Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၂၃
ဝူထုန်က အနည်းငယ် စိတ်မသက်မသာ ခံစားခဲရပေမယ့် သူမ ချင်ကောနောက်ကလိုက်ပြီး မွေ့ရာဘက်အတန်းဆီ လိုက်သွားသေးသည်။ ခြေထောက်ပါခေါက်မွေ့ရာ၊ ဥရောပမှ တရုတ်စတိုင်မွေ့ရာအထိ ရွေးချယ်စရာ မွေ့ရာ မျိုးစုံရှိသည်။ ဘယ်ကစရမှန်း သူမ မသိပေ။
ယဥ်ကျေးဖော်ရွေမယ့်မိန်းကလေးပုံရတဲ့ အရောင်းဝန်ထမ်းလေးက ဝူထုန် နဲ့ ချင်ကောကို မမေးမီ ယဉ်ယဉ်ကျေးကျေးမေးခဲ့သည်။ "မင်္ဂလာအိပ်ရာရွေးဖို့ လာတာလားရှင့်"
"ငါတို့ မင်္ဂလာမွေ့ရာဝယ်ဖို့လာတာ မင်းဘယ်လိုသိလဲ" ချင်ကောက စူးစမ်းလိုစိတ်နဲ့ မေးခဲ့သည်။
"လူကြီးမင်းတို့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ပုံရတယ်။ ဒါပေမယ့် တစ်ယောက်မှ လက်ထပ်လက်စွပ်မဝတ်ထားဘူးလေ။ အဲ့ဒါကြောင့် လက်ထပ်ဖို့ ပြင်ဆင်နေတာပဲလို့ သိလိုက်တာပါ " အမျိုးသမီးငယ်က ပြုံးပြုံးလေး ပြန်ပြောခဲ့သည်။
အရောင်းဝန်ထမ်းလေးရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် ချင်ကော ရုတ်တရက် အလွန်စိတ်ကောင်းဝင်သွားသည်။ "ငါတို့က လက်ထပ်စာအုပ် ရထားပြီးသား"
"ဂုဏ်ပြုပါတယ်နော်!" အရောင်းဝန်ထမ်းက မေးခဲ့သည်။ “လူကြီးမင်းနဲ့ လူကြီးမင်းရဲ့အမျိုးသမီးကို ကျွန်မဘယ်လိုခေါ်ရမလဲ”
"ငါ့မျိုးရိုးနာမည်က ချင်"
"မစ္စစ် ချင် ဘယ်လိုမင်္ဂလာမွေ့ရာလိုချင်လဲရှင့်။ ကျွန်မ မစ္စစ်ကို နည်းနည်းပါးပါး အကြံပေးလို့ရပါတယ်” အရောင်းဝန်ထမ်းက မေးခဲ့သည်။
ချင်ကောက ခေါင်းတစ်ဖက်လှည့်ပြီး ဝူထုန်ကို ကြည့်လိုက်သည်။ ဝူထုန်က သံသယစိတ်ဖြင့် သူ့အကြည့်ကို ပြန်ကြည့်လိုက်ချိန် ပြုံးနေတာကို သတိပြုမိခဲ့သည်။ နှိုးစက်ခေါင်းလောင်းသံတွေက ချက်ချင်း သူမခေါင်းထဲ ပေါ်ထွက်လာသည်။
ချင်ကောက အရောင်ဝန်ထမ်း အမျိုးသမီးကိုပြောခဲ့သည်။ " 'လေ့ကျင့်ခန်း' နည်းနည်းလုပ်လို့ အဆင်ပြေမယ့် ကျယ်ပြီး သက်တောင့်သက်သာရှိတဲ့ မွေ့ရာ တစ်ခုလိုချင်တယ်"
အစမှာ အရောင်းဝန်ထမ်းအမျိုးသမီးက ချင်ကောရဲ့ တောင်းဆိုမှုတွေကို စိတ်အားထက်သန်စွာမှတ်သားပြီး ၎င်း၏ဖော်ပြချက်နှင့်ကိုက်ညီသော အမျိုးအစားအချို့ကို အလိုအလျောက်စဉ်းစားခဲ့သည်။ ချင်ကောရဲ့ နောက်ဆုံးတောင်းဆိုမှုကို သူမကြားတဲ့အခါ သူမမျက်နှာက ခဏတာမျှပင် လွတ်ထွက်သွားခဲ့သည်။ ပြန်ကောင်းလာသောအခါတွင် ရှက်ရွံ့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဒေါသထွက်နေတဲ့ ဝူထုန်က ချင်ကောရဲ့ ခြေဖဖိုးပေါ် အပြင်းအထန် တက်နင်းပစ်လိုက်သည်။
