Unicode..
ကျောင်းခရီးကပြန်ရောက်ပြီးနောက်ပိုင်း ပုံမှန်နေ့စဉ်ဘဝကို ပြန်လည်ဖြတ်သန်းချိန်ကျ ရှဉ့်ပေါက်စကိုနမ်းဖို့ ရှဉ့်ပေါက်စကို ဖက်ဖို့နှင့် ရှဉ့်ပေါက်စအတွက် အချိန်ပေးဖို့ရယ် သခင်လေးအတွက်အလုပ်တွေ ထပ်တိုးလာခဲ့သလို ဟိုဆော့နေ့စဉ်ဘဝတွင်လည်း ရည်းစားရပြီးနောက်ပိုင်းကျောင်းတူတူမသွားခင် သခင်လေးပါးပေါ် အနမ်းတစ်ပွင့်ပေးရတာနဲ့ အချိန်အပိုင်းအလုပ်ပြီးချိန်ကျ ဖုန်းဆက်ပြီးလာကြိုဖို့ အမြဲခေါ်ရတာနဲ့ ဖြတ်သန်းရသည့်နေရက်များက ကြည်နူးစရာများသာဖြစ်နေခဲ့သည်။
ခုလည်း အချိန်ပိုင်းအလုပ်ပြီးသွားတာမို့ ဆိုင်ရှေ့က လှေကားအဆင်းလေးမှာ သခင်လေး လာကြိုတာကို ထိုင်စောင့်နေချိန် အမြွှာနှစ်ကောင်က မပြန်သေးဘဲသူ့နားရစ်တီ ရစ်တီလုပ်နေသည်။
"ရူဘီ...နင့်သူငယ်ချင်းရည်းစားရနေပြီထင်တယ်"
"ဟုတ်လောက်တယ် ဂျိမ်းစ်...
အလုပ်ဆင်းချိန်တိုင်း ငါတို့သာပြန်သွားတယ် ဟိုဆော့အမြဲ အဲ့လိုထိုင်စောင့်ပြီး ကျန်ခဲ့တာ...
မရဘူး ဒီနေ့တော့ ငါတို့ အိမ်မပြန်ဘဲအမိဖမ်းရအောင်..."
"အေး သွားမယ်..လာ..."
"ဟိုဆော့ မပြန်သေးဘူးလား..."
"အမလေး...လန့်လိုက်တာ..."
လှေကားထစ်နား ထိုင်ရင်း ဖုန်းကိုကြည့်ရင်း သခင်လေးလာကြိုတာကို မျှော်နေချိန် ပြဲလွန်းသည့် ရူဘီ့၏ အော်သံကြောင့် လိပ်ပြာလွင့်မတတ် လန့်သွားရသည်။
"ဖြည်းဖြည်းပြောလည်းရပါတယ် အာပြဲစိန်ရယ်.."
"စကားလမ်းကြောင်းမလွှဲနဲ့ အိမ်မပြန်သေးဘူးလား အဲ့မှာဘာထိုင်လုပ်နေတာ..."
"ဘာမှ...မလုပ်ပါဘူး
ဒီတိုင်း အိမ်မပြန်ချင်သေးလို့ ပျင်းလို့ထိုင်နေတာ..."
"အရမ်း ပျင်းနေတယ်ပေါ့..
အရမ်းပျင်းနေရင်လာ ငါတို့နဲ့ ကာရာအိုကေဆိုင်သွားမယ်..."
"လိုက်လို့မရဘူး ငါအိမ်ပြန်နောက်ကျလို့ မဖြစ်.."
"တိတ်!!!!
ဘာသံမှထပ် မထွက်နဲ့ လိုက်ခဲ့..."
အာပြဲစိန်မရူဘီက ငြင်းခွင့်တောင်မပြု သူ့ဂုတ်ကနေဆွဲပြီး ဆိုင်ကိုရအောင်ခေါ်သွားတာမို့ သူလည်းအမြွှာနှစ်ကောင်ကြားညပ်ကာ ပြေးမလွတ်ဘဲ ပါသွားတော့သည်။
ဆိုင်ကိုရောက်တော့ အမြွှာနှစ်ကောင်က မိုက်တစ်ယောက်တစ်ချောင်းစီကိုင်ကာ Talyor Swift ရဲ့ Bad Blood ကိုအပြီ ဖြဲပြီးဆိုနေပေမယ့် သူကတော့ ထောင့်ဆုံးကဆိုဖာတွင်ကပ်ထိုင်ကာ သူ့ကိုစိတ်ပူပြီးဖုန်းတွေခေါ်ထားသည့် သခင်လေးကိုစာပို့နေတော့သည်။
*ဆော့ မင်းဘယ်ရောက်သွားတာလဲ ကိုယ့်ကိုမစောင့်ဘဲပြန်သွားတာလား*
*မဟုတ်ဘူးထယ် သူငယ်ချင်းတွေကအတင်းဆွဲခေါ်လို့ ကာရာအိုကေဆိုင်ကိုပါသွားတာ*
"ထယ်...
ထယ်ဆိုတာက သူသခင်လေးကို ရည်စားဖြစ်ပြီးကတည်းက ခေါ်ဖြစ်ခဲ့တဲ့နာမ်စားလေး ထယ်လို့ခေါ်ရင် သခင်လေးကအရမ်းသဘောကျသလို သူကိုယ်တိုင်ကလည်း အဲ့လိုခေါ်ခွင့်ရခဲ့တာကို ကျေနပ်နေတာ..."
*ကာရာအိုကေဆိုင်??
ဘယ်ဆိုင်လဲခုပြော လိုက်လာခဲ့မယ်...*
*မလာနဲ့ မဖြစ်ဘူး သူငယ်ချင်းတွေသိသွားရင်
မကောင်းဘူး...*
*ခုချက်ချင်း location ဖွင့်လိုက်...
