မဲ့ကုန်ပြီ

I'd climb every mountain
ကိုယ် တောင်တိုင်းကို ကျော်ဖြတ်လာမယ်

And swim every ocean
ပြီးတော့ သမုဒ္ဒရာတိုင်းကို ကူးဖြတ်လာမယ်

Just to be with you
မင်း‌နဲ့ အတူရှိနေဖို့အတွက်ပေါ့

And Fix what I've broken
ကိုယ့်ရဲ့လိုအပ်ချက်တွေ အားလုံးကို ပြုပြင်ပါ့မယ်

Oh cause I need you to see
မင်းလေးသိဖို့ လိုအပ်တဲ့ အတွက်ကြောင့်ပါ

That you are the reason
မင်းလေးက အကြောင်းပြချက်ဆိုတာကိုပေါ့

-

There goes my hands shaking
ကိုယ့်လက်တွေလည်း တုန်ရီနေပြီ

And you are the reason
အကြောင်းပြချက်က မင်းလေးပါ

My heart keeps bleeding
ကိုယ့်နှလုံးသားလေးက သွေးထွက်လွန်နေတယ်

I need you now
ကိုယ် အခုမင်းကို လိုအပ်တယ်

And if I could turn back the clock
အကယ်၍ အချိန်ကို နောက်ပြန်ဆုတ်လို့ရခဲ့ရင်

I'd make sure the light defeated the dark
မှောင်ဆုံးအချိန်တွေကို ကိုယ် သေချာပေါက် အနိုင်ယူနိုင်အောင် ကြိုးစားမယ်

I'd spend every hour of every day
ကိုယ်ရဲ့ အချိန်တိုင်း နေ့ရက်တွေတိုင်းကို

Keeping you safe
မင်းကို လုံခြုံအောင်ထားရင်းနဲ့ ကုန်ဆုံးမယ်

I'd climb every mountain
ကိုယ် တောင်တိုင်းကို ကျော်ဖြတ်လာမယ်

And swim every ocean
ကိုယ်သမုဒ္ဒရာတိုင်းကိုလည်း ကူးဖြတ်လာမယ်

Just to be with you
မင်းနဲ့အတူရှိဖို့ အတွက်ပါပဲ

And fix what I've broken
ကိုယ့်ရဲ့လိုအပ်ချက်တွေကို ပြုပြင်ပါ့မယ်

" Jay တော်ပါတော့ "

" Jay ရပ်လိုက်ပါတော့ Jay "

Jongwoo ဘယ်လောက်ပဲ ပြောနေပါစေ သူ့ရဲ့အသံတွေက Jay ရဲ့သံစဉ်တွေကို တိုး၍ မပေါက်နိုင်၊

သံစဉ်တစ်ခုချင်းစီတိုင်းက သူ့နှလုံးသားကို ဓားနဲ့ တစ်ချက်ချင်း ထိုးနေသလိုမျိုး Jongwoo ခံစားနေရပါသည်၊

" Oh cause I need you to see "
မင်းလေး သိဖို့လိုအပ်လို့ပါ

နားထောင်နေရတဲ့သူက နာကျင်ခံစားနေရတယ်၊ သီဆိုပြနေတဲ့ သူကရော မနာကျင်ရတော့ဘူးလား၊ စီးကျနေတဲ့ မျက်ရည်တွေကို Jay မသုတ်အားပါ၊ Hyung နဲ့ထပ်တူ သူ့ရဲ့နှလုံးသားသည်လည်း ကြေကွဲလို့နေပါသည်၊

" That you are the reason "
အဲ့ဒီအကြောင်းပြချက်က မင်းလေးဆိုတာ

" Hee Choi ဆက်မဆိုပါနဲ့တော့ ငါတောင်းပန်ပါတယ် "

နောက်ဆုံးမှာတော့ Jay ရပ်လိုက်ပြီး နားနှစ်ဖက်ကို လက်နဲ့အုပ်ပြီး ငိုနေတဲ့ Hyung ကို တင်းတင်း ကြပ်ကြပ် ဖက်ထားလိုက်ပါတော့သည်၊

" မနာကျင်ပါနဲ့တော့ ဒီထက်ပိုပြီး Hyung နာကျင်နေရမှာကို ကျွန်တော် မမြင်ရက်တော့ဘူး "

တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ငိုကြွေးနေတဲ့ သူနှစ်ယောက်၊ သူတို့ရဲ့ နှလုံးသားတွေက တကယ်ပဲ သွေးထွက်လွန်နေခဲ့တယ်၊ နာကျင်နေရင်းနဲ့ ထပ်ပြီး နာကျင်‌ရတဲ့ အခိုက်အတန့်တွေ ရပ်တန့်သွားဖို့ရာ စိတ်ရင်းနဲ့ဆုတောင်းနေမိမယ်ထင်ပါသည်၊

Recommend song - The Reason

__________________________________________________________________________________________

AN // Jay ပြန်ဆိုထားတဲ့ The Reason လေးလည်း ရှိပါတယ်၊ Jay အသံလေးနဲ့ တွဲပြီး နားထောင်ချင်ရင် YouTube မှာ တစ်ချက်ရှာကြည့်လို့ ရတယ်နော်၊ အပြည့်အစုံမပါတာမို့ ဒီမှာ မထည့်ပေးတော့တာပါ

Continue Reading

You'll Also Like

8.9K 96 18
(All 63P) Season 1 End Artist- OLU_1132 Alexis Channelမှာ တင်ပြီးပါပြီ။
13K 380 3
𝘚𝘮𝘶𝘵 𝘴𝘩𝘰𝘳𝘵 𝘴𝘵𝘰𝘳𝘪𝘦𝘴 𝘤𝘰𝘭𝘭𝘦𝘤𝘵𝘪𝘰𝘯 𝘳𝘦𝘭𝘢𝘵𝘦𝘥 𝘵𝘰"𝘴𝘶𝘯𝘴𝘶𝘯" [𝘪𝘯𝘤𝘭𝘶𝘥𝘦𝘥 𝘢 𝘭𝘰𝘵 𝘰𝘧 '𝘴𝘦𝘯𝘶𝘢𝘭𝘭𝘺 𝘪𝘯𝘵�...
51.1K 5.1K 23
Sung Han Bin & Zhang Hao Side Couple = Minamz Written by Burmese
1.1M 44.3K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...