Unicode~
သည်နေ့ထိတိုင် Taehyungမှာ ညာဘက်မျက်ခမ်းက ခပ်လှုပ်လှုပ်ဖြစ်နေဆဲ။ အတိတ်နိမိတ်တဘောင်တွေ မယုံသော်ငြား နေရခက်လွန်းလှတာတော့ အမှန်ပင်။ မျက်လုံးကို ပွတ်သပ်ပြီးရင်း ပွတ်သပ်မိတော့ ညာဘက်မျက်သားဖြူဖြူတို့က အနီရောင်သန်းလုလု။ ဒါကို မောင်ကမြင်တာနဲ့ ပြာပြာသလဲ ထမေးတော့သည်။
"မျက်ခြယ် မျက်လုံးက ဘာဖြစ်တာလဲ..နီရဲနေတာပဲ"
"မျက်ခမ်းကလှုပ်နေတာ ဟိုတစ်ရက်ကတည်းကပဲ။ နေရခက်လို့ ပွတ်မိရင်းနဲ့ ခုလိုဖြစ်ကုန်တာ"
"ဘယ်လောက်နေရခက်ခက်သတိထားမှပေါ့ကွာ။ အရမ်းပွတ်မိရင် ပိုဆိုးကုန်လိမ့်မယ်"
"အင်းပါ။ ဘာမှလည်းမဖြစ်နေပါဘူး စိုးရိမ်မနေပါနဲ့။ အခု ဘယ်သွားကြမှာလဲ သွားမယ်လေ"
မင်္ဂလာပွဲရက်နီးလာသည်နှင့်အမျှ ပြင်ဆင်စရာတွေကလည်း များပြီးရင်း များလာသည်။ နဂိုကပင် ရုံးအလုပ်က မနည်းလှသည်ကြောင့် အချိန်ပင်လုနေရသည့်အဖြစ်။ သို့သော် မောင်က မျက်နှာကြီးသည်ကြောင့်ပဲထင်ပါရဲ့.. မဖြစ်မနေရက်တစ်ပိုင်းခွင့်ယူရသည့်ကိစ္စများကိုပင် မန်နေဂျာကြီးက ရစ်မနေတော့ပါ။ ဪ.. ရာထူးအာဏာဆိုသည်က တန်ခိုးကြီးလိုက်ပုံများပေါ့။
"ပန်းအလှပြင်တယ်ဆိုတဲ့တစ်ယောက်ဆီ သွားစုံစမ်းမလို့လေ။ ဒီမြို့မှာတော့ သူက နာမည်အကြီးဆုံးဆိုလားပဲ။ ရက်ချိန်းတောင် တော်တော်ကြိုယူရမှာဆိုပဲ။ မျက်ခြယ်များ သူ့ကိုသိနေမလား"
"မသိလောက်ပါဘူး မောင်ရယ်။ ရုံးနဲ့အိမ်တင် အလုပ်များနေတာကို ဘယ်လိုလုပ်ပြီး ပန်းအလှပြင်တဲ့သူကို သိနိုင်မှာလဲ"
"ဟုတ်လား။ မောင့်ဝန်ထမ်းတွေ အားလုံးက သူ့ကို သိပြီး ညွှန်းနေကြတော့လေ"
ပန်းအလှပြင်သည့်အမျိုးသမီး၏အိမ်က သူနေသည့်အိမ်နှင့် အတန်ငယ်အလှမ်းဝေး၏။ မြို့ထဲတွင်ဖြစ်ပါလျက် ဆန့်ကျင်ဘက်အရပ်ရောက်နေသည်။
မောင့်ကားလေးက တရွေ့ရွေ့ထွက်လာချိန် သူက ကားပြတင်းမှန်ကို အဆုံးထိချထားသည်။ ပြင်ပလေထုကို ခံစားရပါမှ ကားစီးရတာကို သူက သဘောကျနိုင်တာ။ လေနုတသင်းသင်းက နွေးထွေးစွာ တိုက်ခတ်သည်။ ကားပြတင်းမှ လက်ကိုအပြင်ထုတ်မိချိန် လက်ဖဝါးနုနုဆီ လေထုဖြတ်စီးသွားသည်အား ခံစားရသည်က သာယာကြည်နူးဖွယ်အတိ။
မြို့လယ်ဗဟိုမှာ မူလထုံးစံအတိုင်း လူစည်ကားလှသော်လည်း သူတို့သွားနေသည့်နေရာကတော့ ဆိတ်ငြိမ်ရပ်ကွက်လေးသာ။ အနီးနားရောက်လေလေ တိတ်ဆိတ်အေးချမ်းလေလေ။ အိမ်လေးများကလည်း သူဌေးရပ်ကွက်များကဲ့သို့ အပြိုင်အဆိုင်ကြီးကျယ်ခမ်းနားနေတာမျိုးမဟုတ်သော်ငြား သပ်သပ်ရပ်ရပ်နှင့် နေချင်စဖွယ်အိမ်လှလှလေးတွေခပ်များများ။
"ဒီအိမ်လို့ပြောတယ်။ ဟွန်းတီးလိုက်ရမလား"
"အနှောင့်အယှက်ဖြစ်သွားပါဦးမယ်။ ဒီတိုင်းခေါ်ကြည့်တာပေါ့။ ဟော.. ဟိုမှာ လူခေါ်ခေါင်းလောင်းလည်း ရှိတယ်"
Taehyungကားပေါ်မှ မြန်မြန်ဆန်ဆန်ဆင်းသွားလိုက်ပြီး လူခေါ်ခေါင်းလောင်းသေးသေးလေးကို တီးလိုက်သည်။ ပထမတစ်ချက်တီးတော့ ဘယ်သူမှမထွက်လာ။ အိမ်တံခါးများက ပွင့်နေသဖြင့် လူမရှိတာတော့ မဖြစ်နိုင်။ မကြားတာပဲဖြစ်ရမည်။ ထို့ကြောင့် နောက်တစ်ကြိမ်ပြန်တီးလိုက်တော့ ခဏအကြာမှာ အမျိုးသမီးတစ်ယောက်ထွက်လာလေရဲ့။
"ဘာကိစ္စရှိလို့လဲ မောင်ရင်"
"ပန်းအလှပြင်ဖို့အတွက် လာစုံစမ်းတာပါ။ ဒီအိမ်ဟုတ်ပါရဲ့နော်"
"ဪ.. ဟုတ်ပါတယ်။ အိမ်ထဲဝင်ကြပါဦး"
ထိုအမျိုးသမီးက အသက်လေးဆယ်အရွယ်ခန့်ရှိပြီဖြစ်ပြီး မျက်ခုံးပါးပါး မျက်ဝန်းကျယ်ကျယ်နှင့် နှာတံစင်းစင်းတို့ကို အချိုးညီညီပိုင်ဆိုင်ထားသည်။ အပွင့်ရိုက်အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားပြီး စကပ်ရှည်ရှည်နှင့် အင်မတန်ကြည့်ပျော်ရှုပျော်ရှိသော အမျိုးသမီးပါပင်။
"ဒီက Mrs. Annဟုတ်သလားဗျ"
"ဟုတ်ပါတယ်"
"ကျွန်တော်က Jeon JungKookလို့ ခေါ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပွဲအတွက် ပန်းအလှပြင်စေချင်လို့ပါ"
"ဘယ်နေ့များလဲကွယ်။ အချိန်မရလိုက်မှာစိုးလို့ပါ"
"မေလထဲမှာပါပဲ။ ဒုတိယအပတ်သောကြာနေ့လို့တော့ မှန်းထားတယ်။ အဆင်ပြေရဲ့လားဗျ"
အမျိုးသမီးကြီးက သူ၏ မှတ်စုစာအုပ်အသေးလေးကို ဖွင့်ကြည့်သည်။ သူ့ရက်ချိန်းများကို မှတ်စုစာအုပ်ထဲ ရေးမှတ်တတ်သည့် အကျင့်ရှိဟန်တူပါ၏။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီတလောက အားနေလို့သာပေါ့။ ပွဲမတိုင်ခင် အဒေါ်တို့အဖွဲ့လိုက်လာပြင်ပေးပါမယ်။ ဘယ်နေရာမှာများလဲ"
