Forever❣️Jeon

Por Koo-Nge

358 3 0

တလောကလုံးမှန်နေအုံးတောင် ငါတို့နှစ်ယောက်ကတော့မှားနေအုံးမှာပဲ Jeon Mais

Intro 💔
Ep-1
Ep-2
Ep -3
Ep -4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Final Episode

Ep-13

9 0 0
Por Koo-Nge

လက်ရှိအချိန်...

"လွန်ခဲ့တဲ့ ၁၅နှစ်က လာရှာခဲ့ကြတုန်းကဘာလို့
ပြန်ခေါ်မသွားခဲ့တာလဲ ?"

"သား သားကသိနေခဲ့တာလား .."

"သိနေခဲ့တယ် အသက်ရှင်နေတာလဲသိနေခဲ့တယ်
လာခေါ်ခဲ့တာလဲသိနေခဲ့တယ် ခေါ်ခွင့်ပြုခဲ့တာ
တောင် မခေါ်သွားခဲ့ကြတာလဲသိတယ် ဘာလဲ
တကယ်က ပိုက်ဆံလိုချင်လို့လာရှာရာက ဟိုက
ပြန်ပေးလိုက်တော့ မှန်းချက်နဲ့မကိုက်တော့လို့
လား "

"မဟုတ်တာ သားရယ် မဟုတ်တာ နေပါအုံးဒါဆို
သားက ဥက္ကဌကြီးကိုနားလည်မှုလွဲနေခဲ့တာပေါ့
ပြန်မပေးခဲ့ပါဘူးသားရယ် ပြန်မပေးနိုင်ကြောင်း
ကို ရတိပြတ်ပြောပီး အချိန်တစ်ခုထိပေါ်မလာဖို့
ပြောဆိုခဲ့တာပါ အဲ့လောက်ထိသားပေါ်မှာချစ်တဲ့
သူပါ "

"အဖေက အဲ့နေ့က ပြန်ခေါ်သွားပါဆိုတဲ့စကား
ကိုကျွန်တော့နားနဲ့ဆက်ဆက်ကြားခဲ့တာလေ"

"နောက်ဆက်တွဲစကားတေကို သားဆက်နား
ထောင်ခဲ့ပုံမပေါ်ဘူးပဲ ဟုတ်တယ်မို့လား "

ထိုအခါမှ မအေဖြစ်သူက အကြောင်းစုံသေချာ
ပြန်လည်ပြောပြပေးခဲ့သောကြောင့် Jungkook
မျက်ရည်တို့မထိန်းနိုင်တော့ လွဲခဲ့တာ မှားခဲ့တာ
နာကျည်းခဲ့တာ ၁၅ နှစ်ကြီးများတောင် အဖေ့
ကိုအထီးကျန်စေခဲ့တာ ၁၅ နှစ်ကြီးများတောင်
သူထင်ရာတွေးပီး အဖေနဲ့အကို့ကိုပါသူကခွဲ
ထားပစ်ခဲ့သေးတာ အဖေရယ် ဖြစ်မှဖြစ်ရလေ

"ဒါနဲ့ ဒီကိုလာတာ အဲ့ဒီအိမ်က သခင်လေးKim
သိပုံမပေါ်ဘူးမို့လား မဟုတ်မှကျွန်မတို့တေအိမ်
ထပ်ပြောင်းရအုံးမှာမဟုတ်ဘူးလား "

ထိုစကားဆိုလာသူကတော့ Jeon Byul စိတ်ထဲ
သိပ်မထားတက် ပွင့်ပွင့်လင်းလင်းပြောချတက်
တဲ့အကျင့်ကြောင့် မအေဖြစ်သူမှတားဖို့မမှီလိုက်

"ဘာတေပြောနေတာလဲ Byul ...သွားအိမ်ထဲသွား
တော့ "