ငါမဆူချင်ဘူးနော် ဟိုဆော့ ခုဖွင့်!!"
စိတ်ဆိုးပြီး location ဖွင့်ခိုင်းနေတဲ့ ချစ်ရသူကိုစာပြန်ဖို့လုပ်နေချိန် သီချင်းဆိုနေတဲ့ ရူဘီက ဖုန်းကြည့်နေတာကိုမြင်သွားပြီး သီချင်းဆိုနေရင်း မိုက်ကြီးနဲ့ ထအော်တော့သည်။
"Cause baby now we get bad blood...
ဟေ့....ဂျောင်ဟိုဆော့....
You know it used to be mad love...
ဖုန်းချပြီး ခုထလာစမ်း!!
So take a look what you've done...
လာပါဆို ထိုင်နေတုန်း!!
Cause baby now we get bad blood...
(Hey!!) ထလာ...."
တစ်ဖက်ကလည်းသီချင်းဆိုနေတာမပျက် ကြားထဲမှာလည်းရအောင် သူ့ကိုခေါ်နေတဲ့ ရူဘီ့ကိုကြည့်ရင်း အံ့ဩလို့မဆုံး...
တကယ့်ကိုဘယ်လိုဟာတွေနဲ့ သူပေါင်းမိခဲ့မှန်းကို မသိတာ...
ထမသွားပဲ ပေကပ်ပြီးဆက်ထိုင်နေလိုက်တော့ သူ့ကိုလာဆွဲခေါ်ကာ မိုက်ပေးရင်း သီချင်းတစ်ပုဒ်ထပ်ဖွင့်ရင်း ကကာ ဆိုနေပြန်သည်။
မျောက်လောင်းနှစ်ကောင်ကြား မိုက်ကြီးကိုင်ရင်း ဒီတိုင်းရပ်နေလိုက်တော့ ဆယ်မိနစ်လောက်ကြာတော့ တစ်စုံတစ်ယောက်က သူတို့အခန်းတံခါးကိုဆွဲဖွင့်ကာ အခန်းထဲခွင့်ပြုချက် မတောင်းဘဲ ဝင်လာသည်။
"Yarr...ဘယ်လိုဝန်ထမ်းလဲ
ခွင့်ပြချက်တောင်းရမယ်ဆိုတာမသိဘူးလား.."
အာပြဲစိန်က ဝန်ထမ်းထင်ပြီး အော်နေသူကိုကြည့်လိုက်တော့ ဟိုဆော့ စိတ်ထဲထင်နေသူမှန်နေတာကြောင့်ဆက်မကြည့်ဘဲ တစ်ဖက်သို့လှည့်လိုက်ကာ မျက်နှာကိုလက်နဲ့အုပ်ထားရင်း ကွယ်ထားလိုက်သည်။
"ဘာကို ဝန်ထမ်းလဲ ငါ ဝန်ထမ်းမဟုတ်ဘူး..."
"ဝန်ထမ်းမဟုတ်ရင် ပိုတောင်ဆိုးသေးတာပေါ့
သူများ အခန်းမှားဝင်မိရင် တောင်းပန်ရမယ်ဆိုတာမသိဘူးလား ဘာလို့လေသံကမာနေတာ.."
"ဟုတ်တယ် မင်းလှုမှုရေးနားမလည်ဘူးလား.."
အမြွှာနှစ်ကောင်ရဲ့ တင်းမာမှုက တဖြည်းဖြည်း ပိုတိုးလာနေတာမို့ သုံးယောက်သား ရန်မဖြစ်ဖို့ကိုသာ ကြိတ်ပြီး ဆုတောင်းနေလိုက်သည်။
"မင်းတို့နှစ်ကောင် ပါးစပ်လေးခဏပိတ်ပေးလို့ရမလား မင်းတို့အခန်းထဲဝင်လာပါတယ်ဆိုမှ အကြောင်းရှိလို့ဝင်လာတာပေါ့ ငါ့ရည်းစား ငါလာပြန်ခေါ်တာ..."
"ရည်းစား??
အခန်းမှားနေပြီထင်တယ် ဒီမှာ မင်းရည်းစား ဆိုတဲ့သူ မရှိဘူး..."
"ဘာလို့မရှိရမှာ ဒီမှာလေ ငါ့ရည်းစား..."
ဝင်လာကတည်းကနေ တစ်ချိန်လုံး မျက်နှာကိုကွယ်ကာ ပုန်းနေသူနား လျှောက်သွားကာ လက်ကိုဆွဲကိုင်ရင်း ပြောလိုက်တော့ ရုပ်ဆင်တဲ့ အမြွှာနှစ်ကောင် အံ့ဩကာပါးစပ်တွေပွင့်ဟရင်း မိုက်တွေပါ ပစ်ချကုန်သည်။
"ငါသိနေတယ်လေ..
ဂျောင်ဟိုဆော့ရည်းစားရှိတာတောင် ငါတို့ကို မင်းလျှို့ဝှက်ထားရက်တယ်နော် တော်တော် အကျင့်ပုတ်တဲ့ကောင်..."
"ဟိုဆော့ကို အကျင့်ပုတ်တယ်မပြောနဲ့
မကြိုက်ဘူး..."
ဂျိမ်းစ်က သူငယ်ချင်း အချင်းချင်းအမြဲစနောက်နေကျမို့ပြောလိုက်ပေမယ့် မမျှော်လင့်ဘဲ အော်ခံလိုက်ရတာမို့ နည်းနည်းတော့ဝမ်းနည်းသွားသည်။
အရင်ကတည်းက သူငယ်ချင်းလေးယောက်သား ဘာလုပ်လုပ်အမြဲအတူတကွလုပ်ကြတာ အခုတော့အရင်ကလို သူတို့နေချင်သလို နေလို့မရတော့ဘူး ဆိုတာပါ တစ်ပြိုင်နက် တွေးမိသွားသည်။
"ဂျိမ်းစ်ကို မအော်ပါနဲ့ ထယ်..
