Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၂၅
*အင်ပါယာ မြို့တော်ရှိ ဈေးဝယ်စင်တာတစ်ခုတွင်*
ချင်ကောက ဉာဏ်စမ်းရုပ်ဆက်အတွဲအသစ်ကို ရွေးချယ်ဖို့ ဖေးဖေးကို ဈေးဝယ်စင်တာဆီ ခေါ်သွားခဲ့သည်။ ချင်ကောက ဖေးဖေး လိုချင်သည့် ဉာဏ်စမ်းရုပ်ဆက်တွေကို စျေးဝယ်လှည်းထဲ ပစ်ထည့်နေစဉ် သူ့ဖုန်းကို ကြည့်နေသည်။
သူတို့က စတိုးဆိုင်ကို ပတ်ကြည့်ပြီးနောက် ငွေရှင်းကောင်တာကို သွားကြသည်။ ငွေကိုင်က ကြီးမားပြီး ရှုပ်ထွေးသည့် ရုပ်ဆက်အတွဲ ၃ ခုကို ကြည့်ရှုပြီး “ရှင်ကတကယ့် ဝါသနာရှင်ပဲ” လို့ ချီးကျူးတဲ့ အရိပ်အမြွက်နဲ့ မှတ်ချက်ပေးခဲ့သည်။
ချင်ကော တခစ်ခစ်ရယ်ပြီး "ကျွန်တော်တော့ မဟုတ်ဘူး ကျွန်တော့်သား"
စျေးဝယ်လှည်းမှာထိုင်နေတဲ့ ကလေးလေးကို ကြည့်ပြီး ငွေကိုင်က အံ့သြသွားသည်။
ချင်ကောက ငွေရှင်းပြီး ဈေးဝယ်လှည်းကို ကားရပ်နားရာနေရာဆီ တွန်းသွားခဲ့သည်။ လမ်းတစ်လျှောက် သူက ဖေးဖေးနဲ့ စကားပြောခဲ့သည်။ "ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း မင်းအမေက ဘယ်လိုလုပ် အဆက်အသွယ်မလုပ်ရတာလဲ။ ငါပေးတဲ့ ခရက်ဒစ်ကတ်ကိုလည်း သူ မသုံးဘူး။ ဘာမှမဝယ်ချင်လို့များလား"
ချင်ကောက သူတို့နောက်ဆုံးအကြိမ် တွေ့ခဲ့တဲ့အချိန်က ဝူထုန်ရဲ့မျက်နှာအမူအရာကို ပြန်စဥ်းစားမိလိုက်သည်။ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသော်လည်း ချက်ချင်း ငြင်းလိုက်သည်။ "သူငါ့ရဲ့ ခရက်ဒစ်ကတ်ကို မလိုချင်တာ များလား။ မဟုတ်နိုင်ဘူး၊ သူ ပိုက်ဆံကိုကြိုက်တယ်ဆိုတာ ရှင်းနေတာပဲ။ ဒါမှမဟုတ် သူ စတော့ရှယ်ယာတွေကို ပိုကြိုက်တာလား။ ဒါပေမယ့် ကုမ္ပဏီက ငါ့ရှယ်ယာတွေကို သူ့ကို မပေးနိုင်ဘူး"
"ငါတို့ သူ့ကို ညစာစားဖို့ခေါ်လိုက်ရင်ကော " ချင်ကော က ဒါကို အရမ်းကောင်းတဲ့ အကြံတစ်ခုလို့ ထင်ခဲ့သည်။ "သူ မင်းအမေဖြစ်လာပြီးတဲ့နောက် မင်းသူ့ကိုမတွေ့ဖူးသေးဘူးမလား "
"ဒီလိုဆိုရင်ကော "
ဖေးဖေးက သူ့ရဲ့မိုက်မဲသောဖခင် တစ်ကိုယ်တည်းတွေးမိတွေးရာကိုပြောနေတာကိုအား ဂရုမစိုက်ခဲ့ပေ။ ယင်းအစား ဉာဏ်စမ်းရုပ်ဆက်တွင်သာ သူ့အကြည့်က ရှိခဲ့သည်။ ချင်ကောက ဖေးဖေးရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို တိတ်တိတ်ဆိတ်ဆိတ် သဘောတူထားပြီး WeChat ကနေ ဝူထုန်ဆီ မက်ဆေ့ချ် မပို့မီ ပစ္စည်းတွေကို ကားထဲထားခဲ့သည်။
(ညစာစားဖို့ လာခေါ်မယ်)