ချင်ကော အောက်ကို ငုံ့ကြည့်လိုက်တော့ ဝူထုန်က ဖိနပ်ရဲ့ဖနောင့်နဲ့ သူ့ခြေထောက်ကို ကြိတ်နေတာကို တွေ့လိုက်တယ်။ သူစိတ်ရှုပ်စွာနဲ့ မေးလိုက်သည်။ “ကိုယ့်ကို ဘာလို့တက်နင်းတာလဲ”
ဝူထုန်က သူ့ခြေထောက်ပေါ် အားနဲ့မနင်းလိုက်မိဘူးလို့ ထင်လိုက်တာကြောင့် သူမ ခြေဖျားကို မြှောက်ကာ ကြိုးသိုင်းဖိနပ်ကဒေါက်အပါးလေးနဲ့ ပိုပြီးနင်းချပစ်လိုက်သည်။ နောက်ဆုံးတွင် ချင်ကောရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ့အသားအရည်က နည်းနည်းနီလာပုံကနေ အတော်လေးနာသွားတာကို ပြောပြနိုင်သည်။
"မင်း တစ်ကိုယ်လုံးတက်နင်းလာရင်တောင် ကိုယ့်ရဲ့တောင်းဆိုချက်တွေကို ပြောင်းမှာမဟုတ်ဘူး" ချင်ကောက ပြတ်ပြတ်သားသား ပြောခဲ့သည်။ "ကိုယ်တို့လိုအပ်တဲ့ တခြားပစ္စည်းတွေကို မင်းဝယ်လို့ရတယ်။ ဒါပေမယ့် ကိုယ်ကတော့ မွေ့ရာရွေးတဲ့သူပဲ ဖြစ်သင့်တယ်"
အရောင်းဝန်ထမ်းမလေးက ညစ်ပတ်သည့်အရာတစ်ခုခုကို တွေးနေပုံရကြောင်း သူမကိုကြည့်နေသည့်အကြည့်ကနေ သတိပြုမိခဲ့သည်။ ဝူထုန်က ချက်ချင်းပင် ရှက်လည်းရှက် ဒေါသလည်းထွက်သွားသည်။ သူမ လိုချင်တာက သူမ ပုန်းအောင်းဖို့ တွင်းတူးဖို့ပဲ။
"မင်းဘယ်သွားမလို့လဲ" ချင်ကောက ဝူထုန် ထွက်မပြေးမီ သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
"ကျွန်မ ဆိုဖာတွေ သွားကြည့်မို့။ မွေ့ရာကို ရှင့်ဘာသာရှင် ဝယ်လိုက်" ဝူထုန်က မကျေမနပ်နဲ့ ပြန်ဖြေလိုက်သည်။
"ကိုယ့်ကို ဒီမှာ တစ်ယောက်တည်း ထားခဲ့လို့မရဘူးနော်။ ကိုယ်တို့နှစ်ယောက်က ဒီမွေ့ရာပေါ်မှာ အိပ်ရမှာ။ မင်းထွက်သွားရင် ကိုယ်တို့နဲ့လိုက်ဖက်မယ့် ဘယ်အိပ်ရာကို ကိုယ်ဘယ်လိုရွေးရမလဲ။ အဲဒါတွေကို စမ်းသုံးကြည့်ဖို့ အတူတူလှဲကြည့်မှရမယ်လို့ ကိုယ်ထင်တယ်” ချင်ကောက ပြောခဲ့သည်။
"ကျွန်မ-!" ဝူထုန်က သူ သူမကို တမင်တကာ စနေတယ်ဆိုတဲ့ ခံစားချက်ကို ခံစားခဲ့ရသည်။
*အဟွတ်* အရောင်းဝန်ထမ်းက ချက်ချင်းရောက်လာပြီး ကယ်တင်ခဲ့သည်။ “အမ်း၊ မစ္စတာ ချင်ရဲ့ တောင်းဆိုချက်နဲ့ ကိုက်ညီတဲ့ မွေ့ရာ အနည်းငယ်တော့ ရှိပါတယ်။ ကြည့်ဖို့တွက် ကျွန်မခေါ်သွားပေးပါ့မယ် ”
"ကောင်းပြီ " ချင်ကောက ဝူထုန်ကို ဆွဲခေါ်ရင်း ပြုံးလျက် ပြန်ဖြေခဲ့သည်။
အရောင်းဝန်ထမ်းမလေးက သူတို့ကို အတော်လေးကျယ်တဲ့မွေ့ရာတစ်ချို့ရှိတဲ့ နေရာတစ်ခုဆီ ခေါ်သွားခဲ့သည်။ အများစုက အနောက်တိုင်းပုံစံတွေဖြစ်သည်။