ထိုကိစ္စက ရှောရှောရှူရှူပြီးဆုံးသွားပေလို့သာပေါ့။ ရက်ချိန်းလည်း အဆင်ပြေသွားပြီး အဖိုးအခကလည်း တန်တန်ရာရာပင်။
မင်္ဂလာပွဲတစ်ပွဲပြင်ဆင်ဖို့အရေး ဤမျှအလုပ်များရကြောင်း ယခုမှ နဖူးတွေ့ဒူးတွေ့ သိရတော့သည်။ Taehyungမှာ တစ်ကောင်ကြွက်သာဖြစ်သဖြင့် လူမှုရေး၊ သာရေးနာရေးကိစ္စများနှင့်လည်း အလှမ်းဝေးလှသည်။ ပွဲအစီအစဥ်များနှင့်လည်း မရင်းနှီးလှ။ ရုံးက ဧည့်ခံပွဲများ ရှိခဲ့လျှင်တောင် အမျိုးသမီးများကသာ အစအဆုံးစီစဥ်သွားတတ်ကြသဖြင့် Taehyungမှာ ဘာဆိုဘာမှ မသိလိုက်ရ။
ကိုယ်တိုင်လက်ထပ်တော့မည်ဆိုကာမှ အသေးအဖွဲ့လေးများကအစ ကိုယ်တိုင်ကြီးကြပ်ရန်လိုအပ်ကြောင်း သဘောပေါက်ရ၏။ မောင်ရှိနေပေလို့သာ.. မောင်ဖြစ်နေပေလို့သာ။ မောင်က သူ့ကို ဘာဆိုဘာမှ အပူပင်မခံဘဲ ကကြီးမှအ,အထိ တာဝန်ယူထားသူ။ မောင့်လောက်တာဝန်သိနိုင်သော သတို့သားပင်ရှိပါရဲ့လား။
ကမ္ဘာကြီး၏ တစ်ထောင့်တစ်နေရာမှာ သတို့သားပြိုင်ပွဲများရှိပါလျှင် သူ့ချစ်လင်သတို့သားလောင်းလျာကြီးကို ဝင်ပြိုင်ခိုင်းမိမှာ အသေအချာ။
"မောင်တော့ အလုပ်ကများရတဲ့ကြား ပင်ပန်းတော့မှာပဲ။ ကျွန်တော်က မြို့ခံဖြစ်ပြီး ဘာအကူအညီမှလည်း ပေးနိုင်တာမဟုတ်ဘူး"
"မပင်ပန်းပါဘူး။ ဒါတွေက အမှတ်တရလေးတွေ။ မောင်က အမှတ်တရတွေကို သိမ်းဆည်းနေတာ။ ချစ်ရသူနဲ့လက်ထပ်ဖို့အရေး ကိုယ်တိုင်အစကနေပြင်ဆင်ရတာ ဘယ်လောက်တောင်ကြည်နူးဖို့ကောင်းလိုက်သလဲ"
ကားစီးနေရင်း Taehyung၏ ကိုယ်ခန္ဓါက မောင့်ဘက်သို့ (၄၅)ဒီဂရီတိမ်းစောင်းလျက်ရှိ၏။ မောင့်စကားကြောင့် အလိုအလျောက်ပြုံးမိစဥ် အသည်းနှလုံးလေးအထိ တသိမ့်သိမ့်လှိုက်ခုန်ချင်စရာကောင်းနေတာ။
"သက်သက်မဲ့အကောင်းမြင်လွန်းနေတာ မဟုတ်ဘူးလား။ နေကပူပူ ကားတစ်စီးနဲ့ တစ်မြို့လုံးပတ်သွားနေရတာ နည်းနည်းတော့ ပင်ပန်းမှာပါပဲ"
"ဒါဆို မောင့်ကို အမောပြေအောင်လုပ်ပေးလေ"
"ဘယ်လိုလဲ"
"မောင့်ကို နမ်း.."
"မောင်ကလည်း ကားမောင်းနေတာကို"
သူပြောလိုက်မှ လမ်းဘေးလူသွားစင်္ကြန်အနား ကားထိုးရပ်လိုက်သော မောင်။ ဤမျှပင် အနမ်းဓါတ်လိုလှချည့်လား။ ပိုပိုကဲကဲရှိလှသော်လည်း အနမ်းဆုလာဘ်လေး မပေးရမနေနိုင်အောင် မောင်ဘယ်လိုများ ပြုစားလိုက်တာပါလိမ့်။
ထောက်ရှားကိုင်းများ ကားရှေ့မှန်ကို လုံလုံလောက်လောက် ကွယ်ထားပါစေဟု ရှက်ဝဲဝဲနှင့်သာ မျှော်လင့်မိတော့သည်။ မောင့်ပါးချိုင့်နေရာအား အုပ်ကိုင်ဆွဲယူရင်း မောင်ဟာ သူ့နှုတ်ခမ်းပါးများကို နွေးအိစိုစွတ်သွားစေတော့သည်။
တိမ်စိုင်များအပေါ် လမ်းလျှောက်နေရသလို အသည်းအေးစေသော အနမ်းပန်းပွင့်လေး။ ပန်းများမှာ သူ့အရောင်အသွေးနှင့်သူ ပွင့်တတ်ကြသည်ဆိုပါလျှင် သည်အနမ်းပန်းတွေကို ဆေးခြယ်သူကတော့ မောင်ပဲဖြစ်လိမ့်မည်။ မောင်ဆုံးဖြတ်ရာ မောင်ခြယ်ရေးရာ အရောင်အတိုင်းပဲပေါ့။ သူ့အနမ်းတွေကို မောင်သာပိုင်၍ မောင့်ထံပါး ဝကွက်အပ်ပါတော့မည်။
"ဒါလေးလိုချင်တာနဲ့ပဲ ကားရပ်ပစ်ရသလား"
"မောနေလို့ အားဆေးယူတာလေ မျက်ခြယ်ရယ်"
"အချိန်မရွေးရနိုင်တာကို ချက်ခြင်းမှမရရင် သေမလိုပဲ"
"ဟုတ်တယ်.. အနမ်းလေးမှမရရင် မောင်တော့ သေမလိုပဲ"
"သွား.. အရမ်းစကားတတ်"
လက်သည်းခွံအချင်းချင်းပွတ်တိုက်မိနေရင်း ရှက်သွေးပန်းရယ်က တနီနီ။ မောင့်အပြောလေးတွေကိုလည်း ကြွေရသည်၊ အချစ်ပန်းလည်း ဝေရပါသည်။
မောင့်အိမ်သူသက်ထားဖြစ်ဖို့အရေး နှစ်ပတ်ဆိုသည့်ကာလအား ကိုယ်တော့ စောင့်ရင်း မောရပါပြီကောကွယ်။
____
"Kim Taehyung.. ဒီမှာ မင်းဧည့်သည်"
အဒေါ်ကြီးမှာ မောင့်ဆီက အိမ်လခများ ကြိုတင်ရထားပြီးတည်းက သူ့ကို တစာစာနှင့် စိတ်အနှောင့်အယှက်မပေးတော့။ သို့သော် မာရေကျောရေအသံကတော့ ဗီဇအရဆင်းသက်လာသည့်ဖြစ်၍ မပြောင်းလဲသွား။
"အဒေါ်.. အဒေါ်က ဒီကို ဘယ်လို..။ မောင်ရော သိရဲ့လားဟင်"
အိမ်အောက်ထပ်ဧည့်ခန်းမှာ ကိုယ့်ကိုစောင့်နေသော ဧည့်သည်က မောင့်မိခင်ကြီးတဲ့လေ။ အနည်းငယ်တော့ ရင်ထိတ်သွားရသည်။ တဆတ်ဆတ်လှုပ်ခတ်နေသော ညာဘက်မျက်ခမ်းစပ်ကို ယုံချင်သလိုလိုဖြစ်လာ၏။