တိတ်ဆိတ်ငြိမ်သက်တဲ့ ကော်ဖီဆိုင်အတွင်း ပန်းချီဆွဲနေတဲ့ ဝူထုန်က အကြောင်းကြားချက်အသံကို ကြားပြီး စစ်ဆေးဖို့ သူမဖုန်းကို ကောက်ကိုင်လိုက်သည်။ သူမက မက်ဆေ့ခ်ျ ဖတ်ရင်း သူမ မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏလောက် စေ့စေ့စပ်စပ် တွေးပြီးတဲ့ နောက်မှာတော့ သူမရဲ့ လက်ရှိတည်နေရာကို ပို့ပေးခဲ့သည်။
ဝူထုန်ရဲ့ တုံ့ပြန်မှုကို ချင်ကော မြင်တဲ့အခါ ကျေနပ်စွာ ပြုံးပြီး ကားစက်နှိုးလိုက်သည်။
နာရီဝက်ခန့်အကြာမှာ ချင်ကောက ဖေးဖေးကို ကော်ဖီဆိုင်တံခါးဝဆီ ခေါ်သွားခဲ့သည်။ အထဲရောက်တော့ ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ ဝူထုန်ကို ချက်ချင်းတွေ့လိုက်ရတယ်။
စားပွဲထိုးအမျိုးသမီးက သူတို့ဆီလာပြီး မေးခဲ့သည်။ “ထိုင်ခုံဘယ်နှစ်ခုံစာယူမလဲ ဆရာ”
ချင်ကော ခေါင်းယမ်းပြီး ဝူထုန်ရဲ့ ဦးတည်ရာကို ညွှန်ပြလိုက်သည်။ စားပွဲထိုးက သူ့စကားကို ချက်ချင်းနားလည်ပြီး နောက်ဆုတ်သွားခဲ့သည်။ ချင်ကောက ဖေးဖေးကို မြေပြင်ပေါ်ပြန်ချပေးလိုက်ပြီး လက်တွဲကာ ဝူထုန်ဆီ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ ဝူထုန်က သူမပုံထဲမှာ ချင်ကောရဲ့ အရိပ်ကို သတိပြုမိတဲ့အခါ ရုတ်တရက် မော့ကြည့်လိုက်သည်။
"ရောက်ပြီလား " ဝူထုန့် မျက်နှာပေါ် အပြုံးတစ်ခုပေါ်လာခဲ့သည်။
ချင်ကောက သူမရဲ့ စူးရှတောက်ပသော အလင်းရောင်ကြောင့် ခဏတာ မျက်စိကွယ်သွားခဲ့သည်။ ဝူထုန့် နှုတ်ခမ်းထောင့်ကို ပေါ့ပါးတဲ့ အနမ်းပေးဖို့ ငုံ့ကိုင်းမလာခင် မသိစိတ်မှ မျက်တောင်ခတ်လိုက်မိသည်။
အခုအချိန်မှာတော့ ဝူထုန်က ဒါကို ဘယ်လိုမှမနေတော့ဘူး။ သူမကို ချင်ကောက တွေ့တိုင်း နမ်းနေတာကြောင့် ဖြစ်နိုင်သည်။ သူမအကြည့်က ချင်ကောရဲ့ ဘယ်ဘက်လက်မောင်းအရှည်ဆီကနေ အရပ်ကစားပွဲခုံထိတောင်မရှည်သေးတဲ့ ကလေးလေးပေါ် ကျရောက်သည်အထိ လိုက်ကြည့်ခဲ့သည်။
"ဒါ ဖေးဖေးလား" ဝူထုန်က မေးလိုက်သည်။
“ဟုတ်တယ်” ချင်ကောက ထပ်မိတ်မဆက်ပေးဘဲ ခေါင်းညိတ်လိုက်သည်။
ဝူထုန်က ကလေးအဝတ်အစား ဒီဇိုင်နာတစ်ဦးဖြစ်ပြီး ကလေးတွေကို အလွန်နှစ်သက်သည်။ ထို့အပြင် ဖေးဖေးက အလွန်ချစ်စရာကောင်းလွန်းသည်။
သူမက ထိုင်ခုံက ထပြီး ဖေးဖေး ရှေ့မှာ ထိုင်ချလိုက်ကာ "မင်္ဂလာပါ ဖေးဖေး အန်တီ့နာမည် ဝူထုန်ပါ" လို့ ပြောရင်း ဖော်ရွေစွာ ပြုံးပြလိုက်သည်။
ဖေးဖေးက ဝူထုန်ကို မော့ကြည့်ပေမယ့် ထိုထက်ပိုပြီး တုံ့ပြန်မှု မရှိခဲ့ပေ။
