မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူ...

By suekhatpann

278K 14.4K 1.2K

🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part- 33
Part-34
Part -35
Part- 36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part- 79
Part-80
Part-81
Part-82
Part-83

Part-20

3.2K 135 6
By suekhatpann

Unicode

"မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ
အချစ်မပေါ့စေနဲ့...."

အပိုင်း(၂၀)

"ကောင်းခြင်းတည်မြဲနှင့် မုဒိတာပန်"
အာရုံဦးမင်္ဂလာဆွမ်း

ဝါမဝင်ခင် ကသုတ်ကရက်စီစဉ်လိုက်ရသည့်မင်္ဂလာပွဲကာ ဘုန်းကြီးကျောင်းတွင် မင်္ဂလာဆွမ်းကျွေးရုံနှင့်ပြီးသွားခဲ့ပါသည်။

နှစ်ဦးနှစ်ဖက်ကာ လိုလားကြည်ဖြူ၍ မဟုတ်ဘဲ ဂုဏ်သိက္ခာအတွက် ဖြစ်သွားခဲ့သော မင်္ဂလာဆွမ်းဖြစ်၍ နှစ်ဖက်မိဘများ၏မျက်နှာကာ မကောင်းလှပါ။ ကာယရှင်ဖြစ်သည့် သတို့သား၊ သတို့သမီး၏မျက်နှာကပိုဆိုးသည်။ သတို့သမီးထက် သတို့သားမျက်နှာကအဆိုးဆုံး ဖြစ်မည်ထင်ပါသည်။

မုဒိတာပန်ကမှ ဟန်ဆောင်ပန်ဆောင်ပြုံးပြသေးသည်။ ကောင်းခြင်းတည်မြဲကတော့ လုံးဝအပြုံးအရယ်မရှိချေ။

"ကောင်းခြင်း..သား  နည်းနည်းပါးပါးပြုံးဦးလေ မျက်နှာကြီးဒီလောက်တင်းမထားနဲ့လေ"

တည်တင်းနေသည့်သားတော်မောင်မျက်နှာကြောင့် လူအေးကြီးဦးကောင်းထိုက်ပင် အားနာကာတီးတိုးသတိပေးရသည်။

ကောင်ခြင်းကမူဒေါသကိုအံကြိတ်ထားသည့် မျက်နှာနှင့်

"ဒီကျက်သရေမရှိတဲ့မင်္ဂလာပွဲကို ဘာအတွက်ပြုံးနေပေးရဦးမှာလဲဗျာ လူကိုယ်တိုင် တက်လာပေးဖို့တောင် တော်တော်သည်းခံထားရတယ်"

"ဟဲ့.. အော် သားရယ် ဖြေးဖြေးပြောစမ်းပါ တစ်ဖက်ကလူတွေကြားသွားဦးမယ်"

"ကြားသွားလည်းကောင်းတာပဲလေ ဖေဖေ ဒါမှကျွန်တော့်အတွက် ဒီမင်္ဂလာကိစ္စက အမင်္ဂလာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိသွားတာပေါ့"

ဦးကောင်းထိုက်လည်းဘာမှဆက်မပြောတော့ဘဲ သက်ပြင်းသာချလိုက်၏။ အခုက မင်္ဂလာဆွမ်းပွဲကိုသတို့သားတက်လာပေးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေသည်။

ကောင်းခြင်းသည် လူမြင်ကောင်းအောင်ပင် အနည်းငယ်လေးမျှ ဟန်ဆောင်မပြုံးနိုင်ခဲ့ပါ။ နှစ်ဖက်ဆွေမျိုးသိရုံလောက်နှင့်ပဲ အကျဉ်းရုံး စီစဉ်လိုက်သည့် မင်္ဂလာဆွမ်းပွဲအခြေအနေကိုကြည့်ရင်း အံကိုတင်းတင်းကြိတ်ထားမိသည်။ ရင်ထဲတွင် နာကြည်းမှုနှင့် ခံပြင်းဒေါသတွေက တောက်လောင်နေတော့၏။

သူမျှော်လင့်ထားခဲ့သည်က အခမ်းနားဆုံးသောသတို့သမီးနှင့် အကြီးကျယ်ဆုံးမင်္ဂလာပွဲတစ်ခု။           ဖိတ်ဖိတ်တောက်နေလျက်ရှိသောဟိုတယ်ခန်းမကြီးတွင် ဧည့်ပရိတ်သတ်ပေါင်းများစွာဖြင့် စည်ကမ်းသိုက်မြိုက်နေသော မင်္ဂလာပွဲ။ တစ်နည်းအားဖြင့် social media တွေကပါ ဝေဝေဆာဆာဖော်ပြရပြီး လူတိုင်းအားကျရသော ဝံ့ကြွားထည်ဝါသည့်မင်္ဂလာပွဲကြီး။

ထို့အတွက် သူ့တွင်ကြီးမြတ်သည့်ဂုဏ်၊ ကျော်ကြားမှု၊ စည်းစိမ်ဥစ္စာတွေရှိနေသလို တစ်ဖက်မိန်းကလေးကလည်း သာမာန်မိန်းကလေးမဟုတ်ဘဲပညာ၊ အောင်မြင်မှုတွေနှင့် ဝံ့ဝံ့ကြွားကြွားလှပတင့်တယ်စွာရှိနေမည်။ နှစ်ဖက်မိဘ၏ ဂုဏ်သိက္ခာကလည်း ကြီးကျယ်ခမ်းနားနေမည် ဖြစ်သည်။ လူအများပြောကြသည့် နေနှင့်လ၊ ရွှေနှင့်မြဟု တင်စားရသကဲ့သို့ လိုက်ဖက်နေမှုမျိုး။

ထို့ကြောင့်လည်း သူကလူငယ်ဘဝတွင် အပျော်ရည်းစားတစ်ယောက်မျှပင် မထားခဲ့သလို ဘယ်လိုအပျော်အပါးလိုက်စားခဲ့တာမျိုး မရှိခဲ့ပါ။ သူ့အရွယ်လူငယ်တွေရည်းစားနှင့် လူငယ်ဘဝလွပ်လပ်စွာပျော်ရွှင်ချိန်တွင် သူကစာအုပ်ကိုင်ခဲ့သည်။ သူများတွေပါတီသွား၊ ကလပ်တက်ချိန်၌လည်း သူကတစ်ညလုံးမအိပ်ဘဲ စာလေ့လာခဲ့သည်။ မိဘကတစ်သက်စားမကုန်သည့်စည်းစိမ်ဥစ္စာတွေရှိနေပြီဖြစ်သည့်တိုင် ထိုစည်းစိမ်ဥစ္စာတို့တွင် ယစ်မူးသာယာကာဖြုန်းတီးမနေဘဲ သူကိုယ်တိုင်ချမ်းသာအောင် လုပ်ဆောင်ခဲ့သည်။

သူလိုချင်သည့်အောင်မြင်မှုအတွက်အများကြီး အပင်ပန်းခံခဲ့သည်။ ကြိုးစားခဲ့ပါသည်။ သို့သော် သူကျေနပ်ပါသည်။ ဒါဘယ်သူမှ ဖိအားမပေးဘဲ သူကိုယ်တိုင်လိုလိုလားလား ရွေးချယ်သည့်ဘဝမဟုတ်လား။ သူ့လက်တွဲဖော်ဖြစ်လာမည့်မိန်းကလေးကို သူသတ်မှတ်သည့်စံချိန်စံညွှန်းနှင့်အညီ သူ့ကိုယ်တိုင်ကပြီးပြည့်စုံအောင် ကြိုးစားခဲ့၏။

သို့သော် လောကကြီးက ဘာတွေသောက်တလွဲဖြစ်နေရသည်လဲ။ ဒီလောက်ပြီးပြည့်စုံအောင် ကြိုးစားခဲ့သည့်ကောင်းခြင်းတည်မြဲ၏ဘေးနားရောက်လာသည့်မိန်းကလေးကာ အသက်ပင်မပြည့်သေးသော နုံချာချာမိန်းကလေးတဲ့။

ပိုဆိုးသည်က ထိုမိန်းကလေးက ရပ်ကွက်ထဲက မုန့်ဟင်းသည်၏သမီးဖြစ်နေသည်။ ဆယ်တန်းတောင်မအောင်သေးသည့်အပြင်ကိုမှ ဘာအရည်အချင်းမှမရှိသည့် လေလွင့်နေရုံသာသာရှိသောမိန်းကလေး။ ပွင့်လင်းစွာပြောရလျှင်တော့ သူတစ်ချိန်လုံးအထင်သေးပြီး အမြင်ကပ်ခဲ့သည့်မိန်းကလေး။

ထိုသို့ ဘယ်ဂုဏ်သိက္ခာမှမရှိ၊ အထင်ကြီးစရာ အရည်အချင်း ဘာဆိုဘာမှမရှိသည့်အပြင် မိဘနောက်ခံကပါမကောင်းသည့် မိန်းကလေးက သူ့ဇနီးဖြစ်လာသည်တဲ့လား။

"တောက်.."

တွေးလိုက်တိုင်း နာကြည်းလွန်းသဖြင့် တက်ခေါက်မိသည်။ သူ့ရှေ့၌ သာမာန်မျှရှိသော မင်္ဂလာဆွမ်းအပြင်အဆင်တို့ကို ကြည့်နေရင်းလည်း မချိနိုင်စွာပြုံးမိ၏။

ဒီလိုမိန်းကလေးမျိုးကို လက်တွဲဖော်အဖြစ် ပွဲထုတ်ရမှာရှက်လွန်းသဖြင့် အသိမိတ်ဆွေတွေကိုပင် အသိမပေးဘဲ ရပ်ကွက်အသိအမှတ်ပြုရုံမျှ မင်္ဂလာဆွမ်းသာကျွေးပြီး အကျဉ်းရုံးသာ စီစဉ်ခဲ့သည်။

အင်းလေ.. အရည်အချင်းမရှိသည့်၊ ညံ့ဖျင်းသေးနုပ်သော မိန်းကလေးမျိုးကို တခမ်းတနားကြီးဘယ်သူကပွဲထုတ်ချင်မည်လဲ။ ဒီလိုနှင့် သူအမြဲရည်ရွယ်ခဲ့သည့်ဟိုတယ်ကြီးတွင် ခမ်းနားသည့်အပြင်အဆင်နှင့် မင်္ဂလာပွဲအိပ်မက်ကလည်းပျက်ဆီးခဲ့ရပြီး ရပ်ကွက်ထဲက ပါချည်ပါချဲ့မိန်းကလေးနှင့် မင်္ဂလာဆွမ်းအကျဉ်းသာ ကျွေးခဲ့ရပါရဲ့...။

တွေးရင်းတွေးရင်း ဒေါသထွက်လာသဖြင့် ကောင်းခြင်းဘယ်သူ့ကိုမှပင် အသိမပေး၊ နှုတ်မဆက်ဘဲ ဆွမ်းကျွေးလို့မပြီးသေးခင်မှာပင် အရင်ဆုံးထွက်သွားလိုက်၏။

ရိုင်းတယ်ထင်လည်းထင်ကြပါစေတော့..။ သူကဘယ်သူ့ကိုဂရုစိုက်ရမှာလဲ......။
.................. ..................... ................................