"ကျွန်တော်သိပါတယ် လွန်ခဲ့တဲ့နှစ်တေထဲက
Jin Hyung ကနေရာတေစုံအောင်ပြောင်းနေခဲ့
တာရော Newzeland ထိပြောင်းပီးနေခဲ့တာတေ
ရော အားလုံးက ကျွန်တော့ကိုရှာနေတဲ့သူတေ
ရှိခဲ့လို့ဆိုတာသိပီးသားပါ Hyung ကိုအပြစ်မ
တင်ပါနဲ့ သူ့အတွက်ကျွန်တော်က တန်ဖိုးထားရ
ဆုံးသူဖြစ်တဲ့အပြင် ကျွန်တော့စိတ်ကိုနည်းနည်း
လေးမှအထိခိုက်မခံတဲ့သူမို့ ဒီလိုတေလုပ်ခဲ့တာ
ပါ ခများတို့တေကို ကျွန်တော့အနီးဆုံးထိရောက်
လာမှာကိုလဲ စိုးရိမ်ခဲ့တာနေမှာပေါ့ "

သူသိသည် အဖေ့အိမ်ကထွက်လာပီး တိုက်ခန်း
သေးသေးလေးနေမှာရင်း Hyung ကျောင်းပီး
တော့ company တစ်ခုမှာအလုပ်ဝင်ခဲ့သည် တစ်
ရက် ညနက်ကြီးအိမ်ပြန်ရောက်လာပီး အထုတ်
တေသယ် နေရာသစ်ကိုပြောင်းခဲ့တာစခဲ့သည်ထင်
Hyung ကတနေရာမှာ ၂ နှစ်ထက်ပိုမနေခဲ့ ကြား
ထဲ ကိုရီးယားတော့မဖြစ်တော့ဘူးဟု ပြောရင်း
Newzeland ထိပြောင်းနေခဲ့ရင်း သူ့အတွက်ဘာ
သာစကားအခက်ခဲဖြစ်ရတယ် မပျော်ဘူးလို့ဆို
ကာမှ ကိုရီးယားကိုပြန်လာခဲ့သူ အဲ့လောက်ထိ
သူ့ကို အသေချာဖွက်ထားခဲ့ရတဲ့အကြောင်းရင်း
ကို လွန်ခဲ့တဲ့ ၅ နှစ်ကဖြစ်မည် သူမထင်မှတ်ပဲ
သိခဲ့ရတယ်ဆိုပါတော့ တနေ့...

"အတွင်းရေးမှူး အန် , သူတို့တေခုနေနေတဲ့အိမ်
ကိုဝယ်လိုက် ဒီနေရာနဲ့အဝေးဆုံးထိပို့ပစ်လိုက်
ပါ အခွင့်ရေးတစ်ခုဖန်တီးပေးလိုက် Jungkook
ကိုရှာမတွေ့ရင်ပီးရော ပီးတော့သူ့မိဘတေ ရှာ
နေတယ်ဆိုတဲ့ ကိစ္စကိုအဲ့ဒီကလေးလုံးဝမသိစေနဲ့"

သူမတော်တဆကြားခဲ့ရင်းမှသိခဲ့ရတာက Hyung
ကသူ့ကို ဖွက်ထားဖို့အစွမ်းကိုကြိုးစားခဲ့ရတယ်
ဆိုတာကိုပေါ့ ဒါကြောင့်သူ Hyung မလုပ်စေ
ချင်တဲ့ နာမည်ကြီးမယ့်အလုပ်တေအားလုံးကို
ရှောင်သည် နောက်ဆုံး social mediaကိုပါသူ
အတက်နိုင်ဆုံး ကင်းအောင်နေခဲ့သည် သူ့အ
တွက် မိဘဆိုတာထက်ပိုတဲ့ဒီလူသားစိတ်ဆင်း
ရဲမှာမျိုးမဖြစ်စေချင်မိ ဒါကြောင့် ဒီလူသားဘာ
လုပ်လုပ် သူမဝေဖန်ခဲ့ ဒေါသမဖြစ်ခဲ့ပါ ။

