HYUNG SARANGHAEYO

By KommyRam

289 39 0

" ဘယ်လိုကောင်လေးလဲ မသိဘူး " " ကိုကို့ကို ချစ်နေတဲ့ ကောင်လေးပါဗျ " More

FALL IN LOVE WITH HIM ( ONE SHOT)

289 39 0
By KommyRam

Jongwoo နဲ့ Jay တို့ရဲ့ဆုံတွေ့မှုက ရိုးရိုးရှင်းရှင်းလေးပါ၊ အဲ့ဒီနေ့က ရပ်ကွက်ထဲက Mini Market မှာ Potato Chip လာဝယ်တဲ့ Jongwoo နဲ့Choco Milk လာဝယ်တဲ့ ထိုကောင်လေး ငွေရှင်းတဲ့နေရာမှာ ‌တွေ့ခဲ့ကြတာပါပဲ၊

သူတို့နိုင်ငံသားနဲ့ မတူဘဲ ကွဲပြားတဲ့ မျက်နှာ‌ပုံစံကြောင့် မျက်လုံးထဲထင်းပြီး သတိထားမိခဲ့တာ၊ ခုလို ပုံစံမျိုး ဖြစ်လိမ့်မယ်တော့ လုံးဝမထင်ထားခဲ့တာ အမှန်ပင်၊

First Impression ‌ကို ပြောရရင် Disney Prince လေးလို မြင်ခဲ့တာကြောင့် အနည်းငယ် ကောင်းပေမယ့် Current Impression ကတော့ စိတ်ရှုတ်စရာ ကောင်လေး ဆိုပြီး လိုရင်းတိုရှင်းပဲ ပြောလိုက်ချင်တော့တယ် တကယ့် တောက်တဲ့လေး၊ အမြဲတမ်း သူ့နောက်ကို တကောက်ကောက် လိုက်နေတော့တာ

Jongwoo နဲ့ သူက နေတဲ့ ရပ်ကွက်တူတဲ့ အပြင် ကျောင်းပါတူနေတဲ့အဖြစ်၊ Jongwoo က သူရဲ့ စီနီယာပေါ့ အမြဲတမ်း လိုက်ကပ်နေတဲ့ ဂျူနီယာလူဆိုးလေးကြောင့် တစ်ခါတစ်လေ စိတ်ရှုတ်မိတာပဲ၊

ဘယ်လောက်တောင်ဆိုးတဲ့ ကောင်လေးလဲ‌ဆို တနေ့ညက ညဘက်1နာရီလောက်မှာ Jay က သူ့ဆီကို Video Call ခေါ်လာတယ်၊ Jongwoo မကိုင်ဘူးလို့ တွေးထားပေမယ့် အဆက်မပြတ် ခေါ်နေတာကြောင့် မနေနိုင်ဘဲ ကိုင်လိုက်ရတော့တယ်၊

" နောက်ဆုံးအနေနဲ့ ကိုကို့မျက်နှာလေးကို မြင်ချင်လို့ ခေါ်လိုက်တာကို၊ ကိုကိုက အကြာကြီးနေမှ ကိုင်တယ် "

မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ Jay ကြောင့် Jongwoo တကယ်ကို အံ့ဩသွားရပါသည်၊

" စောစောက ရဲစခန်းက ဖုန်းဝင်လာတယ်၊ ကျွန် တော်က အပြစ်ကျူးလွန်ခဲ့တယ်ဆိုပြီးတော့ "

" ဒါပေမယ့် ကျွန်တော်က ဘာအပြစ်ကျူးလွန်ခဲ့တယ်ဆိုတာ သူတို့ဘက်ကပြောပေမယ့် ကျွန်‌ တော်က နိုင်ငံခြားသားဆိုတော့ သိပ်နားမလည်ဘူး ဖြစ်နေတာ ကိုကို "

ငိုတော့မယ့်မျက်နှာနဲ့ ပြောလာတဲ့ Jay ကြောင့် Jongwoo တော်တော်လန့်သွားမိပါသည်၊ အပြစ်လုပ်ထားလို့ တရားစွဲမယ်? အထက်တန်းကျောင်း သားတစ်ယောက်က ဘာအပြစ်ကြီးကြီး မားမားကို လုပ်နိုင်မှာမို့ တရားစွဲမှာတဲ့လဲ