ငါတို့ကသူငယ်ချင်းတွေမို့ အရင်ကတည်းက အဲ့လိုစနောက်နေကြ...
ပြန်တောင်းပန်လိုက်နော်...."
"အဟမ်း...ဆောရီးပါ..
စိတ်နည်းနည်းဆတ်သွားလို့..."
"ရပါတယ် ဘာမှမဖြစ်ပါဘူး..."
"ဟိုဆော့ နင့်ရည်းစားကို ငါတို့နဲ့ မိတ်ဆက်ပေးဦးလေ..."
"အော်...နာမည်က ကင်မ်ထယ်ယောင်းတဲ့
ငါနဲ့အသက်တူတူ ကျောင်းတူတူပဲ..."
"တွေ့ရတာ ဝမ်းသာပါတယ် ကင်မ်ထယ်ယောင်းပါ...."
"အာညော် ငါက ရူဘီ ဒါက ငါ့အမြွှာအကို ဂျိမ်းစ်
တွေ့ရတာဝမ်းသာပါတယ်...."
ရူဘီကတော့ ဝမ်းသာစွာနဲ့ သူ့အကိုလက်မောင်းကို ဖက်ပြီးနှုတ်ဆက်လိုက်ပေမယ့် ဂျိမ်းစ်ကတော့ ကင်မ်ထယ်ယောင်းဆိုတဲ့ နာမည်ကြားကတည်းက ငြိမ်ကျသွားတော့သည်။
"ခု မိုးချုပ်နေပြီမို့ ဟိုဆော့ကို ခေါ်သွားတော့မယ်နော် နောက်ကျမှ ကြုံရင်ဧည့်ခံပါမယ်..."
"ရပါတယ် ခေါ်သွားပါ ငါတို့လည်းပြန်တော့မှာ
ဟိုဆော့ တာ့တာ..."
"အင်း အမြွှာတို့ တာ့တာ...
မနက်ဖြန်မှတွေ့ကြမယ်..."
တစ်ယောက်နဲ့တစ်ယောက်လက်တွဲကာ နှုတ်ဆက်ရင်း ထွက်သွားတဲ့ အတွဲကိုကြည့်ပြီး ရူဘီကအားကျသလို ကြည့်ရင်း သူ့အကို့ကို လက်မောင်းကနေ ဆွဲရင်း ရမ်းနေတော့သည်။
"ကြည့်စမ်း ဂျိမ်းစ် ငါတို့ဟိုဆော့လေး ချစ်တတ်သွားပြီကွ သူ့ဘဲကလည်းသူ့ကို အရမ်းချစ်တဲ့ပုံပဲ အား!!!.....အားကျလိုက်တာ..."
"အားကျမနေနဲ့ နင်အဲ့လူအကြောင်းမသိသေးတာတွေရှိသေးတယ် ငါတော့ ဟိုဆော့ကို သူနဲ့ဆို စိတ်မချနိုင်တော့ဘူး ရူဘီ..."
"ဟင်...ဘာကို....
Yarr...ပြောပြဦး...."
*ဂျောင်ကုကို ဖုန်းဆက်ပြီး အဲ့အကြောင်းကို ပြောပြရမယ် ဂျောင်ကုလည်းမသိသေးဘူးထင်တယ် ဘယ်လိုဖြစ်လို့ ဟိုဆော့က သူ့ကိုအနိုင်ကျင့်နေကြလူနဲ့မှ ကြိုက်မိသွားရတာ တကယ့်ကို နားမလည်နိုင်တော့ဘူး...*
အတင်လိုက်မေးနေတဲ့ ရူဘီ့ကို ခဏတိတ်ခိုင်းရင်း ဂျောင်ကုကို ဖုန်းဆက်လိုက်တော့ ဂျောင်ကုက ချက်ချင်းဖုန်းဖြေသည်။
"ဟယ်လို..ဘရို.."
"ဂျောင်ကု မင်းဟိုဆော့ ရည်းစားရနေပြီဆိုတာ သိလား..."
"ဘာ!!! ဟိုဆော့က ရည်းစားရနေပြီ ဟုတ်လို့လား"
"ဟုတ်ပါတယ်ဆို ဒီနေ့ဘဲ ရူဘီနဲ့ငါ့ကို မိတ်ဆက်ပေးသွားတယ် အဲ့တာထက်ငါပြောချင်တာက သူရည်းစားက ဘယ်သူလဲဆိုတာရောမင်းသိလား"
"ရည်းစားရှိမှန်းတောင် ငါမသိပါဘူးဆို
ဘယ်လိုလို့ ငါကသိမှာတုန်း ဂျိမ်းစ်ရာ..."
"ကင်မ်ထယ်ယောင်းတဲ့!!"
"ဘာ!!!!"
အံ့ဩသွားပုံရတဲ့ ဂျောင်ကုအော်လိုက်ပုံက ဂျိမ်းစ်တစ်ယောက် နားပါအူသွားသလို ဘေးနားကနေကပ်ကာနားထောင်နေတဲ့ ရူဘီပါတုန်သွားသည်။
"ဘယ်လိုဖြစ်လို့ အဲ့လောက်အော်နေတာ
ဂျောင်ကုရာ နားကွဲတော့မှာပဲ....
ငါတို့ဘာဆက်လုပ်ကြမလဲ..."
"ငါတော့ ဘာမှဆက်လုပ်စရာမလိုဘူးလို့ထင်တယ်"
"ဟမ်...ဘာလို့လဲ..."
"ကင်မ်ထယ်ယောင်းက အရင်ကငါတို့သိခဲ့တဲ့ ကင်မ်ထယ်ယောင်းမဟုတ်ဘူး ခုပြောင်းလဲနေပြီ..."
