ကဝေမဒီလေး

By Alice_Yizhan_7012

7.8K 635 20

ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေ... More

ဇာတ်လမ်းအကျဥ်းချုပ်
အခန်း ၂ ။ ကျွန်မက ရှင်နဲ့စေ့စပ်ထားတဲ့သူပဲ
အခန်း ၃+၄+၅ ။
အခန်း ၆ မှ ၁၀ ထိ။
အခန်း ၁၁ ၊ ၁၂ ။
အခန်း ၁၃ ၊ ၁၄ ။
အခန်း ၁၅ ။
အခန်း ၁၆ ၊ ၁၇ ၊ ၁၈ ။
အခန်း ၁၉ မှ ၂၅ ။ (Unicode)
အခန်း ၁၉ မှ ၂၅ ။ (zawgyi)
အခန်း ၂၆ ၊ ၂၇
အခန်း ၂၆ ၊ ၂၇ (zawgyi)
အခန်း ၂၈ မှ ၃၀
အခန်း ၃၁ မှ ၃၅
မိုးရာသီပရိုမိုးရှင်း

အခန်း ၁ ။

765 72 3
By Alice_Yizhan_7012

အခန်း ၁ ။ ညဘက်ပင်လယ်ဈေး

ရထားဘူတာသည် ရောက်ရှိလာသော ခရီးသည်နောက်တစ်သုတ်ကို ခရီးဦးကြိုပြုနေလေသည်။ဂိတ်ပေါက်မှ လူထုကြီးသည် တိုးဝှေ့သွားလာနေကြလေ၏။  လူအုပ်ကြားထဲတွင် ခန္ဓာကိုယ်သေးသွယ်သော လူတစ်ယောက်မှာ စွဲမက်ဖွယ်ကောင်းသောလှကြောင့် ဖြတ်သန်းသွားလာသူတိုင်းမှာလည်း  လည်ပြန်မကြည့်ဘဲမနေနိုင်ကြပေ။

ထိုသူမှာ အရပ်အမြင့် (၁.၆)မီတာခန့် ရှည်ပြီး တိုင်းရင်းသားဝတ်စုံ ဝတ်ထားသော မိန်းကလေးတစ်ယောက်ပင် ဖြစ်လေ၏။

တိုင်းရင်းသားများ၏ အဝတ်အစားများမှာ များသောအားဖြင့် အရောင်တောက်တောက်များ ဖြစ်တတ်သော်လည်း ထိုမိန်းကလေး၏အဝတ်အစားများမှာ  အတော်လေး လက်ရာမြောက်ပြီး ခန္ဓာကိုယ်အနှံ့တွင် ပန်းထိုးများနှင့် ပုလဲများထိုးထားသောကြောင့် ဘူတာရုံ၏နီယွန်မီးရောင်အောက်တွင် ထူးထူးခြားခြား လင်းလက်တောက်ပနေလေသည်။

ဝူမြောင်မြောင်သည် သူမဆရာပေးလိုက်သော မှတ်စုကို ထုတ်ကာ လိပ်စာကို တစ်ချက်ကြည့်လိုက်ပြီး ဘယ်ကိုသွားရမှန်းမသိတာကြောင့် ယောက်ယက်ခတ်နေသည့် လူအုပ်ကြီးကိုပဲ ကြည့်နေမိလေသည်။

“သမီးလေး တစ်ယောက်ယောက်ကို စောင့်နေတာလား။”

လုံခြုံရေးဦးလေးကြီးသည် ဝူမြောင်မြောင်ကို စောင့်ကြည့်နေခဲ့တာ အချိန်အတော်ကြာပြီပင် ။ သူမဟာ ဂိတ်ပေါက်ကနေ ထွက်လာပြီးနောက်တွင် ထိုနေရာမှာတင် အချိန်အကြာကြီး မတ်တတ်ရပ်နေခဲ့တာကိုလည်း သူတွေ့နေရသည်။

“မင်္ဂလာပါ။”

ဝူမြောင်မြောင် လူတစ်ယောက်လာနေတာမြင်တော့ သူမကလည်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ။အဆင်ပြေရဲ့လား။”

လုံခြုံရေးဦးလေးကြီးက သူ၏အထက်တန်းကျောင်းတက်နေသော သမီးလေးနှင့် ဆင်သည့်ဝူမြောင်မြောင်၏ ချစ်စရာကောင်းမှုကို မြင်လိုက်ရသောအခါ ရင်းရင်းနှီးနှီး ပြုံးပြလာလေသည်။

“ဒီနားမှာ ရပ်နေတာ တော်တော်ကြာနေပြီ။သမီး တစ်ယောက်ယောက်ကို စောင့်နေတာလား။ဒါမှမဟုတ် လမ်းပျောက်နေတာလား။”

ကလေးမလေး၏ပင်ကိုစိတ်ရင်းမှာ ရှုပ်ထွေးပွေလီနေသော မြို့ပြနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ တစ်ချက်ကြည့်လိုက်တာနှင့် အခုမှ မြို့ကို ရောက်ဖူးမှန်း ပြောနိုင်ပေ သည်။

“ဘယ်သူ့ကိုမှမစောင့်ပါဘူး။”

ဝူမြောင်မြောင်သည် ခေါင်းကိုယမ်းပြလိုက်ပြီး သူမလက်ထဲမှ လိပ်စာကို ပြလိုက်လေသည်။

“ကျွန်မ ဒီနေရာကို သွားမလို့ပါ။”

လုံခြုံရေးဦးလေးကြီးက မှတ်စုကို ယူပြီး ကြည့်လိုက်သည်။

“ချင်းဟူခရိုင်ပဲ ဒီနေရာက တော်တော်ဝေးတယ်။မြေအောက်ရထားကို တစ်နာရီကျော်လောက် စီးရတယ်…”

ဝူမြောင်မြောင်သည် သေချာ နားထောင်နေလေသည်။

“သမီးလေး ပင်လယ်ဈေးကို ပထမဆုံးရောက်ဖူးတာလား။”

“ဟုတ်ပါတယ်။”

ဝူမြောင်မြောင်သည် ကျိုးကျိုးနွံနွံဖြင့် ခေါင်းညိတ်လိုက်လေ၏။

“ဟိုင်ရှီမှာ သမီးအမျိုးတွေရှိတာလား။”

“ဟုတ် ရှိပါတယ်။” ဝူမြောင်မြောင်သည် မှတ်စုကို ပြရင်းပြောနေလေသည်။

“ဒါဆို သမီးအမျိုးတွေကို ဘာလို့ လာမခေါ်ခိုင်းတာလဲ။”

လုံခြုံရေးဦးလေးကြီးသည် စိတ်မပူဘဲ မနေနိုင်တော့ချေ။ဒီကလေးမလေးဟာ ရုပ်ရည်လည်းချောမောပြီး ရိုးအပုံရသည်။ထို့အပြင် ပင်လယ်မြို့သည် မကြာခင်ကမှ အမှုအခင်းဖြစ်ထားတာဖြစ်၏။

“ရထားက ညမှ ဆိုက်တာကို ဘာလို့ အမျိုးတွေက လာမကြိုကြတာလဲ။”

“သူက ကျွန်မလာမှာကို မသိပါဘူး။ကျွန်မကသာ သူ့ကို ဒီလာရှာတာပါ။” ဝူမြောင်မြောင်လည်း ရှင်းပြလိုက်သည်။

“ဒီနားမှာ အများသုံးဖုန်းတွေရှိတယ်။သူ့ကို ဖုန်းဆက်ပြီး လာကြိုခိုင်းလိုက်ပါလား။”

“ကျွန်မခေါ်ဖို့ကြိုးစားပြီးပါပြီ။သူ့ဖုန်းက ပိတ်ထားပါတယ်။” ဝူမြောင်မြောင် ပြန်ပြောလိုက်၏။

“အဲ့ဒီလိုလား…”

လုံခြုံရေးဦးလေးကြီးက စဉ်းစားပြီးပြောလိုက်သည်။

“ဒီကနေ ရထားလိုင်းက သုံးခါ ပြောင်းစီးရမှာ။ရထားစီးပြီးရင်လည်း ဒီလိပ်စာကို လိုက်ရှာနေရဦးမှာ။ တိုက်ရိုက်ပို့ပေးမယ့် တက္ကစီ စီးလိုက်ပါလား။ဈေးကြီးပေမဲ့ စိတ်ချရပါတယ်။”

“ဟုတ်”

ဝူမြောင်မြောင် မှတ်စုလေးကို ပြန်ယူလိုက်ပြီး ယဉ်ကျေးစွာပင် မေးလိုက်လေသည်။

“ဟိုလေ တက္ကစီက ဘယ်နားမှာ စီးလို့ရလဲ။”

“အင်း ပို့မယ့်ပို့ ကူးတို့ထိရောက်အောင် ပို့တာပေါ့။ဦးလေးပဲ လိုက်ပို့ပေးပါ့မယ်။”

လုံခြုံရေးဦးလေးကြီးက ဝူမြောင်မြောင်ကို ချွေ့ရင်းတက္ကစီဂိတ်ဆီသို့ ပို့ပေးလိုက်သည်။

“အဲ့ဒီကနေ ဝင်သွားလိုက်။လိုင်းအတိုင်း လိုက်သွား။ကားလာမှာကို စောင့်နေပြီး တည့်တည့်သွားလိုက်နော်။”

“ကျေးဇူးတင်ပါတယ် ဦးလေး။”

