"မေမေ မောင်လေးကို ပြန်မခေါ်တော့ဘူးလား"
Irene ပြောစကားကို မေမေက လျစ်လျူရှု့နေဆဲ၊ မိခင်တစ်ယောက်အနေနဲ့ သားတစ်ယောက်ကို စွန့်ပစ်ဖို့ဆိုတာ ဘယ်လိုအကြောင်းကြောင့်နဲ့မှ မဖြစ်နိုင်၊ သူကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားလေး မဟုတ်လား၊
စွန့်ပစ်ခဲ့သူက သူမမဟုတ်ဘဲ စွန့်ခွာသွားခဲ့သူက
တော့သူမရဲ့ သားကိုယ်တိုင်ပင်၊
နာကျင်ရပါတယ် သားကို လွမ်းတဲ့စိတ်နဲ့ ဒီအမေမှာ ဘယ်လိုများ နေနေရပါ့မလဲ၊ 1နှစ်ခွဲကျော်သည့်တိုင် သူမဆီကို မျက်နှာလေးတောင် လာမပြခဲ့တဲ့ သားလူဆိုးလေးကို သူမ တကယ် လွမ်းရပါသည်။
" သူမရဲ့ သားလေးကတော့ သူချစ်ရတဲ့သူနဲ့ ပျော်နေမယ် မဟုတ်လား၊ သားရွေးချယ်ခဲ့တဲ့ လမ်းပဲလေ သားပျော်နိုင်မှာပါ "
သူမ မထင်ထားတာတစ်ခုက သူမရဲ့သားလည်း မပျော်နိုင်ဘူးဆိုတာကိုပေါ့
[ At 12:36 am ]
အိမ်အသစ်မှာ ပထမဆုံး အိပ်ရမယ့် ဒီည၊ စိတ်လှုပ်ရှားရအောင်လည်း အသက် 22 နှစ် ရှိပြီဖြစ်တဲ့ Jay က ကလေးအရွယ် မဟုတ်တော့ပေမယ့် နည်းနည်းတော့ စိတ်ထဲ တစ်မျိုးဖြစ်နေမိတာ အမှန်ပင်၊
ည12နာရီ ကျော်သည့်တိုင်တောင် အိပ်လို့မရဖြစ်နေဆဲ၊နေရာ အပြောင်းအလဲကြောင့်များလား မသိပေမယ့် ဘယ်လိုပဲ အိပ်ဖို့ကြိုးစားကြိုးစား မရပါ၊
Jay အိပ်မရဖြစ်နေစဉ် ရုတ်တရက် ကြားလိုက်ရသော စန္ဒရားသံကြောင့် လန့်သွားရတယ်၊ ပိုဆိုးတာက အဲ့ဒီစန္ဒရားသံက တဖြေးဖြေးနဲ့ အမြင့်ဆုံး Note ကိုရောက်ပြီး အကျယ်ကြီး မြည်သွားတာကြောင့်၊ စန္ဒရားသံ အဆုံးသတ်မှာ ကပ်ပါလာတဲ့ အော်သံတစ်ခု
ထိုအသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြိုခွင်းလိုက်သလို၊ ညဉ့်နက်နေပြီ ဖြစ်တဲ့အတွက် နာရီလက်တံ ပုံမှန်လည်ပတ်နေတဲ့ အသံမျိုးကိုတောင် ကောင်းကောင်း ကြားနေရတဲ့ ဒီလိုအချိန်မျိုးမှာ ကျယ်လောင်တဲ့ စန္ဒရားသံ၊နောက်ပြီး တဖြေးဖြေးနဲ့ ကြားလာရတာက ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ သူတစ်ယောက်ရဲ့ အသံ၊ ဒါတွေကို သူ ရှင်းရှင်းလင်းလင်း ကြားနေရပါသည်။
Jay အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ပေမယ့် ဘာကိုမှ မမြင်လိုက်ရပါ၊ သို့ပေမယ့် ထိုလူက Jongwoo Hyung ဆိုတာ အသေချာ သိနေပါသည်၊
" ဘယ်အရာတွေကများ Hyung ကို ဒီလိုမျိုး နာကျင်စေရတာလဲ ကျွန်တော် သိချင်မိတယ်၊ ဘာကြောင့် ဘယ်သူ့ကြောင့် Hyung က ဒီလိုဖြစ်နေရတာလဲဆိုတာကိုရော "
တွေ့ဆုံတဲ့ အချိန်အပိုင်းအခြားက တိုတောင်းလွန်းပေမယ့် Hyung က သူ့စိတ်ထဲမှာ နေရာ အပြည့်ယူထားသလိုမျိုး၊ Jongwoo Hyung အကြောင်း သူတကယ်သိချင်မိတယ်၊
" စိတ်ရင်းနဲ့ ပြောရရင် Hyung ကို တကယ် ပျော်ရွှင်စေချင်မိတယ် "
_____________________________________________
[ MIDNIGHT THOUGHTS TO 2021]
" ကိုကို မေမေတို့ ကျွန်တော့်ကို စိတ်ဆိုးနေမလားမသိဘူး "
ကိုကိုနောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်လာခဲ့တဲ့ Jongwoo လေးက မေမေတို့စိတ်ဆိုးနေမှာကိုတော့ ကြောက်ပါသည်၊
" ခဏလေးပါပဲ မေမေ ပြီးရင် သားမေမေ့ဆီကို ပြန်လာမှာပါ "
" စိတ်မဆိုးလောက်ပါဘူး ကလေးလေးရဲ့ အရာအားလုံး အဆင်ပြေသွားတဲ့ အချိန်ကျ ကိုကိုတို့ မေမေ့ဆီ အတူတူ သွားကြမယ်လေ "
" ဟုတ်ကိုကို "
ကိုကို့စကားကို သူယုံပါသည်၊ ကိုကိုက သူ့ကို ဘယ်တော့မှမညာတတ်ဘူး ပြောထားတဲ့ ကတိအတိုင်း တည်အောင် လုပ်ပေးတတ်တဲ့ လူစားမျိုးလေ၊
" ကိုကိုကလေးလေးက လိမ္မာတယ် အိပ်တော့နော် မနက်ကျ ကိုကို ကလေးလေးကြိုက်တဲ့ ပေါင်မုန့် ထောပတ်သုတ်လေး လုပ်ပေးမယ် "
ကိုကိုက Jongwoo ကို သိပ်ချစ်ပါသည်၊ Jongwoo ကြိုက်တတ်တဲ့ အရာမှန်သမျှကို လုပ်ပေးပါသည်၊ အလိုလည်းလိုက်သည် ကိုကိုနဲ့ နေရတာ တကယ်ကို ပျော်ဖို့ကောင်းပါသည်၊
တနေ့ပေါ့ အဲ့ဒီနေ့ မရောက်ခင်ထိ Jongwoo ရဲ့ ဘဝဟာ ပျော်စရာကောင်းနေခဲ့သည်၊ ကိုကို သူ့မိဘတွေဆီ ပြန်သွားတဲ့နေ့လေ
ကိုကိုက Jongwoo ကို သူပြန်လာမယ် ပြောသွားတယ် ပြီးရင် သူတို့ အတူတူ ပျော်ပျော်ကြီး နေလို့ရပြီလို့ ပြောတယ်၊ အဲ့အခါကျ မေမေ့ဆီကို လိုက်ပို့မယ်လို့လည်း ကိုကိုက ပြောသေးတယ်
ဒါပေမယ့် ကိုကို ပြန်မလာတာ တစ်ရက်
ထပ်ပြီး ကြာလာတဲ့ တစ်ပတ်
Jongwoo ကိုကို့ကို မျှော်နေပါသေးတယ် ကိုကိုဘာများဖြစ်လို့လဲ စိတ်ပူမိတယ်၊
ပိုပြီး ထပ်ကြာလာတဲ့ အချိန်တွေ ကိုကိုပြန်မလာတာ တစ်လရှိပြီ၊ ကိုကိုကဒေါ်ကြီးကို သေချာမှာခဲ့တာ ပြန်လာမှာသေချာပါတယ်၊ နေရတာ မပျော်ပေမယ့် ပျော်အောင်ကြိုးစားပြီး Jongwoo နေနေပါသည်၊
အစားစားချင်စိတ်မရှိ၊ အိပ်ချင်စိတ်မရှိ ဘာကိုမှ လုပ်ချင်စိတ် မရှိပေမယ့် ကိုကိုပြန်လာရင်ဆိုတဲ့ အတွေးနဲ့ Jongwooနေပျော်အောင်နေနေပါသည်၊
ကိုကိုပြန်မလာတာ တစ်နှစ်
သေချာသွားပါပြီ သူ့ဆီ ကိုကိုပြန်မလာတော့ဘူးဆိုတာ၊ တစ်နှစ်ရှိပြီ ရက်အားဖြင့် 365 ရက်တိတိတိုင် ကြာခဲ့ပြီ မဟုတ်လား
" ကိုကို သူ့ကို ညာတယ်၊ ပြန်လာမယ်ဆိုပြီး ခုထိ ကိုကိုက ပြန်မလာခဲ့ဘူး "
" ဟင့်အင်း ကိုကို သူ့ကိုလိမ်မယ်၊ ကိုကိုသူ့ကိုထားသွားတယ်၊ ကိုကို မကောင်းဘူး "
Jongwoo တဖြေးဖြေးအသက်ရှူရခက်လာတယ်၊ သူ့ရဲ့ခန္ဓာကိုယ်က လှုပ်၍မရတော့သလို၊ အသားကုန်အော်ဟစ်နေပေမယ့် သူ့ရဲ့အသံတွေ မထွက်လာနိုင် ရုန်းကန်နေတဲ့ အဆုံးမှာ သူလှုပ်ရှားလို့ရလာပါသည်၊သူ့မျက်လုံးတွေ ဖွင့်လိုက်ချိန်မှာ မြင်နေရတဲ့ အခန်းမျက်နှာကြပ်၊ သူက 2021 ခုနှစ်မှာမဟုတ်ဘဲ လက်ရှိ 2023 ခုနှစ်က သူ့အခန်းထဲမှာ
ပုံမှန်အတိုင်းပဲ သူ့ခန္ဓာကိုယ်က နှုံးနှုံးချိချိဖြစ်နေသည်၊ သူအားအင်မရှိတော့သလိုမျိုးခံစားနေရပါသည်၊ မျက်နှာတစ်ခုလုံး ချွေးစေးတွေနဲ့ ပြည့်နေပေမယ့် သူမသုတ်အား၊ ကျန်ရှိသေးသည့်သူ့ရဲ့အားအင်ဖြင့် စန္ဒရားဆီိကို သူရောက်အောင်သွားလိုက်ပါသည်၊
စန္ဒရားပေါ်ကို သူ့လက်တွေတင်ထားပြီးကိုကို တီးပြနေကျ သံစဉ်ကိုသူစတင်တီးခတ်လိုက်သည်၊ တဖြေးဖြေးနဲ့တင်းကြပ်လာတဲ့ သူ့ရဲ့စိတ်တွေ အစွမ်းကုန် တီးခတ်လိုက်ပြီး အမြင့်ဆုံးနေရာမှာတော့ သူ့စိတ်တွေလွတ်ထွက်သွားသလို သူခံစားရသည်ထိ သူအော်ဟစ်လိုက်မိပါတယ်၊
" ကိုကိုဗျာ ခင်းများမို့ ကျွန်တော့်ကို လုပ်ရက်တယ်၊ ဘာလို့လဲ ဘာလို့ ကျွန်တော့်ကိုမှလဲ "
နာကျင်လွန်းလို့ သူရှိုက်ကြီးတငင် စတင်ငိုမိပါတော့တယ်၊ ခုချိန်ထိ သူ့မှာရူးမတတ်ခံစားနေတုန်းပင်ဖြစ်သည်၊ 1နှစ်ခွဲကျော် ကြာသည့်တိုင် သူဟာ ဒီအခြေအနေကိုသားမကျနိုင်သေးပါ၊ ဒီအဖြစ်အပျက်တွေကို အိပ်မက်အဖြစ် တဖန်ပြန်ဖန်ဆင်းပြီး သူ့ကိုနာကျင်စေနေဆဲဖြစ်သည်၊ ဘယ်တော့များမှ ဘယ်တော့များမှ သူဒီအရာတွေက လွတ်မြောက်နိုင်မှာလဲ