"ခုလာရင်းကိစ္စကိုလဲ သ်ိရပီမို့ ပြန်ခွင့်ပြုပါအုံး
ပိုက်ဆံကြောင့်လာရှာခဲ့တာမဟုတ်တဲ့အတွက်
ကြောင့် ကျေးဇူးတင်ပ့ါတယ် ပီးတော့ ဒီနေရာက
နေ ထပ်ပြောင်းစရာမလိုတော့အောင်လုပ်ပေးမှာ
မို့ စိတ်အေးအေးနေပါ ဒါမွေးပေးခဲ့တဲ့ကျေးဇူး
ကြွေးဆပ်လိုက်တယ်လို့သဘောထားပေးပါ..
နောက်ပီး ဘယ်တော့မှထပ်လာရှာတော့မှာမဟုတ်
လို့ မမျှော်နေပါနဲ့တော့ ဒါနောက်ဆုံးကြိမ်တွေ့
ခြင်းပါ အဖေနဲ့အမေ "

မခေါ်ဖြစ်ခဲ့တဲ့ဒီနာမနှစ်ခုကို ပထမဆုံးနဲ့နောက်
ဆုံးကြိမ်ခေါ်ဆိုခဲ့ခြင်းဖြစ်ပီး သူလဲသိပ်ကိုအေး
ချမ်းခဲ့ရပီ အမုန်းတေလဲမရှိတော့ အငြိုးတေလဲ
မရှိတော့ ကျွန်တော့ရဲ့ရှေ့ဆက်မယ့်ဘဝကိုပေါ့
ပေါ့ပါးပါးနဲ့ရှင်သန်မှာဖြစ်ပီးတော့ အဖေနဲ့အမေ
လဲ နောင်တတေငြိမ်းပါစေတော့ ကောင်းကောင်း
ရှင်သန်ပီး ကောင်းကောင်းကြီးပြင်းလာခဲ့ရတာ
မို့ အားနာစိတ်မဖြစ်တော့ပဲ ကျန်ရှိနေတဲ့ဘဝကို
လွတ်လပ်စွာ နောင်တကင်းစွာရှင်သန်ကြပါ ပီး
တော့ Jeon Byul ဆိုတဲ့ ကောင်မလေးအတွက်
မိဘကောင်းဖြစ်ပေးပါ ညီမလေးလို့မခေါ်နိုင်
ပေမယ့် မင်းအတွက်အဖေနဲ့အမေကိုအပိုင်ပေး
ခဲ့လိုက်ပါပီ ပျော်ရွှင်ပါစေ ငါ့ရဲ့ညီမလေး ...

စွန့်ပစ်ခံရတဲ့ ခံစားမှုဟာသိပ်ကိုပြင်းထန်မှန်းခု
တော့ သ်ိလိုက်ရပါပီသားရယ် သားက ကိုယ်
တိုင်လာပီး အသေချာကိုစွန့်ပစ်ကြောင်းအတည်
ပြုပေးလိုက်တာ ဘယ်တော့မှထပ်မရှာတော့ဖို့
သတိလာပေးခဲ့တာ ဘယ်တော့မှလဲပြန်လာမှာ
မဟုတ်ဘူးဆိုတာကို သေချာလာပြောပြသွား
တာ ဒါပဲဖြစ်လိမ့်မည် ဥက္ကဋ္ဌKim ပြောခဲ့တဲ့သား
ငယ်ဆုံးဖြတ်နိုင်တဲ့အချိန် သူကိုယ်တိုင်ရှာပီးပို့
ပေးမယ်ဆိုတာ သားကသေချာကိုဆုံးဖြတ်ပီးမှ
လာခဲ့တာ ဒါလွန်ခဲ့တဲ့ နှစ် ၂၀ ကစွန့်ပစ်မှုအတွက်
ဒေါသတေမပါ အာဃတတေမပါ လှလှပပကြီး
ကို ကလဲ့စားချေသွားခဲ့ဟန်တူသည် ဒီအဖေနဲ့
အမေ တစ်သတ်လုံး နောင်တရပီးရှင်သန်နေပါ့
မယ် ဘယ်တော့မှလဲလာ ရှာမှာမဟုတ်တော့သ
လို့ သားထားရစ်ခဲ့တဲ့အတိုင်းရှင်သန်သွားပါ့မယ်