"ဟမ်...ငါသိပ်နားမလည်ဘူး..."
"ဒီလိုကွာ...ဂျိမ်းစ်ရာ
မင်းတို့ကတော့ သူ့ကို အရင်က ဟိုဆော့ကို အနိုင်ကျင့်ခဲ့လို့ စိုးရိမ်နေတယ်ဆိုတာကို ငါနားလည်ပါတယ် ဒါပေမယ့် ကင်မ်ထယ်ယောင်းက ဟိုဆော့အပေါ် ဆက်ဆံပုံတွေပြောင်းလဲနေခဲ့တာကြာပြီ အမြဲတမ်း ဟိုဆော့ဆို စိတ်ပူပြီး ချိုသာနေတာတွေ့လို့ သူ ဟိုဆော့ကိုကြိုက်နေမှန်း ငါရိပ်တော့ရိပ်မိပေမယ့် ဟိုဆော့ပါ ပြန်ကြိုက်သွားမယ်လို့ မထင်ထားလို့ အံ့ဩမိရုံ သူငယ်ချင်း မင်းဟိုဆော့ကို စိတ်ချလို့ရပါတယ် ကင်မ်ထယ်ယောင်းက ဟိုဆော့အပေါ် တစ်ခုခု မဟုတ်တာလုပ်ခဲ့ရင် သူ့ကိုအရင်ဆုံး သတ်မယ့်ကောင်က ငါပဲမို့ ဘာမှစိတ်ပူမနေနဲ့တော့..."
"အေးပါ အေးပါ မင်းက သူတို့နဲ့အနီးကပ်ဆုံးလူမို့ မင်းကိုပဲ အားကိုးပါတယ်"
"အေးပါကွာ ဒါပဲနော်
ငါဖုန်းချတော့မယ်.."
"အေး...အေး...ဘိုင့်"
ဖုန်းချလိုက်တာနဲ့ ပြောသမျှ အကုန်ကြားသွားတာကြောင့် ဘေးနားမှာ ကျောက်ရုပ်လို ရပ်ကာ သူ့ကိုကြည့်နေတဲ့ သူ့ညီမ အမွှေစိန်နဲ့ မျက်လုံးချင်းဆုံတော့သည်။
"ဂျိမ်းစ် ဘာတွေတုန်း နင်နဲ့ဂျောင်ကု ပြောနေတာတွေက တကယ်လား ဘာလို့ငါပဲမသိခဲ့တာလဲ.."
"ဘာမှမဖြစ်ပါဘူး ရူဘီရာ ခုအားလုံးရှင်းသွားပြီပဲဟာ အဲ့လိုပုံစံလုပ်မနေနဲ့ လာအိမ်ပြန်ကြမယ်"
"ဟိုဆော့ တကယ် အဆင်ပြေနေတာပါနော်"
"အော...ခုနက ဟိုဆော့ပြုံးပျော်နေလို့တောင် နင်အားကျနေတာမလား တော်ပြီ အဲ့အကြောင်းတွေမတွေးနဲ့တော့ လာ Taxi စီးပြီးပြန်ကြမယ်.."
ခုမှသိပြီး ဝမ်းနည်းနေတဲ့ ညီမလေးကို မြန်မြန်ဆွဲခေါ်ကာ taxiပေါ်တင်ပြီး အိမ်မြန်မြန်ပြေးရသည်။
"နောက်ငါးမိနစ်လောက်ဆို ဒီငဂျစ်မ အတွေးလွန်ပြီး ငိုတော့မယ်ဆိုတာကို သူသိနေတယ်လေ.."
......................
တစ်ဖက်က ချစ်ကြည်နူးနေတဲ့အတွဲကလည်း အိမ်အပြန်လမ်းတွင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲကာ စကားပြောရယ်မောရင်း လျှောက်ကြပေမယ့် ကင်မ်အိမ်တော်ကြီးရှေ့ရောက်တော့ ဟိုဆော့ကတွဲလက်ကိုအရင်ဖြုတ်ကာ အရှေ့ကအရင်ဝင်သွားပြီး ထယ်ယောင်းက သုံးမိနစ်လောက်ကြာမှ ခြံတံခါးကိုဖွင့်ကာလိုက်ဝင်သည်။
နှစ်ယောက်သား အနောက်ကို အမြဲလိုက်ပြီး ဓာတ်ပုံရိုက်နေတဲ့တစ်စုံတစ်ယောက်ကိုတော့ နှစ်ယောက်လုံး ခုထိကို သတိမထားမိသေးပေ။
.......
Zawgi..
ေက်ာင္းခရီးကျပန္ေရာက္ၿပီးေနာက္ပိုင္း ပုံမွန္ေန႔စဥ္ဘဝကို ျပန္လည္ျဖတ္သန္းခ်ိန္က် ႐ွဥ့္ေပါက္စကိုနမ္းဖို႔ ႐ွဥ့္ေပါက္စကို ဖက္ဖို႔ႏွင့္ ႐ွဥ့္ေပါက္စအတြက္ အခ်ိန္ေပးဖို႔ရယ္ သခင္ေလးအတြက္အလုပ္ေတြ ထပ္တိုးလာခဲ့သလို ဟိုေဆာ့ေန႔စဥ္ဘဝတြင္လည္း ရည္းစားရၿပီးေနာက္ပိုင္းေက်ာင္းတူတူမသြားခင္ သခင္ေလးပါးေပၚ အနမ္းတစ္ပြင့္ေပးရတာနဲ႔ အခ်ိန္အပိုင္းအလုပ္ၿပီးခ်ိန္က် ဖုန္းဆက္ၿပီးလာႀကိဳဖို႔ အၿမဲေခၚရတာနဲ႔ ျဖတ္သန္းရသည့္ေနရက္မ်ားက ၾကည္ႏူးစရာမ်ားသာျဖစ္ေနခဲ့သည္။
ခုလည္း အခ်ိန္ပိုင္းအလုပ္ၿပီးသြားတာမို႔ ဆိုင္ေ႐ွ႕က ေလွကားအဆင္းေလးမွာ သခင္ေလး လာႀကိဳတာကို ထိုင္ေစာင့္ေနခ်ိန္ အႁမႊာႏွစ္ေကာင္က မျပန္ေသးဘဲသူ႕နားရစ္တီ ရစ္တီလုပ္ေနသည္။
"႐ူဘီ...နင့္သူငယ္ခ်င္းရည္းစားရေနၿပီထင္တယ္"
"ဟုတ္ေလာက္တယ္ ဂ်ိမ္းစ္...