ဝူမြောင်မြောင်သည် သူမသယ်လာသော ကျောင်းလွယ်အိတ်ထဲမှ လက်ရာကောင်းမွန်သေသပ်စွာ ပြုလုပ်ထားသည့် အဝတ်အရုပ်လေးကို ထုတ်လိုက်ပြီး လုံခြုံရေးဦးလေးကြီးကို ပေးလိုက်လေ၏။

“ဦးလေးကို ပေးတာပါ။အိမ်မက်လှလှမက်ပါစေနော်။”

“ဒီအရုပ်က အရမ်းလှတာပဲ။”

လုံခြုံရေးဦးလေးကြီးကလည်း မငြင်းရှာပေ။တောင်တန်းတွေကနေ လာသည့်ကလေးများသည် ရိုးသားပြီး ကိုယ်ပိုင်အရည်အချင်း ရှိကြတယ်ဆိုတာ သူသိပါသည်။တကယ်လို့ အငြင်းခံရရင်တော့ ဝမ်းနည်းနေလောက်မှာဖြစ်သည်။

“သမီးက မြောင်လူမျိုးလား။”

“မဟုတ်ပါဘူး။ကျွန်မက ဝူမျိုးနွယ်စုကပါ။”

ထို့နောက် ဝူမြောင်မြောင်အထဲကိုဝင်ပြီး သူ့ကျောင်းလွယ်အိတ်နှင့်အတူ လူတန်းကြီးဆီသို့ ဦးတည်သွားလေသည်။

“ဝူလူမျိုးလား။လူမျိုးငါးဆယ့်ခြောက်မျိုးထဲမှာ အဲ့ဒီလူမျိုးစု ရှိတယ်လား။”

လုံခြုံရေးဦးလေးကြီးသည် ဝူမြောင်မြောင်ပေးထားသော အရုပ်လေးကို အိတ်ထောင်ထဲသို့ ထည့်လိုက်ပြီး သူ့အလုပ်သူ ဆက်လုပ်နေလိုက်လေသည်။

ဝူမြောင်မြောင်သည် ခဏလောက် တန်းစီပြီးနောက်မှာတော့ ကားထဲကို ဝင်ခွင့်ရခဲ့သည်။သူမလက်ထဲမှ မှတ်စုကို ကားဆရာအား ပေးလိုက်၏။ကားသမားကတော့ မှတ်စုကို တစ်ချက်ကြည့်ပြီး ဘာတစ်ခွန်းမှမပြောဘဲ လိုက်ပို့လေသည်။

လမ်းတစ်လျှောက်တွင် ဝူမြောင်မြောင်သည် ပြတင်းပေါက်အပြင်ဘက်ရှိ နီယွန်မီးများကို ခဏစိုက်ကြည့်ပြီးနောက် ကောင်းကင်ရဲ့ညရှုခင်းကို မော့ကြည့်လိုက်လေသည်။ ထို့နောက် ထူးထူးခြားခြား မျိုသိပ်ထားသည့်စကားတစ်ခွန်း ထွက်ပေါ်လာလေ၏။

“ကြယ်တွေကို မမြင်ရဘူးပဲ။”

အိမ်ကနေစထွက်လာကတည်းက ရွာထဲမှ ဦးလေးနျူရဲ့ဆိုင်ကယ်ကို အရင်ဆုံးစီးကာ ကျေးလက်အခြေစိုက်ရုံးကို သွားခဲ့သည်။ထို့နောက် ခရိုင်မြို့တော်သို့ သွားသည့် ခရီးဝေးဘတ်စ်ကားကို စီးကာ ဟိုင်ရှီကိုလာသည့် ရထားလက်မှတ် တစ်စောင်ဝယ်ခဲ့သည်။လမ်းပေါ်တွင် အချိန်ကုန်နေတာ နာရီသုံးဆယ်ထက်မက ကြာနေပြီဖြစ်၏။ သူမသည် သူမ၏ဖူးစာရှင်ကို ရှာရန် ပင်လယ်ဈေးကို လာခဲ့တာဖြစ်သည်။

လွန်ခဲ့သော တစ်လက သူမ၏ဆရာသည် အသက်ကြီးလာပြီး ဆုံးပါးသွားခဲ့သည်။မဆုံးခင်တွင် သူမကို ဒီမှတ်စုလေးပေးခဲ့သည်။

“မင်းငယ်ငယ်လေးကတည်းက ဆရာမင်းရဲ့အချစ်ရေးကိစ္စကို စီစဉ်ပေးခဲ့တာပဲ။သိပြီးသားမလား။ဆရာတို့ကဝေတွေက အမြဲတမ်း ဒီလိုအိမ်ထောင်ရေးလမ်းစဉ်ကို လိုက်နာရတာပဲ။ဆရာတို့လူမျိုး အမျိုးသမီးတွေက သတို့သားရဲ့မိသားစုဝင် ချက်ချင်းဖြစ်သွားတာမဟုတ်ဘူး။အစကတော့ မင်းအရွယ်ရောက်ပြီး အဲ့ဒီမိသားစုက မင်းကို သူတို့သားနဲ့လက်ထပ်ဖို့ စေလွှတ်မှ မင်းလက်ထပ်တာကို စောင့်ချင်ခဲ့တာ။”

“ဒါပေမဲ့ ဒီနှစ်တွေမှာ ဆရာ မင်းရဲ့ဘဝကို မင်းပိုင်ကြောင်း သဘောပေါက်လာတယ်။ဆရာတို့ကဝေမျိုးနွယ်စုရဲ့ နောက်ဆုံးမျိုးဆက် ဖြစ်တာနဲ့ပဲ မင်းရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်လို့မှမရတာ။ဒါကြောင့် မင်းရဲ့လက်ထပ်ထိမ်းမြားမှုက မင်းအပေါ်မှာပဲမူတည်ပါတယ်။မင်းဆန္ဒရှိရင်တော့ ဒီလူကို ယူလို့ရပါတယ်။ ဒီလိပ်စာကနေ သူ့ကို ရှာတွေ့နိုင်မှာပါ။မရှာချင်ရင်တော့ အမှတ်တရလက်ဆောင်နဲ့အတူ သူ့ကို ရှာပြီး ငွေသားတချို့တောင်းလို့ရတယ်။အရင်က သူ့အသက်ကို ကယ်ပေးတုန်းက သူတို့မိသားစုဆီကနေ ဘာတစ်ခုမှ လက်မခံခဲ့ဘဲ သူ့ကို မင်းရဲ့သတို့သားပဲ ဖြစ်စေချင်ခဲ့တယ်။”

ဝူမြောင်မြောင်သည် သူ့ဆရာဆုံးပါးသွားသောကြောင့် သိပ်တော့ဝမ်းမနည်းပေ။သူတို့က ကဝေများဖြစ်ကြပြီး ယင်နှင့်ယန်ကို ဆက်သွယ်ကြသည်။လွန်ခဲ့သောနှစ်အစောပိုင်းကတည်းက သူမဆရာဆုံးမည်ကို တွေ့မြင်ခဲ့ရသည်။ထို့အပြင် ကဝေဆရာများအတွက် သေဆုံးခြင်းက ဘဝအသစ်စတင်ခြင်းသာဖြစ်သည်။

“အဲ့ဒီအချိန်တုန်းက သမီးအသက် နှစ်နှစ်ပဲရှိသေးတာလေ။ဘာလို့ လက်ထပ်ဖို့အရေးကို စဉ်းစားနေရမှာလဲ။”

ဝူမြောင်မြောင်သည် အထူးအဆန်းဖြင့် မေးလိုက်သည်။

“အဲ့ဒီကလေးလေးက အရမ်းလှလို့လေ။အသားညိုညိုလေးနဲ့ ဖုဖုဖောင်းဖောင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာ။မင်း မြင်ရင်လည်း သေချာပေါက် ကြိုက်သွားမှာနော်။”

ဝူမြောင်မြောင်-“…”

သူတို့လူမျိုးသည် အနက်ရောင်ကို လေးစားကြည်ညိုကြသော မှော်ဆရာများဖြစ်သည်။အလုပ်ကိစ္စနှင့် အပြင်သွားသောအခါလည်း အနက်ရောင်အဝတ်များကို ဝတ်ဆင်ရသည်အား နှစ်သက်ကြသည်။အိမ်ရှိ အိမ်မွေးတိရစ္ဆာန်များလည်း အနက်ရောင်များသာဖြစ်သည်။အထူးသဖြင့် သူမ၏ဆရာသည်  အနက်ရောင်ကို အတော်လေး စွဲလမ်းလေ၏။အမည်းရောင်ဖြစ်ပြီး လုံလောက်အောင် သန့်စင်နေသရွေ့ အမည်းရောင်ဝက်၊အမည်းရောင်ခွေး၊အမည်းရောင်ကြောင်၊အမည်းရောင်ယုန် စသဖြင့် အကုန်လုံးကိုခေါ်လာပြီး အစာရေစာများ ကျွေးမွေးတတ်သည်။

ကြည့်ရတာ သူမ၏သတို့သားလောင်းသည်လည်း လုံးဝ အသားမည်းလောက်သည်။

ဆရာဆုံးပါးသွားသောအခါ ဝူမြောင်မြောင်သည် ကမ္ဘာပေါ်တွင် ဆွေမျိုးသားချင်း မရှိတော့ပေ။လုံးဝမည်းနက်နေသည်ဟု ယူဆရလောက်သည့် သူမ၏သတို့သားကို မမြင်ဖူးသော်လည်း သူမဆရာက ခဏခဏ ပြောပြဖူးသဖြင့် သူမ မှတ်မိလောက်ပါသည်။