"မင်္ဂလာဆွမ်းကျွေးတာမပြီးသေးဘူး သတို့သားက ထွက်သွားတယ်တဲ့ ရုပ်ပေါက်လိုက်တာ"

မြတ်ကမကျေမနပ်ဆိုလိုက်တော့ ဩရသက

"ထားလိုက်ပါ.. ဘယ်လိုပဲဖြစ်ဖြစ် မင်္ဂလာဆွမ်းကကောင်းကောင်းမွန်မွန်ပြီးသွားပြီပဲလေ"

"မြတ်သတိထားမိတယ်ကိုကြီး ဘုန်းကြီးဆွမ်းကပ်နေတဲ့တစ်ချိန်လုံးလည်း မျက်နှာကြီးက မာထန်နေလိုက်တာများ တစ်ဖက်ဆွေမျိုးမိဘတွေကိုမှ အားမနာ ဟွန့်"

အိမ်ရောက်သည်အထိမြတ်ကာ မကျေမနပ်နှင့် ပွစိပွစိပြောနေဆဲပင်။ ဩရသသက်ပြင်းချလိုက်ရင်း

"ဘယ်လိုကိစ္စကြောင့် မင်္ဂလာဆောင်လိုက်ရလဲဆိုတာ မြတ်လည်းသိသာပဲလေ သူ့စိတ်က ဘယ်အဆင်ပြေမှာလဲ ပြီးတော့သူ့အနေအထားနဲ့"

"သူ့ဟာသူ ဘာကောင်ကြီးပဲဖြစ်ဖြစ် လေးစားမှုဆိုတာရှိရမှာလေကိုကြီး သူကနိုင်ငံခြားကနေတောင်ဘွဲ့ယူထားတဲ့ပညာတတ်ကြီးမဟုတ်လား ဒီအခြေခံကျင့်ဝတ်တောင်မသိဘူးလား"

"မြတ်ဒေါသထွက်တာကို.. ကိုကြီးနားလည်ပါတယ်"

"မြတ်ကတော့လေ တကယ်နည်းနည်းမှ ကြည့်မရဘူး လူကြားထဲမှာတောင် မျက်နှာကြီးက ဟန်တောင်မဆောင်နိုင်ဘဲ ဖြစ်ပျက်နေလိုက်တာများ မသိနိုင်ရင် သူ့ဘဝကြီးပျက်ဆီးသွားတဲ့အတိုင်းပဲ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ မြတ်တို့ဘက်ကလည်း နစ်နာတာပဲ ပန်ပန်က အသက်တောင် ပြည့်သေးတာမဟုတ်ဘူး ဘယ်မိဘက အိမ်ထောင်ချပေးချင်မှာလဲ"

မြတ်ကာပေါက်ကွဲနေတော့၏။ ဩရသလည်း သက်ပြင်းသာထပ်ချမိပါသည်။ မြတ်ပြောနေတာလည်း မှားတော့မမှားချေ။

ကောင်းခြင်းတည်မြဲသည် social platform တွေအထိတိုင် အောင်မြင်ကျော်ကြားပြီး ချမ်းစာပြည့်စုံနေ၍ မတော်တဆဖြစ်သွားသည့်ကိစ္စကြောင့် လက်ထပ်လိုက်ရခြင်းတွင် ၎င်းဘက်ကဘယ်လောက်ပဲနစ်နာရသည်ဆိုပါဦးလေ။ မုဒိတာပန်ကလည်း သူတို့အိမ်၏အဖိုးတန်ကလေးမဟုတ်လား။

တစ်ဖက်ကဘဝရင်းလိုက်ရသလို တစ်ဖက်ကလည်းပွင့်တောင်မပွင့်လန်းသေးဘဲ အဖူးအငုံဘဝလေးကို ပေးဆပ်ရသည်ပဲလေ။ စာမတော်၊ မချမ်းသာ၊ မအောင်မြင်နေ၍ ဘဝကအဖိုးမတန်ဘူးဟု သတ်မှတ်လို့မှမရတာ။ လူတိုင်း၏ဘဝကအနည်းအများအဖိုးတန်ပါသည်။

သူသည်လည်းအစ်ကိုကြီးတစ်ယောက်အနေနှင့်  အငယ်ဆုံးလေးပန်ပန် ဤသို့စောစီးစွာ အိမ်ထောင်ပြုလိုက်ရခြင်းအတွက် စိတ်မကောင်းဖြစ်ရသလို နှမြောမိသည်။ ပိုဆိုးသည်က တစ်ဖက်အသိုင်းအဝန်းကကြီးလွန်းနေပြီး လိုလားကြည်ဖြူစွာဖြစ်လာသည့်မင်္ဂလာပွဲလည်း မဟုတ်၍ပင်။

သို့သော် သူ့ထက်စာလျှင်မေမေက ပိုစိတ်မကောင်းဖြစ်မှန်းသိနေသည့်အတွက် သားကြီးပီပီ ဘာမှမဖြစ်သလိုဟန်ဆောင်နေရပါသည်။

"လူရှေ့မှာတောင် ဒီလိုအချိုးချိုးနေတာ လူကွယ်ရာမှာ ပန်ပန့်ကိုအနိုင်ကျင့်ရင်ကျင့်နေမှာပဲ ပြောရတာမဟုတ်ဘူး"

မြတ်စကားကြောင့် ပြည့်စုံကဟက်ခနဲ့ရယ်လိုက်ပြီး

"ဟုတ်တယ်.. မမြတ် နင့်ညီမကအနိုင်ကျင့်ခံမဲ့သူဆိုတော့လေ ဟိုကတစ်လတောင်မခံဖြစ်မှာ မြင်ယောင်သေးတယ်"

"ဘာ.. ပြည့်စုံသိန်းကျော် နင်ဟာလေ ကိုယ့်ညီမကိုပြန်ဘလိမ်းနေလိုက်"

"အငယ်မအကြောင်းကောင်းကောင်းသိလို့ပါအဟဲ"

ပြည့်စုံပြောတာလည်းမှန်နေသည့်အတွက် မြတ်ဘာမှမပြောဘဲ မျက်စောင်းသာထိုးလိုက်၏။ ပန်ပန်မင်္ဂလာကိစ္စကြောင့် မောင်နှမတွေအားလုံးဆုံသည့်တိုင် သိပ်ပျော်ရသည့်အခြေအနေမျိုးတော့မဟုတ်ပါ။

"ကဲ.. ကဲ တော်တော့ မင်းတို့တွေဒီလိုဖြစ်နေကြရင်အမေကဘယ်လိုနေမှာလဲ နည်းနည်းပါးပါး သိတတ်ဦးလေ"

ဩရသစကားကြောင့် မြတ်နှင့်ပြည့်စုံငြိမ်သွားသည်။ အမေကအတော်စိတ်မကောင်းဖြစ်နေပုံရသည်။ ဆွမ်းကျွေးပြီးပြန်လာကတည်းက ဘာစကားမှမဆိုဘဲ အိပ်ခန်းထဲတန်းဝင်သွား၏။

အမေငိုနေမည်လား.. ဝမ်းနည်းနေမည်လား။ မသိနိုင်ပါ။ ပန်ပန့်ကိုနှမြောစိတ်တွေနှင့် စိတ်မကောင်းဖြစ်နေမှာတော့သေချာပါသည်။

ညရောက်တော့ အမေ့ကိုကန်တော့ဖို့ ပန်ပန် ရောက်လာသည်။ ကောင်းခြင်းတည်မြဲကတော့ ပါမလာချေ။ ယောက္ခမလို့အသိအမှတ်မပြု၍မလာသည်လားတော့ မပြောတတ်ပါ။ ထိုအပြုအမူကြောင့် အမေကမျက်နှာမကောင်းသလို သူတို့လည်းဒေါသထွက်ရသည်။ သို့သော် အမေစိတ်မကောင်းဖြစ်မည်စိုးသဖြင့် ဘာမှမဖြစ်သလိုနှင့် နှုတ်ဆိတ်နေပေးရသည်။

"သာဓု.. သာဓု.. သာဓုကွယ် ငါ့သမီးပန်ပန် စိတ်ကျန်းမာကိုယ်ချမ်းသာနဲ့ ရှိနိုင်ပါစေ အိမ်ထောင်ရေးလည်းသာယာပါစေကွယ်"

ဆုတောင်းစကားဆိုပေးရင်းမှ အမေသည် မျက်ရည်ဝဲစပြုလာ၏။ သားသမီးတွေရှေ့၌မို့ မျက်ရည်တွေကျမလာအောင် ထိန်းထားရင်း ဆုံးမစကားဆိုရပြန်သည်။

"အခု သမီးက အိမ်ထောင်သည်တစ်ယောက် ဖြစ်သွားပြီဆိုတော့ အရင်လိုပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အပျင်းကြီးနေလို့မရဘူးနော်ပန်ပန် အကျင့်ဆိုးတွေပြင်ပြီး ကောင်းကောင်းနေနော်"

"ဟုတ်အမေ.."

တကယ်တမ်းကျ ဒေါ်မိုးအနေနှင့် ဘယ်လိုစကားလုံးတွေနှင့် ဆုံးမစကားပြောရမှန်းပင် မသိတော့ပါ။ မထင်မှတ်ဘဲ ရုတ်တရက် အိမ်ထောင်ကျသွားရသည့် ဒီကလေးကသိပ်ငယ်လွန်းနေ၏။ ပြီးတော့ သိတတ်လိမ်မာလွန်းလှသည်လည်း မဟုတ်ဘဲ ဂျစ်ကန်ကန်ကောင်မလေးမို့ အများကြီးစိတ်ပူမိပါသည်။

ပိုဆိုးသည်က တစ်ဖက်အသိုင်းအဝိုင်းက သိပ်ကြီးမြင့်နေပြီး ကိုယ့်သမီးအပေါ်လည်း သိပ်လိုလားကြည်ဖြူခြင်းမရှိပါ။ မလွဲသာ၍သာ ပေးစားခဲ့သည့်တိုင် မနှစ်မြိုကြမှန်း ဒီအမေကမသိဘဲနေမည်လား။

ထို့ကြောင့် ပိုစိတ်ပူရပါသည်။ သို့သော်လည်း အခုမှပူပူနွေးနွေးလက်ထပ်ထားသည့်သမီးရှေ့၌ စိတ်ပူပင်စရာတွေမပြောလိုသဖြင့် မျိုသိပ်သည်းခံထားရင်း

"အေးကွယ်.. ဒါပဲ သွားတော့ ဟိုဘက်မိဘတွေကိုကန်တော့ရဦးမယ်မဟုတ်လား"

"ဟုတ်မေမေ.."

ပန်ပန်ထွက်သွားတော့ ဒေါ်မိုးထိန်းထားသည့် မျက်ရည်တွေကျလာ၏။ (၁၇)နှစ်ပင်မပြည့်သေးဘဲ အိမ်ထောင်ကျသွားသည့်သမီးကို နှမြောလွန်းလှသလို မအပ်စပ်သည့် အသိုင်းအဝိုင်းကြားဘယ်လိုနေရမှာလဲဟုတွေးပြီး စိတ်မကောင်းဖြစ်ရပါသည်။

ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ပျင်းပျင်း၊ ဘယ်လိုပဲမသိတတ်နေပါစေ.. မုဒိတာပန်က သူမသမီးမဟုတ်လား။ ဒေါ်မိုးအတွက်တော့ အင်မတန်အဖိုးထိုက်ပါသည်။

"ပန်ပန်အဆင်ပြေသွားမှာပါ အမေ"

"အရမ်းစိတ်ပူမနေပါနဲ့ မြတ်တို့လည်း အချိန်မရွေးသွားကြည့်လို့ရတာပဲလေ"

သားကြီးနှင့်သမီးကြီးက အမေကို နှစ်သိမ့်ပေးရှာသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က မျက်နှာမကောင်းလှပေ။

ကွာခြားလှသည့်စရိုက်လက္ခဏာနှင့် ကွာဟနေသည့်အသိုင်းအဝိုင်းကြား ဆတ်ဆတ်ထိမခံ စွာကြဲလန်နေသည့်ပန်ပန်ဘယ်လိုနေထိုင်မည်လဲ။ စိတ်ပူပင်စရာပင်ဖြစ်နေ၏။
................... ........................ ........................

"ရော့.. ဒါကသမီးအတွက် အန်တီတို့လက်ဖွဲ့မင်္ဂလာလက်ဆောင်"

ကန်တော့ပြီးတော့ ဒေါ်မေမြတ်ကြည်က သူမကိုယွန်းဘူးလေးတစ်ခုကမ်းပေးလာသဖြင့် ပန်ပန် ယူကြည့်လိုက်တော့

"ဟင်.. ရတနာပစ္စည်းတွေပဲ"

တော်တော်များသည့်လက်ဝတ်လက်စားတွေကိုမြင်တော့ ပန်ပန်တအံ့တဩဆိုလိုက်၏။ ဒေါ်မေမြတ်ကြည်က ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ်.. ဘယ်လိုပဲဖြစ်ဖြစ် မင်းကသားရဲ့ဇနီးဖြစ်လာပြီပဲ ဟိုသွားဒီသွားတင့်တောင့်တင့်တယ်ရှိဖို့လိုတယ်"

"ဒါတွေအားလုံးကို ပန်ပန်အပိုင်ရမှာလား.. ဟို ပြန်ပေးစရာမလိုဘူးပေါ့နော် ဟီး ပျော်စရာကြီး"

ဝမ်းသာအားရဆိုလိုက်မိပြီးမှ ပန်ပန်လည်း သတိဝင်လာပြီး ကိုယ်ရှိန်ပြန်သတ်ကာ

"ကျေးဇူးတင်ပါတယ် အန်တီ ပန်ပန်သေချာလေးသိမ်းထားပါ့မယ်"

ကလေးစိတ်ပင် ပျောက်ဟန်မရှိသေးသည့် ကလေးမကိုကြည့်ပြီး ဒေါ်မေမြတ်ကြည် စိတ်မသက်သာစွာ သက်ပြင်းချလိုက်၏။ သားရှင်အနေနှင့် အခုထိကိုရင်ထဲမကောင်းနိုင်ပါ။

မိမိသားက တိုင်းသိပြည်သိအောင်မြင်နေပြီး ထက်မြက်လွန်းသည့်သူ။ ကောင်မလေးက ရပ်ကွက်ထဲကမုန့်ဟင်းခါသည်၏သမီးဖြစ်နေသည့်အပြင် အသက်တောင်မပြည့်သေး။ ပိုဆိုးသည်က ဆယ်တန်းမအောင်သေးသလို ရပ်ကွက်၏အော့ကြောလန်လေးဖြစ်နေသည်။

ဘယ်အမေကရင်မနာဘဲနေမည်နည်း။ သားအဖိုးတန်လေး ဒီလိုမိန်းကလေးနှင့်ရသွားခြင်းအတွက် ရင်ထုမနာဖြစ်ကာ နှမြောလွန်းလှပါသည်။ သို့သော် ဒေါ်မေမြတ်ကြည်ဟာ စိတ်ပုပ်စိတ်ယုတ်ရှိသည့်မိန်းမတော့မဟုတ်ပါ။ ကောင်းခြင်းတည်မြဲက သူမ၏အဖိုးတန်သားဖြစ်နေသလို ဤကောင်မလေးကလည်း အခြားသောမိခင်၏အဖိုးတန်သမီးဖြစ်နိုင်သည်ပဲ။

ထို့ကြောင့် မချစ်ခင် မကြည်ဖြူနိုင်သည့်တိုင် မယုတ်ပါ။ ရသင့်ရထိုက်သည့်အခွင့်အရေးနှင့် ပေးသင့်ပေးထိုက်သလောက်တော့ ပေးလိုက်၏။ ကျန်တာတော့ သူတို့ဘဝနှင့်သူတို့ရှိပါစေလေ။

"ကဲ.. ဒါဖြင့်ညည့်လည်းမိုးချုပ်နေပြီဆိုတော့ အန်တီတို့ပြန်ဦးမယ် ကောင်းကောင်းမွန်မွန် နေခဲ့ကြပါ"

"ဟုတ်ကဲ့အန်တီ.."

"သား.... မေမေတို့ပြန်ပြီနော်"

ဘာစကားတစ်ခွန်းမှမဆိုဘဲ ပါးစပ်ပိတ်ငြိမ်နေသည့်သားကို ဒေါ်မေမြတ်ကြည်ဆိုလိုက်တော့ ကောင်းခြင်းက စိတ်မပါစွာပင်

"ဟုတ်.. မေမေ ကျွန်တော်လိုက်ပို့ပေးမယ်"

"ဒီနားလေးတင်ကို ဖေဖေတို့ဘာသာပြန်လည်း ရပါတယ်"

သို့သော် ကောင်းခြင်းကအတင်းလိုက်ပို့ပေး၏။ ပန်ပန်နှင့် မနေချင်၍ဖြစ်သည်။ ပန်ပန်ကလည်း ကောင်းခြင်းကိုဂရုမစိုက်ပါ။ ရတနာဘူးလေးကို တယုတယကိုင်ရင်း အပေါ်ထပ်ကသူမနေရမည့်အခန်းဆီသို့ ဝင်လာလိုက်သည်။

"အများကြီးပဲ ရောင်းလိုက်ရင် ဘယ်လောက်တောင်ရမှာလဲမသိဘူး ဟီး"

မေမေနှင့်ကိုကြီးတို့က မုန့်ဖိုးတွေထည့်ပေးလိုက်သလို ကောင်းခြင်းအမေကလည်း ရတနာပစ္စည်း လက်ဆောင်ပေးသည်။ တစ်သက်မှာ ဒီလောက်များပြားသည့်ပိုက်ဆံနှင့် ရတနာကို အခုမှရရှိပိုင်ဆိုင်ဖူးသဖြင့် ပန်ပန်မှာကျေနပ်ပျော်ရွှင်နေတော့၏။

သို့သော်...

"မမြင်ဖူးတာတွေမြင်ရပြီး.. မကိုင်ဖူးတာတွေ ကိုင်ရတော့ သိပ်ပျော်နေသလား"

အခန်းထဲဝင်လာပြီး ခပ်ထေ့ထေ့ဆိုလိုက်သည့်ကောင်းခြင်းကြောင့် ပန်ပန်ရတနာဘူးကို ချထားလိုက်ပြီး

"ခင်ဗျား ဘာတွေပြောနေသလဲ"

"ပြောစမ်းပါဦး မုဒိတာပန် ငါ့လိုယောင်္ကျားမျိုးကို အပိုင်ဖမ်းလိုက်နိုင်တဲ့အတွက် မင်းကတော့ မိုးမမြင်လေမမြင်ပျော်နေမှာပဲ အဟက်"

ခနိုးခနဲ့အပြုံးနှင့် ရင့်ရင့်သီးသီးဆိုလိုက်သည့်စကားကြောင့် ပန်ပန်စိတ်တိုသွားကာ

"ခင်ဗျားနဲ့ လက်ထပ်ရတာကိုဘာကိစ္စပျော်ရမှာလဲ ရူးနေလား"

"လက်ထပ်ချင်လို့ပဲ မင်းကလိန်ကကျစ်နဲ့ ဉာဏ်ဆင်ခဲ့တာပေါ့ အခန်းမှားသလိုနဲ့ ငါ့အခန်းထဲလည်း မင်းတမင်ဝင်ခဲ့တာပဲနေမယ် အစကတည်းက မင်းကသူဌေးတစ်ယောက်ယောက်ကို အပိုင်ကြံပြီး ချူစားတဲ့အဆင့်ပဲရှိတယ်လေ"

"ခင်ဗျားနော် .. မစော်ကားနဲ့နော်"

ပန်ပန်ဒေါသတကြီးဆိုလိုက်တော့ ကောင်းခြင်း ဟက်ခနဲ့ရယ်လိုက်ကာ

"စော်ကားတယ်ပြောရအောင် မင်းမှာစော်ကားလို့ရတဲ့ ဘာဂုဏ်သိက္ခာများရှိလို့လဲ မုဒိတာပန်"

"ခင်ဗျား.."

ပန်ပန်အံကိုတင်းတင်းကြိတ်ထားမိ၏။ အရှက်တရားနှင့်နာကျင်မှုတွေကြောင့် ရုတ်တရက် ဘာစကားမှမဆိုနိုင်ဖြစ်နေစဉ်

"ဒီတော့ အခုငါတို့ဘာလုပ်ကြမှာလဲ"

ကောင်းခြင်းက ခနဲ့တဲ့တဲ့ဆိုရင်း သူမရှေ့ကိုတိုးလာခဲ့တော့ ပန်ပန်နောက်ကိုယောင်ယမ်းဆုတ်မိပြီး

"ဘာလုပ်ရမှာလဲ.. ဘာလုပ်ချင်လို့လဲ ခင်ဗျားက"

"အခုငါကမင်းယောင်္ကျားဖြစ်နေပြီမဟုတ်လား ဘာလုပ်သင့်တယ်ထင်လဲ"

"ဟင်.."

ကောင်းခြင်းစကားကြောင့် ပန်ပန်လန့်ဖျပ်သွားသည်။ နှစ်ယောက်အိပ်ကုတင်ကြီးကိုကြည့်ပြီး မျက်နှာလေးလည်းနီမြန်းလာကာ

"ခင်ဗျား ဘာလုပ်မလို့လဲ ရှေ့.. ရှေ့မတိုးလာခဲ့နဲ့နော်"

"မင်းပဲငါ့ကိုယောင်္ကျားအဖြစ်လိုချင်နေတယ် မဟုတ်လား ဘာကိုကြောက်နေသလဲ"

ကောင်းခြင်းက ခနဲ့တဲ့တဲ့ဆိုရင်း သူမအနားကိုချည်းကပ်လာ၏။ ပန်ပန်နောက်ကို ကပျာကယာဆုတ်လိုက်သော်လည်း နံရံနားကပ်သွားပြီမို့ဆုတ််မရတော့ပါ။

"ဟင့်အင်း.. မလာနဲ့ ထွက်သွား"

"အဟက်"

ရုတ်တရက်ကြီးသူကရယ်လိုက်တော့ ထိတ်လန့်နေသည့်ပန်ပန်ပင်ကြောင်သွားသည်။ ကောင်းခြင်းခြေလှမ်းကိုရပ်လိုက်သည်။ သူမကိုလည်း စက်ဆုပ်သလိုအကြည့်မျိုးနှင့်ကြည့်လာပြီး

"ငါမင်းကိုဘာလုပ်မယ်ထင်လို့လဲ စိတ်ချ.. မင်းတွေးသလိုမျိုးဖြစ်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ မင်းအသားကိုထိဖို့တောင် ငါသောက်ရမ်းရွံတယ်သိလား"

"ဟင်..."

"မင်းကငါ့ဘဝကိုဖျက်ဆီးခဲ့တဲ့မိန်းမ ငါ့အနာဂတ်ကို ကမောက်ကမဖြစ်အောင်လုပ်ခဲ့တဲ့မိန်းမ မင်းကြောင့် ငါ့ဘဝအခုလိုသေးနုပ်စုတ်ပြတ်တဲ့အရာတွေနဲ့ ကြုံနေရတယ် မင်းလုပ်ခဲ့လို့ ငါဒီလိုအရှက်ရစရာကိစ္စကြီးထဲ ပိတ်မိရတယ် ငါမင်းကိုသိပ်မုန်းတယ် မုဒိတာပန်"

ဒေါသတကြီးအော်ဟစ်လိုက်သည့်စကား။ မျက်ဝန်းထဲတွင်လည်း အမုန်းတရားတွေဟာ တဟုန်းဟုန်းတောက်လောင်လို့နေတော့သည်။ ကြောက်စရာကောင်းနေသည့်သူ့အသွင်ကြောင့် ပန်ပန် လန့်ဖျပ်ရင်း ကြောင်ကြည့်နေမိ၏။

"မင်းကိုငါဘယ်လောက်တောင်မုန်းလဲသိလား.. အခုနေမင်းသေသွားရင်ကောင်းမှာပဲလို့ တွေးနေမိတဲ့အထိကို မုန်းတယ်"

"အို..."

ထိုစကားကပြင်းထန်လှသဖြင့် ရင်ထဲဆစ်ခနဲ့နာသွားရသည်။ အော်ဟစ်ပြောဆိုနေရင်းမှာပင် ဒေါသတွေဆောက်တည်ရာမရဖြစ်နေသည့် ကောင်းခြင်းက စိတ်မထိန်းနိုင်ပုံရသည်။

"ငါ့ဘဝထဲကနေထွက်သွားစမ်း မုဒိတာပန်"

"အ..."

ဒေါသတကြီးအော်ဟစ်ပြီး ဆောင့်တွန်းလိုက်တော့ ပန်ပန်လဲကျသွားသည်။ ပန်ပန်ဘာမှမပြောနိုင်ခင်မှာပင် သူကပန်ပန့်ကိုမျက်လုံးစိမ်းတွေနှင့် စူးစူးဝါးဝါးစိုက်ကြည့်ကာ

"သူဌေးကိုအပိုင်ဖမ်းလိုက်ရလို့ မင်းကောင်းကောင်းမွန်မွန်နေရမယ်မထင်နဲ့ ငါစိတ်ဆင်းရဲရသလို မင်းလည်းပဲ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရမယ် မုဒိတာပန် ဘယ်တောမှပျော်ရမှာမထင်နဲ့ နေ့ရက်တိုင်း နေ့ရက်တိုင်း ငါ့အမုန်းတွေကြောင့် မင်းအသက်ဆက်မရှင်ချင်လောက်အောင် ပင်ပန်းဆင်းရဲစေရမယ်"

"ခင်ဗျားကျွန်တော့်ကိုကျိန်မနေနဲ့ကောင်းခြင်းတည်မြဲ ခင်ဗျားကိုရောဘယ်သူချစ်ခိုင်းလို့လဲ မုန်းတော့ရော ဘာအရေးလဲ ဂရုစိုက်မယ် ထင်လား"

ပန်ပန်မခံမရပ်နိုင်စွာပင်အော်လိုက်မိ၏။ သို့သော်ဝမ်းနည်းနာကျင်ခြင်းနှင့် ခံပြင်းမှုကြောင့် သူမအသံက တုန်ယင်နေသည်။

ကောင်းခြင်းကတော့ ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး

"စောင့်ကြည့်နေလိုက်လေ မုဒိတာပန် ငါကeducatedတစ်ယောက်ဖြစ်တဲ့အတွက် မင်းကိုကိုယ်ထိလက်ရောက်ရိုက်နှက်တာမျိုး မလုပ်ဘူး မိန်းမတစ်ယောက်ကိုလက်ပါရတာ ငါလည်းမကြိုက်ဘူး ဒါပေမဲ့ မင်းစိတ်ကိုတော့ အမျိုးမျိုးညှင်းပန်းနှိပ်စက်နိုင်တယ် အေး.. ဒီလိုမဖြစ်စေချင်ရင် ငါနဲ့ကွာရှင်းပေးလိုက်"

"ဟင်.."

"မြဲမြဲမှတ်ထား..မုဒိတာပန် ဒီနေ့ကစပြီး မင်းခေါင်းထဲတွေးရမဲ့တစ်ခုတည်းသောအရာက ငါနဲ့ကွာရှင်းဖို့ပဲ"

ဒေါသတကြီးဆိုရင်း တံခါးကိုဂျိမ်းခနဲ့ဆောင့်ပိတ်ကာ ကောင်းခြင်းထွက်သွားတော့သည်။  ပန်ပန်နေရာမှာပင် ကျုံ့ကျုံ့လေးရှိနေမြဲ။

ဒီလူကိုလည်း ကိုယ်ကအမြင်ကပ်ပြီး မျက်မုန်းကျိုးလှသည့်တိုင် မင်္ဂလာဦးညမှာပင် ကွာရှင်းဖို့အပြောခံရခြင်းအတွက် ရင်ထဲနာလှပါသည်။ မခံမရပ်နိုင်သည့်စိတ်နှင့် ဘာမှန်းမသိသော ဝမ်းနည်းနာကျင်မှုကြောင့် မျက်ရည်တို့က တပေါက်ပေါက်ပင်ကျလာ၏။

ဘယ်လောက်ပဲဆတ်ဆတ်ထိမခံနိုင်သည့် မိန်းကလေးဟုဆိုပါစေဦး။ ဒီအခြေနေကို အပြုံးမပျက်ရင်ဆိုင်ဖို့အထိ ပန်ပန်ကမရင့်ကျက် မတည်ငြိမ်သေးပါ။ သူမက(၁၇)နှစ်အရွယ်သာ ရှိသေးသည်မဟုတ်လား..။

ပထမဆုံးညမှာတင် ကျခဲ့သည့်မျက်ရည်နှင့် ခပ်ပါးပါးတိုးဝင်လာသည်ကနောင်တအချို့..။ မဆင်မခြင်အရွဲ့တိုက်လိုစိတ်နှင့် သူမဟာ ဘာတွေအမှားလုပ်ခဲ့မိသွားသည်လဲ.....။

ဆက်ရန်
ဆူးခတ်ပန်း

Zawgyi

"မုန္႔ဟင္းခါးတစ္ပြဲ၊ ေမတၱာျဖဴးပါ
အခ်စ္မေပါ့ေစနဲ႔...."

အပိုင္း(၂၀)

"ေကာင္းျခင္းတည္ၿမဲႏွင့္ မုဒိတာပန္"
အာ႐ုံဦးမဂၤလာဆြမ္း

ဝါမဝင္ခင္ ကသုတ္ကရက္စီစဥ္လိုက္ရသည့္မဂၤလာပြဲကာ ဘုန္းႀကီးေက်ာင္းတြင္ မဂၤလာဆြမ္းေကြၽး႐ုံႏွင့္ၿပီးသြားခဲ့ပါသည္။

ႏွစ္ဦးႏွစ္ဖက္ကာ လိုလားၾကည္ျဖဴ၍ မဟုတ္ဘဲ ဂုဏ္သိကၡာအတြက္ ျဖစ္သြားခဲ့ေသာ မဂၤလာဆြမ္းျဖစ္၍ ႏွစ္ဖက္မိဘမ်ား၏မ်က္ႏွာကာ မေကာင္းလွပါ။ ကာယရွင္ျဖစ္သည့္ သတို႔သား၊ သတို႔သမီး၏မ်က္ႏွာကပိုဆိုးသည္။ သတို႔သမီးထက္ သတို႔သားမ်က္ႏွာကအဆိုးဆုံး ျဖစ္မည္ထင္ပါသည္။

မုဒိတာပန္ကမွ ဟန္ေဆာင္ပန္ေဆာင္ၿပဳံးျပေသးသည္။ ေကာင္းျခင္းတည္ၿမဲကေတာ့ လုံးဝအၿပဳံးအရယ္မရွိေခ်။

"ေကာင္းျခင္း..သား  နည္းနည္းပါးပါးၿပဳံးဦးေလ မ်က္ႏွာႀကီးဒီေလာက္တင္းမထားနဲ႔ေလ"

တည္တင္းေနသည့္သားေတာ္ေမာင္မ်က္ႏွာေၾကာင့္ လူေအးႀကီးဦးေကာင္းထိုက္ပင္ အားနာကာတီးတိုးသတိေပးရသည္။

ေကာင္ျခင္းကမူေဒါသကိုအံႀကိတ္ထားသည့္ မ်က္ႏွာႏွင့္

"ဒီက်က္သေရမရွိတဲ့မဂၤလာပြဲကို ဘာအတြက္ၿပဳံးေနေပးရဦးမွာလဲဗ်ာ လူကိုယ္တိုင္ တက္လာေပးဖို႔ေတာင္ ေတာ္ေတာ္သည္းခံထားရတယ္"

"ဟဲ့.. ေအာ္ သားရယ္ ေျဖးေျဖးေျပာစမ္းပါ တစ္ဖက္ကလူေတြၾကားသြားဦးမယ္"

"ၾကားသြားလည္းေကာင္းတာပဲေလ ေဖေဖ ဒါမွကြၽန္ေတာ့္အတြက္ ဒီမဂၤလာကိစၥက အမဂၤလာျဖစ္ေနတယ္ဆိုတာ ေကာင္းေကာင္းသိသြားတာေပါ့"

ဦးေကာင္းထိုက္လည္းဘာမွဆက္မေျပာေတာ့ဘဲ သက္ျပင္းသာခ်လိုက္၏။ အခုက မဂၤလာဆြမ္းပြဲကိုသတို႔သားတက္လာေပးတာကိုပဲ ေက်းဇူးတင္ရမလိုျဖစ္ေနသည္။

ေကာင္းျခင္းသည္ လူျမင္ေကာင္းေအာင္ပင္ အနည္းငယ္ေလးမွ် ဟန္ေဆာင္မၿပဳံးႏိုင္ခဲ့ပါ။ ႏွစ္ဖက္ေဆြမ်ိဳးသိ႐ုံေလာက္ႏွင့္ပဲ အက်ဥ္း႐ုံး စီစဥ္လိုက္သည့္ မဂၤလာဆြမ္းပြဲအေျခအေနကိုၾကည့္ရင္း အံကိုတင္းတင္းႀကိတ္ထားမိသည္။ ရင္ထဲတြင္ နာၾကည္းမႈႏွင့္ ခံျပင္းေဒါသေတြက ေတာက္ေလာင္ေနေတာ့၏။

သူေမွ်ာ္လင့္ထားခဲ့သည္က အခမ္းနားဆုံးေသာသတို႔သမီးႏွင့္ အႀကီးက်ယ္ဆုံးမဂၤလာပြဲတစ္ခု။           ဖိတ္ဖိတ္ေတာက္ေနလ်က္ရွိေသာဟိုတယ္ခန္းမႀကီးတြင္ ဧည့္ပရိတ္သတ္ေပါင္းမ်ားစြာျဖင့္ စည္ကမ္းသိုက္ၿမိဳက္ေနေသာ မဂၤလာပြဲ။ တစ္နည္းအားျဖင့္ social media ေတြကပါ ေဝေဝဆာဆာေဖာ္ျပရၿပီး လူတိုင္းအားက်ရေသာ ဝံ့ႂကြားထည္ဝါသည့္မဂၤလာပြဲႀကီး။

ထို႔အတြက္ သူ႔တြင္ႀကီးျမတ္သည့္ဂုဏ္၊ ေက်ာ္ၾကားမႈ၊ စည္းစိမ္ဥစၥာေတြရွိေနသလို တစ္ဖက္မိန္းကေလးကလည္း သာမာန္မိန္းကေလးမဟုတ္ဘဲပညာ၊ ေအာင္ျမင္မႈေတြႏွင့္ ဝံ့ဝံ့ႂကြားႂကြားလွပတင့္တယ္စြာရွိေနမည္။ ႏွစ္ဖက္မိဘ၏ ဂုဏ္သိကၡာကလည္း ႀကီးက်ယ္ခမ္းနားေနမည္ ျဖစ္သည္။ လူအမ်ားေျပာၾကသည့္ ေနႏွင့္လ၊ ေ႐ႊႏွင့္ျမဟု တင္စားရသကဲ့သို႔ လိုက္ဖက္ေနမႈမ်ိဳး။

ထို႔ေၾကာင့္လည္း သူကလူငယ္ဘဝတြင္ အေပ်ာ္ရည္းစားတစ္ေယာက္မွ်ပင္ မထားခဲ့သလို ဘယ္လိုအေပ်ာ္အပါးလိုက္စားခဲ့တာမ်ိဳး မရွိခဲ့ပါ။ သူ႔အ႐ြယ္လူငယ္ေတြရည္းစားႏွင့္ လူငယ္ဘဝလြပ္လပ္စြာေပ်ာ္႐ႊင္ခ်ိန္တြင္ သူကစာအုပ္ကိုင္ခဲ့သည္။ သူမ်ားေတြပါတီသြား၊ ကလပ္တက္ခ်ိန္၌လည္း သူကတစ္ညလုံးမအိပ္ဘဲ စာေလ့လာခဲ့သည္။ မိဘကတစ္သက္စားမကုန္သည့္စည္းစိမ္ဥစၥာေတြရွိေနၿပီျဖစ္သည့္တိုင္ ထိုစည္းစိမ္ဥစၥာတို႔တြင္ ယစ္မူးသာယာကာျဖဳန္းတီးမေနဘဲ သူကိုယ္တိုင္ခ်မ္းသာေအာင္ လုပ္ေဆာင္ခဲ့သည္။

သူလိုခ်င္သည့္ေအာင္ျမင္မႈအတြက္အမ်ားႀကီး အပင္ပန္းခံခဲ့သည္။ ႀကိဳးစားခဲ့ပါသည္။ သို႔ေသာ္ သူေက်နပ္ပါသည္။ ဒါဘယ္သူမွ ဖိအားမေပးဘဲ သူကိုယ္တိုင္လိုလိုလားလား ေ႐ြးခ်ယ္သည့္ဘဝမဟုတ္လား။ သူ႔လက္တြဲေဖာ္ျဖစ္လာမည့္မိန္းကေလးကို သူသတ္မွတ္သည့္စံခ်ိန္စံၫႊန္းႏွင့္အညီ သူ႔ကိုယ္တိုင္ကၿပီးျပည့္စုံေအာင္ ႀကိဳးစားခဲ့၏။

သို႔ေသာ္ ေလာကႀကီးက ဘာေတြေသာက္တလြဲျဖစ္ေနရသည္လဲ။ ဒီေလာက္ၿပီးျပည့္စုံေအာင္ ႀကိဳးစားခဲ့သည့္ေကာင္းျခင္းတည္ၿမဲ၏ေဘးနားေရာက္လာသည့္မိန္းကေလးကာ အသက္ပင္မျပည့္ေသးေသာ ႏုံခ်ာခ်ာမိန္းကေလးတဲ့။

ပိုဆိုးသည္က ထိုမိန္းကေလးက ရပ္ကြက္ထဲက မုန္႔ဟင္းသည္၏သမီးျဖစ္ေနသည္။ ဆယ္တန္းေတာင္မေအာင္ေသးသည့္အျပင္ကိုမွ ဘာအရည္အခ်င္းမွမရွိသည့္ ေလလြင့္ေန႐ုံသာသာရွိေသာမိန္းကေလး။ ပြင့္လင္းစြာေျပာရလွ်င္ေတာ့ သူတစ္ခ်ိန္လုံးအထင္ေသးၿပီး အျမင္ကပ္ခဲ့သည့္မိန္းကေလး။

ထိုသို႔ ဘယ္ဂုဏ္သိကၡာမွမရွိ၊ အထင္ႀကီးစရာ အရည္အခ်င္း ဘာဆိုဘာမွမရွိသည့္အျပင္ မိဘေနာက္ခံကပါမေကာင္းသည့္ မိန္းကေလးက သူ႔ဇနီးျဖစ္လာသည္တဲ့လား။

"ေတာက္.."

ေတြးလိုက္တိုင္း နာၾကည္းလြန္းသျဖင့္ တက္ေခါက္မိသည္။ သူ႔ေရွ႕၌ သာမာန္မွ်ရွိေသာ မဂၤလာဆြမ္းအျပင္အဆင္တို႔ကို ၾကည့္ေနရင္းလည္း မခ်ိႏိုင္စြာၿပဳံးမိ၏။

ဒီလိုမိန္းကေလးမ်ိဳးကို လက္တြဲေဖာ္အျဖစ္ ပြဲထုတ္ရမွာရွက္လြန္းသျဖင့္ အသိမိတ္ေဆြေတြကိုပင္ အသိမေပးဘဲ ရပ္ကြက္အသိအမွတ္ျပဳ႐ုံမွ် မဂၤလာဆြမ္းသာေကြၽးၿပီး အက်ဥ္း႐ုံးသာ စီစဥ္ခဲ့သည္။

အင္းေလ.. အရည္အခ်င္းမရွိသည့္၊ ညံ့ဖ်င္းေသးႏုပ္ေသာ မိန္းကေလးမ်ိဳးကို တခမ္းတနားႀကီးဘယ္သူကပြဲထုတ္ခ်င္မည္လဲ။ ဒီလိုႏွင့္ သူအၿမဲရည္႐ြယ္ခဲ့သည့္ဟိုတယ္ႀကီးတြင္ ခမ္းနားသည့္အျပင္အဆင္ႏွင့္ မဂၤလာပြဲအိပ္မက္ကလည္းပ်က္ဆီးခဲ့ရၿပီး ရပ္ကြက္ထဲက ပါခ်ည္ပါခ်ဲ႕မိန္းကေလးႏွင့္ မဂၤလာဆြမ္းအက်ဥ္းသာ ေကြၽးခဲ့ရပါရဲ႕...။

ေတြးရင္းေတြးရင္း ေဒါသထြက္လာသျဖင့္ ေကာင္းျခင္းဘယ္သူ႔ကိုမွပင္ အသိမေပး၊ ႏႈတ္မဆက္ဘဲ ဆြမ္းေကြၽးလို႔မၿပီးေသးခင္မွာပင္ အရင္ဆုံးထြက္သြားလိုက္၏။

႐ိုင္းတယ္ထင္လည္းထင္ၾကပါေစေတာ့..။ သူကဘယ္သူ႔ကိုဂ႐ုစိုက္ရမွာလဲ......။
.................. ..................... ................................