အလုပ္ဆင္းခ်ိန္တိုင္း ငါတို႔သာျပန္သြားတယ္ ဟိုေဆာ့အၿမဲ အဲ့လိုထိုင္ေစာင့္ၿပီး က်န္ခဲ့တာ...
မရဘူး ဒီေန႔ေတာ့ ငါတို႔ အိမ္မျပန္ဘဲအမိဖမ္းရေအာင္..."
"ေအး သြားမယ္..လာ..."
"ဟိုေဆာ့ မျပန္ေသးဘူးလား..."
"အမေလး...လန္႔လိုက္တာ..."
ေလွကားထစ္နား ထိုင္ရင္း ဖုန္းကိုၾကည့္ရင္း သခင္ေလးလာႀကိဳတာကို ေမွ်ာ္ေနခ်ိန္ ၿပဲလြန္းသည့္ ႐ူဘီ့၏ ေအာ္သံေၾကာင့္ လိပ္ျပာလြင့္မတတ္ လန္႔သြားရသည္။
"ျဖည္းျဖည္းေျပာလည္းရပါတယ္ အာၿပဲစိန္ရယ္.."
"စကားလမ္းေၾကာင္းမလႊဲနဲ႔ အိမ္မျပန္ေသးဘူးလား အဲ့မွာဘာထိုင္လုပ္ေနတာ..."
"ဘာမွ...မလုပ္ပါဘူး
ဒီတိုင္း အိမ္မျပန္ခ်င္ေသးလို႔ ပ်င္းလို႔ထိုင္ေနတာ..."
"အရမ္း ပ်င္းေနတယ္ေပါ့..
အရမ္းပ်င္းေနရင္လာ ငါတို႔နဲ႔ ကာရာအိုေကဆိုင္သြားမယ္..."
"လိုက္လို႔မရဘူး ငါအိမ္ျပန္ေနာက္က်လို႔ မျဖစ္.."
"တိတ္!!!!
ဘာသံမွထပ္ မထြက္နဲ႔ လိုက္ခဲ့..."
အာၿပဲစိန္မ႐ူဘီက ျငင္းခြင့္ေတာင္မျပဳ သူ႕ဂုတ္ကေနဆြဲၿပီး ဆိုင္ကိုရေအာင္ေခၚသြားတာမို႔ သူလည္းအႁမႊာႏွစ္ေကာင္ၾကားညပ္ကာ ေျပးမလြတ္ဘဲ ပါသြားေတာ့သည္။
ဆိုင္ကိုေရာက္ေတာ့ အႁမႊာႏွစ္ေကာင္က မိုက္တစ္ေယာက္တစ္ေခ်ာင္းစီကိုင္ကာ Talyor Swift ရဲ႕ Bad Blood ကိုအၿပီ ၿဖဲၿပီးဆိုေနေပမယ့္ သူကေတာ့ ေထာင့္ဆုံးကဆိုဖာတြင္ကပ္ထိုင္ကာ သူ႕ကိုစိတ္ပူၿပီးဖုန္းေတြေခၚထားသည့္ သခင္ေလးကိုစာပို႔ေနေတာ့သည္။
*ေဆာ့ မင္းဘယ္ေရာက္သြားတာလဲ ကိုယ့္ကိုမေစာင့္ဘဲျပန္သြားတာလား*
*မဟုတ္ဘူးထယ္ သူငယ္ခ်င္းေတြကအတင္းဆြဲေခၚလို႔ ကာရာအိုေကဆိုင္ကိုပါသြားတာ*
"ထယ္...
ထယ္ဆိုတာက သူသခင္ေလးကို ရည္စားျဖစ္ၿပီးကတည္းက ေခၚျဖစ္ခဲ့တဲ့နာမ္စားေလး ထယ္လို႔ေခၚရင္ သခင္ေလးကအရမ္းသေဘာက်သလို သူကိုယ္တိုင္ကလည္း အဲ့လိုေခၚခြင့္ရခဲ့တာကို ေက်နပ္ေနတာ..."
*ကာရာအိုေကဆိုင္??
ဘယ္ဆိုင္လဲခုေျပာ လိုက္လာခဲ့မယ္...*
*မလာနဲ႔ မျဖစ္ဘူး သူငယ္ခ်င္းေတြသိသြားရင္
မေကာင္းဘူး...*
*ခုခ်က္ခ်င္း location ဖြင့္လိုက္...
ငါမဆူခ်င္ဘူးေနာ္ ဟိုေဆာ့ ခုဖြင့္!!"
စိတ္ဆိုးၿပီး location ဖြင့္ခိုင္းေနတဲ့ ခ်စ္ရသူကိုစာျပန္ဖို႔လုပ္ေနခ်ိန္ သီခ်င္းဆိုေနတဲ့ ႐ူဘီက ဖုန္းၾကည့္ေနတာကိုျမင္သြားၿပီး သီခ်င္းဆိုေနရင္း မိုက္ႀကီးနဲ႔ ထေအာ္ေတာ့သည္။
"Cause baby now we get bad blood...