ထို့ကြောင့် ဝူမြောင်မြောင်သည် သူမ၏သတို့သားလောင်းကို အတိုက်အခံ လုပ်မှာမဟုတ်ပေ။ထို့အပြင် ဒီကိစ္စမှာ သူမဆရာ၏နောက်ဆုံးဆန္ဒ ဖြစ်လောက်သည်။ဝူမြောင်မြောင် လက်မထပ်နိုင်စရာ ဘာအကြောင်းမှ မရှိဘူးဟု ခံစားခဲ့မိသည်။ထို့ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲ  ဖြေပြီးသောခါ ပင်လယ်ဈေးကို ကျောင်းလွယ်အိတ်တစ်လုံးနှင့် ရောက်လာခဲ့သည်။

“ကောင်မလေး ရောက်ပြီနော်။”

တက္ကစီသည် လိုရာခရီးကို ရောက်သောအခါ ကားမောင်းသမားသည် အနောက်ခုံတွင် အတွေးနယ်ကျွံနေသည့် ဝူမြောင်မြောင်ကို သတိပေးလိုက်လေ၏။

ဝူမြောင်မြောင်သည် ပြတင်းပေါက်ကို မရေမရာကြည့်လိုက်ပြီး ပိုက်ဆံပေးကာ ကားထဲမှထွက်လာလိုက်သည်။

တက္ကစီသည်ရပ်ကွက်ထဲသို့ မဝင်ပေမဲ့ ရပ်ကွက်ထိပ်တွင်  ရပ်ထားခဲ့သည်။ရပ်ရွာပိုင်ဆိုင်မှုစီမံခန့်ခွဲရေးသည် အတော်လေး တင်းကြပ်ပါ၏။ဝင်ခွင့်ကတ်မရှိ၍သော်လည်းကောင်း၊နေထိုင်သူနှင့် အဆက်အသွယ်မရှိ၍သော်လည်းကောင်း ဝင်ခွင့်မရှိပေ။ဝူမြောင်မြောင်မှာ ရပ်ကွက်အပြင်တွင် ရပ်နေခဲ့သည်။

သူမဖူးစာရှင်ကို ရှာတွေ့ရန် အခက်အခဲ မရှိလောက်ဟု သူမ မျှော်လင့်ထားခဲ့မိသည်။သို့သော် သူမဟာ အခုတော့ ချက်ချင်းပင် တောင့်တင်းသွားလေသည်။သူမ၏ရိုးသားပုံပေါ်နေသော မျက်ဝန်းများသည် သူမကို လာတားသည့် လုံခြုံရေးကို စိုက်ကြည့်နေသည်။ သို့ပေတည်း သူမ လုံခြုံရေးကို စိုက်ကြည့်ရုံနှင့် သူမအား အထဲကို ဝင်ခွင့်ပေးမည့်ပုံမပေါ်ပေ။

“ကောင်မလေး ငါ့ကို အဲ့ဒီလိုမကြည့်ပါနဲ့။ဒီနေရာမှာလည်း  စည်းကမ်းတွေက  ရှိသေးတယ်။ပိုင်ရှင်ခွင့်မပြုရင် ဝင်လို့မရဘူး။မင်း သူငယ်ချင်းကို ဖုန်းခေါ်ပြီး လာခေါ်ခိုင်းလိုက်ပါလား။”

လုံခြုံရေးသည် ဝူမြောင်မြောင် စိုက်ကြည့်လာသောအခါ နည်းနည်းတော့ ထိတ်လန့်သွားလေသည်။

သူကြောက်တာတော့မဟုတ်ပါ။အခုက ညဖြစ်နေပြီး စက္ကူဖြူနှင့် တူသည့် မိန်းကလေးသည် ထူးထူးဆန်းဆန်း ဝတ်စုံကို ဝတ်ထားကာ မည်းနက်နေသော မျက်ဝန်းများဖြင့် သူမအမှားလုပ်မိသလို ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်နေခဲ့တာမို့ပင်။မျက်လုံးတွေက သေမင်းတမန်မျက်လုံးတွေလို့တောင် သူ တွေးလိုက်မိသည်။

“ဘာလို့လဲ…မင်းအသိတစ်ယောက်ကို ငါမေးပေးရမလား။မင်းနာမည်က ဘယ်လိုခေါ်လဲ။မင်းနဲ့သူနဲ့က ဘယ်လိုဆက်ဆံရေးမျိုးလဲ။”

လုံခြုံရေးက  မေးလာလေသည်။

“ကျွန်မနာမည်က ဝူမြောင်မြောင်ပါ။ကျွန်မနဲ့သူနဲ့က စေ့စပ်ထားတာပါ။”

ဝူမြောင်မြောင်က စိတ်အားထက်သန်စွာ ပြောပြလိုက်သည်။

“စေ့…စေ့စပ်ထားတာလား။မင်းက အရွယ်ရောက်ပြီးသားမို့လို့လား။အင်တာနက်ပေါ်ကလူကို တွေ့ဖို့ မင်းမိဘတွေကို မပြောခဲ့ဘူးလား။”

အခုခေတ်မှာ လူလိမ်တော်တော်များများက အွန်လိုင်းပေါ်ကနေ  မိန်းကလေးတွေကို လှည့်စားနေမှန်း သူသိထားပါသည်။

*အဲ့ဒီတစ်ယောက်နာမည်က ကျိလန်လို့ခေါ်တဲ့ပုံပဲ။သူက ကောင်မလေးကို လိပ်စာပေးပြီး အိမ်ကထွက်လာဖို့ပြောမယ်။ပြီးမှ ဖုန်းပိတ်ထားတော့ ရှာမတွေ့တော့ဘူးလေ။အရေးအကြီးဆုံးက ဒီကောင်မလေးက သူနဲ့စေ့စပ်ထားတဲ့သူက ဘယ်လိုပုံလဲဆိုတာတောင် မသိတဲ့ပုံပဲ။ပြီးတော့ ဒီနှစ်တွေမှာ အရွယ်မရောက်သေးတဲ့  ကလေးမလေးကို စေ့စပ်ပွဲစီစဉ်ပေးထားတာမျိုး ရှိလို့လား။သေချာပေါက် အင်တာနက်ပေါ်က အလိမ်အညာဖြစ်ရမယ်။*

ဝူမြောင်မြောင်က ပြန်မဖြေဘဲ လုံခြုံရေးကိုပဲ ဆက်ပြီး စိုက်ကြည့်နေလေသည်။

“ကဲပါ။မင်းကို တံခါးခေါက်ခွင့်တော့ ပြုလိုက်မယ်။”

လုံခြုံရေးသည် ခဏလောက် စဉ်းစားလိုက်ပြီး ကောင်မလေးကို ခေါ်သွားခဲ့သည်။တကယ်လို့ အင်တာနက်ပေါ်က လူလိမ်ဖြစ်နေခဲ့ရင်တော့ ရဲကို ချက်ချင်းခေါ်လိုက်မည်။ဘယ်လိုပဲဖြစ်ဖြစ် ရဲစခန်းက မျက်စောင်းထိုးလောက်မှာရှိနေတာပင်။

လုံခြုံရေးအစောင့်သည် ဝေါ်ကီတော်ကီကို ထုတ်လိုက်ပြီး သူတံခါး သွားခေါက်ရာတွင် ကူညီပေးရန် ရပ်ကွက်အတွင်း ကင်းလှည့်နေကြသော သူ၏လုပ်ဖော်ကိုင်ဖက်များကို အသိပေးလိုက်သည်။

“အဆောက်အအုံ(၁၁)အနီးမှာ တစ်ယောက်ယောက် ရှိလား။(၈၀၁)ကို သွားပြီး အိမ်ပိုင်ရှင် အိမ်မှာရှိမရှိ တံခါးခေါက်ပေးလို့ရမလား။”

ငါးမိနစ်အကြာတွင် အင်တာကွန်မှ ပဲ့တင်သံတစ်သံထွက်ပေါ်လာခဲ့သည်။

“အိမ်ရှင်က အိမ်မှာမရှိပါဘူး။”

“ကြည့်ပါလား။လူမှမရှိတာ ဘာလို့ ခဏနေမှ ပြန်မလာတာလဲ။အခုဆို ကိုးနာရီတောင် ထိုးတော့မယ်။သူက သေချာပေါက် ဆယ်နာရီလောက်မှ ညပြန်အိပ်လောက်မှာ။တစ်ခုခုအရင်သွားစားပြီး ခဏနေမှ ပြန်လာပါ့လား။”

လုံခြုံရေးသည် အကြံပေးလိုက်လေသည်။

ဝူမြောင်မြောင်သည် ခဏလောက် ငြိမ်သက်သွားပြီး သူ့နောက်တွင်ရှိသော လူကူးမြင်းကြားဆီသို့ လျှောက်သွားလေသည်။

“ကလေးမလေး ဘာဖြစ်လို့လဲ။”

နောက်ထပ်လုံခြုံရေးတစ်ယောက်သည် တခြားအရပ်မျက်နှာဆီမှ ထွက်လာလေသည်။

“အင်တာနက်ပေါ်က လူလိမ်တွေ လှည့်စားတာခံလိုက်ရတဲ့ပုံပဲ။”

အရင်လုံခြုံရေးက ပြောလိုက်သည်။

“ငါတော့ အဲ့ဒီလိုမထင်ပါဘူး။”