"အေးချမ်းပါစေ သားရေ ပီးတော့ ပျော်ရွှင်ပါစေ"
နောက်ဆုံးအကြိမ်ဆုတောင်းပေးမိခဲ့တဲ့ မိဘနှစ်
ပါးရဲ့ရင်ထဲကလာတဲ့ဆုတောင်းပါ သူမကြားခဲ့
ပေမယ့်ပေါ့......
အိမ်ပြန်လမ်းက လိုတာထက်ပိုပီးတိတ်ဆိတ်နေ
ခဲ့ပြန်သည် တစ်ချက်ချက်ထွက်လာတဲ့အသက်
ရှူသံသဲ့သဲ့ကလွဲရင် ဘာက်ိုမှမကြားမိတော့နောင်
တတေတပွေ့တစ်ပိုက်နဲ့ပြန်လာခဲ့ရတဲ့ ကျွန်တော်
ခွင့်လွှတ်ဖို့မတောင်းဆိုသင့်ဘူးဆိုတာသိပေမယ့်
အဖေ့ဘက်က တစ်ခါလေးတောင်မမုန်းခဲ့ဘူးဆို
တာသိခဲ့ရပေမယ့် တွေ့ဖို့အင်အားတေကုန်ဆုံးနေ
ပီ အဖေ ကျွန်တော်ကျွေးရကျိုးမနပ်ခဲ့တဲ့လူဖြစ်
ခဲ့ပီထင်ပါတယ်

"မန်နေဂျာကြီး အဖေ့အိမ်ကိုမောင်းပါ ..."
စကားတစ်ခွန်းသာဆိုပီး မျက်စိစုံမှိတ်ချကာရစ်
ဝဲလာတဲ့မျက်ရည်စတို့ကိုပြန်ရုတ်သိမ်းဖို့ကြ်ိုး
စားပစ်လိုက်သည်၊ အချိန်တေဘယ်လောက်ကုန်
ဆုံးသွားသည်မသိ အဖေ့အိမ်ရှေ့တောင်ရောက်
လာခဲ့ပီမို့ ကားပေါ်မှဆင်းကာ လေးလံလှတဲ့ခြေ
လှမ်းတို့ဖြင့်တစ်လှမ်းချင်းလှမ်းဝင်ခဲ့တော့သည်

"အဒေါ်ကြီး အဖေရှိလား ?"
"ဟယ် အကိုလေး Jungkook ပဲ ဟုတ်ကဲ့ဥက္ကဋ္ဌကြီး
စာကြည့်ခန်းမှာရှိပါတယ် ကျွန်မသောက်စရာတစ်
ခုခုလာပို့ဖို့လိုမလား အကိုလေး "

"မလိုဘူး အဒေါ်ကြီး ပီးတော့စာကြည့်ခန်းဘက်
ဘယ်သူမှဝင်မလာပါစေနဲ့ "
Jungkook အိမ်ထိန်းအဒေါ်ကြီးအားမှာပီး အဖေ
ရှိရာစာကြည့်ခန်းဘက်သို့ထွက်လာခဲ့လိုက်သည်

"အဖေ .."