ေဟ့....ေဂ်ာင္ဟိုေဆာ့....
You know it used to be mad love...
ဖုန္းခ်ၿပီး ခုထလာစမ္း!!
So take a look what you've done...
လာပါဆို ထိုင္ေနတုန္း!!
Cause baby now we get bad blood...
(Hey!!) ထလာ...."
တစ္ဖက္ကလည္းသီခ်င္းဆိုေနတာမပ်က္ ၾကားထဲမွာလည္းရေအာင္ သူ႕ကိုေခၚေနတဲ့ ႐ူဘီ့ကိုၾကည့္ရင္း အံ့ဩလို႔မဆုံး...
တကယ့္ကိုဘယ္လိုဟာေတြနဲ႔ သူေပါင္းမိခဲ့မွန္းကို မသိတာ...
ထမသြားပဲ ေပကပ္ၿပီးဆက္ထိုင္ေနလိုက္ေတာ့ သူ႕ကိုလာဆြဲေခၚကာ မိုက္ေပးရင္း သီခ်င္းတစ္ပုဒ္ထပ္ဖြင့္ရင္း ကကာ ဆိုေနျပန္သည္။
ေမ်ာက္ေလာင္းႏွစ္ေကာင္ၾကား မိုက္ႀကီးကိုင္ရင္း ဒီတိုင္းရပ္ေနလိုက္ေတာ့ ဆယ္မိနစ္ေလာက္ၾကာေတာ့ တစ္စုံတစ္ေယာက္က သူတို႔အခန္းတံခါးကိုဆြဲဖြင့္ကာ အခန္းထဲခြင့္ျပဳခ်က္ မေတာင္းဘဲ ဝင္လာသည္။
"Yarr...ဘယ္လိုဝန္ထမ္းလဲ
ခြင့္ျပခ်က္ေတာင္းရမယ္ဆိုတာမသိဘူးလား.."
အာၿပဲစိန္က ဝန္ထမ္းထင္ၿပီး ေအာ္ေနသူကိုၾကည့္လိုက္ေတာ့ ဟိုေဆာ့ စိတ္ထဲထင္ေနသူမွန္ေနတာေၾကာင့္ဆက္မၾကည့္ဘဲ တစ္ဖက္သို႔လွည့္လိုက္ကာ မ်က္ႏွာကိုလက္နဲ႔အုပ္ထားရင္း ကြယ္ထားလိုက္သည္။
"ဘာကို ဝန္ထမ္းလဲ ငါ ဝန္ထမ္းမဟုတ္ဘူး..."
"ဝန္ထမ္းမဟုတ္ရင္ ပိုေတာင္ဆိုးေသးတာေပါ့
သူမ်ား အခန္းမွားဝင္မိရင္ ေတာင္းပန္ရမယ္ဆိုတာမသိဘူးလား ဘာလို႔ေလသံကမာေနတာ.."
"ဟုတ္တယ္ မင္းလႈမႈေရးနားမလည္ဘူးလား.."
အႁမႊာႏွစ္ေကာင္ရဲ႕ တင္းမာမႈက တျဖည္းျဖည္း ပိုတိုးလာေနတာမို႔ သုံးေယာက္သား ရန္မျဖစ္ဖို႔ကိုသာ ႀကိတ္ၿပီး ဆုေတာင္းေနလိုက္သည္။
"မင္းတို႔ႏွစ္ေကာင္ ပါးစပ္ေလးခဏပိတ္ေပးလို႔ရမလား မင္းတို႔အခန္းထဲဝင္လာပါတယ္ဆိုမွ အေၾကာင္း႐ွိလို႔ဝင္လာတာေပါ့ ငါ့ရည္းစား ငါလာျပန္ေခၚတာ..."
"ရည္းစား??
အခန္းမွားေနၿပီထင္တယ္ ဒီမွာ မင္းရည္းစား ဆိုတဲ့သူ မ႐ွိဘူး..."
"ဘာလို႔မ႐ွိရမွာ ဒီမွာေလ ငါ့ရည္းစား..."
ဝင္လာကတည္းကေန တစ္ခ်ိန္လုံး မ်က္ႏွာကိုကြယ္ကာ ပုန္းေနသူနား ေလွ်ာက္သြားကာ လက္ကိုဆြဲကိုင္ရင္း ေျပာလိုက္ေတာ့ ႐ုပ္ဆင္တဲ့ အႁမႊာႏွစ္ေကာင္ အံ့ဩကာပါးစပ္ေတြပြင့္ဟရင္း မိုက္ေတြပါ ပစ္ခ်ကုန္သည္။
"ငါသိေနတယ္ေလ..
ေဂ်ာင္ဟိုေဆာ့ရည္းစား႐ွိတာေတာင္ ငါတို႔ကို မင္းလွ်ိဳ႕ဝွက္ထားရက္တယ္ေနာ္ ေတာ္ေတာ္ အက်င့္ပုတ္တဲ့ေကာင္..."
"ဟိုေဆာ့ကို အက်င့္ပုတ္တယ္မေျပာနဲ႔
မႀကိဳက္ဘူး..."
ဂ်ိမ္းစ္က သူငယ္ခ်င္း အခ်င္းခ်င္းအၿမဲစေနာက္ေနက်မို႔ေျပာလိုက္ေပမယ့္ မေမွ်ာ္လင့္ဘဲ ေအာ္ခံလိုက္ရတာမို႔ နည္းနည္းေတာ့ဝမ္းနည္းသြားသည္။
အရင္ကတည္းက သူငယ္ခ်င္းေလးေယာက္သား ဘာလုပ္လုပ္အၿမဲအတူတကြလုပ္ၾကတာ အခုေတာ့အရင္ကလို သူတို႔ေနခ်င္သလို ေနလို႔မရေတာ့ဘူး ဆိုတာပါ တစ္ၿပိဳင္နက္ ေတြးမိသြားသည္။
"ဂ်ိမ္းစ္ကို မေအာ္ပါနဲ႔ ထယ္..