" အိမ်မှာ မေမေတို့ မရှိဘူးလား Jay မေမေတို့ကို သေချာပြောပြလေ " လို့ Jongwoo စိတ်ပူစွာနဲ့ သတိပေးမိတယ်

" မေမေတို့ မရှိဘူး မနက်ကပဲ ဘွားဘွားနေမကောင်းဘူးဆိုလို့ America ကို ပြန်သွားတယ်၊ ခုအိမ်မှာ ကျွန်တော်တစ်ယောက်တည်း ကြောက်တယ် ကိုကို "

မိဘတွေမရှိဘဲ အိမ်မှာတစ်ယောက်တည်းဆိုတဲ့ Jay ကြောင့် Jongwoo ပိုပြီး စိုးရိမ်လာပါသည်၊

" သူတို့က ဘာအပြစ်လို့ ပြောလဲ Hyung ကိုပြော၊ မကြောက်နဲ့နော် "

" အဲ့တာကိုဖုန်းထဲမှာ အသံသွင်းထားတာ ရှိတယ်၊ ကိုကိုက နားထောင်ပြီး ပြန်ပြောပေးလို့ ရမလား ကျွန်တော်ဘာအပြစ်လုပ်ထားတာလဲဆိုတာကို "

အသံဖမ်းထားတယ်ဆိုတဲ့ Jay ကြောင့် Jongwoo နားထောင်မယ်ဆိုတဲ့အကြောင်းကို မြန်မြန်ပြောလိုက်ပါသည်၊ သိချင်စိတ်ကပြင်းပြနေခဲ့တာ အထက်တန်း ကျောင်းသားလေးကို ဘယ်လိုလူတွေက တရားစွဲဖို့ ကြံစဉ်ရတာလဲ Jongwoo တစ်ယောက် စိတ်ပူမိသလို စိတ်လဲတိုမိပါသည်

" ခဏ‌ကိုကို ရှာလိုက်ဦးမယ်၊ ကိုကိုက နားထောင် ကြည့်ပေးဦး ကျွန်တော်ဘာအပြစ်များ လုပ်ထားမိလို့လဲဆိုတာကို "

ခဏကြာတော့ Jay ဖွင့်ပြလာတဲ့ အသံဖိုင်ကြောင့် Jongwoo ရဲ့ဒေါသကငယ်ထိပ်ထိပါ ရောက်သွားသလိုမျိုး၊ တကယ်ကို ဒေါသအလိပ်လိပ် ထွက်လာရပါသည်၊

" 너무나   많이   사랑한 죄 "
အရမ်း အများကြီး ချစ်မိတဲ့ အပြစ်

" 널 너무나   많이  사랑한 죄 "
မင်းကို အရမ်း အများကြီး ချစ်မိတဲ့ အပြစ်

အာရုံစိုက်နား‌ထောင်နေချိန် ထွက်လာတဲ့ သီချင်းသံကြောင့် Jongwoo တကယ်ကို ပြောစရာ စကားမဲ့သွားရပါသည်၊ ဒီကောင်လေး ဘယ်လိုလုပ်ပြီးတော့ စနိုင်ရတာလဲ၊ သူတကယ် အညာမိသွားတာပဲ

အဲ့လိုတစ်ခါတစ်ရံ မထင်ရင်မထင်သလို စတတ်ပြီး သူ့ကို တနေ့တစ်မျိုး မရိုးရအောင် စိတ်အ နှောင့် အယှက် ကောင်းကောင်း ပေးတတ်ပါသည်၊

ဒီနေ့လည်း ကျောင်းအပေါက်ဝကနေစောင့်ပြီး လျှောက်လှမ်း တစ်လျှောက်လုံး စကားတွေ တရစပ်ပြောပြီးလိုက်လာတာ ဒါပေမယ့် ကျောင်း ဆောင်ထဲ ရောက်ခါနီးတာနဲ့ ဆက်လိုက်မလာ‌တော့၊