ဆက်တိုက်ဆိုသလို အရောင်း ဝန်ထမ်းအမျိုးသမီးက ချင်ကော အတွက် ရွေးချယ်စရာ အိပ်ရာများစွာကို မိတ်ဆက်ပေးခဲ့သည်။ “ဒီမှာရှိတဲ့ မွေ့ရာတော်တော်များများကို ဥရောပနဲ့ အမေရိကန်က တင်သွင်းထားတာပါ။ ဒါတွေကို ရာဘာစေးနဲ့ သဘာဝသိုးမွှေးတွေနဲ့ ပြုလုပ်ထားတာ။ ဒီဇိုင်းတွေက ပြီးပြည့်စုံတဲ့ အတွင်းပိုင်းလည်ပတ်မှုစနစ်နဲ့ လက်ရာမြောက်ပါတယ်။ ဒါ့အပြင် တာရှည်ခံတယ်၊ လေ၀င်လေထွက်ကောင်းတယ်၊ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်နိုင်ပြီး အိပ်စက်ခြင်းအလေ့အထကို ထိန်းညှိပေးနိုင်တယ်"
"ဘယ်ဟာပိုကောင်းမယ်ထင်လဲ" ချင်ကောက ဝူထုန် ကို မေးလိုက်သည်။
"ရှင်ပဲ အိပ်ရာရွေးချင်တယ်လို့ မပြောခဲ့ဘူးလား" ဝူထုန်က ဒေါသတကြီး ပြောလိုက်သည်။
"မင်း စိတ်ဆိုးနေသေးတာလား" ချင်ကော မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ “ဒါဆို အိပ်မပျော်တာကို သက်သာစေမယ့် ဒီမော်ဒယ်ကို ယူမယ်။ မင်းမျက်အိတ်တွေ ဘယ်လောက်နက်နေလဲဆိုတာ ကြည့်လိုက်ပါဦး။ မင်း မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့တာ ကိုယ့်အပြစ်ပဲ"
"ချင် ကော !" ဝူထုန်က ဒါကို ကြာကြာ မထိန်းထားနိုင်တော့ဘူး။
"ဟမ်" ချင်ကောရဲ့ အပြုံးက တလွန်တရာကိုမှ မရှင်းမလင်းဖြစ်နေသည်။
ဝူထုန်က ဘေးနားက အရောင်းဝန်ထမ်းမလေးက အံ့သြသွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်လိုက်တာ မြင်လိုက်တဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။ ဝူထုန်က ချင်ကောရဲ့ ဆုပ်ကိုင်ထားမှုက လွတ်သွားပြီး နောက်ပြန်မလှည့်ဘဲ ထွက်ပြေးသွားခဲ့သည်။
“ဟေး…” ချင်ကောက ဒီတစ်ကြိမ်မှာ သူမကို မတားခဲ့ဘူး။ အဲဒီအစား သူက အရောင်းဝန်ထမ်းမလေးဘက်ကို ပြန်လှည့်ပြီး “ဒီတစ်ခုယူမယ်။ မင်းမှာရှိတဲ့ အကောင်းဆုံးကုတင်ဘောင်ကိုလည်း ယူမယ်။ နှစ်ခုစလုံးကို ဒီလိပ်စာဆီ ပို့ပေး"
"ဟုတ်ကဲ့ပါရှင့် "
ချင်ကောက ပိုက်ဆံပေးပြီး ထွက်သွားပြီးနောက် အရောင်းဝန်ထမ်းမလေးက သူမလုပ်ဖော်ကိုင်ဖက်နဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြရင်း ရင်ခုန်နေခဲ့သည်။ “အခုလေးတင် ထွက်သွားတဲ့ မစ္စတာ ချင်က ယောက်ျားပီသပြီး ချမ်းသာတယ် "
“ခုနက ငါဘေးနားမှာရှိနေတဲ့အချိန် အားလုံးကြားလိုက်တယ်။ သူက နည်းနည်းတော့.... တဏှာစိတ်ရှိတယ်” သူမ လုပ်ဖော်ကိုင်ဖက်က ပြန်ပြောခဲ့သည်။
"နင်ဘာသိလို့လဲ။ သူ့မိန်းမအပေါ် နည်းနည်းတဏှာစိတ်ရှိတာက သူမအပေါ် သူ့ရဲ့ချစ်ခင်မှုကို ဖော်ပြဖို့ နည်းလမ်းတစ်ခုပဲ” အရောင်းဝန်ထမ်းက နှိုးဆော်တဲ့လေသံနဲ့ ဆက်ပြောခဲ့သည်။ "ဒါ့အပြင် မစ္စတာချင် က အရမ်းကို ကျွမ်းကျင်တယ်"
“နင်က သူ့ထက်တောင် တဏှာစိတ်ကြီးတယ်…”
........