ငါတို႔ကသူငယ္ခ်င္းေတြမို႔ အရင္ကတည္းက အဲ့လိုစေနာက္ေနၾက...
ျပန္ေတာင္းပန္လိုက္ေနာ္...."
"အဟမ္း...ေဆာရီးပါ..
စိတ္နည္းနည္းဆတ္သြားလို႔..."
"ရပါတယ္ ဘာမွမျဖစ္ပါဘူး..."
"ဟိုေဆာ့ နင့္ရည္းစားကို ငါတို႔နဲ႔ မိတ္ဆက္ေပးဦးေလ..."
"ေအာ္...နာမည္က ကင္မ္ထယ္ေယာင္းတဲ့
ငါနဲ႔အသက္တူတူ ေက်ာင္းတူတူပဲ..."
"ေတြ႕ရတာ ဝမ္းသာပါတယ္ ကင္မ္ထယ္ေယာင္းပါ...."
"အာေညာ္ ငါက ႐ူဘီ ဒါက ငါ့အႁမႊာအကို ဂ်ိမ္းစ္
ေတြ႕ရတာဝမ္းသာပါတယ္...."
႐ူဘီကေတာ့ ဝမ္းသာစြာနဲ႔ သူ႕အကိုလက္ေမာင္းကို ဖက္ၿပီးႏႈတ္ဆက္လိုက္ေပမယ့္ ဂ်ိမ္းစ္ကေတာ့ ကင္မ္ထယ္ေယာင္းဆိုတဲ့ နာမည္ၾကားကတည္းက ၿငိမ္က်သြားေတာ့သည္။
"ခု မိုးခ်ဳပ္ေနၿပီမို႔ ဟိုေဆာ့ကို ေခၚသြားေတာ့မယ္ေနာ္ ေနာက္က်မွ ၾကဳံရင္ဧည့္ခံပါမယ္..."
"ရပါတယ္ ေခၚသြားပါ ငါတို႔လည္းျပန္ေတာ့မွာ
ဟိုေဆာ့ တာ့တာ..."
"အင္း အႁမႊာတို႔ တာ့တာ...
မနက္ျဖန္မွေတြ႕ၾကမယ္..."
တစ္ေယာက္နဲ႔တစ္ေယာက္လက္တြဲကာ ႏႈတ္ဆက္ရင္း ထြက္သြားတဲ့ အတြဲကိုၾကည့္ၿပီး ႐ူဘီကအားက်သလို ၾကည့္ရင္း သူ႕အကို႔ကို လက္ေမာင္းကေန ဆြဲရင္း ရမ္းေနေတာ့သည္။
"ၾကည့္စမ္း ဂ်ိမ္းစ္ ငါတို႔ဟိုေဆာ့ေလး ခ်စ္တတ္သြားၿပီကြ သူ႕ဘဲကလည္းသူ႕ကို အရမ္းခ်စ္တဲ့ပုံပဲ အား!!!.....အားက်လိုက္တာ..."
"အားက်မေနနဲ႔ နင္အဲ့လူအေၾကာင္းမသိေသးတာေတြ႐ွိေသးတယ္ ငါေတာ့ ဟိုေဆာ့ကို သူနဲ႔ဆို စိတ္မခ်ႏိုင္ေတာ့ဘူး ႐ူဘီ..."
"ဟင္...ဘာကို....
Yarr...ေျပာျပဦး...."
*ေဂ်ာင္ကုကို ဖုန္းဆက္ၿပီး အဲ့အေၾကာင္းကို ေျပာျပရမယ္ ေဂ်ာင္ကုလည္းမသိေသးဘူးထင္တယ္ ဘယ္လိုျဖစ္လို႔ ဟိုေဆာ့က သူ႕ကိုအႏိုင္က်င့္ေနၾကလူနဲ႔မွ ႀကိဳက္မိသြားရတာ တကယ့္ကို နားမလည္ႏိုင္ေတာ့ဘူး...*
အတင္လိုက္ေမးေနတဲ့ ႐ူဘီ့ကို ခဏတိတ္ခိုင္းရင္း ေဂ်ာင္ကုကို ဖုန္းဆက္လိုက္ေတာ့ ေဂ်ာင္ကုက ခ်က္ခ်င္းဖုန္းေျဖသည္။
"ဟယ္လို..ဘ႐ို.."
"ေဂ်ာင္ကု မင္းဟိုေဆာ့ ရည္းစားရေနၿပီဆိုတာ သိလား..."
"ဘာ!!! ဟိုေဆာ့က ရည္းစားရေနၿပီ ဟုတ္လို႔လား"
"ဟုတ္ပါတယ္ဆို ဒီေန႔ဘဲ ႐ူဘီနဲ႔ငါ့ကို မိတ္ဆက္ေပးသြားတယ္ အဲ့တာထက္ငါေျပာခ်င္တာက သူရည္းစားက ဘယ္သူလဲဆိုတာေရာမင္းသိလား"
"ရည္းစား႐ွိမွန္းေတာင္ ငါမသိပါဘူးဆို
ဘယ္လိုလို႔ ငါကသိမွာတုန္း ဂ်ိမ္းစ္ရာ..."
"ကင္မ္ထယ္ေယာင္းတဲ့!!"
"ဘာ!!!!"
အံ့ဩသြားပုံရတဲ့ ေဂ်ာင္ကုေအာ္လိုက္ပုံက ဂ်ိမ္းစ္တစ္ေယာက္ နားပါအူသြားသလို ေဘးနားကေနကပ္ကာနားေထာင္ေနတဲ့ ႐ူဘီပါတုန္သြားသည္။
"ဘယ္လိုျဖစ္လို႔ အဲ့ေလာက္ေအာ္ေနတာ
ေဂ်ာင္ကုရာ နားကြဲေတာ့မွာပဲ....