"ဟင် သားငယ်ပဲ ကိစ္စတစ်ခုခုရှိလို့များလားရုတ်
တရက်ကြီးရောက်လာခဲ့တယ်ဆိုတော့ "
Jungkook ဖအေဖြစ်သူနားတလှမ်းချင်းယှဉ်ကပ်
သွားပီး အဖေ့ဝှီးချဲလ်ဘေးမှာ ဒူးတုတ်ကာထိုင်
ချမိလိုက်တော့သည် မဆုပ်ကိုင်ဖြစ်ခဲ့တာကြာ
ပီဖြစ်တဲ့အဖေ့ရဲ့ လက်ဖဝါးနှစ်ဖက်က်ိုနုနုညံ့ညံ့
ဆုပ်ကိုင်ရင်း ထိန်းထားခဲ့တဲ့မျက်ရည်စတို့က
သစ္စာဖောက်လာခဲ့ချေပီ ငိုပါရစေ ကျွန်တော်
ငိုပါရစေ အဖေ...

"တစ်ခုခုဖြစ်ခဲ့တာသေချာနေတာပဲ သားငယ်
ဘာကိစ္စလဲ ဒီဖအေကိုပြောစမ်းပါ သားငယ်ရယ်"

"တောင်းပန်ပါတယ် အများကြီးမှားသွားခဲ့ပါတယ်
အချိန်အကြာကြီးပစ်ထားခဲ့မိတာမို့ တောင်းပန်ပါ
တယ်အဖေ "
တစ်ရှုံ့ရှုံ့ငိုရင်း တောင်းပန်စကားကိုသာတရစပ်
ဆိုနေမိခဲ့သည် အဖေကတော့နားမလည်ဟန်ဖြင့်

" ဘာကိုတောင်းပန်နေလဲမသိပေမယ့် အဖေ့အ
တွက် သားငယ်ကအပြစ်တစ်စုံတစ်ရာလုပ်ခဲ့
တာမရှိပါဘူးကွယ် တစ်ကြိမ်လေးမှအပြစ်လို့​
တွေးခဲ့ဖူးတာမျိုးမရှိဘူး "

"အဲ့ဒီနေ့က လွန်ခဲ့တဲ့ ၁၅ နှစ်ကသူတို့တေလာရှာ
ခဲ့တဲ့နေ့က အဖေကသားကိုစွန့်ပစ်လိုက်တယ်လို့
ထင်ခဲ့တာ မုန်းနေခဲ့တယ်လို့ထင်ခဲ့တာ အဲ့ဒါ
ကြောင့် အဝေးကိုထွက်သွားပီး အဖေ့ဆီကJin
Hyung ကိုပါလုယူခဲ့တာ အဖေ့ကိုလဲတစ်ချိန်လုံး
စိတ်နာနေခဲ့တာ ဒီနေ့မှ ဒီနေ့မှ အကြောင်းစုံသိ
ခဲ့ရတယ် ကျွန်တော့ကိုမုန်းသွားပီလားအဖေ ဟင်"

"တွေ့ခဲ့ပီကိုး သူတို့တေဆီရောက်ခဲ့ပီပေါ့ သား
ငယ်ဘာဆုံးဖြတ်ချက်ချခဲ့ချခဲ့အဖေကလိုက်
လျောပေးနိုင်အောင် ဒီချိန်ထိစောင့်ခဲ့တာ ဒီအ
ရွယ်ထိသားငယ်ကိုစောင့်ခဲ့တာ ခုတော့ ဆုံးဖြတ်
ချပီး ပြန်လာခဲ့ပီပေါ့လေ မမုန်းရပါဘူးသားငယ်
ရယ် သားငယ်အဖေ့ပေါ်ဘာလို့စိမ်းကားသွားလဲ
အဖြေရှာမရခဲ့ပေမယ့် အဖေ့ရဲ့နောက်အိမ်ထောင်
ကိစ္စလို့ပဲထင်ခဲ့တာ ခုတော့ငါ့သားငယ်လေးက
ဒဏ်ရာတေ တပွေ့တစ်ပိုက်နဲ့ရှင်သန်နေခဲ့တာပဲ "