"မဂၤလာဆြမ္းေကြၽးတာမၿပီးေသးဘူး သတို႔သားက ထြက္သြားတယ္တဲ့ ႐ုပ္ေပါက္လိုက္တာ"

ျမတ္ကမေက်မနပ္ဆိုလိုက္ေတာ့ ဩရသက

"ထားလိုက္ပါ.. ဘယ္လိုပဲျဖစ္ျဖစ္ မဂၤလာဆြမ္းကေကာင္းေကာင္းမြန္မြန္ၿပီးသြားၿပီပဲေလ"

"ျမတ္သတိထားမိတယ္ကိုႀကီး ဘုန္းႀကီးဆြမ္းကပ္ေနတဲ့တစ္ခ်ိန္လုံးလည္း မ်က္ႏွာႀကီးက မာထန္ေနလိုက္တာမ်ား တစ္ဖက္ေဆြမ်ိဳးမိဘေတြကိုမွ အားမနာ ဟြန္႔"

အိမ္ေရာက္သည္အထိျမတ္ကာ မေက်မနပ္ႏွင့္ ပြစိပြစိေျပာေနဆဲပင္။ ဩရသသက္ျပင္းခ်လိုက္ရင္း

"ဘယ္လိုကိစၥေၾကာင့္ မဂၤလာေဆာင္လိုက္ရလဲဆိုတာ ျမတ္လည္းသိသာပဲေလ သူ႔စိတ္က ဘယ္အဆင္ေျပမွာလဲ ၿပီးေတာ့သူ႔အေနအထားနဲ႔"

"သူ႔ဟာသူ ဘာေကာင္ႀကီးပဲျဖစ္ျဖစ္ ေလးစားမႈဆိုတာရွိရမွာေလကိုႀကီး သူကႏိုင္ငံျခားကေနေတာင္ဘြဲ႕ယူထားတဲ့ပညာတတ္ႀကီးမဟုတ္လား ဒီအေျခခံက်င့္ဝတ္ေတာင္မသိဘူးလား"

"ျမတ္ေဒါသထြက္တာကို.. ကိုႀကီးနားလည္ပါတယ္"

"ျမတ္ကေတာ့ေလ တကယ္နည္းနည္းမွ ၾကည့္မရဘူး လူၾကားထဲမွာေတာင္ မ်က္ႏွာႀကီးက ဟန္ေတာင္မေဆာင္ႏိုင္ဘဲ ျဖစ္ပ်က္ေနလိုက္တာမ်ား မသိႏိုင္ရင္ သူ႔ဘဝႀကီးပ်က္ဆီးသြားတဲ့အတိုင္းပဲ ဘယ္လိုပဲျဖစ္ျဖစ္ ဒီကိစၥမွာ ျမတ္တို႔ဘက္ကလည္း နစ္နာတာပဲ ပန္ပန္က အသက္ေတာင္ ျပည့္ေသးတာမဟုတ္ဘူး ဘယ္မိဘက အိမ္ေထာင္ခ်ေပးခ်င္မွာလဲ"

ျမတ္ကာေပါက္ကြဲေနေတာ့၏။ ဩရသလည္း သက္ျပင္းသာထပ္ခ်မိပါသည္။ ျမတ္ေျပာေနတာလည္း မွားေတာ့မမွားေခ်။

ေကာင္းျခင္းတည္ၿမဲသည္ social platform ေတြအထိတိုင္ ေအာင္ျမင္ေက်ာ္ၾကားၿပီး ခ်မ္းစာျပည့္စုံေန၍ မေတာ္တဆျဖစ္သြားသည့္ကိစၥေၾကာင့္ လက္ထပ္လိုက္ရျခင္းတြင္ ၎ဘက္ကဘယ္ေလာက္ပဲနစ္နာရသည္ဆိုပါဦးေလ။ မုဒိတာပန္ကလည္း သူတို႔အိမ္၏အဖိုးတန္ကေလးမဟုတ္လား။

တစ္ဖက္ကဘဝရင္းလိုက္ရသလို တစ္ဖက္ကလည္းပြင့္ေတာင္မပြင့္လန္းေသးဘဲ အဖူးအငုံဘဝေလးကို ေပးဆပ္ရသည္ပဲေလ။ စာမေတာ္၊ မခ်မ္းသာ၊ မေအာင္ျမင္ေန၍ ဘဝကအဖိုးမတန္ဘူးဟု သတ္မွတ္လို႔မွမရတာ။ လူတိုင္း၏ဘဝကအနည္းအမ်ားအဖိုးတန္ပါသည္။

သူသည္လည္းအစ္ကိုႀကီးတစ္ေယာက္အေနႏွင့္  အငယ္ဆုံးေလးပန္ပန္ ဤသို႔ေစာစီးစြာ အိမ္ေထာင္ျပဳလိုက္ရျခင္းအတြက္ စိတ္မေကာင္းျဖစ္ရသလို ႏွေျမာမိသည္။ ပိုဆိုးသည္က တစ္ဖက္အသိုင္းအဝန္းကႀကီးလြန္းေနၿပီး လိုလားၾကည္ျဖဴစြာျဖစ္လာသည့္မဂၤလာပြဲလည္း မဟုတ္၍ပင္။

သို႔ေသာ္ သူ႔ထက္စာလွ်င္ေမေမက ပိုစိတ္မေကာင္းျဖစ္မွန္းသိေနသည့္အတြက္ သားႀကီးပီပီ ဘာမွမျဖစ္သလိုဟန္ေဆာင္ေနရပါသည္။

"လူေရွ႕မွာေတာင္ ဒီလိုအခ်ိဳးခ်ိဳးေနတာ လူကြယ္ရာမွာ ပန္ပန္႔ကိုအႏိုင္က်င့္ရင္က်င့္ေနမွာပဲ ေျပာရတာမဟုတ္ဘူး"

ျမတ္စကားေၾကာင့္ ျပည့္စုံကဟက္ခနဲ႔ရယ္လိုက္ၿပီး

"ဟုတ္တယ္.. မျမတ္ နင့္ညီမကအႏိုင္က်င့္ခံမဲ့သူဆိုေတာ့ေလ ဟိုကတစ္လေတာင္မခံျဖစ္မွာ ျမင္ေယာင္ေသးတယ္"

"ဘာ.. ျပည့္စုံသိန္းေက်ာ္ နင္ဟာေလ ကိုယ့္ညီမကိုျပန္ဘလိမ္းေနလိုက္"

"အငယ္မအေၾကာင္းေကာင္းေကာင္းသိလို႔ပါအဟဲ"

ျပည့္စုံေျပာတာလည္းမွန္ေနသည့္အတြက္ ျမတ္ဘာမွမေျပာဘဲ မ်က္ေစာင္းသာထိုးလိုက္၏။ ပန္ပန္မဂၤလာကိစၥေၾကာင့္ ေမာင္ႏွမေတြအားလုံးဆုံသည့္တိုင္ သိပ္ေပ်ာ္ရသည့္အေျခအေနမ်ိဳးေတာ့မဟုတ္ပါ။

"ကဲ.. ကဲ ေတာ္ေတာ့ မင္းတို႔ေတြဒီလိုျဖစ္ေနၾကရင္အေမကဘယ္လိုေနမွာလဲ နည္းနည္းပါးပါး သိတတ္ဦးေလ"

ဩရသစကားေၾကာင့္ ျမတ္ႏွင့္ျပည့္စုံၿငိမ္သြားသည္။ အေမကအေတာ္စိတ္မေကာင္းျဖစ္ေနပုံရသည္။ ဆြမ္းေကြၽးၿပီးျပန္လာကတည္းက ဘာစကားမွမဆိုဘဲ အိပ္ခန္းထဲတန္းဝင္သြား၏။

အေမငိုေနမည္လား.. ဝမ္းနည္းေနမည္လား။ မသိႏိုင္ပါ။ ပန္ပန္႔ကိုႏွေျမာစိတ္ေတြႏွင့္ စိတ္မေကာင္းျဖစ္ေနမွာေတာ့ေသခ်ာပါသည္။

ညေရာက္ေတာ့ အေမ့ကိုကန္ေတာ့ဖို႔ ပန္ပန္ ေရာက္လာသည္။ ေကာင္းျခင္းတည္ၿမဲကေတာ့ ပါမလာေခ်။ ေယာကၡမလို႔အသိအမွတ္မျပဳ၍မလာသည္လားေတာ့ မေျပာတတ္ပါ။ ထိုအျပဳအမူေၾကာင့္ အေမကမ်က္ႏွာမေကာင္းသလို သူတို႔လည္းေဒါသထြက္ရသည္။ သို႔ေသာ္ အေမစိတ္မေကာင္းျဖစ္မည္စိုးသျဖင့္ ဘာမွမျဖစ္သလိုႏွင့္ ႏႈတ္ဆိတ္ေနေပးရသည္။

"သာဓု.. သာဓု.. သာဓုကြယ္ ငါ့သမီးပန္ပန္ စိတ္က်န္းမာကိုယ္ခ်မ္းသာနဲ႔ ရွိႏိုင္ပါေစ အိမ္ေထာင္ေရးလည္းသာယာပါေစကြယ္"

ဆုေတာင္းစကားဆိုေပးရင္းမွ အေမသည္ မ်က္ရည္ဝဲစျပဳလာ၏။ သားသမီးေတြေရွ႕၌မို႔ မ်က္ရည္ေတြက်မလာေအာင္ ထိန္းထားရင္း ဆုံးမစကားဆိုရျပန္သည္။

"အခု သမီးက အိမ္ေထာင္သည္တစ္ေယာက္ ျဖစ္သြားၿပီဆိုေတာ့ အရင္လိုေပါ့ေပါ့ေန ေပါ့ေပါ့စားၿပီး အပ်င္းႀကီးေနလို႔မရဘူးေနာ္ပန္ပန္ အက်င့္ဆိုးေတြျပင္ၿပီး ေကာင္းေကာင္းေနေနာ္"

"ဟုတ္အေမ.."

တကယ္တမ္းက် ေဒၚမိုးအေနႏွင့္ ဘယ္လိုစကားလုံးေတြႏွင့္ ဆုံးမစကားေျပာရမွန္းပင္ မသိေတာ့ပါ။ မထင္မွတ္ဘဲ ႐ုတ္တရက္ အိမ္ေထာင္က်သြားရသည့္ ဒီကေလးကသိပ္ငယ္လြန္းေန၏။ ၿပီးေတာ့ သိတတ္လိမ္မာလြန္းလွသည္လည္း မဟုတ္ဘဲ ဂ်စ္ကန္ကန္ေကာင္မေလးမို႔ အမ်ားႀကီးစိတ္ပူမိပါသည္။

ပိုဆိုးသည္က တစ္ဖက္အသိုင္းအဝိုင္းက သိပ္ႀကီးျမင့္ေနၿပီး ကိုယ့္သမီးအေပၚလည္း သိပ္လိုလားၾကည္ျဖဴျခင္းမရွိပါ။ မလြဲသာ၍သာ ေပးစားခဲ့သည့္တိုင္ မႏွစ္ၿမိဳၾကမွန္း ဒီအေမကမသိဘဲေနမည္လား။

ထို႔ေၾကာင့္ ပိုစိတ္ပူရပါသည္။ သို႔ေသာ္လည္း အခုမွပူပူေႏြးေႏြးလက္ထပ္ထားသည့္သမီးေရွ႕၌ စိတ္ပူပင္စရာေတြမေျပာလိုသျဖင့္ မ်ိဳသိပ္သည္းခံထားရင္း

"ေအးကြယ္.. ဒါပဲ သြားေတာ့ ဟိုဘက္မိဘေတြကိုကန္ေတာ့ရဦးမယ္မဟုတ္လား"

"ဟုတ္ေမေမ.."