Jongwoo သူ့နောက်ကို ဆက်လိုက်မလာဘဲ သူနဲ့ သိပ်မဝေးတဲ့နေရာမှာ ရပ်နေခဲ့တဲ့ကောင်လေးကို ပြန်လှည့်ကြည့်မိသည်၊ သူနဲ့ အကြည့်ချင်းဆုံတာနဲ့

" ကိုကို့ကို ချစ်တယ် အလေးပြု "

ရွှတ်နောက်နောက်နဲ့ လေ့ကျင့်ရေးတပ်သားတွေ အလေးပြုသလိုမျိုး တစ်ပုံစံတည်း လုပ်ပြနေတဲ့ Jay ကြောင့် Yoon Jong Woo မှာ မရယ်ပဲ မနေနိုင်

" ဘယ်လိုကောင်လေးလဲသိဘူး "

" ကိုကို့ကို ချစ်နေတဲ့ကောင်လေးပါဗျ "

Jongwoo တစ်ကိုယ်တည်း ရေရွတ်လိုက်ပေမယ့် Jay ကတော့ ပြောတာကို နားလည်နေတဲ့ ဟန်နဲ့ ထပ်ပြီး အကျယ်ကြီး လှမ်းအော်နေတာကြောင့် Jongwoo ရှက်လွန်းလို့ မျက်နှာကို ဘယ်မှာ သွားထားရမလဲ မသိဖြစ်သွားရပါသည်၊ တကယ်ပါပဲ တော်တော်မလွယ်တဲ့ ကောင်လေး ဂျေအီချန်း

ရှက်ပြီး ခပ်သွက်သွက် လျှောက်သွားတဲ့ ကိုကို့ကိုကြည့်ရင်း Jay စဉ်းစားမိတာက တစ်ခုတည်း၊ ညနေကျောင်းဆင်းရင် ကိုကို့အိမ်ကို လိုက်သွားရမယ်ဆိုတာပါပဲ၊ ပြီးရင် ကိုကို့မေမေကို မေးကြည့်ရမယ်

" မေမေ ဘာတွေများ‌ကျွေးလို့ ကိုကိုက ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲလို့လေ "

_____________________________________________

ကျောင်းပိတ်ရက်တွင် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟန်မြစ်ကို Jongwoo တစ်ယောက်တည်း လာဖြစ်တော့ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစား ထွက်လာတဲ့ Jay ကို သူတွေ့လိုက်သည်၊ တိုက်တိုက် ဆိုင်ဆိုင် တွေ့လဲတွေ့တတ်ပါပေ့၊

‌သူတို့ကိုကြည့်ရတာ တကယ်ကိုပျော်နေတဲ့ ပုံစံပဲ၊ Jongwoo သေချာကြည့်လိုက်တော့ ဟိုကောင်လေးလည်း ပါလာတယ်၊ Jay က Kamden ဆိုတဲ့
ကောင်လေးနဲ့ အရမ်းရင်းနှီးနေတာကို သူသိပ်တော့ ဘဝင်မကျချင်၊ ခုလည်း Kamden ဆိုတဲ့ တစ်ယောက်က Jay ရဲ့ လည်ပင်းကို လက်မောင်းနဲ့ ညှပ်ပြီး လိုက်စနေလေ၏။ တကယ် နှစ်ယောက်သား ရောရော ထွေးထွေးနဲ့ ဖြစ်နေတာ

Jay IG မှာ တင်ထားတဲ့ ပုံတွေမှာလဲ ခဏတိုင်းလိုလို ပါတတ်တဲ့ ကောင်လေး၊ အမှန်တိုင်း ပြောရရင် သူနည်းနည်းတော့ သဝန်တိုချင်မိတယ်၊ Jay က သူ့ကို ကြိုက်နေတယ်ဆိုတာကို Jayရဲ့သူငယ် ချင်းတွေအားလုံး သိနေပြီးသား၊ သူတို့တင်မက တစ်ကျောင်းလုံး နီးပါး သိလောက်တယ်ဆိုပေမယ့် Jongwoo သဝန်တိုမိပါသည်၊

သူ့ကို မြင်တာနဲ့ Jay က ချက်ချင်းပဲ သူ့ဆီကို ပြေးလာတော့တယ်၊

" ကိုကို ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ တစ်ယောက်တည်းလာတာလား "

" ဟုတ်တယ် မင်းကရော "

Jongwoo သိသိရက်နဲ့ တမင်မေးလိုက်ပါသည်၊

" ဟိုမှာ ကျွန်တော့်သူငယ်ချင်းတွေနဲ့ လာတာ၊ ကိုကို လိုက်ခဲ့ ကျွန်တော် မိတ်ဆက်ပေးမယ် "

ငြင်းလိုက်မလို့ စိတ်ကူးရှိပေမယ့် ဟိုကောင်လေးနဲ့ တွေ့ချင်လို့ Jongwoo တမင် လိုက်သွားလိုက်သည်၊

" လာကိုကို ဒါကျွန်တော့်သူငယ်ချင်းတွေ၊ အကုန် လုံး သိပြီးသားဖြစ်မှာပါ Kamden နဲ့တော့ သိဦးမှာ မဟုတ်ဘူး ဒါက Na Kamden ကိုကို ကျွန်တော်နဲ့ ခင်တာ အကြာဆုံး သူငယ်ချင်း "

Jay ပြောပြတော့ ဟို‌ကောင်လေးက သူ့ကိုယ်သူ ချက်ချင်း မိတ်ဆက်လာပြီး သူ့ကို လက်တစ်ဖက် ကမ်းပေးသည်၊ လက်ဆွဲနှုတ်ဆက်ရအောင်ဆိုတဲ့ သဘောပေါ့၊

" မင်္ဂလာပါ Jay ရဲ့ အချစ်ဆုံး သူငယ်ချင်း Na Kamden ပါဗျ "

" တွေ့တာ ဝမ်းသာပါတယ် Jay ချစ်တဲ့ Yoon Jong Woo ပါ "

ကိုကိုပြောလိုက်တဲ့ စကားကြောင့် Jay မှာ ပါးစပ်အဟောင်းသားဖြစ်သွားရပါသည်၊သူ့သူငယ်ချင်းများလည်း သူ့နည်းတူပင်၊

" ဟျောင့်တွေ ဒါဘယ်လိုအခြေအနေကြီးလဲ "

" အဲ့တာ အကြည့်ချင်း စီးချင်းထိုးနေတာ "

လက်ဆွဲနှုတ်ဆက်ရင်း တစ်ယောက်ကို တစ်ယောက် ကြည့်နေသော Jongwoo နဲ့ Kamden

Jay ရဲ့ တခြား သူငယ်ချင်းများ တီးတိုးပြောနေသံကို Jongwoo ကြားလိုက်ရသည်၊ တကယ်ဆို Jongwoo အဲ့လိုပြောဖို့ စိတ်ကူး မရှိပါ၊ မိတ်ဆက်တာကို သူငယ်ချင်းဆို ပြီးပြီပေါ့ အချစ်ဆုံးတွေ ဘာတွေ ထည့်ဖို့လိုအပ်လို့လား၊ Jongwoo လည်း မခံချင်စိတ်နဲ့ တမင်ပြောမိလိုက်တာ ပြောပြီးမှနည်းနည်း အမ်းတန်းတန်းဖြစ်သွားရသည်၊

" အဟမ်း ငါသွားလိုက်ဦးမယ် Jay "

ဖြစ်နိုင်ရင် Jongwoo ဒီနားကတွေ မြန်မြန်ကို ထွက်သွားချင်နေပါပြီ၊

" ကျွန်တော် လိုက်ပို့မယ်လေ "

" မင်းက ဘယ်ကိုလိုက်ပို့မှာလဲ အချစ်ဆုံး သူငယ် ချင်းတွေနဲ့ နေခဲ့ ငါသွားပြီ "

" အယ် ကိုကို မသွားနဲ့ဦးလေ "

ပြောပြီးပြီးချင်းပဲ Jongwoo သူတို့နားက ခပ်သွက် သွက်ပဲ ထွက်လာခဲ့လိုက်သည်၊

______________________________________________

In School Library

" ကိုကိုသိလား ကျွန်တော်ပြောပြမယ် "

" ဘာမှ မသိဘူး မင်း အချစ်ဆုံး သူငယ်ချင်းကိုပဲ သွားပြော "

" ဟာ ကိုကိုကလည်း "

Jongwoo တကယ် စိတ်ဆိုးနေပါသည်၊ Jay ကို သူ ညက IG မှာ စာပို့လိုက်ပေမယ့် သူ့ကို Seen မပြ ပို့တယ်ဆိုတာလည်း သူမေးလို့ ပြန်‌ဖြေတဲ့စာ၊ သူ့ကိုကျ စာမပြန်ဘဲ ဟိုကောင်လေးနဲ့ ရိုက်ထားတဲ့ Mirror Selfie ကို Story ကျတင်ထားတယ်၊ ဖုန်းမကိုင်တာလည်း မဟုတ် စာပို့ထားတာလည်း မြင်ရဲ့သားနဲ့ ဒီလိုမျိုး လာလုပ်တာတော့ Jongwoo နည်းနည်းလေးမှ သည်းမခံနိုင်ပါ၊ ချစ်သူတွေ မဟုတ်ရင်တောင်မှပေါ့ :၃

" ကျွန်တော့်ကို စကားပြန်ပြောဦး ကိုကို "

" စိတ်ဆိုးနေတာလား အဲ့တာ ကျွန်တော် တမင်မကြည့်တာ မဟုတ်ပါဘူး Kamden က Story တင်မယ်ဆိုလို့ သူ့ကို ဖုန်း ပေးထားလို့ မသိလိုက်တာပါ ကိုကိုနော်လို့ "

Jay စကားကို လျစ်လျူရှု့ပြီး စာအုပ်စင်ဘက်ကို ထွက်သွားသော Jongwoo၊ ကိုကို ထထွက်သွားတာနဲ့ Jay လည်း နောက်ကနေ ‌တန်းလိုက်လာခဲ့ပါသည်၊

ကိုကို စာအုပ်ရှာနေတဲ့ နားကို ပိတ်ရပ်လိုက်ပြီး

" သဝန်တိုနေတာလား "

" ဘယ်သူလဲ ငါကလား တိုစရာလား "

ခပ်ပြုံးပြုံးနဲ့ မေးလာတဲ့ Jay ကြောင့် Yoon Jong Woo တစ်ယောက် သူခိုးလူမိသွားသလို ဖြစ်သွားရပါသည်၊ ဒါပေမယ့် ဟန်ကိုယ့်ဖို့ ဆိုတဲ့ အတိုင်းဟန်လုပ်ပြီး

" ဘေးဖယ် ငါ့ကို လာမရှုတ်နဲ့ ကိုယ်သွားစရာ ရှိတဲ့ နေရာကိုသွား "

Jongwoo ခပ်တည်တည်နဲ့ ပြောပြီး စာအုပ်ယူကာ ထွက်လာလိုက်သည်၊

အကျိုးရလဒ်အနေနဲ့ ဒီနေ့ ကျောင်းအပြန် Jongwoo နောက်ကို Jay အရင်လို လိုက်လာပေမယ့် အရင်နဲ့ မတူဘဲ Jay တကယ်ကို ငြိမ်နေခဲ့တယ်၊

" ကိုကို ကျွန်တော်က ကိုကို့အတွက် တကယ် အနှောင့် အယှက်ဖြစ်နေလား "

" အဲ့လိုလည်း မဟုတ်ပါဘူး "

ဒီနေ့ ခါတိုင်းလို မဟုတ်ဘဲ ငြိမ်နေပြီး သူ့ကို ထူးထူးဆန်းဆန်းတွေ မေး‌နေတဲ့ Jay

" ကိုကို ကျွန်တော့်ကို ပြန်ချစ်နိုင်လား "

Jay က မေးလာတော့ Jongwoo တိတ်ဆိတ်နေမိတယ်၊ သူဘယ်လို ပြန်ပြောရမှန်းမသိ

" ကျွန်တော်က ကိုကို့အတွက် စိတ်ရှုတ်စရာများ ဖြစ်နေမလားလို့၊ ကိုကိုပဲ ‌ဖြေပေးပါ ကျွန်တော်ကို ပြန်မချစ်နိုင်ဘူးဆိုရင် ကျွန်တော် နောက်ထပ် ကိုကို့ဆီလာပြီး မရှုတ်တော့ပါဘူး "

" Jay "

" ဒီအပတ် Sunday ည ၇ နာရီ ဟန်မြစ်မှာ ကျွန် တော်စောင့်နေမယ်၊ ကိုကို ကျွန်တော့်ကို လက်ခံနိုင်တယ်ဆိုရင် လာခဲ့ပေးပါ၊ တကယ်လို့ ကိုကို လက်မခံနိုင်ဘူးဆိုရင် လာဖို့ မလိုဘူး ကိုကိုကျွန်တော်သွားတော့မယ် "

သူပြောချင်တာ ပြောပြီး ထွက်သွားသော ကောင်လေး၊ တကယ်ပဲ Jongwoo ဘယ်လိုလုပ်ရပါ့မလဲ၊ စိတ်ရှုတ်စရာလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျ Jay က သူ့ကို တကယ် ပျော်ရွှင်စေခဲ့တာ ဒါပေမယ့် ချစ်သူဖြစ်ဖို့ အထိကျ Jongwoo လက်ခံဖို့ရာ အဆင်ပြေပါ့မလား၊

Jay က သူပြောထားသလို တနင်္ဂနွေနေ့ မရောက်မချင်း သူ့ရှေ့ကို ပေါ်မလာပါ၊ ဒီလိုကျလည်း တစ်ခုခု လစ်ဟာနေသလိုပင်၊ အရင်က ကျောင်းသွား ကျောင်းပြန် စကားတွေ တတွတ်တွတ် လိုက်ပြောတတ်တဲ့ ကောင်လေး မရှိတော့ စိတ်ထဲမှာ တစ်မျိုးပင်၊

တနင်္ဂနွေနေ့ တစ်နေ့ခင်းလုံး Jongwoo သွားရင်ကောင်းမလား၊ မသွားဘဲ နေလိုက်ရမလားဆိုတာ ဝေခွဲမရဖြစ်နေသည်၊ တကယ်ပဲ မသွားခဲ့ရင် Jay က သူ့နောက်ကို ဆက်မလိုက်တော့ဘူးပေါ့၊ Jongwoo ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ဖို့ လိုနေပါပြီ တကယ်ပဲ သူ့အနားမှာ Jay မရှိဘဲ နေနိုင်လားဆိုတာကို၊ သူ့အနားမှာ မဟုတ်ဘဲ တခြားသူရဲ့ အနားမှာ Jay ကို သူမြင်နိုင်ရဲ့လား

အချိန်ကို ကြည့်လိုက်တော့ ညနေ ၆ နာရီ ထိုးနေပြီ၊ တွေဝေနေလို့ မရဘဲ သူသွားမှ ဖြစ်တော့မယ်၊
ဒါပေမယ့် သူ‌ Jay ကို ဘယ်လိုမျိုး အဖြေပေးရပါ့မလဲ ပါးစပ်က ထုတ်ပြောဖို့ရာ သူတကယ်ကို ရှက်ပါသည်၊

At 7:00 pm

Jay ကိုကိုလာမယ့်အချိန်ကို စောင့်နေမိတယ်၊ တကယ်ပဲ ကိုကိုမလာခဲ့ရင်ရော တွေးကြည့်လိုက်တာနဲ့တင် ဝဲတက်လာသော မျက်ရည်များ၊ အဲ့လိုသာဆို သူတကယ် ခံနိုင်ရည် ရှိမယ်မထင်ဘူး၊

" ကျေးဇူးပြုပြီး ကိုကို ရောက်လာပေးပါ "