ဝူထုန် ချင်ကောကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်လျက် မေးခဲ့သည်။ "သူ ကျွန်မကိုသဘောမကျဘူးလား"
"သူက စကားပြောရတာ မကြိုက်တာ" ချင်မိသားစုက ဝူထုန့်ဒုတိယဦးလေးရဲ့ မိသားစုကို ဖေးဖေးက ချင်ကော ၏ ရဲဘော်ရဲဘက်ရဲ့မိဘမဲ့ကလေး ဖြစ်ကြောင်းသာ ပြောပြခဲ့သည်။ သူတို့က ဖေးဖေး ရဲ့ အခြေအနေကို ဘယ်တုန်းကမှ မရှင်းပြခဲ့ဖူးတဲ့အတွက် ဝူထုန်လည်း ဒါကို သတိမထားမိခဲ့ဘူး။
"အန်တီ့ကို မှတ်မိလား" ဝူထုန်က ဖေးဖေးနဲ့ စကားထပ်ပြောဖို့ ကြိုးစားခဲ့သည်။ "အဲဒီနေ့က အင်ပါယာ ဟိုတယ် ရဲ့ လော်ဘီမှာ အန်တီနဲ့သားနဲ့[1] မတော်တဆ တိုက်မိပြီး သားရဲ့အရုပ်လေး ပြုတ်ကျသွားတယ်လေ "
[1] TL မှတ်ချက်- ဝူထုန်က သူ့ကိုယ်သူ "အန်တီ" ဟု အမှန်တကယ် ရည်ညွှန်းထားသည်။ တရုတ်ယဉ်ကျေးမှုမှာ လူတိုင်းဟာ မိသားစုကြီးတစ်ခုလိုပါပဲ၊ ဒါကြောင့် လူတွေဟာ တခြားသူတွေကို ရည်ညွှန်းဖို့ မိသားစုအသုံးအနှုန်းတွေကို သွေးရင်းသားရင်းမဟုတ်သူတွေတောင် သုံးလေ့ရှိကြပါတယ်။
ဖေးဖေး မျက်တောင်ခတ်လိုက်သော်လည်း သူမကို ဘာမှပြန်မပြောသေးပေ။
ဝူထုန်က ကလေးတွေနဲ့ အမြဲတမ်းအဆင်ပြေခဲ့တာကြောင့် ဒီလို အဆင်မပြေတဲ့ အခြေအနေက သူမအတွက် ပထမဆုံးဖြစ်သည်။
"အဲဒါ မမှန်ဘူး" ချင်ကောက ရုတ်တရက် ကြားဖြတ်ပြောခဲ့သည်။
"ဘာ" ဝူထုန် သူ့ကို ပဟေဠိဆန်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်
"မင်း ကိုယ့်ကိုယ်ကို 'အန်တီ' လို့ မရည်ညွှန်းသင့်ဘူး" ချင်ကောက အမှန်ပြင်ပေးခဲ့သည်။ "မင်း ကိုယ့်ကိုယ်ကို 'အမေ' လို့ ရည်ညွှန်းသင့်တယ်"
ဝူထုန့်ရဲ့ လက်ရှိ မျက်နှာအမူအရာမှာ ရှော့ခ်ရနေပြီး သူမ မျက်လုံးတွေက မသိစိတ်မှ ကျယ်သွားတာကို ခံစားလိုက်ရသည်။ ချင်ကော နောက်ပြောင်နေတာလားဆိုတာကို အတည်ပြုဖို့ ဝူထုန်က သူ့ကို အချိန်အကြာကြီး စိုက်ကြည့်ခဲ့တယ်။
တစ်ဖက်တွင် ချင်ကောက ဝူထုန်ရဲ့ တုံ့ပြန်မှုကို စောင့်နေသည်။
သူ့အသိတွေပြန်ဝင်လာပြီးနောက် ဝူထုန် ဖေးဖေးဆီပြန်လှည့်လာပြီး သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ နွေးထွေးစွာ ပြုံးလိုက်ပြီး “အခုချိန်ကစပြီး အန်တီက သားရဲ့အမေဖြစ်လာတော့မှာ။ သား အန်တီ့ကိုသဘောကျမယ်လို့ မျှော်လင့်ပါတယ်"
ဖေးဖေးက စကားတစ်ခွန်းမှ မပြောဘဲ ဝူထုန်ကို ဆက်ကြည့်နေခဲ့သည်။