ပန္ပန္ထြက္သြားေတာ့ ေဒၚမိုးထိန္းထားသည့္ မ်က္ရည္ေတြက်လာ၏။ (၁၇)ႏွစ္ပင္မျပည့္ေသးဘဲ အိမ္ေထာင္က်သြားသည့္သမီးကို ႏွေျမာလြန္းလွသလို မအပ္စပ္သည့္ အသိုင္းအဝိုင္းၾကားဘယ္လိုေနရမွာလဲဟုေတြးၿပီး စိတ္မေကာင္းျဖစ္ရပါသည္။

ဘယ္ေလာက္ဆိုးဆိုး၊ ဘယ္ေလာက္ပ်င္းပ်င္း၊ ဘယ္လိုပဲမသိတတ္ေနပါေစ.. မုဒိတာပန္က သူမသမီးမဟုတ္လား။ ေဒၚမိုးအတြက္ေတာ့ အင္မတန္အဖိုးထိုက္ပါသည္။

"ပန္ပန္အဆင္ေျပသြားမွာပါ အေမ"

"အရမ္းစိတ္ပူမေနပါနဲ႔ ျမတ္တို႔လည္း အခ်ိန္မေ႐ြးသြားၾကည့္လို႔ရတာပဲေလ"

သားႀကီးႏွင့္သမီးႀကီးက အေမကို ႏွစ္သိမ့္ေပးရွာသည္။ သို႔ေသာ္ ၎တို႔ကိုယ္တိုင္က မ်က္ႏွာမေကာင္းလွေပ။

ကြာျခားလွသည့္စ႐ိုက္လကၡဏာႏွင့္ ကြာဟေနသည့္အသိုင္းအဝိုင္းၾကား ဆတ္ဆတ္ထိမခံ စြာႀကဲလန္ေနသည့္ပန္ပန္ဘယ္လိုေနထိုင္မည္လဲ။ စိတ္ပူပင္စရာပင္ျဖစ္ေန၏။
................... ........................ ........................

"ေရာ့.. ဒါကသမီးအတြက္ အန္တီတို႔လက္ဖြဲ႕မဂၤလာလက္ေဆာင္"

ကန္ေတာ့ၿပီးေတာ့ ေဒၚေမျမတ္ၾကည္က သူမကိုယြန္းဘူးေလးတစ္ခုကမ္းေပးလာသျဖင့္ ပန္ပန္ ယူၾကည့္လိုက္ေတာ့

"ဟင္.. ရတနာပစၥည္းေတြပဲ"

ေတာ္ေတာ္မ်ားသည့္လက္ဝတ္လက္စားေတြကိုျမင္ေတာ့ ပန္ပန္တအံ့တဩဆိုလိုက္၏။ ေဒၚေမျမတ္ၾကည္က ေခါင္းညိတ္လိုက္ၿပီး

"ဟုတ္တယ္.. ဘယ္လိုပဲျဖစ္ျဖစ္ မင္းကသားရဲ႕ဇနီးျဖစ္လာၿပီပဲ ဟိုသြားဒီသြားတင့္ေတာင့္တင့္တယ္ရွိဖို႔လိုတယ္"

"ဒါေတြအားလုံးကို ပန္ပန္အပိုင္ရမွာလား.. ဟို ျပန္ေပးစရာမလိုဘူးေပါ့ေနာ္ ဟီး ေပ်ာ္စရာႀကီး"

ဝမ္းသာအားရဆိုလိုက္မိၿပီးမွ ပန္ပန္လည္း သတိဝင္လာၿပီး ကိုယ္ရွိန္ျပန္သတ္ကာ

"ေက်းဇူးတင္ပါတယ္ အန္တီ ပန္ပန္ေသခ်ာေလးသိမ္းထားပါ့မယ္"

ကေလးစိတ္ပင္ ေပ်ာက္ဟန္မရွိေသးသည့္ ကေလးမကိုၾကည့္ၿပီး ေဒၚေမျမတ္ၾကည္ စိတ္မသက္သာစြာ သက္ျပင္းခ်လိုက္၏။ သားရွင္အေနႏွင့္ အခုထိကိုရင္ထဲမေကာင္းႏိုင္ပါ။

မိမိသားက တိုင္းသိျပည္သိေအာင္ျမင္ေနၿပီး ထက္ျမက္လြန္းသည့္သူ။ ေကာင္မေလးက ရပ္ကြက္ထဲကမုန္႔ဟင္းခါသည္၏သမီးျဖစ္ေနသည့္အျပင္ အသက္ေတာင္မျပည့္ေသး။ ပိုဆိုးသည္က ဆယ္တန္းမေအာင္ေသးသလို ရပ္ကြက္၏ေအာ့ေၾကာလန္ေလးျဖစ္ေနသည္။

ဘယ္အေမကရင္မနာဘဲေနမည္နည္း။ သားအဖိုးတန္ေလး ဒီလိုမိန္းကေလးႏွင့္ရသြားျခင္းအတြက္ ရင္ထုမနာျဖစ္ကာ ႏွေျမာလြန္းလွပါသည္။ သို႔ေသာ္ ေဒၚေမျမတ္ၾကည္ဟာ စိတ္ပုပ္စိတ္ယုတ္ရွိသည့္မိန္းမေတာ့မဟုတ္ပါ။ ေကာင္းျခင္းတည္ၿမဲက သူမ၏အဖိုးတန္သားျဖစ္ေနသလို ဤေကာင္မေလးကလည္း အျခားေသာမိခင္၏အဖိုးတန္သမီးျဖစ္ႏိုင္သည္ပဲ။

ထို႔ေၾကာင့္ မခ်စ္ခင္ မၾကည္ျဖဴႏိုင္သည့္တိုင္ မယုတ္ပါ။ ရသင့္ရထိုက္သည့္အခြင့္အေရးႏွင့္ ေပးသင့္ေပးထိုက္သေလာက္ေတာ့ ေပးလိုက္၏။ က်န္တာေတာ့ သူတို႔ဘဝႏွင့္သူတို႔ရွိပါေစေလ။

"ကဲ.. ဒါျဖင့္ညည့္လည္းမိုးခ်ဳပ္ေနၿပီဆိုေတာ့ အန္တီတို႔ျပန္ဦးမယ္ ေကာင္းေကာင္းမြန္မြန္ ေနခဲ့ၾကပါ"

"ဟုတ္ကဲ့အန္တီ.."

"သား.... ေမေမတို႔ျပန္ၿပီေနာ္"

ဘာစကားတစ္ခြန္းမွမဆိုဘဲ ပါးစပ္ပိတ္ၿငိမ္ေနသည့္သားကို ေဒၚေမျမတ္ၾကည္ဆိုလိုက္ေတာ့ ေကာင္းျခင္းက စိတ္မပါစြာပင္

"ဟုတ္.. ေမေမ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္"

"ဒီနားေလးတင္ကို ေဖေဖတို႔ဘာသာျပန္လည္း ရပါတယ္"

သို႔ေသာ္ ေကာင္းျခင္းကအတင္းလိုက္ပို႔ေပး၏။ ပန္ပန္ႏွင့္ မေနခ်င္၍ျဖစ္သည္။ ပန္ပန္ကလည္း ေကာင္းျခင္းကိုဂ႐ုမစိုက္ပါ။ ရတနာဘူးေလးကို တယုတယကိုင္ရင္း အေပၚထပ္ကသူမေနရမည့္အခန္းဆီသို႔ ဝင္လာလိုက္သည္။

"အမ်ားႀကီးပဲ ေရာင္းလိုက္ရင္ ဘယ္ေလာက္ေတာင္ရမွာလဲမသိဘူး ဟီး"

ေမေမႏွင့္ကိုႀကီးတို႔က မုန္႔ဖိုးေတြထည့္ေပးလိုက္သလို ေကာင္းျခင္းအေမကလည္း ရတနာပစၥည္း လက္ေဆာင္ေပးသည္။ တစ္သက္မွာ ဒီေလာက္မ်ားျပားသည့္ပိုက္ဆံႏွင့္ ရတနာကို အခုမွရရွိပိုင္ဆိုင္ဖူးသျဖင့္ ပန္ပန္မွာေက်နပ္ေပ်ာ္႐ႊင္ေနေတာ့၏။

သို႔ေသာ္...

"မျမင္ဖူးတာေတြျမင္ရၿပီး.. မကိုင္ဖူးတာေတြ ကိုင္ရေတာ့ သိပ္ေပ်ာ္ေနသလား"

အခန္းထဲဝင္လာၿပီး ခပ္ေထ့ေထ့ဆိုလိုက္သည့္ေကာင္းျခင္းေၾကာင့္ ပန္ပန္ရတနာဘူးကို ခ်ထားလိုက္ၿပီး

"ခင္ဗ်ား ဘာေတြေျပာေနသလဲ"

"ေျပာစမ္းပါဦး မုဒိတာပန္ ငါ့လိုေယာက်ၤားမ်ိဳးကို အပိုင္ဖမ္းလိုက္ႏိုင္တဲ့အတြက္ မင္းကေတာ့ မိုးမျမင္ေလမျမင္ေပ်ာ္ေနမွာပဲ အဟက္"

ခႏိုးခနဲ႔အၿပဳံးႏွင့္ ရင့္ရင့္သီးသီးဆိုလိုက္သည့္စကားေၾကာင့္ ပန္ပန္စိတ္တိုသြားကာ

"ခင္ဗ်ားနဲ႔ လက္ထပ္ရတာကိုဘာကိစၥေပ်ာ္ရမွာလဲ ႐ူးေနလား"

"လက္ထပ္ခ်င္လို႔ပဲ မင္းကလိန္ကက်စ္နဲ႔ ဉာဏ္ဆင္ခဲ့တာေပါ့ အခန္းမွားသလိုနဲ႔ ငါ့အခန္းထဲလည္း မင္းတမင္ဝင္ခဲ့တာပဲေနမယ္ အစကတည္းက မင္းကသူေဌးတစ္ေယာက္ေယာက္ကို အပိုင္ႀကံၿပီး ခ်ဴစားတဲ့အဆင့္ပဲရွိတယ္ေလ"

"ခင္ဗ်ားေနာ္ .. မေစာ္ကားနဲ႔ေနာ္"

ပန္ပန္ေဒါသတႀကီးဆိုလိုက္ေတာ့ ေကာင္းျခင္း ဟက္ခနဲ႔ရယ္လိုက္ကာ

"ေစာ္ကားတယ္ေျပာရေအာင္ မင္းမွာေစာ္ကားလို႔ရတဲ့ ဘာဂုဏ္သိကၡာမ်ားရွိလို႔လဲ မုဒိတာပန္"

"ခင္ဗ်ား.."

ပန္ပန္အံကိုတင္းတင္းႀကိတ္ထားမိ၏။ အရွက္တရားႏွင့္နာက်င္မႈေတြေၾကာင့္ ႐ုတ္တရက္ ဘာစကားမွမဆိုႏိုင္ျဖစ္ေနစဥ္

"ဒီေတာ့ အခုငါတို႔ဘာလုပ္ၾကမွာလဲ"

ေကာင္းျခင္းက ခနဲ႔တဲ့တဲ့ဆိုရင္း သူမေရွ႕ကိုတိုးလာခဲ့ေတာ့ ပန္ပန္ေနာက္ကိုေယာင္ယမ္းဆုတ္မိၿပီး

"ဘာလုပ္ရမွာလဲ.. ဘာလုပ္ခ်င္လို႔လဲ ခင္ဗ်ားက"

"အခုငါကမင္းေယာက်ၤားျဖစ္ေနၿပီမဟုတ္လား ဘာလုပ္သင့္တယ္ထင္လဲ"

"ဟင္.."

ေကာင္းျခင္းစကားေၾကာင့္ ပန္ပန္လန္႔ဖ်ပ္သြားသည္။ ႏွစ္ေယာက္အိပ္ကုတင္ႀကီးကိုၾကည့္ၿပီး မ်က္ႏွာေလးလည္းနီျမန္းလာကာ

"ခင္ဗ်ား ဘာလုပ္မလို႔လဲ ေရွ႕.. ေရွ႕မတိုးလာခဲ့နဲ႔ေနာ္"

"မင္းပဲငါ့ကိုေယာက်ၤားအျဖစ္လိုခ်င္ေနတယ္ မဟုတ္လား ဘာကိုေၾကာက္ေနသလဲ"

ေကာင္းျခင္းက ခနဲ႔တဲ့တဲ့ဆိုရင္း သူမအနားကိုခ်ည္းကပ္လာ၏။ ပန္ပန္ေနာက္ကို ကပ်ာကယာဆုတ္လိုက္ေသာ္လည္း နံရံနားကပ္သြားၿပီမို႔ဆုတ္္မရေတာ့ပါ။

"ဟင့္အင္း.. မလာနဲ႔ ထြက္သြား"

"အဟက္"

႐ုတ္တရက္ႀကီးသူကရယ္လိုက္ေတာ့ ထိတ္လန္႔ေနသည့္ပန္ပန္ပင္ေၾကာင္သြားသည္။ ေကာင္းျခင္းေျခလွမ္းကိုရပ္လိုက္သည္။ သူမကိုလည္း စက္ဆုပ္သလိုအၾကည့္မ်ိဳးႏွင့္ၾကည့္လာၿပီး

"ငါမင္းကိုဘာလုပ္မယ္ထင္လို႔လဲ စိတ္ခ်.. မင္းေတြးသလိုမ်ိဳးျဖစ္မွာမဟုတ္ဘူး ဘာလို႔လဲဆိုေတာ့ မင္းအသားကိုထိဖို႔ေတာင္ ငါေသာက္ရမ္း႐ြံတယ္သိလား"

"ဟင္..."

"မင္းကငါ့ဘဝကိုဖ်က္ဆီးခဲ့တဲ့မိန္းမ ငါ့အနာဂတ္ကို ကေမာက္ကမျဖစ္ေအာင္လုပ္ခဲ့တဲ့မိန္းမ မင္းေၾကာင့္ ငါ့ဘဝအခုလိုေသးႏုပ္စုတ္ျပတ္တဲ့အရာေတြနဲ႔ ႀကဳံေနရတယ္ မင္းလုပ္ခဲ့လို႔ ငါဒီလိုအရွက္ရစရာကိစၥႀကီးထဲ ပိတ္မိရတယ္ ငါမင္းကိုသိပ္မုန္းတယ္ မုဒိတာပန္"

ေဒါသတႀကီးေအာ္ဟစ္လိုက္သည့္စကား။ မ်က္ဝန္းထဲတြင္လည္း အမုန္းတရားေတြဟာ တဟုန္းဟုန္းေတာက္ေလာင္လို႔ေနေတာ့သည္။ ေၾကာက္စရာေကာင္းေနသည့္သူ႔အသြင္ေၾကာင့္ ပန္ပန္ လန္႔ဖ်ပ္ရင္း ေၾကာင္ၾကည့္ေနမိ၏။

"မင္းကိုငါဘယ္ေလာက္ေတာင္မုန္းလဲသိလား.. အခုေနမင္းေသသြားရင္ေကာင္းမွာပဲလို႔ ေတြးေနမိတဲ့အထိကို မုန္းတယ္"

"အို..."

ထိုစကားကျပင္းထန္လွသျဖင့္ ရင္ထဲဆစ္ခနဲ႔နာသြားရသည္။ ေအာ္ဟစ္ေျပာဆိုေနရင္းမွာပင္ ေဒါသေတြေဆာက္တည္ရာမရျဖစ္ေနသည့္ ေကာင္းျခင္းက စိတ္မထိန္းႏိုင္ပုံရသည္။

"ငါ့ဘဝထဲကေနထြက္သြားစမ္း မုဒိတာပန္"

"အ..."

ေဒါသတႀကီးေအာ္ဟစ္ၿပီး ေဆာင့္တြန္းလိုက္ေတာ့ ပန္ပန္လဲက်သြားသည္။ ပန္ပန္ဘာမွမေျပာႏိုင္ခင္မွာပင္ သူကပန္ပန္႔ကိုမ်က္လုံးစိမ္းေတြႏွင့္ စူးစူးဝါးဝါးစိုက္ၾကည့္ကာ

"သူေဌးကိုအပိုင္ဖမ္းလိုက္ရလို႔ မင္းေကာင္းေကာင္းမြန္မြန္ေနရမယ္မထင္နဲ႔ ငါစိတ္ဆင္းရဲရသလို မင္းလည္းပဲ စိတ္ေရာကိုယ္ပါ ပင္ပန္းဆင္းရဲရမယ္ မုဒိတာပန္ ဘယ္ေတာမွေပ်ာ္ရမွာမထင္နဲ႔ ေန႔ရက္တိုင္း ေန႔ရက္တိုင္း ငါ့အမုန္းေတြေၾကာင့္ မင္းအသက္ဆက္မရွင္ခ်င္ေလာက္ေအာင္ ပင္ပန္းဆင္းရဲေစရမယ္"

"ခင္ဗ်ားကြၽန္ေတာ့္ကိုက်ိန္မေနနဲ႔ေကာင္းျခင္းတည္ၿမဲ ခင္ဗ်ားကိုေရာဘယ္သူခ်စ္ခိုင္းလို႔လဲ မုန္းေတာ့ေရာ ဘာအေရးလဲ ဂ႐ုစိုက္မယ္ ထင္လား"

ပန္ပန္မခံမရပ္ႏိုင္စြာပင္ေအာ္လိုက္မိ၏။ သို႔ေသာ္ဝမ္းနည္းနာက်င္ျခင္းႏွင့္ ခံျပင္းမႈေၾကာင့္ သူမအသံက တုန္ယင္ေနသည္။

ေကာင္းျခင္းကေတာ့ ခနဲ႔တဲ့တဲ့ၿပဳံးလိုက္ၿပီး

"ေစာင့္ၾကည့္ေနလိုက္ေလ မုဒိတာပန္ ငါကeducatedတစ္ေယာက္ျဖစ္တဲ့အတြက္ မင္းကိုကိုယ္ထိလက္ေရာက္႐ိုက္ႏွက္တာမ်ိဳး မလုပ္ဘူး မိန္းမတစ္ေယာက္ကိုလက္ပါရတာ ငါလည္းမႀကိဳက္ဘူး ဒါေပမဲ့ မင္းစိတ္ကိုေတာ့ အမ်ိဳးမ်ိဳးညႇင္းပန္းႏွိပ္စက္ႏိုင္တယ္ ေအး.. ဒီလိုမျဖစ္ေစခ်င္ရင္ ငါနဲ႔ကြာရွင္းေပးလိုက္"

"ဟင္.."

"ၿမဲၿမဲမွတ္ထား..မုဒိတာပန္ ဒီေန႔ကစၿပီး မင္းေခါင္းထဲေတြးရမဲ့တစ္ခုတည္းေသာအရာက ငါနဲ႔ကြာရွင္းဖို႔ပဲ"

ေဒါသတႀကီးဆိုရင္း တံခါးကိုဂ်ိမ္းခနဲ႔ေဆာင့္ပိတ္ကာ ေကာင္းျခင္းထြက္သြားေတာ့သည္။  ပန္ပန္ေနရာမွာပင္ က်ဳံ႕က်ဳံ႕ေလးရွိေနၿမဲ။

ဒီလူကိုလည္း ကိုယ္ကအျမင္ကပ္ၿပီး မ်က္မုန္းက်ိဳးလွသည့္တိုင္ မဂၤလာဦးညမွာပင္ ကြာရွင္းဖို႔အေျပာခံရျခင္းအတြက္ ရင္ထဲနာလွပါသည္။ မခံမရပ္ႏိုင္သည့္စိတ္ႏွင့္ ဘာမွန္းမသိေသာ ဝမ္းနည္းနာက်င္မႈေၾကာင့္ မ်က္ရည္တို႔က တေပါက္ေပါက္ပင္က်လာ၏။

ဘယ္ေလာက္ပဲဆတ္ဆတ္ထိမခံႏိုင္သည့္ မိန္းကေလးဟုဆိုပါေစဦး။ ဒီအေျခေနကို အၿပဳံးမပ်က္ရင္ဆိုင္ဖို႔အထိ ပန္ပန္ကမရင့္က်က္ မတည္ၿငိမ္ေသးပါ။ သူမက(၁၇)ႏွစ္အ႐ြယ္သာ ရွိေသးသည္မဟုတ္လား..။

ပထမဆုံးညမွာတင္ က်ခဲ့သည့္မ်က္ရည္ႏွင့္ ခပ္ပါးပါးတိုးဝင္လာသည္ကေနာင္တအခ်ိဳ႕..။ မဆင္မျခင္အ႐ြဲ႕တိုက္လိုစိတ္ႏွင့္ သူမဟာ ဘာေတြအမွားလုပ္ခဲ့မိသြားသည္လဲ.....။

ဆက္ရန္
ဆူးခတ္ပန္း

Continue Reading

You'll Also Like

117K 4.9K 59
ေယာက်ၤားေလး ေယာင္ေဆာင္ၿပီး က်မ အေဖ ေနာက္မိန္းမရဲ႕ သားကို က်မက ကလဲ့စားေခ်မလို ့ပါဆိုေနမွ အခုေတာ့ က်မက သူ႕ကို မျမင္ရရင္ မေနႏိုင္မထိုင္ႏိုင္တဲ့အထိ ခ်စ္မ...
335K 15.2K 58
တွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင...
14.9K 1K 13
အချစ်ဇာတ်လမ်းလေးဆိုပေမယ့် ပရလောက ဆန်ဆန်၊ လျှို့ဝှက်သည်းဖို ဆန်ဆန်ရေးထားတာပါ။ အစမှာ မာန်ရှင်းဆိုတဲ့ ကောင်လေးက ယာဉ်မတော်တဆမှုနဲ့ ဆေးရုံပေါ်ရောက်နေပြီး...
420K 17.7K 44
UNICODE AND ZAW GYI❗️ Start Date - July 24 2022 End Date - Nov 29 2022 အဂၤလိပ္ေခတ္ကၿမိဳ႔စားမင္းရဲ့ ခ်စ္ဇာတ္လမ္းမၿပီးဆံုးပဲ အချစ္ေတြတဖန္ျပန္ရွင္သန္လာ...