Jay စောင့်နေရင်း ကလေးလေးတစ်ယောက်က သူ့ကို လာပြီး

" Hyung အတွက် Chocolate Milk" ဆိုပြီး Chocolate Milk တစ်ဘူးနဲ့ ကဒ်လေးတစ်ကဒ်လာပေးပြီးတာနဲ့ Jay ဘာမှ ပြောချိန်တောင် မရလိုက်ဘဲ တန်းပြေးသွားသည်၊

Jay ကဒ်ကလေးကို ဖွင့်ကြည့်လိုက်တော့ သူ့လက်ရေးနဲ့ ရေးထားတဲ့ စာလေး၊ ဒါလေးက သူ ကိုကို့ကို ပေးထားတဲ့ ကဒ်ကလေး အရင်ကနဲ့ မတူတာက သူလက်ရေးနဲ့ ရေးထားတဲ့ စာလေးအောက်မှာ ကိုကိုလက်ရေးနဲ့ စာတစ်ကြောင်း ထပ်ရေးထားတယ်၊

သူဘေးပတ်ဝန်းကျင်မှာ ကိုကို့ကို ရှာကြည့်မိတယ်၊ ကိုကိုများ ရှိနေမလားဆိုတဲ့ အတွေးနဲ့၊

တွေ့ပါပြီ သူရဲ့ကိုကို၊ သူကိုကို့ကို တွေ့တာနဲ့အပြေး သွားဖက်လိုက်တော့တယ်

" Jay လူတွေရှိနေတာကို မရှက်ဘူးလား "

" မရှက်ပါဘူး ကိုယ့်ချစ်သူ ကိုယ်ဖက်တာကို "

" လွှတ် မင်းမရှက်ပေမယ့် ငါရှက်တယ် "

အရှက်သည်းနေတဲ့ သူရဲ့ ကိုကိုပါ၊ တကယ် ဒီနေ့တော့ မေမေ့ဆီကို အတည်လိုက်သွားရ‌မယ်

" ကိုကို ကဒ်ထဲမှာ ဘာတွေရေးထားတာလဲ ဖတ်ပြဦး ကျွန်တော်မဖတ်တတ်ဘူး "

" မဖတ်တတ်ရင် မဖတ်နဲ့ "

" ကိုကိုကလည်း ဖတ်ပြပါ "

ကိုကို ပါးစပ်က ပြောတာ ကြားချင်လို့ Jay တမင်လိုက်ရစ်နေချင်းပင်ဖြစ်သည်၊

‌" တော်ပြီ မင်းနေခဲ့တော့ ငါသွားပြီ "

" ဒီနေ့ကစပြီး တစ်ရက်နော် ကိုကို "

ခပ်သွက်သွက် လျှောက်သွားသော ကိုကို့နောက်ကို သူအမှီပြေးပြီး လိုက်ရတော့သည်၊ Jay အတွက် ဒီနေ့က အပျော်ဆုံး နေ့တစ်နေ့ ဖြစ်မယ်ထင်သည်၊

အိမ်ပြန်ရောက်‌တော့လည်း သူကဒ်ထဲက စာလေးကို ထပ်ခါထပ်ခါကြည့်ရင်း အပြုံးတွေကို မရပ် တန့်နိုင်၊

လက်ရေးနှစ်ခု အတူတူ ယှဉ်တွဲပြီး မြင်နေရတဲ့ ကဒ်ထဲက စာလေးက

" J " letter in Jay Chang name stands for
" Jongwoo Hyung Saranghaeyo "

" J " letter in Jong Woo name also stands for " Jay Saranghaeyo "
______________________________________________

အပျင်းပြေ ရယ်စရာအနေနဲ့ ရေးထားတာပါ၊ Jay ပြောတာလေးကို အားလုံး သိကြမယ်ထင်ပါတယ် Fansign Video Call တွေမှာ Fangirl တော်တော်များများက Idols တွေကို စနောက်ပြီး Flirt ရင်း သုံးတဲ့ဟာလေးပါ၊ FT Island ရဲ့ Love sick သီချင်းလေးပါ၊ ပျော်စရာကောင်းအောင် ယူသုံးထားတာပါ

Continue Reading

You'll Also Like

243K 6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
537K 44.4K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
28.8M 915K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...