ဝူထုန် နောက်ဆုံးတွင် တစ်စုံတစ်ခု ရပ်တန့်သွားသလို ခံစားချက်ကို ရရှိလိုက်ပြီး မေးခဲ့သည်။ “ဖေးဖေး ဘယ်လိုဖြစ်တာလဲ…”
"ဖေးဖေးက မင်းကို မရှက်ဘူး ဆိုလိုတာက မင်းကို မသဘောမကျတာမဟုတ်ဘူး" ချင်ကောက ဝူထုန်ရဲ့ မေးခွန်းကို နားမလည်ပုံရပြီး “မင်း ပြီးပြီလား” ဟုမေးကာ နောက်အကြောင်းအရာသို့ တိုက်ရိုက်သွားခဲ့သည်။
"အင်း ပြီးပြီ။" ဝူထုန်က မတ်တပ်ထရပ်လိုက်ပြီး “ကျွန်မပစ္စည်းတွေ သိမ်းလိုက်ဦးမယ်။ ရှင်တို့ ဘာစားချင်ကြလဲ"
“ကိုယ်ဒီကို မရောက်ခင် အပြင်မှာ ကွမ်တုံစားသောက်ဆိုင်ကို တွေ့ခဲ့တယ်။ ဒါမှမဟုတ် အနောက်တိုင်း အစားအစာကို စားချင်လား” ချင်ကောက မေးလိုက်သည်။
"ကွမ်တုံစားသောက်ဆိုင်ကို သွားရအောင်"
သူတို့ ဘာစားမယ် ဆိုတာကို ဆုံးဖြတ်ပြီးနောက် ဝူထုန် က သူမရဲ့ ပန်းချီကားကို အမြန်သိမ်းလိုက်သည်။ သူမ လှည့်ကြည့်လိုက်တော့ ဝူထုန်ကို ထိတ်လန့်သွားစေသည့် သားအဖနှစ်ယောက်က သူမကို စိုက်ကြည့်နေတာကို သူမ သတိပြုမိလိုက်သည်။ သူမက လမ်းလျှောက်သွားပြီး ဖေးဖေး ဘယ်ဘက်လက်ကို နောက်တစ်ကြိမ် ဆုပ်ကိုင်လိုက်သည်။
သုံးယောက်သား ဘေးချင်းကပ်လျက် တံခါးအပြင်ဘက်ကို လျှောက်သွားခဲ့ကြသည်။ ချင်ကောက မြေပြင်ပေါ်က မညီမညာနဲ့ ထူးထူးခြားခြား လိုက်ဖက်ညီသော အရိပ်တွေကို ကြည့်လိုက်သည်။ အနွေးဓာတ်က သူ့မျက်လုံးတွေထဲကို ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။
သူတို့သုံးယောက်ထိုင်ပြီး သိပ်မကြာခင်မှာပဲ စားပွဲထိုးတစ်ယောက်က မီနူးတစ်ခုကို ယူလာပေးသည်။ ဝူထုန် က “ဒီမီနူးမှာ ကလေးတွေအတွက် သင့်တော်တဲ့ဟာ တစ်ခုခုရှိလား” လို့ မမေးခင် မီနူးကို လှန်ကြည့်လိုက်သေးသည်။
ချင်ကော ဝူထုန်ကို အမှတ်မထင် ကြည့်လိုက်သည်။
“ရှိပါတယ်၊ ကျွန်မတို့မှာ ပင်လယ်စာဆန်ပြုတ်နဲ့ ကြက်ဥနို့ပေါင်းရှိပါတယ်” လို့ စားပွဲထိုးက ပြန်ဖြေခဲ့သည်။
"ဘယ်ဟာလိုချင်လဲ" ဝူထုန်က သူမဘေးမှာ ထိုင်နေတဲ့ ဖေးဖေးကို မေးလိုက်သည်။ အရင်အတိုင်းပဲ သူ့ဆီက တုံ့ပြန်မှု မရခဲ့ဘူး။ ချင်ကောရဲ့ပုံစံက ကူညီချင်တဲ့ပုံမပေါ်တဲ့အတွက် ဝူထုန် ခဏတုံ့ဆိုင်းနေပြီး "ဒါနှစ်မျိုးလုံးနဲ့ အချိုပွဲအတွက် ပူတင်းနဲ့ တွဲပေးလို့ရမလား"
“ဟုတ်ကဲ့ရပါတယ်”
မကြာခင်မှာပဲ ဝူထုန်နဲ့ ချင်ကောတို့က နောက်ထပ် ရိုးရှင်းတဲ့ ဟင်းလျာအချို့ကို မှာယူခဲ့သည်။ စားပွဲထိုးထွက်သွားပြီးနောက် ထမင်းစား စားပွဲပေါ်မှ တိတ်ဆိတ်မှုက ကျဆင်းသွားခဲ့သည်။ ဝူထုန်က ဖေးဖေး အကြောင်းမေးချင်ပေမယ့် အနှောင့်အယှက်ဖြစ်စေမှာကို ကြောက်တာကြောင့် အဆုံးတွင် ခေါင်းငုံ့ပြီး ရေသောက်လိုက်ရုံသာပင်။