“ဘာဖြစ်လို့လဲ။”

“အခုလေးတင် သူဖြတ်သွားတော့ ငါ့ကို တစ်ချက်ကြည့်လိုက်တာ။သူ့မျက်လုံးတွေက မကောင်းဆိုးရွားဆန်ပြီးတော့ ရက်စက်မယ့်ပုံပဲ။”

“ဒါတော့ မင်းက ကြမ်းတမ်းခက်ထန်တာကိုး။ကောင်မလေးက ကြောက်သွားပြီး မင်းကို စကားမပြောချင်တာနေမှာပေါ့။”

လမ်းတစ်ဖက်တွင်ရှိသော ရဲစခန်းတွင်တော့ ကျိလန်သည် မျက်နှာမည်းဖြင့် မှတ်တမ်းတင်ခံနေရလေသည်။

“မင်း အဲ့ဒီလူကို ရိုက်ခဲ့တာလား။” ရဲက မေးလိုက်လေသည်။

“ဟုတ်ပါတယ်။”

“မင်းက ရိုးသားသားပဲ။ပြောပါ။ဘာလို့ ရုတ်တရက်ကြီး ထရိုက်ရတာလဲ။”

“သူ့ကို စိတ်ပျက်လို့ပါ။” ကျိလန်ပြောလိုက်၏။

“သူ့ကို စိတ်ပျက်နေတာလား။ဘာလို့ နေ့တိုင်း လူတွေကို စိတ်ပျက်နေရတာလဲ။”

ကျိလန်ဆီမှ တူညီသော အကြောင်းပြချက်ကို ကြားလိုက်ရသောကြောင့် ရဲသားသည် ချက်ချင်း စိတ်တိုသွားလေသည်။

“ငါပြောမယ်။ဒါက မင်းအတွက် ပထမဆုံးမဟုတ်တော့ဘူးနော်။မင်းမှာ ပြစ်မှုမှတ်တမ်းတစ်ခုတောင်ရှိနေပြီ။တစ်ယောက်ယောက်က မင်းကို တရားစွဲချင်လာခဲ့ရင်…အလွယ်လေးပဲနော်”

“ပြစ်မှု?ကျွန်တော့်မှာ ပြစ်မှုမှတ်တမ်းရှိလို့လား။”

ကျိလန်သည် ရဲကို မျက်စောင်းထိုးကြည့်လိုက်လေသည်။

*စိတ်တိုလိုက်တာနော်။ဒီကလေးက ပုံမှန်မဟုတ်လောက်ဘူး။နေ့တိုင်း လမ်းမှာ ဖြတ်သွားရင်းနဲ့ စိတ်ပျက်လို့ဆိုပြီး လမ်းမကြီးမှာ လူတွေကို လိုက်ရိုက်နေတာ ငါးကြိမ်လောက်ရှိနေပြီ။ဒါပေမဲ့ အကြိမ်တိုင်းက ရဲစခန်းကို ဒုက္ခရောက်အောင် လုပ်တာချည်းပဲ။ခံရတဲ့သူကတော့ ရဲကိုခေါ်မှာမဟုတ်ဘူး။သူကပဲ ခေါ်လိုက်သေးတာ။ပြောကိုမပြောချင်ဘူး။*

“ဒီတစ်ခါကတော့ အမှုအခင်းဖြစ်သွားပြီ။”

ရဲကြီးသည် ဒီလိုမာနက မိုးထိုးနေသည့် ရာဇဝတ်သားမျိုးကို တကယ်ကို မတွေ့ဖူးပေ။ သူသည် နှာရိုးကျိုးသည်အထိ ရိုက်ခံထားရသောလူကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။

“ကိုယ့်လူ..စိတ်ချပါ။မင်းအတွက်..ငါသေချာ…”

“ငါ..ငါ ရဲမခေါ်ဘူးနော်။အခုသွားလို့ရပြီလား။” ထိုလူက ကြောက်လန့်တကြား ပြောလေသည်။

“ဘာပြောလိုက်တယ်။သူအခုလေးတင် ပြောလိုက်တာကို မကြားဘူးလား။သူမင်းကို ရိုက်ခဲ့ပါတယ်လို့ ဝန်ခံနေတာလေ။”

ထိုရဲကတော့ ဘာမှမပြောဝံ့တော့ပေ။

“ကျွန်တော်ပဲ အရိုက်ခံရတယ်။ကျွန်တော်နဲ့ ထိုက်လို့ အရိုက်ခံရတာပါ။ရဲသားကြီး အခုကျွန်တော် သွားလို့ရပြီလား။ရဲမခေါ်တော့ပါဘူး။”

ကျိလန်သည် လှောင်ပြောင် ရယ်မောနေတော့သည်။သူ လှောင်ပြောင်နေတာက ရဲ ဒါမှမဟုတ် အရိုက်ခံရတဲ့သူကိုလားတော့ မသိပေ။

ရဲသားကြီးက သူ့ကို ဘယ်လိုပဲ သွေးဆောင်ဖြားယောင်းပါစေ အရိုက်ခံရသူကတော့ ရဲတိုင်ဖို့ဆန္ဒမရှိပေ။ထို့ကြောင့် သူ့မှာ ကျိလန်ထွက်သွားတာကိုပဲ ကြည့်နေနိုင်လေသည်။

အိမ်နီးချင်းလိုဖြစ်နေသည့် ရဲစခန်းမှ ထွက်လာပြီးနောက်တွင် ကျိလန်သည် လမ်းမကြီးကို ဖြတ်ပြီး အိမ်ပြန်လေသည်။လူကူးမျဉ်းကြားကို ရောက်သောအခါ တိုင်းရင်းသားဝတ်စုံဝတ်ထားသည့် ကောင်မလေးတစ်ယောက်သည် လမ်းကိုဖြတ်ကူးလာသည်။ရက်စက်မှုအရှိန်အဝါများဖြင့် အနက်ရောင် ကျစ်ဆံမြီးနှစ်ဖက်နှင့် စနိုးဝှိုက်ပုံစံ မျက်နှာလေးနှင့် ထိုမိန်းကလေးသည် အနက်ရောင်မျက်ဝန်းများမှာ သူမအပိုင်လိုမျိုး သူ့အား မှုန်မှိုင်းမှိုင်း ကြည့်နေလေသည်။

*သေစမ်း ထပ်ပြီးတော့လား။

အာ..

အရမ်းတွေ ကပ်လာရဲတယ်ပေါ့။ဒီသရဲက ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ။*

__________________________________

မင်တို့ HM Team ရဲ့စာစဥ်သစ်လေးပါရှင့်။

ဒီဟာလေးကိုရော ဖတ်ရတာကြိုက်ကြရဲ့လား။ ကြိုက်နှစ်သက်ရင် Voteတွေအများကြီးပေးခဲ့နော်။ ဒါဒါလေးတို့ရေ။ 😘😘😘😘

ဒီNovel လေးကို ဖတ်မဲ့ ဒါဒါလေးတွေကို ပြောချင်တာကတော့ ဒါက နောက်အပိုင်းတွေကိုရောက်လေ ပိုဖတ်ကောင်းလေလေ type မလို့ အဆုံးထိဖတ်ပေးရမယ်နော်။ စောင့်မျှော်ပေးကြပါနော် ။ ❤❤❤

Paid gp က နောက်လလယ်လောက်မှဖွင့်မှာမလို့ ခုလောလောဆယ်တော့ paid gp မဖွင့်ရသေးပါဘူးရှင့်။

😘😘😘😘😘😘😘😘😘😘😘😘😘
                   

Zawgyi

အခန္း ၁ ။ ညဘက္ပင္လယ္ေဈး

ရထားဘူတာသည္ ေရာက္ရွိလာေသာ ခရီးသည္ေနာက္တစ္သုတ္ကို ခရီးဦးႀကိဳျပဳေနေလသည္။ဂိတ္ေပါက္မွ လူထုႀကီးသည္ တိုးေဝွ႕သြားလာေနၾကေလ၏။ လူအုပ္ၾကားထဲတြင္ ခႏၶာကိုယ္ေသးသြယ္ေသာ လူတစ္ေယာက္မွာ စြဲမက္ဖြယ္ေကာင္းေသာလွေၾကာင့္ ျဖတ္သန္းသြားလာသူတိုင္းမွာလည္း လည္ျပန္မၾကည့္ဘဲမေနနိုင္ၾကေပ။

ထိုသူမွာ အရပ္အျမင့္ (၁.၆)မီတာခန႔္ ရွည္ၿပီး တိုင္းရင္းသားဝတ္စုံ ဝတ္ထားေသာ မိန္းကေလးတစ္ေယာက္ပင္ ျဖစ္ေလ၏။

တိုင္းရင္းသားမ်ား၏ အဝတ္အစားမ်ားမွာ မ်ားေသာအားျဖင့္ အေရာင္ေတာက္ေတာက္မ်ား ျဖစ္တတ္ေသာ္လည္း ထိုမိန္းကေလး၏အဝတ္အစားမ်ားမွာ အေတာ္ေလး လက္ရာေျမာက္ၿပီး ခႏၶာကိုယ္အႏွံ႕တြင္ ပန္းထိုးမ်ားႏွင့္ ပုလဲမ်ားထိုးထားေသာေၾကာင့္ ဘူတာ႐ုံ၏နီယြန္မီးေရာင္ေအာက္တြင္ ထူးထူးျခားျခား လင္းလက္ေတာက္ပေနေလသည္။