ချင်ကောက ဆိုဖာတန်းမှာ လက်ရှိ ဆိုဖာတွေကို ကြည့်နေတဲ့ ဝူထုန်ကို အမြန်ရှာတွေ့သွားခဲ့သည်။ သူမက ငြိမ်သက်နေပြီဖြစ်ပေမယ့် ချင်ကောကို တွေ့တဲ့အခါ သူမ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
"မင်း လိုချင်တာ ရှာတွေ့ပြီလား" ချင်ကောက ဘာမှမဖြစ်သလို မေးခဲ့သည်။
သူမတို့အိမ်က သူမတို့နှစ်ဦးပိုင်တာကြောင့် ဝူထုန်က ချင်ကော ထင်မြင်ချက် ရယူတာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ခဲ့သည်။ “ကျွန်မ ကြိုက်တဲ့ မော်ဒယ် နှစ်မျိုး ရှိတယ်။ အဲ့ထဲကတစ်ခုက ဥရောပစတိုင်အထည်သားဆိုဖာ ပြီးတော့ နောက်တစ်ခုက ကူရှင်တွေပါတဲ့ မဟော်ဂနီသား ခုံရှည်တစ်ခုပဲ။ ဆိုဖာက ပိုအေးနိုင်ပေမယ့် မဟော်ဂနီသားခုံက အိမ်ရဲ့ အလုံးစုံစတိုင်အတွက် ပိုသင့်တော်တယ်”
ရွေးချယ်မှုနှစ်ခုကြား ဝူထုန် ဘာကြောင့် ကွဲထွက်သွားရလဲဆိုတာ ချင်ကော နားမလည်ပေ။ "ဆိုဖာက ထိုင်ဖို့ပဲဆိုတာ သိသာတယ်။ ဒါကြောင့်မို့ သက်တောင့်သက်သာရှိတဲ့ ဟာကို ရွေးသင့်တယ်"
"ဒါပေမယ့် ကျွန်မတို့ အထည်ဆိုဖာကို ရွေးရင် အပြင်အဆင်က ထူးဆန်းပြီး လိုက်လျောညီထွေမဖြစ်ဘဲ ဖြစ်နေမှာပေါ့ " ဝူထုန်က ပြောလိုက်သည်။
"ဒါဆို ကိုယ်တို့ နှစ်မျိုးလုံး ဝယ်ပြီးရွှေ့ကြမယ်" ချင်ကောက သူ့ခရက်ဒစ်ကတ်ကို အနီးနားရှိ အရောင်းဝန်ထမ်းထံ လွှဲပေးပြီး ပြောခဲ့သည်။ "ကျွန်တော် နှစ်မျိုးလုံးကို လိုချင်တယ်"
"ရှင်ဘာလုပ်နေတာလဲ" ဝူထုန်က ကတ်ကို ပြန်သိမ်းလိုက်သည်။ "ဘာလို့ နှစ်မျိုးလုံးဝယ်မှာလဲ။ အဲဒါတွေကို ဘယ်မှာထားမှာလဲ"
ချင်ကောက သူ့လက်ဗလာကို ကြည့်ပြီး ဝူထုန် ဆုပ်ကိုင်ထားတဲ့ ခရက်ဒစ်ကတ်ကို ကြည့်လိုက်သည်။ ချင်ကော သူ့ပိုက်ဆံအိတ်ကို သူ့အိတ်ကပ်ထဲက မထုတ်ခင် ခဏလောက် စဉ်းစားလိုက်သည်။ သူ အနက်ရောင်ကတ်တစ်ကတ်ကို ထုတ်ပြီး ဝူထုန်ကို ပေးလိုက်ကာ ပြောခဲ့သည်။ "အဲဒီကတ်ရဲ့ ခရက်ဒစ်ကန့်သတ်ချက်က အရမ်းမမြင့်ဘူး။ ဒါကြောင့်အဲ့အစား မင်း ဒီကတ်ကို ယူသင့်တယ်။ ချင်ဟွိုက်က ပြောတယ် ... ဒီblackကတ်မှာ ခရက်ဒစ်ကန့်သတ်ချက်မရှိဘူးတဲ့”
ဝူထုန် သူမရှေ့က black ကတ်ကို ကြည့်ရင်း ကြက်သေသေသွားသည်။ ဆိုဖာဝယ်နေရာကနေ ဘယ်လိုဖြစ်ပြီး ငါ့ကို ရုတ်တရက်ကြီး black ကတ် လာပေးနေရတာလဲ။
"ဒါ ဘာအဓိပ္ပာယ်လဲ" ဝူထုန် မေးလိုက်သည်။
" မင်းကို ပိုက်ဆံပေးနေတာလေ "ချင်ကောက ဝူထုန်ရဲ့ စိတ်အကူးအပြောင်းကို ခံစားမိပေမယ့် သူမဘာကြောင့် စိတ်မချမ်းသာ ဖြစ်နေလဲဆိုတာ မသိခဲ့ပေ။