•••••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အပိုင္း ၂၅
*အင္ပါယာ ၿမိဳ႕ေတာ္႐ွိ ေဈးဝယ္စင္တာတစ္ခုတြင္*
ခ်င္ေကာက ဉာဏ္စမ္း႐ုပ္ဆက္အတြဲအသစ္ကို ေ႐ြးခ်ယ္ဖို႔ ေဖးေဖးကို ေဈးဝယ္စင္တာဆီ ေခၚသြားခဲ့သည္။ ခ်င္ေကာက ေဖးေဖး လိုခ်င္သည့္ ဉာဏ္စမ္း႐ုပ္ဆက္ေတြကို ေစ်းဝယ္လွည္းထဲ ပစ္ထည့္ေနစဥ္ သူ႕ဖုန္းကို ၾကည့္ေနသည္။
သူတို႔က စတိုးဆိုင္ကို ပတ္ၾကည့္ၿပီးေနာက္ ေငြ႐ွင္းေကာင္တာကို သြားၾကသည္။ ေငြကိုင္က ႀကီးမားၿပီး ႐ႈပ္ေထြးသည့္ ႐ုပ္ဆက္အတြဲ ၃ ခုကို ၾကည့္႐ႈၿပီး “႐ွင္ကတကယ့္ ဝါသနာ႐ွင္ပဲ” လို႔ ခ်ီးက်ဴးတဲ့ အရိပ္အႁမြက္နဲ႔ မွတ္ခ်က္ေပးခဲ့သည္။
ခ်င္ေကာ တခစ္ခစ္ရယ္ၿပီး "ကြၽန္ေတာ္ေတာ့ မဟုတ္ဘူး ကြၽန္ေတာ္႕သား"
ေစ်းဝယ္လွည္းမွာထိုင္ေနတဲ့ ကေလးေလးကို ၾကည့္ၿပီး ေငြကိုင္က အံ့ၾသသြားသည္။
ခ်င္ေကာက ေငြ႐ွင္းၿပီး ေဈးဝယ္လွည္းကို ကားရပ္နားရာေနရာဆီ တြန္းသြားခဲ့သည္။ လမ္းတစ္ေလွ်ာက္ သူက ေဖးေဖးနဲ႔ စကားေျပာခဲ့သည္။ "ၿပီးခဲ့တဲ့ရက္အနည္းငယ္အတြင္း မင္းအေမက ဘယ္လိုလုပ္ အဆက္အသြယ္မလုပ္ရတာလဲ။ ငါေပးတဲ့ ခရက္ဒစ္ကတ္ကိုလည္း သူ မသုံးဘူး။ ဘာမွမဝယ္ခ်င္လို႔မ်ားလား"
ခ်င္ေကာက သူတို႔ေနာက္ဆုံးအႀကိမ္ ေတြ႕ခဲ့တဲ့အခ်ိန္က ဝူထုန္ရဲ႕မ်က္ႏွာအမူအရာကို ျပန္စဥ္းစားမိလိုက္သည္။ တစ္စုံတစ္ခုကို ရိပ္မိသြားပုံရေသာ္လည္း ခ်က္ခ်င္း ျငင္းလိုက္သည္။ "သူငါ့ရဲ႕ ခရက္ဒစ္ကတ္ကို မလိုခ်င္တာ မ်ားလား။ မဟုတ္ႏိုင္ဘူး၊ သူ ပိုက္ဆံကိုႀကိဳက္တယ္ဆိုတာ ႐ွင္းေနတာပဲ။ ဒါမွမဟုတ္ သူ စေတာ့႐ွယ္ယာေတြကို ပိုႀကိဳက္တာလား။ ဒါေပမယ့္ ကုမၸဏီက ငါ့႐ွယ္ယာေတြကို သူ႕ကို မေပးႏိုင္ဘူး"
"ငါတို႔ သူ႕ကို ညစာစားဖို႔ေခၚလိုက္ရင္ေကာ " ခ်င္ေကာ က ဒါကို အရမ္းေကာင္းတဲ့ အၾကံတစ္ခုလို႔ ထင္ခဲ့သည္။ "သူ မင္းအေမျဖစ္လာၿပီးတဲ့ေနာက္ မင္းသူ႕ကိုမေတြ႕ဖူးေသးဘူးမလား "
"ဒီလိုဆိုရင္ေကာ "
ေဖးေဖးက သူ႕ရဲ႕မိုက္မဲေသာဖခင္ တစ္ကိုယ္တည္းေတြးမိေတြးရာကိုေျပာေနတာကိုအား ဂ႐ုမစိုက္ခဲ့ေပ။ ယင္းအစား ဉာဏ္စမ္း႐ုပ္ဆက္တြင္သာ သူ႕အၾကည့္က ႐ွိခဲ့သည္။ ခ်င္ေကာက ေဖးေဖးရဲ႕ တိတ္ဆိတ္ၿငိမ္သက္မႈကို တိတ္တိတ္ဆိတ္ဆိတ္ သေဘာတူထားၿပီး WeChat ကေန ဝူထုန္ဆီ မက္ေဆ့ခ်္ မပို႔မီ ပစၥည္းေတြကို ကားထဲထားခဲ့သည္။
