ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေရတာနဲ့တင် Jay တစ်မနက်ခင်းလုံး အလုပ်ရှုတ်နေရတယ်၊ ပစ္စည်းတွေအားလုံး နေရာချပြီး စိတ်ကြိုက်ပြင်ဆင်နေတာ အချိန်ကုန်မှန်းမသိ ကုန်လာခဲ့ပြီ၊
ညနေခင်းဘက်တွင် ပန်းချီဆွဲဖို့အတွက် သူစပြီးပြင်ဆင်ပါတော့သည်၊ ခြံထဲက နေ့လည်နေ့ခင်းတွင် အနားယူဖို့ရားလုပ်ထားသည့် အမိုးအကာအပြည့်အစုံနဲ့နေရာလေးက Jay အတွက် ပန်းချီဆွဲဖို့ရာ နေရာကောင်းလေးတစ်ခုဖြစ်သည်၊
ဒီအိမ်ကိုရောက်ပြီး Jay ပထမဆုံး ဆွဲဖို့စိတ်ကူးထားသည်က Jongwoo Hyung ရဲ့ အိမ်အပြာလေးဖြစ်သည်၊ တကယ် စိတ်ထဲစွဲထင်နေတဲ့ အိမ်လှလှလေးကို Jay တကယ်သဘောကျမိသည်၊
ပန်းချီဆွဲနေတဲ့အချိန်တွင် Jay ရဲ့စိတ်အာရုံသည် ဘယ်ကိုမှလွှင့်ပါး မသွားတတ်ပေ။ အချိန်တွေ ကုန်သွားမှန်းမသိနဲ့ တဖြေးဖြေးကုန်ဆုံးသွားသည်မှာ မှောင်ရီပျိုးစအချိန်တောင် ရောက်လုနေပြီ၊ လက်စသတ်ပြီး ပစ္စည်းတွေကိုသိမ်းဆည်းရင်း Hyung တို့အိမ်ဘက်ကို အကြည့်ရောက်မိတော့ မြင်လိုက်ရသည်က အိမ်အပေါ်ထပ်ပြတင်းကနေ သူ့ကိုကြည့်နေတဲ့ Hyung
_____________________________________________
Jongwoo ရဲ့ တနေ့တာဟာ အခန်းထဲမှာပဲကုန်ဆုံးဖြစ်တာ များပါသည်၊ ဒီလိုနဲ့ပဲ လည်ပတ်လာတာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးပေါ့၊
ကိုယ့်ကိုကိုယ် ထိခိုက်နာကျင်အောင်ကလွဲရင် ဘာမှ လုပ်စရာ မရှိတဲ့ သူ့အတွက် ဒီနေ့လည်း အားလပ်နေပြန်သည်၊ အိပ်ခန်းထဲမှာ လည့်ပတ်နေရင်း ပြတင်းပေါက် အပြင်ဘက်ကို အကြည့်ရောက်မိတော့ အိမ်ထဲကနေ ပစ္စည်းတွေ ယူပြီး ထွက်လာတဲ့ ဟိုကောင်လေးကို တွေ့လိုက်ရသည်၊
ဘာမှလုပ်စရာ မရှိတဲ့ သူ့အတွက် ထိုကောင်လေးက စိတ်ဝင်စားစရာတစ်ရပ်ဖြစ်ခဲ့သည်၊ သူဘာတွေလုပ်နေလဲဆိုတာ Jongwoo ရပ်ကြည့်နေမိပါသည်၊
' သူပန်းချီဆွဲဖို့ ပြင်နေတာလား '
ငယ်ငယ်ကတည်းက Jongwoo အလွန်စိတ်ဝင် စားတဲ့အရာ၊ သေချာပေါက် တက်မြောက်ချင်တဲ့ ပညာရပ်တစ်ခု ဒါပေမယ့် သူက ပန်းချီပညာမှာ ပါရမီပါမလာဘူးထင်ပါရဲ့၊ ပုံလေးတစ်ပုံတောင် ကောင်းကောင်း မဆွဲနိုင်တဲ့ သူ့အတွက် အဲ့ဒီပညာရပ်က အလှမ်းဝေးလွန်းပါသည်၊