ထို့အပြင် ယခုလေးတင် မောင်က သူ့ကို အိမ်ရှေ့အထိပို့ပြီး ပြန်သွားတာ။ မောင့်အမေ နာ့ရှ်ဗီးလ်ကိုရောက်နေကြောင်း မောင်ရော သိပါရဲ့လား။ ဆက်စပ်ကာတွေးကြည့်လျှင်တော့ မောင်သိစရာအကြောင်းမရှိ။ မောင်သာ ကြိုသိလျှင် သူ့ကိုမပြောဘဲနေမည်ဟု မထင်ပါ။
"JungKook မသိပါဘူးကွယ်။ အဒေါ်တို့ တစ်နေရာရာမှာ စကားသွားပြောကြမလား။ Mr. Kimနဲ့ နှစ်ယောက်တည်းပြောချင်တာလေးရှိလို့"
ဒါဟာ နှစ်ဦးသား၏ကိုယ်ရေးကိုယ်တာစကားဝိုင်းဖြစ်လိမ့်မည်ဟု သူ၏ပကတိအသိဉာဥ်က ရိပ်စားမိလိုက်သည်။ ထို့ကြောင့်ပင် အဒေါ်ပြောသည့် တစ်နေရာရာဆိုသည့် နေရာအား သာမန်ကာလျှံကာစဥ်းစားလို့မရတော့။ အပေါ်ထပ်မှာရှိသည့် ကိုယ့်အခန်းကို ခေါ်သွားလို့ရပေမဲ့ ရှက်စရာကောင်းအောင် နုံချာလွန်းသည်။ မောင်တို့စံအိမ်ကြီးနှင့် ယှဥ်လျှင် ပိုလို့ပင် သိသာဦးမည်။
"ဒါဆို အပြင်က ဆိုင်တစ်ဆိုင်ဆိုင်သွားကြမလား။ အခန်းနဲ့ရတဲ့ဆိုင်လေး ဒီနားမှာရှိပါတယ်"
အဆင့်မြင့်စားသောက်ဆိုင်ဆိုလျှင် မောင်နှင့်သွားဖို့ကိုပင် သူရှောင်ကြဥ်သည်။ မောင်က ငွေရေးကြေးရေးကို ဗွေယူတွေးတောတတ်သူမဟုတ်သော်ငြား သူ့ဘက်က အားနာမိလွန်းလို့။ ယခုတော့ မောင့်အမေ၏အရှိန်ကြောင့်ပင် တစ်ခါမှမသွားဖူးသောဆိုင်ကို ခြေဦးလှည့်ရတော့မည်။ သူ့ပိုက်ဆံအိတ်က ပြားကပ်ကပ်၊ ယဥ်ကျေးမှုအရ ငွေရှင်းဖို့တော့ လောက်ငကောင်းပါ၏။
"လမ်းလျှောက်သွားမှာလား။ ကားမရှိဘူးလားကွယ်။ အဒေါ်လည်း ငှားထားတဲ့ဒရိုက်ဘာကို စောင့်ရတာ ကြာနေလို့ ပြန်လွှတ်လိုက်ပြီကွဲ့"
"ဆိုင်လေးက ဒီထိပ်နားက အကွေ့တင်ပါ။ အဒေါ်အဆင်မပြေရင် ဒီမှာခဏထိုင်စောင့်နေလေ။ ကျွန်တော် တက္ကစီ သွားခေါ်ပေးပါ့မယ်"
"အိုကွယ်.. တော်ပါပြီ။ ဒီတိုင်းပဲ သွားကြတာပေါ့"
လမ်းတစ်လျှောက်လုံး သူနှင့်မောင့်အမေ စကားတစ်ခွန်းမှ မပြောဖြစ်။ သက်ပြင်းအကြိမ်ကြိမ်ခိုးချမိသည်။ သူ့ရင်ဘတ်ထဲ ခဲလုံးကြီးတစ်လုံး ဆွဲချိတ်ထားသည့်နှယ် ဖိအားက များလွန်းသည်။ မောင်မရှိဘဲ မောင်မသိဘဲ မောင့်အမေနှင့်နှစ်ယောက်တည်းတွေ့ရမည်တဲ့လေ။ ဘာအကြောင်းကြောင့်များ သည်လိုတွေ့စရာရည်ရွယ်ချက်ရှိနိုင်မည်လဲ။ မောင့်နောက်ကွယ်မှာ ခိုးကြောင်ခိုးဝှက်လုပ်ရသမျှက သူ့ကိုရတက်မအေးဖြစ်စေပါ၏။
"နာ့ရှ်ဗီးထိ တကူးတကကြီး ဘာကိစ္စရှိလို့လဲ အဒေါ်။ မင်္ဂလာပွဲကလည်း လိုသေးတာကို"
"ပြောရမှာတော့ အဒေါ်လည်း အားတော့နာပါတယ်။ ဒါပေမဲ့ Mr. Kimက လူရည်လူမွန်လေးဆိုတော့ လွယ်လွယ်သဘောပေါက်နိုင်မယ်လို့ပဲ မျှော်လင့်ပါတယ်"
နွေးပူလွန်းသော ကော်ဖီခါးခါးတစ်ခွက်ကို သူဟာ အသက်မဲ့စွာ ဆုပ်ကိုင်မိထားသည်။ တုန်ယင်နေသော သွယ်လျလျလက်ချောင်းများအတွက် ဖြေရှင်းချက်တစ်ခုရှာမိရုံ။ သူ့ကိုယ်သူတောင်မသိဘဲ အောက်နှုတ်ခမ်းပါးကို ကိုက်နေမိတာလည်း သွေးထွက်လုလု။
"ပြောပါခင်ဗျ"
"JungKookက အဒေါ်တို့အတွက် အမြဲလိုလိုဂုဏ်တက်စေတဲ့သားလေးပါ။ သူကျောင်းစတက်တဲ့အရွယ်တည်းက အခုလိုခရိုင်မင်းဖြစ်တဲ့အထိ အဒေါ်တို့အတွက် ဂုဏ်ယူစရာတွေချည်း ဖန်တီးပေးခဲ့တဲ့ သားလေးပေါ့"
"ဟုတ်ကဲ့။ ကျွန်တော်သိထားပါတယ်"
"အခုတော့ အဒေါ်တို့မိသားစုဂုဏ်ကျဆင်းစေတဲ့ကိစ္စတစ်ခုကို သူလုပ်မလို့စီစဥ်နေတယ်လေ"
ဒိန်းခနဲ သူ့ရင်ထဲသို့ မြှားတစ်စင်းဝင်လာသည့်နှယ် တုန်လှုပ်မှုမျိုး။ နွေရာသီက ချမ်းစိမ့်စိမ့်ဓါတ်ကို မဖန်တီးပေးနိုင်သော်ငြား သူကတော့ စိမ့်အေးစွာ တုန်ယင်လှပြီ။ မောင့်အမေ၏ စကားအသွားအလာကို ရိပ်ဖမ်းသံဖမ်းနားလည်စပြုနေပြီဖြစ်သော်လည်း လူကြီးတစ်ယောက်က ပြောပြီသားစကားကို လွယ်လွယ်နှင့်ရုတ်သိမ်းမှာမဟုတ်ဟု မျှော်လင့်နေမိသေး၏။
"ဘာများလဲ အဒေါ်"
"JungKookက အမျိုးသားတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုတာကို အဒေါ်တို့အသိုင်းအဝိုင်းမှာ အဒေါ်ဘယ်လိုပြောပြရမလဲ"
"ကျွန်တော်နားမလည်တော့ဘူး။ ကျွန်တော်တို့လက်ထပ်ပွဲအတွက် မောင့်မိသားစုက ကြည်ကြည်ဖြူဖြူခွင့်ပြုထားတယ်လို့ပဲ သိထားတာ။ လက်ထပ်ပွဲကလည်း နီးနေပြီ.. အားလုံးလည်း ပြင်ဆင်ပြီးသလောက်ရှိနေကာမှ.."