(ညစာစားဖို႔ လာေခၚမယ္)
တိတ္ဆိတ္ၿငိမ္သက္တဲ့ ေကာ္ဖီဆိုင္အတြင္း ပန္းခ်ီဆြဲေနတဲ့ ဝူထုန္က အေၾကာင္းၾကားခ်က္အသံကို ၾကားၿပီး စစ္ေဆးဖို႔ သူမဖုန္းကို ေကာက္ကိုင္လိုက္သည္။ သူမက မက္ေဆ့ခ်္ ဖတ္ရင္း သူမ မ်က္ေမွာင္ၾကဳတ္သြားခဲ့သည္။ ခဏေလာက္ ေစ့ေစ့စပ္စပ္ ေတြးၿပီးတဲ့ ေနာက္မွာေတာ့ သူမရဲ႕ လက္႐ွိတည္ေနရာကို ပို႔ေပးခဲ့သည္။
ဝူထုန္ရဲ႕ တုံ႔ျပန္မႈကို ခ်င္ေကာ ျမင္တဲ့အခါ ေက်နပ္စြာ ျပဳံးၿပီး ကားစက္ႏိႈးလိုက္သည္။
နာရီဝက္ခန္႔အၾကာမွာ ခ်င္ေကာက ေဖးေဖးကို ေကာ္ဖီဆိုင္တံခါးဝဆီ ေခၚသြားခဲ့သည္။ အထဲေရာက္ေတာ့ ေထာင့္တစ္ေနရာမွာ ထိုင္ေနတဲ့ ဝူထုန္ကို ခ်က္ခ်င္းေတြ႕လိုက္ရတယ္။
စားပြဲထိုးအမ်ိဳးသမီးက သူတို႔ဆီလာၿပီး ေမးခဲ့သည္။ “ထိုင္ခုံဘယ္ႏွစ္ခုံစာယူမလဲ ဆရာ”
ခ်င္ေကာ ေခါင္းယမ္းၿပီး ဝူထုန္ရဲ႕ ဦးတည္ရာကို ၫႊန္ျပလိုက္သည္။ စားပြဲထိုးက သူ႕စကားကို ခ်က္ခ်င္းနားလည္ၿပီး ေနာက္ဆုတ္သြားခဲ့သည္။ ခ်င္ေကာက ေဖးေဖးကို ေျမျပင္ေပၚျပန္ခ်ေပးလိုက္ၿပီး လက္တြဲကာ ဝူထုန္ဆီ ျဖည္းညႇင္းစြာ ေလွ်ာက္သြားခဲ့သည္။ ဝူထုန္က သူမပုံထဲမွာ ခ်င္ေကာရဲ႕ အရိပ္ကို သတိျပဳမိတဲ့အခါ ႐ုတ္တရက္ ေမာ့ၾကည့္လိုက္သည္။
"ေရာက္ၿပီလား " ဝူထုန္႔ မ်က္ႏွာေပၚ အျပဳံးတစ္ခုေပၚလာခဲ့သည္။
ခ်င္ေကာက သူမရဲ႕ စူး႐ွေတာက္ပေသာ အလင္းေရာင္ေၾကာင့္ ခဏတာ မ်က္စိကြယ္သြားခဲ့သည္။ ဝူထုန္႔ ႏႈတ္ခမ္းေထာင့္ကို ေပါ့ပါးတဲ့ အနမ္းေပးဖို႔ ငုံ႔ကိုင္းမလာခင္ မသိစိတ္မွ မ်က္ေတာင္ခတ္လိုက္မိသည္။
အခုအခ်ိန္မွာေတာ့ ဝူထုန္က ဒါကို ဘယ္လိုမွမေနေတာ့ဘူး။ သူမကို ခ်င္ေကာက ေတြ႕တိုင္း နမ္းေနတာေၾကာင့္ ျဖစ္ႏိုင္သည္။ သူမအၾကည့္က ခ်င္ေကာရဲ႕ ဘယ္ဘက္လက္ေမာင္းအ႐ွည္ဆီကေန အရပ္ကစားပြဲခုံထိေတာင္မ႐ွည္ေသးတဲ့ ကေလးေလးေပၚ က်ေရာက္သည္အထိ လိုက္ၾကည့္ခဲ့သည္။
"ဒါ ေဖးေဖးလား" ဝူထုန္က ေမးလိုက္သည္။
“ဟုတ္တယ္” ခ်င္ေကာက ထပ္မိတ္မဆက္ေပးဘဲ ေခါင္းညိတ္လိုက္သည္။
ဝူထုန္က ကေလးအဝတ္အစား ဒီဇိုင္နာတစ္ဦးျဖစ္ၿပီး ကေလးေတြကို အလြန္ႏွစ္သက္သည္။ ထို႔အျပင္ ေဖးေဖးက အလြန္ခ်စ္စရာေကာင္းလြန္းသည္။
သူမက ထိုင္ခုံက ထၿပီး ေဖးေဖး ေ႐ွ႕မွာ ထိုင္ခ်လိုက္ကာ "မဂၤလာပါ ေဖးေဖး အန္တီ့နာမည္ ဝူထုန္ပါ" လို႔ ေျပာရင္း ေဖာ္ေ႐ြစြာ ျပဳံးျပလိုက္သည္။
ေဖးေဖးက ဝူထုန္ကို ေမာ့ၾကည့္ေပမယ့္ ထိုထက္ပိုၿပီး တုံ႔ျပန္မႈ မ႐ွိခဲ့ေပ။