ဝူထုန်က အသက်ပြင်းပြင်းရှူပြီး ကတ်ကို ဆိုဖာဘေးက ကော်ဖီစားပွဲပေါ် တင်လိုက်ကာ စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားခဲ့သည်။
•••••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အပိုင္း ၂၃
ဝူထုန္က အနည္းငယ္ စိတ္မသက္မသာ ခံစားခဲရေပမယ့္ သူမ ခ်င္ေကာေနာက္ကလိုက္ၿပီး ေမြ႕ရာဘက္အတန္းဆီ လိုက္သြားေသးသည္။ ေျခေထာက္ပါေခါက္ေမြ႕ရာ၊ ဥေရာပမွ တ႐ုတ္စတိုင္ေမြ႕ရာအထိ ေ႐ြးခ်ယ္စရာ ေမြ႕ရာ မ်ိဳးစုံ႐ွိသည္။ ဘယ္ကစရမွန္း သူမ မသိေပ။
ယဥ္ေက်းေဖာ္ေ႐ြမယ့္မိန္းကေလးပုံရတဲ့ အေရာင္းဝန္ထမ္းေလးက ဝူထုန္ နဲ႔ ခ်င္ေကာကို မေမးမီ ယဥ္ယဥ္ေက်းေက်းေမးခဲ့သည္။ "မဂၤလာအိပ္ရာေ႐ြးဖို႔ လာတာလား႐ွင့္"
"ငါတို႔ မဂၤလာေမြ႕ရာဝယ္ဖို႔လာတာ မင္းဘယ္လိုသိလဲ" ခ်င္ေကာက စူးစမ္းလိုစိတ္နဲ႔ ေမးခဲ့သည္။
"လူႀကီးမင္းတို႔ ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ လိုက္ဖက္ပုံရတယ္။ ဒါေပမယ့္ တစ္ေယာက္မွ လက္ထပ္လက္စြပ္မဝတ္ထားဘူးေလ။ အဲ့ဒါေၾကာင့္ လက္ထပ္ဖို႔ ျပင္ဆင္ေနတာပဲလို႔ သိလိုက္တာပါ " အမ်ိဳးသမီးငယ္က ျပဳံးျပဳံးေလး ျပန္ေျပာခဲ့သည္။
အေရာင္းဝန္ထမ္းေလးရဲ႕ ႐ွင္းျပခ်က္ကို ၾကားၿပီးေနာက္ ခ်င္ေကာ ႐ုတ္တရက္ အလြန္စိတ္ေကာင္းဝင္သြားသည္။ "ငါတို႔က လက္ထပ္စာအုပ္ ရထားၿပီးသား"
"ဂုဏ္ျပဳပါတယ္ေနာ္!" အေရာင္းဝန္ထမ္းက ေမးခဲ့သည္။ “လူႀကီးမင္းနဲ႔ လူႀကီးမင္းရဲ႕အမ်ိဳးသမီးကို ကြၽန္မဘယ္လိုေခၚရမလဲ”
"ငါ့မ်ိဳး႐ိုးနာမည္က ခ်င္"
"မစၥစ္ ခ်င္ ဘယ္လိုမဂၤလာေမြ႕ရာလိုခ်င္လဲ႐ွင့္။ ကြၽန္မ မစၥစ္ကို နည္းနည္းပါးပါး အၾကံေပးလို႔ရပါတယ္” အေရာင္းဝန္ထမ္းက ေမးခဲ့သည္။
ခ်င္ေကာက ေခါင္းတစ္ဖက္လွည့္ၿပီး ဝူထုန္ကို ၾကည့္လိုက္သည္။ ဝူထုန္က သံသယစိတ္ျဖင့္ သူ႕အၾကည့္ကို ျပန္ၾကည့္လိုက္ခ်ိန္ ျပဳံးေနတာကို သတိျပဳမိခဲ့သည္။ ႏိႈးစက္ေခါင္းေလာင္းသံေတြက ခ်က္ခ်င္း သူမေခါင္းထဲ ေပၚထြက္လာသည္။
ခ်င္ေကာက အေရာင္ဝန္ထမ္း အမ်ိဳးသမီးကိုေျပာခဲ့သည္။ " 'ေလ့က်င့္ခန္း' နည္းနည္းလုပ္လို႔ အဆင္ေျပမယ့္ က်ယ္ၿပီး သက္ေတာင့္သက္သာ႐ွိတဲ့ ေမြ႕ရာ တစ္ခုလိုခ်င္တယ္"
အစမွာ အေရာင္းဝန္ထမ္းအမ်ိဳးသမီးက ခ်င္ေကာရဲ႕ ေတာင္းဆိုမႈေတြကို စိတ္အားထက္သန္စြာမွတ္သားၿပီး ၎၏ေဖာ္ျပခ်က္ႏွင့္ကိုက္ညီေသာ အမ်ိဳးအစားအခ်ိဳ႕ကို အလိုအေလ်ာက္စဥ္းစားခဲ့သည္။ ခ်င္ေကာရဲ႕ ေနာက္ဆုံးေတာင္းဆိုမႈကို သူမၾကားတဲ့အခါ သူမမ်က္ႏွာက ခဏတာမွ်ပင္ လြတ္ထြက္သြားခဲ့သည္။ ျပန္ေကာင္းလာေသာအခါတြင္ ႐ွက္႐ြံ႕ေသာ အျပဳံးတစ္ခု ေပၚလာခဲ့သည္။