ငါတို႔ဘာဆက္လုပ္ၾကမလဲ..."
"ငါေတာ့ ဘာမွဆက္လုပ္စရာမလိုဘူးလို႔ထင္တယ္"
"ဟမ္...ဘာလို႔လဲ..."
"ကင္မ္ထယ္ေယာင္းက အရင္ကငါတို႔သိခဲ့တဲ့ ကင္မ္ထယ္ေယာင္းမဟုတ္ဘူး ခုေျပာင္းလဲေနၿပီ..."
"ဟမ္...ငါသိပ္နားမလည္ဘူး..."
"ဒီလိုကြာ...ဂ်ိမ္းစ္ရာ
မင္းတို႔ကေတာ့ သူ႕ကို အရင္က ဟိုေဆာ့ကို အႏိုင္က်င့္ခဲ့လို႔ စိုးရိမ္ေနတယ္ဆိုတာကို ငါနားလည္ပါတယ္ ဒါေပမယ့္ ကင္မ္ထယ္ေယာင္းက ဟိုေဆာ့အေပၚ ဆက္ဆံပုံေတြေျပာင္းလဲေနခဲ့တာၾကာၿပီ အၿမဲတမ္း ဟိုေဆာ့ဆို စိတ္ပူၿပီး ခ်ိဳသာေနတာေတြ႕လို႔ သူ ဟိုေဆာ့ကိုႀကိဳက္ေနမွန္း ငါရိပ္ေတာ့ရိပ္မိေပမယ့္ ဟိုေဆာ့ပါ ျပန္ႀကိဳက္သြားမယ္လို႔ မထင္ထားလို႔ အံ့ဩမိ႐ုံ သူငယ္ခ်င္း မင္းဟိုေဆာ့ကို စိတ္ခ်လို႔ရပါတယ္ ကင္မ္ထယ္ေယာင္းက ဟိုေဆာ့အေပၚ တစ္ခုခု မဟုတ္တာလုပ္ခဲ့ရင္ သူ႕ကိုအရင္ဆုံး သတ္မယ့္ေကာင္က ငါပဲမို႔ ဘာမွစိတ္ပူမေနနဲ႔ေတာ့..."
"ေအးပါ ေအးပါ မင္းက သူတို႔နဲ႔အနီးကပ္ဆုံးလူမို႔ မင္းကိုပဲ အားကိုးပါတယ္"
"ေအးပါကြာ ဒါပဲေနာ္
ငါဖုန္းခ်ေတာ့မယ္.."
"ေအး...ေအး...ဘိုင့္"
ဖုန္းခ်လိုက္တာနဲ႔ ေျပာသမွ် အကုန္ၾကားသြားတာေၾကာင့္ ေဘးနားမွာ ေက်ာက္႐ုပ္လို ရပ္ကာ သူ႕ကိုၾကည့္ေနတဲ့ သူ႕ညီမ အေမႊစိန္နဲ႔ မ်က္လုံးခ်င္းဆုံေတာ့သည္။
"ဂ်ိမ္းစ္ ဘာေတြတုန္း နင္နဲ႔ေဂ်ာင္ကု ေျပာေနတာေတြက တကယ္လား ဘာလို႔ငါပဲမသိခဲ့တာလဲ.."
"ဘာမွမျဖစ္ပါဘူး ႐ူဘီရာ ခုအားလုံး႐ွင္းသြားၿပီပဲဟာ အဲ့လိုပုံစံလုပ္မေနနဲ႔ လာအိမ္ျပန္ၾကမယ္"
"ဟိုေဆာ့ တကယ္ အဆင္ေျပေနတာပါေနာ္"
"ေအာ...ခုနက ဟိုေဆာ့ျပဳံးေပ်ာ္ေနလို႔ေတာင္ နင္အားက်ေနတာမလား ေတာ္ၿပီ အဲ့အေၾကာင္းေတြမေတြးနဲ႔ေတာ့ လာ Taxi စီးၿပီးျပန္ၾကမယ္.."
ခုမွသိၿပီး ဝမ္းနည္းေနတဲ့ ညီမေလးကို ျမန္ျမန္ဆြဲေခၚကာ taxiေပၚတင္ၿပီး အိမ္ျမန္ျမန္ေျပးရသည္။
"ေနာက္ငါးမိနစ္ေလာက္ဆို ဒီငဂ်စ္မ အေတြးလြန္ၿပီး ငိုေတာ့မယ္ဆိုတာကို သူသိေနတယ္ေလ.."
......................
တစ္ဖက္က ခ်စ္ၾကည္ႏူးေနတဲ့အတြဲကလည္း အိမ္အျပန္လမ္းတြင္ တစ္ေယာက္နဲ႔တစ္ေယာက္ လက္တြဲကာ စကားေျပာရယ္ေမာရင္း ေလွ်ာက္ၾကေပမယ့္ ကင္မ္အိမ္ေတာ္ႀကီးေ႐ွ႕ေရာက္ေတာ့ ဟိုေဆာ့ကတြဲလက္ကိုအရင္ျဖဳတ္ကာ အေ႐ွ႕ကအရင္ဝင္သြားၿပီး ထယ္ေယာင္းက သုံးမိနစ္ေလာက္ၾကာမွ ျခံတံခါးကိုဖြင့္ကာလိုက္ဝင္သည္။
ႏွစ္ေယာက္သား အေနာက္ကို အၿမဲလိုက္ၿပီး ဓာတ္ပုံ႐ိုက္ေနတဲ့တစ္စုံတစ္ေယာက္ကိုေတာ့ ႏွစ္ေယာက္လုံး ခုထိကို သတိမထားမိေသးေပ။