ဝူထုန္ ခ်င္ေကာကို တစ္ခ်က္ၾကည့္လိုက္ၿပီး အနည္းငယ္ အံ့အားသင့္လ်က္ ေမးခဲ့သည္။ "သူ ကြၽန္မကိုသေဘာမက်ဘူးလား"
"သူက စကားေျပာရတာ မႀကိဳက္တာ" ခ်င္မိသားစုက ဝူထုန္႔ဒုတိယဦးေလးရဲ႕ မိသားစုကို ေဖးေဖးက ခ်င္ေကာ ၏ ရဲေဘာ္ရဲဘက္ရဲ႕မိဘမဲ့ကေလး ျဖစ္ေၾကာင္းသာ ေျပာျပခဲ့သည္။ သူတို႔က ေဖးေဖး ရဲ႕ အေျခအေနကို ဘယ္တုန္းကမွ မ႐ွင္းျပခဲ့ဖူးတဲ့အတြက္ ဝူထုန္လည္း ဒါကို သတိမထားမိခဲ့ဘူး။
"အန္တီ့ကို မွတ္မိလား" ဝူထုန္က ေဖးေဖးနဲ႔ စကားထပ္ေျပာဖို႔ ႀကိဳးစားခဲ့သည္။ "အဲဒီေန႔က အင္ပါယာ ဟိုတယ္ ရဲ႕ ေလာ္ဘီမွာ အန္တီနဲ႔သားနဲ႔[1] မေတာ္တဆ တိုက္မိၿပီး သားရဲ႕အ႐ုပ္ေလး ျပဳတ္က်သြားတယ္ေလ "
[1] TL မွတ္ခ်က္- ဝူထုန္က သူ႕ကိုယ္သူ "အန္တီ" ဟု အမွန္တကယ္ ရည္ၫႊန္းထားသည္။ တ႐ုတ္ယဥ္ေက်းမႈမွာ လူတိုင္းဟာ မိသားစုႀကီးတစ္ခုလိုပါပဲ၊ ဒါေၾကာင့္ လူေတြဟာ တျခားသူေတြကို ရည္ၫႊန္းဖို႔ မိသားစုအသုံးအႏႈန္းေတြကို ေသြးရင္းသားရင္းမဟုတ္သူေတြေတာင္ သုံးေလ့႐ွိၾကပါတယ္။
ေဖးေဖး မ်က္ေတာင္ခတ္လိုက္ေသာ္လည္း သူမကို ဘာမွျပန္မေျပာေသးေပ။
ဝူထုန္က ကေလးေတြနဲ႔ အၿမဲတမ္းအဆင္ေျပခဲ့တာေၾကာင့္ ဒီလို အဆင္မေျပတဲ့ အေျခအေနက သူမအတြက္ ပထမဆုံးျဖစ္သည္။
"အဲဒါ မမွန္ဘူး" ခ်င္ေကာက ႐ုတ္တရက္ ၾကားျဖတ္ေျပာခဲ့သည္။
"ဘာ" ဝူထုန္ သူ႕ကို ပေဟဠိဆန္တဲ့ အၾကည့္နဲ႔ ၾကည့္လိုက္သည္
"မင္း ကိုယ့္ကိုယ္ကို 'အန္တီ' လို႔ မရည္ၫႊန္းသင့္ဘူး" ခ်င္ေကာက အမွန္ျပင္ေပးခဲ့သည္။ "မင္း ကိုယ့္ကိုယ္ကို 'အေမ' လို႔ ရည္ၫႊန္းသင့္တယ္"
ဝူထုန္႔ရဲ႕ လက္႐ွိ မ်က္ႏွာအမူအရာမွာ ေ႐ွာ့ခ္ရေနၿပီး သူမ မ်က္လုံးေတြက မသိစိတ္မွ က်ယ္သြားတာကို ခံစားလိုက္ရသည္။ ခ်င္ေကာ ေနာက္ေျပာင္ေနတာလားဆိုတာကို အတည္ျပဳဖို႔ ဝူထုန္က သူ႕ကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ခဲ့တယ္။
တစ္ဖက္တြင္ ခ်င္ေကာက ဝူထုန္ရဲ႕ တုံ႔ျပန္မႈကို ေစာင့္ေနသည္။
သူ႕အသိေတြျပန္ဝင္လာၿပီးေနာက္ ဝူထုန္ ေဖးေဖးဆီျပန္လွည့္လာၿပီး သူ႕လက္တစ္ဖက္ကို ဆုပ္ကိုင္လိုက္သည္။ သူမ ေႏြးေထြးစြာ ျပဳံးလိုက္ၿပီး “အခုခ်ိန္ကစၿပီး အန္တီက သားရဲ႕အေမျဖစ္လာေတာ့မွာ။ သား အန္တီ့ကိုသေဘာက်မယ္လို႔ ေမွ်ာ္လင့္ပါတယ္"
ေဖးေဖးက စကားတစ္ခြန္းမွ မေျပာဘဲ ဝူထုန္ကို ဆက္ၾကည့္ေနခဲ့သည္။
ဝူထုန္ ေနာက္ဆုံးတြင္ တစ္စုံတစ္ခု ရပ္တန္႔သြားသလို ခံစားခ်က္ကို ရ႐ွိလိုက္ၿပီး ေမးခဲ့သည္။ “ေဖးေဖး ဘယ္လိုျဖစ္တာလဲ…”
"ေဖးေဖးက မင္းကို မ႐ွက္ဘူး ဆိုလိုတာက မင္းကို မသေဘာမက်တာမဟုတ္ဘူး" ခ်င္ေကာက ဝူထုန္ရဲ႕ ေမးခြန္းကို နားမလည္ပုံရၿပီး “မင္း ၿပီးၿပီလား” ဟုေမးကာ ေနာက္အေၾကာင္းအရာသို႔ တိုက္႐ိုက္သြားခဲ့သည္။
"အင္း ၿပီးၿပီ။" ဝူထုန္က မတ္တပ္ထရပ္လိုက္ၿပီး “ကြၽန္မပစၥည္းေတြ သိမ္းလိုက္ဦးမယ္။ ႐ွင္တို႔ ဘာစားခ်င္ၾကလဲ"
“ကိုယ္ဒီကို မေရာက္ခင္ အျပင္မွာ ကြမ္တုံစားေသာက္ဆိုင္ကို ေတြ႕ခဲ့တယ္။ ဒါမွမဟုတ္ အေနာက္တိုင္း အစားအစာကို စားခ်င္လား” ခ်င္ေကာက ေမးလိုက္သည္။
"ကြမ္တုံစားေသာက္ဆိုင္ကို သြားရေအာင္"
သူတို႔ ဘာစားမယ္ ဆိုတာကို ဆုံးျဖတ္ၿပီးေနာက္ ဝူထုန္ က သူမရဲ႕ ပန္းခ်ီကားကို အျမန္သိမ္းလိုက္သည္။ သူမ လွည့္ၾကည့္လိုက္ေတာ့ ဝူထုန္ကို ထိတ္လန္႔သြားေစသည့္ သားအဖႏွစ္ေယာက္က သူမကို စိုက္ၾကည့္ေနတာကို သူမ သတိျပဳမိလိုက္သည္။ သူမက လမ္းေလွ်ာက္သြားၿပီး ေဖးေဖး ဘယ္ဘက္လက္ကို ေနာက္တစ္ႀကိမ္ ဆုပ္ကိုင္လိုက္သည္။
သုံးေယာက္သား ေဘးခ်င္းကပ္လ်က္ တံခါးအျပင္ဘက္ကို ေလွ်ာက္သြားခဲ့ၾကသည္။ ခ်င္ေကာက ေျမျပင္ေပၚက မညီမညာနဲ႔ ထူးထူးျခားျခား လိုက္ဖက္ညီေသာ အရိပ္ေတြကို ၾကည့္လိုက္သည္။ အေႏြးဓာတ္က သူ႕မ်က္လုံးေတြထဲကို ျဖည္းျဖည္းခ်င္း ဝင္လာခဲ့သည္။
သူတို႔သုံးေယာက္ထိုင္ၿပီး သိပ္မၾကာခင္မွာပဲ စားပြဲထိုးတစ္ေယာက္က မီႏူးတစ္ခုကို ယူလာေပးသည္။ ဝူထုန္ က “ဒီမီႏူးမွာ ကေလးေတြအတြက္ သင့္ေတာ္တဲ့ဟာ တစ္ခုခု႐ွိလား” လို႔ မေမးခင္ မီႏူးကို လွန္ၾကည့္လိုက္ေသးသည္။
ခ်င္ေကာ ဝူထုန္ကို အမွတ္မထင္ ၾကည့္လိုက္သည္။
“႐ွိပါတယ္၊ ကြၽန္မတို႔မွာ ပင္လယ္စာဆန္ျပဳတ္နဲ႔ ၾကက္ဥႏို႔ေပါင္း႐ွိပါတယ္” လို႔ စားပြဲထိုးက ျပန္ေျဖခဲ့သည္။
"ဘယ္ဟာလိုခ်င္လဲ" ဝူထုန္က သူမေဘးမွာ ထိုင္ေနတဲ့ ေဖးေဖးကို ေမးလိုက္သည္။ အရင္အတိုင္းပဲ သူ႕ဆီက တုံ႔ျပန္မႈ မရခဲ့ဘူး။ ခ်င္ေကာရဲ႕ပုံစံက ကူညီခ်င္တဲ့ပုံမေပၚတဲ့အတြက္ ဝူထုန္ ခဏတုံ႔ဆိုင္းေနၿပီး "ဒါႏွစ္မ်ိဳးလုံးနဲ႔ အခ်ိဳပြဲအတြက္ ပူတင္းနဲ႔ တြဲေပးလို႔ရမလား"
“ဟုတ္ကဲ့ရပါတယ္”
မၾကာခင္မွာပဲ ဝူထုန္နဲ႔ ခ်င္ေကာတို႔က ေနာက္ထပ္ ႐ိုး႐ွင္းတဲ့ ဟင္းလ်ာအခ်ိဳ႕ကို မွာယူခဲ့သည္။ စားပြဲထိုးထြက္သြားၿပီးေနာက္ ထမင္းစား စားပြဲေပၚမွ တိတ္ဆိတ္မႈက က်ဆင္းသြားခဲ့သည္။ ဝူထုန္က ေဖးေဖး အေၾကာင္းေမးခ်င္ေပမယ့္ အေႏွာင့္အယွက္ျဖစ္ေစမွာကို ေၾကာက္တာေၾကာင့္ အဆုံးတြင္ ေခါင္းငုံ႔ၿပီး ေရေသာက္လိုက္႐ုံသာပင္။
#25.5.2023