အကျအနထိုင်ပြီး ဆွဲနေတဲ့ ထိုကောင်လေး၊ လူတွေက တစ်ခုခုကို အာရုံစူးစိုက်ပြီး လုပ်နေတဲ့အချိန် ကြည့်အကောင်းဆုံးမလား၊ ထိုကောင်လေးလဲ အဲ့အတိုင်းပဲ ထင်တယ်၊ အင်္ကျီအဖြူရောင်ကို ဝတ်ထားပြီး စုတ်တံတွေကို ကိုင်ကာ ပန်းချီကားတစ်ချပ်ကို ပုံဖော်နေတဲ့ ထိုကောင်လေးရဲ့ ပုံကလည်း ပန်းချီကားတစ်ချပ်လိုပါပဲ။
Jongwoo ကြည့်နေရင်း သူဆွဲလို့ပြီးပြီထင်ပါရဲ့ ပစ္စည်းတွေကို သိမ်းဖို့ ပြင်နေသည်၊ မထင်ထားတာ တစ်ခုက သူ အပေါ်ကိုလှမ်းကြည့်လိုက်တဲ့ အခိုက် ကျွန်တော်ကို တွေ့သွားပါသည်၊ အကွာအဝေးတစ်ခု ရှိပေမယ့် အကြည့်ချင်းစုံနေသလို၊
' သူ ကျွန်တော်ကို ပြုံးပြလာတယ် '
ဘာကြောင့်မှန်းမသိ သူပြတင်းပေါက်အနောက်ကို ကွယ်လိုက်မိသည်၊ ကျွန်တော့်ကိုမြင်သွားတာ သိပေမယ့်၊ ကျွန်တော် သူ့ကိုလှမ်းကြည့်နေသည်ကို သိသွားပေမယ့် သူလှမ်းပြုံးပြတဲ့ အချိန်တော့ Jongwoo ဘာကြောင့်မှန်းရယ် မသိ ရှောင်ပြေးမိတယ်၊
သူ့စိတ်ထဲမှာ တစ်မူထူးဆန်းသလို ခံစားနေရတဲ့ ကောင်လေး Hee Choi
_____________________________________________
[ At 7:00 am ]
"ဒေါ်ဒေါ် ဒီနေ့ ကျွန်တော့်ကို ကော်ဖီတစ်ခွက် ပဲ ဖျော်ပေးပါ "
ဒီနေ့တော့ Jongwoo မနက်စာကို Coffee ပဲ သောက်ချင်မိသည်၊ ထူးထူးဆန်းဆန်း သူ့စိတ်တွေ လန်းဆန်းနေသလိုပင်
" ဒေါ်ဒေါ် အဲ့ဒီအိမ်မှာရော အလုပ်လုပ်တာလား "
Jongwoo ဆီမှ ဒီလို စကားမျိုး ထွက်လာတာကြောင့် ဒေါ်ကြီးမှာ ချက်ချင်း မဖြေနိုင်ပဲ အံ့ဩနေတဲ့ပုံ၊ အံ့ဩချင်စရာလည်း ဟုတ်ပါသည် ပုံမှန်ဆို Jongwoo က တစ်ရက်နေလို့်မှ စကားသုံးခွန်း ပြည့်အောင် ပြောတတ်တဲ့သူမျိုးမှ မဟုတ်တာ၊
" ဟုတ်တယ် သားလေးဆီမှာ လုပ်သလိုမျိုးပဲ၊ ဒါပေမယ့် ထမင်းဟင်းတော့ မချက်ရဘူးရယ်၊ အိမ်သန့်ရှင်းရေးလောက်ပဲ ကူလုပ်ပေးဖြစ်တာ၊ လူလေးက သူ့ဘာသာ ချက်တတ်တယ်လေ အဲ့တာမို့ "
" အော် ဒါနဲ့ သူက Artist လား ဒေါ်ဒေါ် "
သိချင်စိတ်ကြောင့် Jongwoo ထပ်ပြီး မေးဖြစ်တဲ့ မေးခွန်းတစ်ခု၊
" ဒေါ်ဒေါ်အထင် ဟုတ်မယ်ထင်တယ် အိမ်ထဲမှာလည်း ပန်းချီကားတွေ အပြည့်ပဲ၊ သားလိုပဲ သူ့မှာလည်း စန္ဒရားရှိတယ်၊ ဂီတနဲ့ ပတ်သတ်တဲ့တခြား ပစ္စည်းတွေရော ဒေါ်ဒေါ် မြင်ခဲ့သလောက်ပဲ သေချာတော့ မမေးဖြစ်ဘူးရယ် "
" သားက စိတ်ဝင်စားလို့လား ဒေါ်ဒေါ်နောက်ရက် မေးခဲ့မယ်လေ "
" မဟုတ်ပါဘူး ဒီအတိုင်းမေးကြည့်တာပါ "
အပိုစကားတွေ ပြောလာတဲ့ ဒေါ်ကြီးကြောင့် Jongwoo စိတ်ရှုတ်သွားတာတော့ အမှန်၊ ပိုပြီး စိတ်ရှုတ်ဖို့ ကောင်းတာက ဟိုကောင်လေးကို ဘာတွေ အကျယ်ချဲ့ပြီး ပြောထားလဲ မသိ
နေ့လည်ခင်းဘက် Jongwoo ပန်းခြံလေးနားမှာ လမ်းလျှောက်နေတုန်း ဟိုကောင်လေး သူ့ဆီ ရောက်လာပါသည်၊
" ဒေါ်ဒေါ်ကပြောတယ် Hyung က ကျွန်တော် ပန်း ချီဆွဲတာကို လာကြည့်ချင်တယ်ဆို ဟုတ်လား"
Jongwoo ထင်တဲ့အတိုင်းမလိုအပ်ဘဲ အပိုစကားတွေ ပြောထားတဲ့ ဒေါ်ကြီး၊ နောက်တစ်ခါ သူ့ကို ဘာမှမပြောဖို့ Jongwoo ဆုံးဖြတ်လိုက်သည်၊
ဒေါ်ကြီး လုပ်တာနဲ့ သူဒီကောင်လေးကို စကား ပြန်ပြောရဦးမည်၊
" အဲ့လို မပြောမိပါဘူး "
တိုတိုနဲ့လိုရှင်းပဲ ပြောလိုက်ပါသည်၊ သူကတော့ Jongwoo ဗြောင်လိမ်နေတယ်လို့ ထင်မလား မသိ၊
" Hyung မပြောလဲ ကျွန်တော်ကပဲ မေးပါမယ်ဗျ
ကျွန်တော် ပန်းချီဆွဲတာကို လာကြည့်ချင်လား Jongwoo Hyung "
ချိုချိုသာသာမေးလာသည့်ကောင်လေးကြောင့် သူငြင်းရမလို၊ လက်ခံလိုက်ရမလို ဖြစ်နေသည်၊
" Hyung လာကြည့်ချင်လားဟင် "
Jay ထပ်မေးလိုက်ခါမှ Jay ကို မကြည့်ဘဲ ခေါင်းငြိတ်ပြီး ဖြေလာတဲ့ Hyung၊ တကယ်ပဲ Jongwoo Hyung က အူယားစရာကောင်းလိုက်တာ
" လာလေ ကျွန်တော့်အိမ်ကို လိုက်ခဲ့ "
ထိုကောင်လေးခေါ်တဲ့ အတိုင်း Jongwoo သူ့အိမ်ကို လိုက်သွားမိသည်၊
စကားတွေ အများကြီး မပြောပေမယ့် Jongwoo Hyung က သူဆွဲတာကို စိတ်ဝင်တစား ကြည့်နေခဲ့တာ၊ သူရှင်းပြတာတွေကိုလည်းသေသေချာချာလေး နားထောင်ပေးခဲ့တာ၊ တကယ် Jay အတွက်တော့ ဒီနေ့က အဖိုးတန်တဲ့နေ့ဖြစ်မယ်ထင်သည်၊ Jongwoo Hyung နဲ့ အနည်းငယ် နီးစပ်ခွင့်ရလာလို့လေ
ပုံဆွဲလို့ ပြီးတော့ Hyung အိမ်ကို ပြန်လိုက်ပို့ဖြစ်တယ်၊ တံခါးပေါက်လေး တစ်ချပ်ကို ဖြတ်လိုက်ရုံနဲ့ ရတယ် ဆိုပေမယ့်လည်း တကူးတက လိုက်ပို့ပေးချင်မိသည်၊
ဒီလိုနဲ့ Jay ဒီနေ့ဆွဲခဲ့တဲ့ Hyung တို့ အိမ်က အပင်ကြီးမှာ ရှိနေတဲ့ ဒန်းလေးနားရောက်တော့ Hyung ကို ဒန်းစီးဖို့ရာ တိုက်တွန်းခဲ့မိသည်၊
" Hyungဒန်းစီးမလား ကျွန်တော်လွှဲပေးမယ်လေ"
Jay ပြောစကားကို Jongwoo က ခေါင်းရမ်းပြီး ငြင်းလိုက်ပေမယ့် Jay က
" လာပါ ကျွန်တော်လွှဲပေးမယ် စီးရအောင်ပါ "
ထိုကောင်လေးက Jongwoo လက်ကိုဆွဲကာ ဒန်းပေါ်မှာထိုင်စေခဲ့စည်၊
" ကျွန်တော် လွှဲပေးမယ်နော် "
ခဏလေးအတွင်းမှာပဲ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေ၊ ပြင်ဆင်ချိန်ပင် မရလိုက်သည့် Jongwoo
တဖြေးဖြေးနဲ့ခေါင်းထဲမှာ ပေါ်လာတဲ့မှတ်ဉာဏ်တွေ
" ကိုကို ကျွန်တော်ဒန်းစီးချင်တယ် လွှဲပေးနော် "
" လွှဲတော့မယ်နော် ကလေးလေး 1 2 3 "
" ရားးး ကိုကို အမြင့်ကြီး မလွှဲပါနဲ့ ကျွန်တော်ကြောက်တယ် ပြုတ်ကျလိမ့်မယ် "
" ဘာမှမဖြစ်ပါဘူး ပြုတ်ကျရင် ကိုကိုဖမ်းထားပေးမှာပေါ့ ကိုကို့ကိုယုံ "
မှတ်ဉာဏ်ထဲမှာ ပေါ်တာတဲ့ မြင်ကွင်းတွေကြောင့် Jongwoo အသက်ရှူလို့ မဝချင်တော့သလိုပင်၊ အရှိန်နဲ့ လွှဲနေတဲ့ ဒန်းပေါ်မှာ ရှိနေတဲ့ Jongwoo ချွေးစေးတွေပါ ထွက်လာပြီး လူကလည်း မောဟိုက်ချင်သလို ဖြစ်လာပါသည်၊
ဒန်းစီးနေရင်း ဖြူဖတ်ဖြူရော် ဖြစ်လာတဲ့ Hyung ကြောင့် Jay တကယ် လန့်သွားရပါသည်၊ ဒန်းကို အမြန်ရပ်လိုက်ပြီး Hyung ရှေ့တည့်တည့်မှာ ဒူးညွှတ်လိုက်ပြီး
" Hyung Hyung ကျွန်တော်ခေါ်နေတာ ကြားလား ရရဲ့လား ချွေးတွေ အရမ်းထွက်နေတယ်၊ ကျွန်တော် သုတ်ပေးမယ် "
Jay ရဲ့လက်ကို Jongwoo ပုတ်ထုတ်လိုက်တာ ကြောင့် ချွေးသုတ်နေတဲ့ ပဝါလေးက မြက်ခင်း ပြင်ပေါ် ကို ရောက်သွားရပါသည်၊
" မင်းနဲ့ ငါနဲ့ ရင်းနှီးတာလည်း မဟုတ်ဘူး ငါ့ကို ဒီလိုမျိုး မဆင်မခြင် လာမလုပ်နဲ့ ငါမကြိုက်ဘူး "
စိတ်တိုတဲ့ပုံစံနဲ့ သူ့ကိုပြောပြီး ထွက်သွားတဲ့ Hyung ကြောင့် Jay တစ်ယောက် ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်ကာ ကျန်နေခဲ့ပါသည်၊
" သူအမှားလုပ်လိုက်မိပြီ ထင်တယ်၊ အခုမှ စရလာတဲ့ နီးကပ်မှုကို သူကပဲ စပြီး ဖျက်စီးလိုက်မိပြီ ထင်ပါရဲ့ "