ဝူေျမာင္ေျမာင္သည္ သူမဆရာေပးလိုက္ေသာ မွတ္စုကို ထုတ္ကာ လိပ္စာကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဘယ္ကိုသြားရမွန္းမသိတာေၾကာင့္ ေယာက္ယက္ခတ္ေနသည့္ လူအုပ္ႀကီးကိုပဲ ၾကည့္ေနမိေလသည္။

သမီးေလး တစ္ေယာက္ေယာက္ကို ေစာင့္ေနတာလား။

လုံၿခဳံေရးဦးေလးႀကီးသည္ ဝူေျမာင္ေျမာင္ကို ေစာင့္ၾကည့္ေနခဲ့တာ အခ်ိန္အေတာ္ၾကာၿပီပင္ ။ သူမဟာ ဂိတ္ေပါက္ကေန ထြက္လာၿပီးေနာက္တြင္ ထိုေနရာမွာတင္ အခ်ိန္အၾကာႀကီး မတ္တတ္ရပ္ေနခဲ့တာကိုလည္း သူေတြ႕ေနရသည္။

မဂၤလာပါ။

ဝူေျမာင္ေျမာင္ လူတစ္ေယာက္လာေနတာျမင္ေတာ့ သူမကလည္း ယဥ္ေက်းသိမ္ေမြ႕စြာျဖင့္ ႏႈတ္ဆက္လိုက္သည္။

မဂၤလာပါ။အဆင္ေျပရဲ႕လား။

လုံၿခဳံေရးဦးေလးႀကီးက သူ၏အထက္တန္းေက်ာင္းတက္ေနေသာ သမီးေလးႏွင့္ ဆင္သည့္ဝူေျမာင္ေျမာင္၏ ခ်စ္စရာေကာင္းမႈကို ျမင္လိုက္ရေသာအခါ ရင္းရင္းႏွီးႏွီး ၿပဳံးျပလာေလသည္။

ဒီနားမွာ ရပ္ေနတာ ေတာ္ေတာ္ၾကာေနၿပီ။သမီး တစ္ေယာက္ေယာက္ကို ေစာင့္ေနတာလား။ဒါမွမဟုတ္ လမ္းေပ်ာက္ေနတာလား။

ကေလးမေလး၏ပင္ကိုစိတ္ရင္းမွာ ရႈပ္ေထြးေပြလီေနေသာ ၿမိဳ႕ျပႏွင့္ ဆန႔္က်င္ဘက္ျဖစ္ေန၏။ တစ္ခ်က္ၾကည့္လိုက္တာႏွင့္ အခုမွ ၿမိဳ႕ကို ေရာက္ဖူးမွန္း ေျပာနိုင္ေပ သည္။

ဘယ္သူ႕ကိုမွမေစာင့္ပါဘူး။

ဝူေျမာင္ေျမာင္သည္ ေခါင္းကိုယမ္းျပလိုက္ၿပီး သူမလက္ထဲမွ လိပ္စာကို ျပလိုက္ေလသည္။

ကြၽန္မ ဒီေနရာကို သြားမလို႔ပါ။

လုံၿခဳံေရးဦးေလးႀကီးက မွတ္စုကို ယူၿပီး ၾကည့္လိုက္သည္။

ခ်င္းဟူခရိုင္ပဲ ဒီေနရာက ေတာ္ေတာ္ေဝးတယ္။ေျမေအာက္ရထားကို တစ္နာရီေက်ာ္ေလာက္ စီးရတယ္

ဝူေျမာင္ေျမာင္သည္ ေသခ်ာ နားေထာင္ေနေလသည္။

သမီးေလး ပင္လယ္ေဈးကို ပထမဆုံးေရာက္ဖူးတာလား။

ဟုတ္ပါတယ္။

ဝူေျမာင္ေျမာင္သည္ က်ိဳးက်ိဳးႏြံႏြံျဖင့္ ေခါင္းညိတ္လိုက္ေလ၏။

ဟိုင္ရွီမွာ သမီးအမ်ိဳးေတြရွိတာလား။

ဟုတ္ ရွိပါတယ္။ ဝူေျမာင္ေျမာင္သည္ မွတ္စုကို ျပရင္းေျပာေနေလသည္။

ဒါဆို သမီးအမ်ိဳးေတြကို ဘာလို႔ လာမေခၚခိုင္းတာလဲ။

လုံၿခဳံေရးဦးေလးႀကီးသည္ စိတ္မပူဘဲ မေနနိုင္ေတာ့ေခ်။ဒီကေလးမေလးဟာ ႐ုပ္ရည္လည္းေခ်ာေမာၿပီး ရိုးအပုံရသည္။ထို႔အျပင္ ပင္လယ္ၿမိဳ႕သည္ မၾကာခင္ကမွ အမႈအခင္းျဖစ္ထားတာျဖစ္၏။

ရထားက ညမွ ဆိုက္တာကို ဘာလို႔ အမ်ိဳးေတြက လာမႀကိဳၾကတာလဲ။

သူက ကြၽန္မလာမွာကို မသိပါဘူး။ကြၽန္မကသာ သူ႕ကို ဒီလာရွာတာပါ။ ဝူေျမာင္ေျမာင္လည္း ရွင္းျပလိုက္သည္။

ဒီနားမွာ အမ်ားသုံးဖုန္းေတြရွိတယ္။သူ႕ကို ဖုန္းဆက္ၿပီး လာႀကိဳခိုင္းလိုက္ပါလား။

ကြၽန္မေခၚဖို႔ႀကိဳးစားၿပီးပါၿပီ။သူ႕ဖုန္းက ပိတ္ထားပါတယ္။ ဝူေျမာင္ေျမာင္ ျပန္ေျပာလိုက္၏။

အဲ့ဒီလိုလား

လုံၿခဳံေရးဦးေလးႀကီးက စဥ္းစားၿပီးေျပာလိုက္သည္။

ဒီကေန ရထားလိုင္းက သုံးခါ ေျပာင္းစီးရမွာ။ရထားစီးၿပီးရင္လည္း ဒီလိပ္စာကို လိုက္ရွာေနရဦးမွာ။ တိုက္ရိုက္ပို႔ေပးမယ့္ တကၠစီ စီးလိုက္ပါလား။ေဈးႀကီးေပမဲ့ စိတ္ခ်ရပါတယ္။

ဟုတ္

ဝူေျမာင္ေျမာင္ မွတ္စုေလးကို ျပန္ယူလိုက္ၿပီး ယဥ္ေက်းစြာပင္ ေမးလိုက္ေလသည္။

ဟိုေလ တကၠစီက ဘယ္နားမွာ စီးလို႔ရလဲ။

အင္း ပို႔မယ့္ပို႔ ကူးတို႔ထိေရာက္ေအာင္ ပို႔တာေပါ့။ဦးေလးပဲ လိုက္ပို႔ေပးပါ့မယ္။

လုံၿခဳံေရးဦးေလးႀကီးက ဝူေျမာင္ေျမာင္ကို ေခြၽ႕ရင္းတကၠစီဂိတ္ဆီသို႔ ပို႔ေပးလိုက္သည္။

အဲ့ဒီကေန ဝင္သြားလိုက္။လိုင္းအတိုင္း လိုက္သြား။ကားလာမွာကို ေစာင့္ေနၿပီး တည့္တည့္သြားလိုက္ေနာ္။

ေက်းဇူးတင္ပါတယ္ ဦးေလး။

ဝူေျမာင္ေျမာင္သည္ သူမသယ္လာေသာ ေက်ာင္းလြယ္အိတ္ထဲမွ လက္ရာေကာင္းမြန္ေသသပ္စြာ ျပဳလုပ္ထားသည့္ အဝတ္အ႐ုပ္ေလးကို ထုတ္လိုက္ၿပီး လုံၿခဳံေရးဦးေလးႀကီးကို ေပးလိုက္ေလ၏။

ဦးေလးကို ေပးတာပါ။အိမ္မက္လွလွမက္ပါေစေနာ္။

ဒီအ႐ုပ္က အရမ္းလွတာပဲ။

လုံၿခဳံေရးဦးေလးႀကီးကလည္း မျငင္းရွာေပ။ေတာင္တန္းေတြကေန လာသည့္ကေလးမ်ားသည္ ရိုးသားၿပီး ကိုယ္ပိုင္အရည္အခ်င္း ရွိၾကတယ္ဆိုတာ သူသိပါသည္။တကယ္လို႔ အျငင္းခံရရင္ေတာ့ ဝမ္းနည္းေနေလာက္မွာျဖစ္သည္။

သမီးက ေျမာင္လူမ်ိဳးလား။

မဟုတ္ပါဘူး။ကြၽန္မက ဝူမ်ိဳးႏြယ္စုကပါ။

ထို႔ေနာက္ ဝူေျမာင္ေျမာင္အထဲကိုဝင္ၿပီး သူ႕ေက်ာင္းလြယ္အိတ္ႏွင့္အတူ လူတန္းႀကီးဆီသို႔ ဦးတည္သြားေလသည္။

ဝူလူမ်ိဳးလား။လူမ်ိဳးငါးဆယ့္ေျခာက္မ်ိဳးထဲမွာ အဲ့ဒီလူမ်ိဳးစု ရွိတယ္လား။

လုံၿခဳံေရးဦးေလးႀကီးသည္ ဝူေျမာင္ေျမာင္ေပးထားေသာ အ႐ုပ္ေလးကို အိတ္ေထာင္ထဲသို႔ ထည့္လိုက္ၿပီး သူ႕အလုပ္သူ ဆက္လုပ္ေနလိုက္ေလသည္။

ဝူေျမာင္ေျမာင္သည္ ခဏေလာက္ တန္းစီၿပီးေနာက္မွာေတာ့ ကားထဲကို ဝင္ခြင့္ရခဲ့သည္။သူမလက္ထဲမွ မွတ္စုကို ကားဆရာအား ေပးလိုက္၏။ကားသမားကေတာ့ မွတ္စုကို တစ္ခ်က္ၾကည့္ၿပီး ဘာတစ္ခြန္းမွမေျပာဘဲ လိုက္ပို႔ေလသည္။

လမ္းတစ္ေလွ်ာက္တြင္ ဝူေျမာင္ေျမာင္သည္ ျပတင္းေပါက္အျပင္ဘက္ရွိ နီယြန္မီးမ်ားကို ခဏစိုက္ၾကည့္ၿပီးေနာက္ ေကာင္းကင္ရဲ႕ညရႈခင္းကို ေမာ့ၾကည့္လိုက္ေလသည္။ ထို႔ေနာက္ ထူးထူးျခားျခား မ်ိဳသိပ္ထားသည့္စကားတစ္ခြန္း ထြက္ေပၚလာေလ၏။

ၾကယ္ေတြကို မျမင္ရဘူးပဲ။

အိမ္ကေနစထြက္လာကတည္းက ႐ြာထဲမွ ဦးေလးန်ဴရဲ႕ဆိုင္ကယ္ကို အရင္ဆုံးစီးကာ ေက်းလက္အေျခစိုက္႐ုံးကို သြားခဲ့သည္။ထို႔ေနာက္ ခရိုင္ၿမိဳ႕ေတာ္သို႔ သြားသည့္ ခရီးေဝးဘတ္စ္ကားကို စီးကာ ဟိုင္ရွီကိုလာသည့္ ရထားလက္မွတ္ တစ္ေစာင္ဝယ္ခဲ့သည္။လမ္းေပၚတြင္ အခ်ိန္ကုန္ေနတာ နာရီသုံးဆယ္ထက္မက ၾကာေနၿပီျဖစ္၏။ သူမသည္ သူမ၏ဖူးစာရွင္ကို ရွာရန္ ပင္လယ္ေဈးကို လာခဲ့တာျဖစ္သည္။

လြန္ခဲ့ေသာ တစ္လက သူမ၏ဆရာသည္ အသက္ႀကီးလာၿပီး ဆုံးပါးသြားခဲ့သည္။မဆုံးခင္တြင္ သူမကို ဒီမွတ္စုေလးေပးခဲ့သည္။

မင္းငယ္ငယ္ေလးကတည္းက ဆရာမင္းရဲ႕အခ်စ္ေရးကိစၥကို စီစဥ္ေပးခဲ့တာပဲ။သိၿပီးသားမလား။ဆရာတို႔ကေဝေတြက အၿမဲတမ္း ဒီလိုအိမ္ေထာင္ေရးလမ္းစဥ္ကို လိုက္နာရတာပဲ။ဆရာတို႔လူမ်ိဳး အမ်ိဳးသမီးေတြက သတို႔သားရဲ႕မိသားစုဝင္ ခ်က္ခ်င္းျဖစ္သြားတာမဟုတ္ဘူး။အစကေတာ့ မင္းအ႐ြယ္ေရာက္ၿပီး အဲ့ဒီမိသားစုက မင္းကို သူတို႔သားနဲ႕လက္ထပ္ဖို႔ ေစလႊတ္မွ မင္းလက္ထပ္တာကို ေစာင့္ခ်င္ခဲ့တာ။

ဒါေပမဲ့ ဒီႏွစ္ေတြမွာ ဆရာ မင္းရဲ႕ဘဝကို မင္းပိုင္ေၾကာင္း သေဘာေပါက္လာတယ္။ဆရာတို႔ကေဝမ်ိဳးႏြယ္စုရဲ႕ ေနာက္ဆုံးမ်ိဳးဆက္ ျဖစ္တာနဲ႕ပဲ မင္းရဲ႕လြတ္လပ္ခြင့္ကို ကန႔္သတ္လို႔မွမရတာ။ဒါေၾကာင့္ မင္းရဲ႕လက္ထပ္ထိမ္းျမားမႈက မင္းအေပၚမွာပဲမူတည္ပါတယ္။မင္းဆႏၵရွိရင္ေတာ့ ဒီလူကို ယူလို႔ရပါတယ္။ ဒီလိပ္စာကေန သူ႕ကို ရွာေတြ႕နိုင္မွာပါ။မရွာခ်င္ရင္ေတာ့ အမွတ္တရလက္ေဆာင္နဲ႕အတူ သူ႕ကို ရွာၿပီး ေငြသားတခ်ိဳ႕ေတာင္းလို႔ရတယ္။အရင္က သူ႕အသက္ကို ကယ္ေပးတုန္းက သူတို႔မိသားစုဆီကေန ဘာတစ္ခုမွ လက္မခံခဲ့ဘဲ သူ႕ကို မင္းရဲ႕သတို႔သားပဲ ျဖစ္ေစခ်င္ခဲ့တယ္။

ဝူေျမာင္ေျမာင္သည္ သူ႕ဆရာဆုံးပါးသြားေသာေၾကာင့္ သိပ္ေတာ့ဝမ္းမနည္းေပ။သူတို႔က ကေဝမ်ားျဖစ္ၾကၿပီး ယင္ႏွင့္ယန္ကို ဆက္သြယ္ၾကသည္။လြန္ခဲ့ေသာႏွစ္အေစာပိုင္းကတည္းက သူမဆရာဆုံးမည္ကို ေတြ႕ျမင္ခဲ့ရသည္။ထို႔အျပင္ ကေဝဆရာမ်ားအတြက္ ေသဆုံးျခင္းက ဘဝအသစ္စတင္ျခင္းသာျဖစ္သည္။

အဲ့ဒီအခ်ိန္တုန္းက သမီးအသက္ ႏွစ္ႏွစ္ပဲရွိေသးတာေလ။ဘာလို႔ လက္ထပ္ဖို႔အေရးကို စဥ္းစားေနရမွာလဲ။

ဝူေျမာင္ေျမာင္သည္ အထူးအဆန္းျဖင့္ ေမးလိုက္သည္။

အဲ့ဒီကေလးေလးက အရမ္းလွလို႔ေလ။အသားညိုညိုေလးနဲ႕ ဖုဖုေဖာင္းေဖာင္းေလးနဲ႕ အရမ္းခ်စ္ဖို႔ေကာင္းတာ။မင္း ျမင္ရင္လည္း ေသခ်ာေပါက္ ႀကိဳက္သြားမွာေနာ္။

ဝူေျမာင္ေျမာင္-

သူတို႔လူမ်ိဳးသည္ အနက္ေရာင္ကို ေလးစားၾကည္ညိုၾကေသာ ေမွာ္ဆရာမ်ားျဖစ္သည္။အလုပ္ကိစၥႏွင့္ အျပင္သြားေသာအခါလည္း အနက္ေရာင္အဝတ္မ်ားကို ဝတ္ဆင္ရသည္အား ႏွစ္သက္ၾကသည္။အိမ္ရွိ အိမ္ေမြးတိရစ္ဆာန္မ်ားလည္း အနက္ေရာင္မ်ားသာျဖစ္သည္။အထူးသျဖင့္ သူမ၏ဆရာသည္ အနက္ေရာင္ကို အေတာ္ေလး စြဲလမ္းေလ၏။အမည္းေရာင္ျဖစ္ၿပီး လုံေလာက္ေအာင္ သန႔္စင္ေနသေ႐ြ႕ အမည္းေရာင္ဝက္၊အမည္းေရာင္ေခြး၊အမည္းေရာင္ေၾကာင္၊အမည္းေရာင္ယုန္ စသျဖင့္ အကုန္လုံးကိုေခၚလာၿပီး အစာေရစာမ်ား ေကြၽးေမြးတတ္သည္။

ၾကည့္ရတာ သူမ၏သတို႔သားေလာင္းသည္လည္း လုံးဝ အသားမည္းေလာက္သည္။

ဆရာဆုံးပါးသြားေသာအခါ ဝူေျမာင္ေျမာင္သည္ ကမၻာေပၚတြင္ ေဆြမ်ိဳးသားခ်င္း မရွိေတာ့ေပ။လုံးဝမည္းနက္ေနသည္ဟု ယူဆရေလာက္သည့္ သူမ၏သတို႔သားကို မျမင္ဖူးေသာ္လည္း သူမဆရာက ခဏခဏ ေျပာျပဖူးသျဖင့္ သူမ မွတ္မိေလာက္ပါသည္။

ထို႔ေၾကာင့္ ဝူေျမာင္ေျမာင္သည္ သူမ၏သတို႔သားေလာင္းကို အတိုက္အခံ လုပ္မွာမဟုတ္ေပ။ထို႔အျပင္ ဒီကိစၥမွာ သူမဆရာ၏ေနာက္ဆုံးဆႏၵ ျဖစ္ေလာက္သည္။ဝူေျမာင္ေျမာင္ လက္မထပ္နိုင္စရာ ဘာအေၾကာင္းမွ မရွိဘူးဟု ခံစားခဲ့မိသည္။ထို႔ေၾကာင့္ ေကာလိပ္ဝင္ခြင့္စာေမးပြဲ ေျဖၿပီးေသာခါ ပင္လယ္ေဈးကို ေက်ာင္းလြယ္အိတ္တစ္လုံးႏွင့္ ေရာက္လာခဲ့သည္။

ေကာင္မေလး ေရာက္ၿပီေနာ္။

တကၠစီသည္ လိုရာခရီးကို ေရာက္ေသာအခါ ကားေမာင္းသမားသည္ အေနာက္ခုံတြင္ အေတြးနယ္ကြၽံေနသည့္ ဝူေျမာင္ေျမာင္ကို သတိေပးလိုက္ေလ၏။

ဝူေျမာင္ေျမာင္သည္ ျပတင္းေပါက္ကို မေရမရာၾကည့္လိုက္ၿပီး ပိုက္ဆံေပးကာ ကားထဲမွထြက္လာလိုက္သည္။

တကၠစီသည္ရပ္ကြက္ထဲသို႔ မဝင္ေပမဲ့ ရပ္ကြက္ထိပ္တြင္ ရပ္ထားခဲ့သည္။ရပ္႐ြာပိုင္ဆိုင္မႈစီမံခန႔္ခြဲေရးသည္ အေတာ္ေလး တင္းၾကပ္ပါ၏။ဝင္ခြင့္ကတ္မရွိ၍ေသာ္လည္းေကာင္း၊ေနထိုင္သူႏွင့္ အဆက္အသြယ္မရွိ၍ေသာ္လည္းေကာင္း ဝင္ခြင့္မရွိေပ။ဝူေျမာင္ေျမာင္မွာ ရပ္ကြက္အျပင္တြင္ ရပ္ေနခဲ့သည္။

သူမဖူးစာရွင္ကို ရွာေတြ႕ရန္ အခက္အခဲ မရွိေလာက္ဟု သူမ ေမွ်ာ္လင့္ထားခဲ့မိသည္။သို႔ေသာ္ သူမဟာ အခုေတာ့ ခ်က္ခ်င္းပင္ ေတာင့္တင္းသြားေလသည္။သူမ၏ရိုးသားပုံေပၚေနေသာ မ်က္ဝန္းမ်ားသည္ သူမကို လာတားသည့္ လုံၿခဳံေရးကို စိုက္ၾကည့္ေနသည္။ သို႔ေပတည္း သူမ လုံၿခဳံေရးကို စိုက္ၾကည့္႐ုံႏွင့္ သူမအား အထဲကို ဝင္ခြင့္ေပးမည့္ပုံမေပၚေပ။

ေကာင္မေလး ငါ့ကို အဲ့ဒီလိုမၾကည့္ပါနဲ႕။ဒီေနရာမွာလည္း စည္းကမ္းေတြက ရွိေသးတယ္။ပိုင္ရွင္ခြင့္မျပဳရင္ ဝင္လို႔မရဘူး။မင္း သူငယ္ခ်င္းကို ဖုန္းေခၚၿပီး လာေခၚခိုင္းလိုက္ပါလား။

လုံၿခဳံေရးသည္ ဝူေျမာင္ေျမာင္ စိုက္ၾကည့္လာေသာအခါ နည္းနည္းေတာ့ ထိတ္လန႔္သြားေလသည္။

သူေၾကာက္တာေတာ့မဟုတ္ပါ။အခုက ညျဖစ္ေနၿပီး စကၠဴျဖဴႏွင့္ တူသည့္ မိန္းကေလးသည္ ထူးထူးဆန္းဆန္း ဝတ္စုံကို ဝတ္ထားကာ မည္းနက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သူမအမွားလုပ္မိသလို ဘာမွမေျပာဘဲ သူ႕ကို စိုက္ၾကည့္ေနခဲ့တာမို႔ပင္။မ်က္လုံးေတြက ေသမင္းတမန္မ်က္လုံးေတြလို႔ေတာင္ သူ ေတြးလိုက္မိသည္။

ဘာလို႔လဲမင္းအသိတစ္ေယာက္ကို ငါေမးေပးရမလား။မင္းနာမည္က ဘယ္လိုေခၚလဲ။မင္းနဲ႕သူနဲ႕က ဘယ္လိုဆက္ဆံေရးမ်ိဳးလဲ။

လုံၿခဳံေရးက ေမးလာေလသည္။

ကြၽန္မနာမည္က ဝူေျမာင္ေျမာင္ပါ။ကြၽန္မနဲ႕သူနဲ႕က ေစ့စပ္ထားတာပါ။

ဝူေျမာင္ေျမာင္က စိတ္အားထက္သန္စြာ ေျပာျပလိုက္သည္။

ေစ့ေစ့စပ္ထားတာလား။မင္းက အ႐ြယ္ေရာက္ၿပီးသားမို႔လို႔လား။အင္တာနက္ေပၚကလူကို ေတြ႕ဖို႔ မင္းမိဘေတြကို မေျပာခဲ့ဘူးလား။

အခုေခတ္မွာ လူလိမ္ေတာ္ေတာ္မ်ားမ်ားက အြန္လိုင္းေပၚကေန မိန္းကေလးေတြကို လွည့္စားေနမွန္း သူသိထားပါသည္။

*အဲ့ဒီတစ္ေယာက္နာမည္က က်ိလန္လို႔ေခၚတဲ့ပုံပဲ။သူက ေကာင္မေလးကို လိပ္စာေပးၿပီး အိမ္ကထြက္လာဖို႔ေျပာမယ္။ၿပီးမွ ဖုန္းပိတ္ထားေတာ့ ရွာမေတြ႕ေတာ့ဘူးေလ။အေရးအႀကီးဆုံးက ဒီေကာင္မေလးက သူနဲ႕ေစ့စပ္ထားတဲ့သူက ဘယ္လိုပုံလဲဆိုတာေတာင္ မသိတဲ့ပုံပဲ။ၿပီးေတာ့ ဒီႏွစ္ေတြမွာ အ႐ြယ္မေရာက္ေသးတဲ့ ကေလးမေလးကို ေစ့စပ္ပြဲစီစဥ္ေပးထားတာမ်ိဳး ရွိလို႔လား။ေသခ်ာေပါက္ အင္တာနက္ေပၚက အလိမ္အညာျဖစ္ရမယ္။*

ဝူေျမာင္ေျမာင္က ျပန္မေျဖဘဲ လုံၿခဳံေရးကိုပဲ ဆက္ၿပီး စိုက္ၾကည့္ေနေလသည္။

ကဲပါ။မင္းကို တံခါးေခါက္ခြင့္ေတာ့ ျပဳလိုက္မယ္။

လုံၿခဳံေရးသည္ ခဏေလာက္ စဥ္းစားလိုက္ၿပီး ေကာင္မေလးကို ေခၚသြားခဲ့သည္။တကယ္လို႔ အင္တာနက္ေပၚက လူလိမ္ျဖစ္ေနခဲ့ရင္ေတာ့ ရဲကို ခ်က္ခ်င္းေခၚလိုက္မည္။ဘယ္လိုပဲျဖစ္ျဖစ္ ရဲစခန္းက မ်က္ေစာင္းထိုးေလာက္မွာရွိေနတာပင္။

လုံၿခဳံေရးအေစာင့္သည္ ေဝၚကီေတာ္ကီကို ထုတ္လိုက္ၿပီး သူတံခါး သြားေခါက္ရာတြင္ ကူညီေပးရန္ ရပ္ကြက္အတြင္း ကင္းလွည့္ေနၾကေသာ သူ၏လုပ္ေဖာ္ကိုင္ဖက္မ်ားကို အသိေပးလိုက္သည္။

အေဆာက္အအုံ(၁၁)အနီးမွာ တစ္ေယာက္ေယာက္ ရွိလား။(၈၀၁)ကို သြားၿပီး အိမ္ပိုင္ရွင္ အိမ္မွာရွိမရွိ တံခါးေခါက္ေပးလို႔ရမလား။

ငါးမိနစ္အၾကာတြင္ အင္တာကြန္မွ ပဲ့တင္သံတစ္သံထြက္ေပၚလာခဲ့သည္။

အိမ္ရွင္က အိမ္မွာမရွိပါဘူး။

ၾကည့္ပါလား။လူမွမရွိတာ ဘာလို႔ ခဏေနမွ ျပန္မလာတာလဲ။အခုဆို ကိုးနာရီေတာင္ ထိုးေတာ့မယ္။သူက ေသခ်ာေပါက္ ဆယ္နာရီေလာက္မွ ညျပန္အိပ္ေလာက္မွာ။တစ္ခုခုအရင္သြားစားၿပီး ခဏေနမွ ျပန္လာပါ့လား။

လုံၿခဳံေရးသည္ အႀကံေပးလိုက္ေလသည္။

ဝူေျမာင္ေျမာင္သည္ ခဏေလာက္ ၿငိမ္သက္သြားၿပီး သူ႕ေနာက္တြင္ရွိေသာ လူကူးျမင္းၾကားဆီသို႔ ေလွ်ာက္သြားေလသည္။