"အများကြီးပင်ပန်းခဲ့တယ် အများကြီးကြောက်နေ
ခဲ့တာ ဘာမှမဖြစ်ဘူး မပင်ပန်းပါဘူးရတယ်ဘာ
မှကိစ္စမရှိဘူးလို့ အားတင်းရင်းနေလာခဲ့ပေမယ့်
တကယ်တော့လေ တစ်ရက်လေးတောင်စိတ်သက်
သက်သာသာနဲ့နေခဲ့ရတဲ့ရက်တေမရှိခဲ့ဘူး အဖေ
ကျွန်တော့အတွက် ဒီမိသားစုလေးပြိုကွဲသွားမှာ
ထက် ဘာကိုမှကြောက်စရာမရှိခဲ့ဘူး ကြောက်
နေခဲ့တာ ထပ်ပီးစွန့်ပစ်ခံရမှာကိုကြောက်နေခဲ့
တာ "

စကားတေမနားတမ်းပြောရင်း အဖေ့ရင်ခွင်ထဲ
ခေါင်းတိုးပီး ငိုချပစ်ခဲ့တာသူဒီလိုငိုချင်နေခဲ့တာ
ကြာပါပီ ကလေးတစ်ယောက်လိုအသံထွက်အော်
ငိုရင်း အဖေ့ကိုခပ်တင်းတင်းဖက်ထားမိတော့
သည် ကျွန်တော်တို့တေသိပ်ကိုအထီးကျန်ခဲ့ကြ
တယ်မို့လား အဖေ .... ဝအောင်ငိုပီးမှ အဖေရင်
ခွင်ထဲကထွက်ကာ ကြမ်းပြင်ပေါ်ခြေပစ်လက်
ပစ်ထိုင်ချပစ်လိုက်မိတော့သည် ။

"ငိုလို့ဝသွားပီလား သား ငိုလို့ဝရင် ပြုံးဖို့ကြိုးစား
ပါ ဒီရှေ့ကစပီး သားငယ်ပူပန်နေတဲ့ဘယ်လိုကိစ္စ
မျိုးမှရှိမလာစေရဘူးလို့ အဖေကကတိပေးတယ်
အဖေ့အတွက်သားက သားအရင်းပဲ Seokjinရဲ့ညီ
ငယ်လေးပဲ ပီးတော့ Kim Jungkook ပဲအဲ့ဒါဘယ်
တော့မှမမေ့နဲ့ သား "

အဖေ့ကိုပြန်ပြုံးပြရင်း ၁၅နှစ်တာထမ်းပိုးခဲ့တဲ့
ဒေါသတေ မာနတေအငြိုးတေအားလုံးမရှိတော့
ပီမို့ လူကပိုပီးပေါ့ပါးသွားခဲ့သည် တမင်ပေပေ
တေတေ ခပ်ဆိုးဆိုးနေခဲ့တဲ့အချိန်တေကရုန်း
ထွက်ပီး တည်ငြိမ်တဲ့ Jungkook ဘဝကိုစတင်
ဖို့အားအင်တေအပြည့်ဖြစ်နေခဲ့ပီ ဘာပူပန်မှမရှိ
တော့တဲ့ ကျွန်တော်က Hyung ကိုလဲပေါ့ပေါ့ပါး
ပါးနဲ့ ချစ်ပေးနိုင်ခဲ့ပီမို့ ရှေ့လျှောက်ကျွန်တော့ရဲ့
အနာဂတ်မှာ Kim Taehyung ဆိုတဲ့လူသားကို
မရှိမဖြစ်လိုအပ်နေခဲ့ပီ လိုက်လာခဲ့မှာမို့စောင့်နေ
ပါ Hyung ....

Continuar a ler

Também vai Gostar

1.1M 19.3K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1.3M 53.1K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.2M 53.2K 99
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC