Falling In Love With My Husba...

由 Hinnery

988K 36.6K 1.6K

Season 1 သာမာန် လူလတ်တန်းစား မိသားစုက တက်ကြွကာ အလုပ်ကြိုးစားသော ခပ်ချောချော လူဆိုးကောင်လေး နေမင်းတာရာ မျိူးရိ... 更多

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇ ⚠️
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း 12
အခန်း 13
အခန်း 14
အခန်း 15
အခန်း 16
အခန်း 17 ⚠️
အခန်း 18
အခန်း 19
အခန်း 20
အခန်း 22
အခန်း 23
အခန်း 24⚠️
အခန်း 25
အခန်း 26
အခန်း 27
အခန်း 28
အခန်း 29
အခန်း 30
အခန်း 31
အခန်း 32
အခန်း 33
အခန်း 34
အခန်း 35
အခန်း 36
အခန်း 37
အခန်း 38
အခန်း 39
အခန်း 40
အခန်း 41
အခန်း 42
အခန်း 43
အခန်း 44
အခန်း 45
အခန်း 46⚠️
အခန်း 47
အခန်း 48
အခန်း 49
အခန်း 50
အခန်း 51⚠️
အခန်း 53
အခန်း 52
ဇာတ်သိမ်းပိုင်း
special episode
Season 2
အမည်ချိန်းခြင်း⚠️

အခန်း 21

14.2K 634 29
由 Hinnery

"သမီးလေး ဒါလီ လိုက်လာလို့ တော်သေးပေါ့...အန်တီမီတစ်ယောက်တည်းဆို ချမ်းလေး လေယာဉ်ထွက်ချိန်အထိ စောင့်နေရင်း တစ်ယောက်တည်းပျင်းနေမှာ...သူ့ဒယ်ဒီက အစည်းအဝေးရှိနေတာနဲ့ မလိုက်လာဖြစ်တော့ လေ"

လေဆိပ်ရှိ အဆောက်အဦးကြီးထဲ သုံးယောက်သား ဝင်လာကြရင်း ဒေါ်မေမီကဆိုသည်။ဒါလီက အဖြူရောင်ဂျင်းဘောင်ဘီရှည်ပွပွလေးနဲ့ အဖြူရောင် croptopအကြပ်လေးကို တွဲဝတ်ထားကာ အပေါ်ကပန်းနုရောင် ဆွယ်တာပါးပါးထပ်ဝတ်ထားသည်။နေကာမျက်မှန် တပ်ဆင်ထားကာ ပိုက်ဆံအိတ်ကို လက်မှာဆွဲချိတ်ထားရင်း ဒါလီက ဒေါ်မေမီလက်မောင်းကိုတွဲချိတ်ထားသည်။

"ဟုတ်..အန်တီမီ..သမီးက ချမ်း ကိုလိုက်ပို့မှဖြစ်မှာပေါ့"

"အင်းပေါ့"

ဒေါ်မေမီနဲ့ဒါလီက အတိုင်အဖောက်ညီစွာ စကားတပြောပြောဖြင့် ရှေ့ကလျှောက်နေကြသည်။ချမ်းက oversize တီရှပ်အဖြူရောင်လက်ရှည်လေးနဲ့ခဲပုတ်ရောင် ဂျင်းဘောင်းဘီရှည်ကို တွဲဝတ်ထားသည်။ချမ်း ဆံနွယ်ပွပွလေးတွေက နဖူးပေါ်ဝေ့ဝဲကျနေကာ maskအဖြူရောင်ကိုပါ တပ်ထားသည်မို့ ချမ်း မျက်နှာလေးထက် မျက်လုံးဝိုင်းဝိုင်းလေးတွေသာ ပေါ်လွင်ကျန်နေသည်။

suitcaseကိုလက်က ဆွဲကာ ဒေါ်မေမီတို့နောက်မှ လျှောက်လိုက်လာရင်း ချမ်းမျက်လုံးလေးတွေက ဟိုဒီဝေ့ဝဲရှာကြည့်နေသည်။ဒီအချိန်ဆို မောင်ရောက်‌နေလောက်ပြီဖြစ်သည်။‌အဆောက်အဦးကြီးထဲ ဟိုဒီသွားလာနေကြသည့် လူတွေက များသည်မို့ ချမ်း မောင့်ကို ချက်ချင်းရှာမတွေ့ပေ။

သုံးဦးသား တန်းစီချထားသည့် ခုံလေးတွေပေါ်တွင်ဝင်ထိုင်လိုက်ကြသည်။ခရီးသည်တွေကြားထဲ ထိုင်နေသည့် အနက်ရောင်ပုံရိပ်ကို မြင်လိုက်သည်နဲ့ ချမ်း ရင်ခုန်သွားရသည်။နေက တီရှပ်အနက် ဂျင်းအနက်နဲ့ဖြစ်ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသည်။ဘေးမှ ကျောပိုးအိတ်တစ်လုံးချထားလျက်။ချမ်း တို့ရောက်လာတာမြင်တော့ တစ်ချက်လှည့်ကြည့်ပြီး ဦးထုပ်ကိုပိုမိုငိုက်ဆောင်းသည်။ပြီးနောက် လက်ထဲက ဖုန်းကိုစိုက်ကြည့်နေဟန်ဆောင်သည်။

ဒါလီကလည်း ‌နေ့ကိုမြင်ကာ ချမ်းကို  နေ ရောက်နေပြီဖြစ်ကြောင်း မျက်လုံးလေး တစ်ဖက်မှိတ်ပြ အချက်ပေးလာသေးသည်။ချမ်း မသိမသာ ခေါင်း ပြန်ငြိမ့်ပြလိုက်သည်။ဒေါ်မေမီကတော့ ချမ်း တို့အခြေအနေကို ဘာမှသတိမထားမိပေ။ဒီရက်ပိုင်းထဲ သားဖြစ်သူက ဟိုကောင်လေး‌ကိုအဆက်အသွယ်မလုပ်သလို အရင်လိုခိုးတွေ့သည်လည်း မရှိတော့ပြီမို့ သားဖြစ်သူနဲ့ထိုကောင်လေး ပြတ်သွားပြီထင်နေတာ ဖြစ်သည်။

"Flight က ကိုးနာရီမှ စမှာဆိုတော့ မိနစ်လေးဆယ်လောက်လိုသေးတယ် အန်တီမီ"

ဒါလီက နာရီကိုတစ်ချက်ငုံ့ကြည့်ကာ ပြောသည်။

"အင်း..ချမ်းလေး လေယာဉ်ပေါ်တက်ပြီးမှ ပြန်ကြတာပေါ့...သားငယ် ကျန်းမာရေးကို အထူးဂရုစိုက်နော် ....ဟိုက မာမီ့ မိတ်ဆွေ တိုက်ခန်းမှာ သွားနေမလားဆိုတော့ မနေချင်ဘူး မာမီ သားတစ်ယောက်တည်းနေခိုင်းရမှာ စိတ်မချဘူးကွယ်"

မာမီက စိတ်ပူစွာ ဆိုလာတော့ ချမ်း မလုံမလဲဖြစ်ကာ စိတ်လည်းမကောင်းဖြစ်သွားရသည်။သူက မိဘရင်စုံကန်ကာ အတောင်ဖြန့်သွားတော့မည်မဟုတ်လား။ချမ်း မာမီတို့နဲ့ခွဲရမှာ စိတ်မကောင်းဖြစ်မိပေမဲ့ မောင်နဲ့လည်း မဝေးချင်ပေ။

"မာမီ့ကို ခဏလောက်ဖက်ထားချင်တယ်"

"ဟင်.."

ချမ်းက ပြောပြီး ဒေါ်မေမီကိုပွေ့ဖက်လာသည်မို့ ဒေါ်မေမီ သဘောတကျပြုံးကာ သားဖြစ်သူကို ပြန်လည်ပွေ့ဖက်လိုက်ရင်း  ချမ်း နောက်ကျောပြင်လေးကို ဖွဖွပွတ်သပ်ပေးသည်။

"လူကဖြင့် အသက်နှစ်ဆယ်ကျော်နေပြီ..မာမီ့ကို ကလေးလေးလိုချွဲတုန်း"

ဒေါ်မေမီက သားဖြစ်သူအပြုအမှုကို သဘောကျစွာ ပြုံးရင်း  ချစ်စနိုးပြောသည်။

"မာမီ နေကောင်းအောင်နေနော်...ဒေါသလည်းအရမ်းမကြီးပါနဲ့...မာမီပဲစိတ်ပင်ပန်းရတယ်"

သေသေချာချာမှာကြားနေသည့် သား ဖြစ်သူကြောင့် ဒေါ်မေမီက ချမ်း ကိုပွေ့ဖက်ထားရာမှ ခွာကာ  ချမ်း မျက်နှာလေးကိုမျက်ခုံးပင့်ကြည့်သည်။

"မာမီ့ကို အထူးတလည်မှာကြားနေပါ့လား....မာမီ့ကိုစိတ်မပူနဲ့ မာမီသားလေးသာ အစစအရာရာဂရုစိုက်နော်...ဟုတ်ပြီလား"

"ဟုတ်ကဲ့...မာမီ"

ချမ်းနဲ့ဒေါ်မေမီ စကားပြောနေစဉ် နေနဲ့ဒါလီက မျက်လုံးချင်းဆုံသည်။နေက နာရီတစ်ချက်ငုံ့ကြည့်ပြီး ဒါလီကို မေးဆတ်ကာ အချက်ပြသည်။flightစဖို့ ဆယ့်ငါးမိနစ်ပင်လိုတော့သည်မလား။ဒါလီက သဘောပေါက်ကာ သရုပ်ဆောင်ခြင်းလုပ်ငန်းစဉ် စတင်တော့သည်။

"အ!"

ရုတ်တရက် ဒါလီ့ထံမှထွက်ပေါ်လာသည် ညည်းညူသံကြောင့် ဒေါ်မေမီ အထိတ်တလန့်ဖြစ်ကာ ဒါလီ့ ဘက်လှည့်လာသည်။

"သမီး!..ဒါလီ..ဘာဖြစ်တာလဲ"

"ရုတ်တရက်ကြီး....သမီး ဗိုက်အရမ်းအောင့်လာလို့ အန်တီမီ..."

ဒါလီက ကိုယ်ကိုအနည်းငယ်ကွေးကာ ဗိုက်ကိုဖိနှိပ်ရင်း အသည်းအသန်ဗိုက်အောင့်ဟန်ပြသည်။

"ဟုတ်လား...ရရဲ့လား..သမီး"

"ဟင့်အင်း!...အား..အရမ်း အောင့်‌တယ် အန်တီမီ..သမီး ဆေး..ဆေးသောက်မှရမယ်ထင်တယ်"

ဒါလီ သရုပ်ဆောင်သည်မှာပီပြင်းလွန်းကာ ချမ်း ပင်ရုတ်တရက်တကယ်လားလို့ ထင်သွားရသည်။ဘေးက ထိုင်‌နေသည့် လူတွေပါ လှုပ်လှုပ်ရှားရှားဖြစ်ကာ ဒါလီ့ကို ဝိုင်းကြည့်လာကြသည်။

"မာမီ...အဲဒါဆို..ဒါလီ အိမ်အမြန်ပြန်မှဖြစ်မယ်ထင်တယ်...ဆေး...ဆေးသောက်ရမယ်လေ"

ချမ်းက စိတ်လှုပ်ရှားစွာအသက်ဝဝရှုပြီးမှ သရုပ်ဆောင်ခြင်းလုပ်ငန်းထဲ စတင်ပါဝင်သည်။

"ဟုတ်..ဟုတ်တယ် အန်တီမီ...သမီး အိမ်မှာသောက်နေကျ ဆေး..ဆေးရှိတယ်..အိမ်..အမြန်ပြန်ရအောင်..အ့!"

"မာမီ....လေယာဉ်ချိန်လည်းနီးနေပြီပဲ...သား တစ်ယောက်တည်း အဆင်ပြေပါတယ်...မာမီ..ဒါလီ့ကို အိမ်ပြန်ပို့လိုက်ပါ့လား..သူ..သူ အရမ်းအောင့်နေပြီထင်တယ်"

"ဒါဆို...မာမီ ဒါလီ့ကိုအိမ်ပြန်ပို့လိုက်အုံးမယ်...သား ဂရုစိုက်သွားနော်..လေယာဉ်ပေါက်ရောက်ရင် မာမီ့ကိုဖုန်းဆက်‌‌....ဆေးရော သောက်ပြီးပြီမလား မူးနေမှာစိုးလို့"

"ဟုတ်...မာမီ သား သောက်ပြီးပြီ"

"‌အင်း..အဲဒါဆို မာမီတို့သွားတော့မယ်.....သမီးလေး..ထ ..ဖြည်းဖြည်းသွားမယ်...လမ်းရောလျှောက်နိုင်လား"

"ဟုတ်..လျှောက်နိုင်တယ်...အန်တီမီ"

ဒေါ်မေမီက ဒါဒါ ကူတွဲကာ ဖြည်းဖြည်းလျှောက်သွားကြသည်။ကားပါကင်မှာ ဒါရိုင်ဘာဦးမြက အသင့်စောင့်နေသည် ဖြစ်သည်။
ဒေါ်မေမီတို့ မြင်ကွင်းထဲကပျောက်သွားသည်နဲ့  နေက ကျောပိုးအိတ်အမြန်ကောက်လွယ်ကာ ချမ်း နားရောက်လာသည်။

"ဘေဘီ...."

ချမ်း လည်းနေရာမှထရပ်ကာ suitcaseကိုဆွဲယူသည်။

"မောင်.."

"လာ...ကိုယ်တို့အမြန်သွားကြမယ်"

နေက ချမ်းလက်ထဲက suitcaseကိုပြောင်းဆွဲယူကာ  တစ်ဖက်က ချမ်း လက်လေးကို ဆုပ်ယူကိုင်ရင်း ခြေလှမ်းတွေစသည်။ဒေါ်မေမီတို့ သွားရာထွက်ပေါက်နဲ့ဆန့်ကျင်ဘက် ထွက်ပေါက်ကိုအမြန်လျှောက်လာကြသည်။အခြေအနေအားလုံးက စီစဉ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ပြီးဆုံးသွားသည်။

နေ က ဆိုင်ကယ်ပေါ်ချမ်းရဲ့suitcaseကိုနေရာချသည်။ကျောမှာ လွယ်ထားသည့်ကျောပိုးအိတ်ကို ရှေ့မှာလွယ်သည်။အသင့် ယူလာသည့် ဆိုင်ကယ်ဦးထုပ်ကိုယူကာ ချမ်း ခေါင်းပေါ်ဆောင်းပေးသည်။မေးသိုင်းကြိုးတပ်ပေးရင်း နေ က maskတပ်ထားသည့် ချမ်း မျက်နှာလေးကိုပြုံးကြည့်သည်။

"ပျော်လား...ဘေဘီ"

"အင်း"

ချမ်း ခေါင်းလေးငြိမ့်သည်။မောင်နဲ့မခွဲရတော့မည်မို့ ချမ်း ပျော်ပေမဲ့ စိတ်လှုပ်ရှားနေပြီး အနည်းငယ် ကြောက်ရွံ့နေမိသလိုပင်။တက်ကြွဖြတ်လတ်နေသည့် မောင် ကတော့ အတော်ပျော်နေပုံပေါ်သည်။

"မောင်...အခု ချမ်း တို့ဘယ်သွားမှာလဲဟင်"

"ကိုယ်တို့ လောလောဆယ်တော့ ဒီမြို့မှာနေလို့ ဖြစ်မှာမဟုတ်ဘူး...ဟိုမှာကလည်း ချမ်း ဦးငယ်ရှိနေတယ်ဆိုတော့ ကိုယ့် အသိရှိတဲ့ နယ်ဘက် ခဏသွားနေကြတာပေါ့"

"ဟုတ်"

"အင်း...တက်..နည်းနည်းဝေးတော့ ကိုယ်တို့မမှောင်ခင် ရောက်အောင် မြန်မြန်သွားမှဖြစ်မယ်"

ချမ်း ဆိုင်ကယ်ပေါ်တက်ကာ နေ့ ခါးကိုတင်းတင်းဖက်သည်။ဆိုင်ကယ်က အရှိန်ဖြင့်စတင်ထွက်ခွာလာသည်။

<<<<<>>>>>>

နေတို့ ရောက်တော့ ညနေ မှောင်ရီပျိူးကာစ အချိန်ဖြစ်သည်။ရွာထဲရှိ အိမ်လေးတွေက ဇလီအိမ်ပုပုလေးတွေများသည်။နေက ဆိုင်ကယ်ကို ဝါးခြံစည်းရိုးတန်းတွေကာထားသော ခြံဝန်းတစ်ခုရှေ့ရပ်လိုက်သည်။ဆိုယ်ကယ်သံကြားသည်နဲ့ အသက်ခပ်လတ်လတ်အရွယ် ယောကျာ်းတစ်ဦးက အိမ်ပုလေးပေါ်မှဆင်းလာသည်။

"ဟေး...နေ..ရောက်လာပြီလား...နောက်ကျသားပဲ..ငါ စောစောရောက်လာမယ်ထင်နေတာ"

နေ့ကို အကျယ်ကြီးအော်ခေါ်ကာ ဝမ်းသာအားရနှုတ်ဆက်သည်။

"ဟုတ်တယ်..ကိုမျိူး...လမ်းမှာခဏနားနေတာနဲ့ နောက်ကျသွားတယ်...လာ..ဘေဘီ"

နေက ကိုမျိူးအမေးကိုပြန်လည်ဖြေဆိုပြီး ချမ်း လက်လေးကိုဆုပ်ကိုင်ကာခေါ်သည်။

"လာကြ..လာကြ...ပေး..အထုပ်တွေ"

ကိုမျိူးက ပြောပြောဆိုဆိုချမ်း လက်ထဲက အဝတ်suitcaseဆွဲယူထမ်းသည်။

"ဟို..ရပါတယ်..ကျွန်တော့်ဘာသာယူခဲ့.."

ချမ်း အငြင်းစကားမဆုံးခင် ကိုမျိူးကိုအိမ်ပေါ်ကိုအထုပ်သယ်သွားပြီဖြစ်သည်။

"လာ..လာ..မောင်လေးတို့...လာကြ....သားငယ်ရေ...သားဦးဦးနေ ကျောပိုးအိတ်ကူသယ်အုံးလေ"

ခပ်လတ်လတ်အသက်အရွယ်အမျိူးသမီးတစ်ဦးပါ အိမ်ပေါ်ကာဆင်းလာကာ နေတို့ကိုခရီးဦးကြိုပြုသည်။‌ကိုးနှစ်အရွယ်ကောင်လေးက နေ့ ကျောပိုးအိတ်ကိုကူသယ်ပေးရန်လက်လှမ်းလာသည်။

"နေပါစေဗျာ...ဦးဦး ဘာသာသယ်ပါ့မယ်"

နေက အပြုံးနဲ့ဆိုပြီး ချမ်း လက်လေးဆွဲကာ အိမ်ပေါ်တက်လာသည်။ချမ်းကို နေ့နောက်ကနေမျက်လုံးဝိုင်းလေးဖြင့်ပါလာသည်။ကိုမျိူးက ပျဉ်ကြမ်းခင်းပေါ်တွင် သင်ဖြူးဖျာတစ်ချပ် ဆွဲယူခင်းသည်။

"ကဲ...ထိုင်ကြအုံး...မိန်းမရေ ဝယ်ထားတဲ့ ကော်ဖီထုပ်တွေ၊မုန့်ထုပ်တွေယူခဲ့တော့ဟေ့!!"

"ဟုတ်ကဲ့...အစ်ကို"

အမျိူးသမီးက ပြောပြီး မီးဖိုခန်းဟုထင်ရသည့်အိမ်အတွင်းခန်းလေးထဲဝင်သွားသည်။

"သား..ငခန့်ရေ..ဦးတိုးကြီးဆိုင် စက်ဘီးနဲ့ပြေးပြီး ဘီယာသုံးဘူးလောက်သွားဆွဲစမ်းကွာ...ဒီအချိန် ထန်းရည်ကကုန်လောက်ပြီ"

"နေ..နေပါစေ...ကိုမျိူး သွားမဝယ်ခိုင်းနဲ့..ကျွန်တော် မသောက်ဘူး"

နေ ချမ်း ရှေ့မှာမို့အလျင်အမြန်ငြင်းသည်။

"မင်း အရင်က လာတိုင်း သောက်ပါတယ်ကွာ..ခုမှ....."

ကိုမျိူးက နေ မသောက်ဘူးဆိုသဖြင့် မကျေမနပ်ဖြစ်ကာ မျက်ခုံးကြီးတွန့်မေးသည်။ကိုမျိူးက  ဟိုမှဒီကုန်ကားတွေလိုက်လိုက်မောင်းပို့တတ်သူ ဖြစ်သည်။တစ်ခါ ညကြီး ကားပျက်ပြီး ဒုတ်ခရောက်နေစဉ် နေနဲ့တွေ့ကာ နေ က ကူညီဖူးသဖြင့် နေ့ကိုဆွေမျိူးအရင်းအချာလို ခင်သွားတော့သည်။

"ဟား..ဟား...ငါ သဘောပေါက်ပြီ..အေးပါကွာ!"

ခဏ ကြာမှ နေ့ ဘေးနားကပ်ထိုင် နေကာ
နေမလွှတ်တမ်းဆုပ်ကိုင်ထားသည့် ချမ်းလက်လေး ကိုကြည့်ပြီး သူဘာသာအတွေးပေါက်ကာ တဟားဟားအော်ရယ်သည်။

ချမ်းက maskချွတ်ထားပြီးဖြစ်ကာ နေ့ ဘေးနား နေ ထိုင်သလို တင်ပလင်ခွေလေးထိုင်နေသည်။ထိုစဉ် ကိုမျိူးရဲ့ဇနီးဖြစ်သူ ရောက်လာကာ မုန့်ထုပ်လေးတွေတည်ခင်းချသည်။ဖန်ခွက်နှစ်ခွက်နဲ့ အတူ sundayလက်ဖက်ရည်ထုပ်တွေပါ အသင့်ချပေးသည်။

"မောင်လေးတို့..ကော်ဖီ သောက်ကြအုံး...ဘာမှ အားမနာနဲ့ ကိုယ့်အိမ်ကိုယ်ယာလို အေးဆေးနေကြနော်..ရေမိုးချိူးပြီးမှ ထမင်းစားကြတာပေါ့"

"ဟုတ်ကဲ့..မနော် ကျေးဇူးပါဗျာ"

နေက ထိုအမျိူးသမီးကိုကျေးဇူးတင်စကားဆိုသည်။ကိုမျိူးရဲ့ဇနီး မနော်ဖော်က တိုင်းရင်းသူဖြစ်ကာ စကားသံဝဲဝဲလေးနဲ့ဖြစ်သည်။အသားဖြူသလို ခန်ဓာကိုယ်ကခပ်ပြည့်ပြည့်ဖြစ်ကာ အသားညိုညို၊အရပ်ရှည်ရှည် ကိုမျိူးနဲ့လိုက်ဖက်ပါသည်။

"မလိုပါဘူးအေ...နင့်အစ်ကိုနဲ့သာ စကားပြောကြအုံး..ငါ ဟင်းတွေ ပြန်နွှေးချေအုံးမယ်"

"ဟုတ်ကဲ့...ဟုတ်ကဲ့...အစ်မ"

မနော်က ပြောပြီး မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။

"ဘေဘီ...လက်ဖက်ရည်သောက်မလား"

နေက ချမ်း ဘက်ကိုလှည့်လာရင်းမေးသည်။

"ဟင့်အင်း..ချမ်း ရေချိူးချင်တယ် မောင်"

ချမ်း တစ်နေကုန် ခရီးပန်းလာရသည်မို့ လူကငြီးစီစီဖြစ်နေသည်။ရေမိုးချိူးကာ အိပ်ယာထဲအေးဆေးနားချင်နေပြီဖြစ်သည်။

"ချိူးချင်နေပြီလား..အင်း..ကိုယ်နဲ့အတူသွားချိူးတာပေါ့"

နေက ခရီးပန်းနေသည့် ခပ်နွမ်းနွမ်း ချမ်းမျက်နှာလေးကို သေချာကြည့်လာကာ မျက်ခုံးတွန့်သည်။

"နေမကောင်းဘူးလား...ဘေဘီ"

ပြောရင်း ချမ်း နဖူးလေးကိုဖွဖွစမ်းသည်။

"ကောင်းတယ်...မောင်..ချမ်း ဘာမှမဖြစ်ပါဘူး ရေသွားချိူးရအောင်"

"အင်း"

ချမ်း ကိုယ်အပူချိန်က ပုံမှန်ပဲမို့ နေက ခေါင်းငြိမ့်သည်။

"ရေသွားချိူးမှာဆိုလည်း ချိူးကြ...ရေ တွေအသင့်ငင်ပြီးသားရှိတယ်...မင်းတို့အဝတ်အစားတွေ အနောက်အိမ်ပေါ်တင်ပေးထားတယ် နေ ....အဲဒီမှာ မင်းတို့လွတ်လွတ်လပ်နေကြပေါ့"

"ဟုတ်ကဲ့..ကျေးဇူးပဲ ကိုမျိူး"

ကိုမျိူးတို့ခြံဝန်းက အတော်လေးကျယ်ကာ  အိမ်ပုလေးနှစ်လုံးရှိတာ ဖြစ်သည်။ခြံနောက်တွင်လည်း သီးပင်စားပင်အစုံရှိသလို ဘူးစင်တစ်စင်လည်းရှိသည်။

နေ တို့ အိမ်လေးပေါ်မှ ဆင်းကာ အနောက်အိမ်ပေါ်တက်သွားကြသည်။

"အစ်ကို....စားပွဲခင်းစမ်းပါ"

မီးဖိုချောင်ထဲမှ မနော်က ဟင်းပန်းကန်ကိုင်ကာ အိမ်ရှေ့ခန်းရောက်လာရင်း ပြောသည်။ကိုမျိူး က အိမ်နံရံတွင်ထောင်ထားသည့် စားပွဲဝိုင်းလေးကို အမြန်ခင်းလိုက်သည်။မနော်က စားပွဲပေါ်တွင်ဟင်းခွက်ကို တင်လိုက်ရင်း .....

"အစ်ကို...နေ နဲ့အတူပါလာတဲ့ကောင်လေးက......"

"ဒီအခြေအနေကိုကြည့်ပြီး မသိဘူးလားမိန်းမရ....သူခိုးပြေးလာမယ်ဆိုတဲ့ တစ်ယောက်ပေါ့"

"ဟုတ်လား....ကောင်လေးက ချစ်စရာလေး..ဖြူနုနေတာပဲ...အစ်ကို့ညီ ခိုးပြေးလာတဲ့အထိဖြစ်လည်းဖြစ်ချင်စရာပဲ....ငခန့်!..ဟင်း တွေနှိုက်မစားနဲ့လေ"

ယောကျာ်းဖြစ်သူနဲ့စကားပြောနေရင်း ကြက်သားကြော်ပန်းကန်လက်လှမ်းနေသည့် သား ဖြစ်သူကြောင့် မနော် အော်သည်။

"သားဗိုက်ဆာပြီ...အမေ"

"ဗိုက်ဆာရင်လာ...မီးဖိုချောင်ထဲ စားမယ်"

သားဖြစ်သူကို လက်ဆွဲရင်း မနော်က မီးဖိုချောင်ထဲ ဝင်သွားသည်။ရွာထဲမှာ မြို့ကပြန်လာပြီး အတူတူနေနေကြသည့် ယောကျာ်းလေးချင်းတွဲ‌နေသည့်စုံတွဲ တစ်တွဲရှိသည်မို့ မနော်တို့အတွက် နေနဲ့ချမ်းက သိပ်အထူးအဆန်းတော့ဖြစ်။

<<<<<>>>>>>

မှောင်ရီပျိူးကာစ အချိန်မို့ ခြံထဲမှောင်နေပြီဖြစ်သည်။နေက ကိုမျိူးတို့ဆီမှ ခလုတ်နှိပ်ဖိဖွင့်ပိတ်လုပ်ရသည့် မီးသီးကြီးယူလာကာ  ရေချိူးသည့်နေရာ နား ချိတ်ဆွဲသည်။

"မောင်!"

အိမ်ထဲမှ ချမ်း အသံလေးထွက်ပေါ်လာသည်မို့ နေ အလျင်အမြန်အိမ်ထဲပြန်ရောက်လာသည်။

"ဘေဘီ...ဘာဖြစ်လို့လဲ"

နေက အပေါ်ပိုင်းဗလာကျင်းနေကာ အောက်ပိုင်း ဂျင်းဘောင်းဘီရှည်နဲ့ဖြစ်သည်။မီးရောင် မှိန်မှိန်အောက်မှာ ‌ရေစတချိူ့ သီးနေသည့် နေ့ ဝမ်းဗိုက်ကြွက်သားတွေက အထင်အရှား။နေ့ ဂျင်းဘောင်းဘီရှည်က အနားစမှာ ရေစိုနေသည်။ချမ်း ရေချိူးဖို့ နေ ရေထပ်ဖြည့်နေတာဖြစ်သည်။ချမ်းက နေ့ကိုလှည့်ကြည့်လာပြီးမှ မျက်နှာလေးအမြန်ပြန်လွှဲသည်။

ချမ်း မောင် အဝတ်မပါသည့်ပုံစံကိုမြင်ရသည်မှာအသားမကျသေးပေ။

"ချမ်း..ချမ်း ရေလဲပုဆိုးမပါဘူး..မောင်"

"မောင့်အိတ်ထဲမှာ ရှိတယ်လေ ဘေဘီ...ယူလိုက်"

နေ့စကားကြောင့် ချမ်း  နေ့ကျောပိုးအိတ်ထဲက ပုဆိုးတစ်ထည်ရှာယူလိုက်သည်။

"အင်ကျီတွေ ချွတ်တော့လေ..ဘေဘီ ရေချိူးရအောင်"

"မောင်..မောင် အပြင်မှာစောင့်နေ!"

ချမ်း စကားကြောင့်နေက သဘောတကျရယ်ကာ ချမ်း ခါးလေးကိုနောက်က ပွေ့ဖက်သည်။

"ရှက်လို့လား..ဘေဘီက...ဟင်.. ကိုယ်တို့လင်မယားတွေဖြစ်နေပြီပဲ ဘာတွေရှက်"

အဝတ်ကင်းမဲ့နေသည့် မောင့် ကိုယ်ကြီးထဲ ချမ်းကိုယ်လေးပူးကပ်နစ်မြုပ်သွားရသလိုချမ်း နားနားကပ်ကာတိုးတိုးပြောလာသည့်စကားတွေကြောင့် ချမ်း မျက်နှာလေးအရှက်သည်းကာပိုရဲ လာသည်။

"မောင်..ဖယ်..ဖယ်အုံး"

ချမ်း က ဖက်ထားသည့် နေ့လက်တွေကို ဆွဲဖယ်ကာ နေ့ရင်ခွင်ထံမှ ရုန်းထွက်ပေမဲ့ နေက မလွှတ်ပဲ ပို တိုးဖက်သည်။နေက  ချမ်း ခါးလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ရင်း ချမ်း ပခုံးလေးပေါ် မေးတင်ကာ.....

"မနက်ဖြန် ကိုယ်တို့ လက်ထပ်စာချူပ်မှာလက်မှတ်သွားထိုးမယ်....ဘေဘီ့ကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် ကိုယ်အရမ်းပျော်တာပဲကွာ"

"ချမ်း ရောပဲ...ပျော်တယ်"

ချမ်း စကားကြောင့် နေက နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။

"ရွှတ်!"

ရုတ်တရက် နေက ချမ်း ပါးလေးကိုနောက်ကနေ ရွှတ်ခနဲနမ်းလိုက်သည်။

"မောင်နော်....ဖယ်တော့ ရေချိူးမယ်"

"ဟုတ်ပါပြီဗျာ"

နှစ်ယောက်သားအတူတူ ရေချိူးရန်ခြံထဲဆင်းလာကြသည်။

<<<<<>>>>>>

ကိုယ်နေသိပ်မကောင်းလို့ စာနည်းနည်းတိုသွားတယ်

နောက်တစ်ပိုင်းမှ ရှည်ရှည်ရေးပေးပါ့မယ်



"သမီးေလး ဒါလီ လိုက္လာလို႔ ေတာ္ေသးေပါ့...အန္တီမီတစ္ေယာက္တည္းဆို ခ်မ္းေလး ေလယာဥ္ထြက္ခ်ိန္အထိ ေစာင့္ေနရင္း တစ္ေယာက္တည္းပ်င္းေနမွာ...သူ႔ဒယ္ဒီက အစည္းအေဝးရွိေနတာနဲ႔ မလိုက္လာျဖစ္ေတာ့ ေလ"

ေလဆိပ္ရွိ အေဆာက္အဦးႀကီးထဲ သုံးေယာက္သား ဝင္လာၾကရင္း ေဒၚေမမီကဆိုသည္။ဒါလီက အျဖဴေရာင္ဂ်င္းေဘာင္ဘီရွည္ပြပြေလးနဲ႔ အျဖဴေရာင္ croptopအၾကပ္ေလးကို တြဲဝတ္ထားကာ အေပၚကပန္းႏုေရာင္ ဆြယ္တာပါးပါးထပ္ဝတ္ထားသည္။ေနကာမ်က္မွန္ တပ္ဆင္ထားကာ ပိုက္ဆံအိတ္ကို လက္မွာဆြဲခ်ိတ္ထားရင္း ဒါလီက ေဒၚေမမီလက္ေမာင္းကိုတြဲခ်ိတ္ထားသည္။

"ဟုတ္..အန္တီမီ..သမီးက ခ်မ္း ကိုလိုက္ပို႔မွျဖစ္မွာေပါ့"

"အင္းေပါ့"

ေဒၚေမမီနဲ႔ဒါလီက အတိုင္အေဖာက္ညီစြာ စကားတေျပာေျပာျဖင့္ ေရွ႕ကေလွ်ာက္ေနၾကသည္။ခ်မ္းက oversize တီရွပ္အျဖဴေရာင္လက္ရွည္ေလးနဲ႔ခဲပုတ္ေရာင္ ဂ်င္းေဘာင္းဘီရွည္ကို တြဲဝတ္ထားသည္။ခ်မ္း ဆံႏြယ္ပြပြေလးေတြက နဖူးေပၚေဝ့ဝဲက်ေနကာ maskအျဖဴေရာင္ကိုပါ တပ္ထားသည္မို႔ ခ်မ္း မ်က္ႏွာေလးထက္ မ်က္လုံးဝိုင္းဝိုင္းေလးေတြသာ ေပၚလြင္က်န္ေနသည္။

suitcaseကိုလက္က ဆြဲကာ ေဒၚေမမီတို႔ေနာက္မွ ေလွ်ာက္လိုက္လာရင္း ခ်မ္းမ်က္လုံးေလးေတြက ဟိုဒီေဝ့ဝဲရွာၾကည့္ေနသည္။ဒီအခ်ိန္ဆို ေမာင္ေရာက္‌ေနေလာက္ၿပီျဖစ္သည္။‌အေဆာက္အဦးႀကီးထဲ ဟိုဒီသြားလာေနၾကသည့္ လူေတြက မ်ားသည္မို႔ ခ်မ္း ေမာင့္ကို ခ်က္ခ်င္းရွာမေတြ႕ေပ။

သုံးဦးသား တန္းစီခ်ထားသည့္ ခုံေလးေတြေပၚတြင္ဝင္ထိုင္လိုက္ၾကသည္။ခရီးသည္ေတြၾကားထဲ ထိုင္ေနသည့္ အနက္ေရာင္ပုံရိပ္ကို ျမင္လိုက္သည္နဲ႔ ခ်မ္း ရင္ခုန္သြားရသည္။ေနက တီရွပ္အနက္ ဂ်င္းအနက္နဲ႔ျဖစ္ၿပီး ဦးထုပ္ကို ခပ္ငိုက္ငိုက္ေဆာင္းထားသည္။ေဘးမွ ေက်ာပိုးအိတ္တစ္လုံးခ်ထားလ်က္။ခ်မ္း တို႔ေရာက္လာတာျမင္ေတာ့ တစ္ခ်က္လွည့္ၾကည့္ၿပီး ဦးထုပ္ကိုပိုမိုငိုက္ေဆာင္းသည္။ၿပီးေနာက္ လက္ထဲက ဖုန္းကိုစိုက္ၾကည့္ေနဟန္ေဆာင္သည္။

ဒါလီကလည္း ‌ေန႔ကိုျမင္ကာ ခ်မ္းကို  ေန ေရာက္ေနၿပီျဖစ္ေၾကာင္း မ်က္လုံးေလး တစ္ဖက္မွိတ္ျပ အခ်က္ေပးလာေသးသည္။ခ်မ္း မသိမသာ ေခါင္း ျပန္ၿငိမ့္ျပလိုက္သည္။ေဒၚေမမီကေတာ့ ခ်မ္း တို႔အေျခအေနကို ဘာမွသတိမထားမိေပ။ဒီရက္ပိုင္းထဲ သားျဖစ္သူက ဟိုေကာင္ေလး‌ကိုအဆက္အသြယ္မလုပ္သလို အရင္လိုခိုးေတြ႕သည္လည္း မရွိေတာ့ၿပီမို႔ သားျဖစ္သူနဲ႔ထိုေကာင္ေလး ျပတ္သြားၿပီထင္ေနတာ ျဖစ္သည္။

"Flight က ကိုးနာရီမွ စမွာဆိုေတာ့ မိနစ္ေလးဆယ္ေလာက္လိုေသးတယ္ အန္တီမီ"

ဒါလီက နာရီကိုတစ္ခ်က္ငုံ႔ၾကည့္ကာ ေျပာသည္။

"အင္း..ခ်မ္းေလး ေလယာဥ္ေပၚတက္ၿပီးမွ ျပန္ၾကတာေပါ့...သားငယ္ က်န္းမာေရးကို အထူးဂ႐ုစိုက္ေနာ္ ....ဟိုက မာမီ့ မိတ္ေဆြ တိုက္ခန္းမွာ သြားေနမလားဆိုေတာ့ မေနခ်င္ဘူး မာမီ သားတစ္ေယာက္တည္းေနခိုင္းရမွာ စိတ္မခ်ဘူးကြယ္"

မာမီက စိတ္ပူစြာ ဆိုလာေတာ့ ခ်မ္း မလုံမလဲျဖစ္ကာ စိတ္လည္းမေကာင္းျဖစ္သြားရသည္။သူက မိဘရင္စုံကန္ကာ အေတာင္ျဖန႔္သြားေတာ့မည္မဟုတ္လား။ခ်မ္း မာမီတို႔နဲ႔ခြဲရမွာ စိတ္မေကာင္းျဖစ္မိေပမဲ့ ေမာင္နဲ႔လည္း မေဝးခ်င္ေပ။

"မာမီ့ကို ခဏေလာက္ဖက္ထားခ်င္တယ္"

"ဟင္.."

ခ်မ္းက ေျပာၿပီး ေဒၚေမမီကိုေပြ႕ဖက္လာသည္မို႔ ေဒၚေမမီ သေဘာတက်ၿပဳံးကာ သားျဖစ္သူကို ျပန္လည္ေပြ႕ဖက္လိုက္ရင္း  ခ်မ္း ေနာက္ေက်ာျပင္ေလးကို ဖြဖြပြတ္သပ္ေပးသည္။

"လူကျဖင့္ အသက္ႏွစ္ဆယ္ေက်ာ္ေနၿပီ..မာမီ့ကို ကေလးေလးလိုခြၽဲတုန္း"

ေဒၚေမမီက သားျဖစ္သူအျပဳအမႈကို သေဘာက်စြာ ၿပဳံးရင္း  ခ်စ္စႏိုးေျပာသည္။

"မာမီ ေနေကာင္းေအာင္ေနေနာ္...ေဒါသလည္းအရမ္းမႀကီးပါနဲ႔...မာမီပဲစိတ္ပင္ပန္းရတယ္"

ေသေသခ်ာခ်ာမွာၾကားေနသည့္ သား ျဖစ္သူေၾကာင့္ ေဒၚေမမီက ခ်မ္း ကိုေပြ႕ဖက္ထားရာမွ ခြာကာ  ခ်မ္း မ်က္ႏွာေလးကိုမ်က္ခုံးပင့္ၾကည့္သည္။

"မာမီ့ကို အထူးတလည္မွာၾကားေနပါ့လား....မာမီ့ကိုစိတ္မပူနဲ႔ မာမီသားေလးသာ အစစအရာရာဂ႐ုစိုက္ေနာ္...ဟုတ္ၿပီလား"

"ဟုတ္ကဲ့...မာမီ"

ခ်မ္းနဲ႔ေဒၚေမမီ စကားေျပာေနစဥ္ ေနနဲ႔ဒါလီက မ်က္လုံးခ်င္းဆုံသည္။ေနက နာရီတစ္ခ်က္ငုံ႔ၾကည့္ၿပီး ဒါလီကို ေမးဆတ္ကာ အခ်က္ျပသည္။flightစဖို႔ ဆယ့္ငါးမိနစ္ပင္လိုေတာ့သည္မလား။ဒါလီက သေဘာေပါက္ကာ သ႐ုပ္ေဆာင္ျခင္းလုပ္ငန္းစဥ္ စတင္ေတာ့သည္။

"အ!"

႐ုတ္တရက္ ဒါလီ့ထံမွထြက္ေပၚလာသည္ ညည္းညဴသံေၾကာင့္ ေဒၚေမမီ အထိတ္တလန႔္ျဖစ္ကာ ဒါလီ့ ဘက္လွည့္လာသည္။

"သမီး!..ဒါလီ..ဘာျဖစ္တာလဲ"

"႐ုတ္တရက္ႀကီး....သမီး ဗိုက္အရမ္းေအာင့္လာလို႔ အန္တီမီ..."

ဒါလီက ကိုယ္ကိုအနည္းငယ္ေကြးကာ ဗိုက္ကိုဖိႏွိပ္ရင္း အသည္းအသန္ဗိုက္ေအာင့္ဟန္ျပသည္။

"ဟုတ္လား...ရရဲ႕လား..သမီး"

"ဟင့္အင္း!...အား..အရမ္း ေအာင့္‌တယ္ အန္တီမီ..သမီး ေဆး..ေဆးေသာက္မွရမယ္ထင္တယ္"

ဒါလီ သ႐ုပ္ေဆာင္သည္မွာပီျပင္းလြန္းကာ ခ်မ္း ပင္႐ုတ္တရက္တကယ္လားလို႔ ထင္သြားရသည္။ေဘးက ထိုင္‌ေနသည့္ လူေတြပါ လႈပ္လႈပ္ရွားရွားျဖစ္ကာ ဒါလီ့ကို ဝိုင္းၾကည့္လာၾကသည္။

"မာမီ...အဲဒါဆို..ဒါလီ အိမ္အျမန္ျပန္မွျဖစ္မယ္ထင္တယ္...ေဆး...ေဆးေသာက္ရမယ္ေလ"

ခ်မ္းက စိတ္လႈပ္ရွားစြာအသက္ဝဝရႈၿပီးမွ သ႐ုပ္ေဆာင္ျခင္းလုပ္ငန္းထဲ စတင္ပါဝင္သည္။

"ဟုတ္..ဟုတ္တယ္ အန္တီမီ...သမီး အိမ္မွာေသာက္ေနက် ေဆး..ေဆးရွိတယ္..အိမ္..အျမန္ျပန္ရေအာင္..အ့!"

"မာမီ....ေလယာဥ္ခ်ိန္လည္းနီးေနၿပီပဲ...သား တစ္ေယာက္တည္း အဆင္ေျပပါတယ္...မာမီ..ဒါလီ့ကို အိမ္ျပန္ပို႔လိုက္ပါ့လား..သူ..သူ အရမ္းေအာင့္ေနၿပီထင္တယ္"

"ဒါဆို...မာမီ ဒါလီ့ကိုအိမ္ျပန္ပို႔လိုက္အုံးမယ္...သား ဂ႐ုစိုက္သြားေနာ္..ေလယာဥ္ေပါက္ေရာက္ရင္ မာမီ့ကိုဖုန္းဆက္‌‌....ေဆးေရာ ေသာက္ၿပီးၿပီမလား မူးေနမွာစိုးလို႔"

"ဟုတ္...မာမီ သား ေသာက္ၿပီးၿပီ"

"‌အင္း..အဲဒါဆို မာမီတို႔သြားေတာ့မယ္.....သမီးေလး..ထ ..ျဖည္းျဖည္းသြားမယ္...လမ္းေရာေလွ်ာက္ႏိုင္လား"

"ဟုတ္..ေလွ်ာက္ႏိုင္တယ္...အန္တီမီ"

ေဒၚေမမီက ဒါဒါ ကူတြဲကာ ျဖည္းျဖည္းေလွ်ာက္သြားၾကသည္။ကားပါကင္မွာ ဒါ႐ိုင္ဘာဦးျမက အသင့္ေစာင့္ေနသည္ ျဖစ္သည္။
ေဒၚေမမီတို႔ ျမင္ကြင္းထဲကေပ်ာက္သြားသည္နဲ႔  ေနက ေက်ာပိုးအိတ္အျမန္ေကာက္လြယ္ကာ ခ်မ္း နားေရာက္လာသည္။

"ေဘဘီ...."

ခ်မ္း လည္းေနရာမွထရပ္ကာ suitcaseကိုဆြဲယူသည္။

"ေမာင္.."

"လာ...ကိုယ္တို႔အျမန္သြားၾကမယ္"

ေနက ခ်မ္းလက္ထဲက suitcaseကိုေျပာင္းဆြဲယူကာ  တစ္ဖက္က ခ်မ္း လက္ေလးကို ဆုပ္ယူကိုင္ရင္း ေျခလွမ္းေတြစသည္။ေဒၚေမမီတို႔ သြားရာထြက္ေပါက္နဲ႔ဆန႔္က်င္ဘက္ ထြက္ေပါက္ကိုအျမန္ေလွ်ာက္လာၾကသည္။အေျခအေနအားလုံးက စီစဥ္ထားသည့္အတိုင္း ေခ်ာေခ်ာေမြ႕ေမြ႕ၿပီးဆုံးသြားသည္။

ေန က ဆိုင္ကယ္ေပၚခ်မ္းရဲ႕suitcaseကိုေနရာခ်သည္။ေက်ာမွာ လြယ္ထားသည့္ေက်ာပိုးအိတ္ကို ေရွ႕မွာလြယ္သည္။အသင့္ ယူလာသည့္ ဆိုင္ကယ္ဦးထုပ္ကိုယူကာ ခ်မ္း ေခါင္းေပၚေဆာင္းေပးသည္။ေမးသိုင္းႀကိဳးတပ္ေပးရင္း ေန က maskတပ္ထားသည့္ ခ်မ္း မ်က္ႏွာေလးကိုၿပဳံးၾကည့္သည္။

"ေပ်ာ္လား...ေဘဘီ"

"အင္း"

ခ်မ္း ေခါင္းေလးၿငိမ့္သည္။ေမာင္နဲ႔မခြဲရေတာ့မည္မို႔ ခ်မ္း ေပ်ာ္ေပမဲ့ စိတ္လႈပ္ရွားေနၿပီး အနည္းငယ္ ေၾကာက္႐ြံ႕ေနမိသလိုပင္။တက္ႂကြျဖတ္လတ္ေနသည့္ ေမာင္ ကေတာ့ အေတာ္ေပ်ာ္ေနပုံေပၚသည္။

"ေမာင္...အခု ခ်မ္း တို႔ဘယ္သြားမွာလဲဟင္"

"ကိုယ္တို႔ ေလာေလာဆယ္ေတာ့ ဒီၿမိဳ႕မွာေနလို႔ ျဖစ္မွာမဟုတ္ဘူး...ဟိုမွာကလည္း ခ်မ္း ဦးငယ္ရွိေနတယ္ဆိုေတာ့ ကိုယ့္ အသိရွိတဲ့ နယ္ဘက္ ခဏသြားေနၾကတာေပါ့"

"ဟုတ္"

"အင္း...တက္..နည္းနည္းေဝးေတာ့ ကိုယ္တို႔မေမွာင္ခင္ ေရာက္ေအာင္ ျမန္ျမန္သြားမွျဖစ္မယ္"

ခ်မ္း ဆိုင္ကယ္ေပၚတက္ကာ ေန႔ ခါးကိုတင္းတင္းဖက္သည္။ဆိုင္ကယ္က အရွိန္ျဖင့္စတင္ထြက္ခြာလာသည္။

<<<<<>>>>>>

ေနတို႔ ေရာက္ေတာ့ ညေန ေမွာင္ရီပ်ိဴးကာစ အခ်ိန္ျဖစ္သည္။႐ြာထဲရွိ အိမ္ေလးေတြက ဇလီအိမ္ပုပုေလးေတြမ်ားသည္။ေနက ဆိုင္ကယ္ကို ဝါးၿခံစည္း႐ိုးတန္းေတြကာထားေသာ ၿခံဝန္းတစ္ခုေရွ႕ရပ္လိုက္သည္။ဆိုယ္ကယ္သံၾကားသည္နဲ႔ အသက္ခပ္လတ္လတ္အ႐ြယ္ ေယာက်ာ္းတစ္ဦးက အိမ္ပုေလးေပၚမွဆင္းလာသည္။

"ေဟး...ေန..ေရာက္လာၿပီလား...ေနာက္က်သားပဲ..ငါ ေစာေစာေရာက္လာမယ္ထင္ေနတာ"

ေန႔ကို အက်ယ္ႀကီးေအာ္ေခၚကာ ဝမ္းသာအားရႏႈတ္ဆက္သည္။

"ဟုတ္တယ္..ကိုမ်ိဴး...လမ္းမွာခဏနားေနတာနဲ႔ ေနာက္က်သြားတယ္...လာ..ေဘဘီ"

ေနက ကိုမ်ိဴးအေမးကိုျပန္လည္ေျဖဆိုၿပီး ခ်မ္း လက္ေလးကိုဆုပ္ကိုင္ကာေခၚသည္။

"လာၾက..လာၾက...ေပး..အထုပ္ေတြ"

ကိုမ်ိဴးက ေျပာေျပာဆိုဆိုခ်မ္း လက္ထဲက အဝတ္suitcaseဆြဲယူထမ္းသည္။

"ဟို..ရပါတယ္..ကြၽန္ေတာ့္ဘာသာယူခဲ့.."

ခ်မ္း အျငင္းစကားမဆုံးခင္ ကိုမ်ိဴးကိုအိမ္ေပၚကိုအထုပ္သယ္သြားၿပီျဖစ္သည္။

"လာ..လာ..ေမာင္ေလးတို႔...လာၾက....သားငယ္ေရ...သားဦးဦးေန ေက်ာပိုးအိတ္ကူသယ္အုံးေလ"

ခပ္လတ္လတ္အသက္အ႐ြယ္အမ်ိဴးသမီးတစ္ဦးပါ အိမ္ေပၚကာဆင္းလာကာ ေနတို႔ကိုခရီးဦးႀကိဳျပဳသည္။‌ကိုးႏွစ္အ႐ြယ္ေကာင္ေလးက ေန႔ ေက်ာပိုးအိတ္ကိုကူသယ္ေပးရန္လက္လွမ္းလာသည္။

"ေနပါေစဗ်ာ...ဦးဦး ဘာသာသယ္ပါ့မယ္"

ေနက အၿပဳံးနဲ႔ဆိုၿပီး ခ်မ္း လက္ေလးဆြဲကာ အိမ္ေပၚတက္လာသည္။ခ်မ္းကို ေန႔ေနာက္ကေနမ်က္လုံးဝိုင္းေလးျဖင့္ပါလာသည္။ကိုမ်ိဴးက ပ်ဥ္ၾကမ္းခင္းေပၚတြင္ သင္ျဖဴးဖ်ာတစ္ခ်ပ္ ဆြဲယူခင္းသည္။

"ကဲ...ထိုင္ၾကအုံး...မိန္းမေရ ဝယ္ထားတဲ့ ေကာ္ဖီထုပ္ေတြ၊မုန႔္ထုပ္ေတြယူခဲ့ေတာ့ေဟ့!!"

"ဟုတ္ကဲ့...အစ္ကို"

အမ်ိဴးသမီးက ေျပာၿပီး မီးဖိုခန္းဟုထင္ရသည့္အိမ္အတြင္းခန္းေလးထဲဝင္သြားသည္။

"သား..ငခန႔္ေရ..ဦးတိုးႀကီးဆိုင္ စက္ဘီးနဲ႔ေျပးၿပီး ဘီယာသုံးဘူးေလာက္သြားဆြဲစမ္းကြာ...ဒီအခ်ိန္ ထန္းရည္ကကုန္ေလာက္ၿပီ"

"ေန..ေနပါေစ...ကိုမ်ိဴး သြားမဝယ္ခိုင္းနဲ႔..ကြၽန္ေတာ္ မေသာက္ဘူး"

ေန ခ်မ္း ေရွ႕မွာမို႔အလ်င္အျမန္ျငင္းသည္။

"မင္း အရင္က လာတိုင္း ေသာက္ပါတယ္ကြာ..ခုမွ....."

ကိုမ်ိဴးက ေန မေသာက္ဘူးဆိုသျဖင့္ မေက်မနပ္ျဖစ္ကာ မ်က္ခုံးႀကီးတြန႔္ေမးသည္။ကိုမ်ိဴးက  ဟိုမွဒီကုန္ကားေတြလိုက္လိုက္ေမာင္းပို႔တတ္သူ ျဖစ္သည္။တစ္ခါ ညႀကီး ကားပ်က္ၿပီး ဒုတ္ခေရာက္ေနစဥ္ ေနနဲ႔ေတြ႕ကာ ေန က ကူညီဖူးသျဖင့္ ေန႔ကိုေဆြမ်ိဴးအရင္းအခ်ာလို ခင္သြားေတာ့သည္။

"ဟား..ဟား...ငါ သေဘာေပါက္ၿပီ..ေအးပါကြာ!"

ခဏ ၾကာမွ ေန႔ ေဘးနားကပ္ထိုင္ ေနကာ
ေနမလႊတ္တမ္းဆုပ္ကိုင္ထားသည့္ ခ်မ္းလက္ေလး ကိုၾကည့္ၿပီး သူဘာသာအေတြးေပါက္ကာ တဟားဟားေအာ္ရယ္သည္။

ခ်မ္းက maskခြၽတ္ထားၿပီးျဖစ္ကာ ေန႔ ေဘးနား ေန ထိုင္သလို တင္ပလင္ေခြေလးထိုင္ေနသည္။ထိုစဥ္ ကိုမ်ိဴးရဲ႕ဇနီးျဖစ္သူ ေရာက္လာကာ မုန႔္ထုပ္ေလးေတြတည္ခင္းခ်သည္။ဖန္ခြက္ႏွစ္ခြက္နဲ႔ အတူ sundayလက္ဖက္ရည္ထုပ္ေတြပါ အသင့္ခ်ေပးသည္။

"ေမာင္ေလးတို႔..ေကာ္ဖီ ေသာက္ၾကအုံး...ဘာမွ အားမနာနဲ႔ ကိုယ့္အိမ္ကိုယ္ယာလို ေအးေဆးေနၾကေနာ္..ေရမိုးခ်ိဴးၿပီးမွ ထမင္းစားၾကတာေပါ့"

"ဟုတ္ကဲ့..မေနာ္ ေက်းဇူးပါဗ်ာ"

ေနက ထိုအမ်ိဴးသမီးကိုေက်းဇူးတင္စကားဆိုသည္။ကိုမ်ိဴးရဲ႕ဇနီး မေနာ္ေဖာ္က တိုင္းရင္းသူျဖစ္ကာ စကားသံဝဲဝဲေလးနဲ႔ျဖစ္သည္။အသားျဖဴသလို ခန္ဓာကိုယ္ကခပ္ျပည့္ျပည့္ျဖစ္ကာ အသားညိဳညိဳ၊အရပ္ရွည္ရွည္ ကိုမ်ိဴးနဲ႔လိုက္ဖက္ပါသည္။

"မလိုပါဘူးေအ...နင့္အစ္ကိုနဲ႔သာ စကားေျပာၾကအုံး..ငါ ဟင္းေတြ ျပန္ေႏႊးေခ်အုံးမယ္"

"ဟုတ္ကဲ့...ဟုတ္ကဲ့...အစ္မ"

မေနာ္က ေျပာၿပီး မီးဖိုေခ်ာင္ထဲ ျပန္ဝင္သြားသည္။

"ေဘဘီ...လက္ဖက္ရည္ေသာက္မလား"

ေနက ခ်မ္း ဘက္ကိုလွည့္လာရင္းေမးသည္။

"ဟင့္အင္း..ခ်မ္း ေရခ်ိဴးခ်င္တယ္ ေမာင္"

ခ်မ္း တစ္ေနကုန္ ခရီးပန္းလာရသည္မို႔ လူကၿငီးစီစီျဖစ္ေနသည္။ေရမိုးခ်ိဴးကာ အိပ္ယာထဲေအးေဆးနားခ်င္ေနၿပီျဖစ္သည္။

"ခ်ိဴးခ်င္ေနၿပီလား..အင္း..ကိုယ္နဲ႔အတူသြားခ်ိဴးတာေပါ့"

ေနက ခရီးပန္းေနသည့္ ခပ္ႏြမ္းႏြမ္း ခ်မ္းမ်က္ႏွာေလးကို ေသခ်ာၾကည့္လာကာ မ်က္ခုံးတြန႔္သည္။

"ေနမေကာင္းဘူးလား...ေဘဘီ"

ေျပာရင္း ခ်မ္း နဖူးေလးကိုဖြဖြစမ္းသည္။

"ေကာင္းတယ္...ေမာင္..ခ်မ္း ဘာမွမျဖစ္ပါဘူး ေရသြားခ်ိဴးရေအာင္"

"အင္း"

ခ်မ္း ကိုယ္အပူခ်ိန္က ပုံမွန္ပဲမို႔ ေနက ေခါင္းၿငိမ့္သည္။

"ေရသြားခ်ိဴးမွာဆိုလည္း ခ်ိဴးၾက...ေရ ေတြအသင့္ငင္ၿပီးသားရွိတယ္...မင္းတို႔အဝတ္အစားေတြ အေနာက္အိမ္ေပၚတင္ေပးထားတယ္ ေန ....အဲဒီမွာ မင္းတို႔လြတ္လြတ္လပ္ေနၾကေပါ့"

"ဟုတ္ကဲ့..ေက်းဇူးပဲ ကိုမ်ိဴး"

ကိုမ်ိဴးတို႔ၿခံဝန္းက အေတာ္ေလးက်ယ္ကာ  အိမ္ပုေလးႏွစ္လုံးရွိတာ ျဖစ္သည္။ၿခံေနာက္တြင္လည္း သီးပင္စားပင္အစုံရွိသလို ဘူးစင္တစ္စင္လည္းရွိသည္။

ေန တို႔ အိမ္ေလးေပၚမွ ဆင္းကာ အေနာက္အိမ္ေပၚတက္သြားၾကသည္။

"အစ္ကို....စားပြဲခင္းစမ္းပါ"

မီးဖိုေခ်ာင္ထဲမွ မေနာ္က ဟင္းပန္းကန္ကိုင္ကာ အိမ္ေရွ႕ခန္းေရာက္လာရင္း ေျပာသည္။ကိုမ်ိဴး က အိမ္နံရံတြင္ေထာင္ထားသည့္ စားပြဲဝိုင္းေလးကို အျမန္ခင္းလိုက္သည္။မေနာ္က စားပြဲေပၚတြင္ဟင္းခြက္ကို တင္လိုက္ရင္း .....

"အစ္ကို...ေန နဲ႔အတူပါလာတဲ့ေကာင္ေလးက......"

"ဒီအေျခအေနကိုၾကည့္ၿပီး မသိဘူးလားမိန္းမရ....သူခိုးေျပးလာမယ္ဆိုတဲ့ တစ္ေယာက္ေပါ့"

"ဟုတ္လား....ေကာင္ေလးက ခ်စ္စရာေလး..ျဖဴႏုေနတာပဲ...အစ္ကို႔ညီ ခိုးေျပးလာတဲ့အထိျဖစ္လည္းျဖစ္ခ်င္စရာပဲ....ငခန႔္!..ဟင္း ေတြႏႈိက္မစားနဲ႔ေလ"

ေယာက်ာ္းျဖစ္သူနဲ႔စကားေျပာေနရင္း ၾကက္သားေၾကာ္ပန္းကန္လက္လွမ္းေနသည့္ သား ျဖစ္သူေၾကာင့္ မေနာ္ ေအာ္သည္။

"သားဗိုက္ဆာၿပီ...အေမ"

"ဗိုက္ဆာရင္လာ...မီးဖိုေခ်ာင္ထဲ စားမယ္"

သားျဖစ္သူကို လက္ဆြဲရင္း မေနာ္က မီးဖိုေခ်ာင္ထဲ ဝင္သြားသည္။႐ြာထဲမွာ ၿမိဳ႕ကျပန္လာၿပီး အတူတူေနေနၾကသည့္ ေယာက်ာ္းေလးခ်င္းတြဲ‌ေနသည့္စုံတြဲ တစ္တြဲရွိသည္မို႔ မေနာ္တို႔အတြက္ ေနနဲ႔ခ်မ္းက သိပ္အထူးအဆန္းေတာ့ျဖစ္။

<<<<<>>>>>>

ေမွာင္ရီပ်ိဴးကာစ အခ်ိန္မို႔ ၿခံထဲေမွာင္ေနၿပီျဖစ္သည္။ေနက ကိုမ်ိဴးတို႔ဆီမွ ခလုတ္ႏွိပ္ဖိဖြင့္ပိတ္လုပ္ရသည့္ မီးသီးႀကီးယူလာကာ  ေရခ်ိဴးသည့္ေနရာ နား ခ်ိတ္ဆြဲသည္။

"ေမာင္!"

အိမ္ထဲမွ ခ်မ္း အသံေလးထြက္ေပၚလာသည္မို႔ ေန အလ်င္အျမန္အိမ္ထဲျပန္ေရာက္လာသည္။

"ေဘဘီ...ဘာျဖစ္လို႔လဲ"

ေနက အေပၚပိုင္းဗလာက်င္းေနကာ ေအာက္ပိုင္း ဂ်င္းေဘာင္းဘီရွည္နဲ႔ျဖစ္သည္။မီးေရာင္ မွိန္မွိန္ေအာက္မွာ ‌ေရစတခ်ိဴ႕ သီးေနသည့္ ေန႔ ဝမ္းဗိုက္ႂကြက္သားေတြက အထင္အရွား။ေန႔ ဂ်င္းေဘာင္းဘီရွည္က အနားစမွာ ေရစိုေနသည္။ခ်မ္း ေရခ်ိဴးဖို႔ ေန ေရထပ္ျဖည့္ေနတာျဖစ္သည္။ခ်မ္းက ေန႔ကိုလွည့္ၾကည့္လာၿပီးမွ မ်က္ႏွာေလးအျမန္ျပန္လႊဲသည္။

ခ်မ္း ေမာင္ အဝတ္မပါသည့္ပုံစံကိုျမင္ရသည္မွာအသားမက်ေသးေပ။

"ခ်မ္း..ခ်မ္း ေရလဲပုဆိုးမပါဘူး..ေမာင္"

"ေမာင့္အိတ္ထဲမွာ ရွိတယ္ေလ ေဘဘီ...ယူလိုက္"

ေန႔စကားေၾကာင့္ ခ်မ္း  ေန႔ေက်ာပိုးအိတ္ထဲက ပုဆိုးတစ္ထည္ရွာယူလိုက္သည္။

"အင္က်ီေတြ ခြၽတ္ေတာ့ေလ..ေဘဘီ ေရခ်ိဴးရေအာင္"

"ေမာင္..ေမာင္ အျပင္မွာေစာင့္ေန!"

ခ်မ္း စကားေၾကာင့္ေနက သေဘာတက်ရယ္ကာ ခ်မ္း ခါးေလးကိုေနာက္က ေပြ႕ဖက္သည္။

"ရွက္လို႔လား..ေဘဘီက...ဟင္.. ကိုယ္တို႔လင္မယားေတြျဖစ္ေနၿပီပဲ ဘာေတြရွက္"

အဝတ္ကင္းမဲ့ေနသည့္ ေမာင့္ ကိုယ္ႀကီးထဲ ခ်မ္းကိုယ္ေလးပူးကပ္နစ္ျမဳပ္သြားရသလိုခ်မ္း နားနားကပ္ကာတိုးတိုးေျပာလာသည့္စကားေတြေၾကာင့္ ခ်မ္း မ်က္ႏွာေလးအရွက္သည္းကာပိုရဲ လာသည္။

"ေမာင္..ဖယ္..ဖယ္အုံး"

ခ်မ္း က ဖက္ထားသည့္ ေန႔လက္ေတြကို ဆြဲဖယ္ကာ ေန႔ရင္ခြင္ထံမွ ႐ုန္းထြက္ေပမဲ့ ေနက မလႊတ္ပဲ ပို တိုးဖက္သည္။ေနက  ခ်မ္း ခါးေလးကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ရင္း ခ်မ္း ပခုံးေလးေပၚ ေမးတင္ကာ.....

"မနက္ျဖန္ ကိုယ္တို႔ လက္ထပ္စာခ်ဴပ္မွာလက္မွတ္သြားထိုးမယ္....ေဘဘီ့ကို ပိုင္ဆိုင္ခြင့္ရတဲ့အတြက္ ကိုယ္အရမ္းေပ်ာ္တာပဲကြာ"

"ခ်မ္း ေရာပဲ...ေပ်ာ္တယ္"

ခ်မ္း စကားေၾကာင့္ ေနက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးသည္။

"႐ႊတ္!"

႐ုတ္တရက္ ေနက ခ်မ္း ပါးေလးကိုေနာက္ကေန ႐ႊတ္ခနဲနမ္းလိုက္သည္။

"ေမာင္ေနာ္....ဖယ္ေတာ့ ေရခ်ိဴးမယ္"

"ဟုတ္ပါၿပီဗ်ာ"

ႏွစ္ေယာက္သားအတူတူ ေရခ်ိဴးရန္ၿခံထဲဆင္းလာၾကသည္။

<<<<<>>>>>>

ကိုယ္ေနသိပ္မေကာင္းလို႔ စာနည္းနည္းတိုသြားတယ္

ေနာက္တစ္ပိုင္းမွ ရွည္ရွည္ေရးေပးပါ့မယ္



继续阅读

You'll Also Like

484K 21.8K 50
ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ ဤဇာတ္လမ္းတြင္ပါဝင္ေသာအေၾကာင္းအရာမ်ားသည္ စာေရးသူ၏စိတ္ကူးသာျဖစ္သည္။
415K 27.3K 36
မင်းအပြုံးလေးဖြစ်ဖို့ လေပြေလိုအေးချမ်းပေးမယ် မင်းမျက်ရည်ကျခဲ့ရင်တော့ ကိုယ်ကလေပွေလို အသက်ပါနှုတ်မယ့်ကောင်ပဲ ကလေး #လေနက္ခတ်ရိုင်း အခြားလူတွေအတွတ် လေပွ...
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
5.9K 528 10
ရေးဖြစ်သမျှ One Shot လေးတွေကို စုစည်းထားချင်လို့ပါ။တစ်ချို့ အပုဒ်တွေကတော့ စာလုံးရေအရ One shot သတ်မှတ်ချက်ထက်ကျော်ပြီး Short Story လိုလေးတွေတော့ ဖြစ်န...