"နှစ်ပတ်တောင်လိုသေးတယ်မဟုတ်လား။ အချိန်မီပါသေးတယ်။ ဖိတ်စာတွေတောင်မရသေးတာ မမီဘူးဆိုတာ မရှိပါဘူး။ Mr. Kimဘက်ကပဲ အေးအေးချမ်းချမ်းနောက်ဆုတ်ပေးဖို့ အဒေါ်တောင်းဆိုပါတယ်ကွယ်"
ဗလာကျင်းသွားသော ဦးနှောက်နှင့် နှလုံးသားက အလုပ်လုပ်ရာမှာ စီးချက်မညီတော့။ ထိုင်နေလျက်က ပျော့ခွေညွှတ်ကျသွားသော ခြေနှစ်ဖက်ရယ်၊ ဖြူဖျော့သွားသော နှုတ်ခမ်းပါးများရယ်။ နက်မှောင်ညိုစိမ့်နေသော ကော်ဖီခါးခါးမှာ အဆိပ်ခတ်ထားသလားထင်ရအောင် အကျည်းတန်လို့နေ၏။
"မောင်မသိအောင်လာခဲ့တာ ဒီကိစ္စအတွက်ပေါ့ ဟုတ်လား အဒေါ်။ ဒါကိုသာ မောင်သိရင် အဒေါ့်ကို ဘယ်လောက်နာကြည်းလိမ့်မလဲ"
"အခိုက်အတန့်ပေါ့။ နောက်တော့လည်း ဒီအမေစီစဥ်တာ သူကောင်းဖို့ဆိုတာ သူလက်ခံရမှာပါပဲ။ တစ်သက်လုံးကျွေးမွေးစောင့်ရှောက်လာတဲ့အမေနဲ့ အခုမှတွေ့တဲ့ Mr. Kimနဲ့.."
"အဒေါ်နှိုင်းယှဥ်စရာမလိုပါဘူး။ ကျွန်တော်က ကလေးဆန်ပြီး မောင်နဲ့မောင့်အမေကြား ခလောက်ဆန်မယ်လို့များ အဒေါ်ထင်နေသလား။ အဒေါ်နဲ့ကျွန်တော့်ကို မောင့်ရဲ့ချစ်ပုံချစ်နည်းချင်းကလည်း တူမနေပါဘူး။ အဒေါ်သဘောပေါက်ဖို့ကောင်းတယ်"
Taehyungမှာ သိမ်ငယ်စိတ်ထက် ဒေါသစိတ်ကသာ ပိုများနေသယောင်ယောင်။ မောင့်အပေါ်သာ သူက မာနနည်းရင်နည်းရမည်။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှလူများအတွက် သူ့မှာ မာနထားနိုင်ပါ၏။ မာနအလွှာက ပါးသော်လည်း ဘယ်သူ့ဘယ်သူကိုမှ ဖြတ်ကျော်ဝင်ရောက်ခွင့်ပြုမှာမဟုတ်။
"အဒေါ်ပြန်ပါတော့။ မောင်ဘာမှမသိစေရပါဘူး။ လက်ထပ်ပွဲကလည်း စီစဥ်ထားတဲ့ရက်မှာ ရှိနေဦးမှာပါ"
ရိုင်းပျသည်ဟု ထင်ချင်ထင်ပါစေတော့။ စိတ်ကိုဒုန်းဒုန်းချပြီး Taehyung ထိုနေရာမှ ထထွက်လာဖို့ရာပြင်သည်။ တင်းထားသမျှ စိတ်ခံတပ်ပါးလျလျဟာ မောင့်အမေဆီမှ နောက်ဆက်တွဲစကားများမတိုင်ခင်အထိသာ။
"မိဘမဲ့.."
ထိုစကားလုံးကို ကြားရုံနှင့်ပင် သူ့ကိုယ်တွင်းများ ရုပ်ချည်းဆိုသလို သွေးများစီးဆင်းမှုပြတ်လပ်၏။
"မိဘမဲ့ဆို။ မိဘတွေကို ဘယ်နားလည်နိုင်ပါ့မလဲ"
"အဒေါ်ဘယ်လိုပြောလိုက်တာလဲ"
မျက်ရည်ဥများ စီးမကျလာစေရန် အံတင်းတင်းကြိတ်ထားမိလျက်သား။
"တော်တော်နဲ့လည်း စကားမပြောတတ်ခဲ့ဘူးလို့ကြားတယ်။ မင်းနောက်ကြောင်းနဲ့ဗီဇက ဘာတစ်ခုမှအားရစရာမရှိပေမဲ့ ကိုယ့်သားကရွေးချယ်လာလို့ လူရည်လူမွန်လေးလို့ပဲ ယူဆထားခဲ့တာ.. အဒေါ်မှားသွားပြီလား"
"ကျွန်တော့်နောက်ကြောင်းတွေကို စုံစမ်းခဲ့တာလား။ ဘယ်ကလဲ.. ဘယ်လိုနည်းနဲ့လဲ။ ဒါကိုယ်ရေးကိုယ်တာအရ စည်းဖောက်နေတာမဟုတ်လား"
စားသောက်ဆိုင်၏အခန်းငယ်လေးဟာ အလှဆင်ထားသော်လည်း ချောက်ချားဖွယ်ကောင်းလာသည်။ ဘယ်ကမှန်းမသိတဲ့ လှောင်ရယ်သံတွေက အကြားအာရုံကို ဆက်တိုက်ဆိုသလိုပင် ထိတွေ့နေ၏။ လက်ရှိတရားက ခါးသီးလွန်းလို့ နွေးအိစွာမှေးစက်နိုင်သော တစ်နေရာရာကို ရှာတွေ့နိုင်ရင်ကောင်းလိမ့်မည်။
"ထပ်ပြီးတော့.. အဒေါ့်သားက Mr. Kimကို အိမ်ငှားထားပေးတယ်ဆိုပဲ။ ကိုယ့်သားက ချစ်စိတ်မွှန်နေလို့ အပြစ်မပြောသာပေမဲ့ JungKookလို ယောကျ်ားရင့်မာကြီးဆီက ဒီလိုအခွင့်အရေးမျိုးရအောင် မင်းဘယ်လိုတောင်သိမ်းသွင်းလိုက်တာလဲ Mr. Kim"
နီစွေးစူးရဲသွားသော မျက်ဝန်းတစ်စုံနှင့်အတူ သူ့မာနလက်ကျန်လေးထဲ ဒေါသက ခါးသက်စွာ ရောနှောလို့သွားလေပြီ။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
သည္ေန႔ထိတိုင္ Taehyungမွာ ညာဘက္မ်က္ခမ္းက ခပ္လႈပ္လႈပ္ျဖစ္ေနဆဲ။ အတိတ္နိမိတ္တေဘာင္ေတြ မယုံေသာ္ျငား ေနရခက္လြန္းလွတာေတာ့ အမွန္ပင္။ မ်က္လုံးကို ပြတ္သပ္ၿပီးရင္း ပြတ္သပ္မိေတာ့ ညာဘက္မ်က္သားျဖဴျဖဴတို႔က အနီေရာင္သန္းလုလု။ ဒါကို ေမာင္ကျမင္တာနဲ႔ ျပာျပာသလဲ ထေမးေတာ့သည္။
"မ်က္ျခယ္ မ်က္လုံးက ဘာျဖစ္တာလဲ..နီရဲေနတာပဲ"
"မ်က္ခမ္းကလႈပ္ေနတာ ဟိုတစ္ရက္ကတည္းကပဲ။ ေနရခက္လို႔ ပြတ္မိရင္းနဲ႔ ခုလိုျဖစ္ကုန္တာ"
"ဘယ္ေလာက္ေနရခက္ခက္သတိထားမွေပါ့ကြာ။ အရမ္းပြတ္မိရင္ ပိုဆိုးကုန္လိမ့္မယ္"
"အင္းပါ။ ဘာမွလည္းမျဖစ္ေနပါဘူး စိုးရိမ္မေနပါနဲ႔။ အခု ဘယ္သြားၾကမွာလဲ သြားမယ္ေလ"
မဂၤလာပြဲရက္နီးလာသည္ႏွင့္အမွ် ျပင္ဆင္စရာေတြကလည္း မ်ားၿပီးရင္း မ်ားလာသည္။ နဂိုကပင္ ႐ုံးအလုပ္က မနည္းလွသည္ေၾကာင့္ အခ်ိန္ပင္လုေနရသည့္အျဖစ္။ သို႔ေသာ္ ေမာင္က မ်က္ႏွာႀကီးသည္ေၾကာင့္ပဲထင္ပါရဲ႕.. မျဖစ္မေနရက္တစ္ပိုင္းခြင့္ယူရသည့္ကိစၥမ်ားကိုပင္ မန္ေနဂ်ာႀကီးက ရစ္မေနေတာ့ပါ။ ဪ.. ရာထူးအာဏာဆိုသည္က တန္ခိုးႀကီးလိုက္ပုံမ်ားေပါ့။
"ပန္းအလွျပင္တယ္ဆိုတဲ့တစ္ေယာက္ဆီ သြားစုံစမ္းမလို႔ေလ။ ဒီၿမိဳ႕မွာေတာ့ သူက နာမည္အႀကီးဆုံးဆိုလားပဲ။ ရက္ခ်ိန္းေတာင္ ေတာ္ေတာ္ႀကိဳယူရမွာဆိုပဲ။ မ်က္ျခယ္မ်ား သူ႔ကိုသိေနမလား"
"မသိေလာက္ပါဘူး ေမာင္ရယ္။ ႐ုံးနဲ႔အိမ္တင္ အလုပ္မ်ားေနတာကို ဘယ္လိုလုပ္ၿပီး ပန္းအလွျပင္တဲ့သူကို သိႏိုင္မွာလဲ"
"ဟုတ္လား။ ေမာင့္ဝန္ထမ္းေတြ အားလုံးက သူ႔ကို သိၿပီး ၫႊန္းေနၾကေတာ့ေလ"
ပန္းအလွျပင္သည့္အမ်ိဳးသမီး၏အိမ္က သူေနသည့္အိမ္ႏွင့္ အတန္ငယ္အလွမ္းေဝး၏။ ၿမိဳ႕ထဲတြင္ျဖစ္ပါလ်က္ ဆန္႔က်င္ဘက္အရပ္ေရာက္ေနသည္။
ေမာင့္ကားေလးက တေ႐ြ႕ေ႐ြ႕ထြက္လာခ်ိန္ သူက ကားျပတင္းမွန္ကို အဆုံးထိခ်ထားသည္။ ျပင္ပေလထုကို ခံစားရပါမွ ကားစီးရတာကို သူက သေဘာက်ႏိုင္တာ။ ေလႏုတသင္းသင္းက ေႏြးေထြးစြာ တိုက္ခတ္သည္။ ကားျပတင္းမွ လက္ကိုအျပင္ထုတ္မိခ်ိန္ လက္ဖဝါးႏုႏုဆီ ေလထုျဖတ္စီးသြားသည္အား ခံစားရသည္က သာယာၾကည္ႏူးဖြယ္အတိ။
ၿမိဳ႕လယ္ဗဟိုမွာ မူလထုံးစံအတိုင္း လူစည္ကားလွေသာ္လည္း သူတို႔သြားေနသည့္ေနရာကေတာ့ ဆိတ္ၿငိမ္ရပ္ကြက္ေလးသာ။ အနီးနားေရာက္ေလေလ တိတ္ဆိတ္ေအးခ်မ္းေလေလ။ အိမ္ေလးမ်ားကလည္း သူေဌးရပ္ကြက္မ်ားကဲ့သို႔ အၿပိဳင္အဆိုင္ႀကီးက်ယ္ခမ္းနားေနတာမ်ိဳးမဟုတ္ေသာ္ျငား သပ္သပ္ရပ္ရပ္ႏွင့္ ေနခ်င္စဖြယ္အိမ္လွလွေလးေတြခပ္မ်ားမ်ား။
"ဒီအိမ္လို႔ေျပာတယ္။ ဟြန္းတီးလိုက္ရမလား"
"အေႏွာင့္အယွက္ျဖစ္သြားပါဦးမယ္။ ဒီတိုင္းေခၚၾကည့္တာေပါ့။ ေဟာ.. ဟိုမွာ လူေခၚေခါင္းေလာင္းလည္း ရွိတယ္"
Taehyungကားေပၚမွ ျမန္ျမန္ဆန္ဆန္ဆင္းသြားလိုက္ၿပီး လူေခၚေခါင္းေလာင္းေသးေသးေလးကို တီးလိုက္သည္။ ပထမတစ္ခ်က္တီးေတာ့ ဘယ္သူမွမထြက္လာ။ အိမ္တံခါးမ်ားက ပြင့္ေနသျဖင့္ လူမရွိတာေတာ့ မျဖစ္ႏိုင္။ မၾကားတာပဲျဖစ္ရမည္။ ထို႔ေၾကာင့္ ေနာက္တစ္ႀကိမ္ျပန္တီးလိုက္ေတာ့ ခဏအၾကာမွာ အမ်ိဳးသမီးတစ္ေယာက္ထြက္လာေလရဲ႕။
"ဘာကိစၥရွိလို႔လဲ ေမာင္ရင္"
"ပန္းအလွျပင္ဖို႔အတြက္ လာစုံစမ္းတာပါ။ ဒီအိမ္ဟုတ္ပါရဲ႕ေနာ္"
"ဪ.. ဟုတ္ပါတယ္။ အိမ္ထဲဝင္ၾကပါဦး"
ထိုအမ်ိဳးသမီးက အသက္ေလးဆယ္အ႐ြယ္ခန္႔ရွိၿပီျဖစ္ၿပီး မ်က္ခုံးပါးပါး မ်က္ဝန္းက်ယ္က်ယ္ႏွင့္ ႏွာတံစင္းစင္းတို႔ကို အခ်ိဳးညီညီပိုင္ဆိုင္ထားသည္။ အပြင့္႐ိုက္အက်ႌလက္ရွည္ကို ဝတ္ဆင္ထားၿပီး စကပ္ရွည္ရွည္ႏွင့္ အင္မတန္ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိေသာ အမ်ိဳးသမီးပါပင္။
"ဒီက Mrs. Annဟုတ္သလားဗ်"
"ဟုတ္ပါတယ္"
"ကြၽန္ေတာ္က Jeon JungKookလို႔ ေခၚပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ လက္ထပ္ပြဲအတြက္ ပန္းအလွျပင္ေစခ်င္လို႔ပါ"
"ဘယ္ေန႔မ်ားလဲကြယ္။ အခ်ိန္မရလိုက္မွာစိုးလို႔ပါ"
"ေမလထဲမွာပါပဲ။ ဒုတိယအပတ္ေသာၾကာေန႔လို႔ေတာ့ မွန္းထားတယ္။ အဆင္ေျပရဲ႕လားဗ်"
အမ်ိဳးသမီးႀကီးက သူ၏ မွတ္စုစာအုပ္အေသးေလးကို ဖြင့္ၾကည့္သည္။ သူ႔ရက္ခ်ိန္းမ်ားကို မွတ္စုစာအုပ္ထဲ ေရးမွတ္တတ္သည့္ အက်င့္ရွိဟန္တူပါ၏။
"တိုက္တိုက္ဆိုင္ဆိုင္ပဲ အဲဒီတေလာက အားေနလို႔သာေပါ့။ ပြဲမတိုင္ခင္ အေဒၚတို႔အဖြဲ႕လိုက္လာျပင္ေပးပါမယ္။ ဘယ္ေနရာမွာမ်ားလဲ"
ထိုကိစၥက ရေွာ္ေရွာ္ရႉရႉၿပီးဆုံးသြားေပလို႔သာေပါ့။ ရက္ခ်ိန္းလည္း အဆင္ေျပသြားၿပီး အဖိုးအခကလည္း တန္တန္ရာရာပင္။
မဂၤလာပြဲတစ္ပြဲျပင္ဆင္ဖို႔အေရး ဤမွ်အလုပ္မ်ားရေၾကာင္း ယခုမွ နဖူးေတြ႕ဒူးေတြ႕ သိရေတာ့သည္။ Taehyungမွာ တစ္ေကာင္ႂကြက္သာျဖစ္သျဖင့္ လူမႈေရး၊ သာေရးနာေရးကိစၥမ်ားႏွင့္လည္း အလွမ္းေဝးလွသည္။ ပြဲအစီအစဥ္မ်ားႏွင့္လည္း မရင္းႏွီးလွ။ ႐ုံးက ဧည့္ခံပြဲမ်ား ရွိခဲ့လွ်င္ေတာင္ အမ်ိဳးသမီးမ်ားကသာ အစအဆုံးစီစဥ္သြားတတ္ၾကသျဖင့္ Taehyungမွာ ဘာဆိုဘာမွ မသိလိုက္ရ။
ကိုယ္တိုင္လက္ထပ္ေတာ့မည္ဆိုကာမွ အေသးအဖြဲ႕ေလးမ်ားကအစ ကိုယ္တိုင္ႀကီးၾကပ္ရန္လိုအပ္ေၾကာင္း သေဘာေပါက္ရ၏။ ေမာင္ရွိေနေပလို႔သာ.. ေမာင္ျဖစ္ေနေပလို႔သာ။ ေမာင္က သူ႔ကို ဘာဆိုဘာမွ အပူပင္မခံဘဲ ကႀကီးမွအ,အထိ တာဝန္ယူထားသူ။ ေမာင့္ေလာက္တာဝန္သိႏိုင္ေသာ သတို႔သားပင္ရွိပါရဲ႕လား။
ကမာၻႀကီး၏ တစ္ေထာင့္တစ္ေနရာမွာ သတို႔သားၿပိဳင္ပြဲမ်ားရွိပါလွ်င္ သူ႔ခ်စ္လင္သတို႔သားေလာင္းလ်ာႀကီးကို ဝင္ၿပိဳင္ခိုင္းမိမွာ အေသအခ်ာ။
"ေမာင္ေတာ့ အလုပ္ကမ်ားရတဲ့ၾကား ပင္ပန္းေတာ့မွာပဲ။ ကြၽန္ေတာ္က ၿမိဳ႕ခံျဖစ္ၿပီး ဘာအကူအညီမွလည္း ေပးႏိုင္တာမဟုတ္ဘူး"
"မပင္ပန္းပါဘူး။ ဒါေတြက အမွတ္တရေလးေတြ။ ေမာင္က အမွတ္တရေတြကို သိမ္းဆည္းေနတာ။ ခ်စ္ရသူနဲ႔လက္ထပ္ဖို႔အေရး ကိုယ္တိုင္အစကေနျပင္ဆင္ရတာ ဘယ္ေလာက္ေတာင္ၾကည္ႏူးဖို႔ေကာင္းလိုက္သလဲ"
ကားစီးေနရင္း Taehyung၏ ကိုယ္ခႏၶါက ေမာင့္ဘက္သို႔ (၄၅)ဒီဂရီတိမ္းေစာင္းလ်က္ရွိ၏။ ေမာင့္စကားေၾကာင့္ အလိုအေလ်ာက္ၿပဳံးမိစဥ္ အသည္းႏွလုံးေလးအထိ တသိမ့္သိမ့္လႈိက္ခုန္ခ်င္စရာေကာင္းေနတာ။
"သက္သက္မဲ့အေကာင္းျမင္လြန္းေနတာ မဟုတ္ဘူးလား။ ေနကပူပူ ကားတစ္စီးနဲ႔ တစ္ၿမိဳ႕လုံးပတ္သြားေနရတာ နည္းနည္းေတာ့ ပင္ပန္းမွာပါပဲ"
"ဒါဆို ေမာင့္ကို အေမာေျပေအာင္လုပ္ေပးေလ"
"ဘယ္လိုလဲ"
"ေမာင့္ကို နမ္း.."
"ေမာင္ကလည္း ကားေမာင္းေနတာကို"
သူေျပာလိုက္မွ လမ္းေဘးလူသြားစၾကၤန္အနား ကားထိုးရပ္လိုက္ေသာ ေမာင္။ ဤမွ်ပင္ အနမ္းဓါတ္လိုလွခ်ည့္လား။ ပိုပိုကဲကဲရွိလွေသာ္လည္း အနမ္းဆုလာဘ္ေလး မေပးရမေနႏိုင္ေအာင္ ေမာင္ဘယ္လိုမ်ား ျပဳစားလိုက္တာပါလိမ့္။
ေထာက္ရွားကိုင္းမ်ား ကားေရွ႕မွန္ကို လုံလုံေလာက္ေလာက္ ကြယ္ထားပါေစဟု ရွက္ဝဲဝဲႏွင့္သာ ေမွ်ာ္လင့္မိေတာ့သည္။ ေမာင့္ပါးခ်ိဳင့္ေနရာအား အုပ္ကိုင္ဆြဲယူရင္း ေမာင္ဟာ သူ႔ႏႈတ္ခမ္းပါးမ်ားကို ေႏြးအိစိုစြတ္သြားေစေတာ့သည္။
တိမ္စိုင္မ်ားအေပၚ လမ္းေလွ်ာက္ေနရသလို အသည္းေအးေစေသာ အနမ္းပန္းပြင့္ေလး။ ပန္းမ်ားမွာ သူ႔အေရာင္အေသြးႏွင့္သူ ပြင့္တတ္ၾကသည္ဆိုပါလွ်င္ သည္အနမ္းပန္းေတြကို ေဆးျခယ္သူကေတာ့ ေမာင္ပဲျဖစ္လိမ့္မည္။ ေမာင္ဆုံးျဖတ္ရာ ေမာင္ျခယ္ေရးရာ အေရာင္အတိုင္းပဲေပါ့။ သူ႔အနမ္းေတြကို ေမာင္သာပိုင္၍ ေမာင့္ထံပါး ဝကြက္အပ္ပါေတာ့မည္။
"ဒါေလးလိုခ်င္တာနဲ႔ပဲ ကားရပ္ပစ္ရသလား"
"ေမာေနလို႔ အားေဆးယူတာေလ မ်က္ျခယ္ရယ္"
"အခ်ိန္မေ႐ြးရႏိုင္တာကို ခ်က္ျခင္းမွမရရင္ ေသမလိုပဲ"
"ဟုတ္တယ္.. အနမ္းေလးမွမရရင္ ေမာင္ေတာ့ ေသမလိုပဲ"
"သြား.. အရမ္းစကားတတ္"
လက္သည္းခြံအခ်င္းခ်င္းပြတ္တိုက္မိေနရင္း ရွက္ေသြးပန္းရယ္က တနီနီ။ ေမာင့္အေျပာေလးေတြကိုလည္း ေႂကြရသည္၊ အခ်စ္ပန္းလည္း ေဝရပါသည္။
ေမာင့္အိမ္သူသက္ထားျဖစ္ဖို႔အေရး ႏွစ္ပတ္ဆိုသည့္ကာလအား ကိုယ္ေတာ့ ေစာင့္ရင္း ေမာရပါၿပီေကာကြယ္။
____
"Kim Taehyung.. ဒီမွာ မင္းဧည့္သည္"
အေဒၚႀကီးမွာ ေမာင့္ဆီက အိမ္လခမ်ား ႀကိဳတင္ရထားၿပီးတည္းက သူ႔ကို တစာစာႏွင့္ စိတ္အေႏွာင့္အယွက္မေပးေတာ့။ သို႔ေသာ္ မာေရေက်ာေရအသံကေတာ့ ဗီဇအရဆင္းသက္လာသည့္ျဖစ္၍ မေျပာင္းလဲသြား။
"အေဒၚ.. အေဒၚက ဒီကို ဘယ္လို..။ ေမာင္ေရာ သိရဲ႕လားဟင္"
အိမ္ေအာက္ထပ္ဧည့္ခန္းမွာ ကိုယ့္ကိုေစာင့္ေနေသာ ဧည့္သည္က ေမာင့္မိခင္ႀကီးတဲ့ေလ။ အနည္းငယ္ေတာ့ ရင္ထိတ္သြားရသည္။ တဆတ္ဆတ္လႈပ္ခတ္ေနေသာ ညာဘက္မ်က္ခမ္းစပ္ကို ယုံခ်င္သလိုလိုျဖစ္လာ၏။
ထို႔အျပင္ ယခုေလးတင္ ေမာင္က သူ႔ကို အိမ္ေရွ႕အထိပို႔ၿပီး ျပန္သြားတာ။ ေမာင့္အေမ နာ့ရွ္ဗီးလ္ကိုေရာက္ေနေၾကာင္း ေမာင္ေရာ သိပါရဲ႕လား။ ဆက္စပ္ကာေတြးၾကည့္လွ်င္ေတာ့ ေမာင္သိစရာအေၾကာင္းမရွိ။ ေမာင္သာ ႀကိဳသိလွ်င္ သူ႔ကိုမေျပာဘဲေနမည္ဟု မထင္ပါ။
"JungKook မသိပါဘူးကြယ္။ အေဒၚတို႔ တစ္ေနရာရာမွာ စကားသြားေျပာၾကမလား။ Mr. Kimနဲ႔ ႏွစ္ေယာက္တည္းေျပာခ်င္တာေလးရွိလို႔"
ဒါဟာ ႏွစ္ဦးသား၏ကိုယ္ေရးကိုယ္တာစကားဝိုင္းျဖစ္လိမ့္မည္ဟု သူ၏ပကတိအသိဉာဥ္က ရိပ္စားမိလိုက္သည္။ ထို႔ေၾကာင့္ပင္ အေဒၚေျပာသည့္ တစ္ေနရာရာဆိုသည့္ ေနရာအား သာမန္ကာလွ်ံကာစဥ္းစားလို႔မရေတာ့။ အေပၚထပ္မွာရွိသည့္ ကိုယ့္အခန္းကို ေခၚသြားလို႔ရေပမဲ့ ရွက္စရာေကာင္းေအာင္ ႏုံခ်ာလြန္းသည္။ ေမာင္တို႔စံအိမ္ႀကီးႏွင့္ ယွဥ္လွ်င္ ပိုလို႔ပင္ သိသာဦးမည္။
"ဒါဆို အျပင္က ဆိုင္တစ္ဆိုင္ဆိုင္သြားၾကမလား။ အခန္းနဲ႔ရတဲ့ဆိုင္ေလး ဒီနားမွာရွိပါတယ္"
အဆင့္ျမင့္စားေသာက္ဆိုင္ဆိုလွ်င္ ေမာင္ႏွင့္သြားဖို႔ကိုပင္ သူေရွာင္ၾကဥ္သည္။ ေမာင္က ေငြေရးေၾကးေရးကို ေဗြယူေတြးေတာတတ္သူမဟုတ္ေသာ္ျငား သူ႔ဘက္က အားနာမိလြန္းလို႔။ ယခုေတာ့ ေမာင့္အေမ၏အရွိန္ေၾကာင့္ပင္ တစ္ခါမွမသြားဖူးေသာဆိုင္ကို ေျခဦးလွည့္ရေတာ့မည္။ သူ႔ပိုက္ဆံအိတ္က ျပားကပ္ကပ္၊ ယဥ္ေက်းမႈအရ ေငြရွင္းဖို႔ေတာ့ ေလာက္ငေကာင္းပါ၏။
"လမ္းေလွ်ာက္သြားမွာလား။ ကားမရွိဘူးလားကြယ္။ အေဒၚလည္း ငွားထားတဲ့ဒ႐ိုက္ဘာကို ေစာင့္ရတာ ၾကာေနလို႔ ျပန္လႊတ္လိုက္ၿပီကြဲ႕"
"ဆိုင္ေလးက ဒီထိပ္နားက အေကြ႕တင္ပါ။ အေဒၚအဆင္မေျပရင္ ဒီမွာခဏထိုင္ေစာင့္ေနေလ။ ကြၽန္ေတာ္ တကၠစီ သြားေခၚေပးပါ့မယ္"
"အိုကြယ္.. ေတာ္ပါၿပီ။ ဒီတိုင္းပဲ သြားၾကတာေပါ့"
လမ္းတစ္ေလွ်ာက္လုံး သူႏွင့္ေမာင့္အေမ စကားတစ္ခြန္းမွ မေျပာျဖစ္။ သက္ျပင္းအႀကိမ္ႀကိမ္ခိုးခ်မိသည္။ သူ႔ရင္ဘတ္ထဲ ခဲလုံးႀကီးတစ္လုံး ဆြဲခ်ိတ္ထားသည့္ႏွယ္ ဖိအားက မ်ားလြန္းသည္။ ေမာင္မရွိဘဲ ေမာင္မသိဘဲ ေမာင့္အေမႏွင့္ႏွစ္ေယာက္တည္းေတြ႕ရမည္တဲ့ေလ။ ဘာအေၾကာင္းေၾကာင့္မ်ား သည္လိုေတြ႕စရာရည္႐ြယ္ခ်က္ရွိႏိုင္မည္လဲ။ ေမာင့္ေနာက္ကြယ္မွာ ခိုးေၾကာင္ခိုးဝွက္လုပ္ရသမွ်က သူ႔ကိုရတက္မေအးျဖစ္ေစပါ၏။
"နာ့ရွ္ဗီးထိ တကူးတကႀကီး ဘာကိစၥရွိလို႔လဲ အေဒၚ။ မဂၤလာပြဲကလည္း လိုေသးတာကို"
"ေျပာရမွာေတာ့ အေဒၚလည္း အားေတာ့နာပါတယ္။ ဒါေပမဲ့ Mr. Kimက လူရည္လူမြန္ေလးဆိုေတာ့ လြယ္လြယ္သေဘာေပါက္ႏိုင္မယ္လို႔ပဲ ေမွ်ာ္လင့္ပါတယ္"
ေႏြးပူလြန္းေသာ ေကာ္ဖီခါးခါးတစ္ခြက္ကို သူဟာ အသက္မဲ့စြာ ဆုပ္ကိုင္မိထားသည္။ တုန္ယင္ေနေသာ သြယ္လ်လ်လက္ေခ်ာင္းမ်ားအတြက္ ေျဖရွင္းခ်က္တစ္ခုရွာမိ႐ုံ။ သူ႔ကိုယ္သူေတာင္မသိဘဲ ေအာက္ႏႈတ္ခမ္းပါးကို ကိုက္ေနမိတာလည္း ေသြးထြက္လုလု။
"ေျပာပါခင္ဗ်"
"JungKookက အေဒၚတို႔အတြက္ အၿမဲလိုလိုဂုဏ္တက္ေစတဲ့သားေလးပါ။ သူေက်ာင္းစတက္တဲ့အ႐ြယ္တည္းက အခုလိုခ႐ိုင္မင္းျဖစ္တဲ့အထိ အေဒၚတို႔အတြက္ ဂုဏ္ယူစရာေတြခ်ည္း ဖန္တီးေပးခဲ့တဲ့ သားေလးေပါ့"
"ဟုတ္ကဲ့။ ကြၽန္ေတာ္သိထားပါတယ္"
"အခုေတာ့ အေဒၚတို႔မိသားစုဂုဏ္က်ဆင္းေစတဲ့ကိစၥတစ္ခုကို သူလုပ္မလို႔စီစဥ္ေနတယ္ေလ"
ဒိန္းခနဲ သူ႔ရင္ထဲသို႔ ျမႇားတစ္စင္းဝင္လာသည့္ႏွယ္ တုန္လႈပ္မႈမ်ိဳး။ ေႏြရာသီက ခ်မ္းစိမ့္စိမ့္ဓါတ္ကို မဖန္တီးေပးႏိုင္ေသာ္ျငား သူကေတာ့ စိမ့္ေအးစြာ တုန္ယင္လွၿပီ။ ေမာင့္အေမ၏ စကားအသြားအလာကို ရိပ္ဖမ္းသံဖမ္းနားလည္စျပဳေနၿပီျဖစ္ေသာ္လည္း လူႀကီးတစ္ေယာက္က ေျပာၿပီသားစကားကို လြယ္လြယ္ႏွင့္႐ုတ္သိမ္းမွာမဟုတ္ဟု ေမွ်ာ္လင့္ေနမိေသး၏။
"ဘာမ်ားလဲ အေဒၚ"
"JungKookက အမ်ိဳးသားတစ္ေယာက္နဲ႔ လက္ထပ္မယ္ဆိုတာကို အေဒၚတို႔အသိုင္းအဝိုင္းမွာ အေဒၚဘယ္လိုေျပာျပရမလဲ"
"ကြၽန္ေတာ္နားမလည္ေတာ့ဘူး။ ကြၽန္ေတာ္တို႔လက္ထပ္ပြဲအတြက္ ေမာင့္မိသားစုက ၾကည္ၾကည္ျဖဴျဖဴခြင့္ျပဳထားတယ္လို႔ပဲ သိထားတာ။ လက္ထပ္ပြဲကလည္း နီးေနၿပီ.. အားလုံးလည္း ျပင္ဆင္ၿပီးသေလာက္ရွိေနကာမွ.."
"ႏွစ္ပတ္ေတာင္လိုေသးတယ္မဟုတ္လား။ အခ်ိန္မီပါေသးတယ္။ ဖိတ္စာေတြေတာင္မရေသးတာ မမီဘူးဆိုတာ မရွိပါဘူး။ Mr. Kimဘက္ကပဲ ေအးေအးခ်မ္းခ်မ္းေနာက္ဆုတ္ေပးဖို႔ အေဒၚေတာင္းဆိုပါတယ္ကြယ္"
ဗလာက်င္းသြားေသာ ဦးေႏွာက္ႏွင့္ ႏွလုံးသားက အလုပ္လုပ္ရာမွာ စီးခ်က္မညီေတာ့။ ထိုင္ေနလ်က္က ေပ်ာ့ေခြၫႊတ္က်သြားေသာ ေျခႏွစ္ဖက္ရယ္၊ ျဖဴေဖ်ာ့သြားေသာ ႏႈတ္ခမ္းပါးမ်ားရယ္။ နက္ေမွာင္ညိဳစိမ့္ေနေသာ ေကာ္ဖီခါးခါးမွာ အဆိပ္ခတ္ထားသလားထင္ရေအာင္ အက်ည္းတန္လို႔ေန၏။
"ေမာင္မသိေအာင္လာခဲ့တာ ဒီကိစၥအတြက္ေပါ့ ဟုတ္လား အေဒၚ။ ဒါကိုသာ ေမာင္သိရင္ အေဒၚ့ကို ဘယ္ေလာက္နာၾကည္းလိမ့္မလဲ"
"အခိုက္အတန္႔ေပါ့။ ေနာက္ေတာ့လည္း ဒီအေမစီစဥ္တာ သူေကာင္းဖို႔ဆိုတာ သူလက္ခံရမွာပါပဲ။ တစ္သက္လုံးေကြၽးေမြးေစာင့္ေရွာက္လာတဲ့အေမနဲ႔ အခုမွေတြ႕တဲ့ Mr. Kimနဲ႔.."
"အေဒၚႏႈိင္းယွဥ္စရာမလိုပါဘူး။ ကြၽန္ေတာ္က ကေလးဆန္ၿပီး ေမာင္နဲ႔ေမာင့္အေမၾကား ခေလာက္ဆန္မယ္လို႔မ်ား အေဒၚထင္ေနသလား။ အေဒၚနဲ႔ကြၽန္ေတာ့္ကို ေမာင့္ရဲ႕ခ်စ္ပုံခ်စ္နည္းခ်င္းကလည္း တူမေနပါဘူး။ အေဒၚသေဘာေပါက္ဖို႔ေကာင္းတယ္"
Taehyungမွာ သိမ္ငယ္စိတ္ထက္ ေဒါသစိတ္ကသာ ပိုမ်ားေနသေယာင္ေယာင္။ ေမာင့္အေပၚသာ သူက မာနနည္းရင္နည္းရမည္။ ကမာၻေပၚရွိ ရွိရွိသမွ်လူမ်ားအတြက္ သူ႔မွာ မာနထားႏိုင္ပါ၏။ မာနအလႊာက ပါးေသာ္လည္း ဘယ္သူ႔ဘယ္သူကိုမွ ျဖတ္ေက်ာ္ဝင္ေရာက္ခြင့္ျပဳမွာမဟုတ္။
"အေဒၚျပန္ပါေတာ့။ ေမာင္ဘာမွမသိေစရပါဘူး။ လက္ထပ္ပြဲကလည္း စီစဥ္ထားတဲ့ရက္မွာ ရွိေနဦးမွာပါ"
႐ိုင္းပ်သည္ဟု ထင္ခ်င္ထင္ပါေစေတာ့။ စိတ္ကိုဒုန္းဒုန္းခ်ၿပီး Taehyung ထိုေနရာမွ ထထြက္လာဖို႔ရာျပင္သည္။ တင္းထားသမွ် စိတ္ခံတပ္ပါးလ်လ်ဟာ ေမာင့္အေမဆီမွ ေနာက္ဆက္တြဲစကားမ်ားမတိုင္ခင္အထိသာ။
"မိဘမဲ့.."
ထိုစကားလုံးကို ၾကား႐ုံႏွင့္ပင္ သူ႔ကိုယ္တြင္းမ်ား ႐ုပ္ခ်ည္းဆိုသလို ေသြးမ်ားစီးဆင္းမႈျပတ္လပ္၏။
"မိဘမဲ့ဆို။ မိဘေတြကို ဘယ္နားလည္ႏိုင္ပါ့မလဲ"
"အေဒၚဘယ္လိုေျပာလိုက္တာလဲ"
မ်က္ရည္ဥမ်ား စီးမက်လာေစရန္ အံတင္းတင္းႀကိတ္ထားမိလ်က္သား။
"ေတာ္ေတာ္နဲ႔လည္း စကားမေျပာတတ္ခဲ့ဘူးလို႔ၾကားတယ္။ မင္းေနာက္ေၾကာင္းနဲ႔ဗီဇက ဘာတစ္ခုမွအားရစရာမရွိေပမဲ့ ကိုယ့္သားကေ႐ြးခ်ယ္လာလို႔ လူရည္လူမြန္ေလးလို႔ပဲ ယူဆထားခဲ့တာ.. အေဒၚမွားသြားၿပီလား"
"ကြၽန္ေတာ့္ေနာက္ေၾကာင္းေတြကို စုံစမ္းခဲ့တာလား။ ဘယ္ကလဲ.. ဘယ္လိုနည္းနဲ႔လဲ။ ဒါကိုယ္ေရးကိုယ္တာအရ စည္းေဖာက္ေနတာမဟုတ္လား"
စားေသာက္ဆိုင္၏အခန္းငယ္ေလးဟာ အလွဆင္ထားေသာ္လည္း ေခ်ာက္ခ်ားဖြယ္ေကာင္းလာသည္။ ဘယ္ကမွန္းမသိတဲ့ ေလွာင္ရယ္သံေတြက အၾကားအာ႐ုံကို ဆက္တိုက္ဆိုသလိုပင္ ထိေတြ႕ေန၏။ လက္ရွိတရားက ခါးသီးလြန္းလို႔ ေႏြးအိစြာေမွးစက္ႏိုင္ေသာ တစ္ေနရာရာကို ရွာေတြ႕ႏိုင္ရင္ေကာင္းလိမ့္မည္။
"ထပ္ၿပီးေတာ့.. အေဒၚ့သားက Mr. Kimကို အိမ္ငွားထားေပးတယ္ဆိုပဲ။ ကိုယ့္သားက ခ်စ္စိတ္မႊန္ေနလို႔ အျပစ္မေျပာသာေပမဲ့ JungKookလို ေယာက်္ားရင့္မာႀကီးဆီက ဒီလိုအခြင့္အေရးမ်ိဳးရေအာင္ မင္းဘယ္လိုေတာင္သိမ္းသြင္းလိုက္တာလဲ Mr. Kim"
နီေစြးစူးရဲသြားေသာ မ်က္ဝန္းတစ္စုံႏွင့္အတူ သူ႔မာနလက္က်န္ေလးထဲ ေဒါသက ခါးသက္စြာ ေရာေႏွာလို႔သြားေလၿပီ။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