ကေလးမေလး ဘာျဖစ္လို႔လဲ။

ေနာက္ထပ္လုံၿခဳံေရးတစ္ေယာက္သည္ တျခားအရပ္မ်က္ႏွာဆီမွ ထြက္လာေလသည္။

အင္တာနက္ေပၚက လူလိမ္ေတြ လွည့္စားတာခံလိုက္ရတဲ့ပုံပဲ။

အရင္လုံၿခဳံေရးက ေျပာလိုက္သည္။

ငါေတာ့ အဲ့ဒီလိုမထင္ပါဘူး။

ဘာျဖစ္လို႔လဲ။

အခုေလးတင္ သူျဖတ္သြားေတာ့ ငါ့ကို တစ္ခ်က္ၾကည့္လိုက္တာ။သူ႕မ်က္လုံးေတြက မေကာင္းဆိုး႐ြားဆန္ၿပီးေတာ့ ရက္စက္မယ့္ပုံပဲ။

ဒါေတာ့ မင္းက ၾကမ္းတမ္းခက္ထန္တာကိုး။ေကာင္မေလးက ေၾကာက္သြားၿပီး မင္းကို စကားမေျပာခ်င္တာေနမွာေပါ့။

လမ္းတစ္ဖက္တြင္ရွိေသာ ရဲစခန္းတြင္ေတာ့ က်ိလန္သည္ မ်က္ႏွာမည္းျဖင့္ မွတ္တမ္းတင္ခံေနရေလသည္။

မင္း အဲ့ဒီလူကို ရိုက္ခဲ့တာလား။ ရဲက ေမးလိုက္ေလသည္။

ဟုတ္ပါတယ္။

မင္းက ရိုးသားသားပဲ။ေျပာပါ။ဘာလို႔ ႐ုတ္တရက္ႀကီး ထရိုက္ရတာလဲ။

သူ႕ကို စိတ္ပ်က္လို႔ပါ။ က်ိလန္ေျပာလိုက္၏။

သူ႕ကို စိတ္ပ်က္ေနတာလား။ဘာလို႔ ေန႕တိုင္း လူေတြကို စိတ္ပ်က္ေနရတာလဲ။

က်ိလန္ဆီမွ တူညီေသာ အေၾကာင္းျပခ်က္ကို ၾကားလိုက္ရေသာေၾကာင့္ ရဲသားသည္ ခ်က္ခ်င္း စိတ္တိုသြားေလသည္။

ငါေျပာမယ္။ဒါက မင္းအတြက္ ပထမဆုံးမဟုတ္ေတာ့ဘူးေနာ္။မင္းမွာ ျပစ္မႈမွတ္တမ္းတစ္ခုေတာင္ရွိေနၿပီ။တစ္ေယာက္ေယာက္က မင္းကို တရားစြဲခ်င္လာခဲ့ရင္အလြယ္ေလးပဲေနာ္

ျပစ္မႈ?ကြၽန္ေတာ့္မွာ ျပစ္မႈမွတ္တမ္းရွိလို႔လား။

က်ိလန္သည္ ရဲကို မ်က္ေစာင္းထိုးၾကည့္လိုက္ေလသည္။

*စိတ္တိုလိုက္တာေနာ္။ဒီကေလးက ပုံမွန္မဟုတ္ေလာက္ဘူး။ေန႕တိုင္း လမ္းမွာ ျဖတ္သြားရင္းနဲ႕ စိတ္ပ်က္လို႔ဆိုၿပီး လမ္းမႀကီးမွာ လူေတြကို လိုက္ရိုက္ေနတာ ငါးႀကိမ္ေလာက္ရွိေနၿပီ။ဒါေပမဲ့ အႀကိမ္တိုင္းက ရဲစခန္းကို ဒုကၡေရာက္ေအာင္ လုပ္တာခ်ည္းပဲ။ခံရတဲ့သူကေတာ့ ရဲကိုေခၚမွာမဟုတ္ဘူး။သူကပဲ ေခၚလိုက္ေသးတာ။ေျပာကိုမေျပာခ်င္ဘူး။*

ဒီတစ္ခါကေတာ့ အမႈအခင္းျဖစ္သြားၿပီ။

ရဲႀကီးသည္ ဒီလိုမာနက မိုးထိုးေနသည့္ ရာဇဝတ္သားမ်ိဳးကို တကယ္ကို မေတြ႕ဖူးေပ။ သူသည္ ႏွာရိုးက်ိဳးသည္အထိ ရိုက္ခံထားရေသာလူကို လွည့္ၾကည့္လိုက္ၿပီး ေမးလိုက္သည္။

ကိုယ့္လူ..စိတ္ခ်ပါ။မင္းအတြက္..ငါေသခ်ာ

ငါ..ငါ ရဲမေခၚဘူးေနာ္။အခုသြားလို႔ရၿပီလား။ ထိုလူက ေၾကာက္လန႔္တၾကား ေျပာေလသည္။

ဘာေျပာလိုက္တယ္။သူအခုေလးတင္ ေျပာလိုက္တာကို မၾကားဘူးလား။သူမင္းကို ရိုက္ခဲ့ပါတယ္လို႔ ဝန္ခံေနတာေလ။

ထိုရဲကေတာ့ ဘာမွမေျပာဝံ့ေတာ့ေပ။

ကြၽန္ေတာ္ပဲ အရိုက္ခံရတယ္။ကြၽန္ေတာ္နဲ႕ ထိုက္လို႔ အရိုက္ခံရတာပါ။ရဲသားႀကီး အခုကြၽန္ေတာ္ သြားလို႔ရၿပီလား။ရဲမေခၚေတာ့ပါဘူး။

က်ိလန္သည္ ေလွာင္ေျပာင္ ရယ္ေမာေနေတာ့သည္။သူ ေလွာင္ေျပာင္ေနတာက ရဲ ဒါမွမဟုတ္ အရိုက္ခံရတဲ့သူကိုလားေတာ့ မသိေပ။

ရဲသားႀကီးက သူ႕ကို ဘယ္လိုပဲ ေသြးေဆာင္ျဖားေယာင္းပါေစ အရိုက္ခံရသူကေတာ့ ရဲတိုင္ဖို႔ဆႏၵမရွိေပ။ထို႔ေၾကာင့္ သူ႕မွာ က်ိလန္ထြက္သြားတာကိုပဲ ၾကည့္ေနနိုင္ေလသည္။

အိမ္နီးခ်င္းလိုျဖစ္ေနသည့္ ရဲစခန္းမွ ထြက္လာၿပီးေနာက္တြင္ က်ိလန္သည္ လမ္းမႀကီးကို ျဖတ္ၿပီး အိမ္ျပန္ေလသည္။လူကူးမ်ဥ္းၾကားကို ေရာက္ေသာအခါ တိုင္းရင္းသားဝတ္စုံဝတ္ထားသည့္ ေကာင္မေလးတစ္ေယာက္သည္ လမ္းကိုျဖတ္ကူးလာသည္။ရက္စက္မႈအရွိန္အဝါမ်ားျဖင့္ အနက္ေရာင္ က်စ္ဆံၿမီးႏွစ္ဖက္ႏွင့္ စနိုးဝွိုက္ပုံစံ မ်က္ႏွာေလးႏွင့္ ထိုမိန္းကေလးသည္ အနက္ေရာင္မ်က္ဝန္းမ်ားမွာ သူမအပိုင္လိုမ်ိဳး သူ႕အား မႈန္မွိုင္းမွိုင္း ၾကည့္ေနေလသည္။

*ေသစမ္း ထပ္ၿပီးေတာ့လား။

အာ..

အရမ္းေတြ ကပ္လာရဲတယ္ေပါ့။ဒီသရဲက ေပါ့ေသးေသးေတာ့ မဟုတ္ဘူးပဲ။*

__________________________________

မင္တို႔ HM Team ရဲ႕စာစဥ္သစ္ေလးပါရွင့္။

ဒီဟာေလးကိုေရာ ဖတ္ရတာႀကိဳက္ၾကရဲ႕လား။ ႀကိဳက္ႏွစ္သက္ရင္ Voteေတြအမ်ားႀကီးေပးခဲ့ေနာ္။ ဒါဒါေလးတို႔ေရ။ 😘😘😘😘

ဒီNovel ေလးကို ဖတ္မဲ့ ဒါဒါေလးေတြကို ေျပာခ်င္တာကေတာ့ ဒါက ေနာက္အပိုင္းေတြကိုေရာက္ေလ ပိုဖတ္ေကာင္းေလေလ type မလို႔ အဆုံးထိဖတ္ေပးရမယ္ေနာ္။ ေစာင့္ေမွ်ာ္ေပးၾကပါေနာ္ ။

Paid gp က ေနာက္လလယ္ေလာက္မွဖြင့္မွာမလို႔ ခုေလာေလာဆယ္ေတာ့ paid gp မဖြင့္ရေသးပါဘူးရွင့္။

😘😘😘😘😘😘😘😘😘😘😘😘😘

Continue Reading

You'll Also Like

63.6K 4.5K 29
အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်း ။
20.8K 3K 27
ရှန်းဝမ်ချင်းတစ်ယောက် ရှန်းရှခွေးသွေးဝတ္ထုတစ်ခုထဲသို့ ဝိဉာဉ်ကူးသွားခဲ့သည်။ ဝတ္ထုထဲတွင် မင်းသားနှင့်မင်းသမီး၏ အချစ်ရေးက အထင်လွဲမှုများနှင့်ပြည့်နှက်ကာ...
50.2K 6.7K 74
A girl like me Description ကံကောင်းသည့် ခပ်အအဖခင်၊သူမကို အလိုလိုက်ကာ ကာကွယ်ပေးတတ်သော မိခင်နှင့် ကျောကျော့မော့မော့လေးနေပြီး အထက်တန်းဆန်သော မောင်ဖြစ်သူ...
1.7M 122K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...