ေဒါသထြက္ေနတဲ့ ဝူထုန္က ခ်င္ေကာရဲ႕ ေျခဖဖိုးေပၚ အျပင္းအထန္ တက္နင္းပစ္လိုက္သည္။
ခ်င္ေကာ ေအာက္ကို ငုံ႔ၾကည့္လိုက္ေတာ့ ဝူထုန္က ဖိနပ္ရဲ႕ဖေနာင့္နဲ႔ သူ႕ေျခေထာက္ကို ႀကိတ္ေနတာကို ေတြ႕လိုက္တယ္။ သူစိတ္႐ႈပ္စြာနဲ႔ ေမးလိုက္သည္။ “ကိုယ့္ကို ဘာလို႔တက္နင္းတာလဲ”
ဝူထုန္က သူ႕ေျခေထာက္ေပၚ အားနဲ႔မနင္းလိုက္မိဘူးလို႔ ထင္လိုက္တာေၾကာင့္ သူမ ေျခဖ်ားကို ေျမႇာက္ကာ ႀကိဳးသိုင္းဖိနပ္ကေဒါက္အပါးေလးနဲ႔ ပိုၿပီးနင္းခ်ပစ္လိုက္သည္။ ေနာက္ဆုံးတြင္ ခ်င္ေကာရဲ႕ မ်က္ႏွာအမူအရာက အနည္းငယ္ ေျပာင္းလဲသြားသည္။ သူ႕အသားအရည္က နည္းနည္းနီလာပုံကေန အေတာ္ေလးနာသြားတာကို ေျပာျပႏိုင္သည္။
"မင္း တစ္ကိုယ္လုံးတက္နင္းလာရင္ေတာင္ ကိုယ့္ရဲ႕ေတာင္းဆိုခ်က္ေတြကို ေျပာင္းမွာမဟုတ္ဘူး" ခ်င္ေကာက ျပတ္ျပတ္သားသား ေျပာခဲ့သည္။ "ကိုယ္တို႔လိုအပ္တဲ့ တျခားပစၥည္းေတြကို မင္းဝယ္လို႔ရတယ္။ ဒါေပမယ့္ ကိုယ္ကေတာ့ ေမြ႕ရာေ႐ြးတဲ့သူပဲ ျဖစ္သင့္တယ္"
အေရာင္းဝန္ထမ္းမေလးက ညစ္ပတ္သည့္အရာတစ္ခုခုကို ေတြးေနပုံရေၾကာင္း သူမကိုၾကည့္ေနသည့္အၾကည့္ကေန သတိျပဳမိခဲ့သည္။ ဝူထုန္က ခ်က္ခ်င္းပင္ ႐ွက္လည္း႐ွက္ ေဒါသလည္းထြက္သြားသည္။ သူမ လိုခ်င္တာက သူမ ပုန္းေအာင္းဖို႔ တြင္းတူးဖို႔ပဲ။
"မင္းဘယ္သြားမလို႔လဲ" ခ်င္ေကာက ဝူထုန္ ထြက္မေျပးမီ သူမလက္ကို ဆုပ္ကိုင္လိုက္သည္။
"ကြၽန္မ ဆိုဖာေတြ သြားၾကည့္မို႔။ ေမြ႕ရာကို ႐ွင့္ဘာသာ႐ွင္ ဝယ္လိုက္" ဝူထုန္က မေက်မနပ္နဲ႔ ျပန္ေျဖလိုက္သည္။
"ကိုယ့္ကို ဒီမွာ တစ္ေယာက္တည္း ထားခဲ့လို႔မရဘူးေနာ္။ ကိုယ္တို႔ႏွစ္ေယာက္က ဒီေမြ႕ရာေပၚမွာ အိပ္ရမွာ။ မင္းထြက္သြားရင္ ကိုယ္တို႔နဲ႔လိုက္ဖက္မယ့္ ဘယ္အိပ္ရာကို ကိုယ္ဘယ္လိုေ႐ြးရမလဲ။ အဲဒါေတြကို စမ္းသုံးၾကည့္ဖို႔ အတူတူလွဲၾကည့္မွရမယ္လို႔ ကိုယ္ထင္တယ္” ခ်င္ေကာက ေျပာခဲ့သည္။
"ကြၽန္မ-!" ဝူထုန္က သူ သူမကို တမင္တကာ စေနတယ္ဆိုတဲ့ ခံစားခ်က္ကို ခံစားခဲ့ရသည္။
*အဟြတ္* အေရာင္းဝန္ထမ္းက ခ်က္ခ်င္းေရာက္လာၿပီး ကယ္တင္ခဲ့သည္။ “အမ္း၊ မစၥတာ ခ်င္ရဲ႕ ေတာင္းဆိုခ်က္နဲ႔ ကိုက္ညီတဲ့ ေမြ႕ရာ အနည္းငယ္ေတာ့ ႐ွိပါတယ္။ ၾကည့္ဖို႔တြက္ ကြၽန္မေခၚသြားေပးပါ့မယ္ ”
"ေကာင္းၿပီ " ခ်င္ေကာက ဝူထုန္ကို ဆြဲေခၚရင္း ျပဳံးလ်က္ ျပန္ေျဖခဲ့သည္။
အေရာင္းဝန္ထမ္းမေလးက သူတို႔ကို အေတာ္ေလးက်ယ္တဲ့ေမြ႕ရာတစ္ခ်ိဳ႕႐ွိတဲ့ ေနရာတစ္ခုဆီ ေခၚသြားခဲ့သည္။ အမ်ားစုက အေနာက္တိုင္းပုံစံေတြျဖစ္သည္။
ဆက္တိုက္ဆိုသလို အေရာင္း ဝန္ထမ္းအမ်ိဳးသမီးက ခ်င္ေကာ အတြက္ ေ႐ြးခ်ယ္စရာ အိပ္ရာမ်ားစြာကို မိတ္ဆက္ေပးခဲ့သည္။ “ဒီမွာ႐ွိတဲ့ ေမြ႕ရာေတာ္ေတာ္မ်ားမ်ားကို ဥေရာပနဲ႔ အေမရိကန္က တင္သြင္းထားတာပါ။ ဒါေတြကို ရာဘာေစးနဲ႔ သဘာဝသိုးေမႊးေတြနဲ႔ ျပဳလုပ္ထားတာ။ ဒီဇိုင္းေတြက ၿပီးျပည့္စုံတဲ့ အတြင္းပိုင္းလည္ပတ္မႈစနစ္နဲ႔ လက္ရာေျမာက္ပါတယ္။ ဒါ့အျပင္ တာ႐ွည္ခံတယ္၊ ေလ၀င္ေလထြက္ေကာင္းတယ္၊ ဘက္တီးရီးယားပိုးမႊားေတြကို ကာကြယ္ႏိုင္ၿပီး အိပ္စက္ျခင္းအေလ့အထကို ထိန္းညႇိေပးႏိုင္တယ္"
"ဘယ္ဟာပိုေကာင္းမယ္ထင္လဲ" ခ်င္ေကာက ဝူထုန္ ကို ေမးလိုက္သည္။
"႐ွင္ပဲ အိပ္ရာေ႐ြးခ်င္တယ္လို႔ မေျပာခဲ့ဘူးလား" ဝူထုန္က ေဒါသတႀကီး ေျပာလိုက္သည္။
"မင္း စိတ္ဆိုးေနေသးတာလား" ခ်င္ေကာ မ်က္ခုံးပင့္ကာ ျပဳံးလိုက္သည္။ “ဒါဆို အိပ္မေပ်ာ္တာကို သက္သာေစမယ့္ ဒီေမာ္ဒယ္ကို ယူမယ္။ မင္းမ်က္အိတ္ေတြ ဘယ္ေလာက္နက္ေနလဲဆိုတာ ၾကည့္လိုက္ပါဦး။ မင္း မေန႔ညက ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့တာ ကိုယ့္အျပစ္ပဲ"
"ခ်င္ ေကာ !" ဝူထုန္က ဒါကို ၾကာၾကာ မထိန္းထားႏိုင္ေတာ့ဘူး။
"ဟမ္" ခ်င္ေကာရဲ႕ အျပဳံးက တလြန္တရာကိုမွ မ႐ွင္းမလင္းျဖစ္ေနသည္။
ဝူထုန္က ေဘးနားက အေရာင္းဝန္ထမ္းမေလးက အံ့ၾသသြားၿပီး ပါးစပ္ကို လက္ျဖင့္အုပ္လိုက္တာ ျမင္လိုက္တဲ့အခါ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္သြားသည္။ ဝူထုန္က ခ်င္ေကာရဲ႕ ဆုပ္ကိုင္ထားမႈက လြတ္သြားၿပီး ေနာက္ျပန္မလွည့္ဘဲ ထြက္ေျပးသြားခဲ့သည္။
“ေဟး…” ခ်င္ေကာက ဒီတစ္ႀကိမ္မွာ သူမကို မတားခဲ့ဘူး။ အဲဒီအစား သူက အေရာင္းဝန္ထမ္းမေလးဘက္ကို ျပန္လွည့္ၿပီး “ဒီတစ္ခုယူမယ္။ မင္းမွာ႐ွိတဲ့ အေကာင္းဆုံးကုတင္ေဘာင္ကိုလည္း ယူမယ္။ ႏွစ္ခုစလုံးကို ဒီလိပ္စာဆီ ပို႔ေပး"
"ဟုတ္ကဲ့ပါ႐ွင့္ "
ခ်င္ေကာက ပိုက္ဆံေပးၿပီး ထြက္သြားၿပီးေနာက္ အေရာင္းဝန္ထမ္းမေလးက သူမလုပ္ေဖာ္ကိုင္ဖက္နဲ႔ ျဖစ္ပ်က္ခဲ့တာေတြကို ေျပာျပရင္း ရင္ခုန္ေနခဲ့သည္။ “အခုေလးတင္ ထြက္သြားတဲ့ မစၥတာ ခ်င္က ေယာက်္ားပီသၿပီး ခ်မ္းသာတယ္ "
“ခုနက ငါေဘးနားမွာ႐ွိေနတဲ့အခ်ိန္ အားလုံးၾကားလိုက္တယ္။ သူက နည္းနည္းေတာ့.... တဏွာစိတ္႐ွိတယ္” သူမ လုပ္ေဖာ္ကိုင္ဖက္က ျပန္ေျပာခဲ့သည္။
"နင္ဘာသိလို႔လဲ။ သူ႕မိန္းမအေပၚ နည္းနည္းတဏွာစိတ္႐ွိတာက သူမအေပၚ သူ႕ရဲ႕ခ်စ္ခင္မႈကို ေဖာ္ျပဖို႔ နည္းလမ္းတစ္ခုပဲ” အေရာင္းဝန္ထမ္းက ႏိႈးေဆာ္တဲ့ေလသံနဲ႔ ဆက္ေျပာခဲ့သည္။ "ဒါ့အျပင္ မစၥတာခ်င္ က အရမ္းကို ကြၽမ္းက်င္တယ္"
“နင္က သူ႕ထက္ေတာင္ တဏွာစိတ္ႀကီးတယ္…”
........
ခ်င္ေကာက ဆိုဖာတန္းမွာ လက္႐ွိ ဆိုဖာေတြကို ၾကည့္ေနတဲ့ ဝူထုန္ကို အျမန္႐ွာေတြ႕သြားခဲ့သည္။ သူမက ၿငိမ္သက္ေနၿပီျဖစ္ေပမယ့္ ခ်င္ေကာကို ေတြ႕တဲ့အခါ သူမ အနည္းငယ္ စိတ္မသက္မသာ ခံစားလိုက္ရသည္။
"မင္း လိုခ်င္တာ ႐ွာေတြ႕ၿပီလား" ခ်င္ေကာက ဘာမွမျဖစ္သလို ေမးခဲ့သည္။
သူမတို႔အိမ္က သူမတို႔ႏွစ္ဦးပိုင္တာေၾကာင့္ ဝူထုန္က ခ်င္ေကာ ထင္ျမင္ခ်က္ ရယူတာက အေကာင္းဆုံးျဖစ္မယ္လို႔ ထင္ခဲ့သည္။ “ကြၽန္မ ႀကိဳက္တဲ့ ေမာ္ဒယ္ ႏွစ္မ်ိဳး ႐ွိတယ္။ အဲ့ထဲကတစ္ခုက ဥေရာပစတိုင္အထည္သားဆိုဖာ ၿပီးေတာ့ ေနာက္တစ္ခုက ကူ႐ွင္ေတြပါတဲ့ မေဟာ္ဂနီသား ခုံ႐ွည္တစ္ခုပဲ။ ဆိုဖာက ပိုေအးႏိုင္ေပမယ့္ မေဟာ္ဂနီသားခုံက အိမ္ရဲ႕ အလုံးစုံစတိုင္အတြက္ ပိုသင့္ေတာ္တယ္”
ေ႐ြးခ်ယ္မႈႏွစ္ခုၾကား ဝူထုန္ ဘာေၾကာင့္ ကြဲထြက္သြားရလဲဆိုတာ ခ်င္ေကာ နားမလည္ေပ။ "ဆိုဖာက ထိုင္ဖို႔ပဲဆိုတာ သိသာတယ္။ ဒါေၾကာင့္မို႔ သက္ေတာင့္သက္သာ႐ွိတဲ့ ဟာကို ေ႐ြးသင့္တယ္"
"ဒါေပမယ့္ ကြၽန္မတို႔ အထည္ဆိုဖာကို ေ႐ြးရင္ အျပင္အဆင္က ထူးဆန္းၿပီး လိုက္ေလ်ာညီေထြမျဖစ္ဘဲ ျဖစ္ေနမွာေပါ့ " ဝူထုန္က ေျပာလိုက္သည္။
"ဒါဆို ကိုယ္တို႔ ႏွစ္မ်ိဳးလုံး ဝယ္ၿပီးေ႐ႊ႕ၾကမယ္" ခ်င္ေကာက သူ႕ခရက္ဒစ္ကတ္ကို အနီးနား႐ွိ အေရာင္းဝန္ထမ္းထံ လႊဲေပးၿပီး ေျပာခဲ့သည္။ "ကြၽန္ေတာ္ ႏွစ္မ်ိဳးလုံးကို လိုခ်င္တယ္"
"႐ွင္ဘာလုပ္ေနတာလဲ" ဝူထုန္က ကတ္ကို ျပန္သိမ္းလိုက္သည္။ "ဘာလို႔ ႏွစ္မ်ိဳးလုံးဝယ္မွာလဲ။ အဲဒါေတြကို ဘယ္မွာထားမွာလဲ"
ခ်င္ေကာက သူ႕လက္ဗလာကို ၾကည့္ၿပီး ဝူထုန္ ဆုပ္ကိုင္ထားတဲ့ ခရက္ဒစ္ကတ္ကို ၾကည့္လိုက္သည္။ ခ်င္ေကာ သူ႕ပိုက္ဆံအိတ္ကို သူ႕အိတ္ကပ္ထဲက မထုတ္ခင္ ခဏေလာက္ စဥ္းစားလိုက္သည္။ သူ အနက္ေရာင္ကတ္တစ္ကတ္ကို ထုတ္ၿပီး ဝူထုန္ကို ေပးလိုက္ကာ ေျပာခဲ့သည္။ "အဲဒီကတ္ရဲ႕ ခရက္ဒစ္ကန္႔သတ္ခ်က္က အရမ္းမျမင့္ဘူး။ ဒါေၾကာင့္အဲ့အစား မင္း ဒီကတ္ကို ယူသင့္တယ္။ ခ်င္ဟြိဳက္က ေျပာတယ္ ... ဒီblackကတ္မွာ ခရက္ဒစ္ကန္႔သတ္ခ်က္မ႐ွိဘူးတဲ့”
ဝူထုန္ သူမေ႐ွ႕က black ကတ္ကို ၾကည့္ရင္း ၾကက္ေသေသသြားသည္။ ဆိုဖာဝယ္ေနရာကေန ဘယ္လိုျဖစ္ၿပီး ငါ့ကို ႐ုတ္တရက္ႀကီး black ကတ္ လာေပးေနရတာလဲ။
"ဒါ ဘာအဓိပၸာယ္လဲ" ဝူထုန္ ေမးလိုက္သည္။
" မင္းကို ပိုက္ဆံေပးေနတာေလ "ခ်င္ေကာက ဝူထုန္ရဲ႕ စိတ္အကူးအေျပာင္းကို ခံစားမိေပမယ့္ သူမဘာေၾကာင့္ စိတ္မခ်မ္းသာ ျဖစ္ေနလဲဆိုတာ မသိခဲ့ေပ။
ဝူထုန္က အသက္ျပင္းျပင္း႐ွဴၿပီး ကတ္ကို ဆိုဖာေဘးက ေကာ္ဖီစားပြဲေပၚ တင္လိုက္ကာ စကားတစ္ခြန္းမွ မေျပာဘဲ လွည့္ထြက္သြားခဲ့သည္။